လောဘသား တို့၏ နိဂုံး

*မဖဲဝါ နှင့် လောဘသား တို့၏ နိဂုံး* (စ/ဆုံး)

***************************************
wizard = ရေးသားသည်။

ဤဝတ္ထုတိုသည် ကြံတော ဆရာတော်ဘုရား အရှင်သိရိန္ဒ
( သာသနဓဇဓမ္မာစရိယ၊ ဝိသိဋ္ဌဝိနယဓရ၊ ဝိနယဝိဒူ၊ အင်္ဂုတ္တရနိကာယ
ဝိဒူ) မိန့်ကြားတော်မူအပ်သော ဖြစ်ရပ်မှန် ဇာတ်ကြောင်းကို အခြေခံ၍ရေး
သားထားခြင်းဖြစ်ပါသည်။
********************************
၉၉ ရက်မြောက်နေ့ အဖြစ် သုသာန် ဓုတင်ဆောက်တည်ရန်
ဆရာတော်အရှင်ဣန္ဒာဝုဓ ကား ဟင်္သာကန် သချုႋင်းထဲသို့ သေခိယ
နှင့်ညီစွာ ကြွလာတော်မူခဲ့၏။
ဟင်္သာကန် သချုႋင်း ဟူသည်ကား ဟင်္သာကန် ရွာကိုအစွဲပြု၍ ခေါ်ဝေါ်
ခြင်းဖြစ်၏။
ဟင်္သာကန် ရွာသည် အိမ်ခြေများပြားလွန်းသလို၊ ကုန်းကြောင်းရေကြောင်း စီးပွားရေး အချက်အချာလည်းကျသမို့၊ အစစအရာရာ အဆင်ပြေလှသော ရွာကြီးတစ်ရွာဖြစ်၏။
ထို ဟင်္သာကန်ရွာသချုႋင်း၏ သုဘရာဇာကြီးကား အသက် ၅၀ ကျော်ပြီ
ဖြစ်သော၊ ဆရာတော်အရှင်ဣန္ဒာဝုဓ အား အထူးကြည်ညိုလေးစားသော ဦးညိုကြီး ဖြစ်၏။
ဦးညိုကြီး တစ်ယောက် ဆရာတော်ဘုရား သီတင်းသုံးလေ့ရှိသော
အုတ်ဂူကြီးနဘေးတွင် မီးအိမ်ကလေးတစ်ခု ကိုင်ပြီး ဆရာတော်ဘုရား
ကြွအလာကို စောင့်မျှော်နေချေ၏။
*******************
ဆရာတေ်ာဘုရား ကြွလာတော်မူသည်ကိုမြင်သောအခါ ဦးညိုကြီး ဝမ်းသာအားရဖြစ်ကာ ခရီးဦး ကြိုပြုပြီး၊ ပြုသင့်ပြုထိုက်သော ဝတ်ကြီးဝတ်
ငယ်တို့ကိုပြု၏။
ဆရာတော်ဘုရားလည်း ဦးညိုကြီး အား ငါးပါးသီလ ပေးတော်မူပြီး
သင့်တင့်လျောက်ပတ်သော တရားစကား အနည်းငယ်မိန့်တော်မူပြီး
တရားမှတ်နေတော်မူ၏။
ဦးညိုကြီး လည်း အချိန်အနည်းငယ်ကြာအောင် လက်အုပ်ကလေးချီ
ကာ ဆရာတော်ဘုရားအား ကြည်ညိုမုှ့ပြုပြီး၊ မလှမ်းမကမ်းမှာရှိတဲ့ တဲ
အို ကလေးဆီသို့ လျှောက်သွားပါတော့၏။
***********************
ည သည်ကား တဖြည်းဖြည်း နက်သထက်နက်လာ၏။
အနီးပတ်ဝန်းကျင်တွင် အသံအမျိုးမျိုးပေးကာ နှောက်ယှက်နေကြသော ပရလောကသားတို့ ရှိငြားသော်လည်း ဆရာတော်ဘုရားကား
