“ခြေရာတစ်တောင် ငနက်မှောင်”(စ/ဆုံး)

Unicode Version

“ခြေရာတစ်တောင် ငနက်မှောင်”(စ/ဆုံး)
——————————————–
မူရင်းရေးသူ_ဆရာတာတေ

အညာမိုးဆိုတာ စွေပြီးရွာတယ်လို့ ဘယ်ရှိမှာတုံးဗျာ။
သဲသိပ်ရုံလောက်ပဲ ရွာတာပါ။
ဒါပေမယ့် ညကရွာတဲ့မိုးကတော့ တော်တော်ကြာသားဗျ။
မိုးအအေးဓါတ်ကလေးနဲ့ ကျုပ်လည်း အိပ်ရာထဲမှာ ခွေနေတာဗျ။
နိုးလာလိုက်။ပြန်အိပ်သွားလိုက်နဲ့ပေါ့ဗျာ။

ကိုကြီးတာတေ ကိုကြီးတာတေ”
ကျောက်ခဲအသံဗျ။ဒီကောင် ဘာဖြစ်လာတယ်
မသိဘူးဗျို့။ပျာပျာ ပျာပျာပျာနဲ့ ရောက်လာပြန်ပြီ
ကျုပ်လည်း အိပ်ရာကနေ ကပျာကယာ
ထလိုက်ရတာပေါ့ဗျာ။
ဒီကောင် အိမ်ပေါ်ကို တန်းပြီးတက်လာတာဗျို့။
ကျုပ်ခြင်ထောင်ဖွင့်ပြီး ထွက်လာတာနဲ့ ကျောက်ခဲက
ကျုပ် အိပ်ရာဘေးကို ရောက်နေပြီဗျ။

“ဟေ့ကောင် ကျောက်ခဲ ဘာတွေအလုပ်များနေတုံး”

“အလုပ်ကတော့ အမြဲများနေတာပေ့ါ ကိုကြီးတာတေရာ
ကျုပ်တို့က တောင်သူသားတွေ မဟုတ်လားဗျာ”
ကျုပ်ခေါင်းညိတ်ပြရင်း အိပ်ရာက ထလိုက်တယ်။
ကျုပ်မျက်နှာသစ်ပြီး ထွက်လာတော့ အမေ
အဆင့်သင့်ပြင်ပေးထားတဲ့ ထမင်းကြမ်း စားတယ်ဗျ။
အဘမြို့က ပြန်လာတော့ ဝယ်လာတဲ့ အမဲသားကို
ခရမ်းချည်သီးနဲ့ သေသေချာချာ ဆီပြန်ချက်ထားတဲ့
ဟင်းဗျ။

“ကျောက်ခဲ ထမင်းကြမ်း စားလေ”

“ကျုပ် စားခဲ့ပြီးပြီဗျ။ကိုကြီးတာတေ”

ကျုပ်က ထမင်းကြမ်းစားတော့ ဒီကောင် ရေနွေးကြမ်း
သောက်နေတယ်။

“နို့ နေပါဦး ကျောက်ခဲရဲ့ မင်း အစောကြီး
ရောက်လာတာ ကိစ္စရှိလို့လားကွ”

“ရှိသမှ ကိစ္စက သေးသေးလေး မဟုတ်ဘူးဗျ။
တစ်တောင်ကျော်,ကျော်ကို ရှိတာ”

“ဘာကွ မင်းစကားက အဆန်းပါလား။ကိစ္စက
တစ်တောင်ကျော်,ကျော်ရှိတယ် ဟုတ်လား
ဘာအဓိပ္ပါယ်တုံး ကျောက်ခဲရ”

ကျုပ်က ထမင်းကြမ်းစားရင် ကျောက်ခဲကို
လှမ်းကြည့်နေတာဗျ။

“ကိုကြီးတာတေက အိပ်ရာက အခုမှနိုးတာကိုဗျ
ဘာသတင်းမှ မကြားသေးဘူးပေါ့”

“ဟေ့အေး ငါ ဘာမှ မကြားသေးဘူးကွ
ရွာထဲမှာ ဘာများဖြစ်လို့တုံး”

“ဟကောင် ကျောက်ခဲ မင်းစကားတွေက
အထူးအဆန်းတွေချည်းပါလား ရှင်းရှင်းပြောစမ်းပါကွာ”

“ဒီလို ကိုကြီးတာတေရ ရွာမြောက်ဘက်မှာ
ဘွားမယ်လှတို့ယာ ရှိတယ်မို့လား”

“အေး ဟုတ်တယ်လေကွာ မြောက်ဘက်က ကပ်လျက်
ထန်းတောရှိတဲ့ယာက ဘွားမယ်လှတို့ယာပေါ့ကွ”

“အဲဒီယာထဲမှာ ခြေရာကြီးတွေ့လို့ဗျ”

“ဘာခြေရာတုံးကွ ကျောက်ခဲရ”

“ဟ ယာထဲမှာ လူခြေရာတွေ့တာ ဆန်းလို့လားကွ
ကျောက်ခဲရ”

“ဟာ …ဆန်းပါပြီလားဗျာ ခြေရာက လူခြေရာ
ဆိုပေမယ့် တစ်တောင်လောက် ရှိတာဗျ။
ဒါလူကြီးလက်နဲ့ တိုင်းတာနော်။ ကျုပ်လက်နဲ့
တိုင်းကြည့်တာတော့ တစ်တောင်ကျော်တယ်ဗျ”

“ဟေ မင်း ရောက်ပြီးသွားပြီလား ကျောက်ခဲရ”

“ဟာ ရောက်ပြီးပြီပေါ့ဗျ။ထနောင်းကုန်းက တာတေ့တပည့်
ကျောက်ခဲပဲဗျာ ရှေ့ဆုံးကပေါ့”

“အင်း ဒီသတင်းကို တို့ရွာသားတွေ သိသွားကြပြီလားကွ”

“သိလို့ပဲ တစ်ရွာလုံး သွားကြည့်ကြပြီးပြီဗျ။
မကြည့်ရသေးတာဆိုလို့ ကိုကြီးတာတေပဲ
ကျန်တော့မှာဗျ”

ကျုပ်နဲ့ကျောက်ခဲနဲ့ ပြောဆိုနေကြတုန်းမှာပဲ
အမေဝိုင်းထဲကို ဝင်လာတယ်။အမေ ဘယ်အချိန်က
ရွာထဲသွားလိုက်မှန်း ကျုပ်တောင် မသိလိုက်ဘူးဗျ။

“တာတေ နေရာတကာ ရှေ့ကရောက်တဲ့ ကိုတာတေရေ
ဒီတစ်ခါတော့ နောက်ဆုံးကပါလားတော်”

“အမေ ဘယ်က ပြန်လာတာတုံးဗျ”

“ဟဲ့ ဘယ်က ပြန်လာရမှာတုံး တစ်ရွာလုံး
အုံးအုံး ကျွတ်ကျွတ် ဖြစ်နေတဲ့ ခြေရာတွေကို
သွားကြည့်တာပေါ့ဟဲ့”

“ခြေရာကြီးတွေ အကြီး,ကြီးဆိုတာ ဟုတ်လား အမေ”

“ဟုတ်ပါတော် တစ်တောင်လောက်ရှိတဲ့
ခြေရာကြီးတွေဟဲ့ တာတေရဲ့”

ကျုပ် ထမင်းဆက်စားလို့တောင် မရတော့ဘူးဗျ။
ခပ်မြန်မြန်ပဲ ထမင်းကြမ်းစားပြီး ကျုပ်နဲ့ ကျောက်ခဲ
ရွာပြင် ထွက်လာခဲ့တယ်။
ရွာမြောက်ဘက်က ဘွားမယ်လှယာထဲ ရောက်တော့

“ကိုကြီးတာတေ အဲဒီမှာ ခြေရာကြီးတွေ”

ကျောက်ခဲက ကျုပ်ကို ပြတာဗျ။ကျုပ် ရောက်တော့
လူရှင်းနေပါပြီ။ တစ်ရွာလုံးကလူတွေ ဒီခြေရာကြီးတွေကို
ထွက်ပြီး ကြည့်ပြီးသွားပြီး ထင်တယ်။

“ဟာ ”

ကျုပ်တောင် ပါးစပ်က လွှတ်ကနဲ အော်လိုက်မိတာဗျ။
နည်းတဲ့ခြေရာကြီး မဟုတ်ပါဘူးဗျာ။ယောင်္ကျားကြီး
တစ်တောင်တော့ အနည်းဆုံး ရှိတယ်ဗျ။ညက
တစ်ညလုံး မိုးကလေး တစိမ့်စိမ့်ရွာနေတော့
သဲတွေက ကျစ်ပြီး သိပ်နေတာလေဗျာ။ဒီတော့
ခြေရာက ကောင်းကောင်းမြင်ရတာပေါ့ဗျ။

ကျုပ် သေသေချာချာ ကြည့်တယ်ဗျ။ခြေချောင်းကလည်း
ငါးချောင်းပဲ။အရှည်တစ်တောင်ကျော်ကျော်ရှိတဲ့
ခြေဖဝါးဆိုတော့ ဗြက်ကလည်း အကြီးကြီးပေါ့ဗျာ။
စုံထောက်တွေရဲ့ ပညာမှာတော့ အလျားဘယ်လောက်
ရှိရင် အရပ်ဘယ်လောက်ရှိတယ်ဆိုတာ
ရှိတာပေါ့ဗျာ။ကျုပ်ကတော့ ဒါတွေ ဘယ်သိမှာတုံး။
ခြေလှမ်းအကျယ်ကလည်း အကျဲကြီးဗျ။

ဒါကို မှန်းဆကြည့်ရင် အရပ်က ဆယ်ပေ။
ဆယ်နှစ်ပေလောက်ရှိမယ်ထင်တယ်။
ဒါပေမယ့် အံ့သြစရာကောင်းတာတစ်ခု ရှိတယ်ဗျ။
ဒီလောက်ကြီးမား ထွားကျိုင်းတဲ့ လူတစ်ယောက်ဆိုရင်
ခြေရာဟာ သဲထဲမှာ အနက်ကြီး ကျွံဝင်နေရမှာဗျ။
အခုတော့ ခြေရာက သဲပေါ်မှာ ထင်ရုံလေး ထင်နေတာ။
တော်တော်ကို အံ့သြစရာပေါ့ဗျာ။

ကျုပ်တွေးမိပြီးသားပါဗျာ။ဒါ လူမဟုတ်ဘူးဗျ။
နာနာဘာဝတစ်ကောင်ရဲ့ ခြေရာပဲဗျ။ကျုပ်နဲ့
ကျောက်ခဲ ခြေရာနောက်ကို လျှောက်ကြည့်တယ်။
ခြေရာက ရွာကို တစ်ပတ် ပတ်သွားတယ်။
တစ်ပတ်တည်းဗျ။တစ်ပတ်ထက်ပိုပြီး မပတ်ဘူး။
ကျုပ် ခြေရာတွေကို သေသေချာချာ ကြည့်တာ။

ဒါပေမယ့် အံ့သြစရာက ရွာကို တစ်ပတ်
ပတ်ပြီးတော့ အဲဒီခြေရာတွေ ဘယ်ကိုသွားတုံးဆိုတာ
ကျုပ်လိုက်ကြည့်တာ ဘယ်ကိုသွားတာမှ
မတွေ့ရဘူးဗျ။ပျောက်သွားတဲ့ပုံပဲ။
အလုပ်ရှုပ်ပြန်ပြီပေါ့ဗျာ။သူကြီးက နေ့လည်မှာ
အစည်းအဝေး ခေါ်တယ်။ရွာက ယောင်္ကျားတွေ
အားလုံး တက်ရတယ်။လူကြီးပိုင်းတော့
မပါဘူးပေါ့ဗျာ။ထုံးစံအတိုင်း ကင်းတွေ တွဲရတာပေါ့။
ဒီညကစပြီး ရွာထဲမှာ ကင်းချရမယ်။
အကြောင်းရှိရင် သံချောင်းခေါက် တစ်ကင်းက
ခေါက်သံကြားရင် ကျန်တဲ့ ကင်းတွေက
အကုန် လိုက်ခေါက်ပေါ့ဗျာ။

“ဝူး ဝူး ဝူး ဝူး”

ဟော ခွေးတွေ အူပြီဗျို့။ရွာမြောက်ပိုင်းက
ခွေးတွေစပြီး အူတာဗျ။

‘ဝူး ဝူး ဝူး ဝူး’

ဟော အူကုန်ပြီ အူကုန်ပြီ ရွာအရှေ့ပိုင်း အလယ်ပိုင်း
တောင်ပိုင်း အနောက်ပိုင်း အို တစ်ရွာလုံး အူလိုက်ကြတာ
ဆူညံနေရာဗျ။

“ဟဲ့ …တာတေ ကြားလား ခွေးတွေအူနေတာ”

“ကြားတယ် အမေ ကြားတယ် ကျုပ်နိုးနေတာပါ”

“ဟယ် ဘယ်လိုများ ဖြစ်ပါလိမ့်ဟယ် တစ်ရွာလုံးကို
ဆူညံနေတော့တာပါလား”

“ဝူး ဝူး ဝူး ဝူး”

ကျုပ် အိပ်ရာက ထလိုက်တယ်။ဆေးလွယ်အိတ်ကို
ယူပြီး မျက်ကွင်းဆေး ကွင်းလိုက်တယ်။ကျုပ်
ရွာလယ်လမ်းကို ရောက်တော့ ရွာမြောက်ပိုင်းကို
သွားတဲ့လမ်းမှာ သုတ်သုတ်နဲ့ ဖြတ်လျှောက်သွားတဲ့
ကျောက်ခဲကို ကျုပ် တွေ့လိုက်တယ်ဗျ။

“ဟေ့ ကျောက်ခဲလားကွ”

တုံ့ခနဲရပ်သွားတယ်။ပြီးတော့ ကျုပ် လျှောက်လာတဲ့
ရွာလယ်လမ်းကို ဒီကောင် ရောက်လာတယ်။

“ကိုကြီးတာတေ ရွာမြောက်ပိုင်း သွားကြည့်မလို့လား”

“အေးကွ မြောက်ပိုင်းမှ မဟုတ်ပါဘူးကွာ ဘယ်က
ကြည့်ကြည့်ဖြစ်ပါတယ် ဒါကြီးက ရွာကိုပတ်မှာပဲဟာ”

“ဒါပေမယ့် မြောက်ပိုင်းက မြောက်တံခါးက
သရက်ပင်ကြီးတွေက တက်လို့ ကောင်းတယ်ဗျ”

“ဒါဆိုလည်း သွားလေကွာ”

ဟုတ်တော့ ဟုတ်သားဗျ။ကျောက်ခဲပြောတဲ့အတိုင်းပဲ။
မြောက်တံခါးနားက သရက်ပင်ကြီးနှစ်ပင် အုပ်အုပ်ကြီးဗျ
ကျုပ်တို့နှစ်ယောက် သရက်ပင်ပေါ်တက်ပြီး
သရက်ကိုင်းကြီး တစ်ကိုင်းစီမှာ ထိုင်လိုက်တယ်။
ရွာပြင်ကို တန်းမြင်နေရတာဗျ။ကောင်းကင်းမှာက
လကလေးမှုန်ပြပြ သာနေတယ်။မိုးရိပ်ကလေး
ရှိနေတာကိုး။လက တိမ်ပါးကလေးကိုဖောက်ပြီး
လင်းနေရတာဗျ။

“ဝူး ဝူး ဝူး ဝူး”

ဟော မြောက်ပိုင်းက ခွေးတွေ အူကြပြန်ပြီဗျို့။

“ဘုတ် ဘုတ် ဘုတ် ဘုတ်”

ဟာ ခြေသံကြီးဗျ။ရွာနောက်ဘက်ကနေ
လျှောက်လာတာဗျို့။ခြေသံကတော့ ခပ်မှန်မှန်ပဲဗျ။

“ဘုတ် ဘုတ် ဘုတ်”

တဖြည်းဖြည်းတော့ နီးလာသလိုပဲ။ကျုပ်နဲ့
ကျောက်ခဲလည်း သစ်ရွက်တွေကြားကနေ
မျက်တောင်မခတ် ကြည့်နေတာပေါ့ဗျာ။

“ဝေါ ဖျန်း ဖျန်း ဖျန်း”

ဟာ ကျီးတွေ ပျိုပြီဗျို့။သစ်ပင်တွေက ကျီးကန်းတွေ
လန့်ပြီး ထပျံသွားကြတာဗျ။

“ဘုတ် ဘုတ် ဘုတ် ဘုတ်”

