“စုန်းထီးကြီးဦးဘသာနှင့် အလှည့်အပြောင်း”(စ/ဆုံး)

Unicode Version

“စုန်းထီးကြီးဦးဘသာနှင့် အလှည့်အပြောင်း”(စ/ဆုံး)
———————————————————————
အတွဲ(၅) စာစဉ်(၇)

(၁)

ကျုပ်နဲ့ဦးဘသာနဲ့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိတယ်ဗျ၊ ဒီအခါ ယောက်ျားတစ်ယောက်က အရှေ့တက်လာပြီးတော့

“ဟုတ်ပါတယ်ညီမလေးရာ၊ ညီမလေးစိတ်တိုင်းကျပဲအကုန်ဖြစ်စေရမယ်၊ အကိုတို့နဲ့ပြန်လိုက်ခဲ့ပါ”

ဦးဘသာက ခေါင်းကိုတဆတ်ဆတ်ခါတယ်ဗျ၊ နောက်တော့ ဒီလူအုပ်ကိုလက်ညှိုးညွှန်လိုက်ပြီးတော့ ပါးစပ်ကတစ်ခုခုကိုရွတ်လိုက်တယ်။ အဲဒီအခါလေစိမ်းတွေတိုက်လာပြီးတော့ ဖုန်တွေထလာတာပဲဗျာ၊ မိုးတွင်းကြီးဆိုတော့ မြေကြီးကခြောက်ခြောက်ကြီးဗျ၊ အဲဒီကနေဖုန်တွေထတာ မြင်မကောင်းဘူးဗျာ၊ ဖုန်တွေကနောက်တော့ ကျုပ်တို့တွေအကုန်လုံးကိုဖုံးလွှမ်းသွားတယ်ဗျ၊ မသိရင် သဲမုန်တိုင်းတိုက်သလိုလို၊ လေပွေတစ်ခုထဲရောက်သွားသလိုလိုပါပဲ၊ ဦးဘသာက ကျုပ်လက်ကိုဆွဲပြီးတော့ ဖုန်တွေကြားကနေတစ်ခါတည်းပြေးတော့တယ်၊ ပြေးရင်းနဲ့ကျုပ်တို့အရှေ့ကလူတွေကိုလည်း ဝင်တိုက်သွားကြတာပေါ့ဗျာ။

ဟိုလူအုပ်ကတော့ ဖုန်လုံးကြီးထဲကျန်နေခဲ့ကြတယ်ဗျ၊ ကျုပ်တို့ပြေးလွှားရင်း အဲဒီရွာကလေးထဲပဲ လှည့်ပတ်ပြေးနေမိတယ်၊ ဒီအချိန် ကျုပ်တို့အနောက်က စက်ဘီးဘဲလ်သံကြားရတယ်ဗျ၊ ကျုပ်လည်းလှည့်ကြည့်လိုက်တော့ ဆိုက်ကားတစ်စီးကမောင်းလာသဗျ။ အဲဒီဆိုက်ကားသမားက ခုနက ကျုပ်ကိုတင်နင်းလာတဲ့ ဆိုက်ကားသမားပဲဗျာ၊ ကျုပ်ကိုတွေ့တာနဲ့ ဆိုက်ကားဘေးက ထိုင်ခုံအလွတ်ကိုမျက်စပစ်ပြပြီးတော့ တက်ဆိုပြီးတစ်ခွန်းတည်းပြောတယ်၊ ဒါနဲ့ကျုပ်လည်း ဆိုက်ကားပေါ်တက်လိုက်တာပေါ့ဗျာ။

“ဦးဘသာတက်၊ မြန်မြန်တက်ဗျ”

ဦးဘသာကလည်း ဆိုက်ကားအနောက်ကိုပြေးတက်တယ်ဗျ၊ ကျုပ်တို့တက်ပြီးတာနဲ့ ဆိုက်ကားသမားက ဆိုက်ကားကိုအမြန်နင်းတယ်ဗျ၊ ရွာလမ်းလိုမျိုးဗွက်ပေါက်နေတဲ့လမ်းတွေကိုဖြတ်နင်းပြီး နောက်တော့ ကျုပ်တို့အလာတုန်းကဖြတ်လာတဲ့ ကွင်းတွေကိုဖြတ်နင်းတယ်ဗျ။

“မင်းတို့ဘယ်ကိုသွားမှာလဲ”

ဦးဘသာက ရပ်ကွက်တစ်ခုကိုပြောလိုက်တယ်၊ ဆိုက်ကားသမားကလည်း ဆက်နင်းလာပါရောဗျာ၊ ကားလမ်းမကြီးကိုဖြတ်ကျော်ပြီးတော့ ဟိုးဖက်တောင်ကုန်းလေးတွေအနားရောက်တဲ့အခါ ဆင်းရဲသားရပ်ကွက်ကလေးတစ်ခုကိုတွေ့လိုက်ရသဗျ။

“ကဲ မင်းတို့ခရီးလမ်း ဖြောင့်ဖြူးပါစေ ချောချောရေ”

ကျုပ်လည်း မျက်မှောင်ကြုတ်လိုက်ပြီးတော့

“ကျုပ်နာမည် ခင်မောင်ပါဗျ”

“ငါကမင်းကိုပြောတာမဟုတ်ဘူး သူ့ကိုပြောတာ”

ဆိုက်ကားသမားက ဦးဘသာကိုလက်ညှိုးထိုးပြတယ်ဗျ၊ ဦးဘသာကလည်း ကြောင်အမ်းအမ်းနဲ့ရယ်။

“ဒါနဲ့ သူ့နာမည်က ချောချောတဲ့လား”

ဆိုက်ကားသမားက ကျုပ်ကိုပြုံးကြည့်ရင်း

“မင်းမသိသလိုဟန်ဆောင်မနေပါနဲ့ကွာ၊ ငါကမင်းနဲ့ချောချောအကြောင်းကို ဘယ်သူ့ကိုမှမပြောပါဘူးကွ၊ မင်းတို့ကလည်း တကယ့်စံပါပဲကွာ၊ ရိုမီယိုနဲ့ဂျူးလိယက်တို့ သေဟန်ဆောင်ပြီးတော့ ပြန်ပေါင်းထုတ်ဖို့ကြိုးစားခဲ့သလို အခုမင်းတို့ကလည်း ဒီလမ်းစဉ်အတိုင်းလုပ်နိုင်ခဲ့တာ ငါချီးကျူးတယ်ဟေ့၊ ကဲ သွားကြတော့၊ မင်းတို့ချစ်သူတွေ အိုအောင်မင်းအောင်ပေါင်းနိုင်ကြပါစေကွာ”

ကျုပ်တို့လည်း ဆိုက်ကားပေါ်ကဆင်းပြီးတော့ လမ်းလျှောက်လာခဲ့ကြတော့တယ်ဗျာ၊ ဦးဘသာက လမ်းသိနေတဲ့ပုံပဲဗျ၊ ဒီနေရာက ကျုပ်မနေ့ကရောက်ခဲ့ဖူးသလိုလိုတော့ရှိသား၊ တစ်နေရာရောက်တော့မှ ခြံဝင်းအပြင်ဘက်မှာ ဦးဘသာကရပ်လိုက်တယ်ဗျ၊ ခြံဝင်းထဲက အိမ်ကလေးကိုလှမ်းပြတော့ အိမ်ရှေ့မှာစားပွဲဝိုင်းကြီးချပြီး ဦးဘသာနဲ့ဦးအောင်ရှိန်တို့က တရယ်ရယ်တမောမောနဲ့ စကားပြောနေကြပါရောဗျာ။

“ဟာ၊ အဲဒါငထေရှင်ဗျ၊ ကြည့်စမ်း၊ ဦးဘသာယောင်ဆောင်ပြီးတော့ ဦးအောင်ရှိန်ကိုဝင်လုံးနေတာဗျ”

ကျုပ်လည်းကြည့်ရင်းပြောလိုက်မိတယ်၊ ဦးအောင်ရှိန်နဲ့ မိသက်က ဦးဘသာကြီးကို ဦးဘသာအစစ်ပဲထင်နေပုံရတယ်ဗျ၊ ငထေရှင်ကလည်း သရုပ်ဆောင်ကောင်းတယ်ဗျာ၊ ဒါကိုကြည့်ပြီး ချောချောကတော့ တောက်တစ်ချက်ခေါက်လိုက်သဗျ။

“ဒီကောင်တွေကို ငါဝင်တားရမယ်ကွ”

အဲဒီလိုပြောပြီးတော့ ချောချောတစ်ယောက် ခြံဝိုင်းထဲကို ပြေးဝင်သွားပါရောဗျာ။

“ဦးဘသာ၊ ဦးဘသာ”

ကျုပ်လှမ်းတော့ခေါ်တယ်ဗျာ၊ ချောချောကလှည့်တောင်မကြည့်ပါဘူး။ ကျုပ်လည်း လိုက်သွားရကောင်းနိုး၊ ဒီမှာပဲနေရကောင်းနိုးနဲ့ နောက်ဆုံးတော့ ခြံစည်းရိုးဝါးကပ်ကို အကာအကွယ်ပြုပြီး အသာချောင်းကြည့်နေလိုက်ရသဗျာ။

“ဟိတ်ကောင်တွေ ရပ်လိုက်ကြစမ်း”

ဦးဘသာက အော်လိုက်ပေမယ့် မိန်းကလေးကိုယ်ဆိုတော့ မိန်းကလေးအသံဖြစ်နေတာပေါ့ဗျာ၊ ဦးအောင်ရှိန်ရော၊ ဦးဘသာတစ်ဖြစ်လဲ ငထေရှင်ရောက ဒီမိန်းကလေးကို တအံ့တသြနဲ့ကြည့်နေတယ်၊ ဘသိုက်က

“မိန်းကလေး၊ မင်းအိမ်မှားလာပြီနဲ့တူတယ်”

“မမှားဘူး ငါဒီအိမ်ကိုတန်းတန်းမတ်မတ်လာတာ”

အဲဒီလိုပြောပြီး ဦးဘသာကိုလက်ညှိုးထိုးရင်း

“ဟေ့ကောင်၊ မင်းငါ့ကိုယ်ကိုယူထားတာပြန်ပေးစမ်း၊ ငါ့ကိုအခုပြန်ပေးစမ်း”

ဦးဘသာက ထိတ်ထိတ်ပြာပြာဖြစ်သွားပြီး ဦးအောင်ရှိန်ကိုကြည့်တယ်ဗျ၊ ဦးအောင်ရှိန်ကလည်း

“သာဒငင်၊ မင်းနဲ့သူနဲ့သိလို့လားကွ”

ဦးဘသာက မျက်နှာငယ်နဲ့

“ငါမသိပါဘူးကွာ၊ သူ့ကိုငါတစ်ခါမှလည်းမမြင်ဖူးပါဘူး”

ဦးအောင်ရှိန်က ဦးဘသာကိုလက်ကာပြရင်း ချောချောကိုကြည့်ပြီးတော့

“ဒီမှာမိန်းကလေး၊ ဒီလူက မင်းထက်အသက်အများကြီးကြီးတယ်၊ အခုလိုလက်ညှိုးထိုးပြီးပြောစရာမလိုပါဘူးကွာ၊ မင်းလက်ညှိုးကို မင်းပြန်သိမ်းလိုက်စမ်းပါ”

ချောချောက အောင်ရှိန်ကိုကြည့်ပြီး

“မင်းဘာသိလို့လဲအောင်ရှိန်၊ ဒီကောင်က သာဒင်အတုကွ၊ သာဒင်အစစ်က ငါကွ”

ဦးအောင်ရှိန်တောင်မှ ခပ်ကြောင်ကြောင်ဖြစ်သွားတယ်ဗျာ၊ ဒီအချိန်ဦးဘသာက မတ်တပ်ထရပ်ပြီးတော့

“ဟာ၊ စုန်းမ၊ နင်ကများ ငါ့ကိုစွပ်စွပ်စွဲစွဲနဲ့ နင့်ကိုငါလုပ်လိုက်ရင်တော့ နင်သေတော့မယ်”

ချောချောကလည်း ဒေါသထွက်သွားတယ်ဗျ။

“ဟေ့ကောင်၊ မင်းကိုငါအရင်သတ်မယ်ကွ”

ချောချောက ဦးဘသာကိုလက်ညှိုးထိုးလိုက်တဲ့အချိန် ဦးဘသာက ဝုန်းခနဲအနောက်ကိုလွင့်ထွက်သွားပြီးတော့ အိမ်ထဲကထရံနဲ့တိုက်မိပြီး ခွေကျသွားပါရောဗျာ၊ ဒီအခါ ဦးအောင်ရှိန်က ချောချောကိုကြည့်ရင်း မတ်တပ်ထလိုက်တယ်ဗျ။

“ဒီမယ်မိန်းကလေး၊ မင်းလုပ်နေတာတွေရပ်လိုက်တော့နော်”

ချောချောက ဒေါသမထိန်းနိုင်တော့ပါဘူးဗျာ၊ အရှေ့ကိုခြေလှမ်းပြီးတက်လိုက်တယ်၊ ဒီအခါ ဦးအောင်ရှိန်က ချောချောကိုလက်ညှိုးထိုးလိုက်တော့ ချောချောက ခြေတစ်လှမ်းဆုတ်ပြီး အနောက်ကိုရှောင်လိုက်ရသဗျာ။

“ဟဲ့စုန်းမ၊ ပြောရတဲ့အတူ နင်ငါ့အကြောင်းသိရမယ်ကွ”

ဦးအောင်ရှိန်က တောင်ဝှေးဆွဲပြီးတော့ အိမ်ပေါ်ကနေလွှားခနဲခုန်ဆင်းလာပါရောဗျာ၊ ချောချောက ဦးအောင်ရှိန်ကိုကြည့်ရင်း

“ဟေ့ကောင်အောင်ရှိန်၊ ငါမင်းနဲ့မတိုက်ချင်ဘူး၊ မင်းင့ါရှေ့ကနေဖယ်စမ်းကွာ”

“သာဒင်ကိုထိတာ ငါ့ကိုထိတာနဲ့အတူတူပဲစုန်းမ”

ဦးအောင်ရှိန်က ချောချောကိုတောင်ဝှေးနဲ့ချိန်လိုက်တယ်ဗျ၊ ချောချောက အနောက်ကိုဆယ်လှမ်းလောက်လွင့်ထွက်သွားတယ်၊ ကျုပ်လည်း မနေနိုင်တော့တာနဲ့ ချောချောကိုပြေးဆွဲရတာပေါ့ဗျာ။

“ဦးဘသာ အဆင်ပြေရဲ့လား”

ချောချောက မြေပြင်ကနေ ကုန်းထရင်း

“တောက်၊ ငါ့အစွမ်းတွေသိပ်မရှိတော့တာနာတာပဲကွာ”

ချောချောကရင်ဘတ်ကိုလက်နဲ့ဖိနေတယ်ဗျာ။ ဦးအောင်ရှိန်က ချောချောကိုကြည့်ပြီး

“ဒါအကင်းပဲရှိသေးတယ်မိန်းကလေး၊ ထပ်တိုးရင် ဒီထက်နာမယ်”

နောက် မိသက်က ကျုပ်ကိုတွေ့တော့

“ဟာ၊ သူပဲ၊ သူလာပြန်ပြီ”

ဦးအောင်ရှိန်က ခေါင်းညိတ်ရင်း

“ငါသိတယ်၊ ငထေရှင်၊ ငထေရှင် ဒါမင်းရဲ့အကြံတွေမဟုတ်လား”

ဦးအောင်ရှိန်က ကျုပ်ကိုကြည့်ရင်း ငထေရှင်လို့တန်းပြောတာပဲဗျာ၊ ကျုပ်လည်း လက်ကိုကာပြလိုက်ပြီး

“မဟုတ်ဘူး၊ ကျုပ်က ငထေရှင်မဟုတ်တော့ဘူးဗျ”

ဒီအချိန်မှာပဲ အိမ်ခန်းထဲခွေကျနေတဲ့ ဦးဘသာက အိမ်ရှေ့ကိုထွက်လာတယ်ဗျ၊ ဦးအောင်ရှိန်အနားကိုကပ်လိုက်ပြီးတော့

“တော်ကြပါတော့ကွာ၊ ငါ့အတွက်နဲ့ မတိုက်ခိုက်ကြပါနဲ့တော့၊ အဟွတ်၊ အဟွတ်”