ထို အသံဗလံများကို နှလုံးမပြုမူ၍ တရားဘာဝနာကိုသာ ရုှ့မှတ်ပွား
များနေတော်မူ၏။။
*****************
” အု ဝူး ဝူး ဝူး ဝူး’ အု ဝူး ဝူး ဝူးးးး ဝူး”
ဆွဲဆွဲငင်ငင် အူနေသော ခွေးအုပ်၏အသံက ကြောချမ်းစရာကောင်းးလှ၏။
” ဤသချုႋင်း၌ နေထိုင်ကျက်စားကြကုန်သော ဘီလူး၊ ယက္ခ၊ ကုမ္ဘဏ္ဌ၊
သရဲ၊ သဘက်၊ တစ္ဆေ၊ မှင်စာ၊ ဖုတ်၊ မြေဖုတ်၊ သင်းကွဲတစ္ဆေ၊ အစိမ်း၊
ပြိတ္တာ၊ ကဝေ၊ စုန်း၊ ကျတ်၊ ဇော်ကနီ၊ ဇော်ကနက်၊ အသူရကာယ်
မျာနှင့်တကွ နာနာဘာဝ၊ ဝိနာဘာဝ တို့ပါ၊ သချုႋင်းမှန်သမျှ အပိုင်စားရ
တဲ့ မဖဲဝါ ပါမကျန် အကျွနု်ပ် ချစ်ဖေ ရဲ့ စကားကို ကြားကြစေ၊
သိရှိကြစေ၊ အကျွနု်ပ် ချစ်ဖေ စားပွဲသောက်ပွဲများဖြင့် သင်တို့ကို ဖိတ်မံ
ကျွေးမွေးပါ၏။
သဘောရှိစွာ စားကြပါ၊ သောက်ကြပါ၊
အကျွနု်ပ်တို့ရဲ့ အလုပ်ကိုလည်း မနှောက်ယှက်ကြကုန်လင့်၊
အနှောက်အယှက်များကိုလည်း တားဆီးကာကွယ်ပေးကြပါ။
ကြည့်ရုှ့စောင့်ရှောက်ကြပါ။
အကျွနု်ပ်တို့အလုပ် အောင်မြင်ခဲ့ပါက သင်တို့အား စားပွဲသောက်ပွဲများ
ဖြင့် ထပ်မံကျွေးမွေးပါမည် အကျွန်ုပ် ချစ်ဖေ ကတိပြု၏။
အောင်ပါစေသား အောင်စေသား အောင်စေသား ”
ဟူသော အသံက တိတ်ဆိတ်မုှ့ကို ဖြိုခွင်းကာ သချုႋင်းတစ်ခုလုံး
ဟိန်း ထွက်လာ၏။
ထိုအသံ နှစ်ကြိမ်၊ သုံးကြိမ်၊ ထွက်ပေါ်လာပြီး ပြန်တိတ်ဆိတ်သွားပြန်၏။။
************
သုဘရာဇာ ဦးညိုကြီး အသံကြား၍ အိပ်ရာမှ နိုးလာကာ မီးအိမ်
ကလေးကိုင်ပြီး ဆရာတော်ဘုရား အန္တရာယ်ကင်းပါရဲ့လား လာကြည့်၏။။
ဆရာတော်ဘုရား၏ နဘေးမှာ အရိပ်လိုလို မည်းမည်းများ ဖြတ်ပြေး
နေတာ တွေ့၍
🧟‍♂️ ” သွားကြ သွားကြ ဝေးရာသွားကြ သူတော်ကောင်းကို
နှောက်ယှက်ကြနဲ့ ဤ ပုဂ္ဂိုလ်မြတ်ဟာ သင်တို့ကို အန္တရယ်ပြုမည့်
သူမဟုတ် ဝေးရာသွားကြ ” ဟု
အသံခပ်အုပ်အုပ်ဖြင့်ပြောလိုက်၏။။
ဦးညိုကြီး လည်း ဆရာတော်ဘုရား ဆရာတော်ဘုရား အန္တရာယ်ကင်း
ကြောင်း သိရ၍ တဲအိမ် ရှိရာသို့ လျှောက်မည်အပြု
