တစ္ဆေခြောက်သောည

*မြင့်ဆောင် နှင့် တစ္ဆေခြောက်သောည*📖📖📖

**************************************

   (၁)

    ဒီနေဆိုလျှင် ကိုမြင့်ဆောင်တို့ နှမ်းကြဲတက်လာသည်မှာ သုံးရက်မြောက်နေ့ပင် ရောက်လာပြီဖြစ်သည်။
သို့သော် နှမ်းကြဲ၍မရသေးပဲ တောကိုအရင်ခုတ်ရပြီး ထိုခုတ်ပြီးသားတောများကို ရှင်းလင်းပြီးပါမှ ထယ်ထိုး၍ နှမ်းကြဲရမည်ဖြစ်သည်။

     ယနေ့လည်း ခုတ်လက်စတောများကို ဆက်ခုတ်နေရင်း ညနေဆောင်း အချိန်သို့ရောက်လာတော့ မနေ့ကပြောထားသည့် အတိုင်း ငတူးရောက်လာပြီး ကိုပြူးကိုခေါ်ကာ ညောင်ပင်းကုန်းရွာကို ဆင်းသွားကြသည်။

     ညောင်ပင်ကုန်းရွာသည် သလဲကုန်းရွာ၏တောင်ဘက်ခပ်‌ေဝး‌ေဝးမှာရှိပြီး သူတို့ရောက်နေသည့် နေရာနှင့်ဆိုလျှင် ပို၍နီးသည်။ထို့ကြောင့် တခါတရံ လိုအပ်တာများရှိပါက ထိုရွာသို့ သွားဝယ်ရပြီး ယခုလည်း ငတူးအရက်သွားဝယ်တာကို ကိုပြူးက အဖော်လိုက်လိုက်‌ေပးချင်းဖြစ်သည်။

   ထို့သို့ ကိုပြူးနဲ့ငတူးတို့သွားပြီး သိပ်မကြာခင်မှာပဲ ကိုမြင့်ဆောင်တစ်ယောက်  လွှတ်ကျောင်းထား‌ေသာနွားကြီးနှစ်‌ေကာင်ကိုဆွဲ၍ ချောက်ထဲသို့‌ေရတိုက်ရန် ဆင်းလာခဲ့ပြီး သူပါတစ်ခါတည်းရေချိုးမည်ဖြစ်သည်။

    ထို့ကြောင့် တဲပေါ်မှာ မောင်စိုး တစ်ယောက်သာကျန်ခဲ့ပြီး ညစာအတွက်ချက်ပြုတ်နေရသည်။မောင်စိုးခမျာ့အခုလို တဲမှာတစ်ယောက်တည်း ရှိနေတာကို စိတ်မလုံသလိုခံစားနေရပြီး ထမင်းဟင်းချက်ရင်းနဲ့ပင် အနီးအနား ပတ်ဝန်းကျင်ကို စိုးရိမ်စိတ်ဖြင့် ကြည့်နေမိသည်။

     ထို့ပြင် ကိုမြင့်ဆောင်ပြောသည့် မှင်စာနှစ်ကောင် တဲနားရောက်လာလေမလားဟုတွေးပြီး ရောက်လာလျှင် ခုတ်ရန် တောခုတ်သည့် ဓါးကိုပင် အနီးအနားမှာ ချထားလိုက်သည်။

    ထိုသို့ဖြစ် မောင်စိုးတစ်ယောက် စိတ်တထင့်ထင့်ဖြင့် ချက်ပြုတ်နေရင်း နေဝင်မိုးချုပ်အချိန်သို့ ရောက်လာပြီဖြစ်သည်။ဒီကြားထဲ ကိုမြင့်ဆောင်က ရေတွင်းပြိုနေ၍ ပြန်ဖော်ဦးဆိုကာ ပေါက်တူးလာယူသွားသဖြင့် ‌တဲကိုပြန်လာချိန် နောက်ကြမည်ဆိုတာ သိလိုက်ရပြီး ပို၍ပင် စိုးရိမ်နေမိသည်။

     မောင်စိုးလည်း စိုးရိမ်စိတ်ဖြင့်ပင် မီးဖိုပေါ်၌တည်ထားသော် ထမင်းအိုးကိုမွှေနေရင်း ယာကွက်အလည်ရှိ သစ်ပင်ကြီးကို အမှတ်မထင်ကြည့်လိုက်မိသည်။
သူထိုသို့ ကြည့်လိုက်‌ေတာ့ ထိုသစ်ပင်အောက်မှာ ဆံပင်ဖားလျှားချထားသည့် မိန်းမကြီးတစ်ယောက် ရပ်နေတာကို မြင်လိုက်ရပြီး မောင်စိုး ကြက်သီးတဖျန်းဖျန်းထသွားသည်။

     ‌ေနဝင်မိုးချုပ် အချိန်ဖြစ်၍ မျက်နှာကို သဲသဲကွဲကွဲ မမြင်ရပေမဲ့ ထိုမိန်းမကြီး၏ပုံကို ကြည့်ရုံဖြင့် လူတစ်ယောက်မဟုတ်မှန်း သိလိုက်ပြီး  ‌မောင်စိုး လန်ဖျန့်သွားသည်။ထို့နောက် ထိုမိန်းမကြီးက သူကိုလက်ညှိုးထိုးပြီး တစ်စုံတစ်ခုကို ပြောဆိုနေတာ မြင်တော့ မောင်စိုးတစ်ယောက် တဲမှာဆက်မနေရဲတော့ပဲ ကိုမြင့်ဆောင်ရှိရာ ချောက်ထဲသို့ ဆင်းရန် တဲမှပြေးထွက်ခဲ့တော့သည်။

    သူထိုသို့ ပြေးလာ‌ေနတုန်း တဲကိုပြန်လာနေသည့် ကိုမြင့်ဆောင်နှင့် တွေ့လိုက်ပြီး

    “မောင်းစိုး ဘာဖြစ်တာတုန်းကွ”

   “ဟို သစ်ပင်အောက်မှာ မိန်းမကြီးတစ်ယောက်ဗျာ့ ကျွန်တော့်ကို လက်ညှိုးကြီးထိုးပြီး ဘာတွေပြောနေမှန်းမသိဘူး”

   “ဟုတ်လားကွ ဘယ်သစ်ပင်‌ေအာက်မှာတုန်း”

    ကိုမြင့်ဆောင် ထို့သို့ မေးလိုက်လိုက်‌ေတာ့ မောင်စိုးက
သူမြင့်‌ခဲ့သည့် ယာကွက်အလယ်မှ သစ်ပင်ကြီးကို လက်ညှိုးထိုပြပြီး

    “ဟို သစ်ပင်ကြီးအောက်မှာဗျာ့”

  “ဟုတ်လား ဒါဆို မြန်မြန်လာကွာ”

