Unicode Version
တံငါသည်နှင့်အကျွတ်အလွတ်စေတီ(စ/ဆုံး)
—————————————————-
ညကတည်းက မိုးစက်မိုးပေါက်တွေ တဝေါဝေါရွာချနေတဲ့ မိုးကြောင့် ဦးတင်တစ်ယောက် လှေထွက်ရမှာ လေးပင့်နေသည်။
အေးစိမ့်စိမ့်မိုးကြောင့် အချမ်းပြေ ထမင်းကြော်စားပြီး အကြမ်းအိုး တည်သောက်တာလည်း တစ်ဝက်ပင်ကျသွားပြီဖြစ်သည်။ ဒဟတ်ကုန်းရွာ လေးက နံနက်စောစောကပင် နိုးခဲ့ပြီဖြစ်သည်။ ရွာဦးဘုန်းကြီးကျောင်းမှ အုန်းမောင်းခေါက်သံက နံနက် (၅းဝဝ)နာရီထိုးပြီဖြစ်သည်။ ခုနကပင် ကိုသာမောင်နဲ့ မောင်အေးမြင့်တို့တူဝရီးနှစ်ယောက်လယ်ထဲဆင်းသွားကြ သည်။ ဦးတင်တစ်ယောက် အသက် (၅၀)ကျော် (၆ဝ) အတွင်းပင် ရောက် လာပြီဖြစ်သဖြင့် အကုသိုလ်အလုပ်ကိုမလုပ်ချင်ပေမဲ့လည်းလုပ်နေရသေး သည် ။ အခြားလုပ်ငန်းလည်း မလုပ်တတ်၊ ငယ်ငယ်ကလေးကတည်းက လုပ်ကိုင်စားသောက်ခဲ့သည့် လုပ်ငန်းဖြစ်သည်။ အဖေ ဦးလှတင် လက် ထက်ကတည်းက ကွန်ပစ်ငါးရှာလုပ်လာခဲ့သည်မှာမိမိအခုအသက်အရွယ်
အထိပင်ဖြစ်တော့သည်။ ယခုလည်း ဒေါ်စမ်းရီတို့ကုန်စုံဆိုင်မှ ဆွမ်းချက်ရန် မှာထားသဖြင့် မဖြစ်မနေ ဆင်းရတော့မည်။
“အင်း – အကုသိုလ်ထဲက ဆွမ်းချက်ဖို့ဆိုတဲ့ ကုသိုလ်ပါနေလို့ တော်ပါ
သေးရဲ့”
ရွာဦးကျောင်းဆရာတော်ကလည်း –
“ဒကာကြီး စားမယ့်သောက်မယ့်သူလည်း ရှိတော့တာမဟုတ်ဘဲနဲ့ ဒီ အကုသိုလ် အလုပ်ကိုစွန့်ပြီး ကျောင်းမှာလာနေပါလား ဒကာကြီး”
“တင်ပါ့ဘုရား တပည့်တော် အချိန်ကျရင် ရောက်လာမှာပါ ဘုရား”
မနှစ်က ကျောင်းမှာ ဝါဆိုသင်္ကန်းကပ်တုန်းကတည်းက ဆရာတော် မိန့်မှာဖူးခဲ့သော်လည်း မိမိစိတ်ထဲတွင် ဆရာတော်ရဲ့ ဆွမ်းကျန်စားရင် ငရဲ ကြီးမှာကြောက်နေပါသည်။ဒါကြောင့်ဆရာတော်ကျောင်းကိုမရောက်သေး
တာဖြစ်သည်။
အခုလည်း တန်းတွင်တင်ထားသော ပိုက်ကိုပခုံးပေါ်တင်ပြီး မိုးရေထဲ ထွက်ခဲ့သည်။ မိုးကလည်း စဲစပြုလာပြီဖြစ်သည်။ ပိုက်ကို လှေဝမ်းထဲထည့် ပြီး လှော်တက်ကလေးကို ဖြည်းဖြည်းပင် လှော်ခဲ့သည်။ ဒဟတ်ကုန်းရွာ အရှေ့ဘက် ဒညင်းချောင်းဝမှ ဝဲပြန်လေအဝှေ့တွင် ဦးတင် ချမ်းတုန်သွား သည်။
“ဦးတင် – အခုမှ ထွက်လာသလား၊ နောက်တောင် ကျနေပြီ”
“အေး – မောင်ချစ်ရေ၊ ငါလည်း အသက်ကလေး ရလာတော့ မိုးဒဏ် မခံနိုင်တော့ဘူးဟေ့”
“မင်းတို့ကော ဘယ်လိုလဲ၊ ငါး ရပြီလား”
“မရသေးပါဘူး – ဦးတင်ရာ၊ ငါးမြီးတန်သွယ် (၂၅)သားလောက်နဲ့ ငါးရံ့ လေး (၃ဝ)သားလောက်ပဲ ရသေးတယ်။ ငါးကြီးတွေ ရှားသွားပြီနဲ့တူ တယ်”
“ငါတော့ တညင်းချောင်းဝမှာ ကွန်သွားပစ်မယ်။ အဲဒီမှာ ငါးကြီးတွေရှိ တယ်။ ဟိုတစ်နေ့က ငါးဘတ်ကြီးတစ်ကောင် မီးအိပ်မက်မက်နေတာ တွေ့ လိုက်တယ်။ ငါ အနားသွားတော့ လန့်ပြီးကူးသွားတယ်။ (မီးအိပ်မက် မက် သည်ဆိုသည်မှာ ငါးကြီးများ ရေပေါ်တွင်ပေါ်၍အသေကဲ့သို့ ငြိမ်နေသည်ကို ဆိုလိုသည်။)
“အာ – ဦးတင်ကလည်း တညင်းချောင်းဝက နတ်ကြီးတယ်လို့ ပြော တယ်။ အခြောက်အလှန့်လည်း ပေါးပါဘိသနဲ့၊ ကိုမောင်ကွန့် အရှေ့ရွာက လှေနဲ့ပြန်လာတာ တညင်းချောင်းဝရောက်တော့ ကမ်းစပ်မှာ မိန်းကလေး တစ်သိုက်ဆော့ကစားနေကြတယ်။ ဒါနဲ့ ကိုမောင်ကွန့်လည်း ဘယ်က မိန်း ကလေးတွေလဲလို့ စိုက်ကြည့်နေတာပေါ့။ ငါတို့ရွာကတော့ မဟုတ်ဘူး၊
ရွာနဲ့ တညင်းချောင်းဝကလည်းဝေးသေးတယ်။ ပြီးတော့ ကိုင်းတောကြီးက လည်း ညို့နေတာပဲ။ ဒီလိုညနေစောင်းမှာ မိန်းကလေးမပြောနဲ့ ယောက်ျား လေးတွေတောင် လာရဲမှာ မဟုတ်ဘူး။ မိန်းကလေးတွေက တော်တော်ကို ချောတာတဲ့။ ကြည့်နေရင်း မိန်းကလေးတွေ ရေထဲကိုငုပ်သွားတာ
တော်တော်နဲ့ ပြန်မပေါ်လာဘူးတဲ့။ မောင်ကွန့်လည်းကြည့်နေတုန်းချောင်း ထဲက လှိုင်းလုံးကြီးတွေရဲ့ထိပ်ပေါ်မှာ မိန်းကလေးတွေဟာ ပြေးလွှားဆော့ ကစားပြီး ကိုမောင်ကွန့် လှေနောက်ကို ရေပေါ်ကနေ ပြေးလိုက်လာတာလို့ ကိုမောင်ကွန့်လည်း ဘုရားစာတွေ တတ်သမျှရွတ်ပြီး လှော်ပြေးလာခဲ့တာ ရွာရိုးထိပ်ရောက်မှပဲ လှည့်ပြန်သွားကြတယ်”
“အိုကွာ – ဒီအရက်သမား အရက်မူးပြီး တွေ့ကရာလျှောက်ပြောတာ နေမှာပါကွာ။ ငါကတော့ မယုံဘူးဟေ့”
“မယုံရင်လည်း ဦးတင် သဘောပဲ။ ကျွန်တော်က ဦးတင် အန္တရာယ်ဖြစ် မှာစိုးလို့ ပြောတာ”
အိမ်ကထွက်လာကတည်းက (ရးဝဝ)နာရီထိုးနေပြီဖြစ်သဖြင့်တညင်း ချောင်းဝရောက်တော့ (၉းဝဝ)နာရီထိုးပြီဖြစ်သည်။ ဦးတင်လည်းလှေလှော် ခဲ့ရသဖြင့် နံနက်စောစောက စားထားသော ထမင်းကြော်များ ဘယ်ရောက် သွားသည်မသိပါ။ ထပ်ဆာလာသဖြင့် ကမ်းစပ်လမုပင်ကြီးအောက်မှ ကြိုး ချည်ပြီးပါလာတဲ့ထမင်းချိုင့်ထုပ်ယူပြီး ထမင်းနှင့်ငါးပိထောင်းအားရပါးရစား တော့သည်။ အိမ်မှ ထည့်လာသည့် ရေနွေးကြမ်းပုလင်းကို သောက်လိုက်၊ ထမင်းစားလိုက်လုပ်ပြီးမှ ဖက်ကြမ်းဆေးလိပ်ကလေးထုတ်ပြီးလျှင် သုံးကာ ခြစ် တစ်ခါတောက်မီးခြစ်ကလေးနှင့် မီးညှိပြီး ကိုက်ဖွာလိုက်သည်။ ပြီးမှ – လှေကလေးကိုလှော်ပြီးရေလယ်သို့ထွက်လာခဲ့သည်။တညင်းချောင်းဝထိပ် ကမ်းနဖူးတွင်တော့ ကျွဲတညင်းပင်ကြီးက တစ်ပင်ထီးထီးကြီး ခန့်ခန့်ထည် ထည်ကြီးနှင့် ချောင်းဝကို မိုးထားသလိုမျိုးဖြစ်နေသည်။ ရေလယ်ဝဲပြန်ထဲ ရောက်တော့ကွန်ကိုပစ်ချလိုက်သည်။ ကွန်ကလေးထဲတွင် ဝဲ၍ဝိုင်းကြသွား သည်။ ဦးတင် ကွန်ပစ်ရင် ဝိုင်းနေအောင်ကိုပင် ပစ်နိုင်သည်။ တစ်အောင့်
အကြာတွင် ကွန်ထဲတွင် ငါးတိုးနေသလိုမျိုး ကွန်က လှုပ်ယမ်းနေသည်။ ဦးတင်ဝမ်းသာနေသည်။ ဒီတစ်ခါငါးရရင် ရွာဦးကျောင်းဆရာတော်ကိုဆွမ်း ချက်ကပ်လိုက်ဦးမယ်လို့ စိတ်ထဲတွင် ရည်မှန်းချက်နှင့် ဝမ်းသာနေသည်။
ပိုက်ကို ဖြည်းဖြည်းချင်း ဆွဲတင်လိုက်တော့ ငါးဆိုလို့ တစ်ကောင်ပင် ပါမလာချေ။ ဦးတင် အံ့ဩသွားသည်။ ခုန တောတိုးလိုက်တဲ့ ငါးတွေ ပိုက်ပင် ပေါက်သွားပြီအောင်းမေ့ရသည်။ ဒီလိုနဲ့ ကွန်ပစ်လိုက်၊ မပါလိုက်နှင့် ဦးတင် အချိန်ကိုကြည့်တော့ နေပင် အနောက်ဘက်သို့ တော်တော်စောင်းပြီဖြစ် သည်။ ငါးတိုး၍ ဆွဲတင်မှ ပါမလာသည်ကို သတိမထားဘဲ ကွန်ကို ထပ်ခါ ထပ်ခါ ပစ်လိုက်ဆွဲတင်လိုက် လုပ်နေသော်လည်း ငါးကတော့ ပါမလာပါ။ ဦးတင် သံသယဝင်လာသည်။
