ညတစ်ညရဲ့စိတ္တဇအစွဲ(စ/ဆုံး)
——————————–
ရေပြာအင်း..ကျေးရွာမှာရခိုင်ရိုးမအနီးတွင်အိမ်ခြေ[၈၀]နီးပါးခန့်ဖြင့်တည်ထောင်ထားသော ရွာငယ်လေးတစ်ရွာပင်ဖြစ်သည်။
ရွာကလေးကား တောင်ယာ၊ ထင်းခုတ်၊
အမဲလိုက်စသော ရိုးမအား အမှီပြု လုပ်ကိုင်စားသောက်ရသောလုပ်ငန်းများဖြင့် အသက်မွေး ဝမ်းကျောင်းမူပြုကြသလို
တောင်ပေါ် ချင်း လူမျိုးများ အများစုနေထိုင်ကြ၏။
ရွာကလေးမှာ တောတောင်များကြားမှချိုင့် ဝှမ်းလွင်ပြင်တခုတွင်တည်ထားခြင်းဖြစ်ပြီး ရွာထိပ်တွင် အတန်ငယ်ကျယ်ဝန်းလှသော ပြာလဲ့လဲ့ရေ ကန်ငယ်လေးအား အစွဲပြု ကာရေပြာအင်းဟု ရွာနာမည်အား မှည့်ခေါ်ကြခြင်းပင်ဖြစ်ဟန်တူ၏ ။
ရွာကလေးကားလမ်းခရီး အခြေအနေကြောင့် တခြားနေရာမှ တစ်စိမ်းဧည့်သည်များ လာရောက်မူ နည်းပါးသလို ရွာသားများမှာ လည်းအကြောင်းကိစ္စ ကြီးငယ်ရှိမှသာ တခါတရံ မြို့သို့ သွားတတ်ကြ ၏ ။
ခြုံ၍ ပြောရလျင် ရွာသားများမှာ ဗဟုသုတအားနည်းကာရှေးရိုး စွဲယုံကြည် ကိုးကွယ်မူများ ယနေ့အထိပင်ရှိနေသေးသည်။
တောင်ပေါ်သားအများစုနေထိုင်ရာဖြစ်သောကြောင့် တခြားဘာသာ ကိုးကွယ် မူမရှိပဲနတ်ကိုးကိုယ်မူသည်
တစ်ရွာလုံး ကိုးကွယ်ရာ ဘာသာပင်ဖြစ်နေသည်။
သစ်ဝါးပေါမျ ားခြင်းကြောင့်…
တရွာလုံး ပျည်ထောင်သစ်လုံးအိမ်ငယ်လေး များဖြင့်နေထိုင်ကြသော်လည်း.ထူးခြားစွာဖြင့်
အိမ်ကြီးတစ်လုံးကရှိနေပါသည်။
ထိုအိမ်ကြီးကား ရွာနဲ့ အတန်ငယ်လှမ်းသော တောင်ကုန်းထိပ်တွင် ရှိနေသော နှစ်ထပ်တိုက်အိမ်ကြီးပင်ဖြစ်၏ ။
အိမ်ကြီးကား ရှေးနှစ်အတန်ကြာက ဆောက်လုပ်ထားခြင်းပင်ဖြစ်ကာ အတန်ငယ် ဟောင်းနွမ်း၍ ယ်ိုယွင်းစပင်ပြု နေပြီဖြစ်သည်။
ဒီလိုနေရာမျိုးတွင် သည်မျလောက်ကောင်းသော အိမ်ရှိနေခြင်းက အံ့အြသင့်စဖွယ်ပင်ဖြစ်သည်။
ထိုအိမ်ကြီးအကြောင်းသမိုင်းနောက်ခံဇတ်လမ်း တပုဒ်ကလဲ ကြောက်မက်ဖွယ်ရာ၊ သနားဖွယ်ရာများဖြင့်ရှိနေကာ ယနေ့အထိ ရွာတွင် ရှေးလူကြီးများအဆင့်ဆင့်ပြောပြလာသော ထိုဇတ်လမ်းမှာ ပုံပြင်တပုတ်သဖွယ် ပြောဆိုနေကြဆဲပင်ဖြစ်၏ ။
ကျွန်တော်မှာလည်း ကံအားလျှော်စွာ ရေပြာအင်းရွာလေးသို့ ကျောင်းနေဖက်သူချင်းအောင်မော် ဖိတ်ခေါ်၍ ရောက်ခဲ့စဉ်က သိခွင့်ရခဲ့သောထိုဇတ်လမ်းကို တဆင့်ပြန်လည်ဖော်ပြပေးလိုက်ရခြင်းပင်ဖြစ်ပါ