” ဒုတ် ဒုတ် ဒုတ် ” ဟူသော အသံကို ကြားလိုက်ရ၍ တုန့်ကနဲ
ရပ်ကာ အသံလာရာကို နားစွင့်နေ၏။။
” ဒုတ် ဒုတ် ဒုတ် ”
အသံက ထပ်မံထွက်ပေါ်လာပြန်၍ နီးရာမှ သစ်သားပိုင်းတစ်ခုကို
ကောက်ကာ အသံလိုက်ရာ ကို ခန့်မှန်းပြီးလျှောက်လိုက်တော့
ဆရာတော်ဘုရားနဲ့ မနီးမဝေး အရောက်မှာ သချုႋင်းဂူ တစ်ခုကို တူး
ဖြိုနေသော လူ သုံးယောက်ကို တွေ့လိုက်ရ၏။။
” ဟေ့ ဘယ်သူတွေလဲ ဘယ်ကအကောင်တွေလဲ ရာရာစစ
ငါ သုဘရာဇာ နေတဲ့ သချုႋင်းမှာ လာပြီး ဂူဖောက်ရဲတယ်ပေါ့
နင်တို့ တော်တော် သတ္တိကောင်းနေကြပါလား ”
သုဘရာဇာကြီးက အသံကျယ်လောင်စွာပြောလိုက်လျှင် ဆရာတော်
ဘုရားကို နှောက်ယှက်သလိုဖြစ်မှာစိုး၍ အသံခပ်အုပ်အုပ်ဖြင့်သာပြော
လိုက်၏။။
သုဘရာဇာကြီး၏ စကားကိုကြားသောအခါ ဂူဖောက်နေသောလူသုံး
ယောက်ထဲမှ ထွားထွားကျိုင်းကျိုင်းဗလတောင့်တောင့်လူတစ်ယောက်ထလာပြီး
” သုဘရာဇာကြီး တိုးတိုးပြောပါဗျ ခင်ဗျားရဲ့ဆရာတော်ဘုရားကြား
နေပါအုန်းမယ်” ဟု ခနဲ့သလိုရွေ့သလိုပြော၏။။
သုဘရာဇာ ဦးညိုကြီး လည်း ဒေါသထွက်သလို အံ့သြလည်းအံ့သြ
မိ၏။။
သုဘရာဇာကြီး၏ အခြေအနေကို အကဲခတ်တော်သော လူထွားကြီးက
သူ့လူနှစ်ယောက်ကို ” မင်းတို့ လုပ်စရာရှိတာလုပ် ငါ ရှင်းလိုက်မယ်”
ဟုပြောပြီး သုဘရာဇာကြီး ကို
” မအံ့သြပါနဲ့ သုဘရာဇာကြီး ကျုပ်တို့ ဒီကို မလာမီကတည်းက အကုန်လုံးလေ့လာ စီစဉ်ပြီးသား ဒီသချုႋင်းမှာ ခင်ဗျားရှိတာကို သိသလို
ခင်ဗျားရဲ့ ဆရာတော် တရား လာ အားထုတ်တယ် ဆိုတာကိုလည်း
သိတယ် ပြီးတော့ ခု ကျုပ်တို့ ဖောက်နေတဲ့ ဂူက သိပ်မကြာမီက
သေသွားတဲ့ တရုပ် သူဋ္ဌေးကြီးတစ်ယောက်ရဲ့ အုတ်ဂူ ဆိုတာကိုလဲ
သိတယ်။
ခင်ဗျား မပူပါနဲ့ ကျုပ်တို့ ဆိုင်ရာပိုင်ရာ တွေကိုလည်း တိုင်တည်ပြီးသားပါ ခင်ဗျား တိတ်တိတ်လေးသာနေလိုက်။
ဒါဆိုရင်
ကျုပ်တို့ အတွက်လည်း ပိုလွယ်ကူသွားသလို ခင်ဗျားရဲ့ ဆရာတော်
အတွက်လည်း အနှောက်အယှက် မဖြစ်တော့ဘူးပေါ့။
ကျုပ်တို့ အလုပ်သာ အောင်မြင်ရင် ခင်ဗျားအတွက်လည်း အကျိုး
