ဝဋ်မှာအမြဲ

ဝဋ်မှာအမြဲ(စ/ဆုံး)

——————

“မိန်းမရေ့..မိန်းမ”

ဇနီးဖြစ်သူကိုတကြော်ကြော်ခေါ်ရင်းအိမ်ပေါ်သို့တက်
လာသောကိုနိုင်အောင်ပုံစံကရိုင်တိုင်တိုင်။လက်ထဲမှာလည်းအရက်ပုလင်းတစ်လုံးကိုင်ထားသေးသည်။မနီမာအိမ်ထဲမှပြေးထွက်လာသည်။

“ဪ.အစ်ကို.ဒီနေ့နောက်ကျတယ်နော်.ည၈နာရီတောင်ထိုးနေပြီ”

“ဟုတ်တယ်ကွာ.နောက်ဆုံးအခေါက်ပို့ရတာနည်းနည်းနောက်ကျသွားတယ်.ဒါနဲ့မင်းတို့သားအမိတွေရောထမင်းစားပြီးကြပြီလား.”

“အစ်ကိုပြန်လာနိုး.ပြန်လာနိုးနဲ့နီမာတို့သားအမိတတွေစောင့်နေကြသေးတယ်..နောက်ဆုံးသားတွေဗိုက်ဆာလို့မစောင့်နိုင်တာနဲ့ကျွေးလိုက်ရတယ်.နီမာလည်းသားတွေကိုကျွေးရင်းနဲ့တခါတည်းစားလိုက်တယ်”

“ကဲ.ထားတော့ အိမ်မှာအခုဘာဟင်းကျန်သေးလဲငါဒီနေ့အရက်သောက်ချင်လို့အမြည်းလုပ်ပေးအုံး.နေ့လည်ကကြက်သားကြော်ကျန်သေးတယ်.မဟုတ်လား.အဲဒါယူလာခဲ့”

အိမ်ထဲသို့ဝင်ကာမနီမာယူလာပေးသောကြက်သားကြော်ပန်ကန်ကိုကြည့်ကာကိုနိုင်အောင်မျက်ခုံးတွန်သွားရသည်။

“ဟာ.ကြက်သားကဒါပဲလား.မနက်ကစျေးသွားပြီးမင်းဝယ်လာတာအများကြီးပါ.ငါတွေ့လိုက်ပါတယ်”

“ဟို.အမေ့အတွက်အားရှိအောင်ကြက်စွပ်ပြုတ်လေးလုပ်ပေးလိုက်တာပါ.အစ်ကို.အမေဖျားနေတာနှစ်ရက်ရှိပြီလေ..ဘာမှမစားချင်.မသောက်ချင်ဖြစ်နေတာနဲ့အားရှိအောင်ဆိုပြီးနီမာလုပ်ပေးလိုက်တာပါ.နီမာနဲ့သားတွေတောင်ကြက်ဥကြော်.ကန်စွန်းရွက်ချဉ်ရည်ဟင်းနဲ့ငပိရည်တို့စရာပဲစားကြတာပါ.ကြက်သားကအမေနဲ့အစ်ကို့အတွက်ပဲ”

မနီမာစကားတောင်ဆုံးအောင်မပြောလိုက်ရသေးကို
နိုင်အောင်ဒေါသချောင်းချောင်းထွက်လေပြီ။

“တော်စမ်းပါကွာ..ထစ်ကနဲရှိအမေ.အမေနဲ့ဒီမှာဒီအိမ်မှာငါကအိမ်ထောင်ဦးစီး.အိမ်ဦးနတ်ကွ.မင်းအမေကအရေးကြီးသလား.ငါကအရေးကြီးသလား.တနေကုန်
အပြင်ထွက်ပြီးတအိမ်လုံးအတွက်အလုပ်လုပ်နေရတာ
ပင်ပန်းတယ်ကွ.တခါတလေအမြည်းကောင်းကောင်း
ဖွယ်ဖွယ်ရာရာလေးနဲ့အရက်ကလေးများအားရပါးရဇိမ်ရှိရှိသောက်ရမလားအောက်မေ့ပါတယ်..ဒီကြက်သားလောက်နဲ့ဘာလုပ်ရမှာလဲ..ကဲကွာ..သွား..တောက်..ထွီး”

“ခွမ်း..ချလွမ်း”

ကိုနိုင်အောင်ကကြက်သားကြော်ပန်ကန်ကိုကိုင်ကာနံရံကိုပစ်ပေါက်လိုက်သည်။ကြက်သားကြော်တွေနဲ့ပန်ကန်အကွဲစများကကြမ်းပြင်ပေါ်မှာဖရိုဖရဲ။မြင်မကောင်း
ရှုမကောင်း။

