“ကိုမြင့်ဆောင် နှင့် အမဲသားတောင်းသည့် သရဲဖိုးခေါင်း”

“ကိုမြင့်ဆောင် နှင့် အမဲသားတောင်းသည့် သရဲဖိုးခေါင်း”

============================

(၁)
လွန်ခဲ့သောတစ်ပတ် သူတဲထိုးနေသည့် အချိန်တည်း
ကပင် မိုးစတင်ရွာနေပြီဖြစ်သည် ထိုမိုးရေတို့ကြောင့်ပင်
လယ်ကွက်များအားလုံး ထယ်ထိုး၍ရနိုင်သော မြေအနေ
အထားရှိနေကြပြီ ဒါကြောင့်ပျိုးကြဲမည့် လယ်တကွက်
အား ကိုမြင့်ဆောင် ထယ်ထိုးနေသည် ဤလယ်ကွက်အား ထယ်ဖြင့်ထိုး ထွန်တုံးဖြင်ထွန်ပြီး သမန်းညက်အောင်အရင်ဆုံး လုပ်ရမည် သမန်းညက်ပြီ ဆိုမှ မျိုးစ
ပါးများကိုပက်ကြဲရသည် ဤသည်ကို တောအရပ် လယ်
သမားများက ပျိုးထောင်သည်ဟု ခေါ်ကြသည် ထိုလယ်ကွက်ကိုလည်း ပျိုးခင်းလယ်ဟု ခေါ်ကြပြန်သည်။

ကိုမြင့်ဆောင် ထိုပျိုးခင်းလယ်ကို မနက်အစော
တည်းကပင် ထယ်ထိုးနေခြင်းဖြစ်ပြီး ထယ်ရေးစပ် ခါ
ပင် နီးနေပြီ ဦးဘိုးခင်၏ နွားပြာ(နဗျာ)ကြီးတရှဉ်း မှာ
အလွန်ခိုင်းကောင်းသော နွားကြီးများ ဖြစ်ကြသည် ကြိမ်
ပင်ရွယ်စရာမလို ဒေါက်ကောင်းကောင်း အလုံးအထည်
ကြီးကြီးနှင့် တကယ့်နွားချောနွားသန့် ကြီများ တစ်ကောင်မှာဘို့လဲကြီးဖြစ်ပြီး ကျန်တစ်ကောင်က‌ေတာ့ဂျိုထောင်ကြီး ဖြစ်သည် ထယ်ခေါင်းအား အားပင်မဆိုက်ပဲ ရုံးဆွဲသွားကြသည်။
မကြာခင်ထယ်ရေးစပ်သွားပြီဖြစ်သည် ကိုမြင့်ဆောင် နွားကြီးနှစ်ကောင်အား ထမ်းပိုးမှဖြုတ်၍ ကြိုးများကို နွားကျောပေါ်တွင်တင်ပေးပြီးလွှတ်လိုက်သည်
မိုးဦးကြပေါက်သည့် မြက်နုနုများကို နွားကြီနှစ်ကောင်
မှာအားရပါးရ စားနေကြတော့သည်။
ကိုမြင့်ဆောင် ‌ကျတ်တက်လျှို အောက်ဆုံးရှိအောင်းလယ်သို့ သွားလိုက်သည်။ ထိုအောင်းလယ်မှာသူ
ငါးပုံးထောင်ထားခဲ့သည် တကယ်လို့ငါးမိခဲ့ရင်တော့ နေ့လယ်စာအတွက် အဆင်ပြေသွားမည်ဖြစ်သည် များများစားစားတော့မမျှော်လင့်ထား အခုမှမိုးဦးကြခါစ အချိန်ဖြစ်၍ ငါးများသိပ်မပေါသေး။
ကိုမြင့်ဆောင်ထင်သည့်အတိုင်းပင် ငါးပုံးထဲ၌
ငါးအနည်းငယ်သာတွေ့ရသည် သူလည်းရသလောက်ငါး
ကိုယူခဲ့ပြီးတဲ့သို့ပြန်လာခဲ့၏။
နေပင် မွန်းတည့်တော့မည်ဖြစ်သည် ကိုမြင့်ဆောင် တစ်ယောက် တဲပေါ်၌ နေ့လည်စာအတွက် ထမင်းအိုးတစ်လုံး တည်ထားလိုက်ပြီး ဟင်းချက်ရန်အတွက် စောစောကရခဲ့တဲ့ ငါးအနည်းငယ်ကို ချေးဖောက် ဆေးကြောသန့်စင်နေလိုက်သည် မကြာမီ အားလုံးချက်ပြုတ်ပြီးစီးသွားပြီ ကိုမြင့်ဆောင်လည်း
ထမင်းစားသောက်ပြီး တဲစင်ပေါ်၌တမှေးမှေးလိုက်လေသည်။

(၂)

တဖျောဖျော အသံကြီးကြား၍ မှေးကနဲအိပ်ပျော်မလိုဖြစ်နေရာမှကိုမြင့်ဆောင် လန့်နိုးလာသည် ထိုအသံသည် တဲခေါင်းရင်ဘက် ဦးဖိုးခေါင်ကြီးပျောက်ကွယ်သွားသည့် ဥနှဲပင်ကြီး ဆီမှထွက်ပေါ်လာသော အသံဖြစ်သည် ကိုမြင့်ဆောင်ထ၍ ဥနှဲပင်ကြီးကို လှမ်းကြည့်လိုက်တော့ လူတစ်ယောက်တဲရှိရာဘက်သို့ လာနေသည်ကိုတွေ့လိုက်ရသည်။ဦးဖိုးခေါင်ကြီးပင်ဖြစ်သည်။

ဦးဖိုးခေါင်ကြီးသည် သာမန်လူတစ်ယောက်၏
ပုံပန်းသဏ္ဍန်အတိုင်းတဲဘက်သို့တက်လာနေချင်းပင် ကိုမြင့်ဆောင်သည် ဦးဖိုးခေါင်ဟာသရဲတကောင်ဖြစ်မှန်း သိနေပေမဲ့လည်း ကြောက်ရွံ့စိတ် မဖြစ်မိ
ဘာကြောင့်သရဲဘဝရောက်ရတာလဲဆိုတာကိုပင် မေးချင်နေမိသည် ကိုမြင့်ဆောင်တဲအတွင်းမှရပ်၍ ဦးဖိုးခေါင်ကြီးကိုကြည့်နေသည် မကြာခင် ဦးဖိုးခေါင်ကြီး ရောက်လာပြီးတဲအပြင်၌ရပ်ကာ

“မြင့်ဆောင် မင်းကိုငါ အကူအညီတောင်းစရာ တစ်ခုရှိတယ်”

“ဦးဖိုးခေါင် တဲထဲဝင်ပါဦး”

