Unicode Version
” နှစ်ပတ်လည် “(စ-ဆုံး)
———————-
သော်တာလမင်းစန္ဒာ
ခုရက်ပိုင်း ထူးပိုင် ရင်ထဲနေလို့မကောင်းေချ။ ရင်ဘတ်
တစ်ခုလုံးမီးမြိုက်ထားသလို ပူလောင်နေသည်။ စိတ်နှင့်
ကိုယ်လည်းကပ်မရခဲ့။
မတင်မကျဖြစ်နေသောစိတ်ကကြီးစိုးနေပြီး အကြောင်း
အရင်းမသိသောတစုံတရာကိုလည်း စိတ်ပူမိသည်။ ထို့
ကြောင့် အလုပ်ဆင်းသည့်အခါ အိမ်တန်းမပြန်ဖြစ်ဘဲ
တိုက်ခန်းတစ်ခုဆီသို့ ကားကိုဦးတည်မောင်းနှင်လာခဲ့
မိတော့သည်။
ယနေ့အဖို့ ထိုတိုက်ခန်းသို့ရောက်ခဲ့သည်မှာ ( ၃ )ကြိမ်
ရှိနေပြီ။ တွေ့ဆုံလိုသော သူကို အရိပ်အယောင်မျှ
မတွေ့ ရပေ။
ကားမောင်းနေရင်း ဖုန်းကိုလက်ထဲမှမချနိုင်ဘဲ ဖြစ်နေ
ပြန်၏။ သူခေါ်ဆိုနေသောဖုန်းနံပါတ်ပိုင်ရှင်နှင့်အဆက်
အသွယ်မရသည်မှာ ( ၂ ) ရက်ခန့်ရှိခဲ့ပြီ။
” ဟူး … ဘယ်သွားမယ်… ဘယ်လာမယ်လည်းမပြော
သွား … စိတ်ကောက်ပြန်ပြီလား မသိဘူး ”
တကိုယ်တည်းငြီးရင်း စိတ်မောလူမော ဖြစ်နေလေတော့
သည်။ မကြာခင်မှာပင် သူအမြဲတစေရောက်ဖြစ်နေကြတိုက်ခန်းဆီသို့ ဆိုက်ရောက်လာလေသည်။ ထိုတိုက်ခန်း
သို့ လာလာရှာကြည့်သည်မှာလည်း ( ၂ )ရက်ဆက်တိုက်
ရှိနေပြီ။
ရောက်လာတိုင်း သော့ခတ်ထားသော တိုက်ခန်းကသာ
ဆီးကြိုနေခဲ့သည်။ သော့အပိုနှင့် ဖွင့်ဝင်ပြီး အခန်းထဲဝင်
ရှာသော်လည်းပရိဘောဂများနှင့် အသုံးအဆောင်ပစ္စည်း
များက အရာမယွင်းသလို လူလည်းမတွေ့ခဲ့ရ။
ဆိုဖာပေါ်မှီထိုင်လိုက်ပြီး ဖုန်းထပ်ခေါ်ကြည့်သည်။ ဖုန်း
ပိတ်ထားသည်က ( ၂ ) ရက်၊ ခုထိပြန်မဖွင့်သေး။ စားပွဲ
ပေါ်မှ လက်တော့ပ်ကိုယူပြီးဖွင့်လိုက်သည့်အခါ သူတို့
နှစ်ယောက်တွဲရိုက်ထားသည့်ပုံက screen ပေါ်မှ ခပ်ပြုံး
ပြုံးပြန်ကြည့်နေသလိုလို ခံစားလိုက်ရသည်။
ထိုချိန်မှာပင် ဖုန်းဝင်လာသဖြင့် ဝမ်းသာအားရကြည့်
လိုက်သည့်အခါ သူ၏ဇနီး ယုယသွင် ဖြစ်နေ၍ စိတ်
ပျက်မိသွားတော့၏။
” အင်း ”
ထူးပိုင်မှာ စိတ်မပါသလိုပြန်ဖြေလိုက်သည်။
” ယောကျာ်းရေ … ဒီနေ့စောစောပြန်လာမယ်မလားဟင် ”
တစ်ဖက်မှ ဇနီးသည်၏အသံမှာ မျှော်လင့်တကြီး ပြော
နေသည့်အသံမှန်းသူသိသည်။
” ခဏနေပြန်လာမယ် ”
” ဒါဆို ညစာချက်ထားတော့မယ်နော် ”
” အင်း ”
တစ်လုံးတည်းပြန်ဖြေလိုက်ပြီး ဖုန်းချလိုက်ေလသည်။
အမှန်အတိုင်းဆိုလျှင် မိန်းမဖြစ်သူကို စိတ်ကုန်နေသည်
မှာကြာခဲ့ပြီ။ အဆီအခေါက်များစုဝေးနေသော ဗိုက်
ခေါက်ကြီး တလှုပ်လှုပ်နှင့် သူ့ရှေ့ဖြတ်သွားတိုင်း ထိုပုံ
ရိပ်ကို ထပ်မကြည့်ချင်သည့်အတွေးက မကြာမကြာ
ပေါ်လာတတ်သည်။
ကိုရီးယားကားကြည့်ပြီး တဟားဟားအော်ရယ်နေသော
အသံကိုလည်းသူမုန်းမိသည်။ ထမင်းလက်ဆုံစားသည့်အခါတိုင်း သူမပါးစပ်ထဲသို့ ထမင်းလုတ်သွတ်သွင်းနေ
ဟန်ကိုလည်း ဆက်မကြည့်ချင်တော့ချေ။
ညအိပ်သည့်အခါ၌လည်း သူ့ကိုယ်ပေါ် ခြေသလုံးကြီး
တင်ပြီး တခေါခေါဟောက်နေသံကိုလည်း မခံစားနိုင်
ခဲ့။ ရသမျှပိုက်ဆံ အကုန်သိမ်းပြီး ပြန်ထွက်မလာသည်
ကိုလည်း ဒေါသထွက်သည်။
အနှီမိန်းမ၏ဒဏ်ကို ကြာရှည်မခံနိုင်လာတော့ေချ။အိမ်
ထောင်သက်ကြာလာသဖြင့်လည်း ထိုသို့ဖြစ်ပေါ်လာ
သည်လား ထူးပိုင်မဆိုတတ်။ ထိုသို့ ငြီးငွေ့လာသည့်အချိန်
တွင် ” အိမ့် ” ဟူသော မိန်းကလေးနှင့် တွေ့ဆုံခဲ့ရသည်။
အိမ့် ကလှသည်။ sexy ကျသည်။ ချိုသာသည့်အသံရှိ
သည်။ ယုယတတ်သည်။ ထူးပိုင်အဖို့ အိမ့် ၏လှုပ်ရှား
မှုတိုင်းက စိတ်လှုပ်ရှားစရာ ကောင်းခဲ့သည်။
အိမ့်နှင့် ချစ်ကြိုက်ခဲ့ပြီး ယခုတိုက်ခန်းကို ငှားကာ
အတူနေထိုင်ခဲ့သည်က ( ၁ ) နှစ်ပြည့်တော့မည်။ ထို
