”ကြုံခဲ့ဖူးပီမလို့”(စ/ဆုံး)

Unicode Version

”ကြုံခဲ့ဖူးပီမလို့”(စ/ဆုံး)
———————–
(ဖြစ်ရပ်မှန်)

လွန်ခဲ့တဲ့ ၂၀၀၆ခုနှစ်လောက်က
စာရေးသူတစ်ယောက် မလေးရှားကို သူများတွေမလေးရှားတာနဲ့ကိုယ်လဲလိုက်ပြီးမလေးရှားခဲ့တယ်ဆိုပါတော့..

ဘာရည်ရွယ်ချက်မှကြီးကြီးမားမားမရှိပေမယ့် အသက်ကလဲငယ်ငယ်ရွယ်ရွယ်ရှိသေးတော့ ဟိုနေရာစပ်စပ်ဒီနေရာစပ်စပ် သွားချင်လာချင် ဗဟုသုတရှာဖွေချင်တဲ့စိတ်တစ်ခုထဲနဲ့ မြန်မာပြည်ကနေထွက်ချလာခဲ့လိုက်တာလေ၊

မြန်မာပြည်ကနေစထွက်လာခါစက အားလုံးပေါင်းကျွန်တော်တို့အဖွဲ့ (၁၈)ယောက်ဗျ ..

ဒီရောက်တော့ သူနေရာနဲ့သူ (၂)ယောက်တစ်တွဲ (၃)ယောက်တစ်တွဲနဲ့ အလုပ်တွေ ကွဲသွားလိုက်ကြတာ ကျွန်တော်နဲ့ ပဲခူးတိုက်ကြီးက သူငယ်ချင်းတစ်ယောက်နဲ့ (၂)ယောက်က ပီးနန်းတစ်ဖက်ကမ်းက ဆူငိုင်းပသနီဆိုတဲ့မြို့လေးကိုလာရတယ်၊ အဲ့တုန်းက လာခေါ်တဲ့ ကျွန်တော်တို့ရဲ့ အလုပ်သမားခေါင်းဆောင်က အင်ဒိုနီးရှား (ဂျာဝါ)လူမျိုးဗျ.. (၁၈)ယောက်ကြားထဲမှာမှ ကျွန်တော်ကိုဘာကြည့်သဘောကျလဲမသိပါဘူး.

သူ့ဆီကိုမရမကကို ကျွန်တော်ကိုခေါ်လာတော့တာပဲ ဖြစ်နိုင်ရေ အရှိဆုံးကတော့ သူတို့လူမျိူးရုပ်နဲ့ကျွန်တော်က တော်တော်လေးက်ိုတူနေတာကြောင့်လို့ထင်ပါတယ်။

(မလေးရှား၊အင်ဒိုနီးရှားလူမျိုးများသည်ဘာသာကိုးကွယ်မှုအရသာ အစ္စလာမ် ဘာသာဝင်များဖြစ်ပေမယ့် ကျွန်တော်တို့ မြန်မာပြည်သား ဗမာလူမျိုးများနှင့်ရုပ်ချင်းမကွဲပြားမခြားနားပါ)

စာရေးသူ

ဒီနေရာမှာ ဇာတ်လမ်းမစခင် ကျွန်တော်တို့မလေးရှားမှာနေထိုင်ရပုံလေးကိုတစ်ချက်
လောက် တင်ပြပါရစေ..။

ဒါမှလဲစာဖတ်သူတွေအနေနဲ့ဇာတ်လမ်းကို နားလည်သဘောပေါက်လွယ်သွားလိမ့်မယ်ထင်ပါတယ် ။

ကျွန်တော်ဒီရောက်တော့ နေရတဲ့အိမ်ကနှစ်ထပ်တိုက်ဗျ အိမ်ထဲမှာ အလုပ်သမားခေါင်းဆောင်အပါအဝင် အင်ဒိုနီးရှားလူမျိုးကြီးပဲ(၂၁)ယောက်တောင်ရှိ
တယ်၊.မြန်မာဆိုလို့ ကျွန်တော်တို့နှစ်ယောက်ထဲရယ်.

သူ့တို့တွေအများကြီးကြားမှာနေရပေမယ့် နိမ်တာပြုတာ အနိုင်ကျင့်တာမျိုးတွေတော့မရှိကြပါဘူး၊ ကျွန်တော်တို့နှစ်ယောက်ကို အတော်လေးကိုဂရုစိုက်ပြီး.ဦးစားပေးကြပါတယ်။

ဘယ်လောက်ပဲသူတို့ ကိုယ်တွေကို ဂရုစိုက်စိုက် ကိုယ့်လူမျိုးတွေမဟုတ်တဲ့အတွက်ကြောင့် နေရတာဘယ်လိုမှကို မပျော်ဘူးဆိုပါတော့ဗျာ၊
နေထိုင်စားသောက်မှုပုံစံ မကွဲပြားပေမယ့် ယဉ်ကျေးမှုဘာသာစကားကွဲပြားတော့နေရထိုင်ရမပျော်ဘူးဆိုပါတော့၊

အဲ့ဒီတော့ကျွန်တော်မှာအလုပ်ပြန်ပြီဆိုတာနဲ့ကျွန်တော်တို့
နေတဲ့ အိမ်ကနေ နာရီဝက်လောက်စက်ဘီးနင်းသွားရင် တောတွေ၊တောင်တွေကို ရှင်းပြီး မြို့သစ်စီမံကိန်း အိမ်ယာတွေ ဆောက်လုပ်နေတဲ့ ဆောက်လုပ်ရေးစီမံကိန်း ဝင်းကြီး အကြီးကြီး ရှိတယ်ဗျ…

အဲ့ဆောက်လုပ်ရေးဝင်းကြီးထဲမှာ မြန်မာ၊အင်ဒိုနီးရှား၊ဘင်္ဂလားဒေ့ခ်ျ၊နီပေါ၊ဗီယက်နမ်၊
ပါကစ္စတန် အစရှ်ိတဲ့ နိုင်ငံပေါင်းစုံက အလုပ်သမားတွေကို မလေးရှားအခေါ်ကောင်စီ၊မြန်မာလိုခေါ်အလုပ်သမားတန်းလျားပေါ့ နော်.၊ အလုပ်သမားတန်းလျားဆိုပေမယ့် သေသေချာချာကျကျနနဆောက်ပေးထားတာမျိုးမဟုတ်ပဲ ကိုယ့်အဖွဲ့နဲ့ကို ဖြစ်သလို အထပ်သားပြားတွေကာ၊ အထပ်သားပြားတွေမိုး ၊ အထပ်သားပြားတွေခင်းနဲ့ တဲလိုလိုအခန်းလိုလိုတွေဆောက်နေကြရတာဗျ.

ကိုယ့်အဖွဲ့လူဘယ်လောက်များများတဲကတစ်လုံးနှစ်လုံးထက်မပိုကြဘူး။

ဘာကြောင့်လဲဆိုတော့.. ဒီဆောက်လုပ်ရေးဝင်းထဲကယာယီပေးထားတဲ့ နေရာတွေမှာညဆိုဘယ်အလုပ်သမားမှမအိပ်ကြ၊မနေကြလို့လေ။
ညဘက်ကိုသူတို့တွေက ဆောက်လုပ်ရေးဝင်းရဲ့ ခပ်လှမ်းလှမ်းမှာရှိတဲ့ ချောင်းစပ်ကဒီရေတောထဲမှာ ခပ်မြင့်မြင့်တဲတွေထိုးပြီးဝင်ပုန်းအိပ်ကြတာများတယ်၊

ဒါကလဲ. မလေးရှား လ.ဝ.က အပါအဝင် ရဲ နဲ့ ပြည်သူ့စစ်တွေ ပူးပေါင်းဖမ်းစီးတဲ့အော်ပရာစီဆိုတဲ့ခိုးဝင်ပြည်ပနိုင်ငံသား
များဖမ်းစီးရေးက အချိန်မရွေးဝင်လာဖမ်းစီးသလို အထူးသဖြင့်ညဘက်အိပ်ချိန်တွေမှာဆောက်လုပ်ရေးလို့နေရာမျိုး၊ နိုင်ငံခြားသားရွေ့ပြောင်းအလုပ်သမားအများဆုံးရှိတဲ့နေရာမျိုးတွေကိုဝင်ရောက်ဖမ်းစီးတတ်တာကြောင့်၊

အလုပ်ချိန်နဲ့ထမင်းချက်ပြုတ်စားသောက်ချိန်မျိုးသာ ဝင်းထဲမှာနေကြပြီးညဆို တောထဲသွားအိပ်ကြသူတွေများပါတယ်။

ကျွန်တော်ရောက်ပီး (၄)ရက်လောက်ပဲရှိသေးတယ် အဲ့ဆောက်လုပ်ရေးဝင်းထဲက မြန်မာပြည်သားမွန်လူမျိုးအသိတွေအတော်များများကိုရသွားတော့တာပဲ၊

ဒါကလဲအကောင်းတော့မဟုတ်ဘူး အဲ့ဒီမှာ အရက်သွားသောက်ရာကနေ ကိုမျိုးချစ်တွေနဲ့တွေ့ပြီး ရိုက်ပွဲဖြစ်လိုက်ရာကနေ “ရန်ကုန်” ဆိုတဲ့နာမည်တွင်ပီး.သိကုန်ကြတာပါ။

ဘာလို့ ရန်ကုန်လို့ နာမည်တွင်လဲဆို မလေးရှားဆောက်လုပ်ရေး လောကမှာတော့ လူနာမည်ကိုခေါ်တာထက် သူတို့ရဲ့ဇာတိနာမည်ကို
အလွယ်ခေါ်ကြတာများတော့ ကျွန်တော်ကိုလဲ ရန်ကုန်သားမလို့ “ရန်ကုန်”လို့ခေါ်ကြရင်းနာမည်တွင်သွားရတာပါ။

ဖြစ်ပုံကတော့ဒီလိုဗျ..အဲ့ဆောက်လုပ်ရေးဝင်ထဲက မွန်လူမျိုးအလုပ်သမားခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ မုဒုံ သား ကိုသိန်းနိုင် ဆိုတဲ့သူနဲ့ ကျွန်တော်ကဘယ်ဘဝကရေစက်လဲတော့မသိ
ဘူးစတွေ့ထဲကိုကအတော်လေးကိုခင်ကြတာ ..သူကလဲ လူပုစိတ်တို မဟုတ်မခံ လူမျိုးစွဲမရှိ
မှန်တဲ့ဘက်ကပဲရပ်တည်တတ်တဲ့သူမျိုး..၊ကျွန်တော်ကလဲ မတရားတာဆို လက်ပိုက်မကြည့်တတ်တဲ့လူ ကျွန်တော်ရှေ့ကစရင် သူကနောက်ကပါပြီးသားပဲ အဲ့လို၊

