“အောင်မြတ်သာနှင့်ရေအပင်း”(စ/ဆုံး)

Unicode Version

“အောင်မြတ်သာနှင့်ရေအပင်း”(စ/ဆုံး)
————————————————–

မိုးကသည်းကြီးမဲကြီး ရွာနေတာမို့ ရွာလယ်က ကင်းတဲပေါ်မှာ ကာလသားအချို့ စကားစမြည်ပြောဆိုနေခဲ့ကြတယ်။

“ ‌ဇင်ကြီး… မင်း အောက်လမ်းတို့ အထက်လမ်းတို့ ရှိတယ်ဆိုတာယုံလား”

“ ငါကတော့မကြုံဖူးလို့ သိပ်မယုံချင်ဘူး… ဒါပေမယ့် ငါ့အမေကတော့ မျက်စိစုံမှိတ်ပြီးကို ယုံတာနော်”

“ ငါလဲမင်းလိုပဲ… ဒါတွေက တစ်ဖက်သားကို ကြောက်လန့်အောင် လုပ်နေတာလို့ပဲမြင်တယ်”

“ မင်းတို့ကောင်တွေ အရည်မရအဖတ်မရ ‌လျောက်ပြောမနေကြနဲ့၊ လောကမှာ ငါတို့ အသိနဲ့ တိုင်းတာလို့မရတဲ့အရာတွေ အများကြီးကွ၊ ပုပ္ပါးအရပ်မှာ အဘဘိုးမင်းခေါင်က ဆီမရှိတဲ့ မော်တော်ကားကိုမောင်းပြတာကိုရော ကြားဖူးလား”

“ မင်းဟာက ဟုတ်ပါ့မလား၊ ဆီမရှိပဲ ကားက ဘယ်လိုသွားမလဲ”

“ငါအခုပြောနေတာက တကယ်ဖြစ်ခဲ့တာနော်၊ မင်းတို့မယုံရင် ပုပ္ပါးရောက်တဲ့အခါ မေးကြည့်”

“ မင်းကွာ ဒီလောက်တိုးတက်နေတဲ့ခေတ်ကြီးမှာ ဒီလိုအရာတွေကို လက်ခံတာ အံ့ဩတယ်”

“ ကျော်ဖေ… မင်းမယုံတိုင်း မရှိဘူးလို့ မပြောရဘူးကွ”

“ ပြောတော့ဘာဖြစ်လဲကွာ… တကယ်လုပ်နိုင်တယ် ဆိုရင် ငါ့ကိုလုပ်လို့ပြောလိုက်”

“ ငါက ဘယ်သူကိုပြောရမှာလဲ… မင်းပြောတဲ့ပုံက ငါကပဲ အောက်လမ်းပညာတတ်သလိုလိုနဲ့”

“ ငါကအဖြစ်ကိုပြောပြတာသူငယ်ချင်း… လောကမှာ ဘုရားတရားသံဃာကလွဲပြီး ဘာမှမယုံဘူး”

ကျော်ဖေစကားကြောင့် ကင်းတဲထောင့်မှာ ထိုင်နေတဲ့ အဖိုးကြီးတစ်ယောက်က ကျိုးနေတဲ့ သွားတွေပေါ်အောင် ရယ်လိုက်ပြီး မိုးရေထဲကို ဆင်းသွားခဲ့တယ်။

“ ဒီအဖိုးကြီး မိုးဒီလောက်ကြီးနေတာကို ဘယ်သွားမလို့လဲမသိပါဘူး”

“ မင်း အဲဒီလူကိုသိလို့လား၊ အရင်က ရွာမှာမမြင်ဖူးပါဘူး”

“ ငါလဲမနေ့ကမှသိတာ… ဒီလူက စိတ်မနှံ့လို့ လျောက်သွားနေတာများလား”

“ သူ့ပုံစံကြည့်ရတာ အေးအေးပါပဲ၊ ခြေသလုံး အိမ်တိုင်သမားလဲဖြစ်ချင်ဖြစ်မှာပေါ့”

“ သူများကိစ္စ စိတ်မဝင်စားနေနဲ့၊ ခဏနေ မိုးတိတ်တာနဲ့ လယ်ထဲဆင်းဖို့ပြင်ဦး”

ကျော်ဖေစကားကြောင့် ‌မောင်ထွန်းဘာမှဆက်မပြောတော့ပဲ ဝါးခမောက်ကို ဆောင်းကာ မိုးအတိတ်ကို စောင့်နေခဲ့လိုက်တယ်။

++++++

ကျွဲကူးရွာတစ်ရွာလုံးက လယ်ယာလုပ်ငန်းနဲ့ အသက်မွေးကြသလို ရွာရှိလူများကလဲ ကိုယ်ပိုင်လယ်များပိုင်ဆိုင်ကြသဖြင့် အတန်သင့် ကြွယ်ဝချမ်းသာတဲ့ရွာတစ်ရွာလို့ဆိုရင်လဲ မမှားပါဘူး။ အခုလဲ သူ့လယ်ကိုယ့်လယ်အပြိုင် ထွန်ယက်နေကြရင်း အချင်းချင်းစနောက်လိုက် သီချင်းအော်ဆိုလိုက်လုပ်နေတဲ့အချိန်

“ မောင်ထွန်းတို့ သောင်းစိန်တို့ လာကြဦး… ဒီမှာ ကျော်ဖေ ဘာဖြစ်လဲမသိဘူး”

ဦးကြီးမြရဲ့ အသံကြောင့် လယ်ထွန်နေကြတဲ့ မောင်ထွန်းတို့ ‌ကျော်ဖေလုပ်နေတဲ့ လယ်ထဲကို ပြေးဆင်းသွားခဲ့တယ်။ ဟိုရောက်တော့ လယ်ကွင်းထဲမှာ လူးလိမ့်နေတဲ့ ကျော်ဖေကိုမြင်လိုက်ရတယ်။

“ ကျော်ဖေ ဘာဖြစ်လို့လဲ ဦးကြီး”

“ ငါလဲမသိဘူး… လယ်ထွန်နေရင်း ဗိုက်အောင့်တယ်ဆိုပြီး အခုလို လူးလိမ့်နေတာပဲ”

“ အူအ‌တက်ပေါက်တာများလား…ဒါဆို အချိန်ဆွဲနေလို့မဖြစ်ဘူး… မြန်မြန်ဆေးရုံခေါ်သွားမှရမယ်”

မောင်ထွန်းတို့လဲ လယ်ဘေးမှာအသင့်ရှိနေတဲ့ နွားလှည်းပေါ်ကို ကောက်တင်ပြီး တိုက်နယ်ဆေးရုံ ရှိတဲ့ဘက်ကို ထွက်လာခဲ့လိုက်တယ်။ လမ်းတစ်လျောက်မှာတော့ ကျော်ဖေက ဗိုက်ကို လက်နဲ့နှိပ်ရင်း လူးလိမ့်ကာ လိုက်ပါလာခဲ့တယ်။ ဆေးရုံအရှေ့လဲရောက်ရော ကျော်ဖေက လူကောင်းအတိုင်းပြန်ဖြစ်သွားတာကြောင့် အကုန်အံ့အားသင့်ကုန်ကြတယ်။

မောင်ထွန်းတို့လဲ အခန့်မသင့်လို့ဖြစ်တာဆိုပြီး ဆေးရုံထဲမဝင်တော့ပဲ ပြန်ထွက်လာခဲ့ရာ ကွင်းအစပ်ကိုရောက်တော့ ‌ဗိုက်ကမခံမရပ်နိုင်အောင် ပြန်အောင့်လာခဲ့တယ်။

ပါလာတဲ့သူတွေလဲ ခြေမကိုင်မိလက်မကိုင်မိနဲ့ ပြာသလဲလဲဖြစ်နေတဲ့အချိန်

“ လူနာက ဘာဖြစ်တာလဲဗျ” ဆိုတဲ့အသံထွက်လာလို့ လှည့်ကြည့်လိုက်ရာ ဖျင်ကြမ်းအင်္ကျီဝတ်ထားတဲ့ လူသုံးယောက်ကိုမြင်လိုက်ရတယ်။

“ ကျွန်တော် သူငယ်ချင်း ဗိုက်အောင့်နေလို့ပါဗျာ”

“ လူနာက ပညာပြတာခံထားတာပဲ”

“ ဗျာ… ဘယ်လိုပညာပြတာခံရတာလဲ”

“ စကားထက် အလုပ်နဲ့သက်သေပြပါ့မယ်၊ လူနာကို အရိပ်ရတဲ့နေရာကိုခေါ်သွားပေးပါ”

မောင်ထွန်းတို့လဲ ကျော်ဖေကိုပွေ့ချီပြီး အရိပ်ရတဲ့ သစ်ပင်အောက်မှာ ပေးမှီထားလိုက်တယ်။

“ ကျွန်တော်သူငယ်ချင်းဘာဖြစ်တာလဲဆိုတာ ပြောပြပေးပါဦး”

“ မလောပါနဲ့ .. ခဏနေသက်သာသွားမှာပါ”

တစ်ခါမှမမြင်ဖူးတဲ့ လူသုံးယောက်က ကျော်ဖေကို ဖိုခနောက်ဆိုင်ဝိုင်းလိုက်ပြီး ဦးခေါင်းပေါ်ကို လက်တင်ပြီး တစ်ကိုယ်လုံးကို သပ်ချလိုက်ရာ

“ အား… ကျွန်တော် ဗိုက်ထဲမှာ တစ်ခုခုပြေးနေတယ်”

ကျော်ဖေက ကြောက်လန့်တကြားပြောရင်း အင်္ကျီကိုဆွဲချွတ်လိုက်ရာ ဝမ်းဗိုက်မှာ ကွမ်းသီးလုံးခန့်ရှိတဲ့ အလုံးတစ်လုံး ရွှေ့လျားနေတာမြင်လိုက်ရတယ်။

“ ဟာ… ဗိုက်ထဲမှာ ဘာအလုံးရောက်နေတာလဲ”

“ ထူးဆန်းလိုက်တာ…”

ပါလာတဲ့သူတွေ ပါးစပ်အဟောင်းသားနဲ့ ပြောနေတဲ့အချိန် လူသုံးယောက်ရဲ့လက်တွေက ရွေ့လျားနေတဲ့ အလုံးပေါ်တင်လိုက်ပြီး အပေါ်ကိုဆတ်ခနဲဆွဲတင်လိုက်ရာ ကျော်ဖေ ပါးစပ်ထဲကနေ အခွံချွတ်ထားတဲ့ ကွမ်းသီးတစ်လုံး အန်ထွက်လာခဲ့တယ်။

“ ကျော်ဖေ… မင်း ကွမ်းသီးတစ်လုံးလုံး မြိုချမိထားတာလား”

“ မဟုတ်ပါဘူး… ငါက ဘာလို့မြိုရမှာလဲ”

“ ဒါဆို ဒီကွမ်းသီးက ဘယ်လိုကြောင့် မင်းဗိုက်ထဲကို ရောက်နေရတာလဲ”

“ ငါလဲမသိဘူး… မောင်ထွန်းရာ”

ကွမ်းသီးလုံးထွက်လာတော့ ကျော်ဖေရဲ့ ဗိုက်အောင့်ဝေဒနာလဲ ချက်ချင်းသက်သာ သွားခဲ့တယ်။

“ အခုသက်သာသွားပြီလား”

“ သက်သာပါပြီဆရာ၊ ဟိုလေ ကွမ်းသီးက ဘယ်လိုဖြစ်လို့ ကျွန်တော်ဗိုက်ထဲရောက်နေတာလဲ”

“ တစ်ယောက်ယောက်က ပညာနဲ့ထည့်သွားတာပဲ၊ သေစေနိုင်လောက်တဲ့အထိမဟုတ်ပေမယ့် မှတ်သားလောက်အောင်ဆုံးမသွားတဲ့သဘောပါ”

“ ဆရာပြောပြ‌တာကျေးဇူးတင်ပါတယ်၊ ဒီကောင်က အဲလိုမျိုးတွေအယုံအကြည်မရှိဘူးဆိုပြီ လေကျယ်နေတာ အခုလိုထိတာ ကျေနပ်တယ်”

မောင်ထွန်းစကားကြောင့် ကျော်ဖေက မျက်နှာငယ်လေးနဲ့ ကြည့်ပြီး

“ ကျွန်တော်က ဘုရားတရားလဲလုပ်ပါတယ်၊ ညတိုင်းလဲ ဘုရားရှိခိုးပုတီးစိပ်တယ်၊ ဒါကို ဘယ်လိုဖြစ်လို့ခံရတာလဲဆိုတာ‌သိချင်တယ်”

“ ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်တာက အကောင်းဆုံးလုပ်ဆောင်ချက်ဆိုတာ မှန်ပါတယ်၊ ဒါပေမယ့် သာမန်ပုထုဇျာဉ်တွေအနေနဲ့ အမြဲတမ်း ဘုရားတရားသံဃာကို စိတ်ထဲမထားနိုင်ဘူးလေ၊ လောဘမောဟဒေါသဆိုတဲ့အရာတွေဝင်တဲ့အချိန်ရှိမှာပဲ အခုလိုပညာရပ်တွေက လူတွေစိတ်အားငယ်နေချိန် ‌ကြောက်လန့်နေချိန် စိတ်ပျံ့လွှင့်နေချိန်တွေမှာသုံးကြတာများတယ်”

“ တွေ့တယ်မဟုတ်လား ကျော်ဖေ၊ အောက်လမ်းပညာမရှိဘူး မယုံရင် ငါ့လာစမ်းဆိုပြီး ပြောဦးမလား”

“ မောင်ထွန်း… ငါ့ကိုဘယ်သူလုပ်တယ်ဆိုတာသိပြီ”

“ နင့်ကိုဘယ်သူလုပ်တာလဲပြောပါဦး”

“ မနေ့က ဇရပ်ပေါ်ကနေ ဆင်းသွားတဲ့အဖိုးကြီး လုပ်တာ၊ ငါတို့ပြောနေတဲ့အချိန် သူပဲ အနားမှာရှိတာလေ”

“ မင်းပါးစပ်က အဲလိုချောင်လို့ သူများလုပ်တာခံရတာ၊ အဲဒီလူကြီးက မင်းအသားကိုတောင်ထိလို့လား၊ မင်းက သူကျွေးတာကိုစားလို့လားကွ”

မောင်ထွန်းနဲ့ ကျော်ဖေတို့ရဲ့စကားကြောင့် အနားမှာထိုင်နေတဲ့ လူသုံးယောက်ထဲက သျောင်ထုံးထုံးထားတဲ့လူက

သဘောကျစွာရယ်လိုက်ပြီး

“ အပင်းသွင်းတယ်ဆိုတာ အမျိုးမျိုးရှိတယ်၊ အချို့ပညာသည်တွေက အံကြိတ်ပြီးတော့ဖြစ်စေ၊ ခြေထောက်ဆောင့်ပြီးတော့ဖြစ်စေ အပင်းသွင်းနိုင်တယ်”

“ မင်း ယုံပြီမဟုတ်လား.. နောက်ဆို စကားပြောတာသတိထား”

မောင်ထွန်းက ကျော်ဖေကိုလှမ်းပြောပြီးတာနဲ့ ‌သျောင်တစ်စောင်းထုံးထားတဲ့ လူဘက်ကိုလှည့်ပြီး

“ ဆရာတို့က ဘယ်ကိုသွားကြမှာလဲ”

“ ကျွဲကူးရွာကိုသွားမလို့ပါ…ပြီးမှ အခြားကိုခရီးဆက်ဖို့စဉ်းစားထားပါတယ်”

“ ကျွဲကူးရွာဆိုတာ ကျွန်တော်တို့ရွာပဲလေ၊ အဆင်သင့်လိုက်တာဗျာ”

“ ဟုတ်လား… တိုက်တိုက်ဆိုင်ဆိုင်လာဆုံရတယ်လို့ဗျာ”

“ ဆရာတို့ ရွာရောက်ရင် ကျုပ်အိမ်မှာပဲနေ အိမ်မှာက ကျုပ်တစ်ယောက်ထဲရှိတာ”

“ အခြားမိသားစုဝင်တွေရောမနေကြဘူးလား”

“ မိဘတွေကဆုံးသွားပြီဗျ… မောင်နှမတွေကတော့ သူ့အိမ်ထောင်နဲ့သူဆိုတော့ အိမ်ခွဲနေကြတာလေ”

“ ကျုပ်တို့ကြောင့် အလုပ်ပိုမှာစိုးလို့မေးတာပါ”

“ မပိုပါဘူးဗျာ… ဆရာတို့ရောက်တော့ အဖော်ရတာပေါ့”

မောင်ထွန်းတို့လဲ ခဏတွင်းချင်း ရင်းနှီးသွားကြပြီး အချင်းချင်းမိတ်ဆက်ကာ ရွာကိုပြန်လာခဲ့ကြတယ်။

ရွာပြန်ရောက်တော့ မောင်ထွန်းက ရွာနီးချုပ်စပ်တွေကိုလိုက်ပြမယ်ဆိုလို့ အောင်မြတ်သာတို့ဆရာတပည့်တွေ လိုက်ခဲ့ရပြန်တယ်။