ဦးဘသာက ရင်ဘတ်ကိုဖိပြီးချောင်းဆိုးလိုက်တဲ့အခါ သူ့ပါးစပ်ကနေ သွေးတွေအန်ပြီးကျလာတယ်ဗျာ၊ ရင်ဘတ်တစ်ခုလုံးကို သွေးတွေရွှဲစိုသွားပါရော၊ မိသက်က ဘဘကြီးလို့အော်ပြီး ဦးဘသာအနားကိုပြေးသွားလိုက်တယ်၊ ဦးအောင်ရှိန်က ကျုပ်တို့ဘက်ကိုလှည့်လာပြီးတော့ ကျုပ်နဲ့ချောချောနဲ့ကို ဒေါသမျက်လုံးတွေနဲ့ကြည့်သဗျ။

“မင်း၊ မင်းတို့တော်တော်တရားလွန်နေပြီနော်”

ဒီအချိန်မှာပဲ ဦးဘသာက လက်ကိုထောင်လိုက်တယ်ဗျ၊ သူ့လက်ထဲမှာ ဝင်းခနဲလက်သွားပြီးတော့ သန်လျက်ကလေးတစ်ခုကိုမြင်လိုက်ရတယ်၊ အဲဒီသံလျက်နဲ့ ဦးအောင်ရှိန်ရဲ့နောက်ကျောကို ဒုတ်ခနဲထိုးချလိုက်တယ်ဗျ၊ ဦးအောင်ရှိန်က အော်ပြီးတော့ အရှေ့ကိုယိုင်ကျသွားတယ်၊ ဦးဘသာက မိသက်ရဲ့လည်ဂုတ်ကို လက်နဲ့ဖမ်းဆွဲလိုက်ပြီးတော့

“ဟား၊ ဟား ငတုံးတွေ၊ ငအတွေ၊ ဟား၊ ဟား”

ဦးအောင်ရှိန်က ဦးဘသာကို နားမလည်သလိုနဲ့လှည့်ကြည့်တယ်ဗျ။

“သာဒင် မင်းဘာဖြစ်တာလဲ”

“ဟား၊ ဟား မင်းကငါ့ကိုအခုထိ သာဒင်လို့ထင်နေတုန်းလားကွ၊ ငါက မင်းသူငယ်ချင်း သာဒင်မဟုတ်တော့ဘူး၊ ငါက ငထေရှင်ပဲကွ”

ဦးအောင်ရှိန်က ငထေရှင်ရဲ့လက်ထဲက ရွှေရောင်သံလျက်ကိုကြည့်ရင်း

“ဟင်၊ ငထေရှင် . . . ငထေရှင်က သံလျက်ကိုရသွားပြီလား”

“ဟား၊ ဟား ဟုတ်တယ်အောင်ရှိန်၊ ငါ့အစွမ်းတွေငါပြန်ရပြီ၊ ဒီတစ်ခါတော့ မင်းတို့ဘုရားပျံတွေ ငါ့ကိုမနိုင်တော့ဘူးကွ”

ငထေရှင်က မိသက်ကိုကြည့်ရင်း

“ရှေ့လာမယ့်ဘုရားပျံက မိန်းကလေးမဟုတ်လား၊ မင်းသူ့ကို ဘုရားပျံအဖြစ် ပညာဆက်ခံမယ်ဆိုပြီး တွေးထားတယ်မဟုတ်လားကွ၊ ဘုရားပျံအဆက်ဆက် ငါ့ကိုမသတ်နိုင်ဘူးဆိုတာ မင်းတို့အကုန်လုံးက ယောက်ျားတွေဖြစ်နေလို့လေကွ၊ အခုဒီမိန်းကလေးကတော့ မင်းဆီကနေပညာတွေယူပြီး ငါ့ကိုသတ်မယ့်တစ်ယောက်မဟုတ်လား”

ငထေရှင်ကပြောရင်း မိသက်ရဲ့လည်ဂုတ်ကိုလက်နဲ့တအားညှစ်တော့ မိသက်က အော်တယ်ဗျ။

“အဖေကြီး၊ အဖေကြီး နာတယ်၊ နာတယ်”

ဦးအောင်ရှိန်က ငထေရှင်ကိုလက်ညှိုးထိုးပြီးတော့

“ဟေ့ကောင်၊ မိသက်ကိုလွှတ်၊ အခုလွှတ်လိုက်နော်”

“ဟား၊ ဟား လွှတ်မလားကွ၊ ငါ့ကိုကိစ္စတုံးမယ့်လူကို ငါကလွှတ်ပေးစရာလားကွ၊ ဒီကလေးမကိုသတ်လိုက်ရင် ငါ့ကိုရန်ပြုမယ့်သူမရှိတော့ဘူး၊ ပြီးတော့ မင်းတို့ဘုရားပျံတွေလည်း ကိစ္စတုံးပြီ၊ မျိုးဆက်ပြတ်ပြီမဟုတ်လားကွ”

ပြောရင်းဆိုရင်း ငထေရှင်တို့ပတ်ပတ်လည်မှာ မီးတောက်မီးလျှံကြီးတွေ ထတောက်လာတယ်ဗျ၊ မီးတောက်တွေက အနီရောင်မဟုတ်ဘဲ အမဲရောင်ကြီးတွေဗျာ၊ မိသက်ကတော့ အော်ငိုတော့တာပဲ။

“အဖေကြီး၊ အဖေကြီး”

ငထေရှင်က တစ်ချက်ကြည့်လိုက်ပြီး

“ကဲ အောင်ရှိန်၊ မင်းကိုငါ နောက်ဆုံးအနေနဲ့ နှုတ်ဆက်ခဲ့ပါတယ်ကွာ”

အဲဒီလိုပြောပြီးတာနဲ့ မီးတောက်ကြီးတွေက ဟုန်းခနဲတောက်ပြီး လူတစ်ရပ်စာအမြင့်လောက်အထိ တက်လာပါရောဗျာ၊ မီးတောက်တွေပြန်ကျသွားတဲ့အချိန်မှာတော့ မိသက်ရော ငထေရှင်ရော မရှိတော့ဘူးဗျ၊ ဦးအောင်ရှိန်က လက်ကိုဆန့်တန်းပြီးတော့

“သမီးမိသက်၊ မိသက် . . .”

လို့အသံရှည်ဆွဲအော်ပြီး လဲကျသွားတော့တယ်၊ ကျုပ်နဲ့ချောချောလည်း ဦးအောင်ရှိန်ကိုပြေးပွေ့လိုက်တာပေါ့ဗျာ၊ ဘသိုက်တို့လည်း အံ့အားသင့်ပြီး ကြည့်နေကြတယ်ဗျ။ ချောချောက ဦးအောင်ရှိန်ကိုလှုပ်နှိုးရင်း

“အောင်ရှိန်၊ အောင်ရှိန် . . . မျောက်ခေါင်း သတိထားပါအုံးကွာ”

ဦးအောင်ရှိန်က မျက်လုံးကိုခပ်မှေးမှေးဖွင့်ကြည့်တယ်ဗျ။

“ပြောင်ရှင်း . . . မင်း၊ မင်းလားကွ”

ချောချောကခေါင်းညိတ်ပြီးတော့

“ငါ သာဒင်ပါလို့ မင်းကိုပြောတယ်မဟုတ်လား”

“ဘယ်လိုဖြစ်ကြတာလဲကွာ”

“မင်းမရှိတဲ့အချိန် ငထေရှင်နဲ့ ဝိညာဉ်ဖလှယ်လိုက်မိတယ်ကွ၊ အဲဒီအချိန်မှာ ငထေရှင်က င့ါကိုယ်ထဲကိုလှမ်းဝင်သွားပါရောကွာ၊ အလတ်ကောင်ရဲ့အကူအညီနဲ့ ငါအခု လူသေမိန်းကလေးတစ်ယောက်ရဲ့ကိုယ်ထဲကို ဝင်နေရတယ်ကွ”

“မင်းကိုငါပြောသားပဲ သာဒင်ရာ ငါမရှိဘဲနဲ့ ဘာမှလျှောက်မလုပ်ပါနဲ့ဆိုနေမှကွာ”

ဦးအောင်ရှိန်က ပြောရင်း သွေးတွေပွက်ပွက်အန်ကျလာတယ်ဗျ။

“မိသက် . . .မိသက်ကို ကယ်တင်ပေးပါ သာဒင်ရာ”

“အေးပါကွာ၊ ငါတို့သူ့ကိုလည်းကယ်တင်ပေးမယ်၊ ပြီးတော့မင်းကိုလည်း ကယ်ပေးမယ်ကွ”

ဦးအောင်ရှိန်က ခေါင်းခါပြီး

“ငါ့အခြေအနေငါသိပါတယ်၊ ငထေရှင်ရဲ့အစွမ်းကို ငါသိပြီးသားပါကွ၊ ငါ့ကို ဘုရားတစ်ဆူဆူကိုပို့ပေးစမ်းပါကွာ”

ဘသိုက်ကပြေးလာပြီးတော့

“ဒီနားမှာ ဇိနမာရ်အောင်စေတီဆိုတာ ရှိတယ်ဗျ”

ဒါနဲ့ကျုပ်တို့လည်း အဲဒီစေတီဆီကိုလာခဲ့တာပေါ့ဗျာ၊ ဆိုက်ကားတစ်စီးငှားပြီးတော့ စေတီကိုလာခဲ့တယ်ဗျ၊ ဦးအောင်ရှိန်ရဲ့ပုံစံကိုကြည့်ရတာ သိပ်မဟန်တော့ပါဘူးဗျာ။ စေတီကိုရောက်တော့ ဦးဘသာတစ်ဖြစ်လဲ ချောချောက စေတီအပြင်နားမှာပဲရပ်နေသဗျ၊ ကျုပ်ပဲ ဦးအောင်ရှိန်ကို တွဲပြီးတော့ စေတီထဲကိုဝင်ခဲ့တယ်၊ စေတီထဲက ဘုရားရှေ့ရောက်တော့ ဦးအောင်ရှိန်က ကျုပ်ကိုလက်ကာပြတယ်ဗျ၊ ပြီးတော့ ဘုရားအရှေ့မှာထိုင်လိုက်တယ်၊ ကျုပ်လည်း အနောက်ဆုတ်ပြီးတော့ ခပ်လှမ်းလှမ်းကနေ ကြည့်နေတာပေါ့ဗျာ၊ ဦးအောင်ရှိန်က ဘုရားရှိခိုးတာကြာနေတာနဲ့ ကျုပ်လည်း အပြင်ကိုထွက်ခဲ့လိုက်တယ်။ ချောချောက ဘုရားဝင်းထဲသွားလာနေကြတဲ့သူတွေကို လိုက်ကြည့်နေသဗျာ။

“ကြာတော့ ကြာအုံးမယ်ထင်တယ် ဦးဘသာ”

“အေးပေါ့ကွ၊ သူလည်း သူ့အစီအစဉ်နဲ့သူရှိမှာပေါ့ကွာ”

“ဒါနဲ့ ကျုပ်အထင် ငထေရှင်က မိသက်ကို ဟိုခြံကြီးထဲကို ဖမ်းခေါ်သွားတာပဲဖြစ်မယ်ဗျ”

ချောချောက မျက်မှောင်ကြုတ်ရင်း

“မင်းကဘယ်လိုထင်လို့လဲကွ”

“ဒီလိုပါ၊ မရွှေတောင်တစ်ခါပြောဖူးတာကတော့ ဒီခြံကြီးဟာ သာမန်လူအတွက်တော့ ဘာမှမဟုတ်ဘူးဆိုပေမယ့် သူတို့အတွက်ကတော့ ခံတပ်ကြီးတစ်ခုလို လုံခြုံတယ်ဆိုပဲဗျ”

“အေးကွ၊ ဖြစ်နိုင်တယ်”

“ပြီးတော့ပြောသေးတယ်ဗျ၊ ဒီနေရာက သူတို့ရဲ့အောင်မြေနဲ့နီးစပ်တယ်တဲ့ဗျာ”

“အောင်မြေဟုတ်လား”

“ကျုပ်လည်းအဲဒါပဲကြားခဲ့တာ၊ ဘာဆိုတာတော့ မသိဘူးဗျာ၊ သူတို့တစ်ခုခုတော့ကြံနေပုံရတယ်ဗျ၊ ဒါကြောင့် မိသက်ကိုဖမ်းမယ်ဆိုရင် အဲဒီကိုပဲ ဖမ်းခေါ်သွားမှာအသေအချာပဲဗျာ”

“ဒါဆိုရင်လည်း ငါတို့သွားကယ်ကြတာပေါ့ကွာ”

ကျုပ်တို့အနောက်က အသံကြားလို့လှည့်ကြည့်လိုက်တော့ ဦးအောင်ရှိန်ဖြစ်နေတယ်ဗျာ၊ ဦးအောင်ရှိန်က ဝင်သွားတုန်းကနဲ့မတူဘဲ အခုတော့ရုပ်က ပြုံးလို့ရွှင်လို့ပဲဗျ၊ ကျုပ်နဲ့ချောချောနှစ်ယောက်သား အံ့သြသွားမိကြတယ်ဗျ။

“ဟင်၊ ဦးအောင်ရှိန်ဒဏ်ရာတွေက ပျောက်သွားပြီလား၊ မြန်လိုက်တာဗျာ”

“ပျောက်သွားတာတော့မဟုတ်ဘူးကွ၊ ငထေရှင်ရဲ့ဒဏ်ရာက ပျောက်ဖို့မလွယ်ဘူး၊ အခုသူ့ရဲ့သံလျက်နဲ့ထိုးမိတာဆိုတော့ သေဖို့ကသေချာသွားပြီကွ”

“ဗျာ၊ သေတော့မှာတဲ့လား”

“အဲဒါ ဘုရားမှာသစ္စာဆိုပြီး ခုနစ်ရက်အချိန်ယူလိုက်တာပေါ့ကွာ၊ ဒီခုနစ်အတွင်းတော့ မသေနိုင်ပေမယ့် ခုနစ်ရက်ပြည့်ရင် ဘုရားမှာတိုင်တည်ထားတဲ့အတိုင်း ငါသေရမယ်ဟေ့”

ကျုပ်ရော ချောချောရော မျက်လုံးတွေပြူးသွားကြတယ်။

“ဒါဆို ကျုပ်တို့ဘယ်လိုလုပ်မလဲ”

“ငထေရှင်ကို ခုနစ်ရက်အတွင်း အပြီးသတ်ရှင်းရတော့မှာပေါ့ကွာ”

“ခုနစ်ရက်နဲ့ မရှင်းနိုင်ရင်ရောဗျာ”

ဦးအောင်ရှိန်က မျက်မှောင်ကြီးခဲပြီးတော့

“ခုနစ်ရက်ဆိုတာ ဘုရင့်နောင်ဖောင်ဖျက်လိုက်တာပဲကွ၊ ငါတို့ဒီခုနစ်ရက်အတွင်း နိုင်ကိုနိုင်ရမယ်ကွ၊ အရှုံးဆိုတာ မတွေးနဲ့တော့၊ အခုအချိန်ကစပြီး ဘယ်လိုနိုင်အောင်လုပ်မလဲဆိုတာကိုသာ တွေးရအောင်ဟေ့”

ဦးအောင်ရှိန်စကားတွေက ကျုပ်တို့ကိုအားတက်စေတယ်ဗျာ၊ ကျုပ်ဖြင့် ဦးအောင်ရှိန်ကိုတော်တော်လေးစားသွားတယ်၊ သေဆုံးခြင်းဆိုတဲ့အရာကို သတ္တဝါအားလုံးက ကြောက်ကြတယ်ဆိုပေမယ့် သူကတော့ အေးအေးလူလူနဲ့ရင်ဆိုင်နိုင်တာကိုကြည့်ပြီး ကျုပ်ဖြင့် ကြက်သီးမွှေးညှင်းတွေပါ ထသွားမိတယ်ဗျာ။

“ကဲအလတ်ကောင်၊ မင်းပြောတဲ့ခြံကြီးကို သွားစို့ကွာ၊ ငါတို့မိသက်ကို ကယ်ရမယ်ကွ”

ချောချောကပြောတယ်ဗျ၊ ဦးအောင်ရှိန်ကလည်း ခေါင်းညိတ်ပြီးတော့

“ဟုတ်တယ်၊ မိသက်ကိုကယ်ရမယ်၊ ဒီခုနစ်ရက်အတွင်း မိသက်ကိုဘုရားပျံလမ်းစဉ် လက်ဆင့်ကမ်းနိုင်မှရမယ်၊ ဘာဖြစ်လို့လဲဆိုတော့ ငထေရှင်ကိုအဆုံးစီရင်နိုင်မှာ သူပဲရှိတယ်မဟုတ်လား”

“ဒါဆိုရင်လည်း သွားကြမယ်ဗျ၊ အဲဒီခြံကြီးက ဟောဒီနေရာနဲ့ သိပ်မဝေးဘူးဗျ”

