# ကတိ # (စ/ဆုံး)
.. ဝုန်း!..
ချိန်း… ဂျလိန်း… လိန်း…
ဝေါ…..
ကျယ်လောင်စွာ ထွက်ပေါ်လာသော မိုးချ ုန်းသံနှင့်အတူ
လေမပါဘဲ “ဝေါ” ခနဲ့ ရွာချလိုက်သော မိုးကြောင့် ဖိုးတေ ပိုက်ဆက်မချတော့ဘဲ ရပ်လိုက်ရသည်။
“တောက်!”
“ပိုက်ချကာမှ မိုးကရွာချရတယ်လို့ကွာ… ”
ဖိုးတေ ဒေါသတကြီး တောက်ခေါက်ကာ ချထားသည့် ပိုက်များကို မရုတ်တော့ဘဲ သူ့တဲကုန်းဆီ ပြန်ခဲ့ရသည်။
တဲအနားမှာရှိ၍သာ သူကံကောင်းသည်ဟု ဆိုရမည်။
မိုးက ရေခဲရည်တွေ ကောင်းကင်ထက်က လောင်းချလိုက်သလိုပင် အေးစိမ့်နေလေသည်။
လေနည်းပြီး မိုးက ငြိမ်ကာ သည်းထန်စွာ ရွာသွန်းနေခြင်းဖြစ်သည်။ ကောင်းကင်ယံ ထက်တွင်လည်း တံလျှပ်များ တစ်ချက် တစ်ချက် ဝင်းခနဲ ဝင်းခနဲဖြင့် ညအမှောင်ထုကိုပင် ခွင်းနေလေသည်။
ဖိုးတေ ခန္ဓာကိုယ်တစ်ခုလုံး ရေနစ်ထားသော ကြွက်ကလေးပမာ မိုးရေများ စိုရွဲနေလေသည်။ တဲထဲတွင် အဝတ်အစားများကို ချွတ်၍ အပိုတစ်စုံဖြင့် လဲလှယ် ဝတ်ဆင်လိုက်ရသည်။ မီးသေနေသော မီးဖိုထဲသို့ ထင်းခြောက်များထည့်ကာ မီးမွှေး၍ ရေနွေးအိုး တည်ထားလိုက်လေသည်။ စိုရွဲနေသော အဝတ်အစားတွေကို ရေညှစ်၍ ဝါးလုံးတန်းပေါ်တွင် လှန်းထားလိုက်ရသည်။
သူ့တဲထဲတွင် ပစ္စည်း ပစ္စယ အတိုအစများ ထည့်ထားသည့် လွယ်အိတ်တစ်လုံး၊ တစ်လုံးထိုးမှိန်း တစ်ချောင်း၊ ဓားမတစ်လက်နှင့် သူထမင်းဆာလျှင် စားရန် အိမ်မှ ထည့်လာသော ထမင်းချိုင့်တစ်လုံးသာ ရှိလေသည်။ သူသည် ပူပင်စရာမရှိ တစ်ကောင်ကြွက် တစ်မျက်နှာ ဖြစ်ပြီး အသက် သုံးဆယ်ကျော်ပြီဖြစ်သည်။
အရွယ်ကောင်းဖြစ်သော်လည်း လူပျို ကြီး တစ်ကိုယ်တည်းသမားဖြစ်၍ ဆူမယ့် ပူမယ့်သူမရှိ တစ်ယောက်တည်း အေးအေးလူလူသာဖြစ်သည်။
တိုင်တွင် ချိတ်ထားသော လွယ်အိတ်ထဲမှ ဖယောင်းတိုင်နှင့် မီးခြစ်ကိုထုတ်ယူ၍ မီးထွန်းလိုက်သည်။ မညိုဝင်း ဆေးပေါ့လိပ် တစ်လိပ်ကိုယူ၍ မီးညှိရင်း ဖွာလိုက်ရသည်။ မီးရဲသည်နှင့် ဆေးလိပ်ကို လက်နှစ်ချောင်းကြားတွင် ညှပ်ကာ ဇိမ်ခံပြီး ထိုင်သောက်နေမိသသည်။
ဆေးလိပ် မီးခိုးငွေ့နှင့်အတူ ရင်ထဲက အပူများကိုပါ မှုတ်ထုတ်နေမိသည်။ ဆေးလိပ်ငွေ့များသည်လည်း လေထဲတွင် ပျံဝဲနေလေသည်မှာ ကြည့်လို့ကောင်းသည်ဟု ဖိုးတေထင်နေမိပြန်သည်။
မိုးသံကို နားစွင့်နေရသည်မှာလည်း စိတ်ညစ်စရာကောင်းနေသည်။ လေသိပ်မတိုက်ဘဲ မိုးရေသံများသည်သာ ကြီးစိုးလျက် တအိအိနှင့် စိမ့်ပြီး ရွာသွန်းနေခြင်းဖြစ်သည်။
ထမင်းချို င့်ကိုဖွင့်၍ စားမည် စိတ်ကူးမိသည်။ ဗိုက်က မဆာသဖြင့် ပြန်ပိတ်၍ ထားလိုက်ရပြန်သည်။
“အင်း… ဒီပုံတိုင်းသာ ဆက်ရွာနေရင် ငါ့ပိုက်တွေ ရေနောက် ပါကုန်တော့မှာဘဲ… ”
ဖိုးတေ စိတ်ထဲတွင် မတင်မကျဖြင့် ရေရွတ်ရင်း ဆေးပေါ့လိပ်ကို ထပ်ဖွာလိုက်ပြန်သည်။ သူသည် ဆေးပေါ့လိပ်သောက်ရသည်ကို ကြိုက်သည်။ သို့သော် အရက်ကိုဖြင့် ဝေးဝေးက ရှောင်ရှားတက်သူဖြစ်သည်။
ဖိုးတေသည် တံငါသည် စစ်စစ်ကြီးမဟုတ်သေးသော်လည်း ငါးပိုက်ထောင်သော အလုပ်ဖြင့်သာ အသက်မွေးဝမ်းကျောင်း ပြုနေရသူဖြစ်သည်။ နေ့ဘက်တွင် ငါးပိုက်မချဘဲ ညဘက်ရောက်မှသာ ငါးပိုက်ချကာ ငါးဖမ်းတက်သူဖြစ်သည်။
သူငါးပိုက်ချထားသည်က ယင်းချောင်းကြီးထဲတွင်ဖြစ်သည်။ မိုးသဲသဲမဲမဲ ရွာသွန်းလျှင် တောင်ကျရေတွေ စီးဆင်းလာတက်သည်။
သာမာန်လူမပြောနှင့် ခိုက်ခံပါသည့် သစ်ပင်ကြီးတွေကိုတောင် အမြစ်က ကျွတ်ထွက်သွားသည်အထိ ပြင်းထန်းလွန်းလှသည်။
ဒီလို မိုးရွာတဲ့ အချိန်မျိုးဆို မည်သူ့မျှ ယင်းချောင်းထဲသို့ ဆင်းကြမည် မဟုတ်ပေ။ ထိုထဲတွင် ဖိုးတေကိုယ်တိုင်လည်း ပါဝင်လေသည်။
မိုးက မစဲသည့်အပြင် သဲသဲမဲမဲဖြင့် ရွာသွန်းနေလေသည်။ အေးစိမ့်လာသဖြင့် ဖိုးတေ ခေါင်းစီးဓာတ်မီးကို ဘေးသို့ချထားလိုက်ပြီး လွယ်အိတ်ထဲက စောင်ကြမ်းလေးကို ထုတ်၍ ဆွဲခြုံကာ မိုးအေးအေးဖြင့် ကွေးရန် စိတ်ကူးလိုက်တော့သည်။ဒီအချိန်ရေထဲဆင်း၍လည်း မဖြစ်ပေ။ မိုးကလည်း အေးအေး၊ ရေကလည်း တဖွေးဖွေးဖြင့် ထိုထက် ဆိုးသည်က တောင်ကျရေကို ကြောက်လွန်းသောကြောင့် ဖြစ်သည်။
ဆေးပေါ့လိပ်ကို မီးသတ်၍ ချထားလိုက်ပြီး ရေနွေးပူပူ တစ်ခွက်ငှဲ့သောက်လိုက်သည်။ လည်ချောင်းထဲ ပူဆင်းသွားသဖြင့် နေသာ ထိုင်သာရှိသွားသည်။ စောင်ကို ခေါင်းမြီးခြုံ၍သာ အိပ်ချလိုက်ရတော့သည်။
ထိုအချိန်မျိုးတွင် ယင်းချောင်းကို ဖြတ်ကာ လာနေသော လှေတစ်စင်းသည် ဖိုးတေတဲရှိရာဘက်သို့ လှော်ခတ်၍
လာနေလေသည်။ လှေပေါ်တွင် ဘာမျှ ဆောင်းစရာမပါသော လူတစ်ယောက်ကိုလည်း တွေ့ရသည်။ ထိုသူသည် ဖိုးတေ တဲနှင့် မလှမ်းမကမ်းတွင် လှေကိုရပ်၍ ရေစပ်တွင် ကြိုးချည်ကာ လမ်းလျှောက်၍ လာနေသည်။ တစ်ချက် တစ်ချက် ဝင်းလက်သွားသော မိုးချုန်းသံနှင့် တံလှပ်များကြောင့် ထိုသူကို ဖျတ်ခနဲ မြင်လိုက်ရသော်လည်း မည်သူ မည်ဝါ ဟူ၍ မသဲကွဲပေ။