“ဒါကြောင့် – ဦးတင်လည်း တညင်းချောင်းဝမှ ပိုင်ရာဆိုင်ရာများကို တောင်းပန်ပါသည် ခင်ဗျ။ ကျွန်တော် ဒီတစ်ခါပဲ တညင်းချောင်းဝရွမှာ ကွန်ပစ် ပါသည် ခင်ဗျ။ နောင်တွင်လည်း ဒီတညင်းချောင်းဝမှာ ငါးလာမရှာ တော့ပါဘူး။ အခုတစ်ခါတည်းသာငါးအနည်းအကျဉ်းလောက်ပေးဝေချင်ပါ တယ်ခင်ဗျာ။ ကျွန်တော် မောင်တင် ရိုသေစွာ တောင်းပန်ပါသည် ခင်ဗျာ”
ဦးတင်သေသချာချာတောင်းပန်ပြီးကွန်ကိုပစ်ချလိုက်သောအခါတွင် ပိုက်ကွန်တွင် ငါးအကြီးကြီးများ တိုးနေသည်ကို ဦးတင်ကွန်ကို လက်ဖြင့် ကိုင်ရင်း သိနေသည်။ ဒီတစ်ခါတော့ သေသေချာချာဆွဲတင်လိုက်သည်။ ထို အချိန်တွင် လေမတိုက်ပါဘဲနှင့် ကျွဲတညင်းပင်ကြီးမှ အရွက်များ တရှဲရှဲဖြင့် ဘယ်ညာယိမ်းထိုးသွားသည်။ ဦးတင်လည်းပိုက်ကိုဆွဲတင်လိုက်သောအခါ
ကကတစ်(၃၀)ကျပ်သားအကောင်(၅)ကောင်နှင့်ငါးဘတ်ကြီးတစ်ကောင် မှာ အချိန် (၁)ပိဿာ (၅၀)လောက်ရှိမည်ထင်ရသည်။ ပိုက်ကွန်ကို လှေ ဝမ်းထဲ ဆွဲထည့်ပြီး ငါးများကိုမဖြုတ်ဘဲလှေကိုရွာထိအောင် သုတ်ခြေတင် လှော်လာခဲ့သည်။ ရွာကမ်းစပ် မိမိတဲ ရှေ့ရောက်တော့ ယနေ့ (၃းဝဝ)နာရီ ခန့်ရှိ၍နေတောင်အတော်စောင်းနေပြီဖြစ်သည်။
ကကတစ်ငါးကောင်ကို ဒေါ်စန်းရီတို့ အိမ်ကိုပို့ပြီး ငါးဘတ်ကြီးကို ဘုန်း ကြီးကျောင်းကို ဆွမ်းချက်ကပ်ရန် ဆန်၊ ဆီ၊ ဆား၊ ငရုတ်သီးများကိုဝယ်လာ ခဲ့သည်။ အိမ်ပြန်ရောက်တော့ ငါးဘတ်ကြီးကို ဓားဖြင့်ဝမ်းခွဲရာ ဝမ်းထဲမှ ပြိုး ပြိုးပြက်ပြက် အရောင်တွေ့လိုက်လို့ ကြည့်လိုက်ရာ ပတ္တမြားများစီခြယ်ထား သည့် လက်ကောက်တစ်ကွင်းကို တွေ့လိုက်ရသည်။ လက်ကောက်ကို ရေ စင်စင်ဆေးပြီး တင်ထားလိုက်သည်။ ဦးတင် ဆွမ်းအတွက် ဝမ်းသာအားရ ချက်ပြုတ်ပြီးစီး၍ ရွာဦးကျောင်းသို့ ဆွမ်းချိုင့်ကို ညနေ (၄းဝဝ)နာရီတွင် အရုဏ်ဆွမ်းအတွက် သွားပို့သည်။
“ဆရာတော် ဘုရားတပည့်တော်ဆွမ်းချက်ကပ်တဲ့ငါးဘတ်ကြီးဝမ်းထဲ က ဒီရွှေနှင့်ပြုလုပ်ထားတဲ့ပတ္တမြားလက်ကောက်တစ်ကွင်းရပါတယ်ဘုရား။ ဒီလက်ကောက်ကို ဆရာတော်ကြီးပဲ သိမ်းဆည်းပေးပါ ဘုရား”
“အေး – ဒကာကြီး၊ ဒကာကြီး အကုသိုလ်အလုပ်တွေကို စွန့်လွှတ်ဖို့ အချိန်တန်ပြီထင်တယ်။ အခုတစ်ခေါက်မှာ ဒကာကြီးရဲ့ထူးခြားတဲ့အတွေ့ အကြုံတွေက သက်သေဖြစ်နေပြီလေ”
“တင်ပါ့ဘုရား – တပည့်တော်လည်း အကုသိုလ်အလုပ်ကို စိတ်ကုန် နေပါပြီဘုရား။ မကြာခင်အချိန်တော့ ဆရာတော့်ကျောင်းကို တပည့်တော် အပြီးအပိုင် ရောက်မှာပါ။ ဘုရားတပည့်တော်ကို ပြန်ခွင့်ပြုပါဦး ဘုရား” “အေး-အေး- ဒကာကြီး၊ ညဉ့်လည်းနက်လှပြီ၊ ပြန်တော့ ပြန်ရင်လည်း လမ်းမှန်ရောက်ပါစေ ဒကာကြီးရယ်”
ဦးတင်လည်း အိမ်ပြန်ရောက်တော့ ဘုရားရှိခိုး အမျှအတန်းဝေပြီးအိပ်
ပျော်သွားသည်။
“ဦးတင် – ဦးတင် – ဒီမှာ ဧည့်သည်တွေ လာနေတယ်ခင်ဗျ” “ဟာ- ဘယ်က ဧည့်သည်တွေလဲ။ ညကြီး မင်းကြီးမှာ-”
ရေနံဆီမီးခွက်ကိုထွန်းပြီး အပြင်ထွက်လိုက်သည်။ အိမ်ရှေ့တွင် မိန်းမ ပျိုလေးငါးယောက်ရပ်နေသည်။ အပြင်တွင် နေ့လယ်ခင်းအလား လင်းထိန်
နေသည်။
“ဟင် – မိုးလင်းနေပြီလား – မဟုတ်သေးပါဘူး ငါ- ခုနကမှ အိပ်တာ
အပြင်တွင် လင်းထိန်နေသဖြင့် ဦးတင် ရေနံဆီမီးခွက်မှ မီးမှုတ်ပြီး အံ့ဩနေသည်။
“အစ်ကိုကြီးကလည်း ကျွန်မတို့နဲ့ ကွဲသွားတာကြောင့် ဘာမှမကြာ လိုက်သေးဘူး။ တစ်ခါတည်း အကုန်မေ့သွားတော့တာပဲ”
“အို – သင်းသင်းကလည်း အစ်ကိုကြီးက မေ့တတ်တယ်လေ”
“ဟင် – ယုယကလည်း အခုလောက်ကတော့ မေ့တာ စောလွန်းပါ တယ်”
“ကဲ-ကဲ-တော်ကြတော့၊ အစ်ကိုကြီးဆီလာတာ နင်တို့ ငြင်းခုန်နေဖို့ မဟုတ်ဘူး။ လာရင်းအကြောင်း ပြောကြရအောင်”
“ဟုတ်ကဲ့ – မမ၊ ရီရီ – အစ်ကိုကြီးကိုတွေ့ရလို့ ဝမ်းသာလို့ပါရှင်” အကြီးဆုံးဖြစ်မည့် မိန်းကလေးက ဟန့်တားလိုက်သည်။ “အစ်ကိုဘကြီး – အစ်ကိုကကျွန်မတို့ရဲ့အစ်ကိုကြီးလေ။ အစ်ကိုကြီးက ယခုလူ့ဘဝကိုရပြီးတော့ညီမလေးတွေကျန်ခဲ့ပါသေးလားလို့ သတိမရဘူး။
–
ဒါကြောင့် – အစ်ကိုကြီးဆီကို လာပြောရတာ။ အစ်ကိုကြီး ရခဲလှတဲ့ လူ့ဘဝ မှာ အကုသိုလ်အလုပ်တွေ မလုပ်ပါနဲ့တော့။ အစ်ကိုကြီးမှာ တွယ်တာစရာ လည်း ရှိတော့တာမဟုတ်ဘူး။ အစ်ကိုကြီးမိန်းမလည်း မနှစ်ကတည်းက ဆုံးသွားပြီပဲ။ ဒီငါးရှာတဲ့အလုပ်ကို စွန့်လွှတ်လိုက်ပါတော့။ ဆရာတော်ပြော သလို ဆရာတော်ဆီမှာ ရဟန်းဝတ်ပြီး သွားနေပါ။ နောက်ပြီး-ညီမလေး တို့ကိုလည်းဒီဘဝကနေကျွတ်အောင်စေတီလေးတစ်ဆူကျွဲတညင်းပင်နား
မှာတည်ပေးပါအစ်ကိုကြီး။ တညင်းချောင်းဝနားကကျွဲတညင်းပင်ကြီးနားကို လာခဲ့ပါ။ စေတီတည်ဖို့ ညီမလေးတို့ ပေးပါ့မယ်။ ဆရာတော်နဲ့ လူကြီးတချို့ ကိုလည်း ခေါ်ခဲ့ပါ။ ညီမလေးတို့ ဆရာတော်ကိုလည်း လျှောက်ထားပါ့မယ်။ ညီမလေးတို့ သွားတော့မယ် အစ်ကိုကြီး”
“အေး- အေး – အစ်ကိုကြီး ဆရာတော်ကိုလျှောက်ထားပြီးစေတီတည် ပေးပါ့မယ်”
စမ်းပါ”
“ဦးတင် – ဦးတင် – ဦးတင် – အင်ဟင်၊ ဘယ်သူလည်းဟေ့” “အေးရီပါ”
“ဟဲ့- စောစောစီးစီးကြီး ဘယ်သွားမလို့လဲ”
“မြို့တက်ပြီး ကုန်သွားတိုက်မလို့၊ သာယာကုန်းဘက်လမ်းကို ကူးပေး
“ဟဲ့- ကူးတို့ကူးတဲ့ ကိုအေးကို သွားနိုးပါလား”
“ဦးအေး – နေမကောင်းလို့ မထနိုင်ဘူး။ ဒါကြောင့် ဦးတင်ကို အကူ အညီ တောင်းရတာ”
“အေး-အေး-ဒါဆိုလည်း ကူးပေးရတာပေါ့ဟာ” အေးရီမမှော်ဘီမြို့တက်၍ဈေးဝယ်ရန်အတွက် ဦးတင် တစ်ဖက်ကမ်း သာယာကုန်းရွာ ကူးပေးပြီးအပြန် မြစ်လယ်မှ တညင်းချောင်းဝဘက်သို့ လှမ်းမျှော်ကြည့်လိုက်သော်တညင်းချောင်းဝတွင်မီးရောင်များထိန်ထိန်လင်း
နေသည်။ မီးရောင်ထဲတွင် မိန်းကလေးများ သွားလာနေသည်ကို ဝိုးတဝါး မြင်နေရသည်။
နံနက် (ရးဝဝ)နာရီထိုးတွင် ဦးတင် ဆရာတော်ကျောင်းသို့ သွားပြီး – “ဆရာတော် – ဘုရားတပည့်တော် လျှောက်တင်စရာရှိပါတယ် ဘုရား”
“ဘာတွေ လျှောက်တင်မှာလည်း ဒကာကြီး။ ညက ညီမတော်တွေ ကိစ္စနဲ့ တူတယ်၊ ဟုတ်တယ် မဟုတ်လား… ဒကာကြီး”
“တင်ပါ့ဘုရား – တပည့်တော်ကို ညကအိပ်မက်ထဲမှာ စေတီတည်ပေး ဖို့ပြောသွားပါတယ်”
တယ်”
“ကျွဲတညင်းပင်ကြီးနားမှာ မဟုတ်လား – ဒကာကြီး”
“ဆရာတော်ကိုလည်း အိပ်မက်ပေးသလား – ဘုရား”