(၂)

ခြံကြီးဆီကိုရောက်တော့ မိုးကအတော်ချုပ်နေပြီဗျ၊ ညကိုးနာရီလောက်ထိုးတော့မယ်ထင်ပါ့ဗျာ၊ ခြံအဝင်လမ်းမှာရှိတဲ့ ဓါတ်တိုင်တွေက မီးတွေထိန်နေအောင်လင်းနေသဗျ၊ ကျုပ်တို့လမ်းထဲချိုးဝင်ခဲ့တဲ့အခါ မီးလုံးတွေက တဖြတ်ဖြတ်နဲ့မှိတ်တုတ်မှိတ်တုတ်ဖြစ်လာတယ်။ မီးလုံးမှိတ်သွားတဲ့အခါ အရိပ်မည်းကြီးတွေကို ဖြတ်ခနဲတွေ့လိုက်ရသေးသဗျာ၊ မီးလုံးပြန်လင်းသွားရင်တော့ အရိပ်မည်းကြီးတွေက ရိပ်ခနဲပျောက်သွားသဗျ၊ ဦးအောင်ရှိန်က ကျုပ်တို့အရှေ့ကိုတိုးလိုက်ပြီး

“ငါတို့လာမယ်ဆိုတာကို ဒီကောင်တွေသိနေပြီးသားကွ၊ အခုလည်း ငါတို့ကိုတားဖို့အတွက် မကောင်းဆိုးဝါးတွေကိုလွှတ်ထားတာပဲ”

ဒီအချိန်လမ်းမီးက မှိန်ကျသွားသဗျာ၊ ကျုပ်တို့ဘေးပတ်ပတ်လည်မှာတော့ အရိပ်မည်းကြီးတွေက ဝိုင်းရံနေပါရောဗျာ၊ သူတို့မျက်လုံးတွေကတော့ ဖြူဖြူကြီးတွေလင်းနေတယ်ဗျ၊ ကျုပ်တော့ကြည့်နေတုန်း အရိပ်ကြီးတစ်ကောင်က ကျုပ်ဆီကိုခုန်ဝင်လာပါရောဗျာ၊ ဒါပေမယ့် ချောချောက အရိပ်ကြီးကိုလက်ညှိုးညွန်လိုက်တယ်ဆိုရင်ပဲ အဖြူရောင်အလင်းတစ်ခုလက်သွားပြီးတော့ အရိပ်ကြီးကအနောက်ကိုလွင့်ထွက်သွားတယ်၊ အရိပ်လေးငါးဆယ်ကောင်က တစ်ပြိုင်နက်တည်း ကျုပ်တို့ဆီကိုခုန်ဝင်လာပါရောဗျာ၊ ဦးအောင်ရှိန်က လက်ညှိုးကိုမိုးပေါ်ထောင်လိုက်တယ်၊ သူ့လက်ညှိုးထိပ်ကနေ စိန်ရောင်ခြည်လို ဖြူဖြူဝင်းဝင်းလက်လက်အလုံးကြီးတစ်လုံးထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ထိန်လင်းသွားတော့တယ်ဗျ၊ အလင်းရောင်မြင်တော့ အရိပ်ကြီးတွေက အနောက်ကိုရှဲသွားကြတယ်ဗျ။

“လာကြစမ်း၊ သတ္တိရှိတဲ့ကောင် တက်လာခဲ့ကြစမ်း”

ဦးအောင်ရှိန်က အသံသြသြကြီးနဲ့အော်လိုက်ပြီးတော့ အရှေ့ကိုဆက်လျှောက်သွားတယ်၊ ကျုပ်နဲ့ချောချောလည်း သူ့အနောက်ကနေလိုက်သွားရတာပေါ့ဗျာ၊ အရိပ်ကြီးတွေက အလင်းထဲကိုဝင်မလာဝံ့ဘူးဗျ၊ ဒီလိုနဲ့ကျုပ်တို့တွေ ခြံတံခါးကြီးအရှေ့ကိုရောက်သွားတော့တာပေါ့ဗျာ။

အမှောင်ထုကပိုပြီးကြီးစိုးလာပြီးတော့ အရိပ်မည်းကြီးတွေက ပိုပိုပြီးတော့ များလာတယ်ဗျာ၊ ဦးအောင်ရှိန်က အလင်းလုံးကြီးနဲ့ပစ်ထည့်လိုက်တော့ အရိပ်ကြီးတွေက အကုန်လွင့်ထွက်ကြကုန်သဗျ၊ ဒီအခါ ခြံတံခါးကြီးပွင့်ပြီး မရွှေတောင်ကထွက်လာခဲ့တယ်။

“ရှင်တို့လာလမ်းအတိုင်းလှည့််ပြန်ရင် ကောင်းမယ်နော် မောင်ကြီး”

မရွှေတောင်က ဦးအောင်ရှိန်ကိုမောင်ကြီးခေါ်တော့ ကျုပ်ဖြင့်အံ့သြသွားတာပဲဗျာ၊ ဦးအောင်ရှိန်က မရွှေတောင်ကိုလက်ညှိုးထိုးပြီးတော့

“မရွှေတောင် မင်းကငါနဲ့ဘဝတစ်ခုမှာ လင်မယားဖြစ်ခဲ့တယ်ဆိုပေမယ့် အခုတော့ မင်းနဲ့ငါက ရန်သူတွေဖြစ်နေပြီ၊ ဒီတော့ ငါနောက်ဆုံးအနေနဲ့ မင်းကိုသတိပေးမယ်၊ မင်းငါ့အရှေ့ကနေဖယ်လိုက်စမ်းပါ မရွှေတောင်၊ မဟုတ်ရင်တော့ မင်းငါ့အကြောင်းသိမယ်”

မရွှေတောင်က ရယ်မောပြီးတော့

“ဒီစကားတွေက ကျွန်မရှင်တို့ကိုပြောရမယ့်စကားတွေရှင့်”

မရွှေတောင်က လက်ထဲကအလုံးတွေနဲ့ထုတ်ပစ်တာပဲဗျာ၊ ဦးအောင်ရှိန်က အလုံးတွေကိုလက်နဲ့ပုတ်ပစ်တယ်၊ ချောချောကလည်း လက်နဲ့ဖယ်ရမ်းပစ်သဗျ၊ ကျုပ်က သူတို့အနောက်မှာပုန်းနေတာပေါ့ဗျာ၊ ဦးအောင်ရှိန်က အံကြိတ်ပြီးတော့

“ဒီတစ်ခါတော့ ဘုရားပျံပြတ်သားဖို့အချိန်ရောက်ပြီကွ”

တောင်ဝှေးနဲ့မရွှေတောင်ကိုလိုက်ထိုးတော့တယ်ဗျာ၊ မရွှေတောင်ကလည်း ဝေ့ကာဝိုက်ကာနဲ့ရှောင်တယ်ဗျ၊ ဦးအောင်ရှိန်တောင်ဝှေးချက်က တော်တော်မြန်တာဗျ၊ မရွှေတောင်က ဒါကိုတောင်မနည်းရှောင်နိုင်သဗျာ။ ဦးဘသာတစ်ဖြစ်လဲ ချောချောက

“ငါလည်း ကူညီမယ်အောင်ရှိန်ရေ”

ချောချောလက်ငါးချောင်းကိုဖြန့်လိုက်တော့ လက်ထဲမှာ ကြာဆန်တွေလို ဖြူဖြူအချောင်းတွေပေါ်လာသဗျ၊ ဦးဘသာက အဲဒီအချောင်းတွေကို ဆန်စေ့တွေကျဲသလို ပက်ခနဲပက်ခနဲမရွှေတောင်ဆီကိုလိုက်ကျဲတယ်ဗျ၊ အဲဒီအချောင်းတွေက ကျတဲ့နေရာမှာ ပင့်ကူမျှင်လို အမျှင်အတန်းတွေဖြစ်သွားတယ်ဗျာ၊ မရွှေတောင်က တစ်ဖက်က ဦးဘသာပစ်တာကိုလည်း ရှောင်ရတယ်၊ တစ်ခါ ဦးအောင်ရှိန်ရိုက်နေတာကိုလည်း အသည်းအသန်ရှောင်နေရတယ်ဗျ၊ တစ်ခါတော့ မရွှေတောင်က အနောက်ကိုခုန်ပြီးဆုတ်လိုက်တယ်။

“နင်တို့ဒီလောက်တောင်ရှိတာ ငါ့အကြောင်းသိကြသေးတာပေါ့”

မရွှေတောင်က လက်ဝါးကိုဖြန့်လိုက်ပြီးတော့ မန်းမှုတ်ရင်း လက်သီးဆုပ်လိုက်တဲ့အခါ သူ့လက်ထဲမှာ လှံတစ်ချောင်းပေါ်လာသဗျ၊ လှံကလေးကတော့ တစ်တောင်လောက်ပဲရှိမယ်ဗျာ၊ အသွားထိပ်ကတော့ ချွန်နေတာပဲ။

“လှံစက်အကြောင်း သိကြသေးတာပေါ့”

မရွှေတောင်က ဦးအောင်ရှိန်ကိုလှံနဲ့ချိန်ထိုးလိုက်တာနဲ့ လှံသွားထိပ်ကနေ လှံတွေအများကြီးထွက်လာတယ်ဗျာ၊ လှံပေါင်းက အစင်းထောင်သောင်းမကဘူးဗျ၊ ရေပိုက်ကနေရေပက်သလိုမျိုးကို လှံတွေက အပြွတ်လိုက်ကြီးထွက်လာတာဗျ၊ ဦးအောင်ရှိန်က တောင်ဝှေးကိုလက်နှစ်ဖက်နဲ့ကိုင်လိုက်ပြီးတော့ ပန်ကာလိုလှည့်တော့တာပဲဗျာ၊ လှံချောင်းတွေက ကျုပ်တို့ကိုမထိဘဲ ဘေးကိုလွင့်စင်သွားတော့တယ်ဗျာ၊ ကျုပ်နဲ့ဦးဘသာလည်း ဦးအောင်ရှိန်အနောက်မှာ ဝင်ပြီးရပ်နေကြရတယ်၊ ဘေးပတ်ပတ်လည်ပတ်ဝန်းကျင်တစ်ခွင်လုံးမှာတော့ လှံတွေစိုက်နေတာမနည်းဘူးဗျာ၊ မသိရင်မြေကြီးမှာ မြက်ပင်တွေထိုးထိုးထောင်ထောင်နဲ့ပေါက်နေသလိုမျိုးပဲဗျ။

ဦးအောင်ရှိန်က ဝှေ့ယမ်းရင်း တဖြည်းဖြည်းအရှိန်ကျလာတယ်ဗျ၊ ဦးဘသာက သူ့လက်ကိုစက်ဝိုင်းပုံစံဝှေ့ယမ်းနေတယ်ဗျာ၊ ဦးအောင်ရှိန်ရဲ့အနောက်မှာလုပ်နေတာပေါ့ဗျာ၊ လက်ကိုဝှေ့ယမ်းရင်းနဲ့ လက်အဝိုင်းကြီးအလယ်မှာအနက်ရောင်မီးခိုးတွေ ပေါ်လာပါရောလား။

“အောင်ရှိန်ဖယ်စမ်း၊ မင်းဖယ်လိုက်စမ်း”

ဦးအောင်ရှိန်လည်း တောင်ဝှေးလှည့်နေတာကိုရပ်လိုက်ပြီးတော့ ဦးဘသာအနောက်ကိုပြေးဝင်လိုက်တယ်ဗျ၊ မရွှေတောင်က လှံစက်နဲ့ဦးဘသာကိုချိန်လိုက်တော့ လှံတွေက ဦးဘသာဆီကိုပြေးလာပြန်ရောဗျို့၊ ဒါပေမယ့် ဦးဘသာကိုမထိဘဲ ဦးဘသာလက်လှည့်နေတဲ့အလယ်က မီးခိုးလုံးကြီးတွေထဲဝင်ကုန်တယ်ဗျ၊ ဦးဘသာက ဘယ်ဖက်လက်နဲ့မရွှေတောင်ကိုလက်ညှိုးထိုးလိုက်တဲ့အခါမှာ မရွှေတောင်ရဲ့နောက်ကျောဘက်မှာ မီးခိုးလုံးတွေပေါ်လာပြီးတော့ အထဲကနေလှံတွေတိုးထွက်လာပြီး မရွှေတောင်ကျောကိုလှံတွေစိုက်ကုန်ပါရောဗျာ၊ မရွှေတောင်လည်း အရှေ့ကိုဒူးတစ်ဖက်ထောက်လျှက်သား လဲကျသွားတော့တယ်၊ သူ့ကျောမှာလည်း လှံတွေစိုက်နေတာ မသိရင် ဖြူတစ်ကောင်လိုပါပဲဗျာ၊ ဦးဘသာက ရယ်လိုက်ပြီးတော့

“ဟား၊ ဟား နင့်အကြံဒါအကုန်ပဲလား မရွှေတောင်၊ နင်ကအရှေ့ကိုမဲနေပေမယ့် နင့်အနောက်ကိုလှံတွေရောက်လာအောင်လို့ ငါလှည့်ပေးလိုက်တာလေ၊ ဘယ်လိုလဲ နင့်လှံတွေနင်ပြန်ထိတော့ နာရဲ့လား”

ဦးဘသာကပြောရင်းရယ်တယ်ဗျ၊ မရွှေတောင်က နှုတ်ခမ်းကိုကိုက်လိုက်ပြီးတော့ ပြန်ထလိုက်တယ်ဗျ၊ နောက်တော့ လက်ထဲကလှံကို မြေကြီးထဲကို ထိုးစိုက်ချထည့်လိုက်ပါရောဗျာ၊ ဦးဘသာက မြန်တယ်ဗျာ၊ ကျုပ်လက်ကိုဆွဲပြီးတော့ မိုးပေါ်ကိုလွှားခနဲခုန်တက်လိုက်တာပဲ၊ ဦးအောင်ရှိန်ကလည်း မတိုင်ပင်ရဘူးဗျာ၊ တောင်ဝှေးနဲ့မြေကြီးကိုထောက်ပြီးတော့ ခုန်လိုက်ပါရောဗျာ၊ ကျုပ်တို့ခုန်ပြီးမကြာခင်မှာပဲ မြေကြီးထဲကနေ လှံရှည်ကြီးတွေ ထောင်တက်လာတယ်ဗျ၊ မြေကြီးအပြည့် အကြားအလပ်မရှိအောင်ကို လှံရှည်ကြီးတွေက ထိုးတက်လာတာ၊ ကျုပ်တို့သာအခုန်မမြန်ရင် အရှင်လတ်လတ် တံစို့ထိုးထားသလိုဖြစ်သွားမှာဗျ။

မရွှေတောင်က လှံကိုမြေကြီးကပြန်နှုတ်လိုက်တာနဲ့ လှံရှည်ကြီးတွေက ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတယ်ဗျ၊ မရွှွှေတောင်က ဦးအောင်ရှိန်ဆီကိုချိန်ပြီးတော့ လှံတိုကလေးကို ပစ်လွှတ်ထည့်လိုက်တာပါပဲ၊ လှံတိုကလေးက အနီရောင်အလင်းတွေလက်ပြီးတော့ ဦးအောင်ရှိန်ဆီကိုတိုးဝင်သွားတယ်ဗျ၊ ဦးအောင်ရှိန်က တောင်ဝှေးနဲ့ကမန်းကတမ်းကာလိုက်တယ်ဗျာ၊ လှံသွားချွန်က တောင်ဝှေးအရိုးမှာ ဒေါက်ခနဲစိုက်ဝင်သွားပါရော၊ ပြီးတော့ တောင်ဝှေးကြီးတစ်ခုလုံးလည်း နီရဲပြီးတော့ ပူတက်လာတယ်၊ ဦးအောင်ရှိန်က အံကြိတ်ထားပြီး လှံတံကိုတော်တော်ကာကွယ်နေရတယ်ဗျာ၊ နောက်တော့ တောင်ဝှေးကိုတစ်ချက်ပုတ်ထုတ်လိုက်တော့ လှံတံက ဦးအောင်ရှိန်နားရွက်အနားကဖြတ်သွားပြီးတော့ အနောက်က သရက်ပင်ကြီးရဲ့ ပင်စည်မှာသွားစိုက်ပါရောဗျာ၊ လှံတံစိုက်သွားတာနဲ့ သရက်ပင်စည်ကြီးက နှစ်ခြမ်းကွဲထွက်သွားပြီးတော့ သရက်ပင်ကြီးလဲကျပါရောဗျာ။