“ဗျ ို ့…. တဲရှင်နိူး…. ”
“တဲရှင်နိူး… ” ထို အသံရှင်၏ အသံသည် ခိုက်ခိုက်တုန်အောင် ချမ်းလွန်းနေလေသည်။
ဖိုးတေ တစ်စုံတစ်ယောက် အော်ခေါ်သံကြောင့် နိူးတစ်ချက် မနိူးတစ်ချက်ဖြစ်နေသည်။ စိတ်ထဲတွင်လည်း ကြားတစ်ချက် မကြားတစ်ချက်ဖြစ်ကာ အသံက နီးလာလိုက်၊ ဝေးသွားလိုက်ဖြင့် အိပ်မက၊် မက်နေတာလား
တကယ်လား ဆိုတာ သူဝေခွဲမရအောင် ဖြစ်နေသည်။
လေးလံနေသည့် မျက်လုံးတွေကို ကြိုးစား အားပြု၍ ဖွင့်ကြည့်လိုက်သည်။ သို့သော် မည်သူမျှ မတွေ့ရပေ။
ထို့ကြောင့် ခေါင်းထောင်၍ တဲအပြင်သို့ ငေးကြည့် လိုက်ပြန်သည်။
“ဟာ… လူတစ်ယောက်”
ဝင်းခနဲ ဖြစ်သွားသော တံလှပ်၏ အလင်းရောင်ကြောင့် လူတစ်ယောက်၏ ပုံသဏ္ဌာန်ကို မပီမပြင်၊ ဝိုးတဝါး မြင်လိုက်ရလေသည်။
“ဒီလောက် မိုးသဲသဲမဲမဲရွာနေတာ လူမှဟုတ်ရဲ့လား”
ဖိုးတေ တွေးနေမိသည်။
“အထဲမှာ လူရှိလားဗျ… ကျွန်တေည် အရမ်းချမ်းနေလို့ပါ ဝင်လာခွင့်ပြုပါ… ”
တုန်ယင်နေသော အသံက ထိုသူ့ဆီမှ ထွက်ပေါ်လာလေသည်။
ဖိုးတေ အသံပိုက်ရှင်ကို ဓာတ်မီးဖြင့် ထိုးကြည့်လိုက်တော့ လူငယ်လေးတစ်ယောက် ဖြစ်နေသည်။
“အထဲဝင်ခဲ့လေကွာ အပြင်မှာ အရမ်းအေးတယ်။”
“ဟုတ်ကဲ့”
ထိုလူငယ်လေးသည် ဖိုးတေတဲထဲသို့ ဝင်ကာ မီးဖိုဘေးနားတွင် ဝင်ထိုင်လိုက်သည်။
ထိုလူငယ်လေးကိုကြည့်၍ ဖိုးတေ စိတ်မကောင်းဖြစ်မိသည်။ ခန္ဓာကိုယ် တစ်ခုလုံး မိုးရေများဖြင့် ရွှဲနစ်နေလေသည်။ မသိလျှင် ရေထဲတွင် အကြာကြီး ငုပ်ပြီးမှ ပြန်တက်လာသူနှင့် တူနေသည်။
အသားများ ဖြူ စွပ်၍ ပြာနှမ်းနှမ်း ဖြစ်နေသည်ကို မီးဖိုအလင်းရောင်ကြောင့် မြင်နေရသည်။
“မင်းကဘယ်သူလည်းကွ၊ ဒီလောက် မိုးတွေရွာနေတာ ဘယ်ကို သွားပြီး ဘယ်ကိုပြန်မှာတုန်းကွ”
လူငယ်လေးသည် ဖိုးတေစကားသံကြောင့် ဖိုးတေ ရှိရာဘက်သို့ မျက်နှာလှည့်လာသည်။
“ဟင်”
ဖိုးတေ ရင်ထဲ ထိပ် ခနဲဖြစ်သွားရသည်။
လူငယ်လေး၏ မျက်နှာမှာ အချိန်ကြာမြင့်စွာ ရေစိမ်ထားသည့် အသားတုံးပမာ ဖြူ စွပ်၍ မျက်ကွင်းများ ညို၍ အတွင်းသို့ပင် အနည်းငယ် ချိုင့်ဝင်နေသည်။ ထိုထက်ဆိုးသည်က လူငယ်လေး၏ မျက်နှာသည် သွေးမရှိ ကြောင်တောင်တောင်ကြီးဖြစ်နေသည်ကို တွေ့လိုက်ရခြင်းဖြစ်သည်။
” ကျွန်တော်က ပေပင်စုရွာကပါ ဦးလေး၊ ဒီရွာကို လာနေတုန်း လမ်းမှာ မိုးမိလို့ မိုးခိုစရာရှာရင်း ဦးလေးဆီ ရောက်လာတာပါဘဲ ဆိုပါတော့ဗျာ… ”
အခုလိုကျတော့ လူငယ်လေး၏ မျက်နှာက သာမန်လူတစ်ယောက် ကဲ့သို့ပင် ပြုံးစစနှင့် လူချောလေးတစ်ယောက် ဖြစ်နေသည်။
“ငါလည်း မျက်လုံးတွေ သိပ်မကောင်းတော့တာဖြစ်မယ်” ဖိုးတေ သူ့ကိုသူ မှတ်ချက်ချလိုက်သည်။
” မင်းနာမည် ဘယ်လိုခေါ်သလဲကွ၊ ဦးနာမည်က ဖိုးတေတဲ့”
“ဟုတ်ကဲ့၊ ဦးလေးဖိုးတေ ကျွန်တော့် နာမည်က ဒိုးလုံးပါ”
“ဒီရွာကို ညဘက်ကြီး ဒီကငါ့တူက ဘာလာလုပ်တာလဲကွ၊ မိန်းမ လာခိုးတာတော့ ဟုတ်မယ်မထင်ဘူး”
“ဟားဟားဟား… ဦးလေးက ရုပ်တည်ကြီးနဲ့ လာနောက်နေတယ်၊ ဟဲဟဲဟဲ… မိန်းမက နောက်နှစ်မှ ခိုးမှာဗျ အခုက ရည်းစားနဲ့လာချိန်းတွေ့တာ”
“ဟားဟားဟား….ဒါဆို ငါ့တူက ရည်းစားနဲ့ မတွေ့ရဘဲ မိုးနဲတွေ့လိုက်ရတယ် ဆိုပါတော့”
“ဟဲဟဲဟဲ…. ဒါအမှန်တရားဘဲလေ”
“အေးအေး… ငါ့တူကိုလည်း အားနာပါတယ်ကွာ၊ ဦးမှာ မင်းကို ပေးဝတ်စရာဆိုလို့ အဝတ်အစားတွေက ခုနကမှ မိုးမိလို့ လဲဝတ်လိုက်တာ ငါ့တူရယ်”
“ရပါတယ် ဦးလေးရာ အခုလို ပြောတာနဲ့တင် ချမ်းနေတာတွေ ပျောက်သွားပြီ၊ လူတိုင်းမှာ အခက်အခဲ ကိုယ်စီ ရှိကြတာဘဲ မဟုတ်လား ဦးလေးရ”
“ဟုတ်ပါပြီကွာ၊ ငါ့တူက စကားအတော် အပြောကောင်းတာဘဲ၊ ဒါနဲ့ ငါ့တူ ဗိုက်ဆာနေရောပေါ့ ထမင်းစားမလား ဦးလေးမှာ ထမင်းချို င့်ပါတယ်”
“ဘယ်စားရသေးမှာလဲ ဦးလေးရာ၊ ဟဲဟဲဟဲ ဗိုက်လည်း အရမ်းကို ဆာနေတာဗျ၊ ဒါပေမယ့် မစားတော့ပါဘူးဗျာ
အိမ်ရောက်မှဘဲ စားတော့မယ်။ ကျွန်တော်က အစားကြီးတယ် ဦးလေးအတွက် မကျန်ဘဲနေလိမ့်မယ်”
“ဟားဟားဟား… စားပါကွာ ဦးလေးက ဗိုက်ပြည့်နေပြီ
ရော့ စားလိုက်”
ဖိုးတေ သူ့ထမင်းချိုင့်ကို ကမ်းပေးလိုက်သည်နှင့် ဒိုးလုံး လက်ပင်မဆေးတော့ဘဲ ထမင်းချိုင့်ကို ဖွင့်ကာ အားရ ပါးရ ပလုတ်ပလောင်း စားနေတော့သည်။
ဒိုးလုံးစားနေသည်ကို ကြည့်၍ ဖိုးတေ ဗိုက်ဆာလာသယောင်ယောင် ဖြစ်လာသည်။
အပြင်မှာ မိုးကစဲတော့ မလိုလိုနှင့် တအိအိဖြင့် ဆက်ကာ ရွာနေပြန်သည်။
“အဟွတ်… ဟွတ်… ”
“ဖြေးဖြေး စားပါ ငါ့တူရာ ”
ဖိုးတေ သဘောကျစွာ ရီကာ ဒိုးလုံးကို ရေနွေးတစ်ခွက် ငှဲ့တိုက်လိုက်သည်။
“ဟင်”
ထောင်းခနဲ ထွက်ပေါ်လာသော ပုပ်အက်အက်အနံ့ဆိုးကြီးကြောင့် ဖိုးတေ ကြက်သီး မွှေးညင်းများ ထ၍ ထောင်ကာ အနောက်သို့ပြန်ဆုတ်လိုက်သည်။
