“အောက်လမ်းဘိုးထင် နှင့် အထက်လမ်းဆရာ”(စ/ဆုံး)

Unicode Version

“အောက်လမ်းဘိုးထင် နှင့် အထက်လမ်းဆရာ”(စ/ဆုံး)
——————————————————————————-

(၉)

▪️အခန်း-၁

မောင်ဘိုးထင်တို့သည် ပေပင်ဆိုင်းဆရာများထံ နည်းလမ်းတကျ ပညာသင်ကြားနေကြပါသည် ၊ ဆိုင်းဆရာကြီးများက တပတ်ကို နှစ်ရက်မျှသာ ဆိုင်းပညာကို သင်ကြားပေးသဖြင့် ကျန်အချိန်များမှာ မောင်ဘိုးထင်တို့ အားနေကြပါသည်၊ ယခု မောင်ဘိုးထင် ဘယ်မှ မသွားပဲ တန်းလျားတွင် အိပ်ရင်း ပါးစပ်မှ ဆိုင်းသံ ထွက်ပြီး ပါးစပ် ဆိုင်းတီးနေလေသည် ၊ ဦးအုန်းသည် ဆေးပေါ်လိပ်ကို ဖွာရှိုက်ရင်း

“ကောင်လေး ”

“ဗျာအဘ ”

“မင်းဒီနေ့ ဘယ်မှ မသွားဘူးလား ”

“မသွားဘူးအဘ အဘက သွားစေချင်လို့လား ”

“မဟုတ်ပါဘူးကွာ အိမ်မကပ်တဲ့ကောင်က အခု ငြိမ်နေလို့ ထူးဆန်းနေလို့ပါ ”

မောင်ဘိုးထင်သည် အိပ်နေရာမှ ထထိုင်လိုက်ပြီး ဦးအုန်းကို သေချာကြည့်ကာ

“အဘမျက်နှာ ကြည့်ရတာ အဆင်ပြေတဲ့ပုံ မပေါ်ဘူး ဘာဖြစ်လို့လဲ အဘ ကျုပ်ကို ပြောဦး”

“ဘာမှ မဟုတ်ပါဘူးကွာ ”

“အဘ ဘာဖြစ်နေတယ် ဆိုတာ တက်အပ်မသိပေမြ အဘ ကိစ္စတခုရှိတယ် ဆိုတာ ကျုပ်သိတယ် ”

မောင်ဘိုးထင် ထိုသို့ပြောသော အခါ ဦးအုန်းသည် ဆေးပေါ်လိပ်ကို အားရပါးရ တချက်ဖွာရှိုက်လိုက်ပြီး မီးခိုးငွေ့များကို မှုတ်ထုတ် လ်ိုက်ကာ

“မင်းလည်း သိမှာပေါ့ ရွာဦးကျောင်းမှာ အထက်လမ်းဆရာ ရောက်နေတယ်ဆိုတာ ”

“အင်း ကျုပ်သိတယ်လေ ”

“အဲ့ကောင်က ငါ့ကို ပညာလာစမ်းတာ ဖြစ်မယ် ငါ လူတွေဘာတွေ ကို ငါ့ပညာနဲ့ မသတ်ချင်ဘူးကွာ ”

“အဲ့တာဆို မသတ်နဲ့လေ ”

“ငါက ဘယ်သူမှ မထိခိုက် အောင်နေပြီး ငါ့ဝါသနာပါတဲ့ ပညာနဲ့ အသက်မွေးနေတာ ပါ၊ တကယ့် အထက်လမ်းဆရာကြီးတွေ နဲ့ ငါနဲ့သိပါတယ် သူတို့က ငါ့ကို ခွင့်လွှတ်ထားကြတယ် ဘာလို့လဲဆိုတော့ ငါ့ပညာနဲ့ လူတွေကို ဒုက္ခမပေးလို့ပဲ အခုလို အထက်လမ်းပေါက်စလေးတွေက နာမည်ကြီးချင်တာ နဲ့ လူဆိုးလူကောင်းမခွဲဘူး ရမ်းပညာပြချင်နေကြတာ ခက်တယ် ကောင်လေးရေ ”

“အဘ ဘယ်လို လုပ်ချင်လို့လဲ အဘ ”

“သူတိုက်ခိုက်ရင်တော့ ငါကတော့ ခုခံရမှာပေါ့ကွာ လက်တွေဘာတွေ မလွန်ပါစေနဲ့ ပဲ ဆုတောင်းနေရတယ် ”

မောင်ဘိုးထင် လေးနက်စွာတွေးနေပြီး တချက်ပြုံးလိုက်ကာ

“အဘ ဘာမှ မပူနဲ့ ကျုပ်တာ ဝန်ထား ဒီလူကို ကျုပ် ပညာပြလိုက်မယ် ”

“မဖြစ်ပါဘူး ကောင်လေးရာ မင်းကို သင်ပေးထားတယ်ဆိုပေမဲ့ မင်းပညာတွေက နိမ့်သေးတယ် ”

“ဘာပညာမှ မလိုဘူး ကျုပ်ပြောတဲ့ အတိုင်းသာ အဘ လုပ်ကြားလား ”

မောင်ဘိုးထင်၏ မာန်ပါလှသော စကားကြောင့် ခေါင်းလေးညိတ်လို့သာ အသိအမှတ်ပြုလိုက်ရပါလေတော့သည်။

▪️အခန်း-၂

မန်ကျည်းပင် အရိပ်အောက်တွင် မောင်ဘိုးထင်တယောင် လွယ်အိတ်ကို လွယ်ပြီး မန်းကျည်းပင် ပင်စီကို မှီပြီးထိုင်နေသည် ၊ မကြာလှသောအချိန် တွင် ရွာမှ သူနှင့် အရွယ်တူ ကောင်မလေးများ နှင့် အနည်းငယ်ကြီးသော သူများ ဩစာသီး အစေ့လေးများ နှင့် ဇယ်လာတောက်နေကြသည် ၊ တချို့‌ေကာင်မ‌ေလးများက ဖန်ခုံတမ်းကစားနေကြသည်၊ ဖန်ခံုကစားနည်း ဆိုသည်မှာ မိန်းကလေးနှစ်ယောက် ခြေဆင်းထိုင်ပြီး ‌‌ သူတို့၏ ခြေထောက်များပေါ် တခြားတယောက်က ခုံနည်း မျိုးစုံ နှင့် ခုံနေလေသည် ၊ ခြေကို ခြေတဖောင်ကျိုး ဖြစ်ခုံလိုက် ခြေကလိမ် ခုံလိုက် နှင့် အသံစာစာ နှင့် ကစားနေလေရာ မောင်ဘိုးထင် ထို မိန်းကလေးများဆီသို့လျှောက်လာပြီး

“ဟဲ့ ကောင်မလေးတွေ ငါလည်းပါမယ် ပါလို့ ရလား”

ကောင်မလေးများသည် မောင်ဘိုးထင်ကို သေချာကြည့်ပြီး ဆံရစ်ဝိုင်းလေးနှင့် ကလေးမလေး တယောက်မှ

