Unicode Version
အောက်လမ်းဘိုးထင် နှင့် လက်တွေ့သင်ခန်းစာ
(၃)
▪️အခန်း-၁
ဦးအုန်းနှင့် မောင်ဘိုးထင် မနက်အစော ပေပင်ရွာထဲမှထွက်လာပြီး အင်ကြင်းရွာကိုသွားနေကြသည် ၊ ယခုတွင်တော့ မောင်ဘိုးထင် အကင်းပါသွားပြီဖြစ်သည် ၊ ထမင်းကို စစ်သုံးဟန်ကောချိုင့်ထဲထည့်ကာ လွယ်အိတ်ထဲ ထည့်လာသလို စစ်သုံးေရဘူး နှင့်လည်း ရေထည့်လာသည် ၊ ထမင်းချိုင့်က တချိုင့်တည်းရှိသဖြင့် ဦးအုန်းအား ထမင်းထုပ်လာသည့်အကြောင်းပြောလိုက်သည်
“အဘ ကျုပ်ထမင်း ထုပ်လာတယ် ဗျ”
“ကောင်းတာပေါ့ကွာ သွားရမှာကလည်းအဝေးသာကို”
“အဘ အတွက်ကတော့ ကျုပ် အင်ဖက်နဲ့ ထမင်းထုပ်လာတယ် ”
“ချိုင့်က ဘာဖြစ်လို့လဲကွ ကောင်လေးရ ”
“ချိုင့်က ကျုပ်တယောက်စာပဲရှိတယ်လေ အဘအရင်သွားတုန်းက ထမင်းထုပ်လို့လား ”
“မထုပ်ဘူးလေကွ ”
“မထုပ်ပဲ အငတ်ခံတာမဟုတ်လား အဲ့တော့ အင်ဖက်နဲ့ ထုပ်ခဲ့တာကို ကျေနပ်ဗျာ ”
“အေးပါကွာ မင်းကတော့လေ ဒါနဲ့ဘာဟင်းနဲ့ ထုပ်လာလဲကွ”
“အဘ အတွက် အမဲသားဗျ ကျုပ်တွက် ငှက်သား ”
“မင်းက ဟင်းပါ ခွဲခြားနေတာလား နောက်ဆို ဆန်တွေပါ ခွဲခြားပြီ ချက်ဦးမှာလားမသိဘူးဟေ့ ”
“ချိုင့်ထဲ ထည့်လာတာကိုပြောတာပါဗျ ထမင်းစားရင် တူတူစားမှာကို ဟင်းနှစ်မျိုးပေါ့ ဗျာ နော်”
“အေးပါ ကောင်လေးရ မင်းသဘော သွက်သွက်လျှောက်ကွာ ”
“အဘက ပြောတော့မယ် ကျုပ်က ရှေ့ကနေ နောက်လှည့် စကားပြောနေတာပါဗျ အဘသာ သွက်သွက် လျှောက်ရမှာ ”
မောင်ဘိုးထင် ရှေ့ကသွားေနပြီးပြောလိုက်ချင်းဖြစ်ရာ ဦးအုန်းမည်သည့်စကားမှမေပြာပါပဲ ပြုံး၍သာ လမ်းလျှောက်နေပါေတာ့သည်။
ဦးအုန်း နှင့် မောင်ဘိုးထင်တို့ လမ်းလျှောက်လာရာ နေမွန်းတည့် အချိန်သို့ရောက်ရှိလာသည် ၊ထိုအခါ ဦးအုန်းသည် လမ်းဘေးရှိညောင်ပင်းကြီး တပင်အောက်ဝင်နားလိုက်ပြီး
“ကောင်လေးရေ ထမင်းစားကြရအောင်ကွာ ”
“ဘိုးထင် တန်ဖိုး အဘ သိပြီမဟုတ်လား ”
“ဘာလဲကွ ကောင်လေးရ မင်းစကားကလည်း”
“ဘိုးထင် နဲ့ ခရီးသွားရင် ထမင်းမငတ်ဘူးဆိုတာ သိစေချင်တာ ”
“ဟုတ်ပါပြီကွာ မင်းကလည်းကိုယ်ရည်ကသွေးလိုက်တာ ”
“အဘကလည်းဗျာ ကျုပ်ကကိုယ်ရည် သွေးစရာမလိုဘူး ကိုယ်ရည်က ထက်ပြီးသားမို့ဗျ”
“အေးပါ မောင်ကိုရည်ထက်ရယ် ဗိုက်ဆာပြီ ထမင်းစားဖို့ပြင်ကွာ ”
မောင်ဘိုးထင်လည်းလွယ်အိတ်ထဲမှ ထမင်းချိုင်နှင့် အင်ဖက်ဖြစ် ထုပ်ထားသော ထမင်းထုပ်အားးထုတ်လိုက်ကာ ဦးအုန်းအားကြည့်ပြီး
“အဘ ဘယ်ဟာနဲ့စားမှာလဲ ချိုင့်နဲ့လား အင်ဖက်နဲ့လား ”
“မင်းအတွက် ချိုင့်နဲ့ထည့်လာတယ်ဆို ”
“အေးဗျာ ကျနော် အနစ်နာခံပြီး ချိုင့်နဲ့စားလိုက်ပါမယ် ”
မောင်ဘိုးထင်၏ စကားကြောင့် ဦးဘိုးထင် မျက်လံုးပြူးသွားရကာ
“မင်းက ချိုင့်နဲ့စားမှာကို အနစ်နာခံတာလား ”
“အဘကလည်း ကျုပ်က လက်သေးသေးလေးဗျ ာ ဇွန်းကလည်း မပါဘူး အဘလက်ကြီးနဲ့ ချိုင့်ထဲ နှိက်စားလို့ရလို့လား ပြော”
“အေးကွ နည်းနည်းတော့ ခက်မယ် ဟ”
“အဲ့တာကြောင့် အဘကို ဖက်နဲ့ကျွေးတာ အဘလက်ကြီးနဲ့ စိတ်ကြိုက်စားစမ်း ကျုပ်သာ ချိုင့်နဲ့ အဘကိုစားလို့ပေးရင် အဘ ချိုင့်ထဲကို လက်နှိက်ရတာ အဆင်မပြေ ထမင်းစားလို့ ကလည်း ဝသလို မဝသလို”
“ကဲ ကဲ ကိုသာလိကာ ငါဖက်နဲ့စားပါမယ်ကွာ ထမင်းထုပ်ဖြည်တော့ ”
“အဘကိုထားတဲ့ ကျုပ်ေစတနာကို နားလည်စမ်းပါဗျာ ”
“အေးပါ နားလည်ပါပြီ ဦးလေးဘိုးထင်ရယ် ထမင်းထည့်လာတာနဲ့တင် နားလည်ပါပြီကွာ”
ဦးအုန်းသည် ပြုံးရယ်ပြီး မောင်ဘိုးထင်ကို ဦးလေးလို့ရွဲ့ခေါ်လိုက်လေတော့သည် ၊ မောင်ဘိုးထင်ကာ ထမင်းထုပ်ကို ဖြည်ပြီး ဦးအုန်းအား ကမ်းပေးလိုက်ကာ စစ်သုံးရေဘူးလေးမှ ရေများဖြစ်လက်ကို လောင်းချပေးလိုက်သည် ထို့နောက်သူလည်း လက်ဆေးပြီး ဟန်းကောချိုင့်ကို ဖွင့်ကာ အတွင်းမှ ငှက်သားဟင်းကို ဦးအုန်း၏ ဖက်ထည့်မှာ ထည့်ထားသော ထမင်းများအပေါ်တင်ပေးလိုက်၏ ထိုအခါ ဦးအုန်းက
“မင်းလည်း အမဲသားဟင်းယူလေကွာ ”
“အဘ အိမ်ရောက်ကတည်းက ကျုပ်အမဲသား ကြိုက်တဲ့သူတောင် အမဲသားမစားချင်တော့ဘူး ”
“အေး ငါက အမဲသားက မဝယ်လို့မရဘူးလေကွာ ”
“အင်းသိပါတယ် စားအဘ ”
သူတို့ထမင်းစားလို့ပြီး ပြီဖြစ်သည် ဦးအုန်းသည် ညောင်ပင်အောက်မှ လှဲနေသည် ၊ မောင်ဘိုးထင်သည်က ညောင်ပင်ပေါ်မှ တွယ်တက်နေသော နွယ်ပင်များသည် ပုခက်လို့ဖြစ်နေရာ ထိုအပေါ်သို့တက်အိပ်နေရင်း ညောင်ပင်အောက်မှလှဲနေသော ဦးအုန်းအားစကားလှမ်းပြောလိုက်သည်
“အဘ အပေါ်တက်ခဲ့ပါလား ဇိမ်ပဲဗျ ပုခက်စီးနေရသလိုပဲ ”
“ရပါပြီငါ့ကောင်ရ မတက်ပါရေစနဲ့ ”
“အင်း အသက်ကြီးလာတာမကောင်းဘူးလို့လူကြီးတွေပြောကြတာ အဘကြည့်ပြီးမှ သတိထားမိတော့တယ် ”
ဦးအုန်း မှိတ်ထားသောမျက်လုံး ဖွင့်လိုက်ပြီး အပေါ်မှ မောင်ဘိုးထင်ကို ကြည့်လိုက်သည် ၊ မောင်ဘိုးထင်သည်လည်း သူ့အား ငဲ့စောင်းကြည့်ရင်းစကားပြောနေချင်းပင်၊ ယခုလည်းမောင်ဘိုးထင် ဆက်ပြီးစကားဆိုလာသည်
“အဘ ကျုပ်မသိလိာ့ တခုမေးမယ်နော် ”
“မေးလေ ကွာ ”
“အဘ ကျနော်လည်း အောက်လမ်းဖြစ်ပြီလား ”
“ပညာတော့ မသင်ရသေးပေမဲ့ ဖြစ်ပြီလို့ပြောပါတော့ မင်းက ငါ့တပည်လေ ”
“,ကျုပ်ကြားဖူးတာတော့ အောက်လမ်းတွေက ညစ်ပတ်တယ်တဲ့ ရေလည်း မချိူးဘူးပြောတယ်ကျုပ်တို့ကတော့ သန့်နေပါလား ”
“ဟားးး မင်းပြောမှငါလည်းသတိထားမိတော့တယ် ညစ်ပတ်ပြီး စုတ်ပြတ်နေမှ အောက်လမ်းမဟုတ်ဘူးကွ ”
“ဘယ်လိုမှအောက်လမ်းလည် ”
“အဖြူ နဲ့ အမဲ ရှိတယ်ကွာ ငါတို့က အမဲတွေ နောက်ထပ်လူတွေက အဖြူတွေ ”
“ဘယ်သူတွေလဲ အဘ ”
“အထက်လမ်းတွေပေါ့ကွာ ”
“ငါတို့မှာက သီလမရှိဘူး သိူ့ပေမဲ့ ကျင့်ဝတ်တော့ထားလို့ရတယ် မင်းဘာဘာသာကိုးကွယ်လဲ ကောင်လေး ”
“ဘုရားအိုးစင် ကျုပ်ရွာက အိမ်မယ် ရှိတယ်ဆိုတော့ ဘုရားကိုးကွယ်တယ်ထင်တယ်ဗျ”
မောင်ဘိုးထင် စကားပြောလို့ပြီးသောအခါ ဦးအုန်းသည် ငုတ်တုပ် ပြန်ထိုင်လိုက်ပြီး ။
“ဘုရားလမ်းစဉ်နဲ့ ပြောင်းပြန်ဆန့်ကျင်ပြီး လုပ်နေလို့ အောက်လမ်းလို့ခေါ်တာ ကောင်လေး ”
“ဘုရားလမ်းစဉ်က ဘာလဲအဘ ”
“ငါလည်း မသိပါဘူးကွာ ထားလိုက် အဲ့တာတွေက တို့နဲ့ လားလားမျှမဆိုင်ဘူး တခုရှိတာက အောက်လမ်းဆိုပေမဲ့ အကုန်လုံးမကောင်တဲ့သူမဟုတ်ဘူးကွ ဝါသနာကြောင့် အောက်လမ်းဖြစ်နေပေမဲ့ အကျင့်ကောင်းတဲ့သူတွေရှိပါတယ် ”
“အဘ လိုလားဗျ”
“ဟ ငါက ဘာအကျင့်ကောင်းလို့လဲဟ”
“အဘသာ အကျင့်မကောင်းရင် ကျုပ်ခုလို ကောင်းကောင်းနေ ကောင်းကောင်း မစားရပါဘူးဗျာ ”
ဦးအုန်းသည် မောင်ဘိုးထင်ကို လှမ်းကြည်လိုက်သည် ၊ အမှန်တကယ်ကို သူအားကျေးဇူးတင်နေသော မျက်နှာဖြစ်စကားပြောနေလေရာ သူ၏ စိတ်ထဲတွင် အတော်ပင် ကျေနပ်နေမိသည်၊ ထိုနောက် ဦးအုန်းသည်
“ကောင်လေး ခဏ မှေးလိုက်ကွာ ပြီးရင် ခရီးဆက်ကြရအောင်လို့ ”
“ဟုတ်ကဲ့ အဘ”
မောင်ဘိုးထင်သည် ဦးအုန်း၏ စကားဆုံးသည် နှင့် ပုခက်လိုဖြစ်နေသော နွယ်များပေါ်မျက်လုံးကို မှိတ်ပြီး မှေးလိုက်သည်။ မလှမ်းမကမ်းမှ ဥဩငှက်သံလေးက လွမ်းမောဖွယ် ထွက်ပေါ်လာ၏ ၊ မောင်ဘိုးထင် တက်ပြီးအိပ်နေသော ပုခက်ပုံစံ နွယ်လေးများက တဖြည်းဖြည်း ပုခက် လွှဲသည့်အလား လှုပ်ရမ်းလာေလေသည် မောင်ဘိုးထင်လည်း အိပ်ပျော်လို့သွားပြီဖြစ်သည် ၊ ညောင်ပင်အောက်တွင်ထိုင်နေသော ဦးအုန်းမှ မောင်ဘိုးထင် အိပ်နေသော နွယ်များကို လှုပ်ရမ်းပေးနေသော သူအား သေချာမြင်နေရသည် ၊ နနွမ်းများလိမ်းကျံထားပြီး ဆံပင်ဖားလျားချထားသည် ။ ဝင်းဝါနေသော မျက်နှာ၌ရှိေသာ မျက်လုံးမဲမဲများမှလည်း မျက်ရည်ဟု ထင်ရေသာ အမဲရောင်အရည်များကျနေပါလေတော့သည်။
▪️အခန်း-၂
ဦးအုန်း နှင့် မောင်ဘိုးထင် ခရီးဆက်လာကြသည် မှာ ညနေအချိန်သို့ပင် ရောက်လာပြီဖြစ်သည်၊ မကြာသော အချိန်တွင်တော့ သစ်စိမ့် ရွာ နှင့် အင်ကြင်းရွာကို သွားရသည့် လမ်းခွဲလေးသို့ေရာက်သောအခါ ဦးအုန်းသည် ရှေ့မှမောင်ဘိုးထင်အား
“ကောင်လေး မင်းရွာဝင်ဦးမှာလား ”
မောင်ဘိုးထင် ခဏရပ်လိုက်သည် ၊ အချိန်သည်က ညနေစောင်းနေပြီဖြစ်၏ ထို့နောက် ခေတ္တစဉ်းစားကာ
“ဝင်လို့ အဆင်ပြေမယ်ဆိုရင်တော့ ခဏတော့ ဝင်ချင်သား အဘ ”
“ရပါတယ် ကွာ ကဲကဲ သွားကြတာပေါ့ “,
ဦးအုန်း နှင့် မောင်ဘိုးထင် ရွာထဲဝင်လာသည် ရွာထဲ ရောက်သောအခါ တချို့သူများက မောင်ဘိုးထင်ကို နုတ်ဆက်ကြသလို တချို့သူများက မသိကျိုးကျွန်ပြုသွားကြသည် ၊ ထို့နောက် မောင်ဘိုးထင်သည် ဦးအုန်းအားလှည့်ပြီးစကာဆိုလိုက်ပြန်သည်
“အဘ ကျနော် အရက်ဆိုင်ခဏဝင်ချင်တယ်ဗျာ ”
“ဟာ ကောင်လေး ငါအခုတေလာ အရက်မသောက်ဘူးကွ ”
“အဘကို တိုက်မှာလည်းမဟုတ်ပါဘူ ဗျာ ကျနော့် ကို ငွေတဆယ်လောက် ပေးပါလား ”
“အေးအေး ရတယ်ရတယ် ”
မောင်ဘိုးထင်တောင်းသောငွေအား ဦးအုန်း မဆိုင်းမတွ ထုတ်ပေးလိုက်သည် ၊ ခဏ မျှလမ်းလျှောက်ပြီးချိန် တွင် သစ်းစိမ့်ရွာရှိ ကိုစိုးကြီး အရက်ဆိုင်သို့ရောက်လာ၏ ၊ဆိုင်ထဲမှ အရက်ချိန်ထည့်နေသော ကိုစိုးကြီးသည် မောင်ဘိုးထင်ကို မြင်သော အခါ