ထိုအခြေမနေကို ဒိုးလုံးရိပ်မိလိုက်သည်။
“ဘာဖြစ်လို့လဲ ဦးလေး၊ ”
” ပုပ်အက်အက် အနံ့ဆိုးကြီး အဲ့အနားက ငါ့တူ မရလိုက်ဘူးလား”
ဒိုးလုံး မျက်နှာတစ်ချက် ပျက်သွားသည်။
“ရတော့ ရတယ် ဦးလေးရ၊ အပြင်က လေနဲ့အတူတူ ဝင်လာတာဖြစ်ပါလိမ့်မယ်”
ဒိုးလုံး စကားကြောင့် “အေးလေ အပြင်ကဘဲ ဖြစ်မှာပါ”ဟု ဖိုးတေ တွေးလိုက်သည်။
ထမင်းနှင့် ဟင်းများ ကုန်စင်သွားသည်အထိ ဒိုးလုံး စားပစ်လိုက်သည်။
“ဟဲဟဲဟဲ… စားကောင်းကောင်းနဲ့ စားလိုက်တာ ဦးလေးအတွက်တောင် မကျန်တော့ဘူးဗျာ”
“ရပါတယ်ကွာ၊ ဆာနေတဲ့သူကို ကျွေးရတာ ကုသိုလ်ရပါတယ်ကွာ”
ဖိုးတေပြောတော့ ဒိုးလုံး သဘောကျစွာ ရီလိုက်သည်။
“ဟင်”
ဖိုးတေ စိတ်တွေ မခိုင်တော့ပေ၊၊
ဒိုးလုံးရ်ီပြလိုက်ပုံက ဖိုးတေအတွက် ရီပြသည်နှင့် မတူဘဲ မျက်လုံးကို ပြူ း၍ ပါးစပ်ကြီး နားထင်ချိတ်သွားအောင် တမင် လုပ်ပြလိုက်သည်နှင့် တူနေသည်။
ဖိုးတေ နဖူးပေါ်တွင် ဇောချွေးများပြန်လာသည်။ မိုးက မအေးတော့လဲ ပူလာသည်ဟု ထင်နေမိသည်။
တစ်ချက်၊ တစ်ချက် လေတိုက်လိုက်လျှင် ငါးအပုပ်နံ့မျိုးမဟုတ်သည့် လူသေကောင် အပုပ်နံ့ကြီးနှင့်တူသည့် အော်ကလီဆန်စရာကောင်းလွန်းသော ပုပ်အက်အက် အပုပ်နံ့ဆိုးကြီးက ဖိုးတေ နှာခေါင်းထဲသို့ ဝင်ရောက်စမြဲဖြစ်သည်။ ဒိုးလုံးကို ကြည့်ရသည်မှာလည်း သူ့နှလုံးသား တစ်ခုလုံးကို အေးစက်နေသော လက်ကြီးဖြင့် ဖျစ်ညှစ်လိုက် သလို ခံစားရသည်။ ထိတ်လန့် ကြောက်ရွံ့စိတ်တွေက တဖွားဖွား ပေါ်ထွက်လာနေပြီ ဖြစ်သည်။
“ဦးလေး… ”
“အေး…. ငါ့.. ငါ့တူ…. ”
ရုတ်တရက် ဒိုးလုံးခေါ်သံကြောင့် ဖိုးတေ ကြောက်ကြောက်လန့်လန့်နှင့် ကတုန်ကယင် ပြန်ထူးလေသည်။
“ဦးလေး အသံကလည်းဗျာ၊ မီးယပ်ချမ်းထနေတာ ကျနေတာဘဲ၊ မိုးလည်း နည်းသွားပြီ ကျွန်တော် ပြန်တော့ မယ်ဗျာ… ဒီအချိန်ဆို အိမ်မှာ အမေလည်း သိပ်စိတ်ပူနေမှာ သေချာတယ်”
ဒိုးလေး ပြန်မည်ဆိုသော စကားသံကြောင့် ဖိုးတေ
ပျော်သွားသည်။
“အေးအေး… သတိထားပြီလည်း ပြန်ဦး ငါ့တူ”
ဖိုးတေ စိတ်ကို ထိန်း၍ ပြောနေရသည်။
“တစ်လုတ်စားဖူး သူ့ကျေးဇူးတဲ့ဗျ၊ ဦးလေး ပိုက်မချရသေးတာတွေ ကျွန်တော် လိုက်ချပေးပါ့ရစေ”
“ရပါတယ်ကွာ၊ ဒါတွေက ဦးလေးလုပ်နေကျတွေ နေပါစေကွာ သွားစရာရှိတာသာသွား ငါ့တူအမေလည်း
အခုလောက်ဆိုရင် စိတ်ပူနေလောက်ပြီ”
“လာပါ ဦးလေးဖိုးတေးရာ”
ဒိုးလုံး ပြောပြောဆိုဆိုဖြင့် ဖိုးတေလက်ကို ဖမ်းဆွဲ၍ ဝါးလုံးတန်းပေါ်က ပိုက်တွေကို ယူပြီး တဲအပြင်သို့ ထွက်လာခဲ့တော့သည်။
ဖိုးတေ၏ ကြောက်စိတ်များ ငယ်ထိပ်သို့ တက်စောင့် သွားတော့သည်။ ဒိုးလုံး၏ လက်က သာမန်ထက်ပို၍ အေးစက်နေသည်မှာ သူ့လက်ကို ရေခဲတုံးကပ်ထား သကဲ့သို့ ဖြစ်နေသည်။ စိုးရိမ်စိတ်များလည်း ဝင်လာခဲ့သည်။
ဒိုးလုံးသည် ရေထဲဆင်း၍ ငါးပိုက်များလိုက်ထောင် ပေးနေသည်။ ဖိုးတေလည်း မတက်သာတော့သဖြင့်
ဓာတ်မီးထိုးပြရလေသည်။ မိုးလေးများက တဖွဲဖွဲကျလျက် သူတို့နှစ်ယောက်ကို အဖော်ပြု နေကြလေသည်။
ဒိုးလုံး ငါးပိုက်များထောင်ပြီးသည်နှင့် ပြုံး၍ ကုန်းပေါ်ပြန်တက်လာခဲ့သည်။
“ဦးလေး ဖိုးတေ၊ ငါးတွေ အထိအမိများလိမ့်မယ် ငါးများများရအောက်လည်း လုပ်ပေးခဲ့တယ်။ အားတဲ့ အခါကျရင် ကျွန်တော်အိမ်ကို ဦးလေးဖိုးတေ လာလည်ရမယ်နော်”
“အေး၊ အေးပါကွာ”
“ငါးတွေများများရရင် ကျွန်တော့်ကို ဟင်းစားပေးရမယ်နော်၊ အိမ်ကိုလည်း ရောက်အောင် လာလည်ရမယ်၊ မဟုတ်ရင် ဦးလေးဖိုးတေဆီ ကျွန်တော် လာပြီးဆွဲခေါ်မှာနော်”
“အေးပါ… ငါ့တူရာ ဦးလေးကတိပေးပါတယ်။ ရောက်အောင်လည်း လာခဲ့မယ် ဟုတ်ပြီလား”
“လူကြီး ကတိနော် တည်ရမယ်”
“အေးပါကွာ စိတ်ချပါ”
“ဟဲဟဲ… ဒါဆိုလည်းပြီးရော ကျွန်တော်ပြန်တော့မယ်။”
“အေးအေး… လမ်းကိုလည်း ဂရုစိုက်သွားဦး”
“ဟုတ်ကဲ့”
ဒိုးလုံး ဖိုးတေကို နူတ်ဆက်ကာ အမှောင်ထဲသို့ ဓာတ်မီးမပါဘဲ ဝင်ရောက်သွားခဲ့သည်။
ဖိုးတေ ဓာတ်မီးထိုးပြရန် ပြက်လိုက်သည်။ သို့သော် ဒိုးလုံး၏ အရိပ်အယောင်ကိုပင် မတွေ့ရလိုက်ပေ။
“ဟ…. မြန်လိုက်တဲ့ ခြေထောက်”
ဖိုးတေ ခေါင်းကုပ်၍ ကျန်ခဲ့တော့သည်။ အချိန်အတော်ကြာတော့မှ ငါးထောင်ထားသည့် ပိုက်များကို ဆင်းလိုက်ရသည်။ ခါတိုင်းနှင့်မတူဘဲ ငါးများ အလွန်များပြားစွာ တိုး၍နေလေသည်။ ဖြုတ်၍လည်း မနိူင်သောကြောင့် ဖိုးတေ သူ့ပိုက် ဆယ်ထည်ကို လိတ်၍ စာလာအိတ်တွေထဲထည့်ကာ သူ့နေသော ညောင်ပင်စုရွာသို့ ပြန်ခဲ့ရတော့သည်။
အိမ်သို့ရောက်သည်နှင့် ငါးများကို ဇိမ်ပြေ နပြေ ထိုင်ဖြုတ်၍ ရေမိုးချိုးကာ တရေးမှေးလိုက်သည်။ မနက်မိုစလင်းတော့မှ ငါးဒိုင်သို့ ငါးများသွားရောင်းရသည်။ ပိုက်ဆံတွေ တော်တော်ရလိုက်သဖြင့် ဖိုးတေ ပျော်မိသည်။
နားထဲတွင်လည်း ဒိုးလုံး သူ့အိမ်သို့အလည်လာရန်
