Unicode Version
ပေါ်ရိသာဒမှော်သွင်းအစီအရင်(စ/ဆုံး)
———————————————–
ကျွန်တော်က မြန်မာနိုင်ငံတဝှမ်း ဒေသအနှံ့နယ်အနှံ့ကိုရောက်ဖူးသည်။ ထိုမြို့ထိုနယ်တွေက လူအမျိုးမျိုးနှင့်
လည်း တွေ့ကြုံဆက်ဆံခင်မင်ခဲ့ရာမှ
ဘုန်းကြီးရဟန်းကစ၍လယ်ယာစိုက်ပျိုး
သူများ ရေလုပ်သားတံငါသည်များ
အနှေးယဉ်၊ အမြန်ယဉ်မောင်း၊ ဆိုက်
ကားဆရာများ အလယ်သုသာန်စောင့်
သုဘရာဇာနှင့် သူတောင်းစားအဆုံး
အားလုံးနှင့်ခင်မင်အောင်ပေါင်းပြီးသူတို့
အလုပ်တွေကို လေ့လာတာ၊ ကူညီလုပ် ဆောင်ပေးတာတွေ ရှိခဲ့သည်။
မြို့တစ်မြို့မှာတော့ သုသာန်စောင့်
မိသားစုနှင့် ခင်မင်ပြီး သူတို့လုပ်ငန်း
တွင်းတူးတာ၊ အလောင်းပြင်တာ မြှုပ်နှံ
သင်္ဂြိုဟ်တာတွေကို ထဲထဲဝင်ဝင်စပ်စုမိ
၍အိမ်ကမိန်းမနှင့်စကားအခြေအတင်
များ ရဖူးပါသည်။ (စကားကို သူက များ
တာဖြစ်၍ ကျွန်တော် အခြေအတင် ပြန် ပြောသောစကားက အေးပါကွာနောက်
မသွားတော့ပါဘူးဟုဖြစ်ပါသည်) ဘာပဲ
ပြောပြောထိုလူတန်းစားနှင့်ခင်မင်ရတာ
သင်္ချိုင်းသုသာန်နှင့်ပတ်သက်၍သာမန်
လူတွေမသိနိုင်သည့်ထူးဆန်းအံ့ဩဖွယ်
ရာများ ကြားရသိရပြီး ထိုအတွေ့အကြုံ များကို ယခု စာရေးဆရာဖြစ်လာတော့ စာတစ်စောင် ပေတစ်ဖွဲ့ရေးနိုင်၍ ကျွန် တော့်မှာ အမြတ်ထွက်ပါသည်။ သင်္ချိုင်းသုသာန်ကို လူတွေက မသွားအပ်မရောက်အပ်သောအရပ်ဟု
သတ်မှတ်၍ဝေးဝေးကရှောင်ကြသည်။
ဒီလိုလူသူလေးပါးမရောက်မလာတော့
လူဆိုးသူခိုးတွေမူးယစ်ဆေးသုံးဆောင်
သူတွေနှင့် စိတ်မူမမှန်သူတွေ မှီတင်း
နေထိုင်လေ့ ရှိသည်။ ဒီလို သင်္ချိုင်းကို
လာကြောင်း သင်္ချိုင်းအစောင့်လုပ်သူ
တွေက သိပါသော်လည်း (အန္တရာယ်ပြု
မှာလည်း ကြောက်ရသဖြင့်) တော်ရုံ
သဖြင့် မသိသလိုပဲနေရသည်ဟု ဆိုပါ
သည်။များသောအားဖြင့်သူတို့ကလည်း သုသာန်စောင့်ကိုတော့ ရန်မရှာတတ်
ကြပါ။
ကျွန်တော်နှင့် သိခဲ့သော သုသာန် စောင့် သုဘရာဇာကြီးက နှယ်နှယ်ရရ မဟုတ်ပါ။ သင်္ချိုင်းသုံးလေးခုမှာအစောင့် လုပ်လာတာဖြစ်၍ သုသာန်စောင့် ဆား
ဗစ်တော်တော်ရင့်ပြီးအတွေ့အကြုံတော်
တော်များပါသည်။ သူ့နာမည်က ယနေ့
နာမည်ကြီး လူရွှင်တော်တစ်ဦးနှင့်
အတူတူဖြစ်နေ၍ကျွန်တော်ကမဖော်ပြ
လိုတော့ပါ။ သူကဘုန်းကြီးလည်းဝတ်ခဲ့
ဖူး၍ ဘုရား၊ တရားစာများ တော်တော်
ရွတ်ဖတ်နိုင်သည်။ သူ့အတွေ့အကြုံများ
ကို ပြန်ပြောပြလျှင် စကားပြောအလွန်
ကောင်း၍ ကျွန်တော်က ထမင်းမေ့၊
ဟင်းမေ့ထိုင်ကာ နားထောင်ဖြစ်သည်။
သူ့မှာအိမ်ထောင်လည်းရှိ၍မိန်းမကြီးက
သူနှင့်ရွယ်တူပဲ။ အသက် (၅၀) ခန့် (ထို
စဉ်က) ရှိပါသည်။ သားသမီးမရှိကြပါ။
ရတော့ ရဖူးသည်။ ပျက်စီးကုန်ပြီဟု
ပြောသည်(ကုန်) ဟူသော ကြိယာ
နောက်ဆက်ကို ထောက်၍ သားသမီး
တစ်ဦးမက မွေးဖွားပြီး သေဆုံးကွယ်
လွန်သွားတာဖြစ်မည်ဟု ကျွန်တော်က
ယူဆပါသည်။
ခင်ပွန်းသည်က အသုဘ ရုပ်
အလောင်းအတွက် တွင်းတူးတာ၊
အလောင်းပြုပြင်ပေးတာ၊ မီးသင်္ဂြိုဟ်
အကူအညီပေးရတာနှင့် သုသာန်တွင်း မြေပုံများ၊ အုတ်ဂူများ၊ လုံခြုံရေးကို ဆောင်ရွက်ရသဖြင့် မြို့ပေါ်အဖွဲ့အစည်း
မည့် ရုပ်အလောင်းများအတွက် ဗာဟီရ
ထံကချီးမြှင့်ငွေရသည်ဟု သိရပါသည်။ (ထိုစဉ်တုန်းကယခုစည်ပင်သာယာကို
မြူနီစီပယ်အဖွဲ့ဟုခေါ်ပြီးကိုယ့်မြို့နယ်နှင့် ကိုယ်အဖွဲ့ဖွဲ့ဆောင်ရွက်ကြတာ ဖြစ်ပါ သည်။ အစိုးရဌာန မဟုတ်သေးပါ) သူတို့မှာ အပိုသုံးဖြုန်းစရာ ဘာမျှ မလို၍ရတာနှင့် လောက်ငမည် ထင်ရ သော်လည်း သုသာန်စောင့်ကြီး၏မိန်းမ က ဘိန်းစားပါသည်။ ဘိန်းဖိုးကအိမ်သုံး စရိတ်ထက် ပိုသည်။ ထိုစဉ်က ဘိန်းဖြူ
တို့၊ စိတ်ကြွဆေးတို့ဆိုတာ မပေါ်သေး ဘူး။ မူးယစ်ဆေးဝါးဆိုလျှင် ဘိန်းနှင့်
ဆေးခြောက်နှစ်မျိုးပဲ ရှိသည်။ ဖမ်းတာ၊ ဆီးတာ၊ တရားစွဲတာကို ယစ်မျိုးအဖွဲ့ (အရပ်ဝတ်အဖွဲ့အစည်း ဖြစ်သည်။ ရဲ မဟုတ်ပါ) က ဆောင်ရွက်ပါသည်။ ဘိန်းစွဲနေသော မိန်းမကြီးက သူ့ ဘိန်းဖိုးကို သူ့ဟာသူရှာသည်။ အသုဘ အလောင်းတွေမှာ လွှမ်း၍ပါလာသော ပုဆိုး၊ အင်္ကျီ၊ ထဘီ၊ စောင်စတာတွေကို
မြှုပ်နှံသင်္ဂြိုဟ်ခြင်းမပြုမီ မသာရှင်က
သုသာန်စောင့်သုဘရာဇာကိုကြိုက်တာ
ယူခွင့် ပေး သည်။ လောဘတကြီးနှင့်
အကုန်ချွတ် ခွာရယူတာမျိုး မဟုတ်ပါ။
တစ်ဆင်စာတော့ ချန်ရသည်။ ဒီလို
အဝတ်တွေကို မိန်းမကြီးက လျှော်ဖွပ်
သိမ်းဆည်းထားလျှင် သူ့ထံဝယ်နေကျ
ဖောက်သည်ကဈေးမှန်ပေး၍ဝယ်လေ့
ရှိသည်။ ဈေးမှန်ဆိုတာက သစ်သစ်
ဟောင်းဟောင်း ခန့်မှန်းတန်ဖိုး၏ သုံးပုံ
တစ်ပုံပဲ ဖြစ်သည်။ မိန်းမကြီးအတွက်
