အမှား၏နောက်ကွယ်

*အမှားတစ်ခုရဲ့ နောက်ကွယ်*📖📖📖

***********************************
==================

စ/ဆုံး

သူ့နာမည်က ဖိုးစီ အသားက မဖြူမမဲ အရပ်က မရှည် မတို ရုပ်ရည်က မဆိုးမလှ သူရဲ အလှဆုံးနဲ့ အကောင်းဆုံးက စိတ်ထားပါ အသက်အားဖြင့် ၂၇ နှစ် အိမ်ထောင်မရှိ ရည်းစားဆို ဘာမှန်းမသိတဲ့ လူပျိုကြီး ဒါပေမဲ့ အိမ်ထောင်ရှိသူတွေထက်ပိုပြီး တာ၀န်ကြီးသူ ရောဂါသည် အမေ နဲ့ ကျောင်းတက်နေတဲ့ ညီမလေးနှစ်ယောက်ကို လုပ်ကိုင်ကျွေးမွေးနေပါသည် အောင်သာ ရပ်ကွက်တွင်တော့ ဖိုးစီဆို လူတိုင်းသိသည် သူရဲ့လူတိုင်းပေါ်ထားတဲ့ စေတနာက သူ့ကို ထိုရပ်ကွက်လေးကလူတွေ ချစ်ကြသော တစ်ခုတည်းသော အကြောင်းတည် ဖိုးစီနေသာ အောင်သာရပ်ကွက်ထဲက ခမ်းနားမှု့သိပ်မရှိသော အိမ်လေးထဲတွင်

“သားကြီးဖိုးစီ မင်းတစ်နေ့ တစ်လေ လေးနားပါဦးလားကွယ် မင်း အလုပ်က မသက်သာဘူး နေက ပူ တွန်းလှည်းကြီးက လည်းတွန်းရ ပင်ပန်းပါတယ် ကွယ် တခြား အလုပ်လေးပြောင်းပါလား သားကြီးရယ်

ဖိုးစီ အမေ ဒေါ်မြမြ ကပြောတော့ ေ ဒ်ါမြမြ ဘေးမှာ ရှိသော ဖိုးစီ ညီမ တက္ကသိုလ် ကျောင်းသူလေး ဖြစ်သော ယဉ်နွယ်စိုး က သူမ အမေ ပြောတာကို ထောက်ခံ လိုက်ပါတော့သည်

“ဟုတ်တယ် ကိုကြီး နောက်အလုပ်ပြောင်းပါလား”

“ဘာလဲ ညီမ က ကိုကြီး အလုပ်ကို ရှက်လို့လား”

ဖိုးစီ ရဲ့ စကားကြောင့် ယဉ်နွယ်စိုး ထိပ်ထိပ်ပြာပြာဖြစ်သွားပြီး

“ဟာ မဟုတ်ပါဘူး ကိုကြီးရယ် ကိုကြီးပင်ပန်းလို့ ပါမရှက်ပါဘူး ကိုကြီး ညီမ ဖြစ်ရတာ အမြဲ ဂုဏ်ယူနေတာပါ”

ဖိုးစီ သူ၏ ညီမ ပြောစကားကြောင့် ဝမ်းသာသွားကာ

“ကိုကြီးမှာ အရမ်း လိမ်မာ တဲ့ ညီမတစ်ယောက် ရထားတာပဲ “

“အဲ့ဒါဆို ညီမလေးက မလိမ်မာဘူးလား ကိုကြီး”

အသံ နှင့်အတူ ဖိုးစီ ရဲ့ ညီမ အငယ်ဆုံးလေး ပိုးပိုး ဖိုးစီနား လာထိုင်ရင်းပြောလိုက်ချင်းဖြစ်သည်

“ညီမလေး ဘယ်က ပြန်လာတာလဲ “

“ကျူရှင်ကပါ ကိုကြီး ဘာလဲ မမ တစ်ယောက် ထဲ လိမ်မာ တာပေါ့ ညီမလေးက မလိမ်မာဘူးလား အဲ့ဒါဆို ညီမလေး ကမလိမ် မာ ဘူးပေါ့ဟုတ်လား ကိုကြီး”

အငယ်ဆုံး ပိုးပိုးလေးရဲ့ စကားကြောင့် အားလုံး သဘောကျနေကြသည် ဖိုးစီက အနားမှာ ရှိသော ပိုးပိုးလေးရဲ့ ခေါင်းကို ပွတ်လိုက်ပြီး

“ကိုကြီးရဲ့ ညီမလေးက လည်း လိမ်မာ ပါတယ်ဗျာ အလိမ်မာတုံးလေးပါပဲ ကွာ”

ဖိုး စီ ရဲ့စကားကြားမှ ပိုးပိုး တစ်ေ
ာက် ပျော်ရွှင်သွားကာ

“ဒါမှ တို့ ကိုကြီးကွ”

သူတို့ မိသားစု အားလုံး ပိုးပိုးကို ကြည့်ပြီး ရယ်နေကြသည် သူတို့ အားလုံးရဲ့ မျက်လုံးထဲ မှာတော့ နွေးထွေးပြီး ချစ်ချင်းမေတ္တာတွေ ပြည့်နေတယ် ဆိုတာ ပုံဖော်နေပါတော့သည်

နေ့လည် နေအပူချိန်နဲ့ အတူ တွန်းလှည်းလေးလေး တစ်စီး တရွေ့ရွေ့ သွားနေပါသည် တွန်းလှည်းလေးစီ မှ မှောင်းသံလေးက ပြန့်လွင့်နေပါသည်

“မှောင် …မှောင်..”