ပြောခဲ့သည့် စကားများက ပဲ့တင်ထပ်နေလေသည်။
“အင်း…ပေးတဲ့ ကတိတော့ တည်ရမှာပေါ့”
ဖိုးတေ တွေးရင်း ဒိုးလုံးအတွက် သက်သက်ဖယ်ထားသော ငါးတွေကို ကျန်ချောင်းအိတ်ထဲထည့်၍ ယူကာ ပေပင်စုရွာသို့ ထွက်လာခဲ့သည်။
အချိန်အတော်ကြာကြာ လမ်းလျှောက်ပြီးတော့မှ ညောင်ပင်စု ရေဆိပ်သို့ရောက်သည်။ ရေဆိပ်က စက်လှေငှားပြီး ပေပင်စုရွာသို့ တစ်ဆင့်ရောက်ခဲ့တော့သည်။
ပင်ပင်စုရွာသို့ရောက်သည်နှင့် ဒိုးလုံးနေသည့် အိမ်ကို တစ်လမ်းလုံးမေး၍ လာခဲ့ရာ အတန်အသင့်ရှိသော အိမ်ရှေ့တွင် ရပ်လိုက်သည်။
“ရွာထဲကလူတွေပြောကြတာတော့ ဒီအိမ်ဘဲ ဟုတ်မဟုတ်သိရအောင် ခေါ်ကြည့်ရမှာဘဲ”
ဖိုးတေ စိတ်ထဲတွင် ရေရွတ်ရင်း
“ဟေ့.. ဒိုးလုံးရေ …. ဒိုးလုံး” ဟု ခေါ်လိုက်လေသည်။
သူ့ခေါ်သံကြောင့် အသက်အရွယ် ခပ်ကြီးကြီးဖြစ်သော အဒေါ်ကြီးတစ်ယောက် အိမ်ထဲက ထွက်လာခဲ့လေသည်။
“ဒီကမောင်ရင်က အဒေါ့်သားရဲ့ မိတ်ဆွေလား”
“ဟုတ်ကဲ့ခင်ဗျ”
“အိမ်ထဲ ဝင်ခဲ့လေကွယ်၊ အိမ်ပေါ်မှာလည်း ဧည့်သည်တွေလည်းရှိတယ် တစ်ခါတည်း ဝင်ထိုက်လိုက်”
ဖိုးတေလည်း ဝင်ထိုင်လိုက်ရသည်။ သူနှင့်အတူ အိမ်ပေါ်တွင် အခြားဧည့်သည်များကိုလည်း တွေ့ရလေသည်။
သူဘာမှမပြောဘဲ ဧည့်သည်တွေ ပြောတဲ့စကားကိုဘဲ နားထောင်နေလိုက်သည်။
သူတို့တွေ ပြောကြသည်က “ဒိုးလုံးကလေး ဆုံးသွားတာ နှမြောစရာလေးပါဟယ် သူ့ခမျာ တောင်ကရေထဲပါပြီး အဖြစ်ဆိုး နဲ့ သေရရှာတယ်ဟယ် သူ့တို့မှာ ပြေးကြည့်စရာဆိုလို့ ဒီအမေနဲ့ ဒီသားလေးဘဲ ရှိကြတာ
ဒေါ်ကြည်လေးလည်း သနားပါတယ်ဟယ် သူတစ်ယောက်
တည်း ဘယ်လိုနေမှာလဲ မသိပါဘူးဟယ် ရွာထဲကဘဲ ဝိုင်းဝန်းစောင့် ရှောက်ကြရမှာ သေချာတယ်” ဟူသော စကားတွေ မျိုးစုံကို သူကြားရသဖြင့် ဒိုးလုံးတို့ သားအမိအတွက် စိတ်မကောင်းဖြစ်ရသလိုသနားလည်း သနားမိနေသည်။
ဒိုးလုံးအမေခမျာ သူ့သားလေးကို လွမ်းဆွတ် သတိရ အောက်မေ့နေဟန်ရှိသည်။ မျက်လုံးများပင်မို့ကာ ရဲနေသောကြောင့် ငိုထားသည်ဟု သိလိုက်ရသည်။
“သြော်… ဒီကနေ့က ဒိုးလုံးဆုံးတာ ခုနှစ်ရက်လည်လို့ သပိတ်သွတ်တဲ့ နေ့ပါလား ငါနဲ့ဘာမှမဆိုင်ဘဲနဲ့ ခေါ်ခဲ့တာ တရားနာစေချင်လို့ဘဲ ဖြစ်မှာပါလေ” ဖိုးတေ စိတ်မကောင်းစွာ ဖြစ်နေမိသည်။
ဘုန်းကြီးများ ကြွရောက်လာပြီဖြစ်သည်။ ဒိုးလုံးအတွက် ရေစက်ချ တရားနာ၍ ဒိုးလုံး၏ မိခင်၊ အပေါင်းအသင်း မိတ်ဆွေများနှင့်အတူ ဖိုးတေကိုယ်တိုင်ပင် ဒိုးလုံးအတွက် ရည်စူး၍ ကုသိုလ်ကောင်းမှု့များကို အမျှအတန်း ပေးဝေခဲ့လေတော့သည်။
အိမ်အပေါက်ဝတွင် ရပ်၍ သာဓုခေါ်နေသော ဒိုးလုံးအား မည်သူမျှ တွေ့ခဲ့ကြလိမ့်မည် မဟုတ်ကြပေ။
အားလုံးပြီးစီးသည်မထိ ဖိုးတေ ဒိုးလုံး၏ မိခင်ကို ငွေအချိ ု ့နှင့် ဒိုးလုံးကို ပေးခဲ့တဲ့ကတိအတိုင်း ငါးထုပ်ကို ဟင်းစား အဖြစ်ပေး၍ နူတ်ဆက်ကာ သူနေထိုင်သော ညောင်ပင်စု ရွာသို့ပြန်ခဲ့လေသည်။
နောက်နေ့ညများတွင် “ဂျွတ် ဂျွတ်”အသံနှင့် ရေစီးသံများကိုပင် ဒိုးလုံး သူ့ဆီကို ရောက်လာခဲ့သည် မထင်ဖြင့် ဓာတ်မီးဖြင့် ထိုး၍ ကြည့်နေမိသည်။ သို့သော် မိုးစက်ကလေးများမှ လွဲ၍ ဘာမျှမတွေ့ရပေ။
ငါးများသည်လည်း ခါတိုင်းနေ့များထက် ပို၍ ပို၍ပင် များပြားစွာ ရပြန်သည်။ ထိုသို့ရတိုင်းလည်း ဒိုးလုံး၏ မိခင်ကို သူနေ့တိုင်း ငါးဟင်းစား ပေးသည့်အပြင် ဒိုးလုံး၏ မိခင်အသုံးပြုရန် ငွေ အချို့ကိုလည်း နေ့တိုင်း ပေးလေ့ရှိသည်။ ထိုအရာသည် တမလွန်မှ ဒိုးလုံးအား သူပေးခဲ့သော “ကတိ”တစ်ခုပင်ဖြသ်သည်။
ဒိုးလုံး၏ မိခင်ကို ဖိုးတေသည် အမေအရင်းတစ်ယောက် အဖြစ်သတ်မှတ်ထားခြင်းဖြစ်သည်။ ထို့ကြောင့်လည်း သူ့ဘဝကြီးက အထီးကျန်မဆန်တော့သည့် အမေတစ်ယောက်ရှိနေသည့် ဘဝသစ်တစ်ခုသာဖြစ်ခဲ့လေသည်။
ဒါတွေကို တမလွန်မှ ဒိုးလုံးသိရှိခဲ့လျှင်လည်း ဝမ်းသာ
ပျော်ရွှင်၍ အေးငြိမ်း ချမ်းသာ ဖြစ်နေသည်မှာ အမှန်ပင် ဖြစ်နေပါတော့သည်။
+++++++++++ပြီးပါပြီ။+++++++++++++
“မင်းမှာ သစ္စာ၊ လူမှာ ကတိ”တဲ့
ကတိတစ်ခုဆိုတာ ပေးနိူင်မှ
ပေးသင့်သည့် အရာတစ်ခုဖြစ်ပြီး
မလုပ်နိူင်ဘဲနှင့် ကတိတစ်ခုကို
လွယ်လင့် တကူပေးတက်သူသည်
ကတိဆိုတာ ဘယ်လိုအရာလည်း
သစ္စာဆိုတာ ဘယ်လိုအရာဖြစ်မှန်းကို မသိသည့်
လူနတ္ထိ တစ်ယောက်နှင့်သာ တူ၏။
++++++++++++++++++++++++++++
ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ……
လိုအပ်ချက်များစွာဖြင့်
သန်းခေါင်ယံ
#လေးစားစွာcreditပေးပါသည်
# ကတိ # (စ/ဆုံး)
.. ဝုန္း!..
ခ်ိန္း… ဂ်လိန္း… လိန္း…
ေဝါ…..
က်ယ္ေလာင္စြာ ထြက္ေပၚလာေသာ မိုးခ် ုန္းသံႏွင့္အတူ
ေလမပါဘဲ “ေဝါ” ခနဲ႔ ႐ြာခ်လိုက္ေသာ မိုးေၾကာင့္ ဖိုးေတ ပိုက္ဆက္မခ်ေတာ့ဘဲ ရပ္လိုက္ရသည္။
“ေတာက္!”