မယုတ်စေရပါဘူး။
ခင်ဗျားလည်း ခင်ဗျား ဆရာတော်အတွက် ဖွယ်ဖွယ်ရာရာ လှူဒါန်းလို့
ရတာပေါ့ နှစ်ဘက်နှစ်လမ်း အကျိုးရှိတယ် ဘယ်လိုလဲ”
လူထွားကြီး ၏ စကားကိုကြားသောအခါ သုဘရာဇာကြီး အတော်လဲ
ဒေါသထွက်သွား၏။။
” ဘာကွ ရာရာစစ ကွာ ဒီမှာ မောင်ရင် ကျုပ်ရှင်းရှင်းပဲ ပြောမယ်
ကျုပ်လက်က လူပေါင်းများစွာကို မြေမြုပ်ထားတာနော် မင်းတို့ကို
အလောင်းဖျောက်ဖို့လဲ ငါ ဝန်မလေးဘူး ခုချက်ချင်း ဒီသချုႋင်း ထဲက
ထွက်သွားကြ”
သုဘရာဇာကြီးကား အသံ သိပ် အကျယ်ရအောင် ထိန်းကာပြောနေ၏။။
“ဟားး ကောင်း့ပီလေ ကျုပ်ခင်ဗျားကို ပြောပြီးပြီနော် ခင်ဗျားဘက်က
ဒီလိုတုန့်ပြန်တော့လဲ ကျုပ်တို့ဘက်ကလဲ ခင်ဗျားနဲ့ ထိုက်တန်တာကို
ပြန်တုန့်ပြန်ရတာပေါ့”
လူထွားကြီးက ပြောပြောဆိုဆို တူရွင်းနှစ်ခုကို ” တောင် တောင်
တောင် ” ဟု သုံးချက်ခေါက်လိုက်၏။။
” သုဘရာဇာကြီး ကျုပ်တို့က သုံးယောက်တည်းနဲ့ ဒီလို နာမည်ဆိုး
နဲ့ကေိာ်ကြားတဲ့ သချုႋင်းကို လာမယ် ထင်နေလား ခင်ဗျား ရဲ့ နောက်
ကိုလှည့်ပြီး ကြည့်ပါအုန်း”
လူထွားကြီး ထိုသို့ ပြော၍ သုဘရာဇာကြီး နောက်ကိုလှည့်ကြည့်
တော့ သူ၏ နောက်မှာ အရောင်တလက်လက် လက်နေသော ဓား
ကိုယ်စီနှင့် လူနှစ်ယောက်ကို တွေ့လိုက်ရသလို။
ဆရာတော်ဘုရား ရှိရာ ကြည့်လိုက်ပြန်တော့လဲ ဆရာတော်ဘုရား၏
နောက်မှာ ဓားကိုယ်စီနှင့် ရပ်နေသော လူ နှစ်ယောက်ကို တွေ့လိုက်
ရ၏။။
ထိုလူနှစ်ယောက်ကား သူတို့ကိုမြင်စေရန် မီးအိမ်ကိုတောင် မြှင့်ပြီးပြ
လိုက်သေး၏။။
တဖန်တဲအိမ် ဖက် ကြည့်လိုက်တော့ မီးတောက်လောင်နေသော သစ်
သားပိုင်းကို ကိုင်ထားသော လူနှစ်ယောက်ကိုလည်းတွေ့လိုက်ရပြန်
၏။။
သုဘရာဇာကြီး လည်း ဆရာတော်ဘုရားအား ဓားရွယ်ထားသူများကို
မြင်လိုက်သောအခါ ကြီးစွာထိတ်လန့်သွား၏။။
” မင်းတို့ တွေ မင်းတို့ တွေ “”
” ဟား ဟား ဟားးးး ဘယ်လိုလဲ သုဘရာဇာကြီး၊
ကျုပ်ပြောပါတယ် ကျုပ်က အကုန်လုံးကို လေ့လာစီစဉ်ပြီးသားပါလို့၊