အလုပ်သာမတူပေမယ့် အလုပ်ချိန်ပြီးတာနဲ့ကျွန်တော် သူ့ဆီရောက်နေပီ
ပြသနာရှာမွှေလွန်းအားကြီးလို့ ကျွန်တော်တို့နှစ်ယောက်ကို ဗျဝိ ၊ဗျတ္တ ညီနောင်လို့တောင်စနောက်ခေါ်ကြတာ။

ဘာမဆိုလက်ကအရင် လုပ်ပြီးမှစကားပြောတတ်တဲ့ကျွန်တော်နဲ့ လက်ကအရင်
ပါပီးမှ တောင်းပန်တတ်တဲ့သူနဲ့ကတော့ တွဲမိတာ
သိပ်တော့မဆန်းပါဘူး ။

အလုပ်သိမ်းပြီးဆို ဝင်းထဲကအလုပ်သမားတွေအကုန်လုံးက ချက်ကြပြုတ်ကြ သောက်ကြစားကြ သူ့အစုနဲ့သူ၊ သူ့အဖွဲ့နဲ့သူ ပေါ့ဗျာ

တဲတွေထဲ ဝိုင်းဖွဲ့ ပြီး
အဲ့ဆောက်လုပ်ရေးဝင်းထဲက ဗီယက်နမ်လူမျိူးတွေ ချက်တဲ့ချက်အရက်နဲ့ တစ်နေ့တာပင်ပန်းသမျှကို ညဘက်လူစုပြီးအပန်းဖြေ ကြတယ်ဆိုပါတော့။

ကိုသိန်းနိုင်ဆီ ကျွန်တော်ရောက်ပီဆိုတာနဲ့သူက သူ့လူတွေနဲ့တဲမှာမသောက်တော့ပဲ အမြဲကျွန်တော်နဲ့နှစ်ယောက် သပ်သပ်တဲတစ်လုံးမှာပဲ ချကြတာများတယ်ဗျ
မမူးရင်သဘောကောင်းသလောက် မူးလာပြီဆိုသွေးဆိုးတဲ့ကျွန်တော် မူးလာပြသနာရှာမှာကြောက်ပြီး.ဒီအစီစဉ်ကိုသူရေရှည်အတွက်ရေးဆွဲခဲ့ပုံရတယ်ဗျ.. (ဟိဟိ)

တစ်နေ့ည သူနဲ့ကျွန်တော် အရက်သောက်နေတုန်း
သူတို့အဖွဲ့က ကောင်လေးတစ်ယောက်က ကိုသိန်းနိုင်ကို လာပြောတယ် သူတို့အဖွဲ့ဒီနေ့စျေးကားမလာလို့ မနက်ဖြန်အတွက် စားစရာဘာမှမရှိတော့ဘူး တဲ့
ခုချိန်မှ လာပြောရမလားဆိုပြီးကိုသိန်းနိုင်လဲ ဒေါကန်တာပေါ့ မိုးကလဲချုပ်နေပြီ စျေးဆိုင်တွေကဒီအချိန်ဆိုမဖွင့်တတ်ကြတော့ဘူးလေ..။

သွားစရာက တစ်နေရာပဲ ရှိတယ် သူတို့နေတဲ့ တဲနောက်တည့်တည့်တောလမ်းကိုတိုး မွတ်ဆလင်သချိုင်းတစ်ခုကိုဖြတ်ပြီး မလေးရှားလူမျိုးတွေနေတဲ့ရွာထဲသွားဝယ်မှပဲရတော့မယ်
အဲ့မလေးရှားရွာကိုကားလမ်းဘက်ကပါတ်သွားမယ်ဆိုတစ်ပါတ်ကြီးကို သွားရမှာဗျ။ အနီးဆုံးကတော့ ခုနကပြောတဲ့ သူတို့တွေနေတဲ့ တဲနောက်က တောလမ်းက်ိုတိုးပီး မွတ်ဆလင်သချိုင်းကိုဖြတ်ပြီးသွားမှသာလျင် အဆင်ပြေမှာ စောစောစီးစီးဆို ပြသနာမရှိလှပေမယ့် ခုလို ညဘက်ရောက်နေပီဆိုတော့ သူလဲ ကြောက်နေပုံပဲ

ခုလိုညဘက်မပြောနဲ့ နေ့လည်ဘက်တောင်သူတို့တွေ ဆောက်လုပ်ရေးဝင်းထဲကနေအပြင်ကို မသွားလာရဲကြရှာဘူးလေ..အဲ့ဒါအမှန်ပဲဗျ အပြင်သွားရတာကလဲအမြဲကျားချောင်းသလိုချောင်းနေတဲ့ လှည့်ကင်းရဲကားတွေ အမတန်မှကိုကြောက်ရတာလေ၊

ခိုးနေရတဲ့ဘဝနဲ့ ပင်ပင်ပန်းပန်းဆင်းဆင်းရဲရဲ ရှာဖွေထားသမျှ ရဲတစ်ခါဖမ်းခံထိလို့ကတော့ ရှိသမျှ အပြောင်အကုန်ယူခံရတာလေ အဲ့ဒါကြောင့်လဲ သူတို့တွေ ခင်ဗျာ ဒီလုပ်ငန်းခွင်ထဲ လာရောင်းတဲ့စျေးကားတွေကိုသာအမှီပြုနေထိုင်စားသောက်နေရရှာတော့ ခုချိန်ကြီးအပြင်က်ိုစျေးသွားဝယ်ဖို့ကြ ဘယ်လိုလုပ်သွားရဲရှာပါ့မလဲ။

ကိုသိန်းနိုင်တစ်ယောက်.. ခေါင်းကုတ်လိုက် ဖင်ကုတ်လိုက်နဲ့ဘာလုပ်လို့ လုပ်ရမှန်းမသိဖြစ်နေတာမြင်တော့ .
ကျွန်တော်လဲသူတို့အဖြစ်ကို သနားပြီး.

“ကိုသိန်းနိုင်ရေ ဒီလိုဆိုလဲ ခင်ဗျားနဲ့ကျွန်တော် ဒီနောက်လမ်းကနေပဲ ဖြတ်ပြီးသွားဝယ်ကြတာပေါ့ဗျာ ဘာကြောက်စရာရှိလဲ”…

ကျွန်တော်တစ်ယောက်လုံးပါနေတာပဲ ဘာညာနဲ့ ပြောလိုက်ပြီးစျေးသွားဝယ်ဖို့အတင်းကိုဆွဲခေါ်လာရတယ်၊

သွားတော့လဲ အဲ့တောလမ်းကနေတိုးပြီး သွားသာသွားရတာ သရဲတစ္ဆေထက် လူချီးပုံတွေကို မနဲ ဖုန်းမီးလေးနဲ့ပြူးပြဲထိုးကြည့်ပြီးကို ရှောင်သွားရတာ အသွားတုန်းကတော့ မူးကလဲမူးနေ ရွာထဲက စျေးဆိုင်ပိတ်သွားမှာလဲ ကြောက်တဲ့ဇောနဲ့ သင်္ချိုင်းကို ဖြတ်ပြီး ဘယ်လိုကဘယ်လို ရွာထဲရောက်သွားလိုက်မှန်းတောင်မသိဘူး၊

မလေးရွာထဲက စျေးဆိုင်ရောက်တော့ ကြက်နှစ်ကောင်(အမွှေးနှုတ်ပီးသားအကောင်လိုက်)နှင့် အမဲသားတစ်ကီလိုထုပ် တစ်ထုပ်ဝယ်ပြီး အပြန်ကြမှကျွန်တော်လဲ စဉ်းစားမိတယ် “”……ငါတို့ဒါတွေနဲ့ခုနကလာခဲ့တဲ့ သင်္ချိုင်းထဲ ဘယ်လိုဖြတ်ရမလဲပေါ့.. …”””

..ငယ်ငယ်ကကြည့်ခဲ့ရတဲ့ မလေးရှားစုန်းကားတွေဘာတွေလဲ မျက်စိထဲပြေးမြင်ပြီးပေါ်လာလို့ ပေါ်လာနဲ့ ငါတော့မှားပီထင်တယ် တွေးနေတာ ကိုသိန်းနိုင်လဲ ကျွန်တော်လိုပဲ တွေးနေတာနေမယ် ဘာမှမပြောပဲကြက်နှစ်ကောင်အထုပ်လေး ဆွဲပီး.သုတ်သုတ် သုတ်သုတ်နဲ့ လျှောက်နေတာ ကျွန်တော်လဲ …

“ကိုသိန်းနိုင်ဖြစ်ပါ့မလားဗျ. သင်္ချိုင်းကဖြတ်ရမှာ” ဆိုပြီးမေးတော့..