ကိုမြင့်ဆောင် ထိုသို့ပြောပြီး တဲကိုခပ်မြန်မြန် ပြန်လာခဲလိုက်သည်။ထို့နောက် မောင်စိုး ညွှန်ပြသည့် ယာကွက်အလယ်မှ သစ်ပင်ကြီးကို ကြည့်လိုက်တော့ ဘာမျှရှိမနေတော့ ထိုအခါ ကိုမြင့်ဆောင်က

     “မောင်စိုး မင်းမြင်ခဲ့တာ ဘယ်နှစ်ယောက်တုန်းကွ”

      “တစ်ယောက်ထဲဗျာ့ ဆံပင်ဖားလျှားကြီးနဲ့”

       “ဟုတ်လား တဲဘက်ကိုရော လာသေးလားကွ”

   “အဲ့ဒါတော့ သေချာမသိဘူးဗျာ့ ကျွန်တော်လည်း အဲ့ဒီမိန်းမကြီးကို မြင်တာနဲ့ ကြောက်လန့်ပြီး ဦးမြင့်ဆောင်ဆီပြေးလာတာပဲ”

    “ဟုတ်လားကွ ဒါဆိုရင်တော့ သူတဲဘက်ကို လာမှာမဟုတ်ဘူး”

    ကိုမြင့်ဆောင်လည်း သူနဲ့မောင်းစိုး လမ်းမှာတွေ့သည့် အချိန်နှင့် တွက်ဆပြီး‌ပြောလိုက်ချင်းဖြစ်ပြီး  မောင်စိုး တွေ့မြင်လိုက်သည့် မိန်းမကြီးမှာ ထိုသစ်ပင်မှာနေသည့် တစ္ဆေမကြီးဖြစ်မှန်းသိလိုက်သည်။
ဒါ့ကြောင့်သူ နောက်ဒီလိုထပ်မလုပ်ရန် သွားပြောရဦးမည်ဟု တွေးထားလိုက်ပြီး မောင်စိုးဘက်ကိုလှည့်ကာ

    “မောင်စိုး မင်းတော်တော်ကြောက်သွားလားကွ”

    “ဟာဗျာ ဘယ့်နှယ်ပြောလိုက်ပါလိမ့် ဦးမြင့်ဆောင်ကလည်း ကြောက်တာပေါ့ဗျာ့”

    “အေး အဲ့ဒါဆို ငါမင်းကို အိမ်ပြန်လိုက်ပို့ပေးမယ်  မင်းပြန်ချင်လား”

    ကိုမြင့်ဆောင်လည်း မောင်စိုးတစ်ယောက် တဲမှာနေပြီး အရမ်းကြောက်နေမည်ဆိုး၍ ထိုသို့ပြောလိုက်ချင်းဖြစ်ပြီး မောင်စိုးက

“ရတယ်ဗျာ အဲ့လောက်ကြီးလည်း မဟုတ်‌ေတာ့ပါဘူး စောစောက ကျွန်တော်တစ်ယောက်တည်းမို့ ကြောက်တာပါ အခုဦးမြင့်ဆောင်ရှိနေတော့ သိပ်မကြောက်တော့ဘူး”

“အေး ယောက်ျားပဲကွာ တစ်ခါတစ်လေ ဒီလိုဟာမျိုးတွေ ကြုံဘူးတော့လည်း ဗဟုသုတ ရတာပေါ့ ဒါပေမဲ့ မင်းမှတ်ထားရမှာက သူတို့က ကိုယ့်ထက် အဆင့်အတန်းနိမ့်တဲ့ သတ္တဝါတွေကွ မင်းကိုဘာမှ မလုပ်နိုင်ပါဘူး”

“ဟုတ်လို့လားဗျာ ကျွန်တော်ကတော့ အခုမြင်တာနဲ့ကို တော်တော်လန့်နေပြီ”

    “ဟုတ်ပါတယ်ကွာ သူတို့အဲ့လောက်ပဲ လုပ်နိုင်တာပါ အဲ့ထက်ပိုလာရင် ငါနဲ့တွေ့သွားမှာပေါ့”

ကိုမြင့်ဆောင် ထိုသို့ပြောလိုက်တော့ မောင်စိုး ဘာမှမပြောတော့ပဲ သစ်ပင်ကြီးကိုသာ ကြည့်နေသည်။ သူ့စိတ်ထဲမှာလည်း ကြောက်ရွံ့စိတ်သိပ်မဖြစ်တော့ပဲ သူလည်း ကိုမြင့်ဆောင်တို့နဲ့ အနေကြာလာပြီး သူတို့‌အကြောင်းသိနေ၍ဖြစ်သည်။

    (၂)

   ထိုသို့ဖြစ် ကိုမြင့်ဆောင်နဲ့မောင်စိုးလည်း တဲမှာပဲနေရင်း ညစာအတွက် မောင်စိုး ချက်ပြုတ်လို့မပြီးသေးတာတွေကို ဆက်လက်ချက်ပြုတ်နေရင်း ကိုပြူးတို့ပြန်လာမည့် အချိန်ကိုစောင့်နေလိုက်သည်။

    ထိုအချိန်၌ ညောင်ပင်ကုန်းရွာသို့သွားသည့် ကိုပြူးနှင့်ငတူးကတော့ လမ်းတစ်ဝက်မှာပင် ရှိသေးပြီး ရွာထဲသို့ပင် မရောက်သေး မီးလမ်းဟုခေါ်သည့် လှည်းလမ်းအတိုင်း ညောင်ပင်ကုန်းရွာသို့ သွားနေရင်း သူတို့နောက်မှလိုက်လာသည့် ခြေသံတဖျတ်ဖျတ်ကို ကြားလိုက်ရသည်။ထိုအခါ သူတို့လိုပင် ရွာသို့ပြန်သည့် လူတစ်ယောက်ဖြစ်မည်ဟုထင်ပြီး  နောက်သို့လှည့်ကြည့်လိုက်‌ကြသည်။

သို့သော် သူတို့ထင်ထားသလို ဘယ်လူတစ်ယောက်မှ လိုက်လာတာမရှိပဲ ရုတ်တရက် ခြေသံကိုလည်း မကြားရတော့ ကိုပြူးလည်း  အနီးအနား ဝန်းကျင်ကိုကြည့်ပြီး ရှေ့ဆက်လျှောက်လာရင်း

“ငတူး ဒါညောင်ပင်းကုန်းရွာက ကိုဆယ်ကြီး သစ်လှည်းပိပြီးသေတဲ့နေရာ မဟုတ်လားကွ”

    “ဟုတ်တယ်‌ဗျာ့ ဘာဖြစ်လို့တုန်း”

    “ဒါဆို ကိုဆယ်ကြီး ဒို့နောက် လိုက်လာတာပဲဖြစ်ရမယ်”