ထိုသံ ကြားရင်ပဲ အချဉ်ပေါင်းသည် ဆိုတာ လူတိုင်းသိကြပါသည်

“အချဉ်ပေါင်းသည်ခဏ “

အသံ ခပ်စာစာ နဲ့ ဖိုးစီကို လှမ်းတား လိုက်သဖြင့် တွန်းနေသော လှည်းကို ရပ်လိုက်တော့သည်

“ဟုတ်ကဲ့ ဘာစားမလဲ ခင်ဗျ “

“ကျမ ကို သရက်သီးသုပ်ပေး သန့်သန့်လေးသုပ် နော်”

“ဟုတ် ကဲ့ပါခင်ဗျ”

ခေတ်ဆန်ဆန် အဝတ်အစားကို ဝတ်စားထားပြီး အသက် ၂၅ နှစ်ခန့် အမျိုးသမီး တစ်ဦး ဖိုးစီ ထံမှ အချဉ်ပေါင်းဝယ်ချင်းဖြစ်သည်

“ရပါပြီအမ ၃၀၀ ပါ”

“အော် အေးအေး ရော့ရော့ “

ငါးရာတန် အသစ်လေး တစ်ရွက်ထုပ်ပေးလိုက်ရင်ဖြင့် ဖိုးစီ ၂၀၀ ပြန်အမ်းဖို့ လိုက်ရှာပေမဲ့ မရှိပါ

“အမ ကျနော့် မှာ ၂၀၀ တန် မပါဘူးဗျ ကျနော် သွားလဲ “

ဖိုးစီ စကားမဆုံးခင် ထိုအမျိုးသမီးက

“ရတယ် လဲ မနေနဲ့ ယူထားလိုက်ပါ “

ဖိုးစီ ဘာမှ ပြန်ပြော ချိန်မရလိုက်ပါ ထို အမျိုးသမီးက ခပ်မြန်မြန်ထွက်သွားကြောင့်တည်

ဖိုးစီလည်း တွန်းလှည်လေးကို တွန်း၍ ဆက်သွားနေပါသည် တစ်နေရာ အရောက် သူရဲ့ လှည်းလေးကို ငေးနေသော ကောင်လေးတစ်ယောက် ကိုတွေ့ လိုက်သည် ဘူးခွံ တွေ လိုက်ကောက်သောကောင်လေးဖြစ်ပါသည် ဖိုးစီ လည်း ကောင်းလေး နဲ့ မလှမ်းမကမ်းတွင် လှည်းအား ရပ်လိုက်ပြီး

“ညီလေး မင်းအချဉ်ပေါင်း စားချင်လို့လားကွာ”

ကောင်လေး ခေါင်းညိတ် ပြလိုက်သည်

” ဘာစား မလဲ ပြောလေ”

“ကျနော့် မှာ ပိုက်စံ မရှိဘူး အကို ကျနော် ဘူးခွံတွေ မရောင်းရသေးဘူး”

“ရပါတယ် ကွာ ငါ အလကားပေးပါမယ် ဘာစားချင်လို့လဲ “

“သရက်သီး သုပ်”

“ခဏစောင့်ပါ”

ဖိုးစီ သရက်သီးအား ၃၀၀ ဖိုးသုပ်လိုက်သည် အစောက သူအားပေးခဲ့ သော ၂၀၀ နှင့် သူက ၁၀၀ ဖိုးပေါင်းပြီး ၃၀၀ ဖိုး သုပ်လိုက်ချင်းဖြစ်သည် ပြီးသောအခါ ကောင်လေးအား ပေးလိုက်ပြီး

“ညီလေး မင်းကို အမကြီး တစ်ယောက်က ဝယ်ကျွေးတာကွ အကို သွားတော့မယ်”

ဘူးခွံကောက်သော ကောင်လေး ဖိုးစီရဲ့စကားကြောင့် ဟိုကြည့် ဒီကြည့်လုပ်ရင်း သရက်သီးသုပ် အိပ်လေးဆွဲကာ ကျန်ရစ်ခဲ့ပါတော့သည်

ဖိုးစီ သူရောင်းနေကြ နေရာတွေ ကို စုံအောင် သွားပေမဲ့ သိပ်မရောင်းရပါ ထိုအချိန် တွင် လူးတစ်ယောက် ရောက်လာပြီး

“ခြောက်သီးသုပ် ၅၀၀ ဖို့လောက်ဗျ”

“ဟုတ်ကဲ့အကို ခဏစောင့်ပါ”

“ရပါတယ် အေးစေးလုပ်ပါ ငရုတ်သီးစပ်စပ်လေး လုပ်ဗျာ”

ဖိုးစီ လည်း သူလုပ်စရာ ရှိတာ တွေကို လုပ်နေပါသည် ဘေးမှ စျေးဝယ်လာသောသူက သူဆောင်းထားသော ဦးထုပ်ကို ချွတ်လိုက်ပြီ ယပ်ခက် နေရင်း

“အတော် ပူတာပဲ ဗျာ နော့် “

“ဘယ်လို ပြောလိုက်တာ လဲ ဗျာ ပူတာ ပေါ့ ဒါပေမဲ့ အပြင်က အပူက ကျနော် စျေးရောင်း မကောင်းလို့ အပူကိုတော့ မမှီပါဘူးဗျာ”

ဖိုးစီ ရယ်ရင်းပြော လိုက်တာကို စျေးဝယ်သူက သဘောကျသွားသည်

“ကို့ ဆရာ စျေးရောင်းမကောင်းဘူး ထင်တယ်”