အောင်မြတ်သာတို့လဲ မောင်ထွန်းလိုက်ပြတဲ့နေရာ တွေကိုလှည့်ပတ်ကြည့်ရှုရင်း

ခြုံနွယ်ပိတ်ပေါင်းတွေအထပ်ထပ်ရစ်ပတ်နေပြီး အနီရောင်ပိတ်စတွေပတ်ထားတဲ့ ခြံတစ်ခြံရှေ့ကို ရောက်လာခဲ့တယ်။

“ ဒီနေရာကဘာလို့ ကြိုးအနီစတွေပတ်ထားတာလဲ”

“ မနေရဲကြတာဆရာ… ဒီနေရာက

ကျိန်စာသင့်နေတာလေ”

“ ဘယ်လိုကျိန်စာသင့်တာလဲပြောပါဦး”

“ အဲဒီအကြောင်းပြောရရင် နည်းနည်းတော့ရှည်မယ်၊ ကျွန်တော်တို့လမ်းလျောက်ရင်းပြောကြတာပေါ့”

မောင်ထွန်းက ရှေ့ကိုခပ်ဖြေးဖြေးလျောက်သွားနေရင်း

“ အဲဒီနေရာကလယ်ပိုင်ရှင်သူဌေးကြီးဦးဖိုးမြနေခဲ့ တဲ့အိမ်ပေါ့၊ သူ့မှာက သားနှစ်ယောက်ရှိတယ်၊ သူ့သားအကြီးက မယ်သုန်ဆိုတဲ့ ကောင်မလေး တစ်ယောက်နဲ့ ချစ်ကြိုက်ရာကနေ ဇာတ်လမ်းစတော့တာပဲ”

“ ဘယ်လိုဇာတ်လမ်းစတာလဲပြောပါဦး”

“ မယ်သုန်ဆိုတာက ကျွဲကူးရွာရဲ့ တစ်ရွာကျော်မှာနေတာ၊ သူ့အမေက ဒီနယ်သားတော့မဟုတ်ဘူး၊ ချင်းပြည်နယ်ဘက်ကနေပြောင်းလာကြတာလို့ပြောကြတယ်၊ မယ်သုန်ရဲ့အဖွားက ချင်းပြည်နယ်ဘက်မှာ အရမ်းကိုအစွမ်းထက်တဲ့ ပညာသည်စုန်းမကြီးအဖြစ်လူသိများတယ်၊ မယ်သုန် အမေက ဒီနယ်သားနဲ့ အိမ်ထောင်ကျပြီး မယ်သုန်ကိုမွေးတာ၊ မယ်သုန်အရွယ်ရောက်တော့ ဦးဖိုးမြသားအကြီးနဲ့ အကြောင်းပါခဲ့တယ်။ ဦးဖိုးမြတို့က သူ့သားကိုမယ်သုန်နဲ့ သဘောမတူပေမယ့် လုပ်ငန်းကိုဦးစီးနေတဲ့သူဖြစ်နေတာကြောင့် ဘာမှသိပ်မပြောခဲ့ဘူး၊ တစ်နေ့မှာတော့ မယ်သုန်ရဲ့ အဖွားအကြောင်းသိသွားပြီး စုန်းမျိုးကို အိမ်ပေါ်ခေါ်မတင်နိုင်ဘူးဘာညာနဲ့ သားဖချင်း စကားများခဲ့ကြတယ်၊ ဒီအထိ သူ့သားက မယ်သုန်ဘက်မှာ ရှိနေတာကြောင့် နောက်တစ်မျိုးအကောက်ကြံကြတယ်လေ”

“ အတော်ကို ယုတ်မာတဲ့လူတွေပဲ”

“ ဟုတ်တယ်ဗျ… သူ့သားပြန်လာမယ့်အချိန် မယ်သုန်အိမ်ထဲကို ယောင်္ကျားတစ်ယောက်ပုန်းခိုင်းပြီး အထင်လွဲအောင်လုပ်တာ”

“ အဲဒီတော့ သူ့သားက တကယ်ယုံတာပဲလား”

“ အစထဲက သွေးထိုးထားတော့အခုလိုလဲဖြစ်ရော ဟုတ်လားမဟုတ်လားမစဉ်းစားနိုင်ပဲ မယ်သုန်ကို ပစ်ပစ်ခါခါပြောပြီး မောင်းထုတ်လိုက်ကြတယ်လေ၊ အချို့တွေပြောတာကတော့ မယ်သုန်က အဲဒီစိတ်နဲ့ သေပြီး မကျွတ်လွတ်ပဲ ရှိနေရှာတယ်တဲ့၊ သူသေတော့ သူ့အဖွားက ဦးဖိုးမြတို့တစ်အိမ်လုံးကို အသေဆိုးနဲ့သေအောင်ပြုစားပစ်ခဲ့တာ”

“ သူ့အဖွားဆိုတာက စောနကပြောတဲ့ပညာသည်လား”

“ ဟုတ်တယ်.. ဟုတ်တယ်..”

“ အခုရော မယ်သုန်ဆိုတဲ့ မိန်းကလေးက မကျွတ်သေးဘူးလား”

“ ကျွန်တော်အဖိုးပြောတာကတော့ မယ်သုန်ရော သူ့အဖွားရော ဆရာတစ်ယောက်ကြောင့် အကျွတ်တရားရသွားကြတယ်တဲ့”

မောင်ထွန်းစကားကြောင့် မောင်ကောင်းနဲ့ ခွန်းလှတို့ စိတ်ဝင်စားတဲ့မျက်လုံးတွေနဲ့ကြည့်ပြီး

“ တော်သေးတာပေါ့… အမြင်မှန်ရသွားခဲ့လို့၊ မကောင်းတာလုပ်တဲ့ကောင်တွေ ဒုက္ခရောက်တာတော့ ကျေနပ်လိုက်တာ”

“ မယ်သုန်က သေပြီးတဲ့ချိန်မှာတောင် အတော်သောင်းကျန်းခဲ့သေးတာ”

“ ဟင်… ဘယ်လိုသောင်းကျန်းခဲ့တာလဲ”

“ သူ့က ယောင်္ကျားတွေကိုမုန်းတဲ့စိတ်နဲ့သေတာ ဆိုတော့ သူသေတဲ့နေရာကို လာတဲ့ယောင်္ကျားတွေ မှန်သမျှကို ရူးသွပ်ပြီးသေကြေအောင် ပြုစားတာ၊ အဖိုးမောင်ဖြူဆို ကိုယ်တွေ့ကြုံရတာနော် ဆရာတို့ သိချင်ရင် သူ့‌ဆီခေါ်သွားပေးမယ်”

“ သိချင်ပေမယ့် အခုကမှောင်တော့မှာဆိုတော့ နောက်ကြုံမှသွားမယ်လေ”

“ ဟုတ်ကဲ့ပါဗျ… ဒါဖြင့် အိမ်ကိုပဲပြန်ကြတာပေါ့”

မောင်ကောင်းနဲ့ ခွန်းလှတို့ရှေ့ကနေ ထွက်သွားတော့ အောင်မြတ်သာက အနီရောင်ပိတ်စတွေ ချည်ထားတဲ့မြေနေရာကို နောက်ပြန်လှည့်ကြည့်ပြီး

“ မယ်သုန်ဆိုတာ စက္ကဒေဝီရဲ့နာမည်အရင်းကိုး” လို့ရေရွတ်ကာ မောင်ထွန်းတို့နောက်ကို လိုက်လာခဲ့လိုက်တယ်။

(မယ်သုန်သေဆုံးပြီးနောက်ပိုင်းဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကိုတော့ အောင်မြတ်သာနှင့်စက္ကဒေဝီဆိုတဲ့ဝတ္တုမှာ ဖတ်ရှု နိုင်ပါတယ်)

++++++

နောက်တစ်နေ့မနက် အောင်မြတ်သာတရားထိုင်ပြီးတဲ့အချိန် မောင်ကောင်းနဲ့ ခွန်းလှကို မတွေ့တာကြောင့် အိမ်အောက်ကိုဆင်းလာခဲ့ရာ ခြံတံခါးဝမှာ ငုတ်တုပ်ထိုင်နေတဲ့ အသက်ခုနှစ်ဆယ်အရွယ် အဖိုးအိုတစ်ယောက်ကိုမြင်လိုက်ရတယ်။

အဖိုးအိုက အောင်မြတ်သာကိုမြင်တော့ အကြည့်ကို အောက်ချလိုက်ပြီး

“ ငါ့တူတွေ ဒီရွာကိုဘာလာလုပ်တာလဲကွယ့်”

“ ဘာရယ်လို့တော့မဟုတ်ပါဘူး…လမ်းကြုံတာနဲ့ ဝင်လာခဲ့တာပါ”

“ ဒါဆို ရွာကနေ မြန်မြန်ပြန်ထွက်သွားလို့ပြောချင်တယ်”

“ ဘာဖြစ်လို့ ကျွန်တော်တို့ကို မောင်းထုတ်နေတာလဲအဖိုး”

“ ဒီရွာမှာ အန္တရာယ်အငွေ့အသက်တွေရှိနေပြီ၊ မကြာခင် တစ်ရွာလုံး ဒုက္ခရောက်ကြတော့မယ်၊ ငါ့တူတို့က ဒီကိစ္စနဲ့မဆိုင်တာမို့ အဖိုး သတိလာပေးတာပါ”

အဖိုးအိုစကားကြောင့် အောင်မြတ်သာက မျက်မှောင်ကျုံ့ပြီးစိုက်ကြည့်လိုက်ရာ ခန္ဓာကိုယ် အနှံ့ကနေ မီးခိုးရောင်အခိုးငွေ့တွေ ထွက်ပေါ်နေတာကိုမြင်လိုက်ရတယ်။

“ အဖိုးက ပညာသည်ပဲ…”

“ ငါ့တူက အဖိုးဘာလဲဆိုတာသိတယ်ပေါ့လေ၊ အဖိုးကလဲ ငါ့တူဘာလဲဆိုတာသိတယ်ကွယ့်”

“ မနေ့က ကျော်ဖေဆိုတဲ့ကောင်လေးကို ကွမ်းသီးအပင်းထည့်လိုက်တာ အဖိုးမဟုတ်လား”

“ ငါ့တူက သိပ်ကိုလူကဲခတ်တော်တာပဲ၊ ဒီကောင်လေးက ပါးစပ်စည်းမရှိလို့ နည်းနည်းပါးပါး ဆုံးမလိုက်ရုံပါပဲ၊ လာမယ့် လကွယ်နေ့ကျရင်တော့ ပိုကြမ်းတဲ့ဖြစ်ရပ်တွေ ဖြစ်လာလိမ့်မယ်၊ အဲဒီအချိန်မှ ရှောင်မယ်ဆိုရင် နောက်ကျသွားလိမ့်မယ်နော်”

“ သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်တော်တို့ကလဲ ဒီရွာကနေ သွားဖို့အမိန့်မကျသေးတာမို့ အဖိုးဖန်တီးမယ့် ဖြစ်ရပ်‌နဲ့ ရင်ဆိုင်ရတော့မှာပေါ့ဗျာ”

“ ဒါဆို အဖိုးသတိပေးပြီးပြီမို့ သွားလိုက်ဦးမယ်၊ သတိထားနေကြနော်”

အဖိုးအိုက မထီသလိုပြုံးပြီး ရွာအပြင်ဘက်ကို ပြန်ထွက်သွားခဲ့လိုက်တယ်။ ထူးဆန်းတာက အဖိုးအိုလမ်းလျောက်သွားလို့ ကျန်ခဲ့တဲ့ခြေရာတွေကနေ အခိုးငွေ့တွေတထောင်းထောင်းထနေတာပဲ။

အောင်မြတ်သာလဲ သူ့ကိုတောင် စိန်ခေါ်သွားတဲ့ အဖိုးအိုရဲ့စကားအဆုံးမှာ အိမ်ပေါ်ပြန်တက်ပြီး အင်းစမတွေကို စစ်ဆေးနေတဲ့အချိန် မောင်ထွန်းတို့ ပြန်ရောက်လာခဲ့တယ်။

“ မောင်ကောင်း… မင်းတို့ဘယ်သွားနေကြတာလဲ”

“ အဖိုးဖြူအိမ်ဘက်ရောက်သွားတာပါဆရာ၊ ဘာခိုင်းဖို့ရှိလို့လဲ”

“ ခိုင်းစရာတော့မရှိပါဘူး… ပြောစရာပဲရှိတာ၊ မောင်ထွန်းပါ ဒီနားလာထိုင်”

မျက်နှာတည်တည်နဲ့ပြောလိုက်တဲ့ အောင်မြတ်သာ စကားကြောင့် မောင်ကောင်းနဲ့ ခွန်းလှတို့ အချင်းချင်းကြည့်လိုက်ပြီး ရှေ့မှာ ထိုင်ချလိုက်တယ်။

“ မကြာခင် ဒီရွာမှာ ထူးဆန်းတဲ့ဖြစ်ရပ်တွေ ပေါ်ပေါက်လာလိမ့်မယ်၊ မင်းတို့နှစ်ယောက်ရော မောင်ထွန်းရော အခုရက်ပိုင်း အနေအထိုင် သတိထားကြပါ”

“ ဘယ်လိုထူးဆန်းတဲ့ဖြစ်ရပ်လဲဆရာ”

“ ငါလဲသေချာမသိဘူး… မနက်က အဖိုးအိုတစ်ယောက် ခြံဝရောက်လာပြီး ငါ့ကိုစိန်ခေါ်သွားတယ်၊ လကွယ်နေ့ကျရင် ဒီရွာမှာ ထူးခြားတဲ့ဖြစ်ရပ်တွေပေါ်လာမယ်လို့လဲပြောသွားသေးတယ်”

အောင်မြတ်သာစကားကြောင့် မောင်ထွန်းက ခွက်ထိုးခွက်လန်ရယ်လိုက်ပြီး

“ ဆရာကို အရူးအဖိုးကြီး လာနောက်သွားပြီထင်တယ်”

“ အရူးအဖိုးကြီး ဟုတ်လား”

“ ဟုတ်တယ်လေ… ဆရာကိုလာပြောတဲ့သူက တစ်ခေါင်းလုံးဖြူဖွေးနေတဲ့အဖိုးကြီးမဟုတ်လား”

“ အင်း… ဟုတ်တယ်၊ သူ့ကိုသိနေတာလား”

“ သိတာပေါ့ဗျ… အဲဒီအဖိုးကြီးက ရွာကို စရောက်ထဲက သူတောင်းတာမပေးရင် အခုလိုပဲ ပြောနေကြဗျ၊ ဒါကိုဆရာက တကယ်ထင်နေမိတယ်မဟုတ်လား”

“ မောင်ထွန်း အဖိုးအိုက မင်းတို့ထင်နေသလို ရူးနေတာမဟုတ်ဘူး၊ ကျော်ဖေကို ပညာပြသွားတာလဲ အဲဒီအဖိုးကြီးပဲ”

“ ကျော်ဖေကိုပညာပြသွားတဲ့သူက တစ်ယောက်၊ အခုဆရာတွေ့တာက တစ်ယောက်ပါ၊ သူပြောတဲ့ စကားတွေကိုတောင် မှတ်မိနေသေးတယ်၊ ဘာတဲ့ လကွယ်နေ့ရောက်ရင် နင်တို့တစ်ရွာလုံး ဒုက္ခရောက်တော့မယ်၊ ဟုတ်တယ်မလားဆရာ”

မောင်ထွန်းစကားကြောင့် အောင်မြတ်သာ ဘာမှထပ်မပြောတော့ပဲ အိမ်ပေါ်ကို ပြန်တက်လာခဲ့လိုက်တယ်။ အပေါ်ရောက်တော့ မောင်ကောင်းနဲ့ ခွန်းလှတို့ကိုခေါ်ပြီး

“ မင်းတို့ ငါပြောတာကို သေချာနားထောင်၊ ခုနက ငါ့ဆီလာတဲ့အဖိုးအိုက ဒီရွာကို ပျက်စီးအောင် လုပ်လိမ့်မယ်၊ တစ်ရွာလုံးသူ့ကို သံသယမဝင်အောင် အစထဲက ကြိုတင်ကြံစည်ထားတာကွ”

“ ကျွန်တော်တို့ဘာလုပ်ရမလဲ၊ ဆရာပြောတဲ့အတိုင်း လုပ်မှာပါ”

“ ဒီအဖိုးကြီးက အပင်းထည့်တဲ့နေရာမှာ ဆရာတစ်ဆူပဲ၊ လူတစ်ယောက်ကို မျက်စောင်း တစ်ချက်ထိုးရုံနဲ့အပင်းထည့်နိုင်တဲ့အစွမ်းရှိတယ်၊ အခုငါတို့လုပ်ထားရမှာက ကိုယ့်ကိုကိုယ် ကာကွယ်ထားဖို့ပဲ၊ ဒါကြောင့် ဘုရားရှိခိုးပြီးတာနဲ့ ကိုယ်လုံအင်းတွေသောက်ထားကြ”