“ဘိုးထင် ရွာ အလည်လာတာလားဟ ဒီမှာ အိပ်မယ် ဆို ငါ့ဆီမှာ ထမင်းလာစားကွာ ”
“အလည်လာတာ မဟုတ်ဘူးဗျ လမ်းကြုံလို့ဝင်လာတာ ကျုပ်ကို တပုလင်းပေးစမ်းပါဦး ရော့ ငွေ ”
“အေးအေး မင်းက အရက်သောက်တက်နေတာလား ”
“မဟုတ်ပါဘူး ဗျာ ကျုပ်အိမ်ခဏ ပြန်မလို့ အဖေအတွက် ဝယ်တာပါ”
“အဲ့လိုဆိုရင်တော့ ငါည သွားပို့စရာမလိုတော့ဘူးပေါ့ မင်းအဖေက ငါ့ကို ငွေပေးထားတာ ညနေတိုင်း တလုံး အမြဲသွားပို့ပေးရတယ် ဟေ့”
“အေးဗျာ ကျုပ်သွားဦးမယ် ဦးစိုးကြီး ရေ အင်ကြင်းရွာကိုလည်း သွားရဦးမှာမို့ဗျ ”
“အေးအေး သွားသွား”
“မောင်ဘိုးထင်သည် အရက်ပုလင်းကို ယူကာ ဆိုင်ထဲမှ ထွက်လာပြီး ဆိုင်ဝတွင် စောင့်နေသော ဦးအုန်းကို ခေါ်ကာ သူ၏ အိမ်သို့ ခြေဦးလှည့်လိုက်ပါေတာ့သည် ။
▪️အခန်း-၃
မောင်ဘိုးထင် နှင့် ဦးအုန်း တို့နှစ်ယောက် မောင်ဘိုးထင်နေအိမ်သို့ရောက်လာပြီဖြစ်သည် အိမ်ရှေ့ကွပ်ပျစ်တွင်တော့ မောင်ဘိုးထင်၏ ဖခင် ဦးကောင်း အရက်တပုလင်းနှင့် အရက်ကိုဇိမ်ခံသောက်နေသည် မျက်နှာသည်ကလည်း ပွယောင်နေပြီဖြစ်သည် ၊ ဦးကောင်းသည် အိမ်ဝိုင်းထဲ ဝင်လာသော မောင်ဘိုးထင်အားတွေ့သောအခါ
“ဟ ဂြိုလ်ကောင်လေး မင်းဘာလုပ်တာလဲ အလုပ်မလုပ်ချင်လို့ပြန်ပြေးလာတာလား အဲ့လိုလုပ်ရင် မင်းငါ့အကြောင်းသိတယ်နော် ”
“မဟုတ်ပါဘူးဗျာ ကျုပ်လမ်းကြုံလို့ ဝင်လာတာပါ ဒီမှာ ကျုပ်အလုပ်ရှင် ဦးအုန်းနဲ့ တူတူလာတာပါ ”
“ဟုတ်လား လာ လာ ထိုင်ပါဗျာ”
ဦးကောင်းသည် မောင်ဘိုးထင်၏ အလုပ်ရှင်ဟုပြောစကားကြောင့် သူနှင့် မလှမ်းမကမ်းတွင်ရပ်နေသော ဦးအုန်းအား လောကွပ်ပြုလိုက်သည်၊ ဦးအုန်းသည် ကွပ်ပျစ်လေးတွင်ထိုင်လိုက်သည် မောင်ဘိုးထင်သည်လည်း ဝယ်လာသော အရက်ပုလင်းကို ဦးကောင်းရှေ့တွင် ချလိုက်ပြီး
“ကျုပ် အရက်ဝယ်လာတယ် ”
“ဂြိုလ်ကောင်လေးက အလိုက်သိသားပဲ ကောင်းတယ်ကွာ ”
မောင်ဘိုးထင်ဘာမှပြန်မပြောပေ ၊ ထို့ေနာက် ဦးအုန်းသည် အရက်ရီဝေမူးနေသော ဦးကောင်းကိုကြည့်ကာ
“မင်းဘာအလုပ် လုပ်လဲ ”
“အခုတော့ ဘာမှမလုပ်ဘူး အမဲလေး ဝက်လေးဖော်ရင် တော့ အမဲဖျက်ကူတယ် ဝက်ဖော်ကူတယ်ပေါ့ဗျာ ”
“ဒါနဲ့ မင်းသားကို ဘာလို့ ဂြိုလ်ကောင်လေးလို့ေခါ်တာလဲကွ ”
“ကျုပ်မိန်းမသေရတာ သူ့ကြောင့်ဗျ ”
ဦးအုန်း ပြုံးလိုက်သည် ထိုနောက် ဦးကောင်းအား စေ့စေ့ကြည့်ကာ
“မင်း ဆုံးရှုံးရတာက မင်းမိန်းမကွာ မင်းသား ဘိုးထင် ဆုံးရှုံးရတာက သူအမေ အပြစ်တင်ရမှာက မင်းကို သူကအပြစ်တင်ရမှာ ”
“ဘာဆိုင်လဲ ဗျာ ကျုပ်ချစ်ရတဲ့ မိန်းမဆုံးတာ ကျုပ်ဒီလို အရက်သမား လုံးလုံးဘဝ ရောက်တာ အဲ့ဒီဂြိုလ်ေကာင်ကြောင့် ”
“လူဖျင်းစကားတွေလာပြောနေပါလား မိန်းမဆို မရှိေတာ့ရင် နောက်တယောက်ယူရင် မိန်းမ ပဲေလ ကွ ဘိုးထင် ဆုံးပါးသွားတဲ့ သူ့အမေနေရာ မင်းပြန်ရှာပြီး အစားထိုးပေးစမ်း ရလား ရရင်တောင် အမေ လို့မခေါ်တော့ဘူး မိထွေး လို့ပဲခေါ်တယ် ”
ဦးအုန်း၏ ၏စကားများကို ဦးကောင်း မည်သို့သော ခွန်းတုန့်ပြန်မှု့မှ မလုပ်ပေ ထိာအခါ ဦးအုန်းဆက်ပြီး စကားဆိုလိုက်သည်
“ဟေ့ကောင် ငါပြောရဦးမယ် မင်းမိန်းမ သေလို့ နောက်ထပ် မိန်းမ ထပ်ယူရင် မိန်းမ ရတယ်လို့ပဲခေါ်တယ်ကွာ အလွန်ဆုံးခေါ် နောက်မိန်းမ မင်းသား ဘိုးထင် အမေသေလို့ မင်းက နောက်ထပ်မိန်းမ ထပ်ယူ ရင် နောက်အမေ လို့ ဘယ်သူမှ မခေါ်ကြဘူးကွ ၊ အစားထိုးလို့ မရတဲ့ ဆုံးရှံးမှုကို ကြုံခဲ့တဲ့ ငါ့ကောင်လေး ဘိုထင်က မင်းတို့ကို အပြစ်မတင်ရပဲ နောက်ထပ်အစားထိုးလို့ရတဲ့ မိန်းမ အခန့်မသင့်လိုသေတာကို မင်းက ငါ့ကောင်လေးကို ဂြိုလ်ကောင်လေးတဲ့လား တော်တော် တရားကျဖို့ကောင်းတဲ့ကောင်တွေ ကွာ ”
ဉီးအုန်း၏ စကားကို ဦးကောင်းမည်သို့မှ ပြန်မပြောနိုင်ပေ ၊ ထိုအခါမှ ဦးအုန်းသည် မောင်ဘိုးထင်ကို သွားရအောင်ဆိုသည့်သဘော နှင့် မျက်စာပြစ်ပြလိုက်ပြီး ဦးကောင်း နှင့် သူ၏ အိမ်ကို ချန်ခဲ့ ကာ အင်ကြင်းရွာသို့ ခရီးဆက်လိုက်တော့သည်၊ ဦးကောင်းသည်က အရက်ပုလင်းကိုကိုင်ပြီး အိမ်ဝိုင်းထဲ မှ ထွက်ခွာသွားသော မောင်ဘိုးထင်အား ငေးကြည့်နေပါလေတော့သည်။
▪️အခန်း
ဦးအုန်း နှင့် မောင်ဘိုးထင် သစ်စိမ့်ရွာမှ ထွက်လာရာ မိုးပင်အတော် ချုပ်နေပြီဖြစ်သည် ၊ ဦးအုန်း သည် မည်သည့်စကားမှမပြောပဲ ငြိမ်ချက်သားကောင်းနေသော မောင်ဘိုးထင်အား စကားဆိုလာသည်
“ကောင်လေး ငြိမ်လှချည်လားကွ ”
“အဘအခုဏ က ကျုပ်အဖေကို ပြောသွားတဲ့စကားတွေကိုကြားပြီး အမေ့ကို အမှတ်ရလို့ပါ”
“အေးကွာ ငါနားလည်းပါတယ် ဒါပေမဲ့ မင်းအဖေက လွန်တယ်ကွာ “,
“ကျုပ်လည်းသိပါတယ် ဒါပေမဲ့ အမေ့ကို အတော်ချစ်တာပဲဆိုတဲ့ အတွေးနဲ့ ကျုပ် သူပြောတာ လုပ်တာတွေကို ဘာမှပြန်မပြောပဲ ကျေနပ်နေတာပါ အဘ ရာ”
“အော် မင်းအမေကို မင်းတော်တော် ချစ်သားကို “,
“ချစ်တာပေါ့ဗျ နေ့ခင်းက ညောင်ပင်အောက်အိပ်တုန်းကတောင် ကျုပ်အိပ်မက်မက်သေးတယ် ”
“ဘယ်လို မက်တာလဲ ကွ ပြောစမ်းပါဦး ”
“ကျုပ်အိပ်မက်ထဲမှ ကျုပ်က ကလေးဗျ ပုခက်ထဲမှာ အိပ်နေတာ အမေက ကျုပ်အိပ်နေတဲ့ ပုခက်ကို ပြုံးကြည့်ပြီး လွှဲပေးနေတာ ကျုပ်က ကလေးသာဖြစ်တာ ပျော်နေတာ”
မောင်ဘိုးထင်သည် ပြုံးရွှင်ပြီးစကားပြောနေရာ ဦးအုန်းသည်လည်း ပြုံးပြီးနားထောင်ရင်း
“ကောင်လေး မင်းဗိုက်ဆာပြီလား ”
“မဆာသေးဘူး အဘ ”
“ငါတို့ အင်ကြင်းရွာက ဖုတ်ဝင်နေတဲ့ သူကို ဖုတ်ထုတ်ဖို့ သရဲတကောင်လိုတယ်ကွ ”
“ဘယ်မှာ သွားရှာရမှယလဲအဘ ”
“သရဲဆိုပေမဲ့ ကမ္မဇိန္ဓိ ကြီးတဲ့ ကောင်ကိုလိုချင်တာ ”
“အဲ့တာဆို ကျုပ်တို့ ရွာသင်္ချိုင်းမှာရှိလောက်တယ် အဘ ”
“သွားကြတာပေါ့ကွာ ”
ဦးအုန်းနှင့် မောင်ဘိုးထင်လည်း သစ်စိမ့် ရွာ၏ သင်္ချိုင်းသို့ ထွက်ခွာသွားကြပါလေတော့သည်။
▪️အခန်း-၄
မောင်ဘိုးထင်သည် သူအမြဲထိုင်နေကြ အုတ်ဂူေပါ်ထိုင်လိုက်သည် ၊ အမှောင်ထုကြီးဆိုးသော ဒေသများဖြစ်သည့်အတွက် လရောင်က အင်မတန်ထွန်းလင်းနေသယောင် အေးမြသော လ၏အလင်းအရောင်နှင့် အတူ လေနုအေးလေးများ တိုက်ခက်ေနသောကြောင့် တိတ်ဆိတ်နေသော သင်္ချိုင်းသည် ဦးအုန်း နှင့် မောင်ဘိုးထင်အဖို့ နေလို့ပင်ကောင်သည်ဟုထင်နေသည်။
“အေးပြီး နေလို့ကောင်းလိုက်တာအဘရာ ”
“အေးကွ ရွာထဲက လူတွေက ဘုရားရိပ်တရားရိပ်နေရတာ အေးချမ်းလိုက်တာလို့ပြောဘူးတယ် ငါလည်းသေချာမသိပါဘူးကွာ ဒါပေမဲ့ အခု သင်္ချိုင်းအရိပ်ပိုအေးချမ်းပြီးနေလို့ကောင်းတယ်ဆိုတာ အဲ့လူတွေ မသိခို့ဖြစ်မယ် ”
“အဘက ပြောတော့မယ် ဗျာ ဘယ်ချိန်သရဲ ဖမ်းမှာလဲ သင်ပြဦးဗျ”
“သင်ရတာ မခက်ခဲပါဘူး မင်းဆို ပိုမခက်တယ် မင်းလိုကြောက်ရလန့်ရမှန်းမသိတဲ့ကောင်က ဘာမှတောင် သိပ်သင်စရာမလိုဘူး မင်းကို ဆေးမှင်ကြောင်ထိုးတဲ့ အတက်နဲ့ မန္တန်အတက်ကတော့ နောက်မှ တဖြည်းဖြည်းသင်မယ် ”
“ဟုတ်ကဲ့အဘ”
ဦးအုန်းသည် အုတ်ဂူပေါ် ခြေလွှဲချထိုင်လိုက်ပြီးနောက် မောင်ဘိုးထင်ကို ကြည့်ကာ
“အခုက သရဲ ဖမ်းတာမဟုတ်ဘူးကွ မွေးမှာ အရင်ငါလာတာက ဖမ်းတာ ကိုယ်တိုက်ချင်တဲ့ အိမ်ကို သရဲရဲ့ စိတ်စွဲလန်းဖူးတဲ့ အရာတွေကို ယူပြီး သွားမြှုပ်တာပေါ့ကွာ ပြီးတော့ အဲ့မှာရှိစေတာပဲ ဒေါသထွက်နေတဲ့ သရဲတွေက အဲ့အိမ်မှာခြောက်လှန့်ပေါ့ကွာ ”
“အင်း သဘောပေါက်ပြီအဘ ခုဟာက မွေးမှာလား ”
“ဟုတ်တယ် ငါတို့သူ့ကို ကျွေးမွေးပြီး နေရာတနေရာ ပေးထားမယ် လိုအပ်ရင် ခိုင်းမယ်ပေါ့ကွာ “,
“ဟုတ်ကဲ့အဘ ”
“ကဲကဲ လူလေး သရဲရွေးပွဲလေးစလိုက်ရတာပေါ့ ”
“နေဦးအဘ သူများတွေပြောတဲ့ သင်္ချိုင်းစောင့် မဖဲဝါဆိုတာကြီးနဲ့တွေ့ရဦးမှာလား ”
“သင်္ချိုင်းတွေဒီလောက်များတာ မဖဲဝါ ဘယ်သင်္ချိုင်းနေလဲတောင်မသိဘူး ခေါ်ရင်တော့လာမှာပေါ့”,
“ဟုတ်လားအဘ လာရင်လည်း သူပဲဖမ်းသွားမလားလို့ ကျုပ်တွေးနေတာ ”
မောင်ဘိုးထင်၏ စကားကြောင့် ဦးအုန်း မျက်လုံးပြုးကာ မောင်ဘိုးထင်အား ကြည့်လိုက်သည်၊ မောင်ဘိုးထင်သည် အုတ်ဂူပေါ် ခြေထောက်အောက်သို့ လွှဲချထိုင်နေပါသည်၊ထို့နောက် ဦးအုန်းသည် မောင်ဘိုးထင်အား
“ကောင်လေး သရဲ တစ္ဆေတွေကို မွေးတော့မယ်ဆို ကတိတည်ရတယ် အဲ့ကောင်တွေက လူတွေလိုမဟုတ်ဘူး ကျွေးမယ်ဆိုကျွေးရတယ် နေပါဦး နောက်နေ့မှ လို့ပြောမရဘူး အဲ့တော့ ကတိမပေးခင် သေချာစဉ်းစားရမယ် ဖြစ်နိုင်၏ မဖြစ်နိုင်၏ပေါ့ ”
“ဟုတ်အဘ ”
“ပြီးတော့ သရဲမွေးတယ်ဆိုရာ မှာ ကမ္မဇိန္ဓိ အားကောင်းတဲ့ ကောင်တွေကို ရွေးမွေးရမယ် ”
“အဘ ပြောတဲ့ ကမ္မဇိန္ဓိဆိုတာ ဘာကြီးလဲဗျ”
“တန်ခိုး စွမ်းအားပေါ့ကွာ ငါတို့က အားကြီးတဲ့ သရဲကိုမွေးနိုင်လေ ငါတို့ လုပ်ငန်းစောင်တာတွေ ပိုပြီးအောင်မြင်လေကွ”
“အဘပြောမှ သရဲတွေကို လက်ဝှေ့ပွဲလုပ်ေပးပြီး ရွေးခိုင်းရမလိုပဲ”,
“လုပ်ရမှာကွာ အဲ့လိုရွေးရမှာ ”
“ဗျာ ”
ဦးအုန်း၏ စကားကြောင့် မောင်ဘိုးထင် ကြောင်အမ်းအမ်းဖြစ်သွားရသည် ။ မောင်ဘိုးထင် ဖြစ်ပျက်သွားသည်ကို သဘောကျနေသော ဦးအုန်းမှ ဆက်ပြီး စကာဆိုလိုက်သည်