“ပိုက္ခ်ကာမွ မိုးက႐ြာခ်ရတယ္လို႔ကြာ… ”
ဖိုးေတ ေဒါသတႀကီး ေတာက္ေခါက္ကာ ခ်ထားသည့္ ပိုက္မ်ားကို မ႐ုတ္ေတာ့ဘဲ သူ႔တဲကုန္းဆီ ျပန္ခဲ့ရသည္။
တဲအနားမွာရွိ၍သာ သူကံေကာင္းသည္ဟု ဆိုရမည္။
မိုးက ေရခဲရည္ေတြ ေကာင္းကင္ထက္က ေလာင္းခ်လိုက္သလိုပင္ ေအးစိမ့္ေနေလသည္။
ေလနည္းၿပီး မိုးက ၿငိမ္ကာ သည္းထန္စြာ ႐ြာသြန္းေနျခင္းျဖစ္သည္။ ေကာင္းကင္ယံ ထက္တြင္လည္း တံလွ်ပ္မ်ား တစ္ခ်က္ တစ္ခ်က္ ဝင္းခနဲ ဝင္းခနဲျဖင့္ ညအေမွာင္ထုကိုပင္ ခြင္းေနေလသည္။
ဖိုးေတ ခႏၶာကိုယ္တစ္ခုလုံး ေရနစ္ထားေသာ ႂကြက္ကေလးပမာ မိုးေရမ်ား စို႐ြဲေနေလသည္။ တဲထဲတြင္ အဝတ္အစားမ်ားကို ခြၽတ္၍ အပိုတစ္စုံျဖင့္ လဲလွယ္ ဝတ္ဆင္လိုက္ရသည္။ မီးေသေနေသာ မီးဖိုထဲသို႔ ထင္းေျခာက္မ်ားထည့္ကာ မီးေမႊး၍ ေရေႏြးအိုး တည္ထားလိုက္ေလသည္။ စို႐ြဲေနေသာ အဝတ္အစားေတြကို ေရညႇစ္၍ ဝါးလုံးတန္းေပၚတြင္ လွန္းထားလိုက္ရသည္။
သူ႔တဲထဲတြင္ ပစၥည္း ပစၥယ အတိုအစမ်ား ထည့္ထားသည့္ လြယ္အိတ္တစ္လုံး၊ တစ္လုံးထိုးမွိန္း တစ္ေခ်ာင္း၊ ဓားမတစ္လက္ႏွင့္ သူထမင္းဆာလွ်င္ စားရန္ အိမ္မွ ထည့္လာေသာ ထမင္းခ်ိဳင့္တစ္လုံးသာ ရွိေလသည္။ သူသည္ ပူပင္စရာမရွိ တစ္ေကာင္ႂကြက္ တစ္မ်က္ႏွာ ျဖစ္ၿပီး အသက္ သုံးဆယ္ေက်ာ္ၿပီျဖစ္သည္။
အ႐ြယ္ေကာင္းျဖစ္ေသာ္လည္း လူပ်ိဳ ႀကီး တစ္ကိုယ္တည္းသမားျဖစ္၍ ဆူမယ့္ ပူမယ့္သူမရွိ တစ္ေယာက္တည္း ေအးေအးလူလူသာျဖစ္သည္။
တိုင္တြင္ ခ်ိတ္ထားေသာ လြယ္အိတ္ထဲမွ ဖေယာင္းတိုင္ႏွင့္ မီးျခစ္ကိုထုတ္ယူ၍ မီးထြန္းလိုက္သည္။ မညိဳဝင္း ေဆးေပါ့လိပ္ တစ္လိပ္ကိုယူ၍ မီးညႇိရင္း ဖြာလိုက္ရသည္။ မီးရဲသည္ႏွင့္ ေဆးလိပ္ကို လက္ႏွစ္ေခ်ာင္းၾကားတြင္ ညႇပ္ကာ ဇိမ္ခံၿပီး ထိုင္ေသာက္ေနမိသသည္။
ေဆးလိပ္ မီးခိုးေငြ႕ႏွင့္အတူ ရင္ထဲက အပူမ်ားကိုပါ မႈတ္ထုတ္ေနမိသည္။ ေဆးလိပ္ေငြ႕မ်ားသည္လည္း ေလထဲတြင္ ပ်ံဝဲေနေလသည္မွာ ၾကည့္လို႔ေကာင္းသည္ဟု ဖိုးေတထင္ေနမိျပန္သည္။
မိုးသံကို နားစြင့္ေနရသည္မွာလည္း စိတ္ညစ္စရာေကာင္းေနသည္။ ေလသိပ္မတိုက္ဘဲ မိုးေရသံမ်ားသည္သာ ႀကီးစိုးလ်က္ တအိအိႏွင့္ စိမ့္ၿပီး ႐ြာသြန္းေနျခင္းျဖစ္သည္။
ထမင္းခ်ိဳ င့္ကိုဖြင့္၍ စားမည္ စိတ္ကူးမိသည္။ ဗိုက္က မဆာသျဖင့္ ျပန္ပိတ္၍ ထားလိုက္ရျပန္သည္။
“အင္း… ဒီပုံတိုင္းသာ ဆက္႐ြာေနရင္ ငါ့ပိုက္ေတြ ေရေနာက္ ပါကုန္ေတာ့မွာဘဲ… ”
ဖိုးေတ စိတ္ထဲတြင္ မတင္မက်ျဖင့္ ေရ႐ြတ္ရင္း ေဆးေပါ့လိပ္ကို ထပ္ဖြာလိုက္ျပန္သည္။ သူသည္ ေဆးေပါ့လိပ္ေသာက္ရသည္ကို ႀကိဳက္သည္။ သို႔ေသာ္ အရက္ကိုျဖင့္ ေဝးေဝးက ေရွာင္ရွားတက္သူျဖစ္သည္။
ဖိုးေတသည္ တံငါသည္ စစ္စစ္ႀကီးမဟုတ္ေသးေသာ္လည္း ငါးပိုက္ေထာင္ေသာ အလုပ္ျဖင့္သာ အသက္ေမြးဝမ္းေက်ာင္း ျပဳေနရသူျဖစ္သည္။ ေန႔ဘက္တြင္ ငါးပိုက္မခ်ဘဲ ညဘက္ေရာက္မွသာ ငါးပိုက္ခ်ကာ ငါးဖမ္းတက္သူျဖစ္သည္။
သူငါးပိုက္ခ်ထားသည္က ယင္းေခ်ာင္းႀကီးထဲတြင္ျဖစ္သည္။ မိုးသဲသဲမဲမဲ ႐ြာသြန္းလွ်င္ ေတာင္က်ေရေတြ စီးဆင္းလာတက္သည္။
သာမာန္လူမေျပာႏွင့္ ခိုက္ခံပါသည့္ သစ္ပင္ႀကီးေတြကိုေတာင္ အျမစ္က ကြၽတ္ထြက္သြားသည္အထိ ျပင္းထန္းလြန္းလွသည္။
ဒီလို မိုး႐ြာတဲ့ အခ်ိန္မ်ိဳးဆို မည္သူ႔မွ် ယင္းေခ်ာင္းထဲသို႔ ဆင္းၾကမည္ မဟုတ္ေပ။ ထိုထဲတြင္ ဖိုးေတကိုယ္တိုင္လည္း ပါဝင္ေလသည္။
မိုးက မစဲသည့္အျပင္ သဲသဲမဲမဲျဖင့္ ႐ြာသြန္းေနေလသည္။ ေအးစိမ့္လာသျဖင့္ ဖိုးေတ ေခါင္းစီးဓာတ္မီးကို ေဘးသို႔ခ်ထားလိုက္ၿပီး လြယ္အိတ္ထဲက ေစာင္ၾကမ္းေလးကို ထုတ္၍ ဆြဲၿခဳံကာ မိုးေအးေအးျဖင့္ ေကြးရန္ စိတ္ကူးလိုက္ေတာ့သည္။ဒီအခ်ိန္ေရထဲဆင္း၍လည္း မျဖစ္ေပ။ မိုးကလည္း ေအးေအး၊ ေရကလည္း တေဖြးေဖြးျဖင့္ ထိုထက္ ဆိုးသည္က ေတာင္က်ေရကို ေၾကာက္လြန္းေသာေၾကာင့္ ျဖစ္သည္။
ေဆးေပါ့လိပ္ကို မီးသတ္၍ ခ်ထားလိုက္ၿပီး ေရေႏြးပူပူ တစ္ခြက္ငွဲ႔ေသာက္လိုက္သည္။ လည္ေခ်ာင္းထဲ ပူဆင္းသြားသျဖင့္ ေနသာ ထိုင္သာရွိသြားသည္။ ေစာင္ကို ေခါင္းၿမီးၿခဳံ၍သာ အိပ္ခ်လိုက္ရေတာ့သည္။
ထိုအခ်ိန္မ်ိဳးတြင္ ယင္းေခ်ာင္းကို ျဖတ္ကာ လာေနေသာ ေလွတစ္စင္းသည္ ဖိုးေတတဲရွိရာဘက္သို႔ ေလွာ္ခတ္၍
လာေနေလသည္။ ေလွေပၚတြင္ ဘာမွ် ေဆာင္းစရာမပါေသာ လူတစ္ေယာက္ကိုလည္း ေတြ႕ရသည္။ ထိုသူသည္ ဖိုးေတ တဲႏွင့္ မလွမ္းမကမ္းတြင္ ေလွကိုရပ္၍ ေရစပ္တြင္ ႀကိဳးခ်ည္ကာ လမ္းေလွ်ာက္၍ လာေနသည္။ တစ္ခ်က္ တစ္ခ်က္ ဝင္းလက္သြားေသာ မိုးခ်ဳန္းသံႏွင့္ တံလွပ္မ်ားေၾကာင့္ ထိုသူကို ဖ်တ္ခနဲ ျမင္လိုက္ရေသာ္လည္း မည္သူ မည္ဝါ ဟူ၍ မသဲကြဲေပ။
“ဗ် ို ့…. တဲရွင္ႏိူး…. ”