ကိုမြင့်ဆောင် ဦးဖိုးခေါင်ကြီးကို သာမန်လူတစ်ဦး လိုပင်
တဲအတွင်းဝင်ခဲ့ရန်ဖိတ်ခေါ်လိုက်သည်။

“မြင့်ဆောင် ငါဘာလဲဆိုတာကို မင်းသိတယ်မဟုတ်လား”

ဦးဖိုးခေါင်အထဲမဝင်သေးပဲ ကိုမြင့်ဆောင်ကိုကြည့်၍မေးသည်။

“ဦးဖိုး‌ေခါင်ဘာပဲဖြစ်ဖြစ် ကျုပ်စိတ်ထဲမှာတော့
လူတစ်ယောက်လို့ပဲ သတ်မှတ်ထားတာဗျ ဒီတော့ဦးဖိုးခေါင်ဝင်ချင်ရင်ဝင်ခဲ့နိုင်ပါတယ်”

ကိုမြင့်ဆောင်ပြန်ပြောလိုက်တော့မှ

“ဒါဆိုလည်း ကောင်းတာပေါ့ကွာ ငါလည်းစကားပြောဖော်ရတာပေါ့”

ပြောပြောဆိုဆို ဦးဖိုးခေါင်တဲအတွင်းဝင်လာပြီး နွားများကို အစာတင်ကျွေးရန် ဆောက်ထားသော နွားစာစင်ပေါ်
တွင်ထိုင်လိုက်သည်။ကိုမြင့်ဆောင်လည်း တဲစင်လေးပေါ််
ပြန်ထိုင်လိုက်၏။

“ဦးဖိုးခေါင် ဘာဖြစ်လို့ ဒီလိုဘဝမျိုး ရောက်ရတယ်ဆိုတာ ကျုပ်ကိုပြောပြပါလား”

ကိုမြင့်ဆောင် မေးလိုက်သည်

“မင်းသိချင်ရင်တော့ ပြောပြရတာပေါ့ ငါဒီလိုဘဝရောက်ရတာ စွဲလမ်း စိတ်ကြောင့်ပေါ့ကွာ ဟောဒီ
ကျတ်တက်လျှိုလယ်ပွဲကို ငါအရင်ဆုံးဖော်ခဲ့တာကွ ဒါငါပိုင်ခဲ့တဲ့ လယ်တွေယာတွေပဲ”

“ငါကိုတိုင် ခုတ်ထွင်ရှင်းလင်းပြီး ဒီလယ်ကွက် ယာကွက် တွေကို ဖော်ခဲ့တာ”

“ငါသေတော့ ဒါတွေကိုစွဲလမ်းပြီး မကျွတ်မလွတ်ပဲ ဒီမှာသရဲလာဖြစ်နေတာ ငါသရဲဘဝ ရောက်ခါစက နေစရာနေရာမရှိဘူး ဟိုဥနှဲပင်ကြီးမှာက ငါလူ့ဘဝမှာရှိနေတုန်းတည်းက နေနေတဲ့ သရဲကြီးတစ်ကောင်ရှိတယ် အဲဒီကောင်ကြီးကပဲ ငါ့ကိုသူ့နေရာမှာနေခိုင်းခဲ့တာ ‌နောက်ပြီး
မင်းကိုငါပေးခဲ့တဲ့ ဆေးမြစ်ကိုလည်း သူပဲပေးခဲ့တာ”

“အခုရော အဲ့ဒီမှာရှိသေးလားဗျ”

ကိုမြင့်ဆောင်မေးလိုက်တော့

“အခုတော့ မရှိတော့ဘူ သူသရဲဘဝကနေ ကျွတ်သွားပြီ”

ဦးဖိုးခေါင် ပြန်ဖြေလိုက်တယ်

“ဘာလို့ ကျုပ်ကို ဆေးမြစ်ပေးတာတုန်”

ကိုမြင့်ဆောင်အမေးကို ဦးဖိုခေါင်ကြီးက ပြန်ဖြေလိုက်သည်

“အေး အဲ့ဒီဆေးမြစ်မင်းဆီမှာ ရှိနေတော့ အခုလို လွယ်လွယ်ကူကူ လာလို့ရတယ် အခက်အခဲ မရှိတော့ဘူး”

ဦးဖိုးခေါင်ဆက်၍

“ဒါပေမဲ့ မင်းကိုသတိပေးစရာတခုတော့ရှိတယ် အဲ့ဒီဆေးမြစ်ကို မင်းရဲ့ လက်နဲ့ဆုပ်ကိုင်ထားရင်တော့
ငါတို့လိုနာနာဘာဝ မကောင်းဆိုးဝါးတွေကို သူတို့ရဲ့ပုံပန်းသဏ္ဍန်အစစ်အမှန်အတိုင်း မြင်‌နေရလိမ့်မယ် ငါနဲ့ ငလူးကြီးကိုမင်းတွေ့ရသလိုပေါ့”

ကိုမြင့်ဆောင်၏ လေးဂွလွယ်အိပ်ထောင့်လေးမှာ ဦးဖိုးခေါင်ပေးခဲ့သော ဆေးမြစ်လေးယခုထက်ထိပင် ရှိနေဆဲ သူလည်း သူ့အလုပ်နဲ့သူ ရှုပ်နေ၍ သတိမရ ဦးဖိုးခေါင်ကြီးကိုမြင်မှသာ သတိရသွားချင်းဖြစ်သည်။

ဦးဖိုးခေါင်ကြီးဆက်၍ပြောပြန်သည်

“ဘိုးခင်ရဲ့ အရင်သူရင်းငှားတွေကိုလည်း ဒီဆေးမြစ် ပေးဘို့ ငါကြိုးစားသေးတယ် ဒီကောင်တွေက မင်းလိုမဟုတ်ဘူး ငါဥနှဲပင်ပေါ်ကဆင်းလာတဲ့အသံကိုကြားတာနဲ့
ထွက်ပြေးကြတာပဲ”

“တစ်ခါတလေ ငါမရှိတဲ့ချိန် အပင်အောက်အိပ်နေတဲ့ကောင်တွေဆိုရင်လည်း ငါပြန်လာလို့တွေ့ ပြီး နှိုးလိုက်ရင် ငယ်သံပါအောင်အော်ပြီး ပြေးကြပြန်ရော ကျန်ခဲ့တဲ့
နွားတွေကိုတောင် ငါကကျောင်းပေးနေရသေးတယ်”

ကိုမြင့်ဆောင်ထိုအခါကြမှ ညကြီးမင်းကြီး တဲထဲဝင်သွားတဲ့ ဦးဖိုးခေါင်လို သရဲတစ်ကောင်ကို နွားကြီးနှစ်ကောင်က ဘာကြောင့် မကြောက်လန့်ကြတာလဲဆိုတာ သဘောပေါက်သွားလေသည်။ဘို့လဲကြီးနှင့်ဂျိုထောင်ကြီးနှစ်ကောင်သည် ဦးဖိုးခေါင်အား သူတို့သခင်တစ်ဦးလို့သတ်မှတ်ထားပုံရလေသည်။