“ဒီလိုကောင်လေးရ ဒီမှာ ရှိတဲ့ သရဲ သဘက် တစ္ဆေ ပြိတ္တာ မြေဖုတ် အသူရကယ် ဆိုပြီး အများသားရှိလိမ့်မယ် ငါတို့က အဲ့ထဲက ဘယ်အမျိုးအစားကို မွေးရမလဲ အရင်တွေးရမယ် သရဲ ကိုအများဆုံးမွေးပါတယ် နိုင်နိုင်နင်းနင်းပေါ့ ”
“ဟုတ်အဘ ”
“အဲ့တော့ ဒီဝန်းကျင်က သရဲတွေကို ငါတို့ တက်နိုင်တာနဲ့ ကမ်းလှမ်းရမယ် ဘယ်နှစ်ရက် အမဲသား ဘယ်လောက်ကျွေးမယ် ဘာညာပေါ့ကွာ ”
“ဟုတ်အဘ ”
“အဲ့ အချိန် နှစ်ကောင်လာရင်လာမယ် ဆယ်ကောင်လာရင်လာမယ် ကွာ အဲ့ကောင်တွေ အချင်းချင်းလုံးခိုင်း နောက်ဆုံး ဗိုလ်ရတဲ့ကောင်ကို ခေါ်မှာ ”
” အဘ သရဲရွေးတာ ကျုပ်တောင်သဘောကျလာပြီး ဒိုင်တွေဘာတွေ လိုသေးလားအဘ ”
“လိုတာပေါ့ ကွာ အခုမင်းနဲ့ငါက ဒိုင် ပဲ ပေါ့ကွာ”
“ကောင်းလိုက်တာအဘရာ ”
ကြောက်ရွံ့မှုကင်းမဲ့စွာ အားရပါးရ စကားပြောနေသော တပည်ဖြစ်သူ မောင်ဘိုးထင်ကိုကြည့်ပြီး ဦးအုန်း သဘောကျနေသည် ၊ တပည်ရွေးတာ မှန်ကန်သည်ဟုလည်း တွေးနေပါလေတော့သည် ။
▪️အခန်း-၅
အုတ်ခုံေပါတွင် မောင်ဘိုး ထင်နှင့် ဦးအုန်း ထိုင်နေသည်။ လရောင်လင်းနေသော အုတ်ဂုရှေ့မြေကွပ်လပ်ကို အာရုံစိုက်နေသည် ၊ ထိုနောက့် ဦးအုန်းသည် မန္တန်တခုကို ရွတ်လိုက်ပြီးနောက်
“ကဲ ဒီသင်္ချိုင်းမှာရှိတဲ့ သရဲအပေါင်းတို့ ကျုပ် အောက်လမ်းဆရာဦးအုန်းဖိတ်ခေါ်ပါတယ် သင်တို့ထဲက တဦးကို ငါ နဲ့ ငါ့တပည် ဘိုးထင် မွေးချင်ပါတယ် ငါတို့ ခိုင်းတဲ့ လုပ်ငန်းအချို့ကိုလုပ်ပေးရပါမယ် အဖို့အခအနေနဲ့ ဆယ်ရက်ကို တကြိမ် အမဲသာ နှစ်ပိဿာကျွေးပါမယ် ငါတို့ပြောတာလက်ခံရင် ငါတို့ရှေ့လာခဲ့ကြ”
ဦးအုန်း၏ စကားဆုံးသည်နှင့် လသည် တိမ်တိုက်အချို့ကို ထဲဝင်သွားပြီးမှောင်မဲသွာ၏ ထိုနောက် တိမ်တိုက်များကင်းစင်သွားချိန် လရောင်၏အလင်းရောင်ပြန်ပေါ်လာသည် ၊ပြန်ပေါ်လာသောလရောင် အောက်တွင်တော့ ပုံသဏ္ဍန်စုံလှသော သရဲလေးကောင်ရောက်နေ၏ ထိုသရဲများကို ဦးအုန်းသေချာကြည့်လိုက်ပြီး မောင်ဘိုးထင်ဘက်လှည့်ကာ
“ကောင်လေး ငါသရဲေတွနာမည်တွေမေးမယ် မင်းမှတ်ထားဦး”
“ဟိုအစွန်က သရဲနာမည်က ငနက်အဘရ”
“ဟာ မင်းကသိတာလား ”
“သိတယ်လေ အဲ့သရဲ ကျုပ်ဆီက အမဲသားတောင်းစားတာ ”
“တခုသတိထား ကောင်လေး သရဲတွေ တစ္ဆေတွေနဲ့ စကားပြောရင် ငါလို့ပဲပြော ကျုပ်တို့ ကျနော် တို့နဲ့ မပြောနဲ့ ကြားလား ငါတို့က သူတို့ကို အပေါ်က ဆက်ဆံရမယ် သူတို့က ဆင်တွေကိုထိန်းရသလိုပဲကွ သတိတော့ထားရမယ် ကြားလား ”
“ဟုတ်အဘ”
ဦးအုန်းသည် မောင်ဘိုးထင်အား တိုးတိုးပြောပြီးနောက်
“အခု ငါတို့ရှေ့ရောက်လာတာ ဘယ်သူတွေလဲ နာမည်ပြောကြစမ်း ဟို ကောင်”
ဦးအုန်းသည် အစွန်ဆံုးမှ သရဲကောင်ကစပြီး သရဲတကောင်ချင်းကို လက်ညှိုးထိုးပြီးမေးလိုက်သည်
“ဟိုကောင် နာမည်”
“ငနက်”
“မင်းနာမည်”
“စံပ”
“မင်းကော”
“ငတွက်”
“ဟိုကောင် ”
“စိတ်တ”
”အေးအေး ကောင်းပြီ နင်တို့ နဘန်းလုံးရမယ် နိုင်တဲ့ကောင် အချင်းချင်း ထပ်ချရမယ် ကြားလား ”
ဦးအုန်းသည် သရဲများကို သေချာကြည့်ပြီးေနာက် မောင်ဘိုးထင်ဘက်လှည့်ကာ
“ကောင်လေး ဘယ်ကောင် နဲ့ ဘယ်ကောင်ချခိုင်းရမလဲ ”
“ကျုပ်ကတော့ ငနက်ကိုတန်းခေါ်ချင်တာ ဗျ”
“ရမလားကွ ပိုအားကြီးတဲ့ ကောင်ခေါ်ရမှ ဒါစည်းကမ်းပဲ မင်းဒိုင်ဖြစ်ပြီး မညစ်နဲ့ကောင်လေး ”
“ကျုပ်ကပြောကြည့်တာပါ ကဲ ကျုပ်ရွေးမယ် ”
မောင်ဘိုးထင်သည် သရဲလေးကောင်ကို သေချာကြည့်ပြီး ဦးအုန်းအားစကားဆိုလိုက်သည်
“အဘ စံပ နဲ့ စိတ္တက အကောင်ကြီးတယ် သူတို့ကို ချခိုင်းဗျာ ”
“အဲ့တော့ ငနက် နဲ့ ငတွက်က အကောင်ကွာတယ်ကွ ငနက်ကြီးက စံပ နီးပါးပဲ ”
“အဘရယ် ထားလိုက်စမ်းပါ ကျုပ်ပြောသလိုပဲ လုပ်ဗျာ ”
“ကောင်လေး မင်းဘောင်ထဲက ညစ်နေပြီ ငါသိတယ် နော် ”
“နေစမ်းပါ ဒိုင်တွေပါဆို ခပ်တည်တည်နေဗျာ အဘနဲ့ လည်းခက်တယ် မျက်နှာ ပိုးကို မသေဘူး”
မောင်ဘိုးထင်၏ စကားကြောင့် ဦးအုန်း မျက်လုံးပါပင့်တက်သွားရသည် ၊ တယ်မလွယ်တဲ့ကောင်ပါလားဟုလည်းတွေးရင်း သရဲများဘက်လှည့်ကာ
“စံပ နဲ့ စိတ္တချ တော့ ”
သရဲ နှစ်ကောင်လုံးထွေးနေသည် လျှင်မြန်လွန်းသည့်အတွက် အရိပ်မဲများသဏ္ဍန်သာ မြင်နေရသည် အတော်ကြာသောအခါ မောင်ဘိုးထင်သည် စိတ်မရှည်ဖြစ်ကာ
“အဘ ဒီကောင်တွေကို ဒီတိုင်းချခိုင်းနေရင် တသက်လုံးပြီးမှာ မဟုတ်ဘူး”
“တခါတနေ တရက်လောက်ကြာတယ် ကွ ”
“အဲ့လောက် အကြာကြီး မစောင့်နိုင်ဘူးဗျာ စိတ်မရှည်ဘူး ”
မောင်ဘိုးထင်သည် ပြောပြောဆိုဆို မက်တက်ထရပ်လိုက်ပြီး
“ဟေ့ကောင်တွေ ရပ်စမ်း ”
မောင်ဘိုးထင်၏ စကားကြောင့် လုံးထွေးနေသော သရဲ စံပ နှင့် စိတ္တ ရပ်လိုက်ကြသည် ၊ ထိုအခါ မောင်ဘိုးထင်သည် ထပ်ပြီးစကားဆိုလိုက်သည်
“မင်းတို့ကို မရွေးဘူး ငနက် လာခဲ့ မင်းကို ရွေးတယ် ”
ငနက်သည် ဦးအုန်းတို့နားကပ်လာသည် ကျန်သော သရဲများက မကျေမနပ်ဖြစ်ကာနေရာ မောင်ဘိုးထင်သည် ဦးအုန်းအား တိုးတိုးနှင့် စကားပြောလာသည်
“အဘ ဟိုကောင်တွေ မကျေနပ်လို့လာချရင် အဘ တားပေးဦးနော် ”
“မင်းက စည်းဖောက်တာကို ဘယ်ကျေနပ်မလဲ ”
“အဘ ပြောတော့ ဆင်တွေလိုပဲဆို ဒီကောင်တွေ ကျုပ်တို့စကား နားကိုထောင်ရမယ် ”
“အေးပါကွာ ငါက မင်းကို လက်တွေသင်ခန်းစာတွေ ပေးနေတာ မင်းက ငါ့ကိုတောင် ပညာတွေ ပြန်သင်နေပါ့လား ”
“ဟုတ်တယ်လေဗျာ သူတို့ ချတာက အကြာကြီး မေစာင့်နိုင်ဘူး အခုတောင် အချိန် လင့်နေပြီ ဗိုက်လည်း ဆာနေပြီ ကျုပ်က ငနက်ကိုတော့ ခေါ်လိုက်ပြီ ဘာထပ်လုပ်ရမှာလည်း ”
“စာ ချုပ် လုပ်ရဦးမယ် ”
“ဟာ အဘ စာချုပ်လည်း ရှိသေးတာလားဗျာ အဘတို့လောက ကလည်း တကယ်အဆန်းတွေပဲဗျို့ ”
ဦးအုန်း နှင့် မောင်ဘိုးထင် စကားပြောနေစဉ် ကျန်သော သရဲသုံးကောင်ထံမှ ခြောက်ကပ်ကပ်အက်ကွဲကွဲစကားသံများပေါ်လာသည်။
“မကျေနပ်ဘူး ငါတို့မကျေနပ်ဘူး ”
ထိုအခါ မောင်ဘိုးထင်သည် ဦးအုန်းအနားကပ်သွားပြီး
“အဘ ဟိုကောင်တွေက မကျေနပ်ဘူးတဲ့ဗျ ဘယ်လို့လုပ်မလဲ ”
“မင်းကကော ဘယ်လို လုပ်ချင်လဲ ”
“ကျုပ်ကတော့ သူတို့ကို အမဲသား ငါးဆယ်သားစီကျွေးမယ်လို့ ညှိုချင်တယ်ဗျာ မတရားလည်း တအားမလုပ်ချင်ဘူး ”
“တပိဿာတောင် မဟုတ်ပါလား မင်းက ဇကောဇကကြီး ”
“အဘကလည်းဗျာ အဘငွေကုန်သက်သာအောင်ပြောပေးရတာကို အ လိုက်တာဗျာ ”
“အေးအေး ပါကွာ မရတော့လည်း ငါ့ပညာပြရတာပေါ့”
ဦးအုန်းသည် အုတ်ဂူအခြေနားမှ မြေကြီးမှု့န့်များကို လက်နှင့် ကုပ်လိုက်ပြီး
“မင်းတို့ မကျေနပ်လည်း ငါလို ဆရာက ဂရုစိုက်စရာလား မင်းတို့ကို သနားလို့ တကောင်ကို မနက်ဖြန် အမဲသား ငါးဆယ်သားဆီ ကျွေးမယ် ကျေနပ်လား “,
“မကျေနပ်ဘူး မကျေနပ်ဘူး”
သရဲသုံးကောင်သည် ထိုသို့ပြောပြီး ဦးအုန်းတို့အနားတိုးလာရာ ဦးအုန်းသည် မြေမှုန့်များဆုပ်ကိုင်ထားသော သူ၏လက်ကို ပါးစပ်နှင့် တချက်မှုတ်လိုက်ပြီး
“ငါလိုဆရာကို သရဲစုတ်တွေက အံတုဝံ့နေတယ်ပေါ့ သေစမ်းကွာ ”
ဦးအုန်းသည် အရှေ့ကိုတိုးလာသော သရဲသုံးကောင်အား ပေါက်လိုက်ရာ မြေမှုန့်များသည် မီးစများသဏ္ဍန်ဖြစ်ကာ သရဲသုံးကောင်အားးတောက်လောင်လေရာ ကြောက်လန့်တကြားနှင့် သင်္ချိုင်းထဲရှိ သစ်ပင်များပေါ်သိူ့ ပြေးတက်သွားကြေ တောဘသည် ၊ ထိုအခါမှ မောင်ဘိုးထင် သက်ပြင်းချလိုက်ကာ
“အဘကိုတော့ ဒီကောင်တွေကြောက်သား ”
“မင်းငါမရှိရင် ဘယ်လိုလုပ်မလဲ ကောင်လေး ”
“ကျုပ်ကလည်း အဘရှိလို့ လုပ်ရဲတာပေါ့ဗျာ ”
“မင်းကတော့လေ စာချုပ်ချုပ်ဖို့လုပ် ကြရအောင် မင်းက ငနက်ကို သဘောကျနေတာ ဆိုတော့ မင်းပဲငနက်နဲ့ စာချုပ် ချုပ်လိုက်ကွာ မင်းမွေးတာပေါ့ ”
“အဘ ဘယ်မှာ ချုပ်ရမှာလဲ စာချုပ်လည်း မပါဘူးလေး ”
“ဟကောင်ရ စာချုပ်ဆိုတာ စကားအရပြောတာ မင်းကို ရှင်းပြနေရင် မိုးလင်းသွားမယ် လာလာ ”
ဦးအုန်းသည် မောင်ဘိုးထင်ကို ခေါ်လိုက်ပြီး မောင်ဘိုးထင်၏ လက်ကို ဆုပ်ကိုင်လိုက်သည် ၊ ထိုနောင် သရဲ ငနက်ကို ရှေ့လာခိုင်းပြီး
“ငနက် မင်းကို မြှ့ပ်ထားတဲ့ နေရာ ဘယ်မှာလဲ ”
ငနက်သည် သူတို့ ထိုင်နေသည့် အုတ်ဂူအား လက်ညှိုးထိုး လိုက်သည်။
“ကဲ အဆင်ပြေတာပေါ့ ကောင်လေး နည်းနည်း နာမယ် နော် ”
ဦးအုန်းသည် ပြောပြောဆိုဆို သူ၏ လွယ်အိတ်အမဲကြီးထဲမှာ ဓါးမြှောင် အတိုလေးကို ထုတ်ပြီး မောင်ဘိုးထင်၏ လက်ညှိုးထိပ်ကို ဖောက်လိုက်သည် ထိုအခါသွေးများစိမ့်ထွက်လာရာ ဦးအုန်းသသည် သူတို့ ထိုင်နေသော အုတ်ဂူကြီးအပေါ်ကျစေပြီး
“ကဲကောင်လေး လိုက်ဆို ”
“ဟုတ်ကဲ့ အဘ ”
“ကျုပ် မောင်ဘိုးထင် သည် သရဲ ငနက်အား ဆယ်ရက်ကို အမဲသား သုံးပိဿာကျွေးပါမည် မကျွေးခဲ့ပါ ကျုပ်နဲ့ ကျုပ်မိသားစုကို ငနက်ဒုက္ခပေးနိုင်ပါသည် ကျွေးပါက ငနက်သည် ကျုပ်ခိုင်ရာကို လိုက်နာရမည်ဖြစ်သည်”
“ကျုပ် ဘိုးထင် နှင့် ဦးအုန်းသည် သရဲငနက်အား ဆယ်ရက်ကို အမဲသား သုံပိဿာကျွေးပါမည် မကျွေးပါက ကျုပ်နဲ့ ကျုပ်မိသားစုကို ငနက် ဒုက္ခပေးနိုင်ပါသည် ကျွေးပါက ငနက်သညါ ကျုပ်တို့ခိုင်းရာကို လိုက်နာရမည်ဖြစ်သည်”၊
