“အောင်မြတ်သာနှင့်ထူးဆန်းသောမြလက်စွပ်”(စ/ဆုံး)

Unicode Version

“အောင်မြတ်သာနှင့်ထူးဆန်းသောမြလက်စွပ်”(စ/ဆုံး)
————————————————————————

မိုးဦးကာလက မကြာခင်ရောက်လာတော့မှာဖြစ်လို့ မျိုးစပါးတွေသယ်တဲ့သူကသယ်၊ လယ်ထွန်တဲ့သူက ထွန်နဲ့ ခနောက်အင်းတစ်ရွာလုံး အလုပ်ရှုပ်နေခဲ့ ကြတယ်။

လူတွေအားလုံး အလုပ်ကိုယ်စီနဲ့ဖြစ်နေပေမယ့် ကိုတိုးနိုင်တို့မိသားစုကတော့ ဘယ်သူမှအလုပ်မခေါ်တဲ့အတွက် အိမ်ရှေ့မှာ ငုတ်တုပ်ထိုင်ပြီး ဖြတ်သွားဖြတ်လာ လူတွေကို ငေးကြည့်နေခဲ့ကြတယ်။

“ ဒီနှစ် ဘယ်သူမှလဲ မခေါ်ကြပါလားနော်၊ ဒီအတိုင်းဆို ငွေပိုငွေလျှံရဖို့ထက် ဝမ်းစာစပါးရဖို့တောင် မနည်းရုန်းကန်ရမှာ”

စိတ်ပျက်စွာပြောလိုက်တဲ့မိန်းမဖြစ်သူရဲ့ စကားကြောင့် ကိုတိုးနိုင်တစ်ယောက် သောက်လက်စဆေးလိပ်ကို ဘေးချကာ အိမ်အပြင်ဘက်ကိုထွက်သွားလိုက်တယ်။

“ အမေ… အဖေကဘယ်သွားတာလဲ”

“ အလုပ်ရလိုရငြား ထွက်ရှာတယ်နေမှာပေါ့သမီးရယ်”

“ အမေသိလား… လုံးတင်တို့က စပါးစိုက်တဲ့အခါ သမီးကိုခေါ်မယ်လို့ပြောတယ်၊ ဒီနှစ်တော့ သမီး ‌ကောက်စိုက်လိုက်ပါရစေ”

“ သမီးက အခုမှ ဆယ်နှစ်ကျော်ရုံလေးပဲရှိသေးတာ၊ ဘယ်လိုလုပ်ကောက်စိုက်လို့ရဦးမှာလဲ”

“ သမီး ကောက်စိုက်တတ်ပါတယ်… အမေမယုံရင် လုံးတင်ကိုမေးကြည့်”

“ အသက်အရွယ်ရလာရင် မလုပ်ချင်တာတောင် လုပ်ရမယ်၊ အခုတော့ အမေစိတ်မချသေးဘူး”

မိခင်ဖြစ်သူရဲ့စကားကြောင့် ကလျာ စိတ်ပျက်လက်ပျက်နဲ့ အိမ်ပေါ်ပြန်တက်သွားခဲ့တယ်။ ခဏနေတော့ ကိုတိုးနိုင်ပြန်ရောက်လာပြီး

“ မိန်းမရေ… ဦးမိုးကြီးက သူ့လယ်မှာလုပ်မယ်ဆို ဝမ်းစာစပါး တင်း(၃၀)ပေးမယ်လို့ပြောတယ်”

“ တကယ်ပြောတာလား…ဒါဆို ကျုပ်တို့ဒီနှစ်အဆင်ပြေပီပေါ့”

“ အဆင်ပြေတာတော့ဟုတ်တယ်၊ ဒါပေမယ့် လုပ်ရမယ့်လယ်က မိုးနဲကွင်းဘက်မှာလို့ပြောတယ်”

“ ဦးမိုးကြီးလယ်တွေက ‌ကျောင်းကြီးကွင်းမှာရှိတာမဟုတ်လား၊ ဘယ်လိုဖြစ်လို့ မိုးနဲဘက်ရောက်သွားတာလဲ”

“ သူမနှစ်ကမှ ထပ်ဝယ်ထားတာတဲ့၊ အဲဒီဘက်က နည်းနည်းလှမ်းတော့ ဘယ်သူမှမလုပ်ချင်ကြ ဘူးလေ”

“ မိုးနဲကွင်းက ဒီကနေ သွားရင် သုံးနာရီလောက်သွားရတာလေ၊ ကျုပ်တို့ ဘယ်လိုသွားကြမလဲ”

“ လယ်ထဲမှာပဲနေကြရင်မကောင်းဘူးလား၊ ဟိုမှာက သီးပင်စားပင်တွေလဲပေါတယ်လို့ပြောတယ်”

“ သမီးကိုရော ခေါ်သွားမှာလား”

“ ခေါ်သွားရမှာပေါ့… ငါ့သမီးကို အခြားသူဆီမှာ မအပ်ထားနိုင်ပါဘူး”

“ ဒါဖြင့် ဘယ်နေ့သွားရမလဲ”

“ ငါတို့လုပ်မယ်ဆိုရင် ဒီတစ်ပတ်အတွင်းသွားရမယ်ပြောတယ်”

“ ဘယ်တတ်နိုင်မလဲ ရတဲ့အလုပ်လုပ်ရတော့မှာပေါ့၊ ဒါနဲ့ လယ်က ဘယ်နှစ်ဧကလုပ်ရမှာလဲ”

“ အများကြီးတော့မဟုတ်ပါဘူး၊ ငါးဧကလောက်ပဲ ရှိမယ်ထင်တယ်”

“ အင်း… ဒါဆို ကျုပ်ပစ္စည်းတွေထုပ်ပိုးထားလိုက်မယ်၊ ရှင့်သမီးကတော့ ကောက်မစိုက်ရလို့ အိမ်ပေါ်မှာ စိတ်ကောက်နေလေရဲ့”

“ ကလျာကတော့လေ အားနေရင် ကောက်နေတော့ပဲ”

ကိုတိုးနိုင်က သမီးဖြစ်သူကိုချော့ဖို့တက်သွားတဲ့အချိန် မစန်းနွယ်က လိုအပ်တဲ့ပစ္စည်းတွေကို ထုပ်ပိုးရန်အတွက် အိမ်နောက်ဖေးကိုထွက်လာခဲ့လိုက်တယ်။

+++++

“ တိုးနိုင်… မင်း ဘာဖြစ်လို့ မိုးနဲကွင်းမှာလုပ်မယ်ပြောလိုက်တာလဲ”

နွားလှည်းကို ခပ်ဖြေးဖြေးမောင်းနှင်နေတဲ့ ကိုသာ‌ပျော့စကားကြောင့် တိုးနိုင်က မျက်ရိပ်မျက်ခြေပြလိုက်ပြီး

“ အလုပ်မှမရှိတာ ကိုသာပျော့ရယ်၊ ဒါကြောင့် လုပ်မယ်လို့ပြောလိုက်တာ”

“ အင်းပါ… ဟိုရောက်ရင် အစစအရာရာသတိထားကြဦး၊ အနီးနားမှာလဲ ဘယ်သူမှရှိတာမဟုတ်ဘူး”

“ ဒါနဲ့ လိုအပ်တဲ့ပစ္စည်းတွေကိုတော့ ကိုသာပျော့ပဲ လာပေးမှာမဟုတ်လား”

“ ငါပဲလာရမှာပေါ့… အခုလောလောဆယ် မင်းတို့အတွက် တစ်လစာရိက္ခာထည့်ပေး လိုက်တယ်”

“ ကျုပ်လယ်အတွက် နွားတစ်ရှဉ်းတောင်းထားတာ မြန်မြန်လေးပို့ပေးဦး”

“ မိုးမကျခင် မင်းဆီရောက်အောင်ပို့ပေးပါမယ်ကွ၊ ဟိုမှာ မင်းတို့မိသားစုနေလို့ရမယ့် တဲတစ်လုံးတော့ရှိတယ်၊ အရမ်းကြီးမကောင်းပေမယ့် မိုးလုံလေလုံတော့ရှိပါတယ်”

“ ကိုသာပျော့… မိုးနဲကွင်းကလယ်မှာ အရင်ကရော စပါးစိုက်ဖူးလား”

ကိုတိုးနိုင်စကားကြောင့် ကိုသာပျော့က လှည်းကိုရပ်လိုက်ပြီး အပေါ့အပါးသွားဟန်နဲ့ အောက်ကိုခေါ်ဆင်းသွားခဲ့တယ်။

“ ငါလဲမင်းကိုပြောမလို့… မိုးနဲကွင်းဘက်က နတ်ကြီးတယ်နော်၊ မနှစ်က အေးထွန်းတို့လင်မယား သွားလုပ်တာ ကောက်တောင်မစိုက်ရသေးဘူး ပြန်ပြေးလာကြလေ”

“ သူတို့ပြန်လာကြတာတော့သိတယ်၊ အဲဒါ အခုကျုပ်တို့သွားမယ့်လယ်လား”

“ အေး… ဒါကို မင်းက လုပ်မယ်ပြောတော့ ငါအံ့ဩနေတာ”

“ မတတ်နိုင်ဘူး‌လေ ကိုသာပျော့ရယ်၊ မရှိမှတော့ လုပ်ရတော့မှာပေါ့”

“ လုပ်မယ်ဆိုရင်လဲ စကားအပြောအဆို အနေအထိုင် ဆင်ခြင်နော်၊ ဒီနှစ် မင်းတို့လုပ်လို့

အထွက်နှုန်းကောင်းရင် နောက်နှစ် အခြားလယ်ကွက်ရမှာ”

“ ကျုပ်တို့သေချာကြိုးစားပါ့မယ်၊ ဦးမိုးကြီးကိုလဲ ကျေးဇူးတင်ကြောင်းပြန်ပြောပေးဦး”

“ ငါသေချာပြောလိုက်ပါ့မယ်၊ ကဲ လှည်းပေါ်တက်တော့”

ကိုသာပျော့တို့ မိုးနဲကွင်းရောက်တော့ နေမွန်းတည့်နေပြီမို့ ပစ္စည်းတွေချပေးပြီးတာနဲ့ ရွာကိုပြန်ထွက်လာခဲ့လိုက်တယ်။

“ ကိုတိုးနိုင်… ဒီမှာ ကျုပ်တို့မိသားစုပဲနေရမှာလား”

“ အင်းလေ… ဘာဖြစ်လို့လဲ”

“ ဘာမှမဖြစ်ပါဘူး… ကျွန်မက အခြားလယ်နီးချင်းတွေရှိမယ်ထင်နေတာ”

“ အဖေလယ်ကလဲပျင်းစရာကြီး၊ ဆော့စရာဘယ်သူမှလဲမရှိဘူး”

“ အခုအစမို့လို့ ပျင်းနေတာပါ၊ နောက်ဆို ပျော်သွားလိမ့်မယ်”

“ တော် ဘယ်နေ့စလုပ်မှာလဲ”

“ ဒီနေ့ပဲ စလုပ်မှာ.. စောစောပြီးတော့ စောစော စိုက်လို့ရတာပေါ့၊ ဒီနှစ်က မိုးစောမယ်လို့ ရေဒီယိုက ကြေညာတာနားထောင်ရတယ်”

“ အင်း အင်း… ဒါဖြင့် ကျုပ် ထမင်းအရင်ချက်ထားလိုက်မယ်”

မစန်းနွယ် ထမင်းချက်နေတဲ့အချိန်

ကိုတိုးနိုင်က ဓါးမတစ်ချောင်းယူကာ လယ်ကွင်းဘက်ကို ထွက်လာခဲ့လိုက်တယ်။ လယ်စောင့်တဲရဲ့ အနောက်ဘက်မှာတော့ သဘာဝစမ်းချောင်းလေးတစ်ခုရှိနေပြီး စမ်းချောင်းရဲ့တစ်ဖက်မှာတော့ စားလို့ရတဲ့ အသီးအရွက်ပင်တွေအလေ့ကျပေါက်နေခဲ့တယ်။ ကိုတိုးနိုင်လဲ အသီးအရွက်အချို့ကိုခူးပြီး လှည့်ပတ်ကြည့်‌နေခဲ့ရာ ရေညှိတွေအထပ်ထပ် တက်နေတဲ့ စေတီပျက်တစ်ဆူကိုဖူးမြင်လိုက် ရတယ်။ စေတီရဲ့ဘေးမှာတော့ အလွန်ညံ့တဲ့လက်ရာနဲ့ထုဆစ်ထားတဲ့ ဆယ်ကျော်သက်ကလေးနှစ်ယောက်ပုံကိုမြင်တွေ့လိုက်ရတယ်။ ဒီလိုနဲ့ ကိုတိုးနိုင်လဲ အတန်သင့်လေ့လာကြည့်ရှုပြီးတဲ့နောက် လယ်စောင့်တဲရှိရာကိုပြန်ထွက်လာခဲ့လိုက်တယ်။

နောက်တစ်နေ့မနက်ရောက်တော့ လုပ်စရာရှိတာတွေကို လင်မယားနှစ်ယောက် လုပ်နေကြတဲ့အချိန် ကလျာက ဝမ်းသာအားရနဲ့ သူတို့ဆီပြေးလာပြီး

“ အမေ… အမေ… ဒီမှာကြည့်ပါဦး”

“ ဘာတုန်း သမီးရဲ့”

“ သမီး တဲဘေးမှာဆော့နေတုန်း ဒီလက်စွပ်လေး ကောက်ရလို့”

“ ပြစမ်းပါဦး…”

မစန်းနွယ်က ကလျာကိုင်ထားတဲ့ လက်စွပ်ကို ယူကြည့်လိုက်ရာ မြကျောက်တစ်လုံးကို မြုပ်ထားတဲ့လက်စွပ်ဖြစ်နေတာမြင်လိုက်ရတယ်။

“ မြလက်စွပ်လေးပါလား… သမီးဘယ်က ကောက်ရတာလဲ”

“ ကောက်ရတာမဟုတ်ဘူးအမေရဲ့… မြေကြီးထဲကထွက်လာတာ”

“ လက်စွပ်က သေးသေးလေးဆိုတော့ လူကြီးဝတ်တာတော့မဖြစ်နိုင်ဘူး၊ သမီးလက်ပြစမ်း”

မစန်းနွယ်က ကလျာရဲ့လက်ထဲကို ထည့်ကြည့်လိုက်ရာ ကွက်တိဝင်သွားခဲ့တယ်။

“ အ့ အ့ နာတယ်အမေရဲ့၊ အရမ်းမဆွဲ‌နဲ့လေ”

“ လက်စွပ်က ပြန်ဆွဲထုတ်လို့မရပါလား”

“ ဆွဲထုတ်မရရင်လဲ ထားလိုက်တော့ သူနဲ့ထိုက်လို့ရတဲ့ ပစ္စည်းသူပဲဝတ်ထားပါစေ”

ကိုတိုးနိုင်စကားကြောင့် စန်းနွယ်ဘာမှမပြောတော့ပဲ လက်စွပ်မှာကပ်နေတဲ့မြေကြီးတွေကိုရေနဲ့ ဆေးကြောပေးလိုက်တယ်။ ကလျာကတော့ နေရောင်ထဲမှာ လက်ကိုထောင်ကြည့်လိုက် မှောက်ကြည့်လိုက်နဲ့ သဘောကျနေခဲ့တယ်။

ညဘက်ရောက်တော့ မိသားစုသုံးယောက် အိပ်ပျော်နေတဲ့အချိန် အိမ်ပေါ်ကို အသက်ဆယ်နှစ်အရွယ် မိန်းကလေးတစ်ယောက် တက်လာခဲ့တယ်။ ဆံမြိတ်လေးချထားပြီး ရင်ဖုံးအင်္ကျီ‌ဝတ်ထားတဲ့ မိန်းကလေးက ကလျာအိပ်နေတဲ့ဘေးမှာထိုင်လိုက်ပြီး ပခုံးကိုလှုပ်နှိုးလိုက်ရာ