ဦးအောင်ရှိန်က လက်ထဲကတောင်ဝှေးကိုပစ်ချပြီးတော့ လက်ဝါးတစ်ဖက်ကိုအသင့််ပြင်ပြီး မရွှေတောင်ဆီကို ခုန်ဝင်သွားသဗျ။

“ဟောဒါက အရဟံလက်ဝါးတဲ့ဟေ့”

မရွှေတောင်က ဦးအောင်ရှိန်ရဲ့လက်ဝါးချက်ကို သူ့လက်ဝါးတစ်ဖက်နဲ့ဖမ်းခံလိုက်တယ်ဗျ၊ ဒီအခါ ဦးဘသာကလည်း လက်ဝါးကိုပြင်လိုက်ပြီး

“ဟောဒါက စုန်းလက်ဝါးတဲ့ဟေ့”

ဦးဘသာကလည်း အော်ဟစ်ရင်း မရွှေတောင်ကိုပြေးရိုက်တော့တယ်၊ မရွှေတောင်က နောက်လက်ဝါးတစ်ဖက်နဲ့ ဦးဘသာရဲ့လက်ကိုခံတယ်ဗျ၊ သူတို့သုံးယောက်ရပ်နေပြီး နှစ်ယောက်တစ်ယောက် လက်ဝါးချင်းတွန်းနေကြတယ်ဗျာ၊ ဦးအောင်ရှိန်ကလည်း မျက်နှာကြီးရှုံ့မဲ့ပြီး အံကြီးကြိတ်လို့ဗျ၊ ဦးဘသာတစ်ဖြစ်လဲ ချောချောကလည်း နဖူးမှာချွေးတွေက ရေတွေစီးကျသလို ကျနေတယ်၊ မရွှေတောင်ရုပ်ကတော့ သိပ်မဖြုံသလိုပါပဲဗျာ၊ ကျုပ်လည်း ဘာလုပ်ရမှန်းမသိတာနဲ့ ဦးအောင်ရှိန်ပစ်ချထားတဲ့ တောင်ဝှေးကိုပြေးကောက်ပြီး မရွှေတောင်ခေါင်းကို ပြေးခုန်ရိုက်ထည့်လိုက်တာပဲဗျာ။

ဖြောင်းခနဲအသံကြားရပေမယ့် မရွှေတောင်က မမှုဘူးဗျ၊ ကျုပ်လည်း လွှဲလွှဲပြီးတော့ ခေါင်းကိုဆင့်ဆင့်ပြီးရိုက်ချလိုက်တာ လေးငါးချက်လောက်ရိုက်ပြီးတော့ မရွှွှေတောင်မဟန်တော့ဘူးဗျ၊ မြေကြီးပေါ်ကို ဒူးနှစ်ဖက်ထောက်ပြီး ထိုင်ကျသွားတယ်၊ ယိုင်သွားတဲ့မရွှေတောင်ကို ဦးအောင်ရှိန်က ညာလက်ဝါးနဲ့မရွှေတောင်ရဲ့ ညာဘက်ရင်အုံကို ရိုက်ထည့်လိုက်တော့တယ်ဗျာ၊ ဦးဘသာရဲ့ စုန်းလက်ဝါးကလည်း မရွှေတောင်ရဲ့ဘယ်ဘက်ရင်အုံကို ရိုက်မိသွားတော့တယ်။ မရွှေတောင်က အသံအကျယ်ကြီးအော်ပြီးတော့ အနောက်ကိုကျွမ်းပြန်ပြီးလွင့်ထွက်သွားပါရောဗျာ။

ဦးဘသာနဲ့ ဦးအောင်ရှိန်လည်း တော်တော်ကိုမောသွားကြတယ်ဗျ၊ မရွှေတောင်က မြေပေါ်ကိုပြန်ကျတော့ အတည့်ကျတယ်၊ အထိနာသွားတယ်ဆိုပေမယ့်လည်း ခပ်ပြုံးပြုံးပဲဗျ။

“နင်တို့နှစ်ယောက်က ဒီလောက်နဲ့ငါ့ကိုနိုင်ပြီလို့ထင်နေတာလား”

မရွှေတောင်က ပြောဆိုပြီးတော့ ခြံတံခါးကြီးထဲကိုဖောက်ဝင်သွားတယ်ဗျ၊ ဦးအောင်ရှိန်က အပြေးလိုက်ပြီး ခြံတံခါးကြီးကိုလက်နဲ့ထိလိုက်တော့ ဝုန်းခနဲအသံကြားရပြီး အနောက်ကိုကျွမ်းပြန်လွင့်ထွက်သွားတယ်ဗျာ၊ ဦးဘသာက ဦးအောင်ရှိန်ကိုပြေးဆွဲတယ်။

“ငါ့ကောင်၊ သတိထားအုံး”

ဒီအခါ ခြံထဲကနေ ရယ်သံကြီးထွက်လာတယ်ဗျ။

“ဟား၊ ဟား နင်တို့ပညာလောက်နဲ့ ဒီခြံထဲကိုဝင်ဖို့ဆိုရင် နောက်ထပ်ဆယ်နှစ်မဟုတ်ဘူး၊ ဆယ်သက်လောက် ကြိုးစားလိုက်ကြစမ်းပါ၊ ဟား၊ ဟား”

ဦးဘသာက ခေါင်းခါပြီးတော့

“မလွယ်ဘူးအောင်ရှိန်ရ”

ကျုပ်လည်း တောင်ဝှေးလေးကိုင်ရင်း

“တံခါးကနေမဝင်ဘဲ ခြံစည်းရိုးကျော်တက်မယ်ဆိုရင်ရောဗျာ”

ဦးဘသာက ခေါင်းခါပြီး

“မင်းပြောတာမှန်တယ်ကွ၊ သူတို့က ဒီခြံကြိးကိုလုံခြုံအောင်ဆိုပြီး သံကွန်ချာအထပ်ထပ်နဲ့အုပ်သလို အောက်လမ်းနည်းတွေအထပ်ထပ်စီရင်ပြီးပိတ်ဆို့ထားတာကွ၊ သာမန်လူအတွက် ဘာမှမဟုတ်ဘူးထင်ရပေမယ့်၊ ငါတို့လိုပညာသည်တွေအတွက်ကတော့ ထိုးဖောက်ဖို့မလွယ်တဲ့ ခံတပ်ကြီးတစ်ခုလိုပါပဲကွာ”

“ဒါဖြင့်ရင် ဘယ်လိုလုပ်ကြမလဲဗျာ”

ဦးအောင်ရှိန်က မတ်တပ်ရပ်ရင်း

“တကယ်ပဲ ထိုးဖောက်မရဘူးလားကွ”

ဦးဘသာက ပြုံးရင်း

“ထိုးဖောက်လို့မလွယ်ဘူးဆိုပေမယ့် ထိုးဖောက်လို့မရတာတော့မဟုတ်ပါဘူးကွာ၊ ငါ့ဆီမှာနည်းလမ်းတစ်ခုရှိတယ်ကွ”

“ဘယ်လိုလုပ်မလဲ သာဒင်ရာ”

ဦးဘသာက ပြောမယ်လုပ်ပြီးတော့မှ နောက်တော့ မပြောတော့ဘဲ

“မင်းကိုမပြောတော့ပါဘူး အောင်ရှိန်ရာ၊ ဒီလိုလုပ်စမ်းကွာ၊ မနက်ဖြန် ဒီလိုအချိန်လောက် မင်းဒီခြံရှေ့မှာ ငါတို့ကိုစောင့်နေ၊ ငါတို့နည်းလမ်းရှာပြီးပြန်လာခဲ့မယ်”

ဦးအောင်ရှိန်ကလည်းခေါင်းညိတ်ရင်း

“အေး၊ ကောင်းပြီလေ၊ ငါလည်းပြင်ဆင်စရာရှိတာလေးတွေ ပြင်ဆင်ဖို့လိုတာနဲ့အတော်ပဲပေါ့ကွာ၊ မနက်ဖြန်နော် သာဒင်”

“စိတ်ချစမ်းပါကွ”

ဦးဘသာနဲ့ ဦးအောင်ရှိန်တို့နှစ်ယောက် တစ်ယောက်လက်ဝါးတစ်ယောက်ရိုက်လိုက်ကြတယ်ဗျ၊ နောက်တော့ ဦးဘသာက ထွက်သွားတာနဲ့ ကျုပ်လည်း ဦးအောင်ရှိန်ကိုတောင်ဝှေးပြန်ထိုးပေးလိုက်တယ်။ ဦးအောင်ရှိန်က ခေါင်းခါပြပြီးတော့

“တောင်ဝှေးကိုမင်းပဲယူထားလိုက်ပါအလတ်ကောင်ရာ၊ ခုနကလည်း မင်းသာမရွှေတောင်ကို တောင်ဝှေးနဲ့ဝင်မရိုက်ရင် တို့ချည်းပဲဆို နိုင်မှာမဟုတ်ဘူးကွ”

ကျုပ်ပျော်သွားတယ်ဗျ။

“တကယ်၊ တကယ်ပဲယူထားရမှာလားဗျာ”

“ဒီတိုက်ပွဲမှာ မင်းအတွက်လက်နက်လိုတယ်ကွ၊ ငါတို့ဆီမှာက ပညာလက်နက်တွေရှိပြီးသားဆိုတော့ မင်းအတွက် ပစ္စည်းလက်နက်လိုတာပေါ့၊ ဒီတောင်ဝှေးက နှယ်နှယ်ရရမဟုတ်ဘူးအလတ်ကောင်၊ နတ်ပြည်က ကသစ်ဖြူပင်ရဲ့အရိုးနဲ့လုပ်ထားတဲ့တောင်ဝှေးတဲ့ကွ”

ကျုပ်လည်းတောင်ဝှေးယူလိုက်ပြီး ဦးအောင်ရှိန်ကိုခေါင်းညိတ်ပြလိုက်တယ်၊ ဦးဘသာက တော်တော်လှမ်းလှမ်းကိုရောက်သွားပြီဆိုတော့ ကျုပ်လည်း သူ့အနောက်ကိုပြေးလိုက်သွားရတာပေါ့ဗျာ။

“ဦးဘသာ၊ ကျုပ်ကိုစောင့်ပါအုံးဗျာ”

ဦးဘသာက ကျုပ်ကိုလှည့်ကြည့်တယ်ဗျ။

“ဒါနဲ့ ဦးဘသာအကြံဆိုတာဘာလဲဗျ”

“ဒီလိုအောက်လမ်းနည်းတွေကို ဖျက်တတ်တဲ့လူတစ်မျိုးရှိတယ်ကွ၊ အဲဒီလူူတွေက အောက်လမ်းနည်းအစီအရင်တွေကို ထိုးဖောက်ဖျက်ဆီးတတ်တယ်ဆိုပဲ”

ကျုပ်ဖြင့်အံ့သြသွားတယ်။

“ဟုတ်လား၊ အဲဒါဘယ်သူလဲဗျာ”

“ကဝေရှင်လို့ခေါ်တဲ့လူတွေပဲ”

“ကဝေရှင်ဆိုတာ ဘာလဲဗျ”

“ကဝေတွေရဲ့အရှင်သခင်လို့ အဓိပ္ပါယ်ရတယ်ကွ၊ သူတို့က ကဝေတွေကိုလိုက်ဖမ်းပြီးတော့ ကျွန်ပြုပြီး အုပ်ချုပ်ခိုင်းစားတဲ့သူတွေပဲ”

“ဒီလူတွေနဲ့ ဦးဘသာနဲ့ရင်းနှီးလို့လားဗျာ”

ဦးဘသာက ခေါင်းခါပြရင်း

“ငါ့လိုစုန်းနဲ့ ကဝေရှင်နဲ့ရင်းနှီးမလားကွ၊ ကဝေရှင်နဲ့စုန်းဆိုတာ ရန်သူကွ၊ ရန်သူ”

“ဒါဖြင့်ရင် ကျုပ်တို့သွားတော့ ဒီကောင်တွေက ကျုပ်တို့ကိုဆော်မှာပေ့ါကွာ”

“ကြိုးစားကြည့်လို့ အရှုံးမရှိပါဘူးအလတ်ကောင်ရာ၊ ကဝေရှင်တွေက ငါတို့အတွက်နောက်ဆုံးကောက်ရိုးတစ်မျှင်ပဲကွ၊ ရေနစ်တဲ့အအခါ ကောက်ရိုးတစ်မျှင်ဖြစ်ဖြစ် အားကိုးပြီးဆွဲကြည့်ရမှာပဲမဟုတ်လား”

“ဒါနဲ့သူကဘယ်မှာရှိတာလဲ”

“ရန်ကုန်မှာ ကဝေရှင်တစ်ယောက်တော့ရှိတယ်ကွ၊ ဒီကောင့်ဆီ သွားကြမယ်ဟေ့”

ဦးဘသာထွက်သွားတာနဲ့ ကျုပ်လည်းသူ့နောက်ပြေးလိုက်ခဲ့တယ်ဗျာ၊ တစ်ရပ်ကွက်လုံးလည်း မှောင်လို့မိုက်လို့ တိတ်လို့ဆိတ်လို့ပါပဲ။

ဆက်ရန်။
#အဂ္ဂဇော် #ဦးဘသာ #ဦးအောင်ရှိန် #စုန်း #သရဲ

Zawgyi Version

“စုန္းထီးႀကီးဦးဘသာႏွင့္ အလွည့္အေျပာင္း”(စ/ဆုံး)
———————————————————————
အတြဲ(၅) စာစဥ္(၇)

(၁)

က်ဳပ္နဲ႔ဦးဘသာနဲ႔တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္လိုက္မိတယ္ဗ်၊ ဒီအခါ ေယာက္်ားတစ္ေယာက္က အေရွ႕တက္လာၿပီးေတာ့

“ဟုတ္ပါတယ္ညီမေလးရာ၊ ညီမေလးစိတ္တိုင္းက်ပဲအကုန္ျဖစ္ေစရမယ္၊ အကိုတို႔နဲ႔ျပန္လိုက္ခဲ့ပါ”

ဦးဘသာက ေခါင္းကိုတဆတ္ဆတ္ခါတယ္ဗ်၊ ေနာက္ေတာ့ ဒီလူအုပ္ကိုလက္ညႇိဳးၫႊန္လိုက္ၿပီးေတာ့ ပါးစပ္ကတစ္ခုခုကို႐ြတ္လိုက္တယ္။ အဲဒီအခါေလစိမ္းေတြတိုက္လာၿပီးေတာ့ ဖုန္ေတြထလာတာပဲဗ်ာ၊ မိုးတြင္းႀကီးဆိုေတာ့ ေျမႀကီးကေျခာက္ေျခာက္ႀကီးဗ်၊ အဲဒီကေနဖုန္ေတြထတာ ျမင္မေကာင္းဘူးဗ်ာ၊ ဖုန္ေတြကေနာက္ေတာ့ က်ဳပ္တို႔ေတြအကုန္လုံးကိုဖုံးလႊမ္းသြားတယ္ဗ်၊ မသိရင္ သဲမုန္တိုင္းတိုက္သလိုလို၊ ေလေပြတစ္ခုထဲေရာက္သြားသလိုလိုပါပဲ၊ ဦးဘသာက က်ဳပ္လက္ကိုဆြဲၿပီးေတာ့ ဖုန္ေတြၾကားကေနတစ္ခါတည္းေျပးေတာ့တယ္၊ ေျပးရင္းနဲ႔က်ဳပ္တို႔အေရွ႕ကလူေတြကိုလည္း ဝင္တိုက္သြားၾကတာေပါ့ဗ်ာ။

ဟိုလူအုပ္ကေတာ့ ဖုန္လုံးႀကီးထဲက်န္ေနခဲ့ၾကတယ္ဗ်၊ က်ဳပ္တို႔ေျပးလႊားရင္း အဲဒီ႐ြာကေလးထဲပဲ လွည့္ပတ္ေျပးေနမိတယ္၊ ဒီအခ်ိန္ က်ဳပ္တို႔အေနာက္က စက္ဘီးဘဲလ္သံၾကားရတယ္ဗ်၊ က်ဳပ္လည္းလွည့္ၾကည့္လိုက္ေတာ့ ဆိုက္ကားတစ္စီးကေမာင္းလာသဗ်။ အဲဒီဆိုက္ကားသမားက ခုနက က်ဳပ္ကိုတင္နင္းလာတဲ့ ဆိုက္ကားသမားပဲဗ်ာ၊ က်ဳပ္ကိုေတြ႕တာနဲ႔ ဆိုက္ကားေဘးက ထိုင္ခုံအလြတ္ကိုမ်က္စပစ္ျပၿပီးေတာ့ တက္ဆိုၿပီးတစ္ခြန္းတည္းေျပာတယ္၊ ဒါနဲ႔က်ဳပ္လည္း ဆိုက္ကားေပၚတက္လိုက္တာေပါ့ဗ်ာ။