“အေးဆေးပါကွာ”.တဲ့

အင်းသူတောင် အေးဆေးမှဆိုတော့ ကိုယ်လဲ အေးဆေးပေါ့ဆိုပြီး လျှောက်လာလိုက်ကြတာ သင်္ချိုင်းထဲ ဝင်ထဲက လူကဘယ်လိုဖြစ်သွားမှန်းမသိဘူး တစ်ကိုယ်လုံးတုန်ပြီး ကြက်သီးတွေဘာတွေထသွားတာ မိုးအေးလို့လား အပေါ့သွားချင်လို့လားပေါ့ စိတ်အထင်တော့ ၊

ကိုသိန်းနိုင်က သူ့Nokiaဖုန်းမီးလေးကိုရှေ့ကနေထိုးပြီး ကျွန်တော်ကနောက်က အဲ့သူတို့သင်္ချိုင်းမြေပုံကျောက်တိုင်လေးတွေက ဘေးတစ်ဖက်စီမှာရှိတာ ယောင်လို့တောင်မကြည့်ရဲပါဘူး ကိုသိန်းနိုင်ထိုးပြတဲ့ ရှေ့တည့်တည့်က မီးအရောင်ကိုပဲ ကြည့်ပြီး လျှောက်လာတာ ပထမ သူကျွန်တော်ရှေ့က လျှောက်နေပေမယ့် မကြာဘူးကျွန်တော်နဲ့ဘေးချင်းကပ်ဖြစ်သွားပြီး လမ်းကျဉ်းကျဉ်းလေးကို မြေပုံတွေလဲခြေထောက်နဲ့မနင်းမိအောင် ပုခုံးချင်းပူးကပ်ပြီး လျှောက်နေကြတာများ ခုအချိန်မြင်ယောင်ကြည့် တော့ အတော်လေးတော့ ရီချင်စရာကောင်းသား သမီးရည်းစားစုံတွဲတွေ အတိုင်းပဲ။

သူကျွန်တော်နားကပ်လာပြီး ပုခုံးချင်းယှဉ်လျှောက်တာ အကြောင်းမဲ့ မဟုတ်ဘူးဗျ သချိုင်းထဲက ဇရပ်ပေါ် လူရိပ်တွေမြင်ရလို့ တဲ့ ကျွန်တော်ကို ကပ်ပီးတိုးတိုးလေးပြောတယ် ..ကျွန်တော်လဲ ဆံပင်မွှေးတွေဘာတွေ ထောင်တက်သွားတာဗျာ တကယ်၊

ဒါမျိုးကတော့ဘယ်လိုမှသတ္တိမကောင်းနိုင်တော့ဘူးလေ အတွေ့ကြုံလဲရှိတာမဟုတ် တော့ စိတ်ထဲကတော့တွေးလိုက်တယ် ..ဒါဆိုသေချာပီပေါ့

ပြေးဖို့ လူကအဆင်သင့်ကိုပြင်ထားလိုက်တာဘယ်ရမလဲ..

ဇရပ်ရှေ့ရောက်တော့ ကျွန်တော်လဲ မျက်စပစ် လှမ်းကြည့်လိုက်တာဇရပ်အပေါ်ကို ကြောက်ကြောက်နဲ့

အဲဗျာ တကယ်ဗျ ကုန်းကုန်းကွကွတွေနဲ့ လှုပ်လှုပ် ရွရွတွေကို မြင်နေရတာ။

ှူလူလဲထူပူပြီးရသမျှ ဘုရားစာတွေ ဘာတွေ လျှောက်ရွတ် လူချင်းပူးကပ်ပြီး သင်္ချိုင်းကနေအသားကုန်သုတ်တော့တာပဲ ၊

သင်္ချိုင်းအပြင်တောလမ်းရောက်ပီး ဆောက်လုပ်ရေးဝင်းကြီးထဲကမီးအရောင်တွေ စကားသံ သဲ့သဲ့တွေကြားရတော့မှပဲ သက်ပြင်းချနိုင်တော့တယ်။

တစ်ကိုယ်လုံးလဲ လမ်းလျှောက်ရတာကြောင့်ရော ကြောက်တဲ့စိတ်ကြောင့်ပါထင်တယ် ချွေးတွေကို ရွှဲနေတာပဲ.. သင်္ချိုင်းကနေထွက်ပြီး တောလမ်းထဲ ရောက်တော့မှ လူကတစ်ကိုယ်လုံးတောင် တုန်တက်သွားတာဆို ကြောက်ချမ်း ချမ်းတာထင်ပါရဲ့..

ပါးစပ်ကလဲ ငါတို့တော့ မခြောက်နဲ့နော် စားချင် တဲရောက်မှ ဟိုလူတွေဆီကနေ သွားတောင်းလို့ ပြောပြီး
နှစ်ယောက်သား ရီနိုင်တော့တယ်အဲ့တော့မှ.ကိုသိန်းနိုင်က မင်းမြင်လားတဲ့ ဇရပ်ပေါ်မှာအရိပ်..

..အင်းကျွန်တော်လဲမြင်တယ်လို့ပြောတော့ ..
သူက ငါရှေ့ကလျှောက်နေတုန်း စမြင်တော့ ဇရပ်ပေါ်တက်တဲ့ အုတ်လှေကားလေးပေါ် လူနှစ်ယောက်ထိုင်နေသလိုလိုအရိပ် တို့လာနေတာမြင်ပြီး ဇရပ်ပေါ်တက်သွားတာကို မြင်လိုက်တာတဲ့..၊

ကျွန်တော်ကလဲ အဲ့ဇရပ်ရှေ့ရောက်မှ အသာကြည်လိုက်တာ ဇရပ်ပေါ် လူရှိသလိုလိုအရိပ် မြင်ရတယ်ပြောပြတော့ သူ့စိတ်ထင် ရွာထဲက မလေးရှားလူမျိုး အတွဲပဲ ဖြစ်လောက်တယ်ကွ တို့လူလာတာမြင်လို့ ဇရပ်ပေါ်တက်ပြေးသွားတာပဲထင်တယ်ဆိုပြီး သူအလုပ်သမားအဖွဲ့တွေ နေတဲ့ တဲအနောက်ပေါက်ကနေ ကျွန်တော်တို့ နှစ်ယောက် လဲ ဝင်ပြီး ဟင်းချက်စရာတွေဝင်ပေး ပြီး ကျွန်တော်တို့နှစ်ယောက်ထဲ အရက်ချနေကြတဲကို ပြန်သွားပြီး အရက်ပြန်ချ အမောဖြေနေတုန်း မကြားဘူး ခုနဟင်းချက်စရာဝင်ပေးခဲ့တဲ့ ကိုသိန်းနိုင်တို့ အဖွဲ့က လူတွေအရက်သောက်နေတဲ့ တဲကနေ ဝုန်းဒိုင်းကြဲသံ ဆူညံသံတွေ ကြားပါလေရောဗျို့..

ကျွန်တော်တို့ နှစ်ယောက်လဲ ဘာဖြစ်တဲလဲဟဆိုပြီး ဒုတ်တစ်ယောက်တစ်ချောင်းဆွဲပီး ပြေးကြည့်တော့ တဲရဲ့..နောက်ပေါက်ကနေ အရက်ထိုင်သောက်နေတဲ့ လူတွေ ထပြီးပြေးတာ တောလမ်းဘက်ကို ဘာမှန်းမသိ

ထိုင်ကျန်နေခဲ့ တဲ့ ဦးငယ်ဆိုတဲ့ မွန်အဘကြီးကိုမေးတော့ ကိုသိန်းနိုင်နဲ့မယားညီအက်ိုတော်တဲ့ ဦးနိုင်ဆိုတဲ့ လူကြီး တဲနောက်ဘက်အပေါက်က်ိုအရက်သောက်နေရင်းနဲ့ လက်ညှိုးတစ်ထိုးထိုးနဲ့ ဆဲဆိုပြီး ထပြေးကန်ကြောက်ပြီး မြေကြီးပေါ်လူးလှိမ့် နေတာ ဘာဖြစ်တာလဲမေးတာမရ ဆွဲလို့လဲမရနဲ လူတွေဝိုင်းချုပ်ပြီးတဲပေါ် ခေါ်တင်လာတာကို ပြန်ခုန်ချပြီး တဲနောက်ကတောလမ်းအတိုင်းပြေးသွားလို့ လိုက်ကြတာတဲ့။

ဦးငယ်ကတော့ခြေထောက်အလုပ်ခေါင်မိုးပေါ်ကပြုတ်ကျထားပြီး.ဒူးအဆစ်လည်ထားလို့ထမလိုက်ပဲကျန်နေခဲ့ရာကနေ ပြောပြတော့ ကျွန်တော်တို့နှစ်ယောက်လဲ စိုးရိမ်ပြီး နောက်ကနေပြေးလိုက်သွားတော့ သူတို့အဖွဲ့တွေ အဲ့ဦးနိုင်ကို အတင်းချော့ ပြီးဝိုင်းချုပ်ခေါ်ပြန်လာကြတာကို တောလမ်းတစ်ဝက်ရောက်တော့ပြန် တွေ့တယ်

အဲ့အချိန် ဘယ်သူမှလဲ ချီးပုံတွေဘာတွေရှောင်နေကြတော့မယ်မထင်ပါဘူး အုပ်လိုက်ကို ပြန်ပြီးချီတက်လာကြတာ သူတို့အချင်းချင်း မွန်လိုတွေပြောဆိုနေကြတော့ ကျွန်တော်လဲ နားမလည်ဘူး ကိုသိန်းနိုင်ကို ပဲ အတင်းမေးခိုင်းရတယ် ဘာဖြစ်တာလဲ ဆိုတာကို။

တဲပြန်ရောက်တော့မှ အဲ့ဦးနိုင်ကို ခြေလက်တွေဝိုင်းဆေးပေးကြ တဲပေါ်က ဘုရားစင်မှာရှိတဲ့ သောက်တော်ရေတွေ ခေါင်းကနေလောင်းချ စိတ်ပုတီးတွေဘာတွေ လည်ပင်းစွတ်ချပေးနဲ့ ခုနမူးရူးနေကြတဲ့ အရက်သမားအုပ်စု ခုမှ ဘုရားမီးတွေဘာတွေပူဇော် အမွှေးတိုင်တွေဘာတွေထွန်း ဘုရားရှစ်ခိုးသူကရှစ်ခိုးနဲ့ ကျွန်တော်လဲ ကိုသိန်းနိုင်နားကပ်ပြီး ..”လုပ်လေ”

” မေးပါအုံးဘာဖြစ်တာလဲလို့” ..သူတို့ဟာသူတို့မွန်လိုတွေပဲ ပြောနေတော့ က်ိုယ်မှနားမလည်တာ ကိုသိန်းနိုင်ကို ဘာသာပြန်ခိုင်းရတယ်။

….အဲ့တော့မှကိုသိန်းနိုင်လဲ ခုနဖြစ်တဲ့သူ့မယားညီအစ်ကို ဦးနိုင်ကိုမွန်လိုမေးလိုက်တော့… ဦးနိုင်ကသူ့လူတွေအားလုံးကိုမွန်လိုပြန်ပြောပြတယ်၊

ကိုသိန်းနိုင်ကသူပြောပြတာတွေကို ကျွန်တော် ဗမာလိုဘာသာပြန်ပေးလိုက်နဲ့ ဖြစ်ပုံက ဒီလိုဗျ………

ကျွန်တော်တို့နှစ်ယောက်စျေးဝယ်ပြီး ပြန်လာတော့ ကိုသိန်းနိုင်ရဲ့ မယားညီအစ်က်ို.ဦးနိုင်က တဲအနောက်ပေါက်ကို မျက်နှာမူပြီးအရက်ဝိုင်းမှာထိုင်နေတာ ကျွန်တော်တို့နှစ်ယောက်ဟင်းချက်စရာတွေဝယ်ပြီးပြန်လာတာကို.. သူတောလမ်းကထွက်လာထဲက မြင်နေရတယ်တဲ့….