“ နင်ဘယ်သူလဲ…”

“ ရှူး… တိုးတိုးနေ၊ ငါက နင်နဲ့ကစားဖို့လာတာ”

“ ညဘက်ကြီးကစားမယ်ပေါ့လေ.. ဒီလောက်မှောင်နေတာကို ဘယ်လိုကစားမှာလဲ”

“ ငါ့မှာ အလင်းရောင်ထွက်တဲ့အရာပါတယ်၊ နောက်ပြီး ကစားစရာတွေလဲအစုံပါလာတယ်ဟ”

ကစားရမယ်ဆိုတာကြောင့် ကလျာလဲ အိပ်နေရာကနေ အသာထလိုက်ပြီး အိမ်ပြင်ကို ထွက်လာခဲ့လိုက်တယ်။ အပြင်ရောက်တော့ သူနဲ့သက်တူရွယ်တူ ယောင်္ကျားလေးတစ်ယောက် ထပ်ရှိနေတာကြောင့်

“ သူက ဘယ်သူလဲ”

“ ငါ့မောင်လေးလေ… သူလဲပျင်းတယ်ဆိုလို့ ခေါ်လာတာ”

“ ဟင်းး.. နင်တို့ကလဲ မိုးလင်းတုန်းမှာ မကစားပဲ ညဘက်ရောက်မှ ကစားရတယ်လို့”

“ ငါတို့ အုပ်ထိန်းသူတွေက မနက်ဘက်ပေးမဆော့ဘူး၊ အခုတောင် သူတို့အိပ်လို့ ခိုးထွက်လာတာ”

“ ငါလဲ တစ်ယောက်ထဲဆိုတော့ ပျင်းနေတာ၊ အခုနင်တို့ရှိတော့ မပျင်းတော့ဘူး၊ ဒါနဲ့ ဘာတမ်းဆော့ကြမလဲ”

ကလျာမေးလိုက်တော့ မျက်နှာတည်နဲ့ရပ်နေတဲ့ ကောင်လေးက

“ ဝိဉာဉ်နှုတ်တမ်းဆော့မယ်လေ”

“ ဟဲ့.. ဗညား ပေါက်ကရမပြောနဲ့၊ ငါ့မောင်က အဲလိုပဲ လူတွေ့ရင်လိုက်စနေတာ”

“ သူ့ကြည့်ရတာ မပျော်တဲ့ပုံပဲ”

ကလျာစကားကြောင့် မိန်းကလေးက ဗညားဆိုတဲ့ ကောင်လေးကို မျက်စောင်းထိုးလိုက်ရာ

“ ပျော်ပါတယ်ဟ… ဒါကြောင့် နင်နဲ့ကစားဖို့ လိုက်လာတာပေါ့”

“ ကဲကဲ… အချိန်ရတုန်း ကစားကြရအောင်”

“ ခဏနေဦး… နင့်နာမည်လဲငါ့ကိုမပြောတော့ ဘယ်လိုခေါ်ရမလဲ”

“ အော် ငါ့နာမည်က မိမွန်လို့ခေါ်တယ်၊ ငါ့မောင်နာမည်က ဗညား”

“ ငါ့နာမည်က ကလျာလို့ခေါ်တယ်၊ အခု ငါတို့က သူငယ်ချင်းဖြစ်သွားပြီပေါ့”

“ ဒါပေါ့… ငါတို့အခု ဇယ်ခုန်ကြမလား”

“ စိန်လိုက်လေ… ငါက ဇယ်ခုန်တဲ့နေရာမှာ အရမ်းတော်တာနော်”

ကလျာစကားကြောင့် မိမွန်ဆိုတဲ့ကောင်မလေးက အိတ်ကပ်ထဲကနေ ပြောင်လက်နေတဲ့အနီရောင် အလုံးငါးလုံးထုတ်လိုက်ပြီး အိမ်ရှေ့မြေကွက်လပ်မှာ ပစ်ချလိုက်တယ်။

ကလျာတို့လဲ တစ်ညလုံး စိတ်ရှိလက်ရှိ ဆော့ကစားပြီး မနက်အရုဏ်တက်တဲ့အချိန်ရောက်တော့

“ ငါတို့ပြန်ရတော့မယ်.. နောက်နေ့တွေ ငါတို့ပြန်လာခဲ့မယ်နော်” လို့ပြောကာ စမ်းချောင်းရှိတဲ့ဘက်ကို ထွက်သွားခဲ့တယ်။

ကလျာလဲ တစ်ညလုံး ဆော့ထားတာကြောင့် ခြေကုန်လက်ပန်းကျပြီးအိပ်လိုက်တာ မွန်းတည့်ချိန်လောက်မှ နိုးလာခဲ့တယ်။

“ သမီး… ဒီနေ့ထတာနောက်ကျတယ်နော်၊ ညကအိပ်မပျော်လို့လား”

“ ဟုတ် ဟုတ်တယ်အမ.. ညက အိပ်မပျော်လို့”

ကလျာက အလိုက်သင့်ပြန်ပြောရင်း မျက်နှာသစ်ရန် တဲအနောက်ကိုထွက်လာတဲ့အချိန် ခြုံပုတ်တွေထူထပ်စွာပေါက်နေတဲ့လမ်းကြားထဲမှာ လူတစ်ယောက် မတ်တပ်ရပ်ပြီး သူ့ကိုစိုက်ကြည့်နေတာမြင်လိုက်ရတယ်။

ကလျာလဲ အိပ်ချင်မူးတူးဖြစ်နေတဲ့ မျက်လုံးကိုပွတ်ပြီးပြန်ကြည့်လိုက်တဲ့အချိန်မှာတော့ ဘယ်သူမှမရှိတော့ပေ။

ဒီလိုနဲ့ မနက်စာစားပြီးလို့ အိမ်ရှေ့က ဝါးခုံလေးပေါ်မှာထိုင်နေတဲ့အချိန်

“ ကလျာ… နင်ပျင်းနေတယ်မဟုတ်လား” ဆိုတဲ့အသံကြားလို့လှည့်ကြည့်လိုက်ရာ ညကတွေ့ခဲ့တဲ့ မိမွန်ဖြစ်နေခဲ့တယ်။

“ မိမွန် နင်ပြောတော့ မနက်ဘက်ထွက်မရဘူးဆို”

“ ဒီနေ့က အဘတို့ ဘုရားသွားကြတယ်လေ၊ ဒါကြောင့် ငါတို့ကိုစောင့်ကြည့်မယ့်သူမရှိတာ”

“ နင့်မောင်လေးရော မပါဘူးလား”

“ မပါဘူး… သူက ယောင်္ကျားလေးဆိုတော့ ငါတို့ဆော့သလိုမဆော့ချင်ဘူးလေ”

“ ဒီနေ့ ဘာတမ်းဆော့ကြမလဲ”

“ ဘာတမ်းဆော့ရင်ကောင်းမလဲဆိုတော့…. တူတူပုန်းတမ်းဆော့ကြမလား”

“ အေး… ကောင်းသားပဲ၊ ဒါပေမယ့် နှစ်ယောက်ထဲဆိုတော့ ပျင်းစရာကြီးဟ”

“ နင်က အဖော်တွေနဲ့ဆော့ချင်တာလား”

“ အေးပေါ့… တူတူပုန်းတမ်းဆိုတာ အဖော်တွေပါမှ ဆော့လို့ကောင်းတာ”

“ ဒါဆို ငါတို့နေတဲ့ဆီလိုက်ခဲ့လေ ဟိုမှာ ငါ့အဖော်တွေရှိတယ်”

“ နင်ပြောတော့ ဆော့ဖို့လူမရှိဘူးဆို အခုကဘယ်လိုကြောင့် အဖော်ရှိသွားတာလဲ”

“ နင်နားလည်အောင်ပြောရရင် အဘတို့က အစေခံတွေနဲ့မပေးကစားဘူး၊ ဒါပေမယ့် ဒီနေ့က သူတို့ဘုရားသွားတာဆိုတော့ ကစားလို့ရတယ်လေ”

“ နင်က အစေခံတွေတောင်ရှိတာလား”

“ နင်လိုက်ခဲ့ရင်သိမှာပေါ့…”

“ အရမ်းဝေးရင် ငါမလိုက်ဘူးနော်၊ အမေတို့ ခဏနေရင်ပြန်လာကြတော့မှာ”

“ မဝေးပါဘူး… ရှေ့တစ်ကွေ့ဆိုရောက်ပါပြီ”

မိမွန်က ကလျာလက်ကိုဆွဲပြီး ထွက်သွားတဲ့အချိန် အေးစက်စက်မာတင်းတင်းအထိတွေ့ကို ခံစားလိုက်ရတယ်။ ဟိုရောက်တော့ ဟောင်းနွမ်းတဲ့ အဝတ်အစားတွေဝတ်ထားတဲ့ ကလေးငါးယောက်က ခုတ်လှဲထားတဲ့ သစ်တုံးတွေပေါ်မှာ ထိုင်နေတာမြင်လိုက်ရတယ်။

“ ဟဲ့… ငါ့သူငယ်ချင်းပါလာတာ နင်တို့မမြင်ကြဘူးလား၊ လာနှုတ်ဆက်ကြလေ”

မိမွန်က ခါးထောက်ပြီး ပြောလိုက်တော့ မျက်နှာလေးတွေနွမ်းလျနေတဲ့ကလေးငါးယောက် ကပြာကယာထလာပြီး ကလျာကို နှုတ်ဆက်ကြတယ်။

“ မိမွန် နင်တို့က ဘယ်မှာနေကြတာလဲ၊ ငါတော့ အခုထိ အိမ်နဲ့တူတာဆိုလို့ တဲတစ်လုံးတောင် မတွေ့သေးဘူးနော်”

“ နောက်တော့ နင့်ကိုအိမ်ခေါ်သွားမှာပါ၊ အိမ်မှာဆော့တာထက် ဒီမှာဆော့တာက ပိုကောင်းတယ်လေ”

ကလျာလဲ မိမွန်ရဲ့ အပေါင်းအသင်းတွေနဲ့ ဆော့နေရင်း စိတ်ထဲကနေ ပျော်သလိုလိုဖြစ်လာခဲ့တယ်။

“ ကလျာ နင် ပျော်နေပြီမဟုတ်လား”

“ အေးဟ… နင်တို့နဲ့ဆော့ရတာ ပျော်ဖို့ကောင်းတယ်”

“ ဒါဆို အိမ်မပြန်နဲ့တော့လေ ငါတို့နဲ့ပဲ ဆော့တော့”

“ အိမ်မပြန်လို့တော့ မရဘူးလေ၊ အမေတို့က ငါမရှိရင် လိုက်ရှာနေကြမှာ”

ကလျာရဲ့စကားကြောင့် မိမွန် ဆော့နေတာရပ်လိုက်ပြီး မျက်ထောင့်နီနဲ့ တစ်ချက်လှမ်းကြည့်လိုက်တယ်။ မိမွန် ရပ်လိုက်တာနဲ့တစ်ပြိုင်နက် အခြားသူတွေကပါ ဆက်မကစားကြတော့ပေ။

“ မိမွန် ဘာလို့လဲ ငါအိမ်ပြန်မယ်ပြောလို့ စိတ်ဆိုးသွားတာလား”

“ မဟုတ်ပါဘူး…ဘာလို့စိတ်ဆိုးရမှာလဲ”

ခုနက မျက်နှာထားတင်းနေတဲ့မိမွန်က ချက်ချင်းဆိုသလို မျက်နှာချိုလာသွေးခဲ့တယ်။

“ ညနေစောင်းတော့မယ်ဆိုတော့ ငါပြန်မှရမယ်၊ အမတို့ပြန်လာလို့ ငါ့ကိုမတွေ့ရင် စိတ်ပူနေလိမ့်မယ်”

“ အင်းပါ… နင်ကပြန်ချင်တယ်ဆိုတော့လဲ ပြန်ပေါ့၊ ငါလိုက်ပို့ပေးမယ်”

မိမွန်က ကလျာလက်ကိုဆွဲပြီး လယ်စောင့်တဲရှိရာကို ထွက်လာခဲ့လိုက်တယ်။ ကလျာလဲ ခြေလှမ်းဆယ်လှမ်းလောက် လျောက်လာပြီးတဲ့အချိန် အနောက်ကို လှည့်ကြည့် လိုက်ရာ ခုနက ဆော့နေကြတဲ့ ကလေးတွေအားလုံးကို မတွေ့ရတော့ပေ။

“ သူတို့တွေ ရုတ်တရက်ဘယ်ရောက်သွားကြတာလဲ”

“ ပြန်သွားကြပီလေ ကလျာရဲ့…”

“ ပြန်တော့လဲ မြန်လိုက်ကြတာ၊ မသိရင် ဟပ်ချလောင်းဆိုပြီး ကိုယ်ဖျောက်လိုက်သလိုပဲ”

ကလျာက ရယ်မောစရာပြောလိုက်တော့ မိမွန်က တဟက်ဟက်နဲ့ရယ်ပြီး လိုက်ပါလာခဲ့တယ်။

“ မိမွန်… နင့်ကိုငါ့မိဘတွေနဲ့ မိတ်ဆက်ပေးမယ်လေ၊ သူတို့က နင့်ကိုတွေ့ရင် ချစ်ကြမှာ”

“ ရပါတယ် ကလျာရဲ့… အခုတော့ စောပါသေးတယ်၊ နောက်တစ်ခေါက်မှပေါ့”

မိမွန်က ကလျာအိမ်ထိမလိုက်တော့ပဲ မျက်ကွယ်ကွေ့ကနေ လှည့်ပြန်သွားခဲ့တယ်။ အိမ်ရောက်တော့ မိခင်ဖြစ်သူက စိုးရိမ်တကြီးနဲ့

“ ကလျာ… နင်ဘယ်တွေလျောက်သွားနေတာလဲ”

“ ဘယ်မှမသွားပါဘူးအမေရဲ့… ဟိုနားဒီနားလိုက်ကြည့်နေတာ”

“ နင်တော်တော် အတင့်ရဲတာပဲ၊ မတော်လို့ သူခိုးဓါးပြတွေနဲ့တွေ့ရင်ဘယ်လိုလုပ်မလဲ၊ နောက်တစ်ခါ သွားရဲသွားကြည့် ငါနဲ့တွေ့မယ်”

မိခင်ဖြစ်သူရဲ့ကြိမ်းဝါးမှုကြောင့် ကလျာ ငိုမဲ့မဲ့နဲ့ အိမ်ပေါ်တက်သွားခဲ့လိုက်တယ်။ ညရောက်တော့ ကလျာတစ်ယောက်အိပ်မပျော်ပဲ ဟိုတွေးဒီတွေးနဲ့ လှိမ့်နေတဲ့အချိန် အိမ်အပြင်ဘက်ကနေ လမ်းလျောက်လာတဲ့အသံကိုကြားလိုက်ရတယ်။

“ မိမွန်များလား”

ကလျာလဲ အိပ်နေရာကနေ ထလိုက်ပြီး ထရံပေါက်ကနေ ချောင်းကြည့်လိုက်ရာ ဘယ်သူကိုမှမတွေ့တဲ့အတွက် အနောက်ကိုလှည့်လိုက်တဲ့အချိန် သူ့ဘေးမှာ ငုတ်တုတ်ထိုင်နေတဲ့ မိမွန်ကို မြင်လိုက်ရတယ်။

“ အမလေး… လန့်လိုက်တာမိမွန်ရယ်”

“ နင့်မိဘတွေ အိမ်ရှေ့မှာအိပ်နေတာ သိုးနေတာပဲ၊ ငါလဲ သူတို့အိပ်နေတာမြင်တော့ အသာလေးတက်လာတာ”

“ နင်ညဘက်ကြီး တစ်ယောက်ထဲ လာတာလား”

“ ငါ့ဦးလေးတွေပါတယ်… သူတို့က စမ်းချောင်းဘက်မှာ ငါးရှာဖားရှာလုပ်နေကြတယ်”

