Unicode Version
“စုန်းထီးကြီး ဦးဘသာနှင့် ပယောဂမဟုတ်သောပယောဂ”(စ/ဆုံး)
——————————————————————————–
အတွဲ(၃) စာစဉ်(၇)
⛔(ထမင်းစားတုန်း မဖတ်ရ)⛔
(၁)
ကျုပ်တို့နယ်မှာ ဆိုရိုးစကားတစ်ခုရှိတယ်ဗျ၊ “တောသားချေးကြောက်၊ မြို့သား ရွံ့ကြောက်” တဲ့ဗျ၊ ဒီစာဆိုကို ရုတ်တရက်ဖတ်လိုက်ရင်တော့ ဘာကိုဆိုလိုမှန်းသိမှာမဟုတ်ဘူးဗျ၊ မြို့သားတွေက တောကိုလာရင် ရွံ့တွေဗွက်တွေထဲဆင်းရမှာကြောက်တယ်၊ ဖိနပ်မှာ ရွံ့ဗွက်တွေပေရင် မနေတတ်ဘဲ ဆေးချလေ့ရှိလို့ မြို့သားရွံ့ကြောက်လို့ ခေါ်တာပေါ့ဗျာ၊ ဒါက မဆန်းပါဘူး။
တောသားချေးကြောက်ဆိုတာကတော့ တခြားအရပ်မှာတော့ ဟုတ်မဟုတ်မသိပေမယ့် ကျုပ်တို့အရပ်မှာတော့ သိပ်ဟုတ်သဗျ၊ တောသားတွေက ချေးပါပြီးရင် လက်နဲ့ထိမှာကို တအားရွံတာပေါ့ဗျာ၊ ဒါကြောင့် ကိစ္စ ပြီးရင် လက်နဲ့မရှင်းဘဲ ချေးကုန်းတဲ့တုတ်နဲ့ရှင်းတယ်၊ ဒါမှ မဟုတ် စာရွက်နဲ့သုံးပြီး ဖြေရှင်းကြတယ်ပေါ့ဗျာ။
အဲဒီခေတ်တုန်းက ကျုပ်တို့ရွာမှာ အိမ်တိုင်း အိမ်သာမဆောက်ကြဘူး၊ ရှိတဲ့အိမ်သာကလည်း ဒီအတိုင်း ကျင်းတူးပြီးတော့ သစ်သားတန်းခံထားတဲ့ အိမ်သာတွေချည်းပါပဲ၊ ရေလောင်းအိမ်သာဆိုတာ ပေါ်လည်းမပေါ်သေးသလို အိမ်သာတက်ရင် ရေကိုလည်းမသုံးကြဘူး။ ကျုပ်တို့အိမ်မှာတောင်မှ သူကြီးအိမ်မို့ ဧည့်သည်ဆောင်သည်လာတတ်လို့ အိမ်သာတစ်လုံးအဖြစ်ဆောက်ထားပေမယ့် ဘယ်သူမှ မသုံးကြပါဘူးဗျာ၊ ကိစ္စဖြစ်လာရင် ခြံနောက်ဘက်ကိုအမြန်ပြေး လမ်းမှာတွေ့တဲ့တုတ်တစ်ချောင်းနှစ်ချောင်းကောက်ပြီးတော့ အိမ်နောက်ဖေးမှာ တောထအောင်ပေါက်နေတဲ့ ချုံထဲဆင်းပြီးတော့ ကိစ္စရှင်းလိုက်ရတာမဟုတ်လား။ ကိစ္စပြီးရင်တော့ ချေးကိုလက်နဲ့ထိမှာစိုးလို့ အဲဒီတုတ်ကလေးနဲ့ ကလော်ချပြီးတော့ တုတ်ကို ပုံပုံမှာ ထိုးစိုက်လိုက်ကြသေးတယ်၊ ပြီးတော့ ပုဆိုးပြင်ဝတ်ပြီး ပုဆိုးခါးပုံစနဲ့လက်သုတ်လိုက်ရင် အင်အင်းပါတဲ့ကိစ္စက ပြီးပြီပေါ့ဗျာ။ ယောက်ျားမိန်းမ၊ ကြီးကြီးငယ်ငယ်၊ ပျိုပျိုအိုအို အဲဒီလိုပဲသွားကြတာဗျ၊ ပြီးရင် အဲဒီပုံပုံတွေကို အပြတ်ရှင်းမယ့်ကောင်တွေက အဆင်သင့်ပဲမဟုတ်လား။ ဘယ်သူရှိရမှာလည်းဗျာ၊ ရွာထဲမှာ မွေးချင်တိုင်းမွေး၊ ပေါက်ချင်တိုင်းပေါက်နေကြတဲ့ ခွေးလေခွေးလွင့်တွေပေါ့ဗျ။
ကျုပ်ကြားဖူးတာကတော့ တောင်သာတို့၊ မြစ်သားတို့ဘက်ဆိုရင် အရင်က ရွာထဲအိမ်သာမဆောက်ရဆိုပြီးတော့ကို အမိန့်ထုတ်ထားကြတာဗျ၊ ဘာလို့လဲဆိုရင် ခုနကပြောသလို ချေးကြောက်လို့ပဲလေ၊ အိမ်သာရှိရင် ယင်အုံတယ်၊ အဲဒီယင်တွေက အစားအသောက်တွေကို ကပ်ရင် ရောဂါရတယ်ဆိုပြီး အိမ်သာကိုမဆောက်ခိုင်းဘူးတဲ့၊ အားလုံးက တောစပ်သွားပြီးတော့ ကိစ္စရှင်းရတယ်ဆိုပဲဗျ၊ ခုခေတ်တော့ အတော်ပြောင်းလဲသွားပြီပေါ့ဗျာ၊ အိမ်တိုင်းအိမ်တိုင်းမှာ အိမ်သာတွေရှိကြတယ်၊ ဘိုထိုင်တွေ၊ ကြွေခွက်တွေနဲ့ ဖြစ်ကုန်ပြီလေ၊ အိမ်သာကလည်း ဆားဗစ်ကျင်းတွေဆိုတော့ အရင်က ပက်လက်အိမ်သာလို အနံ့တွေဘာတွေ မထွက်တော့ဘူးမဟုတ်လား၊
(၂)
အိမ်သာတက်တဲ့အခါ သုံးတဲ့တုတ်ကို ခနောင်းတံ၊ ခနောင်းတုတ်လို့ခေါ်တယ်ဗျ၊ ခနောင်းဆိုတဲ့သစ်သားနဲ့လုပ်ထားတာကိုပြောတာမဟုတ်ဘူး၊ အဲဒီ ချေးကုန်းတံအတံကိုခေါ်တာပါ၊ “လူကြံရင် ထရံတောင်ခနောင်းတုတ်ဖြစ်တယ်” ဆိုတဲ့ စကားပုံတောင်ရှိသေးတယ်မဟုတ်လား၊ အဲဒီစကားပုံက အဟုတ်ဗျို့၊ ပြောပြရအုံးမယ်။
ကျုပ်တို့အိမ်နဲ့ အိမ်သာနဲ့က အတော်လှမ်းတယ်၊ ပေနှစ်ရာနီးပါးလောက်ရှိမယ်ထင်တယ်၊ အဲဒီအိမ်သာနဲ့ ကျုပ်တို့ ကိစ္စ ရှင်းတဲ့ ချုံနဲ့ကလည်း ပေတစ်ရာလောက်ဝေးသေးတယ်ဗျ၊ ဒီတော့ အဲဒီချုံဘက်က အနံ့အသက်တွေက အိမ်ကိုပြန်လာဖို့မလွယ်ဘူး၊ လေသင့်မှသာ တစ်ချက်တစ်ချက် မွှေးတတ်တာ၊ သာမန်အပေါ့သွားဘာညာကတော့ မိန်းကလေးတွေဆိုရင် အိမ်နောက်ဖေးက ရေချိုးတဲ့နားမှာ ထိုင်ရှင်းလိုက်တာပဲ၊ ယောက်ျားလေးတွေဆိုရင်လည်း အိမ်နောက်ဝါးရုံအောက်နားမှာပဲ ရှင်းလိုက်ကြတာများတယ်ဗျ။
ဗိုက်ဆိုတာကလည်း အချိန်ပြည့်နာတာမဟုတ်ဘူးလေ၊ ကိစ္စက ထိပ်ဝရောက်လာမှသာ နာတတ်ကြတာမဟုတ်လား၊ တစ်ခါတစ်လေ အလုပ်နဲ့လက်နဲ့မပြတ်ရင် အောင့်ထားလိုက်ကြသေးတယ်၊ မထိန်းနိုင်တော့ဘူးဆိုမှ အိမ်နောက်ဖေးကိုပြေးကြတာမဟုတ်လားဗျာ။ ကျုပ်တို့လည်းဒီအတိုင်းပေါ့၊ မအောင့်နိုင်တော့ အိမ်နောက်ကိုပြေးခဲ့တာပေါ့ဗျာ။
ကိစ္စက နီးနေပါပြီဆိုမှ အရေးထဲ ခနောင်းတံက ရှာနေရသေးတယ်၊ လမ်းသွားရင်းနဲ့ ဘယ်တုတ်ကို ခနောင်းလုပ်ရပါ့မလဲဆိုပြီး ကြည့်သွားတာ၊ ဖြစ်ချင်တော့ အမေတို့က တံမြက်စည်းလှဲထားတော့ ဘာတုတ်တစ်ချောင်းမှကိုမတွေ့ဘူးဗျာ၊ ဒါနဲ့အိမ်သာအနားကိုရောက်လာတာပေါ့၊ အိမ်သာထရံကိုကြည့်လိုက်တော့ အဖေက ထုံးနဲ့ရေးထားတဲ့ လက်ရေးဝိုင်းဝိုင်းကိုတွေ့လိုက်ရတယ်။
“အိမ်သာထရံမချိုးရ”
ကျုပ်လည်း ကိစ္စက ထွက်တော့မယ်ဆိုတော့ အကိုကြီးပြောတဲ့နည်းလမ်းကို သွားသတိရတယ်။
“အလတ်ကောင်ရ၊ ခနောင်းရှာမရရင် အိမ်သာထရံသာချိုးကွ”
“ဟာ၊ ဖြစ်ပါ့မလားအကိုကြီးကလည်း၊ အဖေက ထရံမချိုးရလို့ရေးထားတယ်မဟုတ်လား”
“မင်းတော်တော်တုံးတဲ့ကောင်ပဲကွ၊ ငါပြောမယ်၊ ထရံကို မြင်သာတဲ့နေရာကမချိုးနဲ့ကွာ၊ ထရံအောက်နားက တိုင်နဲ့အုပ်နေတဲ့နေရာတို့၊ ထရံအထက်နားက ခေါင်မိုးနဲ့ကပ်နေတဲ့နေရာတို့ကနေ ချိုးကွ၊ တခြားနေရာက ချိုးရင် အဖေမြင်လိမ့်မယ်”
ကျုပ်လည်း အဲဒီစကားကို ပြန်သတိရလိုက်ပြီးတော့ ထရံနဲ့သစ်သားတိုင်နဲ့တွဲထားတဲ့ ထရံအောက်နားကို လက်နဲ့စမ်းလိုက်တယ်၊ အံမယ်၊ အကိုကြီးက တော်တော်ချိုးထားတဲ့ပုံပဲ၊ ထရံစတွေ သိပ်မရှိတော့ဘူးဗျ၊ ကျုပ်လည်း ဒါနဲ့ ထရံအပေါ်က ခေါင်မိုးနဲ့ကပ်နေတဲ့ ထရံစကို ချိုးတာပေါ့ဗျာ၊ လေးလက်မလောက် ထရံစရတယ်ဆိုရင်ပဲ ချုံတောထဲကို အမြန်ပြေးဝင်ခဲ့တာပဲ၊ ကိုယ့်ကိုယ်ကိုယ်လည်း ငါတော်တော်လည်တာပါလားဆိုပြီး ကျေနပ်နေမိတာပေါ့ဗျာ။
ဒီလိုနဲ့ နောက်ပိုင်း အိမ်သာသွားလို့ ခနောင်းအလွယ်တကူရှာမတွေ့ရင် ထရံစပဲ ချိုးတော့တာ၊ ကိုယ်တစ်ယောက်တည်းချိုးနေတာဆိုတော့ ဒီထရံအကြီးကြီးက ဘယ်လိုလုပ်ပြီး ကုန်မှာလည်းဗျာ။
ဒီလိုနဲ့ တစ်လလောက်ကြာတော့ ရွာကို မြိုင်သာကကောင်စီလူကြီးတွေရောက်လာကြတယ်၊ ရွာမှာ အလှူလုပ်လို့ လာစားသောက်ကြတာပေါ့ဗျာ၊ ပြီးတော့ အိမ်ကိုဝင်ပြီး အဖေနဲ့စကားစမြည်ပြောတာပေါ့၊ ကျုပ်တို့ကလည်း နေ့လည်စာချက်ကျွေးတာပေါ့ဗျာ။
ကောင်စီလူကြီး ကတော်က မကြူလို့ခေါ်တယ်ဗျ။ ကောင်စီလူကြီးနာမည်က ဦးသောင်းတန်တဲ့ဗျ။၊ အဲဒီမကြူက ငယ်ငယ်ချောချောပဲဗျ၊ သိပ်လည်းရှက်တတ်တာ၊ လူတွေရှေ့မှာတောင်မှ အစားမစားဘူးဗျာ၊ ရေတွေဘာတွေသောက်ရင်လည်း တစ်ဖက်လှည့်သောက်တာ၊ အမြဲတမ်း ခေါင်းတငုံ့ငုံ့နဲ့ပေါ့ဗျာ၊ အင်းလေ၊ ခင်ဗျားတို့လည်း ဒီလိုသိပ်ရှက်တတ်တဲ့လူတွေနဲ့ ကြုံရင်ကြုံဖူးကြမှာပါ။
မကြူက အသက်သုံးဆယ်လောက်ပဲရှိအုံးမယ်၊ အရွယ်ကောင်းလေးပေါ့ဗျာ၊ အသားခပ်လတ်လတ်နဲ့ အဆိုတော် နီနီဝင်းရွှေနဲ့တောင် ဆင်သေးတယ်၊ ကောင်စီလူကြီးကတော့ အသက်ခြောက်ဆယ်ကျော်ပေါ့၊ ဒီတော့ အဘိုးကြီးက ကောင်မလေးငယ်ငယ်ရထားတယ်ဆိုပြီး သူ့မိန်းမတော်ကြောင်းချောကြောင်းတွေ လွှတ်ကြွားတာပေါ့ဗျာ၊ သူက ကြွားလေလေ၊ သူ့မိန်းမက ရှက်လို့ ခေါင်းမဖော်နိုင်လေပဲ။
နေ့ခင်းထမင်းစားပြီးတော့ မကြူမျက်နှာပျက်သွားတယ်၊ နောက်တော့ သူ့ယောက်ျားကိုလက်ကုပ်ပြီးတော့ တိုးတိုးကပ်ပြောတယ်ဗျ၊ ဒီမျက်နှာကိုကြည့်လိုက်ကတည်းက ဗိုက်နာပြီး အိမ်သာတက်ချင်မှန်း ကျုပ်တို့သိလိုက်ပါပြီ၊ ထင်တဲ့အတိုင်းပဲ ဦးသောင်းတန်က အဖေ့ကိုကြည့်ပြီး
“ခင်ဗျားတို့အိမ်မှာ အိမ်သာရှိရဲ့လား”
“ရှိပါ့ဗျာ”
“လုံရော လုံရဲ့လား”
“လုံပါတယ်၊ ဧည့်သည်ဆောင်သည်လာတတ်လို့ သေသေချာချာဆောက်ထားတာပါ”
ဒါနဲ့ ဦးသောင်းတန်နဲ့ မကြူတို့ အိမ်သာကိုလာကြည့်တယ်၊ အိမ်သာက သပ်သပ်ရပ်ရပ်လုံလုံခြုံခြုံမို့ မကြူက အိမ်သာတက်တောပေါ့ဗျာ၊ ခနောင်းနဲ့မသုံးတတ်ဘူးဆိုလို့၊ စာရွက်ရှာပေးရသေးတယ်၊ မကြူအိမ်သာပေါ်အတက်မှာ အိမ်သာတံခါး ကျည်းဘောင်မှာ မြွေစိမ်းတစ်ကောင် တွဲလောင်းခိုနေတယ်ဗျ။