ဟာ တွေ့ပြီဗျို့။ တွေ့ပြီ ဟာ နည်းတဲ့အကောင်ကြီးမှ
မဟုတ်တာဗျာ။ဆယ့်ငါးပေလောက်ကို မြင့်မှာဗျ။
ကိုယ်လုံးကလည်း စပါးအစိတ်ဝင်
ပုတ်လောက်လောက်ရှိတယ်။သြော် ဒါကြောင့်လည်း
ခြေရာကြီးက တစ်တောင်ကျော်လောက်ရှိတာကိုးလို့
ကျုပ် တွေးလိုက်မိတယ်။

ကျောက်ခဲကတော့ ခြေသံကြီးပဲ ကြားနေရတာပေါ့ဗျာ။
မျက်လုံးနီနီကြီးတွေက ခြင်းလုံးအရွယ်လောက်
ရှိမယ်ဗျ။ကျုပ်ဖြင့် ကြက်သီးတွေတောင် ထလို့ပေါ့ဗျာ။
အံ့သြစရာ ပြောရဦးမယ်ဗျို့။ဒီအကောင်ကြီးက
ဘာအကောင်ကြီးမှန်းတော့ မသိဘူးဗျ။
ဒါပေမယ့် တစ်ကိုယ်လုံးကတော့ မီးသွေးခဲလိုကို
နက်မှောင်နေတာပဲဗျို့။ခါးမှာ ပုဆိုးကွက်တုံးကြီး
ဝတ်ထားတာဗျ။ပုဆိုးက ဒူးခေါင်းလောက်ကို
တိုတိုကြီး ဝတ်ထားတာဗျ။အပေါ်ပိုင်းမှာ အင်္ကျီမပါဘူး။

ကိုယ်တုံးလုံးဗျ။အသားက မီးသွေးခဲ မည်းသလိုကို
မည်းတာဗျို့။မျက်လုံးနီနီကြီးတွေက ဘယ်ကိုမှ
မကြည့်ဘဲ ရှေ့တည့်တည့်ကိုပဲ ကြည့်နေတာဗျ။

“ဘုတ် ဘုတ် ဘုတ်”

“ဝူး ဝူး ဝူး အိ အိ အိ”

ခွေးတွေကလည်း အူလိုက်တာမှ ဆူညံနေတာဗျို့။
ကျုပ်နဲ့ကျောက်ခဲလည်း သရက်ပင်ပေါ်က ပြန်ဆင်း
လာပြီး အိမ်ပြန်ခဲ့ကြတယ်။ကျုပ် အိမ်ရောက်ပြီး
ခဏကြာတော့ ခွေးအူတာတွေလည်း ရပ်သွားရောဗျ။
ကင်းသမားတွေလည်း ဘာမှမဖြစ်တော့ သံချောင်းတွေ
ဘာတွေလည်း မခေါက်ရဘူးပေါ့ဗျာ။

ကျုပ် အိမ်ရာကနိုးပြီး ထမင်းကြမ်းစားရုံပဲရှိသေးတယ်ဗျ။
ကျောက်ခဲ ရောက်လာတယ်။ဒီကောင်ကလည်း
ကျုပ်လို ကောင်ပါဗျာ။ဒီလိုကိစ္စမျိုးတွေ ကြုံလာရင်
ညတောင် အိပ်လို့ ပျော်တာ မဟုတ်ဘူးဗျ။

“ကိုကြီးတာတေ ညကကိစ္စ ဘယ်လိုတုံးဗျ”

ကျုပ်က ကျောက်ခဲကို ကျုပ်မြင်တာ ကျုပ်ပြောပြလိုက်
တယ်။ဒီတော့မှ ကျောက်ခဲ တော်တော်လန့်သွားတာဗျ။

“ဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ ကိုကြီးတာတေ
တော်တော်ကြာ ရွာကို ဒုက္ခပေးနေရင် ခက်မယ်ဗျ”

“ငါလည်း ဒါကိုပဲ စဉ်းစားနေတာကွ ဒါပေမဲ့
ကိစ္စအကြောင်းရင်းကို သေသေချာချာ မသိဘဲ
ငါ မလုပ်ရဲဘူးကွ ကျောက်ခဲရ”

“ဟင် ဒါဆိုရင် ကိုကြီးတာတေ ခါတိုင်းလုပ်သလို
မဖဲဝါကို သွားမေးမလား”

“နေပါဦးကွာ ဒါ ဘာအကြောင်းလဲဆိုတာ သိလာမှာပါ
ခဏစောင့်ကြည့်ကြတာပေါ့ကွာ”

“အင်းလေ ဒါလည်း ဟုတ်တာပါပဲ ဘာမှန်းညာမှန်း
မသိဘဲ ဘာမှလုပ်လို့ မရဘူးလေ”

“ကျောက်ခဲရေ ကျောက်ခဲ”

ကျောက်ခဲက အိမ်ရှေ့ကို လှမ်းကြည့်တယ်။
ဝိုင်းဝမှာ ရပ်ခေါ်နေတာက သံမဏိဗျ။

“ဟေ့ကောင် သံမဏိ လာလေကွာ ငါ ဒီမှာ ရှိတယ်”

သံမဏိက အိမ်ပေါ်ကို တန်းတက်လာတယ်။

“သံမဏိ လာလေကွာ ကျောက်ခဲကိုခေါ်ပြီး
ဘယ်သွားမလို့တုံး”

“ဒီကောင့် အဖေတွေ အမေတွေ ယားနေလို့ဗျ”

“ဟေ…ဘာကွ သံမဏိ ဘယ်လိုဖြစ်တာတုံး”

“ကျောက်ခဲ အဖေတွေ အမေတွေ ယားနေကြတာ
ကိုကြီးတာတေရ ကုတ်လို့လည်း မရဘူး။အသားမှာ
အပိန့်ကြီးတွေထပြီး ယားတာဗျ။ အခုတော့
သနပ်ခါး သွေးလိမ်းနေကြတယ်”

“အင်ပြင်ထတာ နေမှာပေါ့ကွာ”

“အင်ပြင်လား ဘာလားတော့ မသိဘူးဗျ။
ယားတာကတော့ ရွာမြောက်ပိုင်းတစ်ပိုင်းလုံးနဲ့
တောင်ပိုင်းတစ်ပိုင်းလုံးက လူအကုန်ပဲဗျ”

“ဟေ ဘယ်လိုကွ ကျောက်ခဲအဖေနဲ့ အမေတင်
ယားတာ မဟုတ်ဘူးလားကွ သံမဏိရ”

“ဟာ မဟုတ်ဘူး ကိုကြီးတာတေရ။ရွာမြောက်ပိုင်း
တစ်ပိုင်းလုံးနဲ့ တောင်ပိုင်းတစ်ပိုင်းလုံး ယားနေကြတာ
အလို,လိုနေရင်းက ယားတာဗျ”

“ဟာ မဟုတ်သေးပါလား ငါလိုက်မယ် လိုက်မယ်”

ကျုပ်ရောက်တော့ ဟုတ်တယ်ဗျို့။
အိမ်တိုင်း အိမ်တိုင်းမှာ ရှိသမျှ လူအကုန်ယားနေတာဗျ
ကျုပ်ချက်ချင်း ဆရာတော်ဆီကို ပြေးပြီး အကျိုးအကြောင်း
လျှောက်လိုက်တယ်။ဆရာတော်က ကျုပ်ကို
သစ်စုန်းတောင်ဝှေး ပေးလိုက်တယ်။ရေတိုက်ကီထဲမှာ
သစ်စုန်းတောင်ဝှေးနဲ့ မွှေပြီး အဲဒီရေနဲ့ တောက်လိုက်
တာ အယားတွေ ပျောက်ကုန်ရောဗျ။ဒါနဲ့
မြောက်ပိုင်းက အိမ်တွေနဲ့ တောင်ပိုင်းက အိမ်တွေမှာ
ကျုပ်ရယ် ကျောက်ခဲရယ် သံမဏိရယ် သစ်စုန်း
တောင်ဝှေးနဲ့ ရေတွေ လိုက်လုပ်ပေးတယ်။
ဒီတော့မှ အယားတွေ ပျောက်ကုန်တာဗျို့။
တစ်ရွာလုံးက လူတွေ ကျုပ်ဆရာတော်ရဲ့
တောင်ဝှေးကို ချီးမွမ်းလိုက်တာ မပြောပါနဲ့တော့ဗျာ။
ညရောက်တော့ ကျုပ်နဲ့ ကျောက်ခဲ သရက်ပင်ပေါ်
တက်စောင့်နေကြတယ်။ ဒါပေမယ့် ခွေးတွေလည်း
မအူဘူး။မီးသွေးခဲလို မည်းနက်တဲ့ အကောင်းကြီးလည်း
မလာဘူးဗျ။ ကျုပ်ဒို့ အိမ်ပြန်လာခဲ့ကြတယ်။

ကျုပ်မှေးကနဲ အိပ်ပျော်ရုံ ရှိသေးတာဗျ။
“ဝေါ …ဝေါ …ဝေါ…ဝေါ”
ဟာ လေတွေ တိုက်နေပါရောလား ကျုပ်လန့်ပြီး
ထထိုင်လိုက်မိတယ်။

“တာတေ နိုးလား လေတွေ တအားတိုက်နေတယ်ကြားလား”

“နိုးတယ် အမေ ကြားတယ် ကြားတယ်”

တိုက်လိုက်တဲ့လေဗျာ။ဝေါကနဲ ဝေါကနဲကို
ဖြစ်နေတာဗျ။ပြီးတော့ လေကလည်း လေအေးကြီးဗျာ။
မိုးတော့ မပါဘူးဗျို့။လေချည်းပဲတိုက်တာ။
လေငြိမ်တော့မှ ကျုပ် အိပ်ပျော်သွားတယ်။

“ကိုကြီးတာတေ”

ကျောက်ခဲ ရောက်လာပြီး နှိုးတော့မှ ကျုပ် နိုးသွားတာဗျို့

“ထူးတယ် ကိုကြီးတာတေရေ ညက လေတွေတိုက်တာ
ကျုပ်ဒို့ တစ်ရွာတည်း တိုက်တာဗျ။ဘန့်ဘွေးကုန်းက
မနက်စောစောလာတဲ့ လူတွေပြောတယ် သူတို့ဆီမှာ
လေမတိုက်ဘူးတဲ့ဗျ”

“လေဆိုတာ ဒီလိုပေါ့ကွာ သူ့လမ်းကြောင်းအတိုင်း
တိုက်တာပေါ့”

“ဒါတင် မဟုတ်ဘူးဗျ။ ကိုကြီးတာတေရ ဒီမနက်
မြောက်ပိုင်းက လူတွေရော တောင်ပိုင်းက လူတွေရော
အားလုံးကိုယ်တွေပူပြီး ဖျားနေကြတယ်ဗျ”

“ဟေ ဟုတ်လား တယ်လည်းထူးဆန်းပါလား
ဟိုနေ့ကကျတော့ ယားလို့ ဒီနေ့ကျတော့ ဖျားလို့
ဖျားတာကလည်း တစ်ယောက်တလေ မဟုတ်ဘူး
လူကုန်ဖျားတာ ဟုတ်လား ကျောက်ခဲ”

“ဟုတ်ပါဗျာ ကလေးလူကြီးတစ်ယောက်မကျန်
ဖျားနေတာဗျ။ကျုပ်အဖေရော အမေရော ဖျားနေကြတယ်”

“ဟေ မင်းကတော့ မဖျားပါလား မင်းလည်း မြောက်ပိုင်းပဲမို့လား”

“ဟုတ်တယ်ဗျာ အဲဒါတော့ နည်းနည်းဆန်းတယ်
ဟိုနေ့ကလူတွေ ယားတုန်းကလည်း ကျုပ်မယားဘူးဗျ
အခု လူတွေအကုန်ဖျားတော့လည်း ကျုပ် မဖျားဘူးဗျ”

“ကဲ ဒါဆိုရင် ဟိုနေ့က ဆရာတော်တောင်ဝှေးနဲ့
မွှေထားတဲ့ရေကို အဝတ်နဲ့ စိမ်ပြီး ရေပတ်တိုက်ခိုင်း
လိုက်ကွာ။ကဲ သွား မင်းဒို့ လူငယ်လေးတွေ
ချက်ချင်းစုပြီး လိုက်လှုံ့ဆော်လိုက်ကွာ နေပါဦး
ကျောက်ခဲရဲ့ ရွာအရှေ့ပိုင်း အနောက်ပိုင်းတွေရော
ဘာမှ မဖြစ်ဘူးလားကွ”

“ဟာ မဖြစ်ဘူးဗျ မြောက်ပိုင်းနဲ့ တောင်ပိုင်းပဲ
ဖြစ်နေတာ”

“အင်း ထူးတော့ တော်တော်ထူးပဲကွာ”

ကျောက်ခဲ ချက်ချင်းထွက်သွားတယ်။မြောက်ပိုင်းနဲ့
တောင်ပိုင်းက လူတွေကို လိုက်ပြီး လှုံ့ဆော်ဖို့ပေါ့ဗျာ။
အဲဒီနေ့ ညနေ့ပိုင်း ကျောက်ခဲ ရောက်လာပြီး
ပြောတယ်ဗျ။ဆရာတော် တောင်ဝှေး မွှေထားတဲ့ရေနဲ့
ရေပက်တိုက်တာ အပူတွေ ကျသွားကြပြီတဲ့ဗျို့။
ညရောက်တော့ ကျုပ် ချက်ချင်းမအိပ်ဘူး။
အခြေအနေကို စောင့်ကြည့်နေတယ်။
ညသန်းခေါင်လောက်ကျတော့ ကျုပ်အိပ်ပျော်နေတာကို
အမေ လာနှိုးတယ်ဗျ။ကျုပ် အိပ်မောကျနေတာကို
အမေတော်,တော် နှိုးယူရတာဗျ

“ဟဲ့ တာတေ တာတေ”

“ဗျာ”

“ထစမ်း ထစမ်းဟဲ့ ရွာထဲမှာ အသံတွေ ဆူညံနေတာပဲ
နည်းနည်းပါးပါး ထွက်ကြည့်စမ်း”

“ဟုတ်တယ် လူကလေး။ အသံတွေကြားတာ ကြာပြီ။
ကြားကာစကတော့ ရန်တွေဘာတွေ ဖြစ်တယ်မှတ်တာ
အခုဟာက လူသံတွေ အများကြီးကို ဖြစ်နေပြီ”

ကျုပ်အဘကပါ ပြောတာဗျ။
ဟာ ဟုတ်တယ်ဗျို့။ ဘာဖြစ်ကြပြန်တယ် မသိဘူး။
ဆူညံနေပါလား ။
ကျုပ်ချက်ချင်း အိပ်ရာကထပြီး ရွာထဲကို ခပ်သုတ်သုတ်
ထွက်ခဲ့တယ်။လက်ထဲက သုံးတောင့်ထိုးဓါတ်မီးနဲ့
ဟိုထိုးသည်ထိုးလုပ်ရင်း လျှောက်လာခဲ့တာ။
လမ်းရောက်တော့မှ သိတာဗျ။ဆူဆူညံညံအသံတွေက
ရွာမြောက်ပိုင်းနဲ့ တောင်ပိုင်းက ထွက်နေတာဗျ။
ကျုပ် မြောက်ပိုင်းကို အရင်သွားတယ်။
အဲဒီမှာက ကျောက်ခဲတို့ ရှိတယ်လေဗျာ။

“ကိုကြီးတာတေ”

ကျုပ်ကိုခေါ်သံကြားလို့ နောက်ကို လှည့်ကြည့်လိုက်တယ်။
လက်ထဲက ဓါတ်မီးနဲ့ လှမ်းထိုးလိုက်တော့ သံမဏိဗျ။
ဒီကောင်ကလည်း ကျုပ်လိုပဲ ရွာလယ်ပိုင်းမှာ
နေတာလေဗျာ။

“ကိုကြီးတာတေ ကျုပ်အဖေ သွားကြည့်ပြီး
ပြန်လာပြောတယ်ဗျ”

“ဟေ ဘာဖြစ်တာတဲ့တုံး သံမဏိရဲ့”

“ငလျင်လှုပ်နေတာတဲ့ဗျ”

“ဘာ… ငလျင်လှုပ်တာ ဟုတ်လား”

“ဟုတ်တယ် ကိုကြီးတာတေရဲ့ ကျုပ်အဘပြောတာတော့
အိမ်ကြီးတွေတောင် ခါနေတာတဲ့ အဲဒါ လူတွေ
ကြောက်ပြီး ဆင်းပြေးလာကြတာတဲ့ဗျ”

သံမဏိနဲ့ ကျုပ်နဲ့ မြောက်ပိုင်းကိုရောက်တော့
ငြိမ်ပြီဗျ။မလှုပ်တော့ဘူး။မြောက်ပိုင်းက လူတွေ
ကတော့ တော်တော်ကို ကြောက်သွားတဲ့ပုံပဲဗျ။
ပြောနေလိုက်ကြတာ ဆူညံပွက်နေပါရောလား။