“ ဟုတ်ကဲ့ဆရာ… ကျွန်တော်တို့လုပ်ထားပါ့မယ်၊ ဒါနဲ့ မောင်ထွန်းကို ဘယ်လိုလုပ်ရမလဲ”

“ သူ့ကိုပြောလဲ ယုံမှာမဟုတ်လို့ သောက်ရေအိုးထဲကိုသာ အင်းပြာထည့်ထားလိုက်”

အောင်မြတ်သာစကားကြောင့် မောင်ကောင်းနဲ့ ခွန်းလှလဲ ကိုယ်လုံအင်းကိုပြာချပြီး သောက်ရေအိုးထဲမှာ မသိမသာလေး ထည့်ထားလိုက်တယ်။

++++++++

လကွယ်နေ့ညဖြစ်တဲ့အတွက် အောင်မြတ်သာတို့ ဆရာတပည့်တွေ အိမ်ရှေ့ဝရန်တာမှာထိုင်ပြီး ပတ်ဝန်းကျင်ကိုအကဲခတ်နေကြတယ်။ ညသန်းခေါင်အချိန်ရောက်တဲ့အထိ ဘာမှထူးခြားတာ မပြတဲ့အတွက် ဆရာတပည့်တွေ ဝရန်တာကနေ ထပြီးအိမ်ထဲပြန်ဝင်လာတဲ့အချိန် ခေါင်းရင်းနှစ်အိမ်ကျော်ကနေ တဝေါ့ဝေါ့နဲ့ ထိုးအန်တဲ့အသံတွေ ထွက်လာခဲ့တယ်။

မောင်ကောင်းနဲ့ ခွန်းလှတို့က အန်တဲ့အသံကြားတာနဲ့ လှေကားကနေ ဆင်းကြည့်ဖို့အလုပ် အောင်မြတ်သာက ဂုတ်ကိုဆွဲထားပြီး

“ မင်းတို့ဘာသွားလုပ်မလို့လဲ”

“ ဟိုမှာအန်နေတာလေဆရာ… ဒါကြောင့် သွားကြည့်မလို့”

“ ဟင်း… ငါ့ကောင်တွေက စိတ်အရမ်းလောတာပဲ၊ အခုအန်တာက ကိုယ်ဝန်ဆောင်မိန်းမအန်တဲ့ အသံပါ”

“ ဆရာက ဘယ်လိုလုပ်ပြီး သိနေတာလဲ”

“ ညနေက ခြံထဲမှာလမ်းလျောက်နေတဲ့အချိန် ခေါင်းရင်းနှစ်အိမ်မှာ ကိုယ်ဝန်သည်အမျိုးသမီးကို မြင်လိုက်တယ်လေ၊ နောက်တစ်ချက်က အပင်းထည့်ခံထားရတဲ့သူက ဘယ်တော့မှမအန်ဘူး၊ ဆရာတွေရဲ့အမိန့်နဲ့မှ အန်တယ်ဆိုတာမေ့နေပြီလား”

“ ဟီး ဟီး… ကျွန်တော်တို့က ရုတ်တရက်ဆိုတော့ အတွေးလွန်သွားတာ”

“ ငါ့ကိုစိန်ခေါ်သွားတဲ့လူက ဒီလိုအသေးအဖွဲမျိုးကိုတော့လုပ်မှာမဟုတ်ဘူး၊ သူတစ်ခုခုတော့ကြံနေမှာသေချာတယ်”

“ သူ့ကို ခေါ်ပြီး စစ်လို့မရဘူးလား”

“ သူပြုစားထားတာမတွေ့ပဲ ခေါ်လို့မရဘူးလေ၊ ဒါကြောင့်သူဘယ်လိုလုပ်မလဲဆိုတာပဲ

စောင့်ကြည့်ရတော့မယ်”

အောင်မြတ်သာတို့လဲ စကားတစ်ပြောပြောနဲ့ စောင့်နေခဲ့ရာ အရုဏ်တက်ခါနီးအချိန်လဲရောက်ရော တစ်ရွာလုံးမှာရှိတဲ့အိမ်တွေကနေ အော်ဟစ် ညဉ်းညူသံတွေထွက်ပေါ်လာခဲ့တယ်။

“ ဆရာ… အော်သံတွေက အိမ်တိုင်းလိုလို ထွက်နေပါလား”

“ ဒီအဖိုးကြီး တစ်ရွာလုံးကို ဒုက္ခပေးထားတာပဲ”

“ ခွန်းလှ မောင်ထွန်းကို သွားကြည့်စမ်း”

ခွန်းလှလဲ အခန်းထဲမှာအိပ်နေတဲ့ မောင်ထွန်းကို ဝင်ကြည့်လိုက်ရာ မဲညစ်ညစ်အရည်တွေ ထိုးအန်နေတာမြင်လိုက်ရတယ်။

“ မောင်ထွန်း… မင်းသက်သာရဲ့လား”

“ အိပ်နေရင်း အန်ချင်သလိုဖြစ်လာလို့… ထိုးအန်နေတာ၊ ကျွန်တော်ဘာဖြစ်သွားတာလဲ”

“ မင်းတစ်ယောက်ထဲဖြစ်တာမဟုတ်ဘူး၊ တစ်ရွာလုံးအပင်းမိနေတာကွ၊ အခုငါပြောတာ ယုံပြီမဟုတ်လား”

“ ကျွန်တော်သူများကျွေးတာလဲမစားပဲ ဘယ်လိုကြောင့်အပင်းမိရတာလဲ”

“ တစ်ရွာလုံးအပင်းမိတယ်ဆိုထဲက အပင်းထည့်ထားတဲ့အရာကို တစ်ရွာလုံးသုံးနေကြလို့ပေါ့”

“ တစ်ရွာလုံးသုံးတဲ့အရာက သောက်ရေတွင်းပဲရှိတာ၊ ဟိုလူက သောက်ရေတွင်းကို အသုံးချခဲ့တာပေါ့”

“ မင်းတောင် ငါတို့ကြောင့် သက်သာသွားတယ်မှတ်၊ မောင်ကောင်း သောက်ရေအိုးကိုကြည့်လိုက် ဘာတွေဖြစ်နေလဲဆိုတာသိရလိမ့်မယ်”

အောင်မြတ်သာစကားကြောင့် မောင်ကောင်းလဲ သောက်ရေအိုးကို ဖွင့်ကြည့်လိုက်ရာ အနံ့ဆိုးဝါးတဲ့ မိလ္လာရေတွေဖြစ်နေတာမြင်လိုက်ရတယ်။

“ ဆရာတို့ရော ဘာမှမဖြစ်ဘူးလား”

“ မဖြစ်ဆို ငါတို့က မင်းတို့ရွာရောက်ထဲက ဘာတစ်ခုမှ စားသောက်တာမရှိသေးဘူးလေ”

မောင်ထွန်းက အောင်မြတ်သာတို့ကို အံ့ဩတဲ့မျက်လုံးနဲ့ကြည့်လိုက်ပြီး

“ ဒါကြောင့် ကျွန်တော်ဘာကျွေးကျွေးမစားကြတာကိုး၊ ဟိုလေ ဒီနှစ်ရက်အတွင်း ဘာမှမစားပဲ ဘယ်လိုနေကြတာလဲ”

“ ‌ငါတို့က မင်းထင်သလို မစားမသောက်တာ မဟုတ်ပါဘူး၊ လွယ်အိတ်ထဲမှာ လိုအပ်တဲ့ပစ္စည်း အကုန်ပါပါတယ်ကွ၊ ဒီမှာကြည့်”

မောင်ကောင်းက လွယ်အိတ်ထဲကနေ တစ်ထွာသာသာရှိတဲ့ ဘူးသီးခြောက်ရေဘူးနဲ့ ငှက်ပျောသီးနှစ်လုံးကိုထုတ်ပြလိုက်တယ်။

“ ဟုတ်ပါပြီ… ခင်‌ဗျားငှက်ပျောသီးနဲ့ရေဘူးကို ပြန်ထည့်ထားလိုက်စမ်းပါ၊ အခုလောလောဆယ် ရွာကလူတွေကို ဘယ်လိုလုပ်ကြမလဲ”

“ ဘယ်လိုလုပ်ရမလဲဆိုတော့ ငါတို့နဲ့အတူ မင်းပါလိုက်ကုရမယ်”

“ မဟုတ်တာဗျာ… ကျွန်တော်က မကုတတ်ဘူးလေ”

“ ငါတို့ပြောသလို လိုက်ပြောလို့တော့တတ်တယ်မဟုတ်လား”

“ ရှေ့ကပြောရင် နောက်ကနေတော့ လိုက်ပြောတတ်ပါတယ်”

“ ဒါဆို မင်းကိုယ်ထဲမှာ အပင်းတွေကျန်သေးလား စစ်ကြည့်လိုက်ဦးမယ်”

အောင်မြတ်သာက မောင်ထွန်းကို ဘုရားကျောင်းဆောင်ရှေ့ထိုင်စေပြီး ခန္ဓာကိုယ်အနှံ့ကိုစစ်ချလိုက်ရာ အပင်းအကြွင်းအကျန်အချို့ အန်ထွက်လာခဲ့တယ်။

“ ဒီလောက်ဆို မင်းကိုယ်ထဲရှင်းသွားလောက်ပြီ၊ အခုငါးပါးသီလခံပေတော့”

မောင်ထွန်းလဲ ငါးပါးသီလခံယူပြီးတော့ အောင်မြတ်သာက ညာလက်ဝါးနဲ့ မောင်ထွန်းလက်ကို ရိုက်ချလိုက်ပြီး

“ စနေသားမောင်ထွန်းအား ကျွန်ုပ်၏ ပညာအချို့ကို လက်ဝါးရိုက်ပြီးလွှဲပြောင်းပေးထားတာကြောင့် မောင်ထွန်း၏အမိန့်အာဏာသည် ကျွန်ုပ်၏ အမိန့်အာဏာနှင့် ထပ်တူကျပါစေသား” လို့ရေရွတ်ကာ ပညာအပ်နှင်းခဲ့တယ်။

“ မောင်ထွန်း… ဒီရွာမှာ အရင်က ဘာပြဿနာ ကြီးကြီးမားမားဖြစ်ခဲ့ဖူးလဲ”

“ ကျွန်တော်သိသလောက်တော့ ဘာမှမဖြစ်ပါဘူး”

“ မင်းကိုမေးလဲသိမှာမဟုတ်ပါဘူး… ငါတို့ကို အဖိုးဖြူအိမ်လိုက်ပြပေး”

အောင်မြတ်သာစကားကြောင့် မောင်ထွန်းလဲအဖိုးဖြူအိမ်ရှိရာခေါ်ဆောင်လာခဲ့တယ်။ အိမ်ရှေ့ရောက်တော့ အထဲကနေ စုတ်တသတ်သတ်နဲ့ညဉ်းညူနေတဲ့အသံကြောင့် အပေါ်တက်ကြည့်လိုက်ရာ ဗိုက်ကိုလက်နဲ့ဖိပြီး လူးလိမ့်နေတဲ့အဖိုးဖြူကိုမြင်လိုက်ရတယ်။

“ မောင်ကောင် အဖိုးဖြူကိုထူလိုက်”

အဖိုးဖြူကိုထူပြီးချိန်မှာတော့ အောင်မြတ်သာက ကျောကုန်းအနောက်ကနေ လက်နဲ့သပ်ချလိုက်ရာ အလွန်ကိုနံဟောင်တဲ့အရည်တွေက ဝမ်းအနေနဲ့ ထွက်ကျလာခဲ့တယ်။

“ အဖိုးဖြူ နေရတာသက်သာရဲ့လား”

“ အရင်ကထက်တော့ သက်သာပါတယ်၊ အိမ်ထဲမှာလဲ အဖိုးသမီးကျန်နေသေးတယ်၊ သူ့ကိုလဲ ကြည့်ပေးပါဦး”

အဖိုးဖြူစကားကြောင့် အောင်မြတ်သာတို့လဲ အိမ်ထဲဝင်ကြည့်လိုက်ရာ ချွေးစေးတွေပြန်ပြီး ရှုံ့မဲ့နေတဲ့မျက်နှာထားနဲ့ လဲကျနေတဲ့ အသက်ခြောက်တယ်အရွယ် မိန်းမတစ်ယောက်ကိုမြင်လိုက်ရတယ်။

“ ဒေါ်လေး သက်သာရဲ့လား”

“ ဟအင်း.. ဗိုက်ထဲမှာ အကောင်တွေလှုပ်ရှားနေသလိုခံစားနေရတယ်၊ အား.. ကျွတ် ကျွတ်”

“ အဖိုးဖြူကိုရော သူ့သမီးကိုပါ အရှေ့ခေါ်လာလိုက်”

အိမ်ခန်းအပြင်ကနေ လှမ်းပြောလိုက်တာကြောင့် မောင်ကောင်းတို့လဲ အဖိုးဖြူသမီးကိုတွဲခေါ်လာခဲ့လိုက်တယ်။

ဘုရားကျောင်းဆောင်ရှေ့ရောက်တော့ အဖိုးဖြူနဲ့ သမီးဖြစ်သူတို့ရဲ့အသက်ကိုချုပ်ပြီး ပြုစားထားတဲ့သူကို ဆင့်ခေါ်လိုက်တယ်။ ဒါပေမယ့် ဘယ်လိုခေါ်ခေါ် စွဲရင်းကဝင်မလာတဲ့အတွက် မျက်စိမှိတ်ပြီးအာရုံခံကြည့်လိုက်ရာ အသက်သုံးဆယ်အရွယ်ယောင်္ကျားတစ်ယောက်ရဲ့ ပုံရိပ်ပေါ်လာခဲ့တယ်။

“ သူက ဘယ်လိုပေါ်လာတာလဲ၊ တစ်ရွာလုံးကို အပင်းထည့်တဲ့အဖိုးကြီးကဘာလို့မပေါ်တာလဲ”

အတွေးစတွေက အောင်မြတ်သာ ခေါင်းထဲမှာ ရှုပ်ထွေးသွားခဲ့တယ်။ အဲဒီအချိန် အဖိုးဖြူရဲ့ သမီးဖြစ်သူပါးစပ်ထဲကနေ ဝါဖျော့ဖျော့အရည်တွေ ဝေါခနဲအန်ထွက်လာခဲ့တာကိုမြင်လိုက်ရတယ်။

“ အဖေ … သမီးကြောင့် တစ်ရွာလုံး ဒုက္ခရောက်နေကြပြီထင်တယ်”

“ သမီးကြောင့်မဟုတ်ပါဘူး… ဧည့်သည်တွေရှေ့မှာ ဘာလို့ပေါက်ကရတွေပြောနေတာလဲ အား ကျွတ် ကျွတ်”

“ အဖိုးဖြူ … ကျွန်တော်ကိုအမှန်တိုင်းပြော၊ ခုနက ဒေါ်လေးပြောတာဘာအဓိပ္ပါယ်လဲ”

“ ဘာမှမဟုတ်ပါဘူးဆရာလေးရယ်၊ သူက‌ ပါးစပ်ထဲထွက်ရာလျောက်ပြောနေတာ”

“ အဖိုးဖြူ လိမ်နေရင် ရွာမှာရှိတဲ့သူတွေအပြင် ဒေါ်လေးပါသေလိမ့်မယ်”

“ အမှန်တိုင်းပြောပါ့မယ် … အဖေမပြောလဲ ဒေါ်လေးပြောပါ့မယ်”

“ သမီး…”