ဆောက်လုပ်ရေးဝင်းကြီးကညဆို မီးတွေလင်းထိန်နေတာဆိုတော့လဲ သူကျွန်တော်တို့ လှမ်းမြင်နေရတာပေါ့၊

အဲ့မှာ အရက်ဝိုင်းထဲကလူတွေက်ိုတောင် ဟိုမှာ ဗျက်ဝိ၊ဗျက်တ္တ ညီနှောင် စျေးဝယ်ပြီးပြန်လာပြီ နောက်မှာလဲ ကလေးနှစ်ကောင်ပါလာတယ် ရွာထဲက ကလေးတွေထင်တယ် ဒီအချိန်ကြီး ဘာလုပ်ဖို့ခေါ်လာလဲ မသိဘူး တောင် ပြောနေသေးတာတဲ့။

ကျန်တဲ့သူတွေဝိုင်းကြည့်တော့လဲ ကျွန်တော်တို့အပြင်နောက်မှာ မလေးလူမျိုးကလေးလေးနှစ်ယောက်ပါတာ မြင်တယ်တဲ့။

ကျွန်တော်တို့ တဲနောက်ပေါက်ကတက်လာပြီး ဟင်းချက်စရာတွေပေး အရက်သွားသောက်ဖို့ ပြန်ထွက်သွားတော့ စောနပါလာတဲ့ ကလေးနှစ်ယောက်က တဲအနောက်ပေါက်မှာကျန်ခဲ့တယ်တဲ့ အဲ့လိုကျန်ခဲ့တာကိုတော့သူတစ်ယောက်ပဲဆက်မြင်နေရ
တာသူမသိဘူး၊
သူလဲအရက်ဝိုင်းထဲကနေနောက်ဖေးရေကပျဉ်အောက်ရပ်နေတဲ့ ကလေးနှစ်ယောက်ကိုလှမ်းစမေးလိုက်တယ်တဲ့..

“ဟိုကလေးနှစ်ကောင် ဘာလုပ်နေတာလဲ မင်းတို့ခေါ်လာတဲ့သူငယ်ချင်းနှစ်ယောက်ရဲ့နောက် လိုက်မသွားဘူးလား” ဆိုပြီး မလေးလို သူလှမ်းမေးလိုက်တော့ …

သူ့ကို ဟင်းချက်စရာအထုပ်တွေ ထားထားတဲ့ ကျွတ်ကျွတ်အိတ်အထုပ်တွေ ကို လက်ညှိုးထိုးပြပြီး လက်ဟန်ချေဟန်နဲ့ တောင်းနေတယ်တဲ့ သူလဲ ပထမတော့..

” ဘာလဲ မင်းတို့ပစ္စည်းပါလို့လား ” ဆိုတော့ ခေါင်းညိတ်ပြတယ်တဲ့.. သူလဲကောက်ထပြီး ကျွန်တော်တို့ သူတို့မုန့်တွေဘာတွေများ အိတ်ထဲထည့်ထားပြီး သူတို့ကိုပေးဖို့ မေ့ခဲ့သလားပေါ့ဆိုပီး ထသွားအထုပ်တွေ ဖွင့်ကြည့်တော့ ကြက်သားနှစ်ကောင်ထုပ်နဲ့ အမဲသားတစ်ကီလိုထုပ်ပဲ တွေ့တော့ မင်းတို့မုန့် မပါပါဘူးလို့သူလှမ်းပြောတော့ တဲအနောက်ပေါက်အဝကိုတောင် သူတို့နှစ်ယောက် ရောက်နေကြပြီတဲ့၊

သူကိုလက်ဖြန့်ပြီး အဲ့အထုပ်တွေ ပေးဖို့တောင်းနေတော့မှ အရက်ဝိုင်းကလူတွေကလဲ …

“….ဦးနိုင် ဘယ်သူနဲ့စကားပြောနေတာလဲ…”

ဝိုင်းမေးကြတော့မှ သူလဲ လန့်ဖြန့်ပြီး

” ..ဟာ..” ဒါသရဲတွေပဲဆိုပြီး ကြောက်ကြောက်နဲ့ ထဆဲငါနဲ့ကိုင်တုတ်ပြီး ပြေးကန်ပစ်တာ.
တဲနောက်ဖေးပေါက်ဝမှာရပ်နေတဲ့ အဲ့နှစ်ကောင်ကို ကန်လိုက်တော့ သူကန်တဲ့အရှိန်နဲ့ သူတို့ကို မထိပဲ လေထဲကန်သလိုဖြစ်ပြီး နောက်ဘေးတဲနောက်ရေကပျဉ်ကနေ အောက်ကိုပြုတ်ကြတာ အဲ့ကလေးနှစ်ကောင်က သူဘေးလာရပ်ပြီး လက်ညိုးထိုး ရီနေကြတယ်တဲ့လေ။

သူလဲဒေါသထွက်ပြီး ကြောက်စိတ်ပျောက် ဒေါသစိတ်နဲ့ လိုက်ထိုး လိုက်ကန်တာ တောလမ်းဘက်ပြန်ပြေးသွားလို့သူနောက်ကနေလိုက်သွားတာ၊

သူ့အရက်ဝိုင်းကလူတွေလဲ သူ့နောက်ကနေဝိုင်းလိုက်လာပြီးဆွဲကြတော့မှအသိစိတ်ပြန်ဝင်တော့ သင်္ချိုင်းကုန်းအပေါက်ဝကိုတောင်ရောက်နေပြီတဲ့..!

..အဲ့လူတွေပြန်ခေါ်လာလို့လမ်းတစ်ဝက်ရောက်မှ ကျွန်တော်တို့နှစ်ယောက်လိုက်လာကြတာ၊သူအသိစိတ်ပြန်ဝင်နေပြီးတဲ့ …
.. အဲ့လို ပြောပြနေရင်းတောင်ကြောက်လန့်ပြီးသူမှာ မျက်ရည်ပါထွက်ငိုပါလေရော..ကျန်တဲ့သူတွေလဲ သူပြောပြပြီးခါမှ…
သဘောပေါက်ပြီး တဲနောက်ဖေးတံခါးပြေးပိတ်ကြ လူချင်းကပ်ပြီးထိုင်ကြနဲ့ ကျွန်တော်နဲ့ကိုသိန်းနိုင်လဲ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကြပြီးဘာမှကို
မပြောနိုင်ကြတော့ဘူး..

အဲ့ညကကျွန်တော်ဆိုတာကြောက်လိုက်တာမှ တစ်ညလုံးတောင်အိပ်မရတော့ဘူး အိမ်လဲမပြန်ရဲတော့ပဲ ကိုသိန်းနိုင်တို့တဲ့မှာပဲ လူစုပြီးအိပ်လိုက်ရတယ်။

နောက်နေ့တော့ ကိုသိန်းနိုင်နဲ့ကျွန်တော် ကြက်တစ်ကောင် စျေးကားကနေဝယ်ပြီး ညဘက်မိုးနဲနဲချုပ်တော့ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ကြက်တစ်ကောင် တောလမ်းထဲသွားပြီး ပစ်ကြွေးလိုက်ကြတယ် ပါးစပ်ကနေလဲ နောက်ထပ်မတောင်းနဲ့ မနှောက်ယှက်ပါနဲ့တော့ လို့ပြောပြီး တစ်ကျိုးထဲ ပြန်သုတ်ချလာခဲ့လိုက်တော့တယ် အဲ့နောက်ပိုင်း ကျွန်တော်လဲ အရက်သောက်ချင် ကိုသိန်းနိုင်ကိုခေါ်ပီး အိမ်မှာပဲသောက်တော့တယ် ညဘက်တွေအဲ့ဒီဆောက်လုပ်ရေးဝင်းကြီးထဲလုံးဝကိုခြေဦးပြန်မလှည့်ဖြစ်တော့ပါဘူး။

သက်ဖြိုးသူ (ကိုယ်တွေ့ဖြစ်ရပ်မှန်)

Zawgyi Version

”ႀကဳံခဲ့ဖူးပီမလို႔”(စ/ဆုံး)
———————–
(ျဖစ္ရပ္မွန္)

လြန္ခဲ့တဲ့ ၂၀၀၆ခုႏွစ္ေလာက္က
စာေရးသူတစ္ေယာက္ မေလးရွားကို သူမ်ားေတြမေလးရွားတာနဲ႔ကိုယ္လဲလိုက္ၿပီးမေလးရွားခဲ့တယ္ဆိုပါေတာ့..

ဘာရည္႐ြယ္ခ်က္မွႀကီးႀကီးမားမားမရွိေပမယ့္ အသက္ကလဲငယ္ငယ္႐ြယ္႐ြယ္ရွိေသးေတာ့ ဟိုေနရာစပ္စပ္ဒီေနရာစပ္စပ္ သြားခ်င္လာခ်င္ ဗဟုသုတရွာေဖြခ်င္တဲ့စိတ္တစ္ခုထဲနဲ႔ ျမန္မာျပည္ကေနထြက္ခ်လာခဲ့လိုက္တာေလ၊

ျမန္မာျပည္ကေနစထြက္လာခါစက အားလုံးေပါင္းကြၽန္ေတာ္တို႔အဖြဲ႕ (၁၈)ေယာက္ဗ် ..

ဒီေရာက္ေတာ့ သူေနရာနဲ႔သူ (၂)ေယာက္တစ္တြဲ (၃)ေယာက္တစ္တြဲနဲ႔ အလုပ္ေတြ ကြဲသြားလိုက္ၾကတာ ကြၽန္ေတာ္နဲ႔ ပဲခူးတိုက္ႀကီးက သူငယ္ခ်င္းတစ္ေယာက္နဲ႔ (၂)ေယာက္က ပီးနန္းတစ္ဖက္ကမ္းက ဆူငိုင္းပသနီဆိုတဲ့ၿမိဳ႕ေလးကိုလာရတယ္၊ အဲ့တုန္းက လာေခၚတဲ့ ကြၽန္ေတာ္တို႔ရဲ႕ အလုပ္သမားေခါင္းေဆာင္က အင္ဒိုနီးရွား (ဂ်ာဝါ)လူမ်ိဳးဗ်.. (၁၈)ေယာက္ၾကားထဲမွာမွ ကြၽန္ေတာ္ကိုဘာၾကည့္သေဘာက်လဲမသိပါဘူး.