“ကောင်လေး မင်းငါ့နာမည်ဘာလို့ထည့်တာလဲ ဟ”
“ကျုပ်မှာ ငွေမရှိဘူးလေ အဘက မကျွေးဘူးဆို ကျုပ်ဒုက္ခရောက်မှာပေါ့ဗျ အဲ့တာကြောင့် အဘကိုပါထည့်ရတာ ”
“ကောင်လေး မင်းတော်တော် ညဏ်ပြေးတဲ့ကောင်ပဲ ”
ဦးအုန်းသည် တပည်ကျော် မောင်ဘိုးထင်အား သဘာကျစွာ စကားဆိုလိုက်ပြီး ငနက်ကို ကိုယောင်ဖျောက်ပြီးလိုက်စေကာ အင်ကြင်းရွာသို့ ထွက်သွားကြပါလေတော့သည်။
▪️အခန်း-၆
ဦးအုန်း၏ပညာကြောင့် သရဲငနက် ရွာထဲသို့ အခက်အခဲမရှိလိုက်ပါနိုင်ပေသည် ၊ ရွာထဲတွင်တော့ အိမ်များမှ အလင်းရောင်မရှိတော့ပေ သို့ပေမဲ့ ရွာလယ်က အိမ်လေးတလုံးတွင်တော့ မီးရောင် ရှိနေလေရာ ထိုအိမ်လေးထဲ ဝင်သွားလိုက်ကြသည် ၊ အိမ်ဝိုင်းထဲ ဝင်လိုက်သည်နှင့် စားပွဲ တန်းလျားမှ လူကြီးလေးယောက်မီးဖို ဖိုပြီး ထိုင်နေကြသည် ဦးအုန်းတို့ဝင်လာသည်ကို မြင်သောအခါ
“ဆရာကြီး ဦးအုန်းလားဗျာ ”
“ဟုတ်ပါတယ် ”
“နောက်ကျလိုက်တာ ဆရာကြီးရယ် မလာတော့ဘူးတောင်ထင်နေတာ ”
ဦးအုန်းနှင့် ထိုလူကြီးများစကားပြောနေစဉ် မောင်ဘိုးထင်သည် ဦးအုန်း၏ ခါးကို တို့တို့နေရာ
“ဘာလဲကောင်လေး စကားပြောနေတယ်လေကွာ ”
“အဘ ဗိုက်ဆာပြီဗျ အချိန်လည်းကြည့်ပါဦး ”
မောင်ဘိုးထင်မှ တိုးတိုးတိတ်တိတ်ပြောပေမဲ့ တခြားလူကြီးများကြားသွားကာ
“ဟုတ်တာပေါ့ ဆရာကြီးတို့ အဝေးကြီးက လာရတာ ဗိုက်ဆာနေမှာပေါ့ သွားကြ တယောက်လောက် ထမင်းပြင်ကြစမ်းပါဦး ”
ထိုင်နေသော လူကြီးများထဲမှ အသက်ပိုငယ်ဟန်ရှိသော လူကြီးသည် အိမ်ပေါ်သို့ အလျင်အမြန်တက်သွားလိုက်သည် ၊ ထိုအချိန် အိမ်ပေါ်မှ မိန်းမသံ တသံ ထွက်ပေါ်လာသည်
“အဲ့ကောင်တွေကို အဝင်မခံ နဲ့ အဲ့ကောင်တွေကို အဝင် မခံ နဲဟေ့ ”
ထိုအသံကိုကြားသောအခါ ဦးအုန်းသည် နောက်သို့ လှည့်လိုက်ပြီး
“ငနက် အော်နေတဲ့ ကောင်ပါးစပ်ကို သွားပိတ်စမ်းကွာ ဒီလို ဖုတ်လောက်တော့ မင်းအေးဆေးပါ ကျန်တာ ငါခိုင်းမှလုပ် ကြားလား”,
ဦးအုန်း၏ စကားဆုံးပြီး သိပ်မကြာမီ အိမ်ပေါ်မှအော်နေသောအသံသည် တိတ်ဆိတ်လို့သွား၏ ဦးအုန်းရှေ့ရှိနေသော လူကြီးများသည်ပင် ဦးအုန်းအား မဝံမရဲ ဖြစ်နေကြ၏။ ၊ အိမ်ပေါ်တက်ပြီး ထမင်းသွားပြင်သော လူကြီး ပြန်ဆင်းလာကာ
“ထမင်းစား လို့ရပါပြီ ဗျ ”
ထိုလူ၏ အသံကြားသည်အခါ မောင်ဘိုးထင် ပြုံးရွှင်သွားသည် ၊ ဦးအုန်းမှ ကျန်သော လူကြီးများနှင့် စကားပြောနေပြန်လေရာ ဦးအုန်း၏ လက်ကို ဆွဲ၍ အိမ်ပေါ်သို့ တက်ရန် မောင်ဘိုးထင်ဆွဲခေါ်နေပါလေတော့သည်။
▪️အခန်း-၇
ဦးအုန်နှင့် မောင်ဘိုးထင်သည် ထမင်းစားပြီး၍ အိမ်ရှေ့ခန်းရှိ ဖုတ်ဝင်နေသော သူနားမှာထိုင်နေသည် ၊ ဖုတ်ဝင်နေသည်ဟုပြောသော သူမှာ အေမအိုကြီးတယောက်ဖြစ်ပြီး ပိန်လှီနေပြီး မျက်လုံးတို့ပင် ဟောက်ပဲ့ဖြစ်နေပြီဖြစ်သည် အရိုးပေါအရေတင်ဖြစ်ကာ ကြောက်စရာ အသွင်ပင် ရှိနေေလ၏၊ ထိုအမယ်အို၏ မျက်လုံးများသည်က ပြူးကြောင်ကြောင်နှင့် ကိုယ်ခန္ဓာ နှင့် မလိုက်အောင် စူးရှနေပြန်သည် ၊ ဦးအုန်း ထိုအမယ်အိုကို သေချာကြည့်လိုက်သည် ဖုတ်ဝင်သည်က သေချာနေပြီဖြစ်သည် ၊ အနားတွင်ေတာ့ ထိုအမေအိုကြီး ၏ ဝိညဥ်သည် အမယ်အိုကြီး၏ ကိုယ်ခန္ဓာအနားတွင် ဝေ့လည်နေသည် ၊ ထို့ေနာက် အမေအို၏ သားများနှင့် ချွေးမများအား စကားဆိုလိုက်သည်
“ဖုတ်ကတော့ အကြီးစားဝင်နေတာပဲ အနုနည်းနဲ့တော့ ထုတ်မရဘူး”
“ကျုပ်တို့လည်း အထက်လမ်းဆရာတွေကို ပင့်ပါတယ်ဗျာ သူတို့လည်း သူတို့နည်းလမ်းနဲ့ ထုတ်ပေးပေမဲ့ အဆင်မပြေပါဘူးဗျာ အဲ့တာကြောင့် ဆရာကြီးကို ပင့်လိုက်တာပါ ”
“ကျုပ်ဖုတ်ထုတ်ပေးတာတော့ဟုတ်ပြီ ဖုတ်ထွက်သွားရင်တော့ တရက်လောက်ပဲ အသက်ရှင်နိုင်တယ် နော် ”
“အခုပုံ နဲ့ တရက်လားဆရာ ”
“မဟုတ်ဘူး ခင်ဗျားတို့ရဲ့ အမေ အနေနဲ့ပါ ”
“ဘယ်တက်နိုင်မှာလည်းဆရာကြီးရာ အခုလိုကြီး ဖြစ်နေတာထက်စာရင် ဘဝကူးသွားတာမှ တော်ပါသေးတယ် ”
“ကျုပ် ခင်ဗျားတို့ အမေကို လက်နဲ့ မထိပါဘူး တော်ကြာ ကျုပ်ရိုက်ပုတ်လို့ ဆံုးတယ်လို့ အပြောမခံနိုင်ဘူး”
“ဟုတ်ကဲ့ပါ ဆရာကြီးနားလည်ပါတယ ်”,
ဦးအုန်းသည် အမယ်အိုကြီး၏သားများမှ ဖုတ်ထုတ်ဖို့ ခွင့်ပြုလိုက်သောအခါ ဦးအုန်းသည် မောင်ဘိုးထင်ကို ခေါ်ကာ အိမ်အောက်ဆင်းရန်ဟန်ပြင်လိုက်ပြီး အမေကြီး၏ သားများအား
“ကျုပ်တို့ ပြင်ဆင်စရာရှိတာ ပြင်ဆင်လိုက်ဦးမယ် ခင်ဗျားတို့ အိမ်ပေါ်ကပဲစောင့်ပါ ”
“ဟုတ်ကဲ့ဆရာကြီး”
ဦးအုန်းသည် မောင်ဘိုးထင်ကို ခေါ်ကာအိမ်အောက်ဆင်းလာပြီး အိမ်ဝိုင်ထဲဝင်လာစဉ်က တွေရသော မီးဖိုအနားရှိ တန်းလျာမှာ ထိုင်လိုက်ကာ ဦးအုန်းမှ စကားဆိုလိုက်သည်
“ကောင်လေး ဖုတ်ထုတ်တယ်ဆိုတာ အစီအရင်နဲ့ထုတ်လို့ရတယ် အခုလို အစီအရင် မနိုင်တဲ့ဖုတ်ဆို သူကိုနိုင်တဲ့ ကောင်ကို ချခိုင်းပြီး ထုတ်ရတယ် ငါတို့က သူတို့အရှေ့မှာ ငနက်ကို ချခိုင်းလို့အဆင်မပြေဘူးလေ အဲ့တော့ ”
ဦးအုန်းသည် ပြောလက်စ စကားကို ခဏရပ်လိုက်ပြီး
“ငနက် လာစမ်း ခိုင်းစရာရှိတယ် ”
ငနက်ရောက်လာသည်နှင့် ဖုတ်ဝင်နေသော အမယ်အိုမှာ ဦးအုန်းတို့အား ယုတ်ရင်းကြမ်းတမ်းစွာဆဲဆိုနေပါတော့သည် ၊ ထိုေနာက်ဦးအုန်းသည် ငနက်အား
“ငနက် လူခန္ဓာထဲ ဝင်နေတဲ့ကောင်ကို မင်းနိုင်လား ”
“နိုင်ပါတယ် ”
“နိုင်ရင် အဲ့ကောင်ကို မောင်းထုတ်လိုက်တော့ကွာ ကြားလား ”
ဦးအုန်းထိုသို့ပြောလိုက်သည်နှင့် ငနက်အိမ်ပေါ်ပြန်တက်သွားသည် ၊ ငနက်ပြန်တက်သွားသည် နှင့် ဦးအုန်းအားဆဲဆိုနေသော ဖုတ်ဝင်နေသည် အမေကြီး၏ အသံလည်းတိတ်ဆိတ်သွားသည် ၊ ထိုနောက် ဦးအုန်း နှင့် မောင်ဘိုးထင် အိမ်ပေါ်ပြန်တက်လာကာ ထိုအမေကြီးနားတွင်ထိုင်လိုက်သည် အမေကြီးမှာ မျက်လုံးများပြူးကျယ်နေသည် ခဏကြာသော အခါ ငနက်သည် အမဲ ကိပ်သဏ္ဍန်တခုအား လည်ဂုတ်မှ ကိုင်ပြီး အမေကြီး၏ ကိုယ်ထဲမှာ ဆွဲပြီးထုတ်လာကာ အိမ်အပြင်သိူ့ ၊ထွက်ခွာသွားပါလေတော့သည် ၊ ငနက်တို့ထွက်သွားသည်နှင့် အမေအို၏ ဝိညဥ်သည် သူမ၏ ကိုယ်မှ ဆွဲယူလိုက်သည်အလား ဝင်ရောက်သွားကာ အမေကြီးမှ ချောင်းဆိုးသံ စတင် ထွက်ပေါ်လာတော့သည်
“အဟွတ် အဟွတ် သားတင်ခိုင် ”
“အမေ ကျုပ်တို့အနားမှာ ရှိပါတယ် ”
အမေအိုကြီး၏ လက်အားသူ၏ သားများကိုင်လိုက်ချိန်တွင်တော့
“အား အမေအသားတွေ နာလိုက်တာ ကျွတ်ကျွတ်သေပါပြီ သားရယ်”
အမေအို၏ ပြောစကားကြားသောအခါ အေမအို၏ သားများသည် ဦးအုန်းအား အကူညီတောင်ဟန်ကြည့်လာရာ ဦးအုန်းသည် အကြီးဆုံးဖြစ်ဟန်တူသော သားအနားသွာကာ အသံတိုးတိုးနှင့်
“ကျုပ်ပြောထားသလိုပါပဲ အခုဟာက ခင်ဗျာတို့အမေပါ သူအသားတွေနာတယ်ဆိုတာ လူမို့လို့ပါ ဆုံးကာနီးလူတွေရဲ့ ထွက်သက်ကာ နာကျင်ပါတယ် ခင်ဗျာတို့ သူရဲ့ အသားတွေကို သွားမထိပါနဲ့ အစားအသောက်တွေ မကျွေးပါနဲ့ ကျန်တာတော့ ကျုပ်လည်း မပြောတက်ဘူး ‘
“တရား တရားနားခိုင်းရမှာ လားဆရာကြီး ”
“ကျုပ်တိုအိပ်ချင်ပြီ ဒီအိမ်မဟုတ် တဲ့ တခြားအိမ်ကို စီစဉ်ပေးနိုင်မလား ”
“စီစဉ်ထားပါတယ် ဆရာကြီး အဖို့အခလေး ဘယ်လောက်ကန်တော့ရမလဲ ခင်ဗျာ ”
“နှစ်ဆယ်လောက်တော့ပေးပေါ့ ဗျာ ”
“ကျေးဇူးတင်ပါတယ် ဆရာကြီးရယ် ”
ထိုေနာက်လူကြီး တယောက်သည် ယခုအိမ်နှင့် တအိမ်ကျော်မှ အိမ်တလုံးကို ပို့ဆောင်ပေးးလိုက်တော့သည် အိမ်ပေါ်တွင်တော့ ခေါင်းအုံး နှင့် စောင်များ အသင့်ပြင်ပေးထားရာ ဦးအုန်း နှင့် ျမာင်ဘိုးထင် ဝင်အိပ်လိုက်ကြသာ် မောင်ဘိုးထင်မှ ဦးအုန်းအားစကားဆိုလာသည်
“အဘ အမေကြီးက သနားစရာပဲေနာ်”
“အခုမှ သူကိုယ်ခန္ဒာထဲ ပြန်ဝင်ရတာလေ ဒါပေမဲ့ သူရဲ့ ကိုယ်ခန္ဓာက အသက်ဆက်ဖို့အတွက် အားမရှိတော့ပါဘူး”
“ဟုတ်ပါ့ဗျာ သူကြည့်ရတာလည်း ပိန့်လှီနေတာပဲ ဘယ်လိုများ အသက်ရှင်နေတာ အံဩတယ် ”
ဦးအုန်း မည်သည်စကားမှပြန်မပြောပဲ မျက်လုံးကို မှိတ်ထားလိုက်သည် ၊ စင်စစ် အမေကြီးသည် သေဆုံးနေပြီဖြစ်သည်။ သို့ပေမဲ့ သူ့၏ သားများအားစွဲလန်းစိတ်ကြောင့် မကျွတ်မလွတ်ပဲ ဖုတ်ဝင်ေနသော သူမ၏ ကိုယ်ခန္ဓာအနားတွင် ဝေ့လည်နေလေရာ သားများနှင့် စကားပြောနိုင်ရန် ဦးအုန်း တရက်မျှ ကိုယ်ခန္ဓာထဲနေ့ခွင့်ပေးထားချင်ဖြစ်သည် ၊ ထို့နောက် လမ်မှာတွေ့ခဲသော ညောင်ပင်ကြီးမှ တေစ္ဆအေကြာင်းကို တွေးနေမိ၏ ၊ ဦးအုန်း တော်တော် နှင့် အိပ်မပျော်ပေ ၊ မောင်ဘိုးထင်သည်က ပင်ပန်းသည်ထင်၏ ခဏနှင့် အိပ်ပျော်သွားသည် သူအိပ်ပျော်နေရင်းမှ ယောင်ယမ်းပြီးစကားပြောလာ၏
“အမေ အမေ ကျနော့်ကို ရယ်ပြလေဗျာ ”
ဦးအုန်း တခုသတိရသွား၏ မောင်ဘိုးထင်အိပ်နေသော ညောင်ပင်မှ နွယ်များအား လွှဲပေးနေသည့် ၊ တေစ္ဆ၏ သဏ္ဍန်သည်ကလည်း မီးနေသည်ပုံစံဖြစ်နေရာ ဦးအုန်း တွေးရင် ပါးစပ်မှာ ယောင်ယမ်းပြောမိသွားသည်
“ကောင်လေးအမေများလား”
ဦးအုန်းသည် ထိုသို့ အတွေးပေါင်းများစွာဖြစ် အတန်ကြာသောအခါ တဖြည်းဖြည်း အိပ်ပျော်လို့သွားပါလေတော့သည် ။
▪️အောက်လမ်းဘိုးထင် နှင့် လက်တွေ့သင်ခန်းစာ သည်က ဤမျှသာ မကြာမီ အောက်လမ်းဘိုးထင် နှင့် တစ္ဆေအမေ အမည်ရသော ဇတ်လမ်းလေးအား တင်ဆက်ပေးပါမည်။
