သားသတ်သမား နှင့် ကတိစကား

သားသတ်သမား နှင့် ကတိစကား “* ( စ/ ဆုံး )
*********************************
***************************************
wizard = ရေးသားသည်။
&&&&&&&&&&&&&&&&&&&&&&&&&&&&&&
” နန်း … ကို ဟိုး ရာဘာခြံ အလွန်က အိမ်ကြီးဆီ မှာထားတဲ့
ဝက်သား ပိဿာ ၁၀ ကို သွားပို့လိုက်အုန်းမယ်”
” ကိုရဲနိုင်ရေ မှောင်တောင်မှောင်နေပြီ ကို သွားမပို့ပါနဲ့လား ပြီးတော့
ကို သွားမဲ့နေရာကလဲ တောလမ်းခရီးနော် ကို တစ်ခုခု ဖြစ်သွားမှာ
ကျုပ်မလိုလားဘူးတော့”
ကိုယ်ဝန်အရင့်မာကြီးနဲ့ မမေနန်း က ယောကျာ်းဖြစ်သူကိုတားမြစ်နေလေရဲ့။
ယောကျာ်းဖြစ်သူကလည်း
” ကို ဘာမှ မဖြစ်ပါဘူးကွာ ဒီလောက်ကတော့ အေးဆေးပါ သူတို့
မှာထားတာ ပို့ပြီးရင် ကို ချက်ချင်းပြန်လာခဲ့မယ်နော် ဟုတ်ပြီလား
စိတ်မပူနဲ့နော် ကိုယ်ဝန်သည်ဆိုတာ စိတ်မဖိစီးရဘူး နန်းရဲ့”
မမေနန်း က နှုတ်ခမ်းလေးစူလျှက်။
တားမရမှန်းလည်းသိ၏။
သို့သော်လည်းချစ်တော့ စိတ်ပူရတာပေါ့။
ပြီးတော့ တစ်ယောက်ကို တစ်ယောက် အားကိုးနေရတဲ့ဘဝလေ။

နောက်ဆုံးတော့ မမေနန်း ကပဲ လက်လျော့လိုက်ရ၏။
” အင်း ပါ တားမရဘူးဆိုတာ သိပြီးသားပဲ ဟွန်း မြန်မြန်ပြန်လာခဲ့နော် နန်းတစ်ယောက်တည်းမနေရဲဘူး အမြန်မလာရင် စိတ်ဆိုးမှာ
သိလား”
ကိုရဲနိုင် သဘောကျစွာပြုံးကာ မမေနန်း ၏ ပါးပြင်နုနု လေးကို ခပ်ဖွဖွ
လေးနမ်းပြီး စိတ်မပူဖို့ထပ်ကာထပ်ကာ မှာကြားပြီး၊ ဝက်သားထည့်ထားတဲ့ ခြင်းတောင်းကို ပခုံးပေါ်တင်ကာ ခပ်သုတ်သုတ်လေးထွက်လာခဲ့တော့၏။
***********************************
သူတို့အကြောင်း အနည်းနည်ပြောပါအုန်းအံ့။
ကိုရဲနိုင် က တစ်ကောင်ကြွက်။ တစ်မျက်နှာ။
သားသတ်သမားလုပ်လာတာ ငယ်စဉ်ကပင်။
ရုပ်ဖြောင့်ဗလတောင့်သလို ကတိစကားကို အသက်ကဲ့သို့တန်ဖိုးထားသူ။
သူ့ဘဝမှာကတိဖျတ်ဖူး ၏ ဟု မရှိခဲ့။
ကတိမတည်နိုင်ပဲ ကတိပေးတဲ့ အထဲသူမပါ။
မမေနန်း ကလည်း တစ်ကြောင်ကြွက်။ ပြီးတော့ တစ်ရွာသူ။
အသက်ငယ်ငယ် နဲ့ ညားခဲ့ကြပေမဲ့ ယခု အသက် ၃၀ ပြည့်ခါနီးမှ
