” သဂြိုလ်တဲ့ည “(စ-ဆုံး)

Unicode Version

” သဂြိုလ်တဲ့ည “(စ-ဆုံး)
————————
သော်တာလမင်းစန္ဒာ

” မစန်းအေးရေ… မစန်းအေး.. ”
အိမ်ရှေ့မှ ခုနှစ်သံချီအော်ခေါ်ပြီးအိမ်ပေါ်ပြေးတက်လာသော ဒေါ်ခင်မေကြောင့် ရွှေရည်ထိတ်လန့်သွားခဲ့ရသည်..။ရွှေရည်၏မိခင်
ဒေါ်စန်းစန်းအေးလည်း ထိတ်ထိတ်ပျာပျာဖြင့် အိမ်နောက်ဖေးမှ
ပြေးထွက်လာတော့၏..။
ဒေါ်ခင်မေနှင့် ရွာထဲမှ မောင်ညို ..၊ ကိုသာလှ…၊ မစု တို့အား မျက်စိ
မျက်နှာပျက်စွာဖြင့်တွေ့လိုက်ရသောအခါ…
” အမလေး..လန့်လိုက်တာဟယ်.. ဘာကိစ္စတုန်း.. ”
” မသန်းအေး အသတ်ခံရလို့.. ချောင်းစပ်မှာအလောင်းတွေ့သတဲ့..
တော့်ကိုလာခေါ်ခိုင်းလို့ပါတော်… ”
” ဟင်.. အမလေးးး.. လုပ်ကြပါဦးတော်.. ငါ့ကိုလိုက်ပို့ကြစမ်း
ပါ… ”
” အမေ..သမီးလည်းလိုက်မယ်.. ”
သားအမိနှစ်ယောက် ထိတ်လန့်တုန်လှုပ်ကာ ဘုရားတပြီးလိုက်
သွားကြတော့သည်…။ရွာပြင်လယ်ကွင်းအချို့အားဖြတ်ကျော်ပြီး
ချောင်းစပ်အနီးသို့ရောက်သောအခါ မန်ကျည်းပင်အောက်နား
တွင် လူများစုရုံးနေကြသည်ကိုတွေ့လိုက်ကြသည်…။
ဒေါ်စန်းအေးနှင့် ရွှေရည်တို့လည်း ထိုနေရာသို့အပြေးသွားကြလေ
သည်..။ရွာလူကြီးနှင့် ရွာသားများက ဝိုင်းကြည့်နေသည့်ကြားထဲ
သို့ တိုးဝှေ့ကာကြည့်လိုက်ရာ… ဒေါ်သန်းသန်းအေးသည် မျက်လုံး
အပွင့်လိုက် ဗိုက်တွင် ဓါးဖြင့်ထိုးခံရပြီး သေဆုံးနေရှာပေပြီ…။
” မမကြီးရေ.. ဟီး..ဟီး..အီးး.. အဖြစ်ဆိုးလှချည်လား..ဟီး..ဟီး”
” ဒေါ်လေး.. အဟင့်..ဟီးဟီး.. အီး.. ”
” ကဲ..ဘယ်သူမှအလောင်းကိုမထိကြနဲ့ မကိုင်ကြနဲ့.. သက်ဆိုင်ရာ
ရဲတွေလာတဲ့အထိ စောင့်ပေးကြပါ.. ”
ရွာလူကြီး၏ တားမြစ်မှုကြောင့် ဒေါ်စန်းအေးတို့သားအမိမှာ အနီး
နားကနေသာ အလောင်းအားကြည့်ပြီး ငိုကြွေးနေရရှာတော့သည်။
” ကျုပ် အစ်မကိုဘယ်သူသတ်သွားတာလဲဦးမျိုးလွင်.. ကျုပ်ကိုပြော
ပါအုံး..ဟီး..ဟီး.. ”
ရွာလူကြီး၏ လက်မောင်းအား ဆုပ်ကိုင်ကာ ဝမ်းနည်းပက်လက်
မေးလေတော့သည်..။
” ဘာမှမသိရသေးပါဘူး..မစန်းအေး..စိတ်အေးအေးထားပါဗျာ..
အမှုမှန်ပေါ်ဖို့ ကျုပ်တို့အားလုံး ဝိုင်းကူညီမှာပါ.. ”
” ဘယ်လိုစိတ်အေးနိုင်မတုံးတော့… ဟီး..အီး.. လူတစ်ယောက်လုံး
အသတ်ခံရတာ.. ကျုပ်တော့အားကိုးရာမဲ့ပါပြီတော်..အီးး ဟီး..ဟီး”
မကြာခင်မှာပင် ရဲတပ်ဖွဲ့များ ရောက်ရှိလာကြပြီး အလောင်းအားစစ်
ဆေးကြသည်..ထို့နောက်အလောင်းစတင်တွေ့ရှိသူအားစစ်ဆေး
မေးမြန်းပြီး.. အလောင်းအားသယ်ယူသွားကြလေသည်..။
အလောင်းမရှိသော်လည်း နာရေးအိမ်ဖြစ်၍ ဖဲဝိုင်းကရှိသည်..။
ရွာထဲမှ လူအချို့နှင့် ဆွေမျိုး များကလာအိပ်စောင့်ကူကြလေသည်။
ရပ်ဝေးရောက်နေကြသော မောင်နှမများအားအကြောင်းကြားပြီး
တစ်ညနေခင်းလုံးငိုကြွေးထားသဖြင့် ဒေါ်စန်းစန်းအေး မောပန်း
ကာ ခဏမှေးနေချေပြီ..။
သတင်းမေးသူများသာ တဖွဲဖွဲရောက်လာကြလေရာ ရွှေရည်နှင့်
သူမဖခင် ဦးလှရွှေတို့ ဒေါ်သန်းသန်းအေးသေဆုံးမှုကို ဝမ်းနည်း
စွာ ပြန်လည်ဖြေကြားနေတော့၏…။
ဒေါ်သန်းသန်းအေးသည် အပျိုကြီးဖြစ်ပြီး အသက် ၅၀ မပြည့်တပြည့်
အရွယ်…၊ အရပ်အမောင်းကောင်းပြီး အသားညိုသည်..။သာမာန်
ရွက်ကြမ်းရည်ကျို ရုပ်သာရှိသော်လည်း ငွေတိုးပေးစားသဖြင့်..