“ကျွိ ကျွိ ကျွိ ကျွိ”

“ဟာ …လှုပ်ပြန်ပြီဟေ့ လှုပ်လာပြန်ပြီ”

အော်သံတွေညံပြီး ထွက်လာတာဗျို့။ဟုတ်ပါ့ဗျာ။
အိမ်ကြီးတွေ အကုန်လုံး ယိမ်းပြီး လှုပ်နေတာဗျ။
တကျွီကျွီနဲ့ကို ဖြစ်နေတာဗျ။ဒါပေမဲ့ ကျုပ်တို့
မတ်တပ်ရပ်တဲ့ မြေကြီးကတော့ မလှုပ်ဘူးဗျ။
သစ်ပင်တွေလည်း မလှုပ်ဘူး။ရေစည်ထဲက
ရေတွေလည်း မလှုပ်ဘူးဗျ။လက်စသတ်တော့
ဒါ ငလျင်လှုပ်တာမှ မဟုတ်ဘဲ။ အိမ်တွေ လှုပ်တာဗျ။
မြေငလျင်မှ မဟုတ်တာ။အိမ်ငလျင်လို့ပဲ
ပြောရတော့မှာပေါ့ဗျာ။

“ကဲ သံမဏိ လာ မင်းနဲ့ ငါ တောင်ပိုင်းကို
သွားကြည့်ကြဦးစို့”

ကျုပ်နဲ့သံမဏိ တောင်ပိုင်းကို ထွက်လာခဲ့တယ်။
လမ်းရောက်တော့ …

“ဟာ ကိုကြီးတာတေ”

“ဟင် ကျောက်ခဲ မင်းဘယ်က လာတာတုံး”

“ကျုပ် တောင်ပိုင်းကို သွားကြည့်ပြီး ပြန်လာတာဗျ”

“ဟေ ဟုတ်လား ငါတို့က အခုမှသွားမလို့ကွ
လာကွ တစ်ခေါက်ပြန်လိုက်ခဲ့ဦး မင်းတို့ မြောက်ပိုင်း
မှာတော့ ငါကြည့်ခဲ့ပြီးပြီ”

“ကိုကြီးတာတေ ဒါ မြေငလျင်လှုပ်တာလားဗျ
မြေငလျင်ဆိုရင်လည်း တစ်ရွာလုံး လှုပ်ရမှာပေါ့ဗျ။
အခုတော့ မြောက်ပိုင်းနှင့် တောင်ပိုင်းတင် ကွက်လှုပ်နေတာ
ဘာသေဘာတုံးဗ်”

“မြေငလျင် မဟုတ်ဘူးကွ ကျောက်ခဲရ
အိမ်ငလျင် အိမ်ငလျင်”

“ဗျာ အိမ်ငလျင် ဟုတ်လား ကျုပ်ဖြင့် တစ်ခါမှ
မကြားဖူးပါဘူးဗျာ”

“မြေကြီးလှုပ်တာ မြေငလျင် ခေါ်မှာပေါ့ ကျောက်ခဲရ
အခုဟာက မြေကြီး မလှုပ်ဘူးကွ အိမ်တွေချည်း လှုပ်တာ”

“သြော် ဒီလိုလား”

ပြောရင်းဆိုရင်းနဲ့ ကျုပ်ဒို့သုံးယောက် တောင်ပိုင်းကို
ရောက်လာကြရောဗျို့။

“ဟော လှုပ်ပြန်ပြီဟေ့”

လူတွေ ဆူညံ ဆူညံနဲ့ အော်တဲ့အသံတွေ
ညံနေပြန်ရောဗျာ။
ဟုတ်ပါ့ဗျာ အိမ်ကြီးတွေ လှုပ်ရမ်းနေတာဗျို့။

“ကျွိ ကျွိ ကျွိ”

ကျုပ်တို့ ခဏရပ်ကြည့်တယ်။ဒီမှာလည်း ဒီလိုပဲဗျ။
မြေကြီး မလှုပ်ဘူး။အိမ်တွေချည်း လှုပ်နေတာ။
ဒါနဲ့ ကျုပ်တို့ ပြန်လာခဲ့တယ်။
ကျုပ် အိမ်ပြန်ရောက်တော့ အဘနဲ့ အမေက
ကျုပ်ကို စောင့်နေကြတယ်ဗျ။

“တစ်ခုခုတော့မှ တစ်ခုခုပဲ အဘရ။
မြေကြီးလှုပ်တာ မဟုတ်ဘဲ အိမ်တွေချည်း လှုပ်နေတာ”

“အေးလေ လူလေးရာ မြေငလျင်လှုပ်တယ်ဆိုရင်
အဘတို့ တစ်ရွာလုံး လှုပ်ရမှာပေါ့ အခုတော့
တောင်ပိုင်းနဲ့ မြောက်ပိုင်းပဲ လှုပ်တယ်ဆိုတာ
တော်တော်ထူးဆန်းတဲ့ ကိစ္စကွ။ လူတွေတော့
တော်တော်ကို လန့်နေမှာပဲနော်”

“ဟာ လန့်ပါပြီလား အဘရာ ကျွက်ကျွက်ကို
ညံနေကြတာဗျ အဘရ”

“အေး နင် စဉ်းစားကြည့်စမ်း တာတေ ဟိုနေ့က
ယားလိုက်ကြတာ အိမ်ရှိလူကုန်ပဲ နောက်နေ့ကျတော့
ဖျားလိုက်ကြတာ အိမ်ရှိလူကုန်ဆိုပဲ။အခုတစ်ခါ
အိမ်ကြီးတွေ လှုပ်နေပြန်ပြန်ပြီတဲ့။ ငါ့စိတ်ထင်တော့
ဒီမြောက်ပိုင်းသားတွေနဲ့ တောင်ပိုင်းသားတွေ
တစ်ခုခုတော့ ဖြစ်နေပြီထင်တယ်ဟဲ့ တာတေရဲ့”

“ကျုပ်လည်း အဲဒါကိုပဲ တွေးနေတာ အမေရဲ့ ဒါမျိုးတွေ
ကျုပ်လည်း တစ်ခါမှ မကြားဖူးပါဘူးဗျာ
ရွာပြင်မှာလည်း ခြေရာတစ်တောင်ကျော်ရှိတဲ့
သရဲကြီးတစ်ကောင်က ရွာကို နှစ်ညဆက်တိုက်ပတ်ပြီး
လျှောက်သွားတယ်ဗျ”

“ဟေ အဲဒါ သရဲ ဟုတ်လား နင်မြင်လို့လား တာတေ”

“ကျုပ် မျက်ကွင်းဆေးကွင်းပြီး ကြည့်တာဗျ အမေရဲ့
နည်းတဲ့ အကောင်ကြီး မဟုတ်ဘူးဗျ။ ဆယ့်ငါးပေ
လောက် မြင့်တယ် ကိုယ်လုံးကြီးကလည်း
အစိတ်ဝင်ပုတ်လောက်ရှိတယ် မျက်လုံးကြီးတွေကလည်း
နီရဲပြီး ခြင်းလုံးလောက် ရှိတာဗျ”

“အောင်မယ်လေး အောင်မယ်လေး နင်မို့လို့
မမြင် မြင်အောင်လုပ်ပြီး ကြည့်ရတယ်လို့ တာတေရယ်
ငါ့ဖြင့် ပြောသံကြားတာနဲ့တောင် ကြောက်နေပြီ”

ညနာရီပြန်နှစ်ချက်လောက်မှ ကျုပ်တို့ အိပ်ရာကို
ပြန်ဝင်ခဲ့ကြတာဗျ။ပြန်မအိပ်ခင် ကျုပ်က မဖဲဝါရဲ့
ကိုယ်ပွါးရုပ်ကလေးကို ကိုင်ပြီး ပြောလိုက်တယ်။

“သင်္ချိုင်းရှင်မ မဖဲဝါ ခင်ဗျာ ကျုပ်တို့ရွာမှာ
ဖြစ်ပျက်နေတာတွေနဲ့ ပတ်သတ်ပြီး ကျုပ်
သိလိုပါတယ်ဗျာ”

မဖဲဝါကိုယ်ခွဲရုပ်ကလေးကို ကျုပ်က ခေါင်းအုံး
အောက်မှာထားပြီး အိပ်လိုက်တယ်။

ပန်းပွင့်ဝါဝါကလေး ပန်ထားတဲ့ ကောင်မလေးကို
ကျုပ်တွေ့တယ်။တရုတ်စကားပင်ကြီး တစ်ပင်အောက်မှာ
ရပ်နေတာဗျ။သူရပ်နေတဲ့ နောက်က တရုတ်စကားပင်က
အပွင့်ဖြူဖြူတွေ ဖွေးနေအောင် ပွင့်တာဗျ။
ကျုပ်သေသေချာချာ သတိထားပြီး ကြည့်လိုက်တော့
ကောင်မလေး ပန်ထားတာလည်း တရုတ်စကားပန်းပဲဗျ
ဒါပေမယ့် အဖြူမဟုတ်ဘူး အဝါဗျ။တရုတ်စကားပန်း
အဝါ။

“ဟဲ့ တာတေ နင် သိချင်တာ ပြောပြမလို့ ငါလာတာ”

“ဟုတ်ကဲ့ ပြောပြပါ သင်္ချိုင်းရှင်မကြီးရယ်”

ကောင်မလေးက ခေါင်းညိတ်တယ်။ပြီးတော့
ပြောတယ်ဗျ။

“တာတေ နင်တို့ရွာတော့ မကြာခင် မီးလောင်ခံရလိမ့်မယ်
ဒါပေမယ့် မီးက ကွက်လောင်မှာပါ မြောက်ပိုင်းနဲ့
တောင်ပိုင်းမှာ အလိုလိုနေရင်းကနေ ဟုန်းကနဲ
ထလောင်မှာ ဘယ်လိုငြှိမ်းလိုမှ မငြိမ်းဘူး
အေး တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာ တစ်အိမ်လုံးမှ
မကျန်တော့တဲ့အခါကျတော့ သူ့အလိုလို
ငြိမ်းသွားလိမ့်မယ်”

“ဟင် ဘယ်လိုဖြစ်လို့ ရွာမြောက်ပိုင်းနဲ့တောင်ပိုင်းမှာ
ကွက်ပြီး ဖြစ်နေတာတုံးဗျ”

“တောင်ပိုင်းကအကောင်နဲ့ မြောက်ပိုင်းကအကောင်
မဟုတ်တာ လုပ်ထားလို့ပေါ့ တာတေရဲ့”

“ဟင် ဟုတ်လား ဘယ်သူတွေတုံးဗျာ ဘာများလုပ်
ထားလို့တုံး မဖဲဝါ”

“အေး ဒါကို နင် မသိခင် နင်တို့ရွာကို ညဘက် ပတ်လျှောက်နေတဲ့
အကောင်ကို နင်ချောင်းကြည့်ပြီးပြီမို့လား”

“ဟုတ်ပါတယ်ဗျာ”

“အဲဒါ ငနက်မှောင်ကြီးဟဲ့ ခြေရာတစ်တောင်
ငနက်မှောင်ဆိုတာ သူပေါ့ တာတေရဲ့”

“ဗျာ…ခြေရာတစ်တောင် ငနက်မှောင် ဟုတ်လား
မဖဲဝါ ။ ဟုတ်ပါ့ဗျာ တစ်ကိုယ်လုံး မီးသွေးတုံးလို့
မည်းနက်နေတာဗျ။သူက ဘာလာလုပ်တာတုံး မဖဲဝါ”

“ငနက်မှောင်က ‘ဘုရားပြို’သိုက်က သိုက်စောင့်ကြီးဟဲ့
တာတေရဲ့ ငနက်မှောင် အဲဒီ ‘ဘုရားပြို’သိုက်စောင့်တာ
နှစ်ထောင်နဲ့ချီနေပြီ။သူစောင့်တဲ့သိုက်က ပစ္စည်းတစ်ခုကို
ယူသွားလို့ကတော့ ငနက်မှောင်က တစ်ကိုယ်လုံး
စိစိညက်ညက်ကြေအောင် ရိုက်ပစ်မှာဟေ့ ။အခုဟာက
ပစ္စည်းတစ်ခု မဟုတ်ဘူး ရွှေသပိတ်နဲ့ ထည့်ထားတဲ့
ရတနာတွေ ယူလာတာ အဲဒါ ပြန်ပို့ဖို့ သတိပေးနေတာဟေ့”

“ဗျာ သိုက်ထဲက ပစ္စည်းတွေကို ကျုပ်တို့ ရွာသားတွေ
ယူလာတာ ဟုတ်လား မဖဲဝါ ”

“အေး အဲဒီအချိန်က ငနက်မှောင် မရှိဘူး အောက်ပြည်ကို
ကိစ္စတစ်ခုနဲ့ သွားနေရတာ ပြန်လာမှ ပစ္စည်းတွေ
ယူသွားမှန်းသိတာ”

“ဟာ ဖြစ်မှဖြစ်ရလေဗျာ တော်တော်ကို မိုက်တဲ့လူတွေ
ပဲဗျာ။ဘုရားပစ္စည်း သိုက်ပစ္စည်းကို ယူရသတဲ့လားဗျာ”

“အေး အဲဒီကောင်နှစ်ယောက်ကြောင့် နင်တို့
တစ်ရွာလုံး ဒုက္ခကြုံကြရတော့မယ်”

“ကျုပ် ဘာလုပ်ရမှာတုံး မဖဲဝါ”

“ဟဲ့ ဘာလုပ်ရမှာတုံး ဘုရားပစ္စည်းတွေ ပြန်ပို့ရမှာပေါ့
နင်တို့သွားပို့စရာ မလိုဘူး ငနက်မှောင်ကို
ပြန်ပေးလိုက်ရုံပဲ”

“ဟင် ဘယ်မှာ သွားပေးရမှာတုံး မဖဲဝါ”

“မနက်ဖြန်ည နင်တို့ရွာကို မီးရှို့ဖို့ လာလိမ့်မယ်
ရွာမြောက်ဘက်မှာ သိုက်ထဲက ယူလာတဲ့
ရွှေသပိတ်ကို ခုံမြင့်နဲ့ ပေးပြီး တောင်းပန်။
ကြက်အကောင်လိုက် ငါးကောင်ကြော်။
ထမင်းနှစ်ပြည်ချက်နဲ့ စကောထဲမှာ ပြင်ဆင်ပြီး
ကျွေးရမယ် ငါလာပြီး စားခိုင်းမယ်။နင်ဒို့ကျွေးလို့
စားမှာမဟုတ်ဘူး ငနက်မှောင် ဒေါသတော်တော်
ဖြစ်နေတာ။သူ့ခြေရာကို နင်တို့မြင်အောင်
တမင်ပြနေတာ။ဒါတောင် ငမိုက်သားနှစ်ကောင်က
မသိချင်ယောင်နေတုန်း ။ ရွာသားတွေကိုယ်စား
နင်က တောင်းပန်ပေတော့ တာတေ ။ နင် ဘာမှ
မကြောက်ပါနဲ့ ငါ ရှိနေမှာပါ”

“ကောင်းပါပြီ မဖဲဝါ ကျေးဇူးတင်ပါတယ်ဗျာ
မနက်ဖြန်ည ကိစ္စပြီးရင် ထနောင်းကုန်းသင်္ချ ိုင်းမှာ
မဖဲဝါကို စားပွဲဆက်ပါ့မယ်”

“လွဲချော်သွားရင်တော့ မနက်ဖြန်ညမှာ နင်တို့ရွာ
မီးလောင်လိမ့်မယ် တာတေ”

“မလွဲချော်ပါဘူးဗျာ စိတ်ချပါ မဖဲဝါ စိတ်ချပါ စိတ်ချပါ”

“ဟဲ့ တာတေ ဘယ်သူ့ကိုများ စိတ်ချပါ စိတ်ချပါနဲ့
ပြောနေတာတုံး”

ဟင် မိုးတောင်လင်းတော့မှာပါလား။အမေနဲ့ အဘတောင်
အိပ်ရာထနေကြပြီဗျ။

“အဘ ဒီနေ့တော့ ကျုပ် ယာထဲမလိုက်တော့ဘူးဗျာ။
မဖဲဝါ ကျုပ်ကို လာပြောတယ်။မနက်ဖြန် ရွာမီးလောင်
လိမ့်မယ်တဲ့ ဘုရားပြိုသိုက်က ရွှေသပိတ်နဲ့ ထည့်ထားတဲ့
ပစ္စည်းတွေကို တောင်ပိုင်းက လူတစ်ယောက်နဲ့
မြောက်ပိုင်းက လူတစ်ယောက်ပေါင်းပြီး ယူလာကြတာတဲ့ဗျ”