“ တကယ်တော့ တစ်ရွာလုံးကို အခုလိုဖြစ်အောင် လုပ်ထားတာ ဒေါ်လေးရဲ့အမျိုးသားပါ၊ ဒေါ်လေးက မြို့ပေါ်မှာ ကျောင်းနေရင်း သူနဲ့ဖူးစာဆုံခဲ့တယ်၊ သူကဒေါ်လေးထက် ဆယ်နှစ်ကြီးတဲ့အပြင် တစ်‌နေ့တစ်နေ့ အင်းအိုင်အစီအရင်တွေနဲ့ပဲအချိန် ကုန်နေတော့ အိမ်ထောင်ရေးက ဘယ်လိုမှအဆင်မပြေခဲ့ဘူး၊ အဖေကတော့ ဒေါ်လေးအိမ်ထောင်ကျတာကိုမသိပဲ ကျောင်းတက်နေတယ်လို့ပဲထင်နေခဲ့တာ၊ အစကတော့ အချစ်တစ်ခုထဲနဲ့ ဘဝကပြည့်စုံမယ်ထင်ပြီးရွေးခဲ့ပေမယ့်၊ ပြည့်စုံမှုမရှိရင် အချစ်ဆိုတဲ့အရာက ခဏတာပဲဆိုတာသိလာရတယ်၊ တစ်ရက်သူနဲ့စကားများပြီး ရွာပြန်လာခဲ့တော့ သူကရွာထိလိုက်လာခဲ့တယ်။ အဲဒီအချိန် ဒေါ်လေးက သူ့ကိုစိတ်ဆိုးနေတာမို့ ပြန်မလိုက်ဘူးလို့ငြင်းခဲ့တယ်၊ သူကလဲ အတင်းခေါ်ရာကနေ အဖေနဲ့ ထိုးကြိတ်တဲ့အထိဖြစ်သွားခဲ့တယ်၊ ရွာကလူတွေကလဲ အဖေထိတော့ သူ့ကို ဝိုင်းရိုက်ခဲ့ကြတယ်လေ၊ သူက ဒါကို တေးထားပြီး ဒေါ်လေးကိုရော သူ့ကိုရိုက်ခဲ့တဲ့သူတွေကိုပါ သတ်ပစ်မယ်ဆိုပြီးကြိမ်းဝါးခဲ့တာ၊ဒီလိုနဲ့ နှစ်ပေါင်း၄၀လောက်ကြာတဲ့အထိ သူနဲ့အဆက်အသွယ်မရခဲ့ဘူး၊ လွန်ခဲ့တဲ့ တစ်လလောက်မှာတော့ သူကအိမ်ရှေ့ကိုပြန်ရောက်လာခဲ့တယ်။ သူ့ရုပ်ကအတော်ကိုပြောင်းလဲသွားတာမို့ ဒေါ်လေး လုံးဝမမှတ်မိဘူး၊ သူက ဒေါ်လေးကိုမြင်တော့ နာကျဉ်းတဲ့မျက်လုံးနဲ့ကြည့်ပြီး အဖေရော ဒေါ်လေးရော ရွာမှာရှိတဲ့သူတွေရော တစ်ဖြေးဖြေးချင်းဝေဒနာခံစားရအောင် လုပ်ပစ်မယ်ဆိုပြီးပြောခဲ့တယ်၊ သူပြန်ထွက်သွားတဲ့ ညမှာပဲ ဒေါ်လေး အခုလိုစဖြစ်ခဲ့တာ”

“ အငြိုးအတေးအတော်ကြီးတဲ့သူပဲ၊ အခုလိုမျိုး ရေတွေအန်နေတာ တစ်လလောက်ရှိပြီပေါ့”

“ ဟုတ်တယ်လူလေး… ဒေါ်လေးလဲ အဖေကိုတောင်မပြောပဲ ကြိတ်ခံနေခဲ့တာ၊ အခု တစ်ရွာလုံး ဖြစ်နေတယ်ဆိုပြီးသိလို့ သူပြောခဲ့တာတွေကအမှန်ပါလားဆိုတာ တွေးမိလာတယ်၊ ဒါကြောင့် အဖြစ်မှန်ကိုပြောပြဖို့ ဆုံးဖြတ်လိုက်တာပဲ”

“ အခုလိုသိရတော့ ဘာလုပ်ရမယ်ဆိုတာ စဉ်းစားလို့ရသွားတာပေါ့၊ လက်စသတ်တော့ ပညာအရင်းခံက ဒေါ်လေးဆီမှာ ရောက်နေတာကိုး”

“ မောင်ကောင်း… မင်းရယ် ခွန်းလှရယ် မောင်ထွန်းရယ်က ရွာထဲကလူနာတွေကို လိုက်ကုပေတော့၊ ငါက ဒီမှာနေခဲ့လိုက်မယ်”

မောင်ကောင်းတို့ ထွက်သွားတော့ အောင်မြတ်သာက အဖိုးဖြူနဲ့ သမီးဖြစ်သူကို စေ့စေ့ကြည့်ပြီး ဒေါ်လေးက ဘာနေ့သမီးလဲ

“ သောကြာသမီးပါလူလေး”

“ သောကြာသမီးကို ဦးတည်၍ပြုစားထားတဲ့သူအား

ဘုရားငါးဆူတို့၏အမိန့်၊အထက်ဆရာကြီးများ၏အမိန့်၊ ငါ၏အမိန့်နဲ့ဆင့်ခေါ် လိုက်သည်၊ ပုန်းကွယ်ခြင်း၊ လှည့်ဖျားခြင်းမရှိစေရ၊ ချက်ချင်းရောက်စေ” လို့အမိန့်ပေးလိုက်ရာ ဒေါ်လေးရဲ့ ခန္ဓာကိုယ်က တဆတ်ဆတ်တုန်လာပြီး မျက်နှာနဲ့အသံကလဲ ယောင်္ကျားပုံစံ

အဖြစ်ပြောင်းလာခဲ့တယ်။

“ အခုရောက်လာတာဘယ်သူလဲ”

“ ငါကမင်းမေးတိုင်းဖြေရမှာလားကွ ဟမ်… ငါဘာကောင်လဲဆိုတာရောသိလား”

“ ခင်ဗျားဘာကောင်ပဲဖြစ်ဖြစ် ကျုပ်မသိချင်ဘူး၊ အခု သောကြာသမီးအပါအဝင် ကျွဲကူးရွာကလူတွေကို ခင်ဗျားပြုစားထားတာလား”

“ တစ်ရွာလုံးကို သတ်ဖို့နှစ်ပေါင်း ၄၀တိတိကြိုးစားလာခဲ့တာ၊အခုငါ့အချိန်ရောက်ပြီ”

“ ခင်ဗျားအဆင့်က ဘာလဲ၊ စုန်းလား ကဝေလား”

“ ဟက်ဟက်ဟက်… နင်က ယောဂီရောင်ဝတ်တဲ့သူမဟုတ်လား၊ ငါလဲ နင့်လိုပဲ ယောဂီရောင်ဝတ်တဲ့အောက်လမ်းဝိဇ္ဇာပဲကွ”

“ ဒီလိုအဆင့်ရအောင် ကြိုးစားခဲ့ပြီးမှ လူသတ်ဦးမလို့လား”

“ နင်ငါ့ကို တရားမချနဲ့…အောင်မြတ်သာ”

“ သင်က ကျုပ်နာမည်ကိုတောင်သိနေတာကိုး”

“ နင့်ကိုယ်နင် အကြားအမြင်ရတယ်ဆိုပြီး သွေးမထင်မရောက်နေနဲ့၊ ငါလဲ အကြားအမြင်ရပြီးသားကွ”

“ ခင်ဗျား နောင်ပွင့်တဲ့ဘုရားကို မဖူးမြှော်ချင်ဘူးလား၊ အခုချိန်နောက်ဆုတ်ရင် အချိန်မှီသေးတယ်နော်”

“ ထွီ….”

ဝင်ပူးနေတဲ့သူက တံတွေးနဲ့ ထွေးလိုက်တဲ့အချိန် အောင်မြတ်သာက လက်နဲ့ကာလိုက်ရာ ဝုန်းဆို အနောက်ကို လန်ကျသွားခဲ့တယ်။

“ တောက်စ်….”

ဝင်ပူးနေတဲ့သူက မျက်စိတစ်ဖက်ကိုလက်နဲ့ပိတ်ပြီး ကုန်းရုန်းပြန်ထလာခဲ့တယ်။

“ ပညာတစ်ဝက်ပျက်သွားသလို မျက်စိတစ်ဖက်လဲ ကန်းသွားပြီမဟုတ်လား၊ ဒါတောင် မာန်မလျော့နိုင်သေးဘူးလား”

“ မလျော့ဘူးဟေ့…ဘယ်တော့မှမလျော့ဘူး”

အောင်မြတ်သာလဲ ဝင်ပူးနေတဲ့သူကို အတန်ကြာတဲ့ထိ တရားချနေခဲ့ပေမယ့် ဘယ်လိုမှမရပဲ ပညာနဲ့ပြန်တိုက်နေခဲ့တာကြောင့် ပညာသိမ်းစမတစ်ရွက်ကိုထုတ်ပြီး အရှေ့မှာ ချပေးလိုက်တယ်။

ဝင်ပူးနေတဲ့သူက ပညာသိမ်းစမကို လက်နဲ့ပုတ်ထုတ်လိုက်တဲ့အချိန် လျှပ်စစ်တွန်းကန်အားနဲ့ထိသလို အနောက်ကို နှစ်ပတ်လောက်လိမ့်သွားပြီး လုံးတပြန်ထမလာတော့ပေ။

“ ဆရာ .. ဆရာ သူ ဘာဖြစ်သွားတာလဲ”

“ ပညာမစွန့်ပဲ အသေခံသွားတာ… အတော်ကိုခေါင်းမာတဲ့ပညာသည်ပဲ”

အောင်မြတ်သာကစုတ်တသတ်သတ်နဲ့ ညဉ်းညူရင်း လဲကျနေတဲ့သူကို လက်နဲ့သပ်ချလိုက်ရာ ခန္ဓာကိုယ်တွင်းကျန်နေတဲ့ အပင်းတွေက ရေတွေနဲ့အတူ အန်ထွက်လာခဲ့တယ်။ အလားတူအဖိုးဖြူရဲ့ကိုယ်ထဲမှာရှိနေတဲ့ အပင်းတွေလဲ အပြင်ကိုအန်ထွက်လာခဲ့တယ်။

အပင်းတွေအားလုံးကုန်စင်အောင်ထုတ်ပေးပြီးတဲ့ အချိန်မှာတော့ အဖိုးဖြူက

“ အဘိုးဘဝမှာ ဒီလိုမျိုး ဒုတိယအကြိမ်ကြုံဖူးတာပဲ”

“ ပထမအကြိမ်ကြုံဖူးခဲ့သေးတာလားအဖိုး”

“ ဟုတ်တယ် လူလေး… အဖိုးတို့ကလေးအရွယ်တုန်းက မယ်သုန်ရဲ့ အဖွားဖြစ်သူလက်ချက်နဲ့ ဦးစံမြတို့ မိသားစုတွေ သေခဲ့တာမြင်ဖူးတယ်၊ သူတို့အလှည့်ကျတော့ အခုလိုကယ်မယ့်သူမပေါ်လာဘူး”

“ နောက်တော့ရော မယ်သုန်ရဲ့အဖွားက ဘယ်ရောက်သွားလဲ”

“ မယ်သုန်အဖွားက ဆယ်နှစ်ကြိုးကဝေမကြီးလေ၊ သူ့အသက်က ရာနဲ့ချီပြီးဆွဲဆန့်ရတယ်လို့ ရသေ့လေးပြောတာကြားဖူးတယ်”

“ ရသေ့လေးဆိုတာက ဘယ်သူများလဲ”

“ ရသေ့လေးဆိုတာ မယ်သုန်ရဲ့ မာယာ‌ကြောင့် လူထွက်လုဆဲဆဲဖြစ်သွားခါနီးမှ အမြင်မှန်ရသွားတဲ့သူလေ၊ အဲဒီအချိန် အဖိုးတို့ကငယ်သေးပေမယ့် ရသေ့လေးကိုတော့ မှတ်မိနေသေးတယ်”

“ နှစ်ကာလတွေတောင် အတော်ကြာခဲ့ပြီပဲ”

အောင်မြတ်သာက အရှေ့မြောက်ဘက်ကိုငေးကြည့်ရင်း တီးတိုးရေရွတ်လိုက်အချိန် မယ်သုန်(ခေါ်)စက္ကဒေဝီနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပုံရိပ်အချို့ပြန်ပေါ်လာခဲ့တယ်။

အဲဒီအချိန်

“ ဆရာ… ဆရာ”

“ မောင်ကောင်းတို့ပါလား… မင်းတို့ကုတာပြီးပြီလား”

“ မပြီးသေးဘူးဆရာ…”

“ မပြီးသေးပဲ ဘာလို့ထွက်လာတာလဲ”

“ ဆရာကိုပြစရာရှိလို့ပါ…”

အောင်မြတ်သာလဲ မောင်ကောင်းတို့ခေါ်တဲ့နောက်ကို လိုက်သွားခဲ့ရာ ရွာလယ်က ကင်းတဲပေါ်မှာ တင်ပလ္လင်ခွေထိုင်ပြီး ကုသနေတဲ့ မောင်ထွန်းအပြင်အခြား လူဆယ်ယောက်‌ခန့်ကိုမြင်လိုက်ရတယ်။

“ သူတို့က ဘယ်သူတွေတုန်း”

“ ရွာသားတွေလေဆရာ… မောင်ထွန်းကို ဆရာက လက်ဝါးရိုက်ပြီးဆေးကုခိုင်းတာမြင်တော့ ကျွန်တော်တို့လဲ ‌ရောဂါပျောက်သွားတဲ့ သူတွေကို လက်ဝါးချင်းရိုက်ပြီး ကုခိုင်းထားတာ”

မောင်ကောင်းနဲ့ ခွန်းလှတို့ စကားကြောင့် အောင်မြတ်သာ ဘာမှမပြောနိုင်တော့ပဲ ခေါင်းကိုဖြေးညှင်းစွာခါယမ်းကာ

“ ငါ့တပည့်တွေထဲမှာ မင်းတို့လောက် လူလည်ကျတာမတွေ့ဖူးသေးဘူး” လို့ရေရွတ်လိုက်ပါတော့တယ်။

အောင်မြတ်သာတို့ ကျွဲကူးရွာကလူနာတွေကို ကုသပေးပြီးတဲ့နောက်မှာတော့ မောင်ကောင်းနဲ့ ခွန်းလှတို့ကို အပြင်လောကမှာထားပြီး မဟာမြိုင်တောထဲကို ပြန်ဝင်သွားခဲ့ရတယ်။

အချုပ်အနှောင်ကနေလွတ်ပြီး မဟာမြိုင်တောထဲ

ရောက်လာတဲ့တန်ခိုးကြီးအောက်ဝိဇ္ဇာတစ်ပါးကို အောင်မြတ်သာတို့ ရင်ဆိုင်နိုင်ပါ့မလား၊ ဒီတိုက်ပွဲမှာ ဘယ်သူတွေပါလာကြမလဲဆိုတာကိုတော့ အောင်မြတ်သာနှင့်နတ်ဝိဇ္ဇာတိုက်ပွဲဆိုတဲ့ဝတ္တုမှာ ဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်

ဇေယန(ရာမည)

Zawgyi Version

“ေအာင္ျမတ္သာႏွင့္ေရအပင္း”(စ/ဆုံး)
————————————————–

မိုးကသည္းႀကီးမဲႀကီး ႐ြာေနတာမို႔ ႐ြာလယ္က ကင္းတဲေပၚမွာ ကာလသားအခ်ိဳ႕ စကားစျမည္ေျပာဆိုေနခဲ့ၾကတယ္။

“ ‌ဇင္ႀကီး… မင္း ေအာက္လမ္းတို႔ အထက္လမ္းတို႔ ရွိတယ္ဆိုတာယုံလား”

“ ငါကေတာ့မႀကဳံဖူးလို႔ သိပ္မယုံခ်င္ဘူး… ဒါေပမယ့္ ငါ့အေမကေတာ့ မ်က္စိစုံမွိတ္ၿပီးကို ယုံတာေနာ္”

“ ငါလဲမင္းလိုပဲ… ဒါေတြက တစ္ဖက္သားကို ေၾကာက္လန႔္ေအာင္ လုပ္ေနတာလို႔ပဲျမင္တယ္”

“ မင္းတို႔ေကာင္ေတြ အရည္မရအဖတ္မရ ‌ေလ်ာက္ေျပာမေနၾကနဲ႔၊ ေလာကမွာ ငါတို႔ အသိနဲ႔ တိုင္းတာလို႔မရတဲ့အရာေတြ အမ်ားႀကီးကြ၊ ပုပၸါးအရပ္မွာ အဘဘိုးမင္းေခါင္က ဆီမရွိတဲ့ ေမာ္ေတာ္ကားကိုေမာင္းျပတာကိုေရာ ၾကားဖူးလား”

“ မင္းဟာက ဟုတ္ပါ့မလား၊ ဆီမရွိပဲ ကားက ဘယ္လိုသြားမလဲ”

“ငါအခုေျပာေနတာက တကယ္ျဖစ္ခဲ့တာေနာ္၊ မင္းတို႔မယုံရင္ ပုပၸါးေရာက္တဲ့အခါ ေမးၾကည့္”

“ မင္းကြာ ဒီေလာက္တိုးတက္ေနတဲ့ေခတ္ႀကီးမွာ ဒီလိုအရာေတြကို လက္ခံတာ အံ့ဩတယ္”

“ ေက်ာ္ေဖ… မင္းမယုံတိုင္း မရွိဘူးလို႔ မေျပာရဘူးကြ”

“ ေျပာေတာ့ဘာျဖစ္လဲကြာ… တကယ္လုပ္ႏိုင္တယ္ ဆိုရင္ ငါ့ကိုလုပ္လို႔ေျပာလိုက္”

“ ငါက ဘယ္သူကိုေျပာရမွာလဲ… မင္းေျပာတဲ့ပုံက ငါကပဲ ေအာက္လမ္းပညာတတ္သလိုလိုနဲ႔”

“ ငါကအျဖစ္ကိုေျပာျပတာသူငယ္ခ်င္း… ေလာကမွာ ဘုရားတရားသံဃာကလြဲၿပီး ဘာမွမယုံဘူး”

ေက်ာ္ေဖစကားေၾကာင့္ ကင္းတဲေထာင့္မွာ ထိုင္ေနတဲ့ အဖိုးႀကီးတစ္ေယာက္က က်ိဳးေနတဲ့ သြားေတြေပၚေအာင္ ရယ္လိုက္ၿပီး မိုးေရထဲကို ဆင္းသြားခဲ့တယ္။

