“စုန်းထီးကြီးဦးဘသာနှင့် ဘီလူးနှစ်ကောင် အလတ်ကောင် “(စ/ဆုံး)

Unicode Version

“စုန်းထီးကြီးဦးဘသာနှင့် ဘီလူးနှစ်ကောင် အလတ်ကောင် “(စ/ဆုံး)
———————————————————————————
အတွဲ(၃) စာစဉ် (၆)

(၁)

ဟိုနေ့က အကြောင်းကိုပြန်ဆက်ရရင် စဏ္ဍာလဦးလေးကြီးတို့ မောင်နှမက စုန်းတွေဖြစ်နေတယ်ဗျ၊ အဲဒီ စဏ္ဍာလက ဦးလေးကြီးကတော့ ကဝေပျံကြီးတဲ့လေ၊ သူ့နှမကျတော့လည်း သွေးလက်ဝါး ကျင်ရီဆိုပြီး တစ်ချိန်က နာမည်ကြီးခဲ့တဲ့ စုန်းတစ်ယောက်ပဲတဲ့ဗျာ။

အဲဒီလူကြီးနဲ့ ဦးဘသာကြီးနဲ့ ရွာထိပ်မှာတွေ့ကြပြီပေါ့ဗျာ၊ ကျုပ်က အဲဒီလူကြီးကို ဆေးလိပ်တွေဝယ်တိုက်၊ ထမင်းတွေကျွေးလိုက်နဲ့ဆိုတော့ သူ့အပေါ်မှာ ကျေးဇူးရှိသလိုမျိုးဖြစ်သွားတယ်ဗျ၊ ဒီတော့ ကဝေပျံတွေကြားထဲမှာ ထားတတ်တဲ့ စည်းမျဉ်းတစ်ခုအရ ကိုယ့်အပေါ် ကျေးဇူးရှိတဲ့လူကို ပြန်မလုပ်ရဘူးဆိုတဲ့ စည်းကမ်းရှိတယ်တဲ့ဗျာ၊ ဒီတော့ သူက ကျုပ်ကိုမလုပ်တော့ပေမယ့်၊ ဦးဘသာကြီးကိုတော့ ဒဲ့ပဲစိန်ခေါ်တာဗျ။

“ဟား၊ ဟား ငါ့နာမည်သာဒင်တဲ့ကွ၊ သာဒင်ကို မင်းတို့ဘာထင်နေသလဲ၊ ဘယ်ကစမ်းစမ်း၊ ညာကစမ်းစမ်း ငါက အချိန်မရွေး၊ နေရာမရွေးဘူးကွ”

ဦးဘသာကြီးကတော့ မကြောက်ရေးချ မကြောက်တဲ့အပြင် ပြန်ပြီးတော့တောင် စိန်ခေါ်လိုက်သေးတယ်ဗျ၊ ဒီတော့ စဏ္ဍာလဦးလေးကြီးက တော်တော်ဒေါသထွက်သွားတာပေါ့၊ သူက ဦးဘသာကြီးကို တိုက်ခိုက်မယ်ဆိုပြီးလုပ်တဲ့အချိန်မှာ လူတစ်ယောက်ပြေးလာတဲ့အသံကိုကြားလိုက်ရတယ်။

“အကိုကြီး . . . ”

ပြေးတဲ့ခြေသံကိုပဲ ကြားရတယ်ဗျ၊ အလုံးအထည်တော့မမြင်ရဘူး၊ ခြေသံက တဖြည်းဖြည်းနီးလာပြီးတော့ ကျုပ်တို့အရှေ့နားကိုရောက်လာတယ်၊ ပြီးတော့မှ နှင်းမှုန်တွေထဲကနေ လူတစ်ယောက်ထွက်လာသလိုမျိုး တဖြည်းဖြည်းချင်းပေါ်ပြီး ထွက်လာတာဗျ၊ ထွက်လာတဲ့လူကတော့ တခြားသူမဟုတ်ပါဘူးဗျာ၊ စဏ္ဍာလ ဦးလေးကြီးရဲ့ နှမ၊ သွေးလက်ဝါး ကျင်ရီဆိုတဲ့ စုန်းမပေါ့။

စုန်းမကြီးက ထုံးစံအတိုင်းပဲ ခေါင်းမြီးခြုံကြီးနဲ့ဗျ၊ အညာစောင်ပါးတစ်ခုနဲ့ ခေါင်းကိုခြုံထားတာဗျ၊ ကျုပ်လည်း သူက ဘွားခနဲပေါ်လာတော့ လန့်သွားတာပေါ့ဗျာ။

“အကိုကြီးအသာနေ၊ ဒီလူကြီးကို ညီမပဲရှင်းလိုက်မယ်”

“အေးလေ၊ နင်နိုင်တယ်ဆိုရင် နင်ထိန်းလိုက်ပေါ့ဟာ”

အဲဒီအခါ ဦးဘသာကြီးက ခေါင်းမြီးခြုံထားတဲ့ စုန်းမကြီးကိုလက်ညှိုးထိုးလိုက်ပြီးတော့

“ကျင်ရီ၊ နင်သေပြီမဟုတ်လား”

“ဟား၊ ဟား ကျုပ်ကိုခင်ဗျားကြီးက သေပြီလို့ထင်ခဲ့တာလား၊ ဒါပေမယ့် ကျုပ်မသေဘူးဗျ၊ ကျုပ်က ထုံကူးသွားခဲ့တာ”

ဦးဘသာက မျက်ခုံးကိုပင့်လိုက်တယ်ဗျ။

“အပိုတွေမပြောနဲ့၊ နင့်လို စုန်းစုတ်၊ စုန်းပဲ့က ထုံကူးမတဲ့လား”

ဦးဘသာပြောလိုက်တော့ စဏ္ဍာလဦးလေးကြီးက

“ဒါကတော့ ခင်ဗျားကျုပ်ကိုအထင်သေးလွန်းသွားပြီဗျ၊ ကျုပ်မှာလည်း ကျုပ်ရဲ့ဆရာတွေရှိတယ်၊ ကျုပ်အထက်က ကဝေတွေရှိသေးတယ်ဗျ”

ဦးဘသာက ကျင်ရီကိုတစ်ချက်ကြည့်ရင်း

“နေစမ်းပါအုံး၊ နင်က ထုံကူးတယ်ဆိုတော့ ဘာနဲ့ထုံထားတာလဲ”

ဒီတော့မှ စုန်းမကျင်ရီက သူ့ခေါင်းမြီးခြုံကြီးကိုဖြုတ်လိုက်တယ်ဗျ။ သူ့မျက်နှာကြီးကိုကြည့်ပြီး ကျုပ်ဆိုတော်တော်ကြောက်သွားတာဗျ၊ မျက်နှာကြီးတစ်ခုလုံး စိမ်းစိမ်းဖန့်ဖန့်ကြီးဗျ၊ လူအသားဆိုပေမယ့် ကွန်ကရိကျောက်သားတွေလို ထူလဗြစ်ကြီးဗျာ၊ နှာခေါင်းပွပွကြီးက အပေါ်ကိုလန်ပြီးကောက်နေသေးတယ်။ ပါးစပ်ပြဲပြဲကြီးနဲ့ နှုတ်ခမ်းလန်လန်ကြီးတွေကြားထဲမှာ အစွယ်ကြီးနှစ်ချောင်းက အောက်မေးရိုးကနေတိုးထွက်နေပြီးတော့ ပါးပင်မှာ တင်လို့ဗျ၊ ရုပ်ကြီးက ဘီလူးရုပ်ကြီးဆိုတော့ ကျုပ်လည်း လန့်သွားပြီးတော့ ဦးဘသာအနောက်ကိုပြေးကပ်လိုက်တာပေါ့ဗျာ။

ဦးသဘာက စုန်းမကျင်ရီကို အသေအချာကြည့်ရင်း

“ဒါကြောင့် ညည်းမသေတော့တာကိုး၊ ညည်းက ဘီလူးနဲ့ထုံကူးထားတာပဲ”

ကျုပ်လည်း ဘီလူးမကြီးကို လက်ညှိုးထိုးလိုက်ပြီး

“ခင်ဗျားပြောတော့ ကုဋ္ဌနူနာ စွဲနေတာဆိုဗျ၊ အခုတော့ ဘီလူးခေါင်းကြီးနဲ့ပါလား”

“ဟုတ်တယ်လေ၊ နူနာစွဲနေတယ်လို့ပြောမှ မင်းက မကြည့်မှာပေါ့၊ ကဲ အဘိုးကြီး လျာရှည်မနေနဲ့ ကျုပ်အစွမ်းကိုကြည့်ဟဲ့”

စုန်းမကျင်ရီက ဦးဘသာကြီးဆီကိုပြေးလာတာဗျ၊ ပြေးလာတာလည်း မြန်လိုက်တာဗျာ၊ မျက်စိတစ်မှိတ်အတွင်းမှာပဲ ကျုပ်တို့အရှေ့ကိုရောက်လာတာဗျ၊ ပြီးတာနဲ့ ဦးဘသာကြီးရုဲ့ငယ်ထိပ်ကို လက်ဝါးနဲ့ပိတ်ပြီးရိုက်ချလိုက်တာဗျို့။ ကျုပ်လည်း ကျုပ်ရှေ့မှာပေါ်လာတော့ ကြောက်ကြောက်နဲ့ အနောက်ကိုခြေသုံးလေးလှမ်းလောက် ဆုတ်သွားမိတယ်၊ စုန်းမကျင်ရီက ဦးဘသာငယ်ထိပ်ကို ရိုက်ချလိုက်ပေမယ့် ဖြောင်းခနဲမြည်သံကြီးနဲ့အတူ ဦးဘသာကြီးက သူ့လက်ဝါးတစ်ဖက်နဲ့ ပင့်ခံလိုက်တယ်ဗျ၊ လက်ဝါးချင်းထိပြီးတော့ ဖြောင်းခနဲမြည်တဲ့အသံကြီးက အကျယ်ကြီးဗျာ။

ဒီအချိန်မှာပဲ စုန်းမကျင်ရီက သူ့လက်ထဲမှာအားကုန်ထည့်ပြီးတော့ ဦးဘသာကြီးကို ဖိတော့တာပဲဗျာ၊ ဦးဘသာကြီးကလည်း အံကိုကြိတ်ပြီး လက်ကိုပြန်ခံတယ်ဗျ၊ စုန်းမကျင်ရီနဲ့ ဦးဘသာကြီးတို့ လက်ဝါးချင်းအပ်ပြီး တစ်ယောက်နဲ့တစ်ယောက် အားထည့်တွန်းနေကြတာဗျာ၊ ဦးဘသာကြီးလည်း အံကြိတ်ပြီးတွန်းရသလို စုန်းမကျင်ရီလည်း အတော်ကိုအားစိုက်တွန်းနေရတဲ့ပုံပဲ၊ အဲဒီလိုတွန်းနေရင်းနဲ့ တဖြည်းဖြည်းကြာလာတော့ ဦးဘသာကြီးက နည်းနည်းသာလာပုံရတယ်ဗျ၊ စုန်းမရဲ့လက်ဝါးကို တွန်းရင်းတွန်းရင်းနဲ့ ဦးဘသာလက်က တဖြည်းဖြည်းမြင့်လာတယ်၊ စုန်းမ မျက်နှာကြည့်ရတာလည်း မဟန်တော့ဘူးဗျာ။

လက်ဝါးနှစ်ခု လေပေါ်မြောက်နေရင်း အလယ်လောက်လည်းရောက်ရော ဦးဘသာက ဟိတ်လို့အော်ထည့်လိုက်တာ စုန်းမကအနောက်ကို လွင့်ထွက်သွားတယ်ဗျာ၊ ဦးဘသာကလည်း မြန်တယ်ဗျ၊ ချက်ချင်းစုန်းမဆီကို ပြေးဝင်သွားပြီးတော့ စုန်းမရဲ့မျက်နှာကို လက်ဝါးနဲ့ပြေးရိုက်ထည့်တာ၊ ဒါပေမယ့် ထိတော့မထိဘူးဗျ၊ လက်ဝါးက မျက်နှာနဲ့မထိခင် လက်လေးလုံးလောက်အလိုမှာ ရပ်တန့်သွားတယ်။ စုန်းမလည်း ကမန်းကတမ်းနဲ့ အနောက်ကိုဆုတ်သွားတာပေါ့။

“ဒီလောက်ဆိုရင် နင်ငါ့အကြောင်းသိလောက်ပြီပေါ့ကျင်ရီ”

စုန်းမကျင်ရီက ခေါင်းကိုငုံ့လိုက်တယ်။

“ကျွန်မ ရှုံးပါပြီ၊ ကျွန်မ တောင်းပန်ပါတယ်ဆရာကြီး၊ ဆရာကြီးသာ ကျွန်မကိုရိုက်ထည့်လိုက်ရင် ကျွန်မ သေသွားမှာပါ”

“ကိုယ့်အရှုံးကို ကိုယ်လက်ခံတာ ကောင်းတဲ့လုပ်ရပ်ပဲ ကျင်ရီ၊ နင်အခုရှုံးသွားပြီဆိုတော့ ငါခိုင်းတဲ့အတိုင်းလုပ်ရမယ်”

စုန်းမကျင်ရီက ခေါင်းညိတ်လိုက်တယ်၊ ဦးဘသာက

“နင်ငါတို့ရွာကနေထွက်သွား၊ နောက်ဘယ်တော့မှ၊ ဘာအကြောင်းနဲ့မှ တို့ရွာကိုမလာနဲ့၊ နင်ထပ်လာရင် ခုနက ငါ့လက်ဝါးက နင့်နဖူးတည့်တည့်ကို ကျမယ်လို့သာမှတ်ထား”

“ဟုတ်၊ ဟုတ်ကဲ့ပါဆရာကြီး၊ ဒါနဲ့ ဆရာကြီးနာမည်ကိုလည်း သိပါရစေ”

“ငါ့နာမည်သာဒင်၊ ရွာကလူတွေကတော့ ဦးဘသာလို့ခေါ်တယ်၊ နင်ငါ့နာမည်ကို ကြပ်ကြပ်မှတ်ထား”

ကျင်ရီက ခေါင်းညိတ်ပြီးတော့ အနောက်ဆုတ်သွားတယ်ဗျ၊ စဏ္ဍာလ ဦးလေးကြီးရဲ့အနောက်နားကို တဖြည်းဖြည်းချင်းဆုတ်သွားတာပေါ့၊ သူ့ရဲ့မျက်နှာဆိုးကြီးကိုလည်း စောင်ကြီးနဲ့ခြုံလိုက်တာပေါ့ဗျာ။

“ဒေါ်ပျင်းကြီးရဲ့ သားဆိုတာလည်း ထည့်ပြောမှ ပြည့်စုံသွားမှာပေါ့”

စဏ္ဍာလဦးလေးကြီးက အဲဒီလိုပြောပြီး အရှေ့ကိုတစ်လှမ်းချင်းတက်လာတယ်ဗျ၊ ဒေါ်ပျင်းရဲ့သားလို့ ကြားသွားတာနဲ့ စုန်းမကျင်ရီခမြာ ဟာခနဲ၊ ဟင်ခနဲ အံ့ဩသွားတယ်ဗျ။

(၂)
စဏ္ဍာလဦးလေးကြီးက သူ့ခေါင်းမှာပေါင်းထားတဲ့ ခေါင်းပေါင်းစကိုဖြုတ်လိုက်ပြီးတော့ လည်ပင်းမှာပတ်လိုက်တယ်။

“ဒေါ်ပျင်းကြီးရှိစဉ်တုန်းက ကျုပ်က ပညာနုသေးလို့ပေါ့ဗျာ၊ ကျုပ်သာ အခုလောက်ပညာတတ်ရင် ဒေါ်ပျင်းကြီး စွမ်းမစွမ်း စမ်းကြည့်ချင်သေးသဗျာ”

ဦးဘသာက အံကိုကြိတ်ရင်း

“အောင်မာ၊ ဒေါ်ပျင်းနဲ့မတွေ့လိုက်ရပေမယ့် ဒေါ်ပျင်းသားနဲ့ တွေ့လို့ နောက်မကျသေးပါဘူးကွ”

ဒီအခါ စဏ္ဍာလဦးလေးကြီးက တဟားဟားနဲ့ရယ်မောပြီးတော့ ခေါင်းညိတ်တယ်ဗျ။

“ဒါဆိုလည်း ခင်ဗျားနဲ့ကျုပ်နဲ့ တွေ့ကြသေးတာပေါ့ဗျာ၊ ဒါပေမယ့် ကဝေတွေရဲ့စည်းကမ်းအရ တစ်ညတည်း နှစ်ပွဲမပြိုင်ရဘူးဆိုတာ ရှိလေတော့၊ ခင်ဗျားကိုကျုပ် ဒီညတော့ အနားပေးလိုက်ပါ့မယ်၊ ခင်ဗျားဘယ်နေ့အားသလဲဆိုတာကိုသာ ပြောစမ်း”

ဦးဘသာက ပြုံးလိုက်ရင်း

“မင်းကိုငါပြောပြီးသားလေကွ၊ သာဒင်ဆိုတာ အချိန်မရွေး၊ နေရာမရွေးဘူးဆိုတာ၊ ဟား၊ ဟား”

“ကောင်းပြီအဘိုးကြီး၊ ဒါဆိုမနက်ဖြန်ည ကျုပ်တို့တွေ့ကြစို့”

“အဆင်သင့်ပါပဲကွာ”

စဏ္ဍာလ ဦးလေးကြီးက တစ်ဖက်ကိုလှည့်ထွက်သွားတယ်၊ သူ့အနောက်ကနေလည်း သူ့နှမဖြစ်တဲ့ စုန်းမကျင်ရီလည်း ကုပ်ချောင်းကုပ်ချောင်းနဲ့လိုက်သွားတာပေါ့ဗျာ၊ သူတို့တွေပြိုင်ကြတာ ဆယ့်ငါးမိနစ်တောင် မကြာဘူးထင်ပါတယ်၊ ကျုပ်နဲ့ဦးဘသာလည်း ရွာထဲကိုပြန်ဝင်ခဲ့တာပေါ့။

“ဒါနဲ့ သူတို့နေတာကို ကျုပ်ကမြင်ရပြီးတော့ ဦးဘသာက ဘာလို့မမြင်ရတာလဲ”

“ဒါကတော့ သူတို့ကလူလည်တွေကွ၊ စုန်းကဝေတွေ မမြင်ရတဲ့ မျက်ကွယ်အစီအရင်ကို ဇရပ်ပျက်မှာ ဆင်ထားတာဖြစ်မယ်ကွ၊ ဒါကြောင့်မို့ ငါလယ်ထဲဆင်းနေပေမယ့် သူတို့ကိုမမြင်ရတာနေမှာ”

“ကျုပ်သဘောပေါက်ပြီ၊ ဒါနဲ့ သူတို့က ဘာလို့ဒီလိုလုပ်တာလဲ”

“မင်းကလည်းကွာ၊ ဒီရွာမှာရှိတဲ့ စုန်းတွေကဝေတွေ သူတို့ကိုမြင်ရင် အခက်အခဲတွေဖြစ်လာနိုင်လို့ နေမှာပေါ့ . . . ပေါ့ . . .အဟွတ်၊ အဟွတ်”

ဦးဘသာကပြောနေရင်း ချောင်းဆိုးတယ်ဗျ၊ ချောင်းဆိုးတော့ သူ့ပါးစပ်ကိုလက်ဝါးနဲ့အုပ်လိုက်တယ်၊ လက်ဝါးကိုပြန်ဖွင့်တဲ့အချိန်မှာတော့ သွေးတွေရဲနေတာပဲဗျာ။ ကျုပ်လည်း ဦးဘသာလက်ကိုကြည့်ရင်း အံ့ဩသွားတယ်။ ဒီအချိန်မှာပဲ ဦးဘသာက ပျော့ခွေကျသွားလို့ ကျုပ်က သူ့ပုခုံးကိုကိုင်ပြီး တွဲထိန်းထားပေးရတယ်။

“ဦးဘသာ . . . ဦးဘသာ ဘာဖြစ်တာလဲ၊ ရရဲ့လား”

ဦးဘသာက အသက်ကိုပြင်းပြင်းရှူနေတယ်ဗျ၊ ပြီးတော့မှ သူမတ်တပ်ပြန်ရပ်တယ်၊ ကျုပ်ပုခုံးကို လက်နဲ့ပုတ်ရင်း

“ဘာမှမဖြစ်ဘူး၊ ငါဘာမှ မဖြစ်ပါဘူးကွာ၊ မပူပါနဲ့”

သူကသာ ဘာမှမဖြစ်ဘူးပြောနေပေမယ့် နှုတ်ခမ်းမှာလည်း သွေးတွေပေကျံလို့မဟုတ်လား၊ ကျုပ်စိတ်ပူနေမှာစိုးလို့ ကျုပ်ကိုစိတ်သက်သာရာရအောင် တမင်ပြောတာဖြစ်မယ်ဗျ။

“ဟုတ်ရဲ့လားဦးဘသာရယ်၊ ဒါဆိုဘာလို့ ချောင်းဆိုးတာ သွေးတွေပါရတာလဲ၊ ခုနက ကျင်ရီကြောင့်လား”

“တစ်လောက နေမကောင်းဖြစ်ထားတာဆိုတော့ အားနည်းနေသေးလို့ပါကွာ၊ ရပါပြီ၊ ငါ့ကိုမတွဲနဲ့တော့”

ဦးဘသာကြီးက ဖြည်းဖြည်းချင်းလမ်းလျှောက်သွားတယ်၊ ကျုပ်လည်း သူ့အိမ်အထိလိုက်ပို့ပြီးတော့မှ အိမ်ကိုပြန်ခဲ့တာပေါ့ဗျာ။

(၃)