“ဘယ်လို ပြောလိုက်ပါလိမ့် အမှန်ပေါ့ဗျာ အရင်က ဒီနားမှာ အလုပ်သမားတွေ ရှိတော့ ရောင်းရတယ် ဗျ အခုဆောက်နေတဲ့ တိုက်တွေက ပြီးသွားပြီ ဆိုတော့ သိပ်မရောင်းရတော့ဘူးဗျ”

“အဲ့ ဒါတော့ ဟုတ်တယ် ဗျ ကနော် တို့ မြန်မာတွေ ရဲ့ ထုံ စံ အရ ပင်ပန်းပြီး ပူနေရင် အချဉ်လေးအစပ်လေးနဲ့ မှ အမောပြောတာပေါ့ ဘဝသမားတွေပဲ လေဗျာ ဖာလူဒါ တို့ ဘာတို့ တော့သောက်ချင်တာပေါ့ ချဉ်စပ် ကလေးက လည်း ကျုပ်တို့အတွက် အမောပြေစေတယ် ဗျ”

“အေးဗျာ ခင်းဗျားတို့ က ကျနော် ကျေးဇူးရှင်တွေပါပဲ ခင်ဗျားတို့ကိုပဲ အားကိုး နေရတာလေ”

“ဒါနဲ့ မြို့ ပြင်မှာ အဆောက်ဦးဆောက်နေတယ် ဗျ အကြီးကြီးပဲ အဲ့ သွားရောင်ရင် ခင်ဗျားရောင်းကောင်းမှာ သေချာတယ် အဲ့ ဘက်ကစျေးသည်ရှားတယ် ဗျ အလုပ်သမား တွေကတော့အများကြီး တခြားသူတွေ တော့ သိပ်သွားလေ့မရှိဘူး အဲ့ဒါခင်ဗျား ဂွင်နော် သွားပါလား”

“စိတ်တော့ ဝင်စားတယ်ဗျ အတော် ဝေးလား “

“သိပ်မဝေးပါဘူး မြို့ အပြင်ရောက်ပြီး နာရီးဝက်လောက်လမ်းလျှောက်ရမယ်ထင်တယ်”

“သွား ချင်တယ် ဗျာ လမ်းမသိတာခက်တယ် “

“အဲ့ ဒါတော့ မပူနဲ့ ကို့ ဆရာရေ ကျနော် လည်း အဲ့ ဘက်လမ်းကိုသွားမှာ ကျနော် အဲ့ ထိမရောက်ပေမဲ့ ခင်ဗျားသွားရ မဲ့ လမ်းပေါ်တော့ ရောက်ပါတယ်”

“အေးဗျာ သွား မယ်ဗျာ ဒါနဲ့ ကျနော့် လှည်းလေး အဲ့လမ်းမှာ တွန်းလို့ ရပါတယ်နော် “

“စိတ်ချ သွားလို့ ရတယ် ကားတွေ တောင်သွားနေကြတာ လေဗျာ”

ဖိုးစီလည်း လှည်းကိုတွန်းပြီး စျေဝယ်သူနောက် လိုက်သွားပါလေတော့သည် သူတို့ နာရီဝက်ခန့် လျှောက်သွားချိန်တော့ မြို့ပြင်သို့ ရောက်သွားတော့သည် မြေသားလမ်းကြီးပေါ်ရောက်သောအခါ စျေဝယ်သူက စကားစဆိုလိုက်သည်

“အကိုရေ ခင်ဗျားက ဒီလမ်းအတိုင်းသွား ရမှာ ကျနော်က တော့ ဒီ လမ်း”

စျေးဝယ်သာ ဖိုးစီသွားရ မဲ့လမ်းကို ပြလိုက်ပြီး သူသွားရ မဲ့ လမ်းကို လည်း ပြောပြလိုက်သည်

“ကျေးဇူုးပါ ဗျို့ ကျနော်လည်း သွားလိုက်ဦးမယ် အလုပ်သမားတွေ ခဏ နားချိန် အမှီ “

“စျေးရောင်းကောင်းပါစေဗျာ ကျနော်လည်းသွားပြီဗျို့”

သူတို့ နှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက် နုတ်ဆက်ပြီး သူတို့ သွားရမဲ့ နေရာသို့ သွားကြကုန်တော့သည်

ဖိုးစီ တစ်ယောက် အပေါ်နေကအတော် ပူတာကြောင့် အတော် ပင်ပန်းနွမ်းနယ်နေပါသည် လှည်းကို တွန်းလာပြီးလမ်းလျှောက်လာတာ မိနစ် နှစ်ဆယ်လောက်ရှိလာပါပြီ လမ်းကြီးက ကျယ်၍သာ ပူနေချင်းပါ လမ်းဘေး ခပ်လှမ်းလှမ်းမှာတော့ သစ်ပင်တွေ ချုံနွယ်တွေ ရှိပါသည် ဒီ လိုနဲ့ လမ်းလျှောက်လာတာ လမ်းအကွေ့ တစ်ခု အရောက် အဆောက်အဦး တွေ တော့ လှမ်းမြင်နေရပါသည သူလည်း အတော် မော လာတဲ့ အတွက် သူရဲ့ တွန်းလှည်း ကို မြေလမ်းမ ကြီး ဘေးကို ရပ်ထား လိုက်ပြီး ခပ် လှမ်းလှမ်း က သစ်ပင် ရိပ်ဆီသို့ သွားလိုက်ပါတော့သည

ဖိုးစီ သစ်ပင် ရိပ် မှာ ထိုင်ချ လိုက်ချိန် တွင်တော့

” ကယ်ကြပါဦး “

မိန်းခလေးအသံ တစ်သံ သူထိုင်နေသာ သစ်ပင် အနောက် ချုံနွယ် တွေ ကြား ထဲ က ထွက်ပေါ် လာချင်းဖြစ်သည် ဖိုးစီ သေခြာ နားထောင်လိုက်ချိန်တွင်တော့