ကာလအတွင်း ကတောက်ကဆ တစ်ကြိမ်၊ နှစ်ကြိမ်
ဖြစ်ဖူးသည်မှ လွဲ၍ ကြီးကြီးမားမား ရန်မဖြစ်ဖူးခဲ့ပေ။
ယခုအခါတွင်မူ အိမ့်က မပြောမဆိုနှင့် အဆက်အသွယ်
ဖြတ်ထားသည်မှာ ( ၂ ) ရက်ရှိသွားပြီဖြစ်၏။ မည်သည့်
အကြောင်းအရင်းမှန်းလဲ ထူးပိုင် မတွေးတတ်တော့ချေ။
စိတ်ပင်ပန်းစွာဖြင့် ဆိုဖာပေါ်မှီရင်း မှေးခနဲ အိပ်ပျော်
သွားခဲ့သည်။
သူ၏နားထဲ ရေသံကြားလိုက်ရသဖြင့် နားစွင့်ကြည့်
မိသည်။ ဟုတ်သည်။ ရေချိုးခန်းထဲ ရေချိုးနေသံအစစ်။
အိမ့် ပြန်ရောက်နေပြီဟု တွေးမိသည့်အခါ ဝမ်းသာမိ
သွားသဖြင့် ရေချိုးခန်းဆီသို့ အပြေးသွားကြည့်လိုက်
တော့သည်။
တံခါးဖွင့်လိုက်သည့်အခါ ရေပန်းမှ ရေပွင့်ကျ နေခြင်းသာ
ဖြစ်ပြီး အိမ့် မဟုတ်နေပေ။ ရေပန်းပြန်ပိတ်ပြီး သက်ပြင်း
ချကာ လှည့်ထွက်လာခဲ့ရသည်။ ထိုအခါမှ ဇနီးသည်ဖုန်း
ဆက်ထားသည်ကို သတိရမိကာအိမ်သို့ပြန်လာခဲ့လေသည်။
အိမ်တံခါးဖွင့်လိုက်သည်နှင့် ဟင်းချက်ကောင်းသော
ယုယသွင်၏ လက်ရာဟင်းရနံ့မှာ မွှေးပျံ့ကာ ထွက်
ပေါ်လာခဲ့သည်။ ထိုတစ်ချက်ကိုတော့ ထူးပိုင် ချီးမွှမ်း
မိသည်။
ယုယသွင်အား မနှစ်သက်လှသော်လည်း သူမချက်ကျွေး
သည့် ထမင်းဝိုင်းလေးက အမြဲစိုပြေသည် ကတော့ အမှန်
ပင်။
” ယောကျာ်း … ဖုန်းဆက်ထားတာကို ဘာလို့နောက်
ကျရတာလဲ ”
ယုယသွင် မှာ အနီရောင်ဂါဝန်ဝတ်ထားပြီး နှုတ်ခမ်းနီ
အနီရဲရဲကို ဆိုးထားလေသည်။ မပြင်မဆင်ဘဲနေတတ်
သည့် ဇနီးသည်မှာ ယခုလို မိတ်ကပ်မခြယ်တတ်ဘဲ ပြင်
ဆင်ထားသဖြင့် လိုက်ဖက်မှု မရှိလှပေ။ လူကသပ်သပ်၊ မိတ်ကပ်ကသပ်သပ် ကဲ့သို့ဖြစ်နေသည်။
” ခုရောက်ပြီပဲကွာ … ဒါနဲ့ … ဒီအဆင်က ဘာဖြစ်
တာတုန်း … ”
ထူးပိုင်က အဆီများပြည့်ဖုံးနေသော ယုယသွင်၏ ခန္ဓာ
ကိုယ်ပေါ်မှ အနီရောင်ဂါဝန်အား ညွှန်ပြကာမေးလိုက်
သည်။
” ယောကျာ်းမေ့နေပြီမလား … ဒီနေ့က ယုနဲ့ ယောကျာ်း
နဲ့ အိမ်ထောင်သက် ဆယ်နှစ်ပြည့်တဲ့ နေ့… မှတ်မိလား”
ယုယသွင် ပြောမှ ဟုတ်နိုးနိုး ပြန်တွေးနေမိသည်။ မင်္ဂလာ
နှစ်ပတ်လည် မဆိုထားဘိ ပြက္ခဒိန်ရက်စွဲကိုတောင် ထူးပိုင်
ဂရုမစိုက်မိသည်မှာ ကြာလှပြီ။
” ရေချိုးပြီး အဝတ်လဲလိုက်ဦး … ဒင်နာစားရအောင်…
နော်ယောကျာ်း ”
ထူးပိုင်ကစိတ်မပါလှဘဲ ခေါင်းသာညိမ့်ပြလိုက်တော့၏။
စားပွဲပေါ်တွင် အသားပြားကြီးကို ဆလပ်ရွက်၊ မုန်လာဥနီ
တို့ဖြင့် အလှဆင်ထားသည်။ ယုယသွင် အနည်းငယ်
မူပြောင်းနေသည်ကို ထူးပိုင် သတိထားမိသည်မှာသိပ်
မကြာသေးချေ။
အနောက်တိုင်းအစားအစာဆိုလျှင် မကြိုက်တတ်သည့်
သူမက ယခုအခါတွင်မူ အနောက်တိုင်းပုံစံပြင်ဆင်ကာ
ဒင်နာ ဟူ၍ပင် သုံးနှုန်းသွားသေးသည်။
ယုယသွင်မှာ ယခုအတောအတွင်း သူမအပေါ် အေး
စက်လာမှန်း ခံစားမိ၍ အိမ်ထောင်ရေးအပေါ် ပျားရည်
လောင်းဖို့ ကြိုးစားနေလေပြီဟု ထူးပိုင် သိနေ၏။
ယုယသွင်၏ ပြောင်းလဲမှုကို တဒင်္ဂသာ စိတ်ဝင်တစား
ကြည့်မိပြီး မူရင်းစိတ်က အိမ့် ဆီသို့ ရောက်သွားပြန်
သည်။
ဇနီးသည်နှင့် ကွာရှင်းဖို့ နှောင့်နှေးနေခြင်းကြောင့် စိတ်
ဆိုးကာ အဆက်အသွယ်ဖြတ်သွားသည်လားဟု ရုတ်
တရက်သတိရမိသည့်အခါ ရင်ထဲပူလာပြန်၏။ တို့ကနန်း
ဆိတ်ကနန်း သာစားရင်း မည်သို့လုပ်ရမည်ကိုသာတွေး
နေမိတော့သည်။
” စားမကောင်းဘူးလားယောကျာ်းရဲ့ … စားစမ်းပါ ”
” ကောင်းပါတယ် … ညနေက အလုပ်ထဲမုန့်စားလာလို့
သိပ်မဆာဘူးဖြစ်နေတာ ”
” ဒါဆိုလည်း ဖြည်းဖြည်းစား … ရော့ … အသားတွေ
ရှယ်နော် … စားကြည့်ဦး ”
ယုယသွင်က အသားပြားချပ်ကြီးနောက်တစ်ချပ်ကို
ပန်းကန်ထဲ ထပ်ထည့်ပေးပြန်သည်။