ဒါက ဘိန်းဖိုး လုံလောက်သည်။ သူက ချက်တာ၊ ပြုတ်တာ၊ ရေနွေးအိုးတည် တာ။ ပြီးလျှင် သုသာန်စောင့်နေအိမ်
တဲနံရံတစ်ထောင့်မှာမှီပြီး ဘိန်းငိုက်၍
နေတော့သည်။ (မြေမြှုပ်ဂူသွင်းမည့်ရုပ်
အလောင်းမှာ လွှမ်းပါလာသော အဝတ် တွေကိုယူခွင့် ပြုတာက အသုဘရှင် များ ပြန်သွားတော့ အလောင်းဖော်ယူခံ
ရမှာစိုး၍ ဖြစ်သည်။ မီးသင်္ဂြိုဟ်မည့်
အလောင်းပေါ်ကတော့ဘာမျှမရဘူးဟု
သိရသည်) ကျွန်တော့် မိတ်ဆွေသုဘ
ရာဇာကြီးကတော့ “အလုပ်ရှုပ်ခံလို့
ဆရာလေးရယ်၊ ကျုပ်တို့ သုသာန်စောင့်
တွေကဒါမျိုးမလုပ်ပါဘူး။ ယူခွင့်ပေးတာ
တောင် ကျုပ်အတွက်ဆို မယူပါဘူး”ဟု ဆိုပါသည်။
သူ့မိန်းမက ဘိန်းစား (ပြောင်းနှင့်
ရှူတာမဟုတ်၊ ဘိန်းစိမ်းကို တိုက်ရိုက်
မျိုချပြီး လက်ဖက်ရည်ကြမ်းခါးခါးကြီး
ကိုတစ်ခွက်ပြီးတစ်ခွက်သောက်သည်။
မုန့်လုပ်ထန်းလျက် ညိုမည်းပျော့ပြဲကို
ဖဲ့၍မြည်းနေလေ့ရှိသည်) သော်လည်း
ကျွန်တော့် မိတ်ဆွေကြီးက ဘိန်းလည်း
မစား၊ အရက်လည်းမသောက်ပါ၊ သူ
ကြိုက်တာကလက်ဖက်ရည်ချိုချိုကျကျ
ဖြစ်၍ ကျွန်တော်က သူ့အတွက် ချိုင့်ဆွဲ
ပါဆယ်ဝယ်သွားပေးလျှင်(ကျွတ်ကျွတ်
အိတ်ဆိုတာ မပေါ်သေး၍ အိမ်ကချိုင့်
တစ်လုံး ယူပြီး ကျွန်တော်က လက်ဖက်
ရည် ဝယ်ပေးတာကို မိန်းမက အဲဒီချိုင့် ပြန်ယူမလာ နဲ့ဟု ပြောသည်။ ပြန်ယူ မလာလျှင် နောက်တစ်ခါဝယ်ဖို့ အခက် တွေ့ မည်ဖြစ်၍ ကျွန်တော်က မိန်းမ အဆူမခံရအောင်လက်ဖက်ရည်ချိုင့်ကို
အိမ်ပေါ်မတင်ဘဲ ခြံထောင့်က သစ်ပင်
ခွကြားမှာတင်ထားပြီးအပြန်ပြန်အလှန်
လှန်အသုံးပြုရပါသည်) သူကသောက်
နေကျ ဒန်ချိုင့်တစ်လုံးမှာ ထည့်ထားပြီး
မကုန်မချင်း တစွတ်စွတ်သောက်သည်
(ကျွန်တော်တို့ လက်ဖက်ရည်သောက် သလို တစ်ကျိုက်၊ နှစ်ကျိုက်နှင့် ကုန်
အောင် သောက်တာမျိုးမဟုတ်၊ လက်
ဖက်ရည်ကလေးပါသည်ဆိုရုံငုံလိုက်ပြီး
နှုတ်ခမ်းနှင့်သပ်၍နေတတ်သည်) ဆေး
လိပ် ဆေးတံမသောက်၊ ကွမ်းမစားပါ။
လက်ဖက်ရည်ချိုနှင့် သူ့မိန်းမထည့်ပေး
သော ရေနွေးကြမ်း (လက်ဖက်ခြောက်
လျှော့ထည့်သည်) ကိုသောက်၍အနား
ယူလေ့ ရှိသည်။ ထိုအချိန်မျိုးမှာ သူနှင့်
ကျွန်တော် လက်ဖက်ရည်ချို အတူ
သောက် ရင်း (ကျွန်တော်က ဆေးလိပ် ဖွာတာကိုသူကမကန့်ကွက်ပါ) သူပြော သည့်သင်္ချိုင်းစောင့်အတွေ့အကြုံများကို နားထောင်ရတာ ဖြစ်သည်။
သူ စောစောကပြောသည် ရုပ် အလောင်း ပြန်ဖော်၊ ပစ္စည်းယူတာမျိုး ကို သုသာန်စောင့်တွေက မလုပ်ပါဘူး ဆိုသော်လည်းဒါမျိုးလုပ်သည့်လူတန်း စားလည်း ရှိပါသတဲ့။ “ရွှေသွားတွေ၊ ဘာတွေပါတဲ့ အလောင်းမျိုး ပစ္စည်းချမ်းသာလို့ နား ကပ်၊ လက်စွပ်မချွတ်ဘဲ ဂူသွင်းတဲ့ အလောင်းမျိုး သင်္ဂြိုဟ်ထားတဲ့ ရက်ပိုင်း မှာ နည်းနည်းဂရုစိုက်ရတယ်။ စောစော ပိုင်းရက်တွေမှာ ညဉ့်ဘက်လှည့်ကြည့်
တာမျိုး လူသံပေးချောင်းဟန့်တာမျိုး
လုပ်ရတယ်။ အုတ်ဂူ ကောင်းကောင်း
ခြောက်သွားပြီဆိုရင်တော့တော်ရုံတန်ရုံ
လုပ်ခဲပါတယ်တဲ့။ (ဂူဖောက်ပစ္စည်းယူ
တာမျိုးကို တစ်မြို့ထဲကနေသူအချင်း
ချင်း မလုပ်ကြ၊ သူများမြို့က ဂူသွင်း
အသုဘတွေကို သတင်းနားထောင်ပြီး
သုံးလေးယောက်အဖွဲ့နှင့် တစ်ချိန်က
လုပ်ကြတာဖြစ်သည်ဟု သိရပါသည်)
သူ့စကားနားထောင်ပြီး ကျွန်တော်က…
“စိတ်မရှိနဲ့နော်၊ အဲဒီလို အဖိုးတန်
ပစ္စည်း၊ရတနာပစ္စည်းပါရင်ဆရာကြီးတို့
ကိုယ်တိုင်ကော ဂူမဖောက်ဘူးလား။
ဆရာကြီးတို့လုပ်ရင် ပိုလွယ်နေတာပဲ
ဆိုတော့ သူက တဟက်ဟက်ရယ်
သည်”
“ကိုင်း- အဲဒီရွှေရပြီဆိုတော့ ကျုပ် က ဘယ်သွားရောင်းမှာလဲ။ ကိုယ့်မြို့မှာ ကိုယ်ရောင်းရင် ချက်ချင်းလူမိမှာပေါ့။ တခြားမြို့သွားရောင်းဖို့လည်း မဖြစ်ဘူး လေ။ အသုဘလုပ်ငန်းက ခွင့်ယူထား
လို့မှမဖြစ်တာ။ပြီးတော့ဒါတွေရောင်းပြီး ရတဲ့ငွေ ဘာလုပ်မှာလဲ၊ ကျုပ်ပိုက်ဆံ အသုံးလိုတာဆိုလို့ လက်ဖက်ရည်ဖိုးပဲ ရှိတာ။ ကျုပ်မိန်းမကလည်းသူ့ဟာနဲ့သူ ဘိန်းဖိုးကအဆင်ပြေနေတာပဲ။ အသုဘ
ရှိတဲ့နေ့ဆိုထမင်းတောင်ချက်စရာမလို
ဘူး။ အသုဘနဲ့ပါတဲ့ စားမြိန်စာထုပ်က
ကျုပ်တို့လင်မယားစားလို့တောင်မကုန်
ဘူး။ ဟင်းတော့ ကြေးများလို့ မရဘူး။
ပါတာနဲ့ စားရတယ်။ အသားရှောင်လို့
မရဘူး။ များသောအားဖြင့် ကြက်သား
ဟင်းပဲများတယ်။ ဆင်းရဲသား အသုဘ
ကတော့ မရှိဘူးဆိုတောင် ဘဲဥချက်
တော့ပါသေးတာပဲ”
သူကစကားကိုဒီလိုဖွယ်ဖွယ်ရာရာ
ပြောတတ်သည်။ပြီးတော့- သူကလက်
ဖက်ရည်ချိုသာရှိလျှင် စကားအမျှင်
မပြတ်အောင်ပြောနိုင်၍ ကျွန်တော်က
အင်းလိုက်တာနှင့် တစ်ချက်တစ်ချက်