ပထမဦးဆုံးကိုယ်ဝန်ဆောင်ခြင်းဖြစ်၏။။
ယနေ့ ဝက်ပေါ်တာ နောက်ကျ၍ နေဝင်မှ အလုပ်ပြီး၏။
ကိုရဲနိုင် အလုပ်သိမ်းနေတုန်း မျက်နှာစိမ်းလူတစ်ယောက်ရောက်လာ
ပြီး ရာခြံ အလွန်မှ အိမ်ကြီးသို့ ဝက်သား ပိဿာ ၁၀ ပို့ပေးရန် မှာကြား
ခဲ့ကာ ငွေကိုလည်း ချက်ချင်းပေးသွား၏။
ပြီးတော့ ” အလှူလုပ်ဖို့ အတွက်ပါ” ဟုပြော၍၊ ရက်ရောသော
ကိုရဲနိုင် က အကုသိုလ်ထဲက ကုသိုလ် အဖြစ် ” ၃ ပိဿာ အပိုထည့်
ပေးလိုက်မယ်” ဟုပင် ပြန်ပြောလိုက်၏။
အိမ်ပြန်ရောက်တော့ ရေမိုးချိုးထမင်းစားပြီးမှ ယခု သွားပို့နေခြင်းပင်။
************************************
ယောကျာ်းဖြစ်သူ ထွက်သွားပြီး ခဏ အကြာမှ မမေနန်း တစ်ခုခု ကို
သတိရကာ အထိတ်တလန့်ဖြစ်သွား၏။
သူမကို ထိတ်လန့် စေသောအရာက
” ရာဘာခြံ အလွန်မှာ ဘာအိမ်မှ မရှိပဲ လူတစ်ရပ်သာသာမြင့်သော
ခြတောင်ပို့များသာ ရှိ၏။” ဟူသောအကြောင်းပင်။
ဒါကို ကိုရဲနိုင် လည်းသိ၏။
ဒါပေမဲ့ ကိုရဲနိုင် ဘာလို့ ဘာမှမသိသလို လက်ခံ ခဲတာလဲ။
ရာဘာခြံ အလွန်မှာ ခြတောင်ပို့များသာ ရှိတာကို မေ့သွားလို့များလား၊
မမေနန်း တွေးရင်း မူးနောက်နောက်ဖြစ်လာကာ အားပင်ခြောက်လာ
၏။
လိုက်သွားလို့ကလဲမဖြစ်။
ဘုရားရှေ့ဆုတောင်း ရုံကလွဲဘာများတတ်နိုင်အုန်းမှာလဲ။
**************************************
ကိုရဲနိုင် သီချင်း တစ်ကြော်ကြော်ဆိုကာ အူမြူးစွာပင်ဆက်လျှောက်
နေ၏။
ရာဘာခြံထဲ စဝင်ဝင်ချင်း တစ်ခုသတိထားမိတာက အရင်တုန်းက လူ
သွားလမ်းရာလောက်ပဲ ရှိတဲ့နေရာက ယခု ယခု လှည်းသွားလမ်းမ
လောက်ဖြစ်နေခြင်းကိုပင်။
ဒါပေမဲ့ ကိုရဲနိုင် စိတ်ထဲမထားပါဘူး။” ရာဘာခင်း စောင့်တွေလုပ်ထား
တာ နေမှာပါ” တွေးကာ ဆက်လျှောက်လာခဲ့၏။
ရာဘာခင်း ထဲ လျှောက်လို့ ခဏအကြာမှာပဲ ” ရုှပ် ရုှပ် ရုှပ်” ဆိုတဲ့
အသံက သူ့နောက်က ထွက်ပေါ်လာသည်ကို သတိထားမိလိုက်၏။
ကိုရဲနိုင် တုန့်ကနဲ ရပ်လိုက်တော့ ” ရုှပ် ရုှပ်” မြည်သံလည်းရပ်သွား၏။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ လေလည်းမတိုက်။
