ကြေးရုပ်စောင့်အာဠာဝကဘီလူးထွန်းခိုင်

*ကြေးရုပ်စောင့်အာဠာဝကဘီလူးထွန်းခိုင်*📖📖📖

****************************************

“စောဖေ ထစမ်း ထစမ်း ခုချက်ချင်းထစမ်း”
ဘယ်ကမှန်းမသိတဲ့အသံကြောင့်စောဖေတစ်ယောက် အိပ်ရာကနေအလန့်တကြားနိုးလာခဲ့ပြီး ဘေးပတ်ဝန်းကျင်ကိုကြောင်တောင်တောင်နဲ့လိုက်ကြည့်နေတဲ့အချိန်
“အိမ်အပြင်ကိုထွက်ခဲ့”
ဆိုတဲ့အသံကိုထပ်ကြားလိုက်တာကြောင့် စောဖေလဲမနေနိုင်တော့ပဲ သိချင်စိတ်ကြောင့် ခြံအပြင်ကိုထွက်လာခဲ့ပါတယ်
စောဖေခြံရှေ့ရောက်တော့ ရဟန်းန္တာတစ်ပါးခြံခြေမှာ ရပ်နေပြီးလက်ထည်းမှာလည်းကလေးတစ်ယောက်ကိုပွေ့လျှက်သား စောဖေတွေ့ရှိလိုက်ရသဖြင့် အရှေ့တိုးကာ
“အရှင်ဘုရား အဘယ်အကြောင်းကြောင့်ရပ်တော်မူနေရတာလည်းဘုရား” အေးလျှောက်လိုက်စဉ်
“ဒကာလေး စောဖေ ဒီရှေ့ကိုနည်းနည်းတိုးခဲ့ကွဲ့”
စောဖေလည်း ရဟန်းန္တာနဲ့လက်တစ်ကမ်းလောက်အကွာထိအရှေ့သို့တိုးရှိလာခဲ့ပြီးစောဖေအနားကိုရောက်မှသေချာကြည့်လိုက်တော့ ပွေ့ရှိထားတဲ့ကလေးကဖြူဖြူဖွေးဖွေးနဲ့လသားအရွယ်လေးဖြစ်နေခဲ့ပါတယ်။
“ဒကာလေးစောဖေ ရော့ကွဲ့ ဒီကလေးကို ဒကာတို့လင်မယားစောင့်ရှောက်ကျပေတော့”
“ဘုရား…….အရှင်ဘုရားတကယ်လားဘုရား”
“ရေစက်ဆုံလို့ရောက်ရှိလာခဲ့တာကြောင့် သေသေချာချာလေးစောင့်ရှောက်ကျပါ့ ဒကာတို့”
“တင်ပါ့ဘုရား စိတ်ချပါ တပည့်တော်တို့သေသေချာချာစောင့်ရှောက်ပါ့မယ်ဘုရား”
“နောက်ပြီးတော့ ဒီကလေးကို အသေအချာလေး သွန်သင်ဆုံးမကွဲ့၊ အောင်မြင်ရင်လည်း အထိပ်ဆုံးထိရောက်နိုင်သလို အမှားတစ်ဖက်ကိုရောက်သွားရင်လည်း အဆုံးထိရောက်သွားနိုင်လိမ့်မယ်”
“တင်ပါ့ဘုရား တပည့်တော်တို့ လူတော်လူကောင်းလေးဖြစ်အောင်စောင့်ရှောက်ပါ့မယ်”
“ကဲ့‌ဒကာလေးစောဖေ ရော့ကွဲ့ ကလေး ”
***********
စောဖေလည်းကလေးကိုလှမ်းယူလိုက်ချိန် အိပ်မက်ကနေလန့်နိုးလာခဲ့ချိန်မိန်းမဖြစ်သူကိုလှမ်းကြည့်လိုက်တော့ တစ်ခုခုကိုရှာနေသလိုမျိုးအရိပ်ယောင်တွေ့ရှိလိုက်ရပါတယ်
“မာအေး ဘာတွေများကပြူးကပြဲရှာနေတာလည်းကွ”
“ကလေးရှာနေတာတော့ ကလေးကျွန်မကလေးလေး”
“ဟင်….ဘယ်ကကလေးလည်း မာအေးစိတ်ကိုထိန်းထားစမ်း တို့ကကလေးမှမရသေးတာလေကွာ”
စောဖေစကားကြောင့် မာအေးကပြန်စဉ်းစားလိုက်ပြီး ငြိမ်ကျသွားခဲ့တယ်။
“ကိုစောဖေ ကျွန်မအိပ်မက်ထည်းမှာ ရဟန်းန္တာတစ်ပါးအိပ်ရှေ့ကိုကြွရောက်လာပြီး ကလေးကိုပေးခဲ့တာတော့”
“ဟင်….မင်းလည်းဒီအိပ်မက်မက်နေတာလား”
“ရှင်ရှင်ရော်ဒီလိုအိပ်မက်မက်နေတာလား”
“အေးကွ ငါလည်းအ့လိုမက်နေတာ”
နှစ်ယောက်သားခဏငြိမ်သက်သွားကာ တစ်ခုခုကိုစဉ်းစားနေခဲ့ကျတယ်။
“မာအေး..အိပ်မက်တွေကိုဆက်စပ်ကြည့်ပုံအရ ငါတို့ကလေးရတော့မယ်ထင်တယ်ကွ”
“ဟုတ်မယ်ထင်တယ် ကိုစောဖေ ကျွန်မလည်းအ့လိုထင်တယ်”
“ဒါဆိုမာအေးမင်းလည်းမိခင်တစ်ယောက်ဖြစ်တော့မယ်”
“ရှင်လည်းကလေးအဖေတစ်ယောက်ဖြစ်တော့ပါမယ်နော်၊သောက်တာလေးလည်းလျှော့တော့ တော်ရေ”
“အေးပါကွ…နောက်နေ့ကစပြီး ငါအရက်ဖြတ်ပါပြီ”
“ကိုစောဖေ ရှင့်ကတိပေးပြီးပြီနော် ကိုယ့်ဂတ်ိကိုယ်တည်နော်”
စောဖေလည်းဘာမှပြန်မပြောနိုင်တော့ပဲ ခေါင်းညိတ်ပြကာ ဝမ်းသာပီတီတွေကရင်ဝမှာ တလဲ့လဲ့နဲ့ဖြစ်ပေါ်နေခဲ့ပါတယ်။
**********
စောဖေနဲ့မာအေးတို့လင်မယားနှစ်ယောက်ထင်တဲ့အတိုင်းပါပဲ သုံးနှစ်လောက်ကြာတော့ ချစ်စရာကောင်းတဲ့ကလေးတစ်ယောက်ကိုချောချောချူချူမွေးဖွားခဲ့ပါတယ်။
စောဖေလည်း ကလေးငိုသံ စကြားရပြီဆိုကတည်းက ကလေးတစ်ယောက်လို ခုန်ပေါက်ကာ ရင်ထဲကအပျော်တွေကပြောပြမတက်ဖြစ်ပေါ်နေခဲ့ပါတယ်။
ဖြစ်လည်းဖြစ်လောက်ပါတယ်လေ အိမ်ထောင်သက်သက်တမ်း ဆယ့်ငါးနှစ်ရောက်မှသားဦးတစ်ယောက် ခုမှရရှိခဲ့တာကိုဗျ….
