ပဲ့တင်သံနှင့်ရင်ကွဲအက်သံ

*ပဲ့တင်ကံ နှင့် ရင်အက်သံ*📖📖📖

*********************************

“အ!!!!  အား……”

         မိန်းကလေးတစ်ယောက်ရဲ့ နာကျင်စူးရှ
စွာအော်လိုက်သံကို ကြားလိုက်ရသည်။ကျွန်
တော်သိလိုက်ပါပြီ အဲ့ဒီ့မိန်းကလေးတော့ နက်
ကျော်လက်ချက်နဲ့ ကံဆိုးပြန်ပြီဆိုတာကိုပါ။အ
ခုချိန်လောက်ဆို  သွေးရဲသံရဲနဲ့အသက်ပျောက်
နေရောပေါ့..

ဦးမိုးမှောင်ကတော့ သူ၏ညစ်ပေနေသော
စားပွဲပေါ်တွင် စာရွက်စာတမ်းများဖြင့်အလုပ်ရှုပ်
နေချေ၏။

        ခွဲစိတ်ခုတင်ပေါ်မှာတော့ အပြစ်ကင်းမဲ့
သောမိန်းကလေး၏ သွေးရဲသံရဲအလောင်းတစ်
လောင်း ရှိနေပြီဖြစ်သည်။သူမ၏ အသနားခံနေ
သောမျက်နှာကို ကျွန်တော်ရဲရဲမကြည့်ဝံ့ပါ။

         အနိဋ္ဌာရုံမြင်ကွင်းတွေကို ညီးငွေ့နေပြီ
ဖြစ်သောကြောင့် သွားစရာမရှိသော်လည်း ကား
ပေါ်တက်လိုက်ပြီး ကားဦးတည့်ရာမောင်းထွက်
လာခဲ့သည်။

ကားမောင်းလာရင်း လွန်ခဲ့သော၁၅နှစ်ခန့်
လောက်က အတိတ်အကြောင်းများက မစဉ်း
စားပဲခေါင်းထဲ အလိုလိုရောက်လာပြန်သည်။
လွန်ခဲ့သော၁၅ နှစ်ခန့်လောက်က သာမာန်နယ်
မြို့လေးတစ်ခုမှာ ကျွန်တော်တို့သားအဖ သုံး
ယောက် ပျော်ရွှင်စွာ ဘဝကိုဖြတ်သန်းခဲ့ကြပါ
သည်။ ကျွန်တော်  အဖေနှင့် ညီမလေး ရွက်ဝါ..
ဆင်းရဲပေမယ့် အရမ်းပျော်စရာကောင်းခဲ့တဲ့
အသိုက်အမြုံလေးတစ်ခုပါ။အမေကတော့ ရွက်ဝါလေးကိုမွေးစဉ်ကမီးတွင်းထဲ၌ပင်ဆုံးပါး
သွားခဲ့ပြီဖြစ်သည်။

        အဖေ့ကိုပင် အဖေလိုတစ်မျိုး အမေလိုတစ်
မျိုးအားကိုးခဲ့ရ၏။တွယ်တာခဲ့ရ၏။အဲ့ဒီတုန်းက ကျွန်တော်က ၁၀ နှစ်သားအရွယ်ဖြစ်ပြီး  ညီမလေး
ကတော့ ၅နှစ်သမီးအရွယ်သာရှိပါသေးသည်။
တစ်နေ့တော့ ကျွန်တော်တို့၏ မတောက်ပ
သောဘဝကို ပို၍ညှိုးငယ်စေရန် ကံကြမ္မာက
ရက်စက်တော့သည်။ အဖေ အလုပ်ထဲ၌ ငြမ်း
စင်ပေါ်ကပြုတ်ကျ၍ ဆုံးပါးသွားခဲ့သည်။ရွှေ
တောင်ကြီးပြိုလဲ သွားသလိုပါပဲ…ကျွန်တော်တို့
မောင်နှမ နှစ်ယောက်လုံးခိုကိုးရာမဲ့ခဲ့ပြီ မျက်စိ
သူငယ် နားသူငယ်ဖြင့် မာယာများလှလောက
ကြီးအလယ်တွင် သိမ်ငယ်စွာကျန်ရစ်ခဲ့ရပါပြီ…