“ စမ်းချောင်းနဲ့ ငါတို့တဲက ဝါးဆယ်ပြန်စာလောက်သွားရတာလေ၊ နောက်ပြီး မှောင်မဲနေတာကို နင်တစ်ယောက်ထဲ လာရသလား”

“ ဒီနေရာက ငါသွားနေကျပါ… အခုသူတို့ ငါးရှာပြီးတဲ့ထိ ငါတို့ဆော့ဖို့အချိန်ရတယ်၊ ဒီမှာကြည့်စမ်း”

မိမွန်က အိတ်ကပ်ထဲထည့်လာတဲ့ ယွန်းဘူးကို ထုတ်ပြီး သွန်ချလိုက်ရာ အထဲကနေ လုံးချောနေတဲ့ အပြာရောင်ကျောက်တွေထွက်ကျလာခဲ့တယ်။

“ မိမွန်… ဒါက ငါ့လက်စွပ်မှာပါတဲ့ ကျောက်နဲ့ အရောင်တူနေပါလား”

“ ဟုတ်လား… နင့် လက်စွပ်က ဘယ်ကနေရတာလဲ”

“ တဲဘေးမှာဆော့နေတုန်း ကောက်ရတာ”

“ လက်စွပ်က နင်နဲ့လိုက်တယ်နော်…”

“ တကယ်ပြောတာလား”

“ တကယ်ပေါ့… ငါ့မှာလဲ လက်စွပ်တွေ လက်ကောက်တွေအများကြီးရှိတယ်၊ နင် မနက်ဖြန် ငါ့တို့အိမ်လိုက်ခဲ့ပါလား၊ နင့်ကို လက်ကောက်လှလှလေး ပေးမယ်”

“ ငါလိုက်တော့ လိုက်ချင်ပါတယ်၊ ဒါပေမယ့် အမေက နောက်တစ်ခါလျောက်သွားရင် ရိုက်တော့မှာ”

“ အမေတွေက ဒီလိုပြောတာပါပဲ၊ ဘယ်သူက သူတို့သားသမီးကို သေအောင်ရိုက်မှာလဲ၊ ရိုက်လဲ တစ်ချက်နှစ်ချက်ပေါ့”

“ ဒါပေမယ့် ငါမလိုက်ရဲဘူး”

“ ငါက နင့်ကိုခင်လို့ လက်ကောက်လှလှလေးပေးမယ်ဆိုပြီး လာပြောတာ၊ နင်က ငါ့ကိုမခင်တာသိလိုက်ရတာပေါ့”

“ အဲလိုလဲမဟုတ်ပါဘူး… ငါလဲ နင့်ကိုခင်ပါတယ်”

“ တော်ပီ တော်ပီ ငါနောက်ဆို နင့်ဆီမလာတော့ဘူး”

မိမွန်က စိတ်ဆိုးတဲ့ဟန်နဲ့ အိမ်ပေါ်ကနေ ဆင်းသွားတာကြောင့် ကလျာ စိတ်မကောင်းဖြစ်သွားပြီး ခြေကိုအသာဖော့ကာ အနောက်ကနေ လိုက်သွားခဲ့လိုက်တယ်။

“ မိမွန် မိမွန်…”

ကလျာရဲ့ခေါ်သံကြောင့် စမ်းချောင်းဘက်ထွက်သွားတဲ့ မိမွန်က ပြန်လှည့်ကြည့်ပြီး

“ ဘာပြောဖို့လဲ”

“ စိတ်မဆိုးပါနဲ့ဟာ…မနက်ဖြန် နေ့လည် ငါနည်းငါ့ဟန်နဲ့ နင့်ဆီလာခဲ့မယ်လေ”

“ နင်တကယ်ပြောတာလား”

“ တကယ်ပေါ့… ငါသေချာပေါက် လာခဲ့မယ်၊ နင်ဘယ်မှာစောင့်နေမလဲ”

“ မနေ့ကတွေ့တဲ့နေရာမှာပဲ စောင့်နေမယ်လေ၊ နင်မလာလို့ကတော့ ငါ့အကြောင်းသိမယ်နော်”

“ ငါရအောင် ထွက်လာမယ်… စိတ်ချ”

“ ပြီးရော… ဒါဆိုငါပြန်လိုက်ဦးမယ်၊ ဦးလေးတို့လဲ ငါးဖမ်းပြီးပြီထင်တယ်”

မိမွန်ထွက်သွားတော့ ကလျာလဲ တဲပေါ်ကိုပြန်တက် လာခဲ့ရာ

“ သမီး… ခုနက ဘယ်သူနဲ့စကားပြောနေတာလဲ”

“ အဖေ နဲ့အမေ အိပ်သေးဘူးလား”

“ သမီး အိမ်ခန်းထဲမှာ တစ်ယောက်ထဲ စကားပြောနေထဲက နိုးနေတာ”

“ သမီး တစ်ယောက်ထဲ မဟုတ်ပါဘူး၊ မိမွန်လဲရှိပါတယ်”

“ ဘယ်က မိမွန်လဲ… အဖေတို့မြင်တာကတော့ သမီးတစ်ယောက်ထဲ စကားပြောနေတာပဲ”

“ အာ… မိမွန်နဲ့ပြောနေတာပါ၊ သူက သမီးသူငယ်ချင်း အဖေတို့ ဒီစရောက်တဲ့နေထဲက သူနဲ့ခင်တာ”

“ သူကဘယ်မှာနေတယ်ပြောလဲ”

“ ဘယ်မှာနေတယ်လို့တော့မပြောဘူး… သူတို့အိမ်က စမ်းချောင်းဘေးလမ်းကနေ သွားရတယ်လို့ပြောတယ်”

“ စန်းနွယ် နင့်သမီးတော့ လှည့်စားခံနေရပြီ”

“ ဘာဖြစ်လို့လဲအဖေ”

“ ဘာဖြစ်ရမှာလဲ… စမ်းချောင်းဘေးက လမ်းထဲမှာ ရှေးဟောင်းစေတီပျက်တစ်ဆူပဲရှိတယ်၊ ဘာလူနေအိမ်မှမရှိဘူး”

“ အဖေက ဘယ်လိုသိတာလဲ”

“ တဲကိုစရောက်တဲ့နေ့ထဲက အဖေလိုက်ကြည့်ပြီးပြီ၊ ဒီကွင်းအနီးတစ်ဝိုက်မှာ လူနေအိမ်တစ်လုံးမှမရှိဘူး၊ သမီးစဉ်းစားကြည့် ဆယ်ကျော်သက်မိန်းကလေး တစ်ယောက်က ညကြီးအချိန်မတော် အဲဒီကနေ ဒီကို တစ်ယောက်ထဲလာတာ ဖြစ်နိုင်ပါ့မလား”

“ အဖေတို့က သမီးကိုခြောက်နေတာမဟုတ်လား”

“ သမီး… အမေတို့က သမီးကို ခြောက်လှန့်နေတာ မဟုတ်ဘူး၊ ဒီပုံအတိုင်းဆို သမီးကို ရွာပြန်ပို့မှ ဖြစ်တော့မယ်”

“ အာ… အမေကလဲ သမီးရွာတော့မပြန်ချင်ပါဘူး၊ အမေတို့ပြောသလို နေဆိုနေပါ့မယ်၊ ရွာတော့ပြန်မပို့ပါနဲ့”

“ စန်းနွယ် မနက်ဖြန်ကျရင် နင်လဲ ငါ့ကိုထမင်းလာမပို့နဲ့တော့၊ သမီးကိုလဲ ဘယ်မှပေးမသွားနဲ့”

“ စိတ်ချပါ… ကျုပ်စောင့်ကြည့်ထားလိုက်ပါ့မယ်”

ကလျာကတော့ ခြေချုပ်မိသွားတာမို့ စူပုတ်နေတဲ့မျက်နှာနဲ့ မိဘနှစ်ပါးရဲ့ အလယ်ထဲတိုးဝင်ကာ လှဲအိပ်လိုက်တယ်။

++++++

မနက်မိုးလင်းတော့ ကိုတိုးနိုင်တစ်ယောက် အိပ်မောကျနေတဲ့ သမီးဖြစ်သူရဲ့ပါးပြင်ကို တစ်ချက်နမ်းလိုက်ပြီး

“ စန်းနွယ် သမီးကိုသေချာကြည့်ထားနော်၊ မျက်စိအောက်ကအပျောက်မခံနဲ့ ကြားလား”

“ စိတ်ချပါ… တော်သာ ထမင်းစားချိန်ပြန်လာခဲ့”

“ ဒါဖြင့် ငါသွားတော့မယ်”

ကိုတိုးနိုင်လဲ ပေါက်တူးတစ်လက်ကိုယူပြီး လယ်ထဲဆင်းသွားတဲ့အချိန် လှည်းလမ်းအတိုင်း မောင်းနှင်လာတဲ့ နွားလှည်းတစ်စီးကို မြင်လိုက်ရတယ်။

“ ဟေ့ တိုးနိုင်… လယ်ထဲဆင်းတော့မလို့လား”

“ ဟုတ်တယ် ကိုသာပျော့ရေ… နောက်နှစ်ရက်သုံးရက်ဆို မိုးရွာမယ်ဆိုပြီ ကြေညာထားလို့ အလုပ်တွေလက်စသတ်နေတာ၊ ဒါနဲ့ ကျုပ်မှာထားတဲ့ပစ္စည်းတွေပါလား”

“ ပါပါတယ်ဗျာ… ဦးမိုးကြီးက မြေဩဇာတွေရော မျိုးစပါးတွေပါထည့်ပေးလိုက်တယ်”

“ ဒါနဲ့ လှည်းပေါ်ပါလာတဲ့သူတွေက ဘယ်သူတွေလဲ၊ ရွာမှာတော့ တစ်ခါမှမမြင်ဖူးဖူး”

“ အော်… သူတို့က ကျွဲကူးရွာဘက်သွားမယ်ဆိုလို့ လမ်းကြုံခေါ်လာတာ”

“ ကျွဲကူးရွာက မိုးနဲကွင်းကနေဖြတ်သွားရတာမဟုတ်လား”

“ ဟုတ်တယ်လေ ဒါကြောင့် ဒီမှာချပေးမလို့ခေါ်လာတာ”

“ ဒါဆို ဧည့်သည်တွေပေါ့… ဒီကိုရောက်တုန်း ရောက်ခိုက် အိမ်မှာထမင်းစားသွားကြလေ၊ ဟင်းကတော့ မကောင်းပေမယ့် စားလို့မြိန်မှာပါ”

“ ဧည့်သည်တွေမြင်တယ်မလား… ဒီကောင်က သိပ်ကိုစေတနာကောင်းတာ၊ ဒါကြောင့် သူ့လယ်တွေ သူများပိုင်သွားတာလေ ဟဲဟဲ”

“ ကိုသာပျော့ ပြီးခဲ့တာတွေ မပြောပါနဲ့တော့ဗျာ၊ လာ အိမ်ဘက်သွားကြရအောင်”

ဧည့်သည်တွေလဲ ကိုတိုးနိုင် ခေါ်တဲ့နောက်ကို လိုက်လာခဲ့ရာ ဖြစ်သလိုဆောက်လုပ်ထားတဲ့ တဲအိမ်တစ်လုံးရှေ့ကိုရောက်လာခဲ့တယ်။

“ စန်းနွယ်ရေ စန်းနွယ်… ကိုသာပျော့တို့လာတယ်ဟေ့”

ကိုတိုးနိုင်က တဲရှေ့ကနေ အော်ခေါ်နေပေမယ့် ဘာသံမှထွက်မလာတာကြောင့် အိမ်ပေါ်တက်ကြည့်လိုက်ရာ ငူငူငိုင်ငိုင်ကြီး ထိုင်နေတဲ့ မိန်းမဖြစ်သူကိုမြင်လိုက်ရတယ်။

“ စန်းနွယ် စန်းနွယ် …ဘာဖြစ်နေတာလဲ သတိထားစမ်း”

ပခုံးနှစ်ဖက်ကိုကိုင်လှုပ်ပြီးမေးလိုက်ပေမယ့် စကားမေးမရတာကြောင့် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေတဲ့အချိန်

“ အသိစိတ်လွတ်အောင် ပြုစားခံရပြီထင်တယ်… ကျုပ်ကိုရေတစ်ခွက်ခပ်ပေးလို့ရလား”

ကိုသာပျော့နဲ့အတူပါလာတဲ့ ဧည်သည်တွေရဲ့စကားကြောင့် ကိုတိုးနိုင်လဲ သောက်ရေအိုးထဲက ရေတစ်ခွက်ခပ်ပြီး ကမ်းပေးလိုက်တယ်။ ဧည့်သည်တွေကလဲ သောက်ရေခွက်ရတာနဲ့ ရေကိုစေ့စေ့ကြည့်ကာ ဂါထာတစ်ပုဒ်ကို ရွတ်ဆိုပြီး မျက်နှာကို တောက်လိုက်တော့မှ မစန်းနွယ် သတိပြန်ရလာခဲ့တယ်။

“ သမီး သမီးလေးမရှိတော့ဘူး… သူတို့ခေါ်သွားကြတယ်”

“ ဘယ်သူခေါ်သွားတာလဲ…”

“ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် လာခေါ်သွားတာ”

“ ဒါကိုနင်က မတားဘူးလား… ဒုက္ခပါပဲ ငါဒီလိုဖြစ်မယ်ဆိုတာသိလို့ သေချာမှာထားခဲ့တာကိုကွာ”

“ ကျုပ်ထမင်းချက်နေတုန်း အိမ်ရှေ့မှာစကားပြောတဲ့အသံကြားလို့ ထွက်ကြည့်တော့ဆံမြိတ်ချထားတဲ့ ကောင်မလေးတစ်ယောက် သမီးလေးလက်ကိုအတင်းဆွဲခေါ်နေတာမြင်လိုက်ရတယ်၊ အဲဒါနဲ့ ကျုပ်လဲ ငါ့သမီးကိုလွှတ်စမ်းလို့ ပြောလိုက်တော့ အဲဒီကလေးမက ကျုပ်ကို မျက်လုံးစိမ်းကြီးတွေနဲ့ စိုက်ကြည့်ပြီး နင့်သမီးက ငါတို့ဆီကပစ္စည်းယူထားတာမို့ ငါတို့ခေါ်တဲ့နောက်လိုက်ရမယ်ဆိုပြီးပြောတာ၊ ကျုပ်လဲ ရုတ်တရက်မို့ ဘာပြောရမှန်းမသိဖြစ်နေတဲ့အချိန် အဲဒီကလေးမက သူ့ခါးမှာချိတ်ထားတဲ့ ပုဝါစကိုထုတ်ပြီးမွှေ့ယမ်းလိုက်တဲ့အချိန် ချိုအီအီအနံ့တစ်ခုထွက်လာတယ်။ အဲဒီအနံ့ရပြီးတော့ ကျုပ်လဲဘာဖြစ်သွားမှန်းမသိတာ အခု မျက်နှာကိုရေစက်လာစင်မှသတိပြန်ရတာပဲ”

“ ကျုပ်ဟိုနေ့ညထဲက ဒီကောင်မလေး မူမမှန်တာသိနေတယ်၊ လုပ်ကြပါဦးဗျာ ကျုပ်သမီးလေးကို ပြန်ခေါ်ပေးကြပါဦး”

“ ကလေးက ဘယ်အရွယ်ရှိပြီလဲ”

“ ဆယ်နှစ်ကျော်ကျော်လေးပဲရှိပါသေးတယ်”

“ ခုနကပြောတဲ့ထဲမှာ သူတို့ပေးထားတဲ့ပစ္စည်းကိုယူထားပြီးပြီလို့ကြားလိုက်တယ်၊ ဒီရက်ပိုင်းထဲမှာ ပစ္စည်းတစ်ခုခုရထားတာ ရှိလား”

“ လက်စွပ်တစ်ကွင်းကောက်ရထားတာတော့ ရှိတယ်”

“ ဒီပုံစံအတိုင်းဆိုရင် ပစ္စည်းနဲ့မြှားပြီး စိတ်ကိုချုပ်ကိုင်လိုက်တာပဲ”