“ဒီကျတ်တက်လျှိုလာသမျှလူတွေကို ခြောက်လန့်နေတာ
ဦးဖိုးခေါင်ကြီးပေါ့”

ကိုမြင့်ဆောင်မေးတာကိုဦးဖိုးခေါင်‌က ခေါင်းကြီရမ်း၍

“ငါသူတို့ကိုကြောက်လန့်အောင်ခြောက်တာမဟုတ်ဘူး
အကူအညီတောင်းချင်လို့ မိတ်ဆွေဖြစ်ချင်လို့ ဒါကိုသူတို့ကနားမလည်ပဲ ခြောက်လှန့်တယ်လို့ထင်နေကြတာ”

ကိုမြင့်ဆောင် ဦးဖိုးခေါင်ကြီးအပေါ်မှာစာနာစိတ်ပင်ဖြစ်လာသည်ဒါကြောင့်

“ဦးဖိုးခေါင်ကျုပ်ဆီကအကူအညီတောင်းစရာရှိတယ်ဆိုတာ ဘာများတုန်းဗျ ကျုပ်တတ်နိုင်ရင် ကူညီပေးပါ့မယ်”

ကိုမြင့်ဆောင် မေးလိုက်တော့ ဦးဖိုးခေါင်ကြီးက

“ငါ အမဲးသားစားချင်တယ် မြင့်ဆောင် အဲ့ဒါ မင်းဘိုးခင်
ကိုသွားပြောပေးစမ်း ငါဒီကောင့် လယ်တွေ ယာတွေကို
စောင့်ရှောက် ပေးထားတာကြာလှပြီ တစ်ခါမှငါ့ကို မကျွေးဘူးသေးဘူး”

ဖိုးခေါင်ကြီး လယ်ပိုင်ရှင်ဦးဘိုးခင်အပေါ်တော်တော်ဒေါသဖြစ်နေပုံရသည် ပြောနေရင်းနဲ့ကို မျက်လုံးကြီးတွေနီလာပြီး စကားသံပင် ဗလုံးဗထွေး
ကြီးဖြစ်လာသည်။

“ငါကတော့ ဒင်းစပါးခင်းတွေ ယာခင်းတွေ သူခိုး မခိုး
နိုင်အောင် ကျွဲနွားမဝင်နိုင်အောင်ကအစ ကူညီစောင်ရှောက်ပေးထားတယ်ဒင်းကတော့ငါ့ကိုတခါမှကျွေးတယ်လိုမရှိဘူး ကြာလာရင် ဒီကောင့်ကိုငါတစ်ခုခုလုပ်မိတော့မယ် ဘိုးခင် ဘိုးခင် မင်းကိုငါ မကျေနပ်ဘူး”

ဖိုးခေါင်ကြီး အံတကျိတ်ကျိတ် တက်တခေါက်ခေါက်ဖြင့်

“ဒင်း အရင် သူရင်းငှားတွေကလည်း ကြောက်လိုက်တာလွန်ရော ငါကသတိပေးဖို့ အသံလေးပေးလိုက်တာနဲ့တင်
သူတို့ကိုခြောက်လှန့်တယ်ဆိုပြီး ပြေးလိုက်ကြတာ နောက်နေ့ အသစ်တစ်ယောက် ပြောင်းတော့တာပဲ”

ဖိုးခေါင်ကြီး သူ့မကျေနပ်ချက်များကို ကိုမြင့်ဆောင်အား
ပြောပြနေသည် ကိုမြင့်ဆောင်လည်းဖိုးခေါင်ကြီး စကား
ပြတ်သွားတော့မှ

“ကျုပ် ဦးဖိုး‌ေခါင်စိတ်ကျေနပ်အောင် လုပ်ပေး
ဘို့ ဦးဘိုးခင်ကို သွားပြောလိုက်ပါမယ် ဦးဖိုးခေါင်စားချင်တဲ့ အမဲသားလည်း ရအောင်ရှာယူခဲ့မယ် ဒါပေမဲ့ နေလည်းစောင်းလာပြီဆိုတော့ ဒီနေ့တော့ သွားဘို့မဖြစ်နိုင်တော့ဘူး နောက်နေ့ကြမှပဲ ရွာပြန်နိုင်တော့မှာ”

ကိုမြင့်ဆောင် ဖိုးခေါင်ကြီးစိတ်ကျေနပ်အောင် ပြောလိုက်ရသည် နာနာဘာဝများသည်လည်း သားရဲ တိရစ္ဆန်
များကဲသို့ပင်အချိန်မရွေး စိတ်ရိုင်းဝင်လာတတ်သည်မဟုတ်ပါလား ဖိုးခေါင်ကြီးအခြေအနေကို သူစောင့်ကြည့်နေလိုက်သည် ဖိုးခေါင်ကြီး အတန်ကြာအောင်စဉ်းစာပြီးမှ

“တစ်ရက်လောက်တော့ စောင့်နိုင်ပါသေးတယ် မနက်ဖန်
မှ မရရင်တော့ ဘိုးခင်အိမ်ကို ငါကိုယ်တိုင်သွားမယ် ဒင်းကို ဂုတ်ချိုးသတ်ပြီ အူနှုတ်စားခဲ့မယ်”

ဖိုးခေါင်ကြီးမှာ အမဲသား အလွန်စားချင်နေပုံရသည် အမဲသားဆိုသည့် စကားကိုပြောရင် လျှာကြီးတပြင်ပြင်နှင်သွားရည်တများများဖြစ်နေသည်။

” မြင့်ဆောင် မင်းငါးစားချင်လား”

ကိုမြင့်ဆောင် ဖိုးခေါင်ကြီး စကားကြောင့် အံဩသွားသည် ဘာအဓိပ္ပါယ်နဲ့မေးတာလဲမသိ ဒါကြောင့်ဘာမှ ပြန်မဖြေမိ ဖိုခေါင်ကြီးဆက်၍

“ငလူးအိုင်ထဲမှာ ဒီကောင့်ငါးတွေ အများကြီ ရှိတယ်
အကောင် အကြီးကြီးတွေ ရိုးရိုး သွားတောင်းရင်တော့ရမှာမဟုတ်ဘူး ဒီကောင်ကသိပ်ကပ်စေနဲတဲ့ကောင် လူ့ဘဝတုန်းကအတိုင်းပဲ”

ဖိုးခေါင်ကြီးပြောမှ ကိုမြင့်ဆောင် သရဲကြီးငလူးအကြောင်းသိချင်လာသည် ဒါကြောင့်

“သရဲကြီးငလူးနဲ့ ဦးဖိုးခေါင်ကြီးက လူ့ဘဝထဲကသိကြတာလား”