‌”စောဖေရေ ယောက်င်္ကျာ်းလေးဟေ့ ယောက်င်္ကျားလေး၊မိခင်ရောကလေးရောကျန်းမာတယ်ကွဲ့ အိမ်ထည်းဝင်လာလို့ရပြီ စောဖေ”
လက်သယ်မကြီး မစိန်ရဲ့အော်သံကြောင့် စောဖေတစ်ယောက်အိမ်ထည်းကိုဝင်ကာ မိန်းမဖြစ်သူကိုအကြင်နာပါသောအကြည့်ဖြင့်ကြည့်ကာ ကလေးကိုကောက်‌ချီလိုက်ပါတယ်။
စောဖေတစ်ယောက်ကတော့ မျက်နှာမှာ အံဩမှုအပေါင်းကခညောင်းလျှက်သားရှိနေခဲ့တယ်။
“မာအေး လွန်ခဲ့တဲ့ဆယ့်ငါးနှစ်လောက်ကအိပ်မက်ထည်းက ကလေးမျက်နှာကို မှတ်မိသေးလား”
“ဘာဖြစ်လို့လည်းကိုစောဖေ ကျွန်မမှတ်မိသေးတယ်လေ”
“ဒါဆို ကလေးမျက်နှာကိုကြည့်ကြည့်လိုက် မာအေး”
စောဖေလဲက‌ေလးက်ိုမာအေးမြင်နိုင်အောင်အနားကိုကပ်ပြီး ပြလိုက်ချိန် မာအေးလည်းအံဩသွားခဲ့တယ်။
“ရဟန်းန္တာကြီးပေးခဲ့တဲ့ကလေးနဲ့တူတူပါပဲလားတော့”
“အေးကွ ငါလည်းအ့တာပြောတာ”
“အိုး ဘာပဲဖြစ်ဖြစ်တော် ဒီကလေးကထူခြားမှုရှိမဲ့ကလေးရှင့်”
“ဒါနဲ့မာအေး ကလေးကိုနာမည်ဘယ်လိုပေးကျမလည်းကွ”
“ကျွန်မကိုအိပ်မက်ထည်းကရဟန်းန္တာတစ်ပါးက ကလေးနာမည်ပြောပြခဲ့တယ်”
“ဟုတ်လားကွ ငါတော့မပြောပြခဲ့ဘူး ဘာတဲ့လည်းကွ ကလေးနာမည်က”
“ထွန်းခိုင်တဲ့ကိုစောဖေ”
***********************
ကလေးကသိတက်စအရွယ်ကတည်းကလိမ်မာရေးချားရှိပြီး မိဘဆိုဆုံးမတဲ့စကားကိုလည်း မြေဝယ်မကျနားထောင်တဲ့သူတစ်ယောက်ပါ။
ထွန်းခိုင်ဆယ်ကျော်သက်အရွယ်ရောက်တော့ ဖခင်ဖြစ်သူ ကိုစောဖေလည်း အငယ်ကတည်းကအရက်သောက်ခဲ့တဲ့သူမို့ အသည်းကင်ဆာဖြစ်ပြီး ဘဝတစ်ပါးကို ကူးပြောင်းသွားခဲ့ပါပြီ။
မိခင်မာအေးနဲ့အတူထွန်းခိုင် အမေတစ်ခုသားတစ်ခုနဲ့ လယ်ယာအလုပ်ကိုသာလုပ်ကိုင်ကာ နေထိုင်စားသောက်ကျပါတယ်။
“ဟျောင့် ထွန်းခိုင်၊ ငါတို့အိမ်ကိုရေစည်တိုက်ပေးစမ်း”
“ဟုတ်ကဲ့ ကိုကြွက်နီ၊ ကျွန်တော်ကရေထမ်းစားတဲ့ကောင်မဟုတ်ဘူးဗျ”
“ဘာကွ မင်းကိုငါကပိုက်ဆံပေးပြီးခိုင်းတာလေ”
“ပိုက်ဆံပေးတိုင် လုပ်စရာလားဗျ၊ကျုပ်အားလည်းမအားဘူး”
“စောက်ကြီးစောက်ကျယ်ကွာ မုဆိုးမသားကများ”
“ဟိတ်လူ ခင်ဗျားမလွန်လာနဲ့နော်၊ ခင်ဗျားလွန်လာရင် ကျုပ်ကသီးခံနိုင်ပေမဲ့ကျုပ်လက်သီးတွေကသီးခံနိုင်မှာမပါဘူးနော် ကိုကြွက်နီ”
“တော်ကြပါကွာ၊ ထွန်းခိုင်မင်းလည်းသွားတော့ ကြွက်နီမင်းလည်းတော်တော့၊ဘယ်နဲ့ကွာ တစ်ရွာထည်းသားတွေကို”
ကြွက်နီရဲ့အဖေ ဖေသန်းကဝင်ထိန်းပေးလိုက်မှ နှစ်ယောက်သားအချင်းများနေတာကနေ ပြေလည်သွားခဲ့ပြီးထွန်းခိုင်လည်း အိမ်သို့ပေါက်တူးတစ်လက်ကိုထမ်းကာ အိမ်ရှိရာသို့ ပြန်လာခဲ့လေတယ်။
“အမေ သားပြန်လာပြီဗျ”
“အမေထမင်းခူးထားလိုက်မယ်သား‌ရေ၊‌ရေမြန်မြန်လေးချိုးလိုက်ကွဲ့”