ရွှေကို သီးနေအောင်ဝတ်ဆင်နိုင်သည်…။ယခုအသတ်ခံရချိန်တွင်
ဝတ်ဆင်ထားသော လက်ဝတ်လက်စားများ အားလုံးမပါရှိတော့ပေ။
ပစ္စည်းကြောင့်သတ်သည်ဟု ယူဆရသဖြင့် လူသတ်တရားခံအား
ဝိုင်းဝန်းအဖြေရှာကြသော်လည်း မစဉ်းစားနိုင်ကြချေ။
ရွာထဲတွင်လည်း အမူအရာပျက်သူမရှိ..၊ရှောင်တိမ်းနေသောသူ
လည်းမရှိ၍ ပိုမိုအခက်တွေ့နေချေလေသည်..။ဒေါ်စန်းစန်းအေးမှာ
အစ်မဖြစ်သူ၏အခန်းအား သူစိမ်းအဝင်မခံလို၍ တံခါးသော့ခတ်
ထားလေသည်..။သေဆုံးသူမှာ ဝတ်ဆင်ထားသောလက်ဝတ်လက်
စားများအပြင် အခြားရွှေထည်များနှင့် လယ်ဧကစာရွက်စာတမ်းများ
အပေါင်ခံထားသောပစ္စည်းများ…၊ ငွေပေးချေးထားသောစာရင်း
စာအုပ်များရှိသဖြင့် ပိတ်ထားခြင်းဖြစ်လေသည်..။တံခါးရွက်အပြင်
ဖက်တွင် ခန်းစီးတပ်ထားသဖြင့် သော့အိမ်ကိုမမြင်ရပေ..။
” ရှပ်… ရှပ်…ရှပ်… ”
စကားသံများဆူညံနေ၍ သတိမထားမိနေကြရာမှာ လမ်းလျှောက်
နေသံကို သေချာစွာကြားလိုက်ရသဖြင့် ရွှေရည်တို့သားအဖမှာ
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိလိုက်ကြသည်..။အသံမှာ
သေဆုံးသူ၏အခန်းထဲမှလာခြင်းမှာ သေချာလွန်းနေချေသည်..။
ထိုအခန်းတွင် လူမရှိခြင်းကို မည်သူမှမသိကြဘဲ .. မိသားစုဝင်များ
သာသိထားကြသည်..။
” အဖေ.. ကြီးသန်း ထင်တယ်.. ”
လေသံတိုးတိုးဖြင့် ရွှေရည်ကအနားကပ်ပြောသောအခါ ဦးလှရွှေ
သည် တိတ်တိတ်နေရန် လက်ဟန်ခြေဟန်ပြလေသည်..။
” ဂလွမ်း.. ”
အခန်းတွင်းမှ ပစ္စည်းပြုတ်ကျသံကြောင့် ဖဲဝိုင်းမှာလူများ ရုတ်တရက်
တိတ်ဆိတ်သွားပြီး နားစွင့်နေကြသည်..။
” ဟင်းး.. ဟင်းး.. ”
ညည်းသံကိုပီပီပြင်ပြင်ထပ်မံကြားလိုက်ရသောအခါ..
” ကိုလှရွှေ..အခန်းထဲမှာဘယ်သူတုံး.. ”
” ဟို.. ဟာ..ကွာ..ငါ့မိန်းမ ပါ.. မင်းတို့ကလည်း..”
” အော်.. ”
ဦးလှရွှေအဖြေကြောင့် ဆက်မမေးကြတော့ဘဲ ဖဲဝိုင်းကပြန်စီ
လာပြန်သည်..။အဖြစ်မှန်သိနေသော ရွှေရည်မှာ ဖခင်ထံအတင်း
တိုးကပ်ပြီး ထိတ်လန့်နေတော့သည်..။
” ဒုန်း..ဒုန်း.. ”
အခန်းထဲမှ တံခါးထုနေသဖြင့်.. အားလုံးတိတ်ဆိတ်သွားကြပြန်
သည်..။ကိုလှရွှေတို့ဆွေမျိုးများသာ မျက်စိမျက်နှာပျက်နေကြချေသည်။
” ကိုလှရွှေ.. မစန်းအေးတံခါးဖွင့်ခိုင်းနေတာထင်တယ်ဗျ.. ”
ဖဲရိုက်နေသူများလည်း အရေးမစိုက်ကြတော့ပဲ ဝိုင်းပြန်ဆက်နေ
တော့သည်..။ထိုစဉ်..တဖက်အခန်းမှ..ဒေါ်စန်းစန်းအေးနိုးလာပြီး..
ထွက်လာရာ..
” ဟင်.. အစ်မစန်းအေး.. ဒီဖက်ခန်းမှာအိပ်နေတာမဟုတ်ဘူးလား”
နာရေးသတင်းလာမေးသူက အံ့သြကာမေးလေသည်..။
” ဘယ်ကသာ.. အဲ့မှာဘယ်သူမရှိဘူး..ငါသော့ခတ်ထားတာ..”
ကိုလှရွှေပင် တားချိန်မရလိုက်.. ဒေါ်စန်းအေးကဖြေလိုက်လေရာ..
လူအများထိတ်လန့်သွားကြတော့သည်..။
” ဒါဆို..ခုနက..ဘယ်သူတုံး.. ”
” မ..မ..သန်း…အေးလား..လား..”
” ဒုန်းးး..”
နာမည်ပြောရုံရှိသေးသည်..အခန်းတံခါးအားထုထည့်လာတော့
သည်..။
” အမလေးး..”
ဖဲဝိုင်းမှ လူအချို့ထလာပြီး ခန်းစီးစအားပင့်ကြည့်ကြလေရာ..
” ဟင်.. သော့ခတ်ထားတာဟ.. ”
အားလုံး၏မျက်နှာပေါ်တွင် ကြောက်ရွံ့မှုများက ဖုံးလွှမ်းနေတော့
သည်..။
” မစန်းအေး.. ဖွင့်..ဖွင့်..ကြည့်ပါလား.. အထဲမှာ..ကြောင်များ..
ဝင်..နေတာလား..မသိ..သိ..ဘူး.. ”
ထိတ်လန့်နေသည်ထက်စာလျှင် ကြည့်လိုက်ရသည်က အကြောက်
ပြေစေလိမ့်မည်ဟု ဆိုကြသဖြင့် ဒေါ်စန်းစန်းအေးလည်း အိပ်ခန်း
တွင်းမှသော့အားယူကာ အခန်းအားဖွင့်ကြည့်လိုက်လေသည်…။
အခန်းတွင်းအမှောင်ချထားသဖြင့် အထဲကိုမမြင်နိုင်ကြသေးပေ..။
အပြင်မှမီးရောင်ဖြင့် ဝိုးတဝါးသာမြင်နိုင်ပေသည်..။
လူများအခန်းထဲသို့ ချောင်းကြည့်လိုက်လေရာ.. ကုတင်ပေါ်တွင်
ဆံပင်ဖားလားချပြီး ကျောပေးကာထိုင်နေသော ဒေါ်သန်းသန်းအေး
အား ရုတ်တရက် တွေ့လိုက်ကြရသဖြင့်…
” အမလေးး.. ”
” သရဲဗျို့.. ”
” မသန်းအေးကြီးတော့.. ဘုရား..ဘုရား.. ”
ထိတ်လန့်ကာ ပြေးကြလေသည်..။လူအကုန်အိမ်အောက်ဆင်းပြေး
ကြသည်..။အိမ်ပေါ်သို့မည်သူမှမတက်ရဲကြတော့ချေ…။
” ဘယ်လိုလုပ်ကြမလဲတော့.. ”
” ဦးမျိုးလွင်ကိုသွားခေါ်ကြဟေ့… ”
” အမလေးး.. ကောင်ဖြစ်လက်ဖြစ်တော့ ..ကြောက်စရာကောင်း
ချက်.. ”
အိမ်ရှေ့တွင်ဆူညံကုန်ကြလေသည်..။မကြာမှီ..ရွာလူကြီးဦးမျိုးလွင်
ရောက်လာပြီး..