    “ဟာဗျာ မဟုတ်ကဟုတ်က”

    “ဘာမဟုတ်ကဟုတ်ကတုန်း မင်းကြည့်ထား ခဏနေရင် ဒို့နောက်က လိုက်လာတဲ့ ခြေသံကိုပြန်ကြားရလိမ့်ဦးမယ်”

    ကိုပြူး ထိုသို့ ပြောပြီး မကြာခင်မှာပဲ သူတို့နောက်မှ လိုက်လာသည့် ခြေသံတဖျတ်ဖျတ်ကို ပြန်ကြားရပြီး ကိုပြူးက

    “ဘယ်လိုတုန်းကွငတူး ငါပြောတာဟုတ်တယ် မဟုတ်လား”

    “ဟုတ်တယ်ဗျာ့ ကျုပ်တို့ ဘယ်လိုလုပ်ကြမတုန်း”

    “ဘာလုပ်ရမှာတုန်းကွ သူလည်းသွားစရာရှိလို့ သွားတာနေမှာပေါ့”

    “ဒါတော့ဒါပေါ့ဗျာ ဒါပေမဲ့ ကျုပ်က လူမမြင်ရပဲ ခြေသံ
ပဲ ကြားနေရတော့ ကြောက်တယ်ဗျာ့”

    “ဟုတ်လားဒါဆို မင်းက လူကိုမြင်ရင် မကြောက်ဘူးပေါ့ ဒီလိုဆိုလဲ ငါ ကိုဆယ်ကြီးကို လူပါပြခိုင်းလိုက်မယ်”

    ကိုပြူး ထိုသို့ပြောလိုက်တော့ ငတူးက အသံကိုခတ်ကြိတ်ကြိတ်လုပ်ပြီး

“ဟေ့လူ သွာမလုပ်နဲ့လေဗျာ့ တော်ကြာ ခင်ဗျားအသံကြာပြီး အကောင်လိုက်ကြီးပြနေလို့ ထွက်ပြေးနေရမယ်”

    ကိုပြူးလည်း ငတူးထိုသို့ ကြောက်နေတာကိုကြည့်ပြီး

    “ငတူး မင်းနဲ့ကိုဆယ်ကြီးနဲ့က တော်တော်ခင်တယ် မဟုတ်လားကွ”

    “ဟေ့လူ ခင်ဗျား ဘာတွေလျှောက်ပြောနေတာတုန်း တော်ကြာ ကြားသွားလို့ ဒုက္ခရောက်နေပါဦးမယ်”

   “မရောက်ပါဘူးကွာ အခုလည်းမင်းမှန်းသိလို့ လိုက်လာတာနေမယ်”

    “ဟာဗျာ ခင်ဗျားပြောလေဆိုးလေပါလားဗျာ့”

    ငတူးလည်း ကိုပြူးပြောလေ သူကြောက်လေဖြစ် ရှေ့မှ မပြေးရုံတမယ် သွားနေသည်။သူနဲ့ကိုဆယ်ကြီးကလည်း ကိုပြူးပြောသလို ‌တော်တော်ခင်မင်ကြသည့် သောက်ဖော်သောက်ဖက်များဖြစ်ပြီး ကိုဆယ်ကြီး လှည်းမှောက်၍ သစ်လုံးပိပြီး သေသည်ဆိုသည့်သတင်းကြားတော့ သူကိုယ်တိုင်ပင်လာကြည့်သေးသည်။
ယခု ကိုပြူးအစဖော်ပေးလိုက်တော့ ထိုသစ်လုံးပိပြီး သေဆုံးနေသည့် ကိုဆယ်ကြီး၏ ရုပ်အလောင်းကြီးကို သူ့မျက်စိထဲတွင် ပြန်မြင်‌ေရာင်လာပြီး လာမိတာကိုပင် ခပ်မှားမှားဟုတွေးလိုက်မိသည်။

ထိုသို့ဖြစ် ရွာကိုလှမ်းမြင်နေရသည့် နေရာသို့ရောက်တော့ သူတို့နောက်မှ လိုက်လာသည့် ခြေသံတဖျတ်ဖျတ်ကိုမကြားရတော့၍ ‌ကိုပြူးက

    “ကိုဆယ်ကြီးတော့ နေခဲ့ပြီကွ အပြန်ကြရင်များ လိုက်လာဦးမလားမသိဘူး”

    “ဟာဗျာ ခင်ဗျားပါးစပ်ပုတ်ကြီးနဲ့ မပြောစမ်းပါနဲ့ တော်ကြာတကယ်ဖြစ်နေပါဦးမယ်”

    “ပါးစပ်ပုတ်ကြီးနဲ့ ပြောတာမဟုတ်ဘူးကွ ဖြစ်တတ်တာကိုပြောတာ”

    ငတူးလည်း ကိုပြူး၌ ထိုသို့သောအတွေ့အကြုံများ ရှိမှန်းသိ၍ ဘာမှဆက်မပြောတော့ပဲ ညောင်ပင်းကုန်းရွာထဲသို့ ဝင်လာခဲ့ကြပြီး  အရက်ဆိုင်တစ်ဆိုင်မှာ အရက်ဝင်သောက်လိုက်သည်။ကိုပြူးကတော့ အရက်မ‌ေသာက်ပဲ အမြည်းစာပြီး ငတူးကိုထိုင်စောင့်နေသည်။

     ထိုအတွက်ကြောင့်လည်း ငတူး ကိုပြူးကို ကျေဇူးတင်နေမိပြီး ကိုပြူးသာပါမလာလျှင် ဤရွာသို့ သူလာဖို့မလွယ်ကူ နောက်ပြီး လမ်းမှာသူတို့နောက်လိုက်လာသည့်
ခြေသံမျိုးကို ကြားရပါက ကိုပြူးနှင့်ကိုမြင့်ဆောင်မဟုတ်ပဲ တခြားတစ်ယောက်သာဖြစ်‌ေနရင် သူထိုထက်မကကြောက်မိမည်ဖြစ်သည် သို့သော် ယခု သူနဲ့ပါလာသူမှာ ကိုပြူးဖြစ်နေ၍ သူ့အဖို့တော်သေးသည်ဟု ပြောရမည်ဖြစ်သည်။

    ထိုသို့ဖြစ် ငတူးလည်း အရက်ကိုအလွန်အကျွံ မသောက်တော့ပဲ တန်သင့်ယုံသာသောက်ပြီး ကိုပြူးနဲ့အတူ တဲသို့ပြန်လာခဲ့တော့သည်။ဒါ‌ေပမဲ့ ငတူးလက်ထဲမှာတော့ ပုံးတစ်ပုံးဆွဲလာခဲ့ပြီး နောက်နေ့နောက်နေ့တွေအတွက် ဖြစ်သည်။

    (၃)