“နင်က ခုန်တက်လို့လား ”

“ခုန်တက်တာပေါ့ ခြေကလိမ်လည်းရတယ် ခြေတဖောင်ကျိုးလည်း ရတယ် အကုန်ရတယ် ”

“အဲ့တာဆို ပြီးတာ ပဲ နင်က မယ်လှတို့ ဘက်က ပါ”

မောင်ဘိုးထင် သည် သူပါရမည် မယ်လှအားကြည့်လိုက်သည် သူထက် တနှစ်မျှငယ် ဟန်ရှိသော လည်း ခပ်စွာစွာ ကလေးမ‌ေလးဖြစ်ရာ

“ဟဲ့ ဘိုးထင် နင်ငါ့တို့ဘက်က ပါရင် ကောင်းကောင်း ကစား ငါကြည့် မကူရစေနဲ့ ”

“အေးပါဟ နင်ကလည်း ငါကစားတက်ပါတယ် ”

ဤသို့ နှင့် မောင်ဘိုးထင် ခုန်ရမည့် အလှည့်ရောက်လာသည် ၊ ကောင်မလေးနှစ်ယောက် က ခြေထောက်လေးများ ဆင်းပေးပြီး လက်လေးများကို ခြေထောက်ပေါ် တင်လိုက်ကာ တပူး နှစ်ပူး သုံးပူး ဟုအော်ပြီး ပြောင်းပြောင်း ပေးနေသည် လေးပူး တွင်တော့ မောင်ဘိုးထင် ဒုက္ခ ရောက်‌ေချပြီ ဖြစ်သည် လေးပူးဆိုသည်မှာ ခြေဆင်းထား‌ေသာ ကောင်မလေးနှစ်‌ေယာက်သည် ခြေထောင် နှစ်ချောင်း ထိပ်လေး ပေါ်တွင် သူတို့၏ လက်လေးမျာကို ထွာပြီး လေးဆင့် ဆင့်ထားချင်ဖြစ်သည် ၊ မောင်ဘိုးထင်သည် လေးပူးကို ပုဆိုးကို ခါးတောင်းမကျိုက်ပဲ တိုတိုဝတ်ကာ ခုန်လိုက်ချိန် ခြေဆင်းထားသောကောင်မလေး နှစ်ယောက်မှ အလန့်တကြား မက်တပ်ရပ်လိုက်ပြီး

“ဘိုးထင် ညစ်ပတ်တယ် ငါတို့ကို ပုဆိုး လှန်ပြတယ် မကစားတော့ဘူး နင့် ကို ဘကြီးအုန်း နဲ့ တိုင်မယ် ”

ကောင်မလေး နှစ်ယောက်၏ စကားကြောင့် မောင်ဘိုးထင် ပြာပြာ သလဲ ဖြစ်သွားပြီး

“ဟ ငါ့တိုင်းငါ ခုန်နေတာ ပါ နင်တို့ကို ဘယ်မှာ ပုဆိုးလှန်ပြလို့လဲ ဟေ့”

“မသိဘူး နင်ညစ်ပတ်တယ် ငါတို့ မကစားတော့ဘူး ”

ခြေဆင်းထိုင်နေသောကောင်မလေး နှစ်ယောက် မန်ကျည်းပင် အရိပ်မှ ထွက်ပြေးသွားသည် ကျန်သော က‌ေကာင်မလေးများက နားမလည်ဖြစ်ကာ ငုတ်တုပ်ထိုင်ပြီး ဘိုးထင်ကို ကြည့်နေလေသည် သူအားကြည့်နေသော ကောင်မလေးများအား

“ငါ ဘာမှ မလုပ်ဘူးနော် နင်တို့ သိတယ်မဟုတ်လား ငါက ဒီတိုင်းလေး ပဲ ခုန်နေတာကို ”

မောင်ဘိုးထင်သည် ထိုသို့ပြောပြီး သူအားထိုင်ကြည့်နေသော ကောင်မလေးများအား ပုဆိုး တိုတို ဝတ်ပြီး ခုန်ပြလိုက်ရာ ခပ်စွာစွာ မယ်လှမှ အလန့်တကြားအသံ စတင်ထွက်လာသည်

“ဘိုးထင် မိုက်ရိုင်းတယ် ကောင်မလေးတွေးကို တုတ်ပြခဲပြလုပ်နေတယ် ဘကြီးအုန်းကို သွားတိုင်မယ် ”

“ဟဲ့ နင်တို့က လည်း ဘာဖြစ်ပြန်တာ လဲ ”

“နင် ညစ်ပတ်တယ် ”

ဖန်ခုံနေသော ကောင်မလေးများသည် ဘိုးထင်အား ဆဲဆိုသူများက ဆဲပြီးသွားကြသလို ဦး အုန်းနှင့် တိုင်မည်ဟု ပြောသူပြောသွားကြကာ မန်ကျည်းပင် အရိပ်မှ မကျေမနပ်ထွက်သွားတော့သည် ဘိုးထင် လည်း ဘာဖြစ်တာ လဲ ဟု စိတ်ညစ်ကာ ဇယ်တောက် နေသော ကောင်မလေးများဘက်ကို ပုဆိုးတိုတို ဝတ်နှင့် မလှမ်းမကမ်းမှ ထိုင်ကြည့်နေလေရာ ဇယ်တောက်နေသော ကောင်မလေးတယောက်သည်သူအားလှည့်ကြည့်လာပြီးမောင်ဘိုးထင် ပြုံးပြလိုက်ချိန် ကောင်မလေးသည် စိတ်ဆိုးဒေါသထွက်လာပြီး

“ကောင်မတွေ ဟောဟိုမှ လူယုတ်မာ ဘိုးထင် ငါတို့ကို ခြိမ်းခြောက်နေတယ် မသာလေး လူယုတ်မာ “,

မောင်ဘိုးထင် ထက်ကြီးသူများက သူအားဆဲဆိုပြီး ထွက်ပြေးသွားပြန်ရာ ဘိုးထင် နားမလည်စွာ ဖြစ်ရင် ပေပင်ရွာက ကောင်မလေးတွေက သူ့အား ခွဲခြားဆက်ဆံသည်ဟုတွေးကာ စိတ်မကောင်း ဖြစ်နေစဉ် ပေတူး နှင့် သာအေး ရောက်လာကာ သာအေးမှ သူနှင့် မလှမ်းမကမ်းတွင် ရပ်ပြီး သူ့အား ကြည့်နေလေသည် ၊ မောင်ဘိုးထင် သည် စိတ်မကောင်း သည့် မျက်နှာ နှင့် သာအေးတို့အား

“သာအေး ငါတကယ်စိတ်မကောင်းဘူးကွာ ကောင်မလေးတွေက ငါကို ဆဲဆိုကြတယ် ”

“ဆဲဆိုတာ နည်းသေးတယ် ပေးတူး ပစ်ကွာ အဲ့ကောင်အောက်ကို အဲ့နေရာ မွေခေါင်းဆို အသေပစ်ပလိုက် ”