“ ဒီအဖိုးႀကီး မိုးဒီေလာက္ႀကီးေနတာကို ဘယ္သြားမလို႔လဲမသိပါဘူး”

“ မင္း အဲဒီလူကိုသိလို႔လား၊ အရင္က ႐ြာမွာမျမင္ဖူးပါဘူး”

“ ငါလဲမေန႔ကမွသိတာ… ဒီလူက စိတ္မႏွံ႔လို႔ ေလ်ာက္သြားေနတာမ်ားလား”

“ သူ႔ပုံစံၾကည့္ရတာ ေအးေအးပါပဲ၊ ေျခသလုံး အိမ္တိုင္သမားလဲျဖစ္ခ်င္ျဖစ္မွာေပါ့”

“ သူမ်ားကိစၥ စိတ္မဝင္စားေနနဲ႔၊ ခဏေန မိုးတိတ္တာနဲ႔ လယ္ထဲဆင္းဖို႔ျပင္ဦး”

ေက်ာ္ေဖစကားေၾကာင့္ ‌ေမာင္ထြန္းဘာမွဆက္မေျပာေတာ့ပဲ ဝါးခေမာက္ကို ေဆာင္းကာ မိုးအတိတ္ကို ေစာင့္ေနခဲ့လိုက္တယ္။

++++++

ကြၽဲကူး႐ြာတစ္႐ြာလုံးက လယ္ယာလုပ္ငန္းနဲ႔ အသက္ေမြးၾကသလို ႐ြာရွိလူမ်ားကလဲ ကိုယ္ပိုင္လယ္မ်ားပိုင္ဆိုင္ၾကသျဖင့္ အတန္သင့္ ႂကြယ္ဝခ်မ္းသာတဲ့႐ြာတစ္႐ြာလို႔ဆိုရင္လဲ မမွားပါဘူး။ အခုလဲ သူ႔လယ္ကိုယ့္လယ္အၿပိဳင္ ထြန္ယက္ေနၾကရင္း အခ်င္းခ်င္းစေနာက္လိုက္ သီခ်င္းေအာ္ဆိုလိုက္လုပ္ေနတဲ့အခ်ိန္

“ ေမာင္ထြန္းတို႔ ေသာင္းစိန္တို႔ လာၾကဦး… ဒီမွာ ေက်ာ္ေဖ ဘာျဖစ္လဲမသိဘူး”

ဦးႀကီးျမရဲ႕ အသံေၾကာင့္ လယ္ထြန္ေနၾကတဲ့ ေမာင္ထြန္းတို႔ ‌ေက်ာ္ေဖလုပ္ေနတဲ့ လယ္ထဲကို ေျပးဆင္းသြားခဲ့တယ္။ ဟိုေရာက္ေတာ့ လယ္ကြင္းထဲမွာ လူးလိမ့္ေနတဲ့ ေက်ာ္ေဖကိုျမင္လိုက္ရတယ္။

“ ေက်ာ္ေဖ ဘာျဖစ္လို႔လဲ ဦးႀကီး”

“ ငါလဲမသိဘူး… လယ္ထြန္ေနရင္း ဗိုက္ေအာင့္တယ္ဆိုၿပီး အခုလို လူးလိမ့္ေနတာပဲ”

“ အူအ‌တက္ေပါက္တာမ်ားလား…ဒါဆို အခ်ိန္ဆြဲေနလို႔မျဖစ္ဘူး… ျမန္ျမန္ေဆး႐ုံေခၚသြားမွရမယ္”

ေမာင္ထြန္းတို႔လဲ လယ္ေဘးမွာအသင့္ရွိေနတဲ့ ႏြားလွည္းေပၚကို ေကာက္တင္ၿပီး တိုက္နယ္ေဆး႐ုံ ရွိတဲ့ဘက္ကို ထြက္လာခဲ့လိုက္တယ္။ လမ္းတစ္ေလ်ာက္မွာေတာ့ ေက်ာ္ေဖက ဗိုက္ကို လက္နဲ႔ႏွိပ္ရင္း လူးလိမ့္ကာ လိုက္ပါလာခဲ့တယ္။ ေဆး႐ုံအေရွ႕လဲေရာက္ေရာ ေက်ာ္ေဖက လူေကာင္းအတိုင္းျပန္ျဖစ္သြားတာေၾကာင့္ အကုန္အံ့အားသင့္ကုန္ၾကတယ္။

ေမာင္ထြန္းတို႔လဲ အခန႔္မသင့္လို႔ျဖစ္တာဆိုၿပီး ေဆး႐ုံထဲမဝင္ေတာ့ပဲ ျပန္ထြက္လာခဲ့ရာ ကြင္းအစပ္ကိုေရာက္ေတာ့ ‌ဗိုက္ကမခံမရပ္ႏိုင္ေအာင္ ျပန္ေအာင့္လာခဲ့တယ္။

ပါလာတဲ့သူေတြလဲ ေျခမကိုင္မိလက္မကိုင္မိနဲ႔ ျပာသလဲလဲျဖစ္ေနတဲ့အခ်ိန္

“ လူနာက ဘာျဖစ္တာလဲဗ်” ဆိုတဲ့အသံထြက္လာလို႔ လွည့္ၾကည့္လိုက္ရာ ဖ်င္ၾကမ္းအက်ႌဝတ္ထားတဲ့ လူသုံးေယာက္ကိုျမင္လိုက္ရတယ္။

“ ကြၽန္ေတာ္ သူငယ္ခ်င္း ဗိုက္ေအာင့္ေနလို႔ပါဗ်ာ”

“ လူနာက ပညာျပတာခံထားတာပဲ”

“ ဗ်ာ… ဘယ္လိုပညာျပတာခံရတာလဲ”

“ စကားထက္ အလုပ္နဲ႔သက္ေသျပပါ့မယ္၊ လူနာကို အရိပ္ရတဲ့ေနရာကိုေခၚသြားေပးပါ”

ေမာင္ထြန္းတို႔လဲ ေက်ာ္ေဖကိုေပြ႕ခ်ီၿပီး အရိပ္ရတဲ့ သစ္ပင္ေအာက္မွာ ေပးမွီထားလိုက္တယ္။

“ ကြၽန္ေတာ္သူငယ္ခ်င္းဘာျဖစ္တာလဲဆိုတာ ေျပာျပေပးပါဦး”

“ မေလာပါနဲ႔ .. ခဏေနသက္သာသြားမွာပါ”

တစ္ခါမွမျမင္ဖူးတဲ့ လူသုံးေယာက္က ေက်ာ္ေဖကို ဖိုခေနာက္ဆိုင္ဝိုင္းလိုက္ၿပီး ဦးေခါင္းေပၚကို လက္တင္ၿပီး တစ္ကိုယ္လုံးကို သပ္ခ်လိုက္ရာ

“ အား… ကြၽန္ေတာ္ ဗိုက္ထဲမွာ တစ္ခုခုေျပးေနတယ္”

ေက်ာ္ေဖက ေၾကာက္လန႔္တၾကားေျပာရင္း အက်ႌကိုဆြဲခြၽတ္လိုက္ရာ ဝမ္းဗိုက္မွာ ကြမ္းသီးလုံးခန႔္ရွိတဲ့ အလုံးတစ္လုံး ေ႐ႊ႕လ်ားေနတာျမင္လိုက္ရတယ္။

“ ဟာ… ဗိုက္ထဲမွာ ဘာအလုံးေရာက္ေနတာလဲ”

“ ထူးဆန္းလိုက္တာ…”

ပါလာတဲ့သူေတြ ပါးစပ္အေဟာင္းသားနဲ႔ ေျပာေနတဲ့အခ်ိန္ လူသုံးေယာက္ရဲ႕လက္ေတြက ေ႐ြ႕လ်ားေနတဲ့ အလုံးေပၚတင္လိုက္ၿပီး အေပၚကိုဆတ္ခနဲဆြဲတင္လိုက္ရာ ေက်ာ္ေဖ ပါးစပ္ထဲကေန အခြံခြၽတ္ထားတဲ့ ကြမ္းသီးတစ္လုံး အန္ထြက္လာခဲ့တယ္။

“ ေက်ာ္ေဖ… မင္း ကြမ္းသီးတစ္လုံးလုံး ၿမိဳခ်မိထားတာလား”

“ မဟုတ္ပါဘူး… ငါက ဘာလို႔ၿမိဳရမွာလဲ”

“ ဒါဆို ဒီကြမ္းသီးက ဘယ္လိုေၾကာင့္ မင္းဗိုက္ထဲကို ေရာက္ေနရတာလဲ”

“ ငါလဲမသိဘူး… ေမာင္ထြန္းရာ”

ကြမ္းသီးလုံးထြက္လာေတာ့ ေက်ာ္ေဖရဲ႕ ဗိုက္ေအာင့္ေဝဒနာလဲ ခ်က္ခ်င္းသက္သာ သြားခဲ့တယ္။

“ အခုသက္သာသြားၿပီလား”

“ သက္သာပါၿပီဆရာ၊ ဟိုေလ ကြမ္းသီးက ဘယ္လိုျဖစ္လို႔ ကြၽန္ေတာ္ဗိုက္ထဲေရာက္ေနတာလဲ”

“ တစ္ေယာက္ေယာက္က ပညာနဲ႔ထည့္သြားတာပဲ၊ ေသေစႏိုင္ေလာက္တဲ့အထိမဟုတ္ေပမယ့္ မွတ္သားေလာက္ေအာင္ဆုံးမသြားတဲ့သေဘာပါ”

“ ဆရာေျပာျပ‌တာေက်းဇူးတင္ပါတယ္၊ ဒီေကာင္က အဲလိုမ်ိဳးေတြအယုံအၾကည္မရွိဘူးဆိုၿပီ ေလက်ယ္ေနတာ အခုလိုထိတာ ေက်နပ္တယ္”

ေမာင္ထြန္းစကားေၾကာင့္ ေက်ာ္ေဖက မ်က္ႏွာငယ္ေလးနဲ႔ ၾကည့္ၿပီး

“ ကြၽန္ေတာ္က ဘုရားတရားလဲလုပ္ပါတယ္၊ ညတိုင္းလဲ ဘုရားရွိခိုးပုတီးစိပ္တယ္၊ ဒါကို ဘယ္လိုျဖစ္လို႔ခံရတာလဲဆိုတာ‌သိခ်င္တယ္”

“ ရတနာသုံးပါးကို ယုံၾကည္ကိုးကြယ္တာက အေကာင္းဆုံးလုပ္ေဆာင္ခ်က္ဆိုတာ မွန္ပါတယ္၊ ဒါေပမယ့္ သာမန္ပုထုဇ်ာဥ္ေတြအေနနဲ႔ အၿမဲတမ္း ဘုရားတရားသံဃာကို စိတ္ထဲမထားႏိုင္ဘူးေလ၊ ေလာဘေမာဟေဒါသဆိုတဲ့အရာေတြဝင္တဲ့အခ်ိန္ရွိမွာပဲ အခုလိုပညာရပ္ေတြက လူေတြစိတ္အားငယ္ေနခ်ိန္ ‌ေၾကာက္လန႔္ေနခ်ိန္ စိတ္ပ်ံ႕လႊင့္ေနခ်ိန္ေတြမွာသုံးၾကတာမ်ားတယ္”

“ ေတြ႕တယ္မဟုတ္လား ေက်ာ္ေဖ၊ ေအာက္လမ္းပညာမရွိဘူး မယုံရင္ ငါ့လာစမ္းဆိုၿပီး ေျပာဦးမလား”

“ ေမာင္ထြန္း… ငါ့ကိုဘယ္သူလုပ္တယ္ဆိုတာသိၿပီ”

“ နင့္ကိုဘယ္သူလုပ္တာလဲေျပာပါဦး”

“ မေန႔က ဇရပ္ေပၚကေန ဆင္းသြားတဲ့အဖိုးႀကီး လုပ္တာ၊ ငါတို႔ေျပာေနတဲ့အခ်ိန္ သူပဲ အနားမွာရွိတာေလ”

“ မင္းပါးစပ္က အဲလိုေခ်ာင္လို႔ သူမ်ားလုပ္တာခံရတာ၊ အဲဒီလူႀကီးက မင္းအသားကိုေတာင္ထိလို႔လား၊ မင္းက သူေကြၽးတာကိုစားလို႔လားကြ”

ေမာင္ထြန္းနဲ႔ ေက်ာ္ေဖတို႔ရဲ႕စကားေၾကာင့္ အနားမွာထိုင္ေနတဲ့ လူသုံးေယာက္ထဲက ေသ်ာင္ထုံးထုံးထားတဲ့လူက

သေဘာက်စြာရယ္လိုက္ၿပီး

“ အပင္းသြင္းတယ္ဆိုတာ အမ်ိဳးမ်ိဳးရွိတယ္၊ အခ်ိဳ႕ပညာသည္ေတြက အံႀကိတ္ၿပီးေတာ့ျဖစ္ေစ၊ ေျခေထာက္ေဆာင့္ၿပီးေတာ့ျဖစ္ေစ အပင္းသြင္းႏိုင္တယ္”

“ မင္း ယုံၿပီမဟုတ္လား.. ေနာက္ဆို စကားေျပာတာသတိထား”

ေမာင္ထြန္းက ေက်ာ္ေဖကိုလွမ္းေျပာၿပီးတာနဲ႔ ‌ေသ်ာင္တစ္ေစာင္းထုံးထားတဲ့ လူဘက္ကိုလွည့္ၿပီး

“ ဆရာတို႔က ဘယ္ကိုသြားၾကမွာလဲ”

“ ကြၽဲကူး႐ြာကိုသြားမလို႔ပါ…ၿပီးမွ အျခားကိုခရီးဆက္ဖို႔စဥ္းစားထားပါတယ္”

“ ကြၽဲကူး႐ြာဆိုတာ ကြၽန္ေတာ္တို႔႐ြာပဲေလ၊ အဆင္သင့္လိုက္တာဗ်ာ”

“ ဟုတ္လား… တိုက္တိုက္ဆိုင္ဆိုင္လာဆုံရတယ္လို႔ဗ်ာ”

“ ဆရာတို႔ ႐ြာေရာက္ရင္ က်ဳပ္အိမ္မွာပဲေန အိမ္မွာက က်ဳပ္တစ္ေယာက္ထဲရွိတာ”

“ အျခားမိသားစုဝင္ေတြေရာမေနၾကဘူးလား”

“ မိဘေတြကဆုံးသြားၿပီဗ်… ေမာင္ႏွမေတြကေတာ့ သူ႔အိမ္ေထာင္နဲ႔သူဆိုေတာ့ အိမ္ခြဲေနၾကတာေလ”

“ က်ဳပ္တို႔ေၾကာင့္ အလုပ္ပိုမွာစိုးလို႔ေမးတာပါ”

“ မပိုပါဘူးဗ်ာ… ဆရာတို႔ေရာက္ေတာ့ အေဖာ္ရတာေပါ့”

ေမာင္ထြန္းတို႔လဲ ခဏတြင္းခ်င္း ရင္းႏွီးသြားၾကၿပီး အခ်င္းခ်င္းမိတ္ဆက္ကာ ႐ြာကိုျပန္လာခဲ့ၾကတယ္။

႐ြာျပန္ေရာက္ေတာ့ ေမာင္ထြန္းက ႐ြာနီးခ်ဳပ္စပ္ေတြကိုလိုက္ျပမယ္ဆိုလို႔ ေအာင္ျမတ္သာတို႔ဆရာတပည့္ေတြ လိုက္ခဲ့ရျပန္တယ္။

ေအာင္ျမတ္သာတို႔လဲ ေမာင္ထြန္းလိုက္ျပတဲ့ေနရာ ေတြကိုလွည့္ပတ္ၾကည့္ရႈရင္း

ၿခဳံႏြယ္ပိတ္ေပါင္းေတြအထပ္ထပ္ရစ္ပတ္ေနၿပီး အနီေရာင္ပိတ္စေတြပတ္ထားတဲ့ ၿခံတစ္ၿခံေရွ႕ကို ေရာက္လာခဲ့တယ္။

“ ဒီေနရာကဘာလို႔ ႀကိဳးအနီစေတြပတ္ထားတာလဲ”

“ မေနရဲၾကတာဆရာ… ဒီေနရာက

က်ိန္စာသင့္ေနတာေလ”

“ ဘယ္လိုက်ိန္စာသင့္တာလဲေျပာပါဦး”

“ အဲဒီအေၾကာင္းေျပာရရင္ နည္းနည္းေတာ့ရွည္မယ္၊ ကြၽန္ေတာ္တို႔လမ္းေလ်ာက္ရင္းေျပာၾကတာေပါ့”

ေမာင္ထြန္းက ေရွ႕ကိုခပ္ေျဖးေျဖးေလ်ာက္သြားေနရင္း

“ အဲဒီေနရာကလယ္ပိုင္ရွင္သူေဌးႀကီးဦးဖိုးျမေနခဲ့ တဲ့အိမ္ေပါ့၊ သူ႔မွာက သားႏွစ္ေယာက္ရွိတယ္၊ သူ႔သားအႀကီးက မယ္သုန္ဆိုတဲ့ ေကာင္မေလး တစ္ေယာက္နဲ႔ ခ်စ္ႀကိဳက္ရာကေန ဇာတ္လမ္းစေတာ့တာပဲ”