📝မောင်တင်ဆန်း
#mgtinsan
#ညမဖတ်ရ
Zawgyi Version
ေအာက္လမ္းဘိုးထင္ ႏွင့္ လက္ေတြ႕သင္ခန္းစာ
(၃)
▪️အခန္း-၁
ဦးအုန္းႏွင့္ ေမာင္ဘိုးထင္ မနက္အေစာ ေပပင္႐ြာထဲမွထြက္လာၿပီး အင္ၾကင္း႐ြာကိုသြားေနၾကသည္ ၊ ယခုတြင္ေတာ့ ေမာင္ဘိုးထင္ အကင္းပါသြားၿပီျဖစ္သည္ ၊ ထမင္းကို စစ္သုံးဟန္ေကာခ်ိဳင့္ထဲထည့္ကာ လြယ္အိတ္ထဲ ထည့္လာသလို စစ္သုံးေရဘူး ႏွင့္လည္း ေရထည့္လာသည္ ၊ ထမင္းခ်ိဳင့္က တခ်ိဳင့္တည္းရွိသျဖင့္ ဦးအုန္းအား ထမင္းထုပ္လာသည့္အေၾကာင္းေျပာလိုက္သည္
“အဘ က်ဳပ္ထမင္း ထုပ္လာတယ္ ဗ်”
“ေကာင္းတာေပါ့ကြာ သြားရမွာကလည္းအေဝးသာကို”
“အဘ အတြက္ကေတာ့ က်ဳပ္ အင္ဖက္နဲ႔ ထမင္းထုပ္လာတယ္ ”
“ခ်ိဳင့္က ဘာျဖစ္လို႔လဲကြ ေကာင္ေလးရ ”
“ခ်ိဳင့္က က်ဳပ္တေယာက္စာပဲရွိတယ္ေလ အဘအရင္သြားတုန္းက ထမင္းထုပ္လို႔လား ”
“မထုပ္ဘူးေလကြ ”
“မထုပ္ပဲ အငတ္ခံတာမဟုတ္လား အဲ့ေတာ့ အင္ဖက္နဲ႔ ထုပ္ခဲ့တာကို ေက်နပ္ဗ်ာ ”
“ေအးပါကြာ မင္းကေတာ့ေလ ဒါနဲ႔ဘာဟင္းနဲ႔ ထုပ္လာလဲကြ”
“အဘ အတြက္ အမဲသားဗ် က်ဳပ္တြက္ ငွက္သား ”
“မင္းက ဟင္းပါ ခြဲျခားေနတာလား ေနာက္ဆို ဆန္ေတြပါ ခြဲျခားၿပီ ခ်က္ဦးမွာလားမသိဘူးေဟ့ ”
“ခ်ိဳင့္ထဲ ထည့္လာတာကိုေျပာတာပါဗ် ထမင္းစားရင္ တူတူစားမွာကို ဟင္းႏွစ္မ်ိဳးေပါ့ ဗ်ာ ေနာ္”
“ေအးပါ ေကာင္ေလးရ မင္းသေဘာ သြက္သြက္ေလွ်ာက္ကြာ ”
“အဘက ေျပာေတာ့မယ္ က်ဳပ္က ေရွ႕ကေန ေနာက္လွည့္ စကားေျပာေနတာပါဗ် အဘသာ သြက္သြက္ ေလွ်ာက္ရမွာ ”
ေမာင္ဘိုးထင္ ေရွ႕ကသြားေနၿပီးေျပာလိုက္ခ်င္းျဖစ္ရာ ဦးအုန္းမည္သည့္စကားမွမေျပာပါပဲ ၿပဳံး၍သာ လမ္းေလွ်ာက္ေနပါေတာ့သည္။
ဦးအုန္း ႏွင့္ ေမာင္ဘိုးထင္တို႔ လမ္းေလွ်ာက္လာရာ ေနမြန္းတည့္ အခ်ိန္သို႔ေရာက္ရွိလာသည္ ၊ထိုအခါ ဦးအုန္းသည္ လမ္းေဘးရွိေညာင္ပင္းႀကီး တပင္ေအာက္ဝင္နားလိုက္ၿပီး
“ေကာင္ေလးေရ ထမင္းစားၾကရေအာင္ကြာ ”
“ဘိုးထင္ တန္ဖိုး အဘ သိၿပီမဟုတ္လား ”
“ဘာလဲကြ ေကာင္ေလးရ မင္းစကားကလည္း”
“ဘိုးထင္ နဲ႔ ခရီးသြားရင္ ထမင္းမငတ္ဘူးဆိုတာ သိေစခ်င္တာ ”
“ဟုတ္ပါၿပီကြာ မင္းကလည္းကိုယ္ရည္ကေသြးလိုက္တာ ”
“အဘကလည္းဗ်ာ က်ဳပ္ကကိုယ္ရည္ ေသြးစရာမလိုဘူး ကိုယ္ရည္က ထက္ၿပီးသားမို႔ဗ်”
“ေအးပါ ေမာင္ကိုရည္ထက္ရယ္ ဗိုက္ဆာၿပီ ထမင္းစားဖို႔ျပင္ကြာ ”
ေမာင္ဘိုးထင္လည္းလြယ္အိတ္ထဲမွ ထမင္းခ်ိဳင္ႏွင့္ အင္ဖက္ျဖစ္ ထုပ္ထားေသာ ထမင္းထုပ္အားးထုတ္လိုက္ကာ ဦးအုန္းအားၾကည့္ၿပီး
“အဘ ဘယ္ဟာနဲ႔စားမွာလဲ ခ်ိဳင့္နဲ႔လား အင္ဖက္နဲ႔လား ”
“မင္းအတြက္ ခ်ိဳင့္နဲ႔ထည့္လာတယ္ဆို ”
“ေအးဗ်ာ က်ေနာ္ အနစ္နာခံၿပီး ခ်ိဳင့္နဲ႔စားလိုက္ပါမယ္ ”
ေမာင္ဘိုးထင္၏ စကားေၾကာင့္ ဦးဘိုးထင္ မ်က္လံုးျပဴးသြားရကာ
“မင္းက ခ်ိဳင့္နဲ႔စားမွာကို အနစ္နာခံတာလား ”
“အဘကလည္း က်ဳပ္က လက္ေသးေသးေလးဗ် ာ ဇြန္းကလည္း မပါဘူး အဘလက္ႀကီးနဲ႔ ခ်ိဳင့္ထဲ ႏွိက္စားလို႔ရလို႔လား ေျပာ”
“ေအးကြ နည္းနည္းေတာ့ ခက္မယ္ ဟ”
“အဲ့တာေၾကာင့္ အဘကို ဖက္နဲ႔ေကြၽးတာ အဘလက္ႀကီးနဲ႔ စိတ္ႀကိဳက္စားစမ္း က်ဳပ္သာ ခ်ိဳင့္နဲ႔ အဘကိုစားလို႔ေပးရင္ အဘ ခ်ိဳင့္ထဲကို လက္ႏွိက္ရတာ အဆင္မေျပ ထမင္းစားလို႔ ကလည္း ဝသလို မဝသလို”
“ကဲ ကဲ ကိုသာလိကာ ငါဖက္နဲ႔စားပါမယ္ကြာ ထမင္းထုပ္ျဖည္ေတာ့ ”
“အဘကိုထားတဲ့ က်ဳပ္ေစတနာကို နားလည္စမ္းပါဗ်ာ ”
“ေအးပါ နားလည္ပါၿပီ ဦးေလးဘိုးထင္ရယ္ ထမင္းထည့္လာတာနဲ႔တင္ နားလည္ပါၿပီကြာ”
ဦးအုန္းသည္ ၿပဳံးရယ္ၿပီး ေမာင္ဘိုးထင္ကို ဦးေလးလို႔႐ြဲ႕ေခၚလိုက္ေလေတာ့သည္ ၊ ေမာင္ဘိုးထင္ကာ ထမင္းထုပ္ကို ျဖည္ၿပီး ဦးအုန္းအား ကမ္းေပးလိုက္ကာ စစ္သုံးေရဘူးေလးမွ ေရမ်ားျဖစ္လက္ကို ေလာင္းခ်ေပးလိုက္သည္ ထို႔ေနာက္သူလည္း လက္ေဆးၿပီး ဟန္းေကာခ်ိဳင့္ကို ဖြင့္ကာ အတြင္းမွ ငွက္သားဟင္းကို ဦးအုန္း၏ ဖက္ထည့္မွာ ထည့္ထားေသာ ထမင္းမ်ားအေပၚတင္ေပးလိုက္၏ ထိုအခါ ဦးအုန္းက
“မင္းလည္း အမဲသားဟင္းယူေလကြာ ”
“အဘ အိမ္ေရာက္ကတည္းက က်ဳပ္အမဲသား ႀကိဳက္တဲ့သူေတာင္ အမဲသားမစားခ်င္ေတာ့ဘူး ”
“ေအး ငါက အမဲသားက မဝယ္လို႔မရဘူးေလကြာ ”
“အင္းသိပါတယ္ စားအဘ ”
သူတို႔ထမင္းစားလို႔ၿပီး ၿပီျဖစ္သည္ ဦးအုန္းသည္ ေညာင္ပင္ေအာက္မွ လွဲေနသည္ ၊ ေမာင္ဘိုးထင္သည္က ေညာင္ပင္ေပၚမွ တြယ္တက္ေနေသာ ႏြယ္ပင္မ်ားသည္ ပုခက္လို႔ျဖစ္ေနရာ ထိုအေပၚသို႔တက္အိပ္ေနရင္း ေညာင္ပင္ေအာက္မွလွဲေနေသာ ဦးအုန္းအားစကားလွမ္းေျပာလိုက္သည္
“အဘ အေပၚတက္ခဲ့ပါလား ဇိမ္ပဲဗ် ပုခက္စီးေနရသလိုပဲ ”
“ရပါၿပီငါ့ေကာင္ရ မတက္ပါရေစနဲ႔ ”
“အင္း အသက္ႀကီးလာတာမေကာင္းဘူးလို႔လူႀကီးေတြေျပာၾကတာ အဘၾကည့္ၿပီးမွ သတိထားမိေတာ့တယ္ ”
ဦးအုန္း မွိတ္ထားေသာမ်က္လုံး ဖြင့္လိုက္ၿပီး အေပၚမွ ေမာင္ဘိုးထင္ကို ၾကည့္လိုက္သည္ ၊ ေမာင္ဘိုးထင္သည္လည္း သူ႔အား ငဲ့ေစာင္းၾကည့္ရင္းစကားေျပာေနခ်င္းပင္၊ ယခုလည္းေမာင္ဘိုးထင္ ဆက္ၿပီးစကားဆိုလာသည္
“အဘ က်ဳပ္မသိလိာ့ တခုေမးမယ္ေနာ္ ”
“ေမးေလ ကြာ ”
“အဘ က်ေနာ္လည္း ေအာက္လမ္းျဖစ္ၿပီလား ”
“ပညာေတာ့ မသင္ရေသးေပမဲ့ ျဖစ္ၿပီလို႔ေျပာပါေတာ့ မင္းက ငါ့တပည္ေလ ”
“,က်ဳပ္ၾကားဖူးတာေတာ့ ေအာက္လမ္းေတြက ညစ္ပတ္တယ္တဲ့ ေရလည္း မခ်ိဴးဘူးေျပာတယ္က်ဳပ္တို႔ကေတာ့ သန႔္ေနပါလား ”
“ဟားးး မင္းေျပာမွငါလည္းသတိထားမိေတာ့တယ္ ညစ္ပတ္ၿပီး စုတ္ျပတ္ေနမွ ေအာက္လမ္းမဟုတ္ဘူးကြ ”
“ဘယ္လိုမွေအာက္လမ္းလည္ ”
“အျဖဴ နဲ႔ အမဲ ရွိတယ္ကြာ ငါတို႔က အမဲေတြ ေနာက္ထပ္လူေတြက အျဖဴေတြ ”
“ဘယ္သူေတြလဲ အဘ ”
“အထက္လမ္းေတြေပါ့ကြာ ”
“ငါတို႔မွာက သီလမရွိဘူး သိူ႔ေပမဲ့ က်င့္ဝတ္ေတာ့ထားလို႔ရတယ္ မင္းဘာဘာသာကိုးကြယ္လဲ ေကာင္ေလး ”
“ဘုရားအိုးစင္ က်ဳပ္႐ြာက အိမ္မယ္ ရွိတယ္ဆိုေတာ့ ဘုရားကိုးကြယ္တယ္ထင္တယ္ဗ်”
ေမာင္ဘိုးထင္ စကားေျပာလို႔ၿပီးေသာအခါ ဦးအုန္းသည္ ငုတ္တုပ္ ျပန္ထိုင္လိုက္ၿပီး ။
“ဘုရားလမ္းစဥ္နဲ႔ ေျပာင္းျပန္ဆန႔္က်င္ၿပီး လုပ္ေနလို႔ ေအာက္လမ္းလို႔ေခၚတာ ေကာင္ေလး ”
“ဘုရားလမ္းစဥ္က ဘာလဲအဘ ”
“ငါလည္း မသိပါဘူးကြာ ထားလိုက္ အဲ့တာေတြက တို႔နဲ႔ လားလားမွ်မဆိုင္ဘူး တခုရွိတာက ေအာက္လမ္းဆိုေပမဲ့ အကုန္လုံးမေကာင္တဲ့သူမဟုတ္ဘူးကြ ဝါသနာေၾကာင့္ ေအာက္လမ္းျဖစ္ေနေပမဲ့ အက်င့္ေကာင္းတဲ့သူေတြရွိပါတယ္ ”
“အဘ လိုလားဗ်”
“ဟ ငါက ဘာအက်င့္ေကာင္းလို႔လဲဟ”
“အဘသာ အက်င့္မေကာင္းရင္ က်ဳပ္ခုလို ေကာင္းေကာင္းေန ေကာင္းေကာင္း မစားရပါဘူးဗ်ာ ”
ဦးအုန္းသည္ ေမာင္ဘိုးထင္ကို လွမ္းၾကည္လိုက္သည္ ၊ အမွန္တကယ္ကို သူအားေက်းဇူးတင္ေနေသာ မ်က္ႏွာျဖစ္စကားေျပာေနေလရာ သူ၏ စိတ္ထဲတြင္ အေတာ္ပင္ ေက်နပ္ေနမိသည္၊ ထိုေနာက္ ဦးအုန္းသည္
“ေကာင္ေလး ခဏ ေမွးလိုက္ကြာ ၿပီးရင္ ခရီးဆက္ၾကရေအာင္လို႔ ”
“ဟုတ္ကဲ့ အဘ”
ေမာင္ဘိုးထင္သည္ ဦးအုန္း၏ စကားဆုံးသည္ ႏွင့္ ပုခက္လိုျဖစ္ေနေသာ ႏြယ္မ်ားေပၚမ်က္လုံးကို မွိတ္ၿပီး ေမွးလိုက္သည္။ မလွမ္းမကမ္းမွ ဥဩငွက္သံေလးက လြမ္းေမာဖြယ္ ထြက္ေပၚလာ၏ ၊ ေမာင္ဘိုးထင္ တက္ၿပီးအိပ္ေနေသာ ပုခက္ပုံစံ ႏြယ္ေလးမ်ားက တျဖည္းျဖည္း ပုခက္ လႊဲသည့္အလား လႈပ္ရမ္းလာေေလသည္ ေမာင္ဘိုးထင္လည္း အိပ္ေပ်ာ္လို႔သြားၿပီျဖစ္သည္ ၊ ေညာင္ပင္ေအာက္တြင္ထိုင္ေနေသာ ဦးအုန္းမွ ေမာင္ဘိုးထင္ အိပ္ေနေသာ ႏြယ္မ်ားကို လႈပ္ရမ္းေပးေနေသာ သူအား ေသခ်ာျမင္ေနရသည္ ၊ နႏြမ္းမ်ားလိမ္းက်ံထားၿပီး ဆံပင္ဖားလ်ားခ်ထားသည္ ။ ဝင္းဝါေနေသာ မ်က္ႏွာ၌ရွိေသာ မ်က္လုံးမဲမဲမ်ားမွလည္း မ်က္ရည္ဟု ထင္ရေသာ အမဲေရာင္အရည္မ်ားက်ေနပါေလေတာ့သည္။
▪️အခန္း-၂
ဦးအုန္း ႏွင့္ ေမာင္ဘိုးထင္ ခရီးဆက္လာၾကသည္ မွာ ညေနအခ်ိန္သို႔ပင္ ေရာက္လာၿပီျဖစ္သည္၊ မၾကာေသာ အခ်ိန္တြင္ေတာ့ သစ္စိမ့္ ႐ြာ ႏွင့္ အင္ၾကင္း႐ြာကို သြားရသည့္ လမ္းခြဲေလးသို႔ေရာက္ေသာအခါ ဦးအုန္းသည္ ေရွ႕မွေမာင္ဘိုးထင္အား
“ေကာင္ေလး မင္း႐ြာဝင္ဦးမွာလား ”
ေမာင္ဘိုးထင္ ခဏရပ္လိုက္သည္ ၊ အခ်ိန္သည္က ညေနေစာင္းေနၿပီျဖစ္၏ ထို႔ေနာက္ ေခတၱစဥ္းစားကာ
“ဝင္လို႔ အဆင္ေျပမယ္ဆိုရင္ေတာ့ ခဏေတာ့ ဝင္ခ်င္သား အဘ ”
“ရပါတယ္ ကြာ ကဲကဲ သြားၾကတာေပါ့ “,
ဦးအုန္း ႏွင့္ ေမာင္ဘိုးထင္ ႐ြာထဲဝင္လာသည္ ႐ြာထဲ ေရာက္ေသာအခါ တခ်ိဳ႕သူမ်ားက ေမာင္ဘိုးထင္ကို ႏုတ္ဆက္ၾကသလို တခ်ိဳ႕သူမ်ားက မသိက်ိဳးကြၽန္ျပဳသြားၾကသည္ ၊ ထို႔ေနာက္ ေမာင္ဘိုးထင္သည္ ဦးအုန္းအားလွည့္ၿပီးစကာဆိုလိုက္ျပန္သည္
“အဘ က်ေနာ္ အရက္ဆိုင္ခဏဝင္ခ်င္တယ္ဗ်ာ ”
“ဟာ ေကာင္ေလး ငါအခုတေလာ အရက္မေသာက္ဘူးကြ ”
“အဘကို တိုက္မွာလည္းမဟုတ္ပါဘူ ဗ်ာ က်ေနာ့္ ကို ေငြတဆယ္ေလာက္ ေပးပါလား ”
“ေအးေအး ရတယ္ရတယ္ ”
ေမာင္ဘိုးထင္ေတာင္းေသာေငြအား ဦးအုန္း မဆိုင္းမတြ ထုတ္ေပးလိုက္သည္ ၊ ခဏ မွ်လမ္းေလွ်ာက္ၿပီးခ်ိန္ တြင္ သစ္းစိမ့္႐ြာရွိ ကိုစိုးႀကီး အရက္ဆိုင္သို႔ေရာက္လာ၏ ၊ဆိုင္ထဲမွ အရက္ခ်ိန္ထည့္ေနေသာ ကိုစိုးႀကီးသည္ ေမာင္ဘိုးထင္ကို ျမင္ေသာ အခါ