” ယောကျာ်းတွေပဲတက်မယ်ဟေ့.. လာကြ.. ”
ယောကျာ်းချည်းချည်း ဆယ်ယောက်ကျော်ခန့် အိမ်ပေါ်တက်ကြည့်
ကြသည်..။
” ဘာမှမရှိပါဘူးဟ.. နင်တို့တွေ.. မျက်စိမှားတာနေမှာပါ..လာ
ကြည့်ကြ.. ”
ဦးမျိုးလွင်မှ မည်သည်မှမရှိကြောင်းသေချာပြောပြမှ လူအချို့အိမ်
ပေါ်တက်ရဲကြသည်..။ဆူညံသံများကြောင့်လည်း ရွာထဲမှ လူအချို့
ပြေးလာကြည့်ကြလေရာ အိမ်မှာလူစည်ကားနေချေတော့၏..။
အိမ်ပေါ်သို့တက်ကြသော်လည်း အခန်းထဲသို့မဝင်ရဲကြချေ..။
အိမ်လယ်တွင်သာ စုရုံးကာထိုင်ကြသည်..။ဒေါ်သန်းသန်းအေး
အခန်းအား မီးဖွင့်ပြီး တံခါးလည်းဖွင့်ထားလေသည်..။
တော်တော်ကြာသည်အထိ အသံမကြားရတော့သဖြင့် အနည်း
ငယ်စိတ်အေးသွားကြကာ ပုံမှန်အတိုင်းပြန်ဖြစ်လာကြသည်..။
အိမ်ပြန်သူကပြန်.. ဆက်စောင့်သူကစောင့်ဖြင့်.. မနက် ၃ နာရီ
ထိုးလာချေပြီ..။
” ဝုန်းးးး… ”
” အမလေးး. ကယ်ကြပါ.. ”
ဒေါ်သန်းသန်းအေးအခန်းမှ တံခါးဆောင့်ပိတ်သံမှာ ကြမ်းတမ်း
လှချေသည်…။အိမ်ရှိလူအကုန် ပြေးဆင်းကြပြန်သည်..။
” ကိုလှရွှေ.. ကျုပ်..ကျုပ်တို့ ဆက်မစောင့်ရဲတော့ဘူး… ”
” ဟုတ်တယ်ဗျ.. ကျုပ်လည်းလန့်လာပြီ.. ”
” မပြန်ကြပါနဲ့ဗျာ.. ကူညီပြီးဆက်စောင့်ပေးကြပါ..ကျုပ်တောင်း
ပန်ပါတယ်… ”
ကြောက်လန့်လှသဖြင့် အိမ်ပြန်ချင်နေကြချေပြီ…။
” မိန်းမ.. နင်တစ်ခုခုပြောအုံး..နင့်အစ်မကို.. ”
” ငါဘာပြောရမတုံး.. ”
” ထပ်မခြောက်နဲ့လို့.. ပြောလေဟာ.. ”
” အလိုတော်.. ငါပြောလို့ကော မခြောက်ပဲနေမှာတဲ့လား.. ”
” ပြောကြည့်ပါဟ..အရှုံးမရှိပါဘူး.. ”
” ဟင်း… အစ်မ..ငါတို့လည်းကြောက်နေပြီတော့…နင်ခြောက်ရ
မှာကငါတို့ကိုမဟုတ်ဘူး.. နင့်ကိုသတ်သွားတဲ့သူကိုသွားခြောက်
ရမှာ..အီး..ဟီး..ဟီး.. အဖြစ်ဆိုးလိုက်တာအစ်မရယ်… ဟီး..ဟီး”
ဒေါ်စန်းစန်းအေး၏စကားအဆုံးတွင် အိမ်ပေါ်မှတစုံတဦးဆင်း
လာသည့်အသံအား ကြားကြရပြန်သည်..။
လှေကားပေါ်မှဆင်းလာသံ ခြေသံတဖျပ်ဖျပ်ကိုကြားလိုက်ကြပြီး..
ကြက်သီးများထလာကြလေသည်…။
” ကြားလားဟေ့.. တကယ်သွားပြီထင်တယ်ဟ… ”
” အမလေးဗျာ… လန့်ဖို့ကောင်းချက်… ”
လူတွေလည်း ကြောက်ကြောက်ရွံ့ရွ ံ့ဖြင့် အိမ်ပေါ်တက်ကာ ဝိုင်းဖွဲ့
ထိုင်နေရရှာတော့သည်…။မိုးလင်းသည်အထိမည်သည့်အသံမှထပ်
မကြားရတော့ပေ…။
နောက်ရက်တွေလည်း ခြောက်လှန့်သံမကြားကြတော့…။
အလောင်းအားစစ်ဆေးပြီး သဂြိုလ်၍ ရပြီဟု အကြောင်းကြား
လာသောအခါ.. မိသားစုဝင်များသည် အလောင်းသယ်ယူ
သွားရာ မြို့သို့သွားကြရပြီး ထိုမြို့ရှိ ရင်ခွဲရုံမှ မီးသဂြိုဟ်စက်
သို့ ပို့ဆောင်ကြရသည်..။
ရွာပြင်တွင်သေဆုံး၍လည်း ရွာပြန်မသယ်ကြသည့် ထုံးစံကလည်း
ရှိလေသည်…။အလောင်းအား နောက်ဆုံးကြည့်ခွင့်ရမည်ဖြစ်၍
လည်း တစ်ရွာလုံးနီးနီး လိုက်ပါပို့ဆောင်ပေးကြသည်..။
ဒေါ်သန်းသန်းအေးအား မီးသဂြိုဟ် ပြီးရွာသို့ပြန်လာကြရာ
ညနေ ၄ နာရီခန့်ပင်ရှိနေကြချေပြီ…။
” သဂြိုဟ်ညဆို လာတတ်တယ်ဟ… ”
တီးတိုးပြောဆိုနေကြသော ရွာသားများအားကြည့်ပြီး မိသားစု
ဝင်များမှာစိတ်ပူပန်နေကြတော့သည်..။ညအိပ်ဖို့ရာပင် မစဉ်းစား
ရဲကြချေ…။မည်သူမှ မစောင့်အိပ်ရဲ ကြသဖြင့် ရွာထဲရှိ သတ္တိ အနဲ
ငယ်ရှိသည်ဟု ဆိုရလောက်သောသူများကို တစ်ည ၃ထောင် ဖြင့်
ညအိပ်စောင့်ရန်ခေါ်ယူထားရသည်..။
၃ထောင် ရမည်ဆို၍ ညအိပ်စောင့်ချင်သူများ များလာခဲ့တော့သည်။
အားလုံး အယောက် ၃၀ ခန့်ရှိ၍ အကြောက်ပြေစေသည်မှာ အသေ
အချာပင်…။ညရောက်လာလေ ကျောချမ်းလာလေဖြစ်သော
ဒေါ်သန်းသန်းအေးအိမ်တွင် မည်သူမျှမငိုက်ရဲကြချေ…။
အကြောက်ပြေစေရန် ရယ်စရာများပြောနေကြလေသည်…။ည
၁၀ နာရီလောက်တွင်…
” ဗျု ိ့.. အစ်မစန်းအေး… ကိုလှရွှေ… ”
” အိမ်ရှေ့မှခေါ်သံများကြောင့် ထိတ်ထိတ်လန့်လန့် လူများထွက်
ကြည်ု့ကြတော့သည်…။အိမ်ပြင်တွင် ကပ္ပိယနှင့် ရွာသားအချို့
အားတွေ့ရပြီး..
” ဆရာတော်က အခေါ်ခိုင်းလို့ဗျို့..အစ်မသန်းအေးကိုသတ်တဲ့သူ..
မိပြီတဲ့… မြန်မြန်လိုက်ခဲ့ကြဗျု ိ့.. ”
လူသတ်သမားအားမိပြီဆို၍ အိမ်ရှိလူကုန်ဆင်းလာကြလေသည်။
” ဟဲ့ အကုန်မလိုက်ကြနဲ့လေ.. အိမ်မှာစောင့်ကြအုံး.. ”
” အစ်မစန်းအေးကလည်း.. အစ်မတို့မရှိရင် မစောင့်ရဲဘူးဗျ… ”
” ဒုက္ခပါပဲ.. ကဲ..ဘယ်သူမှမလိုက်ခဲ့နဲ့ .. အကုန်စောင့်နေကြ..”