       နောက် ၃ ရက်လောက်နေ့တော့ကျွန်တော်
တို့မြို့သို့ရန်ကုန်မှ သူဋ္ဌေးတစ်ယောက်က အ လှူလာလုပ်တော့ ညီမလေးကို အမွေစားအမွေ
ခံ မွေးစားရန်အတွက်ရန်ကုန်သို့ခေါ်သွားခဲ့
သည်။ ကျွန်တော် အဲ့ဒီနေ့က ငိုလိုက်ရတာ
မျက်ရည်တွေ ခမ်းခြောက်မတက်ပါပဲ….

       ကျွန်တော်ကတော့ ရပ်မိရပ်ဖ လူကြီးများ
၏အကူအညီဖြင့် မိဘမဲ့ကျောင်းသို့ ရောက်ခဲ့
ပါသည်။  ၃ လလောက်ကြာတော့ စရိုက်ဆိုး
လှသော နက်ကျော်ဟူသော သူငယ်ချင်းတစ်
ယောက်နှင့်ပေါင်းမိကာ မိဘမဲ့ကျောင်းမှ ထွက်
ပြေးခဲ့ကြသည်။အပြင်လောကရောက်တော့
လည်း အလွန်ယုတ်မာရက်စက်သော်လည်း
ငွေရလွယ်သော ဤအလုပ်ကြီးကို ကျွန်တော်
လုပ်မိခဲ့သည်။

      အစပိုင်းကတော့ မဝံ့မရဲ ဖြစ်ခဲ့မိသော်လည်း
နောက်ပိုင်း လုပ်တာများလာတော့ လုပ်ရဲ ကိုင်ရဲ
လာသည်။ ထောင်နှုတ်ခမ်းနင်းနေရသော်လည်း
ငွေရလွယ်လှသောအလုပ်ဖြစ်သောကြောင့်ကျွန်
တော် မစွန့်လွှတ်နိုင်ခဲ့ပါ။ကျွန်တော် ငွေအများ
ကြီးလိုချင်သည်။ ငွေကို ဖြစ်တဲ့နည်းနဲ့ရအောင်
ရှာခဲ့သည်။ ငွေမရှိသောဘဝကို ကျွန်တော်မုန်း
သည်။

      ကျွန်တော်တို့ မိသားစုသေကွဲကွဲခဲ့ရတာငွေ
မရှိလို့   အဖေခေါင်းမူးနေရက်နဲ့  ရက်မှန်ကြေး
လေးမရမှာစိုးလို့ အလုပ်သွားလုပ်ရင်း ငြမ်းပေါ်
ကမူးပြီးပြုတ်ကျပြီးသေစေခဲ့တာ ငွေမရှိလို့
အမေ လည်းကိုယ်ဝန်ဆောင်ဘဝမှာ အဟာရ
ချို့တဲ့ခဲ့လို့ ညီမလေးကို မွေးပြီးပြီးချင်းမှာပဲ
မသေသင့်ဘဲသေခဲ့ရတယ်….အဲ့ဒါလည်း ငွေမရှိ
လို့ပါပဲ ….

        ပြီးတော့ ညီမလေးနဲ့ကျွန်တော်ရှင်ကွဲ ကွဲခဲ့
ရတာလည်း အဲ့ဒီငွေကြောင့်ပါပဲ..  ကျွန်တော်
ငွေ မရှိတဲ့ဘဝကိုမုန်းတယ် ငွေကိုမရရတဲ့နည်း
ဖြင့် စုဆောင်းခဲ့သည်။ ယခုဆိုလျှင် ကျွန်တော်
စုဆောင်းထားသောငွေပမာဏမှာ မနည်းလှ
တော့ပါ။သို့သော်လည်း မသန့်ရှင်းသောငွေများ
ကကျွန်တော့်ကို ပျော်ရွှင်မှုအစစ်အမှန်မပေးနိုင်
ခဲ့ပါ။