“ကယ် ကယ် ဝူးဝူး “

မိန်းခလေး ရဲ့ အသံ ထွက် ပေါ်လာတာ ကြောင့် ဖိုးစီ သစ်ပင်ဘေးက တွေ့ သော တုပ်တစ်ချောင်းကို ကောက်ယူပြီး အသံလာရာစီသို့ သွားလိုက်ပါသည် ဖိုးစီ မဲ့ အသံ လာရာကို သွားနေချိန်တွင် သူ့ တွန်းလှည်း နားကို ကားတစ်စီး ထိုးရပ်လိုက်တာ သူမသိလိုက်ပါချေ

ဖိုးစီ သတိ နဲ့ အသံ လာရာသို့သွား လိုက်သည်

“ဝူး ဝူး လွှတ် လွှတ်”
ဖိုစီ မိန်းခလေး အသံ ကို ထပ် ကြားလိုက်ချိန်တွင်တော့ ထွေထွေထူး ထူး မစဉ်းစားတော့ ပဲ ချုံနွယ် များကို တိုးလိုက်ပါတော့ သည် သူတို့ လိုက်သည်နှင့်

“အားးးးးး”

မိန်းခလေး ရဲ့ စူးစူးရှားရှား အော်သံက အတော် ကျယ်လောင်သွားပါတော့ သည်
ဖိုးစီ ချုံနွယ် တွေ ကိုတိုးပြီး တဖက်သို့ ရောက်သွားချိန်တွင်တော့ သူမျက်လုံးကို မယုံကြည့်နိုင်အောင် ဖြစ်သွား မိတော့ သည် မိန်းခလေး တစ်ယောက် သူညီမ ပိုးပိုး အရွယ်လောက်ရှိမည် ထင် အဝတ်အစား တွေ ဖရိုဖယဲ နှင့် လည်ပင်းမှာ သွေးတွေ ထွက်နေပါသည် လူတစ်ယောက်ကလည်း ထိုကောင်မလေး နားမှာ လျှင်မြန်စွာ ထွက်ပြေးသွားပါသည် ဖိုးစီ အဲ့ လူနောက်ကို လိုက်ဖို့ လုပ်လိုက်သေးသည် ဒါပေမဲ

“အား အား”

မိန်းခလေးရဲ့ အော်သံကြောင့် သူဆက်မလိုက်တော့ပါ ဖိုးစီ ဘာမှာ သိပ်မစဉ်းစား ပဲ ဒဏ်ရာ ရထားသော ကောင်မလေးအနား သွားလိုက်ပြီး သူ့ ရဲ့ အပေါ် အင်းကျီ အား ချွတ် လိုက်ပြီး လည်ပင်း မှ သွေးတွေ ထွက်နေသော ဓားဒဏ်ရာအား စည်းပေးလိုက်သည် ထို့ နောက် ကောင်မလေး လက်မှ ဓား ဒဏ်ရာကလည်း အတော် နက်သဖြင့် ဒဏ်ရာအား စီး ပေးရန် သူ့ရဲ့ အင်းကျီ စွပ်ကျယ်လေးအား ချွတ်လိုက်ပြီး စည်းပေး လိုက်သည် ဖိုးစီ ရဲ့ လက်မှာ လည်းသွေးတွေ ရဲရဲတောက်နေသည် ထိုအချိန်တွင်

“လူယုတ်မာ မုဒိမ်းကောင် ဟေ့ “

လူနှစ်ယောက် အော် လိုက်ချိန်တွင် အခြား လူ ၅ ယောက် ရောက်လာကြပြီး အဝတ်အစားတွေ မြင်မကောင်းဖြစ်နေပြီး သွေ တွေပေနေတဲ့ ကောင်မလေး ဘေးက လက်မှာ သွေးတွေ နဲ့ ဖိုစီးအား ပြေးဖမ်းလိုက်ပါတော့သည်

“ကျနော် ကျနော် ဘာမှ မလုပ် “

ဖိုးစီစကားမဆုံး လိုက်ပါ သူရဲ့ ခေါင်းကို တုတ်တစ်ချောင်းက ကျရောက်လာပြီး သွေးများစီးကြလာတော့သည်

“သတ် ပြစ်လိုက်ကွာ အဲ့ လို တဏှာရူးကို ချ “

တုပ်နဲ့ သုံးချက် လောက်ရိုက်လိုက်ချိန်တွင်တော့ ဖိုစီ တစ်ယောက် လဲကျသွားပါတော့ သည် အားလုံး ဝိုင်းပြီး ခြေထောက် နဲ့ ကန်လိုက်ကြသည် ခေါင်းလေးကို လက်ကလေးနဲ့ ကာပြီး ကွေးကွေး လေးဖြစ်နေသော ဖိုစီ အား တုပ် နဲ့ လက်တွေအား ရိုက်လိုက်ပြန် သည် ထိုအချိန်တွင်တော့

“ရပ် ကြတော့ ဟေ့ကောင်တွေ လက်လွန်ကုန်မယ် ဘာဖြစ်တာလဲ “

“ဘာဖြစ်ရ မှာ လဲ ဦး ရီး ဒီကောင် ကောင်မလေးကို မုဒိမ်း ကျင့် ပြီး သတ်မလို့ လုပ်နေတာ ဟိုမှာ ကောင်မလေး “

” ဘာဖြစ်ဖြစ် ကွာ ဥပဒေ ရှိတယ် ကောင်မလေးကိုလည်း ဆေးရုံပို့ဖို့ ရဲကို ဖုန်းဆက် လိုက်မယ် “