    ထိုသို့ဖြစ် ငတူးနဲ့ကိုပြူး ညောင်ပင်ကုန်းရွာက ထွက်လာတော့ ညကိုးနာရီကျော်ကျော်မျှ ရှိပြီဖြစ်ပြီး ငတူးတစ်ယောက် ငိုက်စိုက်ငိုက်စိုက်ဖြင့် ရှေ့ကသွားနေသည်ကိုပြူးက‌ေတာ့ သူ့နောက်မှအသာလိုက်ခဲ့ပြီး နှစ်ယောက်လုံး စကားသိပ်မပြောဖြစ်တော့ပဲ တဲသို့မြန်မြန်ရောက်ဖို့သာ စိတ်‌စောနေကြသည်။

    တဲသို့ပြန်ရောက်မှသာလျှင် အေးအေးဆေးဆေး နာနိုင်မည်ဖြစ်ပြီး ယခု‌ေတာ့ အသွာအပြန် ခြေကျင်လျှောက်နေရ၍ ညောင်းညာနေပြီဖြစ်သည်။

    ထိုကြောင့် သူတို့နှစ်ယောက်လည်း တစ်ယောက်နဲ့တစ်ယောက် စကားမပြောဖြစ်ကြတော့ပဲ တိတ်တိတ်ဆိတ်ဆိတ် လျှောက်လာနေကြရင်း အလာတုန်းက သူတို့နောက်လိုက်လာသည့် ခြေသံကို စကြားရသည့် နေရာသို့ရောက်တော့

    “ကိုပြူး ရှေ့မှာလူတစ်ယောက်ဗျာ့”

    “ဟုတ်လားကွ ဘယ်သူပါလိမ့်”

    ကိုပြူးလည်း ခေါင်းကို ခပ်စိုက်စိုက်ထားပြီး လျှောက်လာရမှာ ငတူးပြော၍ ရှေ့သို့လှမ်းကြည့်လိုက်သည်။ထိုအခါ သူတို့သွားမည့် လှည်းလမ်းအလယ်တွင် ဆိုင်ဆိုင်ကြီး ရပ်နေသော လူတစ်ယောက်ကို မြင်လိုက်ရပြီး
ထိုလူ၏ ဦးခေါင်းသည် တစ်ဘက်သို့ ဆောင်းနေတာကိုတွေ့လိုက်ရသည်။ထိုအခါ ကိုပြူးက

    “ခြေသံပေးရုံနဲ့ အားမရလို့ ကိုထင်ပြတာပဲကွ”

    ကိုပြူး ထိုသို့ပြောလိုက်တော့ ငတူးတစ်ယောက် အမူးပြေသွားပြီး

    “ကိုပြူး အဲ့ဒါ ကိုဆယ်ကြီးလားဗျာ့”

    “ဟုတ်တယ်လေကွာ မင်းမမှတ်မိဘူးလား”

    ကိုပြူး ထိုသို့ ပြောလိုက်မှ ငတူးလည်း ထိုလူ၏အဝတ်အစားများကိုကြည့်ကာ ကိုဆယ်ကြီး သေတုန်းက ဝတ်ထားသောအဝတ်အစားများဖြစ်မှန်းသိလိုက်ပြီး

    “ဟာ ဟုတ်တယ်ဗျာ့ ကိုပြူး အဲ့ဒါ ကိုဆယ်ကြီးပဲ”

    ငတူးလည်း ထိတ်လန့် တုန်လှုပ်သံနဲ့ပြောပြီး နောက်သို့ဆုတ်လာရင်း

“ကိုပြူး ကျုပ်တို့ ဘယ်လိုလုပ်ကြမတုန်းဗျာ့”

    “ဘာလုပ်ရမှတုန်းကွာ လမ်းဖယ်ခိုင်းရမှာပေါ့”

    ကိုပြူး ခပ်ညစ်ညစ်အသံဖြင့်ပြောရင်း ငတူးရှေ့မှနေ၍

    “ကိုဆယ်ကြီး ကျုပ်တို့ကို မနှောက်ယှက်နဲ့ဗျာ  အေးအေးဆေးဆေး သွာပါရစေ”

    ကိုပြူး ထိုသို့ပြောလိုက်ပေမဲ့ ထိုလူကတော့ မရွေ့လျားပဲ ရပ်မြဲအတိုင်းရပ်နေပြီး ငတူးကတော့ ကိုပြူး နောက်မှာနေပြီး ဇောချွေးများပင် ပြန်နေပြီဖြစ်သည် ထိုအခါ ကိုပြူးလည်း

    “ကိုဆယ်ကြီး ကျုပ်တို့အေးအေးဆေးဆေး သွာပါရစေဗျာ မနှောက်ယှက်ပါနဲ့”

    ကိုပြူး ထိုသို့ထပ်ပြောလိုက်ပေမဲ့ ကိုဆယ်ကြီးကတော့  မလှုပ်မယှက်ရပ်နေတုန်းပင် ရှိသေးသည် ထိုအခါ ကိုပြူးလည်း သွားရလာရ၍ ပင်ပန်းနေရသည့်ကြားထဲ ကိုးလို့ကန့်လန့်လာလုပ်နေသော သရဲကိုဆယ်ကြီးကို ဒေါသဖြစ်လာပြီး

    “ဒီလောက် ပြောရကြပ်တဲ့သရဲ ငပြူး ဘာကောင်လည်းဆိုတာ ပြရသေးတာပေါ့ကွာ”

    ကိုပြူး ပြောပြောဆိုဆို ပုဆိုးတိုတိုပြင်ဝတ်ကာ ထိုလမ်းပိတ်ရပ်နေသည့် သရဲကိုဆယ်ကြီးဆီ ပြေးသွားသည် ကိုပြူး ထိုသို့ ပြေးသွားတာမြင်တော့ ငတူးတစ်ယောက်  ဘာလုပ်ရမှန်းမသိ ဖြစ်သွားပြီး ရှေ့ဆက်ပြေးရမလို နောက်ပြန်ဆုတ်ရမလိုဖြစ်နေသည်။

     နောက်မှာ ကိုပြူး ထိုသရဲကို တစ်ခုခုလုပ်မည်ဆိုတာ သိသွားပြီး ကိုပြူး နောက်သို့ ခပ်သွက်သွက်လျှောက်လိုက်သွားရင်း ကိုပြူးကို ကူညီရန် လက်ထဲမှအရက်ပုံးကို အသင့်အနေးအထားကိုင်ထားလိုက်သည်။

    သို့သော် သူမကူညီလိုက်ရပဲ ကိုပြူး သူနားရောက်ခါနီးမှာပဲ သရဲကိုဆယ်ကြီး လမ်းဘေးသို့ဆင်းပြေသွားတော့သည်။ထိုအခါ ကိုပြူးက

