နှုတ်မစောင့်သူများ(စ/ဆုံး)
—————————
ညနေမှောင်စပျိုးလာခြင်းနှင့်အတူ ဆောင်းရာသီ ၏ နှင်းမှုန်ပါးပါးလေးများ လွှမ်းခြုံလာခြင်းကြောင့် မြေလတ်ဒေသ၏ နေဝင်ချိန် ညဦးလေးမှာ ခါတိုင်းရက်တွေထက် ပို၍ မှောင်နေသလို ထင်ရ၏။
ထိုအချိန်အခါသမယလေးမှာပင် အရက်စက်ရုံ လုပ်သားနှစ်ဦးဖြစ်သူ မောင်ဝင်းနှင်တင်မောင်တို့ နှစ်ဦးသည် မြို့လေး၏ တဆိုင်တည်းသာရှိသော အမိန့်ရ အရက်ဖြူဆိုင်လေးတွင် နှစ်ယောက်သား အရက်သောက်၍ ဇိမ်ယစ်နေကြသည်။
ရုတ်တရက်မောင်ဝင်းမှ
“ဟေ့ကောင် တင်မောင် မင်းသရဲကြောက်တတ်သလားကွ၊
ပြီးတော့ယုံကောယုံသလား ဟင်ဟေ့ကောင်””
ထိုအခါတင်မောင်မှ
“”ဟာ မင်းကလဲ ငါဆိုတဲ့ တင်မောင်က သရဲဆိုတာက်ို ကြောက်လဲ မကြောက်သလို အယုံအကြည်လဲ မရှိတဲ့ကောင်ဟ မင်းသိလား ကြောက်စိတ်ဆိုတာ နောက်ထိပ်မှာတောင်မရှိတဲ့ ကောင်ဟ ဟားဟားဟားး””
မောင်ဝင်းမှ
“””””ဟာ တယ်ဟုတ်တဲ့ကောင်ပါလားဟ ငါနဲ့တူတူပဲ ငါလဲလုံးဝကို ကြောက်စိတ် မရှိသလိုအယုံအကြည်ကိုမရှိတာ,,,,ဒါဆို ဒီလိုလုပ်ကြရအောင်လေကွာ””‘
“”အမ်???!!!! ဘယ်လိုလုပ်မလို့တုန်းဟ မောင်ဝင်းရ မင်းမလဲ ပြောလိုက်ရင် အရင်းမရှိအဖျားမရှိနဲ့”””
“””””အာ တင်မောင်ကလဲ ငါပြောချင်တာဒီလိုပါကွာ မင်းနဲ့ ငါ ရွာ အပြန်လမ်းမှာရှိတဲ့ ဟိုသင်္ချိုင်းလေ နာမည်ကြီးတယ်လေကွာ ကိုးသင်္ချိုင်းဆရာတွေတောင်စမ်းလို့မရတဲ့သင်္ချိင်းလေကွာ သွားမစမ်းရင်တောင် ခြောက်တောင်မခြောက်ဘဲစမ်းလို့ကတော့ ဆရာတောင်လန့်သေရတဲ့သင်္ချိုင်းလေကွာ””””
“”””””အော် သိပြီ အာ့ဘာပြုလို့တုန်းဟ””
“””ငါတို့နှစ်ယောက်တည်းပြန်ရင် ပျင်းစရာကြီးအာ့သင်္ချိုင်းက သရဲဆိုတဲ့ကောင်တွေကို ရွာအပြန်လိုက်ပို့ခိုင်းရင်မကောင်းဘူးလားဟားဟားဟား””””
“””””အေးဟ နေရာကျသဟေ့ ဟုတ်မဟုတ်လဲသိရတာပေါ့ဟ “””
အချိန်ကား ည၉နာရီထိုးလုလု။နှစ်ယောက်သား မှာလဲ သောက်လက်စအရက်ပုလင်းကို လက်စသတ်၍ သိုင်းကွက်နင်းရင်း တွေ့ကရာခြောက်သောင်း ပါးစပ်ထဲရှိရာသီချင်းများအော်ဆိုရင်း ရွာဖက်သ်ို့ ဦးတည်ပြန်လာခဲ့လေတော့သည်။
မြို့လေးသည်ကား ထူးထူးခြားခြားပင်တိတ်ဆိတ်ငြိမ်သက် မှောင်မဲကာ ခြောက်ကပ်နေလေသည်။လမ်းတစ်လျှောက်တွင်လူသူကင်းမဲ့ကာ ခွေးတစ်ကောင် ကြောင်တစ်မြီးမှပင် မတွေ့ရချေ။အမူးသမားနှစ်ယောက်သည်ကား ပတ်ဝန်းကျင်ကိုပင် သတိမထားမိပဲ တောင်မြောက်ယိမ်းယိုင် လျှောက်လာကာ သရဲရှိမရှိ ကို ထင်မိထင်ရာပြောရင်းငြင်းခုံလာလေသည်။