နောက်လှည့်ကြည့်တော့လည်း ဘာမှမတွေ့။
ကိုရဲနိုင် က သတိပေါ့လျော့သူတော့မဟုတ်။
အိမ်မှ ထွက်လာကတည်းက သားခုတ်ဓားကို ခြင်းထဲထည့်လာခဲ့သလို၊
လက်နှိပ်ဓာတ်မီးကိုလည်း ခါးကြားထိုးလာခဲ့၏။
ဖက်ကြမ်းကြိုက်သူ ဖြစ်၍ ဆေးလိပ်မီးကို လည်း ဖွာလိုက်သေး၏။
အိမ်မှ ထွက်လာစဉ်က လရောင်အားကောင်းနေလို့ ဓာတ်မီးမထွန်းခဲ့ပေမဲ့ ခု ရာဘာခင်း ကိုဖြတ်သွားရတော့ မြွေကင်း အန္တရာယ်ကင်းစေဖို့
ထွန်းခြင်းပင်။
နောက်တစ်ခါ ကိုရဲနိုင် ဆက်လျှောက်တာနဲ့ ” ရုှပ် ရုှပ်” မြည်သံက
ထွက်ပေါ်လာပြန်၏။
ဒီတစ်ခါ နောက်လှည့်ကြည့်ကာ ဓာတ်မီး ထွန်းကြည့်တော့ အကောင်
အထည်မမြင်ရပဲ ခြေရာ တစ်ခုရှေ့သို့တိုးလာသလို သစ်ရွက်ခြောက်များ တိုးတိုးလာ ၍ ကိုရဲနိုင်လည်း ခြင်းတောင်းထဲမှ ဓားကို ထုတ်ကာ
” ကျုပ်က သားသတ်သမားနော် ဒီဓားနဲ့ အသက်ပေါင်းများစွာခြွေထား
တာ သရဲသောဘာသော နားလည်မှာ မဟုတ်ဘူး ကျုပ်ဓားနဲ့ ခြွေတဲ့
အသက်ထဲ ခင်ဗျားလည်း အပါအဝင်ဖြစ်သွားမယ်နော် ကျုပ်ကို
ခြောက်လည်းမောရုံပဲ” ဟုပြောလိုက်တော့
သရဲ လည်း ကြောက်သွားသည်လားမသိ။ တုန့်ကနဲရပ်သွား၏။
ဒီတော့ ကိုရဲနိုင် က
” ဝက်သား အတွက် ကျုပ်နောက်က လိုက်လာလိုက်လာတယ် ဆိုရင်
တော့ ကျုပ်စိတ်မကောင်းဘူး ဆေးလိပ်သောက်ချင်လို့ ဆိုရင်တော့
အဆင်ပြေတယ်”
ကိုရဲနိုင် ၏ စကား အဆုံးမှာ မြေကြီးကို ခြေဖနှောင့်နဲ့ ဆောင့်သလို
အသံ နှစ်ချက်ထွက်ပေါ်လာ၍
” အော် သိပြီ ဆေးလောက်သောက်ချင်တယ်ပေါ့ ကဲရမယ် ခဏစောင့်

ဟုပြောကာ ဆေးလိပ်တစ်လိပ်ကို မီးညှိ့ပြီးပစ်ပေးလိုက်တော့ အံ့သြ
စရာက ဆေးလိပ်မြေကြီးပေါ် လုံးဝ မကျပဲ လေပေါ်မှာ တွဲလောင်းဖြစ်
နေ၏။
ပြီးတာနဲ့ လူတစ်ယောက်ဆေးလိပ်သောက်နေ သလို မီး ရဲလာပြီး မီး
ခိုးများပင် ထွက်လာ၏။
” ကဲ ကဲ အေး ဆေး သောက် ကျုပ်လည်း သွားလိုက်အုန်းမယ်”
ဟုပြောကာ ခရီးဆက်လာခဲ့၏။
အတော် ကြာ လျှောက်လာတဲ့ အခါ သူ့ရှေ့ မှ ဖြူဖြူ အရိပ်တစ်ခု
လျှင်မြန်စွာဖြတ်ပြေးသွား၍ ကိုရဲနိုင် ရုတ်တရက်မို့ အနည်းငယ် လန့်သွား၏။