“သြော် ဒါကြောင့် တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာချည်း
ဖြစ်နေတာကို ။ နို့ ဘယ်သူတွေတုံးကွ လူကလေးရ
သွားပြီ ပြောတန်ပြောရမှာပေါ့ကွာ”

အဘက မေးတာဗျ။

“အဲဒါကို မဖဲဝါက ပြောမသွားဘူးဗျ။
ဒီတော့ သူကြီးကိုပဲ ဖော်ခိုင်းရတော့မှာပေါ့ဗျာ”

“သြော် အေး အေး ရွာမီးလောင်မယ့်ကိစ္စ မင်း
မလုပ်လို့ ဘယ်ဖြစ်မှာတုံး ကဲ မင်း လုပ်စရာရှိတာသာလုပ်
ယာထဲကို အဘတစ်ယောက်တည်း ဆင်းမယ်”

မိုးလင်းလင်းချင်း ကျုပ် သူကြီးကို ပြောပြတယ်
သူကြီးက ကျုပ်ပြောရင် ယုံပြီးသားဗျာ။သူကြီးက
ရာအိမ်ခေါင်း ဆယ်ခေါင်းတွေ ချက်ချင်းခေါ်ပြီး
မြောက်ပိုင်းက လူတွေနဲ့ တောင်ပိုင်းကလူတွေကို
စစ်တော့တာပေါ့ဗျာ။တောသားပဲဗျာ ဘယ်မှာ
သိပ်စစ်စရာ မလိုဘူး။

နေ့ခင်းလောက်ရောက်တော့ ပေါ်တော့တာပဲဗျို့။
ဘယ်သူတွေလည်း မှတ်တယ်။မြောက်ပိုင်းက
ကိုစက်အောင်နဲ့တောင်ပိုင်းက သူ့သူငယ်ချင်း
ကိုကျော်နိုင်ဗျ။ဒီလူနှစ်ယောက်က မကြာမကြာ
တောတက်ပြီး သစ်ခုတ် ဝါးခုတ် လုပ်တဲ့လူတွေလေဗျာ။
ဘုရားပြိုဆိုတာ တောထဲမှာ ရှိတာဗျ။
ဘုရားအကြီးကြီးဗျ။အခုတော့ အုတ်ပုံကြီးလို
ဖြစ်နေပြီပေါ့ဗျာ။သူတို့နှစ်ယောက်က တောတက်ရင်း
ဖွတ်တွေလိုက်တာတဲ့ဗျို့။အဲဒီဘုရားပြိုထဲ ဝင်သွားလိုက်
အုတ်တွေဖယ်ပြီး ရှာရာကနေပြီး ရွှေသပိတ်နဲ့
ထည့်ထားတဲ့ ရတနာတွေ တွေ့ပြီး ယူလာကြတာတဲ့ဗျာ
သူကြီးနဲ့ ရာအိမ်ခေါင်းတွေက ရွှေသပိတ်နဲ့
ရတနာတွေကို ချက်ချင်းသိမ်းယူပြီး သူတို့နှစ်ယောက်ကို
တိတ်တုံးခတ်ထားလိုက်တယ်ဗျို့။

“ရွာသာတစ်ခုခု ဖြစ်လို့ကတော့ မင်းဒို့နှစ်ယောက်
မလွယ်ဘူးလို့သာ မှတ်ပေတော့”

လို့ သူကြီးက ကြိမ်းဝါးထားသတဲ့ဗျာ။

ဒီတောထဲမှာ ဒီဘုရားကြီးကို ဘယ်ဘုရင်
တည်သွားတယ်ဆိုတာ ဘယ်သူမှာ အတိအကျ
မသိကြဘူးဗျာ။ကျုပ်ဒို့ လူလာဖြစ်တဲ့
အချိန်မှာ ဘုရားပြိုကြီးပဲ တွေ့ဖူးတော့တာပါဗျာ။

သူကြီးက ခြေရာတစ်တောင် ငနက်မှောင်အတွက်
ကြက်အူစုံ အသည်းစုံ အမောက် ခြေထောက်အစုံ
ငါးကောင်ကျော် ထမင်းနှစ်ပြည်ချက် မဖဲဝါအတွက်က
ကြက်တစ်ကောင်ချက်နဲ့ ဆန်တစ်ခွက်ချက်
အားလုံးတာဝန်ယူ စီစဉ်ပေးတယ်။

မိုးချုပ်တာနဲ့ မဖဲဝါအတွက် ထမင်းတောင်း အဆင့်သင့်
ခြေရာတစ်တောင် ငနက်မှောင်အတွက်က
စကောကြီးကြီး တစ်ချပ်မှာ အဆင့်သင့် ပြင်ပြီးသားဗျ။
ရွာမြောက်ဘက်က ငနက်မှောင်လာတဲ့လမ်းမှာ
စားပွဲခုံကြီးချပြီး စကောနဲ့ ထမင်းပွဲ ပြင်ရတယ်။
စကောဘေးမှာ ဖယောင်တိုင်လေး စိုက်ထားရတယ်။
ရွှေသပိတ်ကိုတော့ စားပွဲပြင်တဲ့ စားပွဲဘေးမှာ
သီးသန့် စားပွဲတစ်လုံးနဲ့ တင်ပေးထားရတယ်။

အဲဒီစားပွဲမှာတော့ အောက်က ပန်းတွေခင်းပြီးမှ
အပေါ်က သပိတ်တင်ထားတာ။အဲဒီစားပွဲမှာလည်း
ဖယောင်တိုင်တွေ ထွန်းထားတယ်ဗျ။
အားလုံးအဆင့်သင့်ဖြစ်တော့ မဖဲဝါ ကိုယ်ခွဲအရုပ်ကလေးကို
ကိုင်ပြီး ကျုပ်က မဖဲဝါကို အကြောင်းကြားလိုက်တယ်။

“သင်္ချိုင်းရှင်မ မဖဲဝါ ကျုပ် အားလုံး အဆင်သင့်
လုပ်ထားပါပြီဗျာ သင်္ချိုင်းရှင်မကြီးကို ကျုပ်
အကြောင်းကြားတာပါဗျာ”

“ဝူး ဝူး ဝူး ဝူး ဝူး”

ဟာ ရွာထဲက ခွေးအူသံတွေ ထွက်လာတာဗျို့။

“ဝူး ဝူး ဝူး ဝူး အီ အီ အီ အီ”

ဟာ ဒါက မဖဲဝါရဲ့ ခွေးကြီးအသံဗျ
လာကြပြီထင်တယ်။ကျုပ်က မျက်ကွင်းဆေးပြီးထားတော့
မြင်ရမှာပေါ့ဗျာ

“ဘုတ် ဘုတ် ဘုတ် ဘုတ်”

ဟာ လာပြီဗျို လာပြီ ခြေရာတစ်တောင် ငနက်မှောင်ကြီး
လာနေပြီဗျို့။

ဟော ဟော ကျုပ်လှမ်းမြင်နေရပြီဗျို့။
လရောင်ဖျိုးဖျလေးအောက်မှာ မဲနက်နေတဲ့
ငနက်မှောင်ကြီးက လျှောက်လာနေတာဗျ။
သူ့ဘေးနားမှာ ဆံပင်ဖားလျားကြီးနဲ့မဖဲဝါကြီး
ပါလာတယ်ဗျို့။မဖဲဝါရယ် ဘေးမှာတော့ နွားပေါက်
တစ်ကောင်လောက်ရှိတဲ့ ခွေးနက်ကြီးက လျှာနီနီကြီးကို
တွဲလောင်းချပြီး ပါလာတယ်ဗျ။မီးတွေထွန်းထားတဲ့
စားပွဲခုံတွေနားရောက်တော့ မဖဲဝါရော
ငနက်မှောင်ကြီးပါ ရပ်လိုက်တယ်။ငနက်မှောင်က
ရွှေသပိတ်ကြီးဆီကို တန်းသွားတယ်ဗျ။
သပိတ်ကို အဖုံးဖွင့်ကြည့်လိုက်တယ်။
ခဏကြာမှ ခေါင်းကြီးကို တဆတ်ဆတ်ညိတ်တယ်။
ရွှေသပိတ်ကို အဖုံးကြီး ပြန်ဖုံးလိုက်တယ်။
မဖဲဝါကို လှည့်ကြည့်ပြီး ခေါင်းညိတ်ပြတယ်။
မဖဲဝါက စားပွဲပြင်ထားတာကို လက်ညှိုးထိုးပြပြီ
စားပြတယ်။

ငနက်မှောင်ကြီးက ထမင်းတွေ ကြက်ကြော်တွေကို
ငုံ့ကြည့်ပြီး ကြက်ကြော်ရော ထမင်းရော အားရပါးရ
စားတော့တာပဲဗျာ။စကောကို သူ့လက်ဝါးကြီးပေါ်
မှာတင်ပြီး အားရပါးရကို စားတော့တာဗျို့။
မဖဲဝါက ကျုပ်ကို လှည့်ကြည့်တယ်။ကျုပ်လည်း
ကြက်သီးတွေ တဖျမ်းဖျမ်း ထနေတော့တာပေါ့ဗျာ။

“ခြေရာတစ်တောင် ငနက်မှောင်ဗျာ…”

ငနက်မှောင်ကြီးက ခြင်းလုံးလောက်ရှိတဲ့
မျက်လုံးနီနီကြီးတွေနဲ့ ကျုပ်ကို စိုက်ကြည့်တယ်။

“ကျုပ်တို့ ရွာသားနှစ်ယောက်ရဲ့ မိုက်မဲမှုအတွက်
ကျုပ် တောင်းပန်ပါတယ်ဗျာ။မသိသားဆိုးဝါးတဲ့
ရွာသားနှစ်ယောက်ကိုလည်း ကျုပ်တို့ ရွာသူကြီး
ကိုယ်တိုင် ဆုံးမနေပါပြီဗျာ။နောင်ကို ဒီလို
မဖြစ်စေရပါဘူး ငနက်မှောင် ။ ဒီတစ်ကြိမ်တော့ဖြင့်
ကျုပ်တို့ရွာသားတွေကို ခွင့်လွှတ်ပါလို့ ကျုပ်က
တစ်ရွာလုံး ကိုယ်စား တောင်းပန်ပါတယ်ဗျာ”

ဟာ ခြေရာတစ်တောင် ငနက်မှောင်ကြီးက
သူ့ခေါင်းကြီးကို ညိတ်ပြတယ်ဗျို့။အောင်မယ်လေး
တော်သေးတာပေါ့ဗျာ။ကြက်ငါးကောင်ရော။
ထမင်းနှစ်ပြည်ချက်ပါ တက်တက်ပြောင်တော့မှ
ငနက်မှောင်ကြီးက ရွှေသပိတ်ကြီးကို ဆတ်ကနဲ
ပွေ့ယူပြီး လာလမ်းအတိုင်း လှည့်ထွက်သွားတယ်
မဖဲဝါလည်း ခွေးနက်ကြီးကိုခေါ်ပြီး လှည့်ထွက်သွား
ရောဗျို့။

ကျုပ်လည်း ရွာထဲကို ကပျာကယာ ဝင်လာပြီး
သူကြီးအိမ်မှာ အဆင်သင့် ပြင်ထားတဲ့ မဖဲဝါအတွက်
ထမင်းတောင်းကို ယူလိုက်တယ်။

ဒါပေမယ့် ထမင်းတောင်းကို ကျုပ် မသယ်ရပါဘူးဗျာ။
ကျောက်ခဲနဲ့ သံမဏိက တစ်လှည့်စီ ထမ်းကြတာပါ။
သင်္ချိုင်းထဲကို ရောက်တော့ ပြင်နေကျ ဂူကြီးပေါ်မှာ
မဖဲဝါအတွက် ငှက်ပျောဖက်ခင်းပြီး ထမင်းပွဲ ပြင်လိုက်တယ်။

“သင်္ချိုင်းရှင်မကြီး မဖဲဝါခင်ဗျာ အခုလို ကူညီတဲ့အတွက်
ကျေးဇူးတင်လွန်းလို့ ကျုပ်တို့ ထနောင်းကုန်းရွာသားတွေက
ကျွေးမွေးတာကို ပျော်ပျော်ကြီး သုံးဆောင်ပါဗျာ”
ရိပ်ကနဲ ရောက်လာပြီး မဖဲဝါက အားရပါးရ စားတယ်။
ကျုပ်က မဖဲဝါကို တစ်ရွာလုံးက ကျေးဇူးတင်ကြောင်းပြောပြီး
ကျုပ်ဒို့သုံးယောက် ရွာကို ပြန်လာခဲ့တယ်။

ပြီးပါပြီခဗျာ

စာဖတ်ပရိတ်သတ်များ အားလုံးပဲ စိတ်ရွှင်လန်းပါစေခဗျာ

ဤဝတ္တုလေးအား ကြိုက်နှစ်သက်တယ်ဆိုရင် like and shareလေးနဲ့
အားပေးသွားပါအုံးဗျာ။

#တာတေ
#မဖဲဝါ

Zawgyi Version

“ေျခရာတစ္ေတာင္ ငနက္ေမွာင္”(စ/ဆုံး)
——————————————–
မူရင္းေရးသူ_ဆရာတာေတ

အညာမိုးဆိုတာ ေစြၿပီး႐ြာတယ္လို႔ ဘယ္ရွိမွာတုံးဗ်ာ။
သဲသိပ္႐ုံေလာက္ပဲ ႐ြာတာပါ။
ဒါေပမယ့္ ညက႐ြာတဲ့မိုးကေတာ့ ေတာ္ေတာ္ၾကာသားဗ်။
မိုးအေအးဓါတ္ကေလးနဲ႔ က်ဳပ္လည္း အိပ္ရာထဲမွာ ေခြေနတာဗ်။
ႏိုးလာလိုက္။ျပန္အိပ္သြားလိုက္နဲ႔ေပါ့ဗ်ာ။

ကိုႀကီးတာေတ ကိုႀကီးတာေတ”
ေက်ာက္ခဲအသံဗ်။ဒီေကာင္ ဘာျဖစ္လာတယ္
မသိဘူးဗ်ိဳ႕။ပ်ာပ်ာ ပ်ာပ်ာပ်ာနဲ႔ ေရာက္လာျပန္ၿပီ
က်ဳပ္လည္း အိပ္ရာကေန ကပ်ာကယာ
ထလိုက္ရတာေပါ့ဗ်ာ။
ဒီေကာင္ အိမ္ေပၚကို တန္းၿပီးတက္လာတာဗ်ိဳ႕။
က်ဳပ္ျခင္ေထာင္ဖြင့္ၿပီး ထြက္လာတာနဲ႔ ေက်ာက္ခဲက
က်ဳပ္ အိပ္ရာေဘးကို ေရာက္ေနၿပီဗ်။

“ေဟ့ေကာင္ ေက်ာက္ခဲ ဘာေတြအလုပ္မ်ားေနတုံး”

“အလုပ္ကေတာ့ အၿမဲမ်ားေနတာေပ့ါ ကိုႀကီးတာေတရာ
က်ဳပ္တို႔က ေတာင္သူသားေတြ မဟုတ္လားဗ်ာ”
က်ဳပ္ေခါင္းညိတ္ျပရင္း အိပ္ရာက ထလိုက္တယ္။
က်ဳပ္မ်က္ႏွာသစ္ၿပီး ထြက္လာေတာ့ အေမ
အဆင့္သင့္ျပင္ေပးထားတဲ့ ထမင္းၾကမ္း စားတယ္ဗ်။
အဘၿမိဳ႕က ျပန္လာေတာ့ ဝယ္လာတဲ့ အမဲသားကို
ခရမ္းခ်ည္သီးနဲ႔ ေသေသခ်ာခ်ာ ဆီျပန္ခ်က္ထားတဲ့
ဟင္းဗ်။

“ေက်ာက္ခဲ ထမင္းၾကမ္း စားေလ”

“က်ဳပ္ စားခဲ့ၿပီးၿပီဗ်။ကိုႀကီးတာေတ”

က်ဳပ္က ထမင္းၾကမ္းစားေတာ့ ဒီေကာင္ ေရေႏြးၾကမ္း
ေသာက္ေနတယ္။

“ႏို႔ ေနပါဦး ေက်ာက္ခဲရဲ႕ မင္း အေစာႀကီး
ေရာက္လာတာ ကိစၥရွိလို႔လားကြ”

“ရွိသမွ ကိစၥက ေသးေသးေလး မဟုတ္ဘူးဗ်။
တစ္ေတာင္ေက်ာ္,ေက်ာ္ကို ရွိတာ”