ဖိုးစီ ထိုလုကြီး လာမှ သက်သာရ ရသွားတော့သည့် ခေါင်းကလည်း ကွဲနေပါပြီ လက်ကလည်ူကျိုးနေပြီး ခြေထောက်တဖက်ပါ ကျိုးသွားသော ကြောင့် ထောက်မရ တော့ပါ ဖိုးစီ လဲ နေရင်း

” ဆေး ဆေး ရုံပို့ ပေးး”

သူ့ရဲ့ စကားမဆုံး ဖိုးစီ ကောင်မလေးကို ဆေးရုံ့ ပို့ ပေးဖို့ ပြောမှာကို သူကို့ ပို့ ခိုင်းတယ် အထင် နှင့် လူတစ်ယောက် က

“မင်းကများ ဆေးရံသွားချင်သေးတယ် ဆေးရုံတော့မပို့ဘူး သေမင်းဆီပဲ ပို့ လိုက်မယ် ကွာ ကဲ “

ထိုလူ ဖိုးစီရဲ့ မျက်နှာကို ခြေထောက်နဲ့ အားကုန် ကန်လိုက်တော့သည် ခြူးဖိနပ် စီး ထားသောကြောင့် ဖိုးစီ မျက်နှာ မှာ သွေးများ ရဲ တောက်သွားတော့သည်

” ဟေ့ကောင် မင်းကို တော် လို့ ပြောနေတာကို သေတော့မှာပဲ ကွာ “

“ဦးရီး မုဒိမ်းကောင် သေ တော့ ဘာလုပ်ရမှာလဲ “

“တော် စမ်း ကွာ ဘာမှ မလုပ်နဲ့ မင်းတို့ ငါ့စကား နားထောင် စမ်းပါ”

များမကြာမှီ ရဲ များ နဲ့ သူ နာပြု ကြက်ခြေ နီ များ ရောက် လာပြီး သတိမေ့ နေသော ကောင်မလေးအား သယ်စောင်သွားပါတော့ သည် ဖိုးစီကို တော့ ရဲ့ တစ်ယောက် က လက်ထိပ်ခက်ဖို့ လက်ကို ဆွဲလိုက်ချိန်တွင်

“အားးးး”

ဖိုးစီ အရမ်းနာကျင်လွန်း၍ အော် လိုက်ပါသည် ထို အခြေ အနေကို ရဲသားလေးက ရဲ အရာရှိအား

“ဆရာ သူလက်ကျိုးနေတယ် လက်ထိပ် ခက်တော့ သူနာ “

“တော် စမ်း မုဒိမ်းကောင် ကို သောက်ဂရုစိုက်မနေနဲ့ “

ရဲသားလေးလည်း ဖိုးစီ လက်အား သာ သာယာယာ ရွေ့ ပေးနေသဖြင့်

“ဟေ့ကောင် မြန်မြန် လုပ် မင်းပထွေက မုဒိမ်းကောင် လူသတ်သမား”

ရဲသားလေးလည် း ပြာပြာ သလဲ ဖြစ်သွားကာ လက်ထိပ်ခက်ပေးလိုက်တော့သည် ရဲသာလေး ဖိုစီကို အားနာ စွာ ကြည့်လိုက်မိသည် ရဲသားလေး ကို သွေး တွေ ပေနေသော မျက်နှာ ကြားက ဖိုးစီ ရဲ့ မျက်လုံး မှေးမှေး လေးက ပြန်ကြည့်လိုက်ချိန်တွင်တော့ ရဲသားလေး စိတ်ထဲတွင်

“ဒီလို သိမ်မွှေ့တဲ့ မျက်လုံးက မုဒိမ်းကောင် လူသတ်သမားဖြစ်နိုင်ပါ့မလား “

ရဲသားလေး သူ့ စိတ် ထဲ တွင်သာ ပြောလိုက်ချင်းဖြစ်သည်

ဖိုးစီ အား ကြက်ခြေနီ နှစ်ယောက် ကသယ်ဆောင်သွားပါလေတော့သည်

မြို့လေးရဲ့ ဆေးရုံမှာ လူတွေ ပြောနေကြတာတော့

“ရဲ တွေ က ဆေး ရုံမှာ ဘာလုပ်တာလဲ များလှ ချည်လား”

“များမှာပေါ့ ဟဲ့ မုဒိမ်းကျင့် ပြီး လူသတ်ဖို့ ကြိုးစားတဲ့ အချဉ်ပေါင်းသည် ကို ဆေးရုံး တင်ထားတာလေ လူတွေ သမ လိုက်ကျတာ သေမလိုဖြစ်နေပါပြီ “

အဲ့ ဒါက လူအတော် အများ အများပြောနေကြတဲ့ အသံပါ ဒါပေမဲ့ ဖိုးစီ ရဲ့ ကုတင်လေးဘေးက လူသုံးယောက်ကတော့

“သားကြီး မင်း အဲ့ လို မလုပ်ဖူးဆိုတာ သိတယ် သားစကားပြန်ပြောပါဦး “

ဒေါ်မြမြ ဖိုးစီကို ကြည့်ပြီးပြောနေပေမဲ့ မျက်ဝန်း အိမ်မှာ မျက်ရည်များ ဝဲ နေပြီး နှာခါင်းမှာ ပိုက်တန်းလန်းနဲ့ ခေါင်းမှာ ပတ်တီးတွေ နဲ့ မလှုပ် မချက် ငြိမ်သက်နေစဲပါ