မည်သူမှ မလိုက်ရပဲ ဒေါ်သန်းသန်းအေး၏ မိသားစုဝင်များသာ
လိုက်သွားကြလေသည်…။
ဆရာတော်ကျောင်းသို့ရောက်သောအခါ… ရွာလူကြီးနှင့် ရွာခံ
အချို့ အခြားရွာမှ ရွာသားများအားလည်းတွေ့ကြရသည်..။
ဆရာတော်၏ရှေ့တွင် လူတစ်ယောက်အား ကြိုးဖြင့်တုပ်ချည်
ထားသဖြင့် ထိုသူသည် တရားခံဖြစ်ဟန်တူသည်ဟု ဦးလှရွှေတို့
သိလိုက်ကြသည်..။
ထိုသူမှာ ခေါင်းငိုက်စိုက်ကြကာ.. တစ်ကိုယ်လုံးတုန်ယင်နေလေ
သည်…။ခါးလည်းကုန်းထားသဖြင့် သူ၏မျက်နှာအားမတွေ့ရပေ။
” ကဲ..လာကြ.. သူ့နာမည်က မောင်ကျော်မျိုးတဲ့.. သရက်တောမှာ
နေတယ်.. ခုနက ဘုန်းဘုန်းကျောင်းပေါ်ပြေးတက်လာပြီး ..
ဒကာမကြီးမသန်းအေးကို သူသတ်တာပါလို့လာလျှောက်လို့..
ဒကာမျိုးလွင်တို့ကိုခေါ်ပေးလိုက်တာပဲကွဲ့.. ”
” တင်ပါ့ဘုရား… ”
” ဟဲ့.. နင်ဘာလို့ငါ့အစ်မကိုသတ်တာလဲ.. ပြောစမ်း.. နင့်ကိုငါကိုယ်
တိုင်ပြန်သတ်မယ်.. ”
ဒေါသထွက်ကာ ဒေါ်စန်းစန်းအေးသည်.. တရားခံနားကပ်သွားပြီး
ဆံပင်ကိုဆောင့်ဆွဲတော့သည်…။
” ဒကာမ..စိတ်ထိန်း..”
” မစန်းအေး..မလုပ်ပါနဲ့ဗျာ.. ”
ဘေးမှလူများဝိုင်းဆွဲကြသဖြင့် .. ရပ်လိုက်ရသော်လည်း မကျေနပ်
နေချေ…။
” ကဲ..ကိုလှရွှေ နဲ့မစန်းအေးတို့ .. ဒါက မသန်းအေးကိုသတ်ပြီးယူ
ထားတဲ့ လက်ဝတ်လက်စားတွေတဲ့.. မှန်မမှန်ပဲစစ်ပေး.. သက်သေခံ
ပစ္စည်းတင်ပြရအုံးမှာ..အခုပြန်ယူလို့မရသေးဘူး.. ”
” လက်ကောက်..၇ ကွင်း.. နားကပ်.. လက်စွပ် ၃ ကွင်း..ဆွဲကြိုး
ဆွဲသီး.. အားလုံးမှန်ပါတယ်.. ”
” ကောင်းပြီဗျာ.. ညလည်းနက်နေပြီဆိုတော့ မနက်မှသူ့ကိုစခန်းပို့
ရမှာပဲ.. ”
” အီး..ဟီး..ဟီး.. ”
တရားခံမှငိုရှိုက်သံထွက်လာလေသည်..။
” ဘုန်းဘုန်း..ကယ်ပါဘုရား.. ”
” ဒကာ.. ဘုန်းဘုန်းလည်းကယ်လို့မရဘူး.. ”
” မဟုတ်ပါဘူးဘုရား.. မသန်းအေး.. ကျွန်တော့ဂုတ်ပေါ်ခွစီး
ထားလို့ပါဘုရား.. အီး..ဟီး..ဟီး.. ”
” ဟေ.. ဘယ်မှာတုန်း.. ”
” မင်းလျှောက်မပြောနဲ့.. ”
” တကယ်ပါဗျာ.. ကျွန်တော်သူ့ကိုသတ်လိုက်တဲ့ညက ကျွန်တော့်
နောက် လိုက်လာပြီး ဂုတ်ပေါ်ခွစီးထားတာဗျ.. ကျွန်တော်လှုပ်လို့မရ
ဘူး.. ကျွန်တော်တစ်ယောက်ပဲ သူ့ကိုမြင်နေတာဗျ.. ဘုန်းဘုန်း..
ကယ်ပါဘုရား.. ဘုန်းဘုန်းမကယ်ရင် တပည့်တော်..သေရပါ
လိမ့်မယ်ဘုရား..ဟီး..ဟီး.. ”
” သေပလေ့စေ.. နင့်လိုကောင်ကသေရမှာ.. ”
” မစန်းအေး.. စိတ်အေးအေးထားပါဗျာ.. ”
” အင်း.. ဖြစ်ရလေကွဲ့… ကဲ..ကဲ.. ကပ္ပိယကြီး.. ဥူ းဇင်းတွေသွား
ခေါ်ချေ.. ”
” တင်ပါ.. ”
ဥူ းဇင်း လေးပါးရောက်လာကာ ဆရာတော်မှ ဒေါ်သန်းသန်းအေး
အား နားချပြီး တရားရွတ်ဖတ်ကြလေသည်…။တရားခံကျော်မျိုးမှာ
တရားရွတ်ဖတ်ပြီးဆုံးမှ ခေါင်းထောင်နိုင်လေတော့သည်..။
” ကျေးဇူးကြီးလှပါတယ်ဘုရား.. ”
၎င်းအား ရွာလူကြီးတို့အဖွဲ့မှ ခေါ်ဆောင်သွားပြီး လူတွေလည်း
အသီးသီးပြန်ကုန်ကြလေသည်…။ဒေါ်စန်းစန်းအေးတို့လည်း
ပြန်လာကြပြီး အိမ်ရောက်သောအခါ… အိမ်တွင်လူတစ်ယောက်မှ
မရှိကြတော့ချေ..။
” ဟဲ့.. ဘယ်ရောက်ကုန်ကြတုံး.. သာလှ .. မောင်ညို.. အမလေး
တော်..အိမ်ကိုဒီတိုင်းထားခဲ့ကြတယ်..ဟင်း.. ”
အိမ်ပေါ်သို့တက်ကြလေရာ…
” အမလေး…ကယ်ကြပါဦး.. ”
အကုန်ပြန်ပြေးဆင်းကြလေသည်..။ဒေါ်သန်းသန်းအေးသည်
အိမ်လယ်တွင် ငုတ်တုတ်ထိုင်ကာ ၎င်း တို့အားစိုက်ကြည့်နေသော
ကြောင့်ပင်တည်း…။

သော်တာလမင်းစန္ဒာ

Zawgyi Version

” သၿဂိဳလ္တဲ့ည “(စ-ဆုံး)
————————
ေသာ္တာလမင္းစႏၵာ

” မစန္းေအးေရ… မစန္းေအး.. ”
အိမ္ေရွ႕မွ ခုႏွစ္သံခ်ီေအာ္ေခၚၿပီးအိမ္ေပၚေျပးတက္လာေသာ ေဒၚခင္ေမေၾကာင့္ ေ႐ႊရည္ထိတ္လန္႔သြားခဲ့ရသည္..။ေ႐ႊရည္၏မိခင္
ေဒၚစန္းစန္းေအးလည္း ထိတ္ထိတ္ပ်ာပ်ာျဖင့္ အိမ္ေနာက္ေဖးမွ
ေျပးထြက္လာေတာ့၏..။
ေဒၚခင္ေမႏွင့္ ႐ြာထဲမွ ေမာင္ညိဳ ..၊ ကိုသာလွ…၊ မစု တို႔အား မ်က္စိ
မ်က္ႏွာပ်က္စြာျဖင့္ေတြ႕လိုက္ရေသာအခါ…
” အမေလး..လန္႔လိုက္တာဟယ္.. ဘာကိစၥတုန္း.. ”
” မသန္းေအး အသတ္ခံရလို႔.. ေခ်ာင္းစပ္မွာအေလာင္းေတြ႕သတဲ့..