ကိုမြင့်ဆောင်မေးလိုက်တော့ ဦးဖိုးခေါင်ကြီးက

“သိရုံတင်ဘယ်ကမတုံး လူ့ဘဝတုန်းထဲက ဒို့နှစ်ယောက်က သူငယ်ချင်းတွေ အင်မတန်ကပ်စေးနဲတဲ့ကောင် သူဆီကဆို ဘာမှသွားတောင်းလို့မရဘူး”

“သူကရော ဘယ်လိုဖြစ်ပြီးသရဲတကောင်ဖြစ်နေရတာတုန်း”

“ငါ ဒီလျှိုကို‌ေတာစခုတ်တဲ့အချိန် သူလည်း အဲဒီ လူးအိုင်နေရာကို လယ်စိုက်ဖို့ တောစခုတ်တာပဲ အခုရေအိုင်က သူလယ်စိုက်ဖို့ခုတ်ထားတဲ့နေရာ ဒါပေမဲ့ ဒီကောင် လယ်ကွက်ဖော်နေတုန်းမှာပဲ မြွေဆိုးအကိုက်ခံရလို့ အဲဒီနေရာမှာတင်သေသွားပြီးသရဲဖြစ်နေတာ”

ကိုမြင့်ဆောင် ဦးဖိုးခေါင်ကြီးပြောတာကို သေချာနားထောင်နေမိသည်။ဦးဖိုး‌ေခါင်ကဆက်ပြီးပြောပြန်တယ်

“ကပ်စေနဲတဲ့ကောင်ဆိုတော့ သူခုတ်ထားတဲ့ နေရာကိုဘယ်သူ့ကိုမှ လုပ်စားခွင့်မပေးဘူး အချောင်ဝင်ပြီး လယ်လာစိုက်တဲ့ကောင်တွေ အကုန်ခြောက်လှန့်လွတ်တယ် တချို့ဆိုအသက်ပါပေးလိုက်ရတဲ့အထိကိုခြောက်တာ
ကြာတော့ လူတွေမလာရဲတော့ပဲ ရေအိုင်ကြီးတစ်အိုင်
ဖြစ်နေတာပေါ့ အဲဒီအိုင်ကြီးကိုလည်း ငလူးအိုင်လို့ ခေါ်ကြ‌တော့တာပဲ”

ကိုမြင့်ဆောင် ဦးဖိုးခေါင်ပြောပြမှပင် သူဖားသွားရိုက်ခဲ့တဲ့ လူးအိုင်ခေါ်ငလူးအိုင်ကြီးအကြောင်းအပြည့်အစုံသိလိုက်ရသည်။

“ဦးဖိုးခေါင်ပြောတော့ ငလူးသရဲကြီး ကျုပ်နားမကပ်နိုင်ဘူးဆိုပြီး ဘာကြောင့်ကျုပ် လွယ်ထားတဲ့ ပလိုင်းထဲကဖားတွေကို နှိုက်စားလို့ရတာတုန်း”

ကိုမြင့်ဆောင် သူသိချင်တာကို ဆက်မေးလိုက်သည်။
ထိုအခါဖိုးခေါင်ကြီးက

“မြင့်ဆောင် မင်းမှာ ဆရာတွေပေးထားတဲ့ ဆေးဝါးလက်ဖွဲ့ အဆောင် တခုခုရှိတယ်မဟုတ်လား”ဟုပြန်မေးသည်။

“ကျုပ်ဆီမှာ ဘာအဆောင်မှမရှိပါဘူး”

ကိုမြင့်ဆောင်ပြန်ဖြေလိုက်တော့ ဦးဖိုးခေါင်ကြီက

“သေချာစဉ်းစားကြည့်စမ်းပါဦး မင်းဆီမှ တစ်ခုခုရှိကိုရှိရမယ် ဘာလဲဆိုတာသာငါမသိတာ အဲ့ဒီပစ္စည်းရဲ့ အစွမ်း
ကိုတော့ ငါခံစားလို့ရတယ်”

ကိုမြင့်ဆောင် အမျိုးမျိုးစဉ်းစားကြည့်သည် အဖြေမပေါ် သူ ဘယ်‌အထက်လမ်းဆရာ အောက်လမ်းဆရာတဦးဦးထံကနေ ဘာအဆောင်မှမရဘူးခဲ့ တောင်းလဲမတောင်းဘူးခဲ့ ဘာဖြစ်လို့များ ဦးဖိုးခေါင်ကြီးက သူ့ထံတွင် အဆောင်လက်ဖွဲ့ရှိသည်ဟုပြောနေရတာလဲဆိုတာ မစဉ်းစားတတ်ပဲဖြစ်နေသည်။နောက်ပြီးအဲ့ဒီအစွမ်း
ကိုလည်း သူခံစားလို့ရနေတယ်ဟုဆိုပြန်သည်။ဘယ်လိုများခံစားနေရတာလဲ သူနှင့်ဦးဖိုးခေါင်သည် တဲတစ်တဲထည်းအတွင်းမှာဆိုသော်လည်း သူသည်တဲ၏အိပ်စင်ပေါ်မှာထိုင်နေပြီးဦးဖိုးခေါင်သည်တဲ၏နွားစာစင်ပေါ်မှာ
ထိုင်၍စကားပြောနေကြခြင်းဖြစ်သည်။အကွာအဝေးမှာ လေးတောင်အခန်းနှစ်ခန်း ပေအားဖြင့် ဆယ်နှစ်ပေမျှဝေးသည် ဤအကွာအဝေးမှ သူဘယ်လိုခံစားလိုရနေတာလဲ။
ကိုမြင့်ဆောင်စဉ်းစားမရဖြစ်နေတာကိုကြည့်ပြီ
ဦးဖိုးခေါင်ဆက်မေးသည်။

“ဆေးသောက်ထားတာမျိုးရော ရှိလားကွ”

ဦးဖိုးခေါင် ဆိုလိုသည်မှာ ပယောဂဆရာများ အင်းချပ် အင်းပြားများဖြင့်စီမံထားသော ဆေးဖြစ်သည် ထိုအခါမှကိုမြင့်ဆောင် သတိရသွားပြီး

“ကျုပ် လူကျိုပေါက်အရွယ်တုန်းကတော့ဘုန်းကြီးကျောင်းမှာ‌ေနတဲ့ကပ္ပိယကြီး ဦးရွှေသီးက အရုပ်‌တွေစာတွေ သူကိုတိုင်ရေးထာတဲ့စာရွက်လေးတစ်ရွက် ပြာချပြီးတိုက်ဘူးတယ်”

ကိုမြင့်ဆောင် ထိုသို့ပြောလိုက်တော့ ဦးဖိုးခေါင်က ဒါ့ကြောင့်ကိုးဟုပြောသည်။ကိုမြင့်ဆောင်ဆက်ပြီတော့