“ ဘယ္လိုဇာတ္လမ္းစတာလဲေျပာပါဦး”

“ မယ္သုန္ဆိုတာက ကြၽဲကူး႐ြာရဲ႕ တစ္႐ြာေက်ာ္မွာေနတာ၊ သူ႔အေမက ဒီနယ္သားေတာ့မဟုတ္ဘူး၊ ခ်င္းျပည္နယ္ဘက္ကေနေျပာင္းလာၾကတာလို႔ေျပာၾကတယ္၊ မယ္သုန္ရဲ႕အဖြားက ခ်င္းျပည္နယ္ဘက္မွာ အရမ္းကိုအစြမ္းထက္တဲ့ ပညာသည္စုန္းမႀကီးအျဖစ္လူသိမ်ားတယ္၊ မယ္သုန္ အေမက ဒီနယ္သားနဲ႔ အိမ္ေထာင္က်ၿပီး မယ္သုန္ကိုေမြးတာ၊ မယ္သုန္အ႐ြယ္ေရာက္ေတာ့ ဦးဖိုးျမသားအႀကီးနဲ႔ အေၾကာင္းပါခဲ့တယ္။ ဦးဖိုးျမတို႔က သူ႔သားကိုမယ္သုန္နဲ႔ သေဘာမတူေပမယ့္ လုပ္ငန္းကိုဦးစီးေနတဲ့သူျဖစ္ေနတာေၾကာင့္ ဘာမွသိပ္မေျပာခဲ့ဘူး၊ တစ္ေန႔မွာေတာ့ မယ္သုန္ရဲ႕ အဖြားအေၾကာင္းသိသြားၿပီး စုန္းမ်ိဳးကို အိမ္ေပၚေခၚမတင္ႏိုင္ဘူးဘာညာနဲ႔ သားဖခ်င္း စကားမ်ားခဲ့ၾကတယ္၊ ဒီအထိ သူ႔သားက မယ္သုန္ဘက္မွာ ရွိေနတာေၾကာင့္ ေနာက္တစ္မ်ိဳးအေကာက္ႀကံၾကတယ္ေလ”

“ အေတာ္ကို ယုတ္မာတဲ့လူေတြပဲ”

“ ဟုတ္တယ္ဗ်… သူ႔သားျပန္လာမယ့္အခ်ိန္ မယ္သုန္အိမ္ထဲကို ေယာက်ၤားတစ္ေယာက္ပုန္းခိုင္းၿပီး အထင္လြဲေအာင္လုပ္တာ”

“ အဲဒီေတာ့ သူ႔သားက တကယ္ယုံတာပဲလား”

“ အစထဲက ေသြးထိုးထားေတာ့အခုလိုလဲျဖစ္ေရာ ဟုတ္လားမဟုတ္လားမစဥ္းစားႏိုင္ပဲ မယ္သုန္ကို ပစ္ပစ္ခါခါေျပာၿပီး ေမာင္းထုတ္လိုက္ၾကတယ္ေလ၊ အခ်ိဳ႕ေတြေျပာတာကေတာ့ မယ္သုန္က အဲဒီစိတ္နဲ႔ ေသၿပီး မကြၽတ္လြတ္ပဲ ရွိေနရွာတယ္တဲ့၊ သူေသေတာ့ သူ႔အဖြားက ဦးဖိုးျမတို႔တစ္အိမ္လုံးကို အေသဆိုးနဲ႔ေသေအာင္ျပဳစားပစ္ခဲ့တာ”

“ သူ႔အဖြားဆိုတာက ေစာနကေျပာတဲ့ပညာသည္လား”

“ ဟုတ္တယ္.. ဟုတ္တယ္..”

“ အခုေရာ မယ္သုန္ဆိုတဲ့ မိန္းကေလးက မကြၽတ္ေသးဘူးလား”

“ ကြၽန္ေတာ္အဖိုးေျပာတာကေတာ့ မယ္သုန္ေရာ သူ႔အဖြားေရာ ဆရာတစ္ေယာက္ေၾကာင့္ အကြၽတ္တရားရသြားၾကတယ္တဲ့”

ေမာင္ထြန္းစကားေၾကာင့္ ေမာင္ေကာင္းနဲ႔ ခြန္းလွတို႔ စိတ္ဝင္စားတဲ့မ်က္လုံးေတြနဲ႔ၾကည့္ၿပီး

“ ေတာ္ေသးတာေပါ့… အျမင္မွန္ရသြားခဲ့လို႔၊ မေကာင္းတာလုပ္တဲ့ေကာင္ေတြ ဒုကၡေရာက္တာေတာ့ ေက်နပ္လိုက္တာ”

“ မယ္သုန္က ေသၿပီးတဲ့ခ်ိန္မွာေတာင္ အေတာ္ေသာင္းက်န္းခဲ့ေသးတာ”

“ ဟင္… ဘယ္လိုေသာင္းက်န္းခဲ့တာလဲ”

“ သူ႔က ေယာက်ၤားေတြကိုမုန္းတဲ့စိတ္နဲ႔ေသတာ ဆိုေတာ့ သူေသတဲ့ေနရာကို လာတဲ့ေယာက်ၤားေတြ မွန္သမွ်ကို ႐ူးသြပ္ၿပီးေသေၾကေအာင္ ျပဳစားတာ၊ အဖိုးေမာင္ျဖဴဆို ကိုယ္ေတြ႕ႀကဳံရတာေနာ္ ဆရာတို႔ သိခ်င္ရင္ သူ႔‌ဆီေခၚသြားေပးမယ္”

“ သိခ်င္ေပမယ့္ အခုကေမွာင္ေတာ့မွာဆိုေတာ့ ေနာက္ႀကဳံမွသြားမယ္ေလ”

“ ဟုတ္ကဲ့ပါဗ်… ဒါျဖင့္ အိမ္ကိုပဲျပန္ၾကတာေပါ့”

ေမာင္ေကာင္းနဲ႔ ခြန္းလွတို႔ေရွ႕ကေန ထြက္သြားေတာ့ ေအာင္ျမတ္သာက အနီေရာင္ပိတ္စေတြ ခ်ည္ထားတဲ့ေျမေနရာကို ေနာက္ျပန္လွည့္ၾကည့္ၿပီး

“ မယ္သုန္ဆိုတာ စကၠေဒဝီရဲ႕နာမည္အရင္းကိုး” လို႔ေရ႐ြတ္ကာ ေမာင္ထြန္းတို႔ေနာက္ကို လိုက္လာခဲ့လိုက္တယ္။

(မယ္သုန္ေသဆုံးၿပီးေနာက္ပိုင္းျဖစ္ပ်က္ခဲ့တဲ့ အေၾကာင္းအရာေတြကိုေတာ့ ေအာင္ျမတ္သာႏွင့္စကၠေဒဝီဆိုတဲ့ဝတၱဳမွာ ဖတ္ရႈ ႏိုင္ပါတယ္)

++++++

ေနာက္တစ္ေန႔မနက္ ေအာင္ျမတ္သာတရားထိုင္ၿပီးတဲ့အခ်ိန္ ေမာင္ေကာင္းနဲ႔ ခြန္းလွကို မေတြ႕တာေၾကာင့္ အိမ္ေအာက္ကိုဆင္းလာခဲ့ရာ ၿခံတံခါးဝမွာ ငုတ္တုပ္ထိုင္ေနတဲ့ အသက္ခုႏွစ္ဆယ္အ႐ြယ္ အဖိုးအိုတစ္ေယာက္ကိုျမင္လိုက္ရတယ္။

အဖိုးအိုက ေအာင္ျမတ္သာကိုျမင္ေတာ့ အၾကည့္ကို ေအာက္ခ်လိုက္ၿပီး

“ ငါ့တူေတြ ဒီ႐ြာကိုဘာလာလုပ္တာလဲကြယ့္”

“ ဘာရယ္လို႔ေတာ့မဟုတ္ပါဘူး…လမ္းႀကဳံတာနဲ႔ ဝင္လာခဲ့တာပါ”

“ ဒါဆို ႐ြာကေန ျမန္ျမန္ျပန္ထြက္သြားလို႔ေျပာခ်င္တယ္”

“ ဘာျဖစ္လို႔ ကြၽန္ေတာ္တို႔ကို ေမာင္းထုတ္ေနတာလဲအဖိုး”

“ ဒီ႐ြာမွာ အႏၲရာယ္အေငြ႕အသက္ေတြရွိေနၿပီ၊ မၾကာခင္ တစ္႐ြာလုံး ဒုကၡေရာက္ၾကေတာ့မယ္၊ ငါ့တူတို႔က ဒီကိစၥနဲ႔မဆိုင္တာမို႔ အဖိုး သတိလာေပးတာပါ”

အဖိုးအိုစကားေၾကာင့္ ေအာင္ျမတ္သာက မ်က္ေမွာင္က်ဳံ႕ၿပီးစိုက္ၾကည့္လိုက္ရာ ခႏၶာကိုယ္ အႏွံ႔ကေန မီးခိုးေရာင္အခိုးေငြ႕ေတြ ထြက္ေပၚေနတာကိုျမင္လိုက္ရတယ္။

“ အဖိုးက ပညာသည္ပဲ…”

“ ငါ့တူက အဖိုးဘာလဲဆိုတာသိတယ္ေပါ့ေလ၊ အဖိုးကလဲ ငါ့တူဘာလဲဆိုတာသိတယ္ကြယ့္”

“ မေန႔က ေက်ာ္ေဖဆိုတဲ့ေကာင္ေလးကို ကြမ္းသီးအပင္းထည့္လိုက္တာ အဖိုးမဟုတ္လား”

“ ငါ့တူက သိပ္ကိုလူကဲခတ္ေတာ္တာပဲ၊ ဒီေကာင္ေလးက ပါးစပ္စည္းမရွိလို႔ နည္းနည္းပါးပါး ဆုံးမလိုက္႐ုံပါပဲ၊ လာမယ့္ လကြယ္ေန႔က်ရင္ေတာ့ ပိုၾကမ္းတဲ့ျဖစ္ရပ္ေတြ ျဖစ္လာလိမ့္မယ္၊ အဲဒီအခ်ိန္မွ ေရွာင္မယ္ဆိုရင္ ေနာက္က်သြားလိမ့္မယ္ေနာ္”

“ သတိေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္၊ ကြၽန္ေတာ္တို႔ကလဲ ဒီ႐ြာကေန သြားဖို႔အမိန႔္မက်ေသးတာမို႔ အဖိုးဖန္တီးမယ့္ ျဖစ္ရပ္‌နဲ႔ ရင္ဆိုင္ရေတာ့မွာေပါ့ဗ်ာ”

“ ဒါဆို အဖိုးသတိေပးၿပီးၿပီမို႔ သြားလိုက္ဦးမယ္၊ သတိထားေနၾကေနာ္”

အဖိုးအိုက မထီသလိုၿပဳံးၿပီး ႐ြာအျပင္ဘက္ကို ျပန္ထြက္သြားခဲ့လိုက္တယ္။ ထူးဆန္းတာက အဖိုးအိုလမ္းေလ်ာက္သြားလို႔ က်န္ခဲ့တဲ့ေျခရာေတြကေန အခိုးေငြ႕ေတြတေထာင္းေထာင္းထေနတာပဲ။

ေအာင္ျမတ္သာလဲ သူ႔ကိုေတာင္ စိန္ေခၚသြားတဲ့ အဖိုးအိုရဲ႕စကားအဆုံးမွာ အိမ္ေပၚျပန္တက္ၿပီး အင္းစမေတြကို စစ္ေဆးေနတဲ့အခ်ိန္ ေမာင္ထြန္းတို႔ ျပန္ေရာက္လာခဲ့တယ္။

“ ေမာင္ေကာင္း… မင္းတို႔ဘယ္သြားေနၾကတာလဲ”

“ အဖိုးျဖဴအိမ္ဘက္ေရာက္သြားတာပါဆရာ၊ ဘာခိုင္းဖို႔ရွိလို႔လဲ”

“ ခိုင္းစရာေတာ့မရွိပါဘူး… ေျပာစရာပဲရွိတာ၊ ေမာင္ထြန္းပါ ဒီနားလာထိုင္”

မ်က္ႏွာတည္တည္နဲ႔ေျပာလိုက္တဲ့ ေအာင္ျမတ္သာ စကားေၾကာင့္ ေမာင္ေကာင္းနဲ႔ ခြန္းလွတို႔ အခ်င္းခ်င္းၾကည့္လိုက္ၿပီး ေရွ႕မွာ ထိုင္ခ်လိုက္တယ္။

“ မၾကာခင္ ဒီ႐ြာမွာ ထူးဆန္းတဲ့ျဖစ္ရပ္ေတြ ေပၚေပါက္လာလိမ့္မယ္၊ မင္းတို႔ႏွစ္ေယာက္ေရာ ေမာင္ထြန္းေရာ အခုရက္ပိုင္း အေနအထိုင္ သတိထားၾကပါ”

“ ဘယ္လိုထူးဆန္းတဲ့ျဖစ္ရပ္လဲဆရာ”

“ ငါလဲေသခ်ာမသိဘူး… မနက္က အဖိုးအိုတစ္ေယာက္ ၿခံဝေရာက္လာၿပီး ငါ့ကိုစိန္ေခၚသြားတယ္၊ လကြယ္ေန႔က်ရင္ ဒီ႐ြာမွာ ထူးျခားတဲ့ျဖစ္ရပ္ေတြေပၚလာမယ္လို႔လဲေျပာသြားေသးတယ္”

ေအာင္ျမတ္သာစကားေၾကာင့္ ေမာင္ထြန္းက ခြက္ထိုးခြက္လန္ရယ္လိုက္ၿပီး

“ ဆရာကို အ႐ူးအဖိုးႀကီး လာေနာက္သြားၿပီထင္တယ္”

“ အ႐ူးအဖိုးႀကီး ဟုတ္လား”

“ ဟုတ္တယ္ေလ… ဆရာကိုလာေျပာတဲ့သူက တစ္ေခါင္းလုံးျဖဴေဖြးေနတဲ့အဖိုးႀကီးမဟုတ္လား”

“ အင္း… ဟုတ္တယ္၊ သူ႔ကိုသိေနတာလား”

“ သိတာေပါ့ဗ်… အဲဒီအဖိုးႀကီးက ႐ြာကို စေရာက္ထဲက သူေတာင္းတာမေပးရင္ အခုလိုပဲ ေျပာေနၾကဗ်၊ ဒါကိုဆရာက တကယ္ထင္ေနမိတယ္မဟုတ္လား”

“ ေမာင္ထြန္း အဖိုးအိုက မင္းတို႔ထင္ေနသလို ႐ူးေနတာမဟုတ္ဘူး၊ ေက်ာ္ေဖကို ပညာျပသြားတာလဲ အဲဒီအဖိုးႀကီးပဲ”

“ ေက်ာ္ေဖကိုပညာျပသြားတဲ့သူက တစ္ေယာက္၊ အခုဆရာေတြ႕တာက တစ္ေယာက္ပါ၊ သူေျပာတဲ့ စကားေတြကိုေတာင္ မွတ္မိေနေသးတယ္၊ ဘာတဲ့ လကြယ္ေန႔ေရာက္ရင္ နင္တို႔တစ္႐ြာလုံး ဒုကၡေရာက္ေတာ့မယ္၊ ဟုတ္တယ္မလားဆရာ”

ေမာင္ထြန္းစကားေၾကာင့္ ေအာင္ျမတ္သာ ဘာမွထပ္မေျပာေတာ့ပဲ အိမ္ေပၚကို ျပန္တက္လာခဲ့လိုက္တယ္။ အေပၚေရာက္ေတာ့ ေမာင္ေကာင္းနဲ႔ ခြန္းလွတို႔ကိုေခၚၿပီး

“ မင္းတို႔ ငါေျပာတာကို ေသခ်ာနားေထာင္၊ ခုနက ငါ့ဆီလာတဲ့အဖိုးအိုက ဒီ႐ြာကို ပ်က္စီးေအာင္ လုပ္လိမ့္မယ္၊ တစ္႐ြာလုံးသူ႔ကို သံသယမဝင္ေအာင္ အစထဲက ႀကိဳတင္ႀကံစည္ထားတာကြ”

“ ကြၽန္ေတာ္တို႔ဘာလုပ္ရမလဲ၊ ဆရာေျပာတဲ့အတိုင္း လုပ္မွာပါ”

“ ဒီအဖိုးႀကီးက အပင္းထည့္တဲ့ေနရာမွာ ဆရာတစ္ဆူပဲ၊ လူတစ္ေယာက္ကို မ်က္ေစာင္း တစ္ခ်က္ထိုး႐ုံနဲ႔အပင္းထည့္ႏိုင္တဲ့အစြမ္းရွိတယ္၊ အခုငါတို႔လုပ္ထားရမွာက ကိုယ့္ကိုကိုယ္ ကာကြယ္ထားဖို႔ပဲ၊ ဒါေၾကာင့္ ဘုရားရွိခိုးၿပီးတာနဲ႔ ကိုယ္လုံအင္းေတြေသာက္ထားၾက”