သားအေးနှင့် ပေတူး သူ၏ အောက်ကို ကြည့်ပြီး ပြောနေသောအခါမှ မောင်ဘိုးထင် သူ့အောက်သူပြန်ကြည့်လိုက်ရာ

“,ဟိုက် သေပြီဟ သောက်ရှက်တော့ ကွဲပြီ ”

မောင်ဘိုးထင်သည် အောက်စလွတ်နေသော သူ၏ ပုဆိုးကို ဖုံးလိုက်ရင်း မတ်တတ်ရပ်လိုက်ကာ

“သာအေးရေ ငါကို ကောင်မလေးအကုန် မြင်သွားပြီဟ ရှက်လိုက်တာကွာ ”

မောင်ဘိုးထင်သည် ရှက်လွန်း၍ သာအေးတို့အား မကြည့်ဝံ့သည် ပုံစံလုပ်နေလေရာ သာအေးသည် ‌မောင်ဘိုးထင်၏ နရင်းကို ခပ်စစ ရိုက်လိုက်ပြီး

“အခုမှ လာဖြစ်ပြမနေနဲ့ ချောင်းထဲ ရေသွားကူတော့ ကောင်မလေး တွေရှိတယ်ဆိုတာ မရဘူး တန်းလန်း တန်းလန်း နဲ့ ဆင်းကူးပြီး ခုမှရှက်ပြနေတယ် တကယ့်ကောင် ”

“ဟ သာအေးရ အဲ့တာက အရင် နှစ်လလောက်ကလေ ငါလည်း လူပဲ နည်းနည်းတော့ပြောင်းလဲတာပေါ့ဟ ”

“နောက်မှ ပြောင်းလဲ ကိုဖိုးထွေးက မင်းကို မင်းတို့တဲကို လာခဲ့တဲ့ ပြောစရာရှိလို့တဲ့ကွ ”

“အေးအေး မင်းတို့လည်း လိုက်မှာ မဟုတ်လား ”

“လိုက်မှာ ”

“အဲ့တာ ဆိုသွားကြရအောင် တောက် ….အဘကို ဟိုဟာ မလေးတွေ တကယ်များသွားတိုင်‌ေနမလား မသိဘူးကွာ ”

“မတိုင်လောက်ပါဘူးကွ တိုင်ရင်လည်း မွေနဲ့သူတို့လွဲနေတာ လို့ပြောကွာ မယုံဘူးဆို လက်တွေ့ပြရမလားသာ မေးလိုက်ကွာ ”

သာအေး၏ ပေါက်ကရစကားကို မောင်ဘိုးထင် အကြံကောင်းသည်ဟု စိတ်ထဲ မှာ တွေးရင်း ကိုညိုမောင်ရှိသော ဦးအုန်း၏ တဲသို့ ခြေလှမ်းပြင်လိုက်ပါလေတော့သည် ။

▪️အခန်း-၃

ဦးအုန်း၏ တဲလေးသို့ မောင်ဘိုးထင်တို့ရောက်ချိန် ဖိုးထွေး နှင့် ကိုညိုမောင်သည် မြေအိုးတလုံးကို ရှေ့မှာ ချပြီး ပြုံးပြုံး နှင့် စားသောက်နေကြသည် ၊ မောင်ဘိုးထင်တို့ သူတို့အနားရောက်သောအခါ သာအေးသည် ဖိုးထွေးတို့ ရှေ့မှာရှိသော မြေအိုးထဲသို့ သစ်သား ဇွန်းလေး နှင့် ခပ်လိုက်ပြီး

“ဘိုးထင် ဒီလူတွေ သစ္စာဖောက်တွေ ကြက်သားတွေ ချက်စားနေတာ အရိုးတွေ ပဲ ကျန်တော့တယ် ”

သာအေးစကားကြားသောအခါ ကိုညိုမောင်အား မောင်ဘိုးထင် စေ့စေ့ကြည့်ပြီး

“ကိုညိုမောင်ကြီး အဲ့လိုလုပ်တာတော့မကောင်းပါဘူး ဗျာ ကျုပ်တို့လာမယ် ဆိုတာ သိသိကြီးနဲ့ အကုန်စားပြစ်ရက်တယ် ”

မောင်ဘိုးထင်သည် ပြောပြောဆိုဆို သာအေးဆီမှာ ဇွန်းအား ဖျက်ခနဲ ယူလိုက်ကာ အိုးထဲ မွှေလိုက်ပြီး အသားအနည်းငယ်ပါသော လည်ချောင်းရိုးလေးကို ပါးစပ်ထဲ ထည့်ဝါးလိုက်သည် အရိုးကို ဂျိုးးဂျိုး ဂျွတ်ဂျွတ်ဝါးနေသော မောင်ဘိုးထင်အား သူတို့အားလုံးငေးမောကြည့်နေစဉ် သာရ တယောက် လေလေး တချွန်ချွန် နှင့်ရောက်လာကာ

“ဟေ့‌လူတွေ ဘိုးထင်ကို မင်းသားထင်လို့လား ‌ ဝိုင်းကြည့်နေတာ ”

“ဘယ်က ဟုတ်ရမှာ လဲ ဘိုးထင် ကြက်ရိုးတွေ ဝါးနေလို့ ”

သာရသည် သာအေးပြောသောစကားကိုကြားသောအခါ ပြာပြာသလဲဖြစ်ကာ

“မင်းတို ဘိုးထင်ကို စိတ်ဆိုးအောင်လုပ်လိုက်တာ မဟုတ်လား ”

“ဟုတ်မယ် ကွ ဒီကောင်ငါ့ကို ကြက်သား မချန်ထားရလားဆိုပြီး အပြစ်တင်နေတယ် ”

“ထင်ပါတယ်ဗျာ ”

သာရသည် လွယ်အိတ်ထဲမှ လေးဂွကို ထုတ်က တဲ ဘေး ကောက်ရိုး စလေးများကို ယက်နေသော ကြက်ဖကြီးအား လေးဂွနှင့် ချိန်နေ‌ေလရာ ကိုညိုမောင် အပြေးလေး သာရ၏ လေးဂွကို ဖမ်းဆွဲလိုက်ပြီး

“ဟ သာရ အဲ့တာ ငါ့တိုက်ကြက်ဖကြီးဟ မင်းမေကြီးတော် မမေးမစမ်း ”

“သိဘူးလေဗျာ ဘိုးထင် စိတ်ဆိုးပြေအောင် တကောင် ချက်မှ ရမယ်ထင်လို့ ”

သာရ၏ စကားကို မောင်ဘိုးထင်ကြားသောအခါ သာရအား ကြက်ရိုးဝါးနေရင်းကြည့်ကာ

“နာမည်ကြီးတော့ ‌ညောင်ပင် စားတော့ အဲ့သရဲကြီး လုပ်မလို့ မဟုတ်လား ”