ေတာ့္ကိုလာေခၚခိုင္းလို႔ပါေတာ္… ”
” ဟင္.. အမေလးးး.. လုပ္ၾကပါဦးေတာ္.. ငါ့ကိုလိုက္ပို႔ၾကစမ္း
ပါ… ”
” အေမ..သမီးလည္းလိုက္မယ္.. ”
သားအမိႏွစ္ေယာက္ ထိတ္လန္႔တုန္လႈပ္ကာ ဘုရားတၿပီးလိုက္
သြားၾကေတာ့သည္…။႐ြာျပင္လယ္ကြင္းအခ်ိဳ႕အားျဖတ္ေက်ာ္ၿပီး
ေခ်ာင္းစပ္အနီးသို႔ေရာက္ေသာအခါ မန္က်ည္းပင္ေအာက္နား
တြင္ လူမ်ားစု႐ုံးေနၾကသည္ကိုေတြ႕လိုက္ၾကသည္…။
ေဒၚစန္းေအးႏွင့္ ေ႐ႊရည္တို႔လည္း ထိုေနရာသို႔အေျပးသြားၾကေလ
သည္..။႐ြာလူႀကီးႏွင့္ ႐ြာသားမ်ားက ဝိုင္းၾကည့္ေနသည့္ၾကားထဲ
သို႔ တိုးေဝွ႔ကာၾကည့္လိုက္ရာ… ေဒၚသန္းသန္းေအးသည္ မ်က္လုံး
အပြင့္လိုက္ ဗိုက္တြင္ ဓါးျဖင့္ထိုးခံရၿပီး ေသဆုံးေနရွာေပၿပီ…။
” မမႀကီးေရ.. ဟီး..ဟီး..အီးး.. အျဖစ္ဆိုးလွခ်ည္လား..ဟီး..ဟီး”
” ေဒၚေလး.. အဟင့္..ဟီးဟီး.. အီး.. ”
” ကဲ..ဘယ္သူမွအေလာင္းကိုမထိၾကနဲ႔ မကိုင္ၾကနဲ႔.. သက္ဆိုင္ရာ
ရဲေတြလာတဲ့အထိ ေစာင့္ေပးၾကပါ.. ”
႐ြာလူႀကီး၏ တားျမစ္မႈေၾကာင့္ ေဒၚစန္းေအးတို႔သားအမိမွာ အနီး
နားကေနသာ အေလာင္းအားၾကည့္ၿပီး ငိုေႂကြးေနရရွာေတာ့သည္။
” က်ဳပ္ အစ္မကိုဘယ္သူသတ္သြားတာလဲဦးမ်ိဳးလြင္.. က်ဳပ္ကိုေျပာ
ပါအုံး..ဟီး..ဟီး.. ”
႐ြာလူႀကီး၏ လက္ေမာင္းအား ဆုပ္ကိုင္ကာ ဝမ္းနည္းပက္လက္
ေမးေလေတာ့သည္..။
” ဘာမွမသိရေသးပါဘူး..မစန္းေအး..စိတ္ေအးေအးထားပါဗ်ာ..
အမႈမွန္ေပၚဖို႔ က်ဳပ္တို႔အားလုံး ဝိုင္းကူညီမွာပါ.. ”
” ဘယ္လိုစိတ္ေအးႏိုင္မတုံးေတာ့… ဟီး..အီး.. လူတစ္ေယာက္လုံး
အသတ္ခံရတာ.. က်ဳပ္ေတာ့အားကိုးရာမဲ့ပါၿပီေတာ္..အီးး ဟီး..ဟီး”
မၾကာခင္မွာပင္ ရဲတပ္ဖြဲ႕မ်ား ေရာက္ရွိလာၾကၿပီး အေလာင္းအားစစ္
ေဆးၾကသည္..ထို႔ေနာက္အေလာင္းစတင္ေတြ႕ရွိသူအားစစ္ေဆး
ေမးျမန္းၿပီး.. အေလာင္းအားသယ္ယူသြားၾကေလသည္..။
အေလာင္းမရွိေသာ္လည္း နာေရးအိမ္ျဖစ္၍ ဖဲဝိုင္းကရွိသည္..။
႐ြာထဲမွ လူအခ်ိဳ႕ႏွင့္ ေဆြမ်ိဳး မ်ားကလာအိပ္ေစာင့္ကူၾကေလသည္။
ရပ္ေဝးေရာက္ေနၾကေသာ ေမာင္ႏွမမ်ားအားအေၾကာင္းၾကားၿပီး
တစ္ညေနခင္းလုံးငိုေႂကြးထားသျဖင့္ ေဒၚစန္းစန္းေအး ေမာပန္း
ကာ ခဏေမွးေနေခ်ၿပီ..။
သတင္းေမးသူမ်ားသာ တဖြဲဖြဲေရာက္လာၾကေလရာ ေ႐ႊရည္ႏွင့္
သူမဖခင္ ဦးလွေ႐ႊတို႔ ေဒၚသန္းသန္းေအးေသဆုံးမႈကို ဝမ္းနည္း
စြာ ျပန္လည္ေျဖၾကားေနေတာ့၏…။
ေဒၚသန္းသန္းေအးသည္ အပ်ိဳႀကီးျဖစ္ၿပီး အသက္ ၅၀ မျပည့္တျပည့္
အ႐ြယ္…၊ အရပ္အေမာင္းေကာင္းၿပီး အသားညိဳသည္..။သာမာန္
႐ြက္ၾကမ္းရည္က်ိဳ ႐ုပ္သာရွိေသာ္လည္း ေငြတိုးေပးစားသျဖင့္..
ေ႐ႊကို သီးေနေအာင္ဝတ္ဆင္ႏိုင္သည္…။ယခုအသတ္ခံရခ်ိန္တြင္
ဝတ္ဆင္ထားေသာ လက္ဝတ္လက္စားမ်ား အားလုံးမပါရွိေတာ့ေပ။
ပစၥည္းေၾကာင့္သတ္သည္ဟု ယူဆရသျဖင့္ လူသတ္တရားခံအား
ဝိုင္းဝန္းအေျဖရွာၾကေသာ္လည္း မစဥ္းစားႏိုင္ၾကေခ်။
႐ြာထဲတြင္လည္း အမူအရာပ်က္သူမရွိ..၊ေရွာင္တိမ္းေနေသာသူ
လည္းမရွိ၍ ပိုမိုအခက္ေတြ႕ေနေခ်ေလသည္..။ေဒၚစန္းစန္းေအးမွာ
အစ္မျဖစ္သူ၏အခန္းအား သူစိမ္းအဝင္မခံလို၍ တံခါးေသာ့ခတ္
ထားေလသည္..။ေသဆုံးသူမွာ ဝတ္ဆင္ထားေသာလက္ဝတ္လက္
စားမ်ားအျပင္ အျခားေ႐ႊထည္မ်ားႏွင့္ လယ္ဧကစာ႐ြက္စာတမ္းမ်ား
အေပါင္ခံထားေသာပစၥည္းမ်ား…၊ ေငြေပးေခ်းထားေသာစာရင္း
စာအုပ္မ်ားရွိသျဖင့္ ပိတ္ထားျခင္းျဖစ္ေလသည္..။တံခါး႐ြက္အျပင္
ဖက္တြင္ ခန္းစီးတပ္ထားသျဖင့္ ေသာ့အိမ္ကိုမျမင္ရေပ..။
” ရွပ္… ရွပ္…ရွပ္… ”
စကားသံမ်ားဆူညံေန၍ သတိမထားမိေနၾကရာမွာ လမ္းေလွ်ာက္
ေနသံကို ေသခ်ာစြာၾကားလိုက္ရသျဖင့္ ေ႐ႊရည္တို႔သားအဖမွာ
တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္မိလိုက္ၾကသည္..။အသံမွာ
ေသဆုံးသူ၏အခန္းထဲမွလာျခင္းမွာ ေသခ်ာလြန္းေနေခ်သည္..။
ထိုအခန္းတြင္ လူမရွိျခင္းကို မည္သူမွမသိၾကဘဲ .. မိသားစုဝင္မ်ား
သာသိထားၾကသည္..။
” အေဖ.. ႀကီးသန္း ထင္တယ္.. ”
ေလသံတိုးတိုးျဖင့္ ေ႐ႊရည္ကအနားကပ္ေျပာေသာအခါ ဦးလွေ႐ႊ
သည္ တိတ္တိတ္ေနရန္ လက္ဟန္ေျခဟန္ျပေလသည္..။
” ဂလြမ္း.. ”
အခန္းတြင္းမွ ပစၥည္းျပဳတ္က်သံေၾကာင့္ ဖဲဝိုင္းမွာလူမ်ား ႐ုတ္တရက္
တိတ္ဆိတ္သြားၿပီး နားစြင့္ေနၾကသည္..။
” ဟင္းး.. ဟင္းး.. ”
ညည္းသံကိုပီပီျပင္ျပင္ထပ္မံၾကားလိုက္ရေသာအခါ..