တဖြည်းဖြည်း လျှောက်လာရင်းဖြင့် နှစ်ယောက်သား မြို့လေး၏ အစွန်ဖက် ခပ်ကျကျ အပြင်ဖက်တွင်ရှိသော နာမည်ကြီး သုသာန်သို့ ရောက်လာတော့သည်။ညအမှောင်အောက်တွင် သုသာန်တစ်ခုလုံး ခြောက်ခြားဖွယ်ရာ တိတ်ဆိတ်ငြိမ်သက်နေသည်။အုတ်ဂူဖြူဖြူများ ထိုးထိုးထောင်ရှိနေသော ရှားစောင်းလက်ပတ်အနွယ်ဝင် အပင်ကြီးမည်းမည်း အရိပ်ကြီးများက သရဲတစ္ဆေကြီးများရပ်နေသည့်ပမာ အသည်းငယ်စရာ ရှိနေသည်။
ထိုအချင်းအရာများကို မြင်လိုက်ရသည့် တဒင်္ဂ နှစ်ယောက်သား ခြေလှမ်းများ တုံ့ကနဲရပ်သွားကာ ကြက်သီးမွှေးညှင်းများ တဖျင်းဖျင်း ထသွားသည်။တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အရှက်ပြေ ရယ်လ်ိုက်ကြသည်။
“`ဟားဟား မင်းက ဘာလို့ ရပ်လိုက်တာလဲဟ သွားနေရင်းက´´´
“မင်းလဲ ရပ်သွားတာပဲလေ ငါ့ကြတော့ပြောပြီးတော့´´
“ဟီးဟီး မကြောက်ဘူး ပြောပေမယ့် ဒီလို ညအချိန်မတော်ကြီးမှာ ဒီလို မြင်ကွင်းကြီး မြင်လိုက်ရတော့ နဲနဲတော့ လန့်သွားတာပေါ့ဟ မင်းကလဲ´´
“အဟီး ငါလဲ မင်းလိုပါပဲပေါ့ ဟားဟားဟား´´
နှစ်ယောက်သား ပြိုင်တူရယ်မောလိုက်ပြီး စိတ်ထဲဝင်ရောက်လာတဲ့ အကြောက်တရားတွေလျော့အောင် စိတ်ပြောင်းလိုက်သည်။
“ကဲ အချိန်ကြာတယ်ကွာ အခု ပဲ သရဲရှိမရှိ သေချာ သိရအောင်ရယ် ရှိတယ်ဆိုလဲ ရွာအပြန်လိုက်ပို့ ခိုင်းရအောင် မင်းရယ်ငါရယ် လူခွဲပြီး အုတ်ဂူတိုင်းကို လက်နဲ့ လ်ိုက်ပုတ်ပြီး လိုက်ပို့ခိုက်ရအောင်ကွာ ´´
“အေးကွာ ဘာကြောက်စရာရှိလဲကွာ လုပ်မယ် ကြာသလားလို့´´
နှစ်ယောက်သား မာန်အပြည့်တင်းကာ သုသာန်ထဲသို့ ခြေလှမ်းတင်းတင်းလှမ်းကာ ဝင်ခဲ့လေတော့သည်။ထို့နောက် တစ်ယောက်တစ်နေရာစီခွဲကာ အုတ်ဂူများကို လက်နဲ့ပုတ်ကာ နှုတ်မှလည်း
“ဒီအုတ်ဂူတွေထဲမှာ ရှိကြကုန်သော သရဲ တစ္ဆေ ဘုတ် ပြိတ္တာ မှင်စာ စသည်ဖြင့် မကောင်းဆိုးရွားအပေါင်းတို့ ကျုပ်တို့ နှစ်ယောက် ရွာပြန်မည့် အတွက် အပျင်းပြေ အောင်လိုက်ပို့ ကြပါအုံးဟ သရဲဆိုတာ ရှိတယ်ဆိုရင်ပေါ့ လေ ခင်ဗျားတို့ကို လည်း ကျူပ်တို့ မြင်ဖူးတယ်ရှိတာပေါ့ ဟားဟားဟားဟားဟားဟား´´´
စသည်ဖြင့် ရောက်တတ်ရာရာ စကားများဖြင့် နောက်တီးနောက်တောက် ပြောင်လှောင် ပြောဆိုကာ တဟီးဟီး တဟားဟား ရယ်မော၍ သုသာန်ထဲမှ ထွက်ကာ ရွာဆီသို့ ထွက်ခဲ့လေတော့သည်။