မောင်ဘိုးထင်သည် သာရအား လက်ညှိုးထိုးပြီးပြောလိုက်ရာ

“အဲ့လို မဟုတ်ပါဘူးကွာ မင်းကို စားစေချင်လို့ပါ ဟ ,

မောင်ဘိုးထင် နှင့် သာရ စကာစပြောနေစဉ် ကိုညိုမောင် တဲပေါ်မှ နောက် ထပ်မြေအိုး တအိုးကိုယူကာ

“ဘိုးထင် ငါနဲ့ ဖိုးထွေးက အရိုးလေးတွေကိုက်နေတာပါကွာ အသားက ဒီမှာ ရော့ မြိုကြ စို့ကြ”

ကိုညိုမောင်တယောက် သူ၏ တိုက်ကြက်ဖကြီး အသက်ဘေးမှ လက်မတင်လေးလွတ်သွား‌ပြီးနောက် စိတ်သိပ်မကြည် သူချက်ထားသော ကြက်သားအိုးအာ မောင်ဘိုးထင်တို့အနား ချပေးပြီး ငူငူကြီးထိုင်နေရာ မောင်ဘိုးထင် နှင့် သာရ တို့ နှစ်ယောက်သည် ကိုညိုမောင်၏ ဘယ်တဖက်ညာတဖက်မှာ နေ၍ မောင်ဘိုးထင်မှ

“ကိုကြီး ညိုမောင် ကျုပ်က အစတုန်းကတော့ ရွာလယ်က ဦးတုတ်ကြီးသမီး မတုတ်ကြီး အဲ ဟုတ်ပါဘူး အမကြီး မြင့် ခင် ပြောခိုင်းလိုက်တာလေး ပြောမလို့ဆိုပြီးတော့ဗျာ ”

“ဟုတ်တယ် ကျုပ်လည်း မြင်တယ်ဗျ ကိုကြီးညိုမောင်ရ ၊ မကြီးမြင့်ခင် ရေခပ်နေတုန်း ဘိုးထင်နဲ့ းကားပြောတာ ကျုပ်တွေ့တယ် ”

ညာဘက်ဘေးမှာ ရှိသော သာရမှ မောင်ဘိုးထင် စကားကို ထောက်ခံလိုက်ရာ ကိုညိုမောင် မျက်နှာ အချိုး အနည်းငယ် ပြောင်းလာ ပြီး မောင်ဘိုးထင်ဘက် ကို မေးငေါ့ပြီး ပြောဆိုသော အမူအယာလုပ်ပြနေရာ မောင်ဘိုးထင်သည်

“ကိုကြီးညိုမောင် မသိချင်ရင်လည်း ကျုပ်မပြောတော့ပါဘူးဗျာ မကြီးမြင့်ခင်တော့ သနားပါတယ် သူက ခင်ဗျား ကို သိပ်ပြောပြချင်နေတာ ”

မောင်ဘိုးထင်၏ စကားများမှာ ကိုညိုမောင် ဟန်မဆောင်နိုင်တော့ စိတ်ဆိုးနေသည့် စိတ်က ကြက်ပျောက် ငှက်ပျောက် ပျောက်ကွယ်ကာ ပြုံးဖြီးသော မျက်နှာ ကြီးဖြစ်

“ပြောပါ ဘိုးထင်ရာ ပြောပါကွ ဟေ့ကောင်တွေရပ်စမ်း လက်ဖယ် အဲ့ ထဲက အသဲနဲ့ အမြစ်က ငါ့ကောင်ဘိုးထင် အတွက်ကွ”

ကိုညိုမောင်သည် မောင်ဘိုးထင်ကို စကားပြောနေရင်း ကြက်သားအိုးကို လက်လှမ်းနေကြသော ဖိုးထွေးတို့အား အော်လိုက်ကာ ဟန့်တားလိုက်ချင်းဖြစ်သည် ၊ ထို့အတွက် ဖိုးထွေးတို့ ဇွန်းလေးကို ပြန်ချပြီး ငြိမ်နေကြလေသည် ၊ ထို့နောက် ကိုညိုမောင်သည် မောင်ဘိုးထင်အား သကာလိုချိုသော အပြုံးကို ဖန်တီး‌လိုက်ပြီး

“ပြော ပြော ဘိုးထင်လေ း မြင့်ခင်က ဘာပြောလဲ”

“သူပြောတာက ဗျာ ”

“ပြော ပြော ဘိုးထင်လေး ”

“ထမင်းစားပြီး ရေသောက်တဲ့ ”

“ငါ့လခွီး အဲ့လိုတော့ပြောမှာ မဟုတ်ဘူး ဟေ့ကောင် ”

“ဟာ ကိုကြီးညိုမောင်ကလည်း ထမင်းနင်နေမှာ ဆိုးလို့ စေတနာ နဲ့ ပြောတာ နေမှာပါ စေတနာတွေ စေတနာတွေလေ ”

“အဲ့လို တွေးတော့လဲ ဟုတ်သားဟ ပြောပြော နောက်ထပ်ဘာပြောလဲ ”

“လမ်းလျှောက်ရင် ရှေ့ကြည့်လျှောက်တဲ့ ချုံတောထဲ သေးမပေါက်နဲ့တဲ့ဗျ ”

“ဟေ့ကောင် ဟေ့ကောင် ဒါကြီးတော့ ပြောမှာ မဟုတ်ဘူး မင်း လျှောက်ပြောနေတာ ”

“လမ်းလျှောက်ရင် ရှေ့ကြည့်‌ေလျှာက်ဆိုတာ ခလုတ် ကန်သင်းတွေ မတိုက်မိအောင် ပြောတာနေမှာပေါ့ စေတနာတွေ စေတနာတွေ ”

“အေးဟုတ်တယ်ဟ အဲ့တာဆို ချုံထဲ သေးမပေါက်နဲ့ ဆိုတာ ငါ့ကို မွေပါးကင်းပါး စိတ်ပူလို့ထင်တယ်ကွ ”

“အဲ့တာတော့ ဟုတ်ဘူးဗျ ကိုကြီးညိုမောင် သူ့ကို လာချောင်းရင် သူအိမ်ရှေ့က ဟိုပန်းရုံကြီးထဲ သေးဝင်ဝင်ပေါက်နေတော့ မကြီးမြင့်ခင် အဘက သေးစော် နံတယ်တို ပြီး သူ့ကိုငေါက်နေလို့တဲ့ ဗျာ ”

“ဟာ ကွာ ”

ရှက်သွားသော လူပျိုကြီး ကိုညိုမောင်ဘေးမှ မောင်ဘိုးထင် နှင့် သာရ ထလိုက်ပြီး ဖိုးထွေးတို့ အနားသွားကာ

“ကိုဖိုးထွေး ခင်ဗျား ကျုပ်ကို ပြောစရာရှိတယ်ဆို ပြောလေဗျာ ”

“နောက်မှ ပြောမယ် ကွာ မင်းကောင်တွေ ပုံလည်း ကြည့်လိုက်ဦး ငါနဲ့မင်း စကားတခွန်း ပြောနေတုန်း ကြက်သားတတုံးကုန်မဲ့ ရုပ်ကြီးတွေ ”

