“စုန်းထီးကြီးဦးဘသာနှင့် စတုတ္ထမြောက်စောင့်ရှောက်သူ”(စ/ဆုံး)

Unicode Version

“စုန်းထီးကြီးဦးဘသာနှင့် စတုတ္ထမြောက်စောင့်ရှောက်သူ”(စ/ဆုံး)
———————————————————————————
အတွဲ(၅) စာစဉ်(၉)

(၁)

ဘသောင်းနဲ့ကျုပ်တို့နဲ့ သူ့အကို ကိုသိန်းတန်ဆီကိုသွားဖို့ ပြင်နေပါရောဗျာ၊ ကျုပ်လည်း တစ်ညလုံး တစ်မှေးမှမအိပ်ရသေးလို့ တဝှါးဝှါးနဲ့ သမ်းနေမိပြီဗျ၊ ဘသောင်းက ကျုပ်ကိုတစ်ချက်ကြည့်လိုက်ပြီးတော့ ကျုပ်လည်ပင်းကိုလက်နဲ့ထိမလို့လုပ်လိုက်တယ်၊ ကျုပ်လည်း အနောက်ကိုနည်းနည်းဆုတ်ရှောင်လိုက်တာပေါ့ဗျာ၊ ဘသောင်းက ကျုပ်ကိုကြည့်ရင်း

“ငါမင်းကိုဘာမှမလုပ်ပါဘူးကွ၊ မင်းရဲ့ ကျန်းမာရေးအခြေအနေကိုစမ်းကြည့်မလို့ပါ”

ဒီတော့မှ ကျုပ်လည်း လည်ပင်းကိုထိုးပေးလိုက်တယ်၊ ဘသောင်းက ကျုပ်လည်ပင်းကိုသေချာကိုင်ကြည့်ပြီးတော့ လည်ဇလုပ်ကို လက်နဲ့အထက်အောက်ပွတ်နေပါရောဗျာ၊ ကျုပ်တောင်မှ ယားလာတယ်ဗျ။ ခဏကြာတော့မှ ဘသောင်းက ခေါင်းတဆတ်ဆတ်ညိတ်ရင်း

“မင်းတော်တော်အားနည်းနေတာပဲကွ၊ မင်းကို အားဖြည့်ဆေးတိုက်ရမယ်ဟေ့”

“အားဖြည့်ဆေးတဲ့လား”

ကျုပ်ရေရွတ်လိုက်မိတယ်၊ ဘသောင်းက အိမ်ရှေ့တိုင်တစ်ခုမှာ တွဲလောင်းချိတ်ထားတဲ့ ဖီးကြမ်းငှက်ပျောသီးကြီးဆီသွားပြီးတော့ ငှက်ပျောသီးကြီးတစ်လုံးကို ဖြုတ်လိုက်တယ်ဗျ၊ ငှက်ပျောသီးကလည်း တော်တော်ထွားထွားပဲဗျာ၊ တစ်လုံးတစ်လုံး တစ်ထွာတောင်မကဘူးဗျ၊ နောက်တော့ ငှက်ပျောသီးကို လက်ဝါးတစ်ဖက်ထဲထည့်ပြီးတော့ သူ့အိမ်ရှေ့ မှန်ဘီရိုအပုကလေးပေါ်တင်ထားတဲ့ ဖန်ပုလင်းကြီးထဲက ဆေးနီမှုန့်တွေကို ဖြူးလိုက်ပါရောဗျာ၊ ပြီးတော့ ငှက်ပျောသီးပေါ်ကို အဲဒီဆေးနီမှုန့်တွေနဲ့ပွတ်သပ်နေတယ်၊ ငှက်ပျောသီးက အခွံတော့မခွာရသေးဘူးဗျ။

နောက်တော့ ကျုပ်ဆီကိုအဲဒီငှက်ပျောသီးကြီး လှမ်းပေးလိုက်တယ်၊ ကျုပ်လည်း ငှက်ပျောသီးကိုယူလိုက်ပြီးတော့ ဘသောင်းကိုကြည့်နေမိတာပေါ့ဗျာ၊ ဘသောင်းက ကျုပ်ကိုမျက်မှောင်ကြုတ်ကြည့်ရင်း

“ဟ၊ ငှက်ပျောသီးလက်ထဲရောက်တာတောင်မှ ငါ့ကိုကြည့်နေတာလားကွ၊ ဘာလဲ ငါကဒီငှက်ပျောသီးကို ခွာပေးရအုံးမှာလား”

ကျုပ်လည်း ခေါင်းခါလိုက်ပြီးတော့

“မဟုတ်ပါဘူးဗျာ၊ ကျုပ်က အညာသားဆိုတော့ ရှင်းရှင်းပဲပြောမယ်၊ ခုနက ငှက်ပျောသီးကိုဘာလုပ်တာလဲ၊ ခင်ဗျားဘာလုပ်ထားမှန်းမသိတဲ့ငှက်ပျောသီးကို ကျုပ်မစားဝံ့ဘူးဗျ”

ဒီအခါ ဘသောင်းက ရယ်မောရင်း

“ပြောပါ့မယ်ကွာ၊ အဲဒီငှက်ပျောသီးကို သက်စောင့်အားဆေးတစ်မျိုးနဲ့ပွတ်လိုက်တာကွ၊ အဲဒီငှက်ပျောသီးကိုစားပြီးရင် မင်းခွန်အားတွေပြည့်လာလိမ့်မယ်”

ကျုပ်က မယုံသင်္ကာဖြစ်နေသေးတယ်ဗျ၊ ဒါနဲ့ ငှက်ပျောသီးထိပ်ကို ကိုက်ပြီး အခွံကိုဆွဲခွာလိုက်တော့ အထဲက ငှက်ပျောသီးအသားတွေက ပတ္တမြားရောင်လို နီရဲရဲကြီးဖြစ်နေပါရောဗျာ၊ မွှေးတာကလည်း မွှေးတယ်ဗျ၊ ကျုပ်သေချာနမ်းကြည့်တော့ နံ့သာနီနံ့လိုလို၊ နံ့သာဖြူနံ့လိုလိုပဲ။ ကျုပ်က စားဖို့ပြင်နေတာကို ဘသောင်းကကြည့်ရင်း

“စိတ်ချစားစမ်းပါကွ၊ မင်းတို့နှစ်ယောက်က ငါ့ကိုကယ်ခဲ့တာပဲ၊ ငါကမင်းတို့ကို ကျေးဇူးကန်းပါ့မလားကွ”

ဘသောင်းပြောတော့မှ ကျုပ်လည်း စိတ်ချလက်ချနဲ့ ငှက်ပျောသီးကို ကိုက်စားလိုက်တော့တယ်ဗျ၊ ငှက်ပျောသီးက ချိုလို့ဗျာ၊ ပြီးတော့ အရသာတစ်မျိုးရတယ်၊ အဲဒီအရသာကလည်း ခပ်ချိုချိုပဲဗျ၊ သွေးဆေးအရသာလိုဟာမျိုး၊ ကျုပ်လည်း ဆာဆာနဲ့ငှက်ပြောသီးတစ်လုံးလုံးကို စားပစ်လိုက်တယ်ဆိုပါတော့ဗျာ၊ ထူးဆန်းတယ်လို့တော့ပြောရမယ်၊ ငှက်ပျောသီးစားပြီးတဲ့အခါ ကျုပ်ဗိုက်ဆာနေတာတွေပျောက်သွားပြီးတော့ တစ်မျိုးကြီးဖြစ်လာတယ်ဗျ။ ရင်ပြည့်သလိုလို ဘာလိုလိုကြီးဗျာ။ ဘသောင်းက ကြိုသိနေတဲ့ပုံပါပဲ၊ သောက်ရေအိုးထဲက ရေတစ်ခွက်ခပ်လိုက်ပြီးတော့ ကျုပ်ဆီကိုလှမ်းပေးတယ်ဗျ၊ ရေခွက်က ဖန်မတ်ခွက် ငါးကြင်းခွက်ကြီးပါ၊ ဖန်ခွက်ထူထူကြီးမှာ ငါးကြင်းရဲ့အကြေးခွံတွေလို အကွက်တွေပါတဲ့ခွက်ကြီးပေါ့။

ကျုပ်လက်လှမ်းယူမယ်လုပ်တုန်း ဘသောင်းက ခွက်ထဲကို အနီရောင်အလုံးကလေးတစ်လုံးပစ်ထည့်လိုက်တယ်ဗျ၊ အလုံးကလေးက သေးသေးလေးပါဗျာ၊ ဆန်ကွဲစေ့လောက်ပဲရှိမှာ၊ အဲဒီအလုံးကလေးက ရေထဲရောက်သွားတယ်ဆိုရင်ပဲ အနီရောင်အချောင်းအချောင်းတွေထွက်လာပြီးတော့ တစ်ခွက်လုံးအနီရောင်ဖြစ်သွားပါရောလား။ လက်လှမ်းနေတဲ့ကျုပ်တောင်မှ လက်တွန့်သွားတယ်ဗျာ၊ ဘသောင်းက လှမ်းထိုးပေးတာနဲ့ မဝံ့မရဲနဲ့လှမ်းယူလိုက်တာ။

“သောက်လိုက်စမ်းပါကွာ၊ မင်းအကုန်ကောင်းသွားမယ်”

ကျုပ်လည်း ရေခွက်ကိုသေချာကြည့်နေမိတယ်၊ ရေခွက်တစ်ခုလုံးက သွေးတွေလိုရဲရဲနီနေပြီဗျ၊ အနံ့ခံကြည့်တော့ ဘာအနံ့မှတော့မရဘူး၊ ဒါနဲ့တစ်ကျိုက်လောက်သောက်မယ်ဆိုပြီး ရေကိုငုံလိုက်တဲ့အခါ ချိုလိုက်တာပြောမနေပါနဲ့၊ ဇီးဖျော်ရည်လိုအရသာမျိုးဗျ၊ အရသာကောင်းတယ်ဆိုလို့ကတော့ ကျုပ်တို့က သောက်ပြီးသားပဲဗျာ၊ တစ်ခွက်လုံးကို မော့ချလိုက်တော့တာပဲ၊ ချိုတဲ့အရသာအနောက်မှာ ရှတတအရသာကလေးလဲ ပါသဗျ။ ရေသောက်ပြီးတဲ့အခါ ဘသောင်းက မျက်ခုံးပင့်ပြီးကျုပ်ကိုကြည့်တယ်။

“ဘယ့်နှယ့်လဲကွ၊ သောက်လို့ကောင်းရဲ့လား”

“ကောင်းလိုက်တာဗျာ၊ ဒါဘာတွေလဲဟင်”

“သွေးငါးမျိုးပါတဲ့ သွေးအားဆေးပေါ့ကွာ”

“သွေးငါးမျိုးတောင်လား”

ဘသောင်းက လက်ငါးချောင်းထောင်ရင်း

“ကျောက်သွေး၊ ကြံ့သွေး၊ ကျွဲသွေး၊ ကျားသွေး၊ ခွေးသွေးတဲ့ကွ၊ အဲဒီသွေးတွေအကုန်လုံးကို အနှစ်ကျအောင်လုပ်ပြီးတော့ ကျောက်သွေးနဲ့ဖမ်းထားတာပေါ့ကွာ”

“ဗျာ၊ ခွေးသွေးပါတယ်လား”

“ဒီဆေးကိုအထင်မသေးနဲ့ကွ၊ သွေးအားနည်းနေတဲ့လူတွေသောက်လိုက်ရင် ချက်ချင်းအားပြန်ကောင်းတယ်၊ ဒါနဲ့ ကောင်လေး၊ မင်းခုနက ငါကျွေးတဲ့ငှက်ပျောသီးစား၊ ငါတိုက်တဲ့သွေးဆေးသောက်ပြီးတော့ မင်းဘယ်လိုခံစားရသလဲကွ”

“နေလို့ကောင်းတယ်ဗျ၊ ဗိုက်ဆာတာလည်းမရှိတော့ဘူး၊ အိပ်ချင်တာလည်းမရှိတော့ဘူးဗျာ၊ ကျုပ်ကိုယ်ထဲ အားတွေပြည့်နေသလိုခံစားရတယ်၊ သုံးလေးရက်လောက် အနားယူလိုက်ပြီးတော့ အားရှိသွားတဲ့ပုံစံမျိုးဗျ”

ဘသောင်းက တဟင်းဟင်းနဲ့ရယ်တော့တယ်ဗျာ၊ ပြီးတော့ ကွမ်းအစ်တစ်လုံးကိုအရှေ့မှာချပြီးတော့ ကွမ်းယာနေတယ်ဗျ၊ ဦးဘသာက ဘသောင်းကိုကြည့်နေတာနဲ့ ဘသောင်းက ကွမ်းအစ်ကိုထိုးပေးလိုက်ပြီး

“ကွမ်းသမား ကွမ်းမစားရတာလည်း ဒုက္ခတစ်မျိုးပဲဗျ၊ ကဲ စားဗျာ၊ စားသာစား”

ဦးဘသာလည်း ကွမ်းရွက်သုံးရွက်ကိုထပ်လိုက်ပြီးတော့ ထုံးတွေသုတ်ပြီး ဆေးတွေထည့်၊ စမုံစပါးတွေဖြူးပြီး အားရပါးရကို ဝါးနေပါရောဗျာ။

“ဒါနဲ့ ကိုဘသောင်းက ဆေးတွေဘာတွေဖော်တတ်တာလား”

ဘသောင်းက ခေါင်းညိတ်လိုက်ပြီးတော့ အဲဒီလိုမျိုးရေတစ်ခွက်ကို ဦးဘသာအရှေ့မှာချပေးလိုက်တယ်၊ နောက်တော့ သူလည်းခုံမှာဝင်ထိုင်ရင်း

“ဒီလိုကွ၊ ငါတို့က ကဝေရှင်မျိုးရိုးမဟုတ်လား၊ ငါ့အဖေဦးထိုက်တန်ကြီးက သားသုံးယောက်စလုံးကို ပညာတွေပေးခဲ့တယ်၊ အဲဒီထဲမှာ အကြီးဆုံးအကိုကြီး သန်းတန်က သိုက်နဲ့ပတ်သက်တဲ့လမ်းကိုလိုက်သွားတယ်၊ သိုက်ဆရာဖြစ်သွားတယ်ပေါ့ကွာ၊ အကိုလတ် ကိုသိန်းတန်ကျတော့ သိုက်တူးတဲ့အခါလည်းတူးတယ်၊ ကဝေဖမ်းတဲ့အခါလည်းဖမ်းတယ်၊ ငါကတော့ သိုက်လမ်းကိုမလိုက်ဘဲ ကဝေရှင်လမ်းကိုပဲ သီးသန့်လိုက်တယ်၊ တစ်ခါတော့ ငါ့အကိုကြီးတူးလာတဲ့သိုက်ထဲက သိုက်စာတွေအများကြီးရတယ်ကွ၊ အဲဒီသိုက်စာတွေထဲမှာ ဆေးကျမ်းတစ်ခုလည်းပါတယ်၊ အဲဒီဆေးကျမ်းထဲကအတိုင်း ငါလည်းဆေးလိုက်ဖော်ပြီးတော့ ဒီလိုပဲ တတ်နိုင်သလောက် လူတွေကို ကူညီပေးနေတယ်ဆိုပါတော့ကွာ”

“ဒါဆိုရင် ကျုပ်တစ်ခုမေးချင်လို့ပါ၊ ကဝေရှင်တွေက လူကောင်းတွေလား၊ လူဆိုးတွေလားဗျ”

ကျုပ်မေးလိုက်တော့ ဘသောင်းကရယ်တယ်ဗျ။

“ဒါဆိုရင် မင်းကိုငါတစ်ခုမေးမယ်နော် ကောင်လေး၊ မင်းရော လူကောင်းလား၊ လူဆိုးလားကွ”

ကျုပ်တွေဝေသွားမိတယ်ဗျ၊ ပြန်ဖြေဖို့တောင် မနည်းစဉ်းစားနေရတယ်။

“ကျုပ်ကိုယ်တိုင်တော့ လူကောင်းလို့ထင်တာပဲဗျ”

ဘသောင်းကပြောပြီး

“လူတိုင်းကတော့ ကိုယ်လုပ်တာ ကောင်းတယ်ထင်တာပဲကွ၊ ငါမေးမယ်၊ မင်းကြောင့် မကောင်းတာဖြစ်သွားတဲ့လူတွေမရှိဘူးလားကွ”

ကျုပ်သေချာပြန်စဉ်းစားပြီး ခေါင်းညိတ်လိုက်မိတယ်ဗျာ။

“မင်းက ကောင်းတာလုပ်တယ်ဆိုပေမယ့် မင်းကြောင့်ထိခိုက်သွားတဲ့လူတွေက မင်းကိုကောင်းတယ်လို့မြင်ပါ့မလားကွ”

“ဘယ်မြင်မှာလဲဗျာ၊ ကျုပ်ကိုဆိုးတယ်လို့ပဲမြင်ကြမှာပေါ့ဗျ”

“အေးပေါ့ကွ၊ ဒါကြောင့် ကောင်းတယ်ဆိုးတယ်ဆိုတာ သူများတွေပြောတဲ့အလုပ်ကွ၊ လူတိုင်းကတော့ ကိုယ်လုပ်တာကောင်းတယ်ထင်တာပဲ၊ ဒါကြောင့် လူတွေကို ကောင်းတယ်၊ ဆိုးတယ်ဆိုပြီး လိုက်မေးနေလို့ရမှာလားကွ”

ကျုပ်လည်းခေါင်းညိတ်ပြီးတော့ ထောက်ခံလိုက်မိတယ်၊ ဦးဘသာက ထပြီးတော့

“ကဝေရှင်တွေဆိုတာ လွတ်လပ်တယ်ကွ၊ ဒါပေမယ့် တစ်ချိန်ကတော့ ကဝေရှင်တွေက အအုပ်အသင်းနဲ့နေတယ်လို့ကြားဖူးတယ်၊ အသင်းပျက်ပြီးတဲ့အခါကျတော့ အစုအဝေးမရှိတော့ဘဲ တစ်ယောက်ကောင်းပဲကျန်နေခဲ့တော့တာပေါ့ကွာ”

“ဟုတ်တယ် ဦးသာဒင်၊ ခင်ဗျားပြောတာမှန်တယ်”

“ဒီတော့ ကောင်းလားမကောင်းလားကတော့ သူ့လုပ်ရပ်အပေါ်မူတည်တာပေါ့ကွာ”

“ဘာပဲပြောပြော အခုကျုပ်တို့က ကောင်းတာလုပ်နေတာဆိုတော့ ခင်ဗျားကျုပ်တို့နဲ့ပေါင်းပြီး ကောင်းသွားပြီပေါ့ဗျာ”

ကျုပ်ထပြောလိုက်တော့ ဘသောင်းရော၊ ဦးဘသာရော ရယ်ကြတယ်ဗျ၊ ဦးဘသာက ကျုပ်ကိုလက်ညှိုးထိုးပြီး

“အလတ်ကောင်၊ အလတ်ကောင် မင်းကတော့ လူတစ်ယောက်ကို လူကောင်းဖြစ်အောင်လုပ်တာ သိပ်မြန်တာပဲနော်ကွ၊ ကိုယ်နဲ့ပေါင်းရင်လူကောင်း၊ ကိုယ်နဲ့မပေါင်းရင် လူဆိုးပေါ့ကွ ဟုတ်လား၊ ဟား၊ ဟား”

ကျုပ်တို့ရယ်မောနေတုန်း ခြံဝကနေခေါ်သံကြားလိုက်ရတယ်ဗျ။

(၂)

“ငသောင်း . . . ဟေ့ကောင် ငသောင်း”

ဘသောင်းက ထိုင်နေရာကနေထလိုက်ပြီးတော့ကြည့်လိုက်တယ်ဗျ၊ အသက်ခြောက်ဆယ်လောက် လူကြီးတစ်ယောက်က ခြံတံခါးကိုတွန်းဖွင့်ပြီးတော့ ဝင်လာတယ်၊ ဒီလူကြီးက ခေါင်းတုံးပြောင်ပြောင်ကြီးနဲ့ဗျ၊ တိုက်ပုံနီညိုရောင်ကြီးကိုလည်း ဝတ်ထားသေးသဗျာ။

“ဟာ အကိုကြီး၊ အကိုကြီး ကိုသန်းပါလား”

ဒီလူကြီးက လမ်းကိုထော့နဲ့ထော့နဲ့ လျှောက်လာသဗျာ၊ အိမ်ပေါ်လှမ်းတက်လာပြီး ဖိနပ်ချွတ်အရောက်မှာ ခွေခနဲလဲကျသွားတယ်၊ ပြီးတော့ ပါးစပ်ကလည်း ချောင်းတွေတဟွပ်ဟွပ်နဲ့ဆိုးနေပြီးတော့ အမြှုပ်တွေလည်းထွက်ကျလာတယ်ဗျာ၊ ဘသောင်းက ဒီလူကြီးကိုပြေးတွဲလိုက်ပြီး

“အကိုကြီး ဘာဖြစ်လာတာလဲဗျာ”

“ငါမရတော့ဘူး . . . ငါမရတော့ဘူး ငသောင်းရ”

ကျုပ်လည်း မနေနိုင်တာနဲ့ ဒီလူကြီးကိုပြေးတွဲလိုက်တယ်၊ ဘသောင်းနဲ့ကျုပ်နဲ့ သူ့ကိုတစ်ယောက်တစ်ဖက်စီဆွဲပြီးတော့ အိမ်ရှေ့ခန်းကိုဆွဲတင်လိုက်တယ်၊ ဒီလူကြီးက ဆန့်ဆန့်ကြီးပါလာသဗျာ။

“စိတ်မလျော့ပါနဲ့အုံး အကိုကြီးရာ၊ အကိုကြီးဘာတွေဖြစ်လာတာလဲဗျ”

“ငါ့စိန်သွား၊ ငါ့စိန်သွားပါသွားပြီကွ”

ပြောရင်း ချောင်းတွေဆိုးပြန်ရောဗျာ၊ ဘသောင်းက ပြာပြာသလဲနဲ့ထရပ်လိုက်ပြီးတော့ ရေတစ်ခွက်ကိုခပ်ယူသဗျ၊ ပြီးတော့ ဆေးမှုန့်တွေ၊ ဆေးလုံးတွေကို ရေထဲထည့်နေပါရောဗျာ။ နောက်ဆုံးတော့ သူ့လွယ်အိတ်ထဲက ပုလင်းကလေးတစ်လုံးကိုနှိုက်လိုက်သဗျ၊ ပုလင်းကလေးက ပိန်ပိန်သေးသေးကလေးဗျာ၊ လက်တစ်ဆစ်စာလောက်ပဲရှိမယ်ထင်ပါတယ်၊ အဲဒီအထဲမှာလည်း ခပ်ညိုညိုအမှုန့်ကလေးတွေ ပါသေးတယ်ဗျ။

ကျုပ်ကိုရေခွက်ကိုင်ခိုင်းထားပြီးတော့ ခုနက ပုလင်းကလေးထဲကအမှုန့်တွေကို ရေထဲထည့်လိုက်တယ်ဗျာ၊ ရေထဲရောက်တော့ ရေခွက်ထဲက ရေတွေအကုန်လုံးက ရွှေရောင်တွေဖြစ်ကုန်သဗျ။

“အကိုကြီး မသေဘူး၊ အကိုကြီးမသေပါဘူးဗျာ၊ ဟောဒါ အသက်ကယ်ရွှေပြာပဲဗျ”

ဘသောင်းက ဦးသန်းတန်ရဲ့ ခေါင်းကိုအသာထောင်ပေးတာမို့လို့ ကျုပ်လည်းခွက်ထဲက ရေတွေကို တိုက်တာပေါ့ဗျာ၊ ဦးသန်းတန်က ရေတွေကို အငမ်းမရသောက်တယ်ဗျ၊ သောက်ပြီးတာနဲ့ သိပ်မကြာခင်မှာပဲ ရေတွေက ပါးစပ်ထဲကနေ ဖူးခနဲပြန်ထွက်လာတယ်ဗျာ။