“ ကျုပ်တို့ဘယ်လိုလုပ်ရမလဲ… ကျုပ်မှာ ဒီသမီးလေး တစ်ယောက်ပဲရှိတာ”

“ ကျုပ်အတွေ့အကြုံအရပြောရရင် ဒီအနီးနားမှာ သိုက်ဆက်တစ်ခုခုရှိ‌လိမ့်မယ်၊ မိတ်ဆွေတို့သိထားတာတစ်ခုခုများရှိသေးလား”

“ သိုက်ဆက်ဆိုလို့ စမ်းချောင်းတစ်ဖက်ခြမ်းမှာ စေတီပျက်တစ်ဆူရှိတယ်၊ သမီးပြောတာကလဲ သူ့ကိုလာခေါ်တဲ့ကောင်မလေးက အဲဒီနားမှာနေတယ်တဲ့”

“ ဒါဆိုသေချာပြီ… အဲဒီနေရာ ကျုပ်တို့ကို လမ်းပြပေးလို့ရမလား”

“ ကျုပ်လိုက်ပို့ပေးပါ့မယ်၊ သမီးလေး ဘာမှတော့မဖြစ်ဘူးမလား”

“ ကလေးက ဘာနေ့သမီးလဲ”

“ တနင်္လာသမီးပါ”

“ နာမည်ကရော”

“ ကလျာနွယ်လို့ခေါ်တယ်”

“ တနင်္လာသမီး မကလျာနွယ်၏ အသက်နဲ့ခန္ဓာအား ကျုပ်တို့ထံအပ်ပါသလား”

“ အပ်ပါတယ်ဗျာ အပ်ပါတယ်…ကျုပ်သမီးလေး ဘာမှမဖြစ်ပါစေနဲ့”

“ ဆရာ… ကလေးကရှိနေသေးလား”

“ ရှိနေသေးတယ်… တော်သေးတာပေါ့ အသက်နဲ့ခန္ဓာအပ်တာမြန်လို့ ဟူး”

“ အသက်ရှင်နေသေးတယ်ဆိုရင် ကျေနပ်ပါပြီ၊ ကျုပ် စေတီရှိတဲ့ဘက် လိုက်ပြပါ့မယ်”

ကိုတိုးနိုင်လဲ ဧည့်သည်တွေကိုခေါ်ကာ စေတီပျက်ရှိတဲ့ဘက်ကို ထွက်လာခဲ့လိုက်တယ်။

စေတီပရ၀ဏ်နားကိုရောက်တော့ ဆူညံစွာအော်ဟစ် နေကြတဲ့ ကလေးတွေရဲ့အသံကိုကြားလိုက်ရ တာကြောင့် ကိုတိုးနိုင်လဲ အသံကြားတဲ့ဘက်ကို လိုက်ရှာကြည့်ရာ သက်ရှိတဲ့တူတာဆိုလို့ ဘာမှမတွေ့ခဲ့ပေ။

“ ဒီမှာ ကလေးသိုက်ရှိနေပါလား…”

“ ဟုတ်တယ်ဆရာ… ကလေးတွေ ဆော့ကစားနေတဲ့ အသံတွေကြားနေရပေမယ့် အကောင်အထည်မမြင်ရသေးဘူး”

ဧည့်သည်တွေလဲ အသံကြားတဲ့ဘက်ကို လျောက်လာခဲ့ရာ စေတီပျက်ရှေ့ကိုရောက်တာနဲ့ အော်ဟစ်ဆူညံနေကြတဲ့အသံတွေအကုန် ပျောက်သွားပြီး တရှုံ့ရှုံ့ငိုကြွေးနေတဲ့ မိန်းကလေး တစ်ယောက်ရဲ့ငိုသံကိုကြားလိုက်ရတယ်။

“ ကလျာ ကလျာအသံပဲ… သမီးရေ သမီး ဘယ်မှာလဲ”

“ မိတ်ဆွေခေါ်နေလို့ သူကြားမှာမဟုတ်ဘူး…”

“ ဘာဖြစ်လို့လဲဗျ”

“ ကလေးတွေက မိတ်ဆွေရဲ့သမီးကို ဖွက်ထားကြတာလေ၊ သာမန်မျက်စိနဲ့ကြည့်လို့မမြင်နိုင်သလို ပြင်ပလောကက အသံတွေကိုလဲ ကြားနိုင်မှာ မဟုတ်ဘူး”

“ ဒါဆို သူငိုနေတာကို ဘာလို့ကြားနေရတာလဲ”

“ ဘာလို့ကြားရလဲဆိုတော့ ကျုပ်တို့ဒီကိုစဝင်ထဲက သိုက်ကြိုးတွေအကုန်ဖြတ်လိုက်တာကြောင့်ပါ”

“ ကျုပ်သမီးလေးကိုပြန်ခေါ်ပေးလို့ရတယ် မဟုတ်လား”

“ အခုလောလောဆယ် စိတ်အေးအေးထားပြီး ပရ၀ဏ်အပြင်ဘက်မှာ စောင့်နေပေးပါ၊ ကျုပ်တို့ မိတ်ဆွေရဲ့သမီးကိုပြန်ခေါ်လာပေးပါ့မယ်”

ဧည့်သည်တွေရဲ့ စကားကြောင့် ကိုသာပျော့က တိုးနိုင်ကို အပြင်ဆွဲခေါ်သွားတယ်။ အဲဒီအချိန် စေတီရှေ့မှာကျန်နေခဲ့တဲ့ လူသုံးယောက်က ရေညှိတွေအထပ်ထပ်တက်နေတဲ့ ပန်းပုရုပ်နှစ်ခုရှေ့မှာ မတ်တပ်ရပ်လိုက်ပြီး

“ ထွက်လာစမ်း… ဟိုကလေးနှစ်ယောက်” လို့အမိန့်ပေးလိုက်ရာ ရုပ်ထုထဲကနေ မိန်းကလေးတစ်ယောက်၊ ယောင်္ကျားလေးတစ်ယောက် ခုန်ထွက်လာခဲ့တယ်။

“ နင်တို့က ဒီဘုရားမှာနေတာလား”

“ ဟုတ်တယ်ရှင့်.. ဘာဖြစ်လို့မေးတာလဲ”

“ နင်တို့ဖွက်ထားတဲ့ကောင်မလေး အခုဘယ်မှာလဲ”

“ ဘယ်သူကိုမှမဖွက်ထားပါဘူး..”

“ ဒီနှစ်ယောက် ပြောင်ပြောင်တင်းတင်းကို လိမ်နေပါလား၊ အခု သိုက်ထဲပိတ်ထားလိုက်ရကွာ”

“ ဟဲဟဲ… သိုက်ကိုတော့မပိတ်ပါနဲ့…သမီးတို့က သူ့ကိုဆော့ဖို့ခေါ်ထားတာပါ”

“ ခေါ်ထားရင်ပြန်ထုတ်ပေးပေါ့… ဒီကိစ္စတွေကိုလဲ မင်းတို့ကိုအုပ်ချုပ်တဲ့အဖိုးဆီမပြောပါဘူး”

“ ဗညား နင်ဖမ်းထားတာ နင်ပြန်လွှတ်ပေးလိုက်တော့”

အစ်မဖြစ်ဟန်တူတဲ့ကလေးမရဲ့စကားကြောင့် ရုပ်ထုနှစ်ထုကြားထဲကို လက်နဲ့သပ်ချလိုက်ရာ ရှိုက်ကြီးတငင်ငိုနေတဲ့ ‌မိန်းမတစ်ယောက်ကိုမြင်လိုက်ရတယ်။

“ မင်းတို့ဘာလို့ အခုလိုလုပ်တာလဲ”

“ သူနဲ့က အရမ်းဆော့လို့ကောင်းတယ်၊ ဒါကြောင့် အမြဲတမ်းဆော့ချင်လို့ ဖွက်ထားမိတာပါ”

“ နောက်ဆို ဒီလိုမလုပ်ကြနဲ့တော့၊ အခုက ကာယကံရှင်လဲ ဘာမှမဖြစ်ဘူးဆိုတော့ ခွင့်လွှတ်ပေးလိုက်မယ်”

“ အဘိုးဆရာကိုတော့ မတိုင်ဘူးမဟုတ်လားဟင်”

“ နောက်တစ်ခေါက်လုပ်ရင်တော့ တိုင်မှာ… အခုတော့ ကိုယ့်လူနဲ့ကိုယ်ဆော့ကြ”လို့ဟိန်းဟောက် လိုက်တော့မှ နှစ်ယောက်သား ပန်းပုရုပ်ထဲကို ခုန်ဝင်သွားခဲ့တယ်။

“ ကလေးတွေ ကလေးတွေ အုပ်ထိန်းသူကို အတော်စိတ်ဆင်းရဲအာင်လုပ်ထားတဲ့ပုံပဲ”

“ ဆရာ… ဒီအဖြစ်အပျက်ကို သူတို့အဖိုးကိုပြောလိုက်ရမလား”

“ သွားမပြောပါနဲ့ ..လောလောတယ် ဒီကလေးမကို သူ့အဖေဆီခေါ်သွားပေးလိုက်”

ကိုတိုးနိုင်လဲ ကလျာကိုမြင်တော့ ခပ်တင်းတင်းပွေ့ဖက်ထားလိုက်တယ်။

“ တကယ်တော့ သူတို့ကချစ်လို့ခေါ်ထားချင်တာပါ”

“ ဟုတ်တယ် ဟုတ်တယ်… သူတို့နဲ့အမြဲတမ်း ကစားပေးဖို့ပြောတယ်၊ သမီးလဲ ကစားနေရင် အကုန်မေ့သွားတာကြောင့် အမေကိုရော အဖေကိုပါ သတိမရခဲ့မိဘူး၊ နောက်တော့ ရုတ်တရက်သတိရလာတယ်၊ သူတို့ဆီမှာနေရတာ မပျော်တော့ဘူး၊ ဒါကြောင့် အိမ်ပြန်ဖို့ထွက်လာတဲ့အချိန် သူတို့နှစ်ယောက်က ပေးမထွက်ပဲလမ်းပိတ်ထားလို့ ထိုင်ငိုနေတာ”

“ သမီးကိုအခြားထိခိုက်အောင်လုပ်သေးလဲ”

“ ဘာမှမလုပ်ပါဘူး…”

“ ဒီနေ့က ဗုဒ္ဓဟူးနေ့ဆိုတော့ သိုက်စောင့်ပုဂ္ဂိုလ်တွေ အစည်းအဝေးတက်ရတယ်လေ၊ ဒါကြောင့် စိတ်ထင်တိုင်းသောင်းကျန်းနေကြတာ”

“ နောက်နောင်အခုလိုမျိုးထပ်ဖြစ်ရင် ဘယ်လိုလုပ်မလဲ”

“ မဖြစ်စေချင်ရင် သူတို့ပေးတဲ့ပစ္စည်းမယူပါနဲ့”

ဧည့်သည်တွေရဲ့စကားကြောင့် ကလျာက လက်မှာဝတ်ထားတဲ့ လက်စွပ်ကို အနာခံကာ ဆွဲဖြုတ်ပြီး စေတီရှေ့ကိုပစ်ထုတ်လိုက်တယ်။

မြလက်စွပ်လေးက တချွင်ချွင်နဲ့ရွေ့လျားသွားပြီး မျကိစရှေ့မှာတင်ပျောက်ကွယ်သွားခဲ့တယ်။ ကိုတိုးနိုင်လဲသမီးဖြစ်သူကို စေတီပျက်ကနေ ပြန်ခေါ်လာခဲ့သလို ဧည့်သည်တွေကလဲ ဘယ်သူမှနှောက်ယှက်လို့မရအောင် အဆောင်လက်ဖွဲ့တွေလုပ်ပေးသွားခဲ့တယ်။

ကိုတိုးနိုင်တို့လဲ ဒီအဖြစ်အပျက်ကြောင့် သမီးဖြစ်သူကို တဲမှာမထားတော့ပဲ ရွာမှာရှိတဲ့အမျိုးတွေဆီ ပြန်ပို့ထားခဲ့လိုက်တယ်။

ဒါကြောင့် သိုက်နန်းတွေရှိတဲ့ အရပ်ဒေသကိုသွားမယ်ဆိုရင် ဘာတွေ့တွေ့ ဘာမြင်မြင် မကောက်ယူကြဖို့ သတိပေးချင်ပါတယ်။

ကိုသာပျော့ လှည်းနဲ့လိုက်ပါလာတဲ့ ဧည့်သည်တွေကတော့ ဒီကိစ္စပြီးတာနဲ့ ကျွဲကူးရွာကိုခရီးဆက်သွားကြတယ်။ ကျွဲကူးရွာအရောက်မှာတော့

အမြဲတမ်းရေတွေအန်နေတဲ့ မိန်းမတစ်ယောက်ကို ကုသပေးခဲ့ရပြန်တယ်။

ဒီအကြောင်းကိုတော့ အောင်မြတ်သာနှင့်ရေအပင်း ဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

Zawgyi Version

“ေအာင္ျမတ္သာႏွင့္ထူးဆန္းေသာျမလက္စြပ္”(စ/ဆုံး)
————————————————————————

မိုးဦးကာလက မၾကာခင္ေရာက္လာေတာ့မွာျဖစ္လို႔ မ်ိဳးစပါးေတြသယ္တဲ့သူကသယ္၊ လယ္ထြန္တဲ့သူက ထြန္နဲ႔ ခေနာက္အင္းတစ္႐ြာလုံး အလုပ္ရႈပ္ေနခဲ့ ၾကတယ္။

လူေတြအားလုံး အလုပ္ကိုယ္စီနဲ႔ျဖစ္ေနေပမယ့္ ကိုတိုးႏိုင္တို႔မိသားစုကေတာ့ ဘယ္သူမွအလုပ္မေခၚတဲ့အတြက္ အိမ္ေရွ႕မွာ ငုတ္တုပ္ထိုင္ၿပီး ျဖတ္သြားျဖတ္လာ လူေတြကို ေငးၾကည့္ေနခဲ့ၾကတယ္။

“ ဒီႏွစ္ ဘယ္သူမွလဲ မေခၚၾကပါလားေနာ္၊ ဒီအတိုင္းဆို ေငြပိုေငြလွ်ံရဖို႔ထက္ ဝမ္းစာစပါးရဖို႔ေတာင္ မနည္း႐ုန္းကန္ရမွာ”

စိတ္ပ်က္စြာေျပာလိုက္တဲ့မိန္းမျဖစ္သူရဲ႕ စကားေၾကာင့္ ကိုတိုးႏိုင္တစ္ေယာက္ ေသာက္လက္စေဆးလိပ္ကို ေဘးခ်ကာ အိမ္အျပင္ဘက္ကိုထြက္သြားလိုက္တယ္။

“ အေမ… အေဖကဘယ္သြားတာလဲ”

“ အလုပ္ရလိုရျငား ထြက္ရွာတယ္ေနမွာေပါ့သမီးရယ္”

“ အေမသိလား… လုံးတင္တို႔က စပါးစိုက္တဲ့အခါ သမီးကိုေခၚမယ္လို႔ေျပာတယ္၊ ဒီႏွစ္ေတာ့ သမီး ‌ေကာက္စိုက္လိုက္ပါရေစ”

“ သမီးက အခုမွ ဆယ္ႏွစ္ေက်ာ္႐ုံေလးပဲရွိေသးတာ၊ ဘယ္လိုလုပ္ေကာက္စိုက္လို႔ရဦးမွာလဲ”

“ သမီး ေကာက္စိုက္တတ္ပါတယ္… အေမမယုံရင္ လုံးတင္ကိုေမးၾကည့္”

“ အသက္အ႐ြယ္ရလာရင္ မလုပ္ခ်င္တာေတာင္ လုပ္ရမယ္၊ အခုေတာ့ အေမစိတ္မခ်ေသးဘူး”