“ဟုတ်တယ်-ဒကာကြီး၊ ဒကာမလေးတွေညက ဘုန်းကြီးဆီလာသွား
“တပည့်တော်ကိုလည်း ဆရာတော်နဲ့ လူကြီးတွေခေါ်ခဲ့ပါလို့ ညက အိပ်မက်ပေးလို့ လာလျှောက်တာပါ ဘုရား”
“ဟော-ပြောရင်းဆိုရင်း ဦးလှရယ်၊ ဦးမြရယ်၊ ဦးမောင်တင့်ရယ်ရောက် လာပြီပဲ။ အဆင်သင့်ပါပဲလား – ဒကာကြီးရယ်”
“ကဲ-ကဲ- ဒကာကြီးတို့ လာထိုင်ကြ။ ဘုန်းကြီး ပြောစရာရှိတာနဲ့
အတော်ပဲ”
“တပည့်တော်တို့လည်း ဆရာတော့်ဆီ လျှောက်တင်စရာရှိလို့ လာခဲ့ တာပါ ဘုရား
“ကဲ-ကဲ-ဒကာကြီးတို့ လျှောက်တင်စရာရှိရင်လည်း လျှောက်တင်
စမ်းပါဦး”
“တပည့်တော်တို့ညကအိပ်မက်မက်ကြတယ်ဘုရား။ ကလေးမလေး (၅)ယောက်လာပြီး မနက်ကျရင် ဆရာတော်ဆီသွားပါ။ ဆရာတော် ပြော စရာရှိလိမ့်မယ်ဆိုလို့ တပည့်တော်တစ်ယောက်တည်း မက်တာလည်း မဟုတ်ဘူး ဘုရား။ ဦးမြနဲ့ဦးမောင်တင့်လည်းမက်ကြတယ်ဘုရား။ ဒါကြောင့် ဆရာတော်များ ဘာဖြစ်သလဲလို့ ကျောင်းကိုလာကြတာပါ ဘုရား”
“ဟဲ – မောင်သန့်နဲ့ ခင်မောင်ဝင်း၊ တင်သန်းတို့ပါလား။ မင်းတို့ကလည်း ဘာလာလုပ်ကြတာလဲ”
“တပည့်တော်တို့လည်းညကအိပ်မက်မက်ပြီး ဘုန်းဘုန်းဆီတန်းလာ ခဲ့တာပဲ။ အိပ်မက်ထဲမှာ ကောင်မလေး (၅)ယောက်လာပြီး မနက်ကျရင် ဆရာတော်ဆီ သွားကြပါ။ ဆရာတော် ခိုင်းစရာရှိတာလို့ ပြောတယ်။ ဒီ အိပ်မက်ကို မောင်သန်း တစ်ယောက်တည်း မက်တာမဟုတ်ဘူး ဘုရား။ တပည့်တော်တို့ပါ မက်တယ်ဘုရား။ ဒါနဲ့ ထူးခြားတယ်ဆိုပြီး ဆရာတော် ဘုရားဆီ လာကြတာပဲ ဘုရား”
“အိမ်း – ဒီလိုပဲ ဖြစ်ကြရမယ်။ ဦးတင် ခင်ဗျား နှမတွေကတော့ သူတို့ ကိုယ်တိုင် လူရွေးတော့တာပဲ။ ညက ဘုန်းကြီးလည်း အိပ်မက် မက်တယ်။ တညင်းချောင်းဝကကျွဲတညင်းပင်ကြီးကိုသိတယ်မဟုတ်လား။ အဲဒီကိုသွား
ပြီးစေတီတည်ဖို့ပစ္စည်းတွေယူရမယ်တဲ့။ ဒကာကြီး ဦးမြင့်က စက်လှေစီစဉ်။ မောင်သန်းတို့က တူးရွင်းတွေ၊ ဂေါ်ပြားတွေ၊ ပေါက်ပြားတွေ ယူလာခဲ့ကြ။ (၉းဝဝ)နာရီထိုးရင် သွားကြမယ်”
တညင်းချောင်းဝရောက်တော့ ကျွဲတညင်းပင်ကြီးကို ထီးတည်းကြီး
မြင်နေရသည်။
စက်လှေက ကျွဲတညင်းပင်ကြီးအောက်ဘက်တွင် ဆိုက်ကပ်လိုက်ပြီး သဲပြင်ပေါ်မှ ဆရာတော်ဘုရားက တက်သွားသည်။ ဆရာတော်နောက်မှ ဦးမောင်တင့်၊ ဦးလှ၊ ဦးမြင့်၊ ဦးမြတို့ လိုက်လာကြသည်။ မောင်သန်းတို့က ပေါက်ချွန်းများ၊ ဂေါ်ပြားများကို ယူခဲ့ကြသည်။
ကျွဲတညင်းပင်ကြီးအောက် ဝါးတစ်ရိုက်လောက်တွင် ကုန်းမို့မို့ပြောင် ပြောင်ကလေးဖြစ်နေသည်။ ကျွဲတညင်းပင်ကြီး အနီးတစ်ဝိုက်တွင် မည် သည့်အပင်မှမပေါက်ကြပါ။ ခပ်လှမ်းလှမ်းတွင် တောစပယ်ရုံများတောရိုင်း ပန်းပင်များ၊ ကြက်မောက်ပန်းပင်များ၊ စိန်ခြယ်ပန်းရုံများပေါက်နေကြသည်။ သူတို့နောက်တွင်တော့ ကိုင်းတောကြီးများထူထပ်စွာပေါက်ရောက်နေကြ သည်။ တောစံပယ်ပန်းများ၊ တောရိုင်းပန်းများ၊ ရောင်စုံပန်းပွင့်များ၊ ကြက် မောက်ပန်းနှင့် စိန်ခြယ်ပန်းများ ဖြူနီဝါပြာ ပန်းပွင့်များသည် လေတိုက်တိုင်း လှုပ်ယမ်း၍ပန်းနံ့များ မွှေးကြိုင်နေသည်။ အနီးအနားတွင် ကျီးပင်ပုကလေး ပေါ်သို့ နဘူးချုံနွယ်များ တက်နေသည်မှာ ဂူလေးတစ်ခုသဖွယ် ဖြစ်နေပြန် သည်။
“ကဲ-ကဲ-မောင်သန့်- ရေကူးတော့ဟေ့”
ဆရာတော်ဘုရားက ဆန်မန်းပေါက်ပေါက်များကြဲပြီး ပရိတ်များရွတ် ဖတ်၍ တောစောင့်နတ်၊ တောင်စောင့်နတ်များနှင့် သက်ဆိုင်သူတို့ကို မေတ္တာများပို့သနေသည်။ ထိုအချိန်တွင် ကျွဲတညင်းပင်ကြီးပေါ်မှအလွန်လှ သော ငှက်ကလေး (၅)ကောင် လာနားပြီး သာယာနာပျော်ဖွယ်အသံလေး များ တွန်ကြူးပြီး ပျော်မြူးနေကြသည်။
မြေကြီး လေးတောင်လောက် တူးမိတော့ –
“ဒုတ်- ဒုတ်- ဒုတ်”
“ဟော – အသံမြည်လာတယ်ဟေ့”
အိုးတစ်လုံးကို ထိသွားသော အသံဖြစ်လေသည်။
ခင်မောင်ဝင်းက မြေစာများ ယက်ထုတ်ပြီး ဂေါ်ပြားနှင့် မြေစာတွေကို တွင်းအပေါ်သို့ ပစ်တင်လိုက်သည်။
ဟေ့”
“ဟာ-ဒီမှာအိုးတစ်လုံးပေါ်လာပြီဟေ့။ စဉ့်အိုးမည်းကိုအပေါ်တင်လိုက်
“ဟာ- အောက်မှာလည်း အိုးတွေရှိသေးတယ်ဟေ့”
စုစုပေါင်း (၇)အိုးရသည်။ အစိတ်ဝင်အိုးများဖြစ်သည်။
“ကဲ-ကဲ- ဦးတင် ဖွင့်ကြည့်စမ်း။ ဒါ -ဒကာကြီး နှမတွေပစ္စည်းပဲ။ ဒကာ ကြီးပဲ ဖွင့်ကြည့်လိုက်”
အပေါ်မှာ တင်နေသော မြေစာများကို ဖယ်လိုက်သောအခါ အဝတ် ဖြင့်ပိတ်ထားသည်။ အဝတ်ကို စည်းထားသော ကြိုးကိုဖြေ၍ ဖွင့်လိုက်တဲ့ အခါမှာ ဒီအိုးက ရွှေဒင်္ဂါးတွေ အပြည့်ပဲ။ နောက်အိုးတွေ ဆက်ဖွင့်လိုက် တော့လက်ဝတ်ရတနာက (၂)အိုး၊ ရွှေဒင်္ဂါးက (၃)အိုး၊ ငွေဒင်္ဂါးက (၂)အိုး စုစုပေါင်း (၇)အိုး ရလိုက်သည်။
“အောင်ပြီ- အောင်ပြီ- အောင်ပြီ”
အောင်ပြီဟု အော်လိုက်ကြသည်။ ဦးတင် ဝမ်းသာလှသဖြင့် မျက်ရည် များပင် ကျလာသည်။
တညင်းပင်ပေါ်မှ ငှက်ကလေးများက သစ်ပင်ကို လက်ထောက်ထား သော ဦးတင် လက်မောင်းပေါ်တွင် လာနားပြီး ရွှေအိုးငွေအိုးများကိုကြည့်၍ အသံသေးသေးများနှင့် သံပြိုင်အော်ပြီး အဝေးသို့ ပျံသွားကြသည်။ နောက်တစ်လလောက်အကြာတွင် မြို့မှ ပန်းရန်ဆရာများ ခေါ်ယူပြီး ကျွဲတညင်းပင်ကြီးအနားတွင်ကိုးတောင်ပြည့်စေတီလေးတည်ထားခဲ့သည်။ စေတီတော်လေးတည်၍ ပြီးခါနီးဌာပနာပိတ်ပြီး ဆရာတော်ကြီးနှင့် သံဃာ
အမျှအတန်းပေး
တော်များကငါးပါးသီလပေးပြီးပရိတ်ပဋ္ဌာန်းများရွတ်ဆိုပြီး ဝေလိုက်သောအခါ မဏ္ဍပ်အတွင်းမှ သာဓုခေါ်သံများအပြင် ပတ်ဝန်းကျင် တောပန်းပင်များတောစပယ်ပင်ရုံများကျည်းပင်ပုကလေးနှင့်ကျွဲတညင်းပင် ကြီးအထက်ဆီမှ သာဓုခေါ်သံများကိုမဏ္ဍပ်အတွင်းမှ ပရိသတ်များ အတိုင်း သား ကြားလိုက်ကြရသည်။
ဒဟတ်ကုန်းရွာလုံးကျွတ်အပြင် အလိန်လည်ရွာ၊ သာယာကုန်းရွာ၊ ရေ တွင်းကုန်းရွာ၊ မြို့ချောင်း၊ ပန်းတောရွာများမှ လူများကို ငါးခြောက်ထောင်း ကြော်၊ ငါးပိချက်၊ ပဲပင်ပေါက်တို့စရာ၊ မဲဇလီဟင်းချိုတို့ဖြင့် ရွာလုံးကျွတ် မီးခိုး တိတ်ကျွေးနိုင်ခဲ့သည်။ ရန်ကုန်မြို့မှ တက်ငှားလာသောစိန်မြင့်နိုင် ဆိုင်းအဖွဲ့ နှင့်လည်း (၃) ရက် ဧည့်ခံလိုက်သေးသည်။
ဦးတင်လည်းမောမောနှင့်စေတီလေးဘေးကအုတ်ခုံလေးတွင် ခေါင်း တင်ရင်း မှေးခနဲ အိပ်ပျော်သွားသည်။