“ဟုတ်ကဲ့ အမေ”
ထွန်းခိုင်လည်းရေမိုးချိုးကာ အမေခူးခပ်ပေးထားတဲ့ ထမင်းဝိုင်းမှာထိုင်ပြီးတော့ မိခင်မာအေးနဲ့အတူညစာအတူစားသောက်နေတဲ့ချိန်
“သား ယာထည်းမှာ အဆင်ပြေရဲ့လား”
“ပြေပါတယ် အမေရ ဒါပေမဲ့အမေ သားပြောပြစရာတစ်ခုရှိတယ်”
“ပြောလေသား”
“ဒီလိုအမေရ သားမနက်ကယာထည်းသွားတဲ့အချိန်၊ယာထည်းမှာလူတစ်ယောက်မေ့လဲနေတယ်ဗျ”
“ဟေ့…ဟုတ်လား ဘယ်သူလည်းမေ့လဲနေတာက”
“ဒီရွာကမဟုတ်ဘူးအမေ လူစိမ်းတစ်ယောက်ပဲ၊ သားအနားကိုကပ်သွားကြည့်တော့ ခေါင်းမှာသွေးတွေမြင်မကောင်းအောင်ကျနေပြီး သတိလစ်နေတာ”
“အ့တာနဲ့ သားက ဘာဆက်လုပ်ခဲ့လည်း”
“သားလည်း ကျန်းမားရေးမှုးစီကို ဦးလေးအုန်းမောင်ရဲ့အကူညီနဲ့တွဲပြီး ပို့ပေးခဲ့တယ်အမေ”
“လူအသက်တစ်ချောင်းဆိုတာ ကယ်ကောင်းပါတယ်သားရဲ့၊သားလည်းကုသိုလ်ရပါတယ်”
“ဟုတ်အမေ”
ထွန်းခိုင်တို့သားအမိလည်းညစာထမင်းဝိုင်းလေးကို စကားတပြောပြောနဲ့စားကာ အဆုံးသတ်ခဲ့လေတော့သည်။
*********
နေမင်းကြီးက နေထန်းတစ်ဖျားရောက်တဲ့အချိန်လောက်ပေါ့
“တောက်”++++++++++++
“ကြွက်နီ တောက်တခေါက်ခေါက်နဲ့ ဘာတွေဖြစ်နေတာလည်းကွ”
“ဘာဖြစ်ရမလည်းကွ ဟိုမုဆိုးမသား ထွန်းခိုင်ပေါ့”
“ထွန်းခိုင်ဟုတ်လားကြွက်နီ ဒီကောင်ကဘာဖြစ်လို့လည်းကွ”
“ဒီကောင်ကမနေ့က ငါကပိုက်ဆံပေးပြီးရေထမ်းခိုင်းတာကို ငါ့ကိုကလန့်ကဆန်ပြောသွားတယ်ကွ”
“ဟုတ်လား……ငါလည်းဒီကောင့်ကိုမကျေနပ်ဘူးကွ”
“ကျော်ကြီး မင်းကရောဘာတွေမကျေနပ်တာလည်းကွ”
“ဒီကောင်ထွန်းခိုင်က ငါ့ကြိုက်နေတဲ့‌လှလှနဲ့အရောတဝင်နေနေတယ်ကွ”
“ဒါဆိုလည်း ဒီကောင်ကို ပညာပေးရအောင်ကွာ”
“ဘယ်လိုပေးမှာလည်း ကြွက်နီ”
“ဒီလိုလေကွာ ကျော်ကြီးရဲ့ ၊ သူကြီးတို့အိမ်ကဘုရားဆင်းတု‌တော်ကိုငါတို့သူကြီးအိမ်ကိုတူတူသွားပြီးခိုးကြမယ် ပြီးရင်ဒီဆင်းတုတော်ကိုဒီကောင့်အိမ်မှာသွားထားထားမယ်”
“မင်းပေးတဲ့အကြံကောင်းတယ်ကွ၊ တချက်ခုတ်နှစ်ချက်ပြတ်ပေါ့ကွာ”
“ဘာကိုလည်းကွ တချက်ခုတ်နှစ်ချက်ပြတ်က”
“မင်းလည်းဒီကောင်ကိုသင်ခန်းစာပေးရသလို ငါသဘောကျနေတဲ့လှလှလေးနဲ့လည်း နီးရတာပေါ့ကွ ဟားဟားးးးးးးးး”
“ချကွာ ကြွက်နီ ဒီတစ်မြုမလောက်သေးရင် နောက်တမြုထပ်မှာ ငါရှင်းမယ်ကွ”
********
“မမာအေး မ‌မာအေး”
ဝိုင်းပေါက်ဝကသူကြီး‌ရဲ့အော်ခေါ်သံကြောင့် မာအေးလည်းအိမ်ပေါ်ကခြံ‌ေရှ့သို့ဆင်းကာ
“ဘာဖြစ်လို့လည်းရှင့်သူကြီး မနက်အစောကြီးအရေးကြီးလို့ထင်တယ်”
“ကျော်ကြီးတို့ အိမ်ပေါ်တက်ရှာစမ်းကွာ”
ကျော်ကြီးတို့လည်း အိပ်ပေါ်သို့တက်ကာ အနှံရှာဖွေကာ ခဏကြာတော့