    “တောက် လမ်းလျှောက်ရတာ ညောင်းနေလို့ပေါ့ကွာ ဒီလိုမှမဟုတ်ရင် အဲ့ဒီသရဲကို လိုက်ပြီးနပန်းလုံးသေးတယ်”

    ကိုပြူး ထိုသို့ပြောလိုက်တော့ ငတူးက

    “စိတ်လျှော့ပါဗျာ သရဲနဲ့ ဖက်ပြီးရန်ဖြစ်မနေပါနဲ့ လာသွားရအောင်”

    ငတူး သရဲထွက်‌‌ေပြးသွားပြီဖြစ်၍ ပြောရဲဆိုရဲ ဖြစ်သွားပြီး ကိုပြူးကို ခေါ်လိုက်တော့ ကိုပြူးက

    “ငါ မင်းပါနေလို့နော် မင်းကိုအားနာနေလို့ ဒီလိုမှမဟုတ်ရင် မလွယ်ဘူး”

    “အေးပါဗျာ ကိုပြူးအကြောင်း ကျုပ်သိပါတယ် လာပါ တဲပြန်ရအောင်”

    ငတူး ထိုသို့ပြောလိုက်မှ ကိုပြူးလည်း သက်ပြင်းကို ဟင်းကနဲချရင်း ငတူးနောက်သို့ လိုက်လာသည်။

    (၄)

    ဒီလိုနဲ့ သူတို့နှစ်ယောက် တဲပြန်ရောက်တော့ ညဆယ်တစ်နာရီ ထိုးခါနီးနေပြီဖြစ်ပြီး ကိုမြင့်ဆောင်က

    “ငပြူး မင်းတို့နှစ်ယောက် သွားတာ ကြာလှချည်လားကွ ဘာတွေ ဖြစ်နေလို့တုန်း”

“ဘာဖြစ်ရမှာတုန်းကွာ လမ်းမှာ အသွားရော အပြန်ရော သရဲနဲ့တွေ့နေလို့ပေါ့”

   “ဟုတ်လားကွ ဘယ်နားမှာတွေ့ခဲ့တာတုန်း”

    “ကိုဆယ်ကြီး သစ်လှည်းပိပြီး သေတဲ့နေရာမှာကွ”

    “ဒါဆို ကိုဆယ်ကြီးပဲ ဖြစ်မှာပေါ့ကွာ ငတူးကိုမြင်လို့ ထွက်နှုတ်ဆက်တာနေမှာပေါ့”

ကိုမြင့်ဆောင် ထိုသို့ ငတူးကိုကြည့်ပြီး ပြောလိုက်တော့ ကိုပြူးက

“ဟုတ်တယ်ကွ ကိုဆယ်ကြီးပဲ ငတူးကို နှုတ်ဆက်တာလား ဘာလားတော့မသိဘူးဟေ့ လမ်းပေါ်ပိတ်ရပ်နေတာနဲ့ ငါလည်း စွတ်လိုက်ပြစ်တာ ပြေးရော”

ငတူးကတော့ ထိုအကြောင်းကို ဘာမှမပြောပဲ

    “ကိုပြူး ကျုပ်ကို တဲလိုက်ပို့ဦးဗျာ”

    “ဟာ ကိုယ်ဟာကို ပြန်ပါလားကွ ဒီလောက်နီးနီးလေး ရှိတော့တာကို”

    “မပြန်ရဲလို့ပေါ့ဗျာ့”

    “မပြန်ရဲရင်လဲ ပြန်မနေနဲ့ကွ ဒီမှာပဲအိပ်လိုက်တော့ ခြေထောက်ညောင်းနေရတဲ့ကြားထဲ”

    ကိုပြူးလည်း ထိုသို့ပြောပြီး တဲစင်ပေါ်တက်ကာ တုံးလုံးလှဲနေလိုက်သည်။ထိုအချိန်

    “မြင့်ဆောင် ငပြူးတို့ ပြန်မလာသေးဘူးလားကွ”

    တဲအနောက်ဘက် ယာကွက်အစပ်မှ ကိုလှသောင်းကြီးလှမ်းအော်သံကြားတော့ ကိုမြင့်ဆောင်က

    “အေး ရောက်ပြီကွ ဒီမှာ မင့်ကောင်ပြန်မလာရဲလို့တဲ့ လာခေါ်လိုက်ပါဦး”

    ကိုမြင့်ဆောင် ထိုသို့ ပြန်အော်ပြောလိုက်တော့ ကိုလှသောင်းက

    “ဒီကောင့်နှယ်ကွာ အသွားတုန်းကတော့ သွားရဲပြီး အပြန်ကြမှ ပြန်မလာရဲတော့ဘူးလို့”

    ကိုလှသောင်းလည်း ထို့သို့ပြောပြီး သူတို့တဲ့ရှိရာသို့ လာနေတုန်း ရုတ်တရက် ယာကွက်အလယ်မှ သစ်ပင်ကြီးနာရောက်တော့ သစ်ရွက်ကြွေကြသံ တဖျောဖျောကိုကြားလိုက်ရပြီး

    “ဘာတုန်းဟ”

    ကိုလှသောင်း ပြောပြောဆိုဆို လက်နှိပ်ဓါတ်မီးဖြင့် သစ်ပင်ကြီး၏ အပေါ်ပိုင်းကို လှမ်းထိုးကြည့်လိုက်သည် သို့သော်ဘာမှမတွေ့ရပဲ

    “လေတိုက်လို့ သစ်ရွက်ကြွေတာနေမှာပါ”

    သူတစ်ကိုယ်တည်းပြောရင်း ရှေ့သို့ ဆက်လာခဲ့တော့ သူမျက်စိထောင့်တွင် ထိုသစ်ပင်ကြီးအောက်၌ လူတစ်ယောက် ရပ်နေသလိုမြင်လိုက်ရပြီး ကိုလှသောင်း အမှတ်မထင် လှည့်ကြည့်လိုက်မိသည်။ ထိုအခါ ဆံပင်ဖားလျှားချထားသည့် မိန်းမကြီးတစ်ယောက် သူ့ကိုရပ်ကြည့်‌ေနတာ မြင်လိုက်ရပြီး ကိုလှသောင်း ခေါင်းနပန်းကြီးသွားကာ ကြက်သီးတဖျန်းဖျန်းထလာပြီး

    “ဟာ သရဲဟ”

    သူ ထိုသို့ တစ်ခွန်းတည်းသာပြောပြီး ကိုမြင့်ဆောင်တို့ တဲရှိရာသို့ တကျိုးတည်းပြေးတော့သည်။ထို့နောက် သူတဲကိုရောက်တော့ မောကြီးပန်းကြီး ဖြစ်နေပြီး ချွေးများပင်ပြန်နေပြီဖြစ်သည်။ထိုအခါ ကိုမြင့်ဆောင်က