“အဲ့ဒါနဲ့ဘာဆိုင်လို့လဲဗျ” ဟုမေးလိုက်တော့ ဦးဖိုးခေါင်ကြီးက

“အဲ့ဒါမင်းအနားကို တစ္ဆေ သရဲတွေ မကပ်နိုင်အောင်တိုက်လိုက်တဲ့ဆေးပဲ မင်းအနားကိုကပ်လာတဲ့ မကောင်းဆိုးဝါးမှန်သမျှ တစ်ကိုယ်လုံးပူလောင်လာပြီး
မနေနိုင်အောင်ဖြစ်လိမ့်မယ်ကွ”

ကိုမြင့်ဆောင်ထိုစကားကိုမယုံကြည် ဦးဖိုး‌ခေါင်သည်လည်း သရဲတကောင်ပင်ဖြစ်သည် ဒါပေမဲ့ ဘာကြောင့် သူနှင့်ဤမျှလောက်နီးသည်အထိနေနိုင်နေရတာလဲ ဒါကြောင့်

“ဒါပေမဲ့ ဦီးဖိုးခေါင်လည်း ”

ကိုမြင့်ဆောင် ဆုံးအောင်ပင်မမေးရသေးခင်မှာပဲ ဦးဖိုးခေါင်က

“အေးငါလဲသရဲတစ်ကောင်ပဲ ဒါပေမဲ့ ငါ့စိတ်ထဲမှာ မင်းကို အန္တရာယ် ပြုချင်တဲ့စိတ်မရှိဘူး ဒုက္ခပေးဘို့လာတာလဲမဟုတ်ဘူး ဒါကြောင့်ဒီလိုနေနိုင်တာပဲ ”

ကိုမြင့်ဆောင် ဆက်ပြီးမေးလိုက်ပြန်တယ်

“ငလူးကြီး ကျုပ်ပလိုင်းထဲကဖားတွေကိုနှိုက်စားလို့ရတာကရော ဘာ့ကြောင့်တုန်း ”

“အဲ့ဒါမင်းလုပ်တဲ့ အကုသိုလ် ကြောင့်ပဲ”

ဦးဖိုးခေါင်ဆက်ပြောသည်

“အဲ့ဒီအချိန်တုန်းက မင်းဖားတွေကို လိုက်သတ်နေတာမဟုတ်လား နောက်ပြီးတော့ ငလူးကြီးကလည်း မင်းကို
အန္တရာယ်ပြုချင်တဲ့စိတ်မရှိသေးဘူး သူများအသက်လိုက်သတ်နေတော့ မင်းမှာရှိတဲ့ ဆေးအစွမ်းတွေ မှေးမှိန်နေတယ် ငလူးကြီးကလည်း အန္တရာယ်ပြုဘို့မင်းအနားကပ်လာတာမဟုတ်ဘူး ဖားတွေကိုစားဖို့ပဲ သူလာတာ”

ဦးဖိုးခေါင်သည်ထိုမျှနှင့်မရပ်သေး

“ဒါပေမဲ့ မင်းသူ့အိုင်ထဲကဖားတွေ ယူသွားတာမြင်တော့
ငလူးစိတ်ပြောင်းသွားတယ် မင်းကိုဒေါသဖြစ်ပြီး အန္တရာယ်ပြုဖို့ နောက်ကလိုက်လာတာ သူစိတ်ပြောင်းသွာတာနဲ့ မင်းအနားကိုကပ်လို့မရတော့ဘူး မင်းကလည်းဖားတွေကို လိုက်သတ်နေတဲ့ အချိန်န်မဟုတ်တော့
သူနောက်ကလိုက်ပဲ လိုက်လာနိုင်တယ် ”

ဦးဖိုးခေါင်ပြောပြတော့မှ ငလူးအားလုံးသိလိုက်ရသည် ဦးဖိုးခေါင်သည် သူကိုတိုင်လူ့ဘဝတုန်းက ကြိုးကြိုးစာစား လုပ်ကိုင်ခဲ့ရတဲ့ လယ်ယာတွေကို စိတ်စွဲလမ်းပြီး တစ္စေသရဲ ဘဝကိုရောက်ခဲ့ရပေမဲ့ လူ့ဘဝမှာရှိနေတုန်းကတော့ စိတ်သဘောထား ကောင်းသူတစ်ဦး ဖြစ်လောက်သည်ဟု ကိုမြင့်ဆောင် ထင်လိုက်မိသည်။

“မြင့်ဆောင် မင်းငါးဟင်းစားချင်ရင်ဒီညငလူးဆီကို သွားကြမယ် ငါနဲ့ငလူးနပန်းလုံးနေတုန်း မင်းသူ့ငါးတွေကိုဝင်ဖမ်းကွာ ငါလည်းပြန်ကူညီတဲ့ သဘောပေါ့”

ခဏမျှစဉ်းစားလိုက်ပြီး ကိုမြင့်ဆောင်ပြန်ဖြေလိုက်သည်

“ကျုပ်မသွားချင်ဘူးဦးဖိုးခေါင်”

“အေးဒါဆိုလဲငါပြန်တော့မယ် မနက်ဖန်တော့ သွားဖြစ်အောင်သွားကွာ ဘိုးခင်ကိုလည်း တခါတည်းပြောလိုက်
နောက်ဆိုငါ့ကို အမြဲတမ်း တနှစ် နှစ်ကြိမ် ကျွေးရမယ်
ဒီလိုမှ မဟုတ်ရင်တော့ ဖိုးခေါင်အကြောင်း သိစေရမယ်”

ထိုသို့ပြောပြီးဖိုးခေါင်ကြီး ဥနှဲပင်းကြီးရှိရာသို့ဆင်းသွာတော့သည် သူ့အတွက်အမဲသား နှစ်ပိဿာကိုလည်း
နေဝင်ရီတရောအချိန် ဥနှဲပင်ကြီးအောက်မှာပင် ငှက်ပျောရွက်ခင်း၍ ပုံထားရန် ကိုမြင့်ဆောင်ကို မှာသွားသည်။

(၃)

ကိုမြင့်ဆောင် ဦးဖိုးခေါင်နှင့်စကားပြောနေသည်မှာ အချိန်ပင်အတော်ကြာသွားပြီဖြစ်သည်။ညနေ‌ေလးနာရီခန့်သို့ပင်ရောက်နေပြီးလွှတ်ကျောင်းထားသောနွားကြီးနှစ်ကောင်ပင် အစာများဝနေကြပြီဖြစ်သည်။