သူ႔ဆီကိုမရမကကို ကြၽန္ေတာ္ကိုေခၚလာေတာ့တာပဲ ျဖစ္ႏိုင္ေရ အရွိဆုံးကေတာ့ သူတို႔လူမ်ိဴး႐ုပ္နဲ႔ကြၽန္ေတာ္က ေတာ္ေတာ္ေလးက္ိုတူေနတာေၾကာင့္လို႔ထင္ပါတယ္။

(မေလးရွား၊အင္ဒိုနီးရွားလူမ်ိဳးမ်ားသည္ဘာသာကိုးကြယ္မႈအရသာ အစၥလာမ္ ဘာသာဝင္မ်ားျဖစ္ေပမယ့္ ကြၽန္ေတာ္တို႔ ျမန္မာျပည္သား ဗမာလူမ်ိဳးမ်ားႏွင့္႐ုပ္ခ်င္းမကြဲျပားမျခားနားပါ)

စာေရးသူ

ဒီေနရာမွာ ဇာတ္လမ္းမစခင္ ကြၽန္ေတာ္တို႔မေလးရွားမွာေနထိုင္ရပုံေလးကိုတစ္ခ်က္
ေလာက္ တင္ျပပါရေစ..။

ဒါမွလဲစာဖတ္သူေတြအေနနဲ႔ဇာတ္လမ္းကို နားလည္သေဘာေပါက္လြယ္သြားလိမ့္မယ္ထင္ပါတယ္ ။

ကြၽန္ေတာ္ဒီေရာက္ေတာ့ ေနရတဲ့အိမ္ကႏွစ္ထပ္တိုက္ဗ် အိမ္ထဲမွာ အလုပ္သမားေခါင္းေဆာင္အပါအဝင္ အင္ဒိုနီးရွားလူမ်ိဳးႀကီးပဲ(၂၁)ေယာက္ေတာင္ရွိ
တယ္၊.ျမန္မာဆိုလို႔ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ထဲရယ္.

သူ႔တို႔ေတြအမ်ားႀကီးၾကားမွာေနရေပမယ့္ နိမ္တာျပဳတာ အႏိုင္က်င့္တာမ်ိဳးေတြေတာ့မရွိၾကပါဘူး၊ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ကို အေတာ္ေလးကိုဂ႐ုစိုက္ၿပီး.ဦးစားေပးၾကပါတယ္။

ဘယ္ေလာက္ပဲသူတို႔ ကိုယ္ေတြကို ဂ႐ုစိုက္စိုက္ ကိုယ့္လူမ်ိဳးေတြမဟုတ္တဲ့အတြက္ေၾကာင့္ ေနရတာဘယ္လိုမွကို မေပ်ာ္ဘူးဆိုပါေတာ့ဗ်ာ၊
ေနထိုင္စားေသာက္မႈပုံစံ မကြဲျပားေပမယ့္ ယဥ္ေက်းမႈဘာသာစကားကြဲျပားေတာ့ေနရထိုင္ရမေပ်ာ္ဘူးဆိုပါေတာ့၊

အဲ့ဒီေတာ့ကြၽန္ေတာ္မွာအလုပ္ျပန္ၿပီဆိုတာနဲ႔ကြၽန္ေတာ္တို႔
ေနတဲ့ အိမ္ကေန နာရီဝက္ေလာက္စက္ဘီးနင္းသြားရင္ ေတာေတြ၊ေတာင္ေတြကို ရွင္းၿပီး ၿမိဳ႕သစ္စီမံကိန္း အိမ္ယာေတြ ေဆာက္လုပ္ေနတဲ့ ေဆာက္လုပ္ေရးစီမံကိန္း ဝင္းႀကီး အႀကီးႀကီး ရွိတယ္ဗ်…

အဲ့ေဆာက္လုပ္ေရးဝင္းႀကီးထဲမွာ ျမန္မာ၊အင္ဒိုနီးရွား၊ဘဂၤလားေဒ့ခ္်၊နီေပါ၊ဗီယက္နမ္၊
ပါကစၥတန္ အစရွ္ိတဲ့ ႏိုင္ငံေပါင္းစုံက အလုပ္သမားေတြကို မေလးရွားအေခၚေကာင္စီ၊ျမန္မာလိုေခၚအလုပ္သမားတန္းလ်ားေပါ့ ေနာ္.၊ အလုပ္သမားတန္းလ်ားဆိုေပမယ့္ ေသေသခ်ာခ်ာက်က်နနေဆာက္ေပးထားတာမ်ိဳးမဟုတ္ပဲ ကိုယ့္အဖြဲ႕နဲ႔ကို ျဖစ္သလို အထပ္သားျပားေတြကာ၊ အထပ္သားျပားေတြမိုး ၊ အထပ္သားျပားေတြခင္းနဲ႔ တဲလိုလိုအခန္းလိုလိုေတြေဆာက္ေနၾကရတာဗ်.

ကိုယ့္အဖြဲ႕လူဘယ္ေလာက္မ်ားမ်ားတဲကတစ္လုံးႏွစ္လုံးထက္မပိုၾကဘူး။

ဘာေၾကာင့္လဲဆိုေတာ့.. ဒီေဆာက္လုပ္ေရးဝင္းထဲကယာယီေပးထားတဲ့ ေနရာေတြမွာညဆိုဘယ္အလုပ္သမားမွမအိပ္ၾက၊မေနၾကလို႔ေလ။
ညဘက္ကိုသူတို႔ေတြက ေဆာက္လုပ္ေရးဝင္းရဲ႕ ခပ္လွမ္းလွမ္းမွာရွိတဲ့ ေခ်ာင္းစပ္ကဒီေရေတာထဲမွာ ခပ္ျမင့္ျမင့္တဲေတြထိုးၿပီးဝင္ပုန္းအိပ္ၾကတာမ်ားတယ္၊

ဒါကလဲ. မေလးရွား လ.ဝ.က အပါအဝင္ ရဲ နဲ႔ ျပည္သူ႔စစ္ေတြ ပူးေပါင္းဖမ္းစီးတဲ့ေအာ္ပရာစီဆိုတဲ့ခိုးဝင္ျပည္ပႏိုင္ငံသား
မ်ားဖမ္းစီးေရးက အခ်ိန္မေ႐ြးဝင္လာဖမ္းစီးသလို အထူးသျဖင့္ညဘက္အိပ္ခ်ိန္ေတြမွာေဆာက္လုပ္ေရးလို႔ေနရာမ်ိဳး၊ ႏိုင္ငံျခားသားေ႐ြ႕ေျပာင္းအလုပ္သမားအမ်ားဆုံးရွိတဲ့ေနရာမ်ိဳးေတြကိုဝင္ေရာက္ဖမ္းစီးတတ္တာေၾကာင့္၊

အလုပ္ခ်ိန္နဲ႔ထမင္းခ်က္ျပဳတ္စားေသာက္ခ်ိန္မ်ိဳးသာ ဝင္းထဲမွာေနၾကၿပီးညဆို ေတာထဲသြားအိပ္ၾကသူေတြမ်ားပါတယ္။

ကြၽန္ေတာ္ေရာက္ပီး (၄)ရက္ေလာက္ပဲရွိေသးတယ္ အဲ့ေဆာက္လုပ္ေရးဝင္းထဲက ျမန္မာျပည္သားမြန္လူမ်ိဳးအသိေတြအေတာ္မ်ားမ်ားကိုရသြားေတာ့တာပဲ၊

ဒါကလဲအေကာင္းေတာ့မဟုတ္ဘူး အဲ့ဒီမွာ အရက္သြားေသာက္ရာကေန ကိုမ်ိဳးခ်စ္ေတြနဲ႔ေတြ႕ၿပီး ႐ိုက္ပြဲျဖစ္လိုက္ရာကေန “ရန္ကုန္” ဆိုတဲ့နာမည္တြင္ပီး.သိကုန္ၾကတာပါ။

ဘာလို႔ ရန္ကုန္လို႔ နာမည္တြင္လဲဆို မေလးရွားေဆာက္လုပ္ေရး ေလာကမွာေတာ့ လူနာမည္ကိုေခၚတာထက္ သူတို႔ရဲ႕ဇာတိနာမည္ကို
အလြယ္ေခၚၾကတာမ်ားေတာ့ ကြၽန္ေတာ္ကိုလဲ ရန္ကုန္သားမလို႔ “ရန္ကုန္”လို႔ေခၚၾကရင္းနာမည္တြင္သြားရတာပါ။

ျဖစ္ပုံကေတာ့ဒီလိုဗ်..အဲ့ေဆာက္လုပ္ေရးဝင္ထဲက မြန္လူမ်ိဳးအလုပ္သမားေခါင္းေဆာင္တစ္ေယာက္ျဖစ္တဲ့ မုဒုံ သား ကိုသိန္းႏိုင္ ဆိုတဲ့သူနဲ႔ ကြၽန္ေတာ္ကဘယ္ဘဝကေရစက္လဲေတာ့မသိ
ဘူးစေတြ႕ထဲကိုကအေတာ္ေလးကိုခင္ၾကတာ ..သူကလဲ လူပုစိတ္တို မဟုတ္မခံ လူမ်ိဳးစြဲမရွိ
မွန္တဲ့ဘက္ကပဲရပ္တည္တတ္တဲ့သူမ်ိဳး..၊ကြၽန္ေတာ္ကလဲ မတရားတာဆို လက္ပိုက္မၾကည့္တတ္တဲ့လူ ကြၽန္ေတာ္ေရွ႕ကစရင္ သူကေနာက္ကပါၿပီးသားပဲ အဲ့လို၊

အလုပ္သာမတူေပမယ့္ အလုပ္ခ်ိန္ၿပီးတာနဲ႔ကြၽန္ေတာ္ သူ႔ဆီေရာက္ေနပီ
ျပသနာရွာေမႊလြန္းအားႀကီးလို႔ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ကို ဗ်ဝိ ၊ဗ်တၱ ညီေနာင္လို႔ေတာင္စေနာက္ေခၚၾကတာ။

ဘာမဆိုလက္ကအရင္ လုပ္ၿပီးမွစကားေျပာတတ္တဲ့ကြၽန္ေတာ္နဲ႔ လက္ကအရင္
ပါပီးမွ ေတာင္းပန္တတ္တဲ့သူနဲ႔ကေတာ့ တြဲမိတာ
သိပ္ေတာ့မဆန္းပါဘူး ။