“အကိုကြီး၊ အကိုကြီး ဒါလေးတော့ ဝင်အောင်သောက်ပါအုံးဗျာ”

“ငသောင်း မင်းကိုငါပြောပြီးပြီပဲ၊ ငါ့အခြေအနေ ငါသိတယ်၊ ငါမရတော့ဘူးကွာ”

ဦးသန်းတန်က ဘသောင်းရဲ့လက်ကိုဆွဲလိုက်ပြီးတော့

“ညီလေး . . . ညီလေး တစ်ခုတော့ကူညီပါကွာ၊ ငါ့ရဲ့စိန်သွားကလေး ပြန်ယူပေးပါ၊ ဒီစိန်သွားကမကောင်းတဲ့လူတွေလက်ထဲ ရောက်သွားလို့မဖြစ်ဘူးကွ”

“ဘာတွေများဖြစ်တာလဲ အကိုကြီးရာ”

ဦးသန်းတန်က တော်တော်မောနေတယ်ဗျ။

“ငါ သိုက်တူးမယ်ဆိုပြီးတော့ အထက်အညာဘက်ကိုတက်သွားတယ်မဟုတ်လား၊ ကျောက်ပန်းတောင်းရောက်တော့ လူတစ်စုနဲ့ငါတွေ့တယ်ကွ၊ အဲဒီလူတွေက ငါ့ဆီက စိန်သွားကိုယူသွားကြတယ်”

“အကိုကြီးတောင် မနိုင်ဘူးလား”

“ဒီလူတွေက တော်တော်အဆင့်မြင့်တဲ့လူတွေကွ”

ကျုပ်လည်း သေချာစဉ်းစားရင်း

“ဘယ်အချိန်လောက်က ဖြစ်ခဲ့တာလဲဗျာ”

“လွန်ခဲ့တဲ့တစ်လလောက်က ဖြစ်ခဲ့တာကွ၊ ငါလည်း ဒီလူတွေအနောက်ကို ရေဆုံးမြေဆုံးလိုက်သေးတယ်၊ မနေ့က ညကတော့ ငါ့စိန်သွားရှိတဲ့နေရာကို ငါတွေ့ခဲ့တယ်ကွ”

“ဟုတ်လား၊ အဲဒါဘယ်နေရာလဲ”

“ထောက်ကြံ့က ခြံကျယ်ကြီးတစ်ခုထဲမှာကွ”

ထောက်ကြံ့ဆိုတဲ့စကားကြားလိုက်တော့ ကျုပ်ရော ဦးဘသာရော မျက်လုံးပြူးသွားတယ်။

“ငါ ခြံဝကိုလည်းရောက်ရော အဲဒီအထဲက လူကြီးတစ်ယောက်ထွက်လာပြီး ငါ့ကိုဆော်ထည့်လိုက်တာပဲကွာ၊ ငါလည်း မနည်းအားတင်းပြီးတော့ မင်းဆီရောက်အောင်ပြန်လာခဲ့ရတာပဲ”

ကျုပ်က ဦးသန်းတန်ကိုကြည့်ပြီးတော့

“အဲဒီလူကြီးက ဘယ်လိုပုံစံမျိုးလဲဗျာ”

“လူက ပိန်ပိန်ပါးပါးပဲကွ၊ နဖူးကတော့ တော်တော်ကိုပြောင်တာ၊ ငါ့ကိုဆော်တော့ သူ့နဖူးမှာ အမောက်ကြီးသုံးခုထွက်လာတယ်၊ တစ်ခုက အစိမ်းရောင် . . . နောက်တစ်ခုက အဟွပ် . . .အဟွပ်”

ဦးသန်းတန်က ပြောရင်း ချောင်းတွေဆိုးနေတယ်ဗျာ၊ ဒါနဲ့ပဲ ကျုပ်ကဆက်ပြောလိုက်တယ်။

“တစ်ခုက ရွှေရောင်၊ တစ်ခုက အနီရောင်မဟုတ်လား”

ဦးသန်းတန်က ခေါင်းပဲညိတ်ပြတယ်ဗျ၊ ကျုပ်လည်း ဦးဘသာကြီးကိုလှည့်ကြည့်လိုက်တော့ ဦးဘသာက စိတ်ပျက်လက်ပျက်နဲ့

“အဲဒါငါပဲကွ”

ဘသောင်းက တောက်တစ်ချက်ခေါက်ပြီးတော့

“ဒီလူကို ကျုပ်အခုပဲသွားပြီးသတ်မယ်ဗျာ”

ဒီအခါ ဦးသန်းတန်က ဘသောင်းရဲ့လက်ကိုဆွဲလိုက်ပြီးတော့

“မလုပ်နဲ့ဘသောင်း၊ မင်းပညာက ငါ့ထက် နှစ်ဆလောက်နိမ့်တယ်၊ ငါ့လိုလူကိုတောင် ဒီလူကြီးက သေအောင်လုပ်နိုင်တာဆိုတော့ မင်းက သူ့ရဲ့ပြိုင်ဘက်မဟုတ်ဘူးကွ”

“ဒါပေမယ့် အကိုကြီးရာ၊ ကျုပ်တော့ ဒီလူကိုသတ်ရမှကျေနပ်မယ်”

“ငါပြောတာနားထောင်စမ်းပါကွာ၊ သတ်တာမသတ်တာ အသာထားစမ်းပါ၊ ဒီလူတွေက ငါ့ရဲ့စိန်သွားကိုယူပြီး တစ်ခုခုကြံနေတာကွ၊ သူတို့အကြံကို ငါစုံစမ်းရသလောက်ကတော့ သူတို့က ချပ်သင်းရတနာသိုက်ကို ဖောက်ကြမယ့်ပုံပဲ”

“ချပ်သင်းရတနာသိုက်ဆိုတော့ . . .”

“ဟုတ်တယ်၊ ချပ်သင်းတောကြီးအလယ်က ရတနာသိုက်တစ်ခုပဲ”

“သူတို့က ဘာလို့ဖောက်ချင်တာလဲဗျာ”

“ဒါတော့ ငါမသိဘူး၊ ချပ်သင်းသိုက်ဆိုတာ ဘီလူးသိုက်တစ်ခုပဲ၊ သိပ်ကိုအန္တရာယ်များတဲ့သိုက်တစ်ခုပေါ့၊ ဘီလူးသိုက်ဆိုတာထက် ဘီလူးတွေကိုမြေကြီးထဲမြှုပ်ပြီး လေးဖက်လေးတန် ကျောက်ဖျာချကာပြီးတော့ အကျဉ်းချထားတဲ့ နေရာတစ်ခုဆိုရင်လည်း မမှားနိုင်ဘူး”

ဒီအချိန် ဦးဘသာကြီးက လက်ခုပ်တီးပြီးတော့ မတ်တပ်ထရပ်လိုက်တယ်။

“ဟုတ်ပြီ၊ ဟုတ်ပြီ၊ အဲဒါ ငထေရှင်တို့ပဲ၊ ငါအခုမှ သဘောပေါက်ပြီ”

ကျုပ်တို့အားလုံး ဦးဘသာကြီးကို ဝိုင်းကြည့်လိုက်ကြတယ်၊ ဦးဘသာကြီးက ကျုပ်တို့အနားကိုလာရင်း ဆက်ပြောတယ်။

“ငထေရှင်က ဘာဖြစ်လို့ဒီနေရာကို ရွေးတာလဲ၊ မရွှေတောင်က ဒီနေရာဟာ သူတို့ရဲ့အောင်မြေပါဆိုပြီးတော့ ဘာဖြစ်လို့ပြောခဲ့တာလဲဆိုတာ ငါအခုမှသိပြီ၊ လတ်စသတ်တော့ ဒီကောင်က ဘီလူးသိုက်ကိုဖွင့်ဖို့လုပ်နေတာကိုးကွ၊ ငထေရှင်က ဘီလူးတစ်ကောင်လို့ အောင်ရှိန်က ငါ့ကိုပြောဖူးတော့ ဒီကောင်ကြံနေတာ ဒီအကြံအစည်ပဲဖြစ်မှာ”

ကျုပ်လည်းတွေးမိပြီးခေါင်းညိတ်လိုက်မိတယ်။

“ဒီဘီလူးသိုက်ပွင့်ပြီး ဘီလူးတွေထွက်လာတဲ့အခါ ဒီကောင်က ဘီလူးတွေကိုအုပ်ချုပ်မလို့ပဲ”

ဦးသန်းတန်က မျက်လုံးကြီးပြူးပြီးတော့

“ဘီလူးသိုက်မဖွင့်မိခင် ငါ့စိန်သွားကိုပြန်ယူရမယ် ငသောင်း”

“ဒါပေမယ့် စိန်သွားကိုသူတို့ယူသွားပြီလေဗျာ၊ သူတို့ကလည်း ပညာသိပ်ထက်တဲ့လူတွေဆိုဗျ”

ဦးသန်းတန်က ခေါင်းခါရင်း

“စိန်သွားကို ခိုင်းလို့ရတဲ့မန္တန်ရှိတယ်၊ ဒီမန္တန်ကို သူတို့မသိလောက်ဘူး၊ လာ ငသောင်း ငါမင်းကို အဲဒီမန္တန်သင်ပေးမယ်”

ဘသောင်းက သူ့နားကို ဦးသန်းတန်အနားကပ်လိုက်တဲ့အခါ ဦးသန်းတန်က တစ်ခုခုပြောသဗျ၊ သောင်းလည်း သေချာလိုက်ရွတ်တယ်။ ရွတ်ပြီးတော့ ဦးသန်းတန်ဘက်ကိုလှည့်ကြည့်ရင်း

“ဒါပဲလားအကိုကြီး”

ဘသောင်း ပြန်မေးလိုက်တဲ့အချိန်မှာ ဦးသန်းတန်က မျက်လုံးကြီးပြူးပြီးတော့ ငြိမ်ကျနေပြီဗျာ၊ ဘသောင်းလည်း ထိတ်လန့်သွားပြီးတော့ ဦးသန်းတန်ကိုလှုပ်နှိုးတယ်။

“အကိုကြီး ၊ အကိုကြီး”

ဦးသန်းတန်ကတော့ သေသွားပါပြီဗျာ၊ ပါးစပ်ကြီးကိုဟလို့ဗျ။

“အကိုကြီးဒီအတိုင်းသေလို့မဖြစ်ဘူး၊ အကိုကြီးသေလို့မဖြစ်ဘူးဗျ”

အော်ဟစ်ရင်း ဘသောင်းက လွယ်အိတ်ထဲက ရွှေစက္ကူကလေးတစ်ခုကိုယူပြီးတော့ ဦးသန်းတန်ရဲ့နဖူးကိုကပ်လိုက်တယ်၊ နောက်တော့ ပုလင်းကလေးတစ်လုံးကိုဖွင့်ပြီး အစီအရင်တွေလုပ်နေပါရောဗျာ၊ ဦးဘသာက အရှေ့ကိုတိုးသွားပြီး

“ဘသောင်း၊ စိတ်ကိုလျှော့စမ်းပါကွာ၊ ကဝေဖမ်းမယ်ဆိုရင်လည်း ဒါမင်းရဲ့အကိုကွ”

“အိုဗျာ၊ ခင်ဗျားဖယ်နေစမ်းပါ၊ ကျုပ်လုပ်နေတာကျုပ်သိတယ်”

ဘသောင်းက ပါးစပ်ကိုဖြဲပြီးတော့ ဦးသန်းတန်ရဲ့ပါးစပ်ပေါက်အနားမှာ အပ်လိုက်တယ်ဗျ၊ နောက်တော့ လေတွေကို တရှူးရှူးနဲ့စုပ်သွင်းရင်း ခေါင်းကိုထောင်လိုက်ပါလေရောဗျာ၊ ကျုပ်တို့မျက်စိအရှေ့မှာပင် ဦးသန်းတန်ရဲ့ပါးစပ်ပေါက်ထဲကနေ မီးခိုးငွေ့လိုမျိုး အငွေ့ကလေးတစ်ခုက ထွက်လာတယ်ဗျ၊ အငွေ့ကလေးက တဖြည်းဖြည်းပျံသန်းလာရင်း နောက်ဆုံးတော့ ဘသောင်းရဲ့ပါးစပ်ထဲကို အတန်းလိုက်ကလေးဝင်သွားပါရောဗျာ၊ အငွေ့လေးဝင်သွားတာနဲ့ ဘသောင်းက ပါးစပ်ကိုပိတ်ချလိုက်တယ်၊ ပြီးတော့ ပုလင်းကလေးကိုယူလိုက်ပြီး ပုလင်းပေါက်ကိုပါးစပ်နဲ့တေ့ပြီး မှုတ်သွင်းလိုက်တာပါပဲဗျာ၊ ပုလင်းထဲကို အငွေ့ကလေးက ဝင်သွားတယ်ဗျ၊ ပုလင်းအပြင်ကကြည့်တဲ့အခါ မသိရင် ပုလင်းထဲကို မီးခိုးတွေထည့်ထားသလိုပါပဲဗျာ။

“အဲဒါ ကဝေဖမ်းတာလား”

“ဦးဘသာက ခေါင်းညိတ်တယ်၊ ဘသောင်းက မျက်လုံးကြီးပြူးပြီး သွားကြီးဖြဲနေသဗျာ၊ သူ့ကြည့်ရတာ မကောင်းဆိုးဝါးကြီးတစ်ကောင်လိုပါပဲ”

“အကိုကြီး၊ အကိုကြီး ဒီအတိုင်းမသေရဘူး၊ အဲဒီလူကို အကိုကြီးရဲ့လက်နဲ့ လက်စားချေပြီးတော့မှ သေရမယ်”

ဘသောင်းကပြောရင်းနဲ့ စားပွဲခုံကလေးတစ်ခုံကိုဆွဲယူလိုက်တယ်၊ စားပွဲခုံကလေးက နှစ်ပေပတ်လည်လောက်ပဲရှိမယ်ဗျ၊ အမြင့်ကတော့ နှစ်ပေခွဲလောက်ပဲရှိမယ်ထင်တယ်၊ အဲဒီခုံကလေးကို သူ့အရှေ့ကိုချလိုက်ပြီးတော့ ခုံပေါ်မှာခင်းထားတဲ့ စားပွဲခင်းကို ဘေးကိုဆွဲဖယ်လိုက်တယ်ဗျ၊ စားပွဲပေါ်မှာတော့ အင်းတွေလိုလို၊ စမတွေလိုလိုရေးထားသဗျာ၊ အစီအရင်တစ်ခုဖြစ်မယ်ထင်တာပါပဲ၊ စားပွဲခုံအလယ်မှာတော့ အဝိုင်းပုံစံကလေးရှိတယ်၊ ဘသောင်းက သူ့အကိုကြီးကိုဖမ်းထားတဲ့ ပုလင်းကလေးကိုအဲဒီစားပွဲအလယ်က အဝိုင်းကလေးထဲမှာ ချလိုက်တယ်ဗျ၊ နောက်တော့ ပုလင်းအဖုံးကိုဖွင့်ပြီးတော့ လက်နှစ်ဖက်ကိုဘေးကိုဆန့်တန်းရင်း

“ပုလင်းထဲက ကဝေ၊ သင့်အား ငါဆရာခေါ်သည်၊ သင်ထွက်လာခဲ့ရမည်”

အဲဒီလိုရွတ်တဲ့အခါ ပုလင်းထဲကနေ ဦးသန်းတန်ပုံစံနဲ့ ဖြူဖြူအရိပ်ကြီးတစ်ခုထွက်လာသဗျာ၊ ထွက်လာပြီးတော့ စားပွဲခုံအပေါ်မှာ တွဲလောင်းကြီးလုပ်နေပါရော၊ ဘသောင်းက အနီးအနားဘီရိုကလေးထဲက ပုလင်းလေးငါးလုံးကိုဆွဲယူလိုက်ပြီးတော့ ပုလင်းတွေကိုဖွင့်ချလိုက်တယ်။ ပုလင်းတွေပွင့်သွားတာနဲ့ အထဲက ကဝေတွေက တိုးထွက်လာတော့တယ်။ ဘသောင်းက ဦးသန်းစိန်ကိုကြည့်ရင်း

“အကိုကြီးရေ စားတော့၊ ဒီကဝေတွေကို အကိုကြီးစားသာစားတော့ဗျာ”

ဦးသန်းတန်က ပါးစပ်ဖွင့်လိုက်တဲ့အချိန်မှာပဲ ပုလင်းထဲက ထွက်လာတဲ့ကဝေတွေက ရုန်းကန်အော်ဟစ်ရင်း တဖြည်းဖြည်းပျံသွားကြတယ်ဗျ။ နောက်တော့ ဦးသန်းတန်ရဲ့ပါးစပ်ထဲကို ပြေးဝင်ကုန်ကြပါရောဗျာ၊ ဘသောင်းဘာတွေလုပ်နေသလဲဆိုတာတော့ ကျုပ်နဲ့ဦးဘသာနဲ့ နားကိုမလည်တော့ပါဘူးဗျာ၊ ဘသောင်းက ပုလင်းလေးတွေ တစ်လုံးပြီးတစ်လုံးဖွင့်ဖွင့်ပြီး ကြမ်းပေါ်ချပေးနေတယ်၊ ပုလင်းထဲက ထွက်လာသမျှကိုလည်း ဦးသန်းတန်က စုပ်ယူပြီးစားတာပဲဗျာ။

ကြွက်လျှောက်တန်းပေါ်က ပုလင်းတွေကို ဘသောင်းက လက်နဲ့အတန်းလိုက်ကြီး ပုတ်ချလိုက်တယ်ဗျ၊ ပုလင်းတွေအကုန် ကြမ်းပြင်ပေါ်ကို တခွမ်းခွမ်းနဲ့ကျကွှဲကုန်ပါရောဗျာ၊ သူဖမ်းချုပ်ထားတဲ့ ကဝေတွေအကုန် ထွက်လာကြပါရော၊ ကဝေတွေက ထွက်ပြေးဖို့လုပ်ပေမယ့် ဦးသန်းတန်ရဲ့စုပ်တဲ့ဒဏ်ကို မရုန်းကန်နိုင်ရှာကြပါဘူးဗျာ၊ ကဝေဝိညာဉ်တွေက အသံသေးအသံကြောင်တွေနဲ့ အော်ဟစ်ပြီး ဦးသန်းတန်ပါးစပ်ထဲကိုရောက်ကုန်တယ်။

ဘသောင်းက တံခါးကြားမှာထောင်ထားတဲ့ သံတူရွင်းကိုပြေးယူလိုက်ပြီးတော့ အခန်းထောင့်က ပုလင်းအကြီးကြီးတွေကို သံတူရွင်းနဲ့ရိုက်ခွဲပါရောဗျာ။

“နှစ်တစ်ရာ ကဝေတွေ အကုန်ထွက်ကြစမ်းကွာ”

ထွက်သမျှကဝေတွေကို ဦးသန်းတန်က စားရင်းနဲ့နောက်ဆုံးတော့ ဦးသန်းတန်ရဲ့ရုပ်ပျောက်ပြီးတော့ သရဲရုပ်ကြီးဖြစ်လာပါရောဗျာ၊ တစ်ခန်းလုံးက ရှိသမျှပုလင်းတွေလည်း အကုန်ကွဲပြီဗျ၊ ဦးသန်းတန်တစ်ယောက်လည်း သရဲအကောင်ကြီးကို ဖြစ်နေပါရောဗျာ၊ ခေါင်းပေါ်မှာလည်း အချွန်အတက်တွေနဲ့ လက်မောင်းတွေမှာလည်း အချွန်အတက်တွေနဲ့ရယ်ဗျ၊ ကျုပ်အထင်တော့ ကဝေတွေရဲ့အစွမ်းတွေကို စားရင်းကနေ သူ့အစွမ်းတွေ တော်တော်များလာတဲ့ပုံစံပါပဲဗျာ။

ပုလင်းတွေအကုန် ကုန်သွားတော့ ဘသောင်းက တဟားဟားနဲ့ရယ်မောလိုက်ပြီး

“အကိုကြီး၊ လာပါ၊ ကျုပ်ဆီကိုလာပါ၊ ကျုပ်ဆီမှာကိန်းပါ၊ ကျုပ်နဲ့အကိုကြီးနဲ့အတူတူပေါင်းပြီးတော့ ဒီလူကြီးကိုလက်တုံ့ပြန်ကြမယ်”

သရဲကြီးကလည်း မိုးပေါ်ပျံနေပြီးတော့ အိမ်ထဲမှာ ဝေ့လည်ဝေ့လည်နဲ့ ပျံနေသဗျာ၊ ဘသောင်းက လက်နှစ်ဖက်ကိုဘေးကိုဆန့်တန်းပြီးတော့ ရင်ဘတ်ကိုကော့ပေးထားတယ်၊ သရဲကြီးက တစ်ချက်ဝေ့ပျံလိုက်ပြီးတော့ ဘသောင်းဆီကို တည့်တည့်ပျံသွားသဗျာ။

အနားရောက်တော့မှ ဘသောင်းဆီကိုမဝင်ဘဲနဲ့ ကျုပ်ဘေးမှာရပ်နေတဲ့ ဦးဘသာကြီးဆီကို ဝုန်းခနဲပြေးဝင်သွားသဗျာ၊ အားဘယ်လောက်များသလဲဆိုရင် ဦးဘသာဆို အနောက်ကိုပက်လက်လန်ပြီးတော့ကို လဲကျသွားတာဗျ။ ကျုပ်လည်း ဦးဘသာကိုဆွဲထူရင်း

“ဦးဘသာ၊ ဘာဖြစ်တာလဲ၊ ဘာဖြစ်တာလဲဗျာ”

ဦးဘသာ တစ်ကိုယ်လုံးက တဆတ်ဆတ်တုန်ယင်နေပြီးတော့ မျက်ခွံတွေက တဖြတ်ဖြတ်နဲ့ခတ်လို့ဗျ၊ မျက်ဖြူကြီးလည်း လန်နေပါရောဗျာ၊ ဘသောင်းက ကျုပ်အနားကိုတစ်လှမ်းချင်းလျှောက်လာပြီး

“အကိုကြီး၊ အကိုကြီးက ဘာဖြစ်လို့ကျုပ်ဆီကိုမဝင်ဘဲ သူ့ဆီကိုဝင်တာလဲဗျာ”

ဒီအခါ ဦးဘသာက

“မင်းအထဲကို ငါဝင်မရဘူး၊ မင်းက ကဝေရှင်တစ်ယောက်၊ ပြီးတော့ စုန်းတွေတပ်အပ်တဲ့ပညာတွေကို မင်းမတတ်ဘူး၊ ငါကတော့ စုန်းတွေကဝေတွေကို ဝါးမြိုထားတဲ့လူ၊ ဒီလူကလည်း စုန်းတစ်ယောက်ဆိုတော့ မင်းဆီမှာကိန်းထာထက် သူ့ဆီမှာနေတာ ပိုပြီးအကျိုးရှိမယ်လို့ ငါယူဆတယ်”

“ဦးဘသာ၊ ဦးဘသာ၊ သတိထားပါအုံးဗျာ”

ခဏနေတော့မှ ဦးဘသာက သတိရလာတယ်ဗျ၊ နောက်တော့ ငုတ်တုတ်ထထိုင်တယ်။။

“အလတ်ကောင်၊ ငါတစ်မျိုးကြီးဖြစ်နေတယ်”

“ဘယ်လိုဖြစ်တာလဲဗျာ”

“ငါ့ဆီမှာ အစွမ်းတွေပြည့်လာသလိုပဲ”