” ရပြီ … အများကြီးစားလို့မရဘူး … ဗိုက်ပြည့်နေတယ် ”
” အဲ့ဒါကြောင့် ဖြည်းဖြည်းစားလို့ ”
ယုယသွင်မှာတော့ စကားတွေဖောင်ဖွဲ့ပြောရင်း အသားပြားများကို ဓါးဖြင့် လှီးလိုက် ပါးစပ်ထဲသွတ်သွင်းလိုက်
ဖြင့် အလုပ်ရှုပ်နေရှာလေသည်။
အနီရဲရဲ ဆိုးထားသည့် နှုတ်ခမ်းများ ဟကာ အားရပါးရ
စားနေဟန်က ထူးပိုင်အတွက် စိတ်ပျက်စရာသာကောင်းနေ
ခဲ့သည်။ စားလက်စ ရပ်လိုက်ပြီး ဝိုင်ကိုမော့သောက်လိုက်
တော့၏။
” ဟင် … တော်ပြီလား … နည်းလိုက်တာရော ”
” တော်ပြီ … ပင်ပန်းလာလို့ ခဏနားလိုက်ဦးမယ် ”
ထူးပိုင်မှာ ထိုနေရာ၌ ဆက်မနေချင်တော့ပေ။ အကြောင်း
ပြကာ ထွက်လာပြီး အိမ်အပေါ်ထပ်သို့ တက်သွားတော့
သည်။ ယုယသွင်မှာတော့ ထူးပိုင်၏ကျောပြင်ကို ငေး
မောရင်းကျန်ရစ်ခဲ့ရှာလေသည်။
Toilet ထဲဝင်ကာ အိမ့်ထံဖုန်းခေါ်ကြည့်ပြန်သည်။ ထူး
ပိုင်အတွက် toilet က လုံခြုံစိတ်ချရသည့်နေရာဟုထင်
မိ၏။ ဆက်သွယ်မရတော့သည့် ဖုန်းကို ထပ်ခါထပ်ခါ
ခေါ်ဆိုရင်း ခေါင်းထဲမူးနောက်နောက်ဖြစ်လာသဖြင့်
အန်ချပစ်မိလေသည်။
တဝေါ့ဝေါ့ အန်ထုတ်ပစ်မှ သက်သာသွားသလိုရှိသည်။
Toilet အပြင်ဘက်မှ တဒုန်းဒုန်း ထုနေသံကို ကြားသော်
လည်း ပြန်မဖြေနိုင်ခဲ့။
” ယောကျာ်း … ဘာဖြစ်တာလဲ … တံခါးဖွင့်ပါဦး ”
ခေတ္တအမောဖြေလိုက်ပြီးမှ တံခါးဖွင့်ကာ ထွက်လာ
လိုက်၏။
” အစာမကြေလို့ထင်တယ် … နေလို့မကောင်းဘူး ”
” ဘယ်လိုဖြစ်ရတာလဲယောကျာ်းရယ် … ဆေးခန်း
သွားမလား … ဟင် ”
” နေတော့ … မသွားတော့ဘူး … ခဏနားလိုက်ဦးမယ် ”
ယုယသွင်ဘက် ကျောပေးကာ တစ်ဖက်သို့လှဲချလိုက်
တော့သည်။ ယုယသွင်ကလည်း ထူးပိုင်ကို စောင်ပါး
လေးခြုံပေးကာ ပြန်ထွက်သွား၏။ ထို့နောက်သိပ်မကြာ၊
ပြန်ဝင်လာသည်။
” ဖြေဆေးလေးနဲ့ ရေနွေးပူပူလေးသောက်လိုက် …
ပထမဆုံးဆိုတော့ ဒီလိုပဲ … နောက်တော့ ပြန်ကောင်း
သွားလိမ့်မယ် ”
ယုယသွင် ဘာပြောသည်ကို ထူးပိုင်နားမလည်။ သို့
သော် ဖြေဆေးတော့သောက်လိုက်လေသည်။
” အိပ်တော့မယ် … ”
ထူးပိုင်က စောင်ခြုံပြီး ပြန်လှဲလိုက်၏။ ယုယသွင်လည်း
ပြန်ထွက်လာခဲ့လိုက်တော့သည်။ စားပွဲပေါ်ရှိပန်းကန်တချို့
ကို ဆေးကြောသန့်စင်ရင်း သူမ၏မျက်ဝန်းထဲ မျက်ရည်
များ ဝဲတက်လာခဲ့၏။
ယခုကဲ့သို့ အေးစက်နေသော အိမ်ထောင်ရေးမျိုးမဖြစ်
ေစချင်တော့ပေ။ ခင်ပွန်းဖြစ်သူ အချိုးပြောင်းနေမှန်း
သိနေသည်မှာ ကြာခဲ့ပြီဖြစ်သည်။
ယုယသွင်က ရင်ထဲခံစားရသမျှ ထုတ်ဖော်ပြောပြတတ်
သူမဟုတ်။ သိုဝှက်ကာသိမ်းထားတတ်သည်။ ထို့ကြောင့်
လည်း သူမတစ်ယောက်တည်း ရှိချိန်မျိုးတွင် ကြိတ်ငို
ခဲ့သည်က အခါခါပင်။
မြိုသိပ်ရင်း ကာလကြာလာသောအခါ သူမ၏ စိတ်ကို
သူမကိုယ်၌ကပင် နားမလည်လာတော့ပေ။ ထို့ကြောင့်
လည်း ယခုကဲ့သို့ မပြုလုပ်ဖူးသော မင်္ဂလာနှစ်ပတ်လည်
ဒင်နာကို ပြုလုပ်ခဲ့မိသည်။
အိမ်ထောင်သက် ဆယ်နှစ်အတွင်း သမီးတစ်ယောက်
ရခဲ့သော်လည်း လသားအရွယ်မှာပင် ဆုံးပါးသွားခဲ့
လေသည်။ သားဦးသမီးကို ဆုံးရှုံးခဲ့ရပြီး အရူးတစ်
ပိုင်းဖြစ်ခဲ့ရသည်။
မပြင်မဆင်တော့ဘဲ စိတ်ချမ်းသာသလိုသာနေဖြစ်ခဲ့
သည်။ ခန္ဓာကိုယ်အလေးချိန်တိုးလာသည့်အတွက်
ကြောင့်လား၊ တခြားအကြောင်းကြောင့်လား သေချာ
မသိသော်လည်း ၎င်းတို့ဇနီးမောင်နှံတွင် သားသမီးထပ်
မရလာတော့။
ဆုံးရှုံးခဲ့ရသည့် သမီးဦးကိုသာ အချိန်တိုင်း တမ်းတရင်း
မိမိကိုယ်ကိုယ် ဂရုမစိုက်ဖြစ်သည်မှာ ကြာခဲ့လေပြီ။
ယုယသွင်ဘဝတွင် မိဘနှစ်ပါးကိုလည်း ဆုံးရှုံးခဲ့ရပြီးပြီ၊
သားသမီးလည်းဆုံးရှုံးပြီးပြီ၊ ယခုတွင်မူ အချိုးပြောင်း