အလုပ္သိမ္းၿပီးဆို ဝင္းထဲကအလုပ္သမားေတြအကုန္လုံးက ခ်က္ၾကျပဳတ္ၾက ေသာက္ၾကစားၾက သူ႔အစုနဲ႔သူ၊ သူ႔အဖြဲ႕နဲ႔သူ ေပါ့ဗ်ာ

တဲေတြထဲ ဝိုင္းဖြဲ႕ ၿပီး
အဲ့ေဆာက္လုပ္ေရးဝင္းထဲက ဗီယက္နမ္လူမ်ိဴးေတြ ခ်က္တဲ့ခ်က္အရက္နဲ႔ တစ္ေန႔တာပင္ပန္းသမွ်ကို ညဘက္လူစုၿပီးအပန္းေျဖ ၾကတယ္ဆိုပါေတာ့။

ကိုသိန္းႏိုင္ဆီ ကြၽန္ေတာ္ေရာက္ပီဆိုတာနဲ႔သူက သူ႔လူေတြနဲ႔တဲမွာမေသာက္ေတာ့ပဲ အၿမဲကြၽန္ေတာ္နဲ႔ႏွစ္ေယာက္ သပ္သပ္တဲတစ္လုံးမွာပဲ ခ်ၾကတာမ်ားတယ္ဗ်
မမူးရင္သေဘာေကာင္းသေလာက္ မူးလာၿပီဆိုေသြးဆိုးတဲ့ကြၽန္ေတာ္ မူးလာျပသနာရွာမွာေၾကာက္ၿပီး.ဒီအစီစဥ္ကိုသူေရရွည္အတြက္ေရးဆြဲခဲ့ပုံရတယ္ဗ်.. (ဟိဟိ)

တစ္ေန႔ည သူနဲ႔ကြၽန္ေတာ္ အရက္ေသာက္ေနတုန္း
သူတို႔အဖြဲ႕က ေကာင္ေလးတစ္ေယာက္က ကိုသိန္းႏိုင္ကို လာေျပာတယ္ သူတို႔အဖြဲ႕ဒီေန႔ေစ်းကားမလာလို႔ မနက္ျဖန္အတြက္ စားစရာဘာမွမရွိေတာ့ဘူး တဲ့
ခုခ်ိန္မွ လာေျပာရမလားဆိုၿပီးကိုသိန္းႏိုင္လဲ ေဒါကန္တာေပါ့ မိုးကလဲခ်ဳပ္ေနၿပီ ေစ်းဆိုင္ေတြကဒီအခ်ိန္ဆိုမဖြင့္တတ္ၾကေတာ့ဘူးေလ..။

သြားစရာက တစ္ေနရာပဲ ရွိတယ္ သူတို႔ေနတဲ့ တဲေနာက္တည့္တည့္ေတာလမ္းကိုတိုး မြတ္ဆလင္သခ်ိဳင္းတစ္ခုကိုျဖတ္ၿပီး မေလးရွားလူမ်ိဳးေတြေနတဲ့႐ြာထဲသြားဝယ္မွပဲရေတာ့မယ္
အဲ့မေလးရွား႐ြာကိုကားလမ္းဘက္ကပါတ္သြားမယ္ဆိုတစ္ပါတ္ႀကီးကို သြားရမွာဗ်။ အနီးဆုံးကေတာ့ ခုနကေျပာတဲ့ သူတို႔ေတြေနတဲ့ တဲေနာက္က ေတာလမ္းက္ိုတိုးပီး မြတ္ဆလင္သခ်ိဳင္းကိုျဖတ္ၿပီးသြားမွသာလ်င္ အဆင္ေျပမွာ ေစာေစာစီးစီးဆို ျပသနာမရွိလွေပမယ့္ ခုလို ညဘက္ေရာက္ေနပီဆိုေတာ့ သူလဲ ေၾကာက္ေနပုံပဲ

ခုလိုညဘက္မေျပာနဲ႔ ေန႔လည္ဘက္ေတာင္သူတို႔ေတြ ေဆာက္လုပ္ေရးဝင္းထဲကေနအျပင္ကို မသြားလာရဲၾကရွာဘူးေလ..အဲ့ဒါအမွန္ပဲဗ် အျပင္သြားရတာကလဲအၿမဲက်ားေခ်ာင္းသလိုေခ်ာင္းေနတဲ့ လွည့္ကင္းရဲကားေတြ အမတန္မွကိုေၾကာက္ရတာေလ၊

ခိုးေနရတဲ့ဘဝနဲ႔ ပင္ပင္ပန္းပန္းဆင္းဆင္းရဲရဲ ရွာေဖြထားသမွ် ရဲတစ္ခါဖမ္းခံထိလို႔ကေတာ့ ရွိသမွ် အေျပာင္အကုန္ယူခံရတာေလ အဲ့ဒါေၾကာင့္လဲ သူတို႔ေတြ ခင္ဗ်ာ ဒီလုပ္ငန္းခြင္ထဲ လာေရာင္းတဲ့ေစ်းကားေတြကိုသာအမွီျပဳေနထိုင္စားေသာက္ေနရရွာေတာ့ ခုခ်ိန္ႀကီးအျပင္က္ိုေစ်းသြားဝယ္ဖို႔ၾက ဘယ္လိုလုပ္သြားရဲရွာပါ့မလဲ။

ကိုသိန္းႏိုင္တစ္ေယာက္.. ေခါင္းကုတ္လိုက္ ဖင္ကုတ္လိုက္နဲ႔ဘာလုပ္လို႔ လုပ္ရမွန္းမသိျဖစ္ေနတာျမင္ေတာ့ .
ကြၽန္ေတာ္လဲသူတို႔အျဖစ္ကို သနားၿပီး.

“ကိုသိန္းႏိုင္ေရ ဒီလိုဆိုလဲ ခင္ဗ်ားနဲ႔ကြၽန္ေတာ္ ဒီေနာက္လမ္းကေနပဲ ျဖတ္ၿပီးသြားဝယ္ၾကတာေပါ့ဗ်ာ ဘာေၾကာက္စရာရွိလဲ”…

ကြၽန္ေတာ္တစ္ေယာက္လုံးပါေနတာပဲ ဘာညာနဲ႔ ေျပာလိုက္ၿပီးေစ်းသြားဝယ္ဖို႔အတင္းကိုဆြဲေခၚလာရတယ္၊

သြားေတာ့လဲ အဲ့ေတာလမ္းကေနတိုးၿပီး သြားသာသြားရတာ သရဲတေစၦထက္ လူခ်ီးပုံေတြကို မနဲ ဖုန္းမီးေလးနဲ႔ျပဴးၿပဲထိုးၾကည့္ၿပီးကို ေရွာင္သြားရတာ အသြားတုန္းကေတာ့ မူးကလဲမူးေန ႐ြာထဲက ေစ်းဆိုင္ပိတ္သြားမွာလဲ ေၾကာက္တဲ့ေဇာနဲ႔ သခ်ႋဳင္းကို ျဖတ္ၿပီး ဘယ္လိုကဘယ္လို ႐ြာထဲေရာက္သြားလိုက္မွန္းေတာင္မသိဘူး၊

မေလး႐ြာထဲက ေစ်းဆိုင္ေရာက္ေတာ့ ၾကက္ႏွစ္ေကာင္(အေမႊးႏႈတ္ပီးသားအေကာင္လိုက္)ႏွင့္ အမဲသားတစ္ကီလိုထုပ္ တစ္ထုပ္ဝယ္ၿပီး အျပန္ၾကမွကြၽန္ေတာ္လဲ စဥ္းစားမိတယ္ “”……ငါတို႔ဒါေတြနဲ႔ခုနကလာခဲ့တဲ့ သခ်ႋဳင္းထဲ ဘယ္လိုျဖတ္ရမလဲေပါ့.. …”””

..ငယ္ငယ္ကၾကည့္ခဲ့ရတဲ့ မေလးရွားစုန္းကားေတြဘာေတြလဲ မ်က္စိထဲေျပးျမင္ၿပီးေပၚလာလို႔ ေပၚလာနဲ႔ ငါေတာ့မွားပီထင္တယ္ ေတြးေနတာ ကိုသိန္းႏိုင္လဲ ကြၽန္ေတာ္လိုပဲ ေတြးေနတာေနမယ္ ဘာမွမေျပာပဲၾကက္ႏွစ္ေကာင္အထုပ္ေလး ဆြဲပီး.သုတ္သုတ္ သုတ္သုတ္နဲ႔ ေလွ်ာက္ေနတာ ကြၽန္ေတာ္လဲ …

“ကိုသိန္းႏိုင္ျဖစ္ပါ့မလားဗ်. သခ်ႋဳင္းကျဖတ္ရမွာ” ဆိုၿပီးေမးေတာ့..

“ေအးေဆးပါကြာ”.တဲ့

အင္းသူေတာင္ ေအးေဆးမွဆိုေတာ့ ကိုယ္လဲ ေအးေဆးေပါ့ဆိုၿပီး ေလွ်ာက္လာလိုက္ၾကတာ သခ်ႋဳင္းထဲ ဝင္ထဲက လူကဘယ္လိုျဖစ္သြားမွန္းမသိဘူး တစ္ကိုယ္လုံးတုန္ၿပီး ၾကက္သီးေတြဘာေတြထသြားတာ မိုးေအးလို႔လား အေပါ့သြားခ်င္လို႔လားေပါ့ စိတ္အထင္ေတာ့ ၊

ကိုသိန္းႏိုင္က သူ႔Nokiaဖုန္းမီးေလးကိုေရွ႕ကေနထိုးၿပီး ကြၽန္ေတာ္ကေနာက္က အဲ့သူတို႔သခ်ႋဳင္းေျမပုံေက်ာက္တိုင္ေလးေတြက ေဘးတစ္ဖက္စီမွာရွိတာ ေယာင္လို႔ေတာင္မၾကည့္ရဲပါဘူး ကိုသိန္းႏိုင္ထိုးျပတဲ့ ေရွ႕တည့္တည့္က မီးအေရာင္ကိုပဲ ၾကည့္ၿပီး ေလွ်ာက္လာတာ ပထမ သူကြၽန္ေတာ္ေရွ႕က ေလွ်ာက္ေနေပမယ့္ မၾကာဘူးကြၽန္ေတာ္နဲ႔ေဘးခ်င္းကပ္ျဖစ္သြားၿပီး လမ္းက်ဥ္းက်ဥ္းေလးကို ေျမပုံေတြလဲေျခေထာက္နဲ႔မနင္းမိေအာင္ ပုခုံးခ်င္းပူးကပ္ၿပီး ေလွ်ာက္ေနၾကတာမ်ား ခုအခ်ိန္ျမင္ေယာင္ၾကည့္ ေတာ့ အေတာ္ေလးေတာ့ ရီခ်င္စရာေကာင္းသား သမီးရည္းစားစုံတြဲေတြ အတိုင္းပဲ။