“ကိုကြီး-ကိုကြီး-ညီမလေးတို့ သွားကြရတော့မယ်။ ညီမလေးတို့ လည်း ဘုရားတည်တဲ့ကုသိုလ်ကိုအမျှပေးဝေလို့သာဓုခေါ်လိုက်တဲ့အတွက် ကျွန်မတို့ ဒီဘဝက ကျွတ်လွတ်သွားပါပြီ။ အဲဒီကုသိုလ်ကြောင့် ညီမလေးတို့ နတ်ပြည်ကို သွားကြရတော့မယ်။ လာခေါ်နေပြီ၊ဟိုမှာ- ပန်းရထားကြီးတွေ တွေ့လား အစ်ကိုကြီး။ အစ်ကိုကြီးလည်း အခုချိန်ကစပြီး တံငါအလုပ်ကို စွန့်လိုက်ပါတော့။ ဆရာတော်ကြီးနဲ့ပဲနေပါ။ အစ်ကိုကြီးတက်နိုင်ရင် ကျန်တဲ့ လူ့ဘဝကို ရဟန်းဘဝနဲ့သာ သာသနာပြုပြီး နေစေချင်ပါတယ် အစ်ကိုကြီး
ရယ်”
ဦးတင်လှမ်းကြည့်လိုက်တော့လွန်စွာလှပသောပန်းရထားကြီးပေါ်တွင် ညီမလေးတွေ တက်သွားကြပြီး ပန်းရထားကြီးက လျင်မြန်သော အဟုန်နဲ့ ကောင်းကင်ကို ပျံတက်သွားသည်။
ဦးတင်လည်း ဝမ်းနည်းလာသဖြင့် မျက်ရည်များ ကြလာပြီး – “ငါ့ကို မထားခဲ့ပါနဲ့ – ငါ့ကို မထားခဲ့ပါနဲ့ – ငါ့ကို မထားခဲ့ပါနဲ့”
အော်ဟစ်ပြီး နောက်မှအတင်း ပြေးလိုက်သွားသော်လည်း ပန်းရထား ကြီးက ကောင်းကင်ထက်သို့ မြင့်တက်သွား၍ တဖြည်းဖြည်းပျောက်သွား သည်။
“ဦးတင် – ဦးတင် – ဦးတင် – ဘာတွေ ယောင်အော်နေတာလဲ။ အမယ် မျက်ရည်တွေတောင် ကျလို့ပါလား”
သည်။
ဦးမောင်တင့်က အတင်းလှမ်းဆွဲပြီး ဆရာတော်ကြီးဆီကို ခေါ်သွား
“ဟာ – ဒကာကြီး ဒီမှာထိုင်။ အိပ်မက်တွေ မက်နေတာ မဟုတ်လား” “ဒကာကြီး-ဒကာကြီး – အရင်ဘဝက ညီမတော်တွေလည်း စေတီ လေးတည်ပြီးမှ အဲဒီကောင်းမှုကုသိုလ်ကြောင့် ကျွတ်လွတ်သွားကြပြီ။ ဒကာကြီးလည်းအကုသိုလ်အလုပ်တွေကကျွတ်လွတ်သွားပြီပဲ။ ဒါကြောင့် ဒီစေတီတော်လေးကို အကျွတ်အလွတ် စေတီလို့ခေါ်ကျတာပေါ့။ ဘွဲ့တော် ကတော့ (လောကမာန်အောင်စေတီ)တော်လေးပေါ့ဒကာကြီးရယ်”
ဦးတင်လည်း သူ့တဲလေးကိုရော၊ လှေလေးနဲ့ ပိုက်ကွန်ကိုပါ ဆင်းရဲ သော မြင့်အေးနဲ့ ရွေအိတို့မိသားစုတို့ ပေးပစ်ပြီး ဆရာတော်ကြီးကျောင်းမှာ ကပ္ပိယကြီးအဖြစ်နှင့် သွားနေသည်။ စေတီလေးဆီကိုတော့ တစ်ပတ်တစ် ခါ အမှိုက်များသွားရောက် သန့်ရှင်းရေးလုပ်သည်။ တစ်ခါတစ်ခါ ရွှေဆေး များ ဝယ်ယူပြီး သုတ်လိမ်းပြီး ရွှေသင်္ကန်းကပ်သည်။
တစ်နှစ်လောက်ကြာသောအခါတွင် စေတီလေး ပရဝုဏ်အတွင်း ကျောင်းသင်္ကန်းလေးတစ်ခု တည်ဆောက်ထားသည်။ ကျောင်းရှေ့ဘုရား ပရဝုဏ်အတွင်းတံမြက်စည်းလှဲနေသောရဟန်းအိုကြီးတစ်ပါးတည်း စေတီ လေးကိုဖူးမြော်ရင်း တညင်းချောင်းဝမှ ပန်းလှိုင်မြစ်ကို ငေးကြည့်နေသည်။
ရဟန်းအိုကြီးမှာအခြားသူမဟုတ်ပေ။တစ်ချိန်ကတညင်းချောင်းဝတွင် တံငါအလုပ်ကို လုပ်ခဲ့သော ဘုရားဒကာကြီး ဦးတင်ပင် ဖြစ်ပါတော့သည်။ “ကိုယ်တော်ကြီး- ကိုယ်တော်ကြီး- ဘာတွေ တွေးနေတာလဲ” “ဟင် – ဒကာကြီး ဦးမြပါလား၊ ဘယ်ကလှည့်လာတာလဲ” “ဦးပဉ္စင်းကြီးစီပဲလာခဲ့တာ ဘုရား”
“တပည့်တော် ခြံထွက်သီးမွှေး၊ ငှက်ပျောသီးတစ်ခိုင် လာလှူတာပါ
ဘုရား”
လား”
“ဆရာတော်ကြီးကိုရော မလှူဘူးလား”
“ဆရာတော်ကြီးကို မနေ့ကတည်းက လှူပြီးပါပြီ ဘုရား” “ဦးမြရေ- စေတီလေးရဲ့ဘုရားပွဲတော်လည်း နီးလာပြီမဟုတ်လား” “အခုဆို- ကိုင်းတောကြီးလည်းရှင်းလင်းပြီးလမ်းဖောက်ပြီးပြီမဟုတ်
“ကိုင်းတောကြီးကို လမ်းဖောက်လိုက်တော့ ရွာကလူတွေ လာရတာ လွယ်သွားတာပေါ့”
“ကဲ-ကဲ- ဦးမြ ရေနွေးနဲ့ ထန်းလျက်ခဲတွေ မြည်းစမ်းပါဦး” ဦးမြလည်း ထန်းလျက်တစ်ခဲကို ကောက်ဝါးလိုက်ပြီး ရေနွေးခွက်ကို မှုတ်သောက်လိုက်သည်။
“တပည့်တော်တို့လည်း ဆရာတော်ကြီးနဲ့ တိုင်ပင်ပြီး ဘုရားပွဲကို စည် ကားအောင် ရပ်ရွာကလူကြီးတွေရဲ့ စုပေါင်းစီစဉ်ပါမယ် ဘုရား။ ဦးပဉ္စင်းကြီး စိတ်အေးအေးထားပါ ဘုရား”
“ဒါဆိုလည်း ကောင်းတာပေါ့ ဒကာကြီးရယ်။ ဆရာတော်ဘုရားရယ် ရပ်ရွာက လူကြီးတွေပါ တက်ညီလက်ညီ ဝိုင်းလုပ်ရင် စည်ကားအောင် ပြင်
မှာပါ”
“နေလည်း အတော်စောင်းနေပြီ ဘုရား။ တပည့်တော် ပြန်ပါဦးမယ်
ဘုရား”
“အေး – အေး – ဒကာကြီး ဦးမြရယ်၊ လူ့အလုပ်က တကယ်လုပ်တာက သားကြွေးမှု၊ မယားကြွေးမှုတွေနဲ့ဆိုတော့ ပြန်ပေဦးတော့ – ဒကာကြီးရေ”
ဦးမြလည်း ညနေ နေဝင်ခါနီး နေလုံးကြီးကို မျက်နှာမူပြီး ရွာဘက်သို့ ပြန်သွားတော့သည်။
ဦးပဉ္စင်းကြီးကပြန်သွားသော ဦးမြကိုကြည့်ပြီးလူ့ဘဝ၏ရှုပ်ထွေးလှပုံ၊ သားကျွေးမှု၊ မယားကျွေးမှုတွေနဲ့ အကုသိုလ်တွေ ဖြစ်ပုံကိုတွေးမိပြီး မိမိ ကိုယ်တိုင်ပင် ယခင်က မိမိအိမ်သူ သက်ထားဒေါ်ပန်းရှိစဉ်အခါက တစ်နေ့ တစ်နေ့ အကုသိုလ်အလုပ်တွေပဲ လုပ်ဖြစ်ကြသည်။ အကုသိုလ်အလုပ်တွေ လုပ်နေရင်း အနိစ္စရောက်သွားသော ဒေါ်ပန်းကို သနားနေမိသည်။ “အင်း – မပန်းလည်း အခုဆို ဘယ်ဘဝတွေတောင် ရောက်နေမလဲ
မသိဘူး”
“ဒကာမကြီးမပန်းလည်းကောင်းရာသုဂတိရောက်ပါစေ။ ဦးပဉ္စင်းကြီး ညစဉ် မေတ္တာပို့ အမျှအတန်းဝေပါတယ်”
မိမိလည်း လူ့ဘဝကို စွန့်၊ အကုသိုလ်အလုပ်တွေစွန့်ပြီး ရဟန်းဘဝကို ရယူပြီးမှပဲမိမိဘဝအတွက်စိတ်အေးသွားရသည်။ ဒါကလည်း အရင်ဘဝက ညီမလေးများကြောင့်သာ ဦးတင် ကျွတ်ခဲ့ရခြင်းဖြစ်သည်။
ဆရာတော်ကြီးရဲ့မေတ္တာရေကြောင့်လည်း ဦးတင်ဘဝရော၊ အရင်ဘဝ
ကညီမလေးများပါမကောင်းတဲ့ဘဝမှကောင်းတဲ့ဘဝသို့ပြောင်းလဲရောက်ရှိ
သွားတော့သည်။
လူတို့ ရခဲလှသော ရဟန်းဘဝကို ရရှိခဲ့တော့သည်။ ညီမတော်စပ်ခဲ့ သောဒကာမလေးများနှင့်မိမိဘဝလက်တွဲဖော်ဖြစ်ခဲ့သောဒေါ်ပန်းနှင့်တကွ ဝေနေယျသတ္တဝါများဖြစ်ကြသော သုခိတ၊ ဒုက္ခိတနှင့် မမြင်အပ်၊ မြင်အပ် သော သတ္တဝါများနှင့် အနန္တစကြဝဠာတွင် မှီတင်းနေထိုင်ကြကုန်သော သတ္တဝါများ အယုတ်အလတ် အမြတ်မရွေး၊ အမျှ – အမျှ – အမျှ ယူတော်မူ ကြပါကုန်လော့။ သာဓု – သာဓု-သာဓု-
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ … ဓမ္မံ သရဏံ ဂစ္ဆာမိ …
သံဃံ သရဏံ ဂစ္ဆာမိ …
ချွင် – ချွင် – ချွင် – ချွင် – ချွင် – ချွင် – ချွင် – ချွင် – ချွင် …
လေပြေလေညင်းကလေး တိုက်ခတ်လာသဖြင့် စေတီတော်ဆီမှ ဆည်းလည်းသံလေးများကဦးပဉ္စင်းကြီး၏ရင်ထဲတွင် အေးငြိမ်းသွားတော့
သည်။
ဪ – ကောင်းလေစွ – ကောင်းလေစွ –
ကောင်းလေစွ –
ကျန်းမာ ချမ်းသာ၍ အေးချမ်းကြပါစေ .