ထောက်ပေးတာလောက်ပဲ လုပ်ရ
သည်။
“အလောင်းဖော်ပြီး ပစ္စည်းယူ တာ လူချမ်းသာ အသုဘဂူသွင်းထား တာမျိုးကို ဖောက်တာများပါတယ်။ ဒါပေမဲ့- ဆရာလေးရဲ့- မြေမြှုပ်ထားတဲ့ အလောင်းကို ဖော်တာနဲ့ ကြုံဖူးတယ်။ ဒီသင်္ချိုင်းမှာတော့ မဟုတ်ဘူး။ ကျုပ်
အရင်က လုပ်ဖူးတဲ့ သင်္ချိုင်းမှာပဲ” “ဟုတ်ရဲ့လားဗျ။ ဘာလုပ်ဖို့ ဖော် တာလဲ၊ ပစ္စည်းတော်တော်များ ပါလို့
လား”
“ဟုတ်ပါရိုးလား- ဆရာလေးရဲ့။ သေတဲ့သူကဆင်းဆင်းရဲရဲဘာပစ္စည်းမှ
မဆင်လိုက်ပါဘူး။ စားမြိန်စာထုပ်မှာ
တောင် ပဲပြုတ်ပဲပါတယ်။ ပြီးတော့ – မိန်းကလေး အသက်နှစ်ဆယ်လောက်
ပဲရှိသေးတယ်။ ဆွဲကြိုးချသေတာ”
သူ့စကားနားထောင်ပြီးကျွန်တော် တော်တော် စိတ်ဝင်စားသွားပါသည်။ ဆွဲကြိုး ချသေသည့် ငယ်ငယ်ရွယ်ရွယ်
ဆင်းဆင်းရဲရဲမိန်းကလေးရုပ်အလောင်း ကိုဘာလို့များပြန်ဖော်ချင်ရသလဲ။ မိန်းမ
ငယ်ဆိုတော့ မတော်တရော်လုပ်ဖို့များ လား သိချင်တာကိုမေးတော့ … “ဆွဲကြိုးချသေတာဆိုတော့ ရက် မဆိုင်းဘူး။ ချက်ချင်းချရတာ။ အစိမ်း
သေလတ်လတ်ဆတ်ဆတ်ဆိုပါတော့။
ဒါမျိုးရှာနေတဲ့ သူတွေနဲ့ ကွက်တိပေါ့
လေ”
“ဘယ်လိုကွက်တိတာလဲ – ဆရာ
ကြီးရဲ့၊ ပြောပါဦး”
သူက ချိုင့်ကို စောင်း၍ လက်ဖက် ရည်ချိုကို တပျပ်ပျပ် စုပ်သောက်လိုက်
ပြီးမှ …
“အောက်လမ်းအစီအရင်ပေါ့ဗျာ။ ပေါရိသာဒမှော်ဝင်လမ်းအတွက်အစိမ်း
သေအသားလိုချင်လို့လုပ်တာ”
“ဟင် – အစိမ်းသေ လူအသားကို ဘာလုပ်ကြမှာလဲ”
“ဒီလို ဆရာလေးရဲ့။ ပေါရိသာဒ ဆိုတာတော့ကြားဖူးတယ်မဟုတ်လား။ လူသားကိုကြိုက်သွားပြီးလူသားစားတဲ့
ဘုရင်လေ။ ငါးရာ ငါးဆယ်ဇာတ်ထဲမှာ
ပါတယ်။အခုနည်းကအောက်လမ်းအစီ
အရင်ပေါ့။ အဲဒီမှော်ဝင်မယ့်သူကို ဆရာ
လုပ်တဲ့သူက လူ သား (အစိမ်းသေ
အသား) အစိမ်းကို ဆေးစီရင်ပြီး ကျွေး
ရတယ်။ ကျွေးတာက ဘယ်လမှာမဆို
လကွယ်ညသန်းခေါင်အချိန် သင်္ချိုင်းမှာ
စီရင်ရတယ်။မှော်ဝင်မယ့် သူက သင်္ချိုင်း တစ်နေရာမှာမုဆိုးဒူးထောက်စအိုပိတ်
ထိုင်ပြီး လက်နှစ်ဖက်မြှောက်ထားရ
တယ်။ ဆရာက လူ့အစိမ်းသေ အသား
ခုနစ်တုံးတိတိ ဆေးအစီအရင်နဲ့ လက်
တစ်ကမ်းအကွာက မန်းမှုတ်ပြီးတစ်တုံး စီသူ့လူကိုပစ်ကျွေးရတယ်။ လူအသား
ကုန်ပြီဆိုတာနဲ့အဲဒီလူကလူစိတ်ပျောက်
ပြီး ဘီလူးစိတ်ဝင်လာတယ်။ မုဆိုး ဒူး
ထောက်ထိုင်နေရာက ခုန်ထွက်ပြီး ခြေ ဦးတည့်ရာကို ထွက်ပြေးတော့တာပဲ။
အဲဒီအချိန်မှာ ဆရာလုပ်သူကို
လည်း ရန်မူတတ်လို့ ဆရာက စောစော
ကပဲ သူ့အတွက် စည်းချပြီး အကာ
အကွယ်ယူထားရတယ်။တချို့ဆရာများ
ကတော့ မုဆိုးဒူးထောက်ထိုင်စေတာ
မဟုတ်ဘဲ သူ့လူကို မြေကျင်းထဲ ပခုံး
ထိအောင် မြှုပ်ပြီး လူသားသုံးတုံးကျွေး
ရတယ်။ မြေမြှုပ်နည်းမှာလူသားသုံးတုံး
ဆိုလုံလောက်တယ်။ဒါပေမဲ့ – ခုပြောတဲ့
ကိစ္စမှာ လူ အသားကလည်း လိုချင်
သလောက်ရတယ်။လူတစ်ရပ်မြေကျင်း
တူးဖို့ဆို တာကမလွယ်တော့ မုဆိုးဒူး
ထောက်နဲ့ အသားခုနစ်တုံး အစီအရင်
ကိုပဲလုပ်သွားကြတာလေ။
“ဟုတ်- ဆရာကြီး၊ ခုနလူကထွက် ပြေးပြီဆိုတော့ ဘယ်လိုဆက်လုပ်မှာ
“ဘာမှ လုပ်စရာမလိုတော့ဘူး။ ဆရာကပစ္စည်းသိမ်းပြီးအိမ်ပြန်နေရုံပဲ။ ခုနက လူက သွက်သွက်ခါရူးပြီး အရပ် တကာလှည့်နေတာ။ နှစ်ပတ်လည် တော့မှ ဆရာက သူ့လူကို စုံစမ်းလိုက် ရှာပြီး ပေါရိသာဒပြည်ဝဆေးဆိုတာကို ထိုးပေးရတယ်။ အဲဒီမှာ အရူးပျောက်ပြီး အစီအရင်အောင်တယ်”
“အောင်မြင်တော့ ဘာဖြစ်မှာလဲ
ဆရာကြီး”
“ပေါရိသာဒမှော်အောင်တဲ့သူဟာ
တုတ်ပြီးတယ်၊ ဓားပြီးတယ်၊ သေနတ်
မီးမကူးဘူး၊ အပြေး သန်တယ်၊ ကိုယ်
ဖျောက်လို့ရတယ်။ ဒုစရိုက်လုပ်မယ့်
အတိုက်အခို က်လုပ်မယ့် သူတွေ
အတွက်တန်ဖိုးမဖြတ်နိုင်တဲ့အစွမ်းတွေ
ပေါ့”
ဆရာကြီး ပြောတာကို ကျွန်တော် စဉ်းစားကြည့်တော့ ရာဇဝတ်မကင်း
သော အလုပ်တွေကို မကြောက်မလန့်
လုပ်ရမှာနှင့်၊ အချိန်တွေ စောင့်ရမှာနှင့်
ပြန်ရသည့် အကျိုးက အရှုံးအမြတ်ကာ
ပါ့မလား။ ထင်မိတာကို ကျွန်တော့် မိတ်
ဆွေကြီးက ရိပ်မိပုံရသည်။
“ပေါရိသာဒ မှော်ကို စီရင်နိုင်ဖို့က
အောက်လမ်းပညာ တော်တော်အဆင့်
မြင့်မှလုပ်နိုင်တယ်။ ဒီအစီအရင်အောင်
သွားရင်လည်း သူ့အဖို့ နောက်တစ်ဆင့်
တက်သွားတယ်။ ပြီးတော့- ပေါရိသာဒ
မှော်ဝင်ထားတဲ့သူက ဘယ်လောက်
ကြမ်းကြမ်း၊ ဘယ်လောက်စွမ်းစွမ်း ဆရာကို မလှန်နိုင်ဘူး။ သူ့တစ်သက် လုံး ဒီဆရာရဲ့တပည့်ပဲ။ ခိုးလို့ တိုက်လို့ ရသမျှဆရာ့ကိုပူဇော်ရတယ်။ ဆရာပေး
သလောက်ပဲ ယူရတယ်။ ဆရာလေးတို့
စိတ်ဓာတ်မျိုးနဲ့တော့ဒီလောက်ကလေး