မနက်မိုးလင်းတော့ ရွာထဲမှာ ဦးဘသာသတင်းတွေ ပြန့်နေတာပဲဗျာ၊ ဒီတစ်ခါတော့ မကောင်းတဲ့သတင်းမဟုတ်ဘဲနဲ့ ဆေးဆရာမှတ်ကြီးကို ကုသကယ်တင်ပေးလိုက်တဲ့သတင်းပေါ့ဗျာ၊ ဦးမှတ်ကြီးက မနေ့ကသာ သေတော့မယ့်လူလိုဖြစ်နေပေမယ့် ဒီမနက်တော့ အကောင်းပကတိအတိုင်းပါပဲဗျာ၊ သူ့ကျောက လက်ရာကြီးက နေ့ချင်းညချင်းပျောက်သွားတာပဲတဲ့ဗျို့၊ ရင်ဘတ်က သေးလက်ဝါးရာကြီးသာ ရေမချိုးရသေးလို့ ကျန်နေခဲ့တာပေါ့။

မနက်ပိုင်း ကျုပ်တို့ယာထဲမဆင်းခင် ဦးမှတ်ကြီးက အိမ်ကိုရောက်လာတယ်ဗျ၊ အဖေက ထမင်းစားပြီးတော့ ထန်းလျက်ခဲလေးကိုက်နေတဲ့အချိန်ပေါ့၊ ဦးမှတ်ကြီးက အဖေ့ရှေ့မှာထိုင်လိုက်ရင်း

“ကျုပ် . . ကျုပ် ဦးဘသာဆီသွားချင်လို့ သူကြီးအဖော်လိုက်ခဲ့ပေးစမ်းပါဗျာ”

အဖေက မျက်မှောင်ကြုတ်လိုက်ပြီး

“ဦးဘသာဆီသွားချင်တာများဗျာ၊ ကျုပ်ဆီမှာလာပြီးတော့ ခွင့်ပြုချက်တောင်းနေရသေးတယ်၊ ခင်ဗျားဘာသာ သွားလိုက်ပါလား ဦးမှတ်ကြီးရ”

ဦးမှတ်ကြီးက ခေါင်းကိုတဗြင်းဗြင်းနဲ့ကုပ်ရင်း

“ဟိုလေ၊ ကျုပ် ပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ်သူကြီးရာ၊ ဆင်ဖြူမျက်နှာ ဆင်မဲမကြည့်ဝံ့ဆိုသလို၊ ကျုပ်က တစ်ချိန်လုံး ဦးဘသာမကောင်းကြောင်းတွေပဲ ပြောထားတော့ အခုသူ့အိမ်ကို တစ်ယောက်တည်း မသွားဝံ့ဘူးဗျာ၊ လုပ်စမ်းပါသူကြီးရာ ခင်ဗျားအဖော်လိုက်ပေးပါ”

ဦးမှတ်ကြီးပြောတော့မှ အဖေက ပုဆိုးပြင်ဝတ်ပြီးထသွားပါရော၊ ကျုပ်လည်း သူတို့အနောက်ကနေ မယောင်မလည်နဲ့ လိုက်ခဲ့တာပေါ့ဗျာ။

“ဦးဘသာ . . . ဗျို့ ဦးဘသာ”

ဦးဘသာခြံရှေ့ရောက်တော့ အဖေက အော်ခေါ်တာပေါ့ဗျာ၊ တော်တော်ကြာအောင် အော်ခေါ်ပေမယ့် အထဲက ဘာသံမှ ပြန်မကြားရဘူးဗျ၊ အဖေက အိမ်ကိုတစ်ချက်အကဲခတ်ကြည့်ရင်း

“အပြင်တွေဘာတွေများ သွားသလားပဲ ဦးမှတ်ကြီးရဲ့”

ကျုပ်လည်း ခြံတံခါးကိုကြည့်လိုက်တော့ အတွင်းကနေ မင်းတုန်းနဲ့ထိုးပြီးပိတ်ထားတာဗျ၊ ဒါနဲ့

“မဟုတ်ဘူးအဖေ၊ တံခါးက အထဲကနေပိတ်ထားတာ၊ ညတုန်းကလည်း ဦးဘသာကို သူ့အိမ်အထိ ကျုပ်ပြန်ပို့ပေးခဲ့တာဆိုတော့ သူအထဲမှာပဲ ရှိမှာသေချာတယ်”

အဖေက ကျုပ်ကိုတစ်ချက်ကြည့်ပြီးတော့ မေးငေါ့ပြတယ်၊ ဒီအဖေနဲ့ ဒီသားဆိုတော့လည်း အဖေဘာကိုဆိုလိုချင်တယ်ဆိုတာ ကျုပ်သိတာပေါ့ဗျာ၊ ဒါနဲ့ပဲ ခြံတံခါးကို လွှားခနဲကျော်တက်ပြီးတော့ ခြံထဲကိုဝင်လိုက်တယ်၊ ခြံတံခါးမှာ ပိတ်ထားတဲ့ မင်းတုန်းကိုဖွင့်ပေးလိုက်တော့ အဖေနဲ့ ဦးမှတ်ကြီးနဲ့ ခြံထဲကိုဝင်လာတာပေါ့ဗျာ။

“ဦးဘသာ၊ ခေါ်မရလို့ ကျုပ်တို့ခြံထဲကို ဝင်ခဲ့ပြီနော်”

အဖေက အော်ရင်းခြံထဲဝင်လာတယ်၊ အိမ်တံခါးကတော့ စေ့ရုံလေးစေ့ထားတာဗျ၊ ကျုပ်လည်း အိမ်တံခါးကိုတွန်းဖွင့်ပြီး အထဲကိုဝင်လိုက်တော့ အိမ်ရှေ့ခန်းမှာ ခွေခွေကလေးလဲကျနေတဲ့ ဦးဘသာကို တွေ့လိုက်ရတယ်။ ကျုပ်လည်း ထူပူသွားပြီးတော့ ဦးဘသာဆီပြေးသွားလိုက်တာပေါ့ဗျာ။

“ဦးဘသာ . . . ဦးဘသာ၊ သတိထားပါအုံးဗျာ”

ဦးဘသာက သတိလစ်နေပုံရတယ်ဗျ၊ ကျုပ်အလန့်တကြားနဲ့အော်တော့ အဖေနဲ့ဦးမှတ်ကြီးက ဦးဘသာအိမ်ပေါ်ကို အပြေးတက်လာတာပေါ့။

“ဟာ၊ ဦးဘသာ ဘာဖြစ်တာလဲ”

အဖေကပြောလိုက်တော့ ဦးမှတ်ကြီးက ပြေးလာပြီး ဦးဘသာကိုစမ်းကြည့်တယ်ဗျ။

“အသက်တော့ရှိသေးတယ်သူကြီး၊ ဒါပေမယ့် အတော်အားနည်းနေတယ်”

အိမ်ရှေ့ခန်းထောင့်မှာ လိပ်ပြီးထောင်ထားတဲ့ သင်ဖြူးဖျာကို ကျုပ်ကပြေးခင်းလိုက်ပြီးတော့ ဦးဘသာကိုဆွဲခေါ်လာပြီး ဖျာပေါ်မှာ ချထားပေးလိုက်တာပေါ့ဗျာ၊ အမှန်အတိုင်းပြောရရင် အဲဒီအချိန်တုန်းက ကျုပ်က ဘာတွေလုပ်လို့ လုပ်နေမိမှန်းကိုမသိဘူး၊ ဦးဘသာကြီး တစ်ခုခုဖြစ်ပြီလားဆိုပြီး စိတ်တွေပူပြီးတော့ စိတ်နဲ့လူနဲ့ မကပ်ဘူးပေါ့ဗျာ။

ဦးမှတ်ကြီးက ဦးဘသာကို သွေးခုန်နှုန်းစမ်းသပ်ပေးတယ်ဗျ၊ နောက်တော့ ရင်ဘတ်ကို နားနဲ့ကပ်ပြီးတော့ နားထောင်ကြည့်သေးတယ်ဗျ၊ ပြီးတော့မှ အဖေ့ကိုကြည့်ပြီး

“အရမ်းအားနည်းနေတယ်၊ သွေးခုန်နှုန်း၊ နှလုံးခုန်နှုန်းလည်း မမှန်ဘူးသူကြီးရ၊ ကျုပ်အထင်တော့ နှလုံးအားနည်းနေတာဖြစ်မယ်”

အဖေက ခေါင်းညိတ်ရင်း

“ဒါဆို ဦးမှတ်ကြီး သူ့ကို အဆင်ပြေသလို ကုသပေးပါဗျာ”

ဦးမှတ်ကြီးက ဦးဘသာကြီးကို သူဖော်ထားတဲ့သွေးဆေးနဲ့ သံပုရာရည်နဲ့ ဖျော်တိုက်ခိုင်းတာနဲ့ ကျုပ်လည်း ဦးဘသာခြံထဲက သံပုရာပင်ကနေ သံပုရာသီးခူးပြီးတော့ ခွက်ထဲကိုအရည်ညှစ်ထည့်တာပေါ့ဗျာ။ ပြီးတော့ ဦးမှတ်ကြီးရဲ့သွေးဆေးကိုထည့်ဖျော်ပြီး လက်ဖက်စားဇွန်းကလေးနဲ့ ဦးဘသာပါးစပ်ကို အသာဟပြီးထည့်ပေးတာပေါ့၊ ဦးမှတ်ကြီးက ခေါင်းညိတ်ရင်း

“သူ့ကိုအနားယူပါစေ၊ နေ့တစ်ပိုင်းလောက်ဆိုရင် သူကောင်းသွားလိမ့်မယ်”

အဖေက ကျုပ်ကိုကြည့်ပြီးတော့

“အလတ်ကောင်၊ မင်းအမေဆီပြန်ပြီးတော့ ဦးဘသာကြီးအတွက် ကြက်တစ်ကောင်လောက် ပြုတ်ထားခိုင်းလိုက်စမ်းကွာ”

ကျုပ်လည်းခေါင်းညိတ်ပြီး အိမ်ကိုပြေးပြောရတာပေါ့ဗျာ၊ ကျုပ်လည်း အဲဒီနေ့က လယ်ထဲမဆင်းဖြစ်ပါဘူးဗျာ၊ ဦးဘသာကြီးမှာ သားထောက်သမီးခံမရှိဘူးဆိုတော့ ကျုပ်ပဲပြုစုပေးရတာမဟုတ်လား၊ အဖေနဲ့ ဦးမှတ်ကြီးတို့လည်း ပြန်သွားတော့ ကျုပ်တစ်ယောက်တည်း ဦးဘသာအိမ်မှာ ကျန်နေခဲ့တာပေါ့ဗျာ။

ကျုပ်လည်း ဘာရယ်မဟုတ်ဘဲဦးဘသာ ခြေလက်တွေကို နှိပ်ပေးနေမိတယ်။ ပါးစပ်ဟအသက်ရှူရင်း အိပ်မောကျနေတဲ့ ဦးဘသာကိုကြည့်ရင်း ကျုပ်စိတ်မကောင်းဖြစ်jပီး ငိုချင်သလိုဖြစ်လာတယ်။

“အဲဒါကျုပ်ကြောင့်ပါဦးဘသာ၊ ကျုပ် လျှောက်လုပ်လို့၊ ဦးဘသာကြီး အခုလိုဖြစ်ရတာ၊ အဲဒါ ကျုပ်ကြောင့်ပါ”

ကျုပ်လည်းပြောနေရင်း ကိုယ့်ခေါင်းကိုယ် လက်သီးတွေနဲ့ထုနေမိတယ်၊ မျက်ရည်တွေလည်း ထွက်လာတာပေါ့ဗျာ၊

“မင်းကြောင့်မဟုတ်ပါဘူးကွာ”

အသံယဲ့ယဲ့ကိုကြားလိုက်ရတော့မှ ကျုပ်လည်း ဦးဘသာအနားကို တိုးကပ်လိုက်တယ်၊ ဦးဘသာက မျက်လုံးတွေပွင့်လာပြီးတော့ ခေါင်းထောင်ဖို့ကြိုးစားတယ်ဗျ၊ ဒါပေမယ့် ခေါင်းမထောင်နိုင်လို့ ကျုပ်ကိုမျက်လုံးစွေပြီးကြည့်တယ်။

“မင်းနဲ့ဘာမှမဆိုင်ပါဘူးအလတ်ကောင်ရာ”

“ဦးဘသာကြီး . . . သက်သာရဲ့လားဗျာ”

ဦးဘသာက ခေါင်းကိုဖြည်းဖြည်းညိတ်ပြတယ်ဗျ၊ နောက်တော့ ကျုပ်လည်း အိမ်တိုင်မှာ ခေါင်းအုံးခံပြီးတော့ သူ့ကိုထူပြီး မှီခိုင်းထားရတယ်၊ ကြွက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်ကောင်းစေ့နဲ့ အမေပြုတ်ထားတဲ့ ကြက်စွတ်ပြုတ်မွှေးမွှေးကလေးကို သူ့အရှေ့ကိုချပေးလိုက်တယ်ဗျ။

“နေပါစေကွာ၊ ငါ့ဘာသာ သောက်နိုင်ပါတယ်”

ဦးဘသာက ပြောရင်း ကြက်စွပ်ပြုတ်ခွက်ထဲက ဇွန်းကိုယူပြီး စွပ်ပြုတ်ကိုခပ်လိုက်တယ်၊ ဒါပေမယ့် သူ့လက်တွေက သိသိသာသာတုန်ုလို့ဗျာ၊ လက်တွေက တဆတ်ဆတ်တုန်ပြီး စွပ်ပြုတ်ဇွန်းကို မကိုင်နိုင်တော့တာနဲ့ ကျုပ်လည်း သူ့လက်ထဲက ဇွန်းကိုဖမ်းဆွဲယူလိုက်ရတယ်။

“ဦးဘသာ ဘာမှဟန်ဆောင်မနေပါနဲ့၊ ပေးစမ်းပါ၊ ကျုပ်ခွံ့ကျွေးပါ့မယ်”

ကျုပ်လည်း စွပ်ပြုတ်တစ်ဇွန်းကို ခွံ့ပေးလိုက်တာပေါ့ဗျာ၊ ဦးဘသာက စွပ်ပြုတ်ဟင်းရည်ကို ရှူးခနဲသောက်ပြီးတော့

“ငါက မင်းကိုအားနာလို့ပါကွာ၊ မင်းတို့ အလုပ်ပျက်နေပါအုံးမယ်”

“အားနာစရာမလိုပါဘူးဗျာ၊ အဖေက ကျုပ်ကို ဦးဘသာကိုပြုစုဖို့ တာဝန်ပေးခဲ့တာဗျ၊ ကဲပါ စကားတွေပြောမနေပါနဲ့အုံး၊ မောနေအုံးမယ်၊ စွပ်ပြုတ်ကုန်အောင်သောက်၊ နောက်ပြီးတော့ ဆေးဆရာဦးမှတ်ကြီးပေးခဲ့တဲ့ သွေးဆေးလေး တစ်ခွက်လောက် သောက်လိုက်အုံး”

“ဟင်၊ မှတ်ကြီးက ငါ့ဆီကိုလာသွားတယ်တဲ့လား”

“ဒါပေါ့ဗျာ၊ သူအလာစောလို့ ကျုပ်တို့လည်း ဦးဘသာဒီလိုဖြစ်နေတာကို သိတာဗျ၊ သူသာ နေ့လည်လောက်မှ လာမယ်ဆိုရင် ဦးဘသာအသက်ကိုတောင် ကျုပ်တို့မီပါ့မလားပဲ”

ဦးဘသာက ခေါင်းတဆတ်ဆတ်ညိတ်ရင်း

“ဒါနဲ့ သူရောသက်သာရဲ့လား”

“သက်သာပါတယ်ဗျ၊ ကျောကုန်းမှာတောင် သွေးလက်ဝါးကြီးမရှိတော့ဘူး၊ အဲ . . . ရင်ဘတ်မှာသာ ဦးဘသာကြီးချန်ခဲ့တဲ့ သေးလက်ဝါးကြီး ကျန်နေခဲ့တာဗျ၊ ဟား၊ ဟား”

ကျုပ်ရယ်လိုက်တော့ ဦးဘသာလည်း လိုက်ရယ်တယ်ဗျ၊ ဒါပေမယ့် တစ်ချက်နှစ်ချက်ရယ်ပြီးတော့ ချောင်းဆိုးပြန်ရော၊ သလိပ်တွေထွေးဖို့အတွက် ကျုပ်က ထွေးခံပေးလိုက်တော့ ထွေးခံထဲကို သလိပ်တွေအပြင် သွေးတွေပါ ထွေးချလိုက်တာဗျ၊ ကျုပ်လည်း သူ့ကိုအတော်စိတ်ပူသွားတာပေါ့”

“ဖြစ်ရဲ့လား ဦးဘသာရယ်၊ ညနေကျရင်တော့ ဦးမှတ်ကြီးက တစ်ခေါက်လာကြည့်အုံးမယ်လို့ ပြောသွားသေးတယ်”

ဦးဘသာက သူ့နှုတ်ခမ်းတွေကို လက်သုတ်ဝတ်တစ်ခုနဲ့သုတ်လိုက်ရင်း

“ဖြစ်ပါတယ်ကွ၊ ဒါထက် ညကျရင် ဟိုကဝေပျံနဲ့ငါနဲ့ ယှဉ်ပြိုင်ရအုံးမှာမဟုတ်လား”

ဦးဘသာပြောတော့ ကျုပ်လည်း အတော်အံဩသွားတယ်၊ နောက်တော့ ခေါင်းခါပြီး

“မပြိုင်ရဘူးဦးဘသာ၊ မနေ့က အကောင်းကြီးတောင်မှ စုန်းမကျင်ရီနဲ့ပြိုင်လိုက်လို့ အခုလိုဖြစ်သွားတာမဟုတ်လား၊ ဒီအခြေအနေနဲ့သာ ထပ်ပြိုင်မယ်ဆိုရင် ဦးဘသာကြီး သေသွားလိမ့်မယ်ဗျ”

“မဟုတ်ဘူးအလတ်ကောင်ရ၊ တို့စုန်းတွေရဲ့စည်းကမ်းအရ နှစ်ဦးနှစ်ဖက် သဘောတူထားရင် ပြိုင်ဖြစ်အောင်ပြိုင်ရတယ်၊ ပြိုင်မယ်လို့ချိန်းဆိုထားပြီးတော့ ချိန်းဆိုထားတဲ့နေရာကို မလာဖြစ်တဲ့သူက သူ့အလိုလိုအရှုံးလို့သတ်မှတ်လိုက်ရတယ်ကွ၊ ဒီတော့ ငါဒီပွဲကို မသွားရင်၊ အလကားနေရင်း ဒီကောင့်ကို ငါရှုံးမှာကွ”

“ဟာဗျာ၊ ဒါဆိုရင်လည်း ကျုပ်အဲဒီ စဏ္ဍာလကြီးဆီကိုသွားမယ်၊ ဦးဘသာနေမကောင်းဘူးဆိုတဲ့အကြောင်းသွားပြောမယ်ဗျာ”

ဦးဘသာက ခေါင်းခါတယ်။

“မင်းကလည်းကွာ၊ သူက နိုင်ချင်လို့ စိန်ခေါ်ပါတယ်ဆိုနေမှ၊ ငါက နေမကောင်းလို့ မလာနိုင်ဘူးလို့ပြောတာကို လက်ခံမယ်လို့ထင်နေတာလား . . .”

“ဒါကတော့ဗျာ . . .”