-ကိုဆောင်းဦး (အလိန်လည်ကျေးရွာ)
Zawgyi Version
တံငါသည္ႏွင့္အကြၽတ္အလြတ္ေစတီ(စ/ဆုံး)
—————————————————-
ညကတည္းက မိုးစက္မိုးေပါက္ေတြ တေဝါေဝါ႐ြာခ်ေနတဲ့ မိုးေၾကာင့္ ဦးတင္တစ္ေယာက္ ေလွထြက္ရမွာ ေလးပင့္ေနသည္။
ေအးစိမ့္စိမ့္မိုးေၾကာင့္ အခ်မ္းေျပ ထမင္းေၾကာ္စားၿပီး အၾကမ္းအိုး တည္ေသာက္တာလည္း တစ္ဝက္ပင္က်သြားၿပီျဖစ္သည္။ ဒဟတ္ကုန္း႐ြာ ေလးက နံနက္ေစာေစာကပင္ ႏိုးခဲ့ၿပီျဖစ္သည္။ ႐ြာဦးဘုန္းႀကီးေက်ာင္းမွ အုန္းေမာင္းေခါက္သံက နံနက္ (၅းဝဝ)နာရီထိုးၿပီျဖစ္သည္။ ခုနကပင္ ကိုသာေမာင္နဲ႔ ေမာင္ေအးျမင့္တို႔တူဝရီးႏွစ္ေယာက္လယ္ထဲဆင္းသြားၾက သည္။ ဦးတင္တစ္ေယာက္ အသက္ (၅၀)ေက်ာ္ (၆ဝ) အတြင္းပင္ ေရာက္ လာၿပီျဖစ္သျဖင့္ အကုသိုလ္အလုပ္ကိုမလုပ္ခ်င္ေပမဲ့လည္းလုပ္ေနရေသး သည္ ။ အျခားလုပ္ငန္းလည္း မလုပ္တတ္၊ ငယ္ငယ္ကေလးကတည္းက လုပ္ကိုင္စားေသာက္ခဲ့သည့္ လုပ္ငန္းျဖစ္သည္။ အေဖ ဦးလွတင္ လက္ ထက္ကတည္းက ကြန္ပစ္ငါးရွာလုပ္လာခဲ့သည္မွာမိမိအခုအသက္အ႐ြယ္
အထိပင္ျဖစ္ေတာ့သည္။ ယခုလည္း ေဒၚစမ္းရီတို႔ကုန္စုံဆိုင္မွ ဆြမ္းခ်က္ရန္ မွာထားသျဖင့္ မျဖစ္မေန ဆင္းရေတာ့မည္။
“အင္း – အကုသိုလ္ထဲက ဆြမ္းခ်က္ဖို႔ဆိုတဲ့ ကုသိုလ္ပါေနလို႔ ေတာ္ပါ
ေသးရဲ႕”
႐ြာဦးေက်ာင္းဆရာေတာ္ကလည္း –
“ဒကာႀကီး စားမယ့္ေသာက္မယ့္သူလည္း ရွိေတာ့တာမဟုတ္ဘဲနဲ႔ ဒီ အကုသိုလ္ အလုပ္ကိုစြန႔္ၿပီး ေက်ာင္းမွာလာေနပါလား ဒကာႀကီး”
“တင္ပါ့ဘုရား တပည့္ေတာ္ အခ်ိန္က်ရင္ ေရာက္လာမွာပါ ဘုရား”
မႏွစ္က ေက်ာင္းမွာ ဝါဆိုသကၤန္းကပ္တုန္းကတည္းက ဆရာေတာ္ မိန႔္မွာဖူးခဲ့ေသာ္လည္း မိမိစိတ္ထဲတြင္ ဆရာေတာ္ရဲ႕ ဆြမ္းက်န္စားရင္ ငရဲ ႀကီးမွာေၾကာက္ေနပါသည္။ဒါေၾကာင့္ဆရာေတာ္ေက်ာင္းကိုမေရာက္ေသး
တာျဖစ္သည္။
အခုလည္း တန္းတြင္တင္ထားေသာ ပိုက္ကိုပခုံးေပၚတင္ၿပီး မိုးေရထဲ ထြက္ခဲ့သည္။ မိုးကလည္း စဲစျပဳလာၿပီျဖစ္သည္။ ပိုက္ကို ေလွဝမ္းထဲထည့္ ၿပီး ေလွာ္တက္ကေလးကို ျဖည္းျဖည္းပင္ ေလွာ္ခဲ့သည္။ ဒဟတ္ကုန္း႐ြာ အေရွ႕ဘက္ ဒညင္းေခ်ာင္းဝမွ ဝဲျပန္ေလအေဝွ႔တြင္ ဦးတင္ ခ်မ္းတုန္သြား သည္။
“ဦးတင္ – အခုမွ ထြက္လာသလား၊ ေနာက္ေတာင္ က်ေနၿပီ”
“ေအး – ေမာင္ခ်စ္ေရ၊ ငါလည္း အသက္ကေလး ရလာေတာ့ မိုးဒဏ္ မခံႏိုင္ေတာ့ဘူးေဟ့”
“မင္းတို႔ေကာ ဘယ္လိုလဲ၊ ငါး ရၿပီလား”
“မရေသးပါဘူး – ဦးတင္ရာ၊ ငါးၿမီးတန္သြယ္ (၂၅)သားေလာက္နဲ႔ ငါးရံ႕ ေလး (၃ဝ)သားေလာက္ပဲ ရေသးတယ္။ ငါးႀကီးေတြ ရွားသြားၿပီနဲ႔တူ တယ္”
“ငါေတာ့ တညင္းေခ်ာင္းဝမွာ ကြန္သြားပစ္မယ္။ အဲဒီမွာ ငါးႀကီးေတြရွိ တယ္။ ဟိုတစ္ေန႔က ငါးဘတ္ႀကီးတစ္ေကာင္ မီးအိပ္မက္မက္ေနတာ ေတြ႕ လိုက္တယ္။ ငါ အနားသြားေတာ့ လန႔္ၿပီးကူးသြားတယ္။ (မီးအိပ္မက္ မက္ သည္ဆိုသည္မွာ ငါးႀကီးမ်ား ေရေပၚတြင္ေပၚ၍အေသကဲ့သို႔ ၿငိမ္ေနသည္ကို ဆိုလိုသည္။)
“အာ – ဦးတင္ကလည္း တညင္းေခ်ာင္းဝက နတ္ႀကီးတယ္လို႔ ေျပာ တယ္။ အေျခာက္အလွန႔္လည္း ေပါးပါဘိသနဲ႔၊ ကိုေမာင္ကြန႔္ အေရွ႕႐ြာက ေလွနဲ႔ျပန္လာတာ တညင္းေခ်ာင္းဝေရာက္ေတာ့ ကမ္းစပ္မွာ မိန္းကေလး တစ္သိုက္ေဆာ့ကစားေနၾကတယ္။ ဒါနဲ႔ ကိုေမာင္ကြန႔္လည္း ဘယ္က မိန္း ကေလးေတြလဲလို႔ စိုက္ၾကည့္ေနတာေပါ့။ ငါတို႔႐ြာကေတာ့ မဟုတ္ဘူး၊
႐ြာနဲ႔ တညင္းေခ်ာင္းဝကလည္းေဝးေသးတယ္။ ၿပီးေတာ့ ကိုင္းေတာႀကီးက လည္း ညိဳ႕ေနတာပဲ။ ဒီလိုညေနေစာင္းမွာ မိန္းကေလးမေျပာနဲ႔ ေယာက္်ား ေလးေတြေတာင္ လာရဲမွာ မဟုတ္ဘူး။ မိန္းကေလးေတြက ေတာ္ေတာ္ကို ေခ်ာတာတဲ့။ ၾကည့္ေနရင္း မိန္းကေလးေတြ ေရထဲကိုငုပ္သြားတာ
ေတာ္ေတာ္နဲ႔ ျပန္မေပၚလာဘူးတဲ့။ ေမာင္ကြန႔္လည္းၾကည့္ေနတုန္းေခ်ာင္း ထဲက လႈိင္းလုံးႀကီးေတြရဲ႕ထိပ္ေပၚမွာ မိန္းကေလးေတြဟာ ေျပးလႊားေဆာ့ ကစားၿပီး ကိုေမာင္ကြန႔္ ေလွေနာက္ကို ေရေပၚကေန ေျပးလိုက္လာတာလို႔ ကိုေမာင္ကြန႔္လည္း ဘုရားစာေတြ တတ္သမွ်႐ြတ္ၿပီး ေလွာ္ေျပးလာခဲ့တာ ႐ြာ႐ိုးထိပ္ေရာက္မွပဲ လွည့္ျပန္သြားၾကတယ္”
“အိုကြာ – ဒီအရက္သမား အရက္မူးၿပီး ေတြ႕ကရာေလွ်ာက္ေျပာတာ ေနမွာပါကြာ။ ငါကေတာ့ မယုံဘူးေဟ့”
“မယုံရင္လည္း ဦးတင္ သေဘာပဲ။ ကြၽန္ေတာ္က ဦးတင္ အႏၲရာယ္ျဖစ္ မွာစိုးလို႔ ေျပာတာ”
အိမ္ကထြက္လာကတည္းက (ရးဝဝ)နာရီထိုးေနၿပီျဖစ္သျဖင့္တညင္း ေခ်ာင္းဝေရာက္ေတာ့ (၉းဝဝ)နာရီထိုးၿပီျဖစ္သည္။ ဦးတင္လည္းေလွေလွာ္ ခဲ့ရသျဖင့္ နံနက္ေစာေစာက စားထားေသာ ထမင္းေၾကာ္မ်ား ဘယ္ေရာက္ သြားသည္မသိပါ။ ထပ္ဆာလာသျဖင့္ ကမ္းစပ္လမုပင္ႀကီးေအာက္မွ ႀကိဳး ခ်ည္ၿပီးပါလာတဲ့ထမင္းခ်ိဳင့္ထုပ္ယူၿပီး ထမင္းႏွင့္ငါးပိေထာင္းအားရပါးရစား ေတာ့သည္။ အိမ္မွ ထည့္လာသည့္ ေရေႏြးၾကမ္းပုလင္းကို ေသာက္လိုက္၊ ထမင္းစားလိုက္လုပ္ၿပီးမွ ဖက္ၾကမ္းေဆးလိပ္ကေလးထုတ္ၿပီးလွ်င္ သုံးကာ ျခစ္ တစ္ခါေတာက္မီးျခစ္ကေလးႏွင့္ မီးညႇိၿပီး ကိုက္ဖြာလိုက္သည္။ ၿပီးမွ – ေလွကေလးကိုေလွာ္ၿပီးေရလယ္သို႔ထြက္လာခဲ့သည္။တညင္းေခ်ာင္းဝထိပ္ ကမ္းနဖူးတြင္ေတာ့ ကြၽဲတညင္းပင္ႀကီးက တစ္ပင္ထီးထီးႀကီး ခန႔္ခန႔္ထည္ ထည္ႀကီးႏွင့္ ေခ်ာင္းဝကို မိုးထားသလိုမ်ိဳးျဖစ္ေနသည္။ ေရလယ္ဝဲျပန္ထဲ ေရာက္ေတာ့ကြန္ကိုပစ္ခ်လိုက္သည္။ ကြန္ကေလးထဲတြင္ ဝဲ၍ဝိုင္းၾကသြား သည္။ ဦးတင္ ကြန္ပစ္ရင္ ဝိုင္းေနေအာင္ကိုပင္ ပစ္ႏိုင္သည္။ တစ္ေအာင့္
အၾကာတြင္ ကြန္ထဲတြင္ ငါးတိုးေနသလိုမ်ိဳး ကြန္က လႈပ္ယမ္းေနသည္။ ဦးတင္ဝမ္းသာေနသည္။ ဒီတစ္ခါငါးရရင္ ႐ြာဦးေက်ာင္းဆရာေတာ္ကိုဆြမ္း ခ်က္ကပ္လိုက္ဦးမယ္လို႔ စိတ္ထဲတြင္ ရည္မွန္းခ်က္ႏွင့္ ဝမ္းသာေနသည္။
ပိုက္ကို ျဖည္းျဖည္းခ်င္း ဆြဲတင္လိုက္ေတာ့ ငါးဆိုလို႔ တစ္ေကာင္ပင္ ပါမလာေခ်။ ဦးတင္ အံ့ဩသြားသည္။ ခုန ေတာတိုးလိုက္တဲ့ ငါးေတြ ပိုက္ပင္ ေပါက္သြားၿပီေအာင္းေမ့ရသည္။ ဒီလိုနဲ႔ ကြန္ပစ္လိုက္၊ မပါလိုက္ႏွင့္ ဦးတင္ အခ်ိန္ကိုၾကည့္ေတာ့ ေနပင္ အေနာက္ဘက္သို႔ ေတာ္ေတာ္ေစာင္းၿပီျဖစ္ သည္။ ငါးတိုး၍ ဆြဲတင္မွ ပါမလာသည္ကို သတိမထားဘဲ ကြန္ကို ထပ္ခါ ထပ္ခါ ပစ္လိုက္ဆြဲတင္လိုက္ လုပ္ေနေသာ္လည္း ငါးကေတာ့ ပါမလာပါ။ ဦးတင္ သံသယဝင္လာသည္။