“ပြည့်လာမှာပေါ့ဗျ၊ ခင်ဗျားဆီမှာ ကျုပ်အကိုက ဝင်ခိုအောင်းသွားတာကိုး၊ အခုတော့ ကျုပ်အကိုကြီးက ခင်ဗျားရဲ့အစောင့်အရှောက်ပုဂ္ဂိုလ်ဖြစ်သွားပြီ”

ဦးဘသာက ခေါင်းတဆတ်ဆတ်ညိတ်ရင်း

“ငါ့ကိုယ်ထဲက အစောင့်အရှောက်တွေမရှိတော့လို့ ငါအင်အားနည်းနေတာနဲ့အတော်ပဲကွာ၊ စိတ်ချပါ ဘသောင်း၊ ငါမင်းအကိုကြီးကို ကောင်းကောင်းအသုံးချပြီးတော့ သူ့အတွက်ရော၊ မင်းမိန်းမအတွက်ပါ လက်စားချေပေးမှာပါကွ”

ဘသောင်းက ခေါင်းညိတ်ပြလိုက်ပြီးတော့ သူ့လွယ်အိတ်ကိုဆွဲလွယ်လိုက်တယ်။

“ကဲအလတ်ကောင်၊ ငါတို့သွားကြမယ်၊ ဒီနေ့ညမှာ ငါတို့ပြန်လာခဲ့မယ်လို့ အောင်ရှိန်ကိုကတိပေးခဲ့တယ်မဟုတ်လား”

ကျုပ်လည်းခေါင်းညိတ်လိုက်တယ်။ ဦးဘသာက သူ့လက်သီးကိုဆုပ်လိုက်ပြီး

“အခုငါ့မှာအစွမ်းတွေရခဲ့ပြီ၊ ကဝေရာချီထောင်ချီဆီကနေ အစွမ်းတွေလက်နက်တွေရခဲ့ပြီ၊ ငါမကြောက်တော့ဘူး အလတ်ကောင်”

“ဒါဆို အခုပဲသွားကြပါစို့ဗျာ”

ဦးဘသာက ခေါင်းခါရင်း

“အခုတော့မရသေးဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ငါ့ကိုယ်ထဲကိုဝင်နေတဲ့ မင်းရဲ့အကိုကြီးနဲ့ ငါနဲ့ သဟဇာတမဖြစ်သေးဘူး၊ အချိတ်အဆက် မမိသေးဘူးကွ၊ ဒီတော့ ငါအချိန်နည်းနည်းလိုတယ်”

ဦးဘသာက ပြောနေရင်း ကြမ်းပေါ်ကို တင်ပလ္လင်ခွေပြီးထိုင်ချလိုက်တယ်။

“ငါအခု ငါ့ကိုယ်ထဲက အစောင့်အရှောက်တွေနဲ့ နည်းနည်းညှိလိုက်အုံးမယ်၊ ညနေစောင်းတဲ့အခါ ငါတို့အောင်ရှိန်ဆီကိုသွားကြမယ်၊ မင်းတို့ကို ငါတစ်ခုမှာမယ်နော်၊ ငါစိတ်ကိုထုံသွင်းနေတဲ့အချိန်မှာ ငါ့ကိုမနှောင့်ယှက်ကြနဲ့၊ ငါ့ကိုယ်လုံးကိုမထိကြနဲ့၊ တကယ်လို့ထိသွားလို့ ငါလန့်နိုးသွားခဲ့ရင် မအောင်မြင်ဘဲ ဖြစ်သွားလိမ့်မယ်”

ဦးဘသာကပြောပြီးတာနဲ့ လက်ကိုဒူးနှစ်ဖက်ပေါ်တင်ပြီး မျက်စိမှိတ်ချသွားတာပဲဗျာ၊ ကျုပ်နဲ့ ဘသောင်းနှစ်ယောက်ကတော့ သူ့ဘေးနားမှာကျန်ခဲ့တော့တာပေါ့။

(၃)

ကျုပ်လည်း အိမ်ထဲမှာထိုင်နေရင်း ဦးအောင်ရှိန်ပေးလိုက်တဲ့ တောင်ဝှေးကိုသေချာကြည့်နေမိတယ်၊ ဘသောင်းကလည်း ကျုပ်ဘေးနားကိုလာထိုင်တယ်ဗျ၊ သူ့လက်ထဲမှာလည်း မြွေပုံစံတုတ်တစ်ချောင်းပေါ့ဗျာ။

“မင်းလည်း တုတ်တစ်ချောင်း၊ ငါလည်း တုတ်တစ်ချောင်းပေါ့ကွာ”

ကျုပ်လည်း သိချင်သွားတယ်။

“ဒါနဲ့ ခင်ဗျားမိန်းမက မြွေစိမ်းဆိုဗျ၊ သူနဲ့ခင်ဗျားနဲ့က ဘယ်လိုတွေ့ဆုံကြတာလဲ”

ဘသောင်းက သက်ပြင်းတစ်ချက်ချလိုက်ပြီး

“လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကပေါ့ကွာ၊ ငါလည်း ကဝေတစ်ယောက်ကိုသွားဖမ်းမယ်ဆိုပြီး ပဲခူးဘက်ဆင်းလာတုန်း ရွာတစ်ရွာမှာခဏနားဖြစ်တယ်၊ ရွာကနေအထွက် လယ်ကွင်းတွေကိုဖြတ်တော့ ငါ့နားထဲမှာ ကယ်ကြပါ၊ ကယ်ကြပါဆိုတဲ့ အော်သံတစ်ခုကိုကြားရသကွ၊ ဒါနဲ့အသံဘယ်ကလာသလဲဆိုပြီး လိုက်ရှာလိုက်တော့ နွားကျောင်းသားလေးသုံးယောက်လက်ထဲမှာ မြွေစိမ်းကလေးတစ်ကောင်ကို တွေ့လိုက်ရတာပဲကွာ၊ မြွေက တစ်ကိုယ်လုံးကိုစိမ်းပြီးတော့ ဝင်းလက်နေတာပဲ၊ ငါလည်း အဲဒီမြွေကလေးကို လမ်းဘေးကိုလွတ်ပေးလိုက်တာပေါ့ကွာ”

“အိမ်ပြန်ရောက်တော့ ဒီမြွေကလေးက အိမ်မှာရောက်နေတယ်ကွ၊ ဘယ်လိုရောက်လာသလဲတော့မသိဘူး၊ နောက်တော့ ငါအိပ်တဲ့အချိန် အိပ်ရာပေါ်တက်လာပြီးတော့ မြွေကလေးက မိန်းကလေးတစ်ယောက်ဖြစ်သွားသကွာ”

ကျုပ်ဖြင့်် ဘသောင်းပြောတာကြည့်ပြီး စိတ်ကူးယဉ်နေမိတာပေါ့ဗျာ။

“ဗျာ၊ မြွေကလေးက မိန်းကလေးဖြစ်သွားတယ်တဲ့လား”

“ငါမင်းကို မလိမ်ပါဘူးကွာ၊ မိန်းကလေးကိုမှ တော်တော်ချောလှတဲ့မိန်းကလေးကွ၊ ဒီလိုနဲ့ ငါနဲ့ဒီမိန်းကလေးလည်း ညားသွားတာပေါ့ကွာ၊ ဟဲ . . .ဟဲ”

“မိုက်တယ်ဗျာ၊ မြွေနဲ့လူနဲ့ညားတာ အခုမှကြားဖူးတယ်ဗျ”

“ညဘက်ကျတော့ သူကလူဖြစ်သွားတယ်ကွ၊ တစ်နေ့လုံးတော့ မြွေအဖြစ်နဲ့ပဲနေတာ၊ ငါတို့အိမ်ခန်းထဲက ကုတင်အောက်မှာခွေနေတာပဲဟေ့၊ ဒါနဲ့သူလူဖြစ်တော့ ငါလည်းမေးကြည့်တယ်ကွ၊ ပြောရရင်တော့ သူကမြွေသိုက်နန်းလိုနေရာကနေလာတာကွ၊ နေ့ခင်းဘက်ဆိုရင် သူကသိုက်နန်းကိုသွားရတယ်၊ အဲဒီအချိန်ဆိုရင်တော့ အခွေလိုက်ကလေးကျန်ခဲ့တာပေါ့ကွာ၊ ညဘက်ရောက်တော့မှ ဒီဘက်ကိုရောက်လာတာကွ၊ သူနွားကျောင်းသားတွေအဖမ်းခံရတုန်းက နေ့ဘက်ကြီး၊ သစ်ခေါင်းတစ်ခုထဲမှာ ခွေနေတုန်း အဖမ်းခံရတယ်ဆိုပါတော့”

“ကျုပ်မသိလို့မေးမယ်နော်၊ မြွေနဲ့ပေါင်းပြီးတော့ သားသမီးတွေဘာတွေမထွန်းကားဘူးလားဗျ”

“ဒါတော့ငါလည်းမပြောတတ်ဘူးကွ၊ အခုထိတော့ သားသမီးဆိုတာမရှိပါဘူးကွ၊ ငါ့မိန်းမကလည်း ငါကဝေဖမ်းတဲ့အခါ ကူညီပါတယ်၊ သူနဲ့ငါ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဆိုသလို အမှီအဟဲပြုနေတယ်ဆိုပါတော့ကွာ”

ဘသောင်းက ပြောရင်း သူ့လက်ထဲက မြွေတောင်ဝှေးကိုကြည့်ပြီး

“မိန်းမရေ၊ မင်းမြွေသိုက်နန်းကို ပြန်သွားပြီလား၊ ငါပြောနေတာရော မင်းကြားရရဲ့လား”

ဘသောင်းမေးလိုက်ပေမယ့် မြွေတောင်ဝှေးက တုတ်တုတ်တောင်မလှုှုပ်ဘူးဗျာ။ ဘသောင်းက ပြောရင်းဆိုရင်း အိမ်ထဲကိုဝင်သွားတယ်ဗျ၊ ဘာလိုလိုနဲ့အချိန်က ညနေသုံးနာရီလောက်တောင် ရောက်ခဲ့ပေါ့။ ကျုပ်က ဦးဘသာကြီးကို စောင့်ရမှာမို့လို့ အိမ်ရှေ့အတက်အဆင်းနားမှာ ဆက်ထိုင်နေတာပေါ့၊ ဒီအချိန် ခြံတံခါးပွင့်ထွက်သွားပြီးတော့ ခြံထဲကို လူတွေဝင်လာကြတယ်ဗျ၊ မိန်းမနှစ်ယောက် ယောက်ျားတစ်ယောက်ဗျ။ ကျုပ်လည်း ဒီလူတွေကိုကြည့်လိုက်ရင်း

“ခင်ဗျားတို့ ကိုဘသောင်းကိုလာရှာတာလား”

ဒီလူတွေထဲက ကွမ်းကြီးမြုံ့နေတဲ့ မွန်ပုဆိုးအနီကွက်နဲ့လူကြီးက ခေါင်းခါပြီးတော့

“မဟုတ်ဘူးကွ၊ မင်းဆီကိုလာခဲ့တာ”

အဲဒီလိုပြောပြီး သူကိုင်လာတဲ့ အုန်းဆံကြိုးခွေနဲ့ ကျုပ်ကိုလှမ်းပစ်ပါရောဗျာ၊ အုန်းဆံကြိုးက လေးငါးတောင်လောက်တော့ရှိမယ်ဗျ၊ သူလက်က ထွက်တဲ့အခါ ကြိုးက သူ့အလိုလိုခုန်ပေါက်နေပါရောဗျာ၊ နောက်တော့ ကြိုးက ကျုပ်ပခုံးပေါ်ကိုကျတယ်ဗျ၊ ပခုံးပေါ်ရောက်တယ်ဆိုရင်ပဲ ကြိုးက ကျုပ်ရဲ့လည်ပင်းကို သူ့အလိုလိုခွေပြီးပတ်ပါရောဗျာ။ ကျုပ်လည်း လည်ပင်းအစ်သွားပြီးတော့ အဲဒီကြိုးကို လက်တစ်ဖက်နဲ့ဆုပ်ကိုင်လိုက်တယ်၊ ကြိုးက တစ်ထပ်ပြီးတစ်ထပ်ပတ်တာ ပြောမနေပါနဲ့ကွာ။

မွန်ကြီးက အားရပါးရရယ်ရင်းနဲ့

“အဲဒါ လူကိုးယောက်တိတိ ဆွဲ(ဇွဲ)ကြိုးချပြီးသေခဲ့တဲ့ ကြိုးကွ၊ အခုမင်းနဲ့ဆိုရင်တော့ ဆယ်ယောက်ပေါ့ကွာ”

သူပြောနေတုန်း ကျုပ်လည်း လည်ပင်းအစ်သွားတာနဲ့ တောင်ဝှေးကိုင်ထားတဲ့လက်နဲ့ ကြိုးကိုကိုင်လိုက်မိတယ်ဗျ၊ တောင်ဝှေးနဲ့ကြိုးနဲ့ထိသွားတဲ့အခါမှာ ကြိုးကချက်ချင်းပြေပြီးတော့ မြေပေါ်ကိုကျသွားတယ်၊ မြေပေါ်ရောက်တဲ့အခါ တီကောင်ကိုဆားနဲ့တို့သလိုကြိုးက မြေပေါ်မှာခုန်နေရှာသဗျာ၊ ကျုပ်လည်း ဒေါသထွက်ထွက်နဲ့ အဲဒီကြိုးကို တောင်ဝှေးနဲ့ချည်း လှိမ့်လှိမ့်ရိုက်တာပဲဗျာ၊ လေးငါးချက်လောက်ရိုက်ပြီးတဲ့အခါ ကြိုးက မလှုပ်တော့ဘဲ မြေကြီးပေါ်မှာငြိမ်သွားတော့သဗျ၊ မွန်ကြီးက ကျုပ်ကိုမကျေမနပ်နဲ့ကြည့်ရင်း

“မင်း၊ မင်းလုပ်တာ ငါ့ကြိုးသေပြီ၊ ငါ့ဆွဲ(ဇွဲ)ကြိုးလေး သေရှာပြီကွ”

မွန်ကြီးကပြောရင်း အရှေ့ကိုအပြေးလာပါရောဗျာ၊ ဒီအခါ အိမ်ထဲကနေ ဘသောင်းထွက်လာသဗျ၊ ဘသောင်းက ဒီလူတွေကိုမြင်တော့ လက်ထဲက ကြေးပြားကလေးတွေနဲ့လှမ်းပစ်တယ်ဗျ၊ ဒီလူတွေထဲက မိန်းမတစ်ယောက်က ဓါးနှစ်လက်နဲ့အရှေ့ခုန်တက်လာပြီးတော့ ကြေးပြားကလေးတွေကို လေပေါ်မှာပဲ ခုတ်ပိုင်းပစ်လိုက်ပါရောဗျာ၊ ကြေးပြားကလေးတွေက နှစ်ပိုင်းပြတ်ပြီးတော့ မြေပေါ်ကိုပြုတ်ကျတယ်။

ဒီမိန်းမက မြေပေါ်ကျတော့ ဓါးနှစ်လက်ကို သိုင်းကစားပြနေသေးသဗျာ၊ သူ့လက်ထဲမှာတော့ နှစ်တောင်လောက်ရှိမယ့် ဓါးနှစ်လက်ကိုင်ထားတယ်၊ အသားကတော့ ခပ်ဖြူဖြူပဲဗျ၊ အပေါ်က ရှမ်းအင်္ကျီအနက်ကိုဝတ်ထားပြီး အောက်ကလည်း ရှမ်းဘောင်းဘီနဲ့ဗျ၊ ခြေထောက်မှာတော့ စွပ်ဖိနပ်အမဲကိုဝတ်ထားတယ်၊ ဆံပင်အရှည်ကြီးကိုလည်း ဖားလျားချထားသေးသဗျာ။

နောက်တော့ ဘသောင်းကို ဓါးနဲ့လှမ်းညွှန်ပြီး

“ဘသောင်း၊ နင်ငါ့ကိုမှတ်မိသေးလား”

ဘသောင်းက အံ့သြနေတဲ့ပုံစံပဲဗျ။

“ကျုပ်ခင်ဗျားကိုမသိဘူး”

ဒီမိန်းမက တစ်ချက်မဲ့လိုက်ပြီး

“အင်းပေါ့၊ သစ်ခုတ်တဲ့ပုဆိန်က ကိုယ်ခုတ်တဲ့သစ်ပင်ကိုမမှတ်မိဘူးဆိုပေမယ့် သေရာပါအောင်ခံခဲ့ရတဲ့ သစ်ပင်ကတော့ ပုဆိန်ကိုမှတ်မိနေတယ်ဆိုသလိုပေါ့၊ ရှင့််ကြောင့် ကျုပ်ဘဝပျက်ခဲ့ရတာ၊ ရှင်ကျုပ်လင်ကိုသတ်တယ်၊ ပြီးတော့ ကျုပ်လင်ကိုဖမ်းသွားခဲ့တယ်မဟုတ်လား”

“သြော်၊ ငါမှတ်မိပြီ နင့်ယောက်ျားက ရွှေနှင်းဆီရွာက ရှမ်းဆရာ မောင်ချိုမဟုတ်လား၊ နင့်ယောက်ျားမကောင်းတာတွေလုပ်လို့ ငါကအကြောင်းသိအောင်ဆုံးမပေးလိုက်တာ အဲဒါဘာဖြစ်လဲ”

“အခုကျုပ်ပြန်လာပြီ ကျုပ်လင်အတွက် ကျုပ်လက်စားချေဖို့ပြန်လာပြီ၊ ရှမ်းပြည်ကို သုံးနှစ်တိတိပြန်ပြီး စုန်းဓါးမှော်ကို အောင်မြင်ခဲ့ပြီ”

ဘသောင်းက မျက်နှာပျက်နေတယ်ဗျ၊ ကျုပ်လည်း ဘသောင်းကိုကြည့်လိုက်ရင်း

“ကိုဘသောင်း ခင်ဗျားတစ်ခုခုလုပ်လေဗျာ”

“ကဝေရှင်ဆိုတာ ကဝေထောင်ချောက်တွေကို အားကိုးရတာကွ”

“ဒါဖြင့် ခင်ဗျားကဝေထောင်ချောက်တွေထုတ်လေဗျာ”

“ကဝေထောင်ချောက်ဆိုတာက ထောင်ချောက်ဆိုတဲ့နာမည်အတိုင်း မလုပ်ခင်ကတည်းက ကြိုချထားမှရတာကွ၊ ငါလည်း မေ့သွားတာပါကွာ၊ အရင်ကဆို ငါ့ခြံထဲကို စုန်းတွေမဝင်ရဲဘူးကွ၊ စုန်းတွေငါ့ခြံကိုရှာမတွေ့အောင်လို့ အစီအရင်တွေလုပ်ထားတာ၊ မနက်က မင်းတို့ဝင်ခါနီးတုန်းက အစီအရင်တွေကို ပြန်သိမ်းလိုက်မိတာနာတာပဲကွာ”

“ဒါဆို သူတို့ကိုဘယ်လိုလုပ်မလဲဗျာ၊ ခင်ဗျားပဲ စုန်းတွေကိုနိုင်တယ်ဆို”

“တစ်ယောက်တည်းဆိုရင်တော့ ဟုတ်တာပေါ့ကွာ၊ ပြီးတော့ ငါကမနိုင်ရင် ငါ့မိန်းမကိုခေါ်လို့ရသေးတယ်၊ အခုတော့ ခေါ်မရတော့ဘူးမဟုတ်လား”

“ရွှေနှင်းဆီ နန်းဒေဝီတဲ့ဟေ့၊ သေပေတော့”

ကျုပ်တို့ပြောနေတုန်း ရှမ်းမက ဓါးစုံကိုင်ပြီး ဘသောင်းကိုဝင်ခုတ်ပါရောဗျာ၊ ဘသောင်းလည်း အနားက မြွေတောင်ဝှေးကိုကောက်ပြီးတော့ ပြန်ခုခံပါရော။ ရှမ်းမက ဓါးသိုင်းတော့ သိပ်ကျွမ်းတယ်ဗျာ၊ ခုတ်ချက်တွေက မြန်လိုက်တာပြောမနေပါနဲ့၊ ဘသောင်းက ခုခံရင်း မဟန်တော့ဘူးဆိုတာ ကျုပ်သိတယ်၊ ဒါနဲ့ကျုပ်လည်း ရှမ်းမကို တစ်ဖက်ကနေ ဝင်ပြိး တောင်ဝှေးနဲ့ဝင်ရိုက်ရတော့တယ်ဗျာ။

နှစ်ယောက်တစ်ယောက်တောင်မှ ရှမ်းမက အသာကလေးပဲဗျာ၊ ကျုပ်တို့မှာ သူ့ဓါးချက်ကို မနည်းခုခံနေရသဗျ။ ဘသောင်းက တစ်ချီမှာတော့ သူ့အိတ်ထဲကနေ ဖြူဖြူအမှုန့်တွေထုတ်ပြီး ပစ်ထည့်လိုက်တယ်ဗျာ၊ ရှမ်းမမျက်နှာကို ဖြူဖြူအမှုန့်တွေထိသွားတော့ ရှမ်းမက အနောက်ဆုတ်သွားတယ်။

“နင်တို့ဘာလုပ်နေတာလဲ အကုန်လုံးဝင်ကြ၊ အိမ်ပေါ်ကိုတက်ပြီး အိမ်ပေါ်က ကောင်မကိုသတ်ကြ”

မိန်းမသံတစ်သံကြားလိုက်ရတယ်ဗျ၊ ဒီအခါ မွန်ကြီးကလည်း နွားကို နဖားထိုးတဲ့ ကြိုးကြီးတစ်ချောင်းကို လွှဲရမ်းပြီးတော့ အရှေ့ကိုတိုးလာတယ်၊ ကျုပ်တို့တိုက်ခိုက်နေတာကို ရှောင်ပြီးတော့ အိမ်ပေါ်ကိုပြေးတက်ဖို့ကြိုးစားတယ်ဗျ၊ ကျုပ်က ဘသောင်းကိုပစ်ထားခဲ့ပြီး လှေကားဆီကိုပြေးလာလိုက်တယ်။

ဒီလူကြီးက ကျုပ်ကိုကြိုးနဲ့လွှဲရိုက်တာပဲဗျာ၊ ကြိုးသံက ဝှီးခနဲ ဝှီးခနဲပဲဗျ၊ ကျုပ်လည်း သူ့ကြိုးကို တောင်ဝှေးနဲ့ခံလိုက်တယ်၊ ကြိုးက တောင်ဝှေးမှာပတ်သွားသဗျ၊ ဒီလူကြီးက ကြိုးကိုလက်နှစ်ဖက်အားကုန်သုံးပြီးတော့ ဆွဲပါရောဗျာ၊ ကျုပ်လည်း တောင်ဝှေးကို လက်နှစ်ဖက်နဲ့ကိုင်ပြီး ပြန်ဆွဲရတယ်။

ဒီအချိန် ပိန်ပိန်ပါးပါးနဲ့မိန်းမတစ်ယောက်က

“မြေလျှိးစုန်းတဲ့ဟေ့”

လို့တစ်ချက်အော်ပြီးတော့ မြေကြီးထဲကို ရေထဲဒိုင်ဗင်ထိုးချသလို ထိုးချလိုက်သဗျာ၊ မြေကြီးထုက သူဝင်သွားတဲ့အခါ ရေတွေလိုပါပဲဗျာ၊ နောက်တော့မြေကြီးတွေက တဗွက်ဗွက်နဲ့ပွက်ရင်း အိမ်အောက်ကိုဝင်ချသွားတယ်ဗျ။ ကျုပ်လည်း ဦးဘသာကို ကာကွယ်ရမှာမို့လို့ လက်ထဲက တောင်ဝှေးကိုစုံလွှတ်လိုက်တော့တယ်၊ တောင်ဝှေးကို မွန်ကြီးကဆွဲနေတာဆိုတော့ ကျုပ်လွှတ်လိုက်တဲ့အခါ တောင်ဝှေးက သူ့ဆီပျံထွက်သွားပြီးတော့ သူ့နဖူးပြောင်ပြောင်ကြီးကို ဒေါင်ခနဲရိုက်မိပါရောဗျာ၊ မွန်ကြီးက အနောက်ကို ခြေဆယ်လှမ်းလောက်လွင့်ထွက်သွားပြီး မြေကြီးပေါ်မှာ စင်းစင်းကြီးလဲကျသွားတော့တယ်၊ ကျုပ်လည်း အိမ်ပေါ်ကိုအမြန်ပြေးတက်လိုက်တာပေါ့။