“တွေ့ပြီဗျို့ တွေ့ပြီ သူကြီး” ဆိုတဲ့အသံနဲ့အတူအိမ်ပေါ်ကနေ ဘုရားဆင်းတုတော်တစ်ဆူကိုကိုင်ကာ ဆင်းလာတဲ့ ကျော်ကြီးကိုတို့တွေ့လိုက်ရတယ်။
“နင့်သားသူခိုးဘယ်မလည်း မာအေး”
“ဘာ..ဘာဖြစ်တာလည်း သူကြီးရယ် ကျွန်မရင်တွေတုန်လိုက်တာ”
ရပ်ကြည့်နေတဲ့လူတွေရဲ့အနောက်ကနေ
“ကျုပ်ဒီမာသူကြီး ဘာကိစ္စရှိလို့လည်း” ဆိုတဲ့အသံကထွက်ပေါ်လာခဲ့တယ်။
ထွန်းခိုင်တို့အိမ်မှာ သူကြီးအပါအဝင် လူတွေစုရုန်းစုရုန်းရောက်ရှိနေခဲ့တာကို ထွန်းခိုင်တွေ့ရှိလိုက်ရတယ်။
“ဒီဘုရားဆင်းတုတော်ကို မင်းဘယ်လိုခိုးသွားခဲ့တာလည်းထွန်းခိုင်”
သူကြီးလည်းဆင်းတုတော်ပိုက်ထားတဲ့ကျော်ကြီးထံလက်ညိုးထိုးပြတော့ ထွန်းခိုင်လည်းတစ်ချက်‌ဝှေ့ကြည့်ရာ တအံတဩဖြစ်နေခဲ့တယ်
“သူကြီး ဒါ….ဒါ.ကျုပ်မခိုးဘူးဗျ”
“မင်းမခိုးရင် ဘယ်သူခိုးမှာလည်းကွ”
“ဒါတော့ ကျုပ်မသိဘူးဗျ”
“အ့တာဆို ဘုရားဆင်းတုတော်ကခြေထောက်ပေါက်ပြီး မင်းတို့အိမ်ပေါ်ရောက်နေတာလားကွထွန်းခိုင်”
“သူကြီး… ခဗျားမတရားမပြောနဲ့ဗျ”
“ကြာပါတယ်သူကြီးရာ”
“ခွက်” ခနဲအသံနဲ့အတူ ကြွက်နီတို့အုပ်စုကထွန်းခိုင်ကို ဝိုင်းရိုက်ကျရာ သားဖြစ်သူရဲ့ခေါင်းကကျလာတဲ့သွေးတွေကို မိခင်ဖြစ်သူမာအေးလည်းမြင်တွေ့လိုက်ရတာကြောင့် ထိပ်လန့်မှုနဲ့နှလုံးရပ်ကာနေရာတင်မှာပဲရှော့ရပြီးချက်ချင်းပင်လဲကျသွားရာ အသက်ပါပါသွားခဲ့လေတယ်။
ထွန်းခိုင်လည်းအမေဖြစ်သူဆုံးတာကြောင့် မသိစိတ်ကပေးလိုက်တဲ့ခွန်းအားတွေနဲ့အတူ ဝိုင်းရိုက်နေတဲ့လူအုပ်ကြီးကို ပြန်ခုခံကာ ညောင်ပင်သာရွာမှ အမေဖြစ်သူရဲ့အလောင်းကိုတွေ့ခွင့်မရတော့ပဲ ထွက်ပြေးတိမ်းရှောင်သွားလေတော့သည်……။
********
“ဆရာ ကျွန်တော်တောင်းပန်ပါတယ်၊အမှားပြုမိခဲ့တာတွေအတွက်”
“ရပါတယ်ချိန်းမော်၊ သိသိလျက်နဲ့အမှားတွေပြုလုပ်ခဲ့တာမှ မဟုတ်တာ ငါခွင့်လွှတ်ပါတယ်”
“ဆရာ ဒါကဘယ်နေရာလည်းဗျ”
“ဒါကသူတော်စင်ပုဂ္ဂိုလ်တွေ တရားကျင့်ကြံပြီးနောင်ပွင့်မည့်အရိမေတ္တယျမြတ်စွာဘုရားကို ကိုယ်တိုင်ကိုယ်ကျဖူးမြင်ဖို့ အသက်ကိုဆွဲလိုသလိုဆွဲဆန့်ကာ ရောက်ရှိတဲ့အရပ်ဟာ မင်းအသက်အရွယ်နဲ့မလိုက်အောင်ရောက်ဘူးတဲ့မဟာမြိုင်တောပဲချိန်းမော်”
“ဪ….ဟုတ်ကဲ့ပါဆရာ”
“ရှိန်းမော် အရေးကိစ္စကြုံကြိုက်လာပြန်ပြီ လူပြည်ကိုအမြန်ပြန်ဝင်မှဖြစ်မယ် ငါ့အင်္ကျီကိုကိုင်ထားပြီးမျက်စီမှိတ်ထားလိုက်”
ရှိန်းမော်လည်းမောင်သူရိန်ရဲ့အင်္ကျီစကိုမျက်စီမှိတ်လျက်ဖြင့်ကိုင်ထား‌လိုက်ပြီး ချက်ချင်းပင်လူပြည်လူရွာသို့ပြန်လည်ရောက်ရှိသွားခဲ့ကာ ပဲခူးရိုးမဘက်ကညောင်ပင်သာရွာရဲ့ ဆုတောင်းပြည့်ဘုရားပေါ်တွင်ရောက်ရှိခဲ့လေသည်။
……………..