လာသော ခင်ပွန်းသည်ကို ထပ်မံ ဆုံးရှုံးရမည်ကို တွေး
ကြောက်လာခဲ့တော့သည်။
ထို့ကြောင့် ခင်ပွန်းသည်စိတ်ပြန်လည်လာစေရန် မပြင်
ဆင်တတ်သည့်မိတ်ကပ်များလိမ်းခြယ်ခဲ့သည်။ ဝတ်
လေ့မရှိသည့် ဂါဝန်များ၊ စကပ်များ ဝတ်ဆင်မိသည်။
သူမမည်သို့ပင်ကြိုးစားစေကာမူ ထူးပိုင်၏ စိတ်က
ပြန်လှည့်မလာခဲ့။ ဤသည်ကိုသူမသိသည်။
ထို့ကြောင့်လည်း သူမအတွက်စွန့်စားမှုကြီးတစ်ရပ်ကို
ပြုလုပ်ဖို့အကြောင်းဖန်လာရခြင်းပင်ဖြစ်လေသည်။
ပါးပြင်ထက်မှမျက်ရည်များကို သုတ်ပြီး အခန်းထဲပြန်
လာကာ အဝတ်လဲလိုက်သည်။ ထူးပိုင်မှာတော့ မည်မျှ
စိတ်ပင်ပန်းခဲ့သည်မသိ၊ အိပ်မောကျနေပြီ။ ခင်ပွန်း
သည်ကို တစ်ချက်ကြည့်ပြီး ကားသော့ယူလာကာ အ
ပြင်သို့မောင်းထွက်သွားလေတော့၏။
သူမသွားနေကြနေရာ၊ ထိုနေရာသို့ရောက်လျှင် သူမ
စိတ်အေးချမ်းသွားစမြဲ။ ထိုနေရာကား သူမ၏ မိဘ
နှစ်ပါးနှင့် သမီးဦး တို့၏အရိုးပြာများကို မြုပ်နှံထား
သည့်နေရာ၊ သူမပိုင်ဆိုင်သော ခြံဖြစ်သည်။
ခြံထဲမောင်းဝင်ပြီး သစ်ပင်ကြီးအောက် ပြေးသွားလိုက်
သည်။ ထိုသစ်ပင်ဘေးပတ်ပတ်လည်တွင် အရိုးပြာများ
မြုပ်နှံထား၏။ သစ်ပင်အိုကြီး၏ သစ်မြစ်ကြီးတစ်ခု
ပေါ်မှီရင်း အားရပါးရ ငိုရှိုက်ပစ်လိုက်လေတော့သည်။
သူမရင်ထဲဆို့နစ်လွန်းသဖြင့် ရင်ဘတ်တစ်ခုလုံး နွမ်း
လျနေသည်။ သူမဆုံးဖြတ်ချက်တစ်ခုချခဲ့ပြီဖြစ်သည်။
” ဒါကျွန်မရဲ့ ကလဲ့စားပဲ … ရှင်တစ်သက်လုံး ရင်
ကွဲပြီး နေပေတော့ … ဟား … ဟား … ဟား ”
ယုယသွင်မှာ မျက်ရည်များကြားမှ တဟားဟားအော်
ရယ်ပစ် လိုက်၏။ သူမ၏ အသံမှာ အေးစက်စက်နိုင်
လွန်းလှသည်။
” ဝုန်းခနဲ ” အသံကျယ်ကြီးကြောင့် ထူးပိုင်လန့်နိုးသွား
ခဲ့သည်။ အိပ်ခန်ထဲမှထွက်ထွက်ချင်း သူ့ကို တစ်ယောက်
ယောက်က ချုပ်လိုက်သည်ကိုခံလိုက်ရသည်။
သူ့မျက်လုံးများပြာဝေသွားရပြီ။ သူအိမ်ထဲတွင် ရဲများ
နှင့် ရပ်ကွက်လူကြီး၊ လူတော်တော်များများရောက်နေ
ကွ၏။
အိမ်အောက်ထပ်ဆင်းလိုက်သည်နှင့် ခေါင်းကို မိုးကြိုး
ပစ်လိုက်သကဲ့သို့ ဖြစ်ပေါ်သွားရလေသည်။ ယုယသွင်
နှင့် ညစာအတူစားခဲ့သော စားပွဲပေါ်တွင် အိမ့်၏ခေါင်း
ပြတ်ကို ပန်းကန်ပြားပေါ်တင်ထားသောကြောင့်ပင်။
” အိမ့် ”
ထူးပိုင် ထိတ်လန့်တကြားအော်ဟစ်ပစ်လိုက်သည်။
” မလှုပ်နဲ့ … ငြိမ်ငြိမ်နေ ”
သူ၏လက်နှစ်ကို အနောက်သို့ဆွဲယူသွားပြီး လက်
ထိပ်ခတ်ခံလိုက်ရပြီ။
စားပွဲပေါ်သေချာကြည့်လိုက်သည့်အခါမှ ညကသူစား
ခဲ့ေသာ ပန်းကန်၊ ခရင်း၊ ဓါး ၊ ဝိုင်ခွက် အားလုံးကလက်
ရာခြေရာမပျက် ရှိနေသည်။ ယုယသွင်၏ ပန်းကန်နေ
ရာတွင်မူ အိမ့်၏ခေါင်းပြတ်တင်ထားသော ပန်းကန်သာ
ရှိသည်။
” ကျွန်တော် သတ်တာမဟုတ်ဘူး … ကျွန်တော်မသတ်
ဘူး ”
ထူးပိုင် အားကုန်အော်ကာ ငြင်းဆန်နေရင်း သူ့ကိုယ်သူ
ပြန်ငုံ့ကြည့်မိလိုက်သည့်အခါ အလွန် ထိတ်လန့်သွားမိတော့
၏။ သူ၏ ရင်ဘတ်တစ်ခုလုံး သွေးများ ပေကျံနေသော
ကြောင့်ဖြစ်သည်။
” သူ့ကုတင်ဘေးမှာ … သက်သေခံဓါးတွေ့တယ်ဆရာ ”
ထူးပိုင်လည်း အတင်းရုန်းကာ အော်ဟစ်ငြင်းဆန်သော်
လည်း ကံကြမ္မာကသူ့အား မျက်နှာသာပေးဖို့ရန် ခဲယဉ်း
ပေလိမ့်မည်။
ယုယသွင်၏ အစီအစဉ်တကျ စီစဉ်ခဲ့သော ကလဲ့စား
ချေမှုကို ထူးပိုင် ငြင်းဆန်ဖို့ သက်သေမရှိတော့ပေ။
အိမ်ထဲမှ ထွက်ထွက်လာခြင်း သူကြားလိုက်သည်မှာ
” လူသတ်ပြီး …စားတာဟုတ်လား …ဟယ် … ရက်စက်
လိုက်တာ ”
” စိတ်ရောဂါနေမှာပေါ့ဗျာ ”
ထိုစကားကို နားစွန်နားဖျားကြားလိုက်သည်နှင့် ထူးပိုင်
ခေါင်းထဲ ချာချာလည်အောင်မူးသွားပြီး မေ့မျောသွားခဲ့တော့လေတည်း။