      ညီမလေးကိုကျွန်တော်တွေ့အောင်ရှာမည်။
ပြီးလျှင်ပြန်ခေါ်မည်။  ကျွန်တော်စုဆောင်းခဲ့
သောငွေများဖြင့် မောင်နှမနှစ်ယောက် ပျော်စရာ
ကောင်းသော ဘဝသစ်လေးတစ်ခုကိုတည်
ဆောက်ကြမည်။ညီမလေးလက်ညှိုးညွှန်ရာ ရေ
ဖြစ်စေရမည်။  တွေးကြည့် ရုံနဲ့တင်ကျွန်တော်
ပျော်လိုက်တာဗျာ…

      ညီမလေးလည်း အခုလောက်ဆို အပျိုကြီး
ဖားဖားဖြစ်လို့ လှသွေးကြွယ်နေရောပေါ့…
ညီမလေးကို ကျွန်တော်ဘယ်လိုရှာရပါ့မလဲ…
ညီမလေးရဲ့ ဘယ်ဘက်ပုခုံးမှာ ကြယ်နီသုံးလုံး
တြိဂံပုံအနေအထားရှိပါသည်။ ဒါပေမယ့် ညီမ
လေးလို့ ထင်ရတဲ့မိန်းမပျိုတိုင်းကို ပုခုံးလိုက်
လှန်ကြည့်ဖို့ဆိုတာ မဖြစ်နိုင်စရာအကြောင်းတစ်
ခုသာဖြစ်သည်။တစ်ခုတော့ရှိသည် ညီမလေး၏
ညာဘက်မျက်ခုံးတွင် ငယ်ငယ်က ကစားခဲ့စဉ်
က ဒဏ်ရာ ရခဲ့ဖူးသဖြင့် မျက်ခုံးတွင်အမာရွတ်
လေးတစ်ခုတော့ရှိသည်။ထိုအမာရွတ်ကိုပဲ အား
ကိုးပြီးရှာရတော့မှာပေါ့….

       ညီမလေးက ကျွန်တော်ယခုလုပ်နေသော
ရက်စက်ယုတ်မာလှသောအလုပ်ကြီးကို သိသွား
လျှင်ဖြင့် ကျွန်တော့်ကို ရွံ့ရှာမုန်းတီးသွားမှာ
လား…အကိုလို့ရောအသိအမှတ်ပြုပါတော့မ
လား…
ကျွန်တော် တစ်ယောက်တည်းတွေးရင်း
သက်ပြင်းချလိုက်မိသည်။ကိစ္စတော့မရှိပါ ကျွန်
တော် ညီမလေးကိုရှာတွေ့ခဲ့ရင် ဤအလုပ်ကို
ဆက်ပြီးမလုပ်တော့ပါ။ ညီမလေးကိုခေါ်ကာ
ကျွန်တော်တို့၏ မွေးရပ် နယ်မြို့လေးသို့ပြန်
ကာ မောင်နှမနှစ်ယောက် ဘဝသစ်လေးတစ်ခု
ကိုဖန်တီးကြမည်။

       ညီမလေးက ကျွန်တော့်ရဲ့ နှလုံးသား ကျွန်
တော့်ရဲ့ ဘဝ ချစ်စရာကောင်းလွန်းလှသောညီမ
လေး၏ ပုံရိပ်များက ကျွန့်တော့် နှလုံးသားမှာ
ယနေ့တိုင်အမြစ်တွယ်နေဆဲပါ။

        ကျွီ……….

        မိန်းကလေးတစ်ယောက်ကားလာတားနေ
သောကြောင့် ကျွန်တော် ဘရိတ်နင်းလိုက်ရင်း
ကားကိုရပ်လိုက်သည်။ကျွန်တော့်၏ အတွေးစ
တို့လည်း ပြတ်တောက်သွားခဲ့သည်။

        သူမက ကျွန်တော့်ကို ပြုံးပြလာချေပြီး..