“ကိုဘစည် ဟိုဇရပ်ပေါ်မှာ လူတစ်ယောက်သတိမေ့လှဲနေတာထင်တယ်ဗျ”
“ဟုတ်မယ်ထင်တယ်ကိုချမ်းသာ လာဗျာသေချာအောင် အနားသွားကြည့်ရအောင်”
“ဟာ ကိုဘစည် ဒီကောင်လေးနာမည်ကထွန်းခိုင်တဲ့ဗျ”
“ခဗျားကဘယ်လိုသိနေတာလည်း ဒီကောင်လေးကို”
“ကျုပ် ညောင်ပင်သာရွာမှာ အုန်းသီးတွေဆင်းဝယ်တုန်းကဓါးမြတိုက်ခံရတယ်ဗျ၊ ကျုပ်လည်းတက်သလောက်မှတ်သလောက်ပြန်ခုခံခဲ့တယ် အများနဲ့တစ်ယောက်ဆိုတော့ခံရ‌တာပေါ့ နောက်ဆုံးကျုပ်လည်းဓါးမြ‌ေတွရဲ့လက်ချက်‌ေကြာင့်သတိမေ့သွားတယ်”
“ဟုတ်လားဗျ ဆက်ပြောပါအုံး”
“ကျုပ်လည်းသတိရတော့ ကျန်းမာရေးဆေးခန်းရောက်နေတာဗျ၊ဘယ်သူလာပို့သွားလည်း ကျန်းမာရေးမှူးကိုမေးတော့ အနားမှာဒီကောင်လေးကကျုပ်သတိရတဲ့အထိစောင့်ပေးနေခဲ့တာ‌ကို‌တွေ့ခဲ့ရတာဗျ”
“ဒါဆို ဒီလူငယ်လေးက ခဗျားကျေးဇူးရှင်ပေါ့ ကိုချမ်းသာ”
“ဟုတ်တယ်ကိုဘစည် အခွင့်ရေးရတုန်းကျေးဇူးဆပ်ခွင့်ရတာပေါ့ဗျ၊လာဗျာ ရွာကိုမြန်မြန်ခေါ်သွားရအောင်”
**********
“ကျွတ်……..အား”++++++++
“လူငယ်လေးသတိရလာပြီလားကွ” ထွန်းခိုင်အသံလာရာကိုရှိသမျှအားနဲ့လှမ်းကြည့်ရာ
“ဦးလေးကဟိုတခါယာထည်းမှာမေ့လဲနေတဲ့သူမဟုတ်လား”
“ဟုတ်တယ်ကွဲ့ မင်းကိုယ်တိုင်ကျန်းမာရေးမှူးစီပို့ပေးခဲ့တဲ့သူပါ”
“ဒါနဲ့ဦးလေး ကျွန်တော်ဘယ်ကိုရောက်နေတာလည်း”
“ဒီရွာကသဖန်းကုန်းလို့ခေါ်တယ်”
“ညောင်ပင်သာနဲ့ဆိုဘလောက်ဝေးလည်းဗျဦးလေး”
“ကုန်း‌ေကြာင်းဆိုနှစ်နာရီလောက်ပဲသွားရမယ်ထင်တယ်”
“ဟုတ်ကဲ့ဦးလေး ဒါနဲ့ဦးလေးနာမည်က.ချမ်း……..ချမ်း”
“ဦးလေးနာမည်ကချမ်းသာပါလူငယ်လေး”
“ဪဟုတ် သတိရပြီဗျ”
“မင်းနာမည်ကရောထွန်းခိုင်မလား”
“ဟုတ်တယ်ဗျ ဦးလေး”
“ကဲ့ထွန်းခိုင်…ရှေ့ဆက်ပြီးဘာဆက်လုပ်မလည်း”
“မသိသေးပါဘူး ဦးလေးရယ်”
“ဒါဆိုဒီလိုလုပ်လေထွန်းခိုင် ဦးလေးတို့နဲ့အတူအုန်းသီးလိုက်ရောင်းပေါ့ကွ”
“ကျောခင်းဖို့နေရာတစ်နေရာ ရရင်‌ဆိုရင်ဖူလုံပါပြီဗျာ”
“ကဲကဲထွန်းခိုင် ခနလှဲနေလိုက်အုံးကွဲ့ ၊ဦးလေးဆန်ပြုတ်သွားပြုတ်လိုက်အုံးမယ်”
ထွန်းခိုင်လည်းအိပ်ယာပေါ်တွင်အသာအယာလှဲ၍အတွေးတွေကိုနောက်ပြန်ရစ်ကာ ဒေါသစိတ်တွေကပလောင်ဆူလောင်ခဲ့ပြီးမကျေနပ်ချက်တွေကိုတခဏတာသိမ်းဆည်းထားလိုက်လေ၏……။
တပါတ်လောက်ကြာသောအခါ ထွန်းခေါင်တစ်ယောက် ထူထူထောင်ထောင်ပြန်ဖြစ်လာပြီး အုန်းသီးပွဲစားအလုပ်ကိုစတင်လုပ်ကိုင်ခဲ့လေတယ်။
“ထွန်းခိုင်ရေ ဝယ်ထားတဲ့အုန်သီးတွေ လှည်းပေါကကူချပေးအုံးကွ”
“ဟုတ်ကဲ့ဦးလေးချမ်းသာ”
ထွန်းခိုင်လည်းအုန်းသီးတွေကိုကူချကာ ညနေနေဝင်ရီတယောအချိန်ကျမှ အလုပ်တွေကပြီးမြောက်သွားခဲ့တယ်။
ထွန်းခိုင်လည်း အုန်းသီးစားချင်စိတ်ဖြစ်ပေါ်လာတာကြောင့် တစ်လုံးကိုယူကာ ဓားမဖြင့်ခွဲချလိုက်လေသည်။
“ခွက်”ခနဲအသံနဲ့အတူ အုန်းရေတွေကကျလာသဖြင့် အနားကရေခွက်နဲ့ခံထားလိုက်ပြီးအထည်းကအုန်းသားကိုစားဖို့ နှစ်ပိုင်းခွဲချလိုက်လေရာ အမည်မသိသော‌ေကြးရုပ်ထုကလေးက အုန်းသီးထည်းကထွက်ကျလာခဲ့တယ်။ ထွန်းခိုင်လည်းအရုပ်ကလေးကိုကိုင်ကာ ဦးလေးချမ်းသာဆိုသူကိုသွားပြဖို့ရာ လျှောက်သွားလေတယ်။
“ဦးလေးချမ်းသာ ဦးလေး”
“ဝေ့..ထွန်းခိုင် ဦးလေးဒီမယ်ကွ တံမြက်စည်းလှည်းနေတယ်”
ထွန်းခိုင်လည်းအနားကိုလျှောက်ကာ အုန်းသီးထည်းကထွက်ကျလာတဲ့အရုပ်ကလေးကိုထုတ်ပြလိုက်လေရာ