သော်တာလမင်းစန္ဒာ
Zawgyi Version
” ႏွစ္ပတ္လည္ “(စ-ဆုံး)
———————-
ေသာ္တာလမင္းစႏၵာ
ခုရက္ပိုင္း ထူးပိုင္ ရင္ထဲေနလို႔မေကာင္းေခ်။ ရင္ဘတ္
တစ္ခုလုံးမီးၿမိဳက္ထားသလို ပူေလာင္ေနသည္။ စိတ္ႏွင့္
ကိုယ္လည္းကပ္မရခဲ့။
မတင္မက်ျဖစ္ေနေသာစိတ္ကႀကီးစိုးေနၿပီး အေၾကာင္း
အရင္းမသိေသာတစုံတရာကိုလည္း စိတ္ပူမိသည္။ ထို႔
ေၾကာင့္ အလုပ္ဆင္းသည့္အခါ အိမ္တန္းမျပန္ျဖစ္ဘဲ
တိုက္ခန္းတစ္ခုဆီသို႔ ကားကိုဦးတည္ေမာင္းႏွင္လာခဲ့
မိေတာ့သည္။
ယေန႔အဖို႔ ထိုတိုက္ခန္းသို႔ေရာက္ခဲ့သည္မွာ ( ၃ )ႀကိမ္
ရွိေနၿပီ။ ေတြ႕ဆုံလိုေသာ သူကို အရိပ္အေယာင္မွ်
မေတြ႕ ရေပ။
ကားေမာင္းေနရင္း ဖုန္းကိုလက္ထဲမွမခ်ႏိုင္ဘဲ ျဖစ္ေန
ျပန္၏။ သူေခၚဆိုေနေသာဖုန္းနံပါတ္ပိုင္ရွင္ႏွင့္အဆက္
အသြယ္မရသည္မွာ ( ၂ ) ရက္ခန႔္ရွိခဲ့ၿပီ။
” ဟူး … ဘယ္သြားမယ္… ဘယ္လာမယ္လည္းမေျပာ
သြား … စိတ္ေကာက္ျပန္ၿပီလား မသိဘူး ”
တကိုယ္တည္းၿငီးရင္း စိတ္ေမာလူေမာ ျဖစ္ေနေလေတာ့
သည္။ မၾကာခင္မွာပင္ သူအၿမဲတေစေရာက္ျဖစ္ေနၾကတိုက္ခန္းဆီသို႔ ဆိုက္ေရာက္လာေလသည္။ ထိုတိုက္ခန္း
သို႔ လာလာရွာၾကည့္သည္မွာလည္း ( ၂ )ရက္ဆက္တိုက္
ရွိေနၿပီ။
ေရာက္လာတိုင္း ေသာ့ခတ္ထားေသာ တိုက္ခန္းကသာ
ဆီးႀကိဳေနခဲ့သည္။ ေသာ့အပိုႏွင့္ ဖြင့္ဝင္ၿပီး အခန္းထဲဝင္
ရွာေသာ္လည္းပရိေဘာဂမ်ားႏွင့္ အသုံးအေဆာင္ပစၥည္း
မ်ားက အရာမယြင္းသလို လူလည္းမေတြ႕ခဲ့ရ။
ဆိုဖာေပၚမွီထိုင္လိုက္ၿပီး ဖုန္းထပ္ေခၚၾကည့္သည္။ ဖုန္း
ပိတ္ထားသည္က ( ၂ ) ရက္၊ ခုထိျပန္မဖြင့္ေသး။ စားပြဲ
ေပၚမွ လက္ေတာ့ပ္ကိုယူၿပီးဖြင့္လိုက္သည့္အခါ သူတို႔
ႏွစ္ေယာက္တြဲ႐ိုက္ထားသည့္ပုံက screen ေပၚမွ ခပ္ၿပဳံး
ၿပဳံးျပန္ၾကည့္ေနသလိုလို ခံစားလိုက္ရသည္။
ထိုခ်ိန္မွာပင္ ဖုန္းဝင္လာသျဖင့္ ဝမ္းသာအားရၾကည့္
လိုက္သည့္အခါ သူ၏ဇနီး ယုယသြင္ ျဖစ္ေန၍ စိတ္
ပ်က္မိသြားေတာ့၏။
” အင္း ”
ထူးပိုင္မွာ စိတ္မပါသလိုျပန္ေျဖလိုက္သည္။
” ေယာက်ာ္းေရ … ဒီေန႔ေစာေစာျပန္လာမယ္မလားဟင္ ”
တစ္ဖက္မွ ဇနီးသည္၏အသံမွာ ေမွ်ာ္လင့္တႀကီး ေျပာ
ေနသည့္အသံမွန္းသူသိသည္။
” ခဏေနျပန္လာမယ္ ”
” ဒါဆို ညစာခ်က္ထားေတာ့မယ္ေနာ္ ”
” အင္း ”
တစ္လုံးတည္းျပန္ေျဖလိုက္ၿပီး ဖုန္းခ်လိုက္ေလသည္။
အမွန္အတိုင္းဆိုလွ်င္ မိန္းမျဖစ္သူကို စိတ္ကုန္ေနသည္
မွာၾကာခဲ့ၿပီ။ အဆီအေခါက္မ်ားစုေဝးေနေသာ ဗိုက္
ေခါက္ႀကီး တလႈပ္လႈပ္ႏွင့္ သူ႔ေရွ႕ျဖတ္သြားတိုင္း ထိုပုံ
ရိပ္ကို ထပ္မၾကည့္ခ်င္သည့္အေတြးက မၾကာမၾကာ
ေပၚလာတတ္သည္။
ကိုရီးယားကားၾကည့္ၿပီး တဟားဟားေအာ္ရယ္ေနေသာ
အသံကိုလည္းသူမုန္းမိသည္။ ထမင္းလက္ဆုံစားသည့္အခါတိုင္း သူမပါးစပ္ထဲသို႔ ထမင္းလုတ္သြတ္သြင္းေန
ဟန္ကိုလည္း ဆက္မၾကည့္ခ်င္ေတာ့ေခ်။
ညအိပ္သည့္အခါ၌လည္း သူ႔ကိုယ္ေပၚ ေျခသလုံးႀကီး
တင္ၿပီး တေခါေခါေဟာက္ေနသံကိုလည္း မခံစားႏိုင္
ခဲ့။ ရသမွ်ပိုက္ဆံ အကုန္သိမ္းၿပီး ျပန္ထြက္မလာသည္
ကိုလည္း ေဒါသထြက္သည္။
အႏွီမိန္းမ၏ဒဏ္ကို ၾကာရွည္မခံႏိုင္လာေတာ့ေခ်။အိမ္
ေထာင္သက္ၾကာလာသျဖင့္လည္း ထိုသို႔ျဖစ္ေပၚလာ
သည္လား ထူးပိုင္မဆိုတတ္။ ထိုသို႔ ၿငီးေငြ႕လာသည့္အခ်ိန္
တြင္ ” အိမ့္ ” ဟူေသာ မိန္းကေလးႏွင့္ ေတြ႕ဆုံခဲ့ရသည္။
အိမ့္ ကလွသည္။ sexy က်သည္။ ခ်ိဳသာသည့္အသံရွိ
သည္။ ယုယတတ္သည္။ ထူးပိုင္အဖို႔ အိမ့္ ၏လႈပ္ရွား
မႈတိုင္းက စိတ္လႈပ္ရွားစရာ ေကာင္းခဲ့သည္။
အိမ့္ႏွင့္ ခ်စ္ႀကိဳက္ခဲ့ၿပီး ယခုတိုက္ခန္းကို ငွားကာ
အတူေနထိုင္ခဲ့သည္က ( ၁ ) ႏွစ္ျပည့္ေတာ့မည္။ ထို