“ဘာကြ မင္းစကားက အဆန္းပါလား။ကိစၥက
တစ္ေတာင္ေက်ာ္,ေက်ာ္ရွိတယ္ ဟုတ္လား
ဘာအဓိပၸါယ္တုံး ေက်ာက္ခဲရ”

က်ဳပ္က ထမင္းၾကမ္းစားရင္ ေက်ာက္ခဲကို
လွမ္းၾကည့္ေနတာဗ်။

“ကိုႀကီးတာေတက အိပ္ရာက အခုမွႏိုးတာကိုဗ်
ဘာသတင္းမွ မၾကားေသးဘူးေပါ့”

“ေဟ့ေအး ငါ ဘာမွ မၾကားေသးဘူးကြ
႐ြာထဲမွာ ဘာမ်ားျဖစ္လို႔တုံး”

“ဟေကာင္ ေက်ာက္ခဲ မင္းစကားေတြက
အထူးအဆန္းေတြခ်ည္းပါလား ရွင္းရွင္းေျပာစမ္းပါကြာ”

“ဒီလို ကိုႀကီးတာေတရ ႐ြာေျမာက္ဘက္မွာ
ဘြားမယ္လွတို႔ယာ ရွိတယ္မို႔လား”

“ေအး ဟုတ္တယ္ေလကြာ ေျမာက္ဘက္က ကပ္လ်က္
ထန္းေတာရွိတဲ့ယာက ဘြားမယ္လွတို႔ယာေပါ့ကြ”

“အဲဒီယာထဲမွာ ေျခရာႀကီးေတြ႕လို႔ဗ်”

“ဘာေျခရာတုံးကြ ေက်ာက္ခဲရ”

“ဟ ယာထဲမွာ လူေျခရာေတြ႕တာ ဆန္းလို႔လားကြ
ေက်ာက္ခဲရ”

“ဟာ …ဆန္းပါၿပီလားဗ်ာ ေျခရာက လူေျခရာ
ဆိုေပမယ့္ တစ္ေတာင္ေလာက္ ရွိတာဗ်။
ဒါလူႀကီးလက္နဲ႔ တိုင္းတာေနာ္။ က်ဳပ္လက္နဲ႔
တိုင္းၾကည့္တာေတာ့ တစ္ေတာင္ေက်ာ္တယ္ဗ်”

“ေဟ မင္း ေရာက္ၿပီးသြားၿပီလား ေက်ာက္ခဲရ”

“ဟာ ေရာက္ၿပီးၿပီေပါ့ဗ်။ထေနာင္းကုန္းက တာေတ့တပည့္
ေက်ာက္ခဲပဲဗ်ာ ေရွ႕ဆုံးကေပါ့”

“အင္း ဒီသတင္းကို တို႔႐ြာသားေတြ သိသြားၾကၿပီလားကြ”

“သိလို႔ပဲ တစ္႐ြာလုံး သြားၾကည့္ၾကၿပီးၿပီဗ်။
မၾကည့္ရေသးတာဆိုလို႔ ကိုႀကီးတာေတပဲ
က်န္ေတာ့မွာဗ်”

က်ဳပ္နဲ႔ေက်ာက္ခဲနဲ႔ ေျပာဆိုေနၾကတုန္းမွာပဲ
အေမဝိုင္းထဲကို ဝင္လာတယ္။အေမ ဘယ္အခ်ိန္က
႐ြာထဲသြားလိုက္မွန္း က်ဳပ္ေတာင္ မသိလိုက္ဘူးဗ်။

“တာေတ ေနရာတကာ ေရွ႕ကေရာက္တဲ့ ကိုတာေတေရ
ဒီတစ္ခါေတာ့ ေနာက္ဆုံးကပါလားေတာ္”

“အေမ ဘယ္က ျပန္လာတာတုံးဗ်”

“ဟဲ့ ဘယ္က ျပန္လာရမွာတုံး တစ္႐ြာလုံး
အုံးအုံး ကြၽတ္ကြၽတ္ ျဖစ္ေနတဲ့ ေျခရာေတြကို
သြားၾကည့္တာေပါ့ဟဲ့”

“ေျခရာႀကီးေတြ အႀကီး,ႀကီးဆိုတာ ဟုတ္လား အေမ”

“ဟုတ္ပါေတာ္ တစ္ေတာင္ေလာက္ရွိတဲ့
ေျခရာႀကီးေတြဟဲ့ တာေတရဲ႕”

က်ဳပ္ ထမင္းဆက္စားလို႔ေတာင္ မရေတာ့ဘူးဗ်။
ခပ္ျမန္ျမန္ပဲ ထမင္းၾကမ္းစားၿပီး က်ဳပ္နဲ႔ ေက်ာက္ခဲ
႐ြာျပင္ ထြက္လာခဲ့တယ္။
႐ြာေျမာက္ဘက္က ဘြားမယ္လွယာထဲ ေရာက္ေတာ့

“ကိုႀကီးတာေတ အဲဒီမွာ ေျခရာႀကီးေတြ”

ေက်ာက္ခဲက က်ဳပ္ကို ျပတာဗ်။က်ဳပ္ ေရာက္ေတာ့
လူရွင္းေနပါၿပီ။ တစ္႐ြာလုံးကလူေတြ ဒီေျခရာႀကီးေတြကို
ထြက္ၿပီး ၾကည့္ၿပီးသြားၿပီး ထင္တယ္။

“ဟာ ”

က်ဳပ္ေတာင္ ပါးစပ္က လႊတ္ကနဲ ေအာ္လိုက္မိတာဗ်။
နည္းတဲ့ေျခရာႀကီး မဟုတ္ပါဘူးဗ်ာ။ေယာက်ၤားႀကီး
တစ္ေတာင္ေတာ့ အနည္းဆုံး ရွိတယ္ဗ်။ညက
တစ္ညလုံး မိုးကေလး တစိမ့္စိမ့္႐ြာေနေတာ့
သဲေတြက က်စ္ၿပီး သိပ္ေနတာေလဗ်ာ။ဒီေတာ့
ေျခရာက ေကာင္းေကာင္းျမင္ရတာေပါ့ဗ်။

က်ဳပ္ ေသေသခ်ာခ်ာ ၾကည့္တယ္ဗ်။ေျခေခ်ာင္းကလည္း
ငါးေခ်ာင္းပဲ။အရွည္တစ္ေတာင္ေက်ာ္ေက်ာ္ရွိတဲ့
ေျခဖဝါးဆိုေတာ့ ျဗက္ကလည္း အႀကီးႀကီးေပါ့ဗ်ာ။
စုံေထာက္ေတြရဲ႕ ပညာမွာေတာ့ အလ်ားဘယ္ေလာက္
ရွိရင္ အရပ္ဘယ္ေလာက္ရွိတယ္ဆိုတာ
ရွိတာေပါ့ဗ်ာ။က်ဳပ္ကေတာ့ ဒါေတြ ဘယ္သိမွာတုံး။
ေျခလွမ္းအက်ယ္ကလည္း အက်ဲႀကီးဗ်။

ဒါကို မွန္းဆၾကည့္ရင္ အရပ္က ဆယ္ေပ။
ဆယ္ႏွစ္ေပေလာက္ရွိမယ္ထင္တယ္။
ဒါေပမယ့္ အံ့ၾသစရာေကာင္းတာတစ္ခု ရွိတယ္ဗ်။
ဒီေလာက္ႀကီးမား ထြားက်ိဳင္းတဲ့ လူတစ္ေယာက္ဆိုရင္
ေျခရာဟာ သဲထဲမွာ အနက္ႀကီး ကြၽံဝင္ေနရမွာဗ်။
အခုေတာ့ ေျခရာက သဲေပၚမွာ ထင္႐ုံေလး ထင္ေနတာ။
ေတာ္ေတာ္ကို အံ့ၾသစရာေပါ့ဗ်ာ။

က်ဳပ္ေတြးမိၿပီးသားပါဗ်ာ။ဒါ လူမဟုတ္ဘူးဗ်။
နာနာဘာဝတစ္ေကာင္ရဲ႕ ေျခရာပဲဗ်။က်ဳပ္နဲ႔
ေက်ာက္ခဲ ေျခရာေနာက္ကို ေလွ်ာက္ၾကည့္တယ္။
ေျခရာက ႐ြာကို တစ္ပတ္ ပတ္သြားတယ္။
တစ္ပတ္တည္းဗ်။တစ္ပတ္ထက္ပိုၿပီး မပတ္ဘူး။
က်ဳပ္ ေျခရာေတြကို ေသေသခ်ာခ်ာ ၾကည့္တာ။

ဒါေပမယ့္ အံ့ၾသစရာက ႐ြာကို တစ္ပတ္
ပတ္ၿပီးေတာ့ အဲဒီေျခရာေတြ ဘယ္ကိုသြားတုံးဆိုတာ
က်ဳပ္လိုက္ၾကည့္တာ ဘယ္ကိုသြားတာမွ
မေတြ႕ရဘူးဗ်။ေပ်ာက္သြားတဲ့ပုံပဲ။
အလုပ္ရႈပ္ျပန္ၿပီေပါ့ဗ်ာ။သူႀကီးက ေန႔လည္မွာ
အစည္းအေဝး ေခၚတယ္။႐ြာက ေယာက်ၤားေတြ
အားလုံး တက္ရတယ္။လူႀကီးပိုင္းေတာ့
မပါဘူးေပါ့ဗ်ာ။ထုံးစံအတိုင္း ကင္းေတြ တြဲရတာေပါ့။
ဒီညကစၿပီး ႐ြာထဲမွာ ကင္းခ်ရမယ္။
အေၾကာင္းရွိရင္ သံေခ်ာင္းေခါက္ တစ္ကင္းက
ေခါက္သံၾကားရင္ က်န္တဲ့ ကင္းေတြက
အကုန္ လိုက္ေခါက္ေပါ့ဗ်ာ။

“ဝူး ဝူး ဝူး ဝူး”

ေဟာ ေခြးေတြ အူၿပီဗ်ိဳ႕။႐ြာေျမာက္ပိုင္းက
ေခြးေတြစၿပီး အူတာဗ်။

‘ဝူး ဝူး ဝူး ဝူး’

ေဟာ အူကုန္ၿပီ အူကုန္ၿပီ ႐ြာအေရွ႕ပိုင္း အလယ္ပိုင္း
ေတာင္ပိုင္း အေနာက္ပိုင္း အို တစ္႐ြာလုံး အူလိုက္ၾကတာ
ဆူညံေနရာဗ်။

“ဟဲ့ …တာေတ ၾကားလား ေခြးေတြအူေနတာ”

“ၾကားတယ္ အေမ ၾကားတယ္ က်ဳပ္ႏိုးေနတာပါ”

“ဟယ္ ဘယ္လိုမ်ား ျဖစ္ပါလိမ့္ဟယ္ တစ္႐ြာလုံးကို
ဆူညံေနေတာ့တာပါလား”

“ဝူး ဝူး ဝူး ဝူး”

က်ဳပ္ အိပ္ရာက ထလိုက္တယ္။ေဆးလြယ္အိတ္ကို
ယူၿပီး မ်က္ကြင္းေဆး ကြင္းလိုက္တယ္။က်ဳပ္
႐ြာလယ္လမ္းကို ေရာက္ေတာ့ ႐ြာေျမာက္ပိုင္းကို
သြားတဲ့လမ္းမွာ သုတ္သုတ္နဲ႔ ျဖတ္ေလွ်ာက္သြားတဲ့
ေက်ာက္ခဲကို က်ဳပ္ ေတြ႕လိုက္တယ္ဗ်။

“ေဟ့ ေက်ာက္ခဲလားကြ”

တုံ႔ခနဲရပ္သြားတယ္။ၿပီးေတာ့ က်ဳပ္ ေလွ်ာက္လာတဲ့
႐ြာလယ္လမ္းကို ဒီေကာင္ ေရာက္လာတယ္။

“ကိုႀကီးတာေတ ႐ြာေျမာက္ပိုင္း သြားၾကည့္မလို႔လား”

“ေအးကြ ေျမာက္ပိုင္းမွ မဟုတ္ပါဘူးကြာ ဘယ္က
ၾကည့္ၾကည့္ျဖစ္ပါတယ္ ဒါႀကီးက ႐ြာကိုပတ္မွာပဲဟာ”

“ဒါေပမယ့္ ေျမာက္ပိုင္းက ေျမာက္တံခါးက
သရက္ပင္ႀကီးေတြက တက္လို႔ ေကာင္းတယ္ဗ်”

“ဒါဆိုလည္း သြားေလကြာ”

ဟုတ္ေတာ့ ဟုတ္သားဗ်။ေက်ာက္ခဲေျပာတဲ့အတိုင္းပဲ။
ေျမာက္တံခါးနားက သရက္ပင္ႀကီးႏွစ္ပင္ အုပ္အုပ္ႀကီးဗ်
က်ဳပ္တို႔ႏွစ္ေယာက္ သရက္ပင္ေပၚတက္ၿပီး
သရက္ကိုင္းႀကီး တစ္ကိုင္းစီမွာ ထိုင္လိုက္တယ္။
႐ြာျပင္ကို တန္းျမင္ေနရတာဗ်။ေကာင္းကင္းမွာက
လကေလးမႈန္ျပျပ သာေနတယ္။မိုးရိပ္ကေလး
ရွိေနတာကိုး။လက တိမ္ပါးကေလးကိုေဖာက္ၿပီး
လင္းေနရတာဗ်။

“ဝူး ဝူး ဝူး ဝူး”

ေဟာ ေျမာက္ပိုင္းက ေခြးေတြ အူၾကျပန္ၿပီဗ်ိဳ႕။

“ဘုတ္ ဘုတ္ ဘုတ္ ဘုတ္”

ဟာ ေျခသံႀကီးဗ်။႐ြာေနာက္ဘက္ကေန
ေလွ်ာက္လာတာဗ်ိဳ႕။ေျခသံကေတာ့ ခပ္မွန္မွန္ပဲဗ်။

“ဘုတ္ ဘုတ္ ဘုတ္”

တျဖည္းျဖည္းေတာ့ နီးလာသလိုပဲ။က်ဳပ္နဲ႔
ေက်ာက္ခဲလည္း သစ္႐ြက္ေတြၾကားကေန
မ်က္ေတာင္မခတ္ ၾကည့္ေနတာေပါ့ဗ်ာ။

“ေဝါ ဖ်န္း ဖ်န္း ဖ်န္း”

ဟာ က်ီးေတြ ပ်ိဳၿပီဗ်ိဳ႕။သစ္ပင္ေတြက က်ီးကန္းေတြ
လန္႔ၿပီး ထပ်ံသြားၾကတာဗ်။

“ဘုတ္ ဘုတ္ ဘုတ္ ဘုတ္”

ဟာ ေတြ႕ၿပီဗ်ိဳ႕။ ေတြ႕ၿပီ ဟာ နည္းတဲ့အေကာင္ႀကီးမွ
မဟုတ္တာဗ်ာ။ဆယ့္ငါးေပေလာက္ကို ျမင့္မွာဗ်။
ကိုယ္လုံးကလည္း စပါးအစိတ္ဝင္
ပုတ္ေလာက္ေလာက္ရွိတယ္။ေၾသာ္ ဒါေၾကာင့္လည္း
ေျခရာႀကီးက တစ္ေတာင္ေက်ာ္ေလာက္ရွိတာကိုးလို႔
က်ဳပ္ ေတြးလိုက္မိတယ္။

ေက်ာက္ခဲကေတာ့ ေျခသံႀကီးပဲ ၾကားေနရတာေပါ့ဗ်ာ။
မ်က္လုံးနီနီႀကီးေတြက ျခင္းလုံးအ႐ြယ္ေလာက္
ရွိမယ္ဗ်။က်ဳပ္ျဖင့္ ၾကက္သီးေတြေတာင္ ထလို႔ေပါ့ဗ်ာ။
အံ့ၾသစရာ ေျပာရဦးမယ္ဗ်ိဳ႕။ဒီအေကာင္ႀကီးက
ဘာအေကာင္ႀကီးမွန္းေတာ့ မသိဘူးဗ်။
ဒါေပမယ့္ တစ္ကိုယ္လုံးကေတာ့ မီးေသြးခဲလိုကို
နက္ေမွာင္ေနတာပဲဗ်ိဳ႕။ခါးမွာ ပုဆိုးကြက္တုံးႀကီး
ဝတ္ထားတာဗ်။ပုဆိုးက ဒူးေခါင္းေလာက္ကို
တိုတိုႀကီး ဝတ္ထားတာဗ်။အေပၚပိုင္းမွာ အက်ႌမပါဘူး။