ကျုပ်နာမည် ချစ်ဖေ ကျုပ်တို့ ဖောက်လာခဲ့တဲ့ ဂူတွေနည်းတာ မှတ်
လို့ ဟားးးးးး ဟားးးးး”
လူထွားကြီးချစ်ဖေ ကား အားလုံး သူစီစဉ်ထားသည့်အတိုင်း ဖြစ်လာ
ပြီမို့ သဘောကျစွာရယ်မောလိုက်၏။။
ထိုစဉ်
သချုႋင်းနဲ့ မနီးမဝေး တစ်နေရာက ” အု ဝူး ဝူး ဝူး ဝူးးးး” ခွေးအူသံ
ထွက်ပေါ်လာတော့၏။။
” ဒီမှာ မင်းတို့တွေ ဘယ်ကောင်ပဲ ဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး အေး
ငါ့ပိုင်နက် မှာလာပြီး မဟုတ်မဟက်တာတွေ လာလုပ်လို့ကတော့”
” တောင်”
သုဘရာဇာကြီး၏ စကားမဆုံးမီမှာ လူထွားကြီးချစ်ဖေ သံတူရွင်းနှစ်ခုကို တစ်ချက် ခေါက်လိုက်၏။။
ထိုခေါက်သံအဆုံးမှာ သုဘရာဇာ ၏ နောက်မှ လူနှစ်ယောက်က
” ခွပ် ခွပ် ”
သုဘရာဇာကြီးကို တစ်ယောက်တစ်ချက် ရိုက်လိုက်ကြ၏။
” အား ”
သုဘရာဇာကြီး အရှိန်မထိန်း နိုင်ဖြစ်ကာ လဲကျသွား၏။။
” အု ဝူး ဝူး ဝူးးးး ဝူးးးး”
ခွေးအူ သံကလည်း တဖြည်းဖြည်း နီးလာသလိုထင်ရ၏။။
” ခင်ဗျား ဗျာ တော်တော် ခေါင်းမာတဲ့ အဖိုးကြီးပဲ ခင်ဗျားကိုနောက်
ဆုံး အခွင့် အရေးပေးမယ် ခင်ဗျား ရွေးချယ်ပါ ခင်ဗျားရော ခင်ဗျား
ရဲ့ ဆရာတော်ကို ပါ သတ်ပြီး ခင်ဗျားရဲ့ တဲထဲမှာ တစ်ခါတည်း မီး
သင်္ဂြိုလ်ပေးတာကို လိုချင်လား တိတ်တိတ်လေး နေမလား”
” မင်းတို့ ကောင်တွေ ငရဲမှာ ဆွေးမြေ့မယ့် အကောင်တွေ သူ့ဖာသာသူတရာကျင့်ကြံနေတဲ့ သူတော်ကောင်းကိုတောင် သတ်ဖို့ ခုတ်ဖို့
ပြောရဲ ရွယ်ရဲတယ်ပေါ့ အေး ငါ့ကို သတ်ချင်သတ်လိုက် ငါ့ အလုပ်ကို ငါ ဘယ်တော့မှ သစ္စာ မဖောက်ဘူးကွ ငမိုက်သားတွေ ရ”
” ကဲကွာ တော်တော် လျှာရှည်တဲ့ အဖိုးကြီး ကဲကွာ ကဲကွာ”
” ခွပ် ခွပ် ခွပ် ”
လူထွားကြီးချစ်ဖေ သုဘရာဇာကြီးကို သုံးချက်ထိုးလိုက်၏။။
သုဘရာဇာကြီးကား ပါးစပ်မှ သွေးများယိုစီးလျှက် မှောက်လျှက်သား
ဖြစ်သွား၏။။
” အု ဝူး ဝူးး ဝူးး ဝူးး ”
ခွေးအူသံကလည်း အနားသို့ ရောက်နေသကဲ့သို့ ကျယ်လောင်စွာကြား
လာရ၏။
သုဘရာဇာကြီး အား ယူပြီးထကာ ဆရာတော်ဘုရားကိုကြည့်လိုက်၏။