ဦးဖိုးခေါင်ပြန်သွားသောအခါ ကိုမြင့်ဆောင်အကြံတစ်ခုရလိုက်သည် သူ့အတွက်အသုံးဝင်မည့်အကြံပင်ဖြစ်သည် ဦးဖိုးခေါင်ကြီးပေးခဲ့သောဆေးမြစ်သည် သူ့
လက်နှင့်ဆုပ်ကိုင်ထားမှသာ မကောင်းဆိုးဝါးနာနာဘာဝ
များကိုမြင်ရနိုင်သည် ထို့ကြောင့် သူ့ရဲလက်စွဲတော် လေး
ခွနှင့်တွဲထားရန်ပင်ဖြစ်သည်။

ကိုမြင့်ဆောင် လွယ်ထားသော လွယ်အိပ်ထဲမှ လေးခွကိုထုတ်ယူလိုက်တယ် ဆောက်သေးသေး
တစ်လက်ဖြင့်လေးခွ၏လက်ကိုင်နေရာမှာလက်ညှိုးလုံးခန့်မြောင်းလေးတစ်ခုထွင်းလိုက်ပြီး ဦးဖိုးခေါင်ပေးထားသော ဆေးမြစ်လေးကိုထည့်လိုက်သည် ခပ်မို့မို့လေးဖြစ်နေသော ဆေးမြစ်၏ထိပ်စနှစ်ဖက်ကို သရေပင်ဖြစ် ခပ်တင်းတင်းစည်းထားလိုက်သည် ဒီလိုဆိုတော့ လေးခွအားဆုပ်ကိုင်လိုက်သည်နှင့်သူသည် သရဲတစ္စေများကိုမြင်ရမည်ဖြစ်သည် ငလူးကြီးကိုလည်း ဤပုံစံအတိုင်ကိုင်၍လေးခွနှင့်ပစ်ခဲ့ဘူးသည်။

မကြာမီ နေဝင်၍မိုးချုပ်ပေတော့မည် ကိုမြင့်ဆောင်လည်း အစာဝနေပြီဖြစ်သောနွားကြီးနှစ်ကောင်ကို
ဆွဲ၍ တဲတိုင်မှာချည်လိုက်သည် မနက်ဖန်ရွာသို့ ပြန်၍
ဖိုးခေါင်ကြီးပြောသည်များကို ဦးဘိုးခင်အားပြောပြရပေဦးမည် ရွာသို့မပြန်ခင် လုပ်သင့်သည့် အလုပ်များလည်း
လုပ်ရဦးမည်မို့ စောစောအိပ်ရန် ဆုံးဖြတ်လိုက်ပြီး ညစာ
စားပြီးသည်နှင့်အိပ်လိုက်တော့သည်။

(၄)

ကိုမြင့်ဆောင် မနက်စောစောထ၍လယ်ကွက်တစ်ခုကိုထယ်ထိုးနေသည် ယနေ့ရွာသို့ပြန်ရန်ရှိနေ၍ နေမြင့်အောင် အလုပ်လုပ်နိုင်မည် မဟုတ် ဒါကြောင့် သူစောစောထ၍ ထယ်ထိုးနေခြင်းပင်ဖြစ်သည် ။

မနက်ကိုးနာရီလောက်တွင် ထယ်ရေးစပ်သွားပြီဖြစ်သည် သူ နွားကြီးနှစ်ကောင်ကို ထမ်းပိုးမှဖြုတ်၍
မနေ့ကလိုပင် လွှတ်ကျောင်းလိုက်သည် ။

ကိုမြင့်ဆောင် ဥနှဲပင်ကြီးရှိရာသို့ သွားလိုက်သည်
အနားရောက်တော့ ဥနှဲပင်ကြီးကိုမော့ကြည်ကာ

“ဦးဖိုးခေါင်ကျုပ် ရွာပြန်လိုက်ဦးမယ် နွားတွေကို ခင်ဗျား
ကြည့်လိုက်အုံး တဲကိုလည်း စောင့်ရှောက်ထားဦး”

ကိုမြင့်ဆောင် ပြောလိုက်တယ်ဆိုရင်ပဲ ဥနှဲပင်ကြီးက လေမတိုက်ပဲ တဖျောဖျောနဲ့ အရွက်တွေလှုပ်ခါနေတယ်
ဦးဖိုးခေါင်ကြီးသူပြောတာကိုနားလည်သည့်သဘောဖြစ်သည်။

သူရွာရောက်တော့ နေ့လည် ဆယ်နာရီပင်ထိုးနေပြီ ဦးဘိုခင်အိမ်ကိုတန်းသွားလိုက်တယ် အိမ်အောက် တန်းလျှားမှာထိုင်နေတဲ့ ဦးဘိုးခင်ကသူ့ကိုမြင်တော့

“လာဟေ့ မောင်မြင့်ဆောင် ဘာများဖြစ်လို့ ပြန်လာတာတုံးကွဲ ထိုင်ပါဦး”

ဦးဘိုးခင်သည် ကိုမြင့်ဆောင်ကို အရင်သူရင်းငှားတွေလို သရဲအခြောက်ခံရ၍ ပြန်လာသည်ဟု ထင်နေပုံရသည်။
ကိုမြင့်ဆောင် တန်းလျှား အလွတ်တစ်လုံးတွင်
ဝင်ထိုင်လိုက်သည် ထို့နောက် ဦးဖိုးခေါင် ပြောသည်များကိုပြန်လည် ပြောပြလိုက်တော့သည်။ ကိုမြင့်ဆောင်‌
စကားဆုံးတော့

“ဟေ..ဒီလိုလားကွဲ့ ”

ဦးဘိုးခင် အံဩတကြီးဖြစ်သွားသည်

“ဒီလိုဆိုရင်တော့ မောင်မြင့်ဆောင် ပြောသလိုဦးလေအားလုံးလုပ်ပေးလိုက်ပါ့မယ် ဖိုးခေါင်ကြီးကိုလည်း
သူပြောသလို တစ်နှစ် ကိုနှစ်ကြိမ်ကျွေးပါ့မယ်လို ပြောလိုက်ပါကွယ်”

ဦးဘိုးခင်လည်းကိုမြင့်ဆောင်ပြောသည့်အတိုင်း အမဲသားနှစ်ပိဿာကို သူ၏တူဖြစ်သူ ကိုမောင်စိုးအားခေါ်၍ မြို့ဈေးသို့သွားဝယ်ရန်လွှတ်လိုက်သည်။

“ငါ့တူကို ကျေးဇူးတင်ပါတယ်ကွယ် အခုမှပဲ ဦးလေးလယ်သူရင်းငှားတွေ ဘာ့ကြောင့်မမြဲတာလဲဆိုတာသိလိုက်ရတယ် ငါ့တူရောနေရထိုင်ရတာ အဆင်ပြေရဲ့လား”

“ဟုတ်ကဲ့ အဆင်ပြေပါတယ်ဦးလေး”

သူတို့နှစ်ယောက်အတော်ကြာအောင်စကားပြောနေကြပြီး နေ့လည်စာကိုလည်း ဦးဘိုးခင်အိမ်မှာပင်စားလိုက်သည်။

