” မအေးလိုမဖြစ်စေနဲ့ ” (စ/ဆုံး)

” မအေးလိုမဖြစ်စေနဲ့ ” (စ/ဆုံး)

============================

 

“အမေ သမီးလေ အထည်သည် မမြကြင်ဆီက

ဝမ်းဆက်လေးလိုချင်လို့ဝယ်ပေးပါလား

အမေရယ်”

 

“သမီးရယ် အမေ့မှာဒီရက်ပိုင်းအဆင်မပြေတာ

သမီးလည်းသိနေတာပဲ၊နောက်ပြီး

သမီးအဖေကလည်းအလုပ်က

ဆင်းရတာမှမဟုတ်တာ ဘယ်လိုလုပ်

ဝယ်ပေးနိုင်မှာလဲ သမီးရယ်။

 

“ဟာ…အမေကလည်း

သမီးလေးဒီတစ်ယောက်ရှိတာကို

လိုချင်တာတောင်ဝယ်မပေးချင်ဘူး။

အမေတို့အိမ်မှာလူလာဖြစ်ရတာ

အဓိပ္ပါယ်ကိုမရှိဘူး၊သွားချင်တာမသွားရ

စားချင်တာမစားရ၊ဝတ်ချင်တာမဝတ်ရနဲ့

စိတ်ကုန်တယ် တကယ်ပဲ။

 

“ဟဲ့သမီး မိုးသူ နင်မအေကို

ဘာစကားပြောလိုက်တာလဲ၊

အလိုလိုက်လို့အမိုက်စော်ကားတာလား

ဟမ်။

 

ဖခင်ဖြစ်သူဦးတင်ဆွေရောက်လာပြီး

ငေါက်လိုက်မှသမီးဖြစ်သူမိုးသူလည်း

ငြိမ်ကျသွားသည်။

မိခင်ဖြစ်သူဒေါ်ခင်မေကတော့

သမီးဖြစ်သူပြောစကားကြောင့်

မျက်နှာမကောင်းပဲဖြစ်သွားရသည်။

 

“ဒီမယ်သမီး သမီးကိုလိုချင်တာ

ဝယ်မပေးနိုင်တိုင်း ဒီအိမ်မှာလူလာ

ဖြစ်ရတာအဓိပ္ပါယ်မရှိဘူးလို့

သမီးမပြောသင့်ဘူး။

ဘယ်မိဘမဆို ကိုယ့်သားသမီးကို

ရွှေပုံပေါ်မှာထားချင်ကြတာချည်းပဲ၊

လိုအပ်သမျှဖြည့်ဆည်းပေးချင်ကြတာ

ချည်းပဲ။

တစ်ခါတလေ အဆင်မပြေတဲ့အခိုက်မှာ

ဝတ်ချင်စားချင်တဲ့စိတ်ကိုထိန်းနိုင်ရမယ်

ငါ့သမီး မဟုတ်ရင် ငါ့သမီးမအေးလို

ဖြစ်သွားလိမ့်မယ်။

 

“ရှင်…မအေးလိုဖြစ်သွားလိမ့်မယ်ဆိုတာ

ဘာကိုပြောတာလဲ အဖေ။

 

“အင်း…ဒီလိုရှိတယ် ငါ့သမီး

အဖေတို့ငယ်ငယ်တုန်းက အဖေတို့မြို့ မှာ

ဆင်းရဲတဲ့မအေးဆိုတဲ့ မိန်းကလေး

တစ်ယောက်ရှိတယ်။

မအေးရဲ့မိဘတွေဟာလည်းအင်မတန်မှ

ဆင်းရဲကြတယ်၊ဒါကြောင့်သူတို့သမီး

မအေးကိုဖြည့်ဆည်းမပေးနိုင်ခဲ့ကြဘူး။

အပျိုပေါက်အရွယ်မအေးဟာ

အပေါင်းအသင်းတွေဝတ်တာစားတာ

မြင်ရင်သူလည်းဝတ်ချင်စားချင်လာ

တယ်.