ဖိုးထွေးပြောမှာ မောင်ဘိုးထင်သည် သာအေး နှင့် ပေတူး ထို့နောက် သာရ တို့ကို တလှည့်စီကြည့်လိုက်သည် ဖိုးထွေးပြောသော အမှန်တရားကို နားလည်ကာ ခေါင်းတချက်ကို အသာအရာ ညိတ်လိုက်ပြီး အရင်ဆုံး အသဲ မြစ်တစုံကို ခက်လိုက်ကာ စားလိုက်ပါလေတော့သည်။

▪️အခန်း-၄

ကိုညိုမောင်တယောက် သူချက်ထားသော ကြက်သားအိုးကို တလှည့် မောင်ဘိုးထင်တို့ကို တလှည့် ကြည်နေသည်၊ သူတို့အားကျောခိုင်းပြီး သူပိုးနေသော မြင့်ခင်လေးအား ရေအိုးပင့် နေသည်ဟု တွေးပြီး ပြန့်အလှည့်တွင် ကြက်သားအိုးမှ အရိုးပင်မကျန်လေရာ အံဩလွန်း၍ ကြည့်နေချင်းဖြစ်သည် ၊ ထိုနောက့် မောင်ဘိုးထင်တို့အား

“မင်းတို့က လူတွေကော ဟုတ်ရဲ့လား ငါချစ်သူလေး မြင့်ခင်ကို စိတ်ကူးထဲ ရေအိုးလေးပင့်ပေးတုန်းပဲရှိသေးတယ် ကြက်တကောင်ချက်က ကုန်ပြီး”

“ကိုကြီး ညိုမောင်က ဘယ်ရေအိုးတွေပင့်နေမှန်းမှမသိတာ ကျုပ်တို့ မြန်တာ မဟုတ်ဘူး ကိုကြီးညိုမောင်ကြီး ရေအိုးပင့်နေတာ ကြာနေတာ ကို့အပြစ်နဲ့ ကိုပေါ့ဗျာ ”

“အေးပေါ့ကွာ မင်းတို့ ခေတ်ကို လုပ်ထားဦးပေါ့ ကွာ ”

“ဘာလဲ မကြီးမြင့်ခင်ကို ကိုညိုမောင်ကြီးက ကပ်စေးကြီး လို့ပြောလိုက်ရမလား”

“မပြောပါနဲ့ ကျေးဇူးရှင်တို့ရယ် ကြောက်ပါပြီ ”

ကိုညိမောင် မကျေမနပ်နှင့် ကြက်သားအိုးများသွားတေးနေလေ၏ ၊ထိုအခါမှ မောင်ဘိူးထင်သည် ဖိုး‌ထွေးအား

“ကိုဖိုးထွေး ပြောစရာရှိတယ်ဆိုတာပြောလေ ”

“အေး မင်းလည်း ရွာဦးဘုန်းကြီးကျောင်းမှ အထက်လမ်းလိုလို ဘာလိုလို လူတယောက် ရောက်နေတယ်ဆိုတာ သိတယ်မဟုတ်လား ”

“သိတယ်လေ ဘာဖြစ်လို့လဲ”

“ဘာဖြစ်ရမှာ လဲ အဲ့လူက ငါ့အဘကိုပြောနေတာ ငါကြားခဲ့တယ် ”

“ဘာပြောတာလဲ ကိုဖိုးထွေး ”

“ဒီလူက တို့ဘကြီးအုန်းကို အစွယ် ချိုးပြမယ် တဲ့ကွ ပြီးတော့ ပညာတွေနုတ်ပြစ်ပြီး နူအောင်လုပ်မယ်တဲ့ကွာ ”

“တောက် မိုက်ရိုင်းလိုက်တဲ့ လူ ငါ့အဘက ဘယ်သူကို ဒုက္ခပေးဘူးလို့လဲ ”

“အေး ဟုတ်တယ် အဲ့တာ ကြောင့် ငါလည်း မင်းကို ပြောပြရတာ ဦးအုန်းကို စိတ်ပူလို့”

“စိတ်မပူပါနဲ့ ဗျာ အဘက သူ့ကို နိုင်ပါတယ် ဒါပေမဲ အဘက သူ့ပညာနဲ့ လူမသတ်ချင်ဘူးတဲ့ ဒီလူကိုက သတ်မှ နိုင်မဲ့ ပုံတဲ့ ဗျ”

“အဒ့တာဆို ဘယ်လို လုပ်ကြမလဲ ဘိုးထင် ”

မောင်ဘိုးထင် အတန်ကြာတွေးနေသည် ‌‌ေမမင်ဘိုးထင်အား ဝိုင်းကြည့်နေကြသည် ထိုထဲတွင် ကိုညိုမောင်လည်းပါသည် ၊ ထို့‌ောနက် ‌ေမ။င်ဘိုးထင်သည် လက်ဖျောက်တချက်ကို တီးလိုက်ကာ

“သိပြီဗျာ ဘာလုပ်ရမယ် ဆိုတာ ”

“အေး သိရင် ပြောစမးမ်းပါဦးကွ ”

သိချင်စိတ်ကဆိုးနေသော ကိုညိုမောင်ကြီးက ပထမဆုံးမေးနေလေသည် ၊ ထိုအခါ မောင်ဘိုးထင်သည် ကိုညိုမောင်ကို ကြည့်ပြီး

“ကျုပ်က အဖန်သေ ာက်မှ အကြံမြောက်မယ် ထင်လို့ ကိုကြီးညိုမောင် ရေနွေးကြမ်းလေးတည်ပေးလို့ ပြောမလို့ပါ ”

“တောက် မင်းကလည်းကွာ ငါတော့ တကာ်မျညးလားလို့ ”

“စတာပါ လာကြလာကြ ဒီမှာ ဝိုင်းဖွဲ့ကြ ကျုပ်တိုးတိုးလေးပြောပြမယ် ငနက် အကူအညီတော့ယူရမယ် ”

မောင်ဘိုးထင်အနားသို့ သူတို့အားလုံးဝိုင်းဖွဲ့လိုက်ပြီး ခေါင်းကို တညိတ်ညိတ်လုပ်ပြီးနားထောင်နေကြပါလေတော့သည် ၊

▪️အခန်း-၅

ဦးအုန်းတယောက် အိမ်ဝိုင်းထဲတွင် ရှေ့လျှောက် နောက်လျှောက်လုပ်နေသည် ၊သူတခုခုကို စိတ်ပူနေပုံရသည် ၊ မောင်ဘိုးထင် ထမင်းချက်နေရင်း ဖြစ် ဦးအုန်းကို ကြည့်လိုက်သည် အမြဲ စကားပြောရင် တဟားဟား နဲ့ ရယ်တက်သော ဦးအုန်း ဟိုအထက်လမ်း ဆရာရောက်လာကတည်းမှ အရယ် အပြုံးနည်းသွားတာ သိသာပေသည် ၊ ထို‌‌ေနာက် ထမင်းင်းအိုး ငှဲ့လိုက်ပြီး မီးကျည်းခဲပေါ်တွင် ထမင်းကိုနှပ်လိုက်ကာ ဦးအုန်းအနားသွားလိုက်ပြီး