အိမ်ကြမ်းပြင်က စွပ်ခနဲပေါက်သွားပြီးတော့ခုနက မြေလျှိုးစုန်းမက အိမ်ပေါ်ကိုရောက်လာတယ်ဗျာ၊ ဦးဘသာကြီးကို လက်နဲ့ပုတ်မယ်ဆိုပြီးလုပ်နေတာနဲ့ ကျုပ်က အနားကိုကြည့်လိုက်ပြီး အနားမှာရှိတဲ့ ပုလင်းကွဲတစ်ခုနဲ့လှမ်းပေါက်ထည့်လိုက်ပါရောဗျာ၊ အဲဒီပုလင်းတွေက ခုနက ဘသောင်းရိုက်ခွဲထားတဲ့ပုလင်းတွေဗျ။ စုန်းမက သူ့ဆီပျံလာတဲ့ပုလင်းကွဲကို လက်ညှိုးထိုးထည့်လိုက်တော့ ပုလင်းကွဲက အစိတ်စိတ်အမြွာမြွာဖြစ်ပြီး သဲမှုန်ကလေးတွေလိုဖြစ်သွားတယ်ဗျာ။

ကျုပ်အနားက နံရံကပ်ဘီရိုကလေးတစ်ခုထဲမှာလည်း ပုလင်းတွေစီလို့ဗျ၊ ဒီပုလင်းတွေကတော့ ကဝေပုလင်းမဟုတ်လောက်ဘူးဗျ၊ ကဝေပုလင်းဆိုရင် ဘသောင်းက ရိုက်ခွဲမှာပေါ့ဗျာ၊ ပုလင်းတွေက အရွယ်စုံပဲဗျ၊ စာတွေရေးပြီးပတ်ထားသေးတယ်၊ ကျုပ်က ပုလင်းအညိုကလေးနှစ်လုံးကောက်ပြီး ပစ်ထည့်လိုက်တာပေါ့ဗျာ၊ စုန်းမကလည်း ပုလင်းနှစ်လုံးကို လက်ညှိုးနှစ်ဖက်နဲ့ဘယ်ညာထိုးထည့်လိုက်တော့ ပုလင်းတွေက သဲမှုန့်ဖြစ်သွားပါရော၊ ဒါနဲ့ ကျန်တဲ့ပုလင်းတွေကို တစ်ခုပြီးတစ်ခု ကောက်ကောက်ပေါက်နေမိတယ်ဗျ၊ နှမ်းဆီလို့ရေးထားတဲ့ပုလင်းတွေ၊ မက်လင်ချဉ်၊ ပရုပ်လို့ ရေးထားတဲ့ပုလင်းတွေ အစုံပါပဲဗျာ၊ နောက်တော့ ပုလင်းအဖြူကလေးတစ်လုံးနဲ့ ကောက်ပေါက်ထည့်လိုက်ပါရောဗျာ၊ ဒီပုလင်းက နောက်ဆုံးပုလင်းပဲဗျ၊ စုန်းမက ဒီပုလင်းကိုလည်း သူ့အရှေ့ရောက်တဲ့အခါ ပစ်ခွဲလိုက်ပါရော။

“ဟား၊ ဟား ပစ်အုံးလေ၊ နင့်ပုလင်းကုန်ပြီမဟုတ်လား”

စုန်းမက ပြောရင်း ကျုပ်ကိုလက်ညှိုးနဲ့ဖမ်းထိုးတယ်။

“ပုလင်းတွေအလှည့်ပြီးတော့ ဒီတစ်ခါနင့်အလှည့််၊ နင့်ကိုလည်း ပုလင်းတွေကို အမှုန့်လုပ်ပစ်သလို အမှုန့်ကြိတ်ပစ်မယ်”

ကျုပ်တော်တော်လန့်သွားတယ်ဗျ၊ ကျုပ်က ဘာပညာမှမတတ်တာပဲဗျ၊ စုန်းမက ကျုပ်ကိုလက်ညှိုးထိုးထားရင်း မျက်နှာကြီးကရှုံ့မဲ့လာတယ်ဗျ၊ သူ့လက်ညှိုးကလည်း တွန့်တွန့်သွားပြီးတော့ နောက်လက်တစ်ဖက်နဲ့ ပခုံးတွေကို ကုပ်နေပါရောဗျာ၊ နောက်တော့ မျက်နှာတွေ လည်ပင်းတွေကို လက်နှစ်ဖက်နဲ့ကို အားရပါးရကုပ်ဖဲ့တော့တာပါပဲ။

“ဘာဖြစ်တာလဲ၊ ဘာဖြစ်သွားတာလဲ”

“အောင်မယ်လေး၊ ယားတယ်၊ ယားလိုက်တာ၊ အား . . . အား”

ကျုပ်လည်း ဘာဖြစ်သွားမှန်းကို မသိလိုက်တာပဲဗျာ၊ ဘသောင်းက ရှမ်းမနဲ့တိုက်ခိုက်ရင်း တစ်ချီရောက်တော့ ရှမ်းမခုတ်တဲ့ဓါးကို သူ့ရဲ့မြွေတောင်ဝှေးနဲ့ ကာထည့်လိုက်တော့ မြွေတောင်ဝှေးက မြွေတစ်ကောင်လိုမျိုး ဓါးကိုရစ်ပတ်သွားသဗျာ။ ပြီးတော့ မြွေမျက်လုံးကြီးတွေက စိမ်းစိမ်းဖန့်ဖန့်ဝင်းလက်လာပြီးတော့ မြွေပါးစပ်ထဲကနေ အစိမ်းရောင်အရည်တွေက ရှူးခနဲပန်းထွက်လာသဗျာ၊ အရည်တွေက ရှမ်းမမျက်နှာကိုထိသွားတာနဲ့ ရှမ်းမက ဓါးကိုလွှတ်ချပြီးတော့ မျက်နှာကိုလက်နဲ့ပွတ်တော့တာပဲဗျာ၊ ပွတ်ရင်းပွတ်ရင်း ရှမ်းမရဲ့မျက်နှာအသားတွေက တဖြည်းဖြည်းအရည်ပျော်ကျလာတော့တာပဲဗျာ၊ မြွေကပက်လိုက်တဲ့အဆိပ်တွေက အက်ဆစ်တွေဖြစ်မယ်ဗျ၊ ဘသောင်းက သူဘာဖြစ်သွားမှန်းလည်း သူသိပုံမရဘဲ တောင်ဝှေးကိုပဲငေးကြည့်နေမိတယ်၊ တောင်ဝှေးက ပျော့ပျော့ကြီးကနေ တခါ ပြန်ပြီးတောင့်တင်းသွားပါရောဗျာ။

ဘသောင်းက အိမ်ပေါ်ပြေးတက်လာတော့ မတ်တပ်ရပ်ပြီး ကုပ်ဖဲ့နေတဲ့ စုန်းမကိုတွေ့သွားတယ်။

“ကိုဘသောင်း၊ သူဘာဖြစ်တာလဲမသိဘူးဗျ”

“မင်းဘာလုပ်လိုက်လို့လဲ”

“ဘာမှမလုပ်ပါဘူးဗျာ၊ ဟောဒီဘီရိုကလေးထဲက ပုလင်းတွေနဲ့ကောက်ပေါက်ထည့်လိုက်တာပဲ”

ဘသောင်းက ပြုံးသွားပြီးတော့

“ဟေ၊ ဒါဆိုရင်တော့ စုန်းမက ခွေးလျားသီးမှုန့်စာ မိသွားတာပဲဟေ့၊ ငါဆေးဖော်မယ့် အမယ်တွေကို ဒီထဲထည့်သိမ်းထားတာကွ၊ ခွေးလျားသီးအမှုန့်လည်းပါတယ်”

ကျုပ်လည်း စုန်းမကိုလက်ညှိုးထိုးပြီး ရယ်ပါရောဗျာ။

“လတ်စသတ်တော့ စုန်းမယားနေတာ ခွေးလျားသီးကြောင့််ကိုးဗျ၊ ဟား၊ ဟား”

စုန်းမကတော့ မကျေမချမ်းနဲ့ဗျ။

“နင့်ကိုငါသတ်မယ်ဟေ့ကောင်၊ နင့်ကိုငါသတ်မယ်”

သူက ပါးစပ်နဲ့ပဲပြောနိုင်တာပါဗျာ၊ တကယ်တမ်းကျတော့ ကုတ်နေတာလက်နှစ်တောင်မအားဘူးဗျို့၊ ဘသောင်းက

“ကဲ၊ ကုပ်နေတဲ့ဟာမရေ၊ ဒီအတိုင်းကုပ်နေလို့ရမလား၊ ရေလေးဘာလေးနဲ့ သွားချိုးချလိုက်ပေါ့ဟ”

စုန်းမက ကုပ်နေရင်း

“ရေ၊ ဟုတ်တယ်၊ ရေဆေးရမယ် ရေနဲ့ဆေးရမယ်”

ပြောရင်းဆိုရင်း ကြမ်းပေါက်ထဲကိုခုန်ချသွားပြီးတော့ မြေကြီးထဲဝင်ပြီး ပြေးတော့တာပဲဗျာ၊ ကျုပ်က ကိုဘသောင်းကိုကြည့်ရင်း

“ကိုဘသောင်းရာ စုန်းမကို ဘာဖြစ်လို့အယားပျောက်မယ့်နည်း ပေးလိုက်တာလဲဗျ”

ဘသောင်းက ဟက်ဟက်ပက်ပက်ရယ်ရင်း

“မင်းဘာသိလို့လဲကောင်လေးရ၊ ခွေးလျားသီးဆိုတာ ရေနဲ့ထိရင် ပိုယားတယ်ကွ၊ ဟား၊ ဟား”

သူရယ်တော့မှ ကျုပ်လည်းလိုက်ရယ်မိတယ်ဗျာ။ ကျုပ်တို့ရယ်နေတုန်း မိန်းမတစ်ယောက်က ခြံထဲကိုဝင်လာတယ်၊ လက်ထဲမှာလည်း ကလေးလေးပိုက်လို့ဗျ။

“ဟဲ့ကောင်၊ ထွက်လာခဲ့စမ်း၊ နင်နဲ့ငါနဲ့စာရင်းရှင်းမယ်”

ကျုပ်တို့ထွက်ကြည့်လိုက်တော့ ညကတွေ့ခဲ့တဲ့ မိလှိုင်ဖြစ်နေသဗျ၊ မိလှိုင်လက်ထဲမှာလည်း ကလေးအနှီးထုပ်ကလေးကို ကိုင်လို့ဗျို့။

“ဟာ၊ မိလှိုင်၊ မိလှိုင်ပါလား”

“ကိုဘသောင်း ခင်ဗျားမိလှိုင်ကို နိုင်တယ်မဟုတ်လား”

ဒီအချိန် မိလှိုင်က အနှီးထုပ်ကလေးကို လက်နှစ်ဖက်နဲ့ကိုင်ပြီးတော့ ကျုပ်တို့ဘက်ကို မျက်နှာပေးလိုက်တယ်၊ နောက်တော့ ကလေးကိုကြည့်ရင်း

“ကဲ သားလေးရေ၊ သားအစွမ်းသိအောင် ဒီကောင်တွေကိုပြလိုက်စမ်းပါအုံးကွာ”

ကလေးလေးက ပါးစပ်ကြီးပြဲထွက်သွားတယ်ဗျာ၊ နောက်တော့ မျက်လုံးတွေက အဝါရောင်ကြီးလင်းလာတယ်၊ ပါးစပ်ထဲမှာလည်း အဝါရောင်တွေလင်းလာပြီးတော့ အလင်းတန်းကြီးတစ်ခုထွက်လာပါရောဗျာ။

“ရှောင်ဟေ့”

ဘသောင်းက ပြောလိုက်ပြီး ကျုပ်ကိုဆောင့်တွန်းထဲ့လိုက်တယ်၊ ကျုပ်တို့က အိမ်အတက်အဆင်းလှေကားမှာရပ်နေတာဆိုတော့ လှေကားပေါ်က ပြုတ်ကျတာပေါ့ဗျာ၊ ဘသောင်းလည်း ပြုတ်ကျတယ်၊ လှေကားက သုံးထစ်ဆိုပေမယ့် နည်းနည်းတော့မြင့်သဗျာ။

အလင်းတန်းကြီးက ကျုပ်တို့ကိုမထိဘဲ အိမ်ကိုဖောက်ဝင်သွားတယ်ဗျာ၊ ကျုပ်တို့ရပ်နေတဲ့နေရာကနေ ဟိုးအိမ်အနောက်ဘက်အထိကို စကောဝိုင်းလောက်ကျယ်တဲ့အပေါက်ကြီးတစ်ခုဖြစ်သွားသဗျ၊ အပေါက်ကြီးကနေလည်း မီးခိုးတွေထွက်နေသေးတယ်။ ထိသာထိလိုက်လို့ကတော့ မတွေးဝံ့စရာပဲဗျာ။

“ဟား၊ ဟား၊ ကဝေသားပိုက် မိလှိုင်ဆိုတာငါပဲ၊ ဒီနေ့က နင်တို့ရဲ့သေမယ့်နေ့ပဲဟေ့”

ကလေးပါးစပ်ကနေ အဝါလုံးကြီးတစ်လုံးထွက်လာသဗျာ၊ ဘသောင်းကလည်း လျှင်လို့ပေါ့ဗျာ၊ ဘေးကိုတစ်ခါတည်း ကျွမ်းထိုးထည့်လိုက်တာဗျ၊ ဝုန်းခနဲအသံကြီးနဲ့အတူ သူခုနက ကျခဲ့တဲ့နေရာမှာ တစ်တောင်လောက်နက်တဲ့ကျင်းကြီးဖြစ်သွားပါရော။ ကျုပ်မိလှိုင်ဘက်ကိုကြည့်လိုက်တဲ့အချိန်မှာ ကျုပ်ဆီကိုလည်း အဝါလုံးကြီးပျံလာသဗျ၊ မြန်လိုက်တာလည်း ပြောမနေပါနဲ့ဗျာ၊ ကျုပ်က ခုနက လှေကားပေါ်က ကျထားတာဆိုတော့ ကုန်းကုန်းကွကွကြီးဗျ။ ကျုပ်ဖြင့် ဒီအလုံးကို ရှောင်နိုင်မယ်မထင်ဘူးဗျာ၊ အလုံးကြီးက ကျုပ်မျက်နှာအနားကပ်လာတဲ့အချိန်မှာ သူ့အလိုလိုရပ်သွားတယ်ဗျ၊ ပြီးတော့ မိုးပေါ်ကိုပျံတက်သွားပြီး ပျောက်သွားပါရော၊ ဒီအချိန် လှေကားဝမှာ ချောချောကလာရပ်တယ်ဗျ။

“ဦး . . .ဦးဘသာ”

ကျုပ်ရေရွတ်လိုက်မိတယ်၊ ဦးဘသာမျက်လုံးက မိုးကြိုးလျှပ်စီးတွေလိုမျိုး တလက်လက်နဲ့ဝင်းလက်နေပါရောဗျာ၊ နောက်တော့ သူ့ပါးစပ်ကိုဟလိုက်ပြီး ဟေး လို့ အသံအကျယ်ကြီးနဲ့အော်ထည့်လိုက်တော့ ပါးစပ်ထဲကနေ အပြာရောင်အလင်းတန်းကြီးတစ်ခုထွက်သွားပါရောဗျာ၊ အပြာရောင်အလင်းတန်းကြီးက မိလှိုင်ကိုထိသွားတယ်ဆိုရင်ပဲ မိလှိုင်က အော်ပြီးငိုတော့တာပဲဗျာ၊ ငိုနေရင်းနဲ့ သူ့မျက်လုံးတွေ၊ ပါးစပ်တွေက အပြာရောင်ကြီးတွေလင်းလာတယ်ဗျ၊ ဟုန်းခနဲတစ်ချက် ပေါက်ကွဲထွက်ပြီးတဲ့အခါ မိလှိုင်ရော သူ့သားရော အစအနပါပျောက်သွားသဗျာ၊ ရေမှုန်ရေမွှားကလေးတွေကို အမှုန်လေးတွေက မိုးပေါ်ကိုပျံတက်နေပါရော၊ ဒီလိုနဲ့ ကဝေသားပိုက်မိလှိုင်တစ်ယောက် ဦးဘသာလက်ချက်မိပြီးတော့ ကြွသွားတာ အမှုန်တောင်မကျန်ခဲ့ပါဘူးဗျာ။

ကျုပ်လည်း တော်တော်လန့်နေမိတယ်၊ ဦးဘသာ မျက်လုံးထဲက အခိုးအငွေ့တွေက ထွက်နေတုန်းပေါ့ဗျာ၊ ကျုပ်ဦးဘသာ ပခုံးကိုသွားပုတ်လိုက်တော့ ဦးဘသာ ကျုပ်ကိုစိန်းစိန်းကြီးကြည့်တယ်ဗျ။ ဦးဘသာကိုကြည့်ရတာ ဦးဘသာမဟုတ်တော့သလိုပါပဲဗျာ၊ ကျုပ်ကိုတွန်းလွတ်လိုက်တော့ ကျုပ်ဖြင့်အနောက်ကိုလွင့်ထွက်သွားတယ်၊ ဦးဘသာကတော့ အိမ်ပေါ်ကနေတစ်လှမ်းချင်းဆင်းလာရင်း

“သွားကြမယ်၊ ဒီကောင့်ကို လက်စားချေရမယ်”

အသံအက်အက်ကွဲကွဲကြီးနဲ့ ပြောရင်း ခြံထဲကနေထွက်သွားပါရော၊ ကျုပ်နဲ့ဘသောင်းလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိတယ်။

“ဦးဘသာ ဘာဖြစ်သွားတာလဲဗျ”

“သူအောင်မြင်သွားတာလား၊ မအောင်မြင်တာလားတော့ ငါလည်းမသိဘူးကွ၊ ဘာပဲပြောပြော သူ့အနောက်ကို ငါတို့လိုက်သွားကြစို့”

ဘသောင်းက လွယ်အိတ်လွယ်လိုက်ပြီးတော့ မြွေတောင်ဝှေးလေးကောက်လိုက်တယ်၊ ခြံရှေ့ကိုထွက်လာတော့ ကျုပ်လည်း ကျုပ်ရဲ့တောင်ဝှေးကလေးပြန်ကောက်ပြီးတော့ ခြံထဲကနေ အတူတူထွက်လာခဲ့ကြတော့တာပေါ့ဗျာ။

ဆက်ရန်။
#အဂ္ဂဇော် #ဦးဘသာ #စုန်း #သရဲ #ဦးအောင်ရှိန်

Zawgyi Version

“စုန္းထီးႀကီးဦးဘသာႏွင့္ စတုတၳေျမာက္ေစာင့္ေရွာက္သူ”(စ/ဆုံး)
———————————————————————————
အတြဲ(၅) စာစဥ္(၉)

(၁)

ဘေသာင္းနဲ႔က်ဳပ္တို႔နဲ႔ သူ႔အကို ကိုသိန္းတန္ဆီကိုသြားဖို႔ ျပင္ေနပါေရာဗ်ာ၊ က်ဳပ္လည္း တစ္ညလုံး တစ္ေမွးမွမအိပ္ရေသးလို႔ တဝွါးဝွါးနဲ႔ သမ္းေနမိၿပီဗ်၊ ဘေသာင္းက က်ဳပ္ကိုတစ္ခ်က္ၾကည့္လိုက္ၿပီးေတာ့ က်ဳပ္လည္ပင္းကိုလက္နဲ႔ထိမလို႔လုပ္လိုက္တယ္၊ က်ဳပ္လည္း အေနာက္ကိုနည္းနည္းဆုတ္ေရွာင္လိုက္တာေပါ့ဗ်ာ၊ ဘေသာင္းက က်ဳပ္ကိုၾကည့္ရင္း

“ငါမင္းကိုဘာမွမလုပ္ပါဘူးကြ၊ မင္းရဲ႕ က်န္းမာေရးအေျခအေနကိုစမ္းၾကည့္မလို႔ပါ”

ဒီေတာ့မွ က်ဳပ္လည္း လည္ပင္းကိုထိုးေပးလိုက္တယ္၊ ဘေသာင္းက က်ဳပ္လည္ပင္းကိုေသခ်ာကိုင္ၾကည့္ၿပီးေတာ့ လည္ဇလုပ္ကို လက္နဲ႔အထက္ေအာက္ပြတ္ေနပါေရာဗ်ာ၊ က်ဳပ္ေတာင္မွ ယားလာတယ္ဗ်။ ခဏၾကာေတာ့မွ ဘေသာင္းက ေခါင္းတဆတ္ဆတ္ညိတ္ရင္း

“မင္းေတာ္ေတာ္အားနည္းေနတာပဲကြ၊ မင္းကို အားျဖည့္ေဆးတိုက္ရမယ္ေဟ့”

“အားျဖည့္ေဆးတဲ့လား”

က်ဳပ္ေရ႐ြတ္လိုက္မိတယ္၊ ဘေသာင္းက အိမ္ေရွ႕တိုင္တစ္ခုမွာ တြဲေလာင္းခ်ိတ္ထားတဲ့ ဖီးၾကမ္းငွက္ေပ်ာသီးႀကီးဆီသြားၿပီးေတာ့ ငွက္ေပ်ာသီးႀကီးတစ္လုံးကို ျဖဳတ္လိုက္တယ္ဗ်၊ ငွက္ေပ်ာသီးကလည္း ေတာ္ေတာ္ထြားထြားပဲဗ်ာ၊ တစ္လုံးတစ္လုံး တစ္ထြာေတာင္မကဘူးဗ်၊ ေနာက္ေတာ့ ငွက္ေပ်ာသီးကို လက္ဝါးတစ္ဖက္ထဲထည့္ၿပီးေတာ့ သူ႔အိမ္ေရွ႕ မွန္ဘီ႐ိုအပုကေလးေပၚတင္ထားတဲ့ ဖန္ပုလင္းႀကီးထဲက ေဆးနီမႈန႔္ေတြကို ျဖဴးလိုက္ပါေရာဗ်ာ၊ ၿပီးေတာ့ ငွက္ေပ်ာသီးေပၚကို အဲဒီေဆးနီမႈန႔္ေတြနဲ႔ပြတ္သပ္ေနတယ္၊ ငွက္ေပ်ာသီးက အခြံေတာ့မခြာရေသးဘူးဗ်။

ေနာက္ေတာ့ က်ဳပ္ဆီကိုအဲဒီငွက္ေပ်ာသီးႀကီး လွမ္းေပးလိုက္တယ္၊ က်ဳပ္လည္း ငွက္ေပ်ာသီးကိုယူလိုက္ၿပီးေတာ့ ဘေသာင္းကိုၾကည့္ေနမိတာေပါ့ဗ်ာ၊ ဘေသာင္းက က်ဳပ္ကိုမ်က္ေမွာင္ၾကဳတ္ၾကည့္ရင္း

“ဟ၊ ငွက္ေပ်ာသီးလက္ထဲေရာက္တာေတာင္မွ ငါ့ကိုၾကည့္ေနတာလားကြ၊ ဘာလဲ ငါကဒီငွက္ေပ်ာသီးကို ခြာေပးရအုံးမွာလား”