တော့၏ ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဦးသာဒွန်းတို့ မိသားစုမှာ
ရေပြာအင်းရွာတွင် အချမ်းသာဆုံးဟုပြောရမည်ဖြစ်သည်။
မိဘအမွေအနှစ် သစ်စက် လုပ်ငန်းများဖြင့် ဝင်ငွေကောင်း၍ စီးပွားတောင့်တင်းလာသူများ
ဖြစ်၏ ။
မိသားစုဆိုပေမယ့် သမီးလေးတစ်ယောက်သာရှိပြီး သမီးဖြစ်သူအား မြို့ကျောင်းပို့ကာပညာသင်ယူ
ခိုင်းထား၏ ။
ဦးသာဒွန်းသည်ကားအသက် [၄၀]ကျော်ခန့် သန်မာဖြတ်လတ်ဆဲမို့ သစ်ကွက်များဆီသို့ ကိုယ်တိုင်ဆင်းကာစီမံခန့်ခွဲတတ်သော သူဖြစ်သည်။
မိန်းမဖြစ်သူမှာကား တခြားရွာသူတစ်ယောက်ဖြစ်သည့်အပြင် နဂိုကပင်ခပ်အေးအေးနေတတ်သူမို့ အပြင်သိပ်မထွက်ပဲအိမ်တွင်သာအနေများတတ်သူ
ဖြစ်၏ ။
ထိုသို့နေလာကြရင်းမှ ….
ဦးသာဒွန်းတစ်ယောက် …..
အခုတလောအရက်များအား နေ့စဉ်ရက်ဆက်သောက်နေသလို ..လူစိမ်းဧည့်သည် တစ်ယောက်စ နှစ်ယောက်စအားလည်း မကြာ ခန သူ့အိမ် ဝင်ထွက်သွားလာနေသည်ကို
ရွာသားများတွေ့နေရ၏ ။
သို့သော်လည်း ရွာသားများမှာ အထူးအထွေ စိတ်ဝင်စားမူမပြကြပေ ။ အကြောင်းကား သစ်လုပ်ငန်းဖြင့် လူစိမ်းများ ဝင်ထွက်သွားလာတတ်ကြသောကြောင့်ပင်။
သို့သော်လည်း …
ယခုလူများမှာ ကုန်သည်ပွဲစားများနဲ့ မတူပဲ တိုင်းရင်းဆေးဆရာ၊ ပရောဂဆရာများပုံစံများ ဖြစ်နေခြင်းအတွက်၊အနည်းငယ်ထူး
ဆန်းမူဖြစ်နေ၏ ။
ဦးသာဒွန်းတစ်ယောက်ကား ယခုတလော လုပ်ငန်းကိစ္စများ ကိုလူလွဲဖြင့်ထားလျှက် အိမ်မှမခွာပဲ တစုံတခုကို စိတ်ညစ်နေဟန်ဖြင့် အရက်ချည်းနေ့ညမရှောင်သောက်နေပါ
တော့၏ ။
တခြားလူများအားလည်း အိမ်သို့ အလာမခံတော့ပဲ အိမ်တခါး ခြံတခါးများ ပိတ်ထားတတ်ပြန်သည်။
ဒီလိုအချိန်မျိုးမှာမှ မြို့တွင်ကျောင်းတက်နေသော သမီးဖြစ်သူ အသည်းအသန် နေမကောင်းဖြစ်နေသည်ဟု လူကြုံဖြင့် သတင်းကြားရသောကြောင့် မြို့တက်ရန်ပြင်ဆင်ရတော့၏ ။
အိမ်အတွက်လည်း စိတ်မချတာကြောင့် ညအိပ်ညနေစောင့်ရန်ယုံကြည်စိတ်ချရသော လူတစ်ယောက် အား
ညစောင့်အဖြစ်ထားခဲ့ရန်စီမံနေတော့၏ ။
“တင်အေး …ဦးလေးတို့လင်မယား မနက်အစောကြီးမြို့သွားစရာ ရှိလို့ မင်းကို အိမ်စောင့် ထားခဲ့မယ်..