နဲ့ဒါမျိုးမလုပ်ဘူးဆိုတဲ့စိတ်ကူးရှိမှာပေါ့။
ဒါပေမဲ့ နဂိုက လောဘ၊ ဒေါသ၊ မောဟ
အားကြီးလို့ ဒီလမ်းကို လိုက်စားတဲ့
အောက်လမ်းဆရာဆိုတာမျိုးက
အကုသိုလ်ကို မစဉ်းစားတော့ဘူး။
ဘုရားရှင်လက်ထက်က ဒေဝဒတ်ဆို
တာ ရထားတဲ့ တန်ခိုးအဘိညာဉ်ကို
တစ်လွဲသုံးပြီး အဇာတသတ်ကို တပည့် မွေးခဲ့တာ ဆရာလေးသိမှာပေါ့တဲ့”
အင်း – ကျွန်တော့် မိတ်ဆွေကြီး၏ ဘုန်းကြီးဝတ်ခဲ့ဖူးကြောင်း သက်သေပြ နိုင်သည့် စကားတွေ ဖြစ်ပါသည်။ “ဒါနဲ့ “နေပါဦးဆရာကြီးရဲ့၊ သင်္ချိုင်း မှာအစိမ်းသေအလောင်းဖော်ပြီးအသား လှီးယူတာ ဆရာကြီးတို့ ဘယ်လိုသိ သလဲ။ ဒီအတိုင်းထားပစ်ခဲ့လို့လား” “ဟုတ်ပါ့မလား။ ဆရာလေးရဲ့လို
ချင်တာယူပြီး အလောင်းကိုတော့ ပြန်
မြှုပ်ခဲ့တာပေါ့။ ဒါပေမဲ့-သပ်သပ်ရပ်ရပ်
မဟုတ်ဘူးလေ။ လူနှစ်ယောက်တည်း
လုပ်ရတာဆိုတော့ ပြီးလွယ် စီးလွယ်
ထားခဲ့တယ်နဲ့ တူပါတယ်။ အသားကို လည်း လှီးယူထားတော့ အညှီနံ့ရပြီး ခွေးတွေက ထပ်ဖော်စားတော့ နောက်
တစ်နေ့ အမှုပေါ်ပါရော။ ဒါပေမဲ့ – တချို့
လက်စလက်နတွေအောက်လမ်းဆရာ
စည်းချထားတာတွေ မှော်သွင်းခံတဲ့သူ
ဖနောင့်တိုက်ထားတဲ့ အရာတွေ ကြည့်
ရတာ သူတို့ အစီအရင်အောင်မြင်ပုံ
ရတယ်။ ဆရာ့အဆင့်ကလည်း သေးပုံ
မရဘူး။ သူတို့ကို နှောင့်ယှက်နိုင်တာ
ကျုပ်တစ်ယောက်တည်းရှိတော့ ကျုပ်
ကိုလည်း အိပ်မွေ့ချထားပုံရတယ်။
ခါတိုင်း ညဘက်ကို နိုးနိုးကြားကြားနေ
တတ်တဲ့ ကျုပ်မှာ တစ်ညလုံးငှက်ပျော
တုံးတစ်တုံးလို အိပ်ပျော်နေခဲ့တာပဲ။
မနက်ကျလို့ အမှုလည်းပေါ်ရော ကျုပ်
လည်း အလုပ်ပြုတ်တော့တာပဲ”
“အင်း- ဘယ်သူမှ မလုပ်ချင်၊ မလုပ်နိုင်တဲ့သုသာန်စောင့်အလုပ်လုပ် ရတာလည်းမလွယ်ပါပဲလား။ကျွန်တော် ကစကားစပ်မိလာ၍…
“ဆရာကြီးက သင်္ချိုင်းမှာ ညဘက် ဆို မအိပ်မနေ နိုးနိုးကြားကြားဆိုတော့ သရဲမကြောက်ဘူးလား ဆရာကြီးဆို တော့ သူက ဟက်ခနဲ ရယ်၍”
“မှတ်ထား- ဆရာလေး၊ တစ္ဆေ
မကြောက်သူလေးပါးရှိတယ်။ စောင့်တို့ဟာ သရဲမကြောက်ဘူး။ သူခိုး
သုသာန်
ဆိုတာမျိုးက ညဘက်ကို အလုပ် လုပ်
ရတယ်။တစ်ယောက်တည်းလည်းလုပ်
ရတာဆိုတော့ သရဲကြောက်နေရင်လုပ်
စားလို့ မရဘူး။ သုသာန်စောင့် ကျုပ်
ကတော့ သင်္ချိုင်းထဲမှာ ဘုရင်ပဲလေ။
ဘယ်သရဲက ခြောက်ဝံ့မှာလဲတဲ့။ သူက
ဆက်၍…
“ကျုပ်တို့မှာလည်းဗျာ၊ သူသေဆို တာနေ့စဉ်တွေ့နေရတာတောင်တရား နှလုံးမသွင်းနိုင်ဘူးဗျ။ အဲဒါ အဝိဇ္ဇာက
ဖုံးထားတာ။ မျက်ကန်းတစ္ဆေမကြောက်
ဆိုတာ သူက ရုပ်မျက်စိကန်းနေတာ
ကျုပ်တို့က ဉာဏ်မျက်စိ ကန်းနေတာ
လေတဲ့”
ဘုန်းကြီးဘဝမှာ ဘယ်စာအထိ ရောက်ခဲ့သည်မသိ။ သူ့စကားက တော် တော်အဆင့်အတန်းမြင့်သည်။
“ဒါနဲ့ဗျာ – ခု ပြောတဲ့ ပေါရိသာဒ
အစီအရင်အကြောင်းဆရာကြီးဘယ်လို
သိသလဲ။ ဟိုလူတွေကိုလည်း မမိလိုက်
ဘူးဆို”
“သိဆို၊ ကျုပ်ကလည်း ဒီလမ်း လျှောက်ခဲ့ဖူးတာကိုးတဲ့။ သူကဒီဟာကို သိပ်ပြောချင်ပုံမရပါ။ကျွန်တော်ကတော့
ဘုန်းကြီးလည်းဝတ်ခဲ့ဖူးပြီး အောက် လမ်းဆရာလည်း လုပ်ခဲ့ဖူးသော ကျွန် တော့် မိတ်ဆွေသင်္ချိုင်းစောင့်ကြီးကို
ငေးကြည့်ရင်း အောက်လမ်း ဆရာဘဝ မှာ ဆရာပဲလုပ်ခဲ့သလား။ တပည့် ဖြစ်ခဲ့
သလား။တပည့်သာဖြစ်ခဲ့ပါက သူကိုယ်
တိုင် ပေါရိသာဒမှော် အသွင်းခံပြီး လူ
စောင့်လုပ်နေတာလည်းလူသားကိုဖော်
သားများစားခဲ့လေသလား။ ယခုသင်္ချိုင်း
စားဖို့အကြံအစည်ရှိနေသလားစသည် ဖြင့် စာရေးဆရာ လောင်းလျာပီပီ စိတ် ကူးတွေ ကွန့်မြူးနေမိပါသည်။ ကိုယ်က စိတ်ကူးယဉ်ကြည့်တာ ဖြစ်သော်လည်း ပေါရိသာဒ မှော်အစီ
အရင်အကြောင်းပြောပြခဲ့သောသင်္ချိုင်း
အစောင့်ကြီးက ပေါရိသာဒနှင့် နီးစပ်ပုံ မရပါ။ ကိုယ်ယောင်လည်းဖျောက်နိုင်ပုံ မပေါ်။ အပြေးလည်းမသန်။ တုတ်မပြီး ဓားမပြီးတာကို သက်သေခံလို့ သူ့တဲ ကြမ်းပေါက်မှာကျွံကျပြီးခြေထောက်မှာ
တစ်ထွာလောက်အစင်းအရှကြီးဖြစ်နေ
သေးသည်။ အသက်ကလည်း ငါးဆယ်
ကျော်အရွယ်မို့ သူ့ကိုယ်သူမှ အနိုင်နိုင်
သယ်နေရသော အဘိုးအိုတစ်ဦးသာ
ဖြစ်လေတော့သည်။
လက်ဖက်ရည်ချိုကလေး တပျပ်
ပျပ်စုပ်၍ပြောသူကပြောပြီး ကျွန်တော်
နားထောင်လို့ ကောင်းနေဆဲမှာ နာရေး
ကိစ္စတစ်ခုကကျင်းတူးဖို့လာအပ်သဖြင့်
ကျွန်တော့်မိတ်ဆွေကြီးက လုပ်ငန်းခွင်
ဝင်ဖို့ပြင်တော့ ကျွန်တော်က ကိုယ့်အိမ်
ကိုယ် ပြန်လာရာမှ သင်္ချိုင်းက ပြန်လာ တာဟု မိန်းမ မရိပ်မိအောင် လမ်းရိုးကို ကွေ့ပတ်၍ပြန်ခဲ့ရပါသည်။
ထိုမှနောက်ပိုင်းတွင် လမ်းပေါ်မှာ ရှိတတ်သည့် စိတ်မနှံ့သူများကို မြင်ရ တိုင်း သူလည်း ပေါရိသာဒအစီအရင်