က်ဳပ္လည္း ေခါင္းခါလိုက္ၿပီးေတာ့

“မဟုတ္ပါဘူးဗ်ာ၊ က်ဳပ္က အညာသားဆိုေတာ့ ရွင္းရွင္းပဲေျပာမယ္၊ ခုနက ငွက္ေပ်ာသီးကိုဘာလုပ္တာလဲ၊ ခင္ဗ်ားဘာလုပ္ထားမွန္းမသိတဲ့ငွက္ေပ်ာသီးကို က်ဳပ္မစားဝံ့ဘူးဗ်”

ဒီအခါ ဘေသာင္းက ရယ္ေမာရင္း

“ေျပာပါ့မယ္ကြာ၊ အဲဒီငွက္ေပ်ာသီးကို သက္ေစာင့္အားေဆးတစ္မ်ိဳးနဲ႔ပြတ္လိုက္တာကြ၊ အဲဒီငွက္ေပ်ာသီးကိုစားၿပီးရင္ မင္းခြန္အားေတြျပည့္လာလိမ့္မယ္”

က်ဳပ္က မယုံသကၤာျဖစ္ေနေသးတယ္ဗ်၊ ဒါနဲ႔ ငွက္ေပ်ာသီးထိပ္ကို ကိုက္ၿပီး အခြံကိုဆြဲခြာလိုက္ေတာ့ အထဲက ငွက္ေပ်ာသီးအသားေတြက ပတၱျမားေရာင္လို နီရဲရဲႀကီးျဖစ္ေနပါေရာဗ်ာ၊ ေမႊးတာကလည္း ေမႊးတယ္ဗ်၊ က်ဳပ္ေသခ်ာနမ္းၾကည့္ေတာ့ နံ႔သာနီနံ႔လိုလို၊ နံ႔သာျဖဴနံ႔လိုလိုပဲ။ က်ဳပ္က စားဖို႔ျပင္ေနတာကို ဘေသာင္းကၾကည့္ရင္း

“စိတ္ခ်စားစမ္းပါကြ၊ မင္းတို႔ႏွစ္ေယာက္က ငါ့ကိုကယ္ခဲ့တာပဲ၊ ငါကမင္းတို႔ကို ေက်းဇူးကန္းပါ့မလားကြ”

ဘေသာင္းေျပာေတာ့မွ က်ဳပ္လည္း စိတ္ခ်လက္ခ်နဲ႔ ငွက္ေပ်ာသီးကို ကိုက္စားလိုက္ေတာ့တယ္ဗ်၊ ငွက္ေပ်ာသီးက ခ်ိဳလို႔ဗ်ာ၊ ၿပီးေတာ့ အရသာတစ္မ်ိဳးရတယ္၊ အဲဒီအရသာကလည္း ခပ္ခ်ိဳခ်ိဳပဲဗ်၊ ေသြးေဆးအရသာလိုဟာမ်ိဳး၊ က်ဳပ္လည္း ဆာဆာနဲ႔ငွက္ေျပာသီးတစ္လုံးလုံးကို စားပစ္လိုက္တယ္ဆိုပါေတာ့ဗ်ာ၊ ထူးဆန္းတယ္လို႔ေတာ့ေျပာရမယ္၊ ငွက္ေပ်ာသီးစားၿပီးတဲ့အခါ က်ဳပ္ဗိုက္ဆာေနတာေတြေပ်ာက္သြားၿပီးေတာ့ တစ္မ်ိဳးႀကီးျဖစ္လာတယ္ဗ်။ ရင္ျပည့္သလိုလို ဘာလိုလိုႀကီးဗ်ာ။ ဘေသာင္းက ႀကိဳသိေနတဲ့ပုံပါပဲ၊ ေသာက္ေရအိုးထဲက ေရတစ္ခြက္ခပ္လိုက္ၿပီးေတာ့ က်ဳပ္ဆီကိုလွမ္းေပးတယ္ဗ်၊ ေရခြက္က ဖန္မတ္ခြက္ ငါးၾကင္းခြက္ႀကီးပါ၊ ဖန္ခြက္ထူထူႀကီးမွာ ငါးၾကင္းရဲ႕အေၾကးခြံေတြလို အကြက္ေတြပါတဲ့ခြက္ႀကီးေပါ့။

က်ဳပ္လက္လွမ္းယူမယ္လုပ္တုန္း ဘေသာင္းက ခြက္ထဲကို အနီေရာင္အလုံးကေလးတစ္လုံးပစ္ထည့္လိုက္တယ္ဗ်၊ အလုံးကေလးက ေသးေသးေလးပါဗ်ာ၊ ဆန္ကြဲေစ့ေလာက္ပဲရွိမွာ၊ အဲဒီအလုံးကေလးက ေရထဲေရာက္သြားတယ္ဆိုရင္ပဲ အနီေရာင္အေခ်ာင္းအေခ်ာင္းေတြထြက္လာၿပီးေတာ့ တစ္ခြက္လုံးအနီေရာင္ျဖစ္သြားပါေရာလား။ လက္လွမ္းေနတဲ့က်ဳပ္ေတာင္မွ လက္တြန႔္သြားတယ္ဗ်ာ၊ ဘေသာင္းက လွမ္းထိုးေပးတာနဲ႔ မဝံ့မရဲနဲ႔လွမ္းယူလိုက္တာ။

“ေသာက္လိုက္စမ္းပါကြာ၊ မင္းအကုန္ေကာင္းသြားမယ္”

က်ဳပ္လည္း ေရခြက္ကိုေသခ်ာၾကည့္ေနမိတယ္၊ ေရခြက္တစ္ခုလုံးက ေသြးေတြလိုရဲရဲနီေနၿပီဗ်၊ အနံ႔ခံၾကည့္ေတာ့ ဘာအနံ႔မွေတာ့မရဘူး၊ ဒါနဲ႔တစ္က်ိဳက္ေလာက္ေသာက္မယ္ဆိုၿပီး ေရကိုငုံလိုက္တဲ့အခါ ခ်ိဳလိုက္တာေျပာမေနပါနဲ႔၊ ဇီးေဖ်ာ္ရည္လိုအရသာမ်ိဳးဗ်၊ အရသာေကာင္းတယ္ဆိုလို႔ကေတာ့ က်ဳပ္တို႔က ေသာက္ၿပီးသားပဲဗ်ာ၊ တစ္ခြက္လုံးကို ေမာ့ခ်လိုက္ေတာ့တာပဲ၊ ခ်ိဳတဲ့အရသာအေနာက္မွာ ရွတတအရသာကေလးလဲ ပါသဗ်။ ေရေသာက္ၿပီးတဲ့အခါ ဘေသာင္းက မ်က္ခုံးပင့္ၿပီးက်ဳပ္ကိုၾကည့္တယ္။

“ဘယ့္ႏွယ့္လဲကြ၊ ေသာက္လို႔ေကာင္းရဲ႕လား”

“ေကာင္းလိုက္တာဗ်ာ၊ ဒါဘာေတြလဲဟင္”

“ေသြးငါးမ်ိဳးပါတဲ့ ေသြးအားေဆးေပါ့ကြာ”

“ေသြးငါးမ်ိဳးေတာင္လား”

ဘေသာင္းက လက္ငါးေခ်ာင္းေထာင္ရင္း

“ေက်ာက္ေသြး၊ ႀကံ့ေသြး၊ ကြၽဲေသြး၊ က်ားေသြး၊ ေခြးေသြးတဲ့ကြ၊ အဲဒီေသြးေတြအကုန္လုံးကို အႏွစ္က်ေအာင္လုပ္ၿပီးေတာ့ ေက်ာက္ေသြးနဲ႔ဖမ္းထားတာေပါ့ကြာ”

“ဗ်ာ၊ ေခြးေသြးပါတယ္လား”

“ဒီေဆးကိုအထင္မေသးနဲ႔ကြ၊ ေသြးအားနည္းေနတဲ့လူေတြေသာက္လိုက္ရင္ ခ်က္ခ်င္းအားျပန္ေကာင္းတယ္၊ ဒါနဲ႔ ေကာင္ေလး၊ မင္းခုနက ငါေကြၽးတဲ့ငွက္ေပ်ာသီးစား၊ ငါတိုက္တဲ့ေသြးေဆးေသာက္ၿပီးေတာ့ မင္းဘယ္လိုခံစားရသလဲကြ”

“ေနလို႔ေကာင္းတယ္ဗ်၊ ဗိုက္ဆာတာလည္းမရွိေတာ့ဘူး၊ အိပ္ခ်င္တာလည္းမရွိေတာ့ဘူးဗ်ာ၊ က်ဳပ္ကိုယ္ထဲ အားေတြျပည့္ေနသလိုခံစားရတယ္၊ သုံးေလးရက္ေလာက္ အနားယူလိုက္ၿပီးေတာ့ အားရွိသြားတဲ့ပုံစံမ်ိဳးဗ်”

ဘေသာင္းက တဟင္းဟင္းနဲ႔ရယ္ေတာ့တယ္ဗ်ာ၊ ၿပီးေတာ့ ကြမ္းအစ္တစ္လုံးကိုအေရွ႕မွာခ်ၿပီးေတာ့ ကြမ္းယာေနတယ္ဗ်၊ ဦးဘသာက ဘေသာင္းကိုၾကည့္ေနတာနဲ႔ ဘေသာင္းက ကြမ္းအစ္ကိုထိုးေပးလိုက္ၿပီး

“ကြမ္းသမား ကြမ္းမစားရတာလည္း ဒုကၡတစ္မ်ိဳးပဲဗ်၊ ကဲ စားဗ်ာ၊ စားသာစား”

ဦးဘသာလည္း ကြမ္း႐ြက္သုံး႐ြက္ကိုထပ္လိုက္ၿပီးေတာ့ ထုံးေတြသုတ္ၿပီး ေဆးေတြထည့္၊ စမုံစပါးေတြျဖဴးၿပီး အားရပါးရကို ဝါးေနပါေရာဗ်ာ။

“ဒါနဲ႔ ကိုဘေသာင္းက ေဆးေတြဘာေတြေဖာ္တတ္တာလား”

ဘေသာင္းက ေခါင္းညိတ္လိုက္ၿပီးေတာ့ အဲဒီလိုမ်ိဳးေရတစ္ခြက္ကို ဦးဘသာအေရွ႕မွာခ်ေပးလိုက္တယ္၊ ေနာက္ေတာ့ သူလည္းခုံမွာဝင္ထိုင္ရင္း

“ဒီလိုကြ၊ ငါတို႔က ကေဝရွင္မ်ိဳး႐ိုးမဟုတ္လား၊ ငါ့အေဖဦးထိုက္တန္ႀကီးက သားသုံးေယာက္စလုံးကို ပညာေတြေပးခဲ့တယ္၊ အဲဒီထဲမွာ အႀကီးဆုံးအကိုႀကီး သန္းတန္က သိုက္နဲ႔ပတ္သက္တဲ့လမ္းကိုလိုက္သြားတယ္၊ သိုက္ဆရာျဖစ္သြားတယ္ေပါ့ကြာ၊ အကိုလတ္ ကိုသိန္းတန္က်ေတာ့ သိုက္တူးတဲ့အခါလည္းတူးတယ္၊ ကေဝဖမ္းတဲ့အခါလည္းဖမ္းတယ္၊ ငါကေတာ့ သိုက္လမ္းကိုမလိုက္ဘဲ ကေဝရွင္လမ္းကိုပဲ သီးသန႔္လိုက္တယ္၊ တစ္ခါေတာ့ ငါ့အကိုႀကီးတူးလာတဲ့သိုက္ထဲက သိုက္စာေတြအမ်ားႀကီးရတယ္ကြ၊ အဲဒီသိုက္စာေတြထဲမွာ ေဆးက်မ္းတစ္ခုလည္းပါတယ္၊ အဲဒီေဆးက်မ္းထဲကအတိုင္း ငါလည္းေဆးလိုက္ေဖာ္ၿပီးေတာ့ ဒီလိုပဲ တတ္ႏိုင္သေလာက္ လူေတြကို ကူညီေပးေနတယ္ဆိုပါေတာ့ကြာ”

“ဒါဆိုရင္ က်ဳပ္တစ္ခုေမးခ်င္လို႔ပါ၊ ကေဝရွင္ေတြက လူေကာင္းေတြလား၊ လူဆိုးေတြလားဗ်”

က်ဳပ္ေမးလိုက္ေတာ့ ဘေသာင္းကရယ္တယ္ဗ်။

“ဒါဆိုရင္ မင္းကိုငါတစ္ခုေမးမယ္ေနာ္ ေကာင္ေလး၊ မင္းေရာ လူေကာင္းလား၊ လူဆိုးလားကြ”

က်ဳပ္ေတြေဝသြားမိတယ္ဗ်၊ ျပန္ေျဖဖို႔ေတာင္ မနည္းစဥ္းစားေနရတယ္။

“က်ဳပ္ကိုယ္တိုင္ေတာ့ လူေကာင္းလို႔ထင္တာပဲဗ်”

ဘေသာင္းကေျပာၿပီး

“လူတိုင္းကေတာ့ ကိုယ္လုပ္တာ ေကာင္းတယ္ထင္တာပဲကြ၊ ငါေမးမယ္၊ မင္းေၾကာင့္ မေကာင္းတာျဖစ္သြားတဲ့လူေတြမရွိဘူးလားကြ”

က်ဳပ္ေသခ်ာျပန္စဥ္းစားၿပီး ေခါင္းညိတ္လိုက္မိတယ္ဗ်ာ။

“မင္းက ေကာင္းတာလုပ္တယ္ဆိုေပမယ့္ မင္းေၾကာင့္ထိခိုက္သြားတဲ့လူေတြက မင္းကိုေကာင္းတယ္လို႔ျမင္ပါ့မလားကြ”

“ဘယ္ျမင္မွာလဲဗ်ာ၊ က်ဳပ္ကိုဆိုးတယ္လို႔ပဲျမင္ၾကမွာေပါ့ဗ်”

“ေအးေပါ့ကြ၊ ဒါေၾကာင့္ ေကာင္းတယ္ဆိုးတယ္ဆိုတာ သူမ်ားေတြေျပာတဲ့အလုပ္ကြ၊ လူတိုင္းကေတာ့ ကိုယ္လုပ္တာေကာင္းတယ္ထင္တာပဲ၊ ဒါေၾကာင့္ လူေတြကို ေကာင္းတယ္၊ ဆိုးတယ္ဆိုၿပီး လိုက္ေမးေနလို႔ရမွာလားကြ”

က်ဳပ္လည္းေခါင္းညိတ္ၿပီးေတာ့ ေထာက္ခံလိုက္မိတယ္၊ ဦးဘသာက ထၿပီးေတာ့

“ကေဝရွင္ေတြဆိုတာ လြတ္လပ္တယ္ကြ၊ ဒါေပမယ့္ တစ္ခ်ိန္ကေတာ့ ကေဝရွင္ေတြက အအုပ္အသင္းနဲ႔ေနတယ္လို႔ၾကားဖူးတယ္၊ အသင္းပ်က္ၿပီးတဲ့အခါက်ေတာ့ အစုအေဝးမရွိေတာ့ဘဲ တစ္ေယာက္ေကာင္းပဲက်န္ေနခဲ့ေတာ့တာေပါ့ကြာ”

“ဟုတ္တယ္ ဦးသာဒင္၊ ခင္ဗ်ားေျပာတာမွန္တယ္”

“ဒီေတာ့ ေကာင္းလားမေကာင္းလားကေတာ့ သူ႔လုပ္ရပ္အေပၚမူတည္တာေပါ့ကြာ”

“ဘာပဲေျပာေျပာ အခုက်ဳပ္တို႔က ေကာင္းတာလုပ္ေနတာဆိုေတာ့ ခင္ဗ်ားက်ဳပ္တို႔နဲ႔ေပါင္းၿပီး ေကာင္းသြားၿပီေပါ့ဗ်ာ”

က်ဳပ္ထေျပာလိုက္ေတာ့ ဘေသာင္းေရာ၊ ဦးဘသာေရာ ရယ္ၾကတယ္ဗ်၊ ဦးဘသာက က်ဳပ္ကိုလက္ညႇိဳးထိုးၿပီး

“အလတ္ေကာင္၊ အလတ္ေကာင္ မင္းကေတာ့ လူတစ္ေယာက္ကို လူေကာင္းျဖစ္ေအာင္လုပ္တာ သိပ္ျမန္တာပဲေနာ္ကြ၊ ကိုယ္နဲ႔ေပါင္းရင္လူေကာင္း၊ ကိုယ္နဲ႔မေပါင္းရင္ လူဆိုးေပါ့ကြ ဟုတ္လား၊ ဟား၊ ဟား”

က်ဳပ္တို႔ရယ္ေမာေနတုန္း ၿခံဝကေနေခၚသံၾကားလိုက္ရတယ္ဗ်။

(၂)

“ငေသာင္း . . . ေဟ့ေကာင္ ငေသာင္း”

ဘေသာင္းက ထိုင္ေနရာကေနထလိုက္ၿပီးေတာ့ၾကည့္လိုက္တယ္ဗ်၊ အသက္ေျခာက္ဆယ္ေလာက္ လူႀကီးတစ္ေယာက္က ၿခံတံခါးကိုတြန္းဖြင့္ၿပီးေတာ့ ဝင္လာတယ္၊ ဒီလူႀကီးက ေခါင္းတုံးေျပာင္ေျပာင္ႀကီးနဲ႔ဗ်၊ တိုက္ပုံနီညိဳေရာင္ႀကီးကိုလည္း ဝတ္ထားေသးသဗ်ာ။

“ဟာ အကိုႀကီး၊ အကိုႀကီး ကိုသန္းပါလား”

ဒီလူႀကီးက လမ္းကိုေထာ့နဲ႔ေထာ့နဲ႔ ေလွ်ာက္လာသဗ်ာ၊ အိမ္ေပၚလွမ္းတက္လာၿပီး ဖိနပ္ခြၽတ္အေရာက္မွာ ေခြခနဲလဲက်သြားတယ္၊ ၿပီးေတာ့ ပါးစပ္ကလည္း ေခ်ာင္းေတြတဟြပ္ဟြပ္နဲ႔ဆိုးေနၿပီးေတာ့ အျမႇဳပ္ေတြလည္းထြက္က်လာတယ္ဗ်ာ၊ ဘေသာင္းက ဒီလူႀကီးကိုေျပးတြဲလိုက္ၿပီး

“အကိုႀကီး ဘာျဖစ္လာတာလဲဗ်ာ”

“ငါမရေတာ့ဘူး . . . ငါမရေတာ့ဘူး ငေသာင္းရ”

က်ဳပ္လည္း မေနႏိုင္တာနဲ႔ ဒီလူႀကီးကိုေျပးတြဲလိုက္တယ္၊ ဘေသာင္းနဲ႔က်ဳပ္နဲ႔ သူ႔ကိုတစ္ေယာက္တစ္ဖက္စီဆြဲၿပီးေတာ့ အိမ္ေရွ႕ခန္းကိုဆြဲတင္လိုက္တယ္၊ ဒီလူႀကီးက ဆန႔္ဆန႔္ႀကီးပါလာသဗ်ာ။

“စိတ္မေလ်ာ့ပါနဲ႔အုံး အကိုႀကီးရာ၊ အကိုႀကီးဘာေတြျဖစ္လာတာလဲဗ်”

“ငါ့စိန္သြား၊ ငါ့စိန္သြားပါသြားၿပီကြ”

ေျပာရင္း ေခ်ာင္းေတြဆိုးျပန္ေရာဗ်ာ၊ ဘေသာင္းက ျပာျပာသလဲနဲ႔ထရပ္လိုက္ၿပီးေတာ့ ေရတစ္ခြက္ကိုခပ္ယူသဗ်၊ ၿပီးေတာ့ ေဆးမႈန႔္ေတြ၊ ေဆးလုံးေတြကို ေရထဲထည့္ေနပါေရာဗ်ာ။ ေနာက္ဆုံးေတာ့ သူ႔လြယ္အိတ္ထဲက ပုလင္းကေလးတစ္လုံးကိုႏႈိက္လိုက္သဗ်၊ ပုလင္းကေလးက ပိန္ပိန္ေသးေသးကေလးဗ်ာ၊ လက္တစ္ဆစ္စာေလာက္ပဲရွိမယ္ထင္ပါတယ္၊ အဲဒီအထဲမွာလည္း ခပ္ညိဳညိဳအမႈန႔္ကေလးေတြ ပါေသးတယ္ဗ်။

က်ဳပ္ကိုေရခြက္ကိုင္ခိုင္းထားၿပီးေတာ့ ခုနက ပုလင္းကေလးထဲကအမႈန႔္ေတြကို ေရထဲထည့္လိုက္တယ္ဗ်ာ၊ ေရထဲေရာက္ေတာ့ ေရခြက္ထဲက ေရေတြအကုန္လုံးက ေ႐ႊေရာင္ေတြျဖစ္ကုန္သဗ်။

“အကိုႀကီး မေသဘူး၊ အကိုႀကီးမေသပါဘူးဗ်ာ၊ ေဟာဒါ အသက္ကယ္ေ႐ႊျပာပဲဗ်”

ဘေသာင္းက ဦးသန္းတန္ရဲ႕ ေခါင္းကိုအသာေထာင္ေပးတာမို႔လို႔ က်ဳပ္လည္းခြက္ထဲက ေရေတြကို တိုက္တာေပါ့ဗ်ာ၊ ဦးသန္းတန္က ေရေတြကို အငမ္းမရေသာက္တယ္ဗ်၊ ေသာက္ၿပီးတာနဲ႔ သိပ္မၾကာခင္မွာပဲ ေရေတြက ပါးစပ္ထဲကေန ဖူးခနဲျပန္ထြက္လာတယ္ဗ်ာ။

“အကိုႀကီး၊ အကိုႀကီး ဒါေလးေတာ့ ဝင္ေအာင္ေသာက္ပါအုံးဗ်ာ”

“ငေသာင္း မင္းကိုငါေျပာၿပီးၿပီပဲ၊ ငါ့အေျခအေန ငါသိတယ္၊ ငါမရေတာ့ဘူးကြာ”

ဦးသန္းတန္က ဘေသာင္းရဲ႕လက္ကိုဆြဲလိုက္ၿပီးေတာ့

“ညီေလး . . . ညီေလး တစ္ခုေတာ့ကူညီပါကြာ၊ ငါ့ရဲ႕စိန္သြားကေလး ျပန္ယူေပးပါ၊ ဒီစိန္သြားကမေကာင္းတဲ့လူေတြလက္ထဲ ေရာက္သြားလို႔မျဖစ္ဘူးကြ”

“ဘာေတြမ်ားျဖစ္တာလဲ အကိုႀကီးရာ”

ဦးသန္းတန္က ေတာ္ေတာ္ေမာေနတယ္ဗ်။

“ငါ သိုက္တူးမယ္ဆိုၿပီးေတာ့ အထက္အညာဘက္ကိုတက္သြားတယ္မဟုတ္လား၊ ေက်ာက္ပန္းေတာင္းေရာက္ေတာ့ လူတစ္စုနဲ႔ငါေတြ႕တယ္ကြ၊ အဲဒီလူေတြက ငါ့ဆီက စိန္သြားကိုယူသြားၾကတယ္”

“အကိုႀကီးေတာင္ မႏိုင္ဘူးလား”

“ဒီလူေတြက ေတာ္ေတာ္အဆင့္ျမင့္တဲ့လူေတြကြ”

က်ဳပ္လည္း ေသခ်ာစဥ္းစားရင္း

“ဘယ္အခ်ိန္ေလာက္က ျဖစ္ခဲ့တာလဲဗ်ာ”