“ဦးဘသာတက္၊ ျမန္ျမန္တက္ဗ်”

ဦးဘသာကလည္း ဆိုက္ကားအေနာက္ကိုေျပးတက္တယ္ဗ်၊ က်ဳပ္တို႔တက္ၿပီးတာနဲ႔ ဆိုက္ကားသမားက ဆိုက္ကားကိုအျမန္နင္းတယ္ဗ်၊ ႐ြာလမ္းလိုမ်ိဳးဗြက္ေပါက္ေနတဲ့လမ္းေတြကိုျဖတ္နင္းၿပီး ေနာက္ေတာ့ က်ဳပ္တို႔အလာတုန္းကျဖတ္လာတဲ့ ကြင္းေတြကိုျဖတ္နင္းတယ္ဗ်။

“မင္းတို႔ဘယ္ကိုသြားမွာလဲ”

ဦးဘသာက ရပ္ကြက္တစ္ခုကိုေျပာလိုက္တယ္၊ ဆိုက္ကားသမားကလည္း ဆက္နင္းလာပါေရာဗ်ာ၊ ကားလမ္းမႀကီးကိုျဖတ္ေက်ာ္ၿပီးေတာ့ ဟိုးဖက္ေတာင္ကုန္းေလးေတြအနားေရာက္တဲ့အခါ ဆင္းရဲသားရပ္ကြက္ကေလးတစ္ခုကိုေတြ႕လိုက္ရသဗ်။

“ကဲ မင္းတို႔ခရီးလမ္း ေျဖာင့္ျဖဴးပါေစ ေခ်ာေခ်ာေရ”

က်ဳပ္လည္း မ်က္ေမွာင္ၾကဳတ္လိုက္ၿပီးေတာ့

“က်ဳပ္နာမည္ ခင္ေမာင္ပါဗ်”

“ငါကမင္းကိုေျပာတာမဟုတ္ဘူး သူ႔ကိုေျပာတာ”

ဆိုက္ကားသမားက ဦးဘသာကိုလက္ညႇိဳးထိုးျပတယ္ဗ်၊ ဦးဘသာကလည္း ေၾကာင္အမ္းအမ္းနဲ႔ရယ္။

“ဒါနဲ႔ သူ႔နာမည္က ေခ်ာေခ်ာတဲ့လား”

ဆိုက္ကားသမားက က်ဳပ္ကိုၿပဳံးၾကည့္ရင္း

“မင္းမသိသလိုဟန္ေဆာင္မေနပါနဲ႔ကြာ၊ ငါကမင္းနဲ႔ေခ်ာေခ်ာအေၾကာင္းကို ဘယ္သူ႔ကိုမွမေျပာပါဘူးကြ၊ မင္းတို႔ကလည္း တကယ့္စံပါပဲကြာ၊ ႐ိုမီယိုနဲ႔ဂ်ဴးလိယက္တို႔ ေသဟန္ေဆာင္ၿပီးေတာ့ ျပန္ေပါင္းထုတ္ဖို႔ႀကိဳးစားခဲ့သလို အခုမင္းတို႔ကလည္း ဒီလမ္းစဥ္အတိုင္းလုပ္ႏိုင္ခဲ့တာ ငါခ်ီးက်ဴးတယ္ေဟ့၊ ကဲ သြားၾကေတာ့၊ မင္းတို႔ခ်စ္သူေတြ အိုေအာင္မင္းေအာင္ေပါင္းႏိုင္ၾကပါေစကြာ”

က်ဳပ္တို႔လည္း ဆိုက္ကားေပၚကဆင္းၿပီးေတာ့ လမ္းေလွ်ာက္လာခဲ့ၾကေတာ့တယ္ဗ်ာ၊ ဦးဘသာက လမ္းသိေနတဲ့ပုံပဲဗ်၊ ဒီေနရာက က်ဳပ္မေန႔ကေရာက္ခဲ့ဖူးသလိုလိုေတာ့ရွိသား၊ တစ္ေနရာေရာက္ေတာ့မွ ၿခံဝင္းအျပင္ဘက္မွာ ဦးဘသာကရပ္လိုက္တယ္ဗ်၊ ၿခံဝင္းထဲက အိမ္ကေလးကိုလွမ္းျပေတာ့ အိမ္ေရွ႕မွာစားပြဲဝိုင္းႀကီးခ်ၿပီး ဦးဘသာနဲ႔ဦးေအာင္ရွိန္တို႔က တရယ္ရယ္တေမာေမာနဲ႔ စကားေျပာေနၾကပါေရာဗ်ာ။

“ဟာ၊ အဲဒါငေထရွင္ဗ်၊ ၾကည့္စမ္း၊ ဦးဘသာေယာင္ေဆာင္ၿပီးေတာ့ ဦးေအာင္ရွိန္ကိုဝင္လုံးေနတာဗ်”

က်ဳပ္လည္းၾကည့္ရင္းေျပာလိုက္မိတယ္၊ ဦးေအာင္ရွိန္နဲ႔ မိသက္က ဦးဘသာႀကီးကို ဦးဘသာအစစ္ပဲထင္ေနပုံရတယ္ဗ်၊ ငေထရွင္ကလည္း သ႐ုပ္ေဆာင္ေကာင္းတယ္ဗ်ာ၊ ဒါကိုၾကည့္ၿပီး ေခ်ာေခ်ာကေတာ့ ေတာက္တစ္ခ်က္ေခါက္လိုက္သဗ်။

“ဒီေကာင္ေတြကို ငါဝင္တားရမယ္ကြ”

အဲဒီလိုေျပာၿပီးေတာ့ ေခ်ာေခ်ာတစ္ေယာက္ ၿခံဝိုင္းထဲကို ေျပးဝင္သြားပါေရာဗ်ာ။

“ဦးဘသာ၊ ဦးဘသာ”

က်ဳပ္လွမ္းေတာ့ေခၚတယ္ဗ်ာ၊ ေခ်ာေခ်ာကလွည့္ေတာင္မၾကည့္ပါဘူး။ က်ဳပ္လည္း လိုက္သြားရေကာင္းႏိုး၊ ဒီမွာပဲေနရေကာင္းႏိုးနဲ႔ ေနာက္ဆုံးေတာ့ ၿခံစည္း႐ိုးဝါးကပ္ကို အကာအကြယ္ျပဳၿပီး အသာေခ်ာင္းၾကည့္ေနလိုက္ရသဗ်ာ။

“ဟိတ္ေကာင္ေတြ ရပ္လိုက္ၾကစမ္း”

ဦးဘသာက ေအာ္လိုက္ေပမယ့္ မိန္းကေလးကိုယ္ဆိုေတာ့ မိန္းကေလးအသံျဖစ္ေနတာေပါ့ဗ်ာ၊ ဦးေအာင္ရွိန္ေရာ၊ ဦးဘသာတစ္ျဖစ္လဲ ငေထရွင္ေရာက ဒီမိန္းကေလးကို တအံ့တၾသနဲ႔ၾကည့္ေနတယ္၊ ဘသိုက္က

“မိန္းကေလး၊ မင္းအိမ္မွားလာၿပီနဲ႔တူတယ္”

“မမွားဘူး ငါဒီအိမ္ကိုတန္းတန္းမတ္မတ္လာတာ”

အဲဒီလိုေျပာၿပီး ဦးဘသာကိုလက္ညႇိဳးထိုးရင္း

“ေဟ့ေကာင္၊ မင္းငါ့ကိုယ္ကိုယူထားတာျပန္ေပးစမ္း၊ ငါ့ကိုအခုျပန္ေပးစမ္း”

ဦးဘသာက ထိတ္ထိတ္ျပာျပာျဖစ္သြားၿပီး ဦးေအာင္ရွိန္ကိုၾကည့္တယ္ဗ်၊ ဦးေအာင္ရွိန္ကလည္း

“သာဒငင္၊ မင္းနဲ႔သူနဲ႔သိလို႔လားကြ”

ဦးဘသာက မ်က္ႏွာငယ္နဲ႔

“ငါမသိပါဘူးကြာ၊ သူ႔ကိုငါတစ္ခါမွလည္းမျမင္ဖူးပါဘူး”

ဦးေအာင္ရွိန္က ဦးဘသာကိုလက္ကာျပရင္း ေခ်ာေခ်ာကိုၾကည့္ၿပီးေတာ့

“ဒီမွာမိန္းကေလး၊ ဒီလူက မင္းထက္အသက္အမ်ားႀကီးႀကီးတယ္၊ အခုလိုလက္ညႇိဳးထိုးၿပီးေျပာစရာမလိုပါဘူးကြာ၊ မင္းလက္ညႇိဳးကို မင္းျပန္သိမ္းလိုက္စမ္းပါ”

ေခ်ာေခ်ာက ေအာင္ရွိန္ကိုၾကည့္ၿပီး

“မင္းဘာသိလို႔လဲေအာင္ရွိန္၊ ဒီေကာင္က သာဒင္အတုကြ၊ သာဒင္အစစ္က ငါကြ”

ဦးေအာင္ရွိန္ေတာင္မွ ခပ္ေၾကာင္ေၾကာင္ျဖစ္သြားတယ္ဗ်ာ၊ ဒီအခ်ိန္ဦးဘသာက မတ္တပ္ထရပ္ၿပီးေတာ့

“ဟာ၊ စုန္းမ၊ နင္ကမ်ား ငါ့ကိုစြပ္စြပ္စြဲစြဲနဲ႔ နင့္ကိုငါလုပ္လိုက္ရင္ေတာ့ နင္ေသေတာ့မယ္”

ေခ်ာေခ်ာကလည္း ေဒါသထြက္သြားတယ္ဗ်။

“ေဟ့ေကာင္၊ မင္းကိုငါအရင္သတ္မယ္ကြ”

ေခ်ာေခ်ာက ဦးဘသာကိုလက္ညႇိဳးထိုးလိုက္တဲ့အခ်ိန္ ဦးဘသာက ဝုန္းခနဲအေနာက္ကိုလြင့္ထြက္သြားၿပီးေတာ့ အိမ္ထဲကထရံနဲ႔တိုက္မိၿပီး ေခြက်သြားပါေရာဗ်ာ၊ ဒီအခါ ဦးေအာင္ရွိန္က ေခ်ာေခ်ာကိုၾကည့္ရင္း မတ္တပ္ထလိုက္တယ္ဗ်။

“ဒီမယ္မိန္းကေလး၊ မင္းလုပ္ေနတာေတြရပ္လိုက္ေတာ့ေနာ္”

ေခ်ာေခ်ာက ေဒါသမထိန္းႏိုင္ေတာ့ပါဘူးဗ်ာ၊ အေရွ႕ကိုေျခလွမ္းၿပီးတက္လိုက္တယ္၊ ဒီအခါ ဦးေအာင္ရွိန္က ေခ်ာေခ်ာကိုလက္ညႇိဳးထိုးလိုက္ေတာ့ ေခ်ာေခ်ာက ေျခတစ္လွမ္းဆုတ္ၿပီး အေနာက္ကိုေရွာင္လိုက္ရသဗ်ာ။

“ဟဲ့စုန္းမ၊ ေျပာရတဲ့အတူ နင္ငါ့အေၾကာင္းသိရမယ္ကြ”

ဦးေအာင္ရွိန္က ေတာင္ေဝွးဆြဲၿပီးေတာ့ အိမ္ေပၚကေနလႊားခနဲခုန္ဆင္းလာပါေရာဗ်ာ၊ ေခ်ာေခ်ာက ဦးေအာင္ရွိန္ကိုၾကည့္ရင္း

“ေဟ့ေကာင္ေအာင္ရွိန္၊ ငါမင္းနဲ႔မတိုက္ခ်င္ဘူး၊ မင္းင့ါေရွ႕ကေနဖယ္စမ္းကြာ”

“သာဒင္ကိုထိတာ ငါ့ကိုထိတာနဲ႔အတူတူပဲစုန္းမ”

ဦးေအာင္ရွိန္က ေခ်ာေခ်ာကိုေတာင္ေဝွးနဲ႔ခ်ိန္လိုက္တယ္ဗ်၊ ေခ်ာေခ်ာက အေနာက္ကိုဆယ္လွမ္းေလာက္လြင့္ထြက္သြားတယ္၊ က်ဳပ္လည္း မေနႏိုင္ေတာ့တာနဲ႔ ေခ်ာေခ်ာကိုေျပးဆြဲရတာေပါ့ဗ်ာ။

“ဦးဘသာ အဆင္ေျပရဲ႕လား”

ေခ်ာေခ်ာက ေျမျပင္ကေန ကုန္းထရင္း

“ေတာက္၊ ငါ့အစြမ္းေတြသိပ္မရွိေတာ့တာနာတာပဲကြာ”

ေခ်ာေခ်ာကရင္ဘတ္ကိုလက္နဲ႔ဖိေနတယ္ဗ်ာ။ ဦးေအာင္ရွိန္က ေခ်ာေခ်ာကိုၾကည့္ၿပီး

“ဒါအကင္းပဲရွိေသးတယ္မိန္းကေလး၊ ထပ္တိုးရင္ ဒီထက္နာမယ္”

ေနာက္ မိသက္က က်ဳပ္ကိုေတြ႕ေတာ့

“ဟာ၊ သူပဲ၊ သူလာျပန္ၿပီ”

ဦးေအာင္ရွိန္က ေခါင္းညိတ္ရင္း

“ငါသိတယ္၊ ငေထရွင္၊ ငေထရွင္ ဒါမင္းရဲ႕အႀကံေတြမဟုတ္လား”

ဦးေအာင္ရွိန္က က်ဳပ္ကိုၾကည့္ရင္း ငေထရွင္လို႔တန္းေျပာတာပဲဗ်ာ၊ က်ဳပ္လည္း လက္ကိုကာျပလိုက္ၿပီး

“မဟုတ္ဘူး၊ က်ဳပ္က ငေထရွင္မဟုတ္ေတာ့ဘူးဗ်”

ဒီအခ်ိန္မွာပဲ အိမ္ခန္းထဲေခြက်ေနတဲ့ ဦးဘသာက အိမ္ေရွ႕ကိုထြက္လာတယ္ဗ်၊ ဦးေအာင္ရွိန္အနားကိုကပ္လိုက္ၿပီးေတာ့

“ေတာ္ၾကပါေတာ့ကြာ၊ ငါ့အတြက္နဲ႔ မတိုက္ခိုက္ၾကပါနဲ႔ေတာ့၊ အဟြတ္၊ အဟြတ္”

ဦးဘသာက ရင္ဘတ္ကိုဖိၿပီးေခ်ာင္းဆိုးလိုက္တဲ့အခါ သူ႔ပါးစပ္ကေန ေသြးေတြအန္ၿပီးက်လာတယ္ဗ်ာ၊ ရင္ဘတ္တစ္ခုလုံးကို ေသြးေတြ႐ႊဲစိုသြားပါေရာ၊ မိသက္က ဘဘႀကီးလို႔ေအာ္ၿပီး ဦးဘသာအနားကိုေျပးသြားလိုက္တယ္၊ ဦးေအာင္ရွိန္က က်ဳပ္တို႔ဘက္ကိုလွည့္လာၿပီးေတာ့ က်ဳပ္နဲ႔ေခ်ာေခ်ာနဲ႔ကို ေဒါသမ်က္လုံးေတြနဲ႔ၾကည့္သဗ်။

“မင္း၊ မင္းတို႔ေတာ္ေတာ္တရားလြန္ေနၿပီေနာ္”

ဒီအခ်ိန္မွာပဲ ဦးဘသာက လက္ကိုေထာင္လိုက္တယ္ဗ်၊ သူ႔လက္ထဲမွာ ဝင္းခနဲလက္သြားၿပီးေတာ့ သန္လ်က္ကေလးတစ္ခုကိုျမင္လိုက္ရတယ္၊ အဲဒီသံလ်က္နဲ႔ ဦးေအာင္ရွိန္ရဲ႕ေနာက္ေက်ာကို ဒုတ္ခနဲထိုးခ်လိုက္တယ္ဗ်၊ ဦးေအာင္ရွိန္က ေအာ္ၿပီးေတာ့ အေရွ႕ကိုယိုင္က်သြားတယ္၊ ဦးဘသာက မိသက္ရဲ႕လည္ဂုတ္ကို လက္နဲ႔ဖမ္းဆြဲလိုက္ၿပီးေတာ့

“ဟား၊ ဟား ငတုံးေတြ၊ ငအေတြ၊ ဟား၊ ဟား”