    “လှသောင်း ဘာဖြစ်တာတုန်းကွ မင်းဟာက နောက်ကကျားလိုက်လာတဲ့ အတိုင်းပဲ”

    “ကျားမဟုတ်ဘူးကွ သရဲ သရဲတွေ့ခဲ့လို့ကွ”

    “ဟာ မင်းတို့ ဟာက ဟုတ်ကောဟုတ်သေးရဲ့လားကွ ဒီနေ့မှပဲ ဟိုလူတွေ့ ဒီလူတွေ့နဲ့”

    “ဟုတ်လို့ပြောတာပေါ့ကွ မင်းမယုံရင် ဟိုသစ်ပင်အောက် သွားကြည့်ပါလား”

    ကိုမြင့်ဆောင်လည်း ကိုလှသောင်းညွှန်ပြသော သစ်ပင်ကြီးကို ကြည့်ပြီး

     “ဒါဆို မင်းတွေ့ခဲ့တာ အဲ့ဒီသစ်ပင် အောက်မှာလား”

    “ဟုတ်တယ်ကွ”

    “အေး ဒါဆို မင်းတွေ့ခဲ့တာ မောင်စိုးမြင်ခဲ့တဲ့ သရဲမပဲဖြစ်မယ်”

    “ဟုတ်လားကွ မောင်စိုးရော မြင်ခဲ့သေးလား”

      “မြင်တာပေါ့ကွာ အဲ့ဒါကြောင့် မင်းတို့ကို ငါပြောတာပေါ့ ဒီနေ့မှပဲ သရဲကို ဟိုလူမြင်ဒီလူမြင်နဲ့လို့”

    ကိုမြင့်ဆောင် ထိုသို့ပြောလိုက်မှ ကိုပြူးလည်း မောင်စိုးပါ သရဲကိုမြင်လိုက်ရမှန်းသိသွားပြီး

    “ဟ ဒါဆိုရင်တော့ မဟုတ်သေးဘူးကွ တို့တစ်ခုခု လုပ်မှဖြစ်လိမ့်မယ် ဒီလိုမှမဟုတ်ရင် တို့ကိုကြောက်တယ်ထင်ပြီး ဆက်လျှောက်နေလိမ့်မယ်”

    “မင်းက ဘယ်လိုလုပ်မှာတုန်း”

    ကိုလှသောင်း မေးလိုက်တော့ ကိုပြူးက

    “ဘာလုပ်ရမှာတုန်းကွာ အဲ့ဒီသစ်ပင်ကို သွားပြီးမီးနဲ့တိုက်မယ်ကွာ”

    ကိုပြူး ထိုသို့ပြောလိုက်တော့ ကိုမြင့်ဆောင်က

    “မလုပ်စမ်းပါနဲ့ကွာ မဆိုင်တဲ့သူတွေပါ ဒုက္ခရောက်ကုန်ပါမယ်”

    “ဘာဖြစ်လို့တုန်းကွ အဲ့ဒီသစ်ပင်မှာ အဲ့ဒီသရဲတစ်ကောင်ပဲ နေတာမဟုတ်ဘူးလား”

    “မဟုတ်ဘူးကွ တခြားနေတဲ့သူတွေလည်း ရှိသေးတယ်”

    “ဟုတ်လား ဒါဆိုရင် ဘယ်လိုလုပ်မတုန်း”

    “ဘာလုပ်ရမှာတုန်းကွာ သူတို့ကို မခြောက်လှန့်ဖို့ပဲသွားပြောရမှာပေါ့”

    “ပြောလို့ရပါ့မလားကွ ခြောက်လှန့်ချင်တဲ့သရဲက ဘယ်လိုပြောပြောခြောက်လှန့်နေမှာပဲ”

    “ပြောလို့မရတော့လည်း ကပ္ပိယကြီးကို အကူအညီတောင်းပြီး နှင်ထုတ်ခိုင်းရုံပဲရှိတာပေါ့”

    “ကဲ ဒါဆိုလည်း အခုသွားပြောကြည့်ရအောင်ကွာ”

    ကိုပြူး ထိုသို့ပြောပြီး တဲစင်ပေါ်ထိုင်နေရာမှ ထရပ်လိုက်သည်။ထိုအခါ ကိုမြင့်ဆောင်က

    “‌နောက်နေ့မှ ကပ္ပိယကြီးကိုခေါ်ပြီး တစ်ခါတည်းသွားပြောရအောင်ကွာ”

    “နောက်နေ့တွေ ဘာတွေလုပ်မနေနဲ့ လာအခုတစ်ထဲပဲ သွားပြောရအောင်”

    ကိုပြူးလည်း စိတ်မြန်လက်မြန်သမားဖြစ်သည့်အလျှောက် ကိုမြင့်ဆောင်ကိုပင် မစောင့်ပဲ ရှေ့မှထွက်သွားသည်။ထိုအခါ ကိုမြင့်ဆောင်လည်း နောက်မှလိုက်လာခဲ့ရင်း သစ်ပင်ကြီးအောက်သို့ရောက်တော့

    “နင်တို့ ငါဆီဘာလာလုပ်တာတုန်း အကုန်သေချင်လို့လား”

    ထိုသို့ ဒေါင်းတိမောင်းတိဖြင့် ပြောလိုက်သော တစ္ဆေမကြီးကို ကြည့်ပြီး ကိုပြူးက

    “ဘာလာလုပ်ရမှာတုန်း ခင်ဗျားလူတွေကို လိုက်ခြောက်နေလို့  မခြောက်ဖို့လာပြောတာ”

    ကိုပြူး ထိုသို့ပြောလိုက်တော့ တစ္ဆေမကြီးက

    “ငါ့ဟာငါ ငါနေတဲ့သစ်ပင်အောင် ရပ်နေတာ နင်တို့ကို ခြောက်တာတဲ့လား”

    တစ္ဆေမကြီး ထိုသို့ ပြန်ပြောလိုက်တော့ ကိုပြူးရုတ်တရက် ဘာပြန်ပြောရမှန်းမသိဖြစ်သွားပြီး

    “အေး ဒါလည်း ဟုတ်တာပဲ”

    ကိုပြူး၏ထိုသို့ ပြောလိုက်သံကိုကြားတော့ တစ္ဆေမကြီးက

“အေး ဒါဆိုနင်တို့လဲပြန်တော့ နောက်တခါ ငါနေတဲ့ အပင်အောက်ကို ဘယ်တော့မှ ရောက်မလာစေနဲ့”

    “ရောက်လာတော့ ဘာဖြစ်တုန်း”

    ကိုပြူး ထိုသို့ ခတ်ဆတ်ဆတ် ပြန်‌‌ေပြာလိုက်တော့ တစ္ဆေမကြီးက

    “ရောက်လာရင် ဂုတ်ချိုးသတ်မှာပေါ့ဟဲ့”