ညကျ မှာ တချက်လာအိပ်ပေးရုံပဲ… ရော့… ဒီမှာ ခြံတခါးသော့
ရော့ …ဒီမှာ မင်းညအိပ်စောင့်ပေးခ…..”
ဦးသာဒွန်းက ရွာထဲမှာ လူငယ်တစ်ယောက်အားအိမ်ညစောင့်ပေးရန် ပြောနေခြင်းပင်ဖြစ်သည်။
“ဒါနဲ့ မြို့သွားမှာ ဒေါ်လေးရောလိုက်မှာလား ကျွန်တော်ကဘယ်နှစ်ညစောင့်အိပ်ပေးရမှာလဲ ”
“အင်းမသွားမဖြစ်လို့သာ သွားရမှာ မင်းဒေါ်လေးလည်း သူ့သမီးကိုခွဲနေရတာကြာတော့ လိုက်မှာ မနက်ဖြန်တညတည်းပါကွာ နောက်တရက်နေ့လည်လောက် ဦးလေးတို့ အရောက်ပြန်လာခဲ့ပါ့မယ်……”
“ဟုတ်ကဲ့ ဦးလေး အိမ်အတွက်ဘာမှ မပူပါနဲ့ ကျွန်တော် သေချာစောင့်ပေးပါ့မယ်….”
“အော်…ဒါနဲ့ မင်းကိုတစ်ခုမှာရအုံးမယ်…မင်းခြံထဲက တန်းလျားမှာပဲ စောင့်နော် အိမ်ကို သော့ပိတ်ခဲ့မယ် ဘာသံကြားကြား စပ်စုပြီး မကြည့်မိပါစေနဲ့…”
“အင်း..ဘာတွေ ရှိလို့လဲ ဦးလေးရ”
ဦးသာဒွန်းက တင်အေးအမေးစကားကြောင့် မျက်နှာထားတင်းမာကာ လေသံပြတ်ပြတ်ဖြင့် …
“မကြည့်နဲ့ ဆိုမကြည့်နဲ့ပေါ့ကွာ …”
“အင်းပါ ..ဦးလေးရာ ..မကြည့်စေချင်တာ မကြည့်တော့ပါဘူး..”
“အေး …ငါစိတ်ချမယ်နော် တင်အေး ငါသွားပြီ ”
ဦးသာဒွန်းက တင်အေးအားနုတ်ဆက်ကာ ယိုင်ထိုးယိုင်ထိုးဖြင့် ပြန်သွားပြီဖြစ်သည်။
တင်အေးကားသူလက်အတွင်း ဦးသာဒွန်းပေးခဲ့သောငွေစက္ကူ များက်ိုကြည့်ရင်းပျော် ရွင်စွာဖြင့်ရှိနေသည်။
တညလေးညစောင့်ပေးရုံဖြင့်ရရှိသော ငွေကြေးမှာ သူသုံးရက်လောက် လုပ်ရသော အလုပ်ဝင်ငွေနဲ့ အတူတူဖြစ်နေသောကြောင့်ပင်ဖြစ်သည်။
တင်အေး စိတ်ထဲ ဦးသာဒွန်း သဘောကောင်းလွန်းလှသည်ဟု ထင်နေမိသည်။
တကယ်က တင်အေးသည် မိမရှိဖမရှိ တရွာလုံးက ဟိုအိမ်က အလုပ်ကလေးကူလုပ်ပေး ၊ ဒီအိမ်အလုပ်ကလေးကူလုပ်ပေးဖြင့် အလုပ်လုပ်
ပေးရာအိမ်မှကျွေးမွေးသော ထမင်းကိုစားသောက်
နေသောသူဖြစ်၏ ။
နောက်တခုကားတင်အေးကို တရွာလုံး ဂရုနာ သက်ကာ၊ သနားကြသော အချက်တခုလည်းရှိနေသေးသည်။
ထိုသည်မှာကားတင်အေးသည် ကျပ်သိပ်မပြည့်သောအတွက်ကြောင့်ပင်ဖြစ်သည်။
တင်အေးကား ထင်းခွဲ ရေခပ်ဖြင့် ဖင်ပေါ့၍ ခိုင်းကောင်းခြင်းကြောင့် တရွာလုံးသည် သူ့စားအိမ်သောက်အိမ်ပင်ဖြစ်သည်။
နောက်တစ်နေ့။