“ငါကြည့်နေတာကြာပြီနော်.မပြောချင်လို့.တဆိတ်ရှိဟင်းကောင်းချက်ရင်မင်းအမေအတွက်ချည်းပဲ.အလုပ်မ
ရှိအကိုင်မရှိပဲ.သူများအိမ်ပေါ်လည်းနေသေး.အခန့်သားထိုင်ပြီးတထီးတနန်းနဲ့ခယပူဇော်ခံပြီးပွဲတော်တည်လို့ရမလား.တကယ်အပြင်မှာပင်ပင်ပန်းပန်းနဲ့ငွေရှာရတာက ငါကွ.ငါ..တောက်”

“ရှင်နော်..တိုးတိုးပြောစမ်းပါ.အမေကြားသွားရင်စိတ်မကောင်းဖြစ်နေအုံးမယ်.အမေကနေလို့လည်းကောင်းတာမဟုတ်ဘူး.ပြီးတော့ဘေးလူတွေကြားသွားရင်လည်းမကောင်းဘူး”

“ကြားကြားကွာ.ပြောတော့ဘာဖြစ်သလဲ..တဆိတ်ရှိမင်းအမေဘက်ကချည်းကာဆီးကာဆီးနဲ့မင်းလည်းကြပ်ကြပ်သတိထား..တောက်”

ကိုနိုင်အောင်ကတက်တစ်ချက်ကိုခပ်ပြင်းပြင်းခေါက်
သည်။ထို့နောက်အရက်ပုလင်းကိုလက်မှကိုင်ရင်းဒေါသဖြစ်ဖြစ်ခြေသံပြင်းပြင်းဖြင့်အိမ်ပေါ်မှဆင်းသွားလေသည်။

*********************************************

အပြင်မှဆူဆူညံညံအသံတွေကြောင့်သမီးဖြစ်သူမနီမာစောစောကလာပေးထားသောကြက်သားစွပ်ပြုတ်ပန်ကန်ကိုသောက်ရန်ဟန်ပြင်နေသောဒေါ်ထားမေလက်များရပ်တန့်သွားရသည်။လက်ကဇွန်းကိုကိုင်ထားရင်းတဆတ်ဆတ်တုန်လာသည်။

အပြင်မှသမက်ဖြစ်သူရဲ့မကျေမနပ်ပြောဆိုနေသံများကိုမိမိအတိုင်းသားကြားနေရသည်။သူ့မျက်ဝန်းမှမျက်
ရည်များရစ်ဝိုင်းလာရသည်။သူ့ပါးပြင်မှမျက်ရည်တစ်စက်ဖျာပေါ်သို့ပေါက်ကနဲကျသွားသည်ကိုပင်သူသတိမထားမိ။သူ့အတွေးများကဟိုးလွန်ခဲ့သောအတိတ်ကာ
လဖြစ်ရပ်တစ်ခုဆီသို့…

“ထားမေရေ့..ထားမေ”

“ဪ..ကိုထွန်းပြန်လာပြီလား..ကိုထွန်းဒီနေ့နောက်ကျတယ်နော်.ထားမေဖြင့်စိတ်ပူလိုက်ရတာ”

“အေးကွာ..အလုပ်ကမပြီးလက်စသတ်နေတာနဲ့.နည်းနည်းနောက်ကျသွားတယ်..ဒါနဲ့မင်းတို့သားအမိထမင်း
ရောစားပြီးကြပြီလား..အဖေရော”

“အားလုံးစားပြီးကြပြီကိုထွန်း..ကိုထွန်းနောက်ကျနေတာနဲ့သမီးလေးဗိုက်ဆာတယ်ဆိုလို့စောစောကပဲကျွေးလိုက်ရတာ.ထားမေလည်းသမီးနဲ့အတူစားလိုက်တယ်
အဖေလည်းစားပြီးပြီ”

“အေးပါကွာ.ရပါတယ်.ကဲ.ကိုထွန်းရေချိုးလိုက်အုံးမယ်.ပြီးရင်ထမင်းစားမယ်..ထမင်းပွဲအဆင်သင့်ပြင်ထားလိုက်..မိန်းမ”

“ဟုတ်ကဲ့.ကိုထွန်း”

**********************************************

ဦးထွန်းမောင်ကထမင်းစားပွဲပေါ်ရှိဇနီးဖြစ်သူဒေါ်ထားမေပြင်ဆင်ပေးထားသောဟင်းခွက်များကိုကြည့်ရင်းအံ့ဩနေသည်။ကြက်သားကင်၊ကန်စွန်းရွက်ကြော်၊ချဉ်ပေါင်ရွက်ဟင်းချို၊ငပိရည်နဲ့တို့စရာ။ဇနီးဖြစ်သူဒေါ်ထားမေကိုမျက်မှောင်တွန့်ကာလှမ်းကြည့်လိုက်ရင်း