သလဲကုန်းရွာသည် မြို့နှင့် အလှမ်းဝေးသော ရွာဖြစ်တာကြောင့် ကိုမောင်စိုးတော်တော်နှင့် ပြန်မရောက်
ကိုမောင်စိုးပြန်ရောက်လာချိန်မှာတော့ နေပင်အတော်စောင်းနေပြီဖြစ်သည် သူ့စီးလာတဲစက်ဘီးနောက်မှာတော့ ကိုမြင့်ဆောင်ဝယ်ခိုင်းလိုက်သည့် အမဲသားနှစ်ပိဿာကို လက်ဆွဲခြင်းတစ်ခြင်းထဲတွင်ထည့်လာတာ
တွေ့လိုက်ရသည်။
ကိုမြင့်ဆောင်းလည်း အမဲသားခြင်းအားယူ၍

“ကဲ ဦးလေးကျွန်တော်သွားတော့မယ် ”

ဦးဘိုးခင်အားနှုက်ဆက်ထွက်လာတော့သည် ဦးဘိုးခင်နှင့်သူ၏ဇနီးမှာ ကိုမြင့်ဆောင်အား စိုးရွံ့တဲမျက်နှာများနှင့်ကြည့်ရင်းကြန်နေခဲ့ကြတော့သည် ။
ကိုမြင့်ဆောင် အမဲသားခြင်းကြီးအားလက်တဖက်ဖြင့်ဆွဲ၍ခပ်သုပ်သုပ်ပင်ပြန်လာခဲ့သည် သည်လမ်းသည်ခရီးသည် သူသွားနေကြလမ်းပင်ဖြစ်သော်လည်း ယခုတစ်ခါတော့မပေါ့ဆရဲ သရဲသဘက်များသည် နေ့လည်နေ့ခင်းပင်ဖြစ်စေကာမူ တခါတရံ အမဲးသား လုစားတတ်ကြသည်။
ကိုမြင့်ဆောင်လမ်းတဝက်လောက်အရောက်မှာတော့ နေပင်အတော်ညိုနေပြီ သူသည်ရွာအလွန်လယ်ကွင်းများကိုဖြတ်ကျော်ခဲ့ပြီးယခု တောစပ်နေရာသို့ရောက်လာခဲ့ပြီဖြစ်သည် တောစပ်ရောက်သည်နှင့် အလင်းရောင်သည် လယ်ကွင်းများထက်ပို၍ ကွယ်ပြောက်မြန်သည် မကြာမီ ဖိုးခေါင်ကြီးပြောသော နေဝင်ရီတရောအချိန်သို့ရောက်လာပေတော့မည်ဖြစ်သည် ကိုမြင့်ဆောင်တယောက် ခြေးလှမ်းများကိုပို၍သွက်သွက် လှမ်းလိုက်သည်။
ကိုမြင့်ဆောင်တစ်ယောက် တဲရောက်ရန်သာစိတ်လောနေပြီး ဘေးပတ်ဝန်ကျင်ကို သတိမထားမိ
သူထို့သို့ဖြစ်နေခိုက် သူ့နောက်ကျောဘက် ခပ်လှမ်းလှမ်း
ဆီမှပြုတ်ကြသံတစ်ခုကိုကြားလိုက်ရသည် နောက်လှည့်ကြည့်လိုက်တော့လည်းဘာမမရှိ ကိုမြင့်ဆောင် လေးဂွကိုထုတ်ကိုင်ကြည့်ရန်စဉ်းစားမိသေး၏ ဒါပေမဲ့ ထုတ်မက်ုင်တော့ပဲ ရှေ့သို့သာဆက်၍ လျှောက်လာလိုက်သည်။
ကိုမြင့်ဆောင် ဘာမှစဉ်းစားမနေ နောက်ကိုလည်း ထပ်လှည့်ကြည့်မနေတော့ မြန်မြန်သာသွားနေသည် နောက်ဘက်မှ ကြားနေရသောအသံသည်လည်း
ပျောက်မသွား သူ့နောက်ကိုသာ ဆက်၍လိုက်လာနေသည် ။သူ့နောက်ကို မကောင်းဆိုးဝါးတကောင်လိုက်လာနေပြီဆိုတာ သူသိနေသည် အမဲသားစားချင်၍ပဲဖြစ်မည် ဒါပေမဲ့ ထိုအသံသည် နီးလည်းနီးမလာသလို ဝေးလည်းဝေးမသွား ဒီပုံအတိုင်းဆိုရင် ဦးဖိုးခေါင်ကြီးပြောသလို သူ့အနားကို သရဲတစ္စေတွေမကပ်နိုင်းဘူးဆိုတာ
မှန်နေပြီထင်သည် ။
ကိုမြင့်ဆောင် တဲကိုပင်လှမ်း၍ မြင်နေရပြီဖြစ်သည် ရှေ့နည်နည်းဆို တဲကိုရောက်တော့မည်
ခပ်သုပ်သုပ်ဆက်လျှောက်ရင်း ယာခင်းအရှေ့ဘက်ခရိုး
သိုပင်ရောက်လာသည် သူ ယာခင်းလူသွားလမ်းလေးအတိုင်းတဲဆီသွားလိုက်တော့သည် ထူးဆန်းသည်မှာ
သူယာခင်းထဲ ယောက်တာနဲ့ နောက်မှလိုက်နေသောအသံ
ဆက်မကြားရတော့ခြင်းပင်ဖြစ်သည်။
ကိုမြင့်ဆောင် အမဲသားခြင်းကြီကို တဲပေါ်၌ခဏထားလိုက်သည် ဓါးတစ်လက်ကိုယူကာ ငှက်ပျောရွက်ခုတ်ရန် ပြန်ထွက်လာလိုက်သည်တဲဘေးမှာပေါက်နေသည့်ငှက်ပျောပင်ကနေ ငှက်ပျောရွက်ကြီးကြီးနှစ်ရွက်ခုတ်ယူလိုက်ပြီး ‌အမဲသားခြင်းကြီးကိုယူကာ
ဥနှဲပင်ကြီးဆီကိုသွားလိုက်ပြီနောက် ငှက်ပျောရွက်နှစ်ရွက်ကိုခင်း၍အမဲသားများကိုပုံထားလိုက်သည် ။

“ကဲ ဦးဖိုးခေါင် ခင်ဗျားအတွက် အမဲသားတွေ ဒီမှာထားခဲ့တယ် စားလိုရပြီ”