ဆရာတော်ဘုရား မှ ဣန္ဒြေမပျက်၊ ဣရိယာပုတ် မပျက်၊
တရားထိုင်နေဆဲဖြစ်၏။
ထိုစဉ် ” တောင် တောင် ” လူထွားကြီးချစ်ဖေ တူရွင်းကို နှစ်ချက်
တီးကာ ” သတ်တော့” ဟု အချက်ပြလိုက်၏။
ဆရာတော်ဘုရား ကို ဓား ရွယ်ထားသော သူနှစ်ယောက် အား ယူပြီး ခုတ်မည် အပြု
” ဟီး ဟီး ဟီး ” ဟု ကြက်သီးထဖွယ်ရယ်သံ နှင့်အတူ ဧရာမ
မည်းမည်း အကောင်ကြီးတစ်ကောင် ရုတ်တရက်ပေါ်လာပြီး
ထိုလူ နှစ်ယောက်အား ရိုက်ချ လိုက်တော့၏။
” ဘုန်း ဘုန်း ”
” အား အား ”
ထိုလူ နှစ်ယောက်ကား အား ဟု တစ်ခွန်းသာ အေါ်နိုင်ခဲ့ပြီး ရှေ့သို့
ထိုးလျှက် ဂူ ပေါ်မှ ပြုတ်ကျသွားတော့၏။
ဆရာတော်ဘုရား ကား တရား ထိုင်နေမြဲပင်။
ထိုလူ နှစ်ယောက်ကို အကောင်မည်းကြီး လက်တစ်ဖက်ဖြင့် ကောက်
ကာ ” ဟီး ဟီး ဟီး” မြည်ပီး ပစ်ပေးလိုက်တော့ ထို အလောင်း
နှစ်လောင်း လူထွားကြီး ချစ်ဖေ တို့ အနား ရောက်လုမှာပဲ ရုတ်တရက်
ဧရာမ ခွေး နက်ကြီး နှစ်ကောင် ပေါ်လာကာ ပါးစပ်ဖြင့် ကိုက်ဖမ်း
လိုက်၏။
ခွေးနက်ကြီး နှစ်ကောင်လည်း ထို အလောင်းနှစ်လောင်းကို အားပါး
တရ ကိုက်ဖြတ်လိုက်သောအခါ ထို အလောင်း နှစ်လောင်းမှာ
ခြေတစ်ခြား လက်တစ်ခြား ခေါင်းတစ်ခြား ကိုယ်တခြားဖြစ်သွားတော့
၏။။
ထို အဖြစ် အပျက် ကို မြင်သော ဂူဖောက် နေသူ နှစ်ယောက်က
” အောင်မလေး မဖဲဝါ ကြီး လာပြီ ပြေး ပြေး” ဟု အော်ပြီး
တူရွင်း၊ ဆောက်ပုတ်၊ သံတူ တို့ကိုစွန့်ပစ်ကာ ပြေးပါတော့၏။။
” ဟေ့ကောင် တွေ ဟေ့ ကောင်တွေ မပြေးကြနဲ့”
လူထွားကြီးချစ်ဖေ အော်ပြော ပေမယ့် ဂူဖောက်သူ နှစ်ယောက်ကား
လှည့်၍ ပင်မကြည့်ကြတော့။
” ဟီး ဟီး ဟီး ”
ဟု ရယ် သံ ထွက်လာပြန်တော့ ထွက်ပြေးသူ နှစ်ယောက်ကို ရော
သုဘရာဇာကြီး ရဲ့ တဲအို နားမှာ မီးတုတ်ကိုင်ပြီး ရပ်နေသူနှစ်ယောက်
ကိုပါ
ဧရာမ ခွေးကြီးလေးကောင်က ကိုက်ချီပြီး ချစ်ဖေ ရဲ့ အနားသို့ ယူလာ
ခဲ့၏။
” ဘုန်း ဘုန်း ”
” အား အား ” သုဘရာဇာကြီး ၏ နဘေးမှ လူနှစ်ယောက်ကို
ဧရာမ အကောင်ကြီးက ရိုက်ထည့်လိုက်ပြန်၏။