“ထွန်း..ထွန်းခိုင်…….ဘယ်ကရလာတာလည်း”
“အုန်းသီးထည်းကထွက်ကျလာတာဦးလေး”
“ဟေ့….ဒါအာဠာတကဘီလူးမင်းကွထွန်းခိုင်”
“ဗျာ….အာဠာဝကဘီလူးမင်း”
“သူ့ကိုယ်စားသူ့ကိုယ်ပွား မင်းကိုစောင့်ရှောက်ဖို့အတွက် ကြွလာတာ၊
ယောင်္ကျားတို့ဘုန်းလက်ရုံးတဲ့ အဒီတော့ ဟောဒီကအာဠာဝကဘီလူးမင်းကိုငါအသက်သွင်းပြီးတော့ ဆေးပေါက်ပေးမယ်ထွန်းခိုင်”
ထွန်းခိုင်လည်းဘာမှနားမလည်တဲ့ပုံစံနဲ့သာ ပြောသမျှကိုနားထောင်နေခဲ့တယ်။ဦးချမ်းသားလည်းထွန်းခိုင်ကိုအိမ်ပေါ်သို့ခေါ်ခဲ့ပြီး
“ပေါင်းနဲ့အလုံးစုံသောနတ်အပေါင်းတို့နှင့်တကွ စမဝိဇ္ဇာ အင်းဝိဇ္ဇာ ဂါထာဝိဇ္ဇာ မန္တန်ဝိဇ္ဇာ ဂန္ဓာရီဝိဇ္ဇာ ဗေဒါဝိဇ္ဇာ ဝိဇ္ဇာအပေါင်းဆရာအပေါင်းတို့ကြားသိစေရမည်၊ ဟောဒီစနေသားကြီးမောင်ထွန်းခိုင်၏ကျောပြင်၌အာဠာဝကဘီလူးမင်းဆေးတော်ပေါက်နေသည့်အချိန်မှစ၍ မည့်သည်အနှောက်အယှက်အဟန့်အတားများမရောက်ရှိလာစေရ”
ဦးချမ်းသာဆိုသူကထွန်းကိုအာဠာဝကဘီးလူးပုံစထိုးရန် အင်္ကျီချွတ်ခိုင်းလိုက်ပြီး စုပ်တော်တံနဲ့အာဠာဝကကြေးရုပ်ထုထည်းကဆေးဖြင့်တို့ကာ စတင်ပေါက်ချသဖြင့် ထွန်းခိုင်တစ်ယောက် အသည်းကိုအပ်ထိုးသကဲ့သို့ တဆစ့်ဆစ့်နဲ့နာကျင်မှုကိုခံစားရလေတယ်…..။
‌ညနေမိုးချုပ်စခတည်းကထိုးတာ မနက်ခင်းရဲ့အာရုံဦးအလင်းရောင်လေးတွေကပြူပြူထွက်ပေါ်လာသည့်အချိန်မှ အာဠာဝကဘီးလူးမင်းပုံဆေးပေါက်ပြီးအသက်သွင်းတာပြီးစီးခဲ့တယ်…..။
“ထွန်းခိုင် ဟိုးးကထန်းပင်ကိုခေါင်းနဲ့ဝင်တိုက်ကြည့်စမ်းကွဲ့”
ဦးချမ်းသာရဲ့စကားကြောင့်ထွန်းခိုင်လည်းဘာမှစဉ်းစားမနေတော့ပဲ ထန်းပင်ကိုခေါင်းနဲ့ပြေးတိုက်ရာ ဖျောင်း ခနဲအသံနဲ့အတူ ထန်းပင်ကကျိုးကျသွားခဲ့တာကိုမြင်တွေ့ရသဖြင့် ရပ်ကြည့်နေတဲ့သူက
“အောင်ပြီ….အောင်ပြီ”
***********
ညောင်ပင်သာရွာသို့မကျေနပ်ချက်တွေကိုစုစည်းကာလျှောက်လာနေသောလူတစ်ယောက်……..
” သူကြီးသူကြီး ရွာကိုထွန်းခိုင်ပြန်လာနေတယ်ကြားခဲ့ရတယ်”
“‌‌ေဟ့…ဒီကောင်ကကောင်းသော လာခြင်းတော့မဖြစ်နိုင်ဘူး ကြွက်နီ”
“ဖြစ်နိုင်တယ်ဗျသူကြီး….”
“ဟျောင့်ကြွက်နီ ငါနှစ်လုံးပြူးသေနတ်အိမ်‌ေပါ်ကယူခဲ့စမ်းကွာ”
ကြွက်နီအိမ်ပေါ်သို့တက်ကာ သူကြီးနှစ်လုံးပြူးသေနတ်ကိုယူကာရွာစပ်သို့ လူအုပ်နှင့်တကွလျှောက်လာခဲ့တယ်။
ထွန်းခိုင်ရွာစပ်ရောက်တော့
“လူအုပ်ကြီးတင်းကြီးနဲ့ပါ့လားဗျ ဘာလည်းကိုယ့်အလှည့်ကျမှသွေးကြောင်နေကျတာလား”
“ဟျောင့်ထွန်းခိုင် မင်းခွေးစကားမပြောနဲ့ ငါကအပြစ်ရှိလို့အပြစ်ပေးတာ မင်းကဘာအထွဋ့်တက်နေတာလည်းကွ”
“ကြီးတဲ့အမှုကိုသေးအောင် သေးတဲ့အမှုကိုပပျောက်အောင် ဆောင်ရွက်ခဲ့တဲ့ဒီကသူကြီးမင်းကြီးကို ကျွန်တော်မျိုးက ဟောဒီလက်ဆောင်ပေးချင်ပါသတဲ့ဗျာ”
ပြောပြောဆိုဆိုထွန်းခိုင်ကမျက်စီတမှိတ်အတွင်းမှာမယုံနိုင်လောက်‌ေအာင်လျင်မြန်သောအချိန်ဖြင့် သူကြီးနားကပ်ခါ နားအုံကိုဖြတ်ရိုက်ချလိုက်တယ်။
ကြွက်နီနဲ့ကျော်ကြီးတို့အုပ်စုလည်း ဆေးပေါက်ထားတဲ့ထွန်းခိုင်ကိုမယှဉ်ပြိုင်နိုင်တော့ပဲ အလဲလဲအကွဲကွဲခံခဲ့ရလေတယ်။
ထွန်းခိုင်လည်းတစ်ရွာလည်းကိုရွာပြင်ထွက်မရအောင် ရွာအပြင်ကလူလည်းရွာထည်းဝင်မရအောင် စည်းတားရှိထားခဲ့ကာညှင်းပန်းနှိပ်စက်လေသည်။