“အောင်မယ်လေး၊ မြွေကြီး . . . မြွေကြီး”
သူ့ယောက်ျားကိုသူ ပြေးဖက်တာပေါ့၊ ကျုပ်လည်း အဲဒီမြွေကလေးကို အမြီးကနေဆွဲပြီးတော့ ဟိုးဝါးရုံစပ်ထဲကို ပစ်ထည့်လိုက်တာပဲဗျာ၊ မြွေဆိုတာ ကျုပ်တို့ဘက်မှာတော့ သိပ်အဆန်းမဟုတ်ပါဘူး၊ ဒါပေမယ့် မကြူကတော့ တော်တော်ကြောက်နေတာဗျ။ ဒါနဲ့ အဖေက ကျုပ်တို့ဘက်ကိုလှည့်ကြည့်ပြီး
“သားကြီးနဲ့သားလတ်၊ အိမ်သာအနီးအပါးကို နည်းနည်းခြောက်လှန့်ပေးလိုက်ပါကွာ၊ အကောင်တွေ ဘာတွေရှိရင် ပြေးအောင်လို့”
ကျုပ်တို့လည်း ခြောက်လှန့်ပေးလိုက်တာပေါ့၊ ကောင်စီလူကြီးကတော် အော်သံကြားတော့ အိမ်ရှေ့က တခြားလူကြီးတွေလည်းပြေးလာတာပေါ့ဗျာ။ မကြူလည်း ရှက်ရှက်နဲ့ အိမ်သာထဲပြေးဝင်သွားတော့တယ်၊ ကျုပ်တို့လည်း အိမ်သာအနားက ချုံပင်၊ မြက်ပင်တွေကို ဝါးလုံးပိုင်းတစ်ခုနဲ့ ခြောက်လှန့်ရိုက်ထုတ်နေရင်း ဖြစ်ချင်တော့ ဝါးလုံးပိုင်းက အိမ်သာဘေးဘက်ထရံကိုသွားရိုက်မိတယ်ဗျ။
“ဂျွတ် . . . ဝုန်း” ဆိုတဲ့အသံကြီးနဲ့အတူ အိမ်သာဘေးဘက်ထရံကြီးက အချပ်လိုက်ကြီး ကွာကျသွားပါရောဗျာ၊ အားလုံးကလည်း အံ့ဩပြီးဝိုင်းကြည့်ကြတာပေါ့၊ အရမ်းရှက်တတ်တဲ့ မကြူတစ်ယောက် အိမ်သာထရံကြီးပွင့်ထွက်ပြီး ထမီကြီးမလို့ ဖင်ပြောင်ကြီးနဲ့ထိုင်နေတာကို ရွာကလူကြီးတွေရော ကောင်စီအဖွဲ့ဝင်လူကြီးတွေပါ တွေ့သွားတာပေါ့ဗျာ။
ကျုပ်လည်း ဘာလုပ်ရမှန်းကိုမသိတော့တာဗျ၊ အဲဒီထရံကြီးက ဘယ်သူ့လက်ချက်ဖြစ်မလဲဗျာ၊ အကိုကြီးနဲ့ ကျုပ်ရဲ့လက်ချက်ပေါ့၊ ထရံထိပ်နဲ့အောက်စကို ချိုးချိုးပြီးသုံးထားတော့ ထရံနဲ့ တိုင်ကို တွဲရိုက်ထားတဲ့ ထရံသားတွေပါ ကျိုးကုန်တာကိုးဗျ၊ ထရံက တဲတဲကလေးရှိတော့တဲ့အထဲ ကျုပ်ကဝါးလုံးနဲ့ရိုက်လိုက်တော့ ထရံကြီးရဲ့ဝိတ်ကို ကျန်တဲ့ထရံစတွေက မခံနိုင်တော့ဘဲ ကျိုးကျကုန်တောပေါ့ဗျာ။
အကိုကြီးက ပြေးလာပြီးတော့ ထရံစကြီးကိုကောက်တယ်၊ ကျုပ်လည်း ထရံစတစ်ဖက်ကိုကိုင်ပြီး အိမ်သာဘေးမှာ ပြေးကပ်ထားလိုက်တာပေါ့ဗျာ၊ ကျုပ်လည်း အယောင်ယောင်အမှားမှားနဲ့ပြောလိုက်သေးတယ်။
“အမ၊ ကျုပ်တို့ဘာမှ မမြင်လိုက်ဘူး၊ ပါစရာရှိတာသာ ဆက်ပါစမ်းပါဗျာ”
ကျုပ်ပြောလိုက်တော့မှ မကြူလည်း အိမ်သာပေါ်ကဆင်းပြေးတော့တာပဲဗျာ၊ သူတို့လင်မယားလည်း ထမင်းတောင်မစားတော့ဘဲ လှည်းတစ်စီးနဲ့ပြန်ပြေးကြပါရောလားဗျာ၊ အလွန်ရှက်တတ်တဲ့ မကြူတစ်ယောက် လူပုံအလယ်မှာ ဖင်ပြောင်ကြီးနဲ့ဖြစ်နေတာဆိုတော့ ဘယ်လောက်များရှက်လိမ့်မလဲဗျာ။ အဖေကတော့ နားမလည်နိုင်ဘူးဖြစ်နေတယ်ဗျ၊ ကျုပ်နဲ့အကိုကြီးလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း
“ထရံက ဆွေးသွားတာဖြစ်မယ်အဖေရ”
“အေးကွ၊ ထရံအလယ်ပိုင်းကျမဆွေးဘဲ၊ ဘာလို့ထိပ်ပိုင်းတွေ ဆွေးသွားရတာပါလိမ့်”
အဲဒီမေးခွန်းကို အဖေက တစ်သက်လုံးအဖြေဖော်နိုင်ခဲ့မယ် မထင်ပါဘူးဗျာ။
(၃)
“ဟဲ့မသန်းတို့၊ အငယ်မတို့”
အိမ်ရှေ့မှာ တောင်းကြီးရွက်ပြီးတော့ အော်သံကြားလိုက်တော့မှ ကျုပ်တို့ကြီးဒေါ်ကြီးရဲ့အသံဖြစ်နေတယ်ဗျ၊ ဒါနဲ့ ကြီးဒေါ်ကြီးကို ပြေးကြိုကြတာပေါ့ဗျာ၊ ကြီးဒေါ်ကြီးရဲ့ နာမည်က မတင်သန်းတဲ့ဗျ၊ လူက အသက်ခြောက်ဆယ်ကျော်ခုနစ်ဆယ်နီးပါးပေါ့ဗျာ၊ လူကတော့ ၀၀တုတ်တုတ်ကြီးဗျ၊ သူက ပဲခူးသားနဲ့အိမ်ထောင်ကျထားတာဆိုတော့ တစ်နှစ်တစ်ခါလောက်တော့ ကျုပ်တို့ဆီကို လာလေ့ရှိတယ်။
သူလာရင် ငါးရံ့ခြောက်တို့၊ ငါးပိကောင်တို့ ပါလာတတ်တယ်၊ ရွာမှာ အဲဒါတွေကို ရောင်းချငွေဖော်ပြီးတော့ တစ်ပတ်နှစ်ပတ်လောက်နေပြီး ပြန်တာပေါ့ဗျာ။ အခုလည်း အိမ်ရောက်ကတည်းက ကြီးဒေါ်ကြီးက ဟောင်ဖွာဟောင်ဖွာနဲ့ပြောနေတော့တာပဲ။
ကြီးဒေါ်ကြီးက စကားပြောကောင်းတယ်ဗျ၊ သူ့ယောက်ျားက ပဲခူးက ဟံသာသိန်းဇော်ဇတ်ထဲလိုက်တဲ့ လူရွှင်တော်ကိုးဗျ၊ ဒီတော့ စကားပြောရင် အာပေါင်အာရင်းသန်သန်နဲ့ ရယ်စရာမောစရာလေးတွေလည်း ထည့်ထည့်ပြောတတ်တာပေါ့၊ ဒါပေမယ့် ကြီးဒေါ်ကြီးမှာ မကောင်းတဲ့အချက်ကတော့ ဘွင်းဘွင်းကြီးပြောတတ်တာပဲဗျ။
“အလတ်ကောင်ရယ်၊ နင့်အသားတွေကလည်း မည်းသွားလိုက်တာ၊ မီးသွေးတောင် နင့်တွေ့ရင်ငိုရမယ်”
ကျုပ်ကတော့ စိတ်ထဲမထားတတ်လို့ ခပ်ပြုံးပြုံးပေါ့ဗျာ၊ အကိုကြီးကိုလည်းကြည့်ပြီးတော့
“အကြီးကောင်ကိုကြည့်ပါအုံး၊ ဦးထုပ်ဆောင်းတာများ မသိရင် မီးလောင်ပြီးသားသစ်ငုတ်တိုမှာ ပုံးစုတ်ကိုစွပ်ထားတဲ့အတိုင်းပဲ”
သူကပြောလိုက် ကျုပ်တို့ကရယ်လိုက်နဲ့ပေါ့ဗျာ။
“ဟဲ့ နင်တို့ဘယ်သွားမလို့လဲ”
“လယ်ထဲသွားမလို့ပေါ့ဗျ၊ ဘာလဲ ကြီးဒေါ်က လိုက်မလို့လား”
“အေးဟယ်၊ နင်တို့မျိုးတွေ ဘယ်လောက်သန်တယ်ဆိုတာ ငါလည်း လိုက်ကြည့်ချင်စမ်းတယ်”
ဒါနဲ့ပဲ ကျုပ်တို့မောင်နှမတွေ လယ်ထဲဆင်းတော့ ကြီးဒေါ်ကြီးပါလိုက်လာတာပေါ့ဗျာ၊ အကိုကြီးကို အဖေကလယ်တွေခွဲပေးထားတာဆိုတော့ အကိုကြီးကတစ်လမ်းပေါ့၊ ကျုပ်ရယ်၊ အငယ်ကောင်ရယ်၊ ညီမနှစ်ယောက်ရယ် လယ်တဲကိုလာခဲ့တာပေါ့ဗျာ၊ ပျိုးတွေကတော့ ကောင်းနေပြီ၊ မကြာခင် ကောက်စိုက်ရတော့မယ့်အချိန်ပေါ့ဗျာ၊ လယ်တဲထဲမှာ ကြီးဒေါ်ကြီးက သူ့ဖိနပ်ကိုဖင်ခုထိုင်ပြီး အာပေါင်အာရင်းသန်သန်နဲ့ စကားတွေပြောနေတာကို ဦးဘသာကြီးကလှမ်းကြည့်တယ်ဗျ၊ ပြီးတော့ ကျုပ်တို့အနားကိုရောက်လာတယ်၊ ကြီးဒေါ်ကြီးက ဦးဘသာတဲအနားကိုလျှောက်လာတာကိုကြည့်ရင်း
“ဟိုလူကြီးကိုကြည့်စမ်းပါအုံးအေ၊ နဖူးကြီးက လေယာဉ်ကွင်းလောက်ကိုပြောင်တယ်၊ လူကလည်း ပိန်ပိတ်ချုံးချုံးနဲ့ ငါအစက လယ်စောင့်သရဲကြီး လမ်းလျှောက်လာတာလားလို့တောင် ထင်နေမိတာ”
ဦးဘသာလည်း တစ်လှမ်းချင်းလျှောက်လာရင်း
“ဟေ့အလတ်ကောင်၊ မင်းတို့လယ်ထဲ ဧည့်သည်ရောက်နေတယ်ထင်ပါ့”
“ဟုတ်တယ်ဦးဘသာရေ၊ ဒါက ကျုပ်ကြီးဒေါ် မတင်သန်းတဲ့”
ဦးဘသာက နားလေးနေတဲ့ဟန်ပြုလုပ်လိုက်ပြီးတော့
“ဘာ၊ မဆင်သန်းဟုတ်လား၊ နာမည်နဲ့လူနဲ့တော့လိုက်ပါ့ကွာ၊ ပေးလည်းပေးတတ်တယ်”
ဦးဘသာက တဲထဲကိုလှမ်းဝင်လာတယ်၊ ကြီးဒေါ်ကတော့ ဘယ်ကျေနပ်ပါ့မလဲ၊ သူ့ကိုယ်လုံးက ၀၀ဖိုင့်ဖိုင့်နဲ့ ခင်ဗျားတို့မြင်သာအောင်ပြောရမယ်ဆိုရင် ရုပ်ရှင်သရုပ်ဆောင် ကြူကြူသင်းလို ပုံမျိုးပေါ့ဗျာ။ ကြီးဒေါ်ကြီးက ဦးဘသာကိုမျက်စောင်းထိုးရင်း
“အောင်မာ၊ သူ့ကြည့်တော့ ထမင်းခုနစ်နှစ်မစားထားတဲ့ ပြိတာ ရုပ်နဲ့များ၊ လူကို ဆင်သန်းကလေးဘာလေးနဲ့၊ ကျုပ်နာမည် တင်သန်း”
ကျုပ်တို့လည်း ရယ်ကြတာပေါ့ဗျာ၊
“မသိလို့ပါဗျာ၊ ကျုပ်ကလည်း မျက်စိမကောင်းတော့ ခင်ဗျားကိုလူလို့လှမ်းမမြင်လိုက်ဘူးဗျ၊ ခင်ဗျားက ပုံပုံကြီးထိုင်နေတာဆိုတော့ လယ်ထဲထည့်ဖို့ နွားချေးခြောက်တွေ ပုံထားသလားဆိုပြီးတော့ နည်းနည်းတောင်းဖို့လာခဲ့တာ”
ကြီးဒေါ်နဲ့ ဦးဘသာနဲ့ တစ်ယောက်နဲ့တစ်ယောက် အချေအတင်တွေ နှိပ်နှိပ်ကွပ်ကွပ်တွေ ပြောတော့တာပဲဗျာ၊ ကျုပ်တို့ကတော့ ဘေးနားက နားထောင်ရင်းရယ်တာပေါ့၊ ကြီးဒေါ်ကြီးက တကယ်စိတ်ဆိုးမာန်ဆိုးနဲ့ပြောတယ်ဆိုပေမယ့် ဦးဘသာကတော့ ပြုံးပြုံးပဲဗျ၊ အတော်ကြာအောင်ပြောပြီးတော့မှ
“ပြန်တော့မယ်အလတ်ကောင်ရေ၊ ဆင်ဝှေ့ရန်ရှောင်တဲ့ကွ၊ ဆင်မကြီးဒေါသထွက်နေရင် ငါမနေရဲဘူး၊ သွားပြီဟေ့”
ဦးဘသာက တဖတ်ဖတ်နဲ့လမ်းလျှောက်ပြီးထွက်သွားတယ်ဗျ။ ခြေသံကိုကြားတော့မှ ကြီးဒေါ်က ဦးဘသာခြေထောက်ကို အသေအချာကြည့်တယ်။
“ဟဲ့၊ ဟိုအဘိုးကြီးစီးသွားတာ ငါ့ဖိနပ်နဲ့တူလိုက်တာ”
ကျုပ်ကြည့်လိုက်တော့ ဆင်ကြယ်ဖိနပ် အစိမ်းရောင်ကလေးဗျ၊ အဲဒီခေတ်က ဆင်ကြယ်ဖိနပ်ဆိုတာ တော်ရုံလူမစီးနိုင်ဘူးဗျ၊ ယိုးဒယားဆင်ကြယ်ဖိနပ်ဆိုတာက မှောင်ခိုသွင်းရတာ၊ ကျုပ်တို့ဆီမှာတော့ သိပ်မစီးနိုင်ကြပါဘူး၊ ပြီးတော့ ဆင်ကြယ်ဆိုတာ ယောက်ျား၊ မိန်းမမရွေးဘဲ စီးလို့ရတယ်မဟုတ်လား။ ကျုပ်လည်း အဲဒီဖိနပ်ကိုကြည့်ရင်း အံ့ဩသွားတယ်ဗျ။
“ဟာ၊ ကြီးဒေါ်ကလည်း ကြီးဒေါ်ရဲ့ဖိနပ်က ဖင်ခုထိုင်ထားတာမဟုတ်လား၊ သူက ဘယ်လိုလုပ်ပြီး စီးသွားမှာလဲ”
“အေးဟဲ့ ဟုတ်သားပဲ”