မိခင္ျဖစ္သူရဲ႕စကားေၾကာင့္ ကလ်ာ စိတ္ပ်က္လက္ပ်က္နဲ႔ အိမ္ေပၚျပန္တက္သြားခဲ့တယ္။ ခဏေနေတာ့ ကိုတိုးႏိုင္ျပန္ေရာက္လာၿပီး

“ မိန္းမေရ… ဦးမိုးႀကီးက သူ႔လယ္မွာလုပ္မယ္ဆို ဝမ္းစာစပါး တင္း(၃၀)ေပးမယ္လို႔ေျပာတယ္”

“ တကယ္ေျပာတာလား…ဒါဆို က်ဳပ္တို႔ဒီႏွစ္အဆင္ေျပပီေပါ့”

“ အဆင္ေျပတာေတာ့ဟုတ္တယ္၊ ဒါေပမယ့္ လုပ္ရမယ့္လယ္က မိုးနဲကြင္းဘက္မွာလို႔ေျပာတယ္”

“ ဦးမိုးႀကီးလယ္ေတြက ‌ေက်ာင္းႀကီးကြင္းမွာရွိတာမဟုတ္လား၊ ဘယ္လိုျဖစ္လို႔ မိုးနဲဘက္ေရာက္သြားတာလဲ”

“ သူမႏွစ္ကမွ ထပ္ဝယ္ထားတာတဲ့၊ အဲဒီဘက္က နည္းနည္းလွမ္းေတာ့ ဘယ္သူမွမလုပ္ခ်င္ၾက ဘူးေလ”

“ မိုးနဲကြင္းက ဒီကေန သြားရင္ သုံးနာရီေလာက္သြားရတာေလ၊ က်ဳပ္တို႔ ဘယ္လိုသြားၾကမလဲ”

“ လယ္ထဲမွာပဲေနၾကရင္မေကာင္းဘူးလား၊ ဟိုမွာက သီးပင္စားပင္ေတြလဲေပါတယ္လို႔ေျပာတယ္”

“ သမီးကိုေရာ ေခၚသြားမွာလား”

“ ေခၚသြားရမွာေပါ့… ငါ့သမီးကို အျခားသူဆီမွာ မအပ္ထားႏိုင္ပါဘူး”

“ ဒါျဖင့္ ဘယ္ေန႔သြားရမလဲ”

“ ငါတို႔လုပ္မယ္ဆိုရင္ ဒီတစ္ပတ္အတြင္းသြားရမယ္ေျပာတယ္”

“ ဘယ္တတ္ႏိုင္မလဲ ရတဲ့အလုပ္လုပ္ရေတာ့မွာေပါ့၊ ဒါနဲ႔ လယ္က ဘယ္ႏွစ္ဧကလုပ္ရမွာလဲ”

“ အမ်ားႀကီးေတာ့မဟုတ္ပါဘူး၊ ငါးဧကေလာက္ပဲ ရွိမယ္ထင္တယ္”

“ အင္း… ဒါဆို က်ဳပ္ပစၥည္းေတြထုပ္ပိုးထားလိုက္မယ္၊ ရွင့္သမီးကေတာ့ ေကာက္မစိုက္ရလို႔ အိမ္ေပၚမွာ စိတ္ေကာက္ေနေလရဲ႕”

“ ကလ်ာကေတာ့ေလ အားေနရင္ ေကာက္ေနေတာ့ပဲ”

ကိုတိုးႏိုင္က သမီးျဖစ္သူကိုေခ်ာ့ဖို႔တက္သြားတဲ့အခ်ိန္ မစန္းႏြယ္က လိုအပ္တဲ့ပစၥည္းေတြကို ထုပ္ပိုးရန္အတြက္ အိမ္ေနာက္ေဖးကိုထြက္လာခဲ့လိုက္တယ္။

+++++

“ တိုးႏိုင္… မင္း ဘာျဖစ္လို႔ မိုးနဲကြင္းမွာလုပ္မယ္ေျပာလိုက္တာလဲ”

ႏြားလွည္းကို ခပ္ေျဖးေျဖးေမာင္းႏွင္ေနတဲ့ ကိုသာ‌ေပ်ာ့စကားေၾကာင့္ တိုးႏိုင္က မ်က္ရိပ္မ်က္ေျချပလိုက္ၿပီး

“ အလုပ္မွမရွိတာ ကိုသာေပ်ာ့ရယ္၊ ဒါေၾကာင့္ လုပ္မယ္လို႔ေျပာလိုက္တာ”

“ အင္းပါ… ဟိုေရာက္ရင္ အစစအရာရာသတိထားၾကဦး၊ အနီးနားမွာလဲ ဘယ္သူမွရွိတာမဟုတ္ဘူး”

“ ဒါနဲ႔ လိုအပ္တဲ့ပစၥည္းေတြကိုေတာ့ ကိုသာေပ်ာ့ပဲ လာေပးမွာမဟုတ္လား”

“ ငါပဲလာရမွာေပါ့… အခုေလာေလာဆယ္ မင္းတို႔အတြက္ တစ္လစာရိကၡာထည့္ေပး လိုက္တယ္”

“ က်ဳပ္လယ္အတြက္ ႏြားတစ္ရွဥ္းေတာင္းထားတာ ျမန္ျမန္ေလးပို႔ေပးဦး”

“ မိုးမက်ခင္ မင္းဆီေရာက္ေအာင္ပို႔ေပးပါမယ္ကြ၊ ဟိုမွာ မင္းတို႔မိသားစုေနလို႔ရမယ့္ တဲတစ္လုံးေတာ့ရွိတယ္၊ အရမ္းႀကီးမေကာင္းေပမယ့္ မိုးလုံေလလုံေတာ့ရွိပါတယ္”

“ ကိုသာေပ်ာ့… မိုးနဲကြင္းကလယ္မွာ အရင္ကေရာ စပါးစိုက္ဖူးလား”

ကိုတိုးႏိုင္စကားေၾကာင့္ ကိုသာေပ်ာ့က လွည္းကိုရပ္လိုက္ၿပီး အေပါ့အပါးသြားဟန္နဲ႔ ေအာက္ကိုေခၚဆင္းသြားခဲ့တယ္။

“ ငါလဲမင္းကိုေျပာမလို႔… မိုးနဲကြင္းဘက္က နတ္ႀကီးတယ္ေနာ္၊ မႏွစ္က ေအးထြန္းတို႔လင္မယား သြားလုပ္တာ ေကာက္ေတာင္မစိုက္ရေသးဘူး ျပန္ေျပးလာၾကေလ”

“ သူတို႔ျပန္လာၾကတာေတာ့သိတယ္၊ အဲဒါ အခုက်ဳပ္တို႔သြားမယ့္လယ္လား”

“ ေအး… ဒါကို မင္းက လုပ္မယ္ေျပာေတာ့ ငါအံ့ဩေနတာ”

“ မတတ္ႏိုင္ဘူး‌ေလ ကိုသာေပ်ာ့ရယ္၊ မရွိမွေတာ့ လုပ္ရေတာ့မွာေပါ့”

“ လုပ္မယ္ဆိုရင္လဲ စကားအေျပာအဆို အေနအထိုင္ ဆင္ျခင္ေနာ္၊ ဒီႏွစ္ မင္းတို႔လုပ္လို႔

အထြက္ႏႈန္းေကာင္းရင္ ေနာက္ႏွစ္ အျခားလယ္ကြက္ရမွာ”

“ က်ဳပ္တို႔ေသခ်ာႀကိဳးစားပါ့မယ္၊ ဦးမိုးႀကီးကိုလဲ ေက်းဇူးတင္ေၾကာင္းျပန္ေျပာေပးဦး”

“ ငါေသခ်ာေျပာလိုက္ပါ့မယ္၊ ကဲ လွည္းေပၚတက္ေတာ့”

ကိုသာေပ်ာ့တို႔ မိုးနဲကြင္းေရာက္ေတာ့ ေနမြန္းတည့္ေနၿပီမို႔ ပစၥည္းေတြခ်ေပးၿပီးတာနဲ႔ ႐ြာကိုျပန္ထြက္လာခဲ့လိုက္တယ္။

“ ကိုတိုးႏိုင္… ဒီမွာ က်ဳပ္တို႔မိသားစုပဲေနရမွာလား”

“ အင္းေလ… ဘာျဖစ္လို႔လဲ”

“ ဘာမွမျဖစ္ပါဘူး… ကြၽန္မက အျခားလယ္နီးခ်င္းေတြရွိမယ္ထင္ေနတာ”

“ အေဖလယ္ကလဲပ်င္းစရာႀကီး၊ ေဆာ့စရာဘယ္သူမွလဲမရွိဘူး”

“ အခုအစမို႔လို႔ ပ်င္းေနတာပါ၊ ေနာက္ဆို ေပ်ာ္သြားလိမ့္မယ္”

“ ေတာ္ ဘယ္ေန႔စလုပ္မွာလဲ”

“ ဒီေန႔ပဲ စလုပ္မွာ.. ေစာေစာၿပီးေတာ့ ေစာေစာ စိုက္လို႔ရတာေပါ့၊ ဒီႏွစ္က မိုးေစာမယ္လို႔ ေရဒီယိုက ေၾကညာတာနားေထာင္ရတယ္”

“ အင္း အင္း… ဒါျဖင့္ က်ဳပ္ ထမင္းအရင္ခ်က္ထားလိုက္မယ္”

မစန္းႏြယ္ ထမင္းခ်က္ေနတဲ့အခ်ိန္

ကိုတိုးႏိုင္က ဓါးမတစ္ေခ်ာင္းယူကာ လယ္ကြင္းဘက္ကို ထြက္လာခဲ့လိုက္တယ္။ လယ္ေစာင့္တဲရဲ႕ အေနာက္ဘက္မွာေတာ့ သဘာဝစမ္းေခ်ာင္းေလးတစ္ခုရွိေနၿပီး စမ္းေခ်ာင္းရဲ႕တစ္ဖက္မွာေတာ့ စားလို႔ရတဲ့ အသီးအ႐ြက္ပင္ေတြအေလ့က်ေပါက္ေနခဲ့တယ္။ ကိုတိုးႏိုင္လဲ အသီးအ႐ြက္အခ်ိဳ႕ကိုခူးၿပီး လွည့္ပတ္ၾကည့္‌ေနခဲ့ရာ ေရညႇိေတြအထပ္ထပ္ တက္ေနတဲ့ ေစတီပ်က္တစ္ဆူကိုဖူးျမင္လိုက္ ရတယ္။ ေစတီရဲ႕ေဘးမွာေတာ့ အလြန္ညံ့တဲ့လက္ရာနဲ႔ထုဆစ္ထားတဲ့ ဆယ္ေက်ာ္သက္ကေလးႏွစ္ေယာက္ပုံကိုျမင္ေတြ႕လိုက္ရတယ္။ ဒီလိုနဲ႔ ကိုတိုးႏိုင္လဲ အတန္သင့္ေလ့လာၾကည့္ရႈၿပီးတဲ့ေနာက္ လယ္ေစာင့္တဲရွိရာကိုျပန္ထြက္လာခဲ့လိုက္တယ္။

ေနာက္တစ္ေန႔မနက္ေရာက္ေတာ့ လုပ္စရာရွိတာေတြကို လင္မယားႏွစ္ေယာက္ လုပ္ေနၾကတဲ့အခ်ိန္ ကလ်ာက ဝမ္းသာအားရနဲ႔ သူတို႔ဆီေျပးလာၿပီး

“ အေမ… အေမ… ဒီမွာၾကည့္ပါဦး”

“ ဘာတုန္း သမီးရဲ႕”

“ သမီး တဲေဘးမွာေဆာ့ေနတုန္း ဒီလက္စြပ္ေလး ေကာက္ရလို႔”

“ ျပစမ္းပါဦး…”

မစန္းႏြယ္က ကလ်ာကိုင္ထားတဲ့ လက္စြပ္ကို ယူၾကည့္လိုက္ရာ ျမေက်ာက္တစ္လုံးကို ျမဳပ္ထားတဲ့လက္စြပ္ျဖစ္ေနတာျမင္လိုက္ရတယ္။

“ ျမလက္စြပ္ေလးပါလား… သမီးဘယ္က ေကာက္ရတာလဲ”

“ ေကာက္ရတာမဟုတ္ဘူးအေမရဲ႕… ေျမႀကီးထဲကထြက္လာတာ”

“ လက္စြပ္က ေသးေသးေလးဆိုေတာ့ လူႀကီးဝတ္တာေတာ့မျဖစ္ႏိုင္ဘူး၊ သမီးလက္ျပစမ္း”

မစန္းႏြယ္က ကလ်ာရဲ႕လက္ထဲကို ထည့္ၾကည့္လိုက္ရာ ကြက္တိဝင္သြားခဲ့တယ္။

“ အ့ အ့ နာတယ္အေမရဲ႕၊ အရမ္းမဆြဲ‌နဲ႔ေလ”

“ လက္စြပ္က ျပန္ဆြဲထုတ္လို႔မရပါလား”

“ ဆြဲထုတ္မရရင္လဲ ထားလိုက္ေတာ့ သူနဲ႔ထိုက္လို႔ရတဲ့ ပစၥည္းသူပဲဝတ္ထားပါေစ”

ကိုတိုးႏိုင္စကားေၾကာင့္ စန္းႏြယ္ဘာမွမေျပာေတာ့ပဲ လက္စြပ္မွာကပ္ေနတဲ့ေျမႀကီးေတြကိုေရနဲ႔ ေဆးေၾကာေပးလိုက္တယ္။ ကလ်ာကေတာ့ ေနေရာင္ထဲမွာ လက္ကိုေထာင္ၾကည့္လိုက္ ေမွာက္ၾကည့္လိုက္နဲ႔ သေဘာက်ေနခဲ့တယ္။

ညဘက္ေရာက္ေတာ့ မိသားစုသုံးေယာက္ အိပ္ေပ်ာ္ေနတဲ့အခ်ိန္ အိမ္ေပၚကို အသက္ဆယ္ႏွစ္အ႐ြယ္ မိန္းကေလးတစ္ေယာက္ တက္လာခဲ့တယ္။ ဆံၿမိတ္ေလးခ်ထားၿပီး ရင္ဖုံးအက်ႌ‌ဝတ္ထားတဲ့ မိန္းကေလးက ကလ်ာအိပ္ေနတဲ့ေဘးမွာထိုင္လိုက္ၿပီး ပခုံးကိုလႈပ္ႏႈိးလိုက္ရာ

“ နင္ဘယ္သူလဲ…”

“ ရႉး… တိုးတိုးေန၊ ငါက နင္နဲ႔ကစားဖို႔လာတာ”

“ ညဘက္ႀကီးကစားမယ္ေပါ့ေလ.. ဒီေလာက္ေမွာင္ေနတာကို ဘယ္လိုကစားမွာလဲ”

“ ငါ့မွာ အလင္းေရာင္ထြက္တဲ့အရာပါတယ္၊ ေနာက္ၿပီး ကစားစရာေတြလဲအစုံပါလာတယ္ဟ”

ကစားရမယ္ဆိုတာေၾကာင့္ ကလ်ာလဲ အိပ္ေနရာကေန အသာထလိုက္ၿပီး အိမ္ျပင္ကို ထြက္လာခဲ့လိုက္တယ္။ အျပင္ေရာက္ေတာ့ သူနဲ႔သက္တူ႐ြယ္တူ ေယာက်ၤားေလးတစ္ေယာက္ ထပ္ရွိေနတာေၾကာင့္

“ သူက ဘယ္သူလဲ”

“ ငါ့ေမာင္ေလးေလ… သူလဲပ်င္းတယ္ဆိုလို႔ ေခၚလာတာ”

“ ဟင္းး.. နင္တို႔ကလဲ မိုးလင္းတုန္းမွာ မကစားပဲ ညဘက္ေရာက္မွ ကစားရတယ္လို႔”

“ ငါတို႔ အုပ္ထိန္းသူေတြက မနက္ဘက္ေပးမေဆာ့ဘူး၊ အခုေတာင္ သူတို႔အိပ္လို႔ ခိုးထြက္လာတာ”