တစ်ပိုင်းတစ်စကြောင့်ရူးနေလေသလား ဟုတွေးမိတတ်ပါကြောင်း…။
Zawgyi Version
ေပၚရိသာဒေမွာ္သြင္းအစီအရင္(စ/ဆုံး)
———————————————–
ကြၽန္ေတာ္က ျမန္မာႏိုင္ငံတဝွမ္း ေဒသအႏွံ႔နယ္အႏွံ႔ကိုေရာက္ဖူးသည္။ ထိုၿမိဳ႕ထိုနယ္ေတြက လူအမ်ိဳးမ်ိဳးႏွင့္
လည္း ေတြ႕ႀကဳံဆက္ဆံခင္မင္ခဲ့ရာမွ
ဘုန္းႀကီးရဟန္းကစ၍လယ္ယာစိုက္ပ်ိဳး
သူမ်ား ေရလုပ္သားတံငါသည္မ်ား
အေႏွးယဥ္၊ အျမန္ယဥ္ေမာင္း၊ ဆိုက္
ကားဆရာမ်ား အလယ္သုသာန္ေစာင့္
သုဘရာဇာႏွင့္ သူေတာင္းစားအဆုံး
အားလုံးႏွင့္ခင္မင္ေအာင္ေပါင္းၿပီးသူတို႔
အလုပ္ေတြကို ေလ့လာတာ၊ ကူညီလုပ္ ေဆာင္ေပးတာေတြ ရွိခဲ့သည္။
ၿမိဳ႕တစ္ၿမိဳ႕မွာေတာ့ သုသာန္ေစာင့္
မိသားစုႏွင့္ ခင္မင္ၿပီး သူတို႔လုပ္ငန္း
တြင္းတူးတာ၊ အေလာင္းျပင္တာ ျမႇဳပ္ႏွံ
သၿဂႋဳဟ္တာေတြကို ထဲထဲဝင္ဝင္စပ္စုမိ
၍အိမ္ကမိန္းမႏွင့္စကားအေျခအတင္
မ်ား ရဖူးပါသည္။ (စကားကို သူက မ်ား
တာျဖစ္၍ ကြၽန္ေတာ္ အေျခအတင္ ျပန္ ေျပာေသာစကားက ေအးပါကြာေနာက္
မသြားေတာ့ပါဘူးဟုျဖစ္ပါသည္) ဘာပဲ
ေျပာေျပာထိုလူတန္းစားႏွင့္ခင္မင္ရတာ
သခ်ႋဳင္းသုသာန္ႏွင့္ပတ္သက္၍သာမန္
လူေတြမသိႏိုင္သည့္ထူးဆန္းအံ့ဩဖြယ္
ရာမ်ား ၾကားရသိရၿပီး ထိုအေတြ႕အႀကဳံ မ်ားကို ယခု စာေရးဆရာျဖစ္လာေတာ့ စာတစ္ေစာင္ ေပတစ္ဖြဲ႕ေရးႏိုင္၍ ကြၽန္ ေတာ့္မွာ အျမတ္ထြက္ပါသည္။ သခ်ႋဳင္းသုသာန္ကို လူေတြက မသြားအပ္မေရာက္အပ္ေသာအရပ္ဟု
သတ္မွတ္၍ေဝးေဝးကေရွာင္ၾကသည္။
ဒီလိုလူသူေလးပါးမေရာက္မလာေတာ့
လူဆိုးသူခိုးေတြမူးယစ္ေဆးသုံးေဆာင္
သူေတြႏွင့္ စိတ္မူမမွန္သူေတြ မွီတင္း
ေနထိုင္ေလ့ ရွိသည္။ ဒီလို သခ်ႋဳင္းကို
လာေၾကာင္း သခ်ႋဳင္းအေစာင့္လုပ္သူ
ေတြက သိပါေသာ္လည္း (အႏၲရာယ္ျပဳ
မွာလည္း ေၾကာက္ရသျဖင့္) ေတာ္႐ုံ
သျဖင့္ မသိသလိုပဲေနရသည္ဟု ဆိုပါ
သည္။မ်ားေသာအားျဖင့္သူတို႔ကလည္း သုသာန္ေစာင့္ကိုေတာ့ ရန္မရွာတတ္
ၾကပါ။
ကြၽန္ေတာ္ႏွင့္ သိခဲ့ေသာ သုသာန္ ေစာင့္ သုဘရာဇာႀကီးက ႏွယ္ႏွယ္ရရ မဟုတ္ပါ။ သခ်ႋဳင္းသုံးေလးခုမွာအေစာင့္ လုပ္လာတာျဖစ္၍ သုသာန္ေစာင့္ ဆား
ဗစ္ေတာ္ေတာ္ရင့္ၿပီးအေတြ႕အႀကဳံေတာ္
ေတာ္မ်ားပါသည္။ သူ႔နာမည္က ယေန႔
နာမည္ႀကီး လူ႐ႊင္ေတာ္တစ္ဦးႏွင့္
အတူတူျဖစ္ေန၍ကြၽန္ေတာ္ကမေဖာ္ျပ
လိုေတာ့ပါ။ သူကဘုန္းႀကီးလည္းဝတ္ခဲ့
ဖူး၍ ဘုရား၊ တရားစာမ်ား ေတာ္ေတာ္
႐ြတ္ဖတ္ႏိုင္သည္။ သူ႔အေတြ႕အႀကဳံမ်ား
ကို ျပန္ေျပာျပလွ်င္ စကားေျပာအလြန္
ေကာင္း၍ ကြၽန္ေတာ္က ထမင္းေမ့၊
ဟင္းေမ့ထိုင္ကာ နားေထာင္ျဖစ္သည္။
သူ႔မွာအိမ္ေထာင္လည္းရွိ၍မိန္းမႀကီးက
သူႏွင့္႐ြယ္တူပဲ။ အသက္ (၅၀) ခန႔္ (ထို
စဥ္က) ရွိပါသည္။ သားသမီးမရွိၾကပါ။
ရေတာ့ ရဖူးသည္။ ပ်က္စီးကုန္ၿပီဟု
ေျပာသည္(ကုန္) ဟူေသာ ႀကိယာ
ေနာက္ဆက္ကို ေထာက္၍ သားသမီး
တစ္ဦးမက ေမြးဖြားၿပီး ေသဆုံးကြယ္
လြန္သြားတာျဖစ္မည္ဟု ကြၽန္ေတာ္က
ယူဆပါသည္။
ခင္ပြန္းသည္က အသုဘ ႐ုပ္
အေလာင္းအတြက္ တြင္းတူးတာ၊
အေလာင္းျပဳျပင္ေပးတာ၊ မီးသၿဂႋဳဟ္
အကူအညီေပးရတာႏွင့္ သုသာန္တြင္း ေျမပုံမ်ား၊ အုတ္ဂူမ်ား၊ လုံၿခဳံေရးကို ေဆာင္႐ြက္ရသျဖင့္ ၿမိဳ႕ေပၚအဖြဲ႕အစည္း
မည့္ ႐ုပ္အေလာင္းမ်ားအတြက္ ဗာဟီရ
ထံကခ်ီးျမႇင့္ေငြရသည္ဟု သိရပါသည္။ (ထိုစဥ္တုန္းကယခုစည္ပင္သာယာကို
ျမဴနီစီပယ္အဖြဲ႕ဟုေခၚၿပီးကိုယ့္ၿမိဳ႕နယ္ႏွင့္ ကိုယ္အဖြဲ႕ဖြဲ႕ေဆာင္႐ြက္ၾကတာ ျဖစ္ပါ သည္။ အစိုးရဌာန မဟုတ္ေသးပါ) သူတို႔မွာ အပိုသုံးျဖဳန္းစရာ ဘာမွ် မလို၍ရတာႏွင့္ ေလာက္ငမည္ ထင္ရ ေသာ္လည္း သုသာန္ေစာင့္ႀကီး၏မိန္းမ က ဘိန္းစားပါသည္။ ဘိန္းဖိုးကအိမ္သုံး စရိတ္ထက္ ပိုသည္။ ထိုစဥ္က ဘိန္းျဖဴ
တို႔၊ စိတ္ႂကြေဆးတို႔ဆိုတာ မေပၚေသး ဘူး။ မူးယစ္ေဆးဝါးဆိုလွ်င္ ဘိန္းႏွင့္
ေဆးေျခာက္ႏွစ္မ်ိဳးပဲ ရွိသည္။ ဖမ္းတာ၊ ဆီးတာ၊ တရားစြဲတာကို ယစ္မ်ိဳးအဖြဲ႕ (အရပ္ဝတ္အဖြဲ႕အစည္း ျဖစ္သည္။ ရဲ မဟုတ္ပါ) က ေဆာင္႐ြက္ပါသည္။ ဘိန္းစြဲေနေသာ မိန္းမႀကီးက သူ႔ ဘိန္းဖိုးကို သူ႔ဟာသူရွာသည္။ အသုဘ အေလာင္းေတြမွာ လႊမ္း၍ပါလာေသာ ပုဆိုး၊ အက်ႌ၊ ထဘီ၊ ေစာင္စတာေတြကို
ျမႇဳပ္ႏွံသၿဂႋဳဟ္ျခင္းမျပဳမီ မသာရွင္က
သုသာန္ေစာင့္သုဘရာဇာကိုႀကိဳက္တာ
ယူခြင့္ ေပး သည္။ ေလာဘတႀကီးႏွင့္
အကုန္ခြၽတ္ ခြာရယူတာမ်ိဳး မဟုတ္ပါ။
တစ္ဆင္စာေတာ့ ခ်န္ရသည္။ ဒီလို
အဝတ္ေတြကို မိန္းမႀကီးက ေလွ်ာ္ဖြပ္
သိမ္းဆည္းထားလွ်င္ သူ႔ထံဝယ္ေနက်
ေဖာက္သည္ကေဈးမွန္ေပး၍ဝယ္ေလ့
ရွိသည္။ ေဈးမွန္ဆိုတာက သစ္သစ္
ေဟာင္းေဟာင္း ခန႔္မွန္းတန္ဖိုး၏ သုံးပုံ