“အကိုကြီးက အဲ့ လိုလူစား မဟုတ်ပါဘူး ဆရာ တို့ရယ် “

ဘေးမှ အစောင့် ရဲသာကြီး တွေ ကိုပြောနေတဲ့ ပိုးပိုး ရဲ့အသံ

ဖိုးစီ ရဲ့ လူနာ ကုတင်ပေါ်ကို မျက်နှာ အပ်လို့ ရှိက်ကြီး တငင်ငို နေတဲ့ တဲ့ ယဉ်နွယ်စိုးရဲ့ ရှိက်သံ
ဒီ မြင်ကွင်းကို ကြည့်ပြီး မျက်ရည် ခဏခဏ ကျလို့ လက်နဲ့ မသိမသာလေး သုပ်နေတဲ့ အခန့်းပင် ပြင်တင်းပေါက်နားက အစောင့်တာဝန် ကျနေတဲ့ ရဲသားလေး

ဒီမြင်ကွင်းမျို း နဲ့ ခုနှစ်ရက် ဆိုသော အချိန် သို့ ရောက်ရှိလာပါတယ် အဲ့ဒီ့ မနက်ခင်းလေးမှာတော့

“က်ြီး း က်ြီး “

လုနာတွန်းစင် လေးပေါ်မှာ မိန်းခလေး တစ်ယောက် ကို တင်ထားပြီး ဘေးမှာ လူတွေ ခြံရံကာ ဖိုးစီ အခန်းရှိရာ သို့ လာနေကြပါသည် သူမကတော့ အခြားသူမဟုတ်ပါ မတရား အကျင့်ခံ လိုက်ရသော ကောင်မလေးဖြစ်သည် ယခု သူ့ မျက်လုံး မှာ ပျော်ရွှင် နေတဲ့ အရိပ် ယောင်တွေ တွေ့ နေရပါသည် ဘေးက ပါလာသော လူတွေ ကတော့ နားမလည်ဟန်ဖြင့် လိုက်ပါလာပါသည် ဒီကောက်မလေး သတိပြန်ရ တဲ့ အချိန်တည်းက လူတွေ ဖမ်းထား တဲ့ သူနဲ့ တွေ့ ချင်တယ် ဟုသာ ငိုပြီး ပြောနေပါ သူမ အသံ တိုးတိုးလေး နဲ့ ငိုပြောနေသဖြင့် မကြည့်ရက်သည် အစုံး သူမရဲ့ ရဲ မိဘများက သက်ဆိုင်တဲ့ သူအား လုံး နဲ့ တိုင်ပင်ပြီး အခု လိုရောက်လာခြင်းဖြစ်သည်

ဖိုးစီက တော့ မလှုပ်တော့ပါ မျက်လုံး မှေးမှေးလေးကလည်း ငြိမ်သက်လို့ နေပါတော့သည် ဒါကိုသတိထား မိသော ဒေါ်မြမြ က

” သားကြီး သားကြီး လုပ်ကြပါဦး ကျမ သားကြီး ဘာဖြစ်တာလဲ မသိဘူး”

ဒီ အသံ ကြားတော့ ပိုးပိုး အစောင့် ရဲ များအား

” ဦး တို့ လုပ်ကြပါဦး ကျမ အကိုကြီး ဘာမှ မလှုပ်တော့ဘူး “

ယဉ် နွယ် စိုး ကတော့ အခန်းအပြင် ပြေးထွက်သွား သည် ထို နောက် လူသွားလမ်း မှာ လူတွေ ခြံရံ လျှက် တွန်းလာသော လူနာ ဘေးက ဆရာဝန် အား

“ဒေါက်တာ လုပ် ပါဦး ကျမ အကို ကြီး ဘာဖြစ်တာ လဲ မသိဘူး လုပ်ပါဦး”

ဆရာဝန်လည်း ယဉ်နွယ်စိုးနောက် လိုက်ပါလာတော့ သည် အခန်းထဲ ရောက်တော့ သူနာ ပြု ဆရာမ များက ဖိုးစီ နှာခေါင်းမှ တပ်ထားသော ပိုက်အား ဖြုတ်လိုက်ပြီး အဝတ်ဖြူ တစ်ခုအား အုပ်မဲ့ အချိန်

” ကိုကြီး ကိုကြီး ဘာဖြစ်တာ လဲ “

ယဉ်နွယ် စိုး ရဲ့ အမေးကို ဒေါ်မြမြက ငိုသံတွေ နှော နေတဲ့ အသံနှင့်

“သမီး သမီး အကို ကြီး ဆုံးပြီ တဲ့”

“ရှင် “

ယဉ်နွယ်စိုး ရဲ့ ငိုပါလေတော့ သည် သူမ နည်းတူ ပိုးပိုး ကလည်း အ၀တ်အုပ်ပေးထားသော ဖိုးစီကို ဖက်ပြီး

“အကိုကြီး ညီမလေးကို ထားသွားပြီလား ညီမလေး ဘယ်သူ့ကို ဆိုးရတော့မှာ လဲ ကိုကြီး မတရားဘူး ညီမလေးကိုထား ခဲ့တယ်နော် “

ပိုးပိုး ငိုနေရင်းမှ ငိုသံ တိတ်သွားကာ စကားတွေ ပြော နေပါတော့သည် ဆရာ၀န်က ပိုးပိုးနားသွားပြီး

“ညီမလေး သတိထားလေ “

“မခေါ်နဲ့ ကိုကြီးကို မုန်းတယ် ကျမကိုကြီးက ကျမကို ခေါ်မသွားပဲ ထားခဲ့တယ် ကျမ လိုက်သွားရမယ် “

ခြေလှမ်းတွေက ဒယီဒယိုင်နဲ့ အခန်းပြင်ကို ထွက်ဖို့ ကြိုးစားနေတာကို သူမ ရဲ့ မိခင် ဒေါ်မြမြက ထွေးပွေ့လိုက်ပြီး