တနေ့ထက်တနေ့ဘာမှပြုမရလုပ်မရဖြစ်တာကြောင့် ရှိသမျှအစားအစာတွေသာစားသောက်နေကျပြီး အချိန်ကြာလာတော့အဆာရေဆာတွေကရှားပါလာခဲ့တယ်။
ထွန်းခိုင်ကတော့ ဒါကိုကြည့်ပြီး ပြုံးလျက်သားရှိနေတယ်။
တနေ့သောညရဲ့အခါမှာဆိုရင်ဖြင့် ထွန်းခိုင်တစ်ယောက် တစ်ရွာလုံးကိုသတ်ဖို့ရန်ကြံစည်‌ထားလေသည်…….။
******
“ချိန်းမော် အချိန်ကျပြီ”
ဆရာဖြစ်သူရဲ့စကားကိုတရားထိုင်နေရင်းချိန်းမော်တစ်ယောက်ကြားလိုက်ရသဖြင့် တရားဖြုတ်ကာ ဆရာဖြစ်သူထံရှိရာ လျောက်သွားလိုက်ချိန် ဆရာဖြစ်သူကိုမတွေ့ပေ။
ရှိန်းမော်လည်းဘာဆက်လုပ်ရမှန်းမသိတာနဲ့ ရွာထည်းသာဦးတည်လျှောက်ခဲ့လေတယ်။
“ဟားးးးးးဟားးးးးသင်တို့ကသင်တို့ကလှည့်ကျမှဘာကြောင့်များကြောက်နေရတာလည်း၊ကျုပ်အမေသေဆုံးရတာခဗျားတို့ကြောင့်လေ ခဗျားတို့တစ်ရွာလုံးကြောင့် ဒီညတော့ခဗျားတို့ကိုစီရင်ပေးရတော့မှာပေါ့ဗျာ ဒါမှလည်း ကျုပ်အနှစ်နှစ်အလအလသည်းခံထားရတာတွေအထမြောက်မှာ”
ထွန်းခိုင်လည်း အသက်ဝိဉာဉ်တွေကိုနှုတ်ယူဖို့ မျက်စီကိုမှိတ်ကာ ဂါထာတစ်ပုဒ်ကိုရွက်ဆိုနေချိန် ဂါထာမပြီးသေးချိန်မှာဆိုရင်ဖြင့် စက်တန်းတခုကထွန်းခိုင်ရင်ဝစီတိုးဝင်သွားခဲ့တယ်။
ထွန်းခိုင်လည်းစက်ရဲ့အချိန်ကြောင့် ခန္တာကိုယ်ကအနည်းငယ်ယိမ်းယောင်သွားပြီး ဘယ်သူပစ်လိုက်တာလည်းလိုက်ကြည့်သော်လည်း ဖမ်းစည်းထားသောရွာသားရွာသားတွေကလည်း၍ဘယ်သူမ မတွေ့ရှိရပေ။
“ဘယ်ကောင်လည်းကွ ခိုးကြောင်ခိုးဝှက်လုပ်မနေနဲ့ သတိရှိရင်ထွက်ခဲ့”
ထွန်းခိုင်ရဲ့စကားကြောင့် အမှောင်ထည်းကနေလူတစ်ယောက်ထွက်ပေါ်လာခဲ့တယ်။
“မင်းဘယ်သူလည်း”
“ကျုပ်နာမည်ကမောင်သူရိန်”
“ငါမင်းကိုမသိဘူး ငါသိတာကငါ့ကိစ္စတည်းဝင်မရှူပ်နဲ့ဆိုတာပဲ ဝင်ရှူပ်ရင်မင်းပါသေရလိမ့်မယ်”
“ထွန်းခိုင်…သင်လမ်းမှားရောက်နေပြီ”
“မင်းကဘယ်လိုငါ့နာမည်ဘယ်လိုသိတာလည်း၊ငါဘာသာလမ်းမှားရောက်ရောက် မရောက်ရောက် မင်းအပူပါလားဟျောင့်”
ထွန်းခိုင်လည်း‌မောင်သူရိန်ကိုလျစ်လျူရှူကာဂါထာကိုဆုံးခန်းတိုင်‌ေအာင်ဆက်ရွက်နေတယ်။
အ့ဒီအချိန်မောင်သူရိန်က လေပေါ်မှာအင်းတစ်ကွက်ဆွဲကာ ထွန်းခိုင်စီတစ်ဖန်ပစ်လွှတ်လိုက်လေရာ အင်းကခန္တာကိုယ်ကိုရစ်ပတ်နေသည်ကြောင့် စိတ်အနည်းငယ်တိုကာ ပစ်လွှတ်လိုက်တဲ့အချုပ်အင်းထည်းဖောက်ထွက်ပြီး မောင်သူရိန်စီပြေးဝင်ကာ အားပါပြင်းထန်လှတဲ့လက်သီးဖြင့်ထိုးချလိုက်လေသည်။
“ဆရာ ဟိုလူက ဘာလိုလေတွေကိုထိုးနေတာလည်း”
ရှိန်းမော်လည်းမောင်သူရိန်ချိူးဖျက်ထားတဲ့စည်းထည်းကနေလိုက်လာကာ အနားသို့ရောက်ရှိလာခဲ့ပြီးအကြောင်းစုံမေးမြန်လေရာ မောင်သူရိန်မှ ဆဌမအာရုံနဲ့အမြင်အာရုံလှည့်စားထားတာကိုဖြေကြားလိုက်တာကြောင့် ရှီန်းမော်တစ်ယောက်သိရှိခဲ့ရတယ်။
ထွန်းခိုင်လည်းမောင်သူရိန်ကိုထိုးတာအတော်အတန်ကြာလာသောလည်း တချက်မှမထိသောကြောင့် စိတ်မရှည်တော့ပဲ
အာဠာဝကဘီးလူးမင်းပုံစံပြောင်းကာ မောင်သူရိန်ရဲ့စိတ်ရဲ့လှည့်စားခြင်းကိုသိရှိလိုက်ရသဖြင့် ပတ်ဝန်းကျင်ကိုလိုက်လံကြည့်ရှူရာ ညောင်ပင်အောက်မှာရပ်နေတဲ့လူနှစ်ယောက်ကိုတွေ့ရှိလိုက်ရတယ်။