အလှအပပစ္စည်းတွေသူများဝယ်တာ

တွေ့ရင်သူလည်းဝယ်ချင်လာတယ်။

ဒါပေမယ့်သူ့မှာ ဒီပစ္စည်းတွေဝယ်ဖို့

ပိုက်ဆံမရှိဘူး။

အဲဒီတော့အိမ်ကမိဘနှစ်ပါးကို

ပူဆာတယ်၊ဒါပေမယ့် စားဖို့တောင်

အနိုင်နိုင်ဖြစ်နေတဲ့ သူ့မိဘတွေကလည်း

မအေးကိုဆိုကြတယ်ဆူကြတယ်။

ဒါနဲ့မအေးလည်း မိဘတွေကို

စိတ်ဆိုးပြီးစကားလုံးဝမပြောတော့ဘူး

သူလုပ်ချင်ရာကိုတဇွတ်ထိုးလုပ်တတ်

လာတယ်၊ဘယ်သူ့ကိုမှမတိုင်ပင်ဘူး။

ဘယ်သူဆုံးမတာကိုလည်းလက်မခံဘူး

ဝတ်ချင်စားချင်တဲ့စိတ်ကြောင့်

ဘာကိုမှစဉ်းစားမနေပဲ မဟုတ်တာတွေ

သူလုပ်လာတယ်။

ယောက်ျားလေးတွေနဲ့ရှုပ်ပြီး

ယောက်ျားလေးတွေဆီကနေ

သူလိုချင်တာကိုရအောင်ပူဆာတတ်လာတယ်။

ယောက်ျားတွေကလည်း မအေးလိုချင်တာကိုဝယ်ပေးကြတယ်။

အဲလိုသူလိုချင်သမျှဝယ်ပေးနေတဲ့

ယောက်ျားတွေမှာအကြံတွေရှိမှန်း

သူမသိခဲ့ဘူး။

မအေးလည်းသူစားချင်တာ

သူဝတ်ချင်တာဝတ်နေရတော့

ဒါတွေနားမလည်ခဲ့ဘူး။

တစ်နေ့တော့ သူနဲ့ပတ်သက်နေတဲ့

ယောက်ျားတစ်ယောက်ဟာ မအေးရဲ့

အပျိုစင်ဘဝကိုရအောင်ယူလိုက်တယ်။

မအေးလည်းအဲဒီယောက်ျားကို

ချစ်တော့သူ့ဘဝကိုပုံအပ်ခဲ့တယ်

ဒီလိုနဲ့မအေးဟာအဲဒီအမျိုးသားနဲ့

လင်မယားလိုနေလာခဲ့ကြတယ်။

တစ်နေ့တော့မအေးကိုအရက်တွေ

မူးအောင်တိုက်ပြီး အဲဒီအမျိုးသားက

သူ့အပေါင်းအပါတွေပါခေါ်ပြီး

မအေးကိုခြေတော်တင်ခဲ့ကြတယ်။

သူတို့စိတ်ကြိုက်လုပ်ပြီးသွားတော့

မအေးကိုအဲဒီအမျိုးသားက အဆက်အသွယ်မလုပ်တော့ပဲ

မြို့ ကနေပျောက်ချင်းမလှပျောက်သွား

တယ်။

မအေးလည်းမိဘတွေလည်း

သမီးစိတ်နဲ့သေကုန်ကြတယ်

မအေးလည်းပျက်ဆီးနေတဲ့ သူ့ဘဝကို

ပြည့်တန်ဆာလုပ်ရင်းနဲ့ပဲ ကုန်ခဲ့တယ်။

ဒါဘာကြောင့်လဲဆိုတော့

မအေးရဲ့ ဝတ်ချင်စားချင်တဲ့စိတ်ဟာ

ကိုယ့်ဘဝအခြေအနေကိုနားမလည်ပဲ

ဝတ်ချင်စားချင်စိတ်ဟာထိန်းချုပ်မရဖြစ်ခဲ့တယ်။

လိုချင်တာမရနိုင်တဲ့ဘဝဆိုတော့

မကြံသင့်တာတွေကိုကြံစည်မိတယ်

မလုပ်သင့်တာတွေကိုလုပ်ရဲလာတယ်။

ဒါဟာဝတ်ချင်စားချင်စိတ်ကို

မထိန်းချုပ်နိုင်လို့ သူ့ဘဝကြီးပျက်စီး

သွားခဲ့တာပဲ ငါ့သမီး ဒါကြောင့် အဖေ့သမီးကို အဖေက မအေးလိုမဖြစ်ဖို့

ပြောဆိုဆုံးမနေရတာပဲ သမီး။

 

“ဟုတ်ကဲ့ အဖေပြောတာနားထောင်ပြီး

သမီးအသိတရားရသွားပါပြီ။

သမီးရဲ့ဝတ်ချင်စားချင်စိတ်ကို

ထိန်းချုပ်ပါတော့မယ် အဖေနဲ့အမေ

အမေ့ကိုပြောခဲ့မိတာတွေကိုလည်း

သမီးတောင်းပန်ပါတယ် အမေ။

 

“အမေခွင့်လွှတ်ပါတယ်သမီးရယ်”

 

“သမီး…”

 

“ရှင်…အဖေ”

 

“လူဆိုတာကိုယ့်ဘဝအခြေအနေကို

နားလည်တတ်ရတယ်ကွယ့်၊အမြင့်ကို

မှန်းခွင့်ရှိတယ် ရောက်ခွင့်ရှိတယ်၊

ဒါပေမယ့် တစ်ထစ်ချင်းသွားဖို့တော့

လိုလိမ့်မယ်ကွယ့်။

 

“ဟုတ်ကဲ့ အဖေ သမီးနားလည်ပါပြီ”

 

“အေးကွယ် အဖေ့သမီးလေးက

အသိတရားရှိပြီးသားမို့ အဖေသမီးကို

ယုံကြည်ပါတယ်”

 

အားလုံးကိုအစဉ်အမြဲလေးစားလျက်

#အောင်ဓူဝံ

#crd