“တဲရွင္ႏိူး… ” ထို အသံရွင္၏ အသံသည္ ခိုက္ခိုက္တုန္ေအာင္ ခ်မ္းလြန္းေနေလသည္။
ဖိုးေတ တစ္စုံတစ္ေယာက္ ေအာ္ေခၚသံေၾကာင့္ ႏိူးတစ္ခ်က္ မႏိူးတစ္ခ်က္ျဖစ္ေနသည္။ စိတ္ထဲတြင္လည္း ၾကားတစ္ခ်က္ မၾကားတစ္ခ်က္ျဖစ္ကာ အသံက နီးလာလိုက္၊ ေဝးသြားလိုက္ျဖင့္ အိပ္မက၊္ မက္ေနတာလား
တကယ္လား ဆိုတာ သူေဝခြဲမရေအာင္ ျဖစ္ေနသည္။
ေလးလံေနသည့္ မ်က္လုံးေတြကို ႀကိဳးစား အားျပဳ၍ ဖြင့္ၾကည့္လိုက္သည္။ သို႔ေသာ္ မည္သူမွ် မေတြ႕ရေပ။
ထို႔ေၾကာင့္ ေခါင္းေထာင္၍ တဲအျပင္သို႔ ေငးၾကည့္ လိုက္ျပန္သည္။
“ဟာ… လူတစ္ေယာက္”
ဝင္းခနဲ ျဖစ္သြားေသာ တံလွပ္၏ အလင္းေရာင္ေၾကာင့္ လူတစ္ေယာက္၏ ပုံသဏၭာန္ကို မပီမျပင္၊ ဝိုးတဝါး ျမင္လိုက္ရေလသည္။
“ဒီေလာက္ မိုးသဲသဲမဲမဲ႐ြာေနတာ လူမွဟုတ္ရဲ႕လား”
ဖိုးေတ ေတြးေနမိသည္။
“အထဲမွာ လူရွိလားဗ်… ကြၽန္ေတည္ အရမ္းခ်မ္းေနလို႔ပါ ဝင္လာခြင့္ျပဳပါ… ”
တုန္ယင္ေနေသာ အသံက ထိုသူ႔ဆီမွ ထြက္ေပၚလာေလသည္။
ဖိုးေတ အသံပိုက္ရွင္ကို ဓာတ္မီးျဖင့္ ထိုးၾကည့္လိုက္ေတာ့ လူငယ္ေလးတစ္ေယာက္ ျဖစ္ေနသည္။
“အထဲဝင္ခဲ့ေလကြာ အျပင္မွာ အရမ္းေအးတယ္။”
“ဟုတ္ကဲ့”
ထိုလူငယ္ေလးသည္ ဖိုးေတတဲထဲသို႔ ဝင္ကာ မီးဖိုေဘးနားတြင္ ဝင္ထိုင္လိုက္သည္။
ထိုလူငယ္ေလးကိုၾကည့္၍ ဖိုးေတ စိတ္မေကာင္းျဖစ္မိသည္။ ခႏၶာကိုယ္ တစ္ခုလုံး မိုးေရမ်ားျဖင့္ ႐ႊဲနစ္ေနေလသည္။ မသိလွ်င္ ေရထဲတြင္ အၾကာႀကီး ငုပ္ၿပီးမွ ျပန္တက္လာသူႏွင့္ တူေနသည္။
အသားမ်ား ျဖဴ စြပ္၍ ျပာႏွမ္းႏွမ္း ျဖစ္ေနသည္ကို မီးဖိုအလင္းေရာင္ေၾကာင့္ ျမင္ေနရသည္။
“မင္းကဘယ္သူလည္းကြ၊ ဒီေလာက္ မိုးေတြ႐ြာေနတာ ဘယ္ကို သြားၿပီး ဘယ္ကိုျပန္မွာတုန္းကြ”
လူငယ္ေလးသည္ ဖိုးေတစကားသံေၾကာင့္ ဖိုးေတ ရွိရာဘက္သို႔ မ်က္ႏွာလွည့္လာသည္။
“ဟင္”
ဖိုးေတ ရင္ထဲ ထိပ္ ခနဲျဖစ္သြားရသည္။
လူငယ္ေလး၏ မ်က္ႏွာမွာ အခ်ိန္ၾကာျမင့္စြာ ေရစိမ္ထားသည့္ အသားတုံးပမာ ျဖဴ စြပ္၍ မ်က္ကြင္းမ်ား ညိဳ၍ အတြင္းသို႔ပင္ အနည္းငယ္ ခ်ိဳင့္ဝင္ေနသည္။ ထိုထက္ဆိုးသည္က လူငယ္ေလး၏ မ်က္ႏွာသည္ ေသြးမရွိ ေၾကာင္ေတာင္ေတာင္ႀကီးျဖစ္ေနသည္ကို ေတြ႕လိုက္ရျခင္းျဖစ္သည္။
” ကြၽန္ေတာ္က ေပပင္စု႐ြာကပါ ဦးေလး၊ ဒီ႐ြာကို လာေနတုန္း လမ္းမွာ မိုးမိလို႔ မိုးခိုစရာရွာရင္း ဦးေလးဆီ ေရာက္လာတာပါဘဲ ဆိုပါေတာ့ဗ်ာ… ”
အခုလိုက်ေတာ့ လူငယ္ေလး၏ မ်က္ႏွာက သာမန္လူတစ္ေယာက္ ကဲ့သို႔ပင္ ၿပဳံးစစႏွင့္ လူေခ်ာေလးတစ္ေယာက္ ျဖစ္ေနသည္။
“ငါလည္း မ်က္လုံးေတြ သိပ္မေကာင္းေတာ့တာျဖစ္မယ္” ဖိုးေတ သူ႔ကိုသူ မွတ္ခ်က္ခ်လိုက္သည္။
” မင္းနာမည္ ဘယ္လိုေခၚသလဲကြ၊ ဦးနာမည္က ဖိုးေတတဲ့”
“ဟုတ္ကဲ့၊ ဦးေလးဖိုးေတ ကြၽန္ေတာ့္ နာမည္က ဒိုးလုံးပါ”
“ဒီ႐ြာကို ညဘက္ႀကီး ဒီကငါ့တူက ဘာလာလုပ္တာလဲကြ၊ မိန္းမ လာခိုးတာေတာ့ ဟုတ္မယ္မထင္ဘူး”
“ဟားဟားဟား… ဦးေလးက ႐ုပ္တည္ႀကီးနဲ႔ လာေနာက္ေနတယ္၊ ဟဲဟဲဟဲ… မိန္းမက ေနာက္ႏွစ္မွ ခိုးမွာဗ် အခုက ရည္းစားနဲ႔လာခ်ိန္းေတြ႕တာ”
“ဟားဟားဟား….ဒါဆို ငါ့တူက ရည္းစားနဲ႔ မေတြ႕ရဘဲ မိုးနဲေတြ႕လိုက္ရတယ္ ဆိုပါေတာ့”
“ဟဲဟဲဟဲ…. ဒါအမွန္တရားဘဲေလ”
“ေအးေအး… ငါ့တူကိုလည္း အားနာပါတယ္ကြာ၊ ဦးမွာ မင္းကို ေပးဝတ္စရာဆိုလို႔ အဝတ္အစားေတြက ခုနကမွ မိုးမိလို႔ လဲဝတ္လိုက္တာ ငါ့တူရယ္”
“ရပါတယ္ ဦးေလးရာ အခုလို ေျပာတာနဲ႔တင္ ခ်မ္းေနတာေတြ ေပ်ာက္သြားၿပီ၊ လူတိုင္းမွာ အခက္အခဲ ကိုယ္စီ ရွိၾကတာဘဲ မဟုတ္လား ဦးေလးရ”
“ဟုတ္ပါၿပီကြာ၊ ငါ့တူက စကားအေတာ္ အေျပာေကာင္းတာဘဲ၊ ဒါနဲ႔ ငါ့တူ ဗိုက္ဆာေနေရာေပါ့ ထမင္းစားမလား ဦးေလးမွာ ထမင္းခ်ိဳ င့္ပါတယ္”
“ဘယ္စားရေသးမွာလဲ ဦးေလးရာ၊ ဟဲဟဲဟဲ ဗိုက္လည္း အရမ္းကို ဆာေနတာဗ်၊ ဒါေပမယ့္ မစားေတာ့ပါဘူးဗ်ာ
အိမ္ေရာက္မွဘဲ စားေတာ့မယ္။ ကြၽန္ေတာ္က အစားႀကီးတယ္ ဦးေလးအတြက္ မက်န္ဘဲေနလိမ့္မယ္”
“ဟားဟားဟား… စားပါကြာ ဦးေလးက ဗိုက္ျပည့္ေနၿပီ
ေရာ့ စားလိုက္”
ဖိုးေတ သူ႔ထမင္းခ်ိဳင့္ကို ကမ္းေပးလိုက္သည္ႏွင့္ ဒိုးလုံး လက္ပင္မေဆးေတာ့ဘဲ ထမင္းခ်ိဳင့္ကို ဖြင့္ကာ အားရ ပါးရ ပလုတ္ပေလာင္း စားေနေတာ့သည္။
ဒိုးလုံးစားေနသည္ကို ၾကည့္၍ ဖိုးေတ ဗိုက္ဆာလာသေယာင္ေယာင္ ျဖစ္လာသည္။
အျပင္မွာ မိုးကစဲေတာ့ မလိုလိုႏွင့္ တအိအိျဖင့္ ဆက္ကာ ႐ြာေနျပန္သည္။
“အဟြတ္… ဟြတ္… ”
“ေျဖးေျဖး စားပါ ငါ့တူရာ ”
ဖိုးေတ သေဘာက်စြာ ရီကာ ဒိုးလုံးကို ေရေႏြးတစ္ခြက္ ငွဲ႔တိုက္လိုက္သည္။
“ဟင္”
ေထာင္းခနဲ ထြက္ေပၚလာေသာ ပုပ္အက္အက္အနံ႔ဆိုးႀကီးေၾကာင့္ ဖိုးေတ ၾကက္သီး ေမႊးညင္းမ်ား ထ၍ ေထာင္ကာ အေနာက္သို႔ျပန္ဆုတ္လိုက္သည္။