ကျုပ်လည်း ဘာဆက်ပြောရမှန်းကိုမသိတော့ဘူး၊ ဦးဘသာက ပါးစပ်ပြင်ပေးတာနဲ့ ကျုပ်လည်းသူ့ကို စွပ်ပြုတ်တွေခွံ့ပေးတာပေါ့ဗျာ၊ စွပ်ပြုတ်တစ်ပန်းကန်ကုန်သွားတော့ ဦးဘသာက ဆေးသောက်ပြီးတော့ အိပ်ဖို့ပြင်တယ်ဗျ။

“ငါအားမွေးထားမှဖြစ်မယ်အလတ်ကောင်၊ ညဘက်ကျရင် ငါဟိုကောင်နဲ့ ပညာပြိုင်ရအုံးမယ်မဟုတ်လား”

ဦးဘသာက ဖျာပေါ်လှဲရင်း ဘေးစောင်းလေး ပြန်အိပ်သွားတယ်ဗျ၊ ကျုပ်စိတ်ထဲကအတိုင်းဆိုရင်တော့ ဦးဘသာကို မပြိုင်စေချင်တော့ဘူး၊ ဒါပေမယ့် စဏ္ဍာလဦးလေးကြီးကို ရှုံးလို့ကလည်း မဖြစ်သေးဘူးမမဟုတ်လားဗျ၊ သူ့ကိုရှုံးသွားတယ်ဆိုရင် သူက သူကြိုက်တာကို တောင်းဆိုတော့မှာလေဗျာ။

ကျုပ်လည်း စိတ်တွေတော်တော်ညစ်လာခဲ့တယ်၊ ဘာလုပ်ရမှန်းလဲ မသိတော့ဘူးဗျို့။ ဒါနဲ့ပဲ ကျုပ်ခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်တော့တယ်။

“ဦးဘသာမပြိုင်နဲ့၊ ဒီကဝေပျံကို ကျုပ်ပြိုင်မယ်၊ ကျုပ်ဒီကောင့်ကို ဦးဘသာကိုယ်စား အနိုင်ယူပြမယ်”

ကျုပ်လည်း ကြိမ်းဝါးရင်း ဦးဘသာအိမ်ပေါ်ကနေဆင်းခဲ့တာပေါ့ဗျာ။

(၃)

ကျုပ်အရင်ဆုံးသွားတာကတော့ ဦးမှတ်ကြီးအိမ်ကိုပဲဗျ၊ ဦးမှတ်ကြီးက ဦးဘသာရဲ့အခြေအနေကို သူ့ကိုပြောပြပါလို့ ပြောထားတာကိုး၊ ဦးမှတ်ကြီးအိမ်ကိုရောက်တော့ ဦးမှတ်ကြီးက ဆေးဖော်စပ်ဖို့ ဘယဆေးတွေကို ချင်တွယ်နေတယ်ဗျ၊

“အော်၊ အလတ်ကောင်တောင် ရောက်လာပကိုး၊ ဘယ်လိုလဲကွ ဦးဘသာကြီး နိုးပြီလား”

“နိုးတော့နိုးပါပြီ ဦးမှတ်ကြီးရာ၊ အခု စွပ်ပြုတ်သောက်ပြီးတော့ ဆေးတစ်ခွက်သောက်ရင်း သိပ်ထားရတယ်၊ ဒါတောင်မှ သူက သိပ်အိပ်ချင်တာမဟုတ်ဘူးဗျ”

ဦးမှတ်ကြီးက ခေါင်းညိတ်ရင်း

“အင်းလေ၊ အသက်အရွယ်ကြီးတော့လည်း ဒီလိုပဲ အအိပ်အနေ၊ အစားအသောက် နည်းလာတာပေါ့ကွာ၊ သူမအိပ်ချင်ဘူးဆိုရင်တော့ ဆေးထဲမယ် ထိကရုံးထည့်ပေးလိုက်မယ်ကွ၊ ထိကရုံးဆိုတာ လက်နဲ့တို့ထိတာနဲ့ကို အရွက်တွေစုပြီး အိပ်သွားတတ်တာမလား၊ ဒါကြောင့် တို့တိုင်းရင်းဆေးမှာ အိပ်ဆေးအဖြစ်အသုံးပြုတယ်”

“လုပ်စမ်းပါဗျာ၊ နို့မို့ဆို သူမအိပ်ရင် ဒီထက်ပိုပြီးတော့ ဆိုးတော့မှာဗျ”

ဦးမှတ်ကြီးက ဦးဘသာအတွက် သွေးဆေးထဲကို ထိကရုံးပင်အခြောက်ကို ကြိတ်ထားတဲ့အမှုန့်ထပ်ရောထည့်ပေးလိုက်တယ်၊ ပြီးတော့ ဆေးတစ်ဖုံစာကို စာရွက်ထဲထည့်ပြီး ထုပ်ပေးလိုက်တာပေါ့ဗျာ၊ ကျုပ်လည်း ဦးမှတ်ကြိးအိမ်က ထွက်မယ်လုပ်ပြီးမှ တစ်ခုခုသတိရသွားတယ်။

“ဒါနဲ့ ဦးဘသာ၊ အကိုကြီးက ဇက်ကြောတွေတက်ပြီး ခေါင်းတွေလေးနေလို့တဲ့၊ အဲဒါ ဝမ်းနှုတ်ဆေးလေး ပေးလိုက်ပါတဲ့”

ဦးမှတ်ကြီးက ခေါင်းညိတ်ပြီးတော့ ပုလင်းအကြီးကြီးတွေထဲမှာ ထည့်ထားတဲ့ ဝမ်းနှုတ်ဆေးတွေကို ဇွန်းနဲ့ခပ်ပြီး ချိန်ခွင်သေးသေးကလေးထဲကို ထည့်ပြီးချိန်နေတယ်။ နောက်တော့ ကျုပ်ဘက်ကိုလှည့်ပြီး

“အလတ်ကောင်၊ မင်းအကိုကြီးက ဝမ်းချုပ်တတ်သလား”

“ချုပ်သမှ သိပ်ချုပ်တာပေါ့ဗျာ၊ တစ်ခါချုပ်ရင် တစ်ပတ်လောက်ကိုကြာတာ”

“အင်း၊ ဒါကြောင့်လည်း အပူတွေစုမိပြီး အကြောတွေတက်နေတာနေမှာ”

ဦးမှတ်ကြီးဆီက အကိုကြီးမှာလိုက်တဲ့ ဝမ်းနှုတ်ဆေးတွေယူပြီးတော့ အိမ်ကိုပြန်လာခဲ့တာပေါ့ဗျာ၊ အချိန်က နေမွန်းတည့်တော့မယ်ဗျ၊ ကျုပ်လည်း ဗိုက်ဆာဆာနဲ့ မီးဖိုထဲဝင်လိုက်တာပေါ့၊ အမေက မီးဖိုထဲမှာ ထိုင်နေရင်း

“ဟဲ့အလတ်ကောင် နင်ထမင်းစားမလို့လား”

ကျုပ်လည်း ထမင်းပန်းကန်ယူရင်း ခေါင်းညိတ်ပြလိုက်တယ်။

“ဟိုဒယ်အိုးထဲမှာ ကြက်ကလီစာချက်ထားတာရှိတယ်၊ မနက်က ဦးဘသာအတွက် ကြက်တစ်ကောင်ကိုင်ရင်း ကလီစာနည်းနည်းရထားတာကို နင့်အကြိုက် မဆလာနိုင်နိုင်နဲ့ ချက်ထားတယ်ဟေ့၊ လယ်ထဲဆင်းတဲ့သူတွေကတော့ စားရကံမကြုံဘူးပေါ့၊ နေလည်းမြင့်နေပြီဆိုတော့ ဆွမ်းချိုင့်လည်းမမီလိုက်၊ အဲဒါ နင်ပဲစားလိုက်တော့”

ကျုပ်လည်း ဟန်ကျသွားတာပေါ့ဗျာ၊ ဒယ်အိုးအသေးလေးကို ဖွင့်လိုက်တဲ့အခါ ကြက်ကလီစာချက်က မွှေးနေရောပဲဗျို့။ ကျုပ်လည်း ထမင်းပန်းကန်ထဲကို ထည့်ဖို့ပြင်ရင်းနဲ့မှ သတိရသွားပြီးတော့ ဟင်းတွေကို ခွက်ကလေးနဲ့ခပ်လိုက်တယ်။

“ဟဲ့အလတ်ကောင်၊ ထမင်းတွေ၊ ဟင်းတွေ ဘယ်ကိုသယ်သွားမလို့လဲ”

ဟင်းတွေထမင်းတွေ ခပ်နေတဲ့ကျုပ်ကိုကြည့်ရင်း အမေက မေးတယ်၊ ကျုပ်လည်း ထမင်းခူးနေရင်း

“အမေကလည်း၊ ထမင်းတွေထည့်ပြီး ဦးဘသာအိမ်မှာသွားစားမလို့ဗျ၊ ဦးဘသာမှ သားထောက်သမီးခံလည်းမရှိဘူးမဟုတ်လား၊ အခုလည်း သူ့ကိုတစ်ယောက်တည်းပစ်ထားခဲ့ရတာ၊ ခုချိန် သူရောဂါဖောက်နေတော့ ဘယ့်နှယ့်လုပ်ပါ့မလဲ”

“အေးလေ၊ ဒါပေါ့၊ဒါပေါ့”

ဒါနဲ့ ထမင်းနဲ့ဟင်းကို အုပ်ကလေးတစ်ခုနဲ့ထည့်ခဲ့ပြီး ဦးဘသာအိမ်ကို အပြေးပြန်လာခဲ့ရတာပေါ့ဗျာ၊ ဦးဘသာက အိပ်ကောင်းတုန်းပဲရှိသေးတာနဲ့၊ ကျုပ်လည်း ပုလင်းကလေးကိုင်ပြီး အိမ်ပေါ်ကနေဆင်းခဲ့တယ်၊ ရွာထိပ်ကိုပြေးလာရင်းနဲ့ လမ်းမှာတောင် အဖေနဲ့တွေ့သေးတယ်။

“အလတ်ကောင်၊ ရေးကြီးသုတ်ပြာနဲ့ ဘယ်သွားမလို့လဲကွ”

“ဟို . . .ဟိုလေ ဦးတရုတ်ကြီးတို့ဆိုင်ကိုသွားမလို့ပါ”

အဖေက ကျုပ်လက်ထဲက ပုလင်းကိုကြည့်ရင်း

“ဟေ့ကောင်၊ နေ့ခင်းကြောင်တောင်ကြီးနော်၊ မင်းမဟုတ်တာတွေလုပ်မလို့လား”

“မဟုတ်ပါဘူးအဖေရ၊ ဦးမှတ်ကြီးပေးလိုက်တဲ့လိမ်းဆေးကို အရက်ဆီနဲ့ဖျော်ရမယ်ဆိုလို့ သွားဝယ်မလို့ပါ”

အဖေလည်း ကျုပ်ပြောတာကိုယုံသွားပြီးတော့ ခေါင်းညိတ်ပြီးဆက်သွားတယ်၊ ကျုပ်လည်း ဦးတရုတ်ကြီးဆိုင်ကို ပြေးခဲ့တာပေါ့ဗျာ။

ကျုပ်မှာ တစ်နေ့လုံးပြေးလွားနေတာနဲ့ ညနေတောင်အတောင်စောင်းလာပြီဗျ၊ ဦးဘသာကြီး တစ်ရေးနိုးတာနဲ့ ကျုပ်လည်း စွပ်ပြုတ်တိုက်တာပေါ့ဗျာ၊ ဦးဘသာက ထမင်းစားချင်တယ်ဆိုတာနဲ့ စွပ်ပြုတ်ထဲ ထမင်းထည့်ပြီး တိုက်လိုက်တာပေါ့၊

“ဒါနဲ့အလတ်ကောင်၊ ဘယ်အချိန်ရှိပြီလဲ”

“ခြောက်နာရီခွဲဗျ”

“ဒါဆို ငါတို့ပြိုင်ဖို့ အချိန်နီးလာပြီကွ”

“ရပါတယ်၊ စောပါသေးတယ် ဦးဘသာရာ၊ ဆေးတစ်ခွက်သောက်ပြီး နားနားနေနေသာနေ၊ ညကိုးနာရီလောက်ကျရင် ကျုပ်နှိုးမယ်၊ဟုတ်ပြီလား”

ကျုပ်က ဦးဘသာကို သွားမပြိုင်စေချင်ပါဘူးဗျာ၊ ဒါနဲ့ အိပ်ဆေးနည်းနည်းရောထားတဲ့ သွေးဆေးကို ဦးဘသာကြီးကို တိုက်လိုက်တာပေါ့ဗျာ၊ ဦးဘသာကြီးကတော့ ဘယ်သိမလဲဗျာ၊ ဆေးတွေကို တဂွတ်ဂွတ်နဲ့ မော့သောက်လိုက်တာပေါ့။

ဒီအချိန်မှာပဲ ဦးမှတ်ကြီးက ရောက်လာတယ်ဗျ။

“ဗျို့ဦးဘသာ၊ ကျုပ်တက်ခဲ့မယ်နော်”

“ရပါတယ် မှတ်ကြီးရာ တက်ခဲ့စမ်းပါ”

ဦးမှတ်ကြီးက တက်လာပြီးတော့ ဦးဘသာအရှေ့မှာထိုင်တယ်ဗျ။

“ကျုပ်ခင်ဗျားဆီလာတာက ကျေးဇူးတင်စကားလည်းပြောချင်လို့၊ နောက်ပြီးတော့ တောင်းလည်းတောင်းပန်ချင်လို့ပါဗျာ”

ဦးဘသာကြီးက ကြောင်အမ်းအမ်းနဲ့

“ကျေးဇူးတင်စကားပြောတာကတော့ဟုတ်ပါပြီ၊ တောင်းပန်မယ်ဆိုတော့ ဘာကိုတောင်းပန်ချင်တာလဲ”

ဦးမှတ်ကြီးက ရှက်သွားပုံရတယ်ဗျ။

“ဒီလိုပါဗျာ၊ ကျေးဇူးတင်တယ်ဆိုတာက ကျုပ်ကို စုန်းက သွေးလက်ဝါးနဲ့လုပ်တာကို ခင်ဗျားကုသပေးခဲ့လို့ ကျေးဇူးတင်ချင်တာပါ၊ တောင်းပန်ချင်တယ်ဆိုတာကတော့ . . .”

ဦးမှတ်ကြီးက ကျုပ်ကိုတစ်ချက်ကြည့်တယ်ဗျ၊ ကျုပ်လည်း ဒီလောက်တော့ နားလည်ပါတယ်၊ ရေခွက်အလွတ်ကလေးကိုင်ပြီးတော့

“ကျုပ်ရေသွားခပ်လိုက်အုံးမယ် ဦးဘသာ”

အဲဒီလိုပြောပြီး အိမ်အနောက်ဘက်ထဲဝင်ခဲ့တာပေါ့ဗျာ၊ ဒါပေမယ့် တကယ်ရေသွားမခပ်ပါဘူး၊ အိမ်အနောက်ဘက်သွားတဲ့ လမ်းက ခန်းစီးစကလေးကာထားတာဆိုတော့ အဲဒီခန်းစီးစကို အကာအကွယ်ပြုပြီး ခိုးနားထောင်နေတာပေါ့။

“ဒီလိုပါ ဦးဘသာ၊ ကျုပ်အမှန်အတိုင်းဝန်ခံရရင် ခင်ဗျားကို ကျုပ်လုံး၀မကြည့်မရခဲ့ဘူး၊ ဘာလို့လဲဆိုတော့ ပယောဂဖြစ်လို့ ကျုပ်ကုပြီဆိုရင် ခင်ဗျားက ပေါ်ပေါ်လာပြီးတော့ ဝင်ဝင်ကုသွားတာကိုးဗျ၊ ဒါကို ကျုပ်စိတ်ထဲ မကျေမချမ်းဖြစ်နေခဲ့တာကြာပါပြီ”

“ငါသိပါတယ် မှတ်ကြီးရာ”

“ဒါကြောင့်ကျုပ်က ရွာထဲကလူတွေကို ဦးဘသာမကောင်းကြောင်းတွေပဲ လိုက်ပြောဖြစ်တယ်ဗျ၊ တစ်ယောက်ယောက် ရောဂါဖြစ်ရင်ပဲ ဦးဘသာကြီး ပြုစားသလိုလို၊ ဦးဘသာက မကျေနပ်လို့ လုပ်သလိုလိုနဲ့ သွားပုပ်လေလွင့်တွေ ပြောဆိုခဲ့မိပါတယ်”

ဦးမှတ်ကြီးက သက်ပြင်းတစ်ချက်ချပြီး

“အဲဒါ အခုကျုပ်ဒီလိုဖြစ်တယ်ဆိုရော၊ ဦးဘသာကြီးက တတ်ထားတဲ့ပညာနဲ့ ကျုပ်ကိုသေသေချာချာကုသပေးတာကိုသိလိုက်ရလို့ ကျုပ်စိတ်ထဲမှာ အရမ်းခံစားရတယ်၊ တကယ်လို့ ကျုပ်သာဆိုရင်တော့ ဦးဘသာကို ကုပေးမှာမဟုတ်ဘူးလို့ တွေးမိတယ်၊ ဒါပေမယ့် ဦးဘသာရဲ့ စိတ်ထားက အလွန်မွန်မြတ်ပါပေတယ်ဗျာ၊ ကျုပ်ကိုကုသပေးခဲ့လို့ ကျုပ်အသက်မသေဘဲ အကောင်းပကတိပြန်ဖြစ်သွားတာမဟုတ်လား”

ဦးဘသာက ခေါင်းညိတ်ရင်း

“ဒါကတော့မှတ်ကြီးရာ၊ ငါကတော့ ဒီရွာကလူတွေအကုန်လုံးကို ငါ့ရဲ့ဆွေမျိုးသားချင်းတွေလို့ သဘောထားတယ်၊ ဒီအတွက် ရွာကလူတွေ တစ်ခုခုဖြစ်လို့ ငါက ကူညီနီုင်တယ်ဆိုရင် ကူညီပေးပါတယ်ကွ၊ မင်းနဲ့ငါလည်း အရင်က အဖုအထစ်တွေရှိခဲ့တယ်ဆိုပေမယ့် မင်းကို ကိုယ့်တစ်ရွာတည်းသားချင်း၊ ဆွေမျိုးအရင်းလို့တွေးပြီး လုပ်စရာရှိတာ လုပ်ပေးရတာ မဆန်းပါဘူးကွာ”

ဦးမှတ်ကြိးက ခေါင်းညိတ်ရင်း မျက်ရည်တွေစို့လာတယ်ဗျ။

“ကျုပ်လူကြီးဖြစ်ပြီး မရင့်ကျက်ခဲ့တာကို ဦးဘသာကြီး ဗွေမယူပါနဲ့ဗျာ”

ဦးဘသာက ဦးမှတ်ကြီး လက်ကိုဆွဲရင်း

“အမှန်အတိုင်းပြောရင် ငါလည်းမင်းကိုကြည့်မရခဲ့ဘူးမှတ်ကြီး၊ ဒါပေမယ့် မင်းအခုလို လာပြီးရင်ဖွင့်လိုက်တဲ့ ငါ့ရင်ထဲက အစိုင်အခဲတွေလည်း ပြေပျောက်သွားခဲ့ရတယ်၊ နောက်ပြီးတော့ မင်းလည်းငါ့ကို ဆေးကုပေးသေးတယ်မဟုတ်လား၊ ငါက အရင်ကတည်းက မင်းကိုကျေးဇူးတင်ချင်နေတာကွ”

“ဘာလို့များလဲ ဦးဘသာ”

“မင်းက ငါ့ကိုနှင်ချင်တယ်ဆိုပြီး ယောနယ်ကနေ ဘုရားပျံဦးအောင်ရှိန်ကိုသွားပင့်လာတယ်မဟုတ်လား၊ မင်းကျေးဇူးနဲ့ ငါတို့သူငယ်ချင်းတွေ ဒီမှာပြန်ဆုံတွေ့ပြီးတော့ သူတို့ရွာကိုတောင် သွားလည်လိုက်နိုင်တာ မင်းကျေးဇူးတွေကြောင့်ပေါ့ကွာ၊ ဟား . . . ဟား”

ဦးမှတ်ကြီးက ဦးဘသာကြီးကိုလက်ညှိုးထိုးရင်း

“ခင်ဗျားကတော့ တကယ့်လူပါပဲဗျာ၊ ကျုပ်ဒီလောက်လုပ်ထားတာတောင်၊ ကျုပ်ကိုဗွေမယူတဲ့အပြင် ကျေးဇူးတောင်တင်တယ်ဆိုပဲ”

“လူ့ဘ၀ဆိုတာ တိုတိုကလေးပါကွ၊ ငါကတော့ တိုတောင်းလှတဲ့ဘ၀မှာ အမုန်းတရားတွေနဲ့ မရှင်သန်ချင်ပါဘူး၊ ဒါကြောင့် ပျော်စရာရှိရင်ပျော်တယ်၊ ရယ်စရာရှိရင် ရယ်ပစ်လိုက်တယ် . . .တယ်”

ဦးဘသာက ပြောရင်း မျက်ခွံတွေလေးလာပြီးတော့ ဇက်ကျိုးကျသွားပါရောဗျာ၊ ဦးမှတ်ကြီးလည်း ထိတ်လန့်ပြီး ဦးဘသာကြီးကို လှုပ်နှိုးနေတာနဲ့ ကျုပ်လည်း အခန်းထဲကအနေ အမြန်ထွက်ခဲ့တာပေါ့ဗျာ။

“ဦးဘသာ ခင်ဗျား ပြောရင်းဆိုရင် ဘာဖြစ်သွားပြန်တာလဲ”

“ဘာမှမဟုတ်ပါဘူး၊ ဦးမှတ်ကြီးရာ၊ ဦးဘသာကြီးက ထိကရုံးတွေသောက်ထားတယ်လေဗျာ”

“ဪ . . . ဪ”

ဦးမှတ်ကြီးလည်းခေါင်းညိတ်ပြီးတော့ ဦးဘသာကို အသာလှဲသိပ်ပြီး အိမ်ပေါ်ကနေဆင်းသွားတယ်၊ ကျုပ်ကိုလည်း သေသေချာချာပြုစုပေးဖို့ မှာသွားသေးတယ်ဗျ၊ အနှစ်နှစ်အလလက မတည့်ခဲ့တဲ့ ဦးဘသာနဲ့ ဦးမှတ်ကြီး ပြန်လည်အဆင်ပြေသွားပြီဆိုတာသိရတော့ ကျုပ်လည်း ပျော်မိတာပေါ့ဗျာ။ နောက်ဆုံးကတော့ ကျုပ်နဲ့ ကဝေပျံကြီးနဲ့ ပြိုင်ပွဲပဲရှိတော့တာပေါ့။

(၄)

ရေမိုးချိုးပြီးတော့ အပေါ်က ရှပ်အင်္ကျီလက်ရှည်အဖြူရောင်ဝတ်ပြီးတော့ အောက်က မခင်ကြည်တို့ပေးလိုက်တဲ့ ယောပုဆိုးအညိုပုပ်ရောင်ကို ဝတ်လိုက်တယ်ဗျ၊ ပြီးတော့ အမေဘုရားရှိခိုးရင် ပုခုံးပေါ်တင်တဲ့ ယောဂီတဘက်ကိုယူပြီးတော့ ခေါင်းမှာပေါင်းလိုက်တယ်၊ ညနေက ရွာဦးကျောင်းက ဆရာတော်မသိအောင် ကျောင်းကနေခိုးဖြုတ်လာတဲ့ တစ်လုံးတစ်လုံး ဆီးဖြူသီးလုံးလောက်ရှိတဲ့ ပုတီးကြီးကို လည်ပင်းမှာချိတ်ဆွဲလိုက်ပြီး အဖေအားရင်စိပ်နေကျ ကိုးလုံးပုတီးကို လက်ကောက်ဝတ်မှာပတ်လိုက်တဲ့အခါ ကျုပ်ပုံစံက အထက်လမ်းဆရာလိုလို၊ ဘိုးတော်လိုလိုဖြစ်သွားတာပေါ့ဗျာ။ ကျုပ်ရဲ့စတိုင်ကို အမေက ကြည့်ရင်း