” ကိုလွေ႐ႊ..အခန္းထဲမွာဘယ္သူတုံး.. ”
” ဟို.. ဟာ..ကြာ..ငါ့မိန္းမ ပါ.. မင္းတို႔ကလည္း..”
” ေအာ္.. ”
ဦးလွေ႐ႊအေျဖေၾကာင့္ ဆက္မေမးၾကေတာ့ဘဲ ဖဲဝိုင္းကျပန္စီ
လာျပန္သည္..။အျဖစ္မွန္သိေနေသာ ေ႐ႊရည္မွာ ဖခင္ထံအတင္း
တိုးကပ္ၿပီး ထိတ္လန္႔ေနေတာ့သည္..။
” ဒုန္း..ဒုန္း.. ”
အခန္းထဲမွ တံခါးထုေနသျဖင့္.. အားလုံးတိတ္ဆိတ္သြားၾကျပန္
သည္..။ကိုလွေ႐ႊတို႔ေဆြမ်ိဳးမ်ားသာ မ်က္စိမ်က္ႏွာပ်က္ေနၾကေခ်သည္။
” ကိုလွေ႐ႊ.. မစန္းေအးတံခါးဖြင့္ခိုင္းေနတာထင္တယ္ဗ်.. ”
ဖဲ႐ိုက္ေနသူမ်ားလည္း အေရးမစိုက္ၾကေတာ့ပဲ ဝိုင္းျပန္ဆက္ေန
ေတာ့သည္..။ထိုစဥ္..တဖက္အခန္းမွ..ေဒၚစန္းစန္းေအးႏိုးလာၿပီး..
ထြက္လာရာ..
” ဟင္.. အစ္မစန္းေအး.. ဒီဖက္ခန္းမွာအိပ္ေနတာမဟုတ္ဘူးလား”
နာေရးသတင္းလာေမးသူက အံ့ၾသကာေမးေလသည္..။
” ဘယ္ကသာ.. အဲ့မွာဘယ္သူမရွိဘူး..ငါေသာ့ခတ္ထားတာ..”
ကိုလွေ႐ႊပင္ တားခ်ိန္မရလိုက္.. ေဒၚစန္းေအးကေျဖလိုက္ေလရာ..
လူအမ်ားထိတ္လန္႔သြားၾကေတာ့သည္..။
” ဒါဆို..ခုနက..ဘယ္သူတုံး.. ”
” မ..မ..သန္း…ေအးလား..လား..”
” ဒုန္းးး..”
နာမည္ေျပာ႐ုံရွိေသးသည္..အခန္းတံခါးအားထုထည့္လာေတာ့
သည္..။
” အမေလးး..”
ဖဲဝိုင္းမွ လူအခ်ိဳ႕ထလာၿပီး ခန္းစီးစအားပင့္ၾကည့္ၾကေလရာ..
” ဟင္.. ေသာ့ခတ္ထားတာဟ.. ”
အားလုံး၏မ်က္ႏွာေပၚတြင္ ေၾကာက္႐ြံ႕မႈမ်ားက ဖုံးလႊမ္းေနေတာ့
သည္..။
” မစန္းေအး.. ဖြင့္..ဖြင့္..ၾကည့္ပါလား.. အထဲမွာ..ေၾကာင္မ်ား..
ဝင္..ေနတာလား..မသိ..သိ..ဘူး.. ”
ထိတ္လန္႔ေနသည္ထက္စာလွ်င္ ၾကည့္လိုက္ရသည္က အေၾကာက္
ေျပေစလိမ့္မည္ဟု ဆိုၾကသျဖင့္ ေဒၚစန္းစန္းေအးလည္း အိပ္ခန္း
တြင္းမွေသာ့အားယူကာ အခန္းအားဖြင့္ၾကည့္လိုက္ေလသည္…။
အခန္းတြင္းအေမွာင္ခ်ထားသျဖင့္ အထဲကိုမျမင္ႏိုင္ၾကေသးေပ..။
အျပင္မွမီးေရာင္ျဖင့္ ဝိုးတဝါးသာျမင္ႏိုင္ေပသည္..။
လူမ်ားအခန္းထဲသို႔ ေခ်ာင္းၾကည့္လိုက္ေလရာ.. ကုတင္ေပၚတြင္
ဆံပင္ဖားလားခ်ၿပီး ေက်ာေပးကာထိုင္ေနေသာ ေဒၚသန္းသန္းေအး
အား ႐ုတ္တရက္ ေတြ႕လိုက္ၾကရသျဖင့္…
” အမေလးး.. ”
” သရဲဗ်ိဳ႕.. ”
” မသန္းေအးႀကီးေတာ့.. ဘုရား..ဘုရား.. ”
ထိတ္လန္႔ကာ ေျပးၾကေလသည္..။လူအကုန္အိမ္ေအာက္ဆင္းေျပး
ၾကသည္..။အိမ္ေပၚသို႔မည္သူမွမတက္ရဲၾကေတာ့ေခ်…။
” ဘယ္လိုလုပ္ၾကမလဲေတာ့.. ”
” ဦးမ်ိဳးလြင္ကိုသြားေခၚၾကေဟ့… ”
” အမေလးး.. ေကာင္ျဖစ္လက္ျဖစ္ေတာ့ ..ေၾကာက္စရာေကာင္း
ခ်က္.. ”
အိမ္ေရွ႕တြင္ဆူညံကုန္ၾကေလသည္..။မၾကာမွီ..႐ြာလူႀကီးဦးမ်ိဳးလြင္
ေရာက္လာၿပီး..