“ဒါေၾကာင့္ – ဦးတင္လည္း တညင္းေခ်ာင္းဝမွ ပိုင္ရာဆိုင္ရာမ်ားကို ေတာင္းပန္ပါသည္ ခင္ဗ်။ ကြၽန္ေတာ္ ဒီတစ္ခါပဲ တညင္းေခ်ာင္းဝ႐ြမွာ ကြန္ပစ္ ပါသည္ ခင္ဗ်။ ေနာင္တြင္လည္း ဒီတညင္းေခ်ာင္းဝမွာ ငါးလာမရွာ ေတာ့ပါဘူး။ အခုတစ္ခါတည္းသာငါးအနည္းအက်ဥ္းေလာက္ေပးေဝခ်င္ပါ တယ္ခင္ဗ်ာ။ ကြၽန္ေတာ္ ေမာင္တင္ ႐ိုေသစြာ ေတာင္းပန္ပါသည္ ခင္ဗ်ာ”
ဦးတင္ေသသခ်ာခ်ာေတာင္းပန္ၿပီးကြန္ကိုပစ္ခ်လိုက္ေသာအခါတြင္ ပိုက္ကြန္တြင္ ငါးအႀကီးႀကီးမ်ား တိုးေနသည္ကို ဦးတင္ကြန္ကို လက္ျဖင့္ ကိုင္ရင္း သိေနသည္။ ဒီတစ္ခါေတာ့ ေသေသခ်ာခ်ာဆြဲတင္လိုက္သည္။ ထို အခ်ိန္တြင္ ေလမတိုက္ပါဘဲႏွင့္ ကြၽဲတညင္းပင္ႀကီးမွ အ႐ြက္မ်ား တရွဲရွဲျဖင့္ ဘယ္ညာယိမ္းထိုးသြားသည္။ ဦးတင္လည္းပိုက္ကိုဆြဲတင္လိုက္ေသာအခါ
ကကတစ္(၃၀)က်ပ္သားအေကာင္(၅)ေကာင္ႏွင့္ငါးဘတ္ႀကီးတစ္ေကာင္ မွာ အခ်ိန္ (၁)ပိႆာ (၅၀)ေလာက္ရွိမည္ထင္ရသည္။ ပိုက္ကြန္ကို ေလွ ဝမ္းထဲ ဆြဲထည့္ၿပီး ငါးမ်ားကိုမျဖဳတ္ဘဲေလွကို႐ြာထိေအာင္ သုတ္ေျခတင္ ေလွာ္လာခဲ့သည္။ ႐ြာကမ္းစပ္ မိမိတဲ ေရွ႕ေရာက္ေတာ့ ယေန႔ (၃းဝဝ)နာရီ ခန႔္ရွိ၍ေနေတာင္အေတာ္ေစာင္းေနၿပီျဖစ္သည္။
ကကတစ္ငါးေကာင္ကို ေဒၚစန္းရီတို႔ အိမ္ကိုပို႔ၿပီး ငါးဘတ္ႀကီးကို ဘုန္း ႀကီးေက်ာင္းကို ဆြမ္းခ်က္ကပ္ရန္ ဆန္၊ ဆီ၊ ဆား၊ င႐ုတ္သီးမ်ားကိုဝယ္လာ ခဲ့သည္။ အိမ္ျပန္ေရာက္ေတာ့ ငါးဘတ္ႀကီးကို ဓားျဖင့္ဝမ္းခြဲရာ ဝမ္းထဲမွ ၿပိဳး ၿပိဳးျပက္ျပက္ အေရာင္ေတြ႕လိုက္လို႔ ၾကည့္လိုက္ရာ ပတၱျမားမ်ားစီျခယ္ထား သည့္ လက္ေကာက္တစ္ကြင္းကို ေတြ႕လိုက္ရသည္။ လက္ေကာက္ကို ေရ စင္စင္ေဆးၿပီး တင္ထားလိုက္သည္။ ဦးတင္ ဆြမ္းအတြက္ ဝမ္းသာအားရ ခ်က္ျပဳတ္ၿပီးစီး၍ ႐ြာဦးေက်ာင္းသို႔ ဆြမ္းခ်ိဳင့္ကို ညေန (၄းဝဝ)နာရီတြင္ အ႐ုဏ္ဆြမ္းအတြက္ သြားပို႔သည္။
“ဆရာေတာ္ ဘုရားတပည့္ေတာ္ဆြမ္းခ်က္ကပ္တဲ့ငါးဘတ္ႀကီးဝမ္းထဲ က ဒီေ႐ႊႏွင့္ျပဳလုပ္ထားတဲ့ပတၱျမားလက္ေကာက္တစ္ကြင္းရပါတယ္ဘုရား။ ဒီလက္ေကာက္ကို ဆရာေတာ္ႀကီးပဲ သိမ္းဆည္းေပးပါ ဘုရား”
“ေအး – ဒကာႀကီး၊ ဒကာႀကီး အကုသိုလ္အလုပ္ေတြကို စြန႔္လႊတ္ဖို႔ အခ်ိန္တန္ၿပီထင္တယ္။ အခုတစ္ေခါက္မွာ ဒကာႀကီးရဲ႕ထူးျခားတဲ့အေတြ႕ အႀကဳံေတြက သက္ေသျဖစ္ေနၿပီေလ”
“တင္ပါ့ဘုရား – တပည့္ေတာ္လည္း အကုသိုလ္အလုပ္ကို စိတ္ကုန္ ေနပါၿပီဘုရား။ မၾကာခင္အခ်ိန္ေတာ့ ဆရာေတာ့္ေက်ာင္းကို တပည့္ေတာ္ အၿပီးအပိုင္ ေရာက္မွာပါ။ ဘုရားတပည့္ေတာ္ကို ျပန္ခြင့္ျပဳပါဦး ဘုရား” “ေအး-ေအး- ဒကာႀကီး၊ ညဥ့္လည္းနက္လွၿပီ၊ ျပန္ေတာ့ ျပန္ရင္လည္း လမ္းမွန္ေရာက္ပါေစ ဒကာႀကီးရယ္”
ဦးတင္လည္း အိမ္ျပန္ေရာက္ေတာ့ ဘုရားရွိခိုး အမွ်အတန္းေဝၿပီးအိပ္
ေပ်ာ္သြားသည္။
“ဦးတင္ – ဦးတင္ – ဒီမွာ ဧည့္သည္ေတြ လာေနတယ္ခင္ဗ်” “ဟာ- ဘယ္က ဧည့္သည္ေတြလဲ။ ညႀကီး မင္းႀကီးမွာ-”
ေရနံဆီမီးခြက္ကိုထြန္းၿပီး အျပင္ထြက္လိုက္သည္။ အိမ္ေရွ႕တြင္ မိန္းမ ပ်ိဳေလးငါးေယာက္ရပ္ေနသည္။ အျပင္တြင္ ေန႔လယ္ခင္းအလား လင္းထိန္
ေနသည္။
“ဟင္ – မိုးလင္းေနၿပီလား – မဟုတ္ေသးပါဘူး ငါ- ခုနကမွ အိပ္တာ
အျပင္တြင္ လင္းထိန္ေနသျဖင့္ ဦးတင္ ေရနံဆီမီးခြက္မွ မီးမႈတ္ၿပီး အံ့ဩေနသည္။
“အစ္ကိုႀကီးကလည္း ကြၽန္မတို႔နဲ႔ ကြဲသြားတာေၾကာင့္ ဘာမွမၾကာ လိုက္ေသးဘူး။ တစ္ခါတည္း အကုန္ေမ့သြားေတာ့တာပဲ”
“အို – သင္းသင္းကလည္း အစ္ကိုႀကီးက ေမ့တတ္တယ္ေလ”
“ဟင္ – ယုယကလည္း အခုေလာက္ကေတာ့ ေမ့တာ ေစာလြန္းပါ တယ္”
“ကဲ-ကဲ-ေတာ္ၾကေတာ့၊ အစ္ကိုႀကီးဆီလာတာ နင္တို႔ ျငင္းခုန္ေနဖို႔ မဟုတ္ဘူး။ လာရင္းအေၾကာင္း ေျပာၾကရေအာင္”
“ဟုတ္ကဲ့ – မမ၊ ရီရီ – အစ္ကိုႀကီးကိုေတြ႕ရလို႔ ဝမ္းသာလို႔ပါရွင္” အႀကီးဆုံးျဖစ္မည့္ မိန္းကေလးက ဟန႔္တားလိုက္သည္။ “အစ္ကိုဘႀကီး – အစ္ကိုကကြၽန္မတို႔ရဲ႕အစ္ကိုႀကီးေလ။ အစ္ကိုႀကီးက ယခုလူ႔ဘဝကိုရၿပီးေတာ့ညီမေလးေတြက်န္ခဲ့ပါေသးလားလို႔ သတိမရဘူး။
–
ဒါေၾကာင့္ – အစ္ကိုႀကီးဆီကို လာေျပာရတာ။ အစ္ကိုႀကီး ရခဲလွတဲ့ လူ႔ဘဝ မွာ အကုသိုလ္အလုပ္ေတြ မလုပ္ပါနဲ႔ေတာ့။ အစ္ကိုႀကီးမွာ တြယ္တာစရာ လည္း ရွိေတာ့တာမဟုတ္ဘူး။ အစ္ကိုႀကီးမိန္းမလည္း မႏွစ္ကတည္းက ဆုံးသြားၿပီပဲ။ ဒီငါးရွာတဲ့အလုပ္ကို စြန႔္လႊတ္လိုက္ပါေတာ့။ ဆရာေတာ္ေျပာ သလို ဆရာေတာ္ဆီမွာ ရဟန္းဝတ္ၿပီး သြားေနပါ။ ေနာက္ၿပီး-ညီမေလး တို႔ကိုလည္းဒီဘဝကေနကြၽတ္ေအာင္ေစတီေလးတစ္ဆူကြၽဲတညင္းပင္နား
မွာတည္ေပးပါအစ္ကိုႀကီး။ တညင္းေခ်ာင္းဝနားကကြၽဲတညင္းပင္ႀကီးနားကို လာခဲ့ပါ။ ေစတီတည္ဖို႔ ညီမေလးတို႔ ေပးပါ့မယ္။ ဆရာေတာ္နဲ႔ လူႀကီးတခ်ိဳ႕ ကိုလည္း ေခၚခဲ့ပါ။ ညီမေလးတို႔ ဆရာေတာ္ကိုလည္း ေလွ်ာက္ထားပါ့မယ္။ ညီမေလးတို႔ သြားေတာ့မယ္ အစ္ကိုႀကီး”
“ေအး- ေအး – အစ္ကိုႀကီး ဆရာေတာ္ကိုေလွ်ာက္ထားၿပီးေစတီတည္ ေပးပါ့မယ္”
စမ္းပါ”
“ဦးတင္ – ဦးတင္ – ဦးတင္ – အင္ဟင္၊ ဘယ္သူလည္းေဟ့” “ေအးရီပါ”
“ဟဲ့- ေစာေစာစီးစီးႀကီး ဘယ္သြားမလို႔လဲ”
“ၿမိဳ႕တက္ၿပီး ကုန္သြားတိုက္မလို႔၊ သာယာကုန္းဘက္လမ္းကို ကူးေပး
“ဟဲ့- ကူးတို႔ကူးတဲ့ ကိုေအးကို သြားႏိုးပါလား”
“ဦးေအး – ေနမေကာင္းလို႔ မထႏိုင္ဘူး။ ဒါေၾကာင့္ ဦးတင္ကို အကူ အညီ ေတာင္းရတာ”
“ေအး-ေအး-ဒါဆိုလည္း ကူးေပးရတာေပါ့ဟာ” ေအးရီမေမွာ္ဘီၿမိဳ႕တက္၍ေဈးဝယ္ရန္အတြက္ ဦးတင္ တစ္ဖက္ကမ္း သာယာကုန္း႐ြာ ကူးေပးၿပီးအျပန္ ျမစ္လယ္မွ တညင္းေခ်ာင္းဝဘက္သို႔ လွမ္းေမွ်ာ္ၾကည့္လိုက္ေသာ္တညင္းေခ်ာင္းဝတြင္မီးေရာင္မ်ားထိန္ထိန္လင္း
ေနသည္။ မီးေရာင္ထဲတြင္ မိန္းကေလးမ်ား သြားလာေနသည္ကို ဝိုးတဝါး ျမင္ေနရသည္။
နံနက္ (ရးဝဝ)နာရီထိုးတြင္ ဦးတင္ ဆရာေတာ္ေက်ာင္းသို႔ သြားၿပီး – “ဆရာေတာ္ – ဘုရားတပည့္ေတာ္ ေလွ်ာက္တင္စရာရွိပါတယ္ ဘုရား”
“ဘာေတြ ေလွ်ာက္တင္မွာလည္း ဒကာႀကီး။ ညက ညီမေတာ္ေတြ ကိစၥနဲ႔ တူတယ္၊ ဟုတ္တယ္ မဟုတ္လား… ဒကာႀကီး”
“တင္ပါ့ဘုရား – တပည့္ေတာ္ကို ညကအိပ္မက္ထဲမွာ ေစတီတည္ေပး ဖို႔ေျပာသြားပါတယ္”
တယ္”
“ကြၽဲတညင္းပင္ႀကီးနားမွာ မဟုတ္လား – ဒကာႀကီး”