“ ငါလဲ တစ္ေယာက္ထဲဆိုေတာ့ ပ်င္းေနတာ၊ အခုနင္တို႔ရွိေတာ့ မပ်င္းေတာ့ဘူး၊ ဒါနဲ႔ ဘာတမ္းေဆာ့ၾကမလဲ”

ကလ်ာေမးလိုက္ေတာ့ မ်က္ႏွာတည္နဲ႔ရပ္ေနတဲ့ ေကာင္ေလးက

“ ဝိဉာဥ္ႏႈတ္တမ္းေဆာ့မယ္ေလ”

“ ဟဲ့.. ဗညား ေပါက္ကရမေျပာနဲ႔၊ ငါ့ေမာင္က အဲလိုပဲ လူေတြ႕ရင္လိုက္စေနတာ”

“ သူ႔ၾကည့္ရတာ မေပ်ာ္တဲ့ပုံပဲ”

ကလ်ာစကားေၾကာင့္ မိန္းကေလးက ဗညားဆိုတဲ့ ေကာင္ေလးကို မ်က္ေစာင္းထိုးလိုက္ရာ

“ ေပ်ာ္ပါတယ္ဟ… ဒါေၾကာင့္ နင္နဲ႔ကစားဖို႔ လိုက္လာတာေပါ့”

“ ကဲကဲ… အခ်ိန္ရတုန္း ကစားၾကရေအာင္”

“ ခဏေနဦး… နင့္နာမည္လဲငါ့ကိုမေျပာေတာ့ ဘယ္လိုေခၚရမလဲ”

“ ေအာ္ ငါ့နာမည္က မိမြန္လို႔ေခၚတယ္၊ ငါ့ေမာင္နာမည္က ဗညား”

“ ငါ့နာမည္က ကလ်ာလို႔ေခၚတယ္၊ အခု ငါတို႔က သူငယ္ခ်င္းျဖစ္သြားၿပီေပါ့”

“ ဒါေပါ့… ငါတို႔အခု ဇယ္ခုန္ၾကမလား”

“ စိန္လိုက္ေလ… ငါက ဇယ္ခုန္တဲ့ေနရာမွာ အရမ္းေတာ္တာေနာ္”

ကလ်ာစကားေၾကာင့္ မိမြန္ဆိုတဲ့ေကာင္မေလးက အိတ္ကပ္ထဲကေန ေျပာင္လက္ေနတဲ့အနီေရာင္ အလုံးငါးလုံးထုတ္လိုက္ၿပီး အိမ္ေရွ႕ေျမကြက္လပ္မွာ ပစ္ခ်လိုက္တယ္။

ကလ်ာတို႔လဲ တစ္ညလုံး စိတ္ရွိလက္ရွိ ေဆာ့ကစားၿပီး မနက္အ႐ုဏ္တက္တဲ့အခ်ိန္ေရာက္ေတာ့

“ ငါတို႔ျပန္ရေတာ့မယ္.. ေနာက္ေန႔ေတြ ငါတို႔ျပန္လာခဲ့မယ္ေနာ္” လို႔ေျပာကာ စမ္းေခ်ာင္းရွိတဲ့ဘက္ကို ထြက္သြားခဲ့တယ္။

ကလ်ာလဲ တစ္ညလုံး ေဆာ့ထားတာေၾကာင့္ ေျခကုန္လက္ပန္းက်ၿပီးအိပ္လိုက္တာ မြန္းတည့္ခ်ိန္ေလာက္မွ ႏိုးလာခဲ့တယ္။

“ သမီး… ဒီေန႔ထတာေနာက္က်တယ္ေနာ္၊ ညကအိပ္မေပ်ာ္လို႔လား”

“ ဟုတ္ ဟုတ္တယ္အမ.. ညက အိပ္မေပ်ာ္လို႔”

ကလ်ာက အလိုက္သင့္ျပန္ေျပာရင္း မ်က္ႏွာသစ္ရန္ တဲအေနာက္ကိုထြက္လာတဲ့အခ်ိန္ ၿခဳံပုတ္ေတြထူထပ္စြာေပါက္ေနတဲ့လမ္းၾကားထဲမွာ လူတစ္ေယာက္ မတ္တပ္ရပ္ၿပီး သူ႔ကိုစိုက္ၾကည့္ေနတာျမင္လိုက္ရတယ္။

ကလ်ာလဲ အိပ္ခ်င္မူးတူးျဖစ္ေနတဲ့ မ်က္လုံးကိုပြတ္ၿပီးျပန္ၾကည့္လိုက္တဲ့အခ်ိန္မွာေတာ့ ဘယ္သူမွမရွိေတာ့ေပ။

ဒီလိုနဲ႔ မနက္စာစားၿပီးလို႔ အိမ္ေရွ႕က ဝါးခုံေလးေပၚမွာထိုင္ေနတဲ့အခ်ိန္

“ ကလ်ာ… နင္ပ်င္းေနတယ္မဟုတ္လား” ဆိုတဲ့အသံၾကားလို႔လွည့္ၾကည့္လိုက္ရာ ညကေတြ႕ခဲ့တဲ့ မိမြန္ျဖစ္ေနခဲ့တယ္။

“ မိမြန္ နင္ေျပာေတာ့ မနက္ဘက္ထြက္မရဘူးဆို”

“ ဒီေန႔က အဘတို႔ ဘုရားသြားၾကတယ္ေလ၊ ဒါေၾကာင့္ ငါတို႔ကိုေစာင့္ၾကည့္မယ့္သူမရွိတာ”

“ နင့္ေမာင္ေလးေရာ မပါဘူးလား”

“ မပါဘူး… သူက ေယာက်ၤားေလးဆိုေတာ့ ငါတို႔ေဆာ့သလိုမေဆာ့ခ်င္ဘူးေလ”

“ ဒီေန႔ ဘာတမ္းေဆာ့ၾကမလဲ”

“ ဘာတမ္းေဆာ့ရင္ေကာင္းမလဲဆိုေတာ့…. တူတူပုန္းတမ္းေဆာ့ၾကမလား”

“ ေအး… ေကာင္းသားပဲ၊ ဒါေပမယ့္ ႏွစ္ေယာက္ထဲဆိုေတာ့ ပ်င္းစရာႀကီးဟ”

“ နင္က အေဖာ္ေတြနဲ႔ေဆာ့ခ်င္တာလား”

“ ေအးေပါ့… တူတူပုန္းတမ္းဆိုတာ အေဖာ္ေတြပါမွ ေဆာ့လို႔ေကာင္းတာ”

“ ဒါဆို ငါတို႔ေနတဲ့ဆီလိုက္ခဲ့ေလ ဟိုမွာ ငါ့အေဖာ္ေတြရွိတယ္”

“ နင္ေျပာေတာ့ ေဆာ့ဖို႔လူမရွိဘူးဆို အခုကဘယ္လိုေၾကာင့္ အေဖာ္ရွိသြားတာလဲ”

“ နင္နားလည္ေအာင္ေျပာရရင္ အဘတို႔က အေစခံေတြနဲ႔မေပးကစားဘူး၊ ဒါေပမယ့္ ဒီေန႔က သူတို႔ဘုရားသြားတာဆိုေတာ့ ကစားလို႔ရတယ္ေလ”

“ နင္က အေစခံေတြေတာင္ရွိတာလား”

“ နင္လိုက္ခဲ့ရင္သိမွာေပါ့…”

“ အရမ္းေဝးရင္ ငါမလိုက္ဘူးေနာ္၊ အေမတို႔ ခဏေနရင္ျပန္လာၾကေတာ့မွာ”

“ မေဝးပါဘူး… ေရွ႕တစ္ေကြ႕ဆိုေရာက္ပါၿပီ”

မိမြန္က ကလ်ာလက္ကိုဆြဲၿပီး ထြက္သြားတဲ့အခ်ိန္ ေအးစက္စက္မာတင္းတင္းအထိေတြ႕ကို ခံစားလိုက္ရတယ္။ ဟိုေရာက္ေတာ့ ေဟာင္းႏြမ္းတဲ့ အဝတ္အစားေတြဝတ္ထားတဲ့ ကေလးငါးေယာက္က ခုတ္လွဲထားတဲ့ သစ္တုံးေတြေပၚမွာ ထိုင္ေနတာျမင္လိုက္ရတယ္။

“ ဟဲ့… ငါ့သူငယ္ခ်င္းပါလာတာ နင္တို႔မျမင္ၾကဘူးလား၊ လာႏႈတ္ဆက္ၾကေလ”

မိမြန္က ခါးေထာက္ၿပီး ေျပာလိုက္ေတာ့ မ်က္ႏွာေလးေတြႏြမ္းလ်ေနတဲ့ကေလးငါးေယာက္ ကျပာကယာထလာၿပီး ကလ်ာကို ႏႈတ္ဆက္ၾကတယ္။

“ မိမြန္ နင္တို႔က ဘယ္မွာေနၾကတာလဲ၊ ငါေတာ့ အခုထိ အိမ္နဲ႔တူတာဆိုလို႔ တဲတစ္လုံးေတာင္ မေတြ႕ေသးဘူးေနာ္”

“ ေနာက္ေတာ့ နင့္ကိုအိမ္ေခၚသြားမွာပါ၊ အိမ္မွာေဆာ့တာထက္ ဒီမွာေဆာ့တာက ပိုေကာင္းတယ္ေလ”

ကလ်ာလဲ မိမြန္ရဲ႕ အေပါင္းအသင္းေတြနဲ႔ ေဆာ့ေနရင္း စိတ္ထဲကေန ေပ်ာ္သလိုလိုျဖစ္လာခဲ့တယ္။

“ ကလ်ာ နင္ ေပ်ာ္ေနၿပီမဟုတ္လား”

“ ေအးဟ… နင္တို႔နဲ႔ေဆာ့ရတာ ေပ်ာ္ဖို႔ေကာင္းတယ္”

“ ဒါဆို အိမ္မျပန္နဲ႔ေတာ့ေလ ငါတို႔နဲ႔ပဲ ေဆာ့ေတာ့”

“ အိမ္မျပန္လို႔ေတာ့ မရဘူးေလ၊ အေမတို႔က ငါမရွိရင္ လိုက္ရွာေနၾကမွာ”

ကလ်ာရဲ႕စကားေၾကာင့္ မိမြန္ ေဆာ့ေနတာရပ္လိုက္ၿပီး မ်က္ေထာင့္နီနဲ႔ တစ္ခ်က္လွမ္းၾကည့္လိုက္တယ္။ မိမြန္ ရပ္လိုက္တာနဲ႔တစ္ၿပိဳင္နက္ အျခားသူေတြကပါ ဆက္မကစားၾကေတာ့ေပ။

“ မိမြန္ ဘာလို႔လဲ ငါအိမ္ျပန္မယ္ေျပာလို႔ စိတ္ဆိုးသြားတာလား”

“ မဟုတ္ပါဘူး…ဘာလို႔စိတ္ဆိုးရမွာလဲ”

ခုနက မ်က္ႏွာထားတင္းေနတဲ့မိမြန္က ခ်က္ခ်င္းဆိုသလို မ်က္ႏွာခ်ိဳလာေသြးခဲ့တယ္။

“ ညေနေစာင္းေတာ့မယ္ဆိုေတာ့ ငါျပန္မွရမယ္၊ အမတို႔ျပန္လာလို႔ ငါ့ကိုမေတြ႕ရင္ စိတ္ပူေနလိမ့္မယ္”

“ အင္းပါ… နင္ကျပန္ခ်င္တယ္ဆိုေတာ့လဲ ျပန္ေပါ့၊ ငါလိုက္ပို႔ေပးမယ္”

မိမြန္က ကလ်ာလက္ကိုဆြဲၿပီး လယ္ေစာင့္တဲရွိရာကို ထြက္လာခဲ့လိုက္တယ္။ ကလ်ာလဲ ေျခလွမ္းဆယ္လွမ္းေလာက္ ေလ်ာက္လာၿပီးတဲ့အခ်ိန္ အေနာက္ကို လွည့္ၾကည့္ လိုက္ရာ ခုနက ေဆာ့ေနၾကတဲ့ ကေလးေတြအားလုံးကို မေတြ႕ရေတာ့ေပ။

“ သူတို႔ေတြ ႐ုတ္တရက္ဘယ္ေရာက္သြားၾကတာလဲ”

“ ျပန္သြားၾကပီေလ ကလ်ာရဲ႕…”

“ ျပန္ေတာ့လဲ ျမန္လိုက္ၾကတာ၊ မသိရင္ ဟပ္ခ်ေလာင္းဆိုၿပီး ကိုယ္ေဖ်ာက္လိုက္သလိုပဲ”

ကလ်ာက ရယ္ေမာစရာေျပာလိုက္ေတာ့ မိမြန္က တဟက္ဟက္နဲ႔ရယ္ၿပီး လိုက္ပါလာခဲ့တယ္။

“ မိမြန္… နင့္ကိုငါ့မိဘေတြနဲ႔ မိတ္ဆက္ေပးမယ္ေလ၊ သူတို႔က နင့္ကိုေတြ႕ရင္ ခ်စ္ၾကမွာ”

“ ရပါတယ္ ကလ်ာရဲ႕… အခုေတာ့ ေစာပါေသးတယ္၊ ေနာက္တစ္ေခါက္မွေပါ့”

မိမြန္က ကလ်ာအိမ္ထိမလိုက္ေတာ့ပဲ မ်က္ကြယ္ေကြ႕ကေန လွည့္ျပန္သြားခဲ့တယ္။ အိမ္ေရာက္ေတာ့ မိခင္ျဖစ္သူက စိုးရိမ္တႀကီးနဲ႔

“ ကလ်ာ… နင္ဘယ္ေတြေလ်ာက္သြားေနတာလဲ”

“ ဘယ္မွမသြားပါဘူးအေမရဲ႕… ဟိုနားဒီနားလိုက္ၾကည့္ေနတာ”

“ နင္ေတာ္ေတာ္ အတင့္ရဲတာပဲ၊ မေတာ္လို႔ သူခိုးဓါးျပေတြနဲ႔ေတြ႕ရင္ဘယ္လိုလုပ္မလဲ၊ ေနာက္တစ္ခါ သြားရဲသြားၾကည့္ ငါနဲ႔ေတြ႕မယ္”

မိခင္ျဖစ္သူရဲ႕ႀကိမ္းဝါးမႈေၾကာင့္ ကလ်ာ ငိုမဲ့မဲ့နဲ႔ အိမ္ေပၚတက္သြားခဲ့လိုက္တယ္။ ညေရာက္ေတာ့ ကလ်ာတစ္ေယာက္အိပ္မေပ်ာ္ပဲ ဟိုေတြးဒီေတြးနဲ႔ လွိမ့္ေနတဲ့အခ်ိန္ အိမ္အျပင္ဘက္ကေန လမ္းေလ်ာက္လာတဲ့အသံကိုၾကားလိုက္ရတယ္။

“ မိမြန္မ်ားလား”

ကလ်ာလဲ အိပ္ေနရာကေန ထလိုက္ၿပီး ထရံေပါက္ကေန ေခ်ာင္းၾကည့္လိုက္ရာ ဘယ္သူကိုမွမေတြ႕တဲ့အတြက္ အေနာက္ကိုလွည့္လိုက္တဲ့အခ်ိန္ သူ႔ေဘးမွာ ငုတ္တုတ္ထိုင္ေနတဲ့ မိမြန္ကို ျမင္လိုက္ရတယ္။

“ အမေလး… လန႔္လိုက္တာမိမြန္ရယ္”

“ နင့္မိဘေတြ အိမ္ေရွ႕မွာအိပ္ေနတာ သိုးေနတာပဲ၊ ငါလဲ သူတို႔အိပ္ေနတာျမင္ေတာ့ အသာေလးတက္လာတာ”

“ နင္ညဘက္ႀကီး တစ္ေယာက္ထဲ လာတာလား”

“ ငါ့ဦးေလးေတြပါတယ္… သူတို႔က စမ္းေခ်ာင္းဘက္မွာ ငါးရွာဖားရွာလုပ္ေနၾကတယ္”