“ဘိုးထင္ ႐ြာ အလည္လာတာလားဟ ဒီမွာ အိပ္မယ္ ဆို ငါ့ဆီမွာ ထမင္းလာစားကြာ ”
“အလည္လာတာ မဟုတ္ဘူးဗ် လမ္းႀကဳံလို႔ဝင္လာတာ က်ဳပ္ကို တပုလင္းေပးစမ္းပါဦး ေရာ့ ေငြ ”
“ေအးေအး မင္းက အရက္ေသာက္တက္ေနတာလား ”
“မဟုတ္ပါဘူး ဗ်ာ က်ဳပ္အိမ္ခဏ ျပန္မလို႔ အေဖအတြက္ ဝယ္တာပါ”
“အဲ့လိုဆိုရင္ေတာ့ ငါည သြားပို႔စရာမလိုေတာ့ဘူးေပါ့ မင္းအေဖက ငါ့ကို ေငြေပးထားတာ ညေနတိုင္း တလုံး အၿမဲသြားပို႔ေပးရတယ္ ေဟ့”
“ေအးဗ်ာ က်ဳပ္သြားဦးမယ္ ဦးစိုးႀကီး ေရ အင္ၾကင္း႐ြာကိုလည္း သြားရဦးမွာမို႔ဗ် ”
“ေအးေအး သြားသြား”
“ေမာင္ဘိုးထင္သည္ အရက္ပုလင္းကို ယူကာ ဆိုင္ထဲမွ ထြက္လာၿပီး ဆိုင္ဝတြင္ ေစာင့္ေနေသာ ဦးအုန္းကို ေခၚကာ သူ၏ အိမ္သို႔ ေျခဦးလွည့္လိုက္ပါေတာ့သည္ ။
▪️အခန္း-၃
ေမာင္ဘိုးထင္ ႏွင့္ ဦးအုန္း တို႔ႏွစ္ေယာက္ ေမာင္ဘိုးထင္ေနအိမ္သို႔ေရာက္လာၿပီျဖစ္သည္ အိမ္ေရွ႕ကြပ္ပ်စ္တြင္ေတာ့ ေမာင္ဘိုးထင္၏ ဖခင္ ဦးေကာင္း အရက္တပုလင္းႏွင့္ အရက္ကိုဇိမ္ခံေသာက္ေနသည္ မ်က္ႏွာသည္ကလည္း ပြေယာင္ေနၿပီျဖစ္သည္ ၊ ဦးေကာင္းသည္ အိမ္ဝိုင္းထဲ ဝင္လာေသာ ေမာင္ဘိုးထင္အားေတြ႕ေသာအခါ
“ဟ ၿဂိဳလ္ေကာင္ေလး မင္းဘာလုပ္တာလဲ အလုပ္မလုပ္ခ်င္လို႔ျပန္ေျပးလာတာလား အဲ့လိုလုပ္ရင္ မင္းငါ့အေၾကာင္းသိတယ္ေနာ္ ”
“မဟုတ္ပါဘူးဗ်ာ က်ဳပ္လမ္းႀကဳံလို႔ ဝင္လာတာပါ ဒီမွာ က်ဳပ္အလုပ္ရွင္ ဦးအုန္းနဲ႔ တူတူလာတာပါ ”
“ဟုတ္လား လာ လာ ထိုင္ပါဗ်ာ”
ဦးေကာင္းသည္ ေမာင္ဘိုးထင္၏ အလုပ္ရွင္ဟုေျပာစကားေၾကာင့္ သူႏွင့္ မလွမ္းမကမ္းတြင္ရပ္ေနေသာ ဦးအုန္းအား ေလာကြပ္ျပဳလိုက္သည္၊ ဦးအုန္းသည္ ကြပ္ပ်စ္ေလးတြင္ထိုင္လိုက္သည္ ေမာင္ဘိုးထင္သည္လည္း ဝယ္လာေသာ အရက္ပုလင္းကို ဦးေကာင္းေရွ႕တြင္ ခ်လိုက္ၿပီး
“က်ဳပ္ အရက္ဝယ္လာတယ္ ”
“ၿဂိဳလ္ေကာင္ေလးက အလိုက္သိသားပဲ ေကာင္းတယ္ကြာ ”
ေမာင္ဘိုးထင္ဘာမွျပန္မေျပာေပ ၊ ထို႔ေနာက္ ဦးအုန္းသည္ အရက္ရီေဝမူးေနေသာ ဦးေကာင္းကိုၾကည့္ကာ
“မင္းဘာအလုပ္ လုပ္လဲ ”
“အခုေတာ့ ဘာမွမလုပ္ဘူး အမဲေလး ဝက္ေလးေဖာ္ရင္ ေတာ့ အမဲဖ်က္ကူတယ္ ဝက္ေဖာ္ကူတယ္ေပါ့ဗ်ာ ”
“ဒါနဲ႔ မင္းသားကို ဘာလို႔ ၿဂိဳလ္ေကာင္ေလးလို႔ေခၚတာလဲကြ ”
“က်ဳပ္မိန္းမေသရတာ သူ႔ေၾကာင့္ဗ် ”
ဦးအုန္း ၿပဳံးလိုက္သည္ ထိုေနာက္ ဦးေကာင္းအား ေစ့ေစ့ၾကည့္ကာ
“မင္း ဆုံးရႈံးရတာက မင္းမိန္းမကြာ မင္းသား ဘိုးထင္ ဆုံးရႈံးရတာက သူအေမ အျပစ္တင္ရမွာက မင္းကို သူကအျပစ္တင္ရမွာ ”
“ဘာဆိုင္လဲ ဗ်ာ က်ဳပ္ခ်စ္ရတဲ့ မိန္းမဆုံးတာ က်ဳပ္ဒီလို အရက္သမား လုံးလုံးဘဝ ေရာက္တာ အဲ့ဒီၿဂိဳလ္ေကာင္ေၾကာင့္ ”
“လူဖ်င္းစကားေတြလာေျပာေနပါလား မိန္းမဆို မရွိေတာ့ရင္ ေနာက္တေယာက္ယူရင္ မိန္းမ ပဲေလ ကြ ဘိုးထင္ ဆုံးပါးသြားတဲ့ သူ႔အေမေနရာ မင္းျပန္ရွာၿပီး အစားထိုးေပးစမ္း ရလား ရရင္ေတာင္ အေမ လို႔မေခၚေတာ့ဘူး မိေထြး လို႔ပဲေခၚတယ္ ”
ဦးအုန္း၏ ၏စကားမ်ားကို ဦးေကာင္း မည္သို႔ေသာ ခြန္းတုန႔္ျပန္မႈ႕မွ မလုပ္ေပ ထိာအခါ ဦးအုန္းဆက္ၿပီး စကားဆိုလိုက္သည္
“ေဟ့ေကာင္ ငါေျပာရဦးမယ္ မင္းမိန္းမ ေသလို႔ ေနာက္ထပ္ မိန္းမ ထပ္ယူရင္ မိန္းမ ရတယ္လို႔ပဲေခၚတယ္ကြာ အလြန္ဆုံးေခၚ ေနာက္မိန္းမ မင္းသား ဘိုးထင္ အေမေသလို႔ မင္းက ေနာက္ထပ္မိန္းမ ထပ္ယူ ရင္ ေနာက္အေမ လို႔ ဘယ္သူမွ မေခၚၾကဘူးကြ ၊ အစားထိုးလို႔ မရတဲ့ ဆုံးရွံးမႈကို ႀကဳံခဲ့တဲ့ ငါ့ေကာင္ေလး ဘိုထင္က မင္းတို႔ကို အျပစ္မတင္ရပဲ ေနာက္ထပ္အစားထိုးလို႔ရတဲ့ မိန္းမ အခန႔္မသင့္လိုေသတာကို မင္းက ငါ့ေကာင္ေလးကို ၿဂိဳလ္ေကာင္ေလးတဲ့လား ေတာ္ေတာ္ တရားက်ဖို႔ေကာင္းတဲ့ေကာင္ေတြ ကြာ ”
ဉီးအုန္း၏ စကားကို ဦးေကာင္းမည္သို႔မွ ျပန္မေျပာႏိုင္ေပ ၊ ထိုအခါမွ ဦးအုန္းသည္ ေမာင္ဘိုးထင္ကို သြားရေအာင္ဆိုသည့္သေဘာ ႏွင့္ မ်က္စာျပစ္ျပလိုက္ၿပီး ဦးေကာင္း ႏွင့္ သူ၏ အိမ္ကို ခ်န္ခဲ့ ကာ အင္ၾကင္း႐ြာသို႔ ခရီးဆက္လိုက္ေတာ့သည္၊ ဦးေကာင္းသည္က အရက္ပုလင္းကိုကိုင္ၿပီး အိမ္ဝိုင္းထဲ မွ ထြက္ခြာသြားေသာ ေမာင္ဘိုးထင္အား ေငးၾကည့္ေနပါေလေတာ့သည္။
▪️အခန္း
ဦးအုန္း ႏွင့္ ေမာင္ဘိုးထင္ သစ္စိမ့္႐ြာမွ ထြက္လာရာ မိုးပင္အေတာ္ ခ်ဳပ္ေနၿပီျဖစ္သည္ ၊ ဦးအုန္း သည္ မည္သည့္စကားမွမေျပာပဲ ၿငိမ္ခ်က္သားေကာင္းေနေသာ ေမာင္ဘိုးထင္အား စကားဆိုလာသည္
“ေကာင္ေလး ၿငိမ္လွခ်ည္လားကြ ”
“အဘအခုဏ က က်ဳပ္အေဖကို ေျပာသြားတဲ့စကားေတြကိုၾကားၿပီး အေမ့ကို အမွတ္ရလို႔ပါ”
“ေအးကြာ ငါနားလည္းပါတယ္ ဒါေပမဲ့ မင္းအေဖက လြန္တယ္ကြာ “,
“က်ဳပ္လည္းသိပါတယ္ ဒါေပမဲ့ အေမ့ကို အေတာ္ခ်စ္တာပဲဆိုတဲ့ အေတြးနဲ႔ က်ဳပ္ သူေျပာတာ လုပ္တာေတြကို ဘာမွျပန္မေျပာပဲ ေက်နပ္ေနတာပါ အဘ ရာ”
“ေအာ္ မင္းအေမကို မင္းေတာ္ေတာ္ ခ်စ္သားကို “,
“ခ်စ္တာေပါ့ဗ် ေန႔ခင္းက ေညာင္ပင္ေအာက္အိပ္တုန္းကေတာင္ က်ဳပ္အိပ္မက္မက္ေသးတယ္ ”
“ဘယ္လို မက္တာလဲ ကြ ေျပာစမ္းပါဦး ”
“က်ဳပ္အိပ္မက္ထဲမွ က်ဳပ္က ကေလးဗ် ပုခက္ထဲမွာ အိပ္ေနတာ အေမက က်ဳပ္အိပ္ေနတဲ့ ပုခက္ကို ၿပဳံးၾကည့္ၿပီး လႊဲေပးေနတာ က်ဳပ္က ကေလးသာျဖစ္တာ ေပ်ာ္ေနတာ”
ေမာင္ဘိုးထင္သည္ ၿပဳံး႐ႊင္ၿပီးစကားေျပာေနရာ ဦးအုန္းသည္လည္း ၿပဳံးၿပီးနားေထာင္ရင္း
“ေကာင္ေလး မင္းဗိုက္ဆာၿပီလား ”
“မဆာေသးဘူး အဘ ”
“ငါတို႔ အင္ၾကင္း႐ြာက ဖုတ္ဝင္ေနတဲ့ သူကို ဖုတ္ထုတ္ဖို႔ သရဲတေကာင္လိုတယ္ကြ ”
“ဘယ္မွာ သြားရွာရမွယလဲအဘ ”
“သရဲဆိုေပမဲ့ ကမၼဇိႏၶိ ႀကီးတဲ့ ေကာင္ကိုလိုခ်င္တာ ”
“အဲ့တာဆို က်ဳပ္တို႔ ႐ြာသခ်ႋဳင္းမွာရွိေလာက္တယ္ အဘ ”
“သြားၾကတာေပါ့ကြာ ”
ဦးအုန္းႏွင့္ ေမာင္ဘိုးထင္လည္း သစ္စိမ့္ ႐ြာ၏ သခ်ႋဳင္းသို႔ ထြက္ခြာသြားၾကပါေလေတာ့သည္။
▪️အခန္း-၄
ေမာင္ဘိုးထင္သည္ သူအၿမဲထိုင္ေနၾက အုတ္ဂူေပၚထိုင္လိုက္သည္ ၊ အေမွာင္ထုႀကီးဆိုးေသာ ေဒသမ်ားျဖစ္သည့္အတြက္ လေရာင္က အင္မတန္ထြန္းလင္းေနသေယာင္ ေအးျမေသာ လ၏အလင္းအေရာင္ႏွင့္ အတူ ေလႏုေအးေလးမ်ား တိုက္ခက္ေနေသာေၾကာင့္ တိတ္ဆိတ္ေနေသာ သခ်ႋဳင္းသည္ ဦးအုန္း ႏွင့္ ေမာင္ဘိုးထင္အဖို႔ ေနလို႔ပင္ေကာင္သည္ဟုထင္ေနသည္။
“ေအးၿပီး ေနလို႔ေကာင္းလိုက္တာအဘရာ ”
“ေအးကြ ႐ြာထဲက လူေတြက ဘုရားရိပ္တရားရိပ္ေနရတာ ေအးခ်မ္းလိုက္တာလို႔ေျပာဘူးတယ္ ငါလည္းေသခ်ာမသိပါဘူးကြာ ဒါေပမဲ့ အခု သခ်ႋဳင္းအရိပ္ပိုေအးခ်မ္းၿပီးေနလို႔ေကာင္းတယ္ဆိုတာ အဲ့လူေတြ မသိခို႔ျဖစ္မယ္ ”
“အဘက ေျပာေတာ့မယ္ ဗ်ာ ဘယ္ခ်ိန္သရဲ ဖမ္းမွာလဲ သင္ျပဦးဗ်”
“သင္ရတာ မခက္ခဲပါဘူး မင္းဆို ပိုမခက္တယ္ မင္းလိုေၾကာက္ရလန႔္ရမွန္းမသိတဲ့ေကာင္က ဘာမွေတာင္ သိပ္သင္စရာမလိုဘူး မင္းကို ေဆးမွင္ေၾကာင္ထိုးတဲ့ အတက္နဲ႔ မႏၲန္အတက္ကေတာ့ ေနာက္မွ တျဖည္းျဖည္းသင္မယ္ ”
“ဟုတ္ကဲ့အဘ”
ဦးအုန္းသည္ အုတ္ဂူေပၚ ေျခလႊဲခ်ထိုင္လိုက္ၿပီးေနာက္ ေမာင္ဘိုးထင္ကို ၾကည့္ကာ
“အခုက သရဲ ဖမ္းတာမဟုတ္ဘူးကြ ေမြးမွာ အရင္ငါလာတာက ဖမ္းတာ ကိုယ္တိုက္ခ်င္တဲ့ အိမ္ကို သရဲရဲ႕ စိတ္စြဲလန္းဖူးတဲ့ အရာေတြကို ယူၿပီး သြားျမႇဳပ္တာေပါ့ကြာ ၿပီးေတာ့ အဲ့မွာရွိေစတာပဲ ေဒါသထြက္ေနတဲ့ သရဲေတြက အဲ့အိမ္မွာေျခာက္လွန႔္ေပါ့ကြာ ”
“အင္း သေဘာေပါက္ၿပီအဘ ခုဟာက ေမြးမွာလား ”
“ဟုတ္တယ္ ငါတို႔သူ႔ကို ေကြၽးေမြးၿပီး ေနရာတေနရာ ေပးထားမယ္ လိုအပ္ရင္ ခိုင္းမယ္ေပါ့ကြာ “,
“ဟုတ္ကဲ့အဘ ”
“ကဲကဲ လူေလး သရဲေ႐ြးပြဲေလးစလိုက္ရတာေပါ့ ”
“ေနဦးအဘ သူမ်ားေတြေျပာတဲ့ သခ်ႋဳင္းေစာင့္ မဖဲဝါဆိုတာႀကီးနဲ႔ေတြ႕ရဦးမွာလား ”
“သခ်ႋဳင္းေတြဒီေလာက္မ်ားတာ မဖဲဝါ ဘယ္သခ်ႋဳင္းေနလဲေတာင္မသိဘူး ေခၚရင္ေတာ့လာမွာေပါ့”,
“ဟုတ္လားအဘ လာရင္လည္း သူပဲဖမ္းသြားမလားလို႔ က်ဳပ္ေတြးေနတာ ”
ေမာင္ဘိုးထင္၏ စကားေၾကာင့္ ဦးအုန္း မ်က္လုံးျပဳးကာ ေမာင္ဘိုးထင္အား ၾကည့္လိုက္သည္၊ ေမာင္ဘိုးထင္သည္ အုတ္ဂူေပၚ ေျခေထာက္ေအာက္သို႔ လႊဲခ်ထိုင္ေနပါသည္၊ထို႔ေနာက္ ဦးအုန္းသည္ ေမာင္ဘိုးထင္အား
“ေကာင္ေလး သရဲ တေစၦေတြကို ေမြးေတာ့မယ္ဆို ကတိတည္ရတယ္ အဲ့ေကာင္ေတြက လူေတြလိုမဟုတ္ဘူး ေကြၽးမယ္ဆိုေကြၽးရတယ္ ေနပါဦး ေနာက္ေန႔မွ လို႔ေျပာမရဘူး အဲ့ေတာ့ ကတိမေပးခင္ ေသခ်ာစဥ္းစားရမယ္ ျဖစ္ႏိုင္၏ မျဖစ္ႏိုင္၏ေပါ့ ”
“ဟုတ္အဘ ”
“ၿပီးေတာ့ သရဲေမြးတယ္ဆိုရာ မွာ ကမၼဇိႏၶိ အားေကာင္းတဲ့ ေကာင္ေတြကို ေ႐ြးေမြးရမယ္ ”
“အဘ ေျပာတဲ့ ကမၼဇိႏၶိဆိုတာ ဘာႀကီးလဲဗ်”
“တန္ခိုး စြမ္းအားေပါ့ကြာ ငါတို႔က အားႀကီးတဲ့ သရဲကိုေမြးႏိုင္ေလ ငါတို႔ လုပ္ငန္းေစာင္တာေတြ ပိုၿပီးေအာင္ျမင္ေလကြ”
“အဘေျပာမွ သရဲေတြကို လက္ေဝွ႔ပြဲလုပ္ေပးၿပီး ေ႐ြးခိုင္းရမလိုပဲ”,
“လုပ္ရမွာကြာ အဲ့လိုေ႐ြးရမွာ ”
“ဗ်ာ ”
ဦးအုန္း၏ စကားေၾကာင့္ ေမာင္ဘိုးထင္ ေၾကာင္အမ္းအမ္းျဖစ္သြားရသည္ ။ ေမာင္ဘိုးထင္ ျဖစ္ပ်က္သြားသည္ကို သေဘာက်ေနေသာ ဦးအုန္းမွ ဆက္ၿပီး စကာဆိုလိုက္သည္