“ဟဲ့အလတ်ကောင်၊ ညဘက်ကြီးမှ နင်ဘာအရူးထတာလဲ၊ တန်တော့ ဦးဘသာက စုန်းကြီးမို့လို့ နင့်ကိုယ်နင်ကာကွယ်တဲ့အနေနဲ့ ပုတီးတွေဘာတွေ ပတ်နေတာလား”

“နေစမ်းပါအမေရာ၊ အမေမသိပါဘူး”

ကျုပ်အိမ်ပေါ်ကဆင်းခဲ့တော့ ညခုနစ်နာရီထိုးပြီးပြီဗျ၊ ရွာထိပ်ကိုသွားရင်း ဦးတရုတ်ကြီးဆိုင်ကိုဝင်လိုက်တော့ ဆိုင်ထဲကလူတွေက ကျုပ်ကိုတအံ့တဩနဲ့ကြည့်တယ်၊ ကျုပ်လည်း ကဝေပျံနဲ့ပြိုင်ရမှာဆိုတော့ ရဲဆေးတင်တဲ့အနေနဲ့ နှစ်ပက်၊ သုံးပက်လောက်တော့ ဝင်ကစ်လိုက်သေးသဗျာ၊ ဦးတရုတ်ကြီးက ကျုပ်ကိုကြည့်ရင်း

“အလတ်ကောင်၊ မင်းပုံက ပုတီးသမားလိုလို၊ ဘိုးတော်လိုလိုနဲ့ ပြီးတော့ ငါ့ဆိုင်မှာ အရက်လာချနေတာ၊ မင်းအဖေသိရင် ငါ့ကိုလုပ်နေပါအုံးမယ်”

သူက အတင်းနှင်ထုတ်တာနဲ့ ကျုပ်လည်း ရွာထိပ်ကိုထွက်လာခဲ့တာပေါ့ဗျာ၊ ရွာတော်ရှင်နန်းမှာ ဆီမီးကလေးတွေ လင်းနေတယ်ဗျ၊ အမေညွှန့်ဆိုတဲ့အဘွားကြီးက ရွာတော်ရှင်နဲ့ ဆွေမျိုးတော်သလားတော့မသိပါဘူး၊ ညညဆို ဆီအကုန်ခံပြီးတော့ ရွာတော်ရှင်နန်းမှာ ဆီမီးလာထွန်းနေကြဗျ၊ ကျုပ်လည်း သူဆီမီးထွန်းနေတာကို အနောက်ကနေရပ်ကြည့်နေတာပေါ့၊ ဘွားတော်က ဆီမီးထွန်းပြီးပြန်အလှည့် ကျုပ်ကိုတွေ့တော့ အတော်လန့်သွားပုံရတယ်၊ ကျုပ်ကိုပြူးပြဲကြည့်ပြီးတော့

“အောင်မယ်လေး၊ ရွာတော်ရှင်နတ်မင်းကြီး”

လို့အော်ပြီးတော့ မြေကြီးမှာထိုင်ပြီး ဦးတွေကုန်းချတော့တာပဲဗျာ၊ ဘွားတော်က မမြင်မစမ်းနဲ့ ကျုပ်ကို ရွာတော်ရှင်များ ထင်သွားတာလားမသိပါဘူး၊ ကျုပ်လည်း ရှင်းမပြချင်တော့တာနဲ့ ရွာတော်ရှင်နတ်နန်းအနောက်က ချုံထဲကိုပြေးဝင်လိုက်တော့မှ ဘွားတော်က ခေါင်းပြန်ထောင်လာပြီးတော့ ရွာထဲကို သုတ်ခြေတင်ပြီး ထွက်သွားတာပဲဗျာ။

ညကိုးနာရီလောက်ရောက်တော့ ဇရပ်ဘက်ကနေ လူတစ်ယောက် လမ်းလျှောက်လာတာမြင်လိုက်ရတယ်ဗျ၊ ကျုပ်လည်း ချုံထဲကနေထွက်ပြီးတော့ ရွာတော်ရှင် နန်းအရှေ့နားမှာ လက်ပိုက်ရင်း မိန့်မိန့်ကြီးရပ်နေတာပေါ့၊ ထင်တဲ့အတိုင်းပါပဲဗျာ၊ စဏ္ဍာလဦးလေးကြီး ပေါ့ဗျာ၊ ကျုပ်အရှေ့ ခြေဆယ်လှမ်းလောက်အကွာမှာ မတ်တပ်ရပ်လိုက်ပြီးတော့

“ဘယ်မလဲ အဘိုးကြီး”

“ခင်ဗျားလောက်ကို သူ့အဆင့်နဲ့မယှဉ်ချင်လို့ သူ့တပည့်ကျုပ်ကိုလွှတ်လိုက်တာပဲ”

ကျုပ်ပြောလိုက်တော့ စဏ္ဍာလဦးလေးကြီးက အတော်ဒေါသထွက်သွားတာဗျ။

“အေးပါ၊ မင်းကိုရော၊ မင်းရဲ့ဆရာ အဘိုးကြီးကိုပါ ငါအနိုင်ယူပြမယ်ကွ၊ ဒီပွဲမှာ မင်းရှုံးတာနဲ့ မင်းဆရာအဘိုးကြီးပါ ငါ့ကိုရှုံးပြီ”

“လုပ်စမ်းပါဗျာ၊ ခင်ဗျားလောက်တော့ ကျုပ်ကပျင်းတောင်ပျင်းသေးတယ်”

ကျုပ်က ဟန်ကိုယ့်ဖို့သာပြောနေပေမယ့် စိတ်ထဲမှာ အရမ်းကြောက်နေပြီဗျ၊ လက်ဖျားတွေတောင် တုန်နေလို့ လက်ပိုက်လိုက်ရတယ်။ စဏ္ဍာလဦးလေးကြီးက မျက်လုံးတွေက အရောင်တွေလက်လာတာဗျ။

“ဟေ့ကောင်၊ မင်းအရင်စမလား၊ ငါအရင်စရမလား”

“ခင်ဗျားက အရင်စိန်ခေါ်တာပဲ၊ ခင်ဗျားအရင်စပေါ့”

ကျုပ်လည်း ပြောမိပြောရာသာပြောလိုက်တာ ပါးစပ်က ဘာထွက်သွားမှန်းကိုမသိဘူးဗျာ၊ စိတ်ထဲမှာတော့ ဘုရားပဲတနေရတော့တယ်၊ ကျုပ်က ပညာဆိုလို့ ဘုန်းကြီးကျောင်းတောင် ကျောင်းထွက်လိုက်ရတဲ့လူမဟုတ်လားဗျာ၊ စုန်းပညာဆို ဝေလာဝေးပေါ့။

စဏ္ဍာလဦးလေးကြီးက လက်တစ်ဖက်ကိုမိုးပေါ်မြှောက်လိုက်တယ်ဗျ၊ ဒီအချိန်မှာပဲ

“ဘွတ် . . . . ဂွီး . . .”

စဏ္ဍာလဦးလေးကြီး မျက်နှာပျက်သွားတယ်ဗျ၊ ဒါနဲ့ပဲ ဟိုကြည့်ဒီကြည့် ကြည့်ရင်း

“ခဏနေအုံး၊ မင်းနဲ့ငါနဲ့တွေ့မယ်”

အဲဒီလိုကြိမ်းဝါးပြီးတော့ လမ်းဘေးက ချုံထဲကိုဝင်သွားတာပဲဗျာ၊ ခြံထဲဝင်ပြီးတော့ ဘာလုပ်တယ်မှတ်လဲ၊ ချီးသွားပါတာဗျ၊ ငါးမိနစ်လောက်ကြာမှ ချုံထဲကနေပြန်ထွက်ခဲ့တယ်။ ကျုပ်အရှေ့မှာရပ်လိုက်ပြီးတော့ လက်နှစ်ဖက်ကို စုလိုက်တယ်ဆိုရင်ပဲ လက်ဝါးတွေက မီးတောက်တွေထွက်လာတယ်။

“ဂွီး . . . ဘွတ် . . ဘွတ်”

စဏ္ဍာလဦးလေးကြီးက လက်ဝါးက မီးတွေကိုပြန်သိမ်းပြီးတော့ ချုံထဲကိုပြေးဝင်ပြန်ပါရော၊ ငါးမိနစ်လောက်ကြာတော့ ပုဆိုးကိုပြင်ဝတ်ရင်း ပြန်ထွက်လာတယ်ဗျ။ ဒီတစ်ခါတော့ ခြေထောက်ကိုမြေမှာဆောင့်ဖို့လုပ်ရင်း ခြေထောက်တစ်ဖက်ကို ဟန်ပါပါနဲ့မြှောက်လိုက်တယ်။

“ဘလွတ် . . . တွတ် . . တွတ်”

ကျုပ်ကိုတောင်ဘာမှမပြောတော့ဘဲ တစ်ခါတည်း ချုံထဲကို ခုန်ဝင်သွားတာပဲဗျာ။ ဆယ်မိနစ်လောက်ကြာတော့မှ ချုံထဲကနေပြန်ထွက်လာတယ်ဗျ၊ နဖူးမှာလည်းချွေးတွေပြန်လို့ဗျ၊ ပုဆိုးမနိုင်ပုဝါမနိုင်နဲ့ဖြစ်နေပြီ၊ ခြေထောက်တွေကလည်း ခွေနေပြီပေါ့။ နောက်တော့ ကျုပ်ရှေ့မှာမတ်တပ်ရပ်ရင်း ဘလွတ်ဆိုတဲ့ အသံကြီးနဲ့အတူတူ ပုဆိုးအောက်ကနေ အရေတွေစီးကျလာတော့တာပဲဗျာ။

“ဟာထွက်ကျကုန်ပြီ”

ကျုပ်လည်း နှာခေါင်းပိတ်ရင်း

“ဟေ့လူ၊ နံလိုက်တာဗျာ”

စဏ္ဍာလဦးလေးကြီး ချုံထဲပြန်ခုန်ဝင်သွားတယ်ဗျ၊ ဒီတစ်ခါတော့ နည်းနည်းကြာတယ်၊ ဆယ့်ငါးမိနစ်လောက်ရှိတော့မှ ချုံပုတ်ထဲကနေ လေးဖက်ထောက်ပြီးပြန်ထွက်လာတယ်၊ ကျုပ်လည်း ကျုပ်စောင့်နေတဲ့အချိန်ရောက်ပြီလေဗျာ။

“ကဲ၊ ခင်ဗျားအလှည့်ပြီးပြီ၊ အခုကျုပ်အလှည့်၊ ဟဲ့ ငဖြူ၊ ငနက် ထွက်ခဲ့ကြစမ်း၊ ဒီကောင်ကြီးကို ဆုံးမလိုက်ကြ”

ကျုပ်အော်လိုက်တဲ့အချိန်မှာပဲ ရွာထဲကနေ တစ်ကိုယ်လုံးဖြူဆွတ်နေတဲ့ ဘီလူးကြီးတစ်ကောင်ရယ်၊ တစ်ကိုယ်လုံးမည်းနက်နေတဲ့ ဘီလူးကြီးတစ်ကောင်ရယ်ပြေးထွက်လာတကြတယ်၊ လက်ထဲမှာလည်း ရဲဒင်းတွေကိုယ်စီကိုင်လို့ဗျ၊ ဒီဘီလူးကြီးတွေမြင်တော့ ဝမ်းလျောပြီး မြော့မြော့ပဲကျန်တဲ့ စဏ္ဍလဦးလေးကြီးမှာ တစ်ချိုးတည်းထပြီး ပြေးတော့တာပဲဗျာ၊ ဘီလူးကြီးတွေကလည်း ပြေးလိုက်ကြရင်း နည်းနည်းလှမ်းသွားတော့ အသံနက်ကြီးနဲ့ အော်ရယ်ကြတယ်။

“ဟား၊ ဟား နိုင်ပြီ၊ ကဝေပျံကို ကျုပ်နိုင်ပြီ”

ကျုပ်ဘယ်လိုနိုင်သလဲဆိုတာ ခင်ဗျားတို့သိချင်ကြတယ်မဟုတ်လား၊ ကျုပ်လည်း ဘာပညာမှ မသုံးလိုက်ရပါဘူးဗျာ။ ဆေးဆရာဦးမှတ်ကြီးဆီ ဆေးသွားယူရင်း ဝမ်းနှုတ်ဆေးပုလင်းကြီးတွေ့တော့ ကျုပ်လည်း ဦးဘသာပြောတာကို ပြန်သတိရသွားတယ်၊ စုန်းကလည်း အသွေးနဲ့အသားနဲ့ တည်ဆောက်ထားတာပဲမဟုတ်လား ဆိုတာပေါ့ဗျာ၊ ဒါနဲ့ အကိုကြီးအတွက်ဆိုပြီး ဝမ်းနှုတ်ဆေးတွေ ယူခဲ့တယ်လေဗျာ။

ဟန်ကျပုံများကတော့ အိမ်ရောက်တော့ ကြက်ကလီစာကို မဆလာနိုင်နိုင်နဲ့အုပ်ထားသတဲ့၊ ဒါနဲ့ အနံ့ပြင်းတဲ့ ဝမ်းနှုတ်ဆေးတွေကို ကြက်ကလီဟင်းမွှေးမွှေးနဲ့ရောလိုက်တော့ သူတို့မသိနိုင်တော့ဘူးမဟုတ်လား၊ ထမင်းတွေကို ကျုပ်စားမယ်လို့ အမေ့ကိုပြော လိမ်ယူပြီးတော့ နွားကျောင်းသားလေးတစ်ယောက်ကို ဇရပ်ကိုသွားပို့ခိုင်းတာပေါ့ဗျာ၊ သူတို့လည်း သူတို့ပညာနဲ့ အစားအသောက်ကို စစ်ချင်စစ်မှာပေါ့၊ ဒါပေမယ့် မဆလာနဲ့ရောနေတဲ့ ဝမ်းနုတ်ဆေးကိုတော့ ဘယ်စစ်နိုင်ပါ့မလဲ၊ ဟင်းကောင်းထမင်း ကောင်းနဲ့ဆိုတော့ တ၀တပြဲစားကြမယ်မဟုတ်လား။ ဒီတော့ ညနေရောက်တဲ့အခါ ဦးမှတ်ကြီးရဲ့ ဝမ်းနုတ်ဆေးက အစွမ်းပြပြီလေဗျာ။ ကျုပ်အကြံမပိုင်ဘူးလား။

ငဖြူ၊ ငနက် ဘီလူးကြီးနှစ်ကောင်က ရဲဒင်းကြီးထမ်းပြီး ကျုပ်ဆီကိုလာခဲ့ကြတယ်၊ တကယ်တော့ အဲဒီနှစ်ယောက်ကလည်း ဘီလူးကြီးမဟုတ်ဘူးဗျ၊ ရွာထဲက သန်သန်မာမာထွားထွားကျိုင်းကျိုင်း ဦးတုတ်ကြီးနဲ့ ကိုဗလကြီးတို့ကို တစ်ယောက်ကို နှစ်ရာပေးမယ်လို့ပြောပြီး ခေါင်းတုံးပြောင်အောင်တုံး၊ တစ်ယောက်ကို ဘုန်းကြီးကျောင်းက မိုးပြဲဒယ်ဖင်က အိုးမဲတွေလူး၊ နောက်တစ်ယောက်ကိုတော့ ထုံးတွေနဲ့ပွတ်ပြီးတော့ ရဲဒင်းနဲ့ဘီလူးဟန်ဆောင်ပြီး လိုက်ခိုင်းတာပဲဗျာ၊ ကျုပ်ရဲ့ လုပ်ဘီလူးတွေကိုတွေ့တော့ ကဝေပျံတောင် မခံနိုင်လို့ ကြောက်ပြီးပြေးကြတယ်မဟုတ်လား။

လုပ်ဘီလူးကြီးနှစ်ကောင်က ကျုပ်ရှေ့မှာလက်ဖြန့်တယ်။

“အလတ်ကောင်၊ မင်းပြောတဲ့နှစ်ရာကိုငါတို့အခုလိုချင်တယ်”

ကျုပ်လည်း အင်္ကျီအိတ်ကပ်တွေကို စမ်းလိုက်တော့ နှစ်ရာမပြောနဲ့ မတ်စေ့တစ်စေ့တောင်မရှိပါဘူးဗျာ၊ ဒါနဲ့ ကျုပ်လည်း သွားဖြဲလိုက်ပြီး

“ဟီး . . .ဟီး၊ အခုတော့ မရှိသေးဘူးဗျာ၊ အကြွေး . . . အကြွေးမှတ်ထားပေါ့”

ဘီလူးကြီးတွေက ကျုပ်ကိုဒေါသမျက်လုံးတွေနဲ့ကြည့်ကြတယ်။

“မင်းအတွက်နဲ့ငါတို့မှာ ခေါင်းတုံးလည်းတုံးရ၊ တစ်ကိုယ်လုံးလည်းပေကျံရနဲ့၊ အခုတော့ အကြွေးတဲ့လား၊ အေး . . . ငါတို့ကလည်း အကြွေးတော့မယူဘူး၊မင်းကိုပဲ ဝိုင်းသမမယ် . . . လာခဲ့”

သူတို့ပြောတဲ့အချိန်မှာပဲ ကျုပ်လည်း ဖိနပ်နှစ်ဖက်ကိုချွတ်၊ လက်မှာကိုင်ပြီးတော့ ရွာထဲကိုထွက်ပြေးတာပေါ့ဗျာ၊ ကျုပ်ဖန်တီးထားတဲ့ လုပ်ဘီလူးကြီးနှစ်ကောင်က ကျုပ်အနောက်ကို ပြန်လိုက်ကြပါရောဗျို့။

ပြီးပါပြီ။

#အဂ္ဂဇော် #ဦးဘသာ #စုန်း #သရဲ

Zawgyi Version

“စုန္းထီးႀကီးဦးဘသာႏွင့္ ဘီလူးႏွစ္ေကာင္ အလတ္ေကာင္ “(စ/ဆုံး)
———————————————————————————
အတြဲ(၃) စာစဥ္ (၆)

(၁)

ဟိုေန႔က အေၾကာင္းကိုျပန္ဆက္ရရင္ စ႑ာလဦးေလးႀကီးတို႔ ေမာင္ႏွမက စုန္းေတြျဖစ္ေနတယ္ဗ်၊ အဲဒီ စ႑ာလက ဦးေလးႀကီးကေတာ့ ကေဝပ်ံႀကီးတဲ့ေလ၊ သူ႔ႏွမက်ေတာ့လည္း ေသြးလက္ဝါး က်င္ရီဆိုၿပီး တစ္ခ်ိန္က နာမည္ႀကီးခဲ့တဲ့ စုန္းတစ္ေယာက္ပဲတဲ့ဗ်ာ။

အဲဒီလူႀကီးနဲ႔ ဦးဘသာႀကီးနဲ႔ ႐ြာထိပ္မွာေတြ႕ၾကၿပီေပါ့ဗ်ာ၊ က်ဳပ္က အဲဒီလူႀကီးကို ေဆးလိပ္ေတြဝယ္တိုက္၊ ထမင္းေတြေကြၽးလိုက္နဲ႔ဆိုေတာ့ သူ႔အေပၚမွာ ေက်းဇူးရွိသလိုမ်ိဳးျဖစ္သြားတယ္ဗ်၊ ဒီေတာ့ ကေဝပ်ံေတြၾကားထဲမွာ ထားတတ္တဲ့ စည္းမ်ဥ္းတစ္ခုအရ ကိုယ့္အေပၚ ေက်းဇူးရွိတဲ့လူကို ျပန္မလုပ္ရဘူးဆိုတဲ့ စည္းကမ္းရွိတယ္တဲ့ဗ်ာ၊ ဒီေတာ့ သူက က်ဳပ္ကိုမလုပ္ေတာ့ေပမယ့္၊ ဦးဘသာႀကီးကိုေတာ့ ဒဲ့ပဲစိန္ေခၚတာဗ်။

“ဟား၊ ဟား ငါ့နာမည္သာဒင္တဲ့ကြ၊ သာဒင္ကို မင္းတို႔ဘာထင္ေနသလဲ၊ ဘယ္ကစမ္းစမ္း၊ ညာကစမ္းစမ္း ငါက အခ်ိန္မေ႐ြး၊ ေနရာမေ႐ြးဘူးကြ”

ဦးဘသာႀကီးကေတာ့ မေၾကာက္ေရးခ် မေၾကာက္တဲ့အျပင္ ျပန္ၿပီးေတာ့ေတာင္ စိန္ေခၚလိုက္ေသးတယ္ဗ်၊ ဒီေတာ့ စ႑ာလဦးေလးႀကီးက ေတာ္ေတာ္ေဒါသထြက္သြားတာေပါ့၊ သူက ဦးဘသာႀကီးကို တိုက္ခိုက္မယ္ဆိုၿပီးလုပ္တဲ့အခ်ိန္မွာ လူတစ္ေယာက္ေျပးလာတဲ့အသံကိုၾကားလိုက္ရတယ္။

“အကိုႀကီး . . . ”

ေျပးတဲ့ေျခသံကိုပဲ ၾကားရတယ္ဗ်၊ အလုံးအထည္ေတာ့မျမင္ရဘူး၊ ေျခသံက တျဖည္းျဖည္းနီးလာၿပီးေတာ့ က်ဳပ္တို႔အေရွ႕နားကိုေရာက္လာတယ္၊ ၿပီးေတာ့မွ ႏွင္းမႈန္ေတြထဲကေန လူတစ္ေယာက္ထြက္လာသလိုမ်ိဳး တျဖည္းျဖည္းခ်င္းေပၚၿပီး ထြက္လာတာဗ်၊ ထြက္လာတဲ့လူကေတာ့ တျခားသူမဟုတ္ပါဘူးဗ်ာ၊ စ႑ာလ ဦးေလးႀကီးရဲ႕ ႏွမ၊ ေသြးလက္ဝါး က်င္ရီဆိုတဲ့ စုန္းမေပါ့။