“ စမ္းေခ်ာင္းနဲ႔ ငါတို႔တဲက ဝါးဆယ္ျပန္စာေလာက္သြားရတာေလ၊ ေနာက္ၿပီး ေမွာင္မဲေနတာကို နင္တစ္ေယာက္ထဲ လာရသလား”

“ ဒီေနရာက ငါသြားေနက်ပါ… အခုသူတို႔ ငါးရွာၿပီးတဲ့ထိ ငါတို႔ေဆာ့ဖို႔အခ်ိန္ရတယ္၊ ဒီမွာၾကည့္စမ္း”

မိမြန္က အိတ္ကပ္ထဲထည့္လာတဲ့ ယြန္းဘူးကို ထုတ္ၿပီး သြန္ခ်လိုက္ရာ အထဲကေန လုံးေခ်ာေနတဲ့ အျပာေရာင္ေက်ာက္ေတြထြက္က်လာခဲ့တယ္။

“ မိမြန္… ဒါက ငါ့လက္စြပ္မွာပါတဲ့ ေက်ာက္နဲ႔ အေရာင္တူေနပါလား”

“ ဟုတ္လား… နင့္ လက္စြပ္က ဘယ္ကေနရတာလဲ”

“ တဲေဘးမွာေဆာ့ေနတုန္း ေကာက္ရတာ”

“ လက္စြပ္က နင္နဲ႔လိုက္တယ္ေနာ္…”

“ တကယ္ေျပာတာလား”

“ တကယ္ေပါ့… ငါ့မွာလဲ လက္စြပ္ေတြ လက္ေကာက္ေတြအမ်ားႀကီးရွိတယ္၊ နင္ မနက္ျဖန္ ငါ့တို႔အိမ္လိုက္ခဲ့ပါလား၊ နင့္ကို လက္ေကာက္လွလွေလး ေပးမယ္”

“ ငါလိုက္ေတာ့ လိုက္ခ်င္ပါတယ္၊ ဒါေပမယ့္ အေမက ေနာက္တစ္ခါေလ်ာက္သြားရင္ ႐ိုက္ေတာ့မွာ”

“ အေမေတြက ဒီလိုေျပာတာပါပဲ၊ ဘယ္သူက သူတို႔သားသမီးကို ေသေအာင္႐ိုက္မွာလဲ၊ ႐ိုက္လဲ တစ္ခ်က္ႏွစ္ခ်က္ေပါ့”

“ ဒါေပမယ့္ ငါမလိုက္ရဲဘူး”

“ ငါက နင့္ကိုခင္လို႔ လက္ေကာက္လွလွေလးေပးမယ္ဆိုၿပီး လာေျပာတာ၊ နင္က ငါ့ကိုမခင္တာသိလိုက္ရတာေပါ့”

“ အဲလိုလဲမဟုတ္ပါဘူး… ငါလဲ နင့္ကိုခင္ပါတယ္”

“ ေတာ္ပီ ေတာ္ပီ ငါေနာက္ဆို နင့္ဆီမလာေတာ့ဘူး”

မိမြန္က စိတ္ဆိုးတဲ့ဟန္နဲ႔ အိမ္ေပၚကေန ဆင္းသြားတာေၾကာင့္ ကလ်ာ စိတ္မေကာင္းျဖစ္သြားၿပီး ေျခကိုအသာေဖာ့ကာ အေနာက္ကေန လိုက္သြားခဲ့လိုက္တယ္။

“ မိမြန္ မိမြန္…”

ကလ်ာရဲ႕ေခၚသံေၾကာင့္ စမ္းေခ်ာင္းဘက္ထြက္သြားတဲ့ မိမြန္က ျပန္လွည့္ၾကည့္ၿပီး

“ ဘာေျပာဖို႔လဲ”

“ စိတ္မဆိုးပါနဲ႔ဟာ…မနက္ျဖန္ ေန႔လည္ ငါနည္းငါ့ဟန္နဲ႔ နင့္ဆီလာခဲ့မယ္ေလ”

“ နင္တကယ္ေျပာတာလား”

“ တကယ္ေပါ့… ငါေသခ်ာေပါက္ လာခဲ့မယ္၊ နင္ဘယ္မွာေစာင့္ေနမလဲ”

“ မေန႔ကေတြ႕တဲ့ေနရာမွာပဲ ေစာင့္ေနမယ္ေလ၊ နင္မလာလို႔ကေတာ့ ငါ့အေၾကာင္းသိမယ္ေနာ္”

“ ငါရေအာင္ ထြက္လာမယ္… စိတ္ခ်”

“ ၿပီးေရာ… ဒါဆိုငါျပန္လိုက္ဦးမယ္၊ ဦးေလးတို႔လဲ ငါးဖမ္းၿပီးၿပီထင္တယ္”

မိမြန္ထြက္သြားေတာ့ ကလ်ာလဲ တဲေပၚကိုျပန္တက္ လာခဲ့ရာ

“ သမီး… ခုနက ဘယ္သူနဲ႔စကားေျပာေနတာလဲ”

“ အေဖ နဲ႔အေမ အိပ္ေသးဘူးလား”

“ သမီး အိမ္ခန္းထဲမွာ တစ္ေယာက္ထဲ စကားေျပာေနထဲက ႏိုးေနတာ”

“ သမီး တစ္ေယာက္ထဲ မဟုတ္ပါဘူး၊ မိမြန္လဲရွိပါတယ္”

“ ဘယ္က မိမြန္လဲ… အေဖတို႔ျမင္တာကေတာ့ သမီးတစ္ေယာက္ထဲ စကားေျပာေနတာပဲ”

“ အာ… မိမြန္နဲ႔ေျပာေနတာပါ၊ သူက သမီးသူငယ္ခ်င္း အေဖတို႔ ဒီစေရာက္တဲ့ေနထဲက သူနဲ႔ခင္တာ”

“ သူကဘယ္မွာေနတယ္ေျပာလဲ”

“ ဘယ္မွာေနတယ္လို႔ေတာ့မေျပာဘူး… သူတို႔အိမ္က စမ္းေခ်ာင္းေဘးလမ္းကေန သြားရတယ္လို႔ေျပာတယ္”

“ စန္းႏြယ္ နင့္သမီးေတာ့ လွည့္စားခံေနရၿပီ”

“ ဘာျဖစ္လို႔လဲအေဖ”

“ ဘာျဖစ္ရမွာလဲ… စမ္းေခ်ာင္းေဘးက လမ္းထဲမွာ ေရွးေဟာင္းေစတီပ်က္တစ္ဆူပဲရွိတယ္၊ ဘာလူေနအိမ္မွမရွိဘူး”

“ အေဖက ဘယ္လိုသိတာလဲ”

“ တဲကိုစေရာက္တဲ့ေန႔ထဲက အေဖလိုက္ၾကည့္ၿပီးၿပီ၊ ဒီကြင္းအနီးတစ္ဝိုက္မွာ လူေနအိမ္တစ္လုံးမွမရွိဘူး၊ သမီးစဥ္းစားၾကည့္ ဆယ္ေက်ာ္သက္မိန္းကေလး တစ္ေယာက္က ညႀကီးအခ်ိန္မေတာ္ အဲဒီကေန ဒီကို တစ္ေယာက္ထဲလာတာ ျဖစ္ႏိုင္ပါ့မလား”

“ အေဖတို႔က သမီးကိုေျခာက္ေနတာမဟုတ္လား”

“ သမီး… အေမတို႔က သမီးကို ေျခာက္လွန႔္ေနတာ မဟုတ္ဘူး၊ ဒီပုံအတိုင္းဆို သမီးကို ႐ြာျပန္ပို႔မွ ျဖစ္ေတာ့မယ္”

“ အာ… အေမကလဲ သမီး႐ြာေတာ့မျပန္ခ်င္ပါဘူး၊ အေမတို႔ေျပာသလို ေနဆိုေနပါ့မယ္၊ ႐ြာေတာ့ျပန္မပို႔ပါနဲ႔”

“ စန္းႏြယ္ မနက္ျဖန္က်ရင္ နင္လဲ ငါ့ကိုထမင္းလာမပို႔နဲ႔ေတာ့၊ သမီးကိုလဲ ဘယ္မွေပးမသြားနဲ႔”

“ စိတ္ခ်ပါ… က်ဳပ္ေစာင့္ၾကည့္ထားလိုက္ပါ့မယ္”

ကလ်ာကေတာ့ ေျခခ်ဳပ္မိသြားတာမို႔ စူပုတ္ေနတဲ့မ်က္ႏွာနဲ႔ မိဘႏွစ္ပါးရဲ႕ အလယ္ထဲတိုးဝင္ကာ လွဲအိပ္လိုက္တယ္။

++++++

မနက္မိုးလင္းေတာ့ ကိုတိုးႏိုင္တစ္ေယာက္ အိပ္ေမာက်ေနတဲ့ သမီးျဖစ္သူရဲ႕ပါးျပင္ကို တစ္ခ်က္နမ္းလိုက္ၿပီး

“ စန္းႏြယ္ သမီးကိုေသခ်ာၾကည့္ထားေနာ္၊ မ်က္စိေအာက္ကအေပ်ာက္မခံနဲ႔ ၾကားလား”

“ စိတ္ခ်ပါ… ေတာ္သာ ထမင္းစားခ်ိန္ျပန္လာခဲ့”

“ ဒါျဖင့္ ငါသြားေတာ့မယ္”

ကိုတိုးႏိုင္လဲ ေပါက္တူးတစ္လက္ကိုယူၿပီး လယ္ထဲဆင္းသြားတဲ့အခ်ိန္ လွည္းလမ္းအတိုင္း ေမာင္းႏွင္လာတဲ့ ႏြားလွည္းတစ္စီးကို ျမင္လိုက္ရတယ္။

“ ေဟ့ တိုးႏိုင္… လယ္ထဲဆင္းေတာ့မလို႔လား”

“ ဟုတ္တယ္ ကိုသာေပ်ာ့ေရ… ေနာက္ႏွစ္ရက္သုံးရက္ဆို မိုး႐ြာမယ္ဆိုၿပီ ေၾကညာထားလို႔ အလုပ္ေတြလက္စသတ္ေနတာ၊ ဒါနဲ႔ က်ဳပ္မွာထားတဲ့ပစၥည္းေတြပါလား”

“ ပါပါတယ္ဗ်ာ… ဦးမိုးႀကီးက ေျမဩဇာေတြေရာ မ်ိဳးစပါးေတြပါထည့္ေပးလိုက္တယ္”

“ ဒါနဲ႔ လွည္းေပၚပါလာတဲ့သူေတြက ဘယ္သူေတြလဲ၊ ႐ြာမွာေတာ့ တစ္ခါမွမျမင္ဖူးဖူး”

“ ေအာ္… သူတို႔က ကြၽဲကူး႐ြာဘက္သြားမယ္ဆိုလို႔ လမ္းႀကဳံေခၚလာတာ”

“ ကြၽဲကူး႐ြာက မိုးနဲကြင္းကေနျဖတ္သြားရတာမဟုတ္လား”

“ ဟုတ္တယ္ေလ ဒါေၾကာင့္ ဒီမွာခ်ေပးမလို႔ေခၚလာတာ”

“ ဒါဆို ဧည့္သည္ေတြေပါ့… ဒီကိုေရာက္တုန္း ေရာက္ခိုက္ အိမ္မွာထမင္းစားသြားၾကေလ၊ ဟင္းကေတာ့ မေကာင္းေပမယ့္ စားလို႔ၿမိန္မွာပါ”

“ ဧည့္သည္ေတြျမင္တယ္မလား… ဒီေကာင္က သိပ္ကိုေစတနာေကာင္းတာ၊ ဒါေၾကာင့္ သူ႔လယ္ေတြ သူမ်ားပိုင္သြားတာေလ ဟဲဟဲ”

“ ကိုသာေပ်ာ့ ၿပီးခဲ့တာေတြ မေျပာပါနဲ႔ေတာ့ဗ်ာ၊ လာ အိမ္ဘက္သြားၾကရေအာင္”

ဧည့္သည္ေတြလဲ ကိုတိုးႏိုင္ ေခၚတဲ့ေနာက္ကို လိုက္လာခဲ့ရာ ျဖစ္သလိုေဆာက္လုပ္ထားတဲ့ တဲအိမ္တစ္လုံးေရွ႕ကိုေရာက္လာခဲ့တယ္။

“ စန္းႏြယ္ေရ စန္းႏြယ္… ကိုသာေပ်ာ့တို႔လာတယ္ေဟ့”

ကိုတိုးႏိုင္က တဲေရွ႕ကေန ေအာ္ေခၚေနေပမယ့္ ဘာသံမွထြက္မလာတာေၾကာင့္ အိမ္ေပၚတက္ၾကည့္လိုက္ရာ ငူငူငိုင္ငိုင္ႀကီး ထိုင္ေနတဲ့ မိန္းမျဖစ္သူကိုျမင္လိုက္ရတယ္။

“ စန္းႏြယ္ စန္းႏြယ္ …ဘာျဖစ္ေနတာလဲ သတိထားစမ္း”

ပခုံးႏွစ္ဖက္ကိုကိုင္လႈပ္ၿပီးေမးလိုက္ေပမယ့္ စကားေမးမရတာေၾကာင့္ ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိျဖစ္ေနတဲ့အခ်ိန္

“ အသိစိတ္လြတ္ေအာင္ ျပဳစားခံရၿပီထင္တယ္… က်ဳပ္ကိုေရတစ္ခြက္ခပ္ေပးလို႔ရလား”

ကိုသာေပ်ာ့နဲ႔အတူပါလာတဲ့ ဧည္သည္ေတြရဲ႕စကားေၾကာင့္ ကိုတိုးႏိုင္လဲ ေသာက္ေရအိုးထဲက ေရတစ္ခြက္ခပ္ၿပီး ကမ္းေပးလိုက္တယ္။ ဧည့္သည္ေတြကလဲ ေသာက္ေရခြက္ရတာနဲ႔ ေရကိုေစ့ေစ့ၾကည့္ကာ ဂါထာတစ္ပုဒ္ကို ႐ြတ္ဆိုၿပီး မ်က္ႏွာကို ေတာက္လိုက္ေတာ့မွ မစန္းႏြယ္ သတိျပန္ရလာခဲ့တယ္။

“ သမီး သမီးေလးမရွိေတာ့ဘူး… သူတို႔ေခၚသြားၾကတယ္”

“ ဘယ္သူေခၚသြားတာလဲ…”

“ ေကာင္ေလးတစ္ေယာက္နဲ႔ ေကာင္မေလးတစ္ေယာက္ လာေခၚသြားတာ”

“ ဒါကိုနင္က မတားဘူးလား… ဒုကၡပါပဲ ငါဒီလိုျဖစ္မယ္ဆိုတာသိလို႔ ေသခ်ာမွာထားခဲ့တာကိုကြာ”

“ က်ဳပ္ထမင္းခ်က္ေနတုန္း အိမ္ေရွ႕မွာစကားေျပာတဲ့အသံၾကားလို႔ ထြက္ၾကည့္ေတာ့ဆံၿမိတ္ခ်ထားတဲ့ ေကာင္မေလးတစ္ေယာက္ သမီးေလးလက္ကိုအတင္းဆြဲေခၚေနတာျမင္လိုက္ရတယ္၊ အဲဒါနဲ႔ က်ဳပ္လဲ ငါ့သမီးကိုလႊတ္စမ္းလို႔ ေျပာလိုက္ေတာ့ အဲဒီကေလးမက က်ဳပ္ကို မ်က္လုံးစိမ္းႀကီးေတြနဲ႔ စိုက္ၾကည့္ၿပီး နင့္သမီးက ငါတို႔ဆီကပစၥည္းယူထားတာမို႔ ငါတို႔ေခၚတဲ့ေနာက္လိုက္ရမယ္ဆိုၿပီးေျပာတာ၊ က်ဳပ္လဲ ႐ုတ္တရက္မို႔ ဘာေျပာရမွန္းမသိျဖစ္ေနတဲ့အခ်ိန္ အဲဒီကေလးမက သူ႔ခါးမွာခ်ိတ္ထားတဲ့ ပုဝါစကိုထုတ္ၿပီးေမႊ႕ယမ္းလိုက္တဲ့အခ်ိန္ ခ်ိဳအီအီအနံ႔တစ္ခုထြက္လာတယ္။ အဲဒီအနံ႔ရၿပီးေတာ့ က်ဳပ္လဲဘာျဖစ္သြားမွန္းမသိတာ အခု မ်က္ႏွာကိုေရစက္လာစင္မွသတိျပန္ရတာပဲ”