ကြီးဒေါ်က ဒီတော့မှ ဖင်ကိုကြွပြီးတော့ ဖိနပ်ကိုနှိုက်ထုတ်လိုက်တယ်ဗျ၊ ဒီအခါမှာ ကြီးဒေါ်လက်ထဲ ဘာကြီးပါလာသလဲဆိုတော့ ခုံဖိနပ်ကြီးဗျ။ ကြီးဒေါ်ကြီးမှာ အတော်လန့်သွားရှာတာဗျ၊ သူဖင်ခုထိုင်ထားတဲ့ ဆင်ကြယ်ဖိနပ်က အခုတော့ ဦးဘသာစီးနေကျ သရက်သားခုံဖိနပ်ကြီးဖြစ်သွားတာပဲဗျာ၊ ကြီးဒေါ်ကြီးမှာ ငိုချင်ချင်ဖြစ်သွားရှာတယ်။
“ဟဲ့ ဘယ်လိုဖြစ်ရတာလဲ၊ ငါ့ဖိနပ်က ဘာလို့ခုံဖိနပ်ကြီးဖြစ်သွားရတာလဲ”
ဦးဘသာကြီး တစ်ကွက်ပြလိုက်မှန်း ကျုပ်သိလိုက်ပါတယ်၊ အငယ်မတို့ အငယ်ကောင်တို့ဆိုတာ ရယ်လိုက်ကြတာပြောမနေပါနဲ့တော့ဗျာ။ ကြီးဒေါ်က လယ်ထဲကပြန်တော့ အဲဒီခုံဖိနပ်ကို ရိုးချောင်းထဲပစ်ချလိုက်တယ်ဗျ။
“သွားစမ်း ကောင်းကျိုးမပေးတဲ့ ဖိနပ်အစုတ်ကြီး”
ကျုပ်လည်း သူ့ကိုသနားသွားတာနဲ့ ဦးဘသာဆီကိုပြေးလာခဲ့တာပေါ့၊ ဦးဘသာက ခုံဖိနပ်ပဲစီးထားတာဗျ။
“မကောင်းပါဘူးဦးဘသာရာ၊ သူ့ဖိနပ်ပြန်ပေးလိုက်ပါ”
“အေးပါ၊ သူ့ဖိနပ်ကိုငါပြန်ပေးလိုက်ပါပြီ၊ ဒါနဲ့ ငါ့ခုံဖိနပ်တွေ ရေတွေစိုနေပါလား၊ မင်းတို့ဘယ်နားသွားထားတာလဲ”
“ဟင် . . . ဒါဆို”
“ငါက ဖိနပ်ချင်းလဲထားလိုက်တာကွ၊ အခုငါ့ဖိနပ်တွေပြန်ရပြီမို့လို့၊ သူရထားတဲ့ ခုံဖိနပ်ကြီးက သူ့ဖိနပ်ပြန်ဖြစ်သွားလိမ့်မယ်”
“ဟာ၊ ဒါဆိုရင်တော့ သွားပြီဗျာ”
“ဘာဖြစ်လို့လဲကွ”
“သူက ခုံဖိနပ်ကို ရိုးချောင်းထဲကို ပစ်ချလိုက်တာဗျ”
ဒီအတိုင်းဆိုရင်တော့ ယိုးဒယားဆင်ကြယ် ရာဘာဖိနပ်က ရိုးချောင်းထဲမှာ မြောပါသွားလောက်ပြီပေါ့ဗျာ။
(၄)
အိမ်ပြန်ရောက်လို့ အမေ့ကိုပြောပြတော့ အမေက ခွက်ထိုးခွက်လန်ရယ်ပါရော။
“အဲဒီလူကြီးက စုန်းကြီး အမတင်သန်းရဲ့၊ သူနဲ့ သွားပြီးရန်မဖြစ်နဲ့၊ ဟိုက မပြုစားလိုက်တာပဲ ကျေးဇူးတင်ရမှာ”
ဒီတော့မှ ကြီးဒေါ်ကြီးက အတော်ကြောက်သွားရှာတာဗျ။ အဲဒီညက စားသောက်ပြီးတော့ အိပ်လိုက်ကြတာပေါ့ဗျာ၊ မနက်မိုးလင်းတော့ ကြီးဒေါ်ကြီးက သူပါလာတဲ့ ငါးခြောက်တွေကို လည်ရောင်းဖို့ပြင်ဆင်နေတော့တယ်၊ ကျုပ်တို့လည်း လယ်ထဲဆင်းဖို့လုပ်နေကြတာပေါ့ဗျာ၊ အမေက မနက်စာပြင်ပေးတော့ ကျုပ်တို့လည်း စားသောက်နေလိုက်တာပေါ့၊
“အမတင်သန်း၊ မနက်စာစားအုံးလေ”
“အေးအေး၊ စားမယ်၊ ဒါပေမယ့် ရေမိုးချိုးလိုက်အုံးမယ်၊ ပြီးမှစားမယ်”
ကြီးဒေါ်ကြီးက ထမီရင်လျားကြီးနဲ့ အိမ်နောက်ဖေးရေချိုးခန်းဘက်ကို ဆင်းသွားတာပဲဗျာ၊ ကျုပ်တို့ထမင်းစားနေတုန်း ရေတဝေါဝေါနဲ့လောင်းချိုးတဲ့အသံကြားရတယ်၊ ပြီးတော့ ကြီးဒေါ်ကြီးက အော်တော့တာပဲ။
“အောင်မယ်လေး၊ လုပ်ကြပါအုံး”
ရေချိုးရင်း ဘာများဖြစ်သလဲဆိုပြီး ကျုပ်တို့လည်း လက်တောင်မဆေးဘဲ ကြီးဒေါ်ကြီးဆီကို ထပြေးလာတာပေါ့ဗျာ၊ ကြီးဒေါ်ကြီးက ဖင်ကိုလက်နဲ့ပွတ်ရင်း
“အောင်မယ်လေး၊ ပူလိုက်၊ စပ်လိုက်တာ၊ ယားလဲယားတယ်တော့”
ကြီးဒေါ်က ပြောရင်း ဖင်ကိုတဗြင်းဗြင်းနဲ့ပွတ်နေတော့တာပဲ၊ အဖေက အမေ့ကိုကြည့်ရင်း
“မိန်းမရေ၊ မတင်သန်းကို မင်းကြည့်ပေးလိုက်စမ်းပါကွာ”
ဒါနဲ့ပဲ ကြီးဒေါ်ကြီးကို ရေချိုးခန်းထဲကနေ ထုတ်ပြီးတော့ အိမ်ခန်းထဲထည့်ပြီး အမေကကြည့်ပေးတာပေါ့ဗျာ။ နောက်တော့ အခန်းထဲကထွက်လာပြီး
“ဘာမှတော့မတွေ့ဘူး၊ ဒါပေမယ့် သူက စပ်တယ်၊ ပူတယ်၊ ယားတယ်ဆိုပြီးတော့ ကုပ်ပဲကုပ်ဖဲ့နေတာ”
ကြီးဒေါ်က အခန်းထဲမှာ ဖင်ထောင်ပြီးတော့ ကုပ်နေတာပဲဗျာ၊ နောက်တော့ သူက အသေအချာစဉ်းစားရင်း
“ဒါစုန်းလုပ်တာနေမှာ၊ ဒါ ငါ့ကိုစုန်းလုပ်နေတာနေမှာ၊ မနေ့က အဘိုးကြီးက ငါ့ကိုမကျေနပ်လို့ ပြုစားလိုက်တာနေမှာ”
ကြီးဒေါ်ကြီးပြောလည်း ပြောချင်စရာပဲကိုး၊ တစ်မနက်လုံးအကောင်းအတိုင်းပဲလေ၊ ရေချိုးတော့မှ ကောက်ကာငင်ကာ ထဖြစ်တာမဟုတ်လား၊ အမေကတော့ ယားတာယံတာပျောက်အောင် ကရမက်သွေးလူးပေးတယ်၊ ဒါလည်း မသက်သာဘူးဗျ၊ နောက်ဆုံးတော့ အဖေက ကျုပ်ကိုခေါ်ပြောတယ်။
“ကဲ အလတ်ကောင်၊ မင်းကြီးဒေါ်က ပါးစပ်က ဟောင်ဖွာဟောင်ဖွာနဲ့ဆိုတော့ ရွာထဲကမကြည်တဲ့လူတွေများရှိသလားမသိဘူး၊ သွား၊ ဦးသဘာကြီးကို သွားခေါ်လာခဲ့”
ကျုပ်လည်း ဦးဘသာဆီပြေးခဲ့ရတာပေါ့ဗျာ၊ ဦးဘသာက မနက်စာစားရင်း ရေနွေးသောက်နေတယ်။
“ဦးဘသာ အဖေကခေါ်ခိုင်းလိုက်လို့”
“ဘာဖြစ်ရပြန်တာတုံး”
“ကျုပ်ကြီးဒေါ်ကြီး ဖင်တွေယားနေလို့ဗျ”
ဦးဘသာ ထမင်းတစ်လုပ်ဝါးလိုက်ရင်း မျက်နှာကိုမဲ့လိုက်တယ်ဗျ။
“ဟာ၊ မင်းကြီးဒေါ်ကြီး ဖင်ယားတာ ငါနဲ့ဘာဆိုင်လို့လဲကွ”
“ဆိုင်တာမဆိုင်တာတော့ မသိဘူး၊ သူကတော့ စုန်းလုပ်တယ်လို့ပြောတာပဲ၊ အဖေကလည်း ကြီးဒေါ်က ပါးစပ်က ဟောင်ဖွာဟောင်ဖွာနဲ့ဆိုတော့ ရွာထဲက မကြည်တဲ့လူတစ်ယောက်ယောက်ကများ လုပ်သလားလို့ ယူဆတယ်တဲ့၊ အဲဒါ . . ဦးဘသာ လိုက်ကြည့်ပေးစမ်းပါဗျာ”
ဦးဘသာက ထမင်းပန်းကန်ကိုချလိုက်ပြီး ရေနွေးကြမ်းရေနဲ့လက်ဆေးချပြီး ကျုပ်နောက်ကိုလိုက်လာခဲ့တော့တယ်။
အိမ်ကိုဦးဘသာရောက်တာနဲ့ ကြီးဒေါ်ကြီးက အော်ဆဲတာပဲဗျာ။
“လူယုတ်မာကြီး၊ သူတောင်းစားကြီး ငါ့ကိုလုပ်ထားတာကို ပြန်ဖြေပေး”
ဦးဘသာက ခါးထောက်ရင်း
“ဟဲ့၊ ငါနင့်ကိုဘာမှမလုပ်ဘူး”
အဖေက ထလာရင်း
“ဦးဘသာ တစ်ချက်ကြည့်ပေးပါ၊ မနေ့ကလည်းအကောင်း၊ တစ်မနက်လုံးအကောင်းပါပဲ၊ အခုတော့ ခင်ဗျားတွေ့တဲ့အတိုင်းပေါ့”
ကြီးဒေါ်ကြီးရဲ့ ဖင်စအိုဝနားက ကုတ်တာများလို့ သွေးစတွေတောင်ထွက်ပြီး အသားတွေလန်နေပြီဗျ။ အငယ်မနဲ့ နို့ညှာမနဲ့က ကြီးဒေါ်ကြီးရဲ့လက်တွေကို ထပ်ပြီးကုပ်မှာစိုးလို့ ဖမ်းချုပ်ထားရတယ်၊ ကြီးဒေါ်က ယားလို့ဆိုပြီးတော့ လူးလွန့်နေတာပဲဗျာ။ ဦးဘသာက အဖေ့ဘက်ကိုလှည့်လိုက်ပြီး
“သူကြီးကို ကျုပ်ပြောမယ်၊ ကျုပ်က စတတ်နောက်တတ်တယ်ဆိုပေမယ့် လူတစ်ယောက်ကို ဒီလိုခံစားရအောင် မလုပ်တတ်ဘူးဆိုတာ သူကြီးယုံပေးပါ”
အဖေက ခေါင်းညိတ်ရင်း
“ယုံပါတယ်ဦးဘသာရယ်၊ အခု ဦးဘသာကို ခေါ်ခိုင်းရတယ်ဆိုတာကလည်း သူ့ပါးစပ်ကြောင့် သူ့ကိုငြိုးတေးထားတဲ့လူ မကြည်တဲ့လူကများ ပြုစားသလားဆိုတာကို စစ်ဆေးပေးဖို့အတွက်ပါ”
ဦးဘသာက ကြီးဒေါ်ကြီးရဲ့ နဖူးကို လက်ဝါးနဲ့အုပ်ပြီး မျက်လုံးမှိတ်လိုက်တယ်ဗျ၊ ပြီးတော့ ခေါင်းခါတယ်။
“ကျုပ်စမ်းသလောက်တော့ ဘာပယောဂမှာ မရှိပါဘူးဗျာ”
အဖေက ခေါင်းတဆတ်ဆတ်ညိတ်ရင်း
“ဒါဆိုရင်တော့ ရိုးရိုးရောဂါပဲနေမှာ”
“ရိုးရိုးသာမန်ရောဂါဆိုရင်တော့ ကျုပ်မကုတတ်ဘူးသူကြီးရေ၊ မှတ်ကြီးဆေးကတော့ သိပ်ကောင်းတယ်ဗျ၊ မှတ်ကြီးကို ခေါ်ပြပေါ့”
ဦးဘသာကြီးက အဲဒီလိုပြောပြီးတော့ ပြန်သွားတယ်၊ ဒါနဲ့အဖေက ကျုပ်ကို ဦးမှတ်ကြီးဆီ သွားခေါ်ခိုင်းတာပေါ့ဗျာ၊ ကျုပ်လည်း ဦးမှတ်ကြီးအိမ်ကိုပြေးရပြန်တယ်၊ ဘုရားရှိခိုးနေတဲ့ ဦးမှတ်ကြီးကို စောင့်နေရသေးတယ်။
“ဟာ အလတ်ကောင်ပါလား ဘာ ကိစ္စလဲ”
“ကိစ္စကတော့ ကျုပ်ကြီးဒေါ် ဖင်တွေယားနေလို့ဗျ”
“ဟာကွာ၊ ဖင်ယားတာ ဓါတ်မသွားလို့ဖြစ်မယ်ကွ၊ ဝမ်းနှုတ်ဆေးသောက်ရင် ပျောက်ပါတယ်”
“အဲဒီလိုမဟုတ်ဘူးဗျ၊ မနက်ကအထိအားလုံးအကောင်းပဲ အခုမှ ပူတယ်၊ စပ်တယ်၊ ယားတယ်ဆိုပြီးတော့ လူးလိမ့်နေတာပဲဗျာ၊ ဖင်တွေကိုလည်း ကုပ်ထားတာ အသားနီတောင်လန်နေပြီ”
ဦးမှတ်ကြီးက ကျုပ်ပြောတာကို သေချာနားစိုက်ထောင်ရင်း
“ပယောဂတွေများဖြစ်နေမလား”
“ကျုပ်ခုနကပဲ ဦးဘသာကိုခေါ်ပြီး စစ်ခိုင်းပြီးပါပြီ၊ ဦးဘသာကတော့ ပယောဂမဟုတ်ဘူးလို့ ပြောသွားတယ်”
ဆေးဆရာဦးမှတ်ကြီး ဦးနှောက်ခြောက်သွားပုံပဲဗျ။
“ဒါဆို ခွေးလှေးယားသီးတွေ ဘာတွေများ ထိမိသေးလား”
“ဦးမှတ်ကြီးကလည်းဗျာ၊ ခွေးလှေးယားသီးဆိုတာ တောထဲမှာရှိတာမဟုတ်လား၊ ကျုပ်ကြီးဒေါ်က အကောင်းကြီးဗျှ၊ အိမ်ကနေလည်း ဘယ်မှသွားတာမဟုတ်ဘူး”
“ထူးတော့ထူးတယ်ကွ၊ အေးအေး၊ ငါလိုက်စမ်းပေးမယ်”
ဆေးဆရာဦးမှတ်ကြီးက ဆေးလွယ်အိတ်ကိုလွယ်ပြီး လိုက်ခဲ့တာပေါ့ဗျာ။ အိမ်ရောက်တော့ ကြီးဒေါ်ကြီးကို သွေးတွေလေတွေစမ်းပေးတယ်၊ ဖင်တော့လှန်မကြည့်ပါဘူး၊ သွေးစမ်းလေစမ်းတာလည်း အကုန်အကောင်းပဲဗျ။
“ထူးတော့ထူးပြီဟေ့၊ လောလောဆယ်တော့ ဆေးကြမ်းမှုန့်ကိုရေဖျော်ပြီးတော့ သောက်ခိုင်း၊ လိမ်းခိုင်းစမ်းကွာ၊ ငါကတော့ အကောင်တစ်ကောင်ကောင် ကိုက်တာလို့ပဲထင်တယ်”