ပြီးမှ ” တောက် ငါ ကွာ ဟင်း မပြောလိုက်ချင်ဘူး လူကိုလည်းဝင်
တိုက်အုန်းမယ် လမ်းသွားတာ ကြည့်သွားအုန်း” ဟု
ကျိန်ဆဲ ရေရွတ်ကာပြောလိုက်၏။
သူ၏ တောက်ခေါက်သံ ဆုံးတာ နှင့် အချက်ပေါင်းများစွာသောတောက်ခေါက်သံ တို့ ထွက်ပေါ် လာ၍ နားများပင် အုံသွား၏။
တောက် ခေါက်သံ များဆုံးတာ နဲ့ ခြင်းတောင်း က သိသိသာသာကြီး
ကို လေးလံလာ၏။
ကိုရဲနိုင် သတိထားမိတော့ ရပ်တန့်ကာ ” ကဲ ကျုပ်ကို မနှောက်ယှက်စမ်းကြပါနဲ့ဗျာ ကျုပ်က ဒီအတိုင်း ခရီးသွားတစ်ယောက်ပါ ခင်ဗျားတို့ကို နှောက်ယှက်မဲ့သူ မဟုတ်ပါဘူး” ဟု
ပြောပေမဲ့ ခြင်းတောင်းက ပိုမို လေးလံလာ၍ ရပ်လိုက်ကာ ခြင်းတောင်းကို အောက်ချပြီး ကြည့်လိုက်တော့လည်း ဘာမှမရှိ။
ဒါနဲ့ ခြင်းတောင်းကို ပြန် မပြီး ဆက်လျှောက်မည် အပြု တစ်စုံတစ်
ယောက်က စိုက်ကြည့်နေ သလို ခံစားလာရ၍ ခြင်းတောင်းကို ပြန်ချ
ကာ ဟိုဘက်သည်ဘက် မီး ထွန်းကြည့်တော့လည်း ရာဘာပင်တွေက
လွဲလို့ ဘာမှ မရှိ။
တစ်ခါ ခြင်းတောင်းကို ပြန်ထမ်းကာ ဆက်လျှောက်တယ် ဆိုရင်ပဲ
ငိုသံလိုလို၊ ရယ်သံလိုလို၊ တီးတိုးပြောသံလိုလို အသံမျိုးစုံ ထွက်ပေါ်
လာကာ ကိုရဲနိုင် နားသို့ စူးရှစွာ ဝင်ရောက်လာ၏။
သရဲ လုံးဝ မကြောက်တဲ့ ကိုရဲနိုင် တစ်ယောက် တစ်ကိုယ်လုံး
” ဖြန်းကနဲ” ကြက်သီးထသွား၏။
သို့သော်လည်း ခြေလှမ်းကို လှမ်းနိုင်သမျှ မြန်မြန်လှမ်းကာ ဟန်ချက်
မပျတ်ဆက်လျှောက်နေတုန်းပါပဲ။
သူ့ဝယ်လက် လာပြောတဲ့ အိမ်ကြီးရဲ့ မီးရောင်လေးများမြင်ရမလားလို့
ကြည့်ပြန်တော့လည်း ရာဘာရွက်တွေကြားမှ ဖြာထွက်ကျနေတဲ့
လရောင် အနည်းငယ်က လွဲလို့ မှောင်မည်းတိတ်ဆိတ်လျှက်။
ထိုစဉ်မှာပဲ ” ရှုပ် ရုှပ် ရုှပ်” မြည်သံက ထပ်မံကြားလာရပြန်၏။
စောနက ကြားနေရတဲ့ အသံမျိုးစုံကလည်း သူနားသို့ကပ်ပြီး တိုးတိုး
ပြောနေသလိုလို၊ ဖြူဖြူ အရိပ် ကြီးကလည်း တစ်ခါမှဟုတ် နှစ်ခါမဟုတ် ဝင်တိုက်တော့မဲ့ ပုံစံ နဲ့ ဖြတ်ပြေးနေ၏။
သရဲ မကြောက်တဲ့ ကိုရဲနိုင် တစ်ယောက် ရင်တွေတစ်ဒုန်း ဒုန်း တုန်