ထိုအေျခမေနကို ဒိုးလုံးရိပ္မိလိုက္သည္။
“ဘာျဖစ္လို႔လဲ ဦးေလး၊ ”
” ပုပ္အက္အက္ အနံ႔ဆိုးႀကီး အဲ့အနားက ငါ့တူ မရလိုက္ဘူးလား”
ဒိုးလုံး မ်က္ႏွာတစ္ခ်က္ ပ်က္သြားသည္။
“ရေတာ့ ရတယ္ ဦးေလးရ၊ အျပင္က ေလနဲ႔အတူတူ ဝင္လာတာျဖစ္ပါလိမ့္မယ္”
ဒိုးလုံး စကားေၾကာင့္ “ေအးေလ အျပင္ကဘဲ ျဖစ္မွာပါ”ဟု ဖိုးေတ ေတြးလိုက္သည္။
ထမင္းႏွင့္ ဟင္းမ်ား ကုန္စင္သြားသည္အထိ ဒိုးလုံး စားပစ္လိုက္သည္။
“ဟဲဟဲဟဲ… စားေကာင္းေကာင္းနဲ႔ စားလိုက္တာ ဦးေလးအတြက္ေတာင္ မက်န္ေတာ့ဘူးဗ်ာ”
“ရပါတယ္ကြာ၊ ဆာေနတဲ့သူကို ေကြၽးရတာ ကုသိုလ္ရပါတယ္ကြာ”
ဖိုးေတေျပာေတာ့ ဒိုးလုံး သေဘာက်စြာ ရီလိုက္သည္။
“ဟင္”
ဖိုးေတ စိတ္ေတြ မခိုင္ေတာ့ေပ၊၊
ဒိုးလုံးရ္ီျပလိုက္ပုံက ဖိုးေတအတြက္ ရီျပသည္ႏွင့္ မတူဘဲ မ်က္လုံးကို ျပဴ း၍ ပါးစပ္ႀကီး နားထင္ခ်ိတ္သြားေအာင္ တမင္ လုပ္ျပလိုက္သည္ႏွင့္ တူေနသည္။
ဖိုးေတ နဖူးေပၚတြင္ ေဇာေခြၽးမ်ားျပန္လာသည္။ မိုးက မေအးေတာ့လဲ ပူလာသည္ဟု ထင္ေနမိသည္။
တစ္ခ်က္၊ တစ္ခ်က္ ေလတိုက္လိုက္လွ်င္ ငါးအပုပ္နံ႔မ်ိဳးမဟုတ္သည့္ လူေသေကာင္ အပုပ္နံ႔ႀကီးႏွင့္တူသည့္ ေအာ္ကလီဆန္စရာေကာင္းလြန္းေသာ ပုပ္အက္အက္ အပုပ္နံ႔ဆိုးႀကီးက ဖိုးေတ ႏွာေခါင္းထဲသို႔ ဝင္ေရာက္စၿမဲျဖစ္သည္။ ဒိုးလုံးကို ၾကည့္ရသည္မွာလည္း သူ႔ႏွလုံးသား တစ္ခုလုံးကို ေအးစက္ေနေသာ လက္ႀကီးျဖင့္ ဖ်စ္ညႇစ္လိုက္ သလို ခံစားရသည္။ ထိတ္လန္႔ ေၾကာက္႐ြံ႕စိတ္ေတြက တဖြားဖြား ေပၚထြက္လာေနၿပီ ျဖစ္သည္။
“ဦးေလး… ”
“ေအး…. ငါ့.. ငါ့တူ…. ”
႐ုတ္တရက္ ဒိုးလုံးေခၚသံေၾကာင့္ ဖိုးေတ ေၾကာက္ေၾကာက္လန္႔လန္႔ႏွင့္ ကတုန္ကယင္ ျပန္ထူးေလသည္။
“ဦးေလး အသံကလည္းဗ်ာ၊ မီးယပ္ခ်မ္းထေနတာ က်ေနတာဘဲ၊ မိုးလည္း နည္းသြားၿပီ ကြၽန္ေတာ္ ျပန္ေတာ့ မယ္ဗ်ာ… ဒီအခ်ိန္ဆို အိမ္မွာ အေမလည္း သိပ္စိတ္ပူေနမွာ ေသခ်ာတယ္”
ဒိုးေလး ျပန္မည္ဆိုေသာ စကားသံေၾကာင့္ ဖိုးေတ
ေပ်ာ္သြားသည္။
“ေအးေအး… သတိထားၿပီလည္း ျပန္ဦး ငါ့တူ”
ဖိုးေတ စိတ္ကို ထိန္း၍ ေျပာေနရသည္။
“တစ္လုတ္စားဖူး သူ႔ေက်းဇူးတဲ့ဗ်၊ ဦးေလး ပိုက္မခ်ရေသးတာေတြ ကြၽန္ေတာ္ လိုက္ခ်ေပးပါ့ရေစ”
“ရပါတယ္ကြာ၊ ဒါေတြက ဦးေလးလုပ္ေနက်ေတြ ေနပါေစကြာ သြားစရာရွိတာသာသြား ငါ့တူအေမလည္း
အခုေလာက္ဆိုရင္ စိတ္ပူေနေလာက္ၿပီ”
“လာပါ ဦးေလးဖိုးေတးရာ”
ဒိုးလုံး ေျပာေျပာဆိုဆိုျဖင့္ ဖိုးေတလက္ကို ဖမ္းဆြဲ၍ ဝါးလုံးတန္းေပၚက ပိုက္ေတြကို ယူၿပီး တဲအျပင္သို႔ ထြက္လာခဲ့ေတာ့သည္။
ဖိုးေတ၏ ေၾကာက္စိတ္မ်ား ငယ္ထိပ္သို႔ တက္ေစာင့္ သြားေတာ့သည္။ ဒိုးလုံး၏ လက္က သာမန္ထက္ပို၍ ေအးစက္ေနသည္မွာ သူ႔လက္ကို ေရခဲတုံးကပ္ထား သကဲ့သို႔ ျဖစ္ေနသည္။ စိုးရိမ္စိတ္မ်ားလည္း ဝင္လာခဲ့သည္။
ဒိုးလုံးသည္ ေရထဲဆင္း၍ ငါးပိုက္မ်ားလိုက္ေထာင္ ေပးေနသည္။ ဖိုးေတလည္း မတက္သာေတာ့သျဖင့္
ဓာတ္မီးထိုးျပရေလသည္။ မိုးေလးမ်ားက တဖြဲဖြဲက်လ်က္ သူတို႔ႏွစ္ေယာက္ကို အေဖာ္ျပဳ ေနၾကေလသည္။
ဒိုးလုံး ငါးပိုက္မ်ားေထာင္ၿပီးသည္ႏွင့္ ၿပဳံး၍ ကုန္းေပၚျပန္တက္လာခဲ့သည္။
“ဦးေလး ဖိုးေတ၊ ငါးေတြ အထိအမိမ်ားလိမ့္မယ္ ငါးမ်ားမ်ားရေအာက္လည္း လုပ္ေပးခဲ့တယ္။ အားတဲ့ အခါက်ရင္ ကြၽန္ေတာ္အိမ္ကို ဦးေလးဖိုးေတ လာလည္ရမယ္ေနာ္”
“ေအး၊ ေအးပါကြာ”
“ငါးေတြမ်ားမ်ားရရင္ ကြၽန္ေတာ့္ကို ဟင္းစားေပးရမယ္ေနာ္၊ အိမ္ကိုလည္း ေရာက္ေအာင္ လာလည္ရမယ္၊ မဟုတ္ရင္ ဦးေလးဖိုးေတဆီ ကြၽန္ေတာ္ လာၿပီးဆြဲေခၚမွာေနာ္”
“ေအးပါ… ငါ့တူရာ ဦးေလးကတိေပးပါတယ္။ ေရာက္ေအာင္လည္း လာခဲ့မယ္ ဟုတ္ၿပီလား”
“လူႀကီး ကတိေနာ္ တည္ရမယ္”
“ေအးပါကြာ စိတ္ခ်ပါ”
“ဟဲဟဲ… ဒါဆိုလည္းၿပီးေရာ ကြၽန္ေတာ္ျပန္ေတာ့မယ္။”
“ေအးေအး… လမ္းကိုလည္း ဂ႐ုစိုက္သြားဦး”
“ဟုတ္ကဲ့”
ဒိုးလုံး ဖိုးေတကို ႏူတ္ဆက္ကာ အေမွာင္ထဲသို႔ ဓာတ္မီးမပါဘဲ ဝင္ေရာက္သြားခဲ့သည္။
ဖိုးေတ ဓာတ္မီးထိုးျပရန္ ျပက္လိုက္သည္။ သို႔ေသာ္ ဒိုးလုံး၏ အရိပ္အေယာင္ကိုပင္ မေတြ႕ရလိုက္ေပ။
“ဟ…. ျမန္လိုက္တဲ့ ေျခေထာက္”
ဖိုးေတ ေခါင္းကုပ္၍ က်န္ခဲ့ေတာ့သည္။ အခ်ိန္အေတာ္ၾကာေတာ့မွ ငါးေထာင္ထားသည့္ ပိုက္မ်ားကို ဆင္းလိုက္ရသည္။ ခါတိုင္းႏွင့္မတူဘဲ ငါးမ်ား အလြန္မ်ားျပားစြာ တိုး၍ေနေလသည္။ ျဖဳတ္၍လည္း မႏိူင္ေသာေၾကာင့္ ဖိုးေတ သူ႔ပိုက္ ဆယ္ထည္ကို လိတ္၍ စာလာအိတ္ေတြထဲထည့္ကာ သူ႔ေနေသာ ေညာင္ပင္စု႐ြာသို႔ ျပန္ခဲ့ရေတာ့သည္။
အိမ္သို႔ေရာက္သည္ႏွင့္ ငါးမ်ားကို ဇိမ္ေျပ နေျပ ထိုင္ျဖဳတ္၍ ေရမိုးခ်ိဳးကာ တေရးေမွးလိုက္သည္။ မနက္မိုစလင္းေတာ့မွ ငါးဒိုင္သို႔ ငါးမ်ားသြားေရာင္းရသည္။ ပိုက္ဆံေတြ ေတာ္ေတာ္ရလိုက္သျဖင့္ ဖိုးေတ ေပ်ာ္မိသည္။