“ဘယ်မလဲကွ မောင်ဝင်းရ သရဲရှိတယ်ဆို လူတွေပြောတော့ အခုဘာမှလည်း မဟုတ်ပါလားကွ ဟားဟားဟား´´´
“`အလကားပါ တင်မောင်ရာ လူတွေ တွေ့ကရာ လျှောက်ပြောနေတာ နေမှာပါ သူတို့ကြောက်တိုင်းသူများကို ခြောက်နေကြတာ ချဲ့ကားပြောတာနေမှာပါ ဘာမှ ရှိတာ မဟုတ်ပါဘူး ကွာ´´
နှစ်ယောက်သား သတ္တိရှိကြောင်း အချင်းချင်း ပြောဆိုရင်း သုသာန်ဆီမှ ထွက်ခွာလာသည်မှာ ၅ မိနစ်မျှ အကြာတွင်မတော့
“ ရှပ် ရှပ် ရှပ် ဖြောက် ဖြောက် ဖရော ´´
ရုတ်တရက် အနောက်နား ခပ်လှမ်းလှမ်း အကွာမှ ခြိုးခြိုး ချွတ်ချွတ် တရှပ်ရှပ် တဂျွတ်ဂျွတ် အသံများနှင့် အတူ စကားပြောသံလိုလို တဝူးဝူး တဝါးဝါး နှင့် စိုးစိုးစီစီ ဆူညံသံများကို မသဲမကွဲ ကြားလိုက်ရသည်။
ထိုသို့ ကြားလိုက်ရသော အသံများကြောင့် နှစ်ယောက်သား ခေါင်းမွှေးများ ရုတ်တရက် ထောင်ထ သွားကာ လှမ်းနေသော ခြေလှမ်းများ ရပ်တန့်သွား၏။နောက်သို့ လည်း ချက်ချင်း လှည့်မကြည့်ရဲသေးပဲ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။ ထို့နောက် တိုင်ပင်ထား သကဲ့ သို့ ဖြေးဖြေးခြင်း ပြိုင်တူ လှည့်ကြည့် လိုက်ကြသည်။မြင်လိုက်ရသော မြင်ကွင်းကြောင့် သတ္တိခဲနှစ်ယောက်၏ ပါးစပ်များ ဟောင်းလောင်းပွင့်သွား၏။ မျက်လုံးများသည်လည်း ပုစွန်မျက်လုံးကဲ့သို့ ပြူးကျယ်ထွက်လာ သည်။ တကိုယ်လုံးရှိ အမွှေးအမျှင်များသည် ထောင်ထလာကာ အသားများ တဆတ်ဆတ် တုန်လာကုန်၏။ ဒူးများသည်ကား အချင်းချင်း မိတ်ဆက်မိကာ တဂွပ်ဂွပ်မြည်အောင် ရိုက်မိကုန်ကြသည်။ထို့နောက်တွင်ကား ဝတ်ထားသော ပုဆိုးများအား စွန်တောင်ဆွဲကား အသားကုန်ပြေးလေတော့သည်။
“`အား အမလေး လုပ်ကြပါအုံး ကယ်ကြပါအုံးဗျိုး သရဲတွေ အများကြီးပါဗျ နောက်ကလိုက်လာလို့ပါဗျ´´´
ပါးစပ်မှ ခုနှစ်သံချီ အော်ရင်းဖြင့် နှစ်ယောက်သား ဖနှောင့်နှင့်တင်ပါး တစ်သားတည်းကျအောင်ပြေးလေတော့သည်။ ပြေးလည်း ပြေးချင်စရာပဲလေ။ နှစ်ယောက်သား တွေ့လိုက်ရသည့်မြင်ကွင်းကား ခြေပြတ် လက်ပြတ် ခေါင်းမပါ ကိုယ်ကြီး ခေါင်းသေး ထူထပ်သော အမွှေးအမျှင် ပြူးထွက်ကြနေသော မျက်လုံး များ နားအထိ ပြဲနေသောပါးစပ် စသည်ဖြင့် ကိုယ်လက်အင်္ဂါ မပြည့်စုံ ကြောက်မက်ဖွယ်ရာ အဆင်းများဖြင့် ပုပုရွရွ ရှည်ရှည်လျားလျား စသည့် ပုံသဏ္ဍာန် အဆင်းများရှိသည့် မကျွတ်မလွတ်သေးသည့် တစ္ဆေသရဲ များပင်ဖြစ်တော့သည်။