လာ၍ ” ဘာလဲ ငါကြောက်နေတာလား ငါ ငါ ငါ ဘာဖြစ်နေတာလဲ’
ဟု မိမိကိုယ်ကို မေးနေမိ၏။
သို့သော်လည်း ခြေလှမ်းကို ကားမပျက်စေ။
တစ်ခု သတိထားမိတာက သူထမ်းထားတဲ့ ခြမ်းတောင်းက မူလ အလေးချိန်အတိုင်း ဖြစ်သွားတာကိုပင်။
ဒီမှာ သူတစ်ခု စဉ်းစားမိတာက ” ငါ့ ကို ခြောက်နေတာ မဟုတ်ပဲ
သတိပေးနေတာများလား” ဟု ပင်ဖြစ်၏။
” ရုှပ် ရုှပ် ရုှပ် ” မြည်သံ က ပိုနီးလာသလို ခံစားရတော့ ခြင်းတောင်း
ကို အသာချကာ သားခုတ်ဓားဖြင့် ဟိုဟို သည်သည် ဝှေ့ယမ်းပြီး
” ခင်ဗျား ကျုပ်နောက် ကို ဆက်မလိုက်နဲ့တော့ဗျာ ရော့ ရော့
ကျုပ်မှာ ပါတဲ့ ဆေးလိပ်တွေ အကုန်လုံး ခင်ဗျားပဲ သောက်လိုက်
တော့” ဟုပြောကာ
ဆေးလိပ် လေးလိပ် ကို မီးမညှိ့ပဲ ပစ်ပေးလိုက်ပေမဲ့ ဆေးလိပ်တွေ
က မြေမှာ မထိပဲ လေထဲမှာ ပဲ ” ဝုန်း” ကနဲ မီးထစွဲသွားကာ
ဆေး လိပ်သောက်သူများ မီးခိုး ရှူထုတ်သလို မီးခိုးငွေ့များထွက်လာ
၏။
ကိုရဲနိုင် ခြင်းတောင်းကို ထမ်းကာ ဆက်လျှောက်တော့ ” ရုှပ် ရုှပ်”
မြည်သံက ထပ်ကြပ်မကွာ လိုက်လာပြန်၏။
” ရုှပ် ရုှပ် ရုှပ်” မြည်သံ က ပို မို နီးကပ်လာသလို တီးတိုးပြောသံ
တွေ လည်း ပိုမို နားနဲ့ နီးကပ်လာသလို ခံစားလာရ၏။
ဖြူဖြူ အရိပ်ကြီးကလည်း ပိုလျင်မြန်စွာဖြတ်ပြေးလာ၍ ကိုရဲနိုင်
သတိပိုထားကာလျှောက်နေ၏။
တစ်ခေါက်တစ်ခေါက် ထို ဖြူဖြူ အရိပ်ကြီးနဲ့ ဝင်တိုက်မိပေမဲ့ ဘာမှမထိခိုက်ပဲ လေကို ဝင်တိုက်သလိုဖြစ်နေပြန်၏။
ထိုအခါမှ ” နန်း ပြောတာကို နားမထောင်မိတာ မှားများသွားပြီလား”
ဟု တွေးကာ ကြောက်စိတ်နဲ့ အတူ နောင်တ ပါရမိသော်လည်း၊
” မဖြစ်ချေဘူး ကတိက ကတိပဲ ငါက ကိုယ်တည်နိုင်လို့ပေးတဲ့ ကတိ
ကိုဖျတ်ပစ်လို့မရဘူး” ဟု ကိုယ့်ကိုယ်ကို အားပေးကာ ဆက်လျှောက်
ပြန်၏။
” ရုှပ် ရုှပ် ရုှပ်” မြည်သံက ပိုနီးကပ်လာသလို၊ နားထဲ တိုးတိုး တိုးတိုး
ကြားနေရတဲ့ အသံတွေကလည်း ပိုမို ကျယ်လောင်စွာကြားလာရပြန်၏။
သို့သော် စိတ်တင်းကာ နောက်ဘက်သို့လှည့်ပြီး