“သမီးလေး သားကြီးက မေမေကိုထားသွားတာ အားမရလို့ သမီးလေးက ပါ ထားသွား တော့မလို့လား”

ပိုးပိုး ဘာစကားမှ မပြော သူမရဲ့ မိခင်ရင်ခွင် ထဲတွင့်သာ ငိုနေပါတော့ သည် သူတို့ ငိုနေချိန်တွင် အခန်းထဲသို့ လူတစ်စုရောက်လာပါသည်
လူနာတွန်းစင် လေးပေါ်မှာ ရှိသော ကောင်မလေးက သူမ ရဲ့ မိခင်ကို ခေါင်းငုံစေပြီး

“မေမေ ဘာဖြစ်ကြတာလဲဟင်”

“သမီးကို မတရားကျင့်တဲ့ကောင်သေသွားပြီလေ”

“သူ့ကို ဖမ်းမိလို့လား မေမေ”

“သမီးဘေး မှာ ပဲ ဖမ်းမိတာလေ”

“သူသမီးဘေးမှာ ရှိမနေပါဘူး သမီးကို ဓားနဲ့ ထိုးပြီး ထွက်ပြေးတာပါ”

“ရှိနေတယ် ဘေးက လူတွေ ဝိုင်းဖမ်းပေးတာ သမီးရဲ့”

“လူတွေ အဖမ်းခံရတဲ့ အကို “

“ဟုတ်တယ်လေ သမီး”

“မဟုတ်ဘူး မဟုတ်ဘူး အဲ့ ကိုမသေရဘူး မသေရဘူး”

ကောင်မလေး ငိုနေပါတော့သည် ဘေးက ရဲတွေ အပါအ၀င် လူတွေ အတော် အများ နားမလည်နိုင်ပဲ ရှိနေသည်

“မေမေ အဲ့ အကိုနားလေး လိုက်ပို့ပါ လိုက်ပို့ပါ”

“ငိုယိုပြီးတောင်းဆိုနေတဲ့ အတွက် အသက်ကင်းမဲ့ နေသော ဖိုးစီ ရဲ့ ကုတင်ဘေးသို့ ကပ်ပေးလိုက်ချိန်တွင် ကောင်မလေးက ဖိုးစီ ဘက်လှည့်လိုက်ပြီး ဆေးချိတ်ထားသော လက်နဲ့ နဲ့ ဖိုးစီမျက်နှာကို အုပ်ထားသော အ၀တ်ကို ဖယ်ဖို့ ကြိုးစားလိုက်သည်

“သမီး အဲ့ လက်က လှုပ်လို့ မရဘူး’

ဆရာ၀န်က သူမ လက်ကို ထိန်းထားလိုက်ပြီး သူနာပြု ဆရာမ လေးအား ဖိုးစီကို မျက်နှာကို အုပ်ထားသော အ၀တ်ကို ဖယ်ခိုင်းလိုက်ပါသည်

“အကို ညီမတောင်းပန်ပါတယ် အကို့ ကြောင့် ညီမ အသက်ရှင်ခွှင့်ရခဲ့တာပါ ညီမ အဲ့ ကလူတွေ အကို့ကို ရိုက်နေတာ မြင်ပေမဲ့ ညီမ ဘယ်လိုမှ တားနိုင်စွမ်းမရှိလို့ပါ ညီမကို ခွှင့်လွှတ်ပါ “

ကောင်မလေးအသံက အတန်သင့် ကျယ်လာသဖြင့် လူတွေအားလုံးတိတ်ဆိတ်စွာ နားထောင်နေကြပါသည် ကောင်မလေး ဖိုးစီရဲ့ အလောင်း ကုတင်ဟိုဘက်မှာ ရပ်နေသော ရဲ အရှာရှိကို ကြည့်ပြီး

“ကျမ ကို မတရားကျင့် ပြီး သတ်ဖို့ ကြိုးစားတာက ကျမသူငယ်ချင်းရဲ့ ဦးလေး ဒီအကိုက ကျမ ဒဏ်ရာတွေကို သွေးထွက်မလွန်အောင် စည်းပေး အခုတော့ ကျမကြောင့်”

ကောင်မလေးပြောပြီး ငိုပါလေတော့သည် ထိုအချိန်တွင်

“ကျမ သားလူယုတ်မာ မဟုတ်ဘူးဆိုတာ ယုံကြပြီလား ကျမသားကြီး လူယုတ်မာ မဟုတ်ဘူးဆိုတာ ယုံကြပါတော့ရှင်”

အခန်းထဲမှာ ဒေါ်မြမြ၇ဲ့ အသံက ပဲ့တင်ထပ်သွားပါလေတော့သည်

ဖိုးစီသေဆုံးသွားပါပြီ ဖိုးစီ၇ဲ့ နာရေးလည်း စီကားစွာနဲ့ ပြီးဆုံးသွားပါပြီ မပြီးဆုံးနိုင်သည်က ဖိုးစီ တို့ အိမ်တွင် ဖြစ်သည်

ဒေါမြမြ တို့ သားအမိသုံးယောက် ဘာစကားမှ မပြောကြပါ ဒေါ်မြမြ သူ့အိပ်ယာထဲ၀င်သွားပါသည် ပိုးပိုးကတော့ အိမ်ပေါက်၀ တံခါးကနေ အိမ်ခြံ အ၀င်ပေါက်ကိုသာ ငေးကြည့်နေပါတော့သည် သူမ ရဲ့အကို ကြီး တွန်းလှည်းလေးတွန်းပြီး အိမ်ပြန်လာရင် ပြောနေကြ