ကာလအတြင္း ကေတာက္ကဆ တစ္ႀကိမ္၊ ႏွစ္ႀကိမ္
ျဖစ္ဖူးသည္မွ လြဲ၍ ႀကီးႀကီးမားမား ရန္မျဖစ္ဖူးခဲ့ေပ။
ယခုအခါတြင္မူ အိမ့္က မေျပာမဆိုႏွင့္ အဆက္အသြယ္
ျဖတ္ထားသည္မွာ ( ၂ ) ရက္ရွိသြားၿပီျဖစ္၏။ မည္သည့္
အေၾကာင္းအရင္းမွန္းလဲ ထူးပိုင္ မေတြးတတ္ေတာ့ေခ်။
စိတ္ပင္ပန္းစြာျဖင့္ ဆိုဖာေပၚမွီရင္း ေမွးခနဲ အိပ္ေပ်ာ္
သြားခဲ့သည္။
သူ၏နားထဲ ေရသံၾကားလိုက္ရသျဖင့္ နားစြင့္ၾကည့္
မိသည္။ ဟုတ္သည္။ ေရခ်ိဳးခန္းထဲ ေရခ်ိဳးေနသံအစစ္။
အိမ့္ ျပန္ေရာက္ေနၿပီဟု ေတြးမိသည့္အခါ ဝမ္းသာမိ
သြားသျဖင့္ ေရခ်ိဳးခန္းဆီသို႔ အေျပးသြားၾကည့္လိုက္
ေတာ့သည္။
တံခါးဖြင့္လိုက္သည့္အခါ ေရပန္းမွ ေရပြင့္က် ေနျခင္းသာ
ျဖစ္ၿပီး အိမ့္ မဟုတ္ေနေပ။ ေရပန္းျပန္ပိတ္ၿပီး သက္ျပင္း
ခ်ကာ လွည့္ထြက္လာခဲ့ရသည္။ ထိုအခါမွ ဇနီးသည္ဖုန္း
ဆက္ထားသည္ကို သတိရမိကာအိမ္သို႔ျပန္လာခဲ့ေလသည္။
အိမ္တံခါးဖြင့္လိုက္သည္ႏွင့္ ဟင္းခ်က္ေကာင္းေသာ
ယုယသြင္၏ လက္ရာဟင္းရနံ႔မွာ ေမႊးပ်ံ႕ကာ ထြက္
ေပၚလာခဲ့သည္။ ထိုတစ္ခ်က္ကိုေတာ့ ထူးပိုင္ ခ်ီးမႊမ္း
မိသည္။
ယုယသြင္အား မႏွစ္သက္လွေသာ္လည္း သူမခ်က္ေကြၽး
သည့္ ထမင္းဝိုင္းေလးက အၿမဲစိုေျပသည္ ကေတာ့ အမွန္
ပင္။
” ေယာက်ာ္း … ဖုန္းဆက္ထားတာကို ဘာလို႔ေနာက္
က်ရတာလဲ ”
ယုယသြင္ မွာ အနီေရာင္ဂါဝန္ဝတ္ထားၿပီး ႏႈတ္ခမ္းနီ
အနီရဲရဲကို ဆိုးထားေလသည္။ မျပင္မဆင္ဘဲေနတတ္
သည့္ ဇနီးသည္မွာ ယခုလို မိတ္ကပ္မျခယ္တတ္ဘဲ ျပင္
ဆင္ထားသျဖင့္ လိုက္ဖက္မႈ မရွိလွေပ။ လူကသပ္သပ္၊ မိတ္ကပ္ကသပ္သပ္ ကဲ့သို႔ျဖစ္ေနသည္။
” ခုေရာက္ၿပီပဲကြာ … ဒါနဲ႔ … ဒီအဆင္က ဘာျဖစ္
တာတုန္း … ”
ထူးပိုင္က အဆီမ်ားျပည့္ဖုံးေနေသာ ယုယသြင္၏ ခႏၶာ
ကိုယ္ေပၚမွ အနီေရာင္ဂါဝန္အား ၫႊန္ျပကာေမးလိုက္
သည္။
” ေယာက်ာ္းေမ့ေနၿပီမလား … ဒီေန႔က ယုနဲ႔ ေယာက်ာ္း
နဲ႔ အိမ္ေထာင္သက္ ဆယ္ႏွစ္ျပည့္တဲ့ ေန႔… မွတ္မိလား”
ယုယသြင္ ေျပာမွ ဟုတ္ႏိုးႏိုး ျပန္ေတြးေနမိသည္။ မဂၤလာ
ႏွစ္ပတ္လည္ မဆိုထားဘိ ျပကၡဒိန္ရက္စြဲကိုေတာင္ ထူးပိုင္
ဂ႐ုမစိုက္မိသည္မွာ ၾကာလွၿပီ။
” ေရခ်ိဳးၿပီး အဝတ္လဲလိုက္ဦး … ဒင္နာစားရေအာင္…
ေနာ္ေယာက်ာ္း ”
ထူးပိုင္ကစိတ္မပါလွဘဲ ေခါင္းသာညိမ့္ျပလိုက္ေတာ့၏။
စားပြဲေပၚတြင္ အသားျပားႀကီးကို ဆလပ္႐ြက္၊ မုန္လာဥနီ
တို႔ျဖင့္ အလွဆင္ထားသည္။ ယုယသြင္ အနည္းငယ္
မူေျပာင္းေနသည္ကို ထူးပိုင္ သတိထားမိသည္မွာသိပ္
မၾကာေသးေခ်။
အေနာက္တိုင္းအစားအစာဆိုလွ်င္ မႀကိဳက္တတ္သည့္
သူမက ယခုအခါတြင္မူ အေနာက္တိုင္းပုံစံျပင္ဆင္ကာ
ဒင္နာ ဟူ၍ပင္ သုံးႏႈန္းသြားေသးသည္။
ယုယသြင္မွာ ယခုအေတာအတြင္း သူမအေပၚ ေအး
စက္လာမွန္း ခံစားမိ၍ အိမ္ေထာင္ေရးအေပၚ ပ်ားရည္
ေလာင္းဖို႔ ႀကိဳးစားေနေလၿပီဟု ထူးပိုင္ သိေန၏။
ယုယသြင္၏ ေျပာင္းလဲမႈကို တဒဂၤသာ စိတ္ဝင္တစား
ၾကည့္မိၿပီး မူရင္းစိတ္က အိမ့္ ဆီသို႔ ေရာက္သြားျပန္
သည္။
ဇနီးသည္ႏွင့္ ကြာရွင္းဖို႔ ေႏွာင့္ေႏွးေနျခင္းေၾကာင့္ စိတ္
ဆိုးကာ အဆက္အသြယ္ျဖတ္သြားသည္လားဟု ႐ုတ္
တရက္သတိရမိသည့္အခါ ရင္ထဲပူလာျပန္၏။ တို႔ကနန္း
ဆိတ္ကနန္း သာစားရင္း မည္သို႔လုပ္ရမည္ကိုသာေတြး
ေနမိေတာ့သည္။
” စားမေကာင္းဘူးလားေယာက်ာ္းရဲ႕ … စားစမ္းပါ ”
” ေကာင္းပါတယ္ … ညေနက အလုပ္ထဲမုန႔္စားလာလို႔
သိပ္မဆာဘူးျဖစ္ေနတာ ”
” ဒါဆိုလည္း ျဖည္းျဖည္းစား … ေရာ့ … အသားေတြ
ရွယ္ေနာ္ … စားၾကည့္ဦး ”
ယုယသြင္က အသားျပားခ်ပ္ႀကီးေနာက္တစ္ခ်ပ္ကို
ပန္းကန္ထဲ ထပ္ထည့္ေပးျပန္သည္။