“ဒီလိုေကာင္ေလးရ ဒီမွာ ရွိတဲ့ သရဲ သဘက္ တေစၦ ၿပိတၱာ ေျမဖုတ္ အသူရကယ္ ဆိုၿပီး အမ်ားသားရွိလိမ့္မယ္ ငါတို႔က အဲ့ထဲက ဘယ္အမ်ိဳးအစားကို ေမြးရမလဲ အရင္ေတြးရမယ္ သရဲ ကိုအမ်ားဆုံးေမြးပါတယ္ ႏိုင္ႏိုင္နင္းနင္းေပါ့ ”
“ဟုတ္အဘ ”
“အဲ့ေတာ့ ဒီဝန္းက်င္က သရဲေတြကို ငါတို႔ တက္ႏိုင္တာနဲ႔ ကမ္းလွမ္းရမယ္ ဘယ္ႏွစ္ရက္ အမဲသား ဘယ္ေလာက္ေကြၽးမယ္ ဘာညာေပါ့ကြာ ”
“ဟုတ္အဘ ”
“အဲ့ အခ်ိန္ ႏွစ္ေကာင္လာရင္လာမယ္ ဆယ္ေကာင္လာရင္လာမယ္ ကြာ အဲ့ေကာင္ေတြ အခ်င္းခ်င္းလုံးခိုင္း ေနာက္ဆုံး ဗိုလ္ရတဲ့ေကာင္ကို ေခၚမွာ ”
” အဘ သရဲေ႐ြးတာ က်ဳပ္ေတာင္သေဘာက်လာၿပီး ဒိုင္ေတြဘာေတြ လိုေသးလားအဘ ”
“လိုတာေပါ့ ကြာ အခုမင္းနဲ႔ငါက ဒိုင္ ပဲ ေပါ့ကြာ”
“ေကာင္းလိုက္တာအဘရာ ”
ေၾကာက္႐ြံ႕မႈကင္းမဲ့စြာ အားရပါးရ စကားေျပာေနေသာ တပည္ျဖစ္သူ ေမာင္ဘိုးထင္ကိုၾကည့္ၿပီး ဦးအုန္း သေဘာက်ေနသည္ ၊ တပည္ေ႐ြးတာ မွန္ကန္သည္ဟုလည္း ေတြးေနပါေလေတာ့သည္ ။
▪️အခန္း-၅
အုတ္ခုံေပါတြင္ ေမာင္ဘိုး ထင္ႏွင့္ ဦးအုန္း ထိုင္ေနသည္။ လေရာင္လင္းေနေသာ အုတ္ဂုေရွ႕ေျမကြပ္လပ္ကို အာ႐ုံစိုက္ေနသည္ ၊ ထိုေနာက့္ ဦးအုန္းသည္ မႏၲန္တခုကို ႐ြတ္လိုက္ၿပီးေနာက္
“ကဲ ဒီသခ်ႋဳင္းမွာရွိတဲ့ သရဲအေပါင္းတို႔ က်ဳပ္ ေအာက္လမ္းဆရာဦးအုန္းဖိတ္ေခၚပါတယ္ သင္တို႔ထဲက တဦးကို ငါ နဲ႔ ငါ့တပည္ ဘိုးထင္ ေမြးခ်င္ပါတယ္ ငါတို႔ ခိုင္းတဲ့ လုပ္ငန္းအခ်ိဳ႕ကိုလုပ္ေပးရပါမယ္ အဖို႔အခအေနနဲ႔ ဆယ္ရက္ကို တႀကိမ္ အမဲသာ ႏွစ္ပိႆာေကြၽးပါမယ္ ငါတို႔ေျပာတာလက္ခံရင္ ငါတို႔ေရွ႕လာခဲ့ၾက”
ဦးအုန္း၏ စကားဆုံးသည္ႏွင့္ လသည္ တိမ္တိုက္အခ်ိဳ႕ကို ထဲဝင္သြားၿပီးေမွာင္မဲသြာ၏ ထိုေနာက္ တိမ္တိုက္မ်ားကင္းစင္သြားခ်ိန္ လေရာင္၏အလင္းေရာင္ျပန္ေပၚလာသည္ ၊ျပန္ေပၚလာေသာလေရာင္ ေအာက္တြင္ေတာ့ ပုံသ႑န္စုံလွေသာ သရဲေလးေကာင္ေရာက္ေန၏ ထိုသရဲမ်ားကို ဦးအုန္းေသခ်ာၾကည့္လိုက္ၿပီး ေမာင္ဘိုးထင္ဘက္လွည့္ကာ
“ေကာင္ေလး ငါသရဲေတြနာမည္ေတြေမးမယ္ မင္းမွတ္ထားဦး”
“ဟိုအစြန္က သရဲနာမည္က ငနက္အဘရ”
“ဟာ မင္းကသိတာလား ”
“သိတယ္ေလ အဲ့သရဲ က်ဳပ္ဆီက အမဲသားေတာင္းစားတာ ”
“တခုသတိထား ေကာင္ေလး သရဲေတြ တေစၦေတြနဲ႔ စကားေျပာရင္ ငါလို႔ပဲေျပာ က်ဳပ္တို႔ က်ေနာ္ တို႔နဲ႔ မေျပာနဲ႔ ၾကားလား ငါတို႔က သူတို႔ကို အေပၚက ဆက္ဆံရမယ္ သူတို႔က ဆင္ေတြကိုထိန္းရသလိုပဲကြ သတိေတာ့ထားရမယ္ ၾကားလား ”
“ဟုတ္အဘ”
ဦးအုန္းသည္ ေမာင္ဘိုးထင္အား တိုးတိုးေျပာၿပီးေနာက္
“အခု ငါတို႔ေရွ႕ေရာက္လာတာ ဘယ္သူေတြလဲ နာမည္ေျပာၾကစမ္း ဟို ေကာင္”
ဦးအုန္းသည္ အစြန္ဆံုးမွ သရဲေကာင္ကစၿပီး သရဲတေကာင္ခ်င္းကို လက္ညႇိဳးထိုးၿပီးေမးလိုက္သည္
“ဟိုေကာင္ နာမည္”
“ငနက္”
“မင္းနာမည္”
“စံပ”
“မင္းေကာ”
“ငတြက္”
“ဟိုေကာင္ ”
“စိတ္တ”
”ေအးေအး ေကာင္းၿပီ နင္တို႔ နဘန္းလုံးရမယ္ ႏိုင္တဲ့ေကာင္ အခ်င္းခ်င္း ထပ္ခ်ရမယ္ ၾကားလား ”
ဦးအုန္းသည္ သရဲမ်ားကို ေသခ်ာၾကည့္ၿပီးေနာက္ ေမာင္ဘိုးထင္ဘက္လွည့္ကာ
“ေကာင္ေလး ဘယ္ေကာင္ နဲ႔ ဘယ္ေကာင္ခ်ခိုင္းရမလဲ ”
“က်ဳပ္ကေတာ့ ငနက္ကိုတန္းေခၚခ်င္တာ ဗ်”
“ရမလားကြ ပိုအားႀကီးတဲ့ ေကာင္ေခၚရမွ ဒါစည္းကမ္းပဲ မင္းဒိုင္ျဖစ္ၿပီး မညစ္နဲ႔ေကာင္ေလး ”
“က်ဳပ္ကေျပာၾကည့္တာပါ ကဲ က်ဳပ္ေ႐ြးမယ္ ”
ေမာင္ဘိုးထင္သည္ သရဲေလးေကာင္ကို ေသခ်ာၾကည့္ၿပီး ဦးအုန္းအားစကားဆိုလိုက္သည္
“အဘ စံပ နဲ႔ စိတၱက အေကာင္ႀကီးတယ္ သူတို႔ကို ခ်ခိုင္းဗ်ာ ”
“အဲ့ေတာ့ ငနက္ နဲ႔ ငတြက္က အေကာင္ကြာတယ္ကြ ငနက္ႀကီးက စံပ နီးပါးပဲ ”
“အဘရယ္ ထားလိုက္စမ္းပါ က်ဳပ္ေျပာသလိုပဲ လုပ္ဗ်ာ ”
“ေကာင္ေလး မင္းေဘာင္ထဲက ညစ္ေနၿပီ ငါသိတယ္ ေနာ္ ”
“ေနစမ္းပါ ဒိုင္ေတြပါဆို ခပ္တည္တည္ေနဗ်ာ အဘနဲ႔ လည္းခက္တယ္ မ်က္ႏွာ ပိုးကို မေသဘူး”
ေမာင္ဘိုးထင္၏ စကားေၾကာင့္ ဦးအုန္း မ်က္လုံးပါပင့္တက္သြားရသည္ ၊ တယ္မလြယ္တဲ့ေကာင္ပါလားဟုလည္းေတြးရင္း သရဲမ်ားဘက္လွည့္ကာ
“စံပ နဲ႔ စိတၱခ် ေတာ့ ”
သရဲ ႏွစ္ေကာင္လုံးေထြးေနသည္ လွ်င္ျမန္လြန္းသည့္အတြက္ အရိပ္မဲမ်ားသ႑န္သာ ျမင္ေနရသည္ အေတာ္ၾကာေသာအခါ ေမာင္ဘိုးထင္သည္ စိတ္မရွည္ျဖစ္ကာ
“အဘ ဒီေကာင္ေတြကို ဒီတိုင္းခ်ခိုင္းေနရင္ တသက္လုံးၿပီးမွာ မဟုတ္ဘူး”
“တခါတေန တရက္ေလာက္ၾကာတယ္ ကြ ”
“အဲ့ေလာက္ အၾကာႀကီး မေစာင့္ႏိုင္ဘူးဗ်ာ စိတ္မရွည္ဘူး ”
ေမာင္ဘိုးထင္သည္ ေျပာေျပာဆိုဆို မက္တက္ထရပ္လိုက္ၿပီး
“ေဟ့ေကာင္ေတြ ရပ္စမ္း ”
ေမာင္ဘိုးထင္၏ စကားေၾကာင့္ လုံးေထြးေနေသာ သရဲ စံပ ႏွင့္ စိတၱ ရပ္လိုက္ၾကသည္ ၊ ထိုအခါ ေမာင္ဘိုးထင္သည္ ထပ္ၿပီးစကားဆိုလိုက္သည္
“မင္းတို႔ကို မေ႐ြးဘူး ငနက္ လာခဲ့ မင္းကို ေ႐ြးတယ္ ”
ငနက္သည္ ဦးအုန္းတို႔နားကပ္လာသည္ က်န္ေသာ သရဲမ်ားက မေက်မနပ္ျဖစ္ကာေနရာ ေမာင္ဘိုးထင္သည္ ဦးအုန္းအား တိုးတိုးႏွင့္ စကားေျပာလာသည္
“အဘ ဟိုေကာင္ေတြ မေက်နပ္လို႔လာခ်ရင္ အဘ တားေပးဦးေနာ္ ”
“မင္းက စည္းေဖာက္တာကို ဘယ္ေက်နပ္မလဲ ”
“အဘ ေျပာေတာ့ ဆင္ေတြလိုပဲဆို ဒီေကာင္ေတြ က်ဳပ္တို႔စကား နားကိုေထာင္ရမယ္ ”
“ေအးပါကြာ ငါက မင္းကို လက္ေတြသင္ခန္းစာေတြ ေပးေနတာ မင္းက ငါ့ကိုေတာင္ ပညာေတြ ျပန္သင္ေနပါ့လား ”
“ဟုတ္တယ္ေလဗ်ာ သူတို႔ ခ်တာက အၾကာႀကီး မေစာင့္ႏိုင္ဘူး အခုေတာင္ အခ်ိန္ လင့္ေနၿပီ ဗိုက္လည္း ဆာေနၿပီ က်ဳပ္က ငနက္ကိုေတာ့ ေခၚလိုက္ၿပီ ဘာထပ္လုပ္ရမွာလည္း ”
“စာ ခ်ဳပ္ လုပ္ရဦးမယ္ ”
“ဟာ အဘ စာခ်ဳပ္လည္း ရွိေသးတာလားဗ်ာ အဘတို႔ေလာက ကလည္း တကယ္အဆန္းေတြပဲဗ်ိဳ႕ ”
ဦးအုန္း ႏွင့္ ေမာင္ဘိုးထင္ စကားေျပာေနစဥ္ က်န္ေသာ သရဲသုံးေကာင္ထံမွ ေျခာက္ကပ္ကပ္အက္ကြဲကြဲစကားသံမ်ားေပၚလာသည္။
“မေက်နပ္ဘူး ငါတို႔မေက်နပ္ဘူး ”
ထိုအခါ ေမာင္ဘိုးထင္သည္ ဦးအုန္းအနားကပ္သြားၿပီး
“အဘ ဟိုေကာင္ေတြက မေက်နပ္ဘူးတဲ့ဗ် ဘယ္လို႔လုပ္မလဲ ”
“မင္းကေကာ ဘယ္လို လုပ္ခ်င္လဲ ”
“က်ဳပ္ကေတာ့ သူတို႔ကို အမဲသား ငါးဆယ္သားစီေကြၽးမယ္လို႔ ညႇိဳခ်င္တယ္ဗ်ာ မတရားလည္း တအားမလုပ္ခ်င္ဘူး ”
“တပိႆာေတာင္ မဟုတ္ပါလား မင္းက ဇေကာဇကႀကီး ”
“အဘကလည္းဗ်ာ အဘေငြကုန္သက္သာေအာင္ေျပာေပးရတာကို အ လိုက္တာဗ်ာ ”
“ေအးေအး ပါကြာ မရေတာ့လည္း ငါ့ပညာျပရတာေပါ့”
ဦးအုန္းသည္ အုတ္ဂူအေျခနားမွ ေျမႀကီးမႈ႕န႔္မ်ားကို လက္ႏွင့္ ကုပ္လိုက္ၿပီး
“မင္းတို႔ မေက်နပ္လည္း ငါလို ဆရာက ဂ႐ုစိုက္စရာလား မင္းတို႔ကို သနားလို႔ တေကာင္ကို မနက္ျဖန္ အမဲသား ငါးဆယ္သားဆီ ေကြၽးမယ္ ေက်နပ္လား “,
“မေက်နပ္ဘူး မေက်နပ္ဘူး”
သရဲသုံးေကာင္သည္ ထိုသို႔ေျပာၿပီး ဦးအုန္းတို႔အနားတိုးလာရာ ဦးအုန္းသည္ ေျမမႈန႔္မ်ားဆုပ္ကိုင္ထားေသာ သူ၏လက္ကို ပါးစပ္ႏွင့္ တခ်က္မႈတ္လိုက္ၿပီး
“ငါလိုဆရာကို သရဲစုတ္ေတြက အံတုဝံ့ေနတယ္ေပါ့ ေသစမ္းကြာ ”
ဦးအုန္းသည္ အေရွ႕ကိုတိုးလာေသာ သရဲသုံးေကာင္အား ေပါက္လိုက္ရာ ေျမမႈန႔္မ်ားသည္ မီးစမ်ားသ႑န္ျဖစ္ကာ သရဲသုံးေကာင္အားးေတာက္ေလာင္ေလရာ ေၾကာက္လန႔္တၾကားႏွင့္ သခ်ႋဳင္းထဲရွိ သစ္ပင္မ်ားေပၚသိူ႔ ေျပးတက္သြားၾကေ ေတာဘသည္ ၊ ထိုအခါမွ ေမာင္ဘိုးထင္ သက္ျပင္းခ်လိုက္ကာ
“အဘကိုေတာ့ ဒီေကာင္ေတြေၾကာက္သား ”
“မင္းငါမရွိရင္ ဘယ္လိုလုပ္မလဲ ေကာင္ေလး ”
“က်ဳပ္ကလည္း အဘရွိလို႔ လုပ္ရဲတာေပါ့ဗ်ာ ”
“မင္းကေတာ့ေလ စာခ်ဳပ္ခ်ဳပ္ဖို႔လုပ္ ၾကရေအာင္ မင္းက ငနက္ကို သေဘာက်ေနတာ ဆိုေတာ့ မင္းပဲငနက္နဲ႔ စာခ်ဳပ္ ခ်ဳပ္လိုက္ကြာ မင္းေမြးတာေပါ့ ”
“အဘ ဘယ္မွာ ခ်ဳပ္ရမွာလဲ စာခ်ဳပ္လည္း မပါဘူးေလး ”
“ဟေကာင္ရ စာခ်ဳပ္ဆိုတာ စကားအရေျပာတာ မင္းကို ရွင္းျပေနရင္ မိုးလင္းသြားမယ္ လာလာ ”
ဦးအုန္းသည္ ေမာင္ဘိုးထင္ကို ေခၚလိုက္ၿပီး ေမာင္ဘိုးထင္၏ လက္ကို ဆုပ္ကိုင္လိုက္သည္ ၊ ထိုေနာင္ သရဲ ငနက္ကို ေရွ႕လာခိုင္းၿပီး
“ငနက္ မင္းကို ျမႇ့ပ္ထားတဲ့ ေနရာ ဘယ္မွာလဲ ”
ငနက္သည္ သူတို႔ ထိုင္ေနသည့္ အုတ္ဂူအား လက္ညႇိဳးထိုး လိုက္သည္။
“ကဲ အဆင္ေျပတာေပါ့ ေကာင္ေလး နည္းနည္း နာမယ္ ေနာ္ ”
ဦးအုန္းသည္ ေျပာေျပာဆိုဆို သူ၏ လြယ္အိတ္အမဲႀကီးထဲမွာ ဓါးေျမႇာင္ အတိုေလးကို ထုတ္ၿပီး ေမာင္ဘိုးထင္၏ လက္ညႇိဳးထိပ္ကို ေဖာက္လိုက္သည္ ထိုအခါေသြးမ်ားစိမ့္ထြက္လာရာ ဦးအုန္းသသည္ သူတို႔ ထိုင္ေနေသာ အုတ္ဂူႀကီးအေပၚက်ေစၿပီး
“ကဲေကာင္ေလး လိုက္ဆို ”
“ဟုတ္ကဲ့ အဘ ”
“က်ဳပ္ ေမာင္ဘိုးထင္ သည္ သရဲ ငနက္အား ဆယ္ရက္ကို အမဲသား သုံးပိႆာေကြၽးပါမည္ မေကြၽးခဲ့ပါ က်ဳပ္နဲ႔ က်ဳပ္မိသားစုကို ငနက္ဒုကၡေပးႏိုင္ပါသည္ ေကြၽးပါက ငနက္သည္ က်ဳပ္ခိုင္ရာကို လိုက္နာရမည္ျဖစ္သည္”
“က်ဳပ္ ဘိုးထင္ ႏွင့္ ဦးအုန္းသည္ သရဲငနက္အား ဆယ္ရက္ကို အမဲသား သုံပိႆာေကြၽးပါမည္ မေကြၽးပါက က်ဳပ္နဲ႔ က်ဳပ္မိသားစုကို ငနက္ ဒုကၡေပးႏိုင္ပါသည္ ေကြၽးပါက ငနက္သညါ က်ဳပ္တို႔ခိုင္းရာကို လိုက္နာရမည္ျဖစ္သည္”၊
“ေကာင္ေလး မင္းငါ့နာမည္ဘာလို႔ထည့္တာလဲ ဟ”