ကိုမြင့်ဆောင်လည်း သူပြောတတ်သလိုပင်ပြောလိုက်ပြီးတဲဆီကိုပြန်လာခဲ့တော့သည်။ဖိုးခေါင်ကြီးသည်
သူပြန်သွားသည်အထိ‌ စောင့်နေပုံရသည် တန်းမဆင်းလာသေး သူတဲပေါ်ရောက်တော့မှ ဥနှဲပင်ကြီးဆီမှ တဖျောဖျောနှင့်သစ်ရွက်လှုပ်သံတွေကြားလိုက်ရပြီးဘုတ်ခနဲတယောက်ယောက်ခုန်ဆင်းလာသည့်အသံကိုပါကြား
လိုက်ရသည်။ဒါသရဲဖိုးခေါင်ကြီးဥနှဲပင်‌ပေါ်မှဆင်းလာတဲအသံဆိုတာ ကိုမြင့်ဆောင်သိလိုက်သည်။
ကိုမြင့်ဆောင်လွယ်အိပ်ထဲမှလေးဂွကိုထုတ်ယူလိုက်သည် လေးဂွအားလက်နှင့်ဆုပ်ကိုင်လိုက်ပြီး ဥနှဲပင်းကြီအောက်ကို လှမ်းကြည့်လိုက်သည်။
သူ ဖိုးခေါင်ကြီးကိုမြင်ရပြီ သရဲဖိုးခေါင်ကြီး
အမဲသားတုံးတွေကိုလက်ကြီးနှစ်ဖက်ဖြစ်ကုတ်ကုတ်ပြီး အားရပါးရစားနေတာကို ကြည့်ပြီးကြက်သီးများပင်ထမိသည် လျှာကြီတွေကလည်း ပါးစပ်ကြီကိုတပျတ်ပျတ်သပ်နေလိုက်သေးသည် မျက်လုံးကြီးနှစ်လုံးကလည်းနီနီရဲရဲကြီးနှင့်ပြူးထွက်နေသည် ကိုမြင့်ဆောင်ကြည်နေတုန်းမှာပဲ သရဲကြီးဖိုးခေါင်အမူမယာကြီးက တမျိုးဖြစ်သွားသည် ကိုမြင့်ဆောင်ပြန်လာသည့် လမ်းကို
ကြည့်ပြီးပါးစပ်ကြီးဖြဲကာ‌လက်ညှိုးကြီးထိုးပြီးစူးစူးဝါးဝါးအော်နေတာကိုမြင်လိုက်ရသည် ကိုမြင့်ဆောင် ဖိုးခေါင်ကြီး လက်ညှိုးထိုးနေတဲ့နေရာကိုကြည့်လိုက်တော့ သရဲကြီးတကောင် ထိုနေရာမှာရပ်နေတာကို‌ေတွ့လိုက်ရသည် ကွက်ထောက်ပုဆိုးတိုတိုကြီးဝတ်ထားပြီ အပေါ်ပိုင်းဗလာ မျက်နှာတခုလုံး ဆံပင်ရှည်ကြီးတွေဖုံးအုပ်နေသည်။ဒီကောင်ကြီးဘယ်ကရောက်လာတာလဲ ဒါအမဲသားခြင်းကြီးဆွဲလာတုန်း သူ့နောက်ကလိုက်လာတဲ့အကောင်ကြီးဖြစ်သည် ဖိုးခေါင်ကြီးရှိနေတာသိတော့ ယာခင်းထဲထိဝင်မလာရဲပဲခရိုးအစပ်ကရပ်ကြည့်နေခြင်းပင် ဖိုးခေါင်ကြီးက ထိုသရဲကြီးကိုလက်ညှိုးကြီးထိုး၍ ထွက်သွားခိုင်းနေခြင်းဖြစ်သည် ထိုသရဲကြီးကထွက်မသွား ဖိုးခေါင်ကြီးကိုပြန်ပြီး ကြည့်နေသည်။
ဖိုးခေါင်ကြီးတော်တော် ဒေါသထွက်လာသည် ပေကပ်နေသောထိုသရဲကြီးဆီကိုရုတ်ရက်ထ၍ပြေးသွားသည်။ဖိုးခေါင်ကြီးပြေးလာတာမြင်တော့ ထိုသရဲကြီးနောက်နည်းနည်းဆုတ်သွားသည် သူ့အနားရောက်လာမှ
လှည့်၍ပြေးတော့သည် ဒါပေမဲ့ ဖိုးခေါင်ကြီးက အလွတ်မပေးလက်ဝါးကြီးနဲ့ရိုက်သည် ဘုန်ကနဲမြည်သံကြီးနဲ့ထိုသရဲကြီးခါးကြီးကော့လျှက်ဖြစ်သွားသည် ဖိုးခေါင်ကြီးနောက်ကလက်ဝါးကြီးနှင့်လိုက်ရိုက်သည် ထိုသရဲလည်းတဝူးဝူးတဝါးဝါးအော်ရင်ပြေးသွားသည် ဖိုးခေါင်ကြီးပြန်လာပြီးကျန်နေတဲ့အမဲသားတုံးတွေကိုပလုပ်ပလောင်းစာနေပြန်သည် ဖိုးခေါင်ကြီးကအမဲသားတုံးကြီးများကိုစားနေရင် သူရှိနေသည့်တဲဘက်ကိုတခါတခါလှည့်ကြည့်နေသည်။
ဖိုးခေါင်းကြီအတွက်နဲ့ အလုပ်ရှုပ်နေသောကိုမြင့်ဆောင် ရုတ်တရက်နွားကြီးတွေကိုသတိရသွားကာ လိုက်ကြည့်လိုက်တော့မှ တဲကုန်းလေးအောက်ဘက်ရှိ အိုင်လေးထဲတွင် မြက်စားနေသည်ကို တွေ့လိုက်ရတော့သည်။
ဒီတော့မှ တစ်နေလုံးနည်းပါး မြက်စားနေရ၍ဗိုက်ပြည့်နေပြီဖြစ်သော နွားကြီးနှစ်ကောင်အားသွား၍ဆွဲလိုက်ပြီး တဲပေါ်သို့ပြန်‌မောင်းခဲ့လိုက်တော့သည်။နွားကြီးများကိုတဲတိုင်မှာ ချည်နေတုန်း သူ၏လက်စွဲတော်လေးဂွအား လွယ်အိပ်ထဲ၌ ထည့်ထားလိုက်သည် ကြိုးချည်ပြီး၍လေးဂွအားပြန်ဆုပ်ကိုင်ပြီး
ဦးဖိုးခေါင်ကြီးကိုကြည့်လိုက်တော့ မတွေ့ရတော့
ဦးဖိုးခေါင်ကြီးသည်သူအလွန်စားချင်နေသောအမဲသားစားလိုက်ရ၍ ဗိုက်ပြည့်ပြည့်နှင့် အပင်ပေါ်တက်အိပ်နေ
လောက်ပြီဟုပင်ကိုမြင့်ဆောင်တွေးလိုက်မိသည်။

အားလုံးကို လေးစားစွာဖြင့် – မျိုးမာန်

#မျိုးမာန်

#ပရလောကဇတ်လမ်းများ

#သရဲဇတ်လမ်းများ