ထိုလူ နှစ်ယောက် မှောက်လျက်လဲကျသွားတော့ လူတစ်ရပ်သာသာ
ရှိပြီး ခန္ဓာကိုယ် တစ်ခုလုံး မီးဟုန်း ဟုန်း တောက်လောင်ကာ
ဦးခေါင်းမပါ ဧရာမ လက်ကြီးတွေနဲ့ အကောင်များ ရုတ်တရက်ပေါ်လာ
ပြီး ထိုလူ နှစ်ယောက်အား လု ကြပါတော့၏။။
တခြားလူလေး ယောက်ကား ခွေးနက်ကြီးလေး ကောင်ရဲ့ ပါးစပ်ထဲ
မှာ ” ကယ်ပါ ယူပါ ” အော်ဟစ်နေကြ၏။
ထို ခွေးကြီးလေး ကောင်လည်း ထိုလူလေး ယောက်ကို ကစားစရာ
တစ်ခု လို ကိုက်လိုက် ချီလိုက် ချလိုက်လုပ်နေကြ၏။
ထိုအခါ ခွေးနက်ကြီး တစ်ကောင်ရဲ့ ပါးစပ်မှ လူတစ်ယောက် လွတ်ကျသွားတော့ ကုန်းကုန်းကွကွ ပုပုပြတ်ပြတ် ရာဝင်းတောင်းလောက်ရှိသော ဦးခေါင်း၊ ကလေးတစ်ဖက်စာလောက်ရှိသော ခြေထောက်၊
ရှည်လျားလှသော လက်များ၊ ဆံတစ်ပြည်ဆန့် သပိတ်လောက်ရှိသော
များလုံးများဖြင့် အကောင်တစ်စု ပေါ်ထွက်လာပြီး ထိုလူအား လုယက်
ကြပါတော့၏။
လူထွားကြီးချစ်ဖေကား ထို အခါမှ ထွက်ပြေးဖို့ သတိရကာ
” အောင်မလဲ အမေရဲ့ ကယ်ပါ ကယ်ပါ ” ဟုအော်ကာ ခြေဦး
တည့်ရာပြေးပါတော့၏။။
သို့သော် သူ ဘယ်လောက်ပဲ ပြေးပြေး ဧရာမ အရိပ်မည်းကြီးက သူ့
အရှေ့က ရောက်နှင့်လို့နေ၏။။
” ဘုန်း ”
အရိပ်မည်း ကြီးက လူထွားကြီးချစ်ဖေ အား တစ်ချက်ရိုက်လိုက်၏။
” အား ”
လူထွားကြီးချစ်ဖေ မှာ လဲကျသွားပေမဲ့ လျင်မြန်စွာပြန်ထကာ
ပြေး သေး၏။
သို့သော်
အရိပ်မည်းကြီးကား ” ဟီး ဟီး ဟီးး” ရယ်ကာ အားပါးတရ ရိုက်ချ
လိုက်တော့ လူထွားကြီးချစ်ဖေ မှာ အနည်းငယ် လွင့်ထွက်သွားပြီး
သူတို့ ဖောက်နေ ခဲ့သော အုတ်ဂူပေါ်တွင် ဦးခေါင်း ထိသွား၍
ဦးခေါင်း တစ်ခုလုံး ရစရာမရှိအောင် ကြေ မွ သွားတော့၏။။
သုဘရာဇာကြီးကား ထို မြင်ကွင်းကို ည အမှောင်ထဲကွက်ကွက်ကွင်း
ကွင်း မြင်နေရ၍ အသက်ရုှဖို့တောင် မေ့နေခဲ့၏။
ဆရာတော်ဘုရားကား သမာဓိ တည်မြဲစွာ တရား အားထုတ်နေဆဲပင်။
ထိုအခိုက် ” ဟီး ဟီး ဟီး ” ရယ်သံကြီးက သုဘရာဇာကြီး၏ နဘေး
တွင် ထွက်ပေါ်လာ၍ သုဘရာဇာကြီးခမျာ မေ့မြော မတတ်ဖြစ်သွားရ၏။