“ထားမေ.မနက်ကကိုယ်ဝယ်လာတဲ့ကြက်သားကအဖေ့ကိုချက်မကျွေးဘူးလား..ကြက်စွပ်ပြုတ်လုပ်ပြီးအဖေ့ကိုကျွေးပါလို့ကိုယ်မှာထားခဲ့တာလေ..အဖေမနေ့ကပဲဝမ်းတွေပျက်လို့ဆေးခန်းသွားထားရတာ.အဖေအားမရှိလို့အားရှိအောင်ဆိုပြီကြက်သားကင်လေးနဲ့ကြက်သာစွပ်ပြုတ်လေးလုပ်ကျွေးဖို့ကိုမှာထားခဲ့တာလေ.အဲဒါမင်းမကျွေးဘူးလား”

“ဟို.အဖေကမစားချင်ဘူး.ညှီတယ်ဆိုလို့ငါးနီတူးခြေက်ကြော်လေးနဲ့ပဲကျွေးလိုက်ရတာ”

တကယ်တော့ဒေါ်ထားမေလိမ်လိုက်ခြင်းပါ။မနက်ကဦးထွန်းမောင်ဝယ်လာခဲ့သောကြက်သားကိုယောက္ခမဖြစ်သူဦးထွန်းကြိုင်ကိုစွပ်ပြုတ်လုပ်ပြီးကျွေးဖို့အစီအစဉ်မရှိခဲ့ပါ။”အဖေ.ကြက်သားစွပ်ပြုတ်လုပ်ပေးရမလား..အဖေဘယ်လိုပုံစံကြိုက်သလဲ.သမီးဘယ်လိုလုပ်ပေးရမလဲ”လို့တစ်ခွန်းမှလည်းမမေး။အသိလည်းမပေးခဲ့ပါ။

ခင်ပွန်းဖြစ်သူကတော့မနက်စောစောစျေးသွားကြက်သားဝယ်ပြီးသူ့အဖေ့အတွက်စွပ်ပြုတ်လုပ်ပြီးကျွေးဖို့အတန်တန်မှာခဲ့ရှာပါသည်။သို့သော်မိမိကတော့ထိုကြက်သားကိုတဝက်ကြော်၊တဝက်ကင်ပြီးခင်ပွန်းဖြစ်သူနဲ့မိမိတို့သားအမိအတွက်စားရန်သာစီစဉ်ခဲ့လေသည်။

မိမိတို့သားအမိကတော့ကြက်သားကြော်ဝင်းဝင်းအိအိကလေးနဲ့စောစောကပဲအားရပါရစားလို့ပြီးခဲ့ပြီ။နေမကောင်းဖြစ်ပြီးအားပြတ်နေသာလူမမာသည်ယောက္ခမကြီးအတွက်မပါခဲ့ပါ။ထည့်မစဉ်းစားမိခဲ့ပါ။

“မင်းကလည်းကွာ..အဖေမစားချင်လည်းစားချင်အောင်
မရမကချော့မော့ကျွေးမှာပေါ့ကွ..ငါအတန်တန်မှာထားရဲ့သားနဲ့..လူငယ်တွေကဘာနဲ့စားစားစားလို့ရတယ်.အဆင်ပြေတယ်.လူကြီးတွေကပိုပြီးအရေးကြီးတာလေ”

“ပြီးတော့အဖေကအခုအချိန်ကျန်းမာရေးမကောင်းတဲ့သူ.ပိုပြီးဂရုစိုက်ပေးရမဲ့အချိန်..မနေ့ကတည်းကအဖေဝမ်းလျောပြီးအားပြတ်နေတာ.အားရှိဖို့လိုတယ်လေ..မဖြစ်သေးပါဘူး..အဖေ့ကိုငါကိုယ်တိုင်ကျွေးမှာပဲရမယ်..ဒီအတိုင်းဘာမှမစားမသောက်ပဲနေရင်တော့ အဖေနလန်ထူနိုင်မှာမဟုတ်ဘူး..အဖေ့ကိုဂရုတစိုက်ကျွေးမှရမယ်”

“သမီရေ့..နီမာ”

“ရှင်.အဖေ”

“လာအုံး.အဖေ့ဆီကို”

“ဟုတ်ကဲ့.အဖေ”