” ခင်ဗျားနဲ့တော့ ခတ်ပြီ ကျုပ်မှာပါတဲ့ ဆေးလိပ်တွေလည်း အကုန်ပေးပြီးပြီ ကျုပ်နောက် ဆက်မလိုက်ပါနဲ့ ဆိုဗျာ ဝက်သားကိုတော့ပေးလို့
မဖြစ်ဘူးဗျ ကျုပ်ကတိ အတိုင်းတိတိကျကျ ပေးမှ ဖြစ်မှာ” ဟု
ပြောကာ
ရှေ့သို့ လှည့်ကြည့်လိုက်တော့ ထူးဆန်းစွာပင် သူ့ရှေ့မှာ မီးရောင်
တပြောင်ပြောင်နဲ့ အိမ်ကြီးကို တွေ့လိုက်ရ၏။
ကိုရဲနိုင် နားမလည်နိုင်ပါ။
! ခုနက ဒီနေရာမှာ ဘာအိမ်မှ မရှသလို ဘာမီးရောင်မှလည်းမရှိပါဘူး’
ဟုတွေးမိလိုက်၏။
ဒါပေမဲ့ အဆိုးထဲက အကောင်းဆိုသလို ပို့ရမဲ့ အိမ်ကို ရောက်တော့
အနည်းငယ်စိတ်သက်သာရာရသွား၏။
အိမ်ခြံဝင်းထဲဝင်လိုက်သည်နှင့်၊ ” ရုှပ် ရုှပ် ရုှပ် ” မြည်သံရော တီးတိုး
ပြောသံတွေပါ တိတ်သွားသလို ဖြူဖြူ အရိပ်ကြီးလည်း ခြံရှေ့တံခါး
ဝက ရပ် ကြည့်ကျန်နေခဲ့၏။
ခြံတံခါး ဝကို ဖွင့်ထားပေမဲ့ အိမ်ရှေ့တံခါးမကို ပိတ်ထားတော့
“ဒေါက် ဒေါက် ဒေါက် ” တံခါးခေါက်ပြီး၊
” မှထားတဲ့ အသားတွေ ရောက်ပါပြီဗျာ” ဟု
အော်ပြောလိုက်တော့
” အေး အေး အေး တံခါးရှေ့မှာ ချထားခဲ့” ဟု
ကလေး အသံတစ်သံထွက်ပေါ်လာ၍
” ဘာလဲဟ” ဟု ကို ရဲနိုင်ပါးစပ်မှ လွှတ်ကနဲ ထွက်သွား၏။
သို့သော်လည်း ရှည်ရှည်ဝေးဝေး တွေးမနေတော့ပဲ ခြင်းတောင်းကို ချ
လိုက်တယ်ဆိုရင်ပဲ တံခါးက သူ့အလိုလို ပွင့်လာကာ ရှည်လျားစွာသော အမွေးစုတ်ဖွား နဲ့ လက်တစ်စုံထွက်လာကာ ခြင်းတောင်းကို
မတော့ ကိုရဲနိုင်ယတစ်ယောက် နှလုံးရပ်မလို ဖြစ်သွား၏။
ပြီးတာနဲ့ တံခါး လည်း ” ဝုန်း ” ကနဲပိတ်သွားတော့၏။
ကိုရဲနိုင် လည်း အကြောက်ကြီး ကြောက်သွားပြီး နှလုံးရပ်မလို ဖြစ်သွားပေမဲ့ မပြေးသေးပဲ “ဘာများလဲ” ဟူသောအတွေးဖြင့် တံခါး
လက်ကိုင် အပေါက်ကလေးမှ အထဲ ကို ချောင်းကြည့်လိုက်တော့
” မြောက်များ စွာသော မှင်စာလိုလို သရဲလိုလို တစ္ဆေလိုလို အကောင်
သေးသေးလေးတွေက ဝက်သားများကို ဒီအတိုင်း အစိမ်းလိုက် အား
ပါးတရ စားနေကြပြီး၊ ဘေးနားမှာ လည်း ရှည်လျားလှစွာသော လက်တံ ခြေတံတွေနှင့် မျက်နှာတစ်ခုလုံး ပါးစပ်ပေါက်ကလွဲပြီး ဘာမှ မပါ