“အဘ ဘာတွေ စိတ်ပူနေတာ လဲ ”

“ငါ ကို ဟို‌အထက်လမ်းဆရာ စိန်ခေါ်သွားတယ် ကွာ ”

“ဘာလို့လဲ အဘက ကြောက်လို့လား ”

“ကြောက်လို့ မဟုတ်ပါဘူးကွာ ငါ့ရှုံးရင်လည်း ငါခံရမှာ ငါနိုင်ရင်လည်း အထက်လမ်းဆရာကြီးတွေက ငါ့ကို ရန်သူလို သဘောထားမှာ ငါတော့ခက်ပြီကောင်လေးရေ ”

စိတ်ညစ်နေသော ဦးအုန်းအား မောင်ဘိုးထင် သနားနေမိသည် သူသို့ မဟုတ်တာတွေဘယ်လောကု လုပ်လုပ် နောက်က အမြဲတမ်း မဆူမငေါက် ပြုံးရွှင်ပြီး ကူညီပေးသော ဦးအုန်း အခုတောလ သူမရယ် မပြုံနိုင် ဖြစ်နေချင်းကြောင်ပေ ၊ ထို့‌ေ‌နာက် မောင်ဘိုးထင်သည် ဦးအုန်းအား စကားဆိုလိုက်သည်

“အဘ ဘာမှ မဆိုးရိမ်တော့ နဲ့ အဘတပည် ကျုပ်လုပ်လိုက်မယ် ”

“ကောင်လေး မင်း နဲ့ မဆိုင်ပါဘူးကွာ ”

“ဘာလို့ မဆိုင်ရမှာ လဲ အဘက ကျုပ်အဘဗျ”

“အေးလေ အဲ့တာကြောင့် မင်းကို ထိခိုက်မှာ ဆိုးလို့ပါ ”

“ဘာမှ မထိခိုက်စေရပါဘူးဗျာ ကျုပ်ကို ငနက်ကိုတော့ ခိုင်းခွင့်ပေးပါ ”

“ရပါတယ်ကွ မင်းစိတ်ကြိုက်ခိုင်းပါ ”

“အဲ့တာဆို ရပြီ အဘ အိမ်ရှေ့တန်းလျားမှာ ဒူးနှံ့ပြီးသာနေတော့ဗျို့ ”

မောင်ဘိုးထင်သည် ပြောပြောဆိုဆို ငနက်ကို ထားသော သစ်ပင်ဆီသို့ ထွက်ခွာ သွားပါလေတော့သည် ။

▪️အခန်း-၆

ရွာလူကြီး၏ အိမ်တွင် လူများစုရုံးရောက်ရှိနေသည် ၊ ရွာလူကြီး၏ သားဖြစ်သူ ဖိုးထွေးမှာ အပ မှီနေသောကြောင့်ဖြစ်သည် ဖိုးထွေးသည် လူကြီးများချုပ်ထားသည့် ကြားက အတင်းရုန်းကန်ပြီး

“တရွာလုံးကို သတ်မယ် တရွာလုံးကို စားမယ် ”

ကျယ်လောင်သော အော်သံကြီးနှင့် အတင်းရုန်းကန်နေရာ ရွာလူကြီး နှင့် သူ၏ဇနီးသည် မည်သို့ လုပ်ရမည်မှန်း မသိ‌ဖြစ်နေစဉ် သာရမှ ရွာလူကြီးအား

“ရွာလူကြီး ဘုန်းကြီး‌ေကျာင်းက အထက်လမ်းဆရာကို သွားခေါ်ရမလား ”

“အေးအေး ကောင်းတယ် သွားခေါ်”

သာရသည် ရွာဦးကျောင်းမသွားခင် မန်ကျည်းပင်အရိပ်မှာ သာအေးတို့ အဖွဲ့အား မျက်စိမှိတ်ပြလိုက်ရာ သူတို့ အဖွဲ့သည် ရွာလူကြီး၏ အိမ်သို့ သွားကြပါလေတော့ သည်။

▪️အခန်း-၇

ဖိုးထွေးအား ရွာလူကြီး၏ အိမ်ရှေ့ခန်းတွင် လူနှစ်ယောက် ချုပ်ထား၏ သူ၏ ရှေ့တွင်တော့ အထက်လမ်းဆရာ တပလ္လင်ခွေထိုင်နေ၏ ၊ အထက်လမ်းဆရာသည် မာန်ဟန် အပြည့်နှင့် ဖိုးထွေးအား မေးနေလေသည်

“ကဲ မင်းဘယ်သူလဲ ပြောစမ်း ”

“ငါ ငနက် ”

“ငနက် မင်းနေရာ မင်းပြန် သင့်တယ် မထင်ဘူးလား ”

“မထင်ဘူး ငါ့ဒီကောင့်ကို မကျေနပ်ဘူး”

“ဟားဟား ဆရာရှေ့လာ ပြီး မခန့်လေးစားလုပ်‌ေနတယ် ၊‌ေဘးက နှစ်ယောက် လွှတ်လိုက်စမ်း ကဲ ဒီငမိုက်သားကို ဆိုင်ရာက ကြိုးနဲ့တုပ်စမ်း ”

အထက်လမ်းဆရာ၏ စကားဆုံးသည် နှင့်ဖိုးထွေးကို ချုပ်ထားသော လူကြီး နှစ်ယောက်သည် လွှတ်ပေးလိုက်ရာ ဖိုးထွေးသည် အထက်လမ်းဆရာ၏ ရှေ့တွင် ထိုင်ပြီး လက်နောက်ပြန်သွား၏ သို့ပေမဲ့ ဖိုးထွေးသည် ရုန်းကန်နေလေရာ

“ဆိုင်ရာကဒီငမိုက်သားရဲ့ခေါင်းကို နင်းစမ်း”

ဖိုးထွေးသည် လက်နောက်ပြန်နေရာမှ ‌ခေါင်းသည်အောက်သို့ ငုံ့သွားတော့သည် ၊ ရွာလူကြီး အိမ်ပေါ်မှ ရှိသော ရွာသားများသည်လည် တိုးတိုးနှင့် အထက်လမ်းဆရာအား ချီးမွှန်းနေလေရာ အထက်လမ်းဆရာသည် ဝင့်ဝင့်ထည်ထည် ဖြစ်စေရန် ခါးကို မတ်ပြီးနေကာ ဝင်ပူးခံနေရသော ဖိုးထွေးအား

“ကဲ မင်းက ဒီကောင်လေးကို ဘာမကျေနပ်လို့ဝင်ပူးတာလဲ ”

“ဒီကောင် ငါ့အပင်ကို လေဂွနဲ့ ထုတယ် သေးနဲ့လည်းပန်းတယ်း ဆဲလည်းဆဲတယ် ငါမကျေနပ်ဘူး ”

“စိတ်လျော့ပါ ကြားက ငါပဲ တောင်းပန်ပါတယ် ”