ဦးေအာင္ရွိန္က ဦးဘသာကို နားမလည္သလိုနဲ႔လွည့္ၾကည့္တယ္ဗ်။

“သာဒင္ မင္းဘာျဖစ္တာလဲ”

“ဟား၊ ဟား မင္းကငါ့ကိုအခုထိ သာဒင္လို႔ထင္ေနတုန္းလားကြ၊ ငါက မင္းသူငယ္ခ်င္း သာဒင္မဟုတ္ေတာ့ဘူး၊ ငါက ငေထရွင္ပဲကြ”

ဦးေအာင္ရွိန္က ငေထရွင္ရဲ႕လက္ထဲက ေ႐ႊေရာင္သံလ်က္ကိုၾကည့္ရင္း

“ဟင္၊ ငေထရွင္ . . . ငေထရွင္က သံလ်က္ကိုရသြားၿပီလား”

“ဟား၊ ဟား ဟုတ္တယ္ေအာင္ရွိန္၊ ငါ့အစြမ္းေတြငါျပန္ရၿပီ၊ ဒီတစ္ခါေတာ့ မင္းတို႔ဘုရားပ်ံေတြ ငါ့ကိုမႏိုင္ေတာ့ဘူးကြ”

ငေထရွင္က မိသက္ကိုၾကည့္ရင္း

“ေရွ႕လာမယ့္ဘုရားပ်ံက မိန္းကေလးမဟုတ္လား၊ မင္းသူ႔ကို ဘုရားပ်ံအျဖစ္ ပညာဆက္ခံမယ္ဆိုၿပီး ေတြးထားတယ္မဟုတ္လားကြ၊ ဘုရားပ်ံအဆက္ဆက္ ငါ့ကိုမသတ္ႏိုင္ဘူးဆိုတာ မင္းတို႔အကုန္လုံးက ေယာက္်ားေတြျဖစ္ေနလို႔ေလကြ၊ အခုဒီမိန္းကေလးကေတာ့ မင္းဆီကေနပညာေတြယူၿပီး ငါ့ကိုသတ္မယ့္တစ္ေယာက္မဟုတ္လား”

ငေထရွင္ကေျပာရင္း မိသက္ရဲ႕လည္ဂုတ္ကိုလက္နဲ႔တအားညႇစ္ေတာ့ မိသက္က ေအာ္တယ္ဗ်။

“အေဖႀကီး၊ အေဖႀကီး နာတယ္၊ နာတယ္”

ဦးေအာင္ရွိန္က ငေထရွင္ကိုလက္ညႇိဳးထိုးၿပီးေတာ့

“ေဟ့ေကာင္၊ မိသက္ကိုလႊတ္၊ အခုလႊတ္လိုက္ေနာ္”

“ဟား၊ ဟား လႊတ္မလားကြ၊ ငါ့ကိုကိစၥတုံးမယ့္လူကို ငါကလႊတ္ေပးစရာလားကြ၊ ဒီကေလးမကိုသတ္လိုက္ရင္ ငါ့ကိုရန္ျပဳမယ့္သူမရွိေတာ့ဘူး၊ ၿပီးေတာ့ မင္းတို႔ဘုရားပ်ံေတြလည္း ကိစၥတုံးၿပီ၊ မ်ိဳးဆက္ျပတ္ၿပီမဟုတ္လားကြ”

ေျပာရင္းဆိုရင္း ငေထရွင္တို႔ပတ္ပတ္လည္မွာ မီးေတာက္မီးလွ်ံႀကီးေတြ ထေတာက္လာတယ္ဗ်၊ မီးေတာက္ေတြက အနီေရာင္မဟုတ္ဘဲ အမဲေရာင္ႀကီးေတြဗ်ာ၊ မိသက္ကေတာ့ ေအာ္ငိုေတာ့တာပဲ။

“အေဖႀကီး၊ အေဖႀကီး”

ငေထရွင္က တစ္ခ်က္ၾကည့္လိုက္ၿပီး

“ကဲ ေအာင္ရွိန္၊ မင္းကိုငါ ေနာက္ဆုံးအေနနဲ႔ ႏႈတ္ဆက္ခဲ့ပါတယ္ကြာ”

အဲဒီလိုေျပာၿပီးတာနဲ႔ မီးေတာက္ႀကီးေတြက ဟုန္းခနဲေတာက္ၿပီး လူတစ္ရပ္စာအျမင့္ေလာက္အထိ တက္လာပါေရာဗ်ာ၊ မီးေတာက္ေတြျပန္က်သြားတဲ့အခ်ိန္မွာေတာ့ မိသက္ေရာ ငေထရွင္ေရာ မရွိေတာ့ဘူးဗ်၊ ဦးေအာင္ရွိန္က လက္ကိုဆန႔္တန္းၿပီးေတာ့

“သမီးမိသက္၊ မိသက္ . . .”

လို႔အသံရွည္ဆြဲေအာ္ၿပီး လဲက်သြားေတာ့တယ္၊ က်ဳပ္နဲ႔ေခ်ာေခ်ာလည္း ဦးေအာင္ရွိန္ကိုေျပးေပြ႕လိုက္တာေပါ့ဗ်ာ၊ ဘသိုက္တို႔လည္း အံ့အားသင့္ၿပီး ၾကည့္ေနၾကတယ္ဗ်။ ေခ်ာေခ်ာက ဦးေအာင္ရွိန္ကိုလႈပ္ႏႈိးရင္း

“ေအာင္ရွိန္၊ ေအာင္ရွိန္ . . . ေမ်ာက္ေခါင္း သတိထားပါအုံးကြာ”

ဦးေအာင္ရွိန္က မ်က္လုံးကိုခပ္ေမွးေမွးဖြင့္ၾကည့္တယ္ဗ်။

“ေျပာင္ရွင္း . . . မင္း၊ မင္းလားကြ”

ေခ်ာေခ်ာကေခါင္းညိတ္ၿပီးေတာ့

“ငါ သာဒင္ပါလို႔ မင္းကိုေျပာတယ္မဟုတ္လား”

“ဘယ္လိုျဖစ္ၾကတာလဲကြာ”

“မင္းမရွိတဲ့အခ်ိန္ ငေထရွင္နဲ႔ ဝိညာဥ္ဖလွယ္လိုက္မိတယ္ကြ၊ အဲဒီအခ်ိန္မွာ ငေထရွင္က င့ါကိုယ္ထဲကိုလွမ္းဝင္သြားပါေရာကြာ၊ အလတ္ေကာင္ရဲ႕အကူအညီနဲ႔ ငါအခု လူေသမိန္းကေလးတစ္ေယာက္ရဲ႕ကိုယ္ထဲကို ဝင္ေနရတယ္ကြ”

“မင္းကိုငါေျပာသားပဲ သာဒင္ရာ ငါမရွိဘဲနဲ႔ ဘာမွေလွ်ာက္မလုပ္ပါနဲ႔ဆိုေနမွကြာ”

ဦးေအာင္ရွိန္က ေျပာရင္း ေသြးေတြပြက္ပြက္အန္က်လာတယ္ဗ်။

“မိသက္ . . .မိသက္ကို ကယ္တင္ေပးပါ သာဒင္ရာ”

“ေအးပါကြာ၊ ငါတို႔သူ႔ကိုလည္းကယ္တင္ေပးမယ္၊ ၿပီးေတာ့မင္းကိုလည္း ကယ္ေပးမယ္ကြ”

ဦးေအာင္ရွိန္က ေခါင္းခါၿပီး

“ငါ့အေျခအေနငါသိပါတယ္၊ ငေထရွင္ရဲ႕အစြမ္းကို ငါသိၿပီးသားပါကြ၊ ငါ့ကို ဘုရားတစ္ဆူဆူကိုပို႔ေပးစမ္းပါကြာ”

ဘသိုက္ကေျပးလာၿပီးေတာ့

“ဒီနားမွာ ဇိနမာရ္ေအာင္ေစတီဆိုတာ ရွိတယ္ဗ်”

ဒါနဲ႔က်ဳပ္တို႔လည္း အဲဒီေစတီဆီကိုလာခဲ့တာေပါ့ဗ်ာ၊ ဆိုက္ကားတစ္စီးငွားၿပီးေတာ့ ေစတီကိုလာခဲ့တယ္ဗ်၊ ဦးေအာင္ရွိန္ရဲ႕ပုံစံကိုၾကည့္ရတာ သိပ္မဟန္ေတာ့ပါဘူးဗ်ာ။ ေစတီကိုေရာက္ေတာ့ ဦးဘသာတစ္ျဖစ္လဲ ေခ်ာေခ်ာက ေစတီအျပင္နားမွာပဲရပ္ေနသဗ်၊ က်ဳပ္ပဲ ဦးေအာင္ရွိန္ကို တြဲၿပီးေတာ့ ေစတီထဲကိုဝင္ခဲ့တယ္၊ ေစတီထဲက ဘုရားေရွ႕ေရာက္ေတာ့ ဦးေအာင္ရွိန္က က်ဳပ္ကိုလက္ကာျပတယ္ဗ်၊ ၿပီးေတာ့ ဘုရားအေရွ႕မွာထိုင္လိုက္တယ္၊ က်ဳပ္လည္း အေနာက္ဆုတ္ၿပီးေတာ့ ခပ္လွမ္းလွမ္းကေန ၾကည့္ေနတာေပါ့ဗ်ာ၊ ဦးေအာင္ရွိန္က ဘုရားရွိခိုးတာၾကာေနတာနဲ႔ က်ဳပ္လည္း အျပင္ကိုထြက္ခဲ့လိုက္တယ္။ ေခ်ာေခ်ာက ဘုရားဝင္းထဲသြားလာေနၾကတဲ့သူေတြကို လိုက္ၾကည့္ေနသဗ်ာ။

“ၾကာေတာ့ ၾကာအုံးမယ္ထင္တယ္ ဦးဘသာ”

“ေအးေပါ့ကြ၊ သူလည္း သူ႔အစီအစဥ္နဲ႔သူရွိမွာေပါ့ကြာ”

“ဒါနဲ႔ က်ဳပ္အထင္ ငေထရွင္က မိသက္ကို ဟိုၿခံႀကီးထဲကို ဖမ္းေခၚသြားတာပဲျဖစ္မယ္ဗ်”

ေခ်ာေခ်ာက မ်က္ေမွာင္ၾကဳတ္ရင္း

“မင္းကဘယ္လိုထင္လို႔လဲကြ”

“ဒီလိုပါ၊ မေ႐ႊေတာင္တစ္ခါေျပာဖူးတာကေတာ့ ဒီၿခံႀကီးဟာ သာမန္လူအတြက္ေတာ့ ဘာမွမဟုတ္ဘူးဆိုေပမယ့္ သူတို႔အတြက္ကေတာ့ ခံတပ္ႀကီးတစ္ခုလို လုံၿခဳံတယ္ဆိုပဲဗ်”

“ေအးကြ၊ ျဖစ္ႏိုင္တယ္”

“ၿပီးေတာ့ေျပာေသးတယ္ဗ်၊ ဒီေနရာက သူတို႔ရဲ႕ေအာင္ေျမနဲ႔နီးစပ္တယ္တဲ့ဗ်ာ”

“ေအာင္ေျမဟုတ္လား”

“က်ဳပ္လည္းအဲဒါပဲၾကားခဲ့တာ၊ ဘာဆိုတာေတာ့ မသိဘူးဗ်ာ၊ သူတို႔တစ္ခုခုေတာ့ႀကံေနပုံရတယ္ဗ်၊ ဒါေၾကာင့္ မိသက္ကိုဖမ္းမယ္ဆိုရင္ အဲဒီကိုပဲ ဖမ္းေခၚသြားမွာအေသအခ်ာပဲဗ်ာ”

“ဒါဆိုရင္လည္း ငါတို႔သြားကယ္ၾကတာေပါ့ကြာ”

က်ဳပ္တို႔အေနာက္က အသံၾကားလို႔လွည့္ၾကည့္လိုက္ေတာ့ ဦးေအာင္ရွိန္ျဖစ္ေနတယ္ဗ်ာ၊ ဦးေအာင္ရွိန္က ဝင္သြားတုန္းကနဲ႔မတူဘဲ အခုေတာ့႐ုပ္က ၿပဳံးလို႔႐ႊင္လို႔ပဲဗ်၊ က်ဳပ္နဲ႔ေခ်ာေခ်ာႏွစ္ေယာက္သား အံ့ၾသသြားမိၾကတယ္ဗ်။

“ဟင္၊ ဦးေအာင္ရွိန္ဒဏ္ရာေတြက ေပ်ာက္သြားၿပီလား၊ ျမန္လိုက္တာဗ်ာ”

“ေပ်ာက္သြားတာေတာ့မဟုတ္ဘူးကြ၊ ငေထရွင္ရဲ႕ဒဏ္ရာက ေပ်ာက္ဖို႔မလြယ္ဘူး၊ အခုသူ႔ရဲ႕သံလ်က္နဲ႔ထိုးမိတာဆိုေတာ့ ေသဖို႔ကေသခ်ာသြားၿပီကြ”

“ဗ်ာ၊ ေသေတာ့မွာတဲ့လား”

“အဲဒါ ဘုရားမွာသစၥာဆိုၿပီး ခုနစ္ရက္အခ်ိန္ယူလိုက္တာေပါ့ကြာ၊ ဒီခုနစ္အတြင္းေတာ့ မေသႏိုင္ေပမယ့္ ခုနစ္ရက္ျပည့္ရင္ ဘုရားမွာတိုင္တည္ထားတဲ့အတိုင္း ငါေသရမယ္ေဟ့”

က်ဳပ္ေရာ ေခ်ာေခ်ာေရာ မ်က္လုံးေတြျပဴးသြားၾကတယ္။

“ဒါဆို က်ဳပ္တို႔ဘယ္လိုလုပ္မလဲ”

“ငေထရွင္ကို ခုနစ္ရက္အတြင္း အၿပီးသတ္ရွင္းရေတာ့မွာေပါ့ကြာ”

“ခုနစ္ရက္နဲ႔ မရွင္းႏိုင္ရင္ေရာဗ်ာ”

ဦးေအာင္ရွိန္က မ်က္ေမွာင္ႀကီးခဲၿပီးေတာ့

“ခုနစ္ရက္ဆိုတာ ဘုရင့္ေနာင္ေဖာင္ဖ်က္လိုက္တာပဲကြ၊ ငါတို႔ဒီခုနစ္ရက္အတြင္း ႏိုင္ကိုႏိုင္ရမယ္ကြ၊ အရႈံးဆိုတာ မေတြးနဲ႔ေတာ့၊ အခုအခ်ိန္ကစၿပီး ဘယ္လိုႏိုင္ေအာင္လုပ္မလဲဆိုတာကိုသာ ေတြးရေအာင္ေဟ့”

ဦးေအာင္ရွိန္စကားေတြက က်ဳပ္တို႔ကိုအားတက္ေစတယ္ဗ်ာ၊ က်ဳပ္ျဖင့္ ဦးေအာင္ရွိန္ကိုေတာ္ေတာ္ေလးစားသြားတယ္၊ ေသဆုံးျခင္းဆိုတဲ့အရာကို သတၱဝါအားလုံးက ေၾကာက္ၾကတယ္ဆိုေပမယ့္ သူကေတာ့ ေအးေအးလူလူနဲ႔ရင္ဆိုင္ႏိုင္တာကိုၾကည့္ၿပီး က်ဳပ္ျဖင့္ ၾကက္သီးေမႊးညႇင္းေတြပါ ထသြားမိတယ္ဗ်ာ။

“ကဲအလတ္ေကာင္၊ မင္းေျပာတဲ့ၿခံႀကီးကို သြားစို႔ကြာ၊ ငါတို႔မိသက္ကို ကယ္ရမယ္ကြ”

ေခ်ာေခ်ာကေျပာတယ္ဗ်၊ ဦးေအာင္ရွိန္ကလည္း ေခါင္းညိတ္ၿပီးေတာ့

“ဟုတ္တယ္၊ မိသက္ကိုကယ္ရမယ္၊ ဒီခုနစ္ရက္အတြင္း မိသက္ကိုဘုရားပ်ံလမ္းစဥ္ လက္ဆင့္ကမ္းႏိုင္မွရမယ္၊ ဘာျဖစ္လို႔လဲဆိုေတာ့ ငေထရွင္ကိုအဆုံးစီရင္ႏိုင္မွာ သူပဲရွိတယ္မဟုတ္လား”

“ဒါဆိုရင္လည္း သြားၾကမယ္ဗ်၊ အဲဒီၿခံႀကီးက ေဟာဒီေနရာနဲ႔ သိပ္မေဝးဘူးဗ်”