စုန္းမႀကီးက ထုံးစံအတိုင္းပဲ ေခါင္းၿမီးၿခဳံႀကီးနဲ႔ဗ်၊ အညာေစာင္ပါးတစ္ခုနဲ႔ ေခါင္းကိုၿခဳံထားတာဗ်၊ က်ဳပ္လည္း သူက ဘြားခနဲေပၚလာေတာ့ လန႔္သြားတာေပါ့ဗ်ာ။

“အကိုႀကီးအသာေန၊ ဒီလူႀကီးကို ညီမပဲရွင္းလိုက္မယ္”

“ေအးေလ၊ နင္ႏိုင္တယ္ဆိုရင္ နင္ထိန္းလိုက္ေပါ့ဟာ”

အဲဒီအခါ ဦးဘသာႀကီးက ေခါင္းၿမီးၿခဳံထားတဲ့ စုန္းမႀကီးကိုလက္ညႇိဳးထိုးလိုက္ၿပီးေတာ့

“က်င္ရီ၊ နင္ေသၿပီမဟုတ္လား”

“ဟား၊ ဟား က်ဳပ္ကိုခင္ဗ်ားႀကီးက ေသၿပီလို႔ထင္ခဲ့တာလား၊ ဒါေပမယ့္ က်ဳပ္မေသဘူးဗ်၊ က်ဳပ္က ထုံကူးသြားခဲ့တာ”

ဦးဘသာက မ်က္ခုံးကိုပင့္လိုက္တယ္ဗ်။

“အပိုေတြမေျပာနဲ႔၊ နင့္လို စုန္းစုတ္၊ စုန္းပဲ့က ထုံကူးမတဲ့လား”

ဦးဘသာေျပာလိုက္ေတာ့ စ႑ာလဦးေလးႀကီးက

“ဒါကေတာ့ ခင္ဗ်ားက်ဳပ္ကိုအထင္ေသးလြန္းသြားၿပီဗ်၊ က်ဳပ္မွာလည္း က်ဳပ္ရဲ႕ဆရာေတြရွိတယ္၊ က်ဳပ္အထက္က ကေဝေတြရွိေသးတယ္ဗ်”

ဦးဘသာက က်င္ရီကိုတစ္ခ်က္ၾကည့္ရင္း

“ေနစမ္းပါအုံး၊ နင္က ထုံကူးတယ္ဆိုေတာ့ ဘာနဲ႔ထုံထားတာလဲ”

ဒီေတာ့မွ စုန္းမက်င္ရီက သူ႔ေခါင္းၿမီးၿခဳံႀကီးကိုျဖဳတ္လိုက္တယ္ဗ်။ သူ႔မ်က္ႏွာႀကီးကိုၾကည့္ၿပီး က်ဳပ္ဆိုေတာ္ေတာ္ေၾကာက္သြားတာဗ်၊ မ်က္ႏွာႀကီးတစ္ခုလုံး စိမ္းစိမ္းဖန႔္ဖန႔္ႀကီးဗ်၊ လူအသားဆိုေပမယ့္ ကြန္ကရိေက်ာက္သားေတြလို ထူလျဗစ္ႀကီးဗ်ာ၊ ႏွာေခါင္းပြပြႀကီးက အေပၚကိုလန္ၿပီးေကာက္ေနေသးတယ္။ ပါးစပ္ၿပဲၿပဲႀကီးနဲ႔ ႏႈတ္ခမ္းလန္လန္ႀကီးေတြၾကားထဲမွာ အစြယ္ႀကီးႏွစ္ေခ်ာင္းက ေအာက္ေမး႐ိုးကေနတိုးထြက္ေနၿပီးေတာ့ ပါးပင္မွာ တင္လို႔ဗ်၊ ႐ုပ္ႀကီးက ဘီလူး႐ုပ္ႀကီးဆိုေတာ့ က်ဳပ္လည္း လန႔္သြားၿပီးေတာ့ ဦးဘသာအေနာက္ကိုေျပးကပ္လိုက္တာေပါ့ဗ်ာ။

ဦးသဘာက စုန္းမက်င္ရီကို အေသအခ်ာၾကည့္ရင္း

“ဒါေၾကာင့္ ညည္းမေသေတာ့တာကိုး၊ ညည္းက ဘီလူးနဲ႔ထုံကူးထားတာပဲ”

က်ဳပ္လည္း ဘီလူးမႀကီးကို လက္ညႇိဳးထိုးလိုက္ၿပီး

“ခင္ဗ်ားေျပာေတာ့ ကု႒ႏူနာ စြဲေနတာဆိုဗ်၊ အခုေတာ့ ဘီလူးေခါင္းႀကီးနဲ႔ပါလား”

“ဟုတ္တယ္ေလ၊ ႏူနာစြဲေနတယ္လို႔ေျပာမွ မင္းက မၾကည့္မွာေပါ့၊ ကဲ အဘိုးႀကီး လ်ာရွည္မေနနဲ႔ က်ဳပ္အစြမ္းကိုၾကည့္ဟဲ့”

စုန္းမက်င္ရီက ဦးဘသာႀကီးဆီကိုေျပးလာတာဗ်၊ ေျပးလာတာလည္း ျမန္လိုက္တာဗ်ာ၊ မ်က္စိတစ္မွိတ္အတြင္းမွာပဲ က်ဳပ္တို႔အေရွ႕ကိုေရာက္လာတာဗ်၊ ၿပီးတာနဲ႔ ဦးဘသာႀကီး႐ုဲ႔ငယ္ထိပ္ကို လက္ဝါးနဲ႔ပိတ္ၿပီး႐ိုက္ခ်လိုက္တာဗ်ိဳ႕။ က်ဳပ္လည္း က်ဳပ္ေရွ႕မွာေပၚလာေတာ့ ေၾကာက္ေၾကာက္နဲ႔ အေနာက္ကိုေျခသုံးေလးလွမ္းေလာက္ ဆုတ္သြားမိတယ္၊ စုန္းမက်င္ရီက ဦးဘသာငယ္ထိပ္ကို ႐ိုက္ခ်လိုက္ေပမယ့္ ေျဖာင္းခနဲျမည္သံႀကီးနဲ႔အတူ ဦးဘသာႀကီးက သူ႔လက္ဝါးတစ္ဖက္နဲ႔ ပင့္ခံလိုက္တယ္ဗ်၊ လက္ဝါးခ်င္းထိၿပီးေတာ့ ေျဖာင္းခနဲျမည္တဲ့အသံႀကီးက အက်ယ္ႀကီးဗ်ာ။

ဒီအခ်ိန္မွာပဲ စုန္းမက်င္ရီက သူ႔လက္ထဲမွာအားကုန္ထည့္ၿပီးေတာ့ ဦးဘသာႀကီးကို ဖိေတာ့တာပဲဗ်ာ၊ ဦးဘသာႀကီးကလည္း အံကိုႀကိတ္ၿပီး လက္ကိုျပန္ခံတယ္ဗ်၊ စုန္းမက်င္ရီနဲ႔ ဦးဘသာႀကီးတို႔ လက္ဝါးခ်င္းအပ္ၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ အားထည့္တြန္းေနၾကတာဗ်ာ၊ ဦးဘသာႀကီးလည္း အံႀကိတ္ၿပီးတြန္းရသလို စုန္းမက်င္ရီလည္း အေတာ္ကိုအားစိုက္တြန္းေနရတဲ့ပုံပဲ၊ အဲဒီလိုတြန္းေနရင္းနဲ႔ တျဖည္းျဖည္းၾကာလာေတာ့ ဦးဘသာႀကီးက နည္းနည္းသာလာပုံရတယ္ဗ်၊ စုန္းမရဲ႕လက္ဝါးကို တြန္းရင္းတြန္းရင္းနဲ႔ ဦးဘသာလက္က တျဖည္းျဖည္းျမင့္လာတယ္၊ စုန္းမ မ်က္ႏွာၾကည့္ရတာလည္း မဟန္ေတာ့ဘူးဗ်ာ။

လက္ဝါးႏွစ္ခု ေလေပၚေျမာက္ေနရင္း အလယ္ေလာက္လည္းေရာက္ေရာ ဦးဘသာက ဟိတ္လို႔ေအာ္ထည့္လိုက္တာ စုန္းမကအေနာက္ကို လြင့္ထြက္သြားတယ္ဗ်ာ၊ ဦးဘသာကလည္း ျမန္တယ္ဗ်၊ ခ်က္ခ်င္းစုန္းမဆီကို ေျပးဝင္သြားၿပီးေတာ့ စုန္းမရဲ႕မ်က္ႏွာကို လက္ဝါးနဲ႔ေျပး႐ိုက္ထည့္တာ၊ ဒါေပမယ့္ ထိေတာ့မထိဘူးဗ်၊ လက္ဝါးက မ်က္ႏွာနဲ႔မထိခင္ လက္ေလးလုံးေလာက္အလိုမွာ ရပ္တန႔္သြားတယ္။ စုန္းမလည္း ကမန္းကတမ္းနဲ႔ အေနာက္ကိုဆုတ္သြားတာေပါ့။

“ဒီေလာက္ဆိုရင္ နင္ငါ့အေၾကာင္းသိေလာက္ၿပီေပါ့က်င္ရီ”

စုန္းမက်င္ရီက ေခါင္းကိုငုံ႔လိုက္တယ္။

“ကြၽန္မ ရႈံးပါၿပီ၊ ကြၽန္မ ေတာင္းပန္ပါတယ္ဆရာႀကီး၊ ဆရာႀကီးသာ ကြၽန္မကို႐ိုက္ထည့္လိုက္ရင္ ကြၽန္မ ေသသြားမွာပါ”

“ကိုယ့္အရႈံးကို ကိုယ္လက္ခံတာ ေကာင္းတဲ့လုပ္ရပ္ပဲ က်င္ရီ၊ နင္အခုရႈံးသြားၿပီဆိုေတာ့ ငါခိုင္းတဲ့အတိုင္းလုပ္ရမယ္”

စုန္းမက်င္ရီက ေခါင္းညိတ္လိုက္တယ္၊ ဦးဘသာက

“နင္ငါတို႔႐ြာကေနထြက္သြား၊ ေနာက္ဘယ္ေတာ့မွ၊ ဘာအေၾကာင္းနဲ႔မွ တို႔႐ြာကိုမလာနဲ႔၊ နင္ထပ္လာရင္ ခုနက ငါ့လက္ဝါးက နင့္နဖူးတည့္တည့္ကို က်မယ္လို႔သာမွတ္ထား”

“ဟုတ္၊ ဟုတ္ကဲ့ပါဆရာႀကီး၊ ဒါနဲ႔ ဆရာႀကီးနာမည္ကိုလည္း သိပါရေစ”

“ငါ့နာမည္သာဒင္၊ ႐ြာကလူေတြကေတာ့ ဦးဘသာလို႔ေခၚတယ္၊ နင္ငါ့နာမည္ကို ၾကပ္ၾကပ္မွတ္ထား”

က်င္ရီက ေခါင္းညိတ္ၿပီးေတာ့ အေနာက္ဆုတ္သြားတယ္ဗ်၊ စ႑ာလ ဦးေလးႀကီးရဲ႕အေနာက္နားကို တျဖည္းျဖည္းခ်င္းဆုတ္သြားတာေပါ့၊ သူ႔ရဲ႕မ်က္ႏွာဆိုးႀကီးကိုလည္း ေစာင္ႀကီးနဲ႔ၿခဳံလိုက္တာေပါ့ဗ်ာ။

“ေဒၚပ်င္းႀကီးရဲ႕ သားဆိုတာလည္း ထည့္ေျပာမွ ျပည့္စုံသြားမွာေပါ့”

စ႑ာလဦးေလးႀကီးက အဲဒီလိုေျပာၿပီး အေရွ႕ကိုတစ္လွမ္းခ်င္းတက္လာတယ္ဗ်၊ ေဒၚပ်င္းရဲ႕သားလို႔ ၾကားသြားတာနဲ႔ စုန္းမက်င္ရီချမာ ဟာခနဲ၊ ဟင္ခနဲ အံ့ဩသြားတယ္ဗ်။

(၂)
စ႑ာလဦးေလးႀကီးက သူ႔ေခါင္းမွာေပါင္းထားတဲ့ ေခါင္းေပါင္းစကိုျဖဳတ္လိုက္ၿပီးေတာ့ လည္ပင္းမွာပတ္လိုက္တယ္။

“ေဒၚပ်င္းႀကီးရွိစဥ္တုန္းက က်ဳပ္က ပညာႏုေသးလို႔ေပါ့ဗ်ာ၊ က်ဳပ္သာ အခုေလာက္ပညာတတ္ရင္ ေဒၚပ်င္းႀကီး စြမ္းမစြမ္း စမ္းၾကည့္ခ်င္ေသးသဗ်ာ”

ဦးဘသာက အံကိုႀကိတ္ရင္း

“ေအာင္မာ၊ ေဒၚပ်င္းနဲ႔မေတြ႕လိုက္ရေပမယ့္ ေဒၚပ်င္းသားနဲ႔ ေတြ႕လို႔ ေနာက္မက်ေသးပါဘူးကြ”

ဒီအခါ စ႑ာလဦးေလးႀကီးက တဟားဟားနဲ႔ရယ္ေမာၿပီးေတာ့ ေခါင္းညိတ္တယ္ဗ်။

“ဒါဆိုလည္း ခင္ဗ်ားနဲ႔က်ဳပ္နဲ႔ ေတြ႕ၾကေသးတာေပါ့ဗ်ာ၊ ဒါေပမယ့္ ကေဝေတြရဲ႕စည္းကမ္းအရ တစ္ညတည္း ႏွစ္ပြဲမၿပိဳင္ရဘူးဆိုတာ ရွိေလေတာ့၊ ခင္ဗ်ားကိုက်ဳပ္ ဒီညေတာ့ အနားေပးလိုက္ပါ့မယ္၊ ခင္ဗ်ားဘယ္ေန႔အားသလဲဆိုတာကိုသာ ေျပာစမ္း”

ဦးဘသာက ၿပဳံးလိုက္ရင္း

“မင္းကိုငါေျပာၿပီးသားေလကြ၊ သာဒင္ဆိုတာ အခ်ိန္မေ႐ြး၊ ေနရာမေ႐ြးဘူးဆိုတာ၊ ဟား၊ ဟား”

“ေကာင္းၿပီအဘိုးႀကီး၊ ဒါဆိုမနက္ျဖန္ည က်ဳပ္တို႔ေတြ႕ၾကစို႔”

“အဆင္သင့္ပါပဲကြာ”

စ႑ာလ ဦးေလးႀကီးက တစ္ဖက္ကိုလွည့္ထြက္သြားတယ္၊ သူ႔အေနာက္ကေနလည္း သူ႔ႏွမျဖစ္တဲ့ စုန္းမက်င္ရီလည္း ကုပ္ေခ်ာင္းကုပ္ေခ်ာင္းနဲ႔လိုက္သြားတာေပါ့ဗ်ာ၊ သူတို႔ေတြၿပိဳင္ၾကတာ ဆယ့္ငါးမိနစ္ေတာင္ မၾကာဘူးထင္ပါတယ္၊ က်ဳပ္နဲ႔ဦးဘသာလည္း ႐ြာထဲကိုျပန္ဝင္ခဲ့တာေပါ့။

“ဒါနဲ႔ သူတို႔ေနတာကို က်ဳပ္ကျမင္ရၿပီးေတာ့ ဦးဘသာက ဘာလို႔မျမင္ရတာလဲ”

“ဒါကေတာ့ သူတို႔ကလူလည္ေတြကြ၊ စုန္းကေဝေတြ မျမင္ရတဲ့ မ်က္ကြယ္အစီအရင္ကို ဇရပ္ပ်က္မွာ ဆင္ထားတာျဖစ္မယ္ကြ၊ ဒါေၾကာင့္မို႔ ငါလယ္ထဲဆင္းေနေပမယ့္ သူတို႔ကိုမျမင္ရတာေနမွာ”

“က်ဳပ္သေဘာေပါက္ၿပီ၊ ဒါနဲ႔ သူတို႔က ဘာလို႔ဒီလိုလုပ္တာလဲ”

“မင္းကလည္းကြာ၊ ဒီ႐ြာမွာရွိတဲ့ စုန္းေတြကေဝေတြ သူတို႔ကိုျမင္ရင္ အခက္အခဲေတြျဖစ္လာႏိုင္လို႔ ေနမွာေပါ့ . . . ေပါ့ . . .အဟြတ္၊ အဟြတ္”

ဦးဘသာကေျပာေနရင္း ေခ်ာင္းဆိုးတယ္ဗ်၊ ေခ်ာင္းဆိုးေတာ့ သူ႔ပါးစပ္ကိုလက္ဝါးနဲ႔အုပ္လိုက္တယ္၊ လက္ဝါးကိုျပန္ဖြင့္တဲ့အခ်ိန္မွာေတာ့ ေသြးေတြရဲေနတာပဲဗ်ာ။ က်ဳပ္လည္း ဦးဘသာလက္ကိုၾကည့္ရင္း အံ့ဩသြားတယ္။ ဒီအခ်ိန္မွာပဲ ဦးဘသာက ေပ်ာ့ေခြက်သြားလို႔ က်ဳပ္က သူ႔ပုခုံးကိုကိုင္ၿပီး တြဲထိန္းထားေပးရတယ္။

“ဦးဘသာ . . . ဦးဘသာ ဘာျဖစ္တာလဲ၊ ရရဲ႕လား”

ဦးဘသာက အသက္ကိုျပင္းျပင္းရႉေနတယ္ဗ်၊ ၿပီးေတာ့မွ သူမတ္တပ္ျပန္ရပ္တယ္၊ က်ဳပ္ပုခုံးကို လက္နဲ႔ပုတ္ရင္း

“ဘာမွမျဖစ္ဘူး၊ ငါဘာမွ မျဖစ္ပါဘူးကြာ၊ မပူပါနဲ႔”

သူကသာ ဘာမွမျဖစ္ဘူးေျပာေနေပမယ့္ ႏႈတ္ခမ္းမွာလည္း ေသြးေတြေပက်ံလို႔မဟုတ္လား၊ က်ဳပ္စိတ္ပူေနမွာစိုးလို႔ က်ဳပ္ကိုစိတ္သက္သာရာရေအာင္ တမင္ေျပာတာျဖစ္မယ္ဗ်။

“ဟုတ္ရဲ႕လားဦးဘသာရယ္၊ ဒါဆိုဘာလို႔ ေခ်ာင္းဆိုးတာ ေသြးေတြပါရတာလဲ၊ ခုနက က်င္ရီေၾကာင့္လား”

“တစ္ေလာက ေနမေကာင္းျဖစ္ထားတာဆိုေတာ့ အားနည္းေနေသးလို႔ပါကြာ၊ ရပါၿပီ၊ ငါ့ကိုမတြဲနဲ႔ေတာ့”

ဦးဘသာႀကီးက ျဖည္းျဖည္းခ်င္းလမ္းေလွ်ာက္သြားတယ္၊ က်ဳပ္လည္း သူ႔အိမ္အထိလိုက္ပို႔ၿပီးေတာ့မွ အိမ္ကိုျပန္ခဲ့တာေပါ့ဗ်ာ။

(၃)

မနက္မိုးလင္းေတာ့ ႐ြာထဲမွာ ဦးဘသာသတင္းေတြ ျပန႔္ေနတာပဲဗ်ာ၊ ဒီတစ္ခါေတာ့ မေကာင္းတဲ့သတင္းမဟုတ္ဘဲနဲ႔ ေဆးဆရာမွတ္ႀကီးကို ကုသကယ္တင္ေပးလိုက္တဲ့သတင္းေပါ့ဗ်ာ၊ ဦးမွတ္ႀကီးက မေန႔ကသာ ေသေတာ့မယ့္လူလိုျဖစ္ေနေပမယ့္ ဒီမနက္ေတာ့ အေကာင္းပကတိအတိုင္းပါပဲဗ်ာ၊ သူ႔ေက်ာက လက္ရာႀကီးက ေန႔ခ်င္းညခ်င္းေပ်ာက္သြားတာပဲတဲ့ဗ်ိဳ႕၊ ရင္ဘတ္က ေသးလက္ဝါးရာႀကီးသာ ေရမခ်ိဳးရေသးလို႔ က်န္ေနခဲ့တာေပါ့။

မနက္ပိုင္း က်ဳပ္တို႔ယာထဲမဆင္းခင္ ဦးမွတ္ႀကီးက အိမ္ကိုေရာက္လာတယ္ဗ်၊ အေဖက ထမင္းစားၿပီးေတာ့ ထန္းလ်က္ခဲေလးကိုက္ေနတဲ့အခ်ိန္ေပါ့၊ ဦးမွတ္ႀကီးက အေဖ့ေရွ႕မွာထိုင္လိုက္ရင္း

“က်ဳပ္ . . က်ဳပ္ ဦးဘသာဆီသြားခ်င္လို႔ သူႀကီးအေဖာ္လိုက္ခဲ့ေပးစမ္းပါဗ်ာ”

အေဖက မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး

“ဦးဘသာဆီသြားခ်င္တာမ်ားဗ်ာ၊ က်ဳပ္ဆီမွာလာၿပီးေတာ့ ခြင့္ျပဳခ်က္ေတာင္းေနရေသးတယ္၊ ခင္ဗ်ားဘာသာ သြားလိုက္ပါလား ဦးမွတ္ႀကီးရ”