” ေယာက်ာ္းေတြပဲတက္မယ္ေဟ့.. လာၾက.. ”
ေယာက်ာ္းခ်ည္းခ်ည္း ဆယ္ေယာက္ေက်ာ္ခန္႔ အိမ္ေပၚတက္ၾကည့္
ၾကသည္..။
” ဘာမွမရွိပါဘူးဟ.. နင္တို႔ေတြ.. မ်က္စိမွားတာေနမွာပါ..လာ
ၾကည့္ၾက.. ”
ဦးမ်ိဳးလြင္မွ မည္သည္မွမရွိေၾကာင္းေသခ်ာေျပာျပမွ လူအခ်ိဳ႕အိမ္
ေပၚတက္ရဲၾကသည္..။ဆူညံသံမ်ားေၾကာင့္လည္း ႐ြာထဲမွ လူအခ်ိဳ႕
ေျပးလာၾကည့္ၾကေလရာ အိမ္မွာလူစည္ကားေနေခ်ေတာ့၏..။
အိမ္ေပၚသို႔တက္ၾကေသာ္လည္း အခန္းထဲသို႔မဝင္ရဲၾကေခ်..။
အိမ္လယ္တြင္သာ စု႐ုံးကာထိုင္ၾကသည္..။ေဒၚသန္းသန္းေအး
အခန္းအား မီးဖြင့္ၿပီး တံခါးလည္းဖြင့္ထားေလသည္..။
ေတာ္ေတာ္ၾကာသည္အထိ အသံမၾကားရေတာ့သျဖင့္ အနည္း
ငယ္စိတ္ေအးသြားၾကကာ ပုံမွန္အတိုင္းျပန္ျဖစ္လာၾကသည္..။
အိမ္ျပန္သူကျပန္.. ဆက္ေစာင့္သူကေစာင့္ျဖင့္.. မနက္ ၃ နာရီ
ထိုးလာေခ်ၿပီ..။
” ဝုန္းးးး… ”
” အမေလးး. ကယ္ၾကပါ.. ”
ေဒၚသန္းသန္းေအးအခန္းမွ တံခါးေဆာင့္ပိတ္သံမွာ ၾကမ္းတမ္း
လွေခ်သည္…။အိမ္ရွိလူအကုန္ ေျပးဆင္းၾကျပန္သည္..။
” ကိုလွေ႐ႊ.. က်ဳပ္..က်ဳပ္တို႔ ဆက္မေစာင့္ရဲေတာ့ဘူး… ”
” ဟုတ္တယ္ဗ်.. က်ဳပ္လည္းလန္႔လာၿပီ.. ”
” မျပန္ၾကပါနဲ႔ဗ်ာ.. ကူညီၿပီးဆက္ေစာင့္ေပးၾကပါ..က်ဳပ္ေတာင္း
ပန္ပါတယ္… ”
ေၾကာက္လန္႔လွသျဖင့္ အိမ္ျပန္ခ်င္ေနၾကေခ်ၿပီ…။
” မိန္းမ.. နင္တစ္ခုခုေျပာအုံး..နင့္အစ္မကို.. ”
” ငါဘာေျပာရမတုံး.. ”
” ထပ္မေျခာက္နဲ႔လို႔.. ေျပာေလဟာ.. ”
” အလိုေတာ္.. ငါေျပာလို႔ေကာ မေျခာက္ပဲေနမွာတဲ့လား.. ”
” ေျပာၾကည့္ပါဟ..အရႈံးမရွိပါဘူး.. ”
” ဟင္း… အစ္မ..ငါတို႔လည္းေၾကာက္ေနၿပီေတာ့…နင္ေျခာက္ရ
မွာကငါတို႔ကိုမဟုတ္ဘူး.. နင့္ကိုသတ္သြားတဲ့သူကိုသြားေျခာက္
ရမွာ..အီး..ဟီး..ဟီး.. အျဖစ္ဆိုးလိုက္တာအစ္မရယ္… ဟီး..ဟီး”
ေဒၚစန္းစန္းေအး၏စကားအဆုံးတြင္ အိမ္ေပၚမွတစုံတဦးဆင္း
လာသည့္အသံအား ၾကားၾကရျပန္သည္..။
ေလွကားေပၚမွဆင္းလာသံ ေျခသံတဖ်ပ္ဖ်ပ္ကိုၾကားလိုက္ၾကၿပီး..
ၾကက္သီးမ်ားထလာၾကေလသည္…။
” ၾကားလားေဟ့.. တကယ္သြားၿပီထင္တယ္ဟ… ”
” အမေလးဗ်ာ… လန္႔ဖို႔ေကာင္းခ်က္… ”
လူေတြလည္း ေၾကာက္ေၾကာက္႐ြံ႕႐ြ ံ့ျဖင့္ အိမ္ေပၚတက္ကာ ဝိုင္းဖြဲ႕
ထိုင္ေနရရွာေတာ့သည္…။မိုးလင္းသည္အထိမည္သည့္အသံမွထပ္
မၾကားရေတာ့ေပ…။
ေနာက္ရက္ေတြလည္း ေျခာက္လွန္႔သံမၾကားၾကေတာ့…။
အေလာင္းအားစစ္ေဆးၿပီး သၿဂိဳလ္၍ ရၿပီဟု အေၾကာင္းၾကား
လာေသာအခါ.. မိသားစုဝင္မ်ားသည္ အေလာင္းသယ္ယူ
သြားရာ ၿမိဳ႕သို႔သြားၾကရၿပီး ထိုၿမိဳ႕ရွိ ရင္ခြဲ႐ုံမွ မီးသၿဂိဳဟ္စက္
သို႔ ပို႔ေဆာင္ၾကရသည္..။
႐ြာျပင္တြင္ေသဆုံး၍လည္း ႐ြာျပန္မသယ္ၾကသည့္ ထုံးစံကလည္း
ရွိေလသည္…။အေလာင္းအား ေနာက္ဆုံးၾကည့္ခြင့္ရမည္ျဖစ္၍
လည္း တစ္႐ြာလုံးနီးနီး လိုက္ပါပို႔ေဆာင္ေပးၾကသည္..။
ေဒၚသန္းသန္းေအးအား မီးသၿဂိဳဟ္ ၿပီး႐ြာသို႔ျပန္လာၾကရာ
ညေန ၄ နာရီခန္႔ပင္ရွိေနၾကေခ်ၿပီ…။
” သၿဂိဳဟ္ညဆို လာတတ္တယ္ဟ… ”
တီးတိုးေျပာဆိုေနၾကေသာ ႐ြာသားမ်ားအားၾကည့္ၿပီး မိသားစု
ဝင္မ်ားမွာစိတ္ပူပန္ေနၾကေတာ့သည္..။ညအိပ္ဖို႔ရာပင္ မစဥ္းစား
ရဲၾကေခ်…။မည္သူမွ မေစာင့္အိပ္ရဲ ၾကသျဖင့္ ႐ြာထဲရွိ သတၱိ အနဲ
ငယ္ရွိသည္ဟု ဆိုရေလာက္ေသာသူမ်ားကို တစ္ည ၃ေထာင္ ျဖင့္
ညအိပ္ေစာင့္ရန္ေခၚယူထားရသည္..။
၃ေထာင္ ရမည္ဆို၍ ညအိပ္ေစာင့္ခ်င္သူမ်ား မ်ားလာခဲ့ေတာ့သည္။
အားလုံး အေယာက္ ၃၀ ခန္႔ရွိ၍ အေၾကာက္ေျပေစသည္မွာ အေသ
အခ်ာပင္…။ညေရာက္လာေလ ေက်ာခ်မ္းလာေလျဖစ္ေသာ
ေဒၚသန္းသန္းေအးအိမ္တြင္ မည္သူမွ်မငိုက္ရဲၾကေခ်…။
အေၾကာက္ေျပေစရန္ ရယ္စရာမ်ားေျပာေနၾကေလသည္…။ည
၁၀ နာရီေလာက္တြင္…
” ဗ်ဳ ိ့.. အစ္မစန္းေအး… ကိုလွေ႐ႊ… ”
” အိမ္ေရွ႕မွေခၚသံမ်ားေၾကာင့္ ထိတ္ထိတ္လန္႔လန္႔ လူမ်ားထြက္
ၾကည္ု႔ၾကေတာ့သည္…။အိမ္ျပင္တြင္ ကပၸိယႏွင့္ ႐ြာသားအခ်ိဳ႕
အားေတြ႕ရၿပီး..
” ဆရာေတာ္က အေခၚခိုင္းလို႔ဗ်ိဳ႕..အစ္မသန္းေအးကိုသတ္တဲ့သူ..