“ဆရာေတာ္ကိုလည္း အိပ္မက္ေပးသလား – ဘုရား”
“ဟုတ္တယ္-ဒကာႀကီး၊ ဒကာမေလးေတြညက ဘုန္းႀကီးဆီလာသြား
“တပည့္ေတာ္ကိုလည္း ဆရာေတာ္နဲ႔ လူႀကီးေတြေခၚခဲ့ပါလို႔ ညက အိပ္မက္ေပးလို႔ လာေလွ်ာက္တာပါ ဘုရား”
“ေဟာ-ေျပာရင္းဆိုရင္း ဦးလွရယ္၊ ဦးျမရယ္၊ ဦးေမာင္တင့္ရယ္ေရာက္ လာၿပီပဲ။ အဆင္သင့္ပါပဲလား – ဒကာႀကီးရယ္”
“ကဲ-ကဲ- ဒကာႀကီးတို႔ လာထိုင္ၾက။ ဘုန္းႀကီး ေျပာစရာရွိတာနဲ႔
အေတာ္ပဲ”
“တပည့္ေတာ္တို႔လည္း ဆရာေတာ့္ဆီ ေလွ်ာက္တင္စရာရွိလို႔ လာခဲ့ တာပါ ဘုရား
“ကဲ-ကဲ-ဒကာႀကီးတို႔ ေလွ်ာက္တင္စရာရွိရင္လည္း ေလွ်ာက္တင္
စမ္းပါဦး”
“တပည့္ေတာ္တို႔ညကအိပ္မက္မက္ၾကတယ္ဘုရား။ ကေလးမေလး (၅)ေယာက္လာၿပီး မနက္က်ရင္ ဆရာေတာ္ဆီသြားပါ။ ဆရာေတာ္ ေျပာ စရာရွိလိမ့္မယ္ဆိုလို႔ တပည့္ေတာ္တစ္ေယာက္တည္း မက္တာလည္း မဟုတ္ဘူး ဘုရား။ ဦးျမနဲ႔ဦးေမာင္တင့္လည္းမက္ၾကတယ္ဘုရား။ ဒါေၾကာင့္ ဆရာေတာ္မ်ား ဘာျဖစ္သလဲလို႔ ေက်ာင္းကိုလာၾကတာပါ ဘုရား”
“ဟဲ – ေမာင္သန႔္နဲ႔ ခင္ေမာင္ဝင္း၊ တင္သန္းတို႔ပါလား။ မင္းတို႔ကလည္း ဘာလာလုပ္ၾကတာလဲ”
“တပည့္ေတာ္တို႔လည္းညကအိပ္မက္မက္ၿပီး ဘုန္းဘုန္းဆီတန္းလာ ခဲ့တာပဲ။ အိပ္မက္ထဲမွာ ေကာင္မေလး (၅)ေယာက္လာၿပီး မနက္က်ရင္ ဆရာေတာ္ဆီ သြားၾကပါ။ ဆရာေတာ္ ခိုင္းစရာရွိတာလို႔ ေျပာတယ္။ ဒီ အိပ္မက္ကို ေမာင္သန္း တစ္ေယာက္တည္း မက္တာမဟုတ္ဘူး ဘုရား။ တပည့္ေတာ္တို႔ပါ မက္တယ္ဘုရား။ ဒါနဲ႔ ထူးျခားတယ္ဆိုၿပီး ဆရာေတာ္ ဘုရားဆီ လာၾကတာပဲ ဘုရား”
“အိမ္း – ဒီလိုပဲ ျဖစ္ၾကရမယ္။ ဦးတင္ ခင္ဗ်ား ႏွမေတြကေတာ့ သူတို႔ ကိုယ္တိုင္ လူေ႐ြးေတာ့တာပဲ။ ညက ဘုန္းႀကီးလည္း အိပ္မက္ မက္တယ္။ တညင္းေခ်ာင္းဝကကြၽဲတညင္းပင္ႀကီးကိုသိတယ္မဟုတ္လား။ အဲဒီကိုသြား
ၿပီးေစတီတည္ဖို႔ပစၥည္းေတြယူရမယ္တဲ့။ ဒကာႀကီး ဦးျမင့္က စက္ေလွစီစဥ္။ ေမာင္သန္းတို႔က တူး႐ြင္းေတြ၊ ေဂၚျပားေတြ၊ ေပါက္ျပားေတြ ယူလာခဲ့ၾက။ (၉းဝဝ)နာရီထိုးရင္ သြားၾကမယ္”
တညင္းေခ်ာင္းဝေရာက္ေတာ့ ကြၽဲတညင္းပင္ႀကီးကို ထီးတည္းႀကီး
ျမင္ေနရသည္။
စက္ေလွက ကြၽဲတညင္းပင္ႀကီးေအာက္ဘက္တြင္ ဆိုက္ကပ္လိုက္ၿပီး သဲျပင္ေပၚမွ ဆရာေတာ္ဘုရားက တက္သြားသည္။ ဆရာေတာ္ေနာက္မွ ဦးေမာင္တင့္၊ ဦးလွ၊ ဦးျမင့္၊ ဦးျမတို႔ လိုက္လာၾကသည္။ ေမာင္သန္းတို႔က ေပါက္ခြၽန္းမ်ား၊ ေဂၚျပားမ်ားကို ယူခဲ့ၾကသည္။
ကြၽဲတညင္းပင္ႀကီးေအာက္ ဝါးတစ္႐ိုက္ေလာက္တြင္ ကုန္းမို႔မို႔ေျပာင္ ေျပာင္ကေလးျဖစ္ေနသည္။ ကြၽဲတညင္းပင္ႀကီး အနီးတစ္ဝိုက္တြင္ မည္ သည့္အပင္မွမေပါက္ၾကပါ။ ခပ္လွမ္းလွမ္းတြင္ ေတာစပယ္႐ုံမ်ားေတာ႐ိုင္း ပန္းပင္မ်ား၊ ၾကက္ေမာက္ပန္းပင္မ်ား၊ စိန္ျခယ္ပန္း႐ုံမ်ားေပါက္ေနၾကသည္။ သူတို႔ေနာက္တြင္ေတာ့ ကိုင္းေတာႀကီးမ်ားထူထပ္စြာေပါက္ေရာက္ေနၾက သည္။ ေတာစံပယ္ပန္းမ်ား၊ ေတာ႐ိုင္းပန္းမ်ား၊ ေရာင္စုံပန္းပြင့္မ်ား၊ ၾကက္ ေမာက္ပန္းႏွင့္ စိန္ျခယ္ပန္းမ်ား ျဖဴနီဝါျပာ ပန္းပြင့္မ်ားသည္ ေလတိုက္တိုင္း လႈပ္ယမ္း၍ပန္းနံ႔မ်ား ေမႊးႀကိဳင္ေနသည္။ အနီးအနားတြင္ က်ီးပင္ပုကေလး ေပၚသို႔ နဘူးခ်ဳံႏြယ္မ်ား တက္ေနသည္မွာ ဂူေလးတစ္ခုသဖြယ္ ျဖစ္ေနျပန္ သည္။
“ကဲ-ကဲ-ေမာင္သန႔္- ေရကူးေတာ့ေဟ့”
ဆရာေတာ္ဘုရားက ဆန္မန္းေပါက္ေပါက္မ်ားႀကဲၿပီး ပရိတ္မ်ား႐ြတ္ ဖတ္၍ ေတာေစာင့္နတ္၊ ေတာင္ေစာင့္နတ္မ်ားႏွင့္ သက္ဆိုင္သူတို႔ကို ေမတၱာမ်ားပို႔သေနသည္။ ထိုအခ်ိန္တြင္ ကြၽဲတညင္းပင္ႀကီးေပၚမွအလြန္လွ ေသာ ငွက္ကေလး (၅)ေကာင္ လာနားၿပီး သာယာနာေပ်ာ္ဖြယ္အသံေလး မ်ား တြန္ၾကဴးၿပီး ေပ်ာ္ျမဴးေနၾကသည္။
ေျမႀကီး ေလးေတာင္ေလာက္ တူးမိေတာ့ –
“ဒုတ္- ဒုတ္- ဒုတ္”
“ေဟာ – အသံျမည္လာတယ္ေဟ့”
အိုးတစ္လုံးကို ထိသြားေသာ အသံျဖစ္ေလသည္။
ခင္ေမာင္ဝင္းက ေျမစာမ်ား ယက္ထုတ္ၿပီး ေဂၚျပားႏွင့္ ေျမစာေတြကို တြင္းအေပၚသို႔ ပစ္တင္လိုက္သည္။
ေဟ့”
“ဟာ-ဒီမွာအိုးတစ္လုံးေပၚလာၿပီေဟ့။ စဥ့္အိုးမည္းကိုအေပၚတင္လိုက္
“ဟာ- ေအာက္မွာလည္း အိုးေတြရွိေသးတယ္ေဟ့”
စုစုေပါင္း (၇)အိုးရသည္။ အစိတ္ဝင္အိုးမ်ားျဖစ္သည္။
“ကဲ-ကဲ- ဦးတင္ ဖြင့္ၾကည့္စမ္း။ ဒါ -ဒကာႀကီး ႏွမေတြပစၥည္းပဲ။ ဒကာ ႀကီးပဲ ဖြင့္ၾကည့္လိုက္”
အေပၚမွာ တင္ေနေသာ ေျမစာမ်ားကို ဖယ္လိုက္ေသာအခါ အဝတ္ ျဖင့္ပိတ္ထားသည္။ အဝတ္ကို စည္းထားေသာ ႀကိဳးကိုေျဖ၍ ဖြင့္လိုက္တဲ့ အခါမွာ ဒီအိုးက ေ႐ႊဒဂၤါးေတြ အျပည့္ပဲ။ ေနာက္အိုးေတြ ဆက္ဖြင့္လိုက္ ေတာ့လက္ဝတ္ရတနာက (၂)အိုး၊ ေ႐ႊဒဂၤါးက (၃)အိုး၊ ေငြဒဂၤါးက (၂)အိုး စုစုေပါင္း (၇)အိုး ရလိုက္သည္။
“ေအာင္ၿပီ- ေအာင္ၿပီ- ေအာင္ၿပီ”
ေအာင္ၿပီဟု ေအာ္လိုက္ၾကသည္။ ဦးတင္ ဝမ္းသာလွသျဖင့္ မ်က္ရည္ မ်ားပင္ က်လာသည္။
တညင္းပင္ေပၚမွ ငွက္ကေလးမ်ားက သစ္ပင္ကို လက္ေထာက္ထား ေသာ ဦးတင္ လက္ေမာင္းေပၚတြင္ လာနားၿပီး ေ႐ႊအိုးေငြအိုးမ်ားကိုၾကည့္၍ အသံေသးေသးမ်ားႏွင့္ သံၿပိဳင္ေအာ္ၿပီး အေဝးသို႔ ပ်ံသြားၾကသည္။ ေနာက္တစ္လေလာက္အၾကာတြင္ ၿမိဳ႕မွ ပန္းရန္ဆရာမ်ား ေခၚယူၿပီး ကြၽဲတညင္းပင္ႀကီးအနားတြင္ကိုးေတာင္ျပည့္ေစတီေလးတည္ထားခဲ့သည္။ ေစတီေတာ္ေလးတည္၍ ၿပီးခါနီးဌာပနာပိတ္ၿပီး ဆရာေတာ္ႀကီးႏွင့္ သံဃာ
အမွ်အတန္းေပး
ေတာ္မ်ားကငါးပါးသီလေပးၿပီးပရိတ္ပ႒ာန္းမ်ား႐ြတ္ဆိုၿပီး ေဝလိုက္ေသာအခါ မ႑ပ္အတြင္းမွ သာဓုေခၚသံမ်ားအျပင္ ပတ္ဝန္းက်င္ ေတာပန္းပင္မ်ားေတာစပယ္ပင္႐ုံမ်ားက်ည္းပင္ပုကေလးႏွင့္ကြၽဲတညင္းပင္ ႀကီးအထက္ဆီမွ သာဓုေခၚသံမ်ားကိုမ႑ပ္အတြင္းမွ ပရိသတ္မ်ား အတိုင္း သား ၾကားလိုက္ၾကရသည္။
ဒဟတ္ကုန္း႐ြာလုံးကြၽတ္အျပင္ အလိန္လည္႐ြာ၊ သာယာကုန္း႐ြာ၊ ေရ တြင္းကုန္း႐ြာ၊ ၿမိဳ႕ေခ်ာင္း၊ ပန္းေတာ႐ြာမ်ားမွ လူမ်ားကို ငါးေျခာက္ေထာင္း ေၾကာ္၊ ငါးပိခ်က္၊ ပဲပင္ေပါက္တို႔စရာ၊ မဲဇလီဟင္းခ်ိဳတို႔ျဖင့္ ႐ြာလုံးကြၽတ္ မီးခိုး တိတ္ေကြၽးႏိုင္ခဲ့သည္။ ရန္ကုန္ၿမိဳ႕မွ တက္ငွားလာေသာစိန္ျမင့္ႏိုင္ ဆိုင္းအဖြဲ႕ ႏွင့္လည္း (၃) ရက္ ဧည့္ခံလိုက္ေသးသည္။
ဦးတင္လည္းေမာေမာႏွင့္ေစတီေလးေဘးကအုတ္ခုံေလးတြင္ ေခါင္း တင္ရင္း ေမွးခနဲ အိပ္ေပ်ာ္သြားသည္။