ဦးမွတ္ႀကီးက ေခါင္းကိုတျဗင္းျဗင္းနဲ႔ကုပ္ရင္း

“ဟိုေလ၊ က်ဳပ္ ပြင့္ပြင့္လင္းလင္းပဲ ေျပာေတာ့မယ္သူႀကီးရာ၊ ဆင္ျဖဴမ်က္ႏွာ ဆင္မဲမၾကည့္ဝံ့ဆိုသလို၊ က်ဳပ္က တစ္ခ်ိန္လုံး ဦးဘသာမေကာင္းေၾကာင္းေတြပဲ ေျပာထားေတာ့ အခုသူ႔အိမ္ကို တစ္ေယာက္တည္း မသြားဝံ့ဘူးဗ်ာ၊ လုပ္စမ္းပါသူႀကီးရာ ခင္ဗ်ားအေဖာ္လိုက္ေပးပါ”

ဦးမွတ္ႀကီးေျပာေတာ့မွ အေဖက ပုဆိုးျပင္ဝတ္ၿပီးထသြားပါေရာ၊ က်ဳပ္လည္း သူတို႔အေနာက္ကေန မေယာင္မလည္နဲ႔ လိုက္ခဲ့တာေပါ့ဗ်ာ။

“ဦးဘသာ . . . ဗ်ိဳ႕ ဦးဘသာ”

ဦးဘသာၿခံေရွ႕ေရာက္ေတာ့ အေဖက ေအာ္ေခၚတာေပါ့ဗ်ာ၊ ေတာ္ေတာ္ၾကာေအာင္ ေအာ္ေခၚေပမယ့္ အထဲက ဘာသံမွ ျပန္မၾကားရဘူးဗ်၊ အေဖက အိမ္ကိုတစ္ခ်က္အကဲခတ္ၾကည့္ရင္း

“အျပင္ေတြဘာေတြမ်ား သြားသလားပဲ ဦးမွတ္ႀကီးရဲ႕”

က်ဳပ္လည္း ၿခံတံခါးကိုၾကည့္လိုက္ေတာ့ အတြင္းကေန မင္းတုန္းနဲ႔ထိုးၿပီးပိတ္ထားတာဗ်၊ ဒါနဲ႔

“မဟုတ္ဘူးအေဖ၊ တံခါးက အထဲကေနပိတ္ထားတာ၊ ညတုန္းကလည္း ဦးဘသာကို သူ႔အိမ္အထိ က်ဳပ္ျပန္ပို႔ေပးခဲ့တာဆိုေတာ့ သူအထဲမွာပဲ ရွိမွာေသခ်ာတယ္”

အေဖက က်ဳပ္ကိုတစ္ခ်က္ၾကည့္ၿပီးေတာ့ ေမးေငါ့ျပတယ္၊ ဒီအေဖနဲ႔ ဒီသားဆိုေတာ့လည္း အေဖဘာကိုဆိုလိုခ်င္တယ္ဆိုတာ က်ဳပ္သိတာေပါ့ဗ်ာ၊ ဒါနဲ႔ပဲ ၿခံတံခါးကို လႊားခနဲေက်ာ္တက္ၿပီးေတာ့ ၿခံထဲကိုဝင္လိုက္တယ္၊ ၿခံတံခါးမွာ ပိတ္ထားတဲ့ မင္းတုန္းကိုဖြင့္ေပးလိုက္ေတာ့ အေဖနဲ႔ ဦးမွတ္ႀကီးနဲ႔ ၿခံထဲကိုဝင္လာတာေပါ့ဗ်ာ။

“ဦးဘသာ၊ ေခၚမရလို႔ က်ဳပ္တို႔ၿခံထဲကို ဝင္ခဲ့ၿပီေနာ္”

အေဖက ေအာ္ရင္းၿခံထဲဝင္လာတယ္၊ အိမ္တံခါးကေတာ့ ေစ့႐ုံေလးေစ့ထားတာဗ်၊ က်ဳပ္လည္း အိမ္တံခါးကိုတြန္းဖြင့္ၿပီး အထဲကိုဝင္လိုက္ေတာ့ အိမ္ေရွ႕ခန္းမွာ ေခြေခြကေလးလဲက်ေနတဲ့ ဦးဘသာကို ေတြ႕လိုက္ရတယ္။ က်ဳပ္လည္း ထူပူသြားၿပီးေတာ့ ဦးဘသာဆီေျပးသြားလိုက္တာေပါ့ဗ်ာ။

“ဦးဘသာ . . . ဦးဘသာ၊ သတိထားပါအုံးဗ်ာ”

ဦးဘသာက သတိလစ္ေနပုံရတယ္ဗ်၊ က်ဳပ္အလန႔္တၾကားနဲ႔ေအာ္ေတာ့ အေဖနဲ႔ဦးမွတ္ႀကီးက ဦးဘသာအိမ္ေပၚကို အေျပးတက္လာတာေပါ့။

“ဟာ၊ ဦးဘသာ ဘာျဖစ္တာလဲ”

အေဖကေျပာလိုက္ေတာ့ ဦးမွတ္ႀကီးက ေျပးလာၿပီး ဦးဘသာကိုစမ္းၾကည့္တယ္ဗ်။

“အသက္ေတာ့ရွိေသးတယ္သူႀကီး၊ ဒါေပမယ့္ အေတာ္အားနည္းေနတယ္”

အိမ္ေရွ႕ခန္းေထာင့္မွာ လိပ္ၿပီးေထာင္ထားတဲ့ သင္ျဖဴးဖ်ာကို က်ဳပ္ကေျပးခင္းလိုက္ၿပီးေတာ့ ဦးဘသာကိုဆြဲေခၚလာၿပီး ဖ်ာေပၚမွာ ခ်ထားေပးလိုက္တာေပါ့ဗ်ာ၊ အမွန္အတိုင္းေျပာရရင္ အဲဒီအခ်ိန္တုန္းက က်ဳပ္က ဘာေတြလုပ္လို႔ လုပ္ေနမိမွန္းကိုမသိဘူး၊ ဦးဘသာႀကီး တစ္ခုခုျဖစ္ၿပီလားဆိုၿပီး စိတ္ေတြပူၿပီးေတာ့ စိတ္နဲ႔လူနဲ႔ မကပ္ဘူးေပါ့ဗ်ာ။

ဦးမွတ္ႀကီးက ဦးဘသာကို ေသြးခုန္ႏႈန္းစမ္းသပ္ေပးတယ္ဗ်၊ ေနာက္ေတာ့ ရင္ဘတ္ကို နားနဲ႔ကပ္ၿပီးေတာ့ နားေထာင္ၾကည့္ေသးတယ္ဗ်၊ ၿပီးေတာ့မွ အေဖ့ကိုၾကည့္ၿပီး

“အရမ္းအားနည္းေနတယ္၊ ေသြးခုန္ႏႈန္း၊ ႏွလုံးခုန္ႏႈန္းလည္း မမွန္ဘူးသူႀကီးရ၊ က်ဳပ္အထင္ေတာ့ ႏွလုံးအားနည္းေနတာျဖစ္မယ္”

အေဖက ေခါင္းညိတ္ရင္း

“ဒါဆို ဦးမွတ္ႀကီး သူ႔ကို အဆင္ေျပသလို ကုသေပးပါဗ်ာ”

ဦးမွတ္ႀကီးက ဦးဘသာႀကီးကို သူေဖာ္ထားတဲ့ေသြးေဆးနဲ႔ သံပုရာရည္နဲ႔ ေဖ်ာ္တိုက္ခိုင္းတာနဲ႔ က်ဳပ္လည္း ဦးဘသာၿခံထဲက သံပုရာပင္ကေန သံပုရာသီးခူးၿပီးေတာ့ ခြက္ထဲကိုအရည္ညႇစ္ထည့္တာေပါ့ဗ်ာ။ ၿပီးေတာ့ ဦးမွတ္ႀကီးရဲ႕ေသြးေဆးကိုထည့္ေဖ်ာ္ၿပီး လက္ဖက္စားဇြန္းကေလးနဲ႔ ဦးဘသာပါးစပ္ကို အသာဟၿပီးထည့္ေပးတာေပါ့၊ ဦးမွတ္ႀကီးက ေခါင္းညိတ္ရင္း

“သူ႔ကိုအနားယူပါေစ၊ ေန႔တစ္ပိုင္းေလာက္ဆိုရင္ သူေကာင္းသြားလိမ့္မယ္”

အေဖက က်ဳပ္ကိုၾကည့္ၿပီးေတာ့

“အလတ္ေကာင္၊ မင္းအေမဆီျပန္ၿပီးေတာ့ ဦးဘသာႀကီးအတြက္ ၾကက္တစ္ေကာင္ေလာက္ ျပဳတ္ထားခိုင္းလိုက္စမ္းကြာ”

က်ဳပ္လည္းေခါင္းညိတ္ၿပီး အိမ္ကိုေျပးေျပာရတာေပါ့ဗ်ာ၊ က်ဳပ္လည္း အဲဒီေန႔က လယ္ထဲမဆင္းျဖစ္ပါဘူးဗ်ာ၊ ဦးဘသာႀကီးမွာ သားေထာက္သမီးခံမရွိဘူးဆိုေတာ့ က်ဳပ္ပဲျပဳစုေပးရတာမဟုတ္လား၊ အေဖနဲ႔ ဦးမွတ္ႀကီးတို႔လည္း ျပန္သြားေတာ့ က်ဳပ္တစ္ေယာက္တည္း ဦးဘသာအိမ္မွာ က်န္ေနခဲ့တာေပါ့ဗ်ာ။

က်ဳပ္လည္း ဘာရယ္မဟုတ္ဘဲဦးဘသာ ေျခလက္ေတြကို ႏွိပ္ေပးေနမိတယ္။ ပါးစပ္ဟအသက္ရႉရင္း အိပ္ေမာက်ေနတဲ့ ဦးဘသာကိုၾကည့္ရင္း က်ဳပ္စိတ္မေကာင္းျဖစ္jပီး ငိုခ်င္သလိုျဖစ္လာတယ္။

“အဲဒါက်ဳပ္ေၾကာင့္ပါဦးဘသာ၊ က်ဳပ္ ေလွ်ာက္လုပ္လို႔၊ ဦးဘသာႀကီး အခုလိုျဖစ္ရတာ၊ အဲဒါ က်ဳပ္ေၾကာင့္ပါ”

က်ဳပ္လည္းေျပာေနရင္း ကိုယ့္ေခါင္းကိုယ္ လက္သီးေတြနဲ႔ထုေနမိတယ္၊ မ်က္ရည္ေတြလည္း ထြက္လာတာေပါ့ဗ်ာ၊

“မင္းေၾကာင့္မဟုတ္ပါဘူးကြာ”

အသံယဲ့ယဲ့ကိုၾကားလိုက္ရေတာ့မွ က်ဳပ္လည္း ဦးဘသာအနားကို တိုးကပ္လိုက္တယ္၊ ဦးဘသာက မ်က္လုံးေတြပြင့္လာၿပီးေတာ့ ေခါင္းေထာင္ဖို႔ႀကိဳးစားတယ္ဗ်၊ ဒါေပမယ့္ ေခါင္းမေထာင္ႏိုင္လို႔ က်ဳပ္ကိုမ်က္လုံးေစြၿပီးၾကည့္တယ္။

“မင္းနဲ႔ဘာမွမဆိုင္ပါဘူးအလတ္ေကာင္ရာ”

“ဦးဘသာႀကီး . . . သက္သာရဲ႕လားဗ်ာ”

ဦးဘသာက ေခါင္းကိုျဖည္းျဖည္းညိတ္ျပတယ္ဗ်၊ ေနာက္ေတာ့ က်ဳပ္လည္း အိမ္တိုင္မွာ ေခါင္းအုံးခံၿပီးေတာ့ သူ႔ကိုထူၿပီး မွီခိုင္းထားရတယ္၊ ႂကြက္သြန္နီ၊ ၾကက္သြန္ျဖဴ၊ ဂ်င္း၊ င႐ုတ္ေကာင္းေစ့နဲ႔ အေမျပဳတ္ထားတဲ့ ၾကက္စြတ္ျပဳတ္ေမႊးေမႊးကေလးကို သူ႔အေရွ႕ကိုခ်ေပးလိုက္တယ္ဗ်။

“ေနပါေစကြာ၊ ငါ့ဘာသာ ေသာက္ႏိုင္ပါတယ္”

ဦးဘသာက ေျပာရင္း ၾကက္စြပ္ျပဳတ္ခြက္ထဲက ဇြန္းကိုယူၿပီး စြပ္ျပဳတ္ကိုခပ္လိုက္တယ္၊ ဒါေပမယ့္ သူ႔လက္ေတြက သိသိသာသာတုႏ္ုလို႔ဗ်ာ၊ လက္ေတြက တဆတ္ဆတ္တုန္ၿပီး စြပ္ျပဳတ္ဇြန္းကို မကိုင္ႏိုင္ေတာ့တာနဲ႔ က်ဳပ္လည္း သူ႔လက္ထဲက ဇြန္းကိုဖမ္းဆြဲယူလိုက္ရတယ္။

“ဦးဘသာ ဘာမွဟန္ေဆာင္မေနပါနဲ႔၊ ေပးစမ္းပါ၊ က်ဳပ္ခြံ႕ေကြၽးပါ့မယ္”

က်ဳပ္လည္း စြပ္ျပဳတ္တစ္ဇြန္းကို ခြံ႕ေပးလိုက္တာေပါ့ဗ်ာ၊ ဦးဘသာက စြပ္ျပဳတ္ဟင္းရည္ကို ရႉးခနဲေသာက္ၿပီးေတာ့

“ငါက မင္းကိုအားနာလို႔ပါကြာ၊ မင္းတို႔ အလုပ္ပ်က္ေနပါအုံးမယ္”

“အားနာစရာမလိုပါဘူးဗ်ာ၊ အေဖက က်ဳပ္ကို ဦးဘသာကိုျပဳစုဖို႔ တာဝန္ေပးခဲ့တာဗ်၊ ကဲပါ စကားေတြေျပာမေနပါနဲ႔အုံး၊ ေမာေနအုံးမယ္၊ စြပ္ျပဳတ္ကုန္ေအာင္ေသာက္၊ ေနာက္ၿပီးေတာ့ ေဆးဆရာဦးမွတ္ႀကီးေပးခဲ့တဲ့ ေသြးေဆးေလး တစ္ခြက္ေလာက္ ေသာက္လိုက္အုံး”

“ဟင္၊ မွတ္ႀကီးက ငါ့ဆီကိုလာသြားတယ္တဲ့လား”

“ဒါေပါ့ဗ်ာ၊ သူအလာေစာလို႔ က်ဳပ္တို႔လည္း ဦးဘသာဒီလိုျဖစ္ေနတာကို သိတာဗ်၊ သူသာ ေန႔လည္ေလာက္မွ လာမယ္ဆိုရင္ ဦးဘသာအသက္ကိုေတာင္ က်ဳပ္တို႔မီပါ့မလားပဲ”

ဦးဘသာက ေခါင္းတဆတ္ဆတ္ညိတ္ရင္း

“ဒါနဲ႔ သူေရာသက္သာရဲ႕လား”

“သက္သာပါတယ္ဗ်၊ ေက်ာကုန္းမွာေတာင္ ေသြးလက္ဝါးႀကီးမရွိေတာ့ဘူး၊ အဲ . . . ရင္ဘတ္မွာသာ ဦးဘသာႀကီးခ်န္ခဲ့တဲ့ ေသးလက္ဝါးႀကီး က်န္ေနခဲ့တာဗ်၊ ဟား၊ ဟား”

က်ဳပ္ရယ္လိုက္ေတာ့ ဦးဘသာလည္း လိုက္ရယ္တယ္ဗ်၊ ဒါေပမယ့္ တစ္ခ်က္ႏွစ္ခ်က္ရယ္ၿပီးေတာ့ ေခ်ာင္းဆိုးျပန္ေရာ၊ သလိပ္ေတြေထြးဖို႔အတြက္ က်ဳပ္က ေထြးခံေပးလိုက္ေတာ့ ေထြးခံထဲကို သလိပ္ေတြအျပင္ ေသြးေတြပါ ေထြးခ်လိုက္တာဗ်၊ က်ဳပ္လည္း သူ႔ကိုအေတာ္စိတ္ပူသြားတာေပါ့”

“ျဖစ္ရဲ႕လား ဦးဘသာရယ္၊ ညေနက်ရင္ေတာ့ ဦးမွတ္ႀကီးက တစ္ေခါက္လာၾကည့္အုံးမယ္လို႔ ေျပာသြားေသးတယ္”

ဦးဘသာက သူ႔ႏႈတ္ခမ္းေတြကို လက္သုတ္ဝတ္တစ္ခုနဲ႔သုတ္လိုက္ရင္း

“ျဖစ္ပါတယ္ကြ၊ ဒါထက္ ညက်ရင္ ဟိုကေဝပ်ံနဲ႔ငါနဲ႔ ယွဥ္ၿပိဳင္ရအုံးမွာမဟုတ္လား”

ဦးဘသာေျပာေတာ့ က်ဳပ္လည္း အေတာ္အံဩသြားတယ္၊ ေနာက္ေတာ့ ေခါင္းခါၿပီး

“မၿပိဳင္ရဘူးဦးဘသာ၊ မေန႔က အေကာင္းႀကီးေတာင္မွ စုန္းမက်င္ရီနဲ႔ၿပိဳင္လိုက္လို႔ အခုလိုျဖစ္သြားတာမဟုတ္လား၊ ဒီအေျခအေနနဲ႔သာ ထပ္ၿပိဳင္မယ္ဆိုရင္ ဦးဘသာႀကီး ေသသြားလိမ့္မယ္ဗ်”

“မဟုတ္ဘူးအလတ္ေကာင္ရ၊ တို႔စုန္းေတြရဲ႕စည္းကမ္းအရ ႏွစ္ဦးႏွစ္ဖက္ သေဘာတူထားရင္ ၿပိဳင္ျဖစ္ေအာင္ၿပိဳင္ရတယ္၊ ၿပိဳင္မယ္လို႔ခ်ိန္းဆိုထားၿပီးေတာ့ ခ်ိန္းဆိုထားတဲ့ေနရာကို မလာျဖစ္တဲ့သူက သူ႔အလိုလိုအရႈံးလို႔သတ္မွတ္လိုက္ရတယ္ကြ၊ ဒီေတာ့ ငါဒီပြဲကို မသြားရင္၊ အလကားေနရင္း ဒီေကာင့္ကို ငါရႈံးမွာကြ”

“ဟာဗ်ာ၊ ဒါဆိုရင္လည္း က်ဳပ္အဲဒီ စ႑ာလႀကီးဆီကိုသြားမယ္၊ ဦးဘသာေနမေကာင္းဘူးဆိုတဲ့အေၾကာင္းသြားေျပာမယ္ဗ်ာ”

ဦးဘသာက ေခါင္းခါတယ္။

“မင္းကလည္းကြာ၊ သူက ႏိုင္ခ်င္လို႔ စိန္ေခၚပါတယ္ဆိုေနမွ၊ ငါက ေနမေကာင္းလို႔ မလာႏိုင္ဘူးလို႔ေျပာတာကို လက္ခံမယ္လို႔ထင္ေနတာလား . . .”

“ဒါကေတာ့ဗ်ာ . . .”