ဦးမှတ်ကြီးပေးတဲ့ ဆေးကြမ်းမှုန့်နီနီကိုကျောက်ပြင်မှာ ရေဖျော်ပြီးလူးပေးလိုက်တာပဲ၊ ဆေးကြမ်းဆိုတာက အနာထည့်တဲ့ဆေးကိုခေါ်ကြတာ၊ သွေးထွက်သံယိုတို့၊ အဖုအကြိတ်၊ ထိခိုက်ရှနာဆိုရင် အဲဒီဆေးမှုန့်သိပ်ရင် ပျောက်တယ်လေ။ ဒါပေမယ့် အခုတော့ ကြီးဒေါ်ကြီးဖင်ယားတာက ဘယ်လိုမှ မပျောက်ဘူးဗျာ၊ ဆေးကြမ်းမှုန့်ရေဖျော်လိမ်းလိုက်တော့ ပိုပိုပြီးဆိုးလာတယ်၊ ယားတာလည်းမခံနိုင်လို့ တီကောင်ဆားပက်သလို တွန့်နေတာပဲဗျာ။ ဦးမှတ်ကြီးကတော့ ကောင်းသွားမှာပါလို့ပြောပြီး ပြန်သွားတယ်၊ မကောင်းဘဲ ကျန်နေတာကတော့ ကြီးဒေါ်ကြီးပဲဗျို့။
(၅)
ခဏနေတော့မှ ကျုပ်လည်း သဘောပေါက်သွားတယ်၊ ဒါနဲ့ ဟားတိုက်ရယ်မောရင်း အိမ်ထဲကိုဝင်လာတော့ အိမ်ကလူတွေက ကျုပ်ကိုအထူးအဆန်းနဲ့ ဝိုင်းကြည့်နေကြတယ်။
“ဟဲ့အလတ်ကောင်၊ နေပြင်းလို့များ စိတ်ဖောက်သွားတာလား”
“ဟာ၊ အမေကလည်း ဒီလောက်မိုးအုံ့နေတာကို”
ညီမငယ်ကလည်း ဝင်ပြောတယ်ဗျ၊ ကျုပ်လည်း သူတို့ပြောတာကို ဂရုမစိုက်ပါဘူး။
“လတ်စသတ်တော့ ရုကစိုး နှောင့်နေတာပဲကိုးဗျ”
ကျုပ်ပြောတော့ အဖေကအစ အားလုံးက အံ့ဩတကြီးနဲ့ကြည့်နေကြတယ်၊ ကျုပ်လည်း ခပ်တည်တည်နဲ့ဆက်ပြောတာပေါ့။
“ဘာမှမပူနဲ့၊ ကျုပ် ဆီမန်းမန်းပြီးတော့ ကုသပေးမယ်”
“ဟဲ့အလတ်ကောင်၊ နင်ပေါက်ကရတွေ လျှောက်မလုပ်နဲ့နော်”
ကျုပ်လည်း အမေပြောတာကို ပြန်ဖြေရှင်းမနေတော့ဘူး၊ အငယ်မကိုကြည့်လိုက်ရင်း
“အငယ်မ၊ မုန်ညင်းဆီယူလာပြီးတော့ အကြမ်းပန်းကန်ထဲကို ထည့်လာခဲ့စမ်း”
အငယ်မလည်း မုန်ညင်းဆီပုလင်းကိုပြေးယူပြီးတော့ ရေနွေးသောက်တဲ့ အကြမ်းပန်ကန်လုံးထဲကို တစ်ဝက်လောက်ထည့်လိုက်တာပေါ့ဗျာ၊ ကျုပ်လည်း သူ့ဆီက ဆီပန်းကန်ကိုယူလိုက်ပြီးတော့ နဖူးနားမှာကပ်လိုက်ရင်း
“ဥုံ၊ ဆေးစောင့်၊ ဝါးစောင့်၊ အင်းစောင့်၊ အိုင်စောင့်၊ ကန်စောင့်တို့ အမိန့်နာခံစေ၊ အထက်ဆရာကြီးများအမိန့်၊ ငါ့အမိန့်”
ကျုပ်အသံနက်ကြီးနဲ့အော်နေတာကို အားလုံးက မျက်တောင်မခတ်တမ်းကြည့်နေတာပေါ့ဗျာ။
“ကဲ ဒီကြီးဒေါ်ရဲ့ ဖင်မှာ ဖြစ်ပေါ်နေတဲ့ ဝေဒနာတွေအားလုံး ငါ့ရဲ့အမိန့်နဲ့ပျောက်ကင်းစေ”
ကျုပ်က ခပ်တည်တည်နဲ့ပြောရင်း ကြမ်းပြင်ကိုလည်း ခြေဖနောင့်နဲ့ သုံးလေးချက်ဆောင့်လိုက်သေးတယ်၊ ပြီးတော့ ဆီပန်းကန်ကို အငယ်မကိုလှမ်းပေးပြီး
“သွား၊ အငယ်မ၊ ကြီးဒေါ်ရဲ့ဖင်ကို ရေဆေးပြီး ရေခြောက်အောင်သုတ်၊ ပြီးရင် ဟောဒီဆီတွေကို အသားထဲစိမ့်ဝင်သွားအောင် လူးထည့်လိုက်စမ်း”
အငယ်မလည်း ဆီပန်းကန်ယူတယ်၊ တစ်အိမ်လုံးကလည်း ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိပေါ့လေ၊ ကျုပ်ကို အထင်ကြီးနေကြပေမယ့်၊ သိပ်တော့ မယုံကြသေးဘူးနဲ့တူတယ်၊ အငယ်မနဲ့ နို့ညှာမက ရေအင်တုံတစ်ခုယူလာပြီးတော့ ဖင်ကိုရေနဲ့ဆေးချတယ်၊ ရေနဲ့ထိတော့ ကြီးဒေါ်ကြီးက ဖင်ဘူးတောင်းထောင်ပြီးတော့ အော်ပါရောဗျာ။ ပြီးတော့ ထမီအခြောက်နဲ့သုတ်ပြီးတော့ ကျုပ်ပေးတဲ့ ဆီမန်းကို ဖင်တစ်ပြင်လုံးကို လူးပေးကြတယ်၊ ဆယ့်ငါးမိနစ်လောက်ကြာတော့ ကြီးဒေါ်ကြီးက ငုတ်တုတ်ထိုင်နိုင်တယ်။
“ဟယ်၊ ထူးဆန်းလိုက်တာ၊ မယားတော့ဘူးဟဲ့”
အဖေကအစ၊ ကျုပ်ကို ဘာလဲဆိုတဲ့အကြည့်နဲ့ကြည့်ကြတာဗျာ၊ အဲဒီအကြည့်တွေရဲ့အနောက်မှာတော့ အထင်ကြီးတဲ့အကြည့်တွေလည်း ကပ်ပါလာတယ်။ ကျုပ်ကတော့ ပုဆိုးလေးပြင်ဝတ်ရင်း အေးအေးလူလူဟန်လုပ်ပြနေတာပေါ့၊ အမေက ကျုပ်လက်မောင်းကိုပြေးဆွဲရင်း
“ဟဲ့ အလတ်ကောင်၊ နင်ဒီပညာတွေ ဘယ်ကတတ်တာလဲပြောစမ်း”
အကိုကြီးကလည်း ပြေးလာပြီး
“ဟုတ်တယ်အလတ်ကောင်၊ မင်းဒီလောက်တော်ရင် ရွာထဲမှာ ဆေးကုစားလို့ရပြီ”
နို့ညှာမကလည်း ကျုပ်ဆီပြေးလာတယ်။
“ဦးဘသာနဲ့ ဆေးဆရာကြီးမှတ်ကြီးတောင် လက်လန်သွားတာကို၊ အကိုလတ်က ခဏလေးနဲ့ ကုနိုင်တယ်ဆိုတော့ အကိုလတ်က ဆရာကြီးပဲ”
နောက်တော့ ကြီးဒေါ်ကြီးက ဖင်ရွေ့ဖင်ရွေ့နဲ့ အိမ်ခန်းထဲကနေထွက်လာတယ်။ နောက်တော့ ကျုပ်ကိုလက်အုပ်ချီပြီး
“အလတ်ကောင်ရယ်၊ နင့်ကိုငါ ပညာတတ်မှန်းမသိလို့ အရင်က မလေးမစားလုပ်ခဲ့တာပါ၊ အခုတော့ နင့်ပညာကို ငါယုံပါပြီ”
ကျုပ်လည်း ပါးစပ်ကြီးဖြဲပြီးတော့ တဝါးဝါးနဲ့ရယ်လိုက်တော့တယ်။
“ဟား၊ ဟား၊ ဟား၊ တကယ်တော့ အဲဒါ ဘာပညာမှ မဟုတ်ဘူးဗျ၊ ဗဟုသုတလို့ခေါ်တယ်”
အားလုံးက ကျုပ်ကိုကြည့်ရင်း
“ဗဟုသုတ၊ ဟုတ်သလား”
“ဒါပေါ့၊ ကျုပ်ခုနက အိမ်သာသွားချင်လို့ အိမ်နောက်ဖေးကိုပြေးဝင်ရင်း ရေချိုးခန်းအနားမှာ ခနောင်းတံရှာတော့မှ ကျုပ်စိုက်ထားတဲ့ သစ်ပင်တစ်ပင်ရဲ့ အရွက်ဖားဖားကြီးသုံးလေးရွက်လောက် အခူးခံထားတာကိုတွေ့လိုက်ရတယ်”
အငယ်မတို့က ပြေးကြည့်တယ်ဗျ၊ ကျုပ်စိုက်ထားတဲ့အပင်က လူကြီးခါးစောင်းလောက်ရှိပြီးတော့ အရွက်ဖားဖားနဲ့အပင်ကြီးပေါ့ဗျာ၊ ရေချိုးခန်းနားက အမေစိုက်ထားတဲ့ ပန်းပင်တွေရဲ့ ဟိုးအနောက်နားမှာ သွားစိုက်ထားတာပေါ့။
“အဲဒါက ဘာပင်ကြီးလဲ”
“ဖက်ယားပင်လို့ခေါ်တယ်၊ ရိုးရိုးဖက်ယားပင်တောင်မဟုတ်ဘူးဗျ၊ သူ့နာမည်က ဆင်ငိုဖက်ယားတဲ့၊ ဆင်တောင်မှ အဲဒီဖက်ယားပင်နဲ့ထိရင် ငိုတတ်ကြတယ်လို့ တင်စားပြီးတော့ခေါ်တာပေါ့”
အမေက ထူးဆန်းစွာနဲ့ကြည့်နေရင်း
“အဲဒါက ဘာဖြစ်လို့လဲဟဲ့”
ဒီတော့ ကြီးဒေါ်ကြီးက တစ်ချက်စဉ်းစားလိုက်ပြီးတော့
“ငါသိပြီ၊ ငါမနက်အစောတုန်းက ချေးပါချင်လို့ အိမ်အောက်ကိုပြေးဆင်းလာတာ၊ နင့်အမေကတောင် ခနောင်းကောက်ခိုင်းသေးတယ်၊ ဒါပေမယ့် ငါတို့ဆီမှာက ခနောင်းမှမသုံးတာ၊ စာရွက်ပဲသုံးတာကိုး၊ ဒါနဲ့ ကိစ္စကလည်း အရေးကြီးနေပြီဆိုတော့ အဲဒီအရွက်ဖားဖားနဲ့အပင်ကြီးဆီက အရွက်သုံးလေးရွက်ခူးပြီးတော့ သစ်ရွက်နဲ့ ကိစ္စရှင်းလိုက်တာပဲ”
“တွေ့လား၊ ကျုပ်ပြောသားပဲ”
“နေစမ်းပါအုံး အကိုလတ်ရဲ့၊ ကြီးဒေါ်က မနက်တုန်းကသုံးတာလေ၊ ဘာဖြစ်လို့ အခုမှထပြီးယားတာလဲ”
“ဒီလိုအငယ်မရ၊ ဖက်ယားပင်မှာ အမွှေးဆူးသေးသေးလေးတွေပါတယ်၊ အဲဒီအမွှေးလေးတွေမှာ အဆိပ်တွေစုနေတယ်၊ အဲဒီအဆိပ်တွေက သာမန်ဆိုရင် မယားပေမယ့် ရေနဲ့ထိမိပြီဆိုရင်တော့ ရေနဲ့ဓါတ်ပြုပြီးတော့ ထပြီးယားတော့တာပဲ၊ အဲဒီမှာအဆိပ်တက်ပြီး ပူစပ်ပူလောင်ဖြစ်မယ်၊ ယားမယ်ပေါ့”
အငယ်မက မျက်လုံးအပြူးသားနဲ့နားထောင်နေတယ်။
“ဒါဆို ခုနက ဆီမန်းကရော”
“ဟီး၊ ဟီး အဲဒါက ငါ့ကိုနင်တို့အထင်ကြီးသွားအောင် တမင်ဟန်ဆောင်လိုက်တာ၊ တကယ်တော့ ဖက်ယားရဲ့အဆိပ်ကို ဆီကနိုင်တယ်ဟ၊ ဘာဆီပဲဖြစ်ဖြစ် ဖက်ယားကိုင်ပြီးလို့ယားပြီဆိုရင် ဆီနဲ့ပွတ်ရင် ကောင်းသွားတယ်ဟ”
“တော်ပါ အကိုလတ်ရယ်၊ ညီမကတော့ အကိုလတ်ကို တော်တော်လေးစားသွားတာ”
အမေက ကျုပ်နားရွက်ကိုလှမ်းလိမ်ဆွဲတယ်ဗျ။
“ဒီလောက် အန္တရာယ်များတဲ့အပင်ကို နင်ကဘာလို့ ငါ့ခြံထဲမှာ စိုက်ထားတာလဲဟဲ့”
“ဒီလိုပါ၊ ဟိုတစ်နှစ်က ပေတောရွာကို ရှမ်းဆရာကြီးလာတော့ အဲဒီဆင်ငိုဖက်ယားပင်ကို ပြုတ်သောက်ရင် ဆီးကောင်းတယ်၊ ဆီးကျောက်တွေဘာတွေ ကျတယ်လို့ပြောလို့ အပင်ပေါက်ကလေးချိုးလာပြီးတော့ ဒီမှာစိုက်ထားတာ၊ တစ်နေ့နေ့တော့ အသုံးတည့်မယ်ဆိုပြီးတော့ပေါ့အမေရာ”
“အံမယ်၊ အခုတော့ ဘာမှအသုံးမတည့်ဘဲ နင့်ကြီးဒေါ်ဖင်ယားသွားတာပဲအဖတ်တင်တယ်၊ သွားစမ်းအလတ်ကောင် အဲဒီအပင်ကို ခုတ်ထည့်လိုက်တော့”
နို့ညှာမက မျက်မှောင်ကြုတ်ပြီး
“အစကတော့ ပယောဂ လို့ထင်တာ၊ တကယ်လည်း ဘယ်သူမှလုပ်တဲ့ပယောဂမဟုတ်ဘူး၊ အကိုလတ် အိမ်ကိုသယ်လာတဲ့ ပယောဂ၊ သူ့ရဲ့ ပယောဂပဲ”
ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းဆိုတဲ့ လောကဓံတွေကို ဆယ်မိနစ်လောက်ထဲနဲ့ အဟုတ်တကယ်ခံစားလိုက်ရတာပါဗျာ၊ ခုနကတော့ ကျုပ်ကိုဝိုင်းပြီး ချီးမွမ်းနေကြတဲ့ အိမ်ကလူတွေက အခုကျပြန်တော့ ကျုပ်ကို ကဲ့ရဲ့ပြစ်တင်ပြောဆိုနေကြတယ်ဗျ၊ ကျုပ်လည်း သူတို့ပြောတာကို ဆက်နားမမထောင်ချင်တော့တာနဲ့ ဓါးမတစ်လက်ယူပြီးတော့ အဲဒီဆင်ငိုဖက်ယားပင်ကြီးကို အပင်ခြေကနေခုတ်ပြီးတော့ အပိုင်းပိုင်းထစ်ပြီး အိမ်သာကျင်းထဲကို ပစ်ချလိုက်တော့တာပေါ့ဗျာ။