    “သတ်လို့ရမလားဟ ငပြူး အကြောင်းသိသွားမှာပေါ့”

    ကိုပြူး ထိုသို့ပြောပြီး ပုဆိုးကို တိုတိုပြင်ဝတ်လိုက်သည်။
ထိုသို့ တစ္ဆေမကြီး နှင့် ကိုပြူးတို့ ပြောဆိုနေချိန် ကိုမြင့်ဆောင် ရောက်လာပြီဖြစ်ပြီး

    “ဒီလိုလဲ မဟုတ်သေးဘူးလေဗျာ ကျုပ်ရောက်ကတည်းက ခင်ဗျားတို့ကို ဒါမျိုးတွေမလုပ်ဖို့ ကျွေးမွေးပြီး တောင်းပန်ထားတာပဲ”

    “ဘာတောင်းပန်းထားတာတုန်း ငါဘာမှမသိဘူး”

    တစ္ဆေမကြီး ထိုသို့ပြောလိုက်တော့  ကိုမြင့်ဆောင် သူကျွေးမွေးသောထားသော ထမင်းနဲ့ဟင်းကို တစ္ဆေမကြီး မစားလိုက်ရမှန်းသိသွားပြီး

    “ကျုပ် တမြန်နေ့က ဒီသစ်ပင်အောက်မှာ ခင်ဗျားတို့စားဖို့ ထမင်းနဲ့ဟင်း လာပုံထားပါတယ်ဗျာ့ ခင်ဗျားဘယ်ရောက်နေလို့တုန်း”

    “အေး အဲ့ဒီ့နေ့ကဆို ငါမရှိဘူး ဟို မှင်စာနှစ်ကောင်နောက်ကို လိုက်နေရလို့ ခရီးလွန်နေတာ ငါပြန်ရောက်လာတော့ ဒီအပင်အောက်မှာ အင်ဖက်ကိုပဲ‌ေတွ့တယ်”

    ဒီလိုဆိုလျှင် ဟိုသရဲကြီး ဒီတစ္ဆေမကြီးဖို့ မချန်ပဲ အကုန်စားပြစ်လိုက်မှန်းသိသွားပြီး ကိုမြင့်ဆောင်က

    “ကဲ ဒါဆိုနောက်နေ့ ခင်ဗျားစားဖို့ ကျုပ်ထမင်းနဲ့ဟင်းလာချပေးဦးမယ် ဒီကလူတွေကိုတော့ အခုလို ကိုယ်ထင် ပြပြီး မခြောက်လှန့်တော့နဲ့”

    ထိုအခါ တစ္ဆေမကြီး ခဏမျှစဉ်းစားလိုက်ပြီး

    “အေး ငါ့ဖို့ဆိုရင်တော့ ဒီအပင်အောက်ကို လာမချနဲ့  ဒီအပင်နေတဲ့ ငါ့ယောက်ျားတစ္ဆေကြီးစားလို့ ကုန်မှာပဲ ဟိုးက ဝါးရုံပင်အောက်ကို သွားပုံထား ငါလာစားမယ်”

    ကိုမြင့်ဆောင်လည်း တစ္ဆေမကြီး ညွှန်ပြရာသို့ လှမ်းကြည့်လိုက်တော့ တောစပ်မှာပေါက်နေသည့် သိုက်ဝါးရုံပင်အောက်ဖြစ်နေပြီး

    “ကဲ ဒါဆိုလည်း ကျုပ်မနက်ဖန် အဲ့ဒီဝါးရုံပင်အောက်ကို လာပုံ‌ေပးမယ် ကျုပ်ပြောသလို ဒီကလူတွေကိုသာ ဆက်ပြီးမနှောက်ယှက်နဲ့”

    “အေး နင်တို့သာ ဂတိတည်ရင် ငါလည်း ဘာမှလုပ်စရာမလိုဘူး”

    “ဒါဆိုလဲ ကျုပ်တို့ပြန်ပြီ မနက်ဖန် ခင်ဗျား အဲ့ဒီအပင်အောက်မှာစောင့်နေကြားလား တော်ကြာ တစ္ဆေကြီးလာစားသွားလို့ ငတ်နေဦးမယ်”

    ကိုပြူးလည်း ထိုသို့ တစ္ဆေမကြီးကို မခံချည့်မခံသာဖြစ်အောင်ပြောပြီး တဲသို့ပြန်ခဲ့လိုက်သည်။ကိုပြူးသည် တစ္ဆေသရဲများနှင့် မကြာခဏ ကြုံဖူးနေကြဖြစ်၍ အကြောက်အလန့်မရှိတော့ ထို့ပြင်တစ္ဆေသရဲများကို လူကဲ့သိုပင် ပြောဆိုတတ်ပြီး မထင်လျှင် မထင်သလို နပန်းဖက်လုံးတတ်သည်။

     ယခုလည်း ကိုပြူးတစ်ယောက် ထိုတစ္ဆေမကြီးကို နပန်းဖက်လုံးဖို့ပြင်နေပြီး ကိုမြင့်ဆောင် ရှိနေ၍သာ မလုံးလိုက်ရချင်းဖြစ်သည်။ဒါကြောင့် ကိုပြူးတစ်ယောက် တစ္ဆေမကြီးကို မခံချည့်မခံသာဖြစ်အောင် ပြောခဲ့ချင်းဖြစ်ပြီး သူထိုသို့ ရဲရင့်နေသည်မှာလည်း တခြားကြောင့်မဟုတ်ပဲ ကိပ္ပိယကြီး ပေးထားသော လက်ဖွဲ့ကြောင့်ဖြစ်သည်။

    ထိုသို့ဖြစ် ကိုပြူး တစ်ယောက် တဲကိုပြန်ရောက်တော့

    “မင်းနှယ်ကွာ ကိုယ့်အကွက်ထဲ လာနေတဲ့သရဲတစ္ဆေကိုများ တောင်းပန်းပြောနေရတယ်လို့ ငါသာဆိုတစ်ခါတည်း နှင်ထုတ်ပြစ်တယ်”

    “အဲ့လိုလုပ်လိုဘယ်ဖြစ်မတုန်းကွ ကိုယ့်အကွက်ဆိုပေမဲ့  ကိုယ်ကတစ်ခါတစ်ရံမှ ရောက်လာတာ သူတို့က ဒီမှာအမြဲနေ‌ေနတာ”

    “အေး မင်းအဲ့လိုလုပ်နေတာနဲ့ပဲ အိမ်ကယူလာတဲ့ ဆန်တွေဆီတွေးလည်း ကုန်သွားဦးမယ် တော်ကြာ အရီးမြက
ဆန်တွေဆီတွေ ကုန်လှချည်လားမေးရင်တော့ ငါက သရဲကျွေးပြစ်လို့ ကုန်တယ်လို့ပဲ ပြောရမှာပဲ”