သော သရဲမလို သဘက်မလိုလို တစ်ကောင်နှင့် သရဲထီးလိုလို တစ်
ကောင် ကို ကြက်သီးမွေးညှင်း ထဖွယ်မြင်လိုက်ရ၏။
ဒီတစ်ခါ ကိုရဲနိုင် ဣန္ဒြေ မဆယ် နိုင်တော့ပဲ
” အောင်မလေးဗျာ သရဲ သရဲ သရဲ ကယ်ကြပါအုန်း” ဟု
အော်ကာ တစ်ဟုန်ထိုး ထွက်ပြေးပါတော့၏။
@@@@@@@@@@@@@@@@@@@@@
မည်မျှကြာအောင် ပြေးမိနေသည် ပင်မသိ။
ခန္ဓာကိုယ် တစ်ခုလုံး နွမ်းလာပြီး အသက် ရုှသံပင် မူမမှန်တော့။
မျက်ခွံတွေလေးလာပြီး အားအင်တွေ ကုန်ဆုံးလာသလို ဖြစ်လာကာ
နားထဲ “‘ကို ကို ကို ထပါဦး ” ဟု အော်ခေါ် သံကို ကြားနေရပေမဲ့ ဂရုမပြု နိုင်တော့ပဲ၊ မှောက်လျက်လဲကျကာ လောကကြီး
ကို ခေတ္တ ခဏ မေ့ပျောက်သွားပါတော့တယ်။
&&&&&&&&&&&&&&&&&&&&&&&&&&&&&
မနက်ရောက်တော့မှ တစ်ကိုယ်လုံး နာကျင် ကိုက်ခဲကာ အိပ်ရာထဲ
နိုးလာပေမဲ့ ဘယ်က ဘယ်လို အိမ်သို့ ရောက်လာသည်ကို သူကိုယ်
တိုင် မမှတ်မိတော့ပါ။
သူ မနေ့ည က အကြောင်းကို တွေးနေတုန်း
” ကို ရေ ကို ရေ ကို သတိရလာပြီလား ဒီမှာလာကြည့်ပါအုန်း”
ဟု မိန်းမဖြစ်သူရဲ့ အော်ခေါ်သံကို ကြားတော့မှ
တွေးလက်စကို ဖျောက်ပစ်ကာ အိမ်ရှေ့ထွက်လာတော့
သူ့ခြင်းတောင်းရယ်၊ ဓားရယ်၊ ဓာတ်မီးရယ်၊ နဲ့ ရွှေဒင်္ဂါး ပြား အချို့ကို
တွေ့လိုက်ရလေ၏။
သူရေတွက်ကြည့တော့ ရွှေဒင်္ဂါးပြား ၁၃ ပြား အတိပင်။
မနေ့ည က ထွက်ပြေးလာတုန်းက အကုန်လုံး မေ့ကျန်ခဲ့တာကို ထိုအခါမှ သတိရလာ၏။
ပစ္စည်းတွေသိမ်းပြီးမှ မိန်းမဖြစ်သူကိုမေးတော့ မိန်းမဖြစ်သူက
” ကို့ ကို မနေ့ ညက အိမ်ရှေ့မှောက်လျက် လဲနေတာကို တွေ့တာ၊
ကျုပ် ဘယ်လို နိုှးနှိုး မရမရတာနဲ့ ခတ်ခတ် ခဲခဲ အိမ်ထဲ ဆွဲ ယူလာ
ခဲ့ရတာ၊ ဒါပေမဲ့ ခြင်းတောင်းရော ဓား၊ ဓာတ်မီးရော ရွှေဒင်္ဂါးတွေကို
တော့ မတွေ့ဘူး ဒီမနက်စောစော မှ တွေ့ရတာ”
မိန်းမ ဖြစ်သူက ရှင်းပြလိုက်တော့မှ နားလည်း သဘောပေါက်သွား၏။
” ကို ကျုပ်မေးပါရစေအုန်း မနေ့ညက ဘာတွေများကြုံခဲ့ရလို့လဲ၊
ပြီးတော့ အဲ ရာခင်း အလွန်မှာ ခြတောင်ပို့တွေ ကလွဲ ဘာအိမ်မှ မရှိတာကို ရော မေ့သွားတာလား”