ဒီနေ့အတွက်တော့ တင်အေးသည် ညနေစာအား သူရေခပ်ပေးသော အိမ်တစ်အိမ်မှ စားလာရင်း ရွာဗွီဒီယို ရုံဖက်ဆီ ခြေဦးလှည့်လာခဲ့သည်။
တင်အေးကား ရွယ်တူများက သူ့အားအပေါင်းအသင်းမလုပ်ကြသောကြောင့် ခလေးများကသူ့ သူငယ်ချင်းဖြစ်သလို ဗွီဒီယို ကြည့်ရသည်ကိုလည်း အထူးတလည် နှစ်ခြိုက်သော သူဖြစ်သည်
ဒီညအတွက် ရှစ်နာရီမှ ဇတ်လမ်းပြသောကြောင့် တင်အေးလည်း ဗွီဒီယို ဝင်ကြည့်ရင်း ဇတ်လမ်းပြီးတော့ ဆယ်နာရီ ခန့်ရှိနေပြီဖြစ်သည်။
တင်အေးလည်းဗွီဒိုယို ဇတ်လမ်းထဲအာရုံရောက်နေသောကြောင့် ခုမှ ဦးသာဒွန်းအိမ်တွင် စောင့်အိပ်ရမည်ကို သတိရတော့သည်။
ထို့ကြောင်ထိန်လင်းစွာနေ့ဖက်နဲ့မခြားသာနေသော လရောင်ဖြင့် ခပ်သွက်သွက် ခြေလှမ်းများလှမ်းကာ ရွာပြင်ဖက်တွင်ရှိသော ဦးသာဒွန်းအိမ်ဆီသို့ လျောက်လာခဲ့တော့သည်။
လမ်းတလျှေ ာက်တွင်သူဒီညကြည့်လာခဲ့သော ဗွီဒီယိုဇတ်ကား မလေးရှား စုန်းမ ကားမှ အူအသည်းများအားဖောက်ထုတ်နိူက် စားသော ဆံပင်ဖားလျားဖြင့် ကြောက်မက်ဖွယ်ရာ သရဲမရုပ်သွင်အားမြင်ယောင်ကာကျောချမ်းနေမိ
၏။
အဝေးဆီမှ ဆွဲဆွဲငင်ငင်အူလိုက်သော ခွေးအူသံသည်လည်း ယခင်နေ့များကသတိမထားမိသော်လည်း ယခုညအတွက်မူကား ကြောက်ရွံ့နေသော တင်အေးစိတ်ကို ပို၍ ခြောက်ခြားနေစေသလို၊ လှေတချက်အတိုက်တွင် လူပ်ယမ်းသွားသော ခြုံနွယ် ပိတ်ပေါင်းများသည်လည်း..မကောင်းဆိုးဝါးကောင်ကြီးများ မြူး တူးပျော်ပါးကခုန်နေသယောင်ထင်နေမိသည်။
ကြောက်ရွံ စိတ်ဖြင့် တွေးတောကြည့်ပါက တောရွာသဘာဝညဆယ်နာရီကျော်ခန့် တစ်ရွာလုံးတိတ်ဆိတ်ကာ အိပ်စက်နေကြချိန် ရွာပြင်တစ်ယောက်တည်းရောက်နေသော တင်အေးကား လောလောလတ်လတ် သရဲကားကြည့်လာမိခြင်းကြောင့် သာ၍ပင်ကြောက်နေမိသည်။
ခြံတခါးအားပါလာသော သော့ဖြင့်ဖွင့်လိုက်ရင်း ဦးသာဒွန်းတို့ အိမ်ကြီးအား တချက်လှမ်းကြည့်လိုက်တော့ အိမ်ကြီးကားလရောင်အောက်တွင် မကောင်းဆိုးဝါးကောင်ကြီးတစ်ကောင် အိပ်နေသယောင်ထင်မြင်နေမိသည်။
ခြံဘေးဖက်တွင်ဆောက်လုပ်ထားသော တန်းလျားဆောင်ဘေးသို့ လျောက်လာရင်း တန်းလျားပေါ် မတက်တော့ပဲ အသင့်ရှိသော ထိုင်ခုံပေါ် ထိုင်ချ လိုက်ရင်း ပါလာသော ဆေးပေါ့လိပ်အား မီးညှိကာ မီးခိုးတထောင်းထောင်းထအောင် ဖွာရိူက်နေမိသည်။
” အီး……အီး……ဟီး…..ဟီး…..”