က်ဳပ္လည္း ဘာဆက္ေျပာရမွန္းကိုမသိေတာ့ဘူး၊ ဦးဘသာက ပါးစပ္ျပင္ေပးတာနဲ႔ က်ဳပ္လည္းသူ႔ကို စြပ္ျပဳတ္ေတြခြံ႕ေပးတာေပါ့ဗ်ာ၊ စြပ္ျပဳတ္တစ္ပန္းကန္ကုန္သြားေတာ့ ဦးဘသာက ေဆးေသာက္ၿပီးေတာ့ အိပ္ဖို႔ျပင္တယ္ဗ်။

“ငါအားေမြးထားမွျဖစ္မယ္အလတ္ေကာင္၊ ညဘက္က်ရင္ ငါဟိုေကာင္နဲ႔ ပညာၿပိဳင္ရအုံးမယ္မဟုတ္လား”

ဦးဘသာက ဖ်ာေပၚလွဲရင္း ေဘးေစာင္းေလး ျပန္အိပ္သြားတယ္ဗ်၊ က်ဳပ္စိတ္ထဲကအတိုင္းဆိုရင္ေတာ့ ဦးဘသာကို မၿပိဳင္ေစခ်င္ေတာ့ဘူး၊ ဒါေပမယ့္ စ႑ာလဦးေလးႀကီးကို ရႈံးလို႔ကလည္း မျဖစ္ေသးဘူးမမဟုတ္လားဗ်၊ သူ႔ကိုရႈံးသြားတယ္ဆိုရင္ သူက သူႀကိဳက္တာကို ေတာင္းဆိုေတာ့မွာေလဗ်ာ။

က်ဳပ္လည္း စိတ္ေတြေတာ္ေတာ္ညစ္လာခဲ့တယ္၊ ဘာလုပ္ရမွန္းလဲ မသိေတာ့ဘူးဗ်ိဳ႕။ ဒါနဲ႔ပဲ က်ဳပ္ခိုင္မာတဲ့ဆုံးျဖတ္ခ်က္တစ္ခုကို ခ်လိုက္ေတာ့တယ္။

“ဦးဘသာမၿပိဳင္နဲ႔၊ ဒီကေဝပ်ံကို က်ဳပ္ၿပိဳင္မယ္၊ က်ဳပ္ဒီေကာင့္ကို ဦးဘသာကိုယ္စား အႏိုင္ယူျပမယ္”

က်ဳပ္လည္း ႀကိမ္းဝါးရင္း ဦးဘသာအိမ္ေပၚကေနဆင္းခဲ့တာေပါ့ဗ်ာ။

(၃)

က်ဳပ္အရင္ဆုံးသြားတာကေတာ့ ဦးမွတ္ႀကီးအိမ္ကိုပဲဗ်၊ ဦးမွတ္ႀကီးက ဦးဘသာရဲ႕အေျခအေနကို သူ႔ကိုေျပာျပပါလို႔ ေျပာထားတာကိုး၊ ဦးမွတ္ႀကီးအိမ္ကိုေရာက္ေတာ့ ဦးမွတ္ႀကီးက ေဆးေဖာ္စပ္ဖို႔ ဘယေဆးေတြကို ခ်င္တြယ္ေနတယ္ဗ်၊

“ေအာ္၊ အလတ္ေကာင္ေတာင္ ေရာက္လာပကိုး၊ ဘယ္လိုလဲကြ ဦးဘသာႀကီး ႏိုးၿပီလား”

“ႏိုးေတာ့ႏိုးပါၿပီ ဦးမွတ္ႀကီးရာ၊ အခု စြပ္ျပဳတ္ေသာက္ၿပီးေတာ့ ေဆးတစ္ခြက္ေသာက္ရင္း သိပ္ထားရတယ္၊ ဒါေတာင္မွ သူက သိပ္အိပ္ခ်င္တာမဟုတ္ဘူးဗ်”

ဦးမွတ္ႀကီးက ေခါင္းညိတ္ရင္း

“အင္းေလ၊ အသက္အ႐ြယ္ႀကီးေတာ့လည္း ဒီလိုပဲ အအိပ္အေန၊ အစားအေသာက္ နည္းလာတာေပါ့ကြာ၊ သူမအိပ္ခ်င္ဘူးဆိုရင္ေတာ့ ေဆးထဲမယ္ ထိက႐ုံးထည့္ေပးလိုက္မယ္ကြ၊ ထိက႐ုံးဆိုတာ လက္နဲ႔တို႔ထိတာနဲ႔ကို အ႐ြက္ေတြစုၿပီး အိပ္သြားတတ္တာမလား၊ ဒါေၾကာင့္ တို႔တိုင္းရင္းေဆးမွာ အိပ္ေဆးအျဖစ္အသုံးျပဳတယ္”

“လုပ္စမ္းပါဗ်ာ၊ ႏို႔မို႔ဆို သူမအိပ္ရင္ ဒီထက္ပိုၿပီးေတာ့ ဆိုးေတာ့မွာဗ်”

ဦးမွတ္ႀကီးက ဦးဘသာအတြက္ ေသြးေဆးထဲကို ထိက႐ုံးပင္အေျခာက္ကို ႀကိတ္ထားတဲ့အမႈန႔္ထပ္ေရာထည့္ေပးလိုက္တယ္၊ ၿပီးေတာ့ ေဆးတစ္ဖုံစာကို စာ႐ြက္ထဲထည့္ၿပီး ထုပ္ေပးလိုက္တာေပါ့ဗ်ာ၊ က်ဳပ္လည္း ဦးမွတ္ႀကိးအိမ္က ထြက္မယ္လုပ္ၿပီးမွ တစ္ခုခုသတိရသြားတယ္။

“ဒါနဲ႔ ဦးဘသာ၊ အကိုႀကီးက ဇက္ေၾကာေတြတက္ၿပီး ေခါင္းေတြေလးေနလို႔တဲ့၊ အဲဒါ ဝမ္းႏႈတ္ေဆးေလး ေပးလိုက္ပါတဲ့”

ဦးမွတ္ႀကီးက ေခါင္းညိတ္ၿပီးေတာ့ ပုလင္းအႀကီးႀကီးေတြထဲမွာ ထည့္ထားတဲ့ ဝမ္းႏႈတ္ေဆးေတြကို ဇြန္းနဲ႔ခပ္ၿပီး ခ်ိန္ခြင္ေသးေသးကေလးထဲကို ထည့္ၿပီးခ်ိန္ေနတယ္။ ေနာက္ေတာ့ က်ဳပ္ဘက္ကိုလွည့္ၿပီး

“အလတ္ေကာင္၊ မင္းအကိုႀကီးက ဝမ္းခ်ဳပ္တတ္သလား”

“ခ်ဳပ္သမွ သိပ္ခ်ဳပ္တာေပါ့ဗ်ာ၊ တစ္ခါခ်ဳပ္ရင္ တစ္ပတ္ေလာက္ကိုၾကာတာ”

“အင္း၊ ဒါေၾကာင့္လည္း အပူေတြစုမိၿပီး အေၾကာေတြတက္ေနတာေနမွာ”

ဦးမွတ္ႀကီးဆီက အကိုႀကီးမွာလိုက္တဲ့ ဝမ္းႏႈတ္ေဆးေတြယူၿပီးေတာ့ အိမ္ကိုျပန္လာခဲ့တာေပါ့ဗ်ာ၊ အခ်ိန္က ေနမြန္းတည့္ေတာ့မယ္ဗ်၊ က်ဳပ္လည္း ဗိုက္ဆာဆာနဲ႔ မီးဖိုထဲဝင္လိုက္တာေပါ့၊ အေမက မီးဖိုထဲမွာ ထိုင္ေနရင္း

“ဟဲ့အလတ္ေကာင္ နင္ထမင္းစားမလို႔လား”

က်ဳပ္လည္း ထမင္းပန္းကန္ယူရင္း ေခါင္းညိတ္ျပလိုက္တယ္။

“ဟိုဒယ္အိုးထဲမွာ ၾကက္ကလီစာခ်က္ထားတာရွိတယ္၊ မနက္က ဦးဘသာအတြက္ ၾကက္တစ္ေကာင္ကိုင္ရင္း ကလီစာနည္းနည္းရထားတာကို နင့္အႀကိဳက္ မဆလာႏိုင္ႏိုင္နဲ႔ ခ်က္ထားတယ္ေဟ့၊ လယ္ထဲဆင္းတဲ့သူေတြကေတာ့ စားရကံမႀကဳံဘူးေပါ့၊ ေနလည္းျမင့္ေနၿပီဆိုေတာ့ ဆြမ္းခ်ိဳင့္လည္းမမီလိုက္၊ အဲဒါ နင္ပဲစားလိုက္ေတာ့”

က်ဳပ္လည္း ဟန္က်သြားတာေပါ့ဗ်ာ၊ ဒယ္အိုးအေသးေလးကို ဖြင့္လိုက္တဲ့အခါ ၾကက္ကလီစာခ်က္က ေမႊးေနေရာပဲဗ်ိဳ႕။ က်ဳပ္လည္း ထမင္းပန္းကန္ထဲကို ထည့္ဖို႔ျပင္ရင္းနဲ႔မွ သတိရသြားၿပီးေတာ့ ဟင္းေတြကို ခြက္ကေလးနဲ႔ခပ္လိုက္တယ္။

“ဟဲ့အလတ္ေကာင္၊ ထမင္းေတြ၊ ဟင္းေတြ ဘယ္ကိုသယ္သြားမလို႔လဲ”

ဟင္းေတြထမင္းေတြ ခပ္ေနတဲ့က်ဳပ္ကိုၾကည့္ရင္း အေမက ေမးတယ္၊ က်ဳပ္လည္း ထမင္းခူးေနရင္း

“အေမကလည္း၊ ထမင္းေတြထည့္ၿပီး ဦးဘသာအိမ္မွာသြားစားမလို႔ဗ်၊ ဦးဘသာမွ သားေထာက္သမီးခံလည္းမရွိဘူးမဟုတ္လား၊ အခုလည္း သူ႔ကိုတစ္ေယာက္တည္းပစ္ထားခဲ့ရတာ၊ ခုခ်ိန္ သူေရာဂါေဖာက္ေနေတာ့ ဘယ့္ႏွယ့္လုပ္ပါ့မလဲ”

“ေအးေလ၊ ဒါေပါ့၊ဒါေပါ့”

ဒါနဲ႔ ထမင္းနဲ႔ဟင္းကို အုပ္ကေလးတစ္ခုနဲ႔ထည့္ခဲ့ၿပီး ဦးဘသာအိမ္ကို အေျပးျပန္လာခဲ့ရတာေပါ့ဗ်ာ၊ ဦးဘသာက အိပ္ေကာင္းတုန္းပဲရွိေသးတာနဲ႔၊ က်ဳပ္လည္း ပုလင္းကေလးကိုင္ၿပီး အိမ္ေပၚကေနဆင္းခဲ့တယ္၊ ႐ြာထိပ္ကိုေျပးလာရင္းနဲ႔ လမ္းမွာေတာင္ အေဖနဲ႔ေတြ႕ေသးတယ္။

“အလတ္ေကာင္၊ ေရးႀကီးသုတ္ျပာနဲ႔ ဘယ္သြားမလို႔လဲကြ”

“ဟို . . .ဟိုေလ ဦးတ႐ုတ္ႀကီးတို႔ဆိုင္ကိုသြားမလို႔ပါ”

အေဖက က်ဳပ္လက္ထဲက ပုလင္းကိုၾကည့္ရင္း

“ေဟ့ေကာင္၊ ေန႔ခင္းေၾကာင္ေတာင္ႀကီးေနာ္၊ မင္းမဟုတ္တာေတြလုပ္မလို႔လား”

“မဟုတ္ပါဘူးအေဖရ၊ ဦးမွတ္ႀကီးေပးလိုက္တဲ့လိမ္းေဆးကို အရက္ဆီနဲ႔ေဖ်ာ္ရမယ္ဆိုလို႔ သြားဝယ္မလို႔ပါ”

အေဖလည္း က်ဳပ္ေျပာတာကိုယုံသြားၿပီးေတာ့ ေခါင္းညိတ္ၿပီးဆက္သြားတယ္၊ က်ဳပ္လည္း ဦးတ႐ုတ္ႀကီးဆိုင္ကို ေျပးခဲ့တာေပါ့ဗ်ာ။

က်ဳပ္မွာ တစ္ေန႔လုံးေျပးလြားေနတာနဲ႔ ညေနေတာင္အေတာင္ေစာင္းလာၿပီဗ်၊ ဦးဘသာႀကီး တစ္ေရးႏိုးတာနဲ႔ က်ဳပ္လည္း စြပ္ျပဳတ္တိုက္တာေပါ့ဗ်ာ၊ ဦးဘသာက ထမင္းစားခ်င္တယ္ဆိုတာနဲ႔ စြပ္ျပဳတ္ထဲ ထမင္းထည့္ၿပီး တိုက္လိုက္တာေပါ့၊

“ဒါနဲ႔အလတ္ေကာင္၊ ဘယ္အခ်ိန္ရွိၿပီလဲ”

“ေျခာက္နာရီခြဲဗ်”

“ဒါဆို ငါတို႔ၿပိဳင္ဖို႔ အခ်ိန္နီးလာၿပီကြ”

“ရပါတယ္၊ ေစာပါေသးတယ္ ဦးဘသာရာ၊ ေဆးတစ္ခြက္ေသာက္ၿပီး နားနားေနေနသာေန၊ ညကိုးနာရီေလာက္က်ရင္ က်ဳပ္ႏႈိးမယ္၊ဟုတ္ၿပီလား”

က်ဳပ္က ဦးဘသာကို သြားမၿပိဳင္ေစခ်င္ပါဘူးဗ်ာ၊ ဒါနဲ႔ အိပ္ေဆးနည္းနည္းေရာထားတဲ့ ေသြးေဆးကို ဦးဘသာႀကီးကို တိုက္လိုက္တာေပါ့ဗ်ာ၊ ဦးဘသာႀကီးကေတာ့ ဘယ္သိမလဲဗ်ာ၊ ေဆးေတြကို တဂြတ္ဂြတ္နဲ႔ ေမာ့ေသာက္လိုက္တာေပါ့။

ဒီအခ်ိန္မွာပဲ ဦးမွတ္ႀကီးက ေရာက္လာတယ္ဗ်။

“ဗ်ိဳ႕ဦးဘသာ၊ က်ဳပ္တက္ခဲ့မယ္ေနာ္”

“ရပါတယ္ မွတ္ႀကီးရာ တက္ခဲ့စမ္းပါ”

ဦးမွတ္ႀကီးက တက္လာၿပီးေတာ့ ဦးဘသာအေရွ႕မွာထိုင္တယ္ဗ်။

“က်ဳပ္ခင္ဗ်ားဆီလာတာက ေက်းဇူးတင္စကားလည္းေျပာခ်င္လို႔၊ ေနာက္ၿပီးေတာ့ ေတာင္းလည္းေတာင္းပန္ခ်င္လို႔ပါဗ်ာ”

ဦးဘသာႀကီးက ေၾကာင္အမ္းအမ္းနဲ႔

“ေက်းဇူးတင္စကားေျပာတာကေတာ့ဟုတ္ပါၿပီ၊ ေတာင္းပန္မယ္ဆိုေတာ့ ဘာကိုေတာင္းပန္ခ်င္တာလဲ”

ဦးမွတ္ႀကီးက ရွက္သြားပုံရတယ္ဗ်။

“ဒီလိုပါဗ်ာ၊ ေက်းဇူးတင္တယ္ဆိုတာက က်ဳပ္ကို စုန္းက ေသြးလက္ဝါးနဲ႔လုပ္တာကို ခင္ဗ်ားကုသေပးခဲ့လို႔ ေက်းဇူးတင္ခ်င္တာပါ၊ ေတာင္းပန္ခ်င္တယ္ဆိုတာကေတာ့ . . .”

ဦးမွတ္ႀကီးက က်ဳပ္ကိုတစ္ခ်က္ၾကည့္တယ္ဗ်၊ က်ဳပ္လည္း ဒီေလာက္ေတာ့ နားလည္ပါတယ္၊ ေရခြက္အလြတ္ကေလးကိုင္ၿပီးေတာ့

“က်ဳပ္ေရသြားခပ္လိုက္အုံးမယ္ ဦးဘသာ”

အဲဒီလိုေျပာၿပီး အိမ္အေနာက္ဘက္ထဲဝင္ခဲ့တာေပါ့ဗ်ာ၊ ဒါေပမယ့္ တကယ္ေရသြားမခပ္ပါဘူး၊ အိမ္အေနာက္ဘက္သြားတဲ့ လမ္းက ခန္းစီးစကေလးကာထားတာဆိုေတာ့ အဲဒီခန္းစီးစကို အကာအကြယ္ျပဳၿပီး ခိုးနားေထာင္ေနတာေပါ့။

“ဒီလိုပါ ဦးဘသာ၊ က်ဳပ္အမွန္အတိုင္းဝန္ခံရရင္ ခင္ဗ်ားကို က်ဳပ္လုံး၀မၾကည့္မရခဲ့ဘူး၊ ဘာလို႔လဲဆိုေတာ့ ပေယာဂျဖစ္လို႔ က်ဳပ္ကုၿပီဆိုရင္ ခင္ဗ်ားက ေပၚေပၚလာၿပီးေတာ့ ဝင္ဝင္ကုသြားတာကိုးဗ်၊ ဒါကို က်ဳပ္စိတ္ထဲ မေက်မခ်မ္းျဖစ္ေနခဲ့တာၾကာပါၿပီ”

“ငါသိပါတယ္ မွတ္ႀကီးရာ”

“ဒါေၾကာင့္က်ဳပ္က ႐ြာထဲကလူေတြကို ဦးဘသာမေကာင္းေၾကာင္းေတြပဲ လိုက္ေျပာျဖစ္တယ္ဗ်၊ တစ္ေယာက္ေယာက္ ေရာဂါျဖစ္ရင္ပဲ ဦးဘသာႀကီး ျပဳစားသလိုလို၊ ဦးဘသာက မေက်နပ္လို႔ လုပ္သလိုလိုနဲ႔ သြားပုပ္ေလလြင့္ေတြ ေျပာဆိုခဲ့မိပါတယ္”

ဦးမွတ္ႀကီးက သက္ျပင္းတစ္ခ်က္ခ်ၿပီး

“အဲဒါ အခုက်ဳပ္ဒီလိုျဖစ္တယ္ဆိုေရာ၊ ဦးဘသာႀကီးက တတ္ထားတဲ့ပညာနဲ႔ က်ဳပ္ကိုေသေသခ်ာခ်ာကုသေပးတာကိုသိလိုက္ရလို႔ က်ဳပ္စိတ္ထဲမွာ အရမ္းခံစားရတယ္၊ တကယ္လို႔ က်ဳပ္သာဆိုရင္ေတာ့ ဦးဘသာကို ကုေပးမွာမဟုတ္ဘူးလို႔ ေတြးမိတယ္၊ ဒါေပမယ့္ ဦးဘသာရဲ႕ စိတ္ထားက အလြန္မြန္ျမတ္ပါေပတယ္ဗ်ာ၊ က်ဳပ္ကိုကုသေပးခဲ့လို႔ က်ဳပ္အသက္မေသဘဲ အေကာင္းပကတိျပန္ျဖစ္သြားတာမဟုတ္လား”

ဦးဘသာက ေခါင္းညိတ္ရင္း

“ဒါကေတာ့မွတ္ႀကီးရာ၊ ငါကေတာ့ ဒီ႐ြာကလူေတြအကုန္လုံးကို ငါ့ရဲ႕ေဆြမ်ိဳးသားခ်င္းေတြလို႔ သေဘာထားတယ္၊ ဒီအတြက္ ႐ြာကလူေတြ တစ္ခုခုျဖစ္လို႔ ငါက ကူညီႏီုင္တယ္ဆိုရင္ ကူညီေပးပါတယ္ကြ၊ မင္းနဲ႔ငါလည္း အရင္က အဖုအထစ္ေတြရွိခဲ့တယ္ဆိုေပမယ့္ မင္းကို ကိုယ့္တစ္႐ြာတည္းသားခ်င္း၊ ေဆြမ်ိဳးအရင္းလို႔ေတြးၿပီး လုပ္စရာရွိတာ လုပ္ေပးရတာ မဆန္းပါဘူးကြာ”

ဦးမွတ္ႀကိးက ေခါင္းညိတ္ရင္း မ်က္ရည္ေတြစို႔လာတယ္ဗ်။

“က်ဳပ္လူႀကီးျဖစ္ၿပီး မရင့္က်က္ခဲ့တာကို ဦးဘသာႀကီး ေဗြမယူပါနဲ႔ဗ်ာ”

ဦးဘသာက ဦးမွတ္ႀကီး လက္ကိုဆြဲရင္း

“အမွန္အတိုင္းေျပာရင္ ငါလည္းမင္းကိုၾကည့္မရခဲ့ဘူးမွတ္ႀကီး၊ ဒါေပမယ့္ မင္းအခုလို လာၿပီးရင္ဖြင့္လိုက္တဲ့ ငါ့ရင္ထဲက အစိုင္အခဲေတြလည္း ေျပေပ်ာက္သြားခဲ့ရတယ္၊ ေနာက္ၿပီးေတာ့ မင္းလည္းငါ့ကို ေဆးကုေပးေသးတယ္မဟုတ္လား၊ ငါက အရင္ကတည္းက မင္းကိုေက်းဇူးတင္ခ်င္ေနတာကြ”

“ဘာလို႔မ်ားလဲ ဦးဘသာ”

“မင္းက ငါ့ကိုႏွင္ခ်င္တယ္ဆိုၿပီး ေယာနယ္ကေန ဘုရားပ်ံဦးေအာင္ရွိန္ကိုသြားပင့္လာတယ္မဟုတ္လား၊ မင္းေက်းဇူးနဲ႔ ငါတို႔သူငယ္ခ်င္းေတြ ဒီမွာျပန္ဆုံေတြ႕ၿပီးေတာ့ သူတို႔႐ြာကိုေတာင္ သြားလည္လိုက္ႏိုင္တာ မင္းေက်းဇူးေတြေၾကာင့္ေပါ့ကြာ၊ ဟား . . . ဟား”

ဦးမွတ္ႀကီးက ဦးဘသာႀကီးကိုလက္ညႇိဳးထိုးရင္း

“ခင္ဗ်ားကေတာ့ တကယ့္လူပါပဲဗ်ာ၊ က်ဳပ္ဒီေလာက္လုပ္ထားတာေတာင္၊ က်ဳပ္ကိုေဗြမယူတဲ့အျပင္ ေက်းဇူးေတာင္တင္တယ္ဆိုပဲ”

“လူ႔ဘ၀ဆိုတာ တိုတိုကေလးပါကြ၊ ငါကေတာ့ တိုေတာင္းလွတဲ့ဘ၀မွာ အမုန္းတရားေတြနဲ႔ မရွင္သန္ခ်င္ပါဘူး၊ ဒါေၾကာင့္ ေပ်ာ္စရာရွိရင္ေပ်ာ္တယ္၊ ရယ္စရာရွိရင္ ရယ္ပစ္လိုက္တယ္ . . .တယ္”

ဦးဘသာက ေျပာရင္း မ်က္ခြံေတြေလးလာၿပီးေတာ့ ဇက္က်ိဳးက်သြားပါေရာဗ်ာ၊ ဦးမွတ္ႀကီးလည္း ထိတ္လန႔္ၿပီး ဦးဘသာႀကီးကို လႈပ္ႏႈိးေနတာနဲ႔ က်ဳပ္လည္း အခန္းထဲကအေန အျမန္ထြက္ခဲ့တာေပါ့ဗ်ာ။

“ဦးဘသာ ခင္ဗ်ား ေျပာရင္းဆိုရင္ ဘာျဖစ္သြားျပန္တာလဲ”

“ဘာမွမဟုတ္ပါဘူး၊ ဦးမွတ္ႀကီးရာ၊ ဦးဘသာႀကီးက ထိက႐ုံးေတြေသာက္ထားတယ္ေလဗ်ာ”

“ဪ . . . ဪ”