“ ဟုတ္ကဲ့ဆရာ… ကြၽန္ေတာ္တို႔လုပ္ထားပါ့မယ္၊ ဒါနဲ႔ ေမာင္ထြန္းကို ဘယ္လိုလုပ္ရမလဲ”

“ သူ႔ကိုေျပာလဲ ယုံမွာမဟုတ္လို႔ ေသာက္ေရအိုးထဲကိုသာ အင္းျပာထည့္ထားလိုက္”

ေအာင္ျမတ္သာစကားေၾကာင့္ ေမာင္ေကာင္းနဲ႔ ခြန္းလွလဲ ကိုယ္လုံအင္းကိုျပာခ်ၿပီး ေသာက္ေရအိုးထဲမွာ မသိမသာေလး ထည့္ထားလိုက္တယ္။

++++++++

လကြယ္ေန႔ညျဖစ္တဲ့အတြက္ ေအာင္ျမတ္သာတို႔ ဆရာတပည့္ေတြ အိမ္ေရွ႕ဝရန္တာမွာထိုင္ၿပီး ပတ္ဝန္းက်င္ကိုအကဲခတ္ေနၾကတယ္။ ညသန္းေခါင္အခ်ိန္ေရာက္တဲ့အထိ ဘာမွထူးျခားတာ မျပတဲ့အတြက္ ဆရာတပည့္ေတြ ဝရန္တာကေန ထၿပီးအိမ္ထဲျပန္ဝင္လာတဲ့အခ်ိန္ ေခါင္းရင္းႏွစ္အိမ္ေက်ာ္ကေန တေဝါ့ေဝါ့နဲ႔ ထိုးအန္တဲ့အသံေတြ ထြက္လာခဲ့တယ္။

ေမာင္ေကာင္းနဲ႔ ခြန္းလွတို႔က အန္တဲ့အသံၾကားတာနဲ႔ ေလွကားကေန ဆင္းၾကည့္ဖို႔အလုပ္ ေအာင္ျမတ္သာက ဂုတ္ကိုဆြဲထားၿပီး

“ မင္းတို႔ဘာသြားလုပ္မလို႔လဲ”

“ ဟိုမွာအန္ေနတာေလဆရာ… ဒါေၾကာင့္ သြားၾကည့္မလို႔”

“ ဟင္း… ငါ့ေကာင္ေတြက စိတ္အရမ္းေလာတာပဲ၊ အခုအန္တာက ကိုယ္ဝန္ေဆာင္မိန္းမအန္တဲ့ အသံပါ”

“ ဆရာက ဘယ္လိုလုပ္ၿပီး သိေနတာလဲ”

“ ညေနက ၿခံထဲမွာလမ္းေလ်ာက္ေနတဲ့အခ်ိန္ ေခါင္းရင္းႏွစ္အိမ္မွာ ကိုယ္ဝန္သည္အမ်ိဳးသမီးကို ျမင္လိုက္တယ္ေလ၊ ေနာက္တစ္ခ်က္က အပင္းထည့္ခံထားရတဲ့သူက ဘယ္ေတာ့မွမအန္ဘူး၊ ဆရာေတြရဲ႕အမိန႔္နဲ႔မွ အန္တယ္ဆိုတာေမ့ေနၿပီလား”

“ ဟီး ဟီး… ကြၽန္ေတာ္တို႔က ႐ုတ္တရက္ဆိုေတာ့ အေတြးလြန္သြားတာ”

“ ငါ့ကိုစိန္ေခၚသြားတဲ့လူက ဒီလိုအေသးအဖြဲမ်ိဳးကိုေတာ့လုပ္မွာမဟုတ္ဘူး၊ သူတစ္ခုခုေတာ့ႀကံေနမွာေသခ်ာတယ္”

“ သူ႔ကို ေခၚၿပီး စစ္လို႔မရဘူးလား”

“ သူျပဳစားထားတာမေတြ႕ပဲ ေခၚလို႔မရဘူးေလ၊ ဒါေၾကာင့္သူဘယ္လိုလုပ္မလဲဆိုတာပဲ

ေစာင့္ၾကည့္ရေတာ့မယ္”

ေအာင္ျမတ္သာတို႔လဲ စကားတစ္ေျပာေျပာနဲ႔ ေစာင့္ေနခဲ့ရာ အ႐ုဏ္တက္ခါနီးအခ်ိန္လဲေရာက္ေရာ တစ္႐ြာလုံးမွာရွိတဲ့အိမ္ေတြကေန ေအာ္ဟစ္ ညဥ္းညဴသံေတြထြက္ေပၚလာခဲ့တယ္။

“ ဆရာ… ေအာ္သံေတြက အိမ္တိုင္းလိုလို ထြက္ေနပါလား”

“ ဒီအဖိုးႀကီး တစ္႐ြာလုံးကို ဒုကၡေပးထားတာပဲ”

“ ခြန္းလွ ေမာင္ထြန္းကို သြားၾကည့္စမ္း”

ခြန္းလွလဲ အခန္းထဲမွာအိပ္ေနတဲ့ ေမာင္ထြန္းကို ဝင္ၾကည့္လိုက္ရာ မဲညစ္ညစ္အရည္ေတြ ထိုးအန္ေနတာျမင္လိုက္ရတယ္။

“ ေမာင္ထြန္း… မင္းသက္သာရဲ႕လား”

“ အိပ္ေနရင္း အန္ခ်င္သလိုျဖစ္လာလို႔… ထိုးအန္ေနတာ၊ ကြၽန္ေတာ္ဘာျဖစ္သြားတာလဲ”

“ မင္းတစ္ေယာက္ထဲျဖစ္တာမဟုတ္ဘူး၊ တစ္႐ြာလုံးအပင္းမိေနတာကြ၊ အခုငါေျပာတာ ယုံၿပီမဟုတ္လား”

“ ကြၽန္ေတာ္သူမ်ားေကြၽးတာလဲမစားပဲ ဘယ္လိုေၾကာင့္အပင္းမိရတာလဲ”

“ တစ္႐ြာလုံးအပင္းမိတယ္ဆိုထဲက အပင္းထည့္ထားတဲ့အရာကို တစ္႐ြာလုံးသုံးေနၾကလို႔ေပါ့”

“ တစ္႐ြာလုံးသုံးတဲ့အရာက ေသာက္ေရတြင္းပဲရွိတာ၊ ဟိုလူက ေသာက္ေရတြင္းကို အသုံးခ်ခဲ့တာေပါ့”

“ မင္းေတာင္ ငါတို႔ေၾကာင့္ သက္သာသြားတယ္မွတ္၊ ေမာင္ေကာင္း ေသာက္ေရအိုးကိုၾကည့္လိုက္ ဘာေတြျဖစ္ေနလဲဆိုတာသိရလိမ့္မယ္”

ေအာင္ျမတ္သာစကားေၾကာင့္ ေမာင္ေကာင္းလဲ ေသာက္ေရအိုးကို ဖြင့္ၾကည့္လိုက္ရာ အနံ႔ဆိုးဝါးတဲ့ မိလႅာေရေတြျဖစ္ေနတာျမင္လိုက္ရတယ္။

“ ဆရာတို႔ေရာ ဘာမွမျဖစ္ဘူးလား”

“ မျဖစ္ဆို ငါတို႔က မင္းတို႔႐ြာေရာက္ထဲက ဘာတစ္ခုမွ စားေသာက္တာမရွိေသးဘူးေလ”

ေမာင္ထြန္းက ေအာင္ျမတ္သာတို႔ကို အံ့ဩတဲ့မ်က္လုံးနဲ႔ၾကည့္လိုက္ၿပီး

“ ဒါေၾကာင့္ ကြၽန္ေတာ္ဘာေကြၽးေကြၽးမစားၾကတာကိုး၊ ဟိုေလ ဒီႏွစ္ရက္အတြင္း ဘာမွမစားပဲ ဘယ္လိုေနၾကတာလဲ”

“ ‌ငါတို႔က မင္းထင္သလို မစားမေသာက္တာ မဟုတ္ပါဘူး၊ လြယ္အိတ္ထဲမွာ လိုအပ္တဲ့ပစၥည္း အကုန္ပါပါတယ္ကြ၊ ဒီမွာၾကည့္”

ေမာင္ေကာင္းက လြယ္အိတ္ထဲကေန တစ္ထြာသာသာရွိတဲ့ ဘူးသီးေျခာက္ေရဘူးနဲ႔ ငွက္ေပ်ာသီးႏွစ္လုံးကိုထုတ္ျပလိုက္တယ္။

“ ဟုတ္ပါၿပီ… ခင္‌ဗ်ားငွက္ေပ်ာသီးနဲ႔ေရဘူးကို ျပန္ထည့္ထားလိုက္စမ္းပါ၊ အခုေလာေလာဆယ္ ႐ြာကလူေတြကို ဘယ္လိုလုပ္ၾကမလဲ”

“ ဘယ္လိုလုပ္ရမလဲဆိုေတာ့ ငါတို႔နဲ႔အတူ မင္းပါလိုက္ကုရမယ္”

“ မဟုတ္တာဗ်ာ… ကြၽန္ေတာ္က မကုတတ္ဘူးေလ”

“ ငါတို႔ေျပာသလို လိုက္ေျပာလို႔ေတာ့တတ္တယ္မဟုတ္လား”

“ ေရွ႕ကေျပာရင္ ေနာက္ကေနေတာ့ လိုက္ေျပာတတ္ပါတယ္”

“ ဒါဆို မင္းကိုယ္ထဲမွာ အပင္းေတြက်န္ေသးလား စစ္ၾကည့္လိုက္ဦးမယ္”

ေအာင္ျမတ္သာက ေမာင္ထြန္းကို ဘုရားေက်ာင္းေဆာင္ေရွ႕ထိုင္ေစၿပီး ခႏၶာကိုယ္အႏွံ႔ကိုစစ္ခ်လိုက္ရာ အပင္းအႂကြင္းအက်န္အခ်ိဳ႕ အန္ထြက္လာခဲ့တယ္။

“ ဒီေလာက္ဆို မင္းကိုယ္ထဲရွင္းသြားေလာက္ၿပီ၊ အခုငါးပါးသီလခံေပေတာ့”

ေမာင္ထြန္းလဲ ငါးပါးသီလခံယူၿပီးေတာ့ ေအာင္ျမတ္သာက ညာလက္ဝါးနဲ႔ ေမာင္ထြန္းလက္ကို ႐ိုက္ခ်လိုက္ၿပီး

“ စေနသားေမာင္ထြန္းအား ကြၽႏ္ုပ္၏ ပညာအခ်ိဳ႕ကို လက္ဝါး႐ိုက္ၿပီးလႊဲေျပာင္းေပးထားတာေၾကာင့္ ေမာင္ထြန္း၏အမိန႔္အာဏာသည္ ကြၽႏ္ုပ္၏ အမိန႔္အာဏာႏွင့္ ထပ္တူက်ပါေစသား” လို႔ေရ႐ြတ္ကာ ပညာအပ္ႏွင္းခဲ့တယ္။

“ ေမာင္ထြန္း… ဒီ႐ြာမွာ အရင္က ဘာျပႆနာ ႀကီးႀကီးမားမားျဖစ္ခဲ့ဖူးလဲ”

“ ကြၽန္ေတာ္သိသေလာက္ေတာ့ ဘာမွမျဖစ္ပါဘူး”

“ မင္းကိုေမးလဲသိမွာမဟုတ္ပါဘူး… ငါတို႔ကို အဖိုးျဖဴအိမ္လိုက္ျပေပး”

ေအာင္ျမတ္သာစကားေၾကာင့္ ေမာင္ထြန္းလဲအဖိုးျဖဴအိမ္ရွိရာေခၚေဆာင္လာခဲ့တယ္။ အိမ္ေရွ႕ေရာက္ေတာ့ အထဲကေန စုတ္တသတ္သတ္နဲ႔ညဥ္းညဴေနတဲ့အသံေၾကာင့္ အေပၚတက္ၾကည့္လိုက္ရာ ဗိုက္ကိုလက္နဲ႔ဖိၿပီး လူးလိမ့္ေနတဲ့အဖိုးျဖဴကိုျမင္လိုက္ရတယ္။

“ ေမာင္ေကာင္ အဖိုးျဖဴကိုထူလိုက္”

အဖိုးျဖဴကိုထူၿပီးခ်ိန္မွာေတာ့ ေအာင္ျမတ္သာက ေက်ာကုန္းအေနာက္ကေန လက္နဲ႔သပ္ခ်လိုက္ရာ အလြန္ကိုနံေဟာင္တဲ့အရည္ေတြက ဝမ္းအေနနဲ႔ ထြက္က်လာခဲ့တယ္။

“ အဖိုးျဖဴ ေနရတာသက္သာရဲ႕လား”

“ အရင္ကထက္ေတာ့ သက္သာပါတယ္၊ အိမ္ထဲမွာလဲ အဖိုးသမီးက်န္ေနေသးတယ္၊ သူ႔ကိုလဲ ၾကည့္ေပးပါဦး”

အဖိုးျဖဴစကားေၾကာင့္ ေအာင္ျမတ္သာတို႔လဲ အိမ္ထဲဝင္ၾကည့္လိုက္ရာ ေခြၽးေစးေတြျပန္ၿပီး ရႈံ႕မဲ့ေနတဲ့မ်က္ႏွာထားနဲ႔ လဲက်ေနတဲ့ အသက္ေျခာက္တယ္အ႐ြယ္ မိန္းမတစ္ေယာက္ကိုျမင္လိုက္ရတယ္။

“ ေဒၚေလး သက္သာရဲ႕လား”

“ ဟအင္း.. ဗိုက္ထဲမွာ အေကာင္ေတြလႈပ္ရွားေနသလိုခံစားေနရတယ္၊ အား.. ကြၽတ္ ကြၽတ္”

“ အဖိုးျဖဴကိုေရာ သူ႔သမီးကိုပါ အေရွ႕ေခၚလာလိုက္”

အိမ္ခန္းအျပင္ကေန လွမ္းေျပာလိုက္တာေၾကာင့္ ေမာင္ေကာင္းတို႔လဲ အဖိုးျဖဴသမီးကိုတြဲေခၚလာခဲ့လိုက္တယ္။

ဘုရားေက်ာင္းေဆာင္ေရွ႕ေရာက္ေတာ့ အဖိုးျဖဴနဲ႔ သမီးျဖစ္သူတို႔ရဲ႕အသက္ကိုခ်ဳပ္ၿပီး ျပဳစားထားတဲ့သူကို ဆင့္ေခၚလိုက္တယ္။ ဒါေပမယ့္ ဘယ္လိုေခၚေခၚ စြဲရင္းကဝင္မလာတဲ့အတြက္ မ်က္စိမွိတ္ၿပီးအာ႐ုံခံၾကည့္လိုက္ရာ အသက္သုံးဆယ္အ႐ြယ္ေယာက်ၤားတစ္ေယာက္ရဲ႕ ပုံရိပ္ေပၚလာခဲ့တယ္။

“ သူက ဘယ္လိုေပၚလာတာလဲ၊ တစ္႐ြာလုံးကို အပင္းထည့္တဲ့အဖိုးႀကီးကဘာလို႔မေပၚတာလဲ”

အေတြးစေတြက ေအာင္ျမတ္သာ ေခါင္းထဲမွာ ရႈပ္ေထြးသြားခဲ့တယ္။ အဲဒီအခ်ိန္ အဖိုးျဖဴရဲ႕ သမီးျဖစ္သူပါးစပ္ထဲကေန ဝါေဖ်ာ့ေဖ်ာ့အရည္ေတြ ေဝါခနဲအန္ထြက္လာခဲ့တာကိုျမင္လိုက္ရတယ္။

“ အေဖ … သမီးေၾကာင့္ တစ္႐ြာလုံး ဒုကၡေရာက္ေနၾကၿပီထင္တယ္”

“ သမီးေၾကာင့္မဟုတ္ပါဘူး… ဧည့္သည္ေတြေရွ႕မွာ ဘာလို႔ေပါက္ကရေတြေျပာေနတာလဲ အား ကြၽတ္ ကြၽတ္”

“ အဖိုးျဖဴ … ကြၽန္ေတာ္ကိုအမွန္တိုင္းေျပာ၊ ခုနက ေဒၚေလးေျပာတာဘာအဓိပၸါယ္လဲ”

“ ဘာမွမဟုတ္ပါဘူးဆရာေလးရယ္၊ သူက‌ ပါးစပ္ထဲထြက္ရာေလ်ာက္ေျပာေနတာ”

“ အဖိုးျဖဴ လိမ္ေနရင္ ႐ြာမွာရွိတဲ့သူေတြအျပင္ ေဒၚေလးပါေသလိမ့္မယ္”

“ အမွန္တိုင္းေျပာပါ့မယ္ … အေဖမေျပာလဲ ေဒၚေလးေျပာပါ့မယ္”