အိမ်ဖက်ဆီမှ
ညည်းညူ သံကြီးတစ်ခုကို ကြားလိုက်ရတာကြောင့် တင်အေး ခေါင်းဆတ်ခနဲ ထောင်သွားကာ ကြက်သီးမွေးညှင်းမျ ားပင်ထသွားမိသည်။
ကြက်သီးထစဖွယ် ညည်းညူသံ ကြီးသည် တိုးညှင်းစွာဖြင့် ညည်းညူ နေခြင်းဖြစ်သော်လည်း တိတ်ဆိတ်နေသော ညဖြစ်တာကြောင့် အဆက်မပြတ်ကြားနေရပြန်သည်။
တင်အေး လည်းကြောက်လန့်စိတ်နဲ့ အတူ နေရာမှ မရွေ့မိပဲ ကြောင်ငေးကာ အသံကြားရာဖက်သို့ ကြည့်နေမိသည်။
ထိုစဉ်မှာပင်.. ….
လေတချက်အဝှေ့တွင် ပုတ်အက်အက် အနံများ သူနှာခေါင်းအတွင်း တိုးဝင်လာပြီး အိမ်နောက်ဖေးဖက် လရောင်မကျရောက်နေရာမှလူ ရိပ်တစ်ခုသည် တရွေရွေ့ဖြင့် တင်အေးဆီသို့ ချည်းကပ်လာနေသည်။
အပုတ်နံ့များကား တဖြည်းဖြည်း ဆိုးရွားစွာ နံလာလျက် အိမ်ဘေးမှောင်ရိပ်ဆီမှ လူရိပ်သည် လရောင်ကျသောနေရာသို့ လှမ်းထွက်လိုက်သည်။
ထိုလူရိပ်မှာ တင်အေးနဲ့ ခြေဆယ်လှမ်းအကွာမျသာ ရောက်မှ တင်အေးမှာထိုသူအားတွေ့ကာ နေရာမှာပင် ခေါင်းနပန်းများကြီးလျှက် ကြောက်ရွံ့စိတ်ဖြင့်အော်ဟစ်လိုက်သော သူ့အသံများသည်။
လည်ချောင်းဝတွင်တစ်ဆို့ပျေက်ကွယ်ကုန်ကြတော့သည်။
လရောင်ကြောင့် ထိုလူ၏ရုပ်သွင်အားသေချာမြင်တွေ့နေရသည်။
ထိုလူသည် မိန်းမတစ်ယောက်ဖြစ်ကာ အဝတ်အစားဖိုသီဖတ်သီ ဝတ်ဆင်ထားပြီး….