        “အကို အင်းစိန်ဘက် သွားချင်လို့ပါ ပန်း
ခြံနည်းနည်း ကျော်မယ် ဘယ်လောက်ပေးရမ
လဲ….”

       ကျွန်တော် အနည်းငယ် စဉ်းစားဟန်ပြု
လိုက်ပြီး…

       “အင်း….၆၀၀၀  တော့ပေးလေညီမ..”

       “ဟုတ်…..ဒါဆိုသွားမယ်လေအကို”

       မိန်းမချောလေးက ကျွန်တော့်ကားပေါ်သို့
တံခါးဖွင့်တက်လိုက်လေသည်။သူမ၏ တောက်
ပလွန်းလှသော အလှအပကို ကျွန်တော်အနည်း
ငယ်မျှ စိတ်ဝင်စားမိခြင်းမရှိပါ။ လူဂုဏ်ထံ
အသိုင်းအဝိုင်းက ဖြစ်ဟန်တူပါသည်။

       ကားပေါ်ရောက်ပြီး ၁၅ မိနစ်ပင်မကြာသေး
ကောင်မလေးက အိပ်ပင်ပျော်နေသေးသည်။
ပထမတော့ ကျွန်တော်ထွက်လာခဲ့တာ သား
ကောင်ရှာရန် မဟုတ်ပါ။ ယခုတော့ စိတ်ပြောင်း
သွားပြီဖြစ်သည်။ စားရကံကြုံလို့ မုတ်ဆိတ်ပျား
ဆွဲနေပြီမဟုတ်ပါလား….

       အင်္ကျီအိပ်ထဲမှ ကလိုရိုဖောင်း မေ့ဆေးစွတ်
ထားသော ပဝါကိုထုတ်ကာ ကောင်မလေး၏
မျက်နှာကို အုပ်ချလိုက်တော့သည်။

⏳⏳⏳⏳⏳⏳⏳⏳⏳⏳⏳⏳⏳

          ကျွီ…….

          ခြံထဲဝင်ပြီး အိမ်ရှေ့ကားရပ်လိုက်သည်
နှင့် နက်ကျော်က ဆေးပြင်းလိပ်တစ်လိပ်ကိုခဲ
ထားကာ အကျည်းတန်စွာ ပြုံးပြနေချေ၏။

        ကျွန်တော် နက်ကျော်ကို လှမ်းပြောလိုက်
သည်။

         “ဟေ့ကောင်နက်ကျော် သားကောင်မိလာ
တယ်  သူ့ကို ဦးမိုးမှောင်ဆီခေါ်သွားလိုက်….”

         နက်ကျော် ထိုင်ရာမှထလာပြီး ကောင်မ
လေးကိုပွေ့ကာ အိမ်ထဲသို့ဝင်သွားတော့သည်။
ကျွန်တော် လည်း လုပ်ရိုးလုပ်စဉ်အတိုင်း ကား
နံပါတ်ပြားကို အသစ်လဲလှယ်လိုက်သည်။

        ထို့နောက် ဦးမိုးမှောင်၏ မရဏ ခွဲစိတ်ခန်း
ရှိသော မြေတိုက်ခန်းအတွင်းသို့ ကျွန်တော် ဝင်
လာခဲ့သည်။ကောင်မလေးက ကောင်းကောင်း
သတိမရသေးပါ။ သူမ၏ ခြေလက်များကို ဦး
မိုးမှောင်က သံကွင်းများဖြင့် လှုပ်မရအောင်
ချည်နှောင်နေလေသည်။

         “ဟေ့ကောင် ဇာမဏီ မင်းသိပ်တော်တယ်
တရုတ်သူဋ္ဌေးတစ်ယောက်မှာထားတာကွ
ကျောက်ကပ် တစ်စုံလေ မိန်းကလေးအသက်
၂၀ ဝန်းကျင်ဆို ပိုကောင်းတယ်တဲ့ သွေးအမျိုး
အစားရော အရွယ်ရော ငါလိုချင်တဲ့အရွယ်ပဲ
မင်းဘယ်လိုရှာတွေ့လာတာလဲ…”