တစ္ပုံပဲ ျဖစ္သည္။ မိန္းမႀကီးအတြက္
ဒါက ဘိန္းဖိုး လုံေလာက္သည္။ သူက ခ်က္တာ၊ ျပဳတ္တာ၊ ေရေႏြးအိုးတည္ တာ။ ၿပီးလွ်င္ သုသာန္ေစာင့္ေနအိမ္
တဲနံရံတစ္ေထာင့္မွာမွီၿပီး ဘိန္းငိုက္၍
ေနေတာ့သည္။ (ေျမျမႇဳပ္ဂူသြင္းမည့္႐ုပ္
အေလာင္းမွာ လႊမ္းပါလာေသာ အဝတ္ ေတြကိုယူခြင့္ ျပဳတာက အသုဘရွင္ မ်ား ျပန္သြားေတာ့ အေလာင္းေဖာ္ယူခံ
ရမွာစိုး၍ ျဖစ္သည္။ မီးသၿဂႋဳဟ္မည့္
အေလာင္းေပၚကေတာ့ဘာမွ်မရဘူးဟု
သိရသည္) ကြၽန္ေတာ့္ မိတ္ေဆြသုဘ
ရာဇာႀကီးကေတာ့ “အလုပ္ရႈပ္ခံလို႔
ဆရာေလးရယ္၊ က်ဳပ္တို႔ သုသာန္ေစာင့္
ေတြကဒါမ်ိဳးမလုပ္ပါဘူး။ ယူခြင့္ေပးတာ
ေတာင္ က်ဳပ္အတြက္ဆို မယူပါဘူး”ဟု ဆိုပါသည္။
သူ႔မိန္းမက ဘိန္းစား (ေျပာင္းႏွင့္
ရႉတာမဟုတ္၊ ဘိန္းစိမ္းကို တိုက္႐ိုက္
မ်ိဳခ်ၿပီး လက္ဖက္ရည္ၾကမ္းခါးခါးႀကီး
ကိုတစ္ခြက္ၿပီးတစ္ခြက္ေသာက္သည္။
မုန႔္လုပ္ထန္းလ်က္ ညိဳမည္းေပ်ာ့ၿပဲကို
ဖဲ့၍ျမည္းေနေလ့ရွိသည္) ေသာ္လည္း
ကြၽန္ေတာ့္ မိတ္ေဆြႀကီးက ဘိန္းလည္း
မစား၊ အရက္လည္းမေသာက္ပါ၊ သူ
ႀကိဳက္တာကလက္ဖက္ရည္ခ်ိဳခ်ိဳက်က်
ျဖစ္၍ ကြၽန္ေတာ္က သူ႔အတြက္ ခ်ိဳင့္ဆြဲ
ပါဆယ္ဝယ္သြားေပးလွ်င္(ကြၽတ္ကြၽတ္
အိတ္ဆိုတာ မေပၚေသး၍ အိမ္ကခ်ိဳင့္
တစ္လုံး ယူၿပီး ကြၽန္ေတာ္က လက္ဖက္
ရည္ ဝယ္ေပးတာကို မိန္းမက အဲဒီခ်ိဳင့္ ျပန္ယူမလာ နဲ႔ဟု ေျပာသည္။ ျပန္ယူ မလာလွ်င္ ေနာက္တစ္ခါဝယ္ဖို႔ အခက္ ေတြ႕ မည္ျဖစ္၍ ကြၽန္ေတာ္က မိန္းမ အဆူမခံရေအာင္လက္ဖက္ရည္ခ်ိဳင့္ကို
အိမ္ေပၚမတင္ဘဲ ၿခံေထာင့္က သစ္ပင္
ခြၾကားမွာတင္ထားၿပီးအျပန္ျပန္အလွန္
လွန္အသုံးျပဳရပါသည္) သူကေသာက္
ေနက် ဒန္ခ်ိဳင့္တစ္လုံးမွာ ထည့္ထားၿပီး
မကုန္မခ်င္း တစြတ္စြတ္ေသာက္သည္
(ကြၽန္ေတာ္တို႔ လက္ဖက္ရည္ေသာက္ သလို တစ္က်ိဳက္၊ ႏွစ္က်ိဳက္ႏွင့္ ကုန္
ေအာင္ ေသာက္တာမ်ိဳးမဟုတ္၊ လက္
ဖက္ရည္ကေလးပါသည္ဆို႐ုံငုံလိုက္ၿပီး
ႏႈတ္ခမ္းႏွင့္သပ္၍ေနတတ္သည္) ေဆး
လိပ္ ေဆးတံမေသာက္၊ ကြမ္းမစားပါ။
လက္ဖက္ရည္ခ်ိဳႏွင့္ သူ႔မိန္းမထည့္ေပး
ေသာ ေရေႏြးၾကမ္း (လက္ဖက္ေျခာက္
ေလွ်ာ့ထည့္သည္) ကိုေသာက္၍အနား
ယူေလ့ ရွိသည္။ ထိုအခ်ိန္မ်ိဳးမွာ သူႏွင့္
ကြၽန္ေတာ္ လက္ဖက္ရည္ခ်ိဳ အတူ
ေသာက္ ရင္း (ကြၽန္ေတာ္က ေဆးလိပ္ ဖြာတာကိုသူကမကန႔္ကြက္ပါ) သူေျပာ သည့္သခ်ႋဳင္းေစာင့္အေတြ႕အႀကဳံမ်ားကို နားေထာင္ရတာ ျဖစ္သည္။
သူ ေစာေစာကေျပာသည္ ႐ုပ္ အေလာင္း ျပန္ေဖာ္၊ ပစၥည္းယူတာမ်ိဳး ကို သုသာန္ေစာင့္ေတြက မလုပ္ပါဘူး ဆိုေသာ္လည္းဒါမ်ိဳးလုပ္သည့္လူတန္း စားလည္း ရွိပါသတဲ့။ “ေ႐ႊသြားေတြ၊ ဘာေတြပါတဲ့ အေလာင္းမ်ိဳး ပစၥည္းခ်မ္းသာလို႔ နား ကပ္၊ လက္စြပ္မခြၽတ္ဘဲ ဂူသြင္းတဲ့ အေလာင္းမ်ိဳး သၿဂႋဳဟ္ထားတဲ့ ရက္ပိုင္း မွာ နည္းနည္းဂ႐ုစိုက္ရတယ္။ ေစာေစာ ပိုင္းရက္ေတြမွာ ညဥ့္ဘက္လွည့္ၾကည့္
တာမ်ိဳး လူသံေပးေခ်ာင္းဟန႔္တာမ်ိဳး
လုပ္ရတယ္။ အုတ္ဂူ ေကာင္းေကာင္း
ေျခာက္သြားၿပီဆိုရင္ေတာ့ေတာ္႐ုံတန္႐ုံ
လုပ္ခဲပါတယ္တဲ့။ (ဂူေဖာက္ပစၥည္းယူ
တာမ်ိဳးကို တစ္ၿမိဳ႕ထဲကေနသူအခ်င္း
ခ်င္း မလုပ္ၾက၊ သူမ်ားၿမိဳ႕က ဂူသြင္း
အသုဘေတြကို သတင္းနားေထာင္ၿပီး
သုံးေလးေယာက္အဖြဲ႕ႏွင့္ တစ္ခ်ိန္က
လုပ္ၾကတာျဖစ္သည္ဟု သိရပါသည္)
သူ႔စကားနားေထာင္ၿပီး ကြၽန္ေတာ္က…
“စိတ္မရွိနဲ႔ေနာ္၊ အဲဒီလို အဖိုးတန္
ပစၥည္း၊ရတနာပစၥည္းပါရင္ဆရာႀကီးတို႔
ကိုယ္တိုင္ေကာ ဂူမေဖာက္ဘူးလား။
ဆရာႀကီးတို႔လုပ္ရင္ ပိုလြယ္ေနတာပဲ
ဆိုေတာ့ သူက တဟက္ဟက္ရယ္
သည္”
“ကိုင္း- အဲဒီေ႐ႊရၿပီဆိုေတာ့ က်ဳပ္ က ဘယ္သြားေရာင္းမွာလဲ။ ကိုယ့္ၿမိဳ႕မွာ ကိုယ္ေရာင္းရင္ ခ်က္ခ်င္းလူမိမွာေပါ့။ တျခားၿမိဳ႕သြားေရာင္းဖို႔လည္း မျဖစ္ဘူး ေလ။ အသုဘလုပ္ငန္းက ခြင့္ယူထား
လို႔မွမျဖစ္တာ။ၿပီးေတာ့ဒါေတြေရာင္းၿပီး ရတဲ့ေငြ ဘာလုပ္မွာလဲ၊ က်ဳပ္ပိုက္ဆံ အသုံးလိုတာဆိုလို႔ လက္ဖက္ရည္ဖိုးပဲ ရွိတာ။ က်ဳပ္မိန္းမကလည္းသူ႔ဟာနဲ႔သူ ဘိန္းဖိုးကအဆင္ေျပေနတာပဲ။ အသုဘ
ရွိတဲ့ေန႔ဆိုထမင္းေတာင္ခ်က္စရာမလို
ဘူး။ အသုဘနဲ႔ပါတဲ့ စားၿမိန္စာထုပ္က
က်ဳပ္တို႔လင္မယားစားလို႔ေတာင္မကုန္
ဘူး။ ဟင္းေတာ့ ေၾကးမ်ားလို႔ မရဘူး။
ပါတာနဲ႔ စားရတယ္။ အသားေရွာင္လို႔
မရဘူး။ မ်ားေသာအားျဖင့္ ၾကက္သား
ဟင္းပဲမ်ားတယ္။ ဆင္းရဲသား အသုဘ
ကေတာ့ မရွိဘူးဆိုေတာင္ ဘဲဥခ်က္
ေတာ့ပါေသးတာပဲ”
သူကစကားကိုဒီလိုဖြယ္ဖြယ္ရာရာ
ေျပာတတ္သည္။ၿပီးေတာ့- သူကလက္
ဖက္ရည္ခ်ိဳသာရွိလွ်င္ စကားအမွ်င္
မျပတ္ေအာင္ေျပာႏိုင္၍ ကြၽန္ေတာ္က
အင္းလိုက္တာႏွင့္ တစ္ခ်က္တစ္ခ်က္