ကိုယ္တုံးလုံးဗ်။အသားက မီးေသြးခဲ မည္းသလိုကို
မည္းတာဗ်ိဳ႕။မ်က္လုံးနီနီႀကီးေတြက ဘယ္ကိုမွ
မၾကည့္ဘဲ ေရွ႕တည့္တည့္ကိုပဲ ၾကည့္ေနတာဗ်။

“ဘုတ္ ဘုတ္ ဘုတ္”

“ဝူး ဝူး ဝူး အိ အိ အိ”

ေခြးေတြကလည္း အူလိုက္တာမွ ဆူညံေနတာဗ်ိဳ႕။
က်ဳပ္နဲ႔ေက်ာက္ခဲလည္း သရက္ပင္ေပၚက ျပန္ဆင္း
လာၿပီး အိမ္ျပန္ခဲ့ၾကတယ္။က်ဳပ္ အိမ္ေရာက္ၿပီး
ခဏၾကာေတာ့ ေခြးအူတာေတြလည္း ရပ္သြားေရာဗ်။
ကင္းသမားေတြလည္း ဘာမွမျဖစ္ေတာ့ သံေခ်ာင္းေတြ
ဘာေတြလည္း မေခါက္ရဘူးေပါ့ဗ်ာ။

က်ဳပ္ အိမ္ရာကႏိုးၿပီး ထမင္းၾကမ္းစား႐ုံပဲရွိေသးတယ္ဗ်။
ေက်ာက္ခဲ ေရာက္လာတယ္။ဒီေကာင္ကလည္း
က်ဳပ္လို ေကာင္ပါဗ်ာ။ဒီလိုကိစၥမ်ိဳးေတြ ႀကဳံလာရင္
ညေတာင္ အိပ္လို႔ ေပ်ာ္တာ မဟုတ္ဘူးဗ်။

“ကိုႀကီးတာေတ ညကကိစၥ ဘယ္လိုတုံးဗ်”

က်ဳပ္က ေက်ာက္ခဲကို က်ဳပ္ျမင္တာ က်ဳပ္ေျပာျပလိုက္
တယ္။ဒီေတာ့မွ ေက်ာက္ခဲ ေတာ္ေတာ္လန္႔သြားတာဗ်။

“ဒါဆိုရင္ ဘယ္လိုလုပ္ၾကမလဲ ကိုႀကီးတာေတ
ေတာ္ေတာ္ၾကာ ႐ြာကို ဒုကၡေပးေနရင္ ခက္မယ္ဗ်”

“ငါလည္း ဒါကိုပဲ စဥ္းစားေနတာကြ ဒါေပမဲ့
ကိစၥအေၾကာင္းရင္းကို ေသေသခ်ာခ်ာ မသိဘဲ
ငါ မလုပ္ရဲဘူးကြ ေက်ာက္ခဲရ”

“ဟင္ ဒါဆိုရင္ ကိုႀကီးတာေတ ခါတိုင္းလုပ္သလို
မဖဲဝါကို သြားေမးမလား”

“ေနပါဦးကြာ ဒါ ဘာအေၾကာင္းလဲဆိုတာ သိလာမွာပါ
ခဏေစာင့္ၾကည့္ၾကတာေပါ့ကြာ”

“အင္းေလ ဒါလည္း ဟုတ္တာပါပဲ ဘာမွန္းညာမွန္း
မသိဘဲ ဘာမွလုပ္လို႔ မရဘူးေလ”

“ေက်ာက္ခဲေရ ေက်ာက္ခဲ”

ေက်ာက္ခဲက အိမ္ေရွ႕ကို လွမ္းၾကည့္တယ္။
ဝိုင္းဝမွာ ရပ္ေခၚေနတာက သံမဏိဗ်။

“ေဟ့ေကာင္ သံမဏိ လာေလကြာ ငါ ဒီမွာ ရွိတယ္”

သံမဏိက အိမ္ေပၚကို တန္းတက္လာတယ္။

“သံမဏိ လာေလကြာ ေက်ာက္ခဲကိုေခၚၿပီး
ဘယ္သြားမလို႔တုံး”

“ဒီေကာင့္ အေဖေတြ အေမေတြ ယားေနလို႔ဗ်”

“ေဟ…ဘာကြ သံမဏိ ဘယ္လိုျဖစ္တာတုံး”

“ေက်ာက္ခဲ အေဖေတြ အေမေတြ ယားေနၾကတာ
ကိုႀကီးတာေတရ ကုတ္လို႔လည္း မရဘူး။အသားမွာ
အပိန္႔ႀကီးေတြထၿပီး ယားတာဗ်။ အခုေတာ့
သနပ္ခါး ေသြးလိမ္းေနၾကတယ္”

“အင္ျပင္ထတာ ေနမွာေပါ့ကြာ”

“အင္ျပင္လား ဘာလားေတာ့ မသိဘူးဗ်။
ယားတာကေတာ့ ႐ြာေျမာက္ပိုင္းတစ္ပိုင္းလုံးနဲ႔
ေတာင္ပိုင္းတစ္ပိုင္းလုံးက လူအကုန္ပဲဗ်”

“ေဟ ဘယ္လိုကြ ေက်ာက္ခဲအေဖနဲ႔ အေမတင္
ယားတာ မဟုတ္ဘူးလားကြ သံမဏိရ”

“ဟာ မဟုတ္ဘူး ကိုႀကီးတာေတရ။႐ြာေျမာက္ပိုင္း
တစ္ပိုင္းလုံးနဲ႔ ေတာင္ပိုင္းတစ္ပိုင္းလုံး ယားေနၾကတာ
အလို,လိုေနရင္းက ယားတာဗ်”

“ဟာ မဟုတ္ေသးပါလား ငါလိုက္မယ္ လိုက္မယ္”

က်ဳပ္ေရာက္ေတာ့ ဟုတ္တယ္ဗ်ိဳ႕။
အိမ္တိုင္း အိမ္တိုင္းမွာ ရွိသမွ် လူအကုန္ယားေနတာဗ်
က်ဳပ္ခ်က္ခ်င္း ဆရာေတာ္ဆီကို ေျပးၿပီး အက်ိဳးအေၾကာင္း
ေလွ်ာက္လိုက္တယ္။ဆရာေတာ္က က်ဳပ္ကို
သစ္စုန္းေတာင္ေဝွး ေပးလိုက္တယ္။ေရတိုက္ကီထဲမွာ
သစ္စုန္းေတာင္ေဝွးနဲ႔ ေမႊၿပီး အဲဒီေရနဲ႔ ေတာက္လိုက္
တာ အယားေတြ ေပ်ာက္ကုန္ေရာဗ်။ဒါနဲ႔
ေျမာက္ပိုင္းက အိမ္ေတြနဲ႔ ေတာင္ပိုင္းက အိမ္ေတြမွာ
က်ဳပ္ရယ္ ေက်ာက္ခဲရယ္ သံမဏိရယ္ သစ္စုန္း
ေတာင္ေဝွးနဲ႔ ေရေတြ လိုက္လုပ္ေပးတယ္။
ဒီေတာ့မွ အယားေတြ ေပ်ာက္ကုန္တာဗ်ိဳ႕။
တစ္႐ြာလုံးက လူေတြ က်ဳပ္ဆရာေတာ္ရဲ႕
ေတာင္ေဝွးကို ခ်ီးမြမ္းလိုက္တာ မေျပာပါနဲ႔ေတာ့ဗ်ာ။
ညေရာက္ေတာ့ က်ဳပ္နဲ႔ ေက်ာက္ခဲ သရက္ပင္ေပၚ
တက္ေစာင့္ေနၾကတယ္။ ဒါေပမယ့္ ေခြးေတြလည္း
မအူဘူး။မီးေသြးခဲလို မည္းနက္တဲ့ အေကာင္းႀကီးလည္း
မလာဘူးဗ်။ က်ဳပ္ဒို႔ အိမ္ျပန္လာခဲ့ၾကတယ္။

က်ဳပ္ေမွးကနဲ အိပ္ေပ်ာ္႐ုံ ရွိေသးတာဗ်။
“ေဝါ …ေဝါ …ေဝါ…ေဝါ”
ဟာ ေလေတြ တိုက္ေနပါေရာလား က်ဳပ္လန္႔ၿပီး
ထထိုင္လိုက္မိတယ္။

“တာေတ ႏိုးလား ေလေတြ တအားတိုက္ေနတယ္ၾကားလား”

“ႏိုးတယ္ အေမ ၾကားတယ္ ၾကားတယ္”

တိုက္လိုက္တဲ့ေလဗ်ာ။ေဝါကနဲ ေဝါကနဲကို
ျဖစ္ေနတာဗ်။ၿပီးေတာ့ ေလကလည္း ေလေအးႀကီးဗ်ာ။
မိုးေတာ့ မပါဘူးဗ်ိဳ႕။ေလခ်ည္းပဲတိုက္တာ။
ေလၿငိမ္ေတာ့မွ က်ဳပ္ အိပ္ေပ်ာ္သြားတယ္။

“ကိုႀကီးတာေတ”

ေက်ာက္ခဲ ေရာက္လာၿပီး ႏႈိးေတာ့မွ က်ဳပ္ ႏိုးသြားတာဗ်ိဳ႕

“ထူးတယ္ ကိုႀကီးတာေတေရ ညက ေလေတြတိုက္တာ
က်ဳပ္ဒို႔ တစ္႐ြာတည္း တိုက္တာဗ်။ဘန္႔ေဘြးကုန္းက
မနက္ေစာေစာလာတဲ့ လူေတြေျပာတယ္ သူတို႔ဆီမွာ
ေလမတိုက္ဘူးတဲ့ဗ်”

“ေလဆိုတာ ဒီလိုေပါ့ကြာ သူ႔လမ္းေၾကာင္းအတိုင္း
တိုက္တာေပါ့”

“ဒါတင္ မဟုတ္ဘူးဗ်။ ကိုႀကီးတာေတရ ဒီမနက္
ေျမာက္ပိုင္းက လူေတြေရာ ေတာင္ပိုင္းက လူေတြေရာ
အားလုံးကိုယ္ေတြပူၿပီး ဖ်ားေနၾကတယ္ဗ်”

“ေဟ ဟုတ္လား တယ္လည္းထူးဆန္းပါလား
ဟိုေန႔ကက်ေတာ့ ယားလို႔ ဒီေန႔က်ေတာ့ ဖ်ားလို႔
ဖ်ားတာကလည္း တစ္ေယာက္တေလ မဟုတ္ဘူး
လူကုန္ဖ်ားတာ ဟုတ္လား ေက်ာက္ခဲ”

“ဟုတ္ပါဗ်ာ ကေလးလူႀကီးတစ္ေယာက္မက်န္
ဖ်ားေနတာဗ်။က်ဳပ္အေဖေရာ အေမေရာ ဖ်ားေနၾကတယ္”

“ေဟ မင္းကေတာ့ မဖ်ားပါလား မင္းလည္း ေျမာက္ပိုင္းပဲမို႔လား”

“ဟုတ္တယ္ဗ်ာ အဲဒါေတာ့ နည္းနည္းဆန္းတယ္
ဟိုေန႔ကလူေတြ ယားတုန္းကလည္း က်ဳပ္မယားဘူးဗ်
အခု လူေတြအကုန္ဖ်ားေတာ့လည္း က်ဳပ္ မဖ်ားဘူးဗ်”

“ကဲ ဒါဆိုရင္ ဟိုေန႔က ဆရာေတာ္ေတာင္ေဝွးနဲ႔
ေမႊထားတဲ့ေရကို အဝတ္နဲ႔ စိမ္ၿပီး ေရပတ္တိုက္ခိုင္း
လိုက္ကြာ။ကဲ သြား မင္းဒို႔ လူငယ္ေလးေတြ
ခ်က္ခ်င္းစုၿပီး လိုက္လႈံ႕ေဆာ္လိုက္ကြာ ေနပါဦး
ေက်ာက္ခဲရဲ႕ ႐ြာအေရွ႕ပိုင္း အေနာက္ပိုင္းေတြေရာ
ဘာမွ မျဖစ္ဘူးလားကြ”

“ဟာ မျဖစ္ဘူးဗ် ေျမာက္ပိုင္းနဲ႔ ေတာင္ပိုင္းပဲ
ျဖစ္ေနတာ”

“အင္း ထူးေတာ့ ေတာ္ေတာ္ထူးပဲကြာ”

ေက်ာက္ခဲ ခ်က္ခ်င္းထြက္သြားတယ္။ေျမာက္ပိုင္းနဲ႔
ေတာင္ပိုင္းက လူေတြကို လိုက္ၿပီး လႈံ႕ေဆာ္ဖို႔ေပါ့ဗ်ာ။
အဲဒီေန႔ ညေန႔ပိုင္း ေက်ာက္ခဲ ေရာက္လာၿပီး
ေျပာတယ္ဗ်။ဆရာေတာ္ ေတာင္ေဝွး ေမႊထားတဲ့ေရနဲ႔
ေရပက္တိုက္တာ အပူေတြ က်သြားၾကၿပီတဲ့ဗ်ိဳ႕။
ညေရာက္ေတာ့ က်ဳပ္ ခ်က္ခ်င္းမအိပ္ဘူး။
အေျခအေနကို ေစာင့္ၾကည့္ေနတယ္။
ညသန္းေခါင္ေလာက္က်ေတာ့ က်ဳပ္အိပ္ေပ်ာ္ေနတာကို
အေမ လာႏႈိးတယ္ဗ်။က်ဳပ္ အိပ္ေမာက်ေနတာကို
အေမေတာ္,ေတာ္ ႏႈိးယူရတာဗ်

“ဟဲ့ တာေတ တာေတ”

“ဗ်ာ”

“ထစမ္း ထစမ္းဟဲ့ ႐ြာထဲမွာ အသံေတြ ဆူညံေနတာပဲ
နည္းနည္းပါးပါး ထြက္ၾကည့္စမ္း”

“ဟုတ္တယ္ လူကေလး။ အသံေတြၾကားတာ ၾကာၿပီ။
ၾကားကာစကေတာ့ ရန္ေတြဘာေတြ ျဖစ္တယ္မွတ္တာ
အခုဟာက လူသံေတြ အမ်ားႀကီးကို ျဖစ္ေနၿပီ”

က်ဳပ္အဘကပါ ေျပာတာဗ်။
ဟာ ဟုတ္တယ္ဗ်ိဳ႕။ ဘာျဖစ္ၾကျပန္တယ္ မသိဘူး။
ဆူညံေနပါလား ။
က်ဳပ္ခ်က္ခ်င္း အိပ္ရာကထၿပီး ႐ြာထဲကို ခပ္သုတ္သုတ္
ထြက္ခဲ့တယ္။လက္ထဲက သုံးေတာင့္ထိုးဓါတ္မီးနဲ႔
ဟိုထိုးသည္ထိုးလုပ္ရင္း ေလွ်ာက္လာခဲ့တာ။
လမ္းေရာက္ေတာ့မွ သိတာဗ်။ဆူဆူညံညံအသံေတြက
႐ြာေျမာက္ပိုင္းနဲ႔ ေတာင္ပိုင္းက ထြက္ေနတာဗ်။
က်ဳပ္ ေျမာက္ပိုင္းကို အရင္သြားတယ္။
အဲဒီမွာက ေက်ာက္ခဲတို႔ ရွိတယ္ေလဗ်ာ။

“ကိုႀကီးတာေတ”

က်ဳပ္ကိုေခၚသံၾကားလို႔ ေနာက္ကို လွည့္ၾကည့္လိုက္တယ္။
လက္ထဲက ဓါတ္မီးနဲ႔ လွမ္းထိုးလိုက္ေတာ့ သံမဏိဗ်။
ဒီေကာင္ကလည္း က်ဳပ္လိုပဲ ႐ြာလယ္ပိုင္းမွာ
ေနတာေလဗ်ာ။

“ကိုႀကီးတာေတ က်ဳပ္အေဖ သြားၾကည့္ၿပီး
ျပန္လာေျပာတယ္ဗ်”

“ေဟ ဘာျဖစ္တာတဲ့တုံး သံမဏိရဲ႕”

“ငလ်င္လႈပ္ေနတာတဲ့ဗ်”

“ဘာ… ငလ်င္လႈပ္တာ ဟုတ္လား”

“ဟုတ္တယ္ ကိုႀကီးတာေတရဲ႕ က်ဳပ္အဘေျပာတာေတာ့
အိမ္ႀကီးေတြေတာင္ ခါေနတာတဲ့ အဲဒါ လူေတြ
ေၾကာက္ၿပီး ဆင္းေျပးလာၾကတာတဲ့ဗ်”

သံမဏိနဲ႔ က်ဳပ္နဲ႔ ေျမာက္ပိုင္းကိုေရာက္ေတာ့
ၿငိမ္ၿပီဗ်။မလႈပ္ေတာ့ဘူး။ေျမာက္ပိုင္းက လူေတြ
ကေတာ့ ေတာ္ေတာ္ကို ေၾကာက္သြားတဲ့ပုံပဲဗ်။
ေျပာေနလိုက္ၾကတာ ဆူညံပြက္ေနပါေရာလား။