သူကြၽန္ေတာ္နားကပ္လာၿပီး ပုခုံးခ်င္းယွဥ္ေလွ်ာက္တာ အေၾကာင္းမဲ့ မဟုတ္ဘူးဗ် သခ်ိဳင္းထဲက ဇရပ္ေပၚ လူရိပ္ေတြျမင္ရလို႔ တဲ့ ကြၽန္ေတာ္ကို ကပ္ပီးတိုးတိုးေလးေျပာတယ္ ..ကြၽန္ေတာ္လဲ ဆံပင္ေမႊးေတြဘာေတြ ေထာင္တက္သြားတာဗ်ာ တကယ္၊

ဒါမ်ိဳးကေတာ့ဘယ္လိုမွသတၱိမေကာင္းႏိုင္ေတာ့ဘူးေလ အေတြ႕ႀကဳံလဲရွိတာမဟုတ္ ေတာ့ စိတ္ထဲကေတာ့ေတြးလိုက္တယ္ ..ဒါဆိုေသခ်ာပီေပါ့

ေျပးဖို႔ လူကအဆင္သင့္ကိုျပင္ထားလိုက္တာဘယ္ရမလဲ..

ဇရပ္ေရွ႕ေရာက္ေတာ့ ကြၽန္ေတာ္လဲ မ်က္စပစ္ လွမ္းၾကည့္လိုက္တာဇရပ္အေပၚကို ေၾကာက္ေၾကာက္နဲ႔

အဲဗ်ာ တကယ္ဗ် ကုန္းကုန္းကြကြေတြနဲ႔ လႈပ္လႈပ္ ႐ြ႐ြေတြကို ျမင္ေနရတာ။

ႉလူလဲထူပူၿပီးရသမွ် ဘုရားစာေတြ ဘာေတြ ေလွ်ာက္႐ြတ္ လူခ်င္းပူးကပ္ၿပီး သခ်ႋဳင္းကေနအသားကုန္သုတ္ေတာ့တာပဲ ၊

သခ်ႋဳင္းအျပင္ေတာလမ္းေရာက္ပီး ေဆာက္လုပ္ေရးဝင္းႀကီးထဲကမီးအေရာင္ေတြ စကားသံ သဲ့သဲ့ေတြၾကားရေတာ့မွပဲ သက္ျပင္းခ်ႏိုင္ေတာ့တယ္။

တစ္ကိုယ္လုံးလဲ လမ္းေလွ်ာက္ရတာေၾကာင့္ေရာ ေၾကာက္တဲ့စိတ္ေၾကာင့္ပါထင္တယ္ ေခြၽးေတြကို ႐ႊဲေနတာပဲ.. သခ်ႋဳင္းကေနထြက္ၿပီး ေတာလမ္းထဲ ေရာက္ေတာ့မွ လူကတစ္ကိုယ္လုံးေတာင္ တုန္တက္သြားတာဆို ေၾကာက္ခ်မ္း ခ်မ္းတာထင္ပါရဲ႕..

ပါးစပ္ကလဲ ငါတို႔ေတာ့ မေျခာက္နဲ႔ေနာ္ စားခ်င္ တဲေရာက္မွ ဟိုလူေတြဆီကေန သြားေတာင္းလို႔ ေျပာၿပီး
ႏွစ္ေယာက္သား ရီႏိုင္ေတာ့တယ္အဲ့ေတာ့မွ.ကိုသိန္းႏိုင္က မင္းျမင္လားတဲ့ ဇရပ္ေပၚမွာအရိပ္..

..အင္းကြၽန္ေတာ္လဲျမင္တယ္လို႔ေျပာေတာ့ ..
သူက ငါေရွ႕ကေလွ်ာက္ေနတုန္း စျမင္ေတာ့ ဇရပ္ေပၚတက္တဲ့ အုတ္ေလွကားေလးေပၚ လူႏွစ္ေယာက္ထိုင္ေနသလိုလိုအရိပ္ တို႔လာေနတာျမင္ၿပီး ဇရပ္ေပၚတက္သြားတာကို ျမင္လိုက္တာတဲ့..၊

ကြၽန္ေတာ္ကလဲ အဲ့ဇရပ္ေရွ႕ေရာက္မွ အသာၾကည္လိုက္တာ ဇရပ္ေပၚ လူရွိသလိုလိုအရိပ္ ျမင္ရတယ္ေျပာျပေတာ့ သူ႔စိတ္ထင္ ႐ြာထဲက မေလးရွားလူမ်ိဳး အတြဲပဲ ျဖစ္ေလာက္တယ္ကြ တို႔လူလာတာျမင္လို႔ ဇရပ္ေပၚတက္ေျပးသြားတာပဲထင္တယ္ဆိုၿပီး သူအလုပ္သမားအဖြဲ႕ေတြ ေနတဲ့ တဲအေနာက္ေပါက္ကေန ကြၽန္ေတာ္တို႔ ႏွစ္ေယာက္ လဲ ဝင္ၿပီး ဟင္းခ်က္စရာေတြဝင္ေပး ၿပီး ကြၽန္ေတာ္တို႔ႏွစ္ေယာက္ထဲ အရက္ခ်ေနၾကတဲကို ျပန္သြားၿပီး အရက္ျပန္ခ် အေမာေျဖေနတုန္း မၾကားဘူး ခုနဟင္းခ်က္စရာဝင္ေပးခဲ့တဲ့ ကိုသိန္းႏိုင္တို႔ အဖြဲ႕က လူေတြအရက္ေသာက္ေနတဲ့ တဲကေန ဝုန္းဒိုင္းႀကဲသံ ဆူညံသံေတြ ၾကားပါေလေရာဗ်ိဳ႕..

ကြၽန္ေတာ္တို႔ ႏွစ္ေယာက္လဲ ဘာျဖစ္တဲလဲဟဆိုၿပီး ဒုတ္တစ္ေယာက္တစ္ေခ်ာင္းဆြဲပီး ေျပးၾကည့္ေတာ့ တဲရဲ႕..ေနာက္ေပါက္ကေန အရက္ထိုင္ေသာက္ေနတဲ့ လူေတြ ထၿပီးေျပးတာ ေတာလမ္းဘက္ကို ဘာမွန္းမသိ

ထိုင္က်န္ေနခဲ့ တဲ့ ဦးငယ္ဆိုတဲ့ မြန္အဘႀကီးကိုေမးေတာ့ ကိုသိန္းႏိုင္နဲ႔မယားညီအက္ိုေတာ္တဲ့ ဦးႏိုင္ဆိုတဲ့ လူႀကီး တဲေနာက္ဘက္အေပါက္က္ိုအရက္ေသာက္ေနရင္းနဲ႔ လက္ညႇိဳးတစ္ထိုးထိုးနဲ႔ ဆဲဆိုၿပီး ထေျပးကန္ေၾကာက္ၿပီး ေျမႀကီးေပၚလူးလွိမ့္ ေနတာ ဘာျဖစ္တာလဲေမးတာမရ ဆြဲလို႔လဲမရနဲ လူေတြဝိုင္းခ်ဳပ္ၿပီးတဲေပၚ ေခၚတင္လာတာကို ျပန္ခုန္ခ်ၿပီး တဲေနာက္ကေတာလမ္းအတိုင္းေျပးသြားလို႔ လိုက္ၾကတာတဲ့။

ဦးငယ္ကေတာ့ေျခေထာက္အလုပ္ေခါင္မိုးေပၚကျပဳတ္က်ထားၿပီး.ဒူးအဆစ္လည္ထားလို႔ထမလိုက္ပဲက်န္ေနခဲ့ရာကေန ေျပာျပေတာ့ ကြၽန္ေတာ္တို႔ႏွစ္ေယာက္လဲ စိုးရိမ္ၿပီး ေနာက္ကေနေျပးလိုက္သြားေတာ့ သူတို႔အဖြဲ႕ေတြ အဲ့ဦးႏိုင္ကို အတင္းေခ်ာ့ ၿပီးဝိုင္းခ်ဳပ္ေခၚျပန္လာၾကတာကို ေတာလမ္းတစ္ဝက္ေရာက္ေတာ့ျပန္ ေတြ႕တယ္

အဲ့အခ်ိန္ ဘယ္သူမွလဲ ခ်ီးပုံေတြဘာေတြေရွာင္ေနၾကေတာ့မယ္မထင္ပါဘူး အုပ္လိုက္ကို ျပန္ၿပီးခ်ီတက္လာၾကတာ သူတို႔အခ်င္းခ်င္း မြန္လိုေတြေျပာဆိုေနၾကေတာ့ ကြၽန္ေတာ္လဲ နားမလည္ဘူး ကိုသိန္းႏိုင္ကို ပဲ အတင္းေမးခိုင္းရတယ္ ဘာျဖစ္တာလဲ ဆိုတာကို။

တဲျပန္ေရာက္ေတာ့မွ အဲ့ဦးႏိုင္ကို ေျခလက္ေတြဝိုင္းေဆးေပးၾက တဲေပၚက ဘုရားစင္မွာရွိတဲ့ ေသာက္ေတာ္ေရေတြ ေခါင္းကေနေလာင္းခ် စိတ္ပုတီးေတြဘာေတြ လည္ပင္းစြတ္ခ်ေပးနဲ႔ ခုနမူး႐ူးေနၾကတဲ့ အရက္သမားအုပ္စု ခုမွ ဘုရားမီးေတြဘာေတြပူေဇာ္ အေမႊးတိုင္ေတြဘာေတြထြန္း ဘုရားရွစ္ခိုးသူကရွစ္ခိုးနဲ႔ ကြၽန္ေတာ္လဲ ကိုသိန္းႏိုင္နားကပ္ၿပီး ..”လုပ္ေလ”

” ေမးပါအုံးဘာျဖစ္တာလဲလို႔” ..သူတို႔ဟာသူတို႔မြန္လိုေတြပဲ ေျပာေနေတာ့ က္ိုယ္မွနားမလည္တာ ကိုသိန္းႏိုင္ကို ဘာသာျပန္ခိုင္းရတယ္။

….အဲ့ေတာ့မွကိုသိန္းႏိုင္လဲ ခုနျဖစ္တဲ့သူ႔မယားညီအစ္ကို ဦးႏိုင္ကိုမြန္လိုေမးလိုက္ေတာ့… ဦးႏိုင္ကသူ႔လူေတြအားလုံးကိုမြန္လိုျပန္ေျပာျပတယ္၊

ကိုသိန္းႏိုင္ကသူေျပာျပတာေတြကို ကြၽန္ေတာ္ ဗမာလိုဘာသာျပန္ေပးလိုက္နဲ႔ ျဖစ္ပုံက ဒီလိုဗ်………

ကြၽန္ေတာ္တို႔ႏွစ္ေယာက္ေစ်းဝယ္ၿပီး ျပန္လာေတာ့ ကိုသိန္းႏိုင္ရဲ႕ မယားညီအစ္က္ို.ဦးႏိုင္က တဲအေနာက္ေပါက္ကို မ်က္ႏွာမူၿပီးအရက္ဝိုင္းမွာထိုင္ေနတာ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ဟင္းခ်က္စရာေတြဝယ္ၿပီးျပန္လာတာကို.. သူေတာလမ္းကထြက္လာထဲက ျမင္ေနရတယ္တဲ့….