ကိုရဲနိုင် အသေအချာတွေးလိုက်၏။
” အင်း မနေ့ ညက အကြောင်း မပြောချင်တော့ဘူး၊
ဒါပေမဲ့ ခြတောင်ပို့ အလွန်မှာ ဘာအိမ်မှ မရှိတာကို ကို သိတာပေါ့
ဒါပေမဲ့ အဲ မျက်နှာစိမ်း လူ ဝက်သား ပို့ဖို့လာပြောကတည်းက
ရာဘာခြံ အလွန်မှာ အိမ် မရှိတာကို ကို လုံးဝ မေ့သွားတာ
စိတ်က အဲဘက် ဝက်သားပို့ဖို့ ပဲ အာရုံရောက်နေတာ နန်း ရဲ့”
” အင်း အဲဒါ မမြင် အပ် မမြင် ရတဲ့ နာနာဘာဝ တွေ စိတ်ညှိ့ထား
တာနေမှာ”
” ဒါနဲ့ ကို ဒီရွှေဒင်္ဂါး တွေ ကိုဘယ်လို လုပ်မလဲ”
မိန်းမ ဖြစ်သူ ရဲ့ အမေး ကို ကြားတော့ ကိုရဲနိုင် ခဏကြာအောင်
စဉ်းစားပြီးမှ
” အင်း ၁၃ ပြားတောင်ဆိုတော့ ကို တို့ ရဲ့ မမွေးလာသေးတဲ့
ကလေး အတွက် ကုသိုလ် အဖြစ် ရွာဦးကျောင်း စေတီ ပြုပြင်မဲ့
အထဲ ၁၀ ပြားလှူလိုက်မယ်လေ၊ ကျန် ၃ ပြားကို တော့
နန်း မီးဖွား ရိုက် အဖြစ်ထားမယ် ဘယ်လို လဲ နန်း”
” ကို ကလည်း နန်း က ၁၃ ပြားလုံး ကို လှူချင်တာ ဒါပေမဲ့
ကိုပြောတာလည်း သဘာဝကျပါတယ်”
လိုက်ဖက်သော ဇနီးမောင်နှံပင်။
” ကို နောက်ဆို ကို သတိကြီးကြီး ထားရမယ် နော်”
” အေးပါကွာ နန်း ရာ ပြီးတော့ ကျေးဇူး နော် နန်း ကို့ အသက်
ကယ် ပေးလို့”
” ကို ရယ် ဒါတွေ ပြောစရာလား ကို နဲ့ နန်း က နှစ်ယောက်
နစ်ဘဝ တည်ဆောက်ထားတာလေ နောက်ဆို သုံးယောက် ဖြစ်
လာတော့မှာ ကို အလုပ်တွေ ပို ကြိုးစားရမယ်နော်”
ကိုရဲနိုင် မမေနန်း ကို ဆွဲဖက်လိုက်ပြီး
” အေး ပါ နန်း ရယ် နန်း က ကို့ ဘဝ အတွက် တစ်ခုတည်း
သော အလင်းရောင် လည်းပါ ကို အဖေ ကောင်း ပီသအောင်
ကြိုးစားပါ့မယ်” ဟု ပြောကာ
မမေနန်း ရဲ့ ပါး ကို ဖွဖွ လေး နမ်း လိုက်တော့၏။
********************************
ပြီးပါပြီ။
@@@@@@@@@@@@@@@@@@@@@@@
ရွှင်လန်းချမ်းမြေ့ကြပါစေ။
&&&&&&&&&&&&&&&&&&&&&&&&&&&&&&
တစ်စုံတစ်ရာ အမှားရှိခဲ့ပါက ” ငယ်သူမို့” သနားသောအားဖြင့်
ခွင့်လွှတ်သည်းခံကြပါကုန်။
**************************************
လေးစားစွာဖြင့် = wizard