ပြီးပါပြီ။
#အဂ္ဂဇော် #ဦးဘသာ #စုန်း #သရဲ
Zawgyi Version
“စုန္းထီးႀကီး ဦးဘသာႏွင့္ ပေယာဂမဟုတ္ေသာပေယာဂ”(စ/ဆုံး)
——————————————————————————–
အတြဲ(၃) စာစဥ္(၇)
⛔(ထမင္းစားတုန္း မဖတ္ရ)⛔
(၁)
က်ဳပ္တို႔နယ္မွာ ဆို႐ိုးစကားတစ္ခုရွိတယ္ဗ်၊ “ေတာသားေခ်းေၾကာက္၊ ၿမိဳ႕သား ႐ြံ႕ေၾကာက္” တဲ့ဗ်၊ ဒီစာဆိုကို ႐ုတ္တရက္ဖတ္လိုက္ရင္ေတာ့ ဘာကိုဆိုလိုမွန္းသိမွာမဟုတ္ဘူးဗ်၊ ၿမိဳ႕သားေတြက ေတာကိုလာရင္ ႐ြံ႕ေတြဗြက္ေတြထဲဆင္းရမွာေၾကာက္တယ္၊ ဖိနပ္မွာ ႐ြံ႕ဗြက္ေတြေပရင္ မေနတတ္ဘဲ ေဆးခ်ေလ့ရွိလို႔ ၿမိဳ႕သား႐ြံ႕ေၾကာက္လို႔ ေခၚတာေပါ့ဗ်ာ၊ ဒါက မဆန္းပါဘူး။
ေတာသားေခ်းေၾကာက္ဆိုတာကေတာ့ တျခားအရပ္မွာေတာ့ ဟုတ္မဟုတ္မသိေပမယ့္ က်ဳပ္တို႔အရပ္မွာေတာ့ သိပ္ဟုတ္သဗ်၊ ေတာသားေတြက ေခ်းပါၿပီးရင္ လက္နဲ႔ထိမွာကို တအား႐ြံတာေပါ့ဗ်ာ၊ ဒါေၾကာင့္ ကိစၥ ၿပီးရင္ လက္နဲ႔မရွင္းဘဲ ေခ်းကုန္းတဲ့တုတ္နဲ႔ရွင္းတယ္၊ ဒါမွ မဟုတ္ စာ႐ြက္နဲ႔သုံးၿပီး ေျဖရွင္းၾကတယ္ေပါ့ဗ်ာ။
အဲဒီေခတ္တုန္းက က်ဳပ္တို႔႐ြာမွာ အိမ္တိုင္း အိမ္သာမေဆာက္ၾကဘူး၊ ရွိတဲ့အိမ္သာကလည္း ဒီအတိုင္း က်င္းတူးၿပီးေတာ့ သစ္သားတန္းခံထားတဲ့ အိမ္သာေတြခ်ည္းပါပဲ၊ ေရေလာင္းအိမ္သာဆိုတာ ေပၚလည္းမေပၚေသးသလို အိမ္သာတက္ရင္ ေရကိုလည္းမသုံးၾကဘူး။ က်ဳပ္တို႔အိမ္မွာေတာင္မွ သူႀကီးအိမ္မို႔ ဧည့္သည္ေဆာင္သည္လာတတ္လို႔ အိမ္သာတစ္လုံးအျဖစ္ေဆာက္ထားေပမယ့္ ဘယ္သူမွ မသုံးၾကပါဘူးဗ်ာ၊ ကိစၥျဖစ္လာရင္ ၿခံေနာက္ဘက္ကိုအျမန္ေျပး လမ္းမွာေတြ႕တဲ့တုတ္တစ္ေခ်ာင္းႏွစ္ေခ်ာင္းေကာက္ၿပီးေတာ့ အိမ္ေနာက္ေဖးမွာ ေတာထေအာင္ေပါက္ေနတဲ့ ခ်ဳံထဲဆင္းၿပီးေတာ့ ကိစၥရွင္းလိုက္ရတာမဟုတ္လား။ ကိစၥၿပီးရင္ေတာ့ ေခ်းကိုလက္နဲ႔ထိမွာစိုးလို႔ အဲဒီတုတ္ကေလးနဲ႔ ကေလာ္ခ်ၿပီးေတာ့ တုတ္ကို ပုံပုံမွာ ထိုးစိုက္လိုက္ၾကေသးတယ္၊ ၿပီးေတာ့ ပုဆိုးျပင္ဝတ္ၿပီး ပုဆိုးခါးပုံစနဲ႔လက္သုတ္လိုက္ရင္ အင္အင္းပါတဲ့ကိစၥက ၿပီးၿပီေပါ့ဗ်ာ။ ေယာက္်ားမိန္းမ၊ ႀကီးႀကီးငယ္ငယ္၊ ပ်ိဳပ်ိဳအိုအို အဲဒီလိုပဲသြားၾကတာဗ်၊ ၿပီးရင္ အဲဒီပုံပုံေတြကို အျပတ္ရွင္းမယ့္ေကာင္ေတြက အဆင္သင့္ပဲမဟုတ္လား။ ဘယ္သူရွိရမွာလည္းဗ်ာ၊ ႐ြာထဲမွာ ေမြးခ်င္တိုင္းေမြး၊ ေပါက္ခ်င္တိုင္းေပါက္ေနၾကတဲ့ ေခြးေလေခြးလြင့္ေတြေပါ့ဗ်။
က်ဳပ္ၾကားဖူးတာကေတာ့ ေတာင္သာတို႔၊ ျမစ္သားတို႔ဘက္ဆိုရင္ အရင္က ႐ြာထဲအိမ္သာမေဆာက္ရဆိုၿပီးေတာ့ကို အမိန႔္ထုတ္ထားၾကတာဗ်၊ ဘာလို႔လဲဆိုရင္ ခုနကေျပာသလို ေခ်းေၾကာက္လို႔ပဲေလ၊ အိမ္သာရွိရင္ ယင္အုံတယ္၊ အဲဒီယင္ေတြက အစားအေသာက္ေတြကို ကပ္ရင္ ေရာဂါရတယ္ဆိုၿပီး အိမ္သာကိုမေဆာက္ခိုင္းဘူးတဲ့၊ အားလုံးက ေတာစပ္သြားၿပီးေတာ့ ကိစၥရွင္းရတယ္ဆိုပဲဗ်၊ ခုေခတ္ေတာ့ အေတာ္ေျပာင္းလဲသြားၿပီေပါ့ဗ်ာ၊ အိမ္တိုင္းအိမ္တိုင္းမွာ အိမ္သာေတြရွိၾကတယ္၊ ဘိုထိုင္ေတြ၊ ေႂကြခြက္ေတြနဲ႔ ျဖစ္ကုန္ၿပီေလ၊ အိမ္သာကလည္း ဆားဗစ္က်င္းေတြဆိုေတာ့ အရင္က ပက္လက္အိမ္သာလို အနံ႔ေတြဘာေတြ မထြက္ေတာ့ဘူးမဟုတ္လား၊
(၂)
အိမ္သာတက္တဲ့အခါ သုံးတဲ့တုတ္ကို ခေနာင္းတံ၊ ခေနာင္းတုတ္လို႔ေခၚတယ္ဗ်၊ ခေနာင္းဆိုတဲ့သစ္သားနဲ႔လုပ္ထားတာကိုေျပာတာမဟုတ္ဘူး၊ အဲဒီ ေခ်းကုန္းတံအတံကိုေခၚတာပါ၊ “လူႀကံရင္ ထရံေတာင္ခေနာင္းတုတ္ျဖစ္တယ္” ဆိုတဲ့ စကားပုံေတာင္ရွိေသးတယ္မဟုတ္လား၊ အဲဒီစကားပုံက အဟုတ္ဗ်ိဳ႕၊ ေျပာျပရအုံးမယ္။
က်ဳပ္တို႔အိမ္နဲ႔ အိမ္သာနဲ႔က အေတာ္လွမ္းတယ္၊ ေပႏွစ္ရာနီးပါးေလာက္ရွိမယ္ထင္တယ္၊ အဲဒီအိမ္သာနဲ႔ က်ဳပ္တို႔ ကိစၥ ရွင္းတဲ့ ခ်ဳံနဲ႔ကလည္း ေပတစ္ရာေလာက္ေဝးေသးတယ္ဗ်၊ ဒီေတာ့ အဲဒီခ်ဳံဘက္က အနံ႔အသက္ေတြက အိမ္ကိုျပန္လာဖို႔မလြယ္ဘူး၊ ေလသင့္မွသာ တစ္ခ်က္တစ္ခ်က္ ေမႊးတတ္တာ၊ သာမန္အေပါ့သြားဘာညာကေတာ့ မိန္းကေလးေတြဆိုရင္ အိမ္ေနာက္ေဖးက ေရခ်ိဳးတဲ့နားမွာ ထိုင္ရွင္းလိုက္တာပဲ၊ ေယာက္်ားေလးေတြဆိုရင္လည္း အိမ္ေနာက္ဝါး႐ုံေအာက္နားမွာပဲ ရွင္းလိုက္ၾကတာမ်ားတယ္ဗ်။
ဗိုက္ဆိုတာကလည္း အခ်ိန္ျပည့္နာတာမဟုတ္ဘူးေလ၊ ကိစၥက ထိပ္၀ေရာက္လာမွသာ နာတတ္ၾကတာမဟုတ္လား၊ တစ္ခါတစ္ေလ အလုပ္နဲ႔လက္နဲ႔မျပတ္ရင္ ေအာင့္ထားလိုက္ၾကေသးတယ္၊ မထိန္းႏိုင္ေတာ့ဘူးဆိုမွ အိမ္ေနာက္ေဖးကိုေျပးၾကတာမဟုတ္လားဗ်ာ။ က်ဳပ္တို႔လည္းဒီအတိုင္းေပါ့၊ မေအာင့္ႏိုင္ေတာ့ အိမ္ေနာက္ကိုေျပးခဲ့တာေပါ့ဗ်ာ။
ကိစၥက နီးေနပါၿပီဆိုမွ အေရးထဲ ခေနာင္းတံက ရွာေနရေသးတယ္၊ လမ္းသြားရင္းနဲ႔ ဘယ္တုတ္ကို ခေနာင္းလုပ္ရပါ့မလဲဆိုၿပီး ၾကည့္သြားတာ၊ ျဖစ္ခ်င္ေတာ့ အေမတို႔က တံျမက္စည္းလွဲထားေတာ့ ဘာတုတ္တစ္ေခ်ာင္းမွကိုမေတြ႕ဘူးဗ်ာ၊ ဒါနဲ႔အိမ္သာအနားကိုေရာက္လာတာေပါ့၊ အိမ္သာထရံကိုၾကည့္လိုက္ေတာ့ အေဖက ထုံးနဲ႔ေရးထားတဲ့ လက္ေရးဝိုင္းဝိုင္းကိုေတြ႕လိုက္ရတယ္။
“အိမ္သာထရံမခ်ိဳးရ”
က်ဳပ္လည္း ကိစၥက ထြက္ေတာ့မယ္ဆိုေတာ့ အကိုႀကီးေျပာတဲ့နည္းလမ္းကို သြားသတိရတယ္။
“အလတ္ေကာင္ရ၊ ခေနာင္းရွာမရရင္ အိမ္သာထရံသာခ်ိဳးကြ”
“ဟာ၊ ျဖစ္ပါ့မလားအကိုႀကီးကလည္း၊ အေဖက ထရံမခ်ိဳးရလို႔ေရးထားတယ္မဟုတ္လား”
“မင္းေတာ္ေတာ္တုံးတဲ့ေကာင္ပဲကြ၊ ငါေျပာမယ္၊ ထရံကို ျမင္သာတဲ့ေနရာကမခ်ိဳးနဲ႔ကြာ၊ ထရံေအာက္နားက တိုင္နဲ႔အုပ္ေနတဲ့ေနရာတို႔၊ ထရံအထက္နားက ေခါင္မိုးနဲ႔ကပ္ေနတဲ့ေနရာတို႔ကေန ခ်ိဳးကြ၊ တျခားေနရာက ခ်ိဳးရင္ အေဖျမင္လိမ့္မယ္”
က်ဳပ္လည္း အဲဒီစကားကို ျပန္သတိရလိုက္ၿပီးေတာ့ ထရံနဲ႔သစ္သားတိုင္နဲ႔တြဲထားတဲ့ ထရံေအာက္နားကို လက္နဲ႔စမ္းလိုက္တယ္၊ အံမယ္၊ အကိုႀကီးက ေတာ္ေတာ္ခ်ိဳးထားတဲ့ပုံပဲ၊ ထရံစေတြ သိပ္မရွိေတာ့ဘူးဗ်၊ က်ဳပ္လည္း ဒါနဲ႔ ထရံအေပၚက ေခါင္မိုးနဲ႔ကပ္ေနတဲ့ ထရံစကို ခ်ိဳးတာေပါ့ဗ်ာ၊ ေလးလက္မေလာက္ ထရံစရတယ္ဆိုရင္ပဲ ခ်ဳံေတာထဲကို အျမန္ေျပးဝင္ခဲ့တာပဲ၊ ကိုယ့္ကိုယ္ကိုယ္လည္း ငါေတာ္ေတာ္လည္တာပါလားဆိုၿပီး ေက်နပ္ေနမိတာေပါ့ဗ်ာ။
ဒီလိုနဲ႔ ေနာက္ပိုင္း အိမ္သာသြားလို႔ ခေနာင္းအလြယ္တကူရွာမေတြ႕ရင္ ထရံစပဲ ခ်ိဳးေတာ့တာ၊ ကိုယ္တစ္ေယာက္တည္းခ်ိဳးေနတာဆိုေတာ့ ဒီထရံအႀကီးႀကီးက ဘယ္လိုလုပ္ၿပီး ကုန္မွာလည္းဗ်ာ။
ဒီလိုနဲ႔ တစ္လေလာက္ၾကာေတာ့ ႐ြာကို ၿမိဳင္သာကေကာင္စီလူႀကီးေတြေရာက္လာၾကတယ္၊ ႐ြာမွာ အလႉလုပ္လို႔ လာစားေသာက္ၾကတာေပါ့ဗ်ာ၊ ၿပီးေတာ့ အိမ္ကိုဝင္ၿပီး အေဖနဲ႔စကားစျမည္ေျပာတာေပါ့၊ က်ဳပ္တို႔ကလည္း ေန႔လည္စာခ်က္ေကြၽးတာေပါ့ဗ်ာ။
ေကာင္စီလူႀကီး ကေတာ္က မၾကဴလို႔ေခၚတယ္ဗ်။ ေကာင္စီလူႀကီးနာမည္က ဦးေသာင္းတန္တဲ့ဗ်။၊ အဲဒီမၾကဴက ငယ္ငယ္ေခ်ာေခ်ာပဲဗ်၊ သိပ္လည္းရွက္တတ္တာ၊ လူေတြေရွ႕မွာေတာင္မွ အစားမစားဘူးဗ်ာ၊ ေရေတြဘာေတြေသာက္ရင္လည္း တစ္ဖက္လွည့္ေသာက္တာ၊ အၿမဲတမ္း ေခါင္းတငုံ႔ငုံ႔နဲ႔ေပါ့ဗ်ာ၊ အင္းေလ၊ ခင္ဗ်ားတို႔လည္း ဒီလိုသိပ္ရွက္တတ္တဲ့လူေတြနဲ႔ ႀကဳံရင္ႀကဳံဖူးၾကမွာပါ။
မၾကဴက အသက္သုံးဆယ္ေလာက္ပဲရွိအုံးမယ္၊ အ႐ြယ္ေကာင္းေလးေပါ့ဗ်ာ၊ အသားခပ္လတ္လတ္နဲ႔ အဆိုေတာ္ နီနီဝင္းေ႐ႊနဲ႔ေတာင္ ဆင္ေသးတယ္၊ ေကာင္စီလူႀကီးကေတာ့ အသက္ေျခာက္ဆယ္ေက်ာ္ေပါ့၊ ဒီေတာ့ အဘိုးႀကီးက ေကာင္မေလးငယ္ငယ္ရထားတယ္ဆိုၿပီး သူ႔မိန္းမေတာ္ေၾကာင္းေခ်ာေၾကာင္းေတြ လႊတ္ႂကြားတာေပါ့ဗ်ာ၊ သူက ႂကြားေလေလ၊ သူ႔မိန္းမက ရွက္လို႔ ေခါင္းမေဖာ္ႏိုင္ေလပဲ။
ေန႔ခင္းထမင္းစားၿပီးေတာ့ မၾကဴမ်က္ႏွာပ်က္သြားတယ္၊ ေနာက္ေတာ့ သူ႔ေယာက္်ားကိုလက္ကုပ္ၿပီးေတာ့ တိုးတိုးကပ္ေျပာတယ္ဗ်၊ ဒီမ်က္ႏွာကိုၾကည့္လိုက္ကတည္းက ဗိုက္နာၿပီး အိမ္သာတက္ခ်င္မွန္း က်ဳပ္တို႔သိလိုက္ပါၿပီ၊ ထင္တဲ့အတိုင္းပဲ ဦးေသာင္းတန္က အေဖ့ကိုၾကည့္ၿပီး
“ခင္ဗ်ားတို႔အိမ္မွာ အိမ္သာရွိရဲ႕လား”
“ရွိပါ့ဗ်ာ”
“လုံေရာ လုံရဲ႕လား”
“လုံပါတယ္၊ ဧည့္သည္ေဆာင္သည္လာတတ္လို႔ ေသေသခ်ာခ်ာေဆာက္ထားတာပါ”