ေဆာက္လုပ္ေရးဝင္းႀကီးကညဆို မီးေတြလင္းထိန္ေနတာဆိုေတာ့လဲ သူကြၽန္ေတာ္တို႔ လွမ္းျမင္ေနရတာေပါ့၊

အဲ့မွာ အရက္ဝိုင္းထဲကလူေတြက္ိုေတာင္ ဟိုမွာ ဗ်က္ဝိ၊ဗ်က္တၱ ညီေႏွာင္ ေစ်းဝယ္ၿပီးျပန္လာၿပီ ေနာက္မွာလဲ ကေလးႏွစ္ေကာင္ပါလာတယ္ ႐ြာထဲက ကေလးေတြထင္တယ္ ဒီအခ်ိန္ႀကီး ဘာလုပ္ဖို႔ေခၚလာလဲ မသိဘူး ေတာင္ ေျပာေနေသးတာတဲ့။

က်န္တဲ့သူေတြဝိုင္းၾကည့္ေတာ့လဲ ကြၽန္ေတာ္တို႔အျပင္ေနာက္မွာ မေလးလူမ်ိဳးကေလးေလးႏွစ္ေယာက္ပါတာ ျမင္တယ္တဲ့။

ကြၽန္ေတာ္တို႔ တဲေနာက္ေပါက္ကတက္လာၿပီး ဟင္းခ်က္စရာေတြေပး အရက္သြားေသာက္ဖို႔ ျပန္ထြက္သြားေတာ့ ေစာနပါလာတဲ့ ကေလးႏွစ္ေယာက္က တဲအေနာက္ေပါက္မွာက်န္ခဲ့တယ္တဲ့ အဲ့လိုက်န္ခဲ့တာကိုေတာ့သူတစ္ေယာက္ပဲဆက္ျမင္ေနရ
တာသူမသိဘူး၊
သူလဲအရက္ဝိုင္းထဲကေနေနာက္ေဖးေရကပ်ဥ္ေအာက္ရပ္ေနတဲ့ ကေလးႏွစ္ေယာက္ကိုလွမ္းစေမးလိုက္တယ္တဲ့..

“ဟိုကေလးႏွစ္ေကာင္ ဘာလုပ္ေနတာလဲ မင္းတို႔ေခၚလာတဲ့သူငယ္ခ်င္းႏွစ္ေယာက္ရဲ႕ေနာက္ လိုက္မသြားဘူးလား” ဆိုၿပီး မေလးလို သူလွမ္းေမးလိုက္ေတာ့ …

သူ႔ကို ဟင္းခ်က္စရာအထုပ္ေတြ ထားထားတဲ့ ကြၽတ္ကြၽတ္အိတ္အထုပ္ေတြ ကို လက္ညႇိဳးထိုးျပၿပီး လက္ဟန္ေခ်ဟန္နဲ႔ ေတာင္းေနတယ္တဲ့ သူလဲ ပထမေတာ့..

” ဘာလဲ မင္းတို႔ပစၥည္းပါလို႔လား ” ဆိုေတာ့ ေခါင္းညိတ္ျပတယ္တဲ့.. သူလဲေကာက္ထၿပီး ကြၽန္ေတာ္တို႔ သူတို႔မုန္႔ေတြဘာေတြမ်ား အိတ္ထဲထည့္ထားၿပီး သူတို႔ကိုေပးဖို႔ ေမ့ခဲ့သလားေပါ့ဆိုပီး ထသြားအထုပ္ေတြ ဖြင့္ၾကည့္ေတာ့ ၾကက္သားႏွစ္ေကာင္ထုပ္နဲ႔ အမဲသားတစ္ကီလိုထုပ္ပဲ ေတြ႕ေတာ့ မင္းတို႔မုန္႔ မပါပါဘူးလို႔သူလွမ္းေျပာေတာ့ တဲအေနာက္ေပါက္အဝကိုေတာင္ သူတို႔ႏွစ္ေယာက္ ေရာက္ေနၾကၿပီတဲ့၊

သူကိုလက္ျဖန္႔ၿပီး အဲ့အထုပ္ေတြ ေပးဖို႔ေတာင္းေနေတာ့မွ အရက္ဝိုင္းကလူေတြကလဲ …

“….ဦးႏိုင္ ဘယ္သူနဲ႔စကားေျပာေနတာလဲ…”

ဝိုင္းေမးၾကေတာ့မွ သူလဲ လန္႔ျဖန္႔ၿပီး

” ..ဟာ..” ဒါသရဲေတြပဲဆိုၿပီး ေၾကာက္ေၾကာက္နဲ႔ ထဆဲငါနဲ႔ကိုင္တုတ္ၿပီး ေျပးကန္ပစ္တာ.
တဲေနာက္ေဖးေပါက္ဝမွာရပ္ေနတဲ့ အဲ့ႏွစ္ေကာင္ကို ကန္လိုက္ေတာ့ သူကန္တဲ့အရွိန္နဲ႔ သူတို႔ကို မထိပဲ ေလထဲကန္သလိုျဖစ္ၿပီး ေနာက္ေဘးတဲေနာက္ေရကပ်ဥ္ကေန ေအာက္ကိုျပဳတ္ၾကတာ အဲ့ကေလးႏွစ္ေကာင္က သူေဘးလာရပ္ၿပီး လက္ညိဳးထိုး ရီေနၾကတယ္တဲ့ေလ။

သူလဲေဒါသထြက္ၿပီး ေၾကာက္စိတ္ေပ်ာက္ ေဒါသစိတ္နဲ႔ လိုက္ထိုး လိုက္ကန္တာ ေတာလမ္းဘက္ျပန္ေျပးသြားလို႔သူေနာက္ကေနလိုက္သြားတာ၊

သူ႔အရက္ဝိုင္းကလူေတြလဲ သူ႔ေနာက္ကေနဝိုင္းလိုက္လာၿပီးဆြဲၾကေတာ့မွအသိစိတ္ျပန္ဝင္ေတာ့ သခ်ႋဳင္းကုန္းအေပါက္ဝကိုေတာင္ေရာက္ေနၿပီတဲ့..!

..အဲ့လူေတြျပန္ေခၚလာလို႔လမ္းတစ္ဝက္ေရာက္မွ ကြၽန္ေတာ္တို႔ႏွစ္ေယာက္လိုက္လာၾကတာ၊သူအသိစိတ္ျပန္ဝင္ေနၿပီးတဲ့ …
.. အဲ့လို ေျပာျပေနရင္းေတာင္ေၾကာက္လန္႔ၿပီးသူမွာ မ်က္ရည္ပါထြက္ငိုပါေလေရာ..က်န္တဲ့သူေတြလဲ သူေျပာျပၿပီးခါမွ…
သေဘာေပါက္ၿပီး တဲေနာက္ေဖးတံခါးေျပးပိတ္ၾက လူခ်င္းကပ္ၿပီးထိုင္ၾကနဲ႔ ကြၽန္ေတာ္နဲ႔ကိုသိန္းႏိုင္လဲ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ၾကၿပီးဘာမွကို
မေျပာႏိုင္ၾကေတာ့ဘူး..

အဲ့ညကကြၽန္ေတာ္ဆိုတာေၾကာက္လိုက္တာမွ တစ္ညလုံးေတာင္အိပ္မရေတာ့ဘူး အိမ္လဲမျပန္ရဲေတာ့ပဲ ကိုသိန္းႏိုင္တို႔တဲ့မွာပဲ လူစုၿပီးအိပ္လိုက္ရတယ္။

ေနာက္ေန႔ေတာ့ ကိုသိန္းႏိုင္နဲ႔ကြၽန္ေတာ္ ၾကက္တစ္ေကာင္ ေစ်းကားကေနဝယ္ၿပီး ညဘက္မိုးနဲနဲခ်ဳပ္ေတာ့ ဟုတ္ေသာ္ရွိ မဟုတ္ေသာ္ရွိ ၾကက္တစ္ေကာင္ ေတာလမ္းထဲသြားၿပီး ပစ္ေႂကြးလိုက္ၾကတယ္ ပါးစပ္ကေနလဲ ေနာက္ထပ္မေတာင္းနဲ႔ မေႏွာက္ယွက္ပါနဲ႔ေတာ့ လို႔ေျပာၿပီး တစ္က်ိဳးထဲ ျပန္သုတ္ခ်လာခဲ့လိုက္ေတာ့တယ္ အဲ့ေနာက္ပိုင္း ကြၽန္ေတာ္လဲ အရက္ေသာက္ခ်င္ ကိုသိန္းႏိုင္ကိုေခၚပီး အိမ္မွာပဲေသာက္ေတာ့တယ္ ညဘက္ေတြအဲ့ဒီေဆာက္လုပ္ေရးဝင္းႀကီးထဲလုံးဝကိုေျခဦးျပန္မလွည့္ျဖစ္ေတာ့ပါဘူး။

သက္ၿဖိဳးသူ (ကိုယ္ေတြ႕ျဖစ္ရပ္မွန္)