“လြန္ခဲ့တဲ့တစ္လေလာက္က ျဖစ္ခဲ့တာကြ၊ ငါလည္း ဒီလူေတြအေနာက္ကို ေရဆုံးေျမဆုံးလိုက္ေသးတယ္၊ မေန႔က ညကေတာ့ ငါ့စိန္သြားရွိတဲ့ေနရာကို ငါေတြ႕ခဲ့တယ္ကြ”

“ဟုတ္လား၊ အဲဒါဘယ္ေနရာလဲ”

“ေထာက္ႀကံ့က ၿခံက်ယ္ႀကီးတစ္ခုထဲမွာကြ”

ေထာက္ႀကံ့ဆိုတဲ့စကားၾကားလိုက္ေတာ့ က်ဳပ္ေရာ ဦးဘသာေရာ မ်က္လုံးျပဴးသြားတယ္။

“ငါ ၿခံဝကိုလည္းေရာက္ေရာ အဲဒီအထဲက လူႀကီးတစ္ေယာက္ထြက္လာၿပီး ငါ့ကိုေဆာ္ထည့္လိုက္တာပဲကြာ၊ ငါလည္း မနည္းအားတင္းၿပီးေတာ့ မင္းဆီေရာက္ေအာင္ျပန္လာခဲ့ရတာပဲ”

က်ဳပ္က ဦးသန္းတန္ကိုၾကည့္ၿပီးေတာ့

“အဲဒီလူႀကီးက ဘယ္လိုပုံစံမ်ိဳးလဲဗ်ာ”

“လူက ပိန္ပိန္ပါးပါးပဲကြ၊ နဖူးကေတာ့ ေတာ္ေတာ္ကိုေျပာင္တာ၊ ငါ့ကိုေဆာ္ေတာ့ သူ႔နဖူးမွာ အေမာက္ႀကီးသုံးခုထြက္လာတယ္၊ တစ္ခုက အစိမ္းေရာင္ . . . ေနာက္တစ္ခုက အဟြပ္ . . .အဟြပ္”

ဦးသန္းတန္က ေျပာရင္း ေခ်ာင္းေတြဆိုးေနတယ္ဗ်ာ၊ ဒါနဲ႔ပဲ က်ဳပ္ကဆက္ေျပာလိုက္တယ္။

“တစ္ခုက ေ႐ႊေရာင္၊ တစ္ခုက အနီေရာင္မဟုတ္လား”

ဦးသန္းတန္က ေခါင္းပဲညိတ္ျပတယ္ဗ်၊ က်ဳပ္လည္း ဦးဘသာႀကီးကိုလွည့္ၾကည့္လိုက္ေတာ့ ဦးဘသာက စိတ္ပ်က္လက္ပ်က္နဲ႔

“အဲဒါငါပဲကြ”

ဘေသာင္းက ေတာက္တစ္ခ်က္ေခါက္ၿပီးေတာ့

“ဒီလူကို က်ဳပ္အခုပဲသြားၿပီးသတ္မယ္ဗ်ာ”

ဒီအခါ ဦးသန္းတန္က ဘေသာင္းရဲ႕လက္ကိုဆြဲလိုက္ၿပီးေတာ့

“မလုပ္နဲ႔ဘေသာင္း၊ မင္းပညာက ငါ့ထက္ ႏွစ္ဆေလာက္နိမ့္တယ္၊ ငါ့လိုလူကိုေတာင္ ဒီလူႀကီးက ေသေအာင္လုပ္ႏိုင္တာဆိုေတာ့ မင္းက သူ႔ရဲ႕ၿပိဳင္ဘက္မဟုတ္ဘူးကြ”

“ဒါေပမယ့္ အကိုႀကီးရာ၊ က်ဳပ္ေတာ့ ဒီလူကိုသတ္ရမွေက်နပ္မယ္”

“ငါေျပာတာနားေထာင္စမ္းပါကြာ၊ သတ္တာမသတ္တာ အသာထားစမ္းပါ၊ ဒီလူေတြက ငါ့ရဲ႕စိန္သြားကိုယူၿပီး တစ္ခုခုႀကံေနတာကြ၊ သူတို႔အႀကံကို ငါစုံစမ္းရသေလာက္ကေတာ့ သူတို႔က ခ်ပ္သင္းရတနာသိုက္ကို ေဖာက္ၾကမယ့္ပုံပဲ”

“ခ်ပ္သင္းရတနာသိုက္ဆိုေတာ့ . . .”

“ဟုတ္တယ္၊ ခ်ပ္သင္းေတာႀကီးအလယ္က ရတနာသိုက္တစ္ခုပဲ”

“သူတို႔က ဘာလို႔ေဖာက္ခ်င္တာလဲဗ်ာ”

“ဒါေတာ့ ငါမသိဘူး၊ ခ်ပ္သင္းသိုက္ဆိုတာ ဘီလူးသိုက္တစ္ခုပဲ၊ သိပ္ကိုအႏၲရာယ္မ်ားတဲ့သိုက္တစ္ခုေပါ့၊ ဘီလူးသိုက္ဆိုတာထက္ ဘီလူးေတြကိုေျမႀကီးထဲျမႇဳပ္ၿပီး ေလးဖက္ေလးတန္ ေက်ာက္ဖ်ာခ်ကာၿပီးေတာ့ အက်ဥ္းခ်ထားတဲ့ ေနရာတစ္ခုဆိုရင္လည္း မမွားႏိုင္ဘူး”

ဒီအခ်ိန္ ဦးဘသာႀကီးက လက္ခုပ္တီးၿပီးေတာ့ မတ္တပ္ထရပ္လိုက္တယ္။

“ဟုတ္ၿပီ၊ ဟုတ္ၿပီ၊ အဲဒါ ငေထရွင္တို႔ပဲ၊ ငါအခုမွ သေဘာေပါက္ၿပီ”

က်ဳပ္တို႔အားလုံး ဦးဘသာႀကီးကို ဝိုင္းၾကည့္လိုက္ၾကတယ္၊ ဦးဘသာႀကီးက က်ဳပ္တို႔အနားကိုလာရင္း ဆက္ေျပာတယ္။

“ငေထရွင္က ဘာျဖစ္လို႔ဒီေနရာကို ေ႐ြးတာလဲ၊ မေ႐ႊေတာင္က ဒီေနရာဟာ သူတို႔ရဲ႕ေအာင္ေျမပါဆိုၿပီးေတာ့ ဘာျဖစ္လို႔ေျပာခဲ့တာလဲဆိုတာ ငါအခုမွသိၿပီ၊ လတ္စသတ္ေတာ့ ဒီေကာင္က ဘီလူးသိုက္ကိုဖြင့္ဖို႔လုပ္ေနတာကိုးကြ၊ ငေထရွင္က ဘီလူးတစ္ေကာင္လို႔ ေအာင္ရွိန္က ငါ့ကိုေျပာဖူးေတာ့ ဒီေကာင္ႀကံေနတာ ဒီအႀကံအစည္ပဲျဖစ္မွာ”

က်ဳပ္လည္းေတြးမိၿပီးေခါင္းညိတ္လိုက္မိတယ္။

“ဒီဘီလူးသိုက္ပြင့္ၿပီး ဘီလူးေတြထြက္လာတဲ့အခါ ဒီေကာင္က ဘီလူးေတြကိုအုပ္ခ်ဳပ္မလို႔ပဲ”

ဦးသန္းတန္က မ်က္လုံးႀကီးျပဴးၿပီးေတာ့

“ဘီလူးသိုက္မဖြင့္မိခင္ ငါ့စိန္သြားကိုျပန္ယူရမယ္ ငေသာင္း”

“ဒါေပမယ့္ စိန္သြားကိုသူတို႔ယူသြားၿပီေလဗ်ာ၊ သူတို႔ကလည္း ပညာသိပ္ထက္တဲ့လူေတြဆိုဗ်”

ဦးသန္းတန္က ေခါင္းခါရင္း

“စိန္သြားကို ခိုင္းလို႔ရတဲ့မႏၲန္ရွိတယ္၊ ဒီမႏၲန္ကို သူတို႔မသိေလာက္ဘူး၊ လာ ငေသာင္း ငါမင္းကို အဲဒီမႏၲန္သင္ေပးမယ္”

ဘေသာင္းက သူ႔နားကို ဦးသန္းတန္အနားကပ္လိုက္တဲ့အခါ ဦးသန္းတန္က တစ္ခုခုေျပာသဗ်၊ ေသာင္းလည္း ေသခ်ာလိုက္႐ြတ္တယ္။ ႐ြတ္ၿပီးေတာ့ ဦးသန္းတန္ဘက္ကိုလွည့္ၾကည့္ရင္း

“ဒါပဲလားအကိုႀကီး”

ဘေသာင္း ျပန္ေမးလိုက္တဲ့အခ်ိန္မွာ ဦးသန္းတန္က မ်က္လုံးႀကီးျပဴးၿပီးေတာ့ ၿငိမ္က်ေနၿပီဗ်ာ၊ ဘေသာင္းလည္း ထိတ္လန႔္သြားၿပီးေတာ့ ဦးသန္းတန္ကိုလႈပ္ႏႈိးတယ္။

“အကိုႀကီး ၊ အကိုႀကီး”

ဦးသန္းတန္ကေတာ့ ေသသြားပါၿပီဗ်ာ၊ ပါးစပ္ႀကီးကိုဟလို႔ဗ်။

“အကိုႀကီးဒီအတိုင္းေသလို႔မျဖစ္ဘူး၊ အကိုႀကီးေသလို႔မျဖစ္ဘူးဗ်”

ေအာ္ဟစ္ရင္း ဘေသာင္းက လြယ္အိတ္ထဲက ေ႐ႊစကၠဴကေလးတစ္ခုကိုယူၿပီးေတာ့ ဦးသန္းတန္ရဲ႕နဖူးကိုကပ္လိုက္တယ္၊ ေနာက္ေတာ့ ပုလင္းကေလးတစ္လုံးကိုဖြင့္ၿပီး အစီအရင္ေတြလုပ္ေနပါေရာဗ်ာ၊ ဦးဘသာက အေရွ႕ကိုတိုးသြားၿပီး

“ဘေသာင္း၊ စိတ္ကိုေလွ်ာ့စမ္းပါကြာ၊ ကေဝဖမ္းမယ္ဆိုရင္လည္း ဒါမင္းရဲ႕အကိုကြ”

“အိုဗ်ာ၊ ခင္ဗ်ားဖယ္ေနစမ္းပါ၊ က်ဳပ္လုပ္ေနတာက်ဳပ္သိတယ္”

ဘေသာင္းက ပါးစပ္ကိုၿဖဲၿပီးေတာ့ ဦးသန္းတန္ရဲ႕ပါးစပ္ေပါက္အနားမွာ အပ္လိုက္တယ္ဗ်၊ ေနာက္ေတာ့ ေလေတြကို တရႉးရႉးနဲ႔စုပ္သြင္းရင္း ေခါင္းကိုေထာင္လိုက္ပါေလေရာဗ်ာ၊ က်ဳပ္တို႔မ်က္စိအေရွ႕မွာပင္ ဦးသန္းတန္ရဲ႕ပါးစပ္ေပါက္ထဲကေန မီးခိုးေငြ႕လိုမ်ိဳး အေငြ႕ကေလးတစ္ခုက ထြက္လာတယ္ဗ်၊ အေငြ႕ကေလးက တျဖည္းျဖည္းပ်ံသန္းလာရင္း ေနာက္ဆုံးေတာ့ ဘေသာင္းရဲ႕ပါးစပ္ထဲကို အတန္းလိုက္ကေလးဝင္သြားပါေရာဗ်ာ၊ အေငြ႕ေလးဝင္သြားတာနဲ႔ ဘေသာင္းက ပါးစပ္ကိုပိတ္ခ်လိုက္တယ္၊ ၿပီးေတာ့ ပုလင္းကေလးကိုယူလိုက္ၿပီး ပုလင္းေပါက္ကိုပါးစပ္နဲ႔ေတ့ၿပီး မႈတ္သြင္းလိုက္တာပါပဲဗ်ာ၊ ပုလင္းထဲကို အေငြ႕ကေလးက ဝင္သြားတယ္ဗ်၊ ပုလင္းအျပင္ကၾကည့္တဲ့အခါ မသိရင္ ပုလင္းထဲကို မီးခိုးေတြထည့္ထားသလိုပါပဲဗ်ာ။

“အဲဒါ ကေဝဖမ္းတာလား”

“ဦးဘသာက ေခါင္းညိတ္တယ္၊ ဘေသာင္းက မ်က္လုံးႀကီးျပဴးၿပီး သြားႀကီးၿဖဲေနသဗ်ာ၊ သူ႔ၾကည့္ရတာ မေကာင္းဆိုးဝါးႀကီးတစ္ေကာင္လိုပါပဲ”

“အကိုႀကီး၊ အကိုႀကီး ဒီအတိုင္းမေသရဘူး၊ အဲဒီလူကို အကိုႀကီးရဲ႕လက္နဲ႔ လက္စားေခ်ၿပီးေတာ့မွ ေသရမယ္”

ဘေသာင္းကေျပာရင္းနဲ႔ စားပြဲခုံကေလးတစ္ခုံကိုဆြဲယူလိုက္တယ္၊ စားပြဲခုံကေလးက ႏွစ္ေပပတ္လည္ေလာက္ပဲရွိမယ္ဗ်၊ အျမင့္ကေတာ့ ႏွစ္ေပခြဲေလာက္ပဲရွိမယ္ထင္တယ္၊ အဲဒီခုံကေလးကို သူ႔အေရွ႕ကိုခ်လိုက္ၿပီးေတာ့ ခုံေပၚမွာခင္းထားတဲ့ စားပြဲခင္းကို ေဘးကိုဆြဲဖယ္လိုက္တယ္ဗ်၊ စားပြဲေပၚမွာေတာ့ အင္းေတြလိုလို၊ စမေတြလိုလိုေရးထားသဗ်ာ၊ အစီအရင္တစ္ခုျဖစ္မယ္ထင္တာပါပဲ၊ စားပြဲခုံအလယ္မွာေတာ့ အဝိုင္းပုံစံကေလးရွိတယ္၊ ဘေသာင္းက သူ႔အကိုႀကီးကိုဖမ္းထားတဲ့ ပုလင္းကေလးကိုအဲဒီစားပြဲအလယ္က အဝိုင္းကေလးထဲမွာ ခ်လိုက္တယ္ဗ်၊ ေနာက္ေတာ့ ပုလင္းအဖုံးကိုဖြင့္ၿပီးေတာ့ လက္ႏွစ္ဖက္ကိုေဘးကိုဆန႔္တန္းရင္း

“ပုလင္းထဲက ကေဝ၊ သင့္အား ငါဆရာေခၚသည္၊ သင္ထြက္လာခဲ့ရမည္”

အဲဒီလို႐ြတ္တဲ့အခါ ပုလင္းထဲကေန ဦးသန္းတန္ပုံစံနဲ႔ ျဖဴျဖဴအရိပ္ႀကီးတစ္ခုထြက္လာသဗ်ာ၊ ထြက္လာၿပီးေတာ့ စားပြဲခုံအေပၚမွာ တြဲေလာင္းႀကီးလုပ္ေနပါေရာ၊ ဘေသာင္းက အနီးအနားဘီ႐ိုကေလးထဲက ပုလင္းေလးငါးလုံးကိုဆြဲယူလိုက္ၿပီးေတာ့ ပုလင္းေတြကိုဖြင့္ခ်လိုက္တယ္။ ပုလင္းေတြပြင့္သြားတာနဲ႔ အထဲက ကေဝေတြက တိုးထြက္လာေတာ့တယ္။ ဘေသာင္းက ဦးသန္းစိန္ကိုၾကည့္ရင္း

“အကိုႀကီးေရ စားေတာ့၊ ဒီကေဝေတြကို အကိုႀကီးစားသာစားေတာ့ဗ်ာ”

ဦးသန္းတန္က ပါးစပ္ဖြင့္လိုက္တဲ့အခ်ိန္မွာပဲ ပုလင္းထဲက ထြက္လာတဲ့ကေဝေတြက ႐ုန္းကန္ေအာ္ဟစ္ရင္း တျဖည္းျဖည္းပ်ံသြားၾကတယ္ဗ်။ ေနာက္ေတာ့ ဦးသန္းတန္ရဲ႕ပါးစပ္ထဲကို ေျပးဝင္ကုန္ၾကပါေရာဗ်ာ၊ ဘေသာင္းဘာေတြလုပ္ေနသလဲဆိုတာေတာ့ က်ဳပ္နဲ႔ဦးဘသာနဲ႔ နားကိုမလည္ေတာ့ပါဘူးဗ်ာ၊ ဘေသာင္းက ပုလင္းေလးေတြ တစ္လုံးၿပီးတစ္လုံးဖြင့္ဖြင့္ၿပီး ၾကမ္းေပၚခ်ေပးေနတယ္၊ ပုလင္းထဲက ထြက္လာသမွ်ကိုလည္း ဦးသန္းတန္က စုပ္ယူၿပီးစားတာပဲဗ်ာ။

ႂကြက္ေလွ်ာက္တန္းေပၚက ပုလင္းေတြကို ဘေသာင္းက လက္နဲ႔အတန္းလိုက္ႀကီး ပုတ္ခ်လိုက္တယ္ဗ်၊ ပုလင္းေတြအကုန္ ၾကမ္းျပင္ေပၚကို တခြမ္းခြမ္းနဲ႔က်ကႊဲကုန္ပါေရာဗ်ာ၊ သူဖမ္းခ်ဳပ္ထားတဲ့ ကေဝေတြအကုန္ ထြက္လာၾကပါေရာ၊ ကေဝေတြက ထြက္ေျပးဖို႔လုပ္ေပမယ့္ ဦးသန္းတန္ရဲ႕စုပ္တဲ့ဒဏ္ကို မ႐ုန္းကန္ႏိုင္ရွာၾကပါဘူးဗ်ာ၊ ကေဝဝိညာဥ္ေတြက အသံေသးအသံေၾကာင္ေတြနဲ႔ ေအာ္ဟစ္ၿပီး ဦးသန္းတန္ပါးစပ္ထဲကိုေရာက္ကုန္တယ္။

ဘေသာင္းက တံခါးၾကားမွာေထာင္ထားတဲ့ သံတူ႐ြင္းကိုေျပးယူလိုက္ၿပီးေတာ့ အခန္းေထာင့္က ပုလင္းအႀကီးႀကီးေတြကို သံတူ႐ြင္းနဲ႔႐ိုက္ခြဲပါေရာဗ်ာ။

“ႏွစ္တစ္ရာ ကေဝေတြ အကုန္ထြက္ၾကစမ္းကြာ”

ထြက္သမွ်ကေဝေတြကို ဦးသန္းတန္က စားရင္းနဲ႔ေနာက္ဆုံးေတာ့ ဦးသန္းတန္ရဲ႕႐ုပ္ေပ်ာက္ၿပီးေတာ့ သရဲ႐ုပ္ႀကီးျဖစ္လာပါေရာဗ်ာ၊ တစ္ခန္းလုံးက ရွိသမွ်ပုလင္းေတြလည္း အကုန္ကြဲၿပီဗ်၊ ဦးသန္းတန္တစ္ေယာက္လည္း သရဲအေကာင္ႀကီးကို ျဖစ္ေနပါေရာဗ်ာ၊ ေခါင္းေပၚမွာလည္း အခြၽန္အတက္ေတြနဲ႔ လက္ေမာင္းေတြမွာလည္း အခြၽန္အတက္ေတြနဲ႔ရယ္ဗ်၊ က်ဳပ္အထင္ေတာ့ ကေဝေတြရဲ႕အစြမ္းေတြကို စားရင္းကေန သူ႔အစြမ္းေတြ ေတာ္ေတာ္မ်ားလာတဲ့ပုံစံပါပဲဗ်ာ။

ပုလင္းေတြအကုန္ ကုန္သြားေတာ့ ဘေသာင္းက တဟားဟားနဲ႔ရယ္ေမာလိုက္ၿပီး

“အကိုႀကီး၊ လာပါ၊ က်ဳပ္ဆီကိုလာပါ၊ က်ဳပ္ဆီမွာကိန္းပါ၊ က်ဳပ္နဲ႔အကိုႀကီးနဲ႔အတူတူေပါင္းၿပီးေတာ့ ဒီလူႀကီးကိုလက္တုံ႔ျပန္ၾကမယ္”

သရဲႀကီးကလည္း မိုးေပၚပ်ံေနၿပီးေတာ့ အိမ္ထဲမွာ ေဝ့လည္ေဝ့လည္နဲ႔ ပ်ံေနသဗ်ာ၊ ဘေသာင္းက လက္ႏွစ္ဖက္ကိုေဘးကိုဆန႔္တန္းၿပီးေတာ့ ရင္ဘတ္ကိုေကာ့ေပးထားတယ္၊ သရဲႀကီးက တစ္ခ်က္ေဝ့ပ်ံလိုက္ၿပီးေတာ့ ဘေသာင္းဆီကို တည့္တည့္ပ်ံသြားသဗ်ာ။

အနားေရာက္ေတာ့မွ ဘေသာင္းဆီကိုမဝင္ဘဲနဲ႔ က်ဳပ္ေဘးမွာရပ္ေနတဲ့ ဦးဘသာႀကီးဆီကို ဝုန္းခနဲေျပးဝင္သြားသဗ်ာ၊ အားဘယ္ေလာက္မ်ားသလဲဆိုရင္ ဦးဘသာဆို အေနာက္ကိုပက္လက္လန္ၿပီးေတာ့ကို လဲက်သြားတာဗ်။ က်ဳပ္လည္း ဦးဘသာကိုဆြဲထူရင္း

“ဦးဘသာ၊ ဘာျဖစ္တာလဲ၊ ဘာျဖစ္တာလဲဗ်ာ”

ဦးဘသာ တစ္ကိုယ္လုံးက တဆတ္ဆတ္တုန္ယင္ေနၿပီးေတာ့ မ်က္ခြံေတြက တျဖတ္ျဖတ္နဲ႔ခတ္လို႔ဗ်၊ မ်က္ျဖဴႀကီးလည္း လန္ေနပါေရာဗ်ာ၊ ဘေသာင္းက က်ဳပ္အနားကိုတစ္လွမ္းခ်င္းေလွ်ာက္လာၿပီး

“အကိုႀကီး၊ အကိုႀကီးက ဘာျဖစ္လို႔က်ဳပ္ဆီကိုမဝင္ဘဲ သူ႔ဆီကိုဝင္တာလဲဗ်ာ”

ဒီအခါ ဦးဘသာက

“မင္းအထဲကို ငါဝင္မရဘူး၊ မင္းက ကေဝရွင္တစ္ေယာက္၊ ၿပီးေတာ့ စုန္းေတြတပ္အပ္တဲ့ပညာေတြကို မင္းမတတ္ဘူး၊ ငါကေတာ့ စုန္းေတြကေဝေတြကို ဝါးၿမိဳထားတဲ့လူ၊ ဒီလူကလည္း စုန္းတစ္ေယာက္ဆိုေတာ့ မင္းဆီမွာကိန္းထာထက္ သူ႔ဆီမွာေနတာ ပိုၿပီးအက်ိဳးရွိမယ္လို႔ ငါယူဆတယ္”

“ဦးဘသာ၊ ဦးဘသာ၊ သတိထားပါအုံးဗ်ာ”

ခဏေနေတာ့မွ ဦးဘသာက သတိရလာတယ္ဗ်၊ ေနာက္ေတာ့ ငုတ္တုတ္ထထိုင္တယ္။။

“အလတ္ေကာင္၊ ငါတစ္မ်ိဳးႀကီးျဖစ္ေနတယ္”

“ဘယ္လိုျဖစ္တာလဲဗ်ာ”

“ငါ့ဆီမွာ အစြမ္းေတြျပည့္လာသလိုပဲ”