ဒါနဲ႔ ဦးေသာင္းတန္နဲ႔ မၾကဴတို႔ အိမ္သာကိုလာၾကည့္တယ္၊ အိမ္သာက သပ္သပ္ရပ္ရပ္လုံလုံၿခဳံၿခဳံမို႔ မၾကဴက အိမ္သာတက္ေတာေပါ့ဗ်ာ၊ ခေနာင္းနဲ႔မသုံးတတ္ဘူးဆိုလို႔၊ စာ႐ြက္ရွာေပးရေသးတယ္၊ မၾကဴအိမ္သာေပၚအတက္မွာ အိမ္သာတံခါး က်ည္းေဘာင္မွာ ေႁမြစိမ္းတစ္ေကာင္ တြဲေလာင္းခိုေနတယ္ဗ်။
“ေအာင္မယ္ေလး၊ ေႁမြႀကီး . . . ေႁမြႀကီး”
သူ႔ေယာက္်ားကိုသူ ေျပးဖက္တာေပါ့၊ က်ဳပ္လည္း အဲဒီေႁမြကေလးကို အၿမီးကေနဆြဲၿပီးေတာ့ ဟိုးဝါး႐ုံစပ္ထဲကို ပစ္ထည့္လိုက္တာပဲဗ်ာ၊ ေႁမြဆိုတာ က်ဳပ္တို႔ဘက္မွာေတာ့ သိပ္အဆန္းမဟုတ္ပါဘူး၊ ဒါေပမယ့္ မၾကဴကေတာ့ ေတာ္ေတာ္ေၾကာက္ေနတာဗ်။ ဒါနဲ႔ အေဖက က်ဳပ္တို႔ဘက္ကိုလွည့္ၾကည့္ၿပီး
“သားႀကီးနဲ႔သားလတ္၊ အိမ္သာအနီးအပါးကို နည္းနည္းေျခာက္လွန႔္ေပးလိုက္ပါကြာ၊ အေကာင္ေတြ ဘာေတြရွိရင္ ေျပးေအာင္လို႔”
က်ဳပ္တို႔လည္း ေျခာက္လွန႔္ေပးလိုက္တာေပါ့၊ ေကာင္စီလူႀကီးကေတာ္ ေအာ္သံၾကားေတာ့ အိမ္ေရွ႕က တျခားလူႀကီးေတြလည္းေျပးလာတာေပါ့ဗ်ာ။ မၾကဴလည္း ရွက္ရွက္နဲ႔ အိမ္သာထဲေျပးဝင္သြားေတာ့တယ္၊ က်ဳပ္တို႔လည္း အိမ္သာအနားက ခ်ဳံပင္၊ ျမက္ပင္ေတြကို ဝါးလုံးပိုင္းတစ္ခုနဲ႔ ေျခာက္လွန႔္႐ိုက္ထုတ္ေနရင္း ျဖစ္ခ်င္ေတာ့ ဝါးလုံးပိုင္းက အိမ္သာေဘးဘက္ထရံကိုသြား႐ိုက္မိတယ္ဗ်။
“ဂြၽတ္ . . . ဝုန္း” ဆိုတဲ့အသံႀကီးနဲ႔အတူ အိမ္သာေဘးဘက္ထရံႀကီးက အခ်ပ္လိုက္ႀကီး ကြာက်သြားပါေရာဗ်ာ၊ အားလုံးကလည္း အံ့ဩၿပီးဝိုင္းၾကည့္ၾကတာေပါ့၊ အရမ္းရွက္တတ္တဲ့ မၾကဴတစ္ေယာက္ အိမ္သာထရံႀကီးပြင့္ထြက္ၿပီး ထမီႀကီးမလို႔ ဖင္ေျပာင္ႀကီးနဲ႔ထိုင္ေနတာကို ႐ြာကလူႀကီးေတြေရာ ေကာင္စီအဖြဲ႕ဝင္လူႀကီးေတြပါ ေတြ႕သြားတာေပါ့ဗ်ာ။
က်ဳပ္လည္း ဘာလုပ္ရမွန္းကိုမသိေတာ့တာဗ်၊ အဲဒီထရံႀကီးက ဘယ္သူ႔လက္ခ်က္ျဖစ္မလဲဗ်ာ၊ အကိုႀကီးနဲ႔ က်ဳပ္ရဲ႕လက္ခ်က္ေပါ့၊ ထရံထိပ္နဲ႔ေအာက္စကို ခ်ိဳးခ်ိဳးၿပီးသုံးထားေတာ့ ထရံနဲ႔ တိုင္ကို တြဲ႐ိုက္ထားတဲ့ ထရံသားေတြပါ က်ိဳးကုန္တာကိုးဗ်၊ ထရံက တဲတဲကေလးရွိေတာ့တဲ့အထဲ က်ဳပ္ကဝါးလုံးနဲ႔႐ိုက္လိုက္ေတာ့ ထရံႀကီးရဲ႕ဝိတ္ကို က်န္တဲ့ထရံစေတြက မခံႏိုင္ေတာ့ဘဲ က်ိဳးက်ကုန္ေတာေပါ့ဗ်ာ။
အကိုႀကီးက ေျပးလာၿပီးေတာ့ ထရံစႀကီးကိုေကာက္တယ္၊ က်ဳပ္လည္း ထရံစတစ္ဖက္ကိုကိုင္ၿပီး အိမ္သာေဘးမွာ ေျပးကပ္ထားလိုက္တာေပါ့ဗ်ာ၊ က်ဳပ္လည္း အေယာင္ေယာင္အမွားမွားနဲ႔ေျပာလိုက္ေသးတယ္။
“အမ၊ က်ဳပ္တို႔ဘာမွ မျမင္လိုက္ဘူး၊ ပါစရာရွိတာသာ ဆက္ပါစမ္းပါဗ်ာ”
က်ဳပ္ေျပာလိုက္ေတာ့မွ မၾကဴလည္း အိမ္သာေပၚကဆင္းေျပးေတာ့တာပဲဗ်ာ၊ သူတို႔လင္မယားလည္း ထမင္းေတာင္မစားေတာ့ဘဲ လွည္းတစ္စီးနဲ႔ျပန္ေျပးၾကပါေရာလားဗ်ာ၊ အလြန္ရွက္တတ္တဲ့ မၾကဴတစ္ေယာက္ လူပုံအလယ္မွာ ဖင္ေျပာင္ႀကီးနဲ႔ျဖစ္ေနတာဆိုေတာ့ ဘယ္ေလာက္မ်ားရွက္လိမ့္မလဲဗ်ာ။ အေဖကေတာ့ နားမလည္ႏိုင္ဘူးျဖစ္ေနတယ္ဗ်၊ က်ဳပ္နဲ႔အကိုႀကီးလည္း တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ရင္း
“ထရံက ေဆြးသြားတာျဖစ္မယ္အေဖရ”
“ေအးကြ၊ ထရံအလယ္ပိုင္းက်မေဆြးဘဲ၊ ဘာလို႔ထိပ္ပိုင္းေတြ ေဆြးသြားရတာပါလိမ့္”
အဲဒီေမးခြန္းကို အေဖက တစ္သက္လုံးအေျဖေဖာ္ႏိုင္ခဲ့မယ္ မထင္ပါဘူးဗ်ာ။
(၃)
“ဟဲ့မသန္းတို႔၊ အငယ္မတို႔”
အိမ္ေရွ႕မွာ ေတာင္းႀကီး႐ြက္ၿပီးေတာ့ ေအာ္သံၾကားလိုက္ေတာ့မွ က်ဳပ္တို႔ႀကီးေဒၚႀကီးရဲ႕အသံျဖစ္ေနတယ္ဗ်၊ ဒါနဲ႔ ႀကီးေဒၚႀကီးကို ေျပးႀကိဳၾကတာေပါ့ဗ်ာ၊ ႀကီးေဒၚႀကီးရဲ႕ နာမည္က မတင္သန္းတဲ့ဗ်၊ လူက အသက္ေျခာက္ဆယ္ေက်ာ္ခုနစ္ဆယ္နီးပါးေပါ့ဗ်ာ၊ လူကေတာ့ ၀၀တုတ္တုတ္ႀကီးဗ်၊ သူက ပဲခူးသားနဲ႔အိမ္ေထာင္က်ထားတာဆိုေတာ့ တစ္ႏွစ္တစ္ခါေလာက္ေတာ့ က်ဳပ္တို႔ဆီကို လာေလ့ရွိတယ္။
သူလာရင္ ငါးရံ႕ေျခာက္တို႔၊ ငါးပိေကာင္တို႔ ပါလာတတ္တယ္၊ ႐ြာမွာ အဲဒါေတြကို ေရာင္းခ်ေငြေဖာ္ၿပီးေတာ့ တစ္ပတ္ႏွစ္ပတ္ေလာက္ေနၿပီး ျပန္တာေပါ့ဗ်ာ။ အခုလည္း အိမ္ေရာက္ကတည္းက ႀကီးေဒၚႀကီးက ေဟာင္ဖြာေဟာင္ဖြာနဲ႔ေျပာေနေတာ့တာပဲ။
ႀကီးေဒၚႀကီးက စကားေျပာေကာင္းတယ္ဗ်၊ သူ႔ေယာက္်ားက ပဲခူးက ဟံသာသိန္းေဇာ္ဇတ္ထဲလိုက္တဲ့ လူ႐ႊင္ေတာ္ကိုးဗ်၊ ဒီေတာ့ စကားေျပာရင္ အာေပါင္အာရင္းသန္သန္နဲ႔ ရယ္စရာေမာစရာေလးေတြလည္း ထည့္ထည့္ေျပာတတ္တာေပါ့၊ ဒါေပမယ့္ ႀကီးေဒၚႀကီးမွာ မေကာင္းတဲ့အခ်က္ကေတာ့ ဘြင္းဘြင္းႀကီးေျပာတတ္တာပဲဗ်။
“အလတ္ေကာင္ရယ္၊ နင့္အသားေတြကလည္း မည္းသြားလိုက္တာ၊ မီးေသြးေတာင္ နင့္ေတြ႕ရင္ငိုရမယ္”
က်ဳပ္ကေတာ့ စိတ္ထဲမထားတတ္လို႔ ခပ္ၿပဳံးၿပဳံးေပါ့ဗ်ာ၊ အကိုႀကီးကိုလည္းၾကည့္ၿပီးေတာ့
“အႀကီးေကာင္ကိုၾကည့္ပါအုံး၊ ဦးထုပ္ေဆာင္းတာမ်ား မသိရင္ မီးေလာင္ၿပီးသားသစ္ငုတ္တိုမွာ ပုံးစုတ္ကိုစြပ္ထားတဲ့အတိုင္းပဲ”
သူကေျပာလိုက္ က်ဳပ္တို႔ကရယ္လိုက္နဲ႔ေပါ့ဗ်ာ။
“ဟဲ့ နင္တို႔ဘယ္သြားမလို႔လဲ”
“လယ္ထဲသြားမလို႔ေပါ့ဗ်၊ ဘာလဲ ႀကီးေဒၚက လိုက္မလို႔လား”
“ေအးဟယ္၊ နင္တို႔မ်ိဳးေတြ ဘယ္ေလာက္သန္တယ္ဆိုတာ ငါလည္း လိုက္ၾကည့္ခ်င္စမ္းတယ္”
ဒါနဲ႔ပဲ က်ဳပ္တို႔ေမာင္ႏွမေတြ လယ္ထဲဆင္းေတာ့ ႀကီးေဒၚႀကီးပါလိုက္လာတာေပါ့ဗ်ာ၊ အကိုႀကီးကို အေဖကလယ္ေတြခြဲေပးထားတာဆိုေတာ့ အကိုႀကီးကတစ္လမ္းေပါ့၊ က်ဳပ္ရယ္၊ အငယ္ေကာင္ရယ္၊ ညီမႏွစ္ေယာက္ရယ္ လယ္တဲကိုလာခဲ့တာေပါ့ဗ်ာ၊ ပ်ိဳးေတြကေတာ့ ေကာင္းေနၿပီ၊ မၾကာခင္ ေကာက္စိုက္ရေတာ့မယ့္အခ်ိန္ေပါ့ဗ်ာ၊ လယ္တဲထဲမွာ ႀကီးေဒၚႀကီးက သူ႔ဖိနပ္ကိုဖင္ခုထိုင္ၿပီး အာေပါင္အာရင္းသန္သန္နဲ႔ စကားေတြေျပာေနတာကို ဦးဘသာႀကီးကလွမ္းၾကည့္တယ္ဗ်၊ ၿပီးေတာ့ က်ဳပ္တို႔အနားကိုေရာက္လာတယ္၊ ႀကီးေဒၚႀကီးက ဦးဘသာတဲအနားကိုေလွ်ာက္လာတာကိုၾကည့္ရင္း
“ဟိုလူႀကီးကိုၾကည့္စမ္းပါအုံးေအ၊ နဖူးႀကီးက ေလယာဥ္ကြင္းေလာက္ကိုေျပာင္တယ္၊ လူကလည္း ပိန္ပိတ္ခ်ဳံးခ်ဳံးနဲ႔ ငါအစက လယ္ေစာင့္သရဲႀကီး လမ္းေလွ်ာက္လာတာလားလို႔ေတာင္ ထင္ေနမိတာ”
ဦးဘသာလည္း တစ္လွမ္းခ်င္းေလွ်ာက္လာရင္း
“ေဟ့အလတ္ေကာင္၊ မင္းတို႔လယ္ထဲ ဧည့္သည္ေရာက္ေနတယ္ထင္ပါ့”
“ဟုတ္တယ္ဦးဘသာေရ၊ ဒါက က်ဳပ္ႀကီးေဒၚ မတင္သန္းတဲ့”
ဦးဘသာက နားေလးေနတဲ့ဟန္ျပဳလုပ္လိုက္ၿပီးေတာ့
“ဘာ၊ မဆင္သန္းဟုတ္လား၊ နာမည္နဲ႔လူနဲ႔ေတာ့လိုက္ပါ့ကြာ၊ ေပးလည္းေပးတတ္တယ္”
ဦးဘသာက တဲထဲကိုလွမ္းဝင္လာတယ္၊ ႀကီးေဒၚကေတာ့ ဘယ္ေက်နပ္ပါ့မလဲ၊ သူ႔ကိုယ္လုံးက ၀၀ဖိုင့္ဖိုင့္နဲ႔ ခင္ဗ်ားတို႔ျမင္သာေအာင္ေျပာရမယ္ဆိုရင္ ႐ုပ္ရွင္သ႐ုပ္ေဆာင္ ၾကဴၾကဴသင္းလို ပုံမ်ိဳးေပါ့ဗ်ာ။ ႀကီးေဒၚႀကီးက ဦးဘသာကိုမ်က္ေစာင္းထိုးရင္း
“ေအာင္မာ၊ သူ႔ၾကည့္ေတာ့ ထမင္းခုနစ္ႏွစ္မစားထားတဲ့ ၿပိတာ ႐ုပ္နဲ႔မ်ား၊ လူကို ဆင္သန္းကေလးဘာေလးနဲ႔၊ က်ဳပ္နာမည္ တင္သန္း”
က်ဳပ္တို႔လည္း ရယ္ၾကတာေပါ့ဗ်ာ၊
“မသိလို႔ပါဗ်ာ၊ က်ဳပ္ကလည္း မ်က္စိမေကာင္းေတာ့ ခင္ဗ်ားကိုလူလို႔လွမ္းမျမင္လိုက္ဘူးဗ်၊ ခင္ဗ်ားက ပုံပုံႀကီးထိုင္ေနတာဆိုေတာ့ လယ္ထဲထည့္ဖို႔ ႏြားေခ်းေျခာက္ေတြ ပုံထားသလားဆိုၿပီးေတာ့ နည္းနည္းေတာင္းဖို႔လာခဲ့တာ”
ႀကီးေဒၚနဲ႔ ဦးဘသာနဲ႔ တစ္ေယာက္နဲ႔တစ္ေယာက္ အေခ်အတင္ေတြ ႏွိပ္ႏွိပ္ကြပ္ကြပ္ေတြ ေျပာေတာ့တာပဲဗ်ာ၊ က်ဳပ္တို႔ကေတာ့ ေဘးနားက နားေထာင္ရင္းရယ္တာေပါ့၊ ႀကီးေဒၚႀကီးက တကယ္စိတ္ဆိုးမာန္ဆိုးနဲ႔ေျပာတယ္ဆိုေပမယ့္ ဦးဘသာကေတာ့ ၿပဳံးၿပဳံးပဲဗ်၊ အေတာ္ၾကာေအာင္ေျပာၿပီးေတာ့မွ
“ျပန္ေတာ့မယ္အလတ္ေကာင္ေရ၊ ဆင္ေဝွ႔ရန္ေရွာင္တဲ့ကြ၊ ဆင္မႀကီးေဒါသထြက္ေနရင္ ငါမေနရဲဘူး၊ သြားၿပီေဟ့”
ဦးဘသာက တဖတ္ဖတ္နဲ႔လမ္းေလွ်ာက္ၿပီးထြက္သြားတယ္ဗ်။ ေျခသံကိုၾကားေတာ့မွ ႀကီးေဒၚက ဦးဘသာေျခေထာက္ကို အေသအခ်ာၾကည့္တယ္။
“ဟဲ့၊ ဟိုအဘိုးႀကီးစီးသြားတာ ငါ့ဖိနပ္နဲ႔တူလိုက္တာ”
က်ဳပ္ၾကည့္လိုက္ေတာ့ ဆင္ၾကယ္ဖိနပ္ အစိမ္းေရာင္ကေလးဗ်၊ အဲဒီေခတ္က ဆင္ၾကယ္ဖိနပ္ဆိုတာ ေတာ္႐ုံလူမစီးႏိုင္ဘူးဗ်၊ ယိုးဒယားဆင္ၾကယ္ဖိနပ္ဆိုတာက ေမွာင္ခိုသြင္းရတာ၊ က်ဳပ္တို႔ဆီမွာေတာ့ သိပ္မစီးႏိုင္ၾကပါဘူး၊ ၿပီးေတာ့ ဆင္ၾကယ္ဆိုတာ ေယာက္်ား၊ မိန္းမမေ႐ြးဘဲ စီးလို႔ရတယ္မဟုတ္လား။ က်ဳပ္လည္း အဲဒီဖိနပ္ကိုၾကည့္ရင္း အံ့ဩသြားတယ္ဗ်။
“ဟာ၊ ႀကီးေဒၚကလည္း ႀကီးေဒၚရဲ႕ဖိနပ္က ဖင္ခုထိုင္ထားတာမဟုတ္လား၊ သူက ဘယ္လိုလုပ္ၿပီး စီးသြားမွာလဲ”