ေထာက္ေပးတာေလာက္ပဲ လုပ္ရ
သည္။
“အေလာင္းေဖာ္ၿပီး ပစၥည္းယူ တာ လူခ်မ္းသာ အသုဘဂူသြင္းထား တာမ်ိဳးကို ေဖာက္တာမ်ားပါတယ္။ ဒါေပမဲ့- ဆရာေလးရဲ႕- ေျမျမႇဳပ္ထားတဲ့ အေလာင္းကို ေဖာ္တာနဲ႔ ႀကဳံဖူးတယ္။ ဒီသခ်ႋဳင္းမွာေတာ့ မဟုတ္ဘူး။ က်ဳပ္
အရင္က လုပ္ဖူးတဲ့ သခ်ႋဳင္းမွာပဲ” “ဟုတ္ရဲ႕လားဗ်။ ဘာလုပ္ဖို႔ ေဖာ္ တာလဲ၊ ပစၥည္းေတာ္ေတာ္မ်ား ပါလို႔
လား”
“ဟုတ္ပါ႐ိုးလား- ဆရာေလးရဲ႕။ ေသတဲ့သူကဆင္းဆင္းရဲရဲဘာပစၥည္းမွ
မဆင္လိုက္ပါဘူး။ စားၿမိန္စာထုပ္မွာ
ေတာင္ ပဲျပဳတ္ပဲပါတယ္။ ၿပီးေတာ့ – မိန္းကေလး အသက္ႏွစ္ဆယ္ေလာက္
ပဲရွိေသးတယ္။ ဆြဲႀကိဳးခ်ေသတာ”
သူ႔စကားနားေထာင္ၿပီးကြၽန္ေတာ္ ေတာ္ေတာ္ စိတ္ဝင္စားသြားပါသည္။ ဆြဲႀကိဳး ခ်ေသသည့္ ငယ္ငယ္႐ြယ္႐ြယ္
ဆင္းဆင္းရဲရဲမိန္းကေလး႐ုပ္အေလာင္း ကိုဘာလို႔မ်ားျပန္ေဖာ္ခ်င္ရသလဲ။ မိန္းမ
ငယ္ဆိုေတာ့ မေတာ္တေရာ္လုပ္ဖို႔မ်ား လား သိခ်င္တာကိုေမးေတာ့ … “ဆြဲႀကိဳးခ်ေသတာဆိုေတာ့ ရက္ မဆိုင္းဘူး။ ခ်က္ခ်င္းခ်ရတာ။ အစိမ္း
ေသလတ္လတ္ဆတ္ဆတ္ဆိုပါေတာ့။
ဒါမ်ိဳးရွာေနတဲ့ သူေတြနဲ႔ ကြက္တိေပါ့
ေလ”
“ဘယ္လိုကြက္တိတာလဲ – ဆရာ
ႀကီးရဲ႕၊ ေျပာပါဦး”
သူက ခ်ိဳင့္ကို ေစာင္း၍ လက္ဖက္ ရည္ခ်ိဳကို တပ်ပ္ပ်ပ္ စုပ္ေသာက္လိုက္
ၿပီးမွ …
“ေအာက္လမ္းအစီအရင္ေပါ့ဗ်ာ။ ေပါရိသာဒေမွာ္ဝင္လမ္းအတြက္အစိမ္း
ေသအသားလိုခ်င္လို႔လုပ္တာ”
“ဟင္ – အစိမ္းေသ လူအသားကို ဘာလုပ္ၾကမွာလဲ”
“ဒီလို ဆရာေလးရဲ႕။ ေပါရိသာဒ ဆိုတာေတာ့ၾကားဖူးတယ္မဟုတ္လား။ လူသားကိုႀကိဳက္သြားၿပီးလူသားစားတဲ့
ဘုရင္ေလ။ ငါးရာ ငါးဆယ္ဇာတ္ထဲမွာ
ပါတယ္။အခုနည္းကေအာက္လမ္းအစီ
အရင္ေပါ့။ အဲဒီေမွာ္ဝင္မယ့္သူကို ဆရာ
လုပ္တဲ့သူက လူ သား (အစိမ္းေသ
အသား) အစိမ္းကို ေဆးစီရင္ၿပီး ေကြၽး
ရတယ္။ ေကြၽးတာက ဘယ္လမွာမဆို
လကြယ္ညသန္းေခါင္အခ်ိန္ သခ်ႋဳင္းမွာ
စီရင္ရတယ္။ေမွာ္ဝင္မယ့္ သူက သခ်ႋဳင္း တစ္ေနရာမွာမုဆိုးဒူးေထာက္စအိုပိတ္
ထိုင္ၿပီး လက္ႏွစ္ဖက္ေျမႇာက္ထားရ
တယ္။ ဆရာက လူ႔အစိမ္းေသ အသား
ခုနစ္တုံးတိတိ ေဆးအစီအရင္နဲ႔ လက္
တစ္ကမ္းအကြာက မန္းမႈတ္ၿပီးတစ္တုံး စီသူ႔လူကိုပစ္ေကြၽးရတယ္။ လူအသား
ကုန္ၿပီဆိုတာနဲ႔အဲဒီလူကလူစိတ္ေပ်ာက္
ၿပီး ဘီလူးစိတ္ဝင္လာတယ္။ မုဆိုး ဒူး
ေထာက္ထိုင္ေနရာက ခုန္ထြက္ၿပီး ေျခ ဦးတည့္ရာကို ထြက္ေျပးေတာ့တာပဲ။
အဲဒီအခ်ိန္မွာ ဆရာလုပ္သူကို
လည္း ရန္မူတတ္လို႔ ဆရာက ေစာေစာ
ကပဲ သူ႔အတြက္ စည္းခ်ၿပီး အကာ
အကြယ္ယူထားရတယ္။တခ်ိဳ႕ဆရာမ်ား
ကေတာ့ မုဆိုးဒူးေထာက္ထိုင္ေစတာ
မဟုတ္ဘဲ သူ႔လူကို ေျမက်င္းထဲ ပခုံး
ထိေအာင္ ျမႇဳပ္ၿပီး လူသားသုံးတုံးေကြၽး
ရတယ္။ ေျမျမႇဳပ္နည္းမွာလူသားသုံးတုံး
ဆိုလုံေလာက္တယ္။ဒါေပမဲ့ – ခုေျပာတဲ့
ကိစၥမွာ လူ အသားကလည္း လိုခ်င္
သေလာက္ရတယ္။လူတစ္ရပ္ေျမက်င္း
တူးဖို႔ဆို တာကမလြယ္ေတာ့ မုဆိုးဒူး
ေထာက္နဲ႔ အသားခုနစ္တုံး အစီအရင္
ကိုပဲလုပ္သြားၾကတာေလ။
“ဟုတ္- ဆရာႀကီး၊ ခုနလူကထြက္ ေျပးၿပီဆိုေတာ့ ဘယ္လိုဆက္လုပ္မွာ
“ဘာမွ လုပ္စရာမလိုေတာ့ဘူး။ ဆရာကပစၥည္းသိမ္းၿပီးအိမ္ျပန္ေန႐ုံပဲ။ ခုနက လူက သြက္သြက္ခါ႐ူးၿပီး အရပ္ တကာလွည့္ေနတာ။ ႏွစ္ပတ္လည္ ေတာ့မွ ဆရာက သူ႔လူကို စုံစမ္းလိုက္ ရွာၿပီး ေပါရိသာဒျပည္ဝေဆးဆိုတာကို ထိုးေပးရတယ္။ အဲဒီမွာ အ႐ူးေပ်ာက္ၿပီး အစီအရင္ေအာင္တယ္”
“ေအာင္ျမင္ေတာ့ ဘာျဖစ္မွာလဲ
ဆရာႀကီး”
“ေပါရိသာဒေမွာ္ေအာင္တဲ့သူဟာ
တုတ္ၿပီးတယ္၊ ဓားၿပီးတယ္၊ ေသနတ္
မီးမကူးဘူး၊ အေျပး သန္တယ္၊ ကိုယ္
ေဖ်ာက္လို႔ရတယ္။ ဒုစ႐ိုက္လုပ္မယ့္
အတိုက္အခို က္လုပ္မယ့္ သူေတြ
အတြက္တန္ဖိုးမျဖတ္ႏိုင္တဲ့အစြမ္းေတြ
ေပါ့”
ဆရာႀကီး ေျပာတာကို ကြၽန္ေတာ္ စဥ္းစားၾကည့္ေတာ့ ရာဇဝတ္မကင္း
ေသာ အလုပ္ေတြကို မေၾကာက္မလန႔္
လုပ္ရမွာႏွင့္၊ အခ်ိန္ေတြ ေစာင့္ရမွာႏွင့္
ျပန္ရသည့္ အက်ိဳးက အရႈံးအျမတ္ကာ
ပါ့မလား။ ထင္မိတာကို ကြၽန္ေတာ့္ မိတ္
ေဆြႀကီးက ရိပ္မိပုံရသည္။
“ေပါရိသာဒ ေမွာ္ကို စီရင္ႏိုင္ဖို႔က
ေအာက္လမ္းပညာ ေတာ္ေတာ္အဆင့္
ျမင့္မွလုပ္ႏိုင္တယ္။ ဒီအစီအရင္ေအာင္
သြားရင္လည္း သူ႔အဖို႔ ေနာက္တစ္ဆင့္
တက္သြားတယ္။ ၿပီးေတာ့- ေပါရိသာဒ
ေမွာ္ဝင္ထားတဲ့သူက ဘယ္ေလာက္
ၾကမ္းၾကမ္း၊ ဘယ္ေလာက္စြမ္းစြမ္း ဆရာကို မလွန္ႏိုင္ဘူး။ သူ႔တစ္သက္ လုံး ဒီဆရာရဲ႕တပည့္ပဲ။ ခိုးလို႔ တိုက္လို႔ ရသမွ်ဆရာ့ကိုပူေဇာ္ရတယ္။ ဆရာေပး
သေလာက္ပဲ ယူရတယ္။ ဆရာေလးတို႔
စိတ္ဓာတ္မ်ိဳးနဲ႔ေတာ့ဒီေလာက္ကေလး
နဲ႔ဒါမ်ိဳးမလုပ္ဘူးဆိုတဲ့စိတ္ကူးရွိမွာေပါ့။