” ဟီး ဟီး ဟီးး” ရယ်သံ နောက်တစ်ခါ ထွက်ပေါ်လာသောအခါ
ခွေးနက်ကြီးများက ခေါင်းတစ်ခြားကိုယ် တစ်ခြားဖြစ်နေသော
အလောင်းစများကို ကိုက်ချီလာပြီး သုဘရာဇာ ကြီး၏ ရှေ့တွင် ပစ်ချ
လိုက်၏။
သုဘရာဇာကြီးလည်း လန့်ပြီး နောက်သို့ ဆုတ်သွားလိုက်၏။။
” ဟီး ဟီးး ဟီးးး” ရယ်သံ နောက်ထပ်တစ်ခါ ထွက်ပေါ်လာသောအခါ ထို ခေါင်းတစ်ခြားကိုယ် တစ်ခြားဖြစ်နေကြသော လူထွားကြီး
ချစ်ဖေ နဲ့ သူ့လူ တွေရဲ့ အလောင်းက ချက်ချင်း မီးထလောင်ပြီး
ချက်ချင်း ပြာဖြစ်သွားတော့၏။။
အရိုး အကြွင်းကျန်တောင် မကျန်ခဲ့ချေ။
“ဟီး ဟီးး ဟီးး” ဟု ရယ်သံနှင့်အတူ ခွေးနက်ကြီး၊ အပါအဝင် အား
လုံးသော ပရလောက သားတို့ အမှောင်ထဲ တိုး ဝင်ကာ ပျောက်ကွယ်
သွားတော့၏။
ထိုအခါ မှ သုဘရာဇာကြီးလည်း အသက် ရုှ နိုင်ပြီး။
မီးအိမ် ကလေးကို ကိုင်ကာ ဆရာတော်ဘုရား ရှိရာသို့ လျှောက်
လာခဲ့။
” အောင် မလေး ”
ဆရာတော် ဘုရား ရဲ့ နဘေးမှာ ရပ်နေသော အကောင်များကို
မြင်လိုက်၍ သုဘရာဇာကြီး နှလုံးရပ်မတတ်ဖြစ်သွား၏။
ထို အကောင်များကား ဦးခေါင်းမပါပဲ နောက်ကျောမှာ မျက်နှာပါပြီး
ထို နောက်ကျောမှာ ရှည်စွာသော လျှာတို့ တွဲ လျားကျသော
အကောင်များ ဖြစ်၏။
ထို အခိုက် ” အု ဝူး ဝူး ဝူး ဝူး” ဟူသော ခွေးအူသံထွက်ပေါ်
လာ၍ ထိုအကောင်များလည်း ထိုနေရာမှာပင် ပျော်ကွယ်သွား
တော့၏။။
သုဘရာဇာကြီး လည်း ဆရာတော့် နဘေးက အုတ်ဂူ ကလေး
ပေါ်တွင် ခြေပစ်လက်ပစ် အိပ်လိုက်ပါတော့၏။
ဆရာတော်ဘုရားကား တည်ငြိမ် အေးချမ်းစွာ တရား အားထုတ်နေ
ဆဲပင်။။
*********************************
**************************************
ပြီးပါပြီ။
********************
ရွှင်လန်းချမ်းမြေ့ကြပါစေ။
**************************************
အမှား အယွင်းများ ရှိခဲ့ပါက ” ငယ်သူမို့ ” သနားသော အား
ဖြင့် ပြင်ဆင်ဖတ်ရုှ့ပါရန် ပန်ကြား တောင်းပန်အပ်ပါတယ်။
*******************
စာဖတ် ချစ် ပရိသတ် များကို အစဉ်ထာဝရ လေးစားလျှက် =
wizard