“ေအးဟဲ့ ဟုတ္သားပဲ”
ႀကီးေဒၚက ဒီေတာ့မွ ဖင္ကိုႂကြၿပီးေတာ့ ဖိနပ္ကိုႏႈိက္ထုတ္လိုက္တယ္ဗ်၊ ဒီအခါမွာ ႀကီးေဒၚလက္ထဲ ဘာႀကီးပါလာသလဲဆိုေတာ့ ခုံဖိနပ္ႀကီးဗ်။ ႀကီးေဒၚႀကီးမွာ အေတာ္လန႔္သြားရွာတာဗ်၊ သူဖင္ခုထိုင္ထားတဲ့ ဆင္ၾကယ္ဖိနပ္က အခုေတာ့ ဦးဘသာစီးေနက် သရက္သားခုံဖိနပ္ႀကီးျဖစ္သြားတာပဲဗ်ာ၊ ႀကီးေဒၚႀကီးမွာ ငိုခ်င္ခ်င္ျဖစ္သြားရွာတယ္။
“ဟဲ့ ဘယ္လိုျဖစ္ရတာလဲ၊ ငါ့ဖိနပ္က ဘာလို႔ခုံဖိနပ္ႀကီးျဖစ္သြားရတာလဲ”
ဦးဘသာႀကီး တစ္ကြက္ျပလိုက္မွန္း က်ဳပ္သိလိုက္ပါတယ္၊ အငယ္မတို႔ အငယ္ေကာင္တို႔ဆိုတာ ရယ္လိုက္ၾကတာေျပာမေနပါနဲ႔ေတာ့ဗ်ာ။ ႀကီးေဒၚက လယ္ထဲကျပန္ေတာ့ အဲဒီခုံဖိနပ္ကို ႐ိုးေခ်ာင္းထဲပစ္ခ်လိုက္တယ္ဗ်။
“သြားစမ္း ေကာင္းက်ိဳးမေပးတဲ့ ဖိနပ္အစုတ္ႀကီး”
က်ဳပ္လည္း သူ႔ကိုသနားသြားတာနဲ႔ ဦးဘသာဆီကိုေျပးလာခဲ့တာေပါ့၊ ဦးဘသာက ခုံဖိနပ္ပဲစီးထားတာဗ်။
“မေကာင္းပါဘူးဦးဘသာရာ၊ သူ႔ဖိနပ္ျပန္ေပးလိုက္ပါ”
“ေအးပါ၊ သူ႔ဖိနပ္ကိုငါျပန္ေပးလိုက္ပါၿပီ၊ ဒါနဲ႔ ငါ့ခုံဖိနပ္ေတြ ေရေတြစိုေနပါလား၊ မင္းတို႔ဘယ္နားသြားထားတာလဲ”
“ဟင္ . . . ဒါဆို”
“ငါက ဖိနပ္ခ်င္းလဲထားလိုက္တာကြ၊ အခုငါ့ဖိနပ္ေတြျပန္ရၿပီမို႔လို႔၊ သူရထားတဲ့ ခုံဖိနပ္ႀကီးက သူ႔ဖိနပ္ျပန္ျဖစ္သြားလိမ့္မယ္”
“ဟာ၊ ဒါဆိုရင္ေတာ့ သြားၿပီဗ်ာ”
“ဘာျဖစ္လို႔လဲကြ”
“သူက ခုံဖိနပ္ကို ႐ိုးေခ်ာင္းထဲကို ပစ္ခ်လိုက္တာဗ်”
ဒီအတိုင္းဆိုရင္ေတာ့ ယိုးဒယားဆင္ၾကယ္ ရာဘာဖိနပ္က ႐ိုးေခ်ာင္းထဲမွာ ေျမာပါသြားေလာက္ၿပီေပါ့ဗ်ာ။
(၄)
အိမ္ျပန္ေရာက္လို႔ အေမ့ကိုေျပာျပေတာ့ အေမက ခြက္ထိုးခြက္လန္ရယ္ပါေရာ။
“အဲဒီလူႀကီးက စုန္းႀကီး အမတင္သန္းရဲ႕၊ သူနဲ႔ သြားၿပီးရန္မျဖစ္နဲ႔၊ ဟိုက မျပဳစားလိုက္တာပဲ ေက်းဇူးတင္ရမွာ”
ဒီေတာ့မွ ႀကီးေဒၚႀကီးက အေတာ္ေၾကာက္သြားရွာတာဗ်။ အဲဒီညက စားေသာက္ၿပီးေတာ့ အိပ္လိုက္ၾကတာေပါ့ဗ်ာ၊ မနက္မိုးလင္းေတာ့ ႀကီးေဒၚႀကီးက သူပါလာတဲ့ ငါးေျခာက္ေတြကို လည္ေရာင္းဖို႔ျပင္ဆင္ေနေတာ့တယ္၊ က်ဳပ္တို႔လည္း လယ္ထဲဆင္းဖို႔လုပ္ေနၾကတာေပါ့ဗ်ာ၊ အေမက မနက္စာျပင္ေပးေတာ့ က်ဳပ္တို႔လည္း စားေသာက္ေနလိုက္တာေပါ့၊
“အမတင္သန္း၊ မနက္စာစားအုံးေလ”
“ေအးေအး၊ စားမယ္၊ ဒါေပမယ့္ ေရမိုးခ်ိဳးလိုက္အုံးမယ္၊ ၿပီးမွစားမယ္”
ႀကီးေဒၚႀကီးက ထမီရင္လ်ားႀကီးနဲ႔ အိမ္ေနာက္ေဖးေရခ်ိဳးခန္းဘက္ကို ဆင္းသြားတာပဲဗ်ာ၊ က်ဳပ္တို႔ထမင္းစားေနတုန္း ေရတေဝါေဝါနဲ႔ေလာင္းခ်ိဳးတဲ့အသံၾကားရတယ္၊ ၿပီးေတာ့ ႀကီးေဒၚႀကီးက ေအာ္ေတာ့တာပဲ။
“ေအာင္မယ္ေလး၊ လုပ္ၾကပါအုံး”
ေရခ်ိဳးရင္း ဘာမ်ားျဖစ္သလဲဆိုၿပီး က်ဳပ္တို႔လည္း လက္ေတာင္မေဆးဘဲ ႀကီးေဒၚႀကီးဆီကို ထေျပးလာတာေပါ့ဗ်ာ၊ ႀကီးေဒၚႀကီးက ဖင္ကိုလက္နဲ႔ပြတ္ရင္း
“ေအာင္မယ္ေလး၊ ပူလိုက္၊ စပ္လိုက္တာ၊ ယားလဲယားတယ္ေတာ့”
ႀကီးေဒၚက ေျပာရင္း ဖင္ကိုတျဗင္းျဗင္းနဲ႔ပြတ္ေနေတာ့တာပဲ၊ အေဖက အေမ့ကိုၾကည့္ရင္း
“မိန္းမေရ၊ မတင္သန္းကို မင္းၾကည့္ေပးလိုက္စမ္းပါကြာ”
ဒါနဲ႔ပဲ ႀကီးေဒၚႀကီးကို ေရခ်ိဳးခန္းထဲကေန ထုတ္ၿပီးေတာ့ အိမ္ခန္းထဲထည့္ၿပီး အေမကၾကည့္ေပးတာေပါ့ဗ်ာ။ ေနာက္ေတာ့ အခန္းထဲကထြက္လာၿပီး
“ဘာမွေတာ့မေတြ႕ဘူး၊ ဒါေပမယ့္ သူက စပ္တယ္၊ ပူတယ္၊ ယားတယ္ဆိုၿပီးေတာ့ ကုပ္ပဲကုပ္ဖဲ့ေနတာ”
ႀကီးေဒၚက အခန္းထဲမွာ ဖင္ေထာင္ၿပီးေတာ့ ကုပ္ေနတာပဲဗ်ာ၊ ေနာက္ေတာ့ သူက အေသအခ်ာစဥ္းစားရင္း
“ဒါစုန္းလုပ္တာေနမွာ၊ ဒါ ငါ့ကိုစုန္းလုပ္ေနတာေနမွာ၊ မေန႔က အဘိုးႀကီးက ငါ့ကိုမေက်နပ္လို႔ ျပဳစားလိုက္တာေနမွာ”
ႀကီးေဒၚႀကီးေျပာလည္း ေျပာခ်င္စရာပဲကိုး၊ တစ္မနက္လုံးအေကာင္းအတိုင္းပဲေလ၊ ေရခ်ိဳးေတာ့မွ ေကာက္ကာငင္ကာ ထျဖစ္တာမဟုတ္လား၊ အေမကေတာ့ ယားတာယံတာေပ်ာက္ေအာင္ ကရမက္ေသြးလူးေပးတယ္၊ ဒါလည္း မသက္သာဘူးဗ်၊ ေနာက္ဆုံးေတာ့ အေဖက က်ဳပ္ကိုေခၚေျပာတယ္။
“ကဲ အလတ္ေကာင္၊ မင္းႀကီးေဒၚက ပါးစပ္က ေဟာင္ဖြာေဟာင္ဖြာနဲ႔ဆိုေတာ့ ႐ြာထဲကမၾကည္တဲ့လူေတြမ်ားရွိသလားမသိဘူး၊ သြား၊ ဦးသဘာႀကီးကို သြားေခၚလာခဲ့”
က်ဳပ္လည္း ဦးဘသာဆီေျပးခဲ့ရတာေပါ့ဗ်ာ၊ ဦးဘသာက မနက္စာစားရင္း ေရေႏြးေသာက္ေနတယ္။
“ဦးဘသာ အေဖကေခၚခိုင္းလိုက္လို႔”
“ဘာျဖစ္ရျပန္တာတုံး”
“က်ဳပ္ႀကီးေဒၚႀကီး ဖင္ေတြယားေနလို႔ဗ်”
ဦးဘသာ ထမင္းတစ္လုပ္ဝါးလိုက္ရင္း မ်က္ႏွာကိုမဲ့လိုက္တယ္ဗ်။
“ဟာ၊ မင္းႀကီးေဒၚႀကီး ဖင္ယားတာ ငါနဲ႔ဘာဆိုင္လို႔လဲကြ”
“ဆိုင္တာမဆိုင္တာေတာ့ မသိဘူး၊ သူကေတာ့ စုန္းလုပ္တယ္လို႔ေျပာတာပဲ၊ အေဖကလည္း ႀကီးေဒၚက ပါးစပ္က ေဟာင္ဖြာေဟာင္ဖြာနဲ႔ဆိုေတာ့ ႐ြာထဲက မၾကည္တဲ့လူတစ္ေယာက္ေယာက္ကမ်ား လုပ္သလားလို႔ ယူဆတယ္တဲ့၊ အဲဒါ . . ဦးဘသာ လိုက္ၾကည့္ေပးစမ္းပါဗ်ာ”
ဦးဘသာက ထမင္းပန္းကန္ကိုခ်လိုက္ၿပီး ေရေႏြးၾကမ္းေရနဲ႔လက္ေဆးခ်ၿပီး က်ဳပ္ေနာက္ကိုလိုက္လာခဲ့ေတာ့တယ္။
အိမ္ကိုဦးဘသာေရာက္တာနဲ႔ ႀကီးေဒၚႀကီးက ေအာ္ဆဲတာပဲဗ်ာ။
“လူယုတ္မာႀကီး၊ သူေတာင္းစားႀကီး ငါ့ကိုလုပ္ထားတာကို ျပန္ေျဖေပး”
ဦးဘသာက ခါးေထာက္ရင္း
“ဟဲ့၊ ငါနင့္ကိုဘာမွမလုပ္ဘူး”
အေဖက ထလာရင္း
“ဦးဘသာ တစ္ခ်က္ၾကည့္ေပးပါ၊ မေန႔ကလည္းအေကာင္း၊ တစ္မနက္လုံးအေကာင္းပါပဲ၊ အခုေတာ့ ခင္ဗ်ားေတြ႕တဲ့အတိုင္းေပါ့”
ႀကီးေဒၚႀကီးရဲ႕ ဖင္စအို၀နားက ကုတ္တာမ်ားလို႔ ေသြးစေတြေတာင္ထြက္ၿပီး အသားေတြလန္ေနၿပီဗ်။ အငယ္မနဲ႔ ႏို႔ညႇာမနဲ႔က ႀကီးေဒၚႀကီးရဲ႕လက္ေတြကို ထပ္ၿပီးကုပ္မွာစိုးလို႔ ဖမ္းခ်ဳပ္ထားရတယ္၊ ႀကီးေဒၚက ယားလို႔ဆိုၿပီးေတာ့ လူးလြန႔္ေနတာပဲဗ်ာ။ ဦးဘသာက အေဖ့ဘက္ကိုလွည့္လိုက္ၿပီး
“သူႀကီးကို က်ဳပ္ေျပာမယ္၊ က်ဳပ္က စတတ္ေနာက္တတ္တယ္ဆိုေပမယ့္ လူတစ္ေယာက္ကို ဒီလိုခံစားရေအာင္ မလုပ္တတ္ဘူးဆိုတာ သူႀကီးယုံေပးပါ”
အေဖက ေခါင္းညိတ္ရင္း
“ယုံပါတယ္ဦးဘသာရယ္၊ အခု ဦးဘသာကို ေခၚခိုင္းရတယ္ဆိုတာကလည္း သူ႔ပါးစပ္ေၾကာင့္ သူ႔ကိုၿငိဳးေတးထားတဲ့လူ မၾကည္တဲ့လူကမ်ား ျပဳစားသလားဆိုတာကို စစ္ေဆးေပးဖို႔အတြက္ပါ”
ဦးဘသာက ႀကီးေဒၚႀကီးရဲ႕ နဖူးကို လက္ဝါးနဲ႔အုပ္ၿပီး မ်က္လုံးမွိတ္လိုက္တယ္ဗ်၊ ၿပီးေတာ့ ေခါင္းခါတယ္။
“က်ဳပ္စမ္းသေလာက္ေတာ့ ဘာပေယာဂမွာ မရွိပါဘူးဗ်ာ”
အေဖက ေခါင္းတဆတ္ဆတ္ညိတ္ရင္း
“ဒါဆိုရင္ေတာ့ ႐ိုး႐ိုးေရာဂါပဲေနမွာ”
“႐ိုး႐ိုးသာမန္ေရာဂါဆိုရင္ေတာ့ က်ဳပ္မကုတတ္ဘူးသူႀကီးေရ၊ မွတ္ႀကီးေဆးကေတာ့ သိပ္ေကာင္းတယ္ဗ်၊ မွတ္ႀကီးကို ေခၚျပေပါ့”
ဦးဘသာႀကီးက အဲဒီလိုေျပာၿပီးေတာ့ ျပန္သြားတယ္၊ ဒါနဲ႔အေဖက က်ဳပ္ကို ဦးမွတ္ႀကီးဆီ သြားေခၚခိုင္းတာေပါ့ဗ်ာ၊ က်ဳပ္လည္း ဦးမွတ္ႀကီးအိမ္ကိုေျပးရျပန္တယ္၊ ဘုရားရွိခိုးေနတဲ့ ဦးမွတ္ႀကီးကို ေစာင့္ေနရေသးတယ္။
“ဟာ အလတ္ေကာင္ပါလား ဘာ ကိစၥလဲ”
“ကိစၥကေတာ့ က်ဳပ္ႀကီးေဒၚ ဖင္ေတြယားေနလို႔ဗ်”
“ဟာကြာ၊ ဖင္ယားတာ ဓါတ္မသြားလို႔ျဖစ္မယ္ကြ၊ ဝမ္းႏႈတ္ေဆးေသာက္ရင္ ေပ်ာက္ပါတယ္”
“အဲဒီလိုမဟုတ္ဘူးဗ်၊ မနက္ကအထိအားလုံးအေကာင္းပဲ အခုမွ ပူတယ္၊ စပ္တယ္၊ ယားတယ္ဆိုၿပီးေတာ့ လူးလိမ့္ေနတာပဲဗ်ာ၊ ဖင္ေတြကိုလည္း ကုပ္ထားတာ အသားနီေတာင္လန္ေနၿပီ”
ဦးမွတ္ႀကီးက က်ဳပ္ေျပာတာကို ေသခ်ာနားစိုက္ေထာင္ရင္း
“ပေယာဂေတြမ်ားျဖစ္ေနမလား”
“က်ဳပ္ခုနကပဲ ဦးဘသာကိုေခၚၿပီး စစ္ခိုင္းၿပီးပါၿပီ၊ ဦးဘသာကေတာ့ ပေယာဂမဟုတ္ဘူးလို႔ ေျပာသြားတယ္”
ေဆးဆရာဦးမွတ္ႀကီး ဦးေႏွာက္ေျခာက္သြားပုံပဲဗ်။
“ဒါဆို ေခြးေလွးယားသီးေတြ ဘာေတြမ်ား ထိမိေသးလား”
“ဦးမွတ္ႀကီးကလည္းဗ်ာ၊ ေခြးေလွးယားသီးဆိုတာ ေတာထဲမွာရွိတာမဟုတ္လား၊ က်ဳပ္ႀကီးေဒၚက အေကာင္းႀကီးဗွ်၊ အိမ္ကေနလည္း ဘယ္မွသြားတာမဟုတ္ဘူး”
“ထူးေတာ့ထူးတယ္ကြ၊ ေအးေအး၊ ငါလိုက္စမ္းေပးမယ္”
ေဆးဆရာဦးမွတ္ႀကီးက ေဆးလြယ္အိတ္ကိုလြယ္ၿပီး လိုက္ခဲ့တာေပါ့ဗ်ာ။ အိမ္ေရာက္ေတာ့ ႀကီးေဒၚႀကီးကို ေသြးေတြေလေတြစမ္းေပးတယ္၊ ဖင္ေတာ့လွန္မၾကည့္ပါဘူး၊ ေသြးစမ္းေလစမ္းတာလည္း အကုန္အေကာင္းပဲဗ်။
“ထူးေတာ့ထူးၿပီေဟ့၊ ေလာေလာဆယ္ေတာ့ ေဆးၾကမ္းမႈန႔္ကိုေရေဖ်ာ္ၿပီးေတာ့ ေသာက္ခိုင္း၊ လိမ္းခိုင္းစမ္းကြာ၊ ငါကေတာ့ အေကာင္တစ္ေကာင္ေကာင္ ကိုက္တာလို႔ပဲထင္တယ္”