ဒါေပမဲ့ နဂိုက ေလာဘ၊ ေဒါသ၊ ေမာဟ
အားႀကီးလို႔ ဒီလမ္းကို လိုက္စားတဲ့
ေအာက္လမ္းဆရာဆိုတာမ်ိဳးက
အကုသိုလ္ကို မစဥ္းစားေတာ့ဘူး။
ဘုရားရွင္လက္ထက္က ေဒဝဒတ္ဆို
တာ ရထားတဲ့ တန္ခိုးအဘိညာဥ္ကို
တစ္လြဲသုံးၿပီး အဇာတသတ္ကို တပည့္ ေမြးခဲ့တာ ဆရာေလးသိမွာေပါ့တဲ့”
အင္း – ကြၽန္ေတာ့္ မိတ္ေဆြႀကီး၏ ဘုန္းႀကီးဝတ္ခဲ့ဖူးေၾကာင္း သက္ေသျပ ႏိုင္သည့္ စကားေတြ ျဖစ္ပါသည္။ “ဒါနဲ႔ “ေနပါဦးဆရာႀကီးရဲ႕၊ သခ်ႋဳင္း မွာအစိမ္းေသအေလာင္းေဖာ္ၿပီးအသား လွီးယူတာ ဆရာႀကီးတို႔ ဘယ္လိုသိ သလဲ။ ဒီအတိုင္းထားပစ္ခဲ့လို႔လား” “ဟုတ္ပါ့မလား။ ဆရာေလးရဲ႕လို
ခ်င္တာယူၿပီး အေလာင္းကိုေတာ့ ျပန္
ျမႇဳပ္ခဲ့တာေပါ့။ ဒါေပမဲ့-သပ္သပ္ရပ္ရပ္
မဟုတ္ဘူးေလ။ လူႏွစ္ေယာက္တည္း
လုပ္ရတာဆိုေတာ့ ၿပီးလြယ္ စီးလြယ္
ထားခဲ့တယ္နဲ႔ တူပါတယ္။ အသားကို လည္း လွီးယူထားေတာ့ အညႇီနံ႔ရၿပီး ေခြးေတြက ထပ္ေဖာ္စားေတာ့ ေနာက္
တစ္ေန႔ အမႈေပၚပါေရာ။ ဒါေပမဲ့ – တခ်ိဳ႕
လက္စလက္နေတြေအာက္လမ္းဆရာ
စည္းခ်ထားတာေတြ ေမွာ္သြင္းခံတဲ့သူ
ဖေနာင့္တိုက္ထားတဲ့ အရာေတြ ၾကည့္
ရတာ သူတို႔ အစီအရင္ေအာင္ျမင္ပုံ
ရတယ္။ ဆရာ့အဆင့္ကလည္း ေသးပုံ
မရဘူး။ သူတို႔ကို ေႏွာင့္ယွက္ႏိုင္တာ
က်ဳပ္တစ္ေယာက္တည္းရွိေတာ့ က်ဳပ္
ကိုလည္း အိပ္ေမြ႕ခ်ထားပုံရတယ္။
ခါတိုင္း ညဘက္ကို ႏိုးႏိုးၾကားၾကားေန
တတ္တဲ့ က်ဳပ္မွာ တစ္ညလုံးငွက္ေပ်ာ
တုံးတစ္တုံးလို အိပ္ေပ်ာ္ေနခဲ့တာပဲ။
မနက္က်လို႔ အမႈလည္းေပၚေရာ က်ဳပ္
လည္း အလုပ္ျပဳတ္ေတာ့တာပဲ”
“အင္း- ဘယ္သူမွ မလုပ္ခ်င္၊ မလုပ္ႏိုင္တဲ့သုသာန္ေစာင့္အလုပ္လုပ္ ရတာလည္းမလြယ္ပါပဲလား။ကြၽန္ေတာ္ ကစကားစပ္မိလာ၍…
“ဆရာႀကီးက သခ်ႋဳင္းမွာ ညဘက္ ဆို မအိပ္မေန ႏိုးႏိုးၾကားၾကားဆိုေတာ့ သရဲမေၾကာက္ဘူးလား ဆရာႀကီးဆို ေတာ့ သူက ဟက္ခနဲ ရယ္၍”
“မွတ္ထား- ဆရာေလး၊ တေစၦ
မေၾကာက္သူေလးပါးရွိတယ္။ ေစာင့္တို႔ဟာ သရဲမေၾကာက္ဘူး။ သူခိုး
သုသာန္
ဆိုတာမ်ိဳးက ညဘက္ကို အလုပ္ လုပ္
ရတယ္။တစ္ေယာက္တည္းလည္းလုပ္
ရတာဆိုေတာ့ သရဲေၾကာက္ေနရင္လုပ္
စားလို႔ မရဘူး။ သုသာန္ေစာင့္ က်ဳပ္
ကေတာ့ သခ်ႋဳင္းထဲမွာ ဘုရင္ပဲေလ။
ဘယ္သရဲက ေျခာက္ဝံ့မွာလဲတဲ့။ သူက
ဆက္၍…
“က်ဳပ္တို႔မွာလည္းဗ်ာ၊ သူေသဆို တာေန႔စဥ္ေတြ႕ေနရတာေတာင္တရား ႏွလုံးမသြင္းႏိုင္ဘူးဗ်။ အဲဒါ အဝိဇၨာက
ဖုံးထားတာ။ မ်က္ကန္းတေစၦမေၾကာက္
ဆိုတာ သူက ႐ုပ္မ်က္စိကန္းေနတာ
က်ဳပ္တို႔က ဉာဏ္မ်က္စိ ကန္းေနတာ
ေလတဲ့”
ဘုန္းႀကီးဘဝမွာ ဘယ္စာအထိ ေရာက္ခဲ့သည္မသိ။ သူ႔စကားက ေတာ္ ေတာ္အဆင့္အတန္းျမင့္သည္။
“ဒါနဲ႔ဗ်ာ – ခု ေျပာတဲ့ ေပါရိသာဒ
အစီအရင္အေၾကာင္းဆရာႀကီးဘယ္လို
သိသလဲ။ ဟိုလူေတြကိုလည္း မမိလိုက္
ဘူးဆို”
“သိဆို၊ က်ဳပ္ကလည္း ဒီလမ္း ေလွ်ာက္ခဲ့ဖူးတာကိုးတဲ့။ သူကဒီဟာကို သိပ္ေျပာခ်င္ပုံမရပါ။ကြၽန္ေတာ္ကေတာ့
ဘုန္းႀကီးလည္းဝတ္ခဲ့ဖူးၿပီး ေအာက္ လမ္းဆရာလည္း လုပ္ခဲ့ဖူးေသာ ကြၽန္ ေတာ့္ မိတ္ေဆြသခ်ႋဳင္းေစာင့္ႀကီးကို
ေငးၾကည့္ရင္း ေအာက္လမ္း ဆရာဘဝ မွာ ဆရာပဲလုပ္ခဲ့သလား။ တပည့္ ျဖစ္ခဲ့
သလား။တပည့္သာျဖစ္ခဲ့ပါက သူကိုယ္
တိုင္ ေပါရိသာဒေမွာ္ အသြင္းခံၿပီး လူ
ေစာင့္လုပ္ေနတာလည္းလူသားကိုေဖာ္
သားမ်ားစားခဲ့ေလသလား။ ယခုသခ်ႋဳင္း
စားဖို႔အႀကံအစည္ရွိေနသလားစသည္ ျဖင့္ စာေရးဆရာ ေလာင္းလ်ာပီပီ စိတ္ ကူးေတြ ကြန႔္ျမဴးေနမိပါသည္။ ကိုယ္က စိတ္ကူးယဥ္ၾကည့္တာ ျဖစ္ေသာ္လည္း ေပါရိသာဒ ေမွာ္အစီ
အရင္အေၾကာင္းေျပာျပခဲ့ေသာသခ်ႋဳင္း
အေစာင့္ႀကီးက ေပါရိသာဒႏွင့္ နီးစပ္ပုံ မရပါ။ ကိုယ္ေယာင္လည္းေဖ်ာက္ႏိုင္ပုံ မေပၚ။ အေျပးလည္းမသန္။ တုတ္မၿပီး ဓားမၿပီးတာကို သက္ေသခံလို႔ သူ႔တဲ ၾကမ္းေပါက္မွာကြၽံက်ၿပီးေျခေထာက္မွာ
တစ္ထြာေလာက္အစင္းအရွႀကီးျဖစ္ေန
ေသးသည္။ အသက္ကလည္း ငါးဆယ္
ေက်ာ္အ႐ြယ္မို႔ သူ႔ကိုယ္သူမွ အႏိုင္ႏိုင္
သယ္ေနရေသာ အဘိုးအိုတစ္ဦးသာ
ျဖစ္ေလေတာ့သည္။
လက္ဖက္ရည္ခ်ိဳကေလး တပ်ပ္
ပ်ပ္စုပ္၍ေျပာသူကေျပာၿပီး ကြၽန္ေတာ္
နားေထာင္လို႔ ေကာင္းေနဆဲမွာ နာေရး
ကိစၥတစ္ခုကက်င္းတူးဖို႔လာအပ္သျဖင့္
ကြၽန္ေတာ့္မိတ္ေဆြႀကီးက လုပ္ငန္းခြင္
ဝင္ဖို႔ျပင္ေတာ့ ကြၽန္ေတာ္က ကိုယ့္အိမ္
ကိုယ္ ျပန္လာရာမွ သခ်ႋဳင္းက ျပန္လာ တာဟု မိန္းမ မရိပ္မိေအာင္ လမ္း႐ိုးကို ေကြ႕ပတ္၍ျပန္ခဲ့ရပါသည္။
ထိုမွေနာက္ပိုင္းတြင္ လမ္းေပၚမွာ ရွိတတ္သည့္ စိတ္မႏွံ႔သူမ်ားကို ျမင္ရ တိုင္း သူလည္း ေပါရိသာဒအစီအရင္
တစ္ပိုင္းတစ္စေၾကာင့္႐ူးေနေလသလား ဟုေတြးမိတတ္ပါေၾကာင္း…။