“မင်းရဲ့ သီလ သမာဓိကို ငါသိနေလို့ ခွှင့်လွှတ်လိုက်မယ် နောက်တခါ လုပ်ရင် အသေသတ်မယ် ”

“စိတ်ချပါ ကျုပ်ဆုံးမထားပါမယ် မင်း သွားနိုင်ပြီ ”

အထက်လမ်းဆရာ ခွှင့်ပြုလိုက်သည်နှင့် ဖိုးထွေး ဆက်ခနဲတုံသွားပြီး ဘေးမှာ ကြည့်နေသော လူများကို ငေးကြောင် ကြည့်နေကာ သူ၏ အဘအား

“အဘ ကျုပ်ဘာဖြစ်တာ လဲ ”

“မင်းကို ဒီက ဆရာက ကုပေးလိုက်တာ ဆရာ့ကို ကန်တော့လိုက် ”

ဖိုးထွေး အထက်လမ်းဆရာကို မကန်တော့ ခင် အိမ်ပေါ် ပတ်ကြည့်လိုက်သည် ၊ ထိုနောက် သာရတို့ အဖွဲ့အား ဟိုမှာ သည်မှာ တွေ့ရသော အခါမှ ဖိုးထွေး အလက်လမ်း ဆရာကို ကန်တော့းလိုက်သည် ပထမ တကြိမ်ကန်တော့ပြီးသောအခါ ဖိုးထွေးပြန်မထ ပဲ ကုန်းကုန်းကြီး ဖြစ်နေလေသည်၊ အချိန် အတန်ကြာလို့ မထသေးသော အခါ အထက်လမ်းဆရာမှ ‌ဖိုး‌ထွေး၏ ဦးခေါင်းကို လက်နှင့် ပွတ်လိုက်ပြီး

“ငါ့ညီ ထလို့ ရပါပြီ ”

“ဘာ..ငါ့ညီလဲ ငါ့နာမည် တုတ်ကြီးကွ ဆယ်ကျွန်းပြန် တုတ်ကြီး”

အထက်လမ်းဆရာ မျက်လုံး အဝိုင်းသား နှင့် ဖိုးထွေးကို ငေးနေလေသည် ၊ သာရသည်က မျက်နှာအနည်းငယ် ပျက်သွားသည် သူတို့ညှိှထားသည် ့ အထဲ ဖိုးထွေးပြောရမည်မှာ တကျွန်းပြန် တုတ်ကြီးဖြစ်သည် ယခု ဖိုးထွေးပြောလိုက်သည်မှာ ဆယ်ကျွန်းပြန် တုတ်ကြီးဖြစ်နေသောကြောင့် ဖြစ်သည် ၊ ငနက်အား ဖိုးထွေးကို အရင်ပူးခိုင်းလိုက်ပြီး အထက်လမ်းဆရာကို မျက်စိလှည့်လိုက်ချင်းဖြစ်သည် ၊ ယခု ဖိုးထွေးကို ဘယ်သူမှ မပူးပါ သူ့ကိုယ်သူပူးချင်း ဖြစ်သည် ၊ အထက်လမ်းဆရာ သည် ကြောင်ငေးရင်းမှ သတိရလာကာ

“ဟဲ့ အနှောက် အယှက်ဝင်ပြန်ပြီလား မင်းက ဘာလို့ချင်လို့လဲ ”

“မိကျော့”

ဖိုးထွေးသည် အထက်လမ်းဆရာက ဘာလို ချင်လဲဟုမေးနေသော အခါ ချက်ချင်း မိ‌ေကျာ့ဟု ဖြေလိုက်မိသည် ၊ မောင်ဘိုးထင်တို့မှ ဖိုးထွေးအား ဘာလိုချင်လဲဟု မေးသောအခါ မိကျော့ဟု ဖြေနေကြကြောင့် လွှတ်ခနဲ ထွက်သွားချင်းဖြစ်သည် အထက်လမ်းဆရာသည် နားမလည်ဟန်ဖြစ်

“ဘာလဲ မိကျော့ဆိုတာ အခုပြောစမ် ”

“မိကျော့ဆိုတာ ငါ့မိန်းမ ငါ့မိန်းမကို ဒီရွာမှာ ထား ထားတယ် အခုငါပြန်လိုချင်တယ် ”

“ဒီကောင်တွေ နှောက်ယှက်နေတာ ပဲ ရော့ ဒီမှာ သိမ်ဝင် အင်းအစွမ်းမြည်းကြည့်စမ်း”

အထက်လမ်းဆရာသည် သိမ်ဝင်အင်းကို ဖိုးထွေ၏ ရှေ့ ချလိုက်ရာ ဖိုးထွေးသည် အတော်နာကျင် သည့်သန် လူးလိမ့်ကာ ဆက်ကနည်း တချက်တုန်သွားကာ။ အထက်လမ်းဆရာအား

“ဆ ဆရာ ကျုပ်ဘာဖြစ်သွားတာလဲ ”

အထက်လမ်းဆရာ ကျနေသော ချွေးများကို လက်နှင့် သုပ်ရင်း

“မင်းကို ကျွန်းပြန်တုတ်ကြီး ဝင်ပူးနေတာ ”

အထက်လမ်းဆရာသည် တကယ်ဝင်ပူးနေသော ငနက်အား အမှန်တကယ် ထုတ်နိုင်ပေမဲ့ လူပူးဖြစ်သော ဖိုးထွေးအား သူအပ ထုတ်နိုင်ပြန်ပြီဟု ထင်နေပြန်သည် ၊ ထိုအချိန် သာအေးသည် လေးဘက်ကုန်းကြီးနှင့် အထက်လမ်းဆရာ နားရောက်လာကာ ကိုက်ခဲမည့်ပုံပြုနေရာ အထက်လမ်းဆရာ အနောက်သို့ လူကို လဲချလိုက်ရတော့သည် ရွာသားများက သာအေးအားဆွဲချုက်ထားလိုက်ရပြန်တော့သည် ၊ သာအေးသည် တဝုတ်ဝုတ် နှင့် ဟောင်နေလေရာ သာရာ ချွေးဇော်များ ပြန်နေလေတော့သည် ၊ သူ သာအေးအား ကျားလို အော်ဟုပြောရာ သာအေးမှ ကျားကဘယ်လို အော်တာလဲ ဟု ပြန်မေးသည် ၊ သာရသည် သူ့အား ရွဲ့ပြီးမေးသည် ထင်ကာ ဝုတ်ဝုတ် လို့‌အော်တယ် ကွာဟု ပြောလိုက်မိသည် ၊ ယခု သာအေး တဝုတ်ဝုတ် ‌ဖြစ်နေပေသည် ၊ ထိုအချိန် ရွာလယ်မှ အပျိုကြီး မမြင့်ခင်သည် လက်အုပ်ချီလိုက်ပြီးး ထိုလက်အုပ်နှင့် နဖူးကို တဖြောင်းဖြောင်း မြည်အောင် ရိုက်နေကာ