နားထဲတြင္လည္း ဒိုးလုံး သူ႔အိမ္သို႔အလည္လာရန္
ေျပာခဲ့သည့္ စကားမ်ားက ပဲ့တင္ထပ္ေနေလသည္။
“အင္း…ေပးတဲ့ ကတိေတာ့ တည္ရမွာေပါ့”
ဖိုးေတ ေတြးရင္း ဒိုးလုံးအတြက္ သက္သက္ဖယ္ထားေသာ ငါးေတြကို က်န္ေခ်ာင္းအိတ္ထဲထည့္၍ ယူကာ ေပပင္စု႐ြာသို႔ ထြက္လာခဲ့သည္။
အခ်ိန္အေတာ္ၾကာၾကာ လမ္းေလွ်ာက္ၿပီးေတာ့မွ ေညာင္ပင္စု ေရဆိပ္သို႔ေရာက္သည္။ ေရဆိပ္က စက္ေလွငွားၿပီး ေပပင္စု႐ြာသို႔ တစ္ဆင့္ေရာက္ခဲ့ေတာ့သည္။
ပင္ပင္စု႐ြာသို႔ေရာက္သည္ႏွင့္ ဒိုးလုံးေနသည့္ အိမ္ကို တစ္လမ္းလုံးေမး၍ လာခဲ့ရာ အတန္အသင့္ရွိေသာ အိမ္ေရွ႕တြင္ ရပ္လိုက္သည္။
“႐ြာထဲကလူေတြေျပာၾကတာေတာ့ ဒီအိမ္ဘဲ ဟုတ္မဟုတ္သိရေအာင္ ေခၚၾကည့္ရမွာဘဲ”
ဖိုးေတ စိတ္ထဲတြင္ ေရ႐ြတ္ရင္း
“ေဟ့.. ဒိုးလုံးေရ …. ဒိုးလုံး” ဟု ေခၚလိုက္ေလသည္။
သူ႔ေခၚသံေၾကာင့္ အသက္အ႐ြယ္ ခပ္ႀကီးႀကီးျဖစ္ေသာ အေဒၚႀကီးတစ္ေယာက္ အိမ္ထဲက ထြက္လာခဲ့ေလသည္။
“ဒီကေမာင္ရင္က အေဒၚ့သားရဲ႕ မိတ္ေဆြလား”
“ဟုတ္ကဲ့ခင္ဗ်”
“အိမ္ထဲ ဝင္ခဲ့ေလကြယ္၊ အိမ္ေပၚမွာလည္း ဧည့္သည္ေတြလည္းရွိတယ္ တစ္ခါတည္း ဝင္ထိုက္လိုက္”
ဖိုးေတလည္း ဝင္ထိုင္လိုက္ရသည္။ သူႏွင့္အတူ အိမ္ေပၚတြင္ အျခားဧည့္သည္မ်ားကိုလည္း ေတြ႕ရေလသည္။
သူဘာမွမေျပာဘဲ ဧည့္သည္ေတြ ေျပာတဲ့စကားကိုဘဲ နားေထာင္ေနလိုက္သည္။
သူတို႔ေတြ ေျပာၾကသည္က “ဒိုးလုံးကေလး ဆုံးသြားတာ ႏွေျမာစရာေလးပါဟယ္ သူ႔ခမ်ာ ေတာင္ကေရထဲပါၿပီး အျဖစ္ဆိုး နဲ႔ ေသရရွာတယ္ဟယ္ သူ႔တို႔မွာ ေျပးၾကည့္စရာဆိုလို႔ ဒီအေမနဲ႔ ဒီသားေလးဘဲ ရွိၾကတာ
ေဒၚၾကည္ေလးလည္း သနားပါတယ္ဟယ္ သူတစ္ေယာက္
တည္း ဘယ္လိုေနမွာလဲ မသိပါဘူးဟယ္ ႐ြာထဲကဘဲ ဝိုင္းဝန္းေစာင့္ ေရွာက္ၾကရမွာ ေသခ်ာတယ္” ဟူေသာ စကားေတြ မ်ိဳးစုံကို သူၾကားရသျဖင့္ ဒိုးလုံးတို႔ သားအမိအတြက္ စိတ္မေကာင္းျဖစ္ရသလိုသနားလည္း သနားမိေနသည္။
ဒိုးလုံးအေမခမ်ာ သူ႔သားေလးကို လြမ္းဆြတ္ သတိရ ေအာက္ေမ့ေနဟန္ရွိသည္။ မ်က္လုံးမ်ားပင္မို႔ကာ ရဲေနေသာေၾကာင့္ ငိုထားသည္ဟု သိလိုက္ရသည္။
“ေၾသာ္… ဒီကေန႔က ဒိုးလုံးဆုံးတာ ခုႏွစ္ရက္လည္လို႔ သပိတ္သြတ္တဲ့ ေန႔ပါလား ငါနဲ႔ဘာမွမဆိုင္ဘဲနဲ႔ ေခၚခဲ့တာ တရားနာေစခ်င္လို႔ဘဲ ျဖစ္မွာပါေလ” ဖိုးေတ စိတ္မေကာင္းစြာ ျဖစ္ေနမိသည္။
ဘုန္းႀကီးမ်ား ႂကြေရာက္လာၿပီျဖစ္သည္။ ဒိုးလုံးအတြက္ ေရစက္ခ် တရားနာ၍ ဒိုးလုံး၏ မိခင္၊ အေပါင္းအသင္း မိတ္ေဆြမ်ားႏွင့္အတူ ဖိုးေတကိုယ္တိုင္ပင္ ဒိုးလုံးအတြက္ ရည္စူး၍ ကုသိုလ္ေကာင္းမႈ႕မ်ားကို အမွ်အတန္း ေပးေဝခဲ့ေလေတာ့သည္။
အိမ္အေပါက္ဝတြင္ ရပ္၍ သာဓုေခၚေနေသာ ဒိုးလုံးအား မည္သူမွ် ေတြ႕ခဲ့ၾကလိမ့္မည္ မဟုတ္ၾကေပ။
အားလုံးၿပီးစီးသည္မထိ ဖိုးေတ ဒိုးလုံး၏ မိခင္ကို ေငြအခ်ိ ု ့ႏွင့္ ဒိုးလုံးကို ေပးခဲ့တဲ့ကတိအတိုင္း ငါးထုပ္ကို ဟင္းစား အျဖစ္ေပး၍ ႏူတ္ဆက္ကာ သူေနထိုင္ေသာ ေညာင္ပင္စု ႐ြာသို႔ျပန္ခဲ့ေလသည္။
ေနာက္ေန႔ညမ်ားတြင္ “ဂြၽတ္ ဂြၽတ္”အသံႏွင့္ ေရစီးသံမ်ားကိုပင္ ဒိုးလုံး သူ႔ဆီကို ေရာက္လာခဲ့သည္ မထင္ျဖင့္ ဓာတ္မီးျဖင့္ ထိုး၍ ၾကည့္ေနမိသည္။ သို႔ေသာ္ မိုးစက္ကေလးမ်ားမွ လြဲ၍ ဘာမွ်မေတြ႕ရေပ။
ငါးမ်ားသည္လည္း ခါတိုင္းေန႔မ်ားထက္ ပို၍ ပို၍ပင္ မ်ားျပားစြာ ရျပန္သည္။ ထိုသို႔ရတိုင္းလည္း ဒိုးလုံး၏ မိခင္ကို သူေန႔တိုင္း ငါးဟင္းစား ေပးသည့္အျပင္ ဒိုးလုံး၏ မိခင္အသုံးျပဳရန္ ေငြ အခ်ိဳ႕ကိုလည္း ေန႔တိုင္း ေပးေလ့ရွိသည္။ ထိုအရာသည္ တမလြန္မွ ဒိုးလုံးအား သူေပးခဲ့ေသာ “ကတိ”တစ္ခုပင္ျဖသ္သည္။
ဒိုးလုံး၏ မိခင္ကို ဖိုးေတသည္ အေမအရင္းတစ္ေယာက္ အျဖစ္သတ္မွတ္ထားျခင္းျဖစ္သည္။ ထို႔ေၾကာင့္လည္း သူ႔ဘဝႀကီးက အထီးက်န္မဆန္ေတာ့သည့္ အေမတစ္ေယာက္ရွိေနသည့္ ဘဝသစ္တစ္ခုသာျဖစ္ခဲ့ေလသည္။
ဒါေတြကို တမလြန္မွ ဒိုးလုံးသိရွိခဲ့လွ်င္လည္း ဝမ္းသာ
ေပ်ာ္႐ႊင္၍ ေအးၿငိမ္း ခ်မ္းသာ ျဖစ္ေနသည္မွာ အမွန္ပင္ ျဖစ္ေနပါေတာ့သည္။
+++++++++++ၿပီးပါၿပီ။+++++++++++++
“မင္းမွာ သစၥာ၊ လူမွာ ကတိ”တဲ့
ကတိတစ္ခုဆိုတာ ေပးႏိူင္မွ
ေပးသင့္သည့္ အရာတစ္ခုျဖစ္ၿပီး
မလုပ္ႏိူင္ဘဲႏွင့္ ကတိတစ္ခုကို
လြယ္လင့္ တကူေပးတက္သူသည္
ကတိဆိုတာ ဘယ္လိုအရာလည္း
သစၥာဆိုတာ ဘယ္လိုအရာျဖစ္မွန္းကို မသိသည့္
လူနတၳိ တစ္ေယာက္ႏွင့္သာ တူ၏။
++++++++++++++++++++++++++++
ကိုယ္စိတ္ႏွစ္ျဖာ ႐ႊင္လန္းခ်မ္းေျမ့ၾကပါေစ……
လိုအပ္ခ်က္မ်ားစြာျဖင့္
သန္းေခါင္ယံ
#ေလးစားစြာcreditေပးပါသည္