        ဦးမိုးမှောင်၏ မေးခွန်းကိုမဖြေတော့ဘဲ
မြေတိုက်ခန်းအပေါ်ထပ်သို့ ပြန်၍တက်လာခဲ့
သည်။ ဒါတောင် သူကလှမ်းပြောနေသေးသည်။

         “ငါ့ကို စောင့်ဦးနော် အတူသောက်ကြတာ
ပေါ့ သူ့ကိုမခွဲစိတ်ခင် စစ်ဆေးရဦးမှာမို့လို့…”

          ဦးမိုးမှောင်က လွန်ခဲ့လွန်ခဲ့သော ၇ နှစ်
လောက်ကတော့ ဆရာဝန်တစ်ယောက်ပါ။ လူ
နာတစ်ယောက်ကို ဆေးထိုးမှား၍ ထိုလူနာအ
သက်ဆုံးခဲ့ရသဖြင့် လိုင်စင် အသိမ်းခံခဲ့ရသည်။
ယခုတော့ ငွေရလွယ်သော ကိုယ်တွင်းအင်္ဂါ
ကလီစာ မှောင်ခိုဈေးကွက်တွင် လှုပ်ရှားနေသူ
ဖြစ်သည်။ ကျွန်တော်နှင့် နက်ကျော်ကတော့
ကံဆိုးသူများကို ရှာဖွေရခြင်းပင်ဖြစ်သည်။

       “အား!!!!…..”

         ကောင်မလေး၏ အော်သံသဲ့သဲ့ကိုကြား
တော့မှအတွေးစတို့ပြတ်တောက်သွားပြန်သည်။

         ကျွန်တော် သောက်လက်စဝီစကီခွက်ကို
ချကာ မြေတိုက်ခန်းထဲသို့ပြန်၍ ဝင်လာမိပြန်
သည်။ အရက်ဝိုင်းတွင် နက်ကျော်တစ်ယောက်
သာကျန်ခဲ့တော့သည်။

         မြေတိုက်ခန်းထဲရောက်တော့ ဦးမိုးမှောင်
ကကောင်မလေးခွဲစိတ်ပြီးကာ ကျောက်ကပ်နှစ်
လုံးကိုလက်ဆွဲ ရေခဲသေတ္တာအသေးနှစ်လုံးထဲ
သို့အသေအချာထည့်နေရင်းမှ..

         “အင်း…ကျောက်ကပ်တွေတော့ထုတ်ပြီး
ပြီ ပြီးတော့မှပဲ အသည်းနဲ့ နှလုံးကိုယူတော့
မယ်….လောလောဆယ်မသေသေးပါဘူး…”

        ဦးမိုးမှောင်ထွက်သွားတော့ ကျွန်တော်
ကောင်မလေးကိုကြည့်မိသည်။

         မြင်ကွင်းကရက်စက်လှချေ၏။ ကျောက်
ကပ် နှစ်လုံးစလုံးထုတ်ယူခံထာရသော်လည်း
အသက်ကတော့ မသေသေး…နာကျင်လွန်း၍
ထင်ပါသည် သူမ၏မျက်ဝန်းအစုံမှ မျက်ရည်
ပေါက်တို့ စီးကျနေချေ၏။

သူမ၏ အကြည့်က အသနားခံနေသည်
မှာသေချာလှပါသည်။ကျွန့်တော့်ကို တစ်စုံတစ်
ရာပြောလိုဟန်ရှိသော်လည်း နှုတ်ခမ်းများသာ
အနည်းငယ်လှုပ်နိုင်တော့သည်။ စကားသံကား
ထွက်မလာနိုင်တော့ပါ။

       တကိုယ်လုံး သွေးများရွှဲနစ်နေသောကောင်
မလေးကိုကြည့်ကာ ကျွန်တော့်ရင်ထဲ၌ တစ်မျိုး
ကြီးခံစားလာရသည်။

        “ဟင်…..”