“ကိုႀကီး-ကိုႀကီး-ညီမေလးတို႔ သြားၾကရေတာ့မယ္။ ညီမေလးတို႔ လည္း ဘုရားတည္တဲ့ကုသိုလ္ကိုအမွ်ေပးေဝလို႔သာဓုေခၚလိုက္တဲ့အတြက္ ကြၽန္မတို႔ ဒီဘဝက ကြၽတ္လြတ္သြားပါၿပီ။ အဲဒီကုသိုလ္ေၾကာင့္ ညီမေလးတို႔ နတ္ျပည္ကို သြားၾကရေတာ့မယ္။ လာေခၚေနၿပီ၊ဟိုမွာ- ပန္းရထားႀကီးေတြ ေတြ႕လား အစ္ကိုႀကီး။ အစ္ကိုႀကီးလည္း အခုခ်ိန္ကစၿပီး တံငါအလုပ္ကို စြန႔္လိုက္ပါေတာ့။ ဆရာေတာ္ႀကီးနဲ႔ပဲေနပါ။ အစ္ကိုႀကီးတက္ႏိုင္ရင္ က်န္တဲ့ လူ႔ဘဝကို ရဟန္းဘဝနဲ႔သာ သာသနာျပဳၿပီး ေနေစခ်င္ပါတယ္ အစ္ကိုႀကီး
ရယ္”
ဦးတင္လွမ္းၾကည့္လိုက္ေတာ့လြန္စြာလွပေသာပန္းရထားႀကီးေပၚတြင္ ညီမေလးေတြ တက္သြားၾကၿပီး ပန္းရထားႀကီးက လ်င္ျမန္ေသာ အဟုန္နဲ႔ ေကာင္းကင္ကို ပ်ံတက္သြားသည္။
ဦးတင္လည္း ဝမ္းနည္းလာသျဖင့္ မ်က္ရည္မ်ား ၾကလာၿပီး – “ငါ့ကို မထားခဲ့ပါနဲ႔ – ငါ့ကို မထားခဲ့ပါနဲ႔ – ငါ့ကို မထားခဲ့ပါနဲ႔”
ေအာ္ဟစ္ၿပီး ေနာက္မွအတင္း ေျပးလိုက္သြားေသာ္လည္း ပန္းရထား ႀကီးက ေကာင္းကင္ထက္သို႔ ျမင့္တက္သြား၍ တျဖည္းျဖည္းေပ်ာက္သြား သည္။
“ဦးတင္ – ဦးတင္ – ဦးတင္ – ဘာေတြ ေယာင္ေအာ္ေနတာလဲ။ အမယ္ မ်က္ရည္ေတြေတာင္ က်လို႔ပါလား”
သည္။
ဦးေမာင္တင့္က အတင္းလွမ္းဆြဲၿပီး ဆရာေတာ္ႀကီးဆီကို ေခၚသြား
“ဟာ – ဒကာႀကီး ဒီမွာထိုင္။ အိပ္မက္ေတြ မက္ေနတာ မဟုတ္လား” “ဒကာႀကီး-ဒကာႀကီး – အရင္ဘဝက ညီမေတာ္ေတြလည္း ေစတီ ေလးတည္ၿပီးမွ အဲဒီေကာင္းမႈကုသိုလ္ေၾကာင့္ ကြၽတ္လြတ္သြားၾကၿပီ။ ဒကာႀကီးလည္းအကုသိုလ္အလုပ္ေတြကကြၽတ္လြတ္သြားၿပီပဲ။ ဒါေၾကာင့္ ဒီေစတီေတာ္ေလးကို အကြၽတ္အလြတ္ ေစတီလို႔ေခၚက်တာေပါ့။ ဘြဲ႕ေတာ္ ကေတာ့ (ေလာကမာန္ေအာင္ေစတီ)ေတာ္ေလးေပါ့ဒကာႀကီးရယ္”
ဦးတင္လည္း သူ႔တဲေလးကိုေရာ၊ ေလွေလးနဲ႔ ပိုက္ကြန္ကိုပါ ဆင္းရဲ ေသာ ျမင့္ေအးနဲ႔ ေ႐ြအိတို႔မိသားစုတို႔ ေပးပစ္ၿပီး ဆရာေတာ္ႀကီးေက်ာင္းမွာ ကပၸိယႀကီးအျဖစ္ႏွင့္ သြားေနသည္။ ေစတီေလးဆီကိုေတာ့ တစ္ပတ္တစ္ ခါ အမႈိက္မ်ားသြားေရာက္ သန႔္ရွင္းေရးလုပ္သည္။ တစ္ခါတစ္ခါ ေ႐ႊေဆး မ်ား ဝယ္ယူၿပီး သုတ္လိမ္းၿပီး ေ႐ႊသကၤန္းကပ္သည္။
တစ္ႏွစ္ေလာက္ၾကာေသာအခါတြင္ ေစတီေလး ပရဝုဏ္အတြင္း ေက်ာင္းသကၤန္းေလးတစ္ခု တည္ေဆာက္ထားသည္။ ေက်ာင္းေရွ႕ဘုရား ပရဝုဏ္အတြင္းတံျမက္စည္းလွဲေနေသာရဟန္းအိုႀကီးတစ္ပါးတည္း ေစတီ ေလးကိုဖူးေျမာ္ရင္း တညင္းေခ်ာင္းဝမွ ပန္းလႈိင္ျမစ္ကို ေငးၾကည့္ေနသည္။
ရဟန္းအိုႀကီးမွာအျခားသူမဟုတ္ေပ။တစ္ခ်ိန္ကတညင္းေခ်ာင္းဝတြင္ တံငါအလုပ္ကို လုပ္ခဲ့ေသာ ဘုရားဒကာႀကီး ဦးတင္ပင္ ျဖစ္ပါေတာ့သည္။ “ကိုယ္ေတာ္ႀကီး- ကိုယ္ေတာ္ႀကီး- ဘာေတြ ေတြးေနတာလဲ” “ဟင္ – ဒကာႀကီး ဦးျမပါလား၊ ဘယ္ကလွည့္လာတာလဲ” “ဦးပၪၥင္းႀကီးစီပဲလာခဲ့တာ ဘုရား”
“တပည့္ေတာ္ ၿခံထြက္သီးေမႊး၊ ငွက္ေပ်ာသီးတစ္ခိုင္ လာလႉတာပါ
ဘုရား”
လား”
“ဆရာေတာ္ႀကီးကိုေရာ မလႉဘူးလား”
“ဆရာေတာ္ႀကီးကို မေန႔ကတည္းက လႉၿပီးပါၿပီ ဘုရား” “ဦးျမေရ- ေစတီေလးရဲ႕ဘုရားပြဲေတာ္လည္း နီးလာၿပီမဟုတ္လား” “အခုဆို- ကိုင္းေတာႀကီးလည္းရွင္းလင္းၿပီးလမ္းေဖာက္ၿပီးၿပီမဟုတ္
“ကိုင္းေတာႀကီးကို လမ္းေဖာက္လိုက္ေတာ့ ႐ြာကလူေတြ လာရတာ လြယ္သြားတာေပါ့”
“ကဲ-ကဲ- ဦးျမ ေရေႏြးနဲ႔ ထန္းလ်က္ခဲေတြ ျမည္းစမ္းပါဦး” ဦးျမလည္း ထန္းလ်က္တစ္ခဲကို ေကာက္ဝါးလိုက္ၿပီး ေရေႏြးခြက္ကို မႈတ္ေသာက္လိုက္သည္။
“တပည့္ေတာ္တို႔လည္း ဆရာေတာ္ႀကီးနဲ႔ တိုင္ပင္ၿပီး ဘုရားပြဲကို စည္ ကားေအာင္ ရပ္႐ြာကလူႀကီးေတြရဲ႕ စုေပါင္းစီစဥ္ပါမယ္ ဘုရား။ ဦးပၪၥင္းႀကီး စိတ္ေအးေအးထားပါ ဘုရား”
“ဒါဆိုလည္း ေကာင္းတာေပါ့ ဒကာႀကီးရယ္။ ဆရာေတာ္ဘုရားရယ္ ရပ္႐ြာက လူႀကီးေတြပါ တက္ညီလက္ညီ ဝိုင္းလုပ္ရင္ စည္ကားေအာင္ ျပင္
မွာပါ”
“ေနလည္း အေတာ္ေစာင္းေနၿပီ ဘုရား။ တပည့္ေတာ္ ျပန္ပါဦးမယ္
ဘုရား”
“ေအး – ေအး – ဒကာႀကီး ဦးျမရယ္၊ လူ႔အလုပ္က တကယ္လုပ္တာက သားေႂကြးမႈ၊ မယားေႂကြးမႈေတြနဲ႔ဆိုေတာ့ ျပန္ေပဦးေတာ့ – ဒကာႀကီးေရ”
ဦးျမလည္း ညေန ေနဝင္ခါနီး ေနလုံးႀကီးကို မ်က္ႏွာမူၿပီး ႐ြာဘက္သို႔ ျပန္သြားေတာ့သည္။
ဦးပၪၥင္းႀကီးကျပန္သြားေသာ ဦးျမကိုၾကည့္ၿပီးလူ႔ဘဝ၏ရႈပ္ေထြးလွပုံ၊ သားေကြၽးမႈ၊ မယားေကြၽးမႈေတြနဲ႔ အကုသိုလ္ေတြ ျဖစ္ပုံကိုေတြးမိၿပီး မိမိ ကိုယ္တိုင္ပင္ ယခင္က မိမိအိမ္သူ သက္ထားေဒၚပန္းရွိစဥ္အခါက တစ္ေန႔ တစ္ေန႔ အကုသိုလ္အလုပ္ေတြပဲ လုပ္ျဖစ္ၾကသည္။ အကုသိုလ္အလုပ္ေတြ လုပ္ေနရင္း အနိစၥေရာက္သြားေသာ ေဒၚပန္းကို သနားေနမိသည္။ “အင္း – မပန္းလည္း အခုဆို ဘယ္ဘဝေတြေတာင္ ေရာက္ေနမလဲ
မသိဘူး”
“ဒကာမႀကီးမပန္းလည္းေကာင္းရာသုဂတိေရာက္ပါေစ။ ဦးပၪၥင္းႀကီး ညစဥ္ ေမတၱာပို႔ အမွ်အတန္းေဝပါတယ္”
မိမိလည္း လူ႔ဘဝကို စြန႔္၊ အကုသိုလ္အလုပ္ေတြစြန႔္ၿပီး ရဟန္းဘဝကို ရယူၿပီးမွပဲမိမိဘဝအတြက္စိတ္ေအးသြားရသည္။ ဒါကလည္း အရင္ဘဝက ညီမေလးမ်ားေၾကာင့္သာ ဦးတင္ ကြၽတ္ခဲ့ရျခင္းျဖစ္သည္။
ဆရာေတာ္ႀကီးရဲ႕ေမတၱာေရေၾကာင့္လည္း ဦးတင္ဘဝေရာ၊ အရင္ဘဝ
ကညီမေလးမ်ားပါမေကာင္းတဲ့ဘဝမွေကာင္းတဲ့ဘဝသို႔ေျပာင္းလဲေရာက္ရွိ
သြားေတာ့သည္။
လူတို႔ ရခဲလွေသာ ရဟန္းဘဝကို ရရွိခဲ့ေတာ့သည္။ ညီမေတာ္စပ္ခဲ့ ေသာဒကာမေလးမ်ားႏွင့္မိမိဘဝလက္တြဲေဖာ္ျဖစ္ခဲ့ေသာေဒၚပန္းႏွင့္တကြ ေဝေနယ်သတၱဝါမ်ားျဖစ္ၾကေသာ သုခိတ၊ ဒုကၡိတႏွင့္ မျမင္အပ္၊ ျမင္အပ္ ေသာ သတၱဝါမ်ားႏွင့္ အနႏၲစၾကဝဠာတြင္ မွီတင္းေနထိုင္ၾကကုန္ေသာ သတၱဝါမ်ား အယုတ္အလတ္ အျမတ္မေ႐ြး၊ အမွ် – အမွ် – အမွ် ယူေတာ္မူ ၾကပါကုန္ေလာ့။ သာဓု – သာဓု-သာဓု-
ဗုဒၶံ သရဏံ ဂစာၦမိ … ဓမၼံ သရဏံ ဂစာၦမိ …
သံဃံ သရဏံ ဂစာၦမိ …
ခြၽင္ – ခြၽင္ – ခြၽင္ – ခြၽင္ – ခြၽင္ – ခြၽင္ – ခြၽင္ – ခြၽင္ – ခြၽင္ …
ေလေျပေလညင္းကေလး တိုက္ခတ္လာသျဖင့္ ေစတီေတာ္ဆီမွ ဆည္းလည္းသံေလးမ်ားကဦးပၪၥင္းႀကီး၏ရင္ထဲတြင္ ေအးၿငိမ္းသြားေတာ့
သည္။
ဪ – ေကာင္းေလစြ – ေကာင္းေလစြ –
ေကာင္းေလစြ –
က်န္းမာ ခ်မ္းသာ၍ ေအးခ်မ္းၾကပါေစ .
-ကိုေဆာင္းဦး (အလိန္လည္ေက်း႐ြာ)