“က်ဳပ္မွာ ေငြမရွိဘူးေလ အဘက မေကြၽးဘူးဆို က်ဳပ္ဒုကၡေရာက္မွာေပါ့ဗ် အဲ့တာေၾကာင့္ အဘကိုပါထည့္ရတာ ”
“ေကာင္ေလး မင္းေတာ္ေတာ္ ညဏ္ေျပးတဲ့ေကာင္ပဲ ”
ဦးအုန္းသည္ တပည္ေက်ာ္ ေမာင္ဘိုးထင္အား သဘာက်စြာ စကားဆိုလိုက္ၿပီး ငနက္ကို ကိုေယာင္ေဖ်ာက္ၿပီးလိုက္ေစကာ အင္ၾကင္း႐ြာသို႔ ထြက္သြားၾကပါေလေတာ့သည္။
▪️အခန္း-၆
ဦးအုန္း၏ပညာေၾကာင့္ သရဲငနက္ ႐ြာထဲသို႔ အခက္အခဲမရွိလိုက္ပါႏိုင္ေပသည္ ၊ ႐ြာထဲတြင္ေတာ့ အိမ္မ်ားမွ အလင္းေရာင္မရွိေတာ့ေပ သို႔ေပမဲ့ ႐ြာလယ္က အိမ္ေလးတလုံးတြင္ေတာ့ မီးေရာင္ ရွိေနေလရာ ထိုအိမ္ေလးထဲ ဝင္သြားလိုက္ၾကသည္ ၊ အိမ္ဝိုင္းထဲ ဝင္လိုက္သည္ႏွင့္ စားပြဲ တန္းလ်ားမွ လူႀကီးေလးေယာက္မီးဖို ဖိုၿပီး ထိုင္ေနၾကသည္ ဦးအုန္းတို႔ဝင္လာသည္ကို ျမင္ေသာအခါ
“ဆရာႀကီး ဦးအုန္းလားဗ်ာ ”
“ဟုတ္ပါတယ္ ”
“ေနာက္က်လိုက္တာ ဆရာႀကီးရယ္ မလာေတာ့ဘူးေတာင္ထင္ေနတာ ”
ဦးအုန္းႏွင့္ ထိုလူႀကီးမ်ားစကားေျပာေနစဥ္ ေမာင္ဘိုးထင္သည္ ဦးအုန္း၏ ခါးကို တို႔တို႔ေနရာ
“ဘာလဲေကာင္ေလး စကားေျပာေနတယ္ေလကြာ ”
“အဘ ဗိုက္ဆာၿပီဗ် အခ်ိန္လည္းၾကည့္ပါဦး ”
ေမာင္ဘိုးထင္မွ တိုးတိုးတိတ္တိတ္ေျပာေပမဲ့ တျခားလူႀကီးမ်ားၾကားသြားကာ
“ဟုတ္တာေပါ့ ဆရာႀကီးတို႔ အေဝးႀကီးက လာရတာ ဗိုက္ဆာေနမွာေပါ့ သြားၾက တေယာက္ေလာက္ ထမင္းျပင္ၾကစမ္းပါဦး ”
ထိုင္ေနေသာ လူႀကီးမ်ားထဲမွ အသက္ပိုငယ္ဟန္ရွိေသာ လူႀကီးသည္ အိမ္ေပၚသို႔ အလ်င္အျမန္တက္သြားလိုက္သည္ ၊ ထိုအခ်ိန္ အိမ္ေပၚမွ မိန္းမသံ တသံ ထြက္ေပၚလာသည္
“အဲ့ေကာင္ေတြကို အဝင္မခံ နဲ႔ အဲ့ေကာင္ေတြကို အဝင္ မခံ နဲေဟ့ ”
ထိုအသံကိုၾကားေသာအခါ ဦးအုန္းသည္ ေနာက္သို႔ လွည့္လိုက္ၿပီး
“ငနက္ ေအာ္ေနတဲ့ ေကာင္ပါးစပ္ကို သြားပိတ္စမ္းကြာ ဒီလို ဖုတ္ေလာက္ေတာ့ မင္းေအးေဆးပါ က်န္တာ ငါခိုင္းမွလုပ္ ၾကားလား”,
ဦးအုန္း၏ စကားဆုံးၿပီး သိပ္မၾကာမီ အိမ္ေပၚမွေအာ္ေနေသာအသံသည္ တိတ္ဆိတ္လို႔သြား၏ ဦးအုန္းေရွ႕ရွိေနေသာ လူႀကီးမ်ားသည္ပင္ ဦးအုန္းအား မဝံမရဲ ျဖစ္ေနၾက၏။ ၊ အိမ္ေပၚတက္ၿပီး ထမင္းသြားျပင္ေသာ လူႀကီး ျပန္ဆင္းလာကာ
“ထမင္းစား လို႔ရပါၿပီ ဗ် ”
ထိုလူ၏ အသံၾကားသည္အခါ ေမာင္ဘိုးထင္ ၿပဳံး႐ႊင္သြားသည္ ၊ ဦးအုန္းမွ က်န္ေသာ လူႀကီးမ်ားႏွင့္ စကားေျပာေနျပန္ေလရာ ဦးအုန္း၏ လက္ကို ဆြဲ၍ အိမ္ေပၚသို႔ တက္ရန္ ေမာင္ဘိုးထင္ဆြဲေခၚေနပါေလေတာ့သည္။
▪️အခန္း-၇
ဦးအုန္ႏွင့္ ေမာင္ဘိုးထင္သည္ ထမင္းစားၿပီး၍ အိမ္ေရွ႕ခန္းရွိ ဖုတ္ဝင္ေနေသာ သူနားမွာထိုင္ေနသည္ ၊ ဖုတ္ဝင္ေနသည္ဟုေျပာေသာ သူမွာ အေမအိုႀကီးတေယာက္ျဖစ္ၿပီး ပိန္လွီေနၿပီး မ်က္လုံးတို႔ပင္ ေဟာက္ပဲ့ျဖစ္ေနၿပီျဖစ္သည္ အ႐ိုးေပါအေရတင္ျဖစ္ကာ ေၾကာက္စရာ အသြင္ပင္ ရွိေနေလ၏၊ ထိုအမယ္အို၏ မ်က္လုံးမ်ားသည္က ျပဴးေၾကာင္ေၾကာင္ႏွင့္ ကိုယ္ခႏၶာ ႏွင့္ မလိုက္ေအာင္ စူးရွေနျပန္သည္ ၊ ဦးအုန္း ထိုအမယ္အိုကို ေသခ်ာၾကည့္လိုက္သည္ ဖုတ္ဝင္သည္က ေသခ်ာေနၿပီျဖစ္သည္ ၊ အနားတြင္ေတာ့ ထိုအေမအိုႀကီး ၏ ဝိညဥ္သည္ အမယ္အိုႀကီး၏ ကိုယ္ခႏၶာအနားတြင္ ေဝ့လည္ေနသည္ ၊ ထို့ေနာက္ အေမအို၏ သားမ်ားႏွင့္ ေခြၽးမမ်ားအား စကားဆိုလိုက္သည္
“ဖုတ္ကေတာ့ အႀကီးစားဝင္ေနတာပဲ အႏုနည္းနဲ႔ေတာ့ ထုတ္မရဘူး”
“က်ဳပ္တို႔လည္း အထက္လမ္းဆရာေတြကို ပင့္ပါတယ္ဗ်ာ သူတို႔လည္း သူတို႔နည္းလမ္းနဲ႔ ထုတ္ေပးေပမဲ့ အဆင္မေျပပါဘူးဗ်ာ အဲ့တာေၾကာင့္ ဆရာႀကီးကို ပင့္လိုက္တာပါ ”
“က်ဳပ္ဖုတ္ထုတ္ေပးတာေတာ့ဟုတ္ၿပီ ဖုတ္ထြက္သြားရင္ေတာ့ တရက္ေလာက္ပဲ အသက္ရွင္ႏိုင္တယ္ ေနာ္ ”
“အခုပုံ နဲ႔ တရက္လားဆရာ ”
“မဟုတ္ဘူး ခင္ဗ်ားတို႔ရဲ႕ အေမ အေနနဲ႔ပါ ”
“ဘယ္တက္ႏိုင္မွာလည္းဆရာႀကီးရာ အခုလိုႀကီး ျဖစ္ေနတာထက္စာရင္ ဘဝကူးသြားတာမွ ေတာ္ပါေသးတယ္ ”
“က်ဳပ္ ခင္ဗ်ားတို႔ အေမကို လက္နဲ႔ မထိပါဘူး ေတာ္ၾကာ က်ဳပ္႐ိုက္ပုတ္လို႔ ဆံုးတယ္လို႔ အေျပာမခံႏိုင္ဘူး”
“ဟုတ္ကဲ့ပါ ဆရာႀကီးနားလည္ပါတယ ္”,
ဦးအုန္းသည္ အမယ္အိုႀကီး၏သားမ်ားမွ ဖုတ္ထုတ္ဖို႔ ခြင့္ျပဳလိုက္ေသာအခါ ဦးအုန္းသည္ ေမာင္ဘိုးထင္ကို ေခၚကာ အိမ္ေအာက္ဆင္းရန္ဟန္ျပင္လိုက္ၿပီး အေမႀကီး၏ သားမ်ားအား
“က်ဳပ္တို႔ ျပင္ဆင္စရာရွိတာ ျပင္ဆင္လိုက္ဦးမယ္ ခင္ဗ်ားတို႔ အိမ္ေပၚကပဲေစာင့္ပါ ”
“ဟုတ္ကဲ့ဆရာႀကီး”
ဦးအုန္းသည္ ေမာင္ဘိုးထင္ကို ေခၚကာအိမ္ေအာက္ဆင္းလာၿပီး အိမ္ဝိုင္ထဲဝင္လာစဥ္က ေတြရေသာ မီးဖိုအနားရွိ တန္းလ်ာမွာ ထိုင္လိုက္ကာ ဦးအုန္းမွ စကားဆိုလိုက္သည္
“ေကာင္ေလး ဖုတ္ထုတ္တယ္ဆိုတာ အစီအရင္နဲ႔ထုတ္လို႔ရတယ္ အခုလို အစီအရင္ မႏိုင္တဲ့ဖုတ္ဆို သူကိုႏိုင္တဲ့ ေကာင္ကို ခ်ခိုင္းၿပီး ထုတ္ရတယ္ ငါတို႔က သူတို႔အေရွ႕မွာ ငနက္ကို ခ်ခိုင္းလို႔အဆင္မေျပဘူးေလ အဲ့ေတာ့ ”
ဦးအုန္းသည္ ေျပာလက္စ စကားကို ခဏရပ္လိုက္ၿပီး
“ငနက္ လာစမ္း ခိုင္းစရာရွိတယ္ ”
ငနက္ေရာက္လာသည္ႏွင့္ ဖုတ္ဝင္ေနေသာ အမယ္အိုမွာ ဦးအုန္းတို႔အား ယုတ္ရင္းၾကမ္းတမ္းစြာဆဲဆိုေနပါေတာ့သည္ ၊ ထိုေနာက္ဦးအုန္းသည္ ငနက္အား
“ငနက္ လူခႏၶာထဲ ဝင္ေနတဲ့ေကာင္ကို မင္းႏိုင္လား ”
“ႏိုင္ပါတယ္ ”
“ႏိုင္ရင္ အဲ့ေကာင္ကို ေမာင္းထုတ္လိုက္ေတာ့ကြာ ၾကားလား ”
ဦးအုန္းထိုသို႔ေျပာလိုက္သည္ႏွင့္ ငနက္အိမ္ေပၚျပန္တက္သြားသည္ ၊ ငနက္ျပန္တက္သြားသည္ ႏွင့္ ဦးအုန္းအားဆဲဆိုေနေသာ ဖုတ္ဝင္ေနသည္ အေမႀကီး၏ အသံလည္းတိတ္ဆိတ္သြားသည္ ၊ ထိုေနာက္ ဦးအုန္း ႏွင့္ ေမာင္ဘိုးထင္ အိမ္ေပၚျပန္တက္လာကာ ထိုအေမႀကီးနားတြင္ထိုင္လိုက္သည္ အေမႀကီးမွာ မ်က္လုံးမ်ားျပဴးက်ယ္ေနသည္ ခဏၾကာေသာ အခါ ငနက္သည္ အမဲ ကိပ္သ႑န္တခုအား လည္ဂုတ္မွ ကိုင္ၿပီး အေမႀကီး၏ ကိုယ္ထဲမွာ ဆြဲၿပီးထုတ္လာကာ အိမ္အျပင္သိူ႔ ၊ထြက္ခြာသြားပါေလေတာ့သည္ ၊ ငနက္တို႔ထြက္သြားသည္ႏွင့္ အေမအို၏ ဝိညဥ္သည္ သူမ၏ ကိုယ္မွ ဆြဲယူလိုက္သည္အလား ဝင္ေရာက္သြားကာ အေမႀကီးမွ ေခ်ာင္းဆိုးသံ စတင္ ထြက္ေပၚလာေတာ့သည္
“အဟြတ္ အဟြတ္ သားတင္ခိုင္ ”
“အေမ က်ဳပ္တို႔အနားမွာ ရွိပါတယ္ ”
အေမအိုႀကီး၏ လက္အားသူ၏ သားမ်ားကိုင္လိုက္ခ်ိန္တြင္ေတာ့
“အား အေမအသားေတြ နာလိုက္တာ ကြၽတ္ကြၽတ္ေသပါၿပီ သားရယ္”
အေမအို၏ ေျပာစကားၾကားေသာအခါ အေမအို၏ သားမ်ားသည္ ဦးအုန္းအား အကူညီေတာင္ဟန္ၾကည့္လာရာ ဦးအုန္းသည္ အႀကီးဆုံးျဖစ္ဟန္တူေသာ သားအနားသြာကာ အသံတိုးတိုးႏွင့္
“က်ဳပ္ေျပာထားသလိုပါပဲ အခုဟာက ခင္ဗ်ာတို႔အေမပါ သူအသားေတြနာတယ္ဆိုတာ လူမို႔လို႔ပါ ဆုံးကာနီးလူေတြရဲ႕ ထြက္သက္ကာ နာက်င္ပါတယ္ ခင္ဗ်ာတို႔ သူရဲ႕ အသားေတြကို သြားမထိပါနဲ႔ အစားအေသာက္ေတြ မေကြၽးပါနဲ႔ က်န္တာေတာ့ က်ဳပ္လည္း မေျပာတက္ဘူး ‘
“တရား တရားနားခိုင္းရမွာ လားဆရာႀကီး ”
“က်ဳပ္တိုအိပ္ခ်င္ၿပီ ဒီအိမ္မဟုတ္ တဲ့ တျခားအိမ္ကို စီစဥ္ေပးႏိုင္မလား ”
“စီစဥ္ထားပါတယ္ ဆရာႀကီး အဖို႔အခေလး ဘယ္ေလာက္ကန္ေတာ့ရမလဲ ခင္ဗ်ာ ”
“ႏွစ္ဆယ္ေလာက္ေတာ့ေပးေပါ့ ဗ်ာ ”
“ေက်းဇူးတင္ပါတယ္ ဆရာႀကီးရယ္ ”
ထိုေနာက္လူႀကီး တေယာက္သည္ ယခုအိမ္ႏွင့္ တအိမ္ေက်ာ္မွ အိမ္တလုံးကို ပို႔ေဆာင္ေပးးလိုက္ေတာ့သည္ အိမ္ေပၚတြင္ေတာ့ ေခါင္းအုံး ႏွင့္ ေစာင္မ်ား အသင့္ျပင္ေပးထားရာ ဦးအုန္း ႏွင့္ ်မာင္ဘိုးထင္ ဝင္အိပ္လိုက္ၾကသာ္ ေမာင္ဘိုးထင္မွ ဦးအုန္းအားစကားဆိုလာသည္
“အဘ အေမႀကီးက သနားစရာပဲေနာ္”
“အခုမွ သူကိုယ္ခႏၵာထဲ ျပန္ဝင္ရတာေလ ဒါေပမဲ့ သူရဲ႕ ကိုယ္ခႏၶာက အသက္ဆက္ဖို႔အတြက္ အားမရွိေတာ့ပါဘူး”
“ဟုတ္ပါ့ဗ်ာ သူၾကည့္ရတာလည္း ပိန႔္လွီေနတာပဲ ဘယ္လိုမ်ား အသက္ရွင္ေနတာ အံဩတယ္ ”
ဦးအုန္း မည္သည္စကားမွျပန္မေျပာပဲ မ်က္လုံးကို မွိတ္ထားလိုက္သည္ ၊ စင္စစ္ အေမႀကီးသည္ ေသဆုံးေနၿပီျဖစ္သည္။ သို႔ေပမဲ့ သူ႔၏ သားမ်ားအားစြဲလန္းစိတ္ေၾကာင့္ မကြၽတ္မလြတ္ပဲ ဖုတ္ဝင္ေနေသာ သူမ၏ ကိုယ္ခႏၶာအနားတြင္ ေဝ့လည္ေနေလရာ သားမ်ားႏွင့္ စကားေျပာႏိုင္ရန္ ဦးအုန္း တရက္မွ် ကိုယ္ခႏၶာထဲေန႔ခြင့္ေပးထားခ်င္ျဖစ္သည္ ၊ ထို႔ေနာက္ လမ္မွာေတြ႕ခဲေသာ ေညာင္ပင္ႀကီးမွ တေစၦအေၾကာင္းကို ေတြးေနမိ၏ ၊ ဦးအုန္း ေတာ္ေတာ္ ႏွင့္ အိပ္မေပ်ာ္ေပ ၊ ေမာင္ဘိုးထင္သည္က ပင္ပန္းသည္ထင္၏ ခဏႏွင့္ အိပ္ေပ်ာ္သြားသည္ သူအိပ္ေပ်ာ္ေနရင္းမွ ေယာင္ယမ္းၿပီးစကားေျပာလာ၏
“အေမ အေမ က်ေနာ့္ကို ရယ္ျပေလဗ်ာ ”
ဦးအုန္း တခုသတိရသြား၏ ေမာင္ဘိုးထင္အိပ္ေနေသာ ေညာင္ပင္မွ ႏြယ္မ်ားအား လႊဲေပးေနသည့္ ၊ တေစၦ၏ သ႑န္သည္ကလည္း မီးေနသည္ပုံစံျဖစ္ေနရာ ဦးအုန္း ေတြးရင္ ပါးစပ္မွာ ေယာင္ယမ္းေျပာမိသြားသည္
“ေကာင္ေလးအေမမ်ားလား”
ဦးအုန္းသည္ ထိုသို႔ အေတြးေပါင္းမ်ားစြာျဖစ္ အတန္ၾကာေသာအခါ တျဖည္းျဖည္း အိပ္ေပ်ာ္လို႔သြားပါေလေတာ့သည္ ။
▪️ေအာက္လမ္းဘိုးထင္ ႏွင့္ လက္ေတြ႕သင္ခန္းစာ သည္က ဤမွ်သာ မၾကာမီ ေအာက္လမ္းဘိုးထင္ ႏွင့္ တေစၦအေမ အမည္ရေသာ ဇတ္လမ္းေလးအား တင္ဆက္ေပးပါမည္။
📝ေမာင္တင္ဆန္း
#mgtinsan
#ညမဖတ္ရ