အိပ်ခန်းထဲမှအသက်၁၀နှစ်အရွယ်သမီးဖြစ်သူနီမာကပြေးထွက်လာသည်။ဦးထွန်းမောင်ကအင်္ကျီအိပ်ထဲမှပိုက်ဆံတချို့ကိုထုတ်ယူလိုက်သည်။ထို့နောက်နီမာလက်ထဲသို့ထည့်ပေးလိုက်ရင်း

“ရော့.သမီး.ဟိုလမ်းထိပ်က မစောတို့ဆိုင်မှာကြက်ဥသုံးလုံးသွားဝယ်လာခဲ့”

“ဟုတ်ကဲ့..အဖေ”

နီမာကဖခင်လက်ထဲမှပိုက်ဆံလေးကိုယူကာအိမ်ပေါ်မှပြေးဆင်းသွားသည်။

“ထားမေ.သမီးပြန်လာရင်.ငါ့အတွက်ကြက်ဥမွှေကြော်
လေးကြော်ပေးပါ..ငါဒီကြက်သားကင်လေးအဖေ့ကိုသွားကျွေးလိုက်အုံးမယ်”

ကြက်သားကင်ပန်ကန်ကိုကိုင်ကာလှမ်းထွက်သွားသောခင်ပွန်းဖြစ်သူဦးထွန်းမောင်ရဲ့ကျောပြင်ကြီးကိုကြည့်ကာဒေါ်ထားမေကမကျေမနပ်မျက်စောင်းထိုးလိုက်ရင်းပါးစပ်ကလည်းပွစိပွစိရေရွတ်နေခဲ့ပါသေးသည်။

*********************************************

ဒေါ်ထားမေကအတိတ်ကဖြစ်ရပ်များ၊အတွေးစများကိုဖြတ်ကာပါးပြင်ပေါ်မှစီးကျနေသောမျက်ရည်စများကို
သုတ်ပစ်လိုက်သည်။ဪ.အခုတော့မိမိတဖန်ဝဋ်လည်လေပြီထင်။ကိုယ်ကတချိန်ကချွေးမကောင်းတစ်ယောက်မဖြစ်ခဲသလိုကိုယ့်အလှည့်ကျတော့ရောသမက်ကောင်းတစ်ယောက်ရဖို့ဖြစ်နိုင်ပါ့မလား။”ဝဋ်မှာအမြဲ၊ငရဲမှာအပတဲ့”စကားပုံလည်းရှိခဲ့တာပဲလေ။အခုမိမိဒီဝဋ်ကြွေးကိုပေးဆပ်ရဖို့အလှည့်၊ပေးဆပ်ရမဲ့အချိန်တန်လေပြီထင်။

တချိန်ကမိမိလုပ်ရပ်၊မိမိအမှားအတွက်သတိသံဝေဂနောင်တတရားများလည်းရမိပါရဲ့။ဒါပေမဲ့အချိန်နှောင်းခဲ့လေပြီ။ဒေါ်ထားမေသက်ပြင်ကိုလေးတွဲစွာချလိုက်သည်။ပါးပြင်ပေါ်မှမျက်ရည်စများကိုအင်္ကျီလက်စဖြင့်ကုန်စင်အောင်ထပ်မံသုတ်ပစ်လိုက်ပြန်သည်။သမီးလေးကိုမမြင်စေလိုပါ။သမီးလေးမြင်ပြီးစိတ်ဆင်းရဲ၊ကိုယ်ဆင်းရဲမဖြစ်စေချင်တော့ပါဘူးလေ။ထို့နောက်ကြက်စွပ်ပြုတ်ပန်ကန်ကိုကိုင်ကာ အခန်းအပြင်သို့ထွက်လိုက်သည်။ငိုနေသောသမီးဖြစ်သူနီမာရဲ့ရှေ့သို့သွာကာ

“သမီး..အမေ..ကြက်စွပ်ပြုတ်မသောက်ချင်တော့ဘူးကွယ်.သောက်လိုက်ရင်ကြက်သားအနံ့ကညှီစော်နံလို့ ရင်ထဲပျို့ပျို့တက်လာတာ.ဘယ်လိုမှအဆင်မပြေဘူးကွယ်..ရော့.မောင်နိုင်အောင်ပြန်လာရင်သူ့ကိုပဲကျွေးလိုက်ပါ.အမေ့ကိုကြောင်အိမ်ထဲက.ငါနီတူးခြောက်ကြော်
လေးပဲ.ယူပေးပါလား.အမေ့အဲဟာလေးနဲ့ပဲစားချင်လို့ပါ”

*****************************************

စစ်နိုင်ထွန်း
၁၅၊၁၀၊၂၀၂၂။