    ကိုပြူး ထိုသို့ပြောလိုက်တော့ ဘေးနားက နားထောင်နေသူများ ပြုံးစိးစိ ဖြစ်နေကြသည်။ထိုသို့ဖြစ် ခဏနေတော့ ကိုလှသောင်းနဲ့ကိုပြူးလည်း သူတို့တဲသို ပြန်သွားကြပြီး ထိုအချိန်‌ေရာက်မှ ကိုမြင့်ဆောင်တို့ သုံးယောက်လည်း ညစာစားလိုက်ကြရသည်။

    (၅)

    ထိုသို့ဖြစ် နောက်နေ့မနက်ရောက်တော့ သူတို့သုံးယောက် လက်ကျန်တောများကို ဆက်ခုတ်နေရင်း
တဖြည်းဖြည်း အကွက်အလည်ရှိ သစ်ပင်ကြီးနားသို့ရောက်လာခဲ့ပြီဖြစ်သည်။ထိုအခါ ကိုပြူးက

    “ဒီအပင်ကိုတော့ကွာ ငါခုတ်ချင်နေတာ လက်တွေယားနေပြီနော့်”

    ကိုပြူး ထိုသို့ပြောလိုက်ပြီး မကြာခင်မှာပဲ သစ်ပင်ပေါ်မှနေ၍ သစ်ကိုင်းခြောက်ဖြင့် လှမ်းပေါက်တာကို ခံလိုက်ရသည်။ထိုအခါ ကိုပြူးက

    “ဪ ဒီလိုလား ငပြူးကို စိန်ခေါ်ရင် သစ်ပင်ပေါ်လည်း တက်တယ်ကွ”

    ကိုပြူး ထိုသို့ပြောပြီး သစ်ပင်ပေါ်သို့ပြေးတက်ကာ ဓါးဖြင့် သစ်ကိုင်းများ တဒုတ်ဒုတ်ခုတ်တော့သည်။ထိုအခါ သစ်ပင်ပေါ်မှ မဲမဲ အကောင်ကြီးတစ်ကောင် ခုန်ချလာပြီး တဲဘက်သို့ထွက်ဈပြေးသွားတာကိုမြင်လိုက်ရသည်။ထို့နောက် မကြာခင်မှာပဲ သူ့တို၏တဲသည် တဝုန်းဝုန်း လှုပ်ရန်းလာတာကို မြင်လိုက်ရပြီး

    “ဟေ့ကောင် ငပြူး မြန်မြန်ဆင်းခဲ့တော့ မင်းလုပ်တာနဲ့ပဲ ငါ့တဲပြိုတော့မယ်”

ကိုမြင့်ဆောင် ထိုသို့ပြောပြီး တဲဆီကိုသွားလိုက်သည် မောင်စိုးလည်း သူနဲ့အတူလိုက်လာခဲ့ပြီး ကိုပြူးကတော့ သစ်ပင်ပေါ်မှဆင်းတုန်းပင်ရှိသေးပြီး

    “ကွာ ဒီသရဲ ငါ့ထက်ပိုကြမ်းနေပါ့လား”

    ကိုပြူး ထိုသို့ ပြောပြီး အောက်သို့ရောက်သည်နှင့် တဲဆီကို ခပ်သွက်လျှောက်လာခဲ့သည်။သူတဲသို့ ရောက်သည်နှင့် ကိုမြင့်ဆောင်နဲ့မောင်စိုးက တဲတိုင်တွေကို လိုက်နှဲ့ကြည့်နေပြီး

    “တော်သေးတာပေါ့ကွာ ဒီ့ထက်နဲနဲကြာရင် တဲပါပြိုလောက်တယ်”

     “အေးဟုတ်တယ်ကွ ငါသစ်ပင်ပေါ်က‌ေန လှမ်းကြည့်တာ သက်ကယ်ပျစ်တွေကို တဖျောဖျောနဲ့နေတယ်”

ကိုပြူးလည်း သူမြင်ခဲ့ရသည့်အတိုင်း ပြောလိုက်တော့ကိုမြင့်ဆောင်က

    “အဲ့ဒါကြောင့် ပြောတာပေါ့ကွ နေရာတကာ ဒေါသရှေ့ထားလို့ မရဘူးဆိုတာ အခု မင်းသူနေတဲ့အပင်
ကို သွားခုတ်တော့ သူလည်း မင်းနေတဲ့တဲကို ပြန်ပြီးဖျက်ဖို့လုပ်တာပဲ”

    “အေးပါကွာ ငါမလုပ်တော့ပါဘူး ဒါပေမဲ့ ကြောက်လိုတော့ မဟုတ်ဘူးနော် မင်းကိုအားနာလို့”

    ကိုပြူးလည်း ထိုသို့ပြောပြီး တဲပေါ်မှာထိုင်နေရင်း မောင်စိုးကို ပြုံးစိစိဖြင့်ကြည့်နေသည်။သူ့အတွက် ကြောက်စရာမဟုတ်ပေမဲ့ မောင်းစိုးအတွက်ကတော့ ထိတ်လန့်အံ့ဩနေမိမှာ အမှန်ပင်ဖြစ်သည်။ထို့ကြောင့်

    “မောင်စိုး ဘယ်လိုတုန်းကွ တို့နဲ့လိုက်နေရတာ အစဉ်ပြေရဲ့လား”

    “ပြေပါတယ်ဗျာ ဘာမှမဖြစ်ပါဘူး”

    “ကဲဒါဆိုလည်း ရေသွားချိုးအောင်ကွာ အပြန်ကြမှပဲ ထမင်းချက်တာပေါ့”

    ကိုပြူးလည်း ထိုသို့ပြောပြီး လွတ်ကျောင်းထားသော နွားကြီးနှစ်ကောင်အားသွားဆွဲ၍ ရေဆင်းချိုးရင်း ရေတိုက်ရန် မောင်းလာခဲ့တော့သည်။မောင်စိုးလည်း သူနောက်မှ‌ေနပြီး အပြန်ရေခပ်ခဲ့ရန် ပုံးများကို ကိုင်ပြီးလိုက်လာခဲ့သည်။ ကိုမြင့်ဆောင်ကတော့ တဲမှာကျန်နေခဲ့ပြီး ကိုပြူးနဲ့‌ေမာင်စိုး ပြန်မလာခင် ထမင်းဟင်းများကို ကျက်တန်သမျှကျက်အောင် ချက်ပြုတ်နေတော့သည်။

အားလုံးကို လေးစားစွာဖြင့်  – မျိုးမာန်

စိတ်ဝင်စားစရာ ဇတ်လမ်းကောင်းလေးများအား အမြဲ တင်ဆက်ပေးနေမှာမို့ ကျွန်တော်ရဲ့ Page လေးအား Like & Follow လေး လုပ်ပေးထားကြပါဦး