“ကြၽိ ကြၽိ ကြၽိ ကြၽိ”

“ဟာ …လႈပ္ျပန္ၿပီေဟ့ လႈပ္လာျပန္ၿပီ”

ေအာ္သံေတြညံၿပီး ထြက္လာတာဗ်ိဳ႕။ဟုတ္ပါ့ဗ်ာ။
အိမ္ႀကီးေတြ အကုန္လုံး ယိမ္းၿပီး လႈပ္ေနတာဗ်။
တကြၽီကြၽီနဲ႔ကို ျဖစ္ေနတာဗ်။ဒါေပမဲ့ က်ဳပ္တို႔
မတ္တပ္ရပ္တဲ့ ေျမႀကီးကေတာ့ မလႈပ္ဘူးဗ်။
သစ္ပင္ေတြလည္း မလႈပ္ဘူး။ေရစည္ထဲက
ေရေတြလည္း မလႈပ္ဘူးဗ်။လက္စသတ္ေတာ့
ဒါ ငလ်င္လႈပ္တာမွ မဟုတ္ဘဲ။ အိမ္ေတြ လႈပ္တာဗ်။
ေျမငလ်င္မွ မဟုတ္တာ။အိမ္ငလ်င္လို႔ပဲ
ေျပာရေတာ့မွာေပါ့ဗ်ာ။

“ကဲ သံမဏိ လာ မင္းနဲ႔ ငါ ေတာင္ပိုင္းကို
သြားၾကည့္ၾကဦးစို႔”

က်ဳပ္နဲ႔သံမဏိ ေတာင္ပိုင္းကို ထြက္လာခဲ့တယ္။
လမ္းေရာက္ေတာ့ …

“ဟာ ကိုႀကီးတာေတ”

“ဟင္ ေက်ာက္ခဲ မင္းဘယ္က လာတာတုံး”

“က်ဳပ္ ေတာင္ပိုင္းကို သြားၾကည့္ၿပီး ျပန္လာတာဗ်”

“ေဟ ဟုတ္လား ငါတို႔က အခုမွသြားမလို႔ကြ
လာကြ တစ္ေခါက္ျပန္လိုက္ခဲ့ဦး မင္းတို႔ ေျမာက္ပိုင္း
မွာေတာ့ ငါၾကည့္ခဲ့ၿပီးၿပီ”

“ကိုႀကီးတာေတ ဒါ ေျမငလ်င္လႈပ္တာလားဗ်
ေျမငလ်င္ဆိုရင္လည္း တစ္႐ြာလုံး လႈပ္ရမွာေပါ့ဗ်။
အခုေတာ့ ေျမာက္ပိုင္းႏွင့္ ေတာင္ပိုင္းတင္ ကြက္လႈပ္ေနတာ
ဘာေသဘာတုံးဗ္”

“ေျမငလ်င္ မဟုတ္ဘူးကြ ေက်ာက္ခဲရ
အိမ္ငလ်င္ အိမ္ငလ်င္”

“ဗ်ာ အိမ္ငလ်င္ ဟုတ္လား က်ဳပ္ျဖင့္ တစ္ခါမွ
မၾကားဖူးပါဘူးဗ်ာ”

“ေျမႀကီးလႈပ္တာ ေျမငလ်င္ ေခၚမွာေပါ့ ေက်ာက္ခဲရ
အခုဟာက ေျမႀကီး မလႈပ္ဘူးကြ အိမ္ေတြခ်ည္း လႈပ္တာ”

“ေၾသာ္ ဒီလိုလား”

ေျပာရင္းဆိုရင္းနဲ႔ က်ဳပ္ဒို႔သုံးေယာက္ ေတာင္ပိုင္းကို
ေရာက္လာၾကေရာဗ်ိဳ႕။

“ေဟာ လႈပ္ျပန္ၿပီေဟ့”

လူေတြ ဆူညံ ဆူညံနဲ႔ ေအာ္တဲ့အသံေတြ
ညံေနျပန္ေရာဗ်ာ။
ဟုတ္ပါ့ဗ်ာ အိမ္ႀကီးေတြ လႈပ္ရမ္းေနတာဗ်ိဳ႕။

“ကြၽိ ကြၽိ ကြၽိ”

က်ဳပ္တို႔ ခဏရပ္ၾကည့္တယ္။ဒီမွာလည္း ဒီလိုပဲဗ်။
ေျမႀကီး မလႈပ္ဘူး။အိမ္ေတြခ်ည္း လႈပ္ေနတာ။
ဒါနဲ႔ က်ဳပ္တို႔ ျပန္လာခဲ့တယ္။
က်ဳပ္ အိမ္ျပန္ေရာက္ေတာ့ အဘနဲ႔ အေမက
က်ဳပ္ကို ေစာင့္ေနၾကတယ္ဗ်။

“တစ္ခုခုေတာ့မွ တစ္ခုခုပဲ အဘရ။
ေျမႀကီးလႈပ္တာ မဟုတ္ဘဲ အိမ္ေတြခ်ည္း လႈပ္ေနတာ”

“ေအးေလ လူေလးရာ ေျမငလ်င္လႈပ္တယ္ဆိုရင္
အဘတို႔ တစ္႐ြာလုံး လႈပ္ရမွာေပါ့ အခုေတာ့
ေတာင္ပိုင္းနဲ႔ ေျမာက္ပိုင္းပဲ လႈပ္တယ္ဆိုတာ
ေတာ္ေတာ္ထူးဆန္းတဲ့ ကိစၥကြ။ လူေတြေတာ့
ေတာ္ေတာ္ကို လန္႔ေနမွာပဲေနာ္”

“ဟာ လန္႔ပါၿပီလား အဘရာ ကြၽက္ကြၽက္ကို
ညံေနၾကတာဗ် အဘရ”

“ေအး နင္ စဥ္းစားၾကည့္စမ္း တာေတ ဟိုေန႔က
ယားလိုက္ၾကတာ အိမ္ရွိလူကုန္ပဲ ေနာက္ေန႔က်ေတာ့
ဖ်ားလိုက္ၾကတာ အိမ္ရွိလူကုန္ဆိုပဲ။အခုတစ္ခါ
အိမ္ႀကီးေတြ လႈပ္ေနျပန္ျပန္ၿပီတဲ့။ ငါ့စိတ္ထင္ေတာ့
ဒီေျမာက္ပိုင္းသားေတြနဲ႔ ေတာင္ပိုင္းသားေတြ
တစ္ခုခုေတာ့ ျဖစ္ေနၿပီထင္တယ္ဟဲ့ တာေတရဲ႕”

“က်ဳပ္လည္း အဲဒါကိုပဲ ေတြးေနတာ အေမရဲ႕ ဒါမ်ိဳးေတြ
က်ဳပ္လည္း တစ္ခါမွ မၾကားဖူးပါဘူးဗ်ာ
႐ြာျပင္မွာလည္း ေျခရာတစ္ေတာင္ေက်ာ္ရွိတဲ့
သရဲႀကီးတစ္ေကာင္က ႐ြာကို ႏွစ္ညဆက္တိုက္ပတ္ၿပီး
ေလွ်ာက္သြားတယ္ဗ်”

“ေဟ အဲဒါ သရဲ ဟုတ္လား နင္ျမင္လို႔လား တာေတ”

“က်ဳပ္ မ်က္ကြင္းေဆးကြင္းၿပီး ၾကည့္တာဗ် အေမရဲ႕
နည္းတဲ့ အေကာင္ႀကီး မဟုတ္ဘူးဗ်။ ဆယ့္ငါးေပ
ေလာက္ ျမင့္တယ္ ကိုယ္လုံးႀကီးကလည္း
အစိတ္ဝင္ပုတ္ေလာက္ရွိတယ္ မ်က္လုံးႀကီးေတြကလည္း
နီရဲၿပီး ျခင္းလုံးေလာက္ ရွိတာဗ်”

“ေအာင္မယ္ေလး ေအာင္မယ္ေလး နင္မို႔လို႔
မျမင္ ျမင္ေအာင္လုပ္ၿပီး ၾကည့္ရတယ္လို႔ တာေတရယ္
ငါ့ျဖင့္ ေျပာသံၾကားတာနဲ႔ေတာင္ ေၾကာက္ေနၿပီ”

ညနာရီျပန္ႏွစ္ခ်က္ေလာက္မွ က်ဳပ္တို႔ အိပ္ရာကို
ျပန္ဝင္ခဲ့ၾကတာဗ်။ျပန္မအိပ္ခင္ က်ဳပ္က မဖဲဝါရဲ႕
ကိုယ္ပြါး႐ုပ္ကေလးကို ကိုင္ၿပီး ေျပာလိုက္တယ္။

“သခ်ႋဳင္းရွင္မ မဖဲဝါ ခင္ဗ်ာ က်ဳပ္တို႔႐ြာမွာ
ျဖစ္ပ်က္ေနတာေတြနဲ႔ ပတ္သတ္ၿပီး က်ဳပ္
သိလိုပါတယ္ဗ်ာ”

မဖဲဝါကိုယ္ခြဲ႐ုပ္ကေလးကို က်ဳပ္က ေခါင္းအုံး
ေအာက္မွာထားၿပီး အိပ္လိုက္တယ္။

ပန္းပြင့္ဝါဝါကေလး ပန္ထားတဲ့ ေကာင္မေလးကို
က်ဳပ္ေတြ႕တယ္။တ႐ုတ္စကားပင္ႀကီး တစ္ပင္ေအာက္မွာ
ရပ္ေနတာဗ်။သူရပ္ေနတဲ့ ေနာက္က တ႐ုတ္စကားပင္က
အပြင့္ျဖဴျဖဴေတြ ေဖြးေနေအာင္ ပြင့္တာဗ်။
က်ဳပ္ေသေသခ်ာခ်ာ သတိထားၿပီး ၾကည့္လိုက္ေတာ့
ေကာင္မေလး ပန္ထားတာလည္း တ႐ုတ္စကားပန္းပဲဗ်
ဒါေပမယ့္ အျဖဴမဟုတ္ဘူး အဝါဗ်။တ႐ုတ္စကားပန္း
အဝါ။

“ဟဲ့ တာေတ နင္ သိခ်င္တာ ေျပာျပမလို႔ ငါလာတာ”

“ဟုတ္ကဲ့ ေျပာျပပါ သခ်ႋဳင္းရွင္မႀကီးရယ္”

ေကာင္မေလးက ေခါင္းညိတ္တယ္။ၿပီးေတာ့
ေျပာတယ္ဗ်။

“တာေတ နင္တို႔႐ြာေတာ့ မၾကာခင္ မီးေလာင္ခံရလိမ့္မယ္
ဒါေပမယ့္ မီးက ကြက္ေလာင္မွာပါ ေျမာက္ပိုင္းနဲ႔
ေတာင္ပိုင္းမွာ အလိုလိုေနရင္းကေန ဟုန္းကနဲ
ထေလာင္မွာ ဘယ္လိုျငႇိမ္းလိုမွ မၿငိမ္းဘူး
ေအး ေတာင္ပိုင္းနဲ႔ ေျမာက္ပိုင္းမွာ တစ္အိမ္လုံးမွ
မက်န္ေတာ့တဲ့အခါက်ေတာ့ သူ႔အလိုလို
ၿငိမ္းသြားလိမ့္မယ္”

“ဟင္ ဘယ္လိုျဖစ္လို႔ ႐ြာေျမာက္ပိုင္းနဲ႔ေတာင္ပိုင္းမွာ
ကြက္ၿပီး ျဖစ္ေနတာတုံးဗ်”

“ေတာင္ပိုင္းကအေကာင္နဲ႔ ေျမာက္ပိုင္းကအေကာင္
မဟုတ္တာ လုပ္ထားလို႔ေပါ့ တာေတရဲ႕”

“ဟင္ ဟုတ္လား ဘယ္သူေတြတုံးဗ်ာ ဘာမ်ားလုပ္
ထားလို႔တုံး မဖဲဝါ”

“ေအး ဒါကို နင္ မသိခင္ နင္တို႔႐ြာကို ညဘက္ ပတ္ေလွ်ာက္ေနတဲ့
အေကာင္ကို နင္ေခ်ာင္းၾကည့္ၿပီးၿပီမို႔လား”

“ဟုတ္ပါတယ္ဗ်ာ”

“အဲဒါ ငနက္ေမွာင္ႀကီးဟဲ့ ေျခရာတစ္ေတာင္
ငနက္ေမွာင္ဆိုတာ သူေပါ့ တာေတရဲ႕”

“ဗ်ာ…ေျခရာတစ္ေတာင္ ငနက္ေမွာင္ ဟုတ္လား
မဖဲဝါ ။ ဟုတ္ပါ့ဗ်ာ တစ္ကိုယ္လုံး မီးေသြးတုံးလို႔
မည္းနက္ေနတာဗ်။သူက ဘာလာလုပ္တာတုံး မဖဲဝါ”

“ငနက္ေမွာင္က ‘ဘုရားၿပိဳ’သိုက္က သိုက္ေစာင့္ႀကီးဟဲ့
တာေတရဲ႕ ငနက္ေမွာင္ အဲဒီ ‘ဘုရားၿပိဳ’သိုက္ေစာင့္တာ
ႏွစ္ေထာင္နဲ႔ခ်ီေနၿပီ။သူေစာင့္တဲ့သိုက္က ပစၥည္းတစ္ခုကို
ယူသြားလို႔ကေတာ့ ငနက္ေမွာင္က တစ္ကိုယ္လုံး
စိစိညက္ညက္ေၾကေအာင္ ႐ိုက္ပစ္မွာေဟ့ ။အခုဟာက
ပစၥည္းတစ္ခု မဟုတ္ဘူး ေ႐ႊသပိတ္နဲ႔ ထည့္ထားတဲ့
ရတနာေတြ ယူလာတာ အဲဒါ ျပန္ပို႔ဖို႔ သတိေပးေနတာေဟ့”

“ဗ်ာ သိုက္ထဲက ပစၥည္းေတြကို က်ဳပ္တို႔ ႐ြာသားေတြ
ယူလာတာ ဟုတ္လား မဖဲဝါ ”

“ေအး အဲဒီအခ်ိန္က ငနက္ေမွာင္ မရွိဘူး ေအာက္ျပည္ကို
ကိစၥတစ္ခုနဲ႔ သြားေနရတာ ျပန္လာမွ ပစၥည္းေတြ
ယူသြားမွန္းသိတာ”

“ဟာ ျဖစ္မွျဖစ္ရေလဗ်ာ ေတာ္ေတာ္ကို မိုက္တဲ့လူေတြ
ပဲဗ်ာ။ဘုရားပစၥည္း သိုက္ပစၥည္းကို ယူရသတဲ့လားဗ်ာ”

“ေအး အဲဒီေကာင္ႏွစ္ေယာက္ေၾကာင့္ နင္တို႔
တစ္႐ြာလုံး ဒုကၡႀကဳံၾကရေတာ့မယ္”

“က်ဳပ္ ဘာလုပ္ရမွာတုံး မဖဲဝါ”

“ဟဲ့ ဘာလုပ္ရမွာတုံး ဘုရားပစၥည္းေတြ ျပန္ပို႔ရမွာေပါ့
နင္တို႔သြားပို႔စရာ မလိုဘူး ငနက္ေမွာင္ကို
ျပန္ေပးလိုက္႐ုံပဲ”

“ဟင္ ဘယ္မွာ သြားေပးရမွာတုံး မဖဲဝါ”

“မနက္ျဖန္ည နင္တို႔႐ြာကို မီးရႈိ႕ဖို႔ လာလိမ့္မယ္
႐ြာေျမာက္ဘက္မွာ သိုက္ထဲက ယူလာတဲ့
ေ႐ႊသပိတ္ကို ခုံျမင့္နဲ႔ ေပးၿပီး ေတာင္းပန္။
ၾကက္အေကာင္လိုက္ ငါးေကာင္ေၾကာ္။
ထမင္းႏွစ္ျပည္ခ်က္နဲ႔ စေကာထဲမွာ ျပင္ဆင္ၿပီး
ေကြၽးရမယ္ ငါလာၿပီး စားခိုင္းမယ္။နင္ဒို႔ေကြၽးလို႔
စားမွာမဟုတ္ဘူး ငနက္ေမွာင္ ေဒါသေတာ္ေတာ္
ျဖစ္ေနတာ။သူ႔ေျခရာကို နင္တို႔ျမင္ေအာင္
တမင္ျပေနတာ။ဒါေတာင္ ငမိုက္သားႏွစ္ေကာင္က
မသိခ်င္ေယာင္ေနတုန္း ။ ႐ြာသားေတြကိုယ္စား
နင္က ေတာင္းပန္ေပေတာ့ တာေတ ။ နင္ ဘာမွ
မေၾကာက္ပါနဲ႔ ငါ ရွိေနမွာပါ”