“ သမီး…”

“ တကယ္ေတာ့ တစ္႐ြာလုံးကို အခုလိုျဖစ္ေအာင္ လုပ္ထားတာ ေဒၚေလးရဲ႕အမ်ိဳးသားပါ၊ ေဒၚေလးက ၿမိဳ႕ေပၚမွာ ေက်ာင္းေနရင္း သူနဲ႔ဖူးစာဆုံခဲ့တယ္၊ သူကေဒၚေလးထက္ ဆယ္ႏွစ္ႀကီးတဲ့အျပင္ တစ္‌ေန႔တစ္ေန႔ အင္းအိုင္အစီအရင္ေတြနဲ႔ပဲအခ်ိန္ ကုန္ေနေတာ့ အိမ္ေထာင္ေရးက ဘယ္လိုမွအဆင္မေျပခဲ့ဘူး၊ အေဖကေတာ့ ေဒၚေလးအိမ္ေထာင္က်တာကိုမသိပဲ ေက်ာင္းတက္ေနတယ္လို႔ပဲထင္ေနခဲ့တာ၊ အစကေတာ့ အခ်စ္တစ္ခုထဲနဲ႔ ဘဝကျပည့္စုံမယ္ထင္ၿပီးေ႐ြးခဲ့ေပမယ့္၊ ျပည့္စုံမႈမရွိရင္ အခ်စ္ဆိုတဲ့အရာက ခဏတာပဲဆိုတာသိလာရတယ္၊ တစ္ရက္သူနဲ႔စကားမ်ားၿပီး ႐ြာျပန္လာခဲ့ေတာ့ သူက႐ြာထိလိုက္လာခဲ့တယ္။ အဲဒီအခ်ိန္ ေဒၚေလးက သူ႔ကိုစိတ္ဆိုးေနတာမို႔ ျပန္မလိုက္ဘူးလို႔ျငင္းခဲ့တယ္၊ သူကလဲ အတင္းေခၚရာကေန အေဖနဲ႔ ထိုးႀကိတ္တဲ့အထိျဖစ္သြားခဲ့တယ္၊ ႐ြာကလူေတြကလဲ အေဖထိေတာ့ သူ႔ကို ဝိုင္း႐ိုက္ခဲ့ၾကတယ္ေလ၊ သူက ဒါကို ေတးထားၿပီး ေဒၚေလးကိုေရာ သူ႔ကို႐ိုက္ခဲ့တဲ့သူေတြကိုပါ သတ္ပစ္မယ္ဆိုၿပီးႀကိမ္းဝါးခဲ့တာ၊ဒီလိုနဲ႔ ႏွစ္ေပါင္း၄၀ေလာက္ၾကာတဲ့အထိ သူနဲ႔အဆက္အသြယ္မရခဲ့ဘူး၊ လြန္ခဲ့တဲ့ တစ္လေလာက္မွာေတာ့ သူကအိမ္ေရွ႕ကိုျပန္ေရာက္လာခဲ့တယ္။ သူ႔႐ုပ္ကအေတာ္ကိုေျပာင္းလဲသြားတာမို႔ ေဒၚေလး လုံးဝမမွတ္မိဘူး၊ သူက ေဒၚေလးကိုျမင္ေတာ့ နာက်ဥ္းတဲ့မ်က္လုံးနဲ႔ၾကည့္ၿပီး အေဖေရာ ေဒၚေလးေရာ ႐ြာမွာရွိတဲ့သူေတြေရာ တစ္ေျဖးေျဖးခ်င္းေဝဒနာခံစားရေအာင္ လုပ္ပစ္မယ္ဆိုၿပီးေျပာခဲ့တယ္၊ သူျပန္ထြက္သြားတဲ့ ညမွာပဲ ေဒၚေလး အခုလိုစျဖစ္ခဲ့တာ”

“ အၿငိဳးအေတးအေတာ္ႀကီးတဲ့သူပဲ၊ အခုလိုမ်ိဳး ေရေတြအန္ေနတာ တစ္လေလာက္ရွိၿပီေပါ့”

“ ဟုတ္တယ္လူေလး… ေဒၚေလးလဲ အေဖကိုေတာင္မေျပာပဲ ႀကိတ္ခံေနခဲ့တာ၊ အခု တစ္႐ြာလုံး ျဖစ္ေနတယ္ဆိုၿပီးသိလို႔ သူေျပာခဲ့တာေတြကအမွန္ပါလားဆိုတာ ေတြးမိလာတယ္၊ ဒါေၾကာင့္ အျဖစ္မွန္ကိုေျပာျပဖို႔ ဆုံးျဖတ္လိုက္တာပဲ”

“ အခုလိုသိရေတာ့ ဘာလုပ္ရမယ္ဆိုတာ စဥ္းစားလို႔ရသြားတာေပါ့၊ လက္စသတ္ေတာ့ ပညာအရင္းခံက ေဒၚေလးဆီမွာ ေရာက္ေနတာကိုး”

“ ေမာင္ေကာင္း… မင္းရယ္ ခြန္းလွရယ္ ေမာင္ထြန္းရယ္က ႐ြာထဲကလူနာေတြကို လိုက္ကုေပေတာ့၊ ငါက ဒီမွာေနခဲ့လိုက္မယ္”

ေမာင္ေကာင္းတို႔ ထြက္သြားေတာ့ ေအာင္ျမတ္သာက အဖိုးျဖဴနဲ႔ သမီးျဖစ္သူကို ေစ့ေစ့ၾကည့္ၿပီး ေဒၚေလးက ဘာေန႔သမီးလဲ

“ ေသာၾကာသမီးပါလူေလး”

“ ေသာၾကာသမီးကို ဦးတည္၍ျပဳစားထားတဲ့သူအား

ဘုရားငါးဆူတို႔၏အမိန႔္၊အထက္ဆရာႀကီးမ်ား၏အမိန႔္၊ ငါ၏အမိန႔္နဲ႔ဆင့္ေခၚ လိုက္သည္၊ ပုန္းကြယ္ျခင္း၊ လွည့္ဖ်ားျခင္းမရွိေစရ၊ ခ်က္ခ်င္းေရာက္ေစ” လို႔အမိန႔္ေပးလိုက္ရာ ေဒၚေလးရဲ႕ ခႏၶာကိုယ္က တဆတ္ဆတ္တုန္လာၿပီး မ်က္ႏွာနဲ႔အသံကလဲ ေယာက်ၤားပုံစံ

အျဖစ္ေျပာင္းလာခဲ့တယ္။

“ အခုေရာက္လာတာဘယ္သူလဲ”

“ ငါကမင္းေမးတိုင္းေျဖရမွာလားကြ ဟမ္… ငါဘာေကာင္လဲဆိုတာေရာသိလား”

“ ခင္ဗ်ားဘာေကာင္ပဲျဖစ္ျဖစ္ က်ဳပ္မသိခ်င္ဘူး၊ အခု ေသာၾကာသမီးအပါအဝင္ ကြၽဲကူး႐ြာကလူေတြကို ခင္ဗ်ားျပဳစားထားတာလား”

“ တစ္႐ြာလုံးကို သတ္ဖို႔ႏွစ္ေပါင္း ၄၀တိတိႀကိဳးစားလာခဲ့တာ၊အခုငါ့အခ်ိန္ေရာက္ၿပီ”

“ ခင္ဗ်ားအဆင့္က ဘာလဲ၊ စုန္းလား ကေဝလား”

“ ဟက္ဟက္ဟက္… နင္က ေယာဂီေရာင္ဝတ္တဲ့သူမဟုတ္လား၊ ငါလဲ နင့္လိုပဲ ေယာဂီေရာင္ဝတ္တဲ့ေအာက္လမ္းဝိဇၨာပဲကြ”

“ ဒီလိုအဆင့္ရေအာင္ ႀကိဳးစားခဲ့ၿပီးမွ လူသတ္ဦးမလို႔လား”

“ နင္ငါ့ကို တရားမခ်နဲ႔…ေအာင္ျမတ္သာ”

“ သင္က က်ဳပ္နာမည္ကိုေတာင္သိေနတာကိုး”

“ နင့္ကိုယ္နင္ အၾကားအျမင္ရတယ္ဆိုၿပီး ေသြးမထင္မေရာက္ေနနဲ႔၊ ငါလဲ အၾကားအျမင္ရၿပီးသားကြ”

“ ခင္ဗ်ား ေနာင္ပြင့္တဲ့ဘုရားကို မဖူးေျမႇာ္ခ်င္ဘူးလား၊ အခုခ်ိန္ေနာက္ဆုတ္ရင္ အခ်ိန္မွီေသးတယ္ေနာ္”

“ ထြီ….”

ဝင္ပူးေနတဲ့သူက တံေတြးနဲ႔ ေထြးလိုက္တဲ့အခ်ိန္ ေအာင္ျမတ္သာက လက္နဲ႔ကာလိုက္ရာ ဝုန္းဆို အေနာက္ကို လန္က်သြားခဲ့တယ္။

“ ေတာက္စ္….”

ဝင္ပူးေနတဲ့သူက မ်က္စိတစ္ဖက္ကိုလက္နဲ႔ပိတ္ၿပီး ကုန္း႐ုန္းျပန္ထလာခဲ့တယ္။

“ ပညာတစ္ဝက္ပ်က္သြားသလို မ်က္စိတစ္ဖက္လဲ ကန္းသြားၿပီမဟုတ္လား၊ ဒါေတာင္ မာန္မေလ်ာ့ႏိုင္ေသးဘူးလား”

“ မေလ်ာ့ဘူးေဟ့…ဘယ္ေတာ့မွမေလ်ာ့ဘူး”

ေအာင္ျမတ္သာလဲ ဝင္ပူးေနတဲ့သူကို အတန္ၾကာတဲ့ထိ တရားခ်ေနခဲ့ေပမယ့္ ဘယ္လိုမွမရပဲ ပညာနဲ႔ျပန္တိုက္ေနခဲ့တာေၾကာင့္ ပညာသိမ္းစမတစ္႐ြက္ကိုထုတ္ၿပီး အေရွ႕မွာ ခ်ေပးလိုက္တယ္။

ဝင္ပူးေနတဲ့သူက ပညာသိမ္းစမကို လက္နဲ႔ပုတ္ထုတ္လိုက္တဲ့အခ်ိန္ လွ်ပ္စစ္တြန္းကန္အားနဲ႔ထိသလို အေနာက္ကို ႏွစ္ပတ္ေလာက္လိမ့္သြားၿပီး လုံးတျပန္ထမလာေတာ့ေပ။

“ ဆရာ .. ဆရာ သူ ဘာျဖစ္သြားတာလဲ”

“ ပညာမစြန႔္ပဲ အေသခံသြားတာ… အေတာ္ကိုေခါင္းမာတဲ့ပညာသည္ပဲ”

ေအာင္ျမတ္သာကစုတ္တသတ္သတ္နဲ႔ ညဥ္းညဴရင္း လဲက်ေနတဲ့သူကို လက္နဲ႔သပ္ခ်လိုက္ရာ ခႏၶာကိုယ္တြင္းက်န္ေနတဲ့ အပင္းေတြက ေရေတြနဲ႔အတူ အန္ထြက္လာခဲ့တယ္။ အလားတူအဖိုးျဖဴရဲ႕ကိုယ္ထဲမွာရွိေနတဲ့ အပင္းေတြလဲ အျပင္ကိုအန္ထြက္လာခဲ့တယ္။

အပင္းေတြအားလုံးကုန္စင္ေအာင္ထုတ္ေပးၿပီးတဲ့ အခ်ိန္မွာေတာ့ အဖိုးျဖဴက

“ အဘိုးဘဝမွာ ဒီလိုမ်ိဳး ဒုတိယအႀကိမ္ႀကဳံဖူးတာပဲ”

“ ပထမအႀကိမ္ႀကဳံဖူးခဲ့ေသးတာလားအဖိုး”

“ ဟုတ္တယ္ လူေလး… အဖိုးတို႔ကေလးအ႐ြယ္တုန္းက မယ္သုန္ရဲ႕ အဖြားျဖစ္သူလက္ခ်က္နဲ႔ ဦးစံျမတို႔ မိသားစုေတြ ေသခဲ့တာျမင္ဖူးတယ္၊ သူတို႔အလွည့္က်ေတာ့ အခုလိုကယ္မယ့္သူမေပၚလာဘူး”

“ ေနာက္ေတာ့ေရာ မယ္သုန္ရဲ႕အဖြားက ဘယ္ေရာက္သြားလဲ”

“ မယ္သုန္အဖြားက ဆယ္ႏွစ္ႀကိဳးကေဝမႀကီးေလ၊ သူ႔အသက္က ရာနဲ႔ခ်ီၿပီးဆြဲဆန႔္ရတယ္လို႔ ရေသ့ေလးေျပာတာၾကားဖူးတယ္”

“ ရေသ့ေလးဆိုတာက ဘယ္သူမ်ားလဲ”

“ ရေသ့ေလးဆိုတာ မယ္သုန္ရဲ႕ မာယာ‌ေၾကာင့္ လူထြက္လုဆဲဆဲျဖစ္သြားခါနီးမွ အျမင္မွန္ရသြားတဲ့သူေလ၊ အဲဒီအခ်ိန္ အဖိုးတို႔ကငယ္ေသးေပမယ့္ ရေသ့ေလးကိုေတာ့ မွတ္မိေနေသးတယ္”

“ ႏွစ္ကာလေတြေတာင္ အေတာ္ၾကာခဲ့ၿပီပဲ”

ေအာင္ျမတ္သာက အေရွ႕ေျမာက္ဘက္ကိုေငးၾကည့္ရင္း တီးတိုးေရ႐ြတ္လိုက္အခ်ိန္ မယ္သုန္(ေခၚ)စကၠေဒဝီနဲ႔ ရင္ဆိုင္ခဲ့ရတဲ့ ပုံရိပ္အခ်ိဳ႕ျပန္ေပၚလာခဲ့တယ္။

အဲဒီအခ်ိန္

“ ဆရာ… ဆရာ”

“ ေမာင္ေကာင္းတို႔ပါလား… မင္းတို႔ကုတာၿပီးၿပီလား”

“ မၿပီးေသးဘူးဆရာ…”

“ မၿပီးေသးပဲ ဘာလို႔ထြက္လာတာလဲ”

“ ဆရာကိုျပစရာရွိလို႔ပါ…”

ေအာင္ျမတ္သာလဲ ေမာင္ေကာင္းတို႔ေခၚတဲ့ေနာက္ကို လိုက္သြားခဲ့ရာ ႐ြာလယ္က ကင္းတဲေပၚမွာ တင္ပလႅင္ေခြထိုင္ၿပီး ကုသေနတဲ့ ေမာင္ထြန္းအျပင္အျခား လူဆယ္ေယာက္‌ခန႔္ကိုျမင္လိုက္ရတယ္။

“ သူတို႔က ဘယ္သူေတြတုန္း”

“ ႐ြာသားေတြေလဆရာ… ေမာင္ထြန္းကို ဆရာက လက္ဝါး႐ိုက္ၿပီးေဆးကုခိုင္းတာျမင္ေတာ့ ကြၽန္ေတာ္တို႔လဲ ‌ေရာဂါေပ်ာက္သြားတဲ့ သူေတြကို လက္ဝါးခ်င္း႐ိုက္ၿပီး ကုခိုင္းထားတာ”

ေမာင္ေကာင္းနဲ႔ ခြန္းလွတို႔ စကားေၾကာင့္ ေအာင္ျမတ္သာ ဘာမွမေျပာႏိုင္ေတာ့ပဲ ေခါင္းကိုေျဖးညႇင္းစြာခါယမ္းကာ

“ ငါ့တပည့္ေတြထဲမွာ မင္းတို႔ေလာက္ လူလည္က်တာမေတြ႕ဖူးေသးဘူး” လို႔ေရ႐ြတ္လိုက္ပါေတာ့တယ္။

ေအာင္ျမတ္သာတို႔ ကြၽဲကူး႐ြာကလူနာေတြကို ကုသေပးၿပီးတဲ့ေနာက္မွာေတာ့ ေမာင္ေကာင္းနဲ႔ ခြန္းလွတို႔ကို အျပင္ေလာကမွာထားၿပီး မဟာၿမိဳင္ေတာထဲကို ျပန္ဝင္သြားခဲ့ရတယ္။

အခ်ဳပ္အေႏွာင္ကေနလြတ္ၿပီး မဟာၿမိဳင္ေတာထဲ

ေရာက္လာတဲ့တန္ခိုးႀကီးေအာက္ဝိဇၨာတစ္ပါးကို ေအာင္ျမတ္သာတို႔ ရင္ဆိုင္ႏိုင္ပါ့မလား၊ ဒီတိုက္ပြဲမွာ ဘယ္သူေတြပါလာၾကမလဲဆိုတာကိုေတာ့ ေအာင္ျမတ္သာႏွင့္နတ္ဝိဇၨာတိုက္ပြဲဆိုတဲ့ဝတၱဳမွာ ဖတ္ရႈေပးၾကပါဦး။

ေလးစားစြာျဖင့္

ေဇယန(ရာမည)