(၂)

ၿခံႀကီးဆီကိုေရာက္ေတာ့ မိုးကအေတာ္ခ်ဳပ္ေနၿပီဗ်၊ ညကိုးနာရီေလာက္ထိုးေတာ့မယ္ထင္ပါ့ဗ်ာ၊ ၿခံအဝင္လမ္းမွာရွိတဲ့ ဓါတ္တိုင္ေတြက မီးေတြထိန္ေနေအာင္လင္းေနသဗ်၊ က်ဳပ္တို႔လမ္းထဲခ်ိဳးဝင္ခဲ့တဲ့အခါ မီးလုံးေတြက တျဖတ္ျဖတ္နဲ႔မွိတ္တုတ္မွိတ္တုတ္ျဖစ္လာတယ္။ မီးလုံးမွိတ္သြားတဲ့အခါ အရိပ္မည္းႀကီးေတြကို ျဖတ္ခနဲေတြ႕လိုက္ရေသးသဗ်ာ၊ မီးလုံးျပန္လင္းသြားရင္ေတာ့ အရိပ္မည္းႀကီးေတြက ရိပ္ခနဲေပ်ာက္သြားသဗ်၊ ဦးေအာင္ရွိန္က က်ဳပ္တို႔အေရွ႕ကိုတိုးလိုက္ၿပီး

“ငါတို႔လာမယ္ဆိုတာကို ဒီေကာင္ေတြသိေနၿပီးသားကြ၊ အခုလည္း ငါတို႔ကိုတားဖို႔အတြက္ မေကာင္းဆိုးဝါးေတြကိုလႊတ္ထားတာပဲ”

ဒီအခ်ိန္လမ္းမီးက မွိန္က်သြားသဗ်ာ၊ က်ဳပ္တို႔ေဘးပတ္ပတ္လည္မွာေတာ့ အရိပ္မည္းႀကီးေတြက ဝိုင္းရံေနပါေရာဗ်ာ၊ သူတို႔မ်က္လုံးေတြကေတာ့ ျဖဴျဖဴႀကီးေတြလင္းေနတယ္ဗ်၊ က်ဳပ္ေတာ့ၾကည့္ေနတုန္း အရိပ္ႀကီးတစ္ေကာင္က က်ဳပ္ဆီကိုခုန္ဝင္လာပါေရာဗ်ာ၊ ဒါေပမယ့္ ေခ်ာေခ်ာက အရိပ္ႀကီးကိုလက္ညႇိဳးၫြန္လိုက္တယ္ဆိုရင္ပဲ အျဖဴေရာင္အလင္းတစ္ခုလက္သြားၿပီးေတာ့ အရိပ္ႀကီးကအေနာက္ကိုလြင့္ထြက္သြားတယ္၊ အရိပ္ေလးငါးဆယ္ေကာင္က တစ္ၿပိဳင္နက္တည္း က်ဳပ္တို႔ဆီကိုခုန္ဝင္လာပါေရာဗ်ာ၊ ဦးေအာင္ရွိန္က လက္ညႇိဳးကိုမိုးေပၚေထာင္လိုက္တယ္၊ သူ႔လက္ညႇိဳးထိပ္ကေန စိန္ေရာင္ျခည္လို ျဖဴျဖဴဝင္းဝင္းလက္လက္အလုံးႀကီးတစ္လုံးထြက္ေပၚလာၿပီး ပတ္ဝန္းက်င္တစ္ခုလုံးကို ထိန္လင္းသြားေတာ့တယ္ဗ်၊ အလင္းေရာင္ျမင္ေတာ့ အရိပ္ႀကီးေတြက အေနာက္ကိုရွဲသြားၾကတယ္ဗ်။

“လာၾကစမ္း၊ သတၱိရွိတဲ့ေကာင္ တက္လာခဲ့ၾကစမ္း”

ဦးေအာင္ရွိန္က အသံၾသၾသႀကီးနဲ႔ေအာ္လိုက္ၿပီးေတာ့ အေရွ႕ကိုဆက္ေလွ်ာက္သြားတယ္၊ က်ဳပ္နဲ႔ေခ်ာေခ်ာလည္း သူ႔အေနာက္ကေနလိုက္သြားရတာေပါ့ဗ်ာ၊ အရိပ္ႀကီးေတြက အလင္းထဲကိုဝင္မလာဝံ့ဘူးဗ်၊ ဒီလိုနဲ႔က်ဳပ္တို႔ေတြ ၿခံတံခါးႀကီးအေရွ႕ကိုေရာက္သြားေတာ့တာေပါ့ဗ်ာ။

အေမွာင္ထုကပိုၿပီးႀကီးစိုးလာၿပီးေတာ့ အရိပ္မည္းႀကီးေတြက ပိုပိုၿပီးေတာ့ မ်ားလာတယ္ဗ်ာ၊ ဦးေအာင္ရွိန္က အလင္းလုံးႀကီးနဲ႔ပစ္ထည့္လိုက္ေတာ့ အရိပ္ႀကီးေတြက အကုန္လြင့္ထြက္ၾကကုန္သဗ်၊ ဒီအခါ ၿခံတံခါးႀကီးပြင့္ၿပီး မေ႐ႊေတာင္ကထြက္လာခဲ့တယ္။

“ရွင္တို႔လာလမ္းအတိုင္းလွည့္္ျပန္ရင္ ေကာင္းမယ္ေနာ္ ေမာင္ႀကီး”

မေ႐ႊေတာင္က ဦးေအာင္ရွိန္ကိုေမာင္ႀကီးေခၚေတာ့ က်ဳပ္ျဖင့္အံ့ၾသသြားတာပဲဗ်ာ၊ ဦးေအာင္ရွိန္က မေ႐ႊေတာင္ကိုလက္ညႇိဳးထိုးၿပီးေတာ့

“မေ႐ႊေတာင္ မင္းကငါနဲ႔ဘဝတစ္ခုမွာ လင္မယားျဖစ္ခဲ့တယ္ဆိုေပမယ့္ အခုေတာ့ မင္းနဲ႔ငါက ရန္သူေတြျဖစ္ေနၿပီ၊ ဒီေတာ့ ငါေနာက္ဆုံးအေနနဲ႔ မင္းကိုသတိေပးမယ္၊ မင္းငါ့အေရွ႕ကေနဖယ္လိုက္စမ္းပါ မေ႐ႊေတာင္၊ မဟုတ္ရင္ေတာ့ မင္းငါ့အေၾကာင္းသိမယ္”

မေ႐ႊေတာင္က ရယ္ေမာၿပီးေတာ့

“ဒီစကားေတြက ကြၽန္မရွင္တို႔ကိုေျပာရမယ့္စကားေတြရွင့္”

မေ႐ႊေတာင္က လက္ထဲကအလုံးေတြနဲ႔ထုတ္ပစ္တာပဲဗ်ာ၊ ဦးေအာင္ရွိန္က အလုံးေတြကိုလက္နဲ႔ပုတ္ပစ္တယ္၊ ေခ်ာေခ်ာကလည္း လက္နဲ႔ဖယ္ရမ္းပစ္သဗ်၊ က်ဳပ္က သူတို႔အေနာက္မွာပုန္းေနတာေပါ့ဗ်ာ၊ ဦးေအာင္ရွိန္က အံႀကိတ္ၿပီးေတာ့

“ဒီတစ္ခါေတာ့ ဘုရားပ်ံျပတ္သားဖို႔အခ်ိန္ေရာက္ၿပီကြ”

ေတာင္ေဝွးနဲ႔မေ႐ႊေတာင္ကိုလိုက္ထိုးေတာ့တယ္ဗ်ာ၊ မေ႐ႊေတာင္ကလည္း ေဝ့ကာဝိုက္ကာနဲ႔ေရွာင္တယ္ဗ်၊ ဦးေအာင္ရွိန္ေတာင္ေဝွးခ်က္က ေတာ္ေတာ္ျမန္တာဗ်၊ မေ႐ႊေတာင္က ဒါကိုေတာင္မနည္းေရွာင္ႏိုင္သဗ်ာ။ ဦးဘသာတစ္ျဖစ္လဲ ေခ်ာေခ်ာက

“ငါလည္း ကူညီမယ္ေအာင္ရွိန္ေရ”

ေခ်ာေခ်ာလက္ငါးေခ်ာင္းကိုျဖန႔္လိုက္ေတာ့ လက္ထဲမွာ ၾကာဆန္ေတြလို ျဖဴျဖဴအေခ်ာင္းေတြေပၚလာသဗ်၊ ဦးဘသာက အဲဒီအေခ်ာင္းေတြကို ဆန္ေစ့ေတြက်ဲသလို ပက္ခနဲပက္ခနဲမေ႐ႊေတာင္ဆီကိုလိုက္က်ဲတယ္ဗ်၊ အဲဒီအေခ်ာင္းေတြက က်တဲ့ေနရာမွာ ပင့္ကူမွ်င္လို အမွ်င္အတန္းေတြျဖစ္သြားတယ္ဗ်ာ၊ မေ႐ႊေတာင္က တစ္ဖက္က ဦးဘသာပစ္တာကိုလည္း ေရွာင္ရတယ္၊ တစ္ခါ ဦးေအာင္ရွိန္႐ိုက္ေနတာကိုလည္း အသည္းအသန္ေရွာင္ေနရတယ္ဗ်၊ တစ္ခါေတာ့ မေ႐ႊေတာင္က အေနာက္ကိုခုန္ၿပီးဆုတ္လိုက္တယ္။

“နင္တို႔ဒီေလာက္ေတာင္ရွိတာ ငါ့အေၾကာင္းသိၾကေသးတာေပါ့”

မေ႐ႊေတာင္က လက္ဝါးကိုျဖန႔္လိုက္ၿပီးေတာ့ မန္းမႈတ္ရင္း လက္သီးဆုပ္လိုက္တဲ့အခါ သူ႔လက္ထဲမွာ လွံတစ္ေခ်ာင္းေပၚလာသဗ်၊ လွံကေလးကေတာ့ တစ္ေတာင္ေလာက္ပဲရွိမယ္ဗ်ာ၊ အသြားထိပ္ကေတာ့ ခြၽန္ေနတာပဲ။

“လွံစက္အေၾကာင္း သိၾကေသးတာေပါ့”

မေ႐ႊေတာင္က ဦးေအာင္ရွိန္ကိုလွံနဲ႔ခ်ိန္ထိုးလိုက္တာနဲ႔ လွံသြားထိပ္ကေန လွံေတြအမ်ားႀကီးထြက္လာတယ္ဗ်ာ၊ လွံေပါင္းက အစင္းေထာင္ေသာင္းမကဘူးဗ်၊ ေရပိုက္ကေနေရပက္သလိုမ်ိဳးကို လွံေတြက အႁပြတ္လိုက္ႀကီးထြက္လာတာဗ်၊ ဦးေအာင္ရွိန္က ေတာင္ေဝွးကိုလက္ႏွစ္ဖက္နဲ႔ကိုင္လိုက္ၿပီးေတာ့ ပန္ကာလိုလွည့္ေတာ့တာပဲဗ်ာ၊ လွံေခ်ာင္းေတြက က်ဳပ္တို႔ကိုမထိဘဲ ေဘးကိုလြင့္စင္သြားေတာ့တယ္ဗ်ာ၊ က်ဳပ္နဲ႔ဦးဘသာလည္း ဦးေအာင္ရွိန္အေနာက္မွာ ဝင္ၿပီးရပ္ေနၾကရတယ္၊ ေဘးပတ္ပတ္လည္ပတ္ဝန္းက်င္တစ္ခြင္လုံးမွာေတာ့ လွံေတြစိုက္ေနတာမနည္းဘူးဗ်ာ၊ မသိရင္ေျမႀကီးမွာ ျမက္ပင္ေတြထိုးထိုးေထာင္ေထာင္နဲ႔ေပါက္ေနသလိုမ်ိဳးပဲဗ်။

ဦးေအာင္ရွိန္က ေဝွ႔ယမ္းရင္း တျဖည္းျဖည္းအရွိန္က်လာတယ္ဗ်၊ ဦးဘသာက သူ႔လက္ကိုစက္ဝိုင္းပုံစံေဝွ႔ယမ္းေနတယ္ဗ်ာ၊ ဦးေအာင္ရွိန္ရဲ႕အေနာက္မွာလုပ္ေနတာေပါ့ဗ်ာ၊ လက္ကိုေဝွ႔ယမ္းရင္းနဲ႔ လက္အဝိုင္းႀကီးအလယ္မွာအနက္ေရာင္မီးခိုးေတြ ေပၚလာပါေရာလား။

“ေအာင္ရွိန္ဖယ္စမ္း၊ မင္းဖယ္လိုက္စမ္း”

ဦးေအာင္ရွိန္လည္း ေတာင္ေဝွးလွည့္ေနတာကိုရပ္လိုက္ၿပီးေတာ့ ဦးဘသာအေနာက္ကိုေျပးဝင္လိုက္တယ္ဗ်၊ မေ႐ႊေတာင္က လွံစက္နဲ႔ဦးဘသာကိုခ်ိန္လိုက္ေတာ့ လွံေတြက ဦးဘသာဆီကိုေျပးလာျပန္ေရာဗ်ိဳ႕၊ ဒါေပမယ့္ ဦးဘသာကိုမထိဘဲ ဦးဘသာလက္လွည့္ေနတဲ့အလယ္က မီးခိုးလုံးႀကီးေတြထဲဝင္ကုန္တယ္ဗ်၊ ဦးဘသာက ဘယ္ဖက္လက္နဲ႔မေ႐ႊေတာင္ကိုလက္ညႇိဳးထိုးလိုက္တဲ့အခါမွာ မေ႐ႊေတာင္ရဲ႕ေနာက္ေက်ာဘက္မွာ မီးခိုးလုံးေတြေပၚလာၿပီးေတာ့ အထဲကေနလွံေတြတိုးထြက္လာၿပီး မေ႐ႊေတာင္ေက်ာကိုလွံေတြစိုက္ကုန္ပါေရာဗ်ာ၊ မေ႐ႊေတာင္လည္း အေရွ႕ကိုဒူးတစ္ဖက္ေထာက္လွ်က္သား လဲက်သြားေတာ့တယ္၊ သူ႔ေက်ာမွာလည္း လွံေတြစိုက္ေနတာ မသိရင္ ျဖဴတစ္ေကာင္လိုပါပဲဗ်ာ၊ ဦးဘသာက ရယ္လိုက္ၿပီးေတာ့

“ဟား၊ ဟား နင့္အႀကံဒါအကုန္ပဲလား မေ႐ႊေတာင္၊ နင္ကအေရွ႕ကိုမဲေနေပမယ့္ နင့္အေနာက္ကိုလွံေတြေရာက္လာေအာင္လို႔ ငါလွည့္ေပးလိုက္တာေလ၊ ဘယ္လိုလဲ နင့္လွံေတြနင္ျပန္ထိေတာ့ နာရဲ႕လား”

ဦးဘသာကေျပာရင္းရယ္တယ္ဗ်၊ မေ႐ႊေတာင္က ႏႈတ္ခမ္းကိုကိုက္လိုက္ၿပီးေတာ့ ျပန္ထလိုက္တယ္ဗ်၊ ေနာက္ေတာ့ လက္ထဲကလွံကို ေျမႀကီးထဲကို ထိုးစိုက္ခ်ထည့္လိုက္ပါေရာဗ်ာ၊ ဦးဘသာက ျမန္တယ္ဗ်ာ၊ က်ဳပ္လက္ကိုဆြဲၿပီးေတာ့ မိုးေပၚကိုလႊားခနဲခုန္တက္လိုက္တာပဲ၊ ဦးေအာင္ရွိန္ကလည္း မတိုင္ပင္ရဘူးဗ်ာ၊ ေတာင္ေဝွးနဲ႔ေျမႀကီးကိုေထာက္ၿပီးေတာ့ ခုန္လိုက္ပါေရာဗ်ာ၊ က်ဳပ္တို႔ခုန္ၿပီးမၾကာခင္မွာပဲ ေျမႀကီးထဲကေန လွံရွည္ႀကီးေတြ ေထာင္တက္လာတယ္ဗ်၊ ေျမႀကီးအျပည့္ အၾကားအလပ္မရွိေအာင္ကို လွံရွည္ႀကီးေတြက ထိုးတက္လာတာ၊ က်ဳပ္တို႔သာအခုန္မျမန္ရင္ အရွင္လတ္လတ္ တံစို႔ထိုးထားသလိုျဖစ္သြားမွာဗ်။