         ကိုယ့်လက်ပေါ်ကျတဲ့ မီးမှပူမှန်းသိသော
တိရိစ္ဆာန်တစ်ကောင်၏ အတွေးမျိုးဖြင့် သူမ၏
ဘယ်ဘက်ပုခုံးကို အလျှင်အမြန်လှန်ကြည့်
လိုက်မိသည်။

          “ဟာ….”

         “ဘုရား…ဘုရား…”

           ကျွန်တော် ပထမဆုံးအကြိမ် ဘုရားတ
လိုက်မိသည်။ သူမ၏ ဘယ်ဘက်ပုခုံးမှာ မှဲ့နီ
သုံးလုံး တြိဂံပုံအနေအထားပါလား….
ကျွန်တော့်ရင်ကို မီးစနဲ့ထိုးလိုက်သလို
ခံစားလိုက်ရသည်။

           သူမ၏ မျက်နှာကို အနီးကပ်သေချာ
ကြည့်မိသည်။ ညာမျက်ခုံးမှ အမာရွတ်ကလေး
ကအလွန်သေးငယ်ပြီး အနီးကပ်ကြည့်မှ မြင်ရ
တာပါလား….

          ကျွန်တော် ထင်သလိုမဟုတ်ပါစေနဲ့
တိုက်ဆိုင်မှုသာဖြစ်ပါစေလို့ ဆုတောင်းမိတယ်

          သူမ၏ စလင်းဘက်အိပ်ကို စားပွဲပေါ်
သွန်ချလိုက်ပြီး  ပစ္စည်းများကိုကြည့်မိသည်။
ကျောင်းသားကဒ် တစ်ခုနှင့် မိသားစု ဓာတ်ပုံ
တစ်ပုံ….

        ကျောင်းသားကဒ်ကို အရင်ကြည့်မိသည်။
မမေရွက်ဝါ စီးပွားစီမံ တတိယနှစ်  အဖအမည်
ဦးကျော်ငြိမ်း….

         “ဘုရား….ရေ..”

          ကျွန်တော် ဆောက်တည်ရာမရတော့ပါ။

          ထို့နောက် မိသားစုဓာတ်ပုံလေးကိုကြည့်
မိသည်။ ဖခင်တစ်ဦးနှင့် မောင်နှမနှစ်ယောက်၏
အမှတ်တရဓာတ်ပုံလေး….

           သွားပြီ….အရာအားလုံးပြီးဆုံးသွားပါပြီ
ကျွန်တော့် ဘဝရဲ့ စိတ်ကူးယာဉ်အိပ်မက်လေး
တစစီဖြစ်သွားခဲ့ပါပြီ…..

        ” ကံကြမ္မာရယ်….ရက်စက်လိုက်တာဗျာ…”

             “အား…………”

           ကျွန်တော် သွေးပျက်စွာ အော်ဟစ်လိုက်
မိသည်။ပြီးတော့ ညီမလေး၏ လက်ကလေးကို
ဆုတ်ကိုင်ကာ ငိုကြွေးနေမိတော့သည်။

            မိန်းမချောလေးကတော့ နားမလည်နိုင်
သောမျက်လုံးတို့ဖြင့်သာ ကျွန်တော့်ကိုတွေဝေ
စွာကြည့်နေချေ၏။စက္ကန့်ပိုင်းအကြာမှာပင်ငြိမ်
သက် သွားကာလောကကြီးကို ထာဝရနှုတ်ဆက်
သွားလေတော့သည်။

           နှလုံးသားကို ဓားနှင့်အချက်ပေါင်းများ
စွာအထိုးခံလိုက်ရသော ခံစားချက်ကြောင့် ကျွန်
တော်လည်း တွေဝေငြိမ်သက်ကာ အသက်မဲ့သူ
တစ်ယောက်လိုဖြစ်နေမိတော့သည်။

             ခဏ ကြာတော့ ဦးမိုးမှောင် ပြန်ရောက်
လာသည်။

           “ဟေ့ကောင် ဘာငိုင်နေတာလဲ ဖယ်စမ်း
ငါ နှလုံး နဲ့အသည်းခွဲထုတ်…အ!!!အား…. .”