“ေကာင္းပါၿပီ မဖဲဝါ ေက်းဇူးတင္ပါတယ္ဗ်ာ
မနက္ျဖန္ည ကိစၥၿပီးရင္ ထေနာင္းကုန္းသခ်ၤ ိုင္းမွာ
မဖဲဝါကို စားပြဲဆက္ပါ့မယ္”

“လြဲေခ်ာ္သြားရင္ေတာ့ မနက္ျဖန္ညမွာ နင္တို႔႐ြာ
မီးေလာင္လိမ့္မယ္ တာေတ”

“မလြဲေခ်ာ္ပါဘူးဗ်ာ စိတ္ခ်ပါ မဖဲဝါ စိတ္ခ်ပါ စိတ္ခ်ပါ”

“ဟဲ့ တာေတ ဘယ္သူ႔ကိုမ်ား စိတ္ခ်ပါ စိတ္ခ်ပါနဲ႔
ေျပာေနတာတုံး”

ဟင္ မိုးေတာင္လင္းေတာ့မွာပါလား။အေမနဲ႔ အဘေတာင္
အိပ္ရာထေနၾကၿပီဗ်။

“အဘ ဒီေန႔ေတာ့ က်ဳပ္ ယာထဲမလိုက္ေတာ့ဘူးဗ်ာ။
မဖဲဝါ က်ဳပ္ကို လာေျပာတယ္။မနက္ျဖန္ ႐ြာမီးေလာင္
လိမ့္မယ္တဲ့ ဘုရားၿပိဳသိုက္က ေ႐ႊသပိတ္နဲ႔ ထည့္ထားတဲ့
ပစၥည္းေတြကို ေတာင္ပိုင္းက လူတစ္ေယာက္နဲ႔
ေျမာက္ပိုင္းက လူတစ္ေယာက္ေပါင္းၿပီး ယူလာၾကတာတဲ့ဗ်”

“ေၾသာ္ ဒါေၾကာင့္ ေတာင္ပိုင္းနဲ႔ ေျမာက္ပိုင္းမွာခ်ည္း
ျဖစ္ေနတာကို ။ ႏို႔ ဘယ္သူေတြတုံးကြ လူကေလးရ
သြားၿပီ ေျပာတန္ေျပာရမွာေပါ့ကြာ”

အဘက ေမးတာဗ်။

“အဲဒါကို မဖဲဝါက ေျပာမသြားဘူးဗ်။
ဒီေတာ့ သူႀကီးကိုပဲ ေဖာ္ခိုင္းရေတာ့မွာေပါ့ဗ်ာ”

“ေၾသာ္ ေအး ေအး ႐ြာမီးေလာင္မယ့္ကိစၥ မင္း
မလုပ္လို႔ ဘယ္ျဖစ္မွာတုံး ကဲ မင္း လုပ္စရာရွိတာသာလုပ္
ယာထဲကို အဘတစ္ေယာက္တည္း ဆင္းမယ္”

မိုးလင္းလင္းခ်င္း က်ဳပ္ သူႀကီးကို ေျပာျပတယ္
သူႀကီးက က်ဳပ္ေျပာရင္ ယုံၿပီးသားဗ်ာ။သူႀကီးက
ရာအိမ္ေခါင္း ဆယ္ေခါင္းေတြ ခ်က္ခ်င္းေခၚၿပီး
ေျမာက္ပိုင္းက လူေတြနဲ႔ ေတာင္ပိုင္းကလူေတြကို
စစ္ေတာ့တာေပါ့ဗ်ာ။ေတာသားပဲဗ်ာ ဘယ္မွာ
သိပ္စစ္စရာ မလိုဘူး။

ေန႔ခင္းေလာက္ေရာက္ေတာ့ ေပၚေတာ့တာပဲဗ်ိဳ႕။
ဘယ္သူေတြလည္း မွတ္တယ္။ေျမာက္ပိုင္းက
ကိုစက္ေအာင္နဲ႔ေတာင္ပိုင္းက သူ႔သူငယ္ခ်င္း
ကိုေက်ာ္ႏိုင္ဗ်။ဒီလူႏွစ္ေယာက္က မၾကာမၾကာ
ေတာတက္ၿပီး သစ္ခုတ္ ဝါးခုတ္ လုပ္တဲ့လူေတြေလဗ်ာ။
ဘုရားၿပိဳဆိုတာ ေတာထဲမွာ ရွိတာဗ်။
ဘုရားအႀကီးႀကီးဗ်။အခုေတာ့ အုတ္ပုံႀကီးလို
ျဖစ္ေနၿပီေပါ့ဗ်ာ။သူတို႔ႏွစ္ေယာက္က ေတာတက္ရင္း
ဖြတ္ေတြလိုက္တာတဲ့ဗ်ိဳ႕။အဲဒီဘုရားၿပိဳထဲ ဝင္သြားလိုက္
အုတ္ေတြဖယ္ၿပီး ရွာရာကေနၿပီး ေ႐ႊသပိတ္နဲ႔
ထည့္ထားတဲ့ ရတနာေတြ ေတြ႕ၿပီး ယူလာၾကတာတဲ့ဗ်ာ
သူႀကီးနဲ႔ ရာအိမ္ေခါင္းေတြက ေ႐ႊသပိတ္နဲ႔
ရတနာေတြကို ခ်က္ခ်င္းသိမ္းယူၿပီး သူတို႔ႏွစ္ေယာက္ကို
တိတ္တုံးခတ္ထားလိုက္တယ္ဗ်ိဳ႕။

“႐ြာသာတစ္ခုခု ျဖစ္လို႔ကေတာ့ မင္းဒို႔ႏွစ္ေယာက္
မလြယ္ဘူးလို႔သာ မွတ္ေပေတာ့”

လို႔ သူႀကီးက ႀကိမ္းဝါးထားသတဲ့ဗ်ာ။

ဒီေတာထဲမွာ ဒီဘုရားႀကီးကို ဘယ္ဘုရင္
တည္သြားတယ္ဆိုတာ ဘယ္သူမွာ အတိအက်
မသိၾကဘူးဗ်ာ။က်ဳပ္ဒို႔ လူလာျဖစ္တဲ့
အခ်ိန္မွာ ဘုရားၿပိဳႀကီးပဲ ေတြ႕ဖူးေတာ့တာပါဗ်ာ။

သူႀကီးက ေျခရာတစ္ေတာင္ ငနက္ေမွာင္အတြက္
ၾကက္အူစုံ အသည္းစုံ အေမာက္ ေျခေထာက္အစုံ
ငါးေကာင္ေက်ာ္ ထမင္းႏွစ္ျပည္ခ်က္ မဖဲဝါအတြက္က
ၾကက္တစ္ေကာင္ခ်က္နဲ႔ ဆန္တစ္ခြက္ခ်က္
အားလုံးတာဝန္ယူ စီစဥ္ေပးတယ္။

မိုးခ်ဳပ္တာနဲ႔ မဖဲဝါအတြက္ ထမင္းေတာင္း အဆင့္သင့္
ေျခရာတစ္ေတာင္ ငနက္ေမွာင္အတြက္က
စေကာႀကီးႀကီး တစ္ခ်ပ္မွာ အဆင့္သင့္ ျပင္ၿပီးသားဗ်။
႐ြာေျမာက္ဘက္က ငနက္ေမွာင္လာတဲ့လမ္းမွာ
စားပြဲခုံႀကီးခ်ၿပီး စေကာနဲ႔ ထမင္းပြဲ ျပင္ရတယ္။
စေကာေဘးမွာ ဖေယာင္တိုင္ေလး စိုက္ထားရတယ္။
ေ႐ႊသပိတ္ကိုေတာ့ စားပြဲျပင္တဲ့ စားပြဲေဘးမွာ
သီးသန္႔ စားပြဲတစ္လုံးနဲ႔ တင္ေပးထားရတယ္။

အဲဒီစားပြဲမွာေတာ့ ေအာက္က ပန္းေတြခင္းၿပီးမွ
အေပၚက သပိတ္တင္ထားတာ။အဲဒီစားပြဲမွာလည္း
ဖေယာင္တိုင္ေတြ ထြန္းထားတယ္ဗ်။
အားလုံးအဆင့္သင့္ျဖစ္ေတာ့ မဖဲဝါ ကိုယ္ခြဲအ႐ုပ္ကေလးကို
ကိုင္ၿပီး က်ဳပ္က မဖဲဝါကို အေၾကာင္းၾကားလိုက္တယ္။

“သခ်ႋဳင္းရွင္မ မဖဲဝါ က်ဳပ္ အားလုံး အဆင္သင့္
လုပ္ထားပါၿပီဗ်ာ သခ်ႋဳင္းရွင္မႀကီးကို က်ဳပ္
အေၾကာင္းၾကားတာပါဗ်ာ”

“ဝူး ဝူး ဝူး ဝူး ဝူး”

ဟာ ႐ြာထဲက ေခြးအူသံေတြ ထြက္လာတာဗ်ိဳ႕။

“ဝူး ဝူး ဝူး ဝူး အီ အီ အီ အီ”

ဟာ ဒါက မဖဲဝါရဲ႕ ေခြးႀကီးအသံဗ်
လာၾကၿပီထင္တယ္။က်ဳပ္က မ်က္ကြင္းေဆးၿပီးထားေတာ့
ျမင္ရမွာေပါ့ဗ်ာ

“ဘုတ္ ဘုတ္ ဘုတ္ ဘုတ္”

ဟာ လာၿပီဗ်ိဳ လာၿပီ ေျခရာတစ္ေတာင္ ငနက္ေမွာင္ႀကီး
လာေနၿပီဗ်ိဳ႕။

ေဟာ ေဟာ က်ဳပ္လွမ္းျမင္ေနရၿပီဗ်ိဳ႕။
လေရာင္ဖ်ိဳးဖ်ေလးေအာက္မွာ မဲနက္ေနတဲ့
ငနက္ေမွာင္ႀကီးက ေလွ်ာက္လာေနတာဗ်။
သူ႔ေဘးနားမွာ ဆံပင္ဖားလ်ားႀကီးနဲ႔မဖဲဝါႀကီး
ပါလာတယ္ဗ်ိဳ႕။မဖဲဝါရယ္ ေဘးမွာေတာ့ ႏြားေပါက္
တစ္ေကာင္ေလာက္ရွိတဲ့ ေခြးနက္ႀကီးက လွ်ာနီနီႀကီးကို
တြဲေလာင္းခ်ၿပီး ပါလာတယ္ဗ်။မီးေတြထြန္းထားတဲ့
စားပြဲခုံေတြနားေရာက္ေတာ့ မဖဲဝါေရာ
ငနက္ေမွာင္ႀကီးပါ ရပ္လိုက္တယ္။ငနက္ေမွာင္က
ေ႐ႊသပိတ္ႀကီးဆီကို တန္းသြားတယ္ဗ်။
သပိတ္ကို အဖုံးဖြင့္ၾကည့္လိုက္တယ္။
ခဏၾကာမွ ေခါင္းႀကီးကို တဆတ္ဆတ္ညိတ္တယ္။
ေ႐ႊသပိတ္ကို အဖုံးႀကီး ျပန္ဖုံးလိုက္တယ္။
မဖဲဝါကို လွည့္ၾကည့္ၿပီး ေခါင္းညိတ္ျပတယ္။
မဖဲဝါက စားပြဲျပင္ထားတာကို လက္ညႇိဳးထိုးျပၿပီ
စားျပတယ္။

ငနက္ေမွာင္ႀကီးက ထမင္းေတြ ၾကက္ေၾကာ္ေတြကို
ငုံ႔ၾကည့္ၿပီး ၾကက္ေၾကာ္ေရာ ထမင္းေရာ အားရပါးရ
စားေတာ့တာပဲဗ်ာ။စေကာကို သူ႔လက္ဝါးႀကီးေပၚ
မွာတင္ၿပီး အားရပါးရကို စားေတာ့တာဗ်ိဳ႕။
မဖဲဝါက က်ဳပ္ကို လွည့္ၾကည့္တယ္။က်ဳပ္လည္း
ၾကက္သီးေတြ တဖ်မ္းဖ်မ္း ထေနေတာ့တာေပါ့ဗ်ာ။

“ေျခရာတစ္ေတာင္ ငနက္ေမွာင္ဗ်ာ…”

ငနက္ေမွာင္ႀကီးက ျခင္းလုံးေလာက္ရွိတဲ့
မ်က္လုံးနီနီႀကီးေတြနဲ႔ က်ဳပ္ကို စိုက္ၾကည့္တယ္။

“က်ဳပ္တို႔ ႐ြာသားႏွစ္ေယာက္ရဲ႕ မိုက္မဲမႈအတြက္
က်ဳပ္ ေတာင္းပန္ပါတယ္ဗ်ာ။မသိသားဆိုးဝါးတဲ့
႐ြာသားႏွစ္ေယာက္ကိုလည္း က်ဳပ္တို႔ ႐ြာသူႀကီး
ကိုယ္တိုင္ ဆုံးမေနပါၿပီဗ်ာ။ေနာင္ကို ဒီလို
မျဖစ္ေစရပါဘူး ငနက္ေမွာင္ ။ ဒီတစ္ႀကိမ္ေတာ့ျဖင့္
က်ဳပ္တို႔႐ြာသားေတြကို ခြင့္လႊတ္ပါလို႔ က်ဳပ္က
တစ္႐ြာလုံး ကိုယ္စား ေတာင္းပန္ပါတယ္ဗ်ာ”

ဟာ ေျခရာတစ္ေတာင္ ငနက္ေမွာင္ႀကီးက
သူ႔ေခါင္းႀကီးကို ညိတ္ျပတယ္ဗ်ိဳ႕။ေအာင္မယ္ေလး
ေတာ္ေသးတာေပါ့ဗ်ာ။ၾကက္ငါးေကာင္ေရာ။
ထမင္းႏွစ္ျပည္ခ်က္ပါ တက္တက္ေျပာင္ေတာ့မွ
ငနက္ေမွာင္ႀကီးက ေ႐ႊသပိတ္ႀကီးကို ဆတ္ကနဲ
ေပြ႕ယူၿပီး လာလမ္းအတိုင္း လွည့္ထြက္သြားတယ္
မဖဲဝါလည္း ေခြးနက္ႀကီးကိုေခၚၿပီး လွည့္ထြက္သြား
ေရာဗ်ိဳ႕။

က်ဳပ္လည္း ႐ြာထဲကို ကပ်ာကယာ ဝင္လာၿပီး
သူႀကီးအိမ္မွာ အဆင္သင့္ ျပင္ထားတဲ့ မဖဲဝါအတြက္
ထမင္းေတာင္းကို ယူလိုက္တယ္။

ဒါေပမယ့္ ထမင္းေတာင္းကို က်ဳပ္ မသယ္ရပါဘူးဗ်ာ။
ေက်ာက္ခဲနဲ႔ သံမဏိက တစ္လွည့္စီ ထမ္းၾကတာပါ။
သခ်ႋဳင္းထဲကို ေရာက္ေတာ့ ျပင္ေနက် ဂူႀကီးေပၚမွာ
မဖဲဝါအတြက္ ငွက္ေပ်ာဖက္ခင္းၿပီး ထမင္းပြဲ ျပင္လိုက္တယ္။

“သခ်ႋဳင္းရွင္မႀကီး မဖဲဝါခင္ဗ်ာ အခုလို ကူညီတဲ့အတြက္
ေက်းဇူးတင္လြန္းလို႔ က်ဳပ္တို႔ ထေနာင္းကုန္း႐ြာသားေတြက
ေကြၽးေမြးတာကို ေပ်ာ္ေပ်ာ္ႀကီး သုံးေဆာင္ပါဗ်ာ”
ရိပ္ကနဲ ေရာက္လာၿပီး မဖဲဝါက အားရပါးရ စားတယ္။
က်ဳပ္က မဖဲဝါကို တစ္႐ြာလုံးက ေက်းဇူးတင္ေၾကာင္းေျပာၿပီး
က်ဳပ္ဒို႔သုံးေယာက္ ႐ြာကို ျပန္လာခဲ့တယ္။

ၿပီးပါၿပီခဗ်ာ

စာဖတ္ပရိတ္သတ္မ်ား အားလုံးပဲ စိတ္႐ႊင္လန္းပါေစခဗ်ာ

ဤဝတၱဳေလးအား ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ like and shareေလးနဲ႔
အားေပးသြားပါအုံးဗ်ာ။

#တာေတ
#မဖဲဝါ