ကြောက်မက်ဖွယ်ရာကောင်းသော အသံ အဆင်းသဏ္ဍာန်တို့ဖြင့် နောက်မှနေ၍ တလှုပ်လှုပ်တရွရွဖြင့် လိုက်လာကြသည်မှာ မြင်ရသူအဖို့ အသည်းအူတုန်စရာပင်ဖြစ်သည်။
“နေ ကြ အုံး လေ စောင့် ပါ အုံး ဟ
မင်း တို့ ပဲ လိုက် ပို့ ဆ်ို လို့ ငါ တို့
လိုက် ပို့ ကြ တာ လေ မ ပြေး
ကြ နဲ့ လေ´´´
ကြောက်မက်ဖွယ်ရာ ကောင်းလှသော အသံနက်ကြီးများဖြင့် အော်ဟစ်ကာ နောက်ကလိုက်လာကြသော မကောင်းဆိုးရွား အုပ်ကြီးကြောင့်မောင်ဝင်းနှင့်တင်မောင်လည်း နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်ဟု ဆိုသကဲ့သို့ပင် ဖနှောင့်နှင့် တင်ပါး တသားတည်းကျအောင် ရွာဆီသို့ ဦးတည်ကာ ပြေးတော့သည်။
သူတို့နှစ်ဦး၏ နောက်နားဆီ မှလည်း လိုက်ဟေ့ လိုက်ဟ မိရင် သတ်ပစ် စားပစ် စသည်ဖြင့် ကြောက်မက်ဖွယ်ရာ အသံဆိုးကြီးများအော်ဟစ်ကာ မကောင်းဆိုးရွားများက လိုက်လာကြလေသည်။ပြေးရင်းလွှားရင်းဖြင့် သူတို့သည် ရွာဦးကျောင်း အား တွေ့လာရချေသည်။ ထို့ကြောင့် နှစ်ဦးသား အားတက်လာကာ ရွာဦးကျောင်း ဝန်းထဲသို့ ပြေးဝင်လိုက်သည်။
ကျောင်းဝန်းထဲသို့ အရောက်တွင်မူ ဆက်မပြေးတော့ပဲ နောက်သို့ ပြန်လှည့်ကြည့်လိုက်ရာ ကျောင်းမုဒ်ဦး အပြင်ဖက်တွင် ရပ်ကာ ဒေါသတကြီး ဖြစ်နေသော မကောင်းဆိုးရွား များကို တွေ့လိုက်ရသည်။ ကျောင်းဝန်းထဲသို့ မကောင်းဆိုးရွားများ ဝင်မရမှန်း သိသွားသောအခါမှ နှစ်ယောက်သာ စိတ်လျှော့ချလိုက်ရာ ကြောက်တာရော အမောဆို့တာပါရော၍ နေရာတွင်ပင် ပုံလျက်သား လဲကျ မေ့မျောသွားလေသည်။
မျက်နှာပေါ်သို့ အေးမြသော ရေစက်များကျလာသောကြောင့် နှစ်ယောက်သား သတိရကာ လူးလဲ ထထိုင်လိုက်ကြသည်။ဘေးပတ်ဝန်းကျင်တွင်မူ ရွာဦးဆရာတော် အပါအဝင် ရွာသူရွာသားများ ဝိုင်းအုံနေသည်ကို တွေ့လိုက်ရသည်။ထို့နောက် ဖြစ်ကြောင်းကုန်စင်ကို ဆရာတော်အား လျှောက်တင်ကာ ခုနှစ်ရက်မျှ ဘုန်းကြီးကျောင်းတွင် နေလိုကြောင်း လျှောက်တင်ကာ အလုပ်မှ ခွင့်ယူကာ နေ၍ ကြောက်စိတ်များပျောက်အောက် တရားထိုင်ခြင်းစသည်တို့ဖြင့် ပုံမှန်စိတ်အခြေအနေပြန်ရောက်အောင် ကြိုးစားကာ နောက်နောင်တွင် ကိုယ်မသိမတွေ့မမြင်ဖူးသည် မည်သည့်အ ရာကိုမျှ နှုတ်မစောင့်စည်းပဲ မပြောဆိုမစမ်းသပ်တော့ပါဟူ၍ သံဓိဌာန် ချလိုက်လေတော့သည်။
ကိုမျိုး