ဦးမွတ္ႀကီးေပးတဲ့ ေဆးၾကမ္းမႈန႔္နီနီကိုေက်ာက္ျပင္မွာ ေရေဖ်ာ္ၿပီးလူးေပးလိုက္တာပဲ၊ ေဆးၾကမ္းဆိုတာက အနာထည့္တဲ့ေဆးကိုေခၚၾကတာ၊ ေသြးထြက္သံယိုတို႔၊ အဖုအႀကိတ္၊ ထိခိုက္ရွနာဆိုရင္ အဲဒီေဆးမႈန႔္သိပ္ရင္ ေပ်ာက္တယ္ေလ။ ဒါေပမယ့္ အခုေတာ့ ႀကီးေဒၚႀကီးဖင္ယားတာက ဘယ္လိုမွ မေပ်ာက္ဘူးဗ်ာ၊ ေဆးၾကမ္းမႈန႔္ေရေဖ်ာ္လိမ္းလိုက္ေတာ့ ပိုပိုၿပီးဆိုးလာတယ္၊ ယားတာလည္းမခံႏိုင္လို႔ တီေကာင္ဆားပက္သလို တြန႔္ေနတာပဲဗ်ာ။ ဦးမွတ္ႀကီးကေတာ့ ေကာင္းသြားမွာပါလို႔ေျပာၿပီး ျပန္သြားတယ္၊ မေကာင္းဘဲ က်န္ေနတာကေတာ့ ႀကီးေဒၚႀကီးပဲဗ်ိဳ႕။
(၅)
ခဏေနေတာ့မွ က်ဳပ္လည္း သေဘာေပါက္သြားတယ္၊ ဒါနဲ႔ ဟားတိုက္ရယ္ေမာရင္း အိမ္ထဲကိုဝင္လာေတာ့ အိမ္ကလူေတြက က်ဳပ္ကိုအထူးအဆန္းနဲ႔ ဝိုင္းၾကည့္ေနၾကတယ္။
“ဟဲ့အလတ္ေကာင္၊ ေနျပင္းလို႔မ်ား စိတ္ေဖာက္သြားတာလား”
“ဟာ၊ အေမကလည္း ဒီေလာက္မိုးအုံ႔ေနတာကို”
ညီမငယ္ကလည္း ဝင္ေျပာတယ္ဗ်၊ က်ဳပ္လည္း သူတို႔ေျပာတာကို ဂ႐ုမစိုက္ပါဘူး။
“လတ္စသတ္ေတာ့ ႐ုကစိုး ေႏွာင့္ေနတာပဲကိုးဗ်”
က်ဳပ္ေျပာေတာ့ အေဖကအစ အားလုံးက အံ့ဩတႀကီးနဲ႔ၾကည့္ေနၾကတယ္၊ က်ဳပ္လည္း ခပ္တည္တည္နဲ႔ဆက္ေျပာတာေပါ့။
“ဘာမွမပူနဲ႔၊ က်ဳပ္ ဆီမန္းမန္းၿပီးေတာ့ ကုသေပးမယ္”
“ဟဲ့အလတ္ေကာင္၊ နင္ေပါက္ကရေတြ ေလွ်ာက္မလုပ္နဲ႔ေနာ္”
က်ဳပ္လည္း အေမေျပာတာကို ျပန္ေျဖရွင္းမေနေတာ့ဘူး၊ အငယ္မကိုၾကည့္လိုက္ရင္း
“အငယ္မ၊ မုန္ညင္းဆီယူလာၿပီးေတာ့ အၾကမ္းပန္းကန္ထဲကို ထည့္လာခဲ့စမ္း”
အငယ္မလည္း မုန္ညင္းဆီပုလင္းကိုေျပးယူၿပီးေတာ့ ေရေႏြးေသာက္တဲ့ အၾကမ္းပန္ကန္လုံးထဲကို တစ္ဝက္ေလာက္ထည့္လိုက္တာေပါ့ဗ်ာ၊ က်ဳပ္လည္း သူ႔ဆီက ဆီပန္းကန္ကိုယူလိုက္ၿပီးေတာ့ နဖူးနားမွာကပ္လိုက္ရင္း
“ဥဳံ၊ ေဆးေစာင့္၊ ဝါးေစာင့္၊ အင္းေစာင့္၊ အိုင္ေစာင့္၊ ကန္ေစာင့္တို႔ အမိန႔္နာခံေစ၊ အထက္ဆရာႀကီးမ်ားအမိန႔္၊ ငါ့အမိန႔္”
က်ဳပ္အသံနက္ႀကီးနဲ႔ေအာ္ေနတာကို အားလုံးက မ်က္ေတာင္မခတ္တမ္းၾကည့္ေနတာေပါ့ဗ်ာ။
“ကဲ ဒီႀကီးေဒၚရဲ႕ ဖင္မွာ ျဖစ္ေပၚေနတဲ့ ေဝဒနာေတြအားလုံး ငါ့ရဲ႕အမိန႔္နဲ႔ေပ်ာက္ကင္းေစ”
က်ဳပ္က ခပ္တည္တည္နဲ႔ေျပာရင္း ၾကမ္းျပင္ကိုလည္း ေျခဖေနာင့္နဲ႔ သုံးေလးခ်က္ေဆာင့္လိုက္ေသးတယ္၊ ၿပီးေတာ့ ဆီပန္းကန္ကို အငယ္မကိုလွမ္းေပးၿပီး
“သြား၊ အငယ္မ၊ ႀကီးေဒၚရဲ႕ဖင္ကို ေရေဆးၿပီး ေရေျခာက္ေအာင္သုတ္၊ ၿပီးရင္ ေဟာဒီဆီေတြကို အသားထဲစိမ့္ဝင္သြားေအာင္ လူးထည့္လိုက္စမ္း”
အငယ္မလည္း ဆီပန္းကန္ယူတယ္၊ တစ္အိမ္လုံးကလည္း ဟုတ္ေသာ္ရွိ၊ မဟုတ္ေသာ္ရွိေပါ့ေလ၊ က်ဳပ္ကို အထင္ႀကီးေနၾကေပမယ့္၊ သိပ္ေတာ့ မယုံၾကေသးဘူးနဲ႔တူတယ္၊ အငယ္မနဲ႔ ႏို႔ညႇာမက ေရအင္တုံတစ္ခုယူလာၿပီးေတာ့ ဖင္ကိုေရနဲ႔ေဆးခ်တယ္၊ ေရနဲ႔ထိေတာ့ ႀကီးေဒၚႀကီးက ဖင္ဘူးေတာင္းေထာင္ၿပီးေတာ့ ေအာ္ပါေရာဗ်ာ။ ၿပီးေတာ့ ထမီအေျခာက္နဲ႔သုတ္ၿပီးေတာ့ က်ဳပ္ေပးတဲ့ ဆီမန္းကို ဖင္တစ္ျပင္လုံးကို လူးေပးၾကတယ္၊ ဆယ့္ငါးမိနစ္ေလာက္ၾကာေတာ့ ႀကီးေဒၚႀကီးက ငုတ္တုတ္ထိုင္ႏိုင္တယ္။
“ဟယ္၊ ထူးဆန္းလိုက္တာ၊ မယားေတာ့ဘူးဟဲ့”
အေဖကအစ၊ က်ဳပ္ကို ဘာလဲဆိုတဲ့အၾကည့္နဲ႔ၾကည့္ၾကတာဗ်ာ၊ အဲဒီအၾကည့္ေတြရဲ႕အေနာက္မွာေတာ့ အထင္ႀကီးတဲ့အၾကည့္ေတြလည္း ကပ္ပါလာတယ္။ က်ဳပ္ကေတာ့ ပုဆိုးေလးျပင္ဝတ္ရင္း ေအးေအးလူလူဟန္လုပ္ျပေနတာေပါ့၊ အေမက က်ဳပ္လက္ေမာင္းကိုေျပးဆြဲရင္း
“ဟဲ့ အလတ္ေကာင္၊ နင္ဒီပညာေတြ ဘယ္ကတတ္တာလဲေျပာစမ္း”
အကိုႀကီးကလည္း ေျပးလာၿပီး
“ဟုတ္တယ္အလတ္ေကာင္၊ မင္းဒီေလာက္ေတာ္ရင္ ႐ြာထဲမွာ ေဆးကုစားလို႔ရၿပီ”
ႏို႔ညႇာမကလည္း က်ဳပ္ဆီေျပးလာတယ္။
“ဦးဘသာနဲ႔ ေဆးဆရာႀကီးမွတ္ႀကီးေတာင္ လက္လန္သြားတာကို၊ အကိုလတ္က ခဏေလးနဲ႔ ကုႏိုင္တယ္ဆိုေတာ့ အကိုလတ္က ဆရာႀကီးပဲ”
ေနာက္ေတာ့ ႀကီးေဒၚႀကီးက ဖင္ေ႐ြ႕ဖင္ေ႐ြ႕နဲ႔ အိမ္ခန္းထဲကေနထြက္လာတယ္။ ေနာက္ေတာ့ က်ဳပ္ကိုလက္အုပ္ခ်ီၿပီး
“အလတ္ေကာင္ရယ္၊ နင့္ကိုငါ ပညာတတ္မွန္းမသိလို႔ အရင္က မေလးမစားလုပ္ခဲ့တာပါ၊ အခုေတာ့ နင့္ပညာကို ငါယုံပါၿပီ”
က်ဳပ္လည္း ပါးစပ္ႀကီးၿဖဲၿပီးေတာ့ တဝါးဝါးနဲ႔ရယ္လိုက္ေတာ့တယ္။
“ဟား၊ ဟား၊ ဟား၊ တကယ္ေတာ့ အဲဒါ ဘာပညာမွ မဟုတ္ဘူးဗ်၊ ဗဟုသုတလို႔ေခၚတယ္”
အားလုံးက က်ဳပ္ကိုၾကည့္ရင္း
“ဗဟုသုတ၊ ဟုတ္သလား”
“ဒါေပါ့၊ က်ဳပ္ခုနက အိမ္သာသြားခ်င္လို႔ အိမ္ေနာက္ေဖးကိုေျပးဝင္ရင္း ေရခ်ိဳးခန္းအနားမွာ ခေနာင္းတံရွာေတာ့မွ က်ဳပ္စိုက္ထားတဲ့ သစ္ပင္တစ္ပင္ရဲ႕ အ႐ြက္ဖားဖားႀကီးသုံးေလး႐ြက္ေလာက္ အခူးခံထားတာကိုေတြ႕လိုက္ရတယ္”
အငယ္မတို႔က ေျပးၾကည့္တယ္ဗ်၊ က်ဳပ္စိုက္ထားတဲ့အပင္က လူႀကီးခါးေစာင္းေလာက္ရွိၿပီးေတာ့ အ႐ြက္ဖားဖားနဲ႔အပင္ႀကီးေပါ့ဗ်ာ၊ ေရခ်ိဳးခန္းနားက အေမစိုက္ထားတဲ့ ပန္းပင္ေတြရဲ႕ ဟိုးအေနာက္နားမွာ သြားစိုက္ထားတာေပါ့။
“အဲဒါက ဘာပင္ႀကီးလဲ”
“ဖက္ယားပင္လို႔ေခၚတယ္၊ ႐ိုး႐ိုးဖက္ယားပင္ေတာင္မဟုတ္ဘူးဗ်၊ သူ႔နာမည္က ဆင္ငိုဖက္ယားတဲ့၊ ဆင္ေတာင္မွ အဲဒီဖက္ယားပင္နဲ႔ထိရင္ ငိုတတ္ၾကတယ္လို႔ တင္စားၿပီးေတာ့ေခၚတာေပါ့”
အေမက ထူးဆန္းစြာနဲ႔ၾကည့္ေနရင္း
“အဲဒါက ဘာျဖစ္လို႔လဲဟဲ့”
ဒီေတာ့ ႀကီးေဒၚႀကီးက တစ္ခ်က္စဥ္းစားလိုက္ၿပီးေတာ့
“ငါသိၿပီ၊ ငါမနက္အေစာတုန္းက ေခ်းပါခ်င္လို႔ အိမ္ေအာက္ကိုေျပးဆင္းလာတာ၊ နင့္အေမကေတာင္ ခေနာင္းေကာက္ခိုင္းေသးတယ္၊ ဒါေပမယ့္ ငါတို႔ဆီမွာက ခေနာင္းမွမသုံးတာ၊ စာ႐ြက္ပဲသုံးတာကိုး၊ ဒါနဲ႔ ကိစၥကလည္း အေရးႀကီးေနၿပီဆိုေတာ့ အဲဒီအ႐ြက္ဖားဖားနဲ႔အပင္ႀကီးဆီက အ႐ြက္သုံးေလး႐ြက္ခူးၿပီးေတာ့ သစ္႐ြက္နဲ႔ ကိစၥရွင္းလိုက္တာပဲ”
“ေတြ႕လား၊ က်ဳပ္ေျပာသားပဲ”
“ေနစမ္းပါအုံး အကိုလတ္ရဲ႕၊ ႀကီးေဒၚက မနက္တုန္းကသုံးတာေလ၊ ဘာျဖစ္လို႔ အခုမွထၿပီးယားတာလဲ”
“ဒီလိုအငယ္မရ၊ ဖက္ယားပင္မွာ အေမႊးဆူးေသးေသးေလးေတြပါတယ္၊ အဲဒီအေမႊးေလးေတြမွာ အဆိပ္ေတြစုေနတယ္၊ အဲဒီအဆိပ္ေတြက သာမန္ဆိုရင္ မယားေပမယ့္ ေရနဲ႔ထိမိၿပီဆိုရင္ေတာ့ ေရနဲ႔ဓါတ္ျပဳၿပီးေတာ့ ထၿပီးယားေတာ့တာပဲ၊ အဲဒီမွာအဆိပ္တက္ၿပီး ပူစပ္ပူေလာင္ျဖစ္မယ္၊ ယားမယ္ေပါ့”
အငယ္မက မ်က္လုံးအျပဴးသားနဲ႔နားေထာင္ေနတယ္။
“ဒါဆို ခုနက ဆီမန္းကေရာ”
“ဟီး၊ ဟီး အဲဒါက ငါ့ကိုနင္တို႔အထင္ႀကီးသြားေအာင္ တမင္ဟန္ေဆာင္လိုက္တာ၊ တကယ္ေတာ့ ဖက္ယားရဲ႕အဆိပ္ကို ဆီကႏိုင္တယ္ဟ၊ ဘာဆီပဲျဖစ္ျဖစ္ ဖက္ယားကိုင္ၿပီးလို႔ယားၿပီဆိုရင္ ဆီနဲ႔ပြတ္ရင္ ေကာင္းသြားတယ္ဟ”
“ေတာ္ပါ အကိုလတ္ရယ္၊ ညီမကေတာ့ အကိုလတ္ကို ေတာ္ေတာ္ေလးစားသြားတာ”
အေမက က်ဳပ္နား႐ြက္ကိုလွမ္းလိမ္ဆြဲတယ္ဗ်။
“ဒီေလာက္ အႏၲရာယ္မ်ားတဲ့အပင္ကို နင္ကဘာလို႔ ငါ့ၿခံထဲမွာ စိုက္ထားတာလဲဟဲ့”
“ဒီလိုပါ၊ ဟိုတစ္ႏွစ္က ေပေတာ႐ြာကို ရွမ္းဆရာႀကီးလာေတာ့ အဲဒီဆင္ငိုဖက္ယားပင္ကို ျပဳတ္ေသာက္ရင္ ဆီးေကာင္းတယ္၊ ဆီးေက်ာက္ေတြဘာေတြ က်တယ္လို႔ေျပာလို႔ အပင္ေပါက္ကေလးခ်ိဳးလာၿပီးေတာ့ ဒီမွာစိုက္ထားတာ၊ တစ္ေန႔ေန႔ေတာ့ အသုံးတည့္မယ္ဆိုၿပီးေတာ့ေပါ့အေမရာ”
“အံမယ္၊ အခုေတာ့ ဘာမွအသုံးမတည့္ဘဲ နင့္ႀကီးေဒၚဖင္ယားသြားတာပဲအဖတ္တင္တယ္၊ သြားစမ္းအလတ္ေကာင္ အဲဒီအပင္ကို ခုတ္ထည့္လိုက္ေတာ့”
ႏို႔ညႇာမက မ်က္ေမွာင္ၾကဳတ္ၿပီး
“အစကေတာ့ ပေယာဂ လို႔ထင္တာ၊ တကယ္လည္း ဘယ္သူမွလုပ္တဲ့ပေယာဂမဟုတ္ဘူး၊ အကိုလတ္ အိမ္ကိုသယ္လာတဲ့ ပေယာဂ၊ သူ႔ရဲ႕ ပေယာဂပဲ”
ခ်ီးမြမ္းျခင္း၊ ကဲ့ရဲ႕ျခင္းဆိုတဲ့ ေလာကဓံေတြကို ဆယ္မိနစ္ေလာက္ထဲနဲ႔ အဟုတ္တကယ္ခံစားလိုက္ရတာပါဗ်ာ၊ ခုနကေတာ့ က်ဳပ္ကိုဝိုင္းၿပီး ခ်ီးမြမ္းေနၾကတဲ့ အိမ္ကလူေတြက အခုက်ျပန္ေတာ့ က်ဳပ္ကို ကဲ့ရဲ႕ျပစ္တင္ေျပာဆိုေနၾကတယ္ဗ်၊ က်ဳပ္လည္း သူတို႔ေျပာတာကို ဆက္နားမမေထာင္ခ်င္ေတာ့တာနဲ႔ ဓါးမတစ္လက္ယူၿပီးေတာ့ အဲဒီဆင္ငိုဖက္ယားပင္ႀကီးကို အပင္ေျခကေနခုတ္ၿပီးေတာ့ အပိုင္းပိုင္းထစ္ၿပီး အိမ္သာက်င္းထဲကို ပစ္ခ်လိုက္ေတာ့တာေပါ့ဗ်ာ။
ၿပီးပါၿပီ။
#အဂၢေဇာ္ #ဦးဘသာ #စုန္း #သရဲ