” ရၿပီ … အမ်ားႀကီးစားလို႔မရဘူး … ဗိုက္ျပည့္ေနတယ္ ”
” အဲ့ဒါေၾကာင့္ ျဖည္းျဖည္းစားလို႔ ”
ယုယသြင္မွာေတာ့ စကားေတြေဖာင္ဖြဲ႕ေျပာရင္း အသားျပားမ်ားကို ဓါးျဖင့္ လွီးလိုက္ ပါးစပ္ထဲသြတ္သြင္းလိုက္
ျဖင့္ အလုပ္ရႈပ္ေနရွာေလသည္။
အနီရဲရဲ ဆိုးထားသည့္ ႏႈတ္ခမ္းမ်ား ဟကာ အားရပါးရ
စားေနဟန္က ထူးပိုင္အတြက္ စိတ္ပ်က္စရာသာေကာင္းေန
ခဲ့သည္။ စားလက္စ ရပ္လိုက္ၿပီး ဝိုင္ကိုေမာ့ေသာက္လိုက္
ေတာ့၏။
” ဟင္ … ေတာ္ၿပီလား … နည္းလိုက္တာေရာ ”
” ေတာ္ၿပီ … ပင္ပန္းလာလို႔ ခဏနားလိုက္ဦးမယ္ ”
ထူးပိုင္မွာ ထိုေနရာ၌ ဆက္မေနခ်င္ေတာ့ေပ။ အေၾကာင္း
ျပကာ ထြက္လာၿပီး အိမ္အေပၚထပ္သို႔ တက္သြားေတာ့
သည္။ ယုယသြင္မွာေတာ့ ထူးပိုင္၏ေက်ာျပင္ကို ေငး
ေမာရင္းက်န္ရစ္ခဲ့ရွာေလသည္။
Toilet ထဲဝင္ကာ အိမ့္ထံဖုန္းေခၚၾကည့္ျပန္သည္။ ထူး
ပိုင္အတြက္ toilet က လုံၿခဳံစိတ္ခ်ရသည့္ေနရာဟုထင္
မိ၏။ ဆက္သြယ္မရေတာ့သည့္ ဖုန္းကို ထပ္ခါထပ္ခါ
ေခၚဆိုရင္း ေခါင္းထဲမူးေနာက္ေနာက္ျဖစ္လာသျဖင့္
အန္ခ်ပစ္မိေလသည္။
တေဝါ့ေဝါ့ အန္ထုတ္ပစ္မွ သက္သာသြားသလိုရွိသည္။
Toilet အျပင္ဘက္မွ တဒုန္းဒုန္း ထုေနသံကို ၾကားေသာ္
လည္း ျပန္မေျဖႏိုင္ခဲ့။
” ေယာက်ာ္း … ဘာျဖစ္တာလဲ … တံခါးဖြင့္ပါဦး ”
ေခတၱအေမာေျဖလိုက္ၿပီးမွ တံခါးဖြင့္ကာ ထြက္လာ
လိုက္၏။
” အစာမေၾကလို႔ထင္တယ္ … ေနလို႔မေကာင္းဘူး ”
” ဘယ္လိုျဖစ္ရတာလဲေယာက်ာ္းရယ္ … ေဆးခန္း
သြားမလား … ဟင္ ”
” ေနေတာ့ … မသြားေတာ့ဘူး … ခဏနားလိုက္ဦးမယ္ ”
ယုယသြင္ဘက္ ေက်ာေပးကာ တစ္ဖက္သို႔လွဲခ်လိုက္
ေတာ့သည္။ ယုယသြင္ကလည္း ထူးပိုင္ကို ေစာင္ပါး
ေလးၿခဳံေပးကာ ျပန္ထြက္သြား၏။ ထို႔ေနာက္သိပ္မၾကာ၊
ျပန္ဝင္လာသည္။
” ေျဖေဆးေလးနဲ႔ ေရေႏြးပူပူေလးေသာက္လိုက္ …
ပထမဆုံးဆိုေတာ့ ဒီလိုပဲ … ေနာက္ေတာ့ ျပန္ေကာင္း
သြားလိမ့္မယ္ ”
ယုယသြင္ ဘာေျပာသည္ကို ထူးပိုင္နားမလည္။ သို႔
ေသာ္ ေျဖေဆးေတာ့ေသာက္လိုက္ေလသည္။
” အိပ္ေတာ့မယ္ … ”
ထူးပိုင္က ေစာင္ၿခဳံၿပီး ျပန္လွဲလိုက္၏။ ယုယသြင္လည္း
ျပန္ထြက္လာခဲ့လိုက္ေတာ့သည္။ စားပြဲေပၚရွိပန္းကန္တခ်ိဳ႕
ကို ေဆးေၾကာသန႔္စင္ရင္း သူမ၏မ်က္ဝန္းထဲ မ်က္ရည္
မ်ား ဝဲတက္လာခဲ့၏။
ယခုကဲ့သို႔ ေအးစက္ေနေသာ အိမ္ေထာင္ေရးမ်ိဳးမျဖစ္
ေစခ်င္ေတာ့ေပ။ ခင္ပြန္းျဖစ္သူ အခ်ိဳးေျပာင္းေနမွန္း
သိေနသည္မွာ ၾကာခဲ့ၿပီျဖစ္သည္။
ယုယသြင္က ရင္ထဲခံစားရသမွ် ထုတ္ေဖာ္ေျပာျပတတ္
သူမဟုတ္။ သိုဝွက္ကာသိမ္းထားတတ္သည္။ ထို႔ေၾကာင့္
လည္း သူမတစ္ေယာက္တည္း ရွိခ်ိန္မ်ိဳးတြင္ ႀကိတ္ငို
ခဲ့သည္က အခါခါပင္။
ၿမိဳသိပ္ရင္း ကာလၾကာလာေသာအခါ သူမ၏ စိတ္ကို
သူမကိုယ္၌ကပင္ နားမလည္လာေတာ့ေပ။ ထို႔ေၾကာင့္
လည္း ယခုကဲ့သို႔ မျပဳလုပ္ဖူးေသာ မဂၤလာႏွစ္ပတ္လည္
ဒင္နာကို ျပဳလုပ္ခဲ့မိသည္။
အိမ္ေထာင္သက္ ဆယ္ႏွစ္အတြင္း သမီးတစ္ေယာက္
ရခဲ့ေသာ္လည္း လသားအ႐ြယ္မွာပင္ ဆုံးပါးသြားခဲ့
ေလသည္။ သားဦးသမီးကို ဆုံးရႈံးခဲ့ရၿပီး အ႐ူးတစ္
ပိုင္းျဖစ္ခဲ့ရသည္။
မျပင္မဆင္ေတာ့ဘဲ စိတ္ခ်မ္းသာသလိုသာေနျဖစ္ခဲ့
သည္။ ခႏၶာကိုယ္အေလးခ်ိန္တိုးလာသည့္အတြက္
ေၾကာင့္လား၊ တျခားအေၾကာင္းေၾကာင့္လား ေသခ်ာ
မသိေသာ္လည္း ၎တို႔ဇနီးေမာင္ႏွံတြင္ သားသမီးထပ္
မရလာေတာ့။
ဆုံးရႈံးခဲ့ရသည့္ သမီးဦးကိုသာ အခ်ိန္တိုင္း တမ္းတရင္း
မိမိကိုယ္ကိုယ္ ဂ႐ုမစိုက္ျဖစ္သည္မွာ ၾကာခဲ့ေလၿပီ။
ယုယသြင္ဘဝတြင္ မိဘႏွစ္ပါးကိုလည္း ဆုံးရႈံးခဲ့ရၿပီးၿပီ၊
သားသမီးလည္းဆုံးရႈံးၿပီးၿပီ၊ ယခုတြင္မူ အခ်ိဳးေျပာင္း