          ဦးမိုးမှောင် စကားဆုံးအောင်မပြောလိုက်
ရပါ ကျွန်တော်ခွဲစိတ်ဓားတစ်ချောင်းကိုကောက်
ကိုင်ကာ သူ၏ လည်ပင်းကိုထိုးချလိုက်တော့
သည်။ ထို့နောက် သွေးရူးသွေးတန်းဖြင့် သူ့ကို
အပြစ်တင်နေတော့၏။

       “ဟား…ဟား…သေ…သေ အသုံးမကျတဲ့လူ
မိန်းကလေးတွေကို ခွဲစိတ်ရင် မျက်ခုံးနဲ့ ဘယ်
ဘက် ပုခုံးကိုသေချာကြည့်ပေးပါလို့ မှာထား
ရက်နဲ့…    သေ   ကောင်းတယ်  ဟား…ဟား…
အသုံးမကျတဲ့လူ   သေစမ်း…ဟား…ဟား…”

       နက်ကျော်ပြေးလာပြီး အံ့ဩဟန်ဖြင့် ကျွန်
တော့်ကိုအော်ပြောနေ၏။

      “ဟေ့ကောင် ဇာမဏီ မင်း…မင်း ဦးမိုးမှောင်
ကို ဘာလုပ်လိုက်တာလဲကွ…”

ထိုစဉ်….

“ဟေ့…တစ်ယောက်မှ မလှုပ်နဲ့  မင်းတို့ကို
ပြည်သူ့ရဲတွေဝိုင်းထားပြီးပြီ..ထွက်ပြေးရင်
ခုခံရင် ပစ်ဖမ်းရလိမ့်မယ် အေးအေးဆေးဆေး
အဖမ်းခံပါ”

           ရဲဆိုသည့် အသံကြားသည်နှင့်နက်ကျော်
မြေတိုက်ခန်းမှ အပြင်သို့ထွက်သောအခြား
လျှို့ဝှက်ပေါက်မှအလျှင်အမြန်ထွက်ပြေးတော့သည်။သို့သော်လည်း ရဲတပ်ဖွဲ့များကနေရာ
အနှံစောင့်နေသဖြင့်မလွတ်တော့ပါ။

            “ဟိုမှာ တစ်ယောက်ပြေးပြီ ပစ်ကွာ…”

               ဒိုင်း….ဒိုင်း…ဒိုင်း….

           သေနတ်သံများဆူညံသွားပြီး နက်ကျော်
လည်း ခြေနှစ်ဖက်စလုံး သေနတ်မှန်ကာ မထနိုင်
တော့ပါ။

           ကျွန်တော်လည်းအပြင်သို့ထွက်လာခဲ့
သည်။ အသက်ရှင်ရန် အဓိပ္ပါယ်မဲ့နေသောဘဝ
အတွက်ဆုံးဖြတ်ချက်ကတစ်ခုတည်းသာရှိ
တော့သည်။

          ဘာမှမရှိသော ကျွန်တော့်၏ အင်္ကျီအိပ်
ထဲမှ လက်နက်တစ်စုံတစ်ရာကို အလျှင်အမြန်
ထုတ်ယူဟန်ပြင်လိုက်စဉ်မှာပင်…

           “ခုခံဖို့ကြိုးစားပြီ ပစ်…..”

             ဒိုင်း…ဒိုင်း….ဒိုင်း….

           ကျွန်တော် တောင့်တနေတဲ့ကျည်ဆန်
တွေကျွန်တော့် ရင်ထဲသို့ အလုံးလိုက်အရင်း လိုက်ဝင်လာပါတော့သည်။

            နောက်ဆုံးထွက်သက်အထိ အတ္တကြီး
စွာ ဆုတောင်းနေမိတယ် …

             “ခွဲစိတ်ခန်းထဲကမိန်းကလေးဟာ…
ညီ..ညီမလေး…မဟုတ်ပါစေနဲ့…..”

ဇာမဏီ