“ျပည့္လာမွာေပါ့ဗ်၊ ခင္ဗ်ားဆီမွာ က်ဳပ္အကိုက ဝင္ခိုေအာင္းသြားတာကိုး၊ အခုေတာ့ က်ဳပ္အကိုႀကီးက ခင္ဗ်ားရဲ႕အေစာင့္အေရွာက္ပုဂၢိဳလ္ျဖစ္သြားၿပီ”

ဦးဘသာက ေခါင္းတဆတ္ဆတ္ညိတ္ရင္း

“ငါ့ကိုယ္ထဲက အေစာင့္အေရွာက္ေတြမရွိေတာ့လို႔ ငါအင္အားနည္းေနတာနဲ႔အေတာ္ပဲကြာ၊ စိတ္ခ်ပါ ဘေသာင္း၊ ငါမင္းအကိုႀကီးကို ေကာင္းေကာင္းအသုံးခ်ၿပီးေတာ့ သူ႔အတြက္ေရာ၊ မင္းမိန္းမအတြက္ပါ လက္စားေခ်ေပးမွာပါကြ”

ဘေသာင္းက ေခါင္းညိတ္ျပလိုက္ၿပီးေတာ့ သူ႔လြယ္အိတ္ကိုဆြဲလြယ္လိုက္တယ္။

“ကဲအလတ္ေကာင္၊ ငါတို႔သြားၾကမယ္၊ ဒီေန႔ညမွာ ငါတို႔ျပန္လာခဲ့မယ္လို႔ ေအာင္ရွိန္ကိုကတိေပးခဲ့တယ္မဟုတ္လား”

က်ဳပ္လည္းေခါင္းညိတ္လိုက္တယ္။ ဦးဘသာက သူ႔လက္သီးကိုဆုပ္လိုက္ၿပီး

“အခုငါ့မွာအစြမ္းေတြရခဲ့ၿပီ၊ ကေဝရာခ်ီေထာင္ခ်ီဆီကေန အစြမ္းေတြလက္နက္ေတြရခဲ့ၿပီ၊ ငါမေၾကာက္ေတာ့ဘူး အလတ္ေကာင္”

“ဒါဆို အခုပဲသြားၾကပါစို႔ဗ်ာ”

ဦးဘသာက ေခါင္းခါရင္း

“အခုေတာ့မရေသးဘူး၊ ဘာျဖစ္လို႔လဲဆိုေတာ့ ငါ့ကိုယ္ထဲကိုဝင္ေနတဲ့ မင္းရဲ႕အကိုႀကီးနဲ႔ ငါနဲ႔ သဟဇာတမျဖစ္ေသးဘူး၊ အခ်ိတ္အဆက္ မမိေသးဘူးကြ၊ ဒီေတာ့ ငါအခ်ိန္နည္းနည္းလိုတယ္”

ဦးဘသာက ေျပာေနရင္း ၾကမ္းေပၚကို တင္ပလႅင္ေခြၿပီးထိုင္ခ်လိုက္တယ္။

“ငါအခု ငါ့ကိုယ္ထဲက အေစာင့္အေရွာက္ေတြနဲ႔ နည္းနည္းညႇိလိုက္အုံးမယ္၊ ညေနေစာင္းတဲ့အခါ ငါတို႔ေအာင္ရွိန္ဆီကိုသြားၾကမယ္၊ မင္းတို႔ကို ငါတစ္ခုမွာမယ္ေနာ္၊ ငါစိတ္ကိုထုံသြင္းေနတဲ့အခ်ိန္မွာ ငါ့ကိုမေႏွာင့္ယွက္ၾကနဲ႔၊ ငါ့ကိုယ္လုံးကိုမထိၾကနဲ႔၊ တကယ္လို႔ထိသြားလို႔ ငါလန႔္ႏိုးသြားခဲ့ရင္ မေအာင္ျမင္ဘဲ ျဖစ္သြားလိမ့္မယ္”

ဦးဘသာကေျပာၿပီးတာနဲ႔ လက္ကိုဒူးႏွစ္ဖက္ေပၚတင္ၿပီး မ်က္စိမွိတ္ခ်သြားတာပဲဗ်ာ၊ က်ဳပ္နဲ႔ ဘေသာင္းႏွစ္ေယာက္ကေတာ့ သူ႔ေဘးနားမွာက်န္ခဲ့ေတာ့တာေပါ့။

(၃)

က်ဳပ္လည္း အိမ္ထဲမွာထိုင္ေနရင္း ဦးေအာင္ရွိန္ေပးလိုက္တဲ့ ေတာင္ေဝွးကိုေသခ်ာၾကည့္ေနမိတယ္၊ ဘေသာင္းကလည္း က်ဳပ္ေဘးနားကိုလာထိုင္တယ္ဗ်၊ သူ႔လက္ထဲမွာလည္း ေႁမြပုံစံတုတ္တစ္ေခ်ာင္းေပါ့ဗ်ာ။

“မင္းလည္း တုတ္တစ္ေခ်ာင္း၊ ငါလည္း တုတ္တစ္ေခ်ာင္းေပါ့ကြာ”

က်ဳပ္လည္း သိခ်င္သြားတယ္။

“ဒါနဲ႔ ခင္ဗ်ားမိန္းမက ေႁမြစိမ္းဆိုဗ်၊ သူနဲ႔ခင္ဗ်ားနဲ႔က ဘယ္လိုေတြ႕ဆုံၾကတာလဲ”

ဘေသာင္းက သက္ျပင္းတစ္ခ်က္ခ်လိုက္ၿပီး

“လြန္ခဲ့တဲ့ ဆယ္ႏွစ္ေလာက္ကေပါ့ကြာ၊ ငါလည္း ကေဝတစ္ေယာက္ကိုသြားဖမ္းမယ္ဆိုၿပီး ပဲခူးဘက္ဆင္းလာတုန္း ႐ြာတစ္႐ြာမွာခဏနားျဖစ္တယ္၊ ႐ြာကေနအထြက္ လယ္ကြင္းေတြကိုျဖတ္ေတာ့ ငါ့နားထဲမွာ ကယ္ၾကပါ၊ ကယ္ၾကပါဆိုတဲ့ ေအာ္သံတစ္ခုကိုၾကားရသကြ၊ ဒါနဲ႔အသံဘယ္ကလာသလဲဆိုၿပီး လိုက္ရွာလိုက္ေတာ့ ႏြားေက်ာင္းသားေလးသုံးေယာက္လက္ထဲမွာ ေႁမြစိမ္းကေလးတစ္ေကာင္ကို ေတြ႕လိုက္ရတာပဲကြာ၊ ေႁမြက တစ္ကိုယ္လုံးကိုစိမ္းၿပီးေတာ့ ဝင္းလက္ေနတာပဲ၊ ငါလည္း အဲဒီေႁမြကေလးကို လမ္းေဘးကိုလြတ္ေပးလိုက္တာေပါ့ကြာ”

“အိမ္ျပန္ေရာက္ေတာ့ ဒီေႁမြကေလးက အိမ္မွာေရာက္ေနတယ္ကြ၊ ဘယ္လိုေရာက္လာသလဲေတာ့မသိဘူး၊ ေနာက္ေတာ့ ငါအိပ္တဲ့အခ်ိန္ အိပ္ရာေပၚတက္လာၿပီးေတာ့ ေႁမြကေလးက မိန္းကေလးတစ္ေယာက္ျဖစ္သြားသကြာ”

က်ဳပ္ျဖင့္္ ဘေသာင္းေျပာတာၾကည့္ၿပီး စိတ္ကူးယဥ္ေနမိတာေပါ့ဗ်ာ။

“ဗ်ာ၊ ေႁမြကေလးက မိန္းကေလးျဖစ္သြားတယ္တဲ့လား”

“ငါမင္းကို မလိမ္ပါဘူးကြာ၊ မိန္းကေလးကိုမွ ေတာ္ေတာ္ေခ်ာလွတဲ့မိန္းကေလးကြ၊ ဒီလိုနဲ႔ ငါနဲ႔ဒီမိန္းကေလးလည္း ညားသြားတာေပါ့ကြာ၊ ဟဲ . . .ဟဲ”

“မိုက္တယ္ဗ်ာ၊ ေႁမြနဲ႔လူနဲ႔ညားတာ အခုမွၾကားဖူးတယ္ဗ်”

“ညဘက္က်ေတာ့ သူကလူျဖစ္သြားတယ္ကြ၊ တစ္ေန႔လုံးေတာ့ ေႁမြအျဖစ္နဲ႔ပဲေနတာ၊ ငါတို႔အိမ္ခန္းထဲက ကုတင္ေအာက္မွာေခြေနတာပဲေဟ့၊ ဒါနဲ႔သူလူျဖစ္ေတာ့ ငါလည္းေမးၾကည့္တယ္ကြ၊ ေျပာရရင္ေတာ့ သူကေႁမြသိုက္နန္းလိုေနရာကေနလာတာကြ၊ ေန႔ခင္းဘက္ဆိုရင္ သူကသိုက္နန္းကိုသြားရတယ္၊ အဲဒီအခ်ိန္ဆိုရင္ေတာ့ အေခြလိုက္ကေလးက်န္ခဲ့တာေပါ့ကြာ၊ ညဘက္ေရာက္ေတာ့မွ ဒီဘက္ကိုေရာက္လာတာကြ၊ သူႏြားေက်ာင္းသားေတြအဖမ္းခံရတုန္းက ေန႔ဘက္ႀကီး၊ သစ္ေခါင္းတစ္ခုထဲမွာ ေခြေနတုန္း အဖမ္းခံရတယ္ဆိုပါေတာ့”

“က်ဳပ္မသိလို႔ေမးမယ္ေနာ္၊ ေႁမြနဲ႔ေပါင္းၿပီးေတာ့ သားသမီးေတြဘာေတြမထြန္းကားဘူးလားဗ်”

“ဒါေတာ့ငါလည္းမေျပာတတ္ဘူးကြ၊ အခုထိေတာ့ သားသမီးဆိုတာမရွိပါဘူးကြ၊ ငါ့မိန္းမကလည္း ငါကေဝဖမ္းတဲ့အခါ ကူညီပါတယ္၊ သူနဲ႔ငါ ကိုင္းကြၽန္းမွီ ကြၽန္းကိုင္းမွီဆိုသလို အမွီအဟဲျပဳေနတယ္ဆိုပါေတာ့ကြာ”

ဘေသာင္းက ေျပာရင္း သူ႔လက္ထဲက ေႁမြေတာင္ေဝွးကိုၾကည့္ၿပီး

“မိန္းမေရ၊ မင္းေႁမြသိုက္နန္းကို ျပန္သြားၿပီလား၊ ငါေျပာေနတာေရာ မင္းၾကားရရဲ႕လား”

ဘေသာင္းေမးလိုက္ေပမယ့္ ေႁမြေတာင္ေဝွးက တုတ္တုတ္ေတာင္မလႈွုပ္ဘူးဗ်ာ။ ဘေသာင္းက ေျပာရင္းဆိုရင္း အိမ္ထဲကိုဝင္သြားတယ္ဗ်၊ ဘာလိုလိုနဲ႔အခ်ိန္က ညေနသုံးနာရီေလာက္ေတာင္ ေရာက္ခဲ့ေပါ့။ က်ဳပ္က ဦးဘသာႀကီးကို ေစာင့္ရမွာမို႔လို႔ အိမ္ေရွ႕အတက္အဆင္းနားမွာ ဆက္ထိုင္ေနတာေပါ့၊ ဒီအခ်ိန္ ၿခံတံခါးပြင့္ထြက္သြားၿပီးေတာ့ ၿခံထဲကို လူေတြဝင္လာၾကတယ္ဗ်၊ မိန္းမႏွစ္ေယာက္ ေယာက္်ားတစ္ေယာက္ဗ်။ က်ဳပ္လည္း ဒီလူေတြကိုၾကည့္လိုက္ရင္း

“ခင္ဗ်ားတို႔ ကိုဘေသာင္းကိုလာရွာတာလား”

ဒီလူေတြထဲက ကြမ္းႀကီးၿမဳံ႕ေနတဲ့ မြန္ပုဆိုးအနီကြက္နဲ႔လူႀကီးက ေခါင္းခါၿပီးေတာ့

“မဟုတ္ဘူးကြ၊ မင္းဆီကိုလာခဲ့တာ”

အဲဒီလိုေျပာၿပီး သူကိုင္လာတဲ့ အုန္းဆံႀကိဳးေခြနဲ႔ က်ဳပ္ကိုလွမ္းပစ္ပါေရာဗ်ာ၊ အုန္းဆံႀကိဳးက ေလးငါးေတာင္ေလာက္ေတာ့ရွိမယ္ဗ်၊ သူလက္က ထြက္တဲ့အခါ ႀကိဳးက သူ႔အလိုလိုခုန္ေပါက္ေနပါေရာဗ်ာ၊ ေနာက္ေတာ့ ႀကိဳးက က်ဳပ္ပခုံးေပၚကိုက်တယ္ဗ်၊ ပခုံးေပၚေရာက္တယ္ဆိုရင္ပဲ ႀကိဳးက က်ဳပ္ရဲ႕လည္ပင္းကို သူ႔အလိုလိုေခြၿပီးပတ္ပါေရာဗ်ာ။ က်ဳပ္လည္း လည္ပင္းအစ္သြားၿပီးေတာ့ အဲဒီႀကိဳးကို လက္တစ္ဖက္နဲ႔ဆုပ္ကိုင္လိုက္တယ္၊ ႀကိဳးက တစ္ထပ္ၿပီးတစ္ထပ္ပတ္တာ ေျပာမေနပါနဲ႔ကြာ။

မြန္ႀကီးက အားရပါးရရယ္ရင္းနဲ႔

“အဲဒါ လူကိုးေယာက္တိတိ ဆြဲ(ဇြဲ)ႀကိဳးခ်ၿပီးေသခဲ့တဲ့ ႀကိဳးကြ၊ အခုမင္းနဲ႔ဆိုရင္ေတာ့ ဆယ္ေယာက္ေပါ့ကြာ”

သူေျပာေနတုန္း က်ဳပ္လည္း လည္ပင္းအစ္သြားတာနဲ႔ ေတာင္ေဝွးကိုင္ထားတဲ့လက္နဲ႔ ႀကိဳးကိုကိုင္လိုက္မိတယ္ဗ်၊ ေတာင္ေဝွးနဲ႔ႀကိဳးနဲ႔ထိသြားတဲ့အခါမွာ ႀကိဳးကခ်က္ခ်င္းေျပၿပီးေတာ့ ေျမေပၚကိုက်သြားတယ္၊ ေျမေပၚေရာက္တဲ့အခါ တီေကာင္ကိုဆားနဲ႔တို႔သလိုႀကိဳးက ေျမေပၚမွာခုန္ေနရွာသဗ်ာ၊ က်ဳပ္လည္း ေဒါသထြက္ထြက္နဲ႔ အဲဒီႀကိဳးကို ေတာင္ေဝွးနဲ႔ခ်ည္း လွိမ့္လွိမ့္႐ိုက္တာပဲဗ်ာ၊ ေလးငါးခ်က္ေလာက္႐ိုက္ၿပီးတဲ့အခါ ႀကိဳးက မလႈပ္ေတာ့ဘဲ ေျမႀကီးေပၚမွာၿငိမ္သြားေတာ့သဗ်၊ မြန္ႀကီးက က်ဳပ္ကိုမေက်မနပ္နဲ႔ၾကည့္ရင္း

“မင္း၊ မင္းလုပ္တာ ငါ့ႀကိဳးေသၿပီ၊ ငါ့ဆြဲ(ဇြဲ)ႀကိဳးေလး ေသရွာၿပီကြ”

မြန္ႀကီးကေျပာရင္း အေရွ႕ကိုအေျပးလာပါေရာဗ်ာ၊ ဒီအခါ အိမ္ထဲကေန ဘေသာင္းထြက္လာသဗ်၊ ဘေသာင္းက ဒီလူေတြကိုျမင္ေတာ့ လက္ထဲက ေၾကးျပားကေလးေတြနဲ႔လွမ္းပစ္တယ္ဗ်၊ ဒီလူေတြထဲက မိန္းမတစ္ေယာက္က ဓါးႏွစ္လက္နဲ႔အေရွ႕ခုန္တက္လာၿပီးေတာ့ ေၾကးျပားကေလးေတြကို ေလေပၚမွာပဲ ခုတ္ပိုင္းပစ္လိုက္ပါေရာဗ်ာ၊ ေၾကးျပားကေလးေတြက ႏွစ္ပိုင္းျပတ္ၿပီးေတာ့ ေျမေပၚကိုျပဳတ္က်တယ္။

ဒီမိန္းမက ေျမေပၚက်ေတာ့ ဓါးႏွစ္လက္ကို သိုင္းကစားျပေနေသးသဗ်ာ၊ သူ႔လက္ထဲမွာေတာ့ ႏွစ္ေတာင္ေလာက္ရွိမယ့္ ဓါးႏွစ္လက္ကိုင္ထားတယ္၊ အသားကေတာ့ ခပ္ျဖဴျဖဴပဲဗ်၊ အေပၚက ရွမ္းအက်ႌအနက္ကိုဝတ္ထားၿပီး ေအာက္ကလည္း ရွမ္းေဘာင္းဘီနဲ႔ဗ်၊ ေျခေထာက္မွာေတာ့ စြပ္ဖိနပ္အမဲကိုဝတ္ထားတယ္၊ ဆံပင္အရွည္ႀကီးကိုလည္း ဖားလ်ားခ်ထားေသးသဗ်ာ။

ေနာက္ေတာ့ ဘေသာင္းကို ဓါးနဲ႔လွမ္းၫႊန္ၿပီး

“ဘေသာင္း၊ နင္ငါ့ကိုမွတ္မိေသးလား”

ဘေသာင္းက အံ့ၾသေနတဲ့ပုံစံပဲဗ်။

“က်ဳပ္ခင္ဗ်ားကိုမသိဘူး”

ဒီမိန္းမက တစ္ခ်က္မဲ့လိုက္ၿပီး

“အင္းေပါ့၊ သစ္ခုတ္တဲ့ပုဆိန္က ကိုယ္ခုတ္တဲ့သစ္ပင္ကိုမမွတ္မိဘူးဆိုေပမယ့္ ေသရာပါေအာင္ခံခဲ့ရတဲ့ သစ္ပင္ကေတာ့ ပုဆိန္ကိုမွတ္မိေနတယ္ဆိုသလိုေပါ့၊ ရွင့္္ေၾကာင့္ က်ဳပ္ဘဝပ်က္ခဲ့ရတာ၊ ရွင္က်ဳပ္လင္ကိုသတ္တယ္၊ ၿပီးေတာ့ က်ဳပ္လင္ကိုဖမ္းသြားခဲ့တယ္မဟုတ္လား”

“ေၾသာ္၊ ငါမွတ္မိၿပီ နင့္ေယာက္်ားက ေ႐ႊႏွင္းဆီ႐ြာက ရွမ္းဆရာ ေမာင္ခ်ိဳမဟုတ္လား၊ နင့္ေယာက္်ားမေကာင္းတာေတြလုပ္လို႔ ငါကအေၾကာင္းသိေအာင္ဆုံးမေပးလိုက္တာ အဲဒါဘာျဖစ္လဲ”

“အခုက်ဳပ္ျပန္လာၿပီ က်ဳပ္လင္အတြက္ က်ဳပ္လက္စားေခ်ဖို႔ျပန္လာၿပီ၊ ရွမ္းျပည္ကို သုံးႏွစ္တိတိျပန္ၿပီး စုန္းဓါးေမွာ္ကို ေအာင္ျမင္ခဲ့ၿပီ”

ဘေသာင္းက မ်က္ႏွာပ်က္ေနတယ္ဗ်၊ က်ဳပ္လည္း ဘေသာင္းကိုၾကည့္လိုက္ရင္း

“ကိုဘေသာင္း ခင္ဗ်ားတစ္ခုခုလုပ္ေလဗ်ာ”

“ကေဝရွင္ဆိုတာ ကေဝေထာင္ေခ်ာက္ေတြကို အားကိုးရတာကြ”

“ဒါျဖင့္ ခင္ဗ်ားကေဝေထာင္ေခ်ာက္ေတြထုတ္ေလဗ်ာ”

“ကေဝေထာင္ေခ်ာက္ဆိုတာက ေထာင္ေခ်ာက္ဆိုတဲ့နာမည္အတိုင္း မလုပ္ခင္ကတည္းက ႀကိဳခ်ထားမွရတာကြ၊ ငါလည္း ေမ့သြားတာပါကြာ၊ အရင္ကဆို ငါ့ၿခံထဲကို စုန္းေတြမဝင္ရဲဘူးကြ၊ စုန္းေတြငါ့ၿခံကိုရွာမေတြ႕ေအာင္လို႔ အစီအရင္ေတြလုပ္ထားတာ၊ မနက္က မင္းတို႔ဝင္ခါနီးတုန္းက အစီအရင္ေတြကို ျပန္သိမ္းလိုက္မိတာနာတာပဲကြာ”

“ဒါဆို သူတို႔ကိုဘယ္လိုလုပ္မလဲဗ်ာ၊ ခင္ဗ်ားပဲ စုန္းေတြကိုႏိုင္တယ္ဆို”

“တစ္ေယာက္တည္းဆိုရင္ေတာ့ ဟုတ္တာေပါ့ကြာ၊ ၿပီးေတာ့ ငါကမႏိုင္ရင္ ငါ့မိန္းမကိုေခၚလို႔ရေသးတယ္၊ အခုေတာ့ ေခၚမရေတာ့ဘူးမဟုတ္လား”

“ေ႐ႊႏွင္းဆီ နန္းေဒဝီတဲ့ေဟ့၊ ေသေပေတာ့”

က်ဳပ္တို႔ေျပာေနတုန္း ရွမ္းမက ဓါးစုံကိုင္ၿပီး ဘေသာင္းကိုဝင္ခုတ္ပါေရာဗ်ာ၊ ဘေသာင္းလည္း အနားက ေႁမြေတာင္ေဝွးကိုေကာက္ၿပီးေတာ့ ျပန္ခုခံပါေရာ။ ရွမ္းမက ဓါးသိုင္းေတာ့ သိပ္ကြၽမ္းတယ္ဗ်ာ၊ ခုတ္ခ်က္ေတြက ျမန္လိုက္တာေျပာမေနပါနဲ႔၊ ဘေသာင္းက ခုခံရင္း မဟန္ေတာ့ဘူးဆိုတာ က်ဳပ္သိတယ္၊ ဒါနဲ႔က်ဳပ္လည္း ရွမ္းမကို တစ္ဖက္ကေန ဝင္ၿပိး ေတာင္ေဝွးနဲ႔ဝင္႐ိုက္ရေတာ့တယ္ဗ်ာ။

ႏွစ္ေယာက္တစ္ေယာက္ေတာင္မွ ရွမ္းမက အသာကေလးပဲဗ်ာ၊ က်ဳပ္တို႔မွာ သူ႔ဓါးခ်က္ကို မနည္းခုခံေနရသဗ်။ ဘေသာင္းက တစ္ခ်ီမွာေတာ့ သူ႔အိတ္ထဲကေန ျဖဴျဖဴအမႈန႔္ေတြထုတ္ၿပီး ပစ္ထည့္လိုက္တယ္ဗ်ာ၊ ရွမ္းမမ်က္ႏွာကို ျဖဴျဖဴအမႈန႔္ေတြထိသြားေတာ့ ရွမ္းမက အေနာက္ဆုတ္သြားတယ္။

“နင္တို႔ဘာလုပ္ေနတာလဲ အကုန္လုံးဝင္ၾက၊ အိမ္ေပၚကိုတက္ၿပီး အိမ္ေပၚက ေကာင္မကိုသတ္ၾက”