မိၿပီတဲ့… ျမန္ျမန္လိုက္ခဲ့ၾကဗ်ဳ ိ့.. ”
လူသတ္သမားအားမိၿပီဆို၍ အိမ္ရွိလူကုန္ဆင္းလာၾကေလသည္။
” ဟဲ့ အကုန္မလိုက္ၾကနဲ႔ေလ.. အိမ္မွာေစာင့္ၾကအုံး.. ”
” အစ္မစန္းေအးကလည္း.. အစ္မတို႔မရွိရင္ မေစာင့္ရဲဘူးဗ်… ”
” ဒုကၡပါပဲ.. ကဲ..ဘယ္သူမွမလိုက္ခဲ့နဲ႔ .. အကုန္ေစာင့္ေနၾက..”
မည္သူမွ မလိုက္ရပဲ ေဒၚသန္းသန္းေအး၏ မိသားစုဝင္မ်ားသာ
လိုက္သြားၾကေလသည္…။
ဆရာေတာ္ေက်ာင္းသို႔ေရာက္ေသာအခါ… ႐ြာလူႀကီးႏွင့္ ႐ြာခံ
အခ်ိဳ႕ အျခား႐ြာမွ ႐ြာသားမ်ားအားလည္းေတြ႕ၾကရသည္..။
ဆရာေတာ္၏ေရွ႕တြင္ လူတစ္ေယာက္အား ႀကိဳးျဖင့္တုပ္ခ်ည္
ထားသျဖင့္ ထိုသူသည္ တရားခံျဖစ္ဟန္တူသည္ဟု ဦးလွေ႐ႊတို႔
သိလိုက္ၾကသည္..။
ထိုသူမွာ ေခါင္းငိုက္စိုက္ၾကကာ.. တစ္ကိုယ္လုံးတုန္ယင္ေနေလ
သည္…။ခါးလည္းကုန္းထားသျဖင့္ သူ၏မ်က္ႏွာအားမေတြ႕ရေပ။
” ကဲ..လာၾက.. သူ႔နာမည္က ေမာင္ေက်ာ္မ်ိဳးတဲ့.. သရက္ေတာမွာ
ေနတယ္.. ခုနက ဘုန္းဘုန္းေက်ာင္းေပၚေျပးတက္လာၿပီး ..
ဒကာမႀကီးမသန္းေအးကို သူသတ္တာပါလို႔လာေလွ်ာက္လို႔..
ဒကာမ်ိဳးလြင္တို႔ကိုေခၚေပးလိုက္တာပဲကြဲ႕.. ”
” တင္ပါ့ဘုရား… ”
” ဟဲ့.. နင္ဘာလို႔ငါ့အစ္မကိုသတ္တာလဲ.. ေျပာစမ္း.. နင့္ကိုငါကိုယ္
တိုင္ျပန္သတ္မယ္.. ”
ေဒါသထြက္ကာ ေဒၚစန္းစန္းေအးသည္.. တရားခံနားကပ္သြားၿပီး
ဆံပင္ကိုေဆာင့္ဆြဲေတာ့သည္…။
” ဒကာမ..စိတ္ထိန္း..”
” မစန္းေအး..မလုပ္ပါနဲ႔ဗ်ာ.. ”
ေဘးမွလူမ်ားဝိုင္းဆြဲၾကသျဖင့္ .. ရပ္လိုက္ရေသာ္လည္း မေက်နပ္
ေနေခ်…။
” ကဲ..ကိုလွေ႐ႊ နဲ႔မစန္းေအးတို႔ .. ဒါက မသန္းေအးကိုသတ္ၿပီးယူ
ထားတဲ့ လက္ဝတ္လက္စားေတြတဲ့.. မွန္မမွန္ပဲစစ္ေပး.. သက္ေသခံ
ပစၥည္းတင္ျပရအုံးမွာ..အခုျပန္ယူလို႔မရေသးဘူး.. ”
” လက္ေကာက္..၇ ကြင္း.. နားကပ္.. လက္စြပ္ ၃ ကြင္း..ဆြဲႀကိဳး
ဆြဲသီး.. အားလုံးမွန္ပါတယ္.. ”
” ေကာင္းၿပီဗ်ာ.. ညလည္းနက္ေနၿပီဆိုေတာ့ မနက္မွသူ႔ကိုစခန္းပို႔
ရမွာပဲ.. ”
” အီး..ဟီး..ဟီး.. ”
တရားခံမွငိုရႈိက္သံထြက္လာေလသည္..။
” ဘုန္းဘုန္း..ကယ္ပါဘုရား.. ”
” ဒကာ.. ဘုန္းဘုန္းလည္းကယ္လို႔မရဘူး.. ”
” မဟုတ္ပါဘူးဘုရား.. မသန္းေအး.. ကြၽန္ေတာ့ဂုတ္ေပၚခြစီး
ထားလို႔ပါဘုရား.. အီး..ဟီး..ဟီး.. ”
” ေဟ.. ဘယ္မွာတုန္း.. ”
” မင္းေလွ်ာက္မေျပာနဲ႔.. ”
” တကယ္ပါဗ်ာ.. ကြၽန္ေတာ္သူ႔ကိုသတ္လိုက္တဲ့ညက ကြၽန္ေတာ့္
ေနာက္ လိုက္လာၿပီး ဂုတ္ေပၚခြစီးထားတာဗ်.. ကြၽန္ေတာ္လႈပ္လို႔မရ
ဘူး.. ကြၽန္ေတာ္တစ္ေယာက္ပဲ သူ႔ကိုျမင္ေနတာဗ်.. ဘုန္းဘုန္း..
ကယ္ပါဘုရား.. ဘုန္းဘုန္းမကယ္ရင္ တပည့္ေတာ္..ေသရပါ
လိမ့္မယ္ဘုရား..ဟီး..ဟီး.. ”
” ေသပေလ့ေစ.. နင့္လိုေကာင္ကေသရမွာ.. ”
” မစန္းေအး.. စိတ္ေအးေအးထားပါဗ်ာ.. ”
” အင္း.. ျဖစ္ရေလကြဲ႕… ကဲ..ကဲ.. ကပၸိယႀကီး.. ဥဴ းဇင္းေတြသြား
ေခၚေခ်.. ”
” တင္ပါ.. ”
ဥဴ းဇင္း ေလးပါးေရာက္လာကာ ဆရာေတာ္မွ ေဒၚသန္းသန္းေအး
အား နားခ်ၿပီး တရား႐ြတ္ဖတ္ၾကေလသည္…။တရားခံေက်ာ္မ်ိဳးမွာ
တရား႐ြတ္ဖတ္ၿပီးဆုံးမွ ေခါင္းေထာင္ႏိုင္ေလေတာ့သည္..။
” ေက်းဇူးႀကီးလွပါတယ္ဘုရား.. ”
၎အား ႐ြာလူႀကီးတို႔အဖြဲ႕မွ ေခၚေဆာင္သြားၿပီး လူေတြလည္း
အသီးသီးျပန္ကုန္ၾကေလသည္…။ေဒၚစန္းစန္းေအးတို႔လည္း
ျပန္လာၾကၿပီး အိမ္ေရာက္ေသာအခါ… အိမ္တြင္လူတစ္ေယာက္မွ
မရွိၾကေတာ့ေခ်..။
” ဟဲ့.. ဘယ္ေရာက္ကုန္ၾကတုံး.. သာလွ .. ေမာင္ညိဳ.. အမေလး
ေတာ္..အိမ္ကိုဒီတိုင္းထားခဲ့ၾကတယ္..ဟင္း.. ”
အိမ္ေပၚသို႔တက္ၾကေလရာ…
” အမေလး…ကယ္ၾကပါဦး.. ”
အကုန္ျပန္ေျပးဆင္းၾကေလသည္..။ေဒၚသန္းသန္းေအးသည္
အိမ္လယ္တြင္ ငုတ္တုတ္ထိုင္ကာ ၎ တို႔အားစိုက္ၾကည့္ေနေသာ
ေၾကာင့္ပင္တည္း…။

ေသာ္တာလမင္းစႏၵာ