“ က်ဳပ္ဟိုေန႔ညထဲက ဒီေကာင္မေလး မူမမွန္တာသိေနတယ္၊ လုပ္ၾကပါဦးဗ်ာ က်ဳပ္သမီးေလးကို ျပန္ေခၚေပးၾကပါဦး”

“ ကေလးက ဘယ္အ႐ြယ္ရွိၿပီလဲ”

“ ဆယ္ႏွစ္ေက်ာ္ေက်ာ္ေလးပဲရွိပါေသးတယ္”

“ ခုနကေျပာတဲ့ထဲမွာ သူတို႔ေပးထားတဲ့ပစၥည္းကိုယူထားၿပီးၿပီလို႔ၾကားလိုက္တယ္၊ ဒီရက္ပိုင္းထဲမွာ ပစၥည္းတစ္ခုခုရထားတာ ရွိလား”

“ လက္စြပ္တစ္ကြင္းေကာက္ရထားတာေတာ့ ရွိတယ္”

“ ဒီပုံစံအတိုင္းဆိုရင္ ပစၥည္းနဲ႔ျမႇားၿပီး စိတ္ကိုခ်ဳပ္ကိုင္လိုက္တာပဲ”

“ က်ဳပ္တို႔ဘယ္လိုလုပ္ရမလဲ… က်ဳပ္မွာ ဒီသမီးေလး တစ္ေယာက္ပဲရွိတာ”

“ က်ဳပ္အေတြ႕အႀကဳံအရေျပာရရင္ ဒီအနီးနားမွာ သိုက္ဆက္တစ္ခုခုရွိ‌လိမ့္မယ္၊ မိတ္ေဆြတို႔သိထားတာတစ္ခုခုမ်ားရွိေသးလား”

“ သိုက္ဆက္ဆိုလို႔ စမ္းေခ်ာင္းတစ္ဖက္ျခမ္းမွာ ေစတီပ်က္တစ္ဆူရွိတယ္၊ သမီးေျပာတာကလဲ သူ႔ကိုလာေခၚတဲ့ေကာင္မေလးက အဲဒီနားမွာေနတယ္တဲ့”

“ ဒါဆိုေသခ်ာၿပီ… အဲဒီေနရာ က်ဳပ္တို႔ကို လမ္းျပေပးလို႔ရမလား”

“ က်ဳပ္လိုက္ပို႔ေပးပါ့မယ္၊ သမီးေလး ဘာမွေတာ့မျဖစ္ဘူးမလား”

“ ကေလးက ဘာေန႔သမီးလဲ”

“ တနလၤာသမီးပါ”

“ နာမည္ကေရာ”

“ ကလ်ာႏြယ္လို႔ေခၚတယ္”

“ တနလၤာသမီး မကလ်ာႏြယ္၏ အသက္နဲ႔ခႏၶာအား က်ဳပ္တို႔ထံအပ္ပါသလား”

“ အပ္ပါတယ္ဗ်ာ အပ္ပါတယ္…က်ဳပ္သမီးေလး ဘာမွမျဖစ္ပါေစနဲ႔”

“ ဆရာ… ကေလးကရွိေနေသးလား”

“ ရွိေနေသးတယ္… ေတာ္ေသးတာေပါ့ အသက္နဲ႔ခႏၶာအပ္တာျမန္လို႔ ဟူး”

“ အသက္ရွင္ေနေသးတယ္ဆိုရင္ ေက်နပ္ပါၿပီ၊ က်ဳပ္ ေစတီရွိတဲ့ဘက္ လိုက္ျပပါ့မယ္”

ကိုတိုးႏိုင္လဲ ဧည့္သည္ေတြကိုေခၚကာ ေစတီပ်က္ရွိတဲ့ဘက္ကို ထြက္လာခဲ့လိုက္တယ္။

ေစတီပရ၀ဏ္နားကိုေရာက္ေတာ့ ဆူညံစြာေအာ္ဟစ္ ေနၾကတဲ့ ကေလးေတြရဲ႕အသံကိုၾကားလိုက္ရ တာေၾကာင့္ ကိုတိုးႏိုင္လဲ အသံၾကားတဲ့ဘက္ကို လိုက္ရွာၾကည့္ရာ သက္ရွိတဲ့တူတာဆိုလို႔ ဘာမွမေတြ႕ခဲ့ေပ။

“ ဒီမွာ ကေလးသိုက္ရွိေနပါလား…”

“ ဟုတ္တယ္ဆရာ… ကေလးေတြ ေဆာ့ကစားေနတဲ့ အသံေတြၾကားေနရေပမယ့္ အေကာင္အထည္မျမင္ရေသးဘူး”

ဧည့္သည္ေတြလဲ အသံၾကားတဲ့ဘက္ကို ေလ်ာက္လာခဲ့ရာ ေစတီပ်က္ေရွ႕ကိုေရာက္တာနဲ႔ ေအာ္ဟစ္ဆူညံေနၾကတဲ့အသံေတြအကုန္ ေပ်ာက္သြားၿပီး တရႈံ႕ရႈံ႕ငိုေႂကြးေနတဲ့ မိန္းကေလး တစ္ေယာက္ရဲ႕ငိုသံကိုၾကားလိုက္ရတယ္။

“ ကလ်ာ ကလ်ာအသံပဲ… သမီးေရ သမီး ဘယ္မွာလဲ”

“ မိတ္ေဆြေခၚေနလို႔ သူၾကားမွာမဟုတ္ဘူး…”

“ ဘာျဖစ္လို႔လဲဗ်”

“ ကေလးေတြက မိတ္ေဆြရဲ႕သမီးကို ဖြက္ထားၾကတာေလ၊ သာမန္မ်က္စိနဲ႔ၾကည့္လို႔မျမင္ႏိုင္သလို ျပင္ပေလာကက အသံေတြကိုလဲ ၾကားႏိုင္မွာ မဟုတ္ဘူး”

“ ဒါဆို သူငိုေနတာကို ဘာလို႔ၾကားေနရတာလဲ”

“ ဘာလို႔ၾကားရလဲဆိုေတာ့ က်ဳပ္တို႔ဒီကိုစဝင္ထဲက သိုက္ႀကိဳးေတြအကုန္ျဖတ္လိုက္တာေၾကာင့္ပါ”

“ က်ဳပ္သမီးေလးကိုျပန္ေခၚေပးလို႔ရတယ္ မဟုတ္လား”

“ အခုေလာေလာဆယ္ စိတ္ေအးေအးထားၿပီး ပရ၀ဏ္အျပင္ဘက္မွာ ေစာင့္ေနေပးပါ၊ က်ဳပ္တို႔ မိတ္ေဆြရဲ႕သမီးကိုျပန္ေခၚလာေပးပါ့မယ္”

ဧည့္သည္ေတြရဲ႕ စကားေၾကာင့္ ကိုသာေပ်ာ့က တိုးႏိုင္ကို အျပင္ဆြဲေခၚသြားတယ္။ အဲဒီအခ်ိန္ ေစတီေရွ႕မွာက်န္ေနခဲ့တဲ့ လူသုံးေယာက္က ေရညႇိေတြအထပ္ထပ္တက္ေနတဲ့ ပန္းပု႐ုပ္ႏွစ္ခုေရွ႕မွာ မတ္တပ္ရပ္လိုက္ၿပီး

“ ထြက္လာစမ္း… ဟိုကေလးႏွစ္ေယာက္” လို႔အမိန႔္ေပးလိုက္ရာ ႐ုပ္ထုထဲကေန မိန္းကေလးတစ္ေယာက္၊ ေယာက်ၤားေလးတစ္ေယာက္ ခုန္ထြက္လာခဲ့တယ္။

“ နင္တို႔က ဒီဘုရားမွာေနတာလား”

“ ဟုတ္တယ္ရွင့္.. ဘာျဖစ္လို႔ေမးတာလဲ”

“ နင္တို႔ဖြက္ထားတဲ့ေကာင္မေလး အခုဘယ္မွာလဲ”

“ ဘယ္သူကိုမွမဖြက္ထားပါဘူး..”

“ ဒီႏွစ္ေယာက္ ေျပာင္ေျပာင္တင္းတင္းကို လိမ္ေနပါလား၊ အခု သိုက္ထဲပိတ္ထားလိုက္ရကြာ”

“ ဟဲဟဲ… သိုက္ကိုေတာ့မပိတ္ပါနဲ႔…သမီးတို႔က သူ႔ကိုေဆာ့ဖို႔ေခၚထားတာပါ”

“ ေခၚထားရင္ျပန္ထုတ္ေပးေပါ့… ဒီကိစၥေတြကိုလဲ မင္းတို႔ကိုအုပ္ခ်ဳပ္တဲ့အဖိုးဆီမေျပာပါဘူး”

“ ဗညား နင္ဖမ္းထားတာ နင္ျပန္လႊတ္ေပးလိုက္ေတာ့”

အစ္မျဖစ္ဟန္တူတဲ့ကေလးမရဲ႕စကားေၾကာင့္ ႐ုပ္ထုႏွစ္ထုၾကားထဲကို လက္နဲ႔သပ္ခ်လိုက္ရာ ရႈိက္ႀကီးတငင္ငိုေနတဲ့ ‌မိန္းမတစ္ေယာက္ကိုျမင္လိုက္ရတယ္။

“ မင္းတို႔ဘာလို႔ အခုလိုလုပ္တာလဲ”

“ သူနဲ႔က အရမ္းေဆာ့လို႔ေကာင္းတယ္၊ ဒါေၾကာင့္ အၿမဲတမ္းေဆာ့ခ်င္လို႔ ဖြက္ထားမိတာပါ”

“ ေနာက္ဆို ဒီလိုမလုပ္ၾကနဲ႔ေတာ့၊ အခုက ကာယကံရွင္လဲ ဘာမွမျဖစ္ဘူးဆိုေတာ့ ခြင့္လႊတ္ေပးလိုက္မယ္”

“ အဘိုးဆရာကိုေတာ့ မတိုင္ဘူးမဟုတ္လားဟင္”

“ ေနာက္တစ္ေခါက္လုပ္ရင္ေတာ့ တိုင္မွာ… အခုေတာ့ ကိုယ့္လူနဲ႔ကိုယ္ေဆာ့ၾက”လို႔ဟိန္းေဟာက္ လိုက္ေတာ့မွ ႏွစ္ေယာက္သား ပန္းပု႐ုပ္ထဲကို ခုန္ဝင္သြားခဲ့တယ္။

“ ကေလးေတြ ကေလးေတြ အုပ္ထိန္းသူကို အေတာ္စိတ္ဆင္းရဲအာင္လုပ္ထားတဲ့ပုံပဲ”

“ ဆရာ… ဒီအျဖစ္အပ်က္ကို သူတို႔အဖိုးကိုေျပာလိုက္ရမလား”

“ သြားမေျပာပါနဲ႔ ..ေလာေလာတယ္ ဒီကေလးမကို သူ႔အေဖဆီေခၚသြားေပးလိုက္”

ကိုတိုးႏိုင္လဲ ကလ်ာကိုျမင္ေတာ့ ခပ္တင္းတင္းေပြ႕ဖက္ထားလိုက္တယ္။

“ တကယ္ေတာ့ သူတို႔ကခ်စ္လို႔ေခၚထားခ်င္တာပါ”

“ ဟုတ္တယ္ ဟုတ္တယ္… သူတို႔နဲ႔အၿမဲတမ္း ကစားေပးဖို႔ေျပာတယ္၊ သမီးလဲ ကစားေနရင္ အကုန္ေမ့သြားတာေၾကာင့္ အေမကိုေရာ အေဖကိုပါ သတိမရခဲ့မိဘူး၊ ေနာက္ေတာ့ ႐ုတ္တရက္သတိရလာတယ္၊ သူတို႔ဆီမွာေနရတာ မေပ်ာ္ေတာ့ဘူး၊ ဒါေၾကာင့္ အိမ္ျပန္ဖို႔ထြက္လာတဲ့အခ်ိန္ သူတို႔ႏွစ္ေယာက္က ေပးမထြက္ပဲလမ္းပိတ္ထားလို႔ ထိုင္ငိုေနတာ”

“ သမီးကိုအျခားထိခိုက္ေအာင္လုပ္ေသးလဲ”

“ ဘာမွမလုပ္ပါဘူး…”

“ ဒီေန႔က ဗုဒၶဟူးေန႔ဆိုေတာ့ သိုက္ေစာင့္ပုဂၢိဳလ္ေတြ အစည္းအေဝးတက္ရတယ္ေလ၊ ဒါေၾကာင့္ စိတ္ထင္တိုင္းေသာင္းက်န္းေနၾကတာ”

“ ေနာက္ေနာင္အခုလိုမ်ိဳးထပ္ျဖစ္ရင္ ဘယ္လိုလုပ္မလဲ”

“ မျဖစ္ေစခ်င္ရင္ သူတို႔ေပးတဲ့ပစၥည္းမယူပါနဲ႔”

ဧည့္သည္ေတြရဲ႕စကားေၾကာင့္ ကလ်ာက လက္မွာဝတ္ထားတဲ့ လက္စြပ္ကို အနာခံကာ ဆြဲျဖဳတ္ၿပီး ေစတီေရွ႕ကိုပစ္ထုတ္လိုက္တယ္။

ျမလက္စြပ္ေလးက တခြၽင္ခြၽင္နဲ႔ေ႐ြ႕လ်ားသြားၿပီး မ်ကိစေရွ႕မွာတင္ေပ်ာက္ကြယ္သြားခဲ့တယ္။ ကိုတိုးႏိုင္လဲသမီးျဖစ္သူကို ေစတီပ်က္ကေန ျပန္ေခၚလာခဲ့သလို ဧည့္သည္ေတြကလဲ ဘယ္သူမွေႏွာက္ယွက္လို႔မရေအာင္ အေဆာင္လက္ဖြဲ႕ေတြလုပ္ေပးသြားခဲ့တယ္။

ကိုတိုးႏိုင္တို႔လဲ ဒီအျဖစ္အပ်က္ေၾကာင့္ သမီးျဖစ္သူကို တဲမွာမထားေတာ့ပဲ ႐ြာမွာရွိတဲ့အမ်ိဳးေတြဆီ ျပန္ပို႔ထားခဲ့လိုက္တယ္။

ဒါေၾကာင့္ သိုက္နန္းေတြရွိတဲ့ အရပ္ေဒသကိုသြားမယ္ဆိုရင္ ဘာေတြ႕ေတြ႕ ဘာျမင္ျမင္ မေကာက္ယူၾကဖို႔ သတိေပးခ်င္ပါတယ္။

ကိုသာေပ်ာ့ လွည္းနဲ႔လိုက္ပါလာတဲ့ ဧည့္သည္ေတြကေတာ့ ဒီကိစၥၿပီးတာနဲ႔ ကြၽဲကူး႐ြာကိုခရီးဆက္သြားၾကတယ္။ ကြၽဲကူး႐ြာအေရာက္မွာေတာ့

အၿမဲတမ္းေရေတြအန္ေနတဲ့ မိန္းမတစ္ေယာက္ကို ကုသေပးခဲ့ရျပန္တယ္။

ဒီအေၾကာင္းကိုေတာ့ ေအာင္ျမတ္သာႏွင့္ေရအပင္း ဆိုတဲ့ဝတၱဳမွာဖတ္ရႈေပးၾကပါဦး။

ေလးစားစြာျဖင့္
ေဇယန(ရာမည)