ဆံပင် ဖိုးရိုးဖားလျားက မျက်နှာပေါ် တချို့တဝက်ကျဆင်းနေကာ ဆံပင်စမကွယ်ပဲရှိနောမျက်နှာပြင်မှာမီးလောက်ဒဏ်ရာကဲ့ သို့ အနာများရှိနေပြီး ထိုအနာများမှတဆင့် အရည်များထွက်နေသည်။
ထိုမိန်းမ၏ လက်ခြေထောက်စသော နေရာများတွင်ထိုဒဏ်ရာမျိုးက အသားအနှံ့နေရာမလပ်ရှိနေသည်။
ထိုမ်ိန်းသည် တဟင်းဟင်း တဟီးဟီး ညည်းတွား သံပြု ရင်း တင်အေး အနီးသို့ နီးကပ်လာခဲ့ပြီဖြစ်သည်။
အပုတ်နံ့ကြီးသည်လည်း အသက်ပင်ရူမရလောက်အောင် တင်အေးနှာခေါင်းအတွင်းသို့ တိုးဝင်လာတော့သည်။
တင်အေးနဲ့ ထိုအမျိုးသမီးလက်တကမ်းအကွာလောက်အရောက်မှ တင်အေးတစ်ယောက်ပြေးရန်သတိရပြီး ထိုင်ခုံပေါ် မှထပြေးရန်အလုပ် ဝရုန်းသုန်းကားထခြင်းဖြစ်သောကြောင့် ထိုင်ခုံနဲ့တိုက် မိပြီး လူလည်း ဝရုန်းသုန်းကားလဲပြိုသွားတော့သည်။
တင်အေး လဲကျနေရာမှထရန်အားအယူ သူ့အပေါ်ကျနေသောလရောင်အားအရိပ်တစ်ခုကွယ်သွားသည်။
ထိုမိန်းမသည် လဲကျနေသော တင်အေးအား အပေါ်မှစီးမိုး ကြည့်နေခြင်းပင်ဖြစ်ပြီး အပုတ်ရည် များသည် တတောက်တောက်ဖြင့် တင်အေး မျက်နှာပေါ် ကျနေလျက်ရှိသည်။
“အား….သရဲမ…ငါ့အနားမလာနဲ့…သွား”
တင်အေး အသံကုန်အော်လိုက်ခြင်းဖြစ်ပေမယ့် သူ့အသံမှာ၊အော်သံအဖြစ်မပြောင်းလဲပဲရှပ်ပြာပြာ အသံအဖြစ်သာ ပြောင်းလဲကာ ထွက်ပေါ်လာ
လျက်ရှိနေ၏ ။
ထိုမိန်းမသည် တဖြည်းဖြည်း တင်အေးနဲ့ နီးကပ်အောင် ခါးကိုင်းကာ ငုံလာသည်ကိုသာနောက်ဆုံးအနေနဲ့တွေ့လိုက်ရပြီးကြောက်ရွံထိတ်လန့်စိတ်များပင် တင်အေးတစ်ယောက် လူပ်ရှားမူကင်းမဲ့စွာ ငြိမ်သက်သွားတော့သည်။
~~~~~~~~~~~~~~~~{{{~~~~~~~~~~~~~~~~
“အဘ နောက်ဘယ်လိုတွေဆက်ဖြစ်သွားလဲ ကိုတင်အေးတွေ့တာကကော သရဲမလား”
နှစ်ထပ်အိမ် ကြီးဇတ်လမ်းအားနားထောင်နေရင်းမှ ထိုဇတ်လမ်းပြောပြနေသော အဘိုးကြီးက ရပ်လိုက်တာကြောင့် ကျွန်တော်အားမလို အားမရ မေးလိုက်မိခြင်းပင်ဖြစ်သည်။
ထိုအဘိုးကြီးက ရေနွေးကြမ်းတခွက်ငှဲ့သောက်လိုက်ရင်း ကွမ်းအစ်ထဲမှကွမ်းတယာ ထုတ်ယာစားနေသည်မှပင် သိချင်စိတ်ပြင်းပြနေသော ကျွန်တော်အတွက် တကမ္ဘာလောက်ကြာသည်ဟု ထင်နေမိသည်။
“အင်း ..တကယ်က တင်အေးတွေ့လိုက်ရတဲ့ အမျိုးသမီးဟာ သရဲမ မဟုတ်ပါဘူး ဦးသာဒွန်းဇနီးပါပဲ”
“ဗျာ…ဦးသာဒွန်း မိန်းမ ဟုတ်လား အဘ ဘယ်လိုဖြစ်လို့ ဦးသာဒွန်းမိန်းမက သရဲမဖြစ်နေရတာလဲ”
“အော်လူလေး…
နားရူတ်သွားပြီလား တကယ်က ဦးသာဒွန်းမိန်းမဟာ ထူးဆန်းတဲ့ရောဂါ ခံစားနေရတယ်
တကိုယ်လုံးမီးလောင်ဖုလို ဒဏ်ရာတွေ ထွက်ပြီးပေါက်ထွက်လာတဲ့အရည်ကြည်တွေဟာ အင်မတန် ပုတ်စော်နံတယ်…..ဦးသာဒွန်း ဟာ ဒီကိစ္စ ကိုလူတွေသိမှာ ရှက်လို့ တခြားနယ်က ဆရာတွေနဲ့ ကြိတ်ကုနေတာ….