မိန္းမသံတစ္သံၾကားလိုက္ရတယ္ဗ်၊ ဒီအခါ မြန္ႀကီးကလည္း ႏြားကို နဖားထိုးတဲ့ ႀကိဳးႀကီးတစ္ေခ်ာင္းကို လႊဲရမ္းၿပီးေတာ့ အေရွ႕ကိုတိုးလာတယ္၊ က်ဳပ္တို႔တိုက္ခိုက္ေနတာကို ေရွာင္ၿပီးေတာ့ အိမ္ေပၚကိုေျပးတက္ဖို႔ႀကိဳးစားတယ္ဗ်၊ က်ဳပ္က ဘေသာင္းကိုပစ္ထားခဲ့ၿပီး ေလွကားဆီကိုေျပးလာလိုက္တယ္။

ဒီလူႀကီးက က်ဳပ္ကိုႀကိဳးနဲ႔လႊဲ႐ိုက္တာပဲဗ်ာ၊ ႀကိဳးသံက ဝွီးခနဲ ဝွီးခနဲပဲဗ်၊ က်ဳပ္လည္း သူ႔ႀကိဳးကို ေတာင္ေဝွးနဲ႔ခံလိုက္တယ္၊ ႀကိဳးက ေတာင္ေဝွးမွာပတ္သြားသဗ်၊ ဒီလူႀကီးက ႀကိဳးကိုလက္ႏွစ္ဖက္အားကုန္သုံးၿပီးေတာ့ ဆြဲပါေရာဗ်ာ၊ က်ဳပ္လည္း ေတာင္ေဝွးကို လက္ႏွစ္ဖက္နဲ႔ကိုင္ၿပီး ျပန္ဆြဲရတယ္။

ဒီအခ်ိန္ ပိန္ပိန္ပါးပါးနဲ႔မိန္းမတစ္ေယာက္က

“ေျမလွ်ိးစုန္းတဲ့ေဟ့”

လို႔တစ္ခ်က္ေအာ္ၿပီးေတာ့ ေျမႀကီးထဲကို ေရထဲဒိုင္ဗင္ထိုးခ်သလို ထိုးခ်လိုက္သဗ်ာ၊ ေျမႀကီးထုက သူဝင္သြားတဲ့အခါ ေရေတြလိုပါပဲဗ်ာ၊ ေနာက္ေတာ့ေျမႀကီးေတြက တဗြက္ဗြက္နဲ႔ပြက္ရင္း အိမ္ေအာက္ကိုဝင္ခ်သြားတယ္ဗ်။ က်ဳပ္လည္း ဦးဘသာကို ကာကြယ္ရမွာမို႔လို႔ လက္ထဲက ေတာင္ေဝွးကိုစုံလႊတ္လိုက္ေတာ့တယ္၊ ေတာင္ေဝွးကို မြန္ႀကီးကဆြဲေနတာဆိုေတာ့ က်ဳပ္လႊတ္လိုက္တဲ့အခါ ေတာင္ေဝွးက သူ႔ဆီပ်ံထြက္သြားၿပီးေတာ့ သူ႔နဖူးေျပာင္ေျပာင္ႀကီးကို ေဒါင္ခနဲ႐ိုက္မိပါေရာဗ်ာ၊ မြန္ႀကီးက အေနာက္ကို ေျခဆယ္လွမ္းေလာက္လြင့္ထြက္သြားၿပီး ေျမႀကီးေပၚမွာ စင္းစင္းႀကီးလဲက်သြားေတာ့တယ္၊ က်ဳပ္လည္း အိမ္ေပၚကိုအျမန္ေျပးတက္လိုက္တာေပါ့။

အိမ္ၾကမ္းျပင္က စြပ္ခနဲေပါက္သြားၿပီးေတာ့ခုနက ေျမလွ်ိဳးစုန္းမက အိမ္ေပၚကိုေရာက္လာတယ္ဗ်ာ၊ ဦးဘသာႀကီးကို လက္နဲ႔ပုတ္မယ္ဆိုၿပီးလုပ္ေနတာနဲ႔ က်ဳပ္က အနားကိုၾကည့္လိုက္ၿပီး အနားမွာရွိတဲ့ ပုလင္းကြဲတစ္ခုနဲ႔လွမ္းေပါက္ထည့္လိုက္ပါေရာဗ်ာ၊ အဲဒီပုလင္းေတြက ခုနက ဘေသာင္း႐ိုက္ခြဲထားတဲ့ပုလင္းေတြဗ်။ စုန္းမက သူ႔ဆီပ်ံလာတဲ့ပုလင္းကြဲကို လက္ညႇိဳးထိုးထည့္လိုက္ေတာ့ ပုလင္းကြဲက အစိတ္စိတ္အႁမြာႁမြာျဖစ္ၿပီး သဲမႈန္ကေလးေတြလိုျဖစ္သြားတယ္ဗ်ာ။

က်ဳပ္အနားက နံရံကပ္ဘီ႐ိုကေလးတစ္ခုထဲမွာလည္း ပုလင္းေတြစီလို႔ဗ်၊ ဒီပုလင္းေတြကေတာ့ ကေဝပုလင္းမဟုတ္ေလာက္ဘူးဗ်၊ ကေဝပုလင္းဆိုရင္ ဘေသာင္းက ႐ိုက္ခြဲမွာေပါ့ဗ်ာ၊ ပုလင္းေတြက အ႐ြယ္စုံပဲဗ်၊ စာေတြေရးၿပီးပတ္ထားေသးတယ္၊ က်ဳပ္က ပုလင္းအညိဳကေလးႏွစ္လုံးေကာက္ၿပီး ပစ္ထည့္လိုက္တာေပါ့ဗ်ာ၊ စုန္းမကလည္း ပုလင္းႏွစ္လုံးကို လက္ညႇိဳးႏွစ္ဖက္နဲ႔ဘယ္ညာထိုးထည့္လိုက္ေတာ့ ပုလင္းေတြက သဲမႈန႔္ျဖစ္သြားပါေရာ၊ ဒါနဲ႔ က်န္တဲ့ပုလင္းေတြကို တစ္ခုၿပီးတစ္ခု ေကာက္ေကာက္ေပါက္ေနမိတယ္ဗ်၊ ႏွမ္းဆီလို႔ေရးထားတဲ့ပုလင္းေတြ၊ မက္လင္ခ်ဥ္၊ ပ႐ုပ္လို႔ ေရးထားတဲ့ပုလင္းေတြ အစုံပါပဲဗ်ာ၊ ေနာက္ေတာ့ ပုလင္းအျဖဴကေလးတစ္လုံးနဲ႔ ေကာက္ေပါက္ထည့္လိုက္ပါေရာဗ်ာ၊ ဒီပုလင္းက ေနာက္ဆုံးပုလင္းပဲဗ်၊ စုန္းမက ဒီပုလင္းကိုလည္း သူ႔အေရွ႕ေရာက္တဲ့အခါ ပစ္ခြဲလိုက္ပါေရာ။

“ဟား၊ ဟား ပစ္အုံးေလ၊ နင့္ပုလင္းကုန္ၿပီမဟုတ္လား”

စုန္းမက ေျပာရင္း က်ဳပ္ကိုလက္ညႇိဳးနဲ႔ဖမ္းထိုးတယ္။

“ပုလင္းေတြအလွည့္ၿပီးေတာ့ ဒီတစ္ခါနင့္အလွည့္္၊ နင့္ကိုလည္း ပုလင္းေတြကို အမႈန႔္လုပ္ပစ္သလို အမႈန႔္ႀကိတ္ပစ္မယ္”

က်ဳပ္ေတာ္ေတာ္လန႔္သြားတယ္ဗ်၊ က်ဳပ္က ဘာပညာမွမတတ္တာပဲဗ်၊ စုန္းမက က်ဳပ္ကိုလက္ညႇိဳးထိုးထားရင္း မ်က္ႏွာႀကီးကရႈံ႕မဲ့လာတယ္ဗ်၊ သူ႔လက္ညႇိဳးကလည္း တြန႔္တြန႔္သြားၿပီးေတာ့ ေနာက္လက္တစ္ဖက္နဲ႔ ပခုံးေတြကို ကုပ္ေနပါေရာဗ်ာ၊ ေနာက္ေတာ့ မ်က္ႏွာေတြ လည္ပင္းေတြကို လက္ႏွစ္ဖက္နဲ႔ကို အားရပါးရကုပ္ဖဲ့ေတာ့တာပါပဲ။

“ဘာျဖစ္တာလဲ၊ ဘာျဖစ္သြားတာလဲ”

“ေအာင္မယ္ေလး၊ ယားတယ္၊ ယားလိုက္တာ၊ အား . . . အား”

က်ဳပ္လည္း ဘာျဖစ္သြားမွန္းကို မသိလိုက္တာပဲဗ်ာ၊ ဘေသာင္းက ရွမ္းမနဲ႔တိုက္ခိုက္ရင္း တစ္ခ်ီေရာက္ေတာ့ ရွမ္းမခုတ္တဲ့ဓါးကို သူ႔ရဲ႕ေႁမြေတာင္ေဝွးနဲ႔ ကာထည့္လိုက္ေတာ့ ေႁမြေတာင္ေဝွးက ေႁမြတစ္ေကာင္လိုမ်ိဳး ဓါးကိုရစ္ပတ္သြားသဗ်ာ။ ၿပီးေတာ့ ေႁမြမ်က္လုံးႀကီးေတြက စိမ္းစိမ္းဖန႔္ဖန႔္ဝင္းလက္လာၿပီးေတာ့ ေႁမြပါးစပ္ထဲကေန အစိမ္းေရာင္အရည္ေတြက ရႉးခနဲပန္းထြက္လာသဗ်ာ၊ အရည္ေတြက ရွမ္းမမ်က္ႏွာကိုထိသြားတာနဲ႔ ရွမ္းမက ဓါးကိုလႊတ္ခ်ၿပီးေတာ့ မ်က္ႏွာကိုလက္နဲ႔ပြတ္ေတာ့တာပဲဗ်ာ၊ ပြတ္ရင္းပြတ္ရင္း ရွမ္းမရဲ႕မ်က္ႏွာအသားေတြက တျဖည္းျဖည္းအရည္ေပ်ာ္က်လာေတာ့တာပဲဗ်ာ၊ ေႁမြကပက္လိုက္တဲ့အဆိပ္ေတြက အက္ဆစ္ေတြျဖစ္မယ္ဗ်၊ ဘေသာင္းက သူဘာျဖစ္သြားမွန္းလည္း သူသိပုံမရဘဲ ေတာင္ေဝွးကိုပဲေငးၾကည့္ေနမိတယ္၊ ေတာင္ေဝွးက ေပ်ာ့ေပ်ာ့ႀကီးကေန တခါ ျပန္ၿပီးေတာင့္တင္းသြားပါေရာဗ်ာ။

ဘေသာင္းက အိမ္ေပၚေျပးတက္လာေတာ့ မတ္တပ္ရပ္ၿပီး ကုပ္ဖဲ့ေနတဲ့ စုန္းမကိုေတြ႕သြားတယ္။

“ကိုဘေသာင္း၊ သူဘာျဖစ္တာလဲမသိဘူးဗ်”

“မင္းဘာလုပ္လိုက္လို႔လဲ”

“ဘာမွမလုပ္ပါဘူးဗ်ာ၊ ေဟာဒီဘီ႐ိုကေလးထဲက ပုလင္းေတြနဲ႔ေကာက္ေပါက္ထည့္လိုက္တာပဲ”

ဘေသာင္းက ၿပဳံးသြားၿပီးေတာ့

“ေဟ၊ ဒါဆိုရင္ေတာ့ စုန္းမက ေခြးလ်ားသီးမႈန႔္စာ မိသြားတာပဲေဟ့၊ ငါေဆးေဖာ္မယ့္ အမယ္ေတြကို ဒီထဲထည့္သိမ္းထားတာကြ၊ ေခြးလ်ားသီးအမႈန႔္လည္းပါတယ္”

က်ဳပ္လည္း စုန္းမကိုလက္ညႇိဳးထိုးၿပီး ရယ္ပါေရာဗ်ာ။

“လတ္စသတ္ေတာ့ စုန္းမယားေနတာ ေခြးလ်ားသီးေၾကာင့္္ကိုးဗ်၊ ဟား၊ ဟား”

စုန္းမကေတာ့ မေက်မခ်မ္းနဲ႔ဗ်။

“နင့္ကိုငါသတ္မယ္ေဟ့ေကာင္၊ နင့္ကိုငါသတ္မယ္”

သူက ပါးစပ္နဲ႔ပဲေျပာႏိုင္တာပါဗ်ာ၊ တကယ္တမ္းက်ေတာ့ ကုတ္ေနတာလက္ႏွစ္ေတာင္မအားဘူးဗ်ိဳ႕၊ ဘေသာင္းက

“ကဲ၊ ကုပ္ေနတဲ့ဟာမေရ၊ ဒီအတိုင္းကုပ္ေနလို႔ရမလား၊ ေရေလးဘာေလးနဲ႔ သြားခ်ိဳးခ်လိုက္ေပါ့ဟ”

စုန္းမက ကုပ္ေနရင္း

“ေရ၊ ဟုတ္တယ္၊ ေရေဆးရမယ္ ေရနဲ႔ေဆးရမယ္”

ေျပာရင္းဆိုရင္း ၾကမ္းေပါက္ထဲကိုခုန္ခ်သြားၿပီးေတာ့ ေျမႀကီးထဲဝင္ၿပီး ေျပးေတာ့တာပဲဗ်ာ၊ က်ဳပ္က ကိုဘေသာင္းကိုၾကည့္ရင္း

“ကိုဘေသာင္းရာ စုန္းမကို ဘာျဖစ္လို႔အယားေပ်ာက္မယ့္နည္း ေပးလိုက္တာလဲဗ်”

ဘေသာင္းက ဟက္ဟက္ပက္ပက္ရယ္ရင္း

“မင္းဘာသိလို႔လဲေကာင္ေလးရ၊ ေခြးလ်ားသီးဆိုတာ ေရနဲ႔ထိရင္ ပိုယားတယ္ကြ၊ ဟား၊ ဟား”

သူရယ္ေတာ့မွ က်ဳပ္လည္းလိုက္ရယ္မိတယ္ဗ်ာ။ က်ဳပ္တို႔ရယ္ေနတုန္း မိန္းမတစ္ေယာက္က ၿခံထဲကိုဝင္လာတယ္၊ လက္ထဲမွာလည္း ကေလးေလးပိုက္လို႔ဗ်။

“ဟဲ့ေကာင္၊ ထြက္လာခဲ့စမ္း၊ နင္နဲ႔ငါနဲ႔စာရင္းရွင္းမယ္”

က်ဳပ္တို႔ထြက္ၾကည့္လိုက္ေတာ့ ညကေတြ႕ခဲ့တဲ့ မိလႈိင္ျဖစ္ေနသဗ်၊ မိလႈိင္လက္ထဲမွာလည္း ကေလးအႏွီးထုပ္ကေလးကို ကိုင္လို႔ဗ်ိဳ႕။

“ဟာ၊ မိလႈိင္၊ မိလႈိင္ပါလား”

“ကိုဘေသာင္း ခင္ဗ်ားမိလႈိင္ကို ႏိုင္တယ္မဟုတ္လား”

ဒီအခ်ိန္ မိလႈိင္က အႏွီးထုပ္ကေလးကို လက္ႏွစ္ဖက္နဲ႔ကိုင္ၿပီးေတာ့ က်ဳပ္တို႔ဘက္ကို မ်က္ႏွာေပးလိုက္တယ္၊ ေနာက္ေတာ့ ကေလးကိုၾကည့္ရင္း

“ကဲ သားေလးေရ၊ သားအစြမ္းသိေအာင္ ဒီေကာင္ေတြကိုျပလိုက္စမ္းပါအုံးကြာ”

ကေလးေလးက ပါးစပ္ႀကီးၿပဲထြက္သြားတယ္ဗ်ာ၊ ေနာက္ေတာ့ မ်က္လုံးေတြက အဝါေရာင္ႀကီးလင္းလာတယ္၊ ပါးစပ္ထဲမွာလည္း အဝါေရာင္ေတြလင္းလာၿပီးေတာ့ အလင္းတန္းႀကီးတစ္ခုထြက္လာပါေရာဗ်ာ။

“ေရွာင္ေဟ့”

ဘေသာင္းက ေျပာလိုက္ၿပီး က်ဳပ္ကိုေဆာင့္တြန္းထဲ့လိုက္တယ္၊ က်ဳပ္တို႔က အိမ္အတက္အဆင္းေလွကားမွာရပ္ေနတာဆိုေတာ့ ေလွကားေပၚက ျပဳတ္က်တာေပါ့ဗ်ာ၊ ဘေသာင္းလည္း ျပဳတ္က်တယ္၊ ေလွကားက သုံးထစ္ဆိုေပမယ့္ နည္းနည္းေတာ့ျမင့္သဗ်ာ။

အလင္းတန္းႀကီးက က်ဳပ္တို႔ကိုမထိဘဲ အိမ္ကိုေဖာက္ဝင္သြားတယ္ဗ်ာ၊ က်ဳပ္တို႔ရပ္ေနတဲ့ေနရာကေန ဟိုးအိမ္အေနာက္ဘက္အထိကို စေကာဝိုင္းေလာက္က်ယ္တဲ့အေပါက္ႀကီးတစ္ခုျဖစ္သြားသဗ်၊ အေပါက္ႀကီးကေနလည္း မီးခိုးေတြထြက္ေနေသးတယ္။ ထိသာထိလိုက္လို႔ကေတာ့ မေတြးဝံ့စရာပဲဗ်ာ။

“ဟား၊ ဟား၊ ကေဝသားပိုက္ မိလႈိင္ဆိုတာငါပဲ၊ ဒီေန႔က နင္တို႔ရဲ႕ေသမယ့္ေန႔ပဲေဟ့”

ကေလးပါးစပ္ကေန အဝါလုံးႀကီးတစ္လုံးထြက္လာသဗ်ာ၊ ဘေသာင္းကလည္း လွ်င္လို႔ေပါ့ဗ်ာ၊ ေဘးကိုတစ္ခါတည္း ကြၽမ္းထိုးထည့္လိုက္တာဗ်၊ ဝုန္းခနဲအသံႀကီးနဲ႔အတူ သူခုနက က်ခဲ့တဲ့ေနရာမွာ တစ္ေတာင္ေလာက္နက္တဲ့က်င္းႀကီးျဖစ္သြားပါေရာ။ က်ဳပ္မိလႈိင္ဘက္ကိုၾကည့္လိုက္တဲ့အခ်ိန္မွာ က်ဳပ္ဆီကိုလည္း အဝါလုံးႀကီးပ်ံလာသဗ်၊ ျမန္လိုက္တာလည္း ေျပာမေနပါနဲ႔ဗ်ာ၊ က်ဳပ္က ခုနက ေလွကားေပၚက က်ထားတာဆိုေတာ့ ကုန္းကုန္းကြကြႀကီးဗ်။ က်ဳပ္ျဖင့္ ဒီအလုံးကို ေရွာင္ႏိုင္မယ္မထင္ဘူးဗ်ာ၊ အလုံးႀကီးက က်ဳပ္မ်က္ႏွာအနားကပ္လာတဲ့အခ်ိန္မွာ သူ႔အလိုလိုရပ္သြားတယ္ဗ်၊ ၿပီးေတာ့ မိုးေပၚကိုပ်ံတက္သြားၿပီး ေပ်ာက္သြားပါေရာ၊ ဒီအခ်ိန္ ေလွကားဝမွာ ေခ်ာေခ်ာကလာရပ္တယ္ဗ်။

“ဦး . . .ဦးဘသာ”

က်ဳပ္ေရ႐ြတ္လိုက္မိတယ္၊ ဦးဘသာမ်က္လုံးက မိုးႀကိဳးလွ်ပ္စီးေတြလိုမ်ိဳး တလက္လက္နဲ႔ဝင္းလက္ေနပါေရာဗ်ာ၊ ေနာက္ေတာ့ သူ႔ပါးစပ္ကိုဟလိုက္ၿပီး ေဟး လို႔ အသံအက်ယ္ႀကီးနဲ႔ေအာ္ထည့္လိုက္ေတာ့ ပါးစပ္ထဲကေန အျပာေရာင္အလင္းတန္းႀကီးတစ္ခုထြက္သြားပါေရာဗ်ာ၊ အျပာေရာင္အလင္းတန္းႀကီးက မိလႈိင္ကိုထိသြားတယ္ဆိုရင္ပဲ မိလႈိင္က ေအာ္ၿပီးငိုေတာ့တာပဲဗ်ာ၊ ငိုေနရင္းနဲ႔ သူ႔မ်က္လုံးေတြ၊ ပါးစပ္ေတြက အျပာေရာင္ႀကီးေတြလင္းလာတယ္ဗ်၊ ဟုန္းခနဲတစ္ခ်က္ ေပါက္ကြဲထြက္ၿပီးတဲ့အခါ မိလႈိင္ေရာ သူ႔သားေရာ အစအနပါေပ်ာက္သြားသဗ်ာ၊ ေရမႈန္ေရမႊားကေလးေတြကို အမႈန္ေလးေတြက မိုးေပၚကိုပ်ံတက္ေနပါေရာ၊ ဒီလိုနဲ႔ ကေဝသားပိုက္မိလႈိင္တစ္ေယာက္ ဦးဘသာလက္ခ်က္မိၿပီးေတာ့ ႂကြသြားတာ အမႈန္ေတာင္မက်န္ခဲ့ပါဘူးဗ်ာ။

က်ဳပ္လည္း ေတာ္ေတာ္လန႔္ေနမိတယ္၊ ဦးဘသာ မ်က္လုံးထဲက အခိုးအေငြ႕ေတြက ထြက္ေနတုန္းေပါ့ဗ်ာ၊ က်ဳပ္ဦးဘသာ ပခုံးကိုသြားပုတ္လိုက္ေတာ့ ဦးဘသာ က်ဳပ္ကိုစိန္းစိန္းႀကီးၾကည့္တယ္ဗ်။ ဦးဘသာကိုၾကည့္ရတာ ဦးဘသာမဟုတ္ေတာ့သလိုပါပဲဗ်ာ၊ က်ဳပ္ကိုတြန္းလြတ္လိုက္ေတာ့ က်ဳပ္ျဖင့္အေနာက္ကိုလြင့္ထြက္သြားတယ္၊ ဦးဘသာကေတာ့ အိမ္ေပၚကေနတစ္လွမ္းခ်င္းဆင္းလာရင္း

“သြားၾကမယ္၊ ဒီေကာင့္ကို လက္စားေခ်ရမယ္”

အသံအက္အက္ကြဲကြဲႀကီးနဲ႔ ေျပာရင္း ၿခံထဲကေနထြက္သြားပါေရာ၊ က်ဳပ္နဲ႔ဘေသာင္းလည္း တစ္ေယာက္ကိုတစ္ေယာက္ ၾကည့္လိုက္မိတယ္။

“ဦးဘသာ ဘာျဖစ္သြားတာလဲဗ်”

“သူေအာင္ျမင္သြားတာလား၊ မေအာင္ျမင္တာလားေတာ့ ငါလည္းမသိဘူးကြ၊ ဘာပဲေျပာေျပာ သူ႔အေနာက္ကို ငါတို႔လိုက္သြားၾကစို႔”

ဘေသာင္းက လြယ္အိတ္လြယ္လိုက္ၿပီးေတာ့ ေႁမြေတာင္ေဝွးေလးေကာက္လိုက္တယ္၊ ၿခံေရွ႕ကိုထြက္လာေတာ့ က်ဳပ္လည္း က်ဳပ္ရဲ႕ေတာင္ေဝွးကေလးျပန္ေကာက္ၿပီးေတာ့ ၿခံထဲကေန အတူတူထြက္လာခဲ့ၾကေတာ့တာေပါ့ဗ်ာ။

ဆက္ရန္။
#အဂၢေဇာ္ #ဦးဘသာ #စုန္း #သရဲ #ဦးေအာင္ရွိန္