ဦးမွတ္ႀကီးလည္းေခါင္းညိတ္ၿပီးေတာ့ ဦးဘသာကို အသာလွဲသိပ္ၿပီး အိမ္ေပၚကေနဆင္းသြားတယ္၊ က်ဳပ္ကိုလည္း ေသေသခ်ာခ်ာျပဳစုေပးဖို႔ မွာသြားေသးတယ္ဗ်၊ အႏွစ္ႏွစ္အလလက မတည့္ခဲ့တဲ့ ဦးဘသာနဲ႔ ဦးမွတ္ႀကီး ျပန္လည္အဆင္ေျပသြားၿပီဆိုတာသိရေတာ့ က်ဳပ္လည္း ေပ်ာ္မိတာေပါ့ဗ်ာ။ ေနာက္ဆုံးကေတာ့ က်ဳပ္နဲ႔ ကေဝပ်ံႀကီးနဲ႔ ၿပိဳင္ပြဲပဲရွိေတာ့တာေပါ့။

(၄)

ေရမိုးခ်ိဳးၿပီးေတာ့ အေပၚက ရွပ္အက်ႌလက္ရွည္အျဖဴေရာင္ဝတ္ၿပီးေတာ့ ေအာက္က မခင္ၾကည္တို႔ေပးလိုက္တဲ့ ေယာပုဆိုးအညိဳပုပ္ေရာင္ကို ဝတ္လိုက္တယ္ဗ်၊ ၿပီးေတာ့ အေမဘုရားရွိခိုးရင္ ပုခုံးေပၚတင္တဲ့ ေယာဂီတဘက္ကိုယူၿပီးေတာ့ ေခါင္းမွာေပါင္းလိုက္တယ္၊ ညေနက ႐ြာဦးေက်ာင္းက ဆရာေတာ္မသိေအာင္ ေက်ာင္းကေနခိုးျဖဳတ္လာတဲ့ တစ္လုံးတစ္လုံး ဆီးျဖဴသီးလုံးေလာက္ရွိတဲ့ ပုတီးႀကီးကို လည္ပင္းမွာခ်ိတ္ဆြဲလိုက္ၿပီး အေဖအားရင္စိပ္ေနက် ကိုးလုံးပုတီးကို လက္ေကာက္ဝတ္မွာပတ္လိုက္တဲ့အခါ က်ဳပ္ပုံစံက အထက္လမ္းဆရာလိုလို၊ ဘိုးေတာ္လိုလိုျဖစ္သြားတာေပါ့ဗ်ာ။ က်ဳပ္ရဲ႕စတိုင္ကို အေမက ၾကည့္ရင္း

“ဟဲ့အလတ္ေကာင္၊ ညဘက္ႀကီးမွ နင္ဘာအ႐ူးထတာလဲ၊ တန္ေတာ့ ဦးဘသာက စုန္းႀကီးမို႔လို႔ နင့္ကိုယ္နင္ကာကြယ္တဲ့အေနနဲ႔ ပုတီးေတြဘာေတြ ပတ္ေနတာလား”

“ေနစမ္းပါအေမရာ၊ အေမမသိပါဘူး”

က်ဳပ္အိမ္ေပၚကဆင္းခဲ့ေတာ့ ညခုနစ္နာရီထိုးၿပီးၿပီဗ်၊ ႐ြာထိပ္ကိုသြားရင္း ဦးတ႐ုတ္ႀကီးဆိုင္ကိုဝင္လိုက္ေတာ့ ဆိုင္ထဲကလူေတြက က်ဳပ္ကိုတအံ့တဩနဲ႔ၾကည့္တယ္၊ က်ဳပ္လည္း ကေဝပ်ံနဲ႔ၿပိဳင္ရမွာဆိုေတာ့ ရဲေဆးတင္တဲ့အေနနဲ႔ ႏွစ္ပက္၊ သုံးပက္ေလာက္ေတာ့ ဝင္ကစ္လိုက္ေသးသဗ်ာ၊ ဦးတ႐ုတ္ႀကီးက က်ဳပ္ကိုၾကည့္ရင္း

“အလတ္ေကာင္၊ မင္းပုံက ပုတီးသမားလိုလို၊ ဘိုးေတာ္လိုလိုနဲ႔ ၿပီးေတာ့ ငါ့ဆိုင္မွာ အရက္လာခ်ေနတာ၊ မင္းအေဖသိရင္ ငါ့ကိုလုပ္ေနပါအုံးမယ္”

သူက အတင္းႏွင္ထုတ္တာနဲ႔ က်ဳပ္လည္း ႐ြာထိပ္ကိုထြက္လာခဲ့တာေပါ့ဗ်ာ၊ ႐ြာေတာ္ရွင္နန္းမွာ ဆီမီးကေလးေတြ လင္းေနတယ္ဗ်၊ အေမၫႊန႔္ဆိုတဲ့အဘြားႀကီးက ႐ြာေတာ္ရွင္နဲ႔ ေဆြမ်ိဳးေတာ္သလားေတာ့မသိပါဘူး၊ ညညဆို ဆီအကုန္ခံၿပီးေတာ့ ႐ြာေတာ္ရွင္နန္းမွာ ဆီမီးလာထြန္းေနၾကဗ်၊ က်ဳပ္လည္း သူဆီမီးထြန္းေနတာကို အေနာက္ကေနရပ္ၾကည့္ေနတာေပါ့၊ ဘြားေတာ္က ဆီမီးထြန္းၿပီးျပန္အလွည့္ က်ဳပ္ကိုေတြ႕ေတာ့ အေတာ္လန႔္သြားပုံရတယ္၊ က်ဳပ္ကိုျပဴးၿပဲၾကည့္ၿပီးေတာ့

“ေအာင္မယ္ေလး၊ ႐ြာေတာ္ရွင္နတ္မင္းႀကီး”

လို႔ေအာ္ၿပီးေတာ့ ေျမႀကီးမွာထိုင္ၿပီး ဦးေတြကုန္းခ်ေတာ့တာပဲဗ်ာ၊ ဘြားေတာ္က မျမင္မစမ္းနဲ႔ က်ဳပ္ကို ႐ြာေတာ္ရွင္မ်ား ထင္သြားတာလားမသိပါဘူး၊ က်ဳပ္လည္း ရွင္းမျပခ်င္ေတာ့တာနဲ႔ ႐ြာေတာ္ရွင္နတ္နန္းအေနာက္က ခ်ဳံထဲကိုေျပးဝင္လိုက္ေတာ့မွ ဘြားေတာ္က ေခါင္းျပန္ေထာင္လာၿပီးေတာ့ ႐ြာထဲကို သုတ္ေျခတင္ၿပီး ထြက္သြားတာပဲဗ်ာ။

ညကိုးနာရီေလာက္ေရာက္ေတာ့ ဇရပ္ဘက္ကေန လူတစ္ေယာက္ လမ္းေလွ်ာက္လာတာျမင္လိုက္ရတယ္ဗ်၊ က်ဳပ္လည္း ခ်ဳံထဲကေနထြက္ၿပီးေတာ့ ႐ြာေတာ္ရွင္ နန္းအေရွ႕နားမွာ လက္ပိုက္ရင္း မိန႔္မိန႔္ႀကီးရပ္ေနတာေပါ့၊ ထင္တဲ့အတိုင္းပါပဲဗ်ာ၊ စ႑ာလဦးေလးႀကီး ေပါ့ဗ်ာ၊ က်ဳပ္အေရွ႕ ေျခဆယ္လွမ္းေလာက္အကြာမွာ မတ္တပ္ရပ္လိုက္ၿပီးေတာ့

“ဘယ္မလဲ အဘိုးႀကီး”

“ခင္ဗ်ားေလာက္ကို သူ႔အဆင့္နဲ႔မယွဥ္ခ်င္လို႔ သူ႔တပည့္က်ဳပ္ကိုလႊတ္လိုက္တာပဲ”

က်ဳပ္ေျပာလိုက္ေတာ့ စ႑ာလဦးေလးႀကီးက အေတာ္ေဒါသထြက္သြားတာဗ်။

“ေအးပါ၊ မင္းကိုေရာ၊ မင္းရဲ႕ဆရာ အဘိုးႀကီးကိုပါ ငါအႏိုင္ယူျပမယ္ကြ၊ ဒီပြဲမွာ မင္းရႈံးတာနဲ႔ မင္းဆရာအဘိုးႀကီးပါ ငါ့ကိုရႈံးၿပီ”

“လုပ္စမ္းပါဗ်ာ၊ ခင္ဗ်ားေလာက္ေတာ့ က်ဳပ္ကပ်င္းေတာင္ပ်င္းေသးတယ္”

က်ဳပ္က ဟန္ကိုယ့္ဖို႔သာေျပာေနေပမယ့္ စိတ္ထဲမွာ အရမ္းေၾကာက္ေနၿပီဗ်၊ လက္ဖ်ားေတြေတာင္ တုန္ေနလို႔ လက္ပိုက္လိုက္ရတယ္။ စ႑ာလဦးေလးႀကီးက မ်က္လုံးေတြက အေရာင္ေတြလက္လာတာဗ်။

“ေဟ့ေကာင္၊ မင္းအရင္စမလား၊ ငါအရင္စရမလား”

“ခင္ဗ်ားက အရင္စိန္ေခၚတာပဲ၊ ခင္ဗ်ားအရင္စေပါ့”

က်ဳပ္လည္း ေျပာမိေျပာရာသာေျပာလိုက္တာ ပါးစပ္က ဘာထြက္သြားမွန္းကိုမသိဘူးဗ်ာ၊ စိတ္ထဲမွာေတာ့ ဘုရားပဲတေနရေတာ့တယ္၊ က်ဳပ္က ပညာဆိုလို႔ ဘုန္းႀကီးေက်ာင္းေတာင္ ေက်ာင္းထြက္လိုက္ရတဲ့လူမဟုတ္လားဗ်ာ၊ စုန္းပညာဆို ေဝလာေဝးေပါ့။

စ႑ာလဦးေလးႀကီးက လက္တစ္ဖက္ကိုမိုးေပၚေျမႇာက္လိုက္တယ္ဗ်၊ ဒီအခ်ိန္မွာပဲ

“ဘြတ္ . . . . ဂြီး . . .”

စ႑ာလဦးေလးႀကီး မ်က္ႏွာပ်က္သြားတယ္ဗ်၊ ဒါနဲ႔ပဲ ဟိုၾကည့္ဒီၾကည့္ ၾကည့္ရင္း

“ခဏေနအုံး၊ မင္းနဲ႔ငါနဲ႔ေတြ႕မယ္”

အဲဒီလိုႀကိမ္းဝါးၿပီးေတာ့ လမ္းေဘးက ခ်ဳံထဲကိုဝင္သြားတာပဲဗ်ာ၊ ၿခံထဲဝင္ၿပီးေတာ့ ဘာလုပ္တယ္မွတ္လဲ၊ ခ်ီးသြားပါတာဗ်၊ ငါးမိနစ္ေလာက္ၾကာမွ ခ်ဳံထဲကေနျပန္ထြက္ခဲ့တယ္။ က်ဳပ္အေရွ႕မွာရပ္လိုက္ၿပီးေတာ့ လက္ႏွစ္ဖက္ကို စုလိုက္တယ္ဆိုရင္ပဲ လက္ဝါးေတြက မီးေတာက္ေတြထြက္လာတယ္။

“ဂြီး . . . ဘြတ္ . . ဘြတ္”

စ႑ာလဦးေလးႀကီးက လက္ဝါးက မီးေတြကိုျပန္သိမ္းၿပီးေတာ့ ခ်ဳံထဲကိုေျပးဝင္ျပန္ပါေရာ၊ ငါးမိနစ္ေလာက္ၾကာေတာ့ ပုဆိုးကိုျပင္ဝတ္ရင္း ျပန္ထြက္လာတယ္ဗ်။ ဒီတစ္ခါေတာ့ ေျခေထာက္ကိုေျမမွာေဆာင့္ဖို႔လုပ္ရင္း ေျခေထာက္တစ္ဖက္ကို ဟန္ပါပါနဲ႔ေျမႇာက္လိုက္တယ္။

“ဘလြတ္ . . . တြတ္ . . တြတ္”

က်ဳပ္ကိုေတာင္ဘာမွမေျပာေတာ့ဘဲ တစ္ခါတည္း ခ်ဳံထဲကို ခုန္ဝင္သြားတာပဲဗ်ာ။ ဆယ္မိနစ္ေလာက္ၾကာေတာ့မွ ခ်ဳံထဲကေနျပန္ထြက္လာတယ္ဗ်၊ နဖူးမွာလည္းေခြၽးေတြျပန္လို႔ဗ်၊ ပုဆိုးမႏိုင္ပုဝါမႏိုင္နဲ႔ျဖစ္ေနၿပီ၊ ေျခေထာက္ေတြကလည္း ေခြေနၿပီေပါ့။ ေနာက္ေတာ့ က်ဳပ္ေရွ႕မွာမတ္တပ္ရပ္ရင္း ဘလြတ္ဆိုတဲ့ အသံႀကီးနဲ႔အတူတူ ပုဆိုးေအာက္ကေန အေရေတြစီးက်လာေတာ့တာပဲဗ်ာ။

“ဟာထြက္က်ကုန္ၿပီ”

က်ဳပ္လည္း ႏွာေခါင္းပိတ္ရင္း

“ေဟ့လူ၊ နံလိုက္တာဗ်ာ”

စ႑ာလဦးေလးႀကီး ခ်ဳံထဲျပန္ခုန္ဝင္သြားတယ္ဗ်၊ ဒီတစ္ခါေတာ့ နည္းနည္းၾကာတယ္၊ ဆယ့္ငါးမိနစ္ေလာက္ရွိေတာ့မွ ခ်ဳံပုတ္ထဲကေန ေလးဖက္ေထာက္ၿပီးျပန္ထြက္လာတယ္၊ က်ဳပ္လည္း က်ဳပ္ေစာင့္ေနတဲ့အခ်ိန္ေရာက္ၿပီေလဗ်ာ။

“ကဲ၊ ခင္ဗ်ားအလွည့္ၿပီးၿပီ၊ အခုက်ဳပ္အလွည့္၊ ဟဲ့ ငျဖဴ၊ ငနက္ ထြက္ခဲ့ၾကစမ္း၊ ဒီေကာင္ႀကီးကို ဆုံးမလိုက္ၾက”

က်ဳပ္ေအာ္လိုက္တဲ့အခ်ိန္မွာပဲ ႐ြာထဲကေန တစ္ကိုယ္လုံးျဖဴဆြတ္ေနတဲ့ ဘီလူးႀကီးတစ္ေကာင္ရယ္၊ တစ္ကိုယ္လုံးမည္းနက္ေနတဲ့ ဘီလူးႀကီးတစ္ေကာင္ရယ္ေျပးထြက္လာတၾကတယ္၊ လက္ထဲမွာလည္း ရဲဒင္းေတြကိုယ္စီကိုင္လို႔ဗ်၊ ဒီဘီလူးႀကီးေတြျမင္ေတာ့ ဝမ္းေလ်ာၿပီး ေျမာ့ေျမာ့ပဲက်န္တဲ့ စ႑လဦးေလးႀကီးမွာ တစ္ခ်ိဳးတည္းထၿပီး ေျပးေတာ့တာပဲဗ်ာ၊ ဘီလူးႀကီးေတြကလည္း ေျပးလိုက္ၾကရင္း နည္းနည္းလွမ္းသြားေတာ့ အသံနက္ႀကီးနဲ႔ ေအာ္ရယ္ၾကတယ္။

“ဟား၊ ဟား ႏိုင္ၿပီ၊ ကေဝပ်ံကို က်ဳပ္ႏိုင္ၿပီ”

က်ဳပ္ဘယ္လိုႏိုင္သလဲဆိုတာ ခင္ဗ်ားတို႔သိခ်င္ၾကတယ္မဟုတ္လား၊ က်ဳပ္လည္း ဘာပညာမွ မသုံးလိုက္ရပါဘူးဗ်ာ။ ေဆးဆရာဦးမွတ္ႀကီးဆီ ေဆးသြားယူရင္း ဝမ္းႏႈတ္ေဆးပုလင္းႀကီးေတြ႕ေတာ့ က်ဳပ္လည္း ဦးဘသာေျပာတာကို ျပန္သတိရသြားတယ္၊ စုန္းကလည္း အေသြးနဲ႔အသားနဲ႔ တည္ေဆာက္ထားတာပဲမဟုတ္လား ဆိုတာေပါ့ဗ်ာ၊ ဒါနဲ႔ အကိုႀကီးအတြက္ဆိုၿပီး ဝမ္းႏႈတ္ေဆးေတြ ယူခဲ့တယ္ေလဗ်ာ။

ဟန္က်ပုံမ်ားကေတာ့ အိမ္ေရာက္ေတာ့ ၾကက္ကလီစာကို မဆလာႏိုင္ႏိုင္နဲ႔အုပ္ထားသတဲ့၊ ဒါနဲ႔ အနံ႔ျပင္းတဲ့ ဝမ္းႏႈတ္ေဆးေတြကို ၾကက္ကလီဟင္းေမႊးေမႊးနဲ႔ေရာလိုက္ေတာ့ သူတို႔မသိႏိုင္ေတာ့ဘူးမဟုတ္လား၊ ထမင္းေတြကို က်ဳပ္စားမယ္လို႔ အေမ့ကိုေျပာ လိမ္ယူၿပီးေတာ့ ႏြားေက်ာင္းသားေလးတစ္ေယာက္ကို ဇရပ္ကိုသြားပို႔ခိုင္းတာေပါ့ဗ်ာ၊ သူတို႔လည္း သူတို႔ပညာနဲ႔ အစားအေသာက္ကို စစ္ခ်င္စစ္မွာေပါ့၊ ဒါေပမယ့္ မဆလာနဲ႔ေရာေနတဲ့ ဝမ္းႏုတ္ေဆးကိုေတာ့ ဘယ္စစ္ႏိုင္ပါ့မလဲ၊ ဟင္းေကာင္းထမင္း ေကာင္းနဲ႔ဆိုေတာ့ တ၀တၿပဲစားၾကမယ္မဟုတ္လား။ ဒီေတာ့ ညေနေရာက္တဲ့အခါ ဦးမွတ္ႀကီးရဲ႕ ဝမ္းႏုတ္ေဆးက အစြမ္းျပၿပီေလဗ်ာ။ က်ဳပ္အႀကံမပိုင္ဘူးလား။

ငျဖဴ၊ ငနက္ ဘီလူးႀကီးႏွစ္ေကာင္က ရဲဒင္းႀကီးထမ္းၿပီး က်ဳပ္ဆီကိုလာခဲ့ၾကတယ္၊ တကယ္ေတာ့ အဲဒီႏွစ္ေယာက္ကလည္း ဘီလူးႀကီးမဟုတ္ဘူးဗ်၊ ႐ြာထဲက သန္သန္မာမာထြားထြားက်ိဳင္းက်ိဳင္း ဦးတုတ္ႀကီးနဲ႔ ကိုဗလႀကီးတို႔ကို တစ္ေယာက္ကို ႏွစ္ရာေပးမယ္လို႔ေျပာၿပီး ေခါင္းတုံးေျပာင္ေအာင္တုံး၊ တစ္ေယာက္ကို ဘုန္းႀကီးေက်ာင္းက မိုးၿပဲဒယ္ဖင္က အိုးမဲေတြလူး၊ ေနာက္တစ္ေယာက္ကိုေတာ့ ထုံးေတြနဲ႔ပြတ္ၿပီးေတာ့ ရဲဒင္းနဲ႔ဘီလူးဟန္ေဆာင္ၿပီး လိုက္ခိုင္းတာပဲဗ်ာ၊ က်ဳပ္ရဲ႕ လုပ္ဘီလူးေတြကိုေတြ႕ေတာ့ ကေဝပ်ံေတာင္ မခံႏိုင္လို႔ ေၾကာက္ၿပီးေျပးၾကတယ္မဟုတ္လား။

လုပ္ဘီလူးႀကီးႏွစ္ေကာင္က က်ဳပ္ေရွ႕မွာလက္ျဖန႔္တယ္။

“အလတ္ေကာင္၊ မင္းေျပာတဲ့ႏွစ္ရာကိုငါတို႔အခုလိုခ်င္တယ္”

က်ဳပ္လည္း အက်ႌအိတ္ကပ္ေတြကို စမ္းလိုက္ေတာ့ ႏွစ္ရာမေျပာနဲ႔ မတ္ေစ့တစ္ေစ့ေတာင္မရွိပါဘူးဗ်ာ၊ ဒါနဲ႔ က်ဳပ္လည္း သြားၿဖဲလိုက္ၿပီး

“ဟီး . . .ဟီး၊ အခုေတာ့ မရွိေသးဘူးဗ်ာ၊ အေႂကြး . . . အေႂကြးမွတ္ထားေပါ့”

ဘီလူးႀကီးေတြက က်ဳပ္ကိုေဒါသမ်က္လုံးေတြနဲ႔ၾကည့္ၾကတယ္။

“မင္းအတြက္နဲ႔ငါတို႔မွာ ေခါင္းတုံးလည္းတုံးရ၊ တစ္ကိုယ္လုံးလည္းေပက်ံရနဲ႔၊ အခုေတာ့ အေႂကြးတဲ့လား၊ ေအး . . . ငါတို႔ကလည္း အေႂကြးေတာ့မယူဘူး၊မင္းကိုပဲ ဝိုင္းသမမယ္ . . . လာခဲ့”

သူတို႔ေျပာတဲ့အခ်ိန္မွာပဲ က်ဳပ္လည္း ဖိနပ္ႏွစ္ဖက္ကိုခြၽတ္၊ လက္မွာကိုင္ၿပီးေတာ့ ႐ြာထဲကိုထြက္ေျပးတာေပါ့ဗ်ာ၊ က်ဳပ္ဖန္တီးထားတဲ့ လုပ္ဘီလူးႀကီးႏွစ္ေကာင္က က်ဳပ္အေနာက္ကို ျပန္လိုက္ၾကပါေရာဗ်ိဳ႕။

ၿပီးပါၿပီ။

#အဂၢေဇာ္ #ဦးဘသာ #စုန္း #သရဲ