“ဗျာ…အတော်ထူးဆန်းတဲ့ရောဂါမျိုးပဲနော်..အဘ”
“အင်းဟုတ်တယ် လူလေး သူ့မိန်းမဟာ ဒီရောဂါကြောင့် စိတ်ဓတ်ကျ ရူးသွပ် နေသလို ဖြစ်နေလို့ အခန်းတခုထဲ တံခါး ပိတ်ပြီး ထားရတာ….
သူ့သမီးအရေး ကိစ္စပေါ်လာတော့ မြို့တက်ဖို့လုပ်ရတော့
မြို့ကို သူ့မ်ိန်းမ ခေါ်သွားဖို့ မဖြစ်နိုင်တာနဲ့ အခန်းထဲတခါးပိတ်ပြီး မြို့ကို လင်မယားနှစ်ယောက် သွားတယ်ဆိုပြီး သတင်းလွင့်ပြီး မနက်အစောကြီး
ဘယ်သူမှမနိုးခင် သူတယောက်တည်းမြို့က်ိုထသွားတော့တာ..ကြာထဲကတင်အေးက မြေစာပင်ဖြစ်ရတာပေါ့ကွာ…”
“ကိုတင်အေးနဲ့ ဦးသာဒွန်း မိန်းမနောက်ဆုံးဘယ်လိုဖြစ်သွားလို့လဲ အဘ”
“တင်အေး ဟာ နေရာမှာတင်ကြောက်လန့်စိတ်ကြောင့် နှလုံးသွေးရပ်ပြီးသေသွားခဲ့တယ်…….တကယ်သနားစရာပါကွာ……
ရွာကတော့ဘယ်သူမှတင်အေးသေနေတာ မသိလိုက်ပါဘူး…နောက်ဆုံး ..ဦးသာဒွန်း မြို့ကပြန်လာမှသိတာ…
သူ့မိန်းမဟာလည်း ခြေဦးတည့်ရာ လျောက်သွားရင်း အိမ်နောက်ဖေးတောထဲကချောက်ထဲ ပြုတ်ကျသေနေတာတွေ့.လိုက်ရတယ်……..
နောက်ဆုံး ဒီအကြောင်းတွေကို ဦးသာဒွန်းက ရွာလူကြီးဆီမှာအကြောင်စုံလာပြောပြ ပြီး …..
တင်အေး နဲ့ သူ့မိန်းမအလောင်းကို သေချာမြုတ်နှံပေးပြီး
သူလည်း …အဲနေ့ကစ အိမ်ကို ပစ်ထားခဲ့ပြီး မြို့ပြောင်းသွားတော့တာပါပဲ….”
အဘိုးကြီးကသူ့ဇတ်လမ်းအားထိုနေရာတွင်အဆုံးသတ်လိုက်တော့သည်။
ကျွန်တော့်အနေနဲလည်း ဇတ်လမ်းအဆုံးတွင် စိတ်မကောင်းဖြစ်ကာ သက်ပြင်းမောချမိရင်း ကံကြမ္မာ ၏သားကောင်နှစ်ကောင်ဖြစ်ခဲ့ရသော တင်အေးနဲ့ ဦးသာဒွန်းမိန်းမနောက်နောင်ဘဝတွင်ထိုကဲ့သို့သော အဖြစ်ဆိုးများ မကြု ံတွေ့ကြပါစေနဲ့ ဟုတီးတိုးဆုတောင်းလိုက်မိပါတော့သတည်း။
~~~~~~~~~~~~~~~~~~~~~း
[ပြီးပါပြီ]
ကြိုးစားလျှက်………
မြူခိုးအလင်္ကာ