“ညီမလေး ဘာထိုင်လုပ်နေတာလဲ ကိုကြီး မုန့်ပါမယ်ထင်လို့ မဟုတ်လား မပါဘူးကွာ ဒီနေ့တော့ ညီမလေးကြိုက်တဲ့ ၀က်သားဒုတ်ထိုးမ၀ယ်ခဲ့ ရဘူးကွာ

၀ယ်လာသော ၀က်သားဒုတ်ထိုးအိပ်လေးအား နောက်မှာ ဖွတ်ပြီး စတာတွေ သူမ ပြန်မြင်ယောင်နေသည် နောင်ဘယ်တော့ မှ မဖြစ်လာနိုင်တော့ မှန်း ကို တွေးမိပြီး မျက်ရည်တွေက စီးကျလာပါတော့သည် မျက်ရည်တွေးကြားထဲတွင် အိမ်ခြံပေါက်၀ မှ ဝိုးတဝါး အရိပ်ကလေးက တဖြည်းဖြည်း အနည်းငယ် ကြည်လာကာ

“ဟင်း ကိုကြီး “

ပိုးပိုး ခြံ ၀န်းအ၀င်ပေါကသို့ ပြေးဆင်းသွားပါသည် ပါစပ်ကလည်း

“ကိုကြီး ကိုကြီး နေပါဦး”

ယဉ်နွယ်စိုး သူမညီမလေး ရဲ့ အသံကြောင့် အောက်သို့ ပြေးဆင်းလိုက်ပြီး

“မေမေ ရေ လုပ်ပါဦး ညီမလေး ခြံအပြင်ထွက်သွားလို့”

ဒေါ်မြမြလည်း အောက်သို့ ဆင်းလာပါသည် ပိုးပိုးက လမ်းဘက်သို့ ရောက်ရှိသွားပါပြီ ယဉ်နွယ်စိုးနဲ့ ဒေါ်မြမြ လမ်းပေါ်သို့ ရောက်ရှိချိန်တွင်တော့ ပိုးပိုးတစ်ယောက် အမှောင်ထဲသို့ ရပ်ပြီး လက်ပြန်ပါသည် ယဉ်နွယ်စိုး ပိုးပိုး ကို ပြေးပြီးဖက်ထားလိုက်သည် ဒေါ်မြမြ လည်းရောက်လာပြီး

“သမီးလေး ဘယ်ကိုထွက်လာတာလဲကွယ်”

“ကိုကြီး ကိုတွေ့ လိုပါ မေမေ ကိုကြီး သမီးကို နုတ်ဆက်သွားတယ် အကိုကြီးငိုနေတယ်အမေ”

“သမီးလေးရယ်”

ဒေါ်မြမြ နဲ့ ယဉ်နွယ်စိုး ပိုးပိုးလေးကို အလယ်မှာ ထားပြီး အိမ်ထဲသို ပြန်ရလှည့် လာသောကြောင့် သူတို့ ရဲ့ နောက်ကျော်မှာ ဝိုးတဝါး ပုံရိပ်တစ်ခု သူတို့ ကိုလက်ပြနေတာ သူတို့ မတွေ့ နိုင်တော့ပါ
ဒေါ်မြမြ ရဲ့ စိတ်ထဲတွင်တော့

“သားကြီးရေ နောင်ဘ၀ဆိုတာ ရှိခဲ့ ရင် အမေတို့ မိသားစုလေ ပြန်ဆုံချင်တယ်ကွယ်”

ယဉ်နွယ်စိုးရဲ့ မျက်လုံထဲတွင်တော့ သူမရဲ့ သူငယ်ချင်းတွေနဲ့ ကျောင်းကပြန်လို့ သူမ ရဲ့ အကိုကြီးစျေးရောင်းတာနဲ့တွေ့ရင်

“အကိုကြီး “

“အမ တို့ ဘာစားမလဲ”

“အကိုကြီးက လည်းမောင်နှမ အချင်းချင်းကို သူတို့လည်း အကိုကြီးကို သိပါတယ် ညီမလေး ရဲ့ အချစ်ဆုံးကိုကြီးလို့ ပြောထားပါတယ် “

အဲ့စကားကြားတာနဲ့ မျက်ရည်တွေဝဲပြီး ၀မ်းသာနေတဲ့ ကိုကြီး အိပ်ကပ်လေးထဲ နှိက်ပြီး စျေးရောင်းလို့ ရတဲ့ ပိုက်စံလေးကို မုန့်ဖိုးအတင်းပေးတက်တဲ့ ကိုကြီး

“အကိုကြီးရေ နောင်ဘ၀ ဆိုတာ ရှိခဲ့ ရင် အကိုကြီးရဲ့ ညီမ ဖြစ်ပါစေလို့ အမြဲဆုတောင်းနေမှာပါ”

သူတို့ အားလုံးရဲ့ ရင်ထဲမှာတော့ ဖိုးစီကို ထာ၀ရအမှတ်ရနေတော့မှာပါ

“ဖိုးစီ ကောင်းရာသုဂတိလားပါစေ သူတို့မိသားစုအားလုံး နောင်ဘ၀မှာ ပြန်ဆုံပြီး ဒီလိုအဖြစ်ဆိုးမျိုးနဲ့ မကြုံပါစေနဲ့ လို့ ဆုတောင်းပေးရင်းဇတ်သိမ်းလိုက်ပါတော့သည်” ။ ။ပြီးပါပြီ

@ လူသားအားလုံး ကျမ်းမာချမ်းသာကြပါစေ

မောင်တင်ဆန်း

မောင် တင်ဆန်း  Account လေးကို Follow လုပ်ပြီး နောက် ဝတ္ထုတိုလေးတွေ အားပေးပါဦးခင်ဗျ