လာေသာ ခင္ပြန္းသည္ကို ထပ္မံ ဆုံးရႈံးရမည္ကို ေတြး
ေၾကာက္လာခဲ့ေတာ့သည္။
ထို႔ေၾကာင့္ ခင္ပြန္းသည္စိတ္ျပန္လည္လာေစရန္ မျပင္
ဆင္တတ္သည့္မိတ္ကပ္မ်ားလိမ္းျခယ္ခဲ့သည္။ ဝတ္
ေလ့မရွိသည့္ ဂါဝန္မ်ား၊ စကပ္မ်ား ဝတ္ဆင္မိသည္။
သူမမည္သို႔ပင္ႀကိဳးစားေစကာမူ ထူးပိုင္၏ စိတ္က
ျပန္လွည့္မလာခဲ့။ ဤသည္ကိုသူမသိသည္။
ထို႔ေၾကာင့္လည္း သူမအတြက္စြန႔္စားမႈႀကီးတစ္ရပ္ကို
ျပဳလုပ္ဖို႔အေၾကာင္းဖန္လာရျခင္းပင္ျဖစ္ေလသည္။
ပါးျပင္ထက္မွမ်က္ရည္မ်ားကို သုတ္ၿပီး အခန္းထဲျပန္
လာကာ အဝတ္လဲလိုက္သည္။ ထူးပိုင္မွာေတာ့ မည္မွ်
စိတ္ပင္ပန္းခဲ့သည္မသိ၊ အိပ္ေမာက်ေနၿပီ။ ခင္ပြန္း
သည္ကို တစ္ခ်က္ၾကည့္ၿပီး ကားေသာ့ယူလာကာ အ
ျပင္သို႔ေမာင္းထြက္သြားေလေတာ့၏။
သူမသြားေနၾကေနရာ၊ ထိုေနရာသို႔ေရာက္လွ်င္ သူမ
စိတ္ေအးခ်မ္းသြားစၿမဲ။ ထိုေနရာကား သူမ၏ မိဘ
ႏွစ္ပါးႏွင့္ သမီးဦး တို႔၏အ႐ိုးျပာမ်ားကို ျမဳပ္ႏွံထား
သည့္ေနရာ၊ သူမပိုင္ဆိုင္ေသာ ၿခံျဖစ္သည္။
ၿခံထဲေမာင္းဝင္ၿပီး သစ္ပင္ႀကီးေအာက္ ေျပးသြားလိုက္
သည္။ ထိုသစ္ပင္ေဘးပတ္ပတ္လည္တြင္ အ႐ိုးျပာမ်ား
ျမဳပ္ႏွံထား၏။ သစ္ပင္အိုႀကီး၏ သစ္ျမစ္ႀကီးတစ္ခု
ေပၚမွီရင္း အားရပါးရ ငိုရႈိက္ပစ္လိုက္ေလေတာ့သည္။
သူမရင္ထဲဆို႔နစ္လြန္းသျဖင့္ ရင္ဘတ္တစ္ခုလုံး ႏြမ္း
လ်ေနသည္။ သူမဆုံးျဖတ္ခ်က္တစ္ခုခ်ခဲ့ၿပီျဖစ္သည္။
” ဒါကြၽန္မရဲ႕ ကလဲ့စားပဲ … ရွင္တစ္သက္လုံး ရင္
ကြဲၿပီး ေနေပေတာ့ … ဟား … ဟား … ဟား ”
ယုယသြင္မွာ မ်က္ရည္မ်ားၾကားမွ တဟားဟားေအာ္
ရယ္ပစ္ လိုက္၏။ သူမ၏ အသံမွာ ေအးစက္စက္ႏိုင္
လြန္းလွသည္။
” ဝုန္းခနဲ ” အသံက်ယ္ႀကီးေၾကာင့္ ထူးပိုင္လန႔္ႏိုးသြား
ခဲ့သည္။ အိပ္ခန္ထဲမွထြက္ထြက္ခ်င္း သူ႔ကို တစ္ေယာက္
ေယာက္က ခ်ဳပ္လိုက္သည္ကိုခံလိုက္ရသည္။
သူ႔မ်က္လုံးမ်ားျပာေဝသြားရၿပီ။ သူအိမ္ထဲတြင္ ရဲမ်ား
ႏွင့္ ရပ္ကြက္လူႀကီး၊ လူေတာ္ေတာ္မ်ားမ်ားေရာက္ေန
ကြ၏။
အိမ္ေအာက္ထပ္ဆင္းလိုက္သည္ႏွင့္ ေခါင္းကို မိုးႀကိဳး
ပစ္လိုက္သကဲ့သို႔ ျဖစ္ေပၚသြားရေလသည္။ ယုယသြင္
ႏွင့္ ညစာအတူစားခဲ့ေသာ စားပြဲေပၚတြင္ အိမ့္၏ေခါင္း
ျပတ္ကို ပန္းကန္ျပားေပၚတင္ထားေသာေၾကာင့္ပင္။
” အိမ့္ ”
ထူးပိုင္ ထိတ္လန႔္တၾကားေအာ္ဟစ္ပစ္လိုက္သည္။
” မလႈပ္နဲ႔ … ၿငိမ္ၿငိမ္ေန ”
သူ၏လက္ႏွစ္ကို အေနာက္သို႔ဆြဲယူသြားၿပီး လက္
ထိပ္ခတ္ခံလိုက္ရၿပီ။
စားပြဲေပၚေသခ်ာၾကည့္လိုက္သည့္အခါမွ ညကသူစား
ခဲ့ေသာ ပန္းကန္၊ ခရင္း၊ ဓါး ၊ ဝိုင္ခြက္ အားလုံးကလက္
ရာေျခရာမပ်က္ ရွိေနသည္။ ယုယသြင္၏ ပန္းကန္ေန
ရာတြင္မူ အိမ့္၏ေခါင္းျပတ္တင္ထားေသာ ပန္းကန္သာ
ရွိသည္။
” ကြၽန္ေတာ္ သတ္တာမဟုတ္ဘူး … ကြၽန္ေတာ္မသတ္
ဘူး ”
ထူးပိုင္ အားကုန္ေအာ္ကာ ျငင္းဆန္ေနရင္း သူ႔ကိုယ္သူ
ျပန္ငုံ႔ၾကည့္မိလိုက္သည့္အခါ အလြန္ ထိတ္လန႔္သြားမိေတာ့
၏။ သူ၏ ရင္ဘတ္တစ္ခုလုံး ေသြးမ်ား ေပက်ံေနေသာ
ေၾကာင့္ျဖစ္သည္။
” သူ႔ကုတင္ေဘးမွာ … သက္ေသခံဓါးေတြ႕တယ္ဆရာ ”
ထူးပိုင္လည္း အတင္း႐ုန္းကာ ေအာ္ဟစ္ျငင္းဆန္ေသာ္
လည္း ကံၾကမၼာကသူ႔အား မ်က္ႏွာသာေပးဖို႔ရန္ ခဲယဥ္း
ေပလိမ့္မည္။
ယုယသြင္၏ အစီအစဥ္တက် စီစဥ္ခဲ့ေသာ ကလဲ့စား
ေခ်မႈကို ထူးပိုင္ ျငင္းဆန္ဖို႔ သက္ေသမရွိေတာ့ေပ။
အိမ္ထဲမွ ထြက္ထြက္လာျခင္း သူၾကားလိုက္သည္မွာ
” လူသတ္ၿပီး …စားတာဟုတ္လား …ဟယ္ … ရက္စက္
လိုက္တာ ”
” စိတ္ေရာဂါေနမွာေပါ့ဗ်ာ ”
ထိုစကားကို နားစြန္နားဖ်ားၾကားလိုက္သည္ႏွင့္ ထူးပိုင္
ေခါင္းထဲ ခ်ာခ်ာလည္ေအာင္မူးသြားၿပီး ေမ့ေမ်ာသြားခဲ့ေတာ့ေလတည္း။
ေသာ္တာလမင္းစႏၵာ