မေ႐ႊေတာင္က လွံကိုေျမႀကီးကျပန္ႏႈတ္လိုက္တာနဲ႔ လွံရွည္ႀကီးေတြက ၾကက္ေပ်ာက္ငွက္ေပ်ာက္ ေပ်ာက္သြားတယ္ဗ်၊ မ႐ႊႊေေတာင္က ဦးေအာင္ရွိန္ဆီကိုခ်ိန္ၿပီးေတာ့ လွံတိုကေလးကို ပစ္လႊတ္ထည့္လိုက္တာပါပဲ၊ လွံတိုကေလးက အနီေရာင္အလင္းေတြလက္ၿပီးေတာ့ ဦးေအာင္ရွိန္ဆီကိုတိုးဝင္သြားတယ္ဗ်၊ ဦးေအာင္ရွိန္က ေတာင္ေဝွးနဲ႔ကမန္းကတမ္းကာလိုက္တယ္ဗ်ာ၊ လွံသြားခြၽန္က ေတာင္ေဝွးအ႐ိုးမွာ ေဒါက္ခနဲစိုက္ဝင္သြားပါေရာ၊ ၿပီးေတာ့ ေတာင္ေဝွးႀကီးတစ္ခုလုံးလည္း နီရဲၿပီးေတာ့ ပူတက္လာတယ္၊ ဦးေအာင္ရွိန္က အံႀကိတ္ထားၿပီး လွံတံကိုေတာ္ေတာ္ကာကြယ္ေနရတယ္ဗ်ာ၊ ေနာက္ေတာ့ ေတာင္ေဝွးကိုတစ္ခ်က္ပုတ္ထုတ္လိုက္ေတာ့ လွံတံက ဦးေအာင္ရွိန္နား႐ြက္အနားကျဖတ္သြားၿပီးေတာ့ အေနာက္က သရက္ပင္ႀကီးရဲ႕ ပင္စည္မွာသြားစိုက္ပါေရာဗ်ာ၊ လွံတံစိုက္သြားတာနဲ႔ သရက္ပင္စည္ႀကီးက ႏွစ္ျခမ္းကြဲထြက္သြားၿပီးေတာ့ သရက္ပင္ႀကီးလဲက်ပါေရာဗ်ာ။

ဦးေအာင္ရွိန္က လက္ထဲကေတာင္ေဝွးကိုပစ္ခ်ၿပီးေတာ့ လက္ဝါးတစ္ဖက္ကိုအသင့္္ျပင္ၿပီး မေ႐ႊေတာင္ဆီကို ခုန္ဝင္သြားသဗ်။

“ေဟာဒါက အရဟံလက္ဝါးတဲ့ေဟ့”

မေ႐ႊေတာင္က ဦးေအာင္ရွိန္ရဲ႕လက္ဝါးခ်က္ကို သူ႔လက္ဝါးတစ္ဖက္နဲ႔ဖမ္းခံလိုက္တယ္ဗ်၊ ဒီအခါ ဦးဘသာကလည္း လက္ဝါးကိုျပင္လိုက္ၿပီး

“ေဟာဒါက စုန္းလက္ဝါးတဲ့ေဟ့”

ဦးဘသာကလည္း ေအာ္ဟစ္ရင္း မေ႐ႊေတာင္ကိုေျပး႐ိုက္ေတာ့တယ္၊ မေ႐ႊေတာင္က ေနာက္လက္ဝါးတစ္ဖက္နဲ႔ ဦးဘသာရဲ႕လက္ကိုခံတယ္ဗ်၊ သူတို႔သုံးေယာက္ရပ္ေနၿပီး ႏွစ္ေယာက္တစ္ေယာက္ လက္ဝါးခ်င္းတြန္းေနၾကတယ္ဗ်ာ၊ ဦးေအာင္ရွိန္ကလည္း မ်က္ႏွာႀကီးရႈံ႕မဲ့ၿပီး အံႀကီးႀကိတ္လို႔ဗ်၊ ဦးဘသာတစ္ျဖစ္လဲ ေခ်ာေခ်ာကလည္း နဖူးမွာေခြၽးေတြက ေရေတြစီးက်သလို က်ေနတယ္၊ မေ႐ႊေတာင္႐ုပ္ကေတာ့ သိပ္မၿဖဳံသလိုပါပဲဗ်ာ၊ က်ဳပ္လည္း ဘာလုပ္ရမွန္းမသိတာနဲ႔ ဦးေအာင္ရွိန္ပစ္ခ်ထားတဲ့ ေတာင္ေဝွးကိုေျပးေကာက္ၿပီး မေ႐ႊေတာင္ေခါင္းကို ေျပးခုန္႐ိုက္ထည့္လိုက္တာပဲဗ်ာ။

ေျဖာင္းခနဲအသံၾကားရေပမယ့္ မေ႐ႊေတာင္က မမႈဘူးဗ်၊ က်ဳပ္လည္း လႊဲလႊဲၿပီးေတာ့ ေခါင္းကိုဆင့္ဆင့္ၿပီး႐ိုက္ခ်လိုက္တာ ေလးငါးခ်က္ေလာက္႐ိုက္ၿပီးေတာ့ မ႐ႊႊေေတာင္မဟန္ေတာ့ဘူးဗ်၊ ေျမႀကီးေပၚကို ဒူးႏွစ္ဖက္ေထာက္ၿပီး ထိုင္က်သြားတယ္၊ ယိုင္သြားတဲ့မေ႐ႊေတာင္ကို ဦးေအာင္ရွိန္က ညာလက္ဝါးနဲ႔မေ႐ႊေတာင္ရဲ႕ ညာဘက္ရင္အုံကို ႐ိုက္ထည့္လိုက္ေတာ့တယ္ဗ်ာ၊ ဦးဘသာရဲ႕ စုန္းလက္ဝါးကလည္း မေ႐ႊေတာင္ရဲ႕ဘယ္ဘက္ရင္အုံကို ႐ိုက္မိသြားေတာ့တယ္။ မေ႐ႊေတာင္က အသံအက်ယ္ႀကီးေအာ္ၿပီးေတာ့ အေနာက္ကိုကြၽမ္းျပန္ၿပီးလြင့္ထြက္သြားပါေရာဗ်ာ။

ဦးဘသာနဲ႔ ဦးေအာင္ရွိန္လည္း ေတာ္ေတာ္ကိုေမာသြားၾကတယ္ဗ်၊ မေ႐ႊေတာင္က ေျမေပၚကိုျပန္က်ေတာ့ အတည့္က်တယ္၊ အထိနာသြားတယ္ဆိုေပမယ့္လည္း ခပ္ၿပဳံးၿပဳံးပဲဗ်။

“နင္တို႔ႏွစ္ေယာက္က ဒီေလာက္နဲ႔ငါ့ကိုႏိုင္ၿပီလို႔ထင္ေနတာလား”

မေ႐ႊေတာင္က ေျပာဆိုၿပီးေတာ့ ၿခံတံခါးႀကီးထဲကိုေဖာက္ဝင္သြားတယ္ဗ်၊ ဦးေအာင္ရွိန္က အေျပးလိုက္ၿပီး ၿခံတံခါးႀကီးကိုလက္နဲ႔ထိလိုက္ေတာ့ ဝုန္းခနဲအသံၾကားရၿပီး အေနာက္ကိုကြၽမ္းျပန္လြင့္ထြက္သြားတယ္ဗ်ာ၊ ဦးဘသာက ဦးေအာင္ရွိန္ကိုေျပးဆြဲတယ္။

“ငါ့ေကာင္၊ သတိထားအုံး”

ဒီအခါ ၿခံထဲကေန ရယ္သံႀကီးထြက္လာတယ္ဗ်။

“ဟား၊ ဟား နင္တို႔ပညာေလာက္နဲ႔ ဒီၿခံထဲကိုဝင္ဖို႔ဆိုရင္ ေနာက္ထပ္ဆယ္ႏွစ္မဟုတ္ဘူး၊ ဆယ္သက္ေလာက္ ႀကိဳးစားလိုက္ၾကစမ္းပါ၊ ဟား၊ ဟား”

ဦးဘသာက ေခါင္းခါၿပီးေတာ့

“မလြယ္ဘူးေအာင္ရွိန္ရ”

က်ဳပ္လည္း ေတာင္ေဝွးေလးကိုင္ရင္း

“တံခါးကေနမဝင္ဘဲ ၿခံစည္း႐ိုးေက်ာ္တက္မယ္ဆိုရင္ေရာဗ်ာ”

ဦးဘသာက ေခါင္းခါၿပီး

“မင္းေျပာတာမွန္တယ္ကြ၊ သူတို႔က ဒီၿခံႀကိးကိုလုံၿခဳံေအာင္ဆိုၿပီး သံကြန္ခ်ာအထပ္ထပ္နဲ႔အုပ္သလို ေအာက္လမ္းနည္းေတြအထပ္ထပ္စီရင္ၿပီးပိတ္ဆို႔ထားတာကြ၊ သာမန္လူအတြက္ ဘာမွမဟုတ္ဘူးထင္ရေပမယ့္၊ ငါတို႔လိုပညာသည္ေတြအတြက္ကေတာ့ ထိုးေဖာက္ဖို႔မလြယ္တဲ့ ခံတပ္ႀကီးတစ္ခုလိုပါပဲကြာ”

“ဒါျဖင့္ရင္ ဘယ္လိုလုပ္ၾကမလဲဗ်ာ”

ဦးေအာင္ရွိန္က မတ္တပ္ရပ္ရင္း

“တကယ္ပဲ ထိုးေဖာက္မရဘူးလားကြ”

ဦးဘသာက ၿပဳံးရင္း

“ထိုးေဖာက္လို႔မလြယ္ဘူးဆိုေပမယ့္ ထိုးေဖာက္လို႔မရတာေတာ့မဟုတ္ပါဘူးကြာ၊ ငါ့ဆီမွာနည္းလမ္းတစ္ခုရွိတယ္ကြ”

“ဘယ္လိုလုပ္မလဲ သာဒင္ရာ”

ဦးဘသာက ေျပာမယ္လုပ္ၿပီးေတာ့မွ ေနာက္ေတာ့ မေျပာေတာ့ဘဲ

“မင္းကိုမေျပာေတာ့ပါဘူး ေအာင္ရွိန္ရာ၊ ဒီလိုလုပ္စမ္းကြာ၊ မနက္ျဖန္ ဒီလိုအခ်ိန္ေလာက္ မင္းဒီၿခံေရွ႕မွာ ငါတို႔ကိုေစာင့္ေန၊ ငါတို႔နည္းလမ္းရွာၿပီးျပန္လာခဲ့မယ္”

ဦးေအာင္ရွိန္ကလည္းေခါင္းညိတ္ရင္း

“ေအး၊ ေကာင္းၿပီေလ၊ ငါလည္းျပင္ဆင္စရာရွိတာေလးေတြ ျပင္ဆင္ဖို႔လိုတာနဲ႔အေတာ္ပဲေပါ့ကြာ၊ မနက္ျဖန္ေနာ္ သာဒင္”

“စိတ္ခ်စမ္းပါကြ”

ဦးဘသာနဲ႔ ဦးေအာင္ရွိန္တို႔ႏွစ္ေယာက္ တစ္ေယာက္လက္ဝါးတစ္ေယာက္႐ိုက္လိုက္ၾကတယ္ဗ်၊ ေနာက္ေတာ့ ဦးဘသာက ထြက္သြားတာနဲ႔ က်ဳပ္လည္း ဦးေအာင္ရွိန္ကိုေတာင္ေဝွးျပန္ထိုးေပးလိုက္တယ္။ ဦးေအာင္ရွိန္က ေခါင္းခါျပၿပီးေတာ့

“ေတာင္ေဝွးကိုမင္းပဲယူထားလိုက္ပါအလတ္ေကာင္ရာ၊ ခုနကလည္း မင္းသာမေ႐ႊေတာင္ကို ေတာင္ေဝွးနဲ႔ဝင္မ႐ိုက္ရင္ တို႔ခ်ည္းပဲဆို ႏိုင္မွာမဟုတ္ဘူးကြ”

က်ဳပ္ေပ်ာ္သြားတယ္ဗ်။

“တကယ္၊ တကယ္ပဲယူထားရမွာလားဗ်ာ”

“ဒီတိုက္ပြဲမွာ မင္းအတြက္လက္နက္လိုတယ္ကြ၊ ငါတို႔ဆီမွာက ပညာလက္နက္ေတြရွိၿပီးသားဆိုေတာ့ မင္းအတြက္ ပစၥည္းလက္နက္လိုတာေပါ့၊ ဒီေတာင္ေဝွးက ႏွယ္ႏွယ္ရရမဟုတ္ဘူးအလတ္ေကာင္၊ နတ္ျပည္က ကသစ္ျဖဴပင္ရဲ႕အ႐ိုးနဲ႔လုပ္ထားတဲ့ေတာင္ေဝွးတဲ့ကြ”

က်ဳပ္လည္းေတာင္ေဝွးယူလိုက္ၿပီး ဦးေအာင္ရွိန္ကိုေခါင္းညိတ္ျပလိုက္တယ္၊ ဦးဘသာက ေတာ္ေတာ္လွမ္းလွမ္းကိုေရာက္သြားၿပီဆိုေတာ့ က်ဳပ္လည္း သူ႔အေနာက္ကိုေျပးလိုက္သြားရတာေပါ့ဗ်ာ။

“ဦးဘသာ၊ က်ဳပ္ကိုေစာင့္ပါအုံးဗ်ာ”

ဦးဘသာက က်ဳပ္ကိုလွည့္ၾကည့္တယ္ဗ်။

“ဒါနဲ႔ ဦးဘသာအႀကံဆိုတာဘာလဲဗ်”

“ဒီလိုေအာက္လမ္းနည္းေတြကို ဖ်က္တတ္တဲ့လူတစ္မ်ိဳးရွိတယ္ကြ၊ အဲဒီလူူေတြက ေအာက္လမ္းနည္းအစီအရင္ေတြကို ထိုးေဖာက္ဖ်က္ဆီးတတ္တယ္ဆိုပဲ”

က်ဳပ္ျဖင့္အံ့ၾသသြားတယ္။

“ဟုတ္လား၊ အဲဒါဘယ္သူလဲဗ်ာ”

“ကေဝရွင္လို႔ေခၚတဲ့လူေတြပဲ”

“ကေဝရွင္ဆိုတာ ဘာလဲဗ်”

“ကေဝေတြရဲ႕အရွင္သခင္လို႔ အဓိပၸါယ္ရတယ္ကြ၊ သူတို႔က ကေဝေတြကိုလိုက္ဖမ္းၿပီးေတာ့ ကြၽန္ျပဳၿပီး အုပ္ခ်ဳပ္ခိုင္းစားတဲ့သူေတြပဲ”

“ဒီလူေတြနဲ႔ ဦးဘသာနဲ႔ရင္းႏွီးလို႔လားဗ်ာ”

ဦးဘသာက ေခါင္းခါျပရင္း

“ငါ့လိုစုန္းနဲ႔ ကေဝရွင္နဲ႔ရင္းႏွီးမလားကြ၊ ကေဝရွင္နဲ႔စုန္းဆိုတာ ရန္သူကြ၊ ရန္သူ”

“ဒါျဖင့္ရင္ က်ဳပ္တို႔သြားေတာ့ ဒီေကာင္ေတြက က်ဳပ္တို႔ကိုေဆာ္မွာေပ့ါကြာ”

“ႀကိဳးစားၾကည့္လို႔ အရႈံးမရွိပါဘူးအလတ္ေကာင္ရာ၊ ကေဝရွင္ေတြက ငါတို႔အတြက္ေနာက္ဆုံးေကာက္႐ိုးတစ္မွ်င္ပဲကြ၊ ေရနစ္တဲ့အအခါ ေကာက္႐ိုးတစ္မွ်င္ျဖစ္ျဖစ္ အားကိုးၿပီးဆြဲၾကည့္ရမွာပဲမဟုတ္လား”

“ဒါနဲ႔သူကဘယ္မွာရွိတာလဲ”

“ရန္ကုန္မွာ ကေဝရွင္တစ္ေယာက္ေတာ့ရွိတယ္ကြ၊ ဒီေကာင့္ဆီ သြားၾကမယ္ေဟ့”

ဦးဘသာထြက္သြားတာနဲ႔ က်ဳပ္လည္းသူ႔ေနာက္ေျပးလိုက္ခဲ့တယ္ဗ်ာ၊ တစ္ရပ္ကြက္လုံးလည္း ေမွာင္လို႔မိုက္လို႔ တိတ္လို႔ဆိတ္လို႔ပါပဲ။

ဆက္ရန္။
#အဂၢေဇာ္ #ဦးဘသာ #ဦးေအာင္ရွိန္ #စုန္း #သရဲ