ဘီးလူးပုံစံပြောင်းထားတဲ့ထွန်းခိုင်က ခြေလှမ်းကျဲကြီးတွေနဲ့လျှောက်လာတာကိုမောင်သူရိန်တွေ့လိုက်ရသဖြင့် ရှိန်းမော်ကို အနားကရှောင်းခိုင်းစေခဲ့ပြီးမောင်သူရိန်ကရဲရင့်‌ေသာ‌‌ေခြလှမ်း‌ေတွနဲ့အတူအရှေ့သို့‌တည့်တည့်လျှောက်သွားရာ တစ်လံလောက်အကွာရောက်တော့ ရပ်သွားခဲ့တယ်။
ဘီးလူးကကြီးမားသောလက်ဖြင့်မောင်သူရိန်ကိုထုချလိုက်ချိန်ချောက်ခနဲ့အသံနဲ့အတူ သစ်ကိုင်းခြောက်တွေကိုသာထုချမိခဲ့တဲ့အသံကိုကြားသိလိုက်ရတယ်။
ထိုအချိန်အ‌နေကိုရွာသူရွာသားများမမြင်နိုင်အောင် မောင်သူရိန်မှရွာထည်းသို့အဝင်မှာကြိုတင်၍အိပ်ငွေ့ချထားခဲ့လေသည်။
ဘီလူးလည်းနဘေးရောက်သွားသော် မောင်သူရိန်ကိုထပ်ထုရန် ရွယ်လိုက်စဉ် လက်ကတွန့်ခနဲ့ရပ်သွားခဲ့ပြီး ရုတ်မရရှေ့ဆက်မရဖြစ်နေခဲ့တယ်။
သော်သို့လည်းခေါင်းမာလွန်းတဲ့ဘီလူးထွန်းခိုင်က နောက်လက်နဲ့ထပ်ထုရာ နောက်လက်ပါ ကော်နဲ့ကပ်ထားသလို တောင့်တောင့်ကြီးလေပေါ်တွင့်ရပ်နေခဲ့ပြီး ခြေထောက်တွေကလည်းနွံထည်းနစ်နေသကဲ့သို့ကြွမရခဲ့ပေ။
လှုပ်မရပြုမရဖြစ်နေချိန် မီးကွင်းစက်ဝိုင်းကြီးပေါပေါက်လာကာ အပူရဲ့အချိန်ဝေဒနာကို ထပ်မံခံစားနေခဲ့ရတယ်။
ဘီလူးထွန်းခိုင်လည်း နာကျင်လွန်းတာကြောင့် အသံနက်ကြီးဖြင့်အော်ချလိုက်လေသည်။
မီးကွင်းစက်ဝိုင်းကြီးပျောက်ပြီး ထွန်းခိုင်လည်းလူပုံစံပြန်ဖြစ်ကာမြေပြင်ပေါ်သို့ ဘုတ် ခနဲပြုတ်ကျခဲ့တယ်။
“ကဲ့..ထွန်းခိုင် သင့်ရဲ့အာဃာတအငြိုးတွေ ကျေအေးလိုက်ပါတော့ သင့်အမေကဘယ်သူမှသတ်တာမဟုတ်ဘူး သူရဲ့ဇာတာကဒီမှာဆုံးဖို့အကြောင်းဖန်လာလို့ပဲ”
“ဒါတွေသင်ကဘယ်လိုသိတာလည်း”
“သင့်ရဲ့ဖခင်ကမဖြစ်သင့်တာတွေမဖြစ်ရလေအောင်အကူအညီတောင်းခဲ့တာကြောင့် လာရောက်တားစီးရတာပဲ၊သင့်ရဲ့အမေလည်းအသက်ရှိ‌နေသေးရင် သင်ဒါ‌တွေပြုလုပ်‌နေတာကိုမြင်ရင် ခွင့်ပြုမယ်ထင်လား”
“ဟာ…..ဟုတ်တယ်ဗျာ ကျုပ်မှားသွားပြီ၊ အမေသားကိုခွင့်လွှတ်နော်”
ဒူးထောက်ကာလက်အုပ်ချီပြီးမိုးပေါ်သို့မော့ကြည့်၍မိခင်ကိုတမ်းတာကာထွန်းခိုင်တစ်ယောက်အပစ်တွေကိုဝန်ချတောင်းပန်နေတယ်။
“ကဲ့..ထွန်းခိုင်သင့်အမေကခွင့်လွတ်မှာပါ ရွာသားတွေမနိုးလာခင်သင်ဒီရွာကအမြန်ထွက်သွားပါ မဟုတ်ရင်ကျွန်ုပ်တို့လည်းမတက်နိုင်ဘူး”
ထွန်းခိုင်လည်းဒူးထောင်နေရာကနေထကာ ညာလက်မောင်းကိုပုတ်ပြီးကိုယ်ဖျောက်လိုက်သော် ဘာမှမထူးချေ
“သင့်ရဲ့အစွမ်းတွေကပျောက်ကွယ်သွားခဲ့ပြီ ထွန်းခိုင်၊ ထိုက်လို့ရောက်လာပေမဲ့ ဒေါသနဲ့မောဟရဲ့အချိန်ကြောင့်အာဠာတကဘီလူးမင်းရဲ့အစွမ်းတွေကတိမ်းအောင်းပျောက်ကွယ်ခဲ့တယ်”
ထွန်းခိုင်လည်းအစွမ်းမရှိတော့တာကိုသိရသဖြင့် သာမာန်လူတွေလိုသာရွာထည်းကအမြန်ထွက်ကာထွက်သွားလေတော့သည်….။
မောင်သူရိန်နှင့်ရှိန်းမော်လည်း ရွာသူရှာသားတွေကိုထားခဲ့ကာ မြန်မာပြည်ရဲ့အောက်ပြည်အောက်ရွာကိုခရီးဆက်ကာ ကြုံလာသမျှအမှောင့်ပယောဂတွေကိုလိုက်လံကုသကာပေးနေပြီး မောင်သူရိန်မှအကြောင်းကိစ္စအရေးပေါ်လာသဖြင့် ရှိန်းမော်ကိုထားကာ မဟာမြိုင်တောကိုပြန်လည်သွားရောက်နေချိန် ရှိန်းမော်တစ်ယောက် ဘာသာခြားကအစွဲကိုခက်ခက်ခဲခဲဘယ်လိုတွေကုသခဲ့ရသလည်းဆိုတာကို “မောင်သူရိန်နှင့်ဘာသာခြားကအစွဲ”ဆိုတဲ့ဝတ္ထုလေးမှာဆက်လက်ဖတ်ရှူပေးကျပါအုံး အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။
++++++++++++++++++++++++++++