“ငါလာတာ ဘယ်သူမှ မှ ဘာမှ မဆက်ဘူးလားဟဲ့ ငါသားတော်ရဲ့ ခွေးလေးပျောက်သွားလို့ ငါလာခေါ်တယ်ဟေ့ ”

ဦးတုတ်ကြီးသမီး မမြင့်ခင်ကြီးသည် သူ၏ တုတ်ခိုင်နေသော ကိုယ်ခန္ဒာကြီးကို လက်မထောက်ပဲ အသည်းအသန်ထရပ်လိုက်ပြီး သာအေးအနားသွား၍ သာအေး၏ခေါင်းကို ပွတ်သပ်‌ေပးနေလေသည် ၊ သာရ သက်ပျင်းချလိုက်မိသည် စီးတော်ကျားကို လာခေါ်ခိုင်းသော မမြင့်ခင်ကြီးက အလိုက်တသိ‌ေခွးဟု ပြောင်းပြော ၍ တော်သေးသည် မဟုတ်ပါလား ၊ ဤသို့ နှင့် ရွာလူကြီး အိမ်တွင် အမျိုးမျိုး အဖံုဖံု ဝင်ပူးနေကြတော့သည် နောက်ဆုံး ရွာလူကြီးပင် ဝင်ပူးနေလေရာ အထက်လမ်းဆရာ ဇော်ချွေးများ ပြန်နေပြီဖြစ်သည် ၊ အတွေ့အကြုံ မရင့်ကျတ်သော အထက်လမ်းဆရာ တကယ်ပညာတက်ပေမဲ့ လူတွေ၏ မာယာမှာ ကျရှုံးနေရပြီဖြစ်သည် ၊ ထိုသို့ တဆူဆူ တညံညံ နှင့် ဖြစ်နေချိန် မောင်ဘိုးထင် လက်ကို နောက်ပြစ်ပြီး ဟိတ်နှင့် ဟန် နှင့် အထက်လမ်းဆရာ အနားသွားရပ်လိုက်ပြီး

“ငါ ဆရာကြီး ဦးအုန်းရဲ့ တပည်လာနေတာကို တောင် ဗရမ်းဗတာ နေဝံ့နေကြလားဟဲ့ ”

မောင်ဘိုးထင်သည် ထိုသို့ပြောပြီး ခြေစောင့်လိုက်ရာ ဝုန်းခနဲ အော်သံနှင့် အတူ ဝင်ပူးနေသော သူများငြိမ်သွားရာ ရွာသားများတအံတဩဖြစ်နေကြသည်၊ ထို့နောက် မောင်ဘိုးထင်သည် ဝင်ပူးနေသူများကို ကြည့်ကာ

“ဒါ ဆရာကြီး ဦးအုန်းရွာ နှောက်ယှက်ဝံ့နေတယ် လား တခါသေလို့ မဝလို့ နောက်တခါသေရဲနေတာလား မသေချင်ရင် အခုထွက် နောက်တခါ ဘယ်တော့ မှ ဝင် မပူးနဲ့ ဟဲ့ ထွက် ”

မောင်ဘိုးထင် မှာ ထွက်ဟုပြောပြီး ကြမ်းပြင်ကို ဖနောင့် နှင့် ပေါက်လိုက်ရ ဝင်ပူးနေသော လူများအကုန်ငြိမ်သွားနေတော့သည် ၊ ထိုအခါ ရွာသားများမှ

“ဘိုးထင် အကောင်သာ သေးတာ အဆိပ်ပျင်းတယ်တော့ ”

“ဟုတ်ပ ‌အထက်လမ်းဆရာက ဂဂျိုးဂဂျောင်ဖြစ်နေတာ ဘိုးထင်လာလို့တော်သေးတယ် ”

“အထက်လမ်း ဆရာက တကောင်ပဲ ထုတ်နိုင်တာ တို့ဘိုးထင်က ဖနောင့် တချက်ပေါက်တာနဲ့ အကုန်ထွတ်တာ‌ဟ”

“ဟုတ်ပ ဘိုးထင် ပညာအစွမ်း အံမခန်းပဲ ဟေ့”

ရွာသားများ ထိုသို့ပြောနေကြသောအခါ အထက်လမ်းဆရာမျက်နှာ မထားတက်အောင်ဖြစ်နေကာ သူ၏ လွယ်အိတ်ကို ယူပြီး ထရပ်လိုက်ရာ ဝင်ပူးတာ ငြိမ်သွားပြီဖြစ်သော ရွာလူကြမှ

“ဆရာ ကျုပ်လိုက်ပို့ပါမယ် ရွာဦးကျောင်းကို ”

“လိုက်မပို့တော့နဲ့ ကျုပ်ရွာဦးကျောင်းကို မသွားတော့ဘူး ကျုပ်ပြန်ပြီ ရွာလူကြီး ”

အထက်လမ်းဆရာသည် ပြောပြောဆိုဆို အိမ်အောက်သို့ ဆင်းသွားလေတော့သည်၊ ထိုအခါမှ မောင်ဘိုးထင်တို့သည် တယောက်ကို တယောက်ကြည့်ကာ ပြုံးနေကြပါလေတော့သည်။

▪️အခန်း-၈

“ဟားးဟားး”

ဦးအုန်းတယော က် မောင်ဘိုးထင်တို့ အထက်လမ်းဆရာကို ပညာပေးလိုက်ပုံကို ပြောနေကြသောအခါ တဟားးဟား နှင့် ပွဲကျနေ၏၊ ထို့နောက် ဦးအုန်းသည် မောင်ဘိုးထင်တို့အား ကြည့်ကာ

“မင်းတို့ ဒီလိုအကြံညဏ်ကို ဘယ်‌ေကာင်ထွက်တာလဲ ဟ”

“ဘယ်သူရမှာလဲ အဲ့ကောင်ဘိုးထင်ပေါ့ ”

“နေပါဦး ရွာလူကြီးက ဘယ်လို လုပ်ပြီးပူးသွားတာလဲ ”

ဦးအုန်းက ထိုသို့မေးသော အခါ ဖိုးထွေးသည်

“အဘက အစကတည်းက ဦးအုန်းကို ရန်ရှာနေတဲ့ အထက်လမ်းဆရာကို သဘောမကျဘူးဗျ ကျုပ် ဘိုးထင် နဲ့ တိုင်ပင် ထားတာကို ပြောလိုက်မိတယ် ”

“ကောင်းပ ကွာ နေပါဦး မြင့်ခင်က ဘယ်လိုပါလာရတာလဲ ”

“အဲ့တာ ကိုကြီးညိုမောင်ပေါ့ သူသိတာတွေ လျှောက်ပြောတာလေ အဲ့တာနဲ့ မကြီးမြင့်ခင်က ကျုပ်တို့နဲ့ တိုင်ပင်ပြီး ပူးတော့တာပဲ တော်သေးတယ် ပေတူးကို မခိုင်းလို့ ဒီကောင် ကျွဲပူးပြီး အထက်လမ်းဆရာကို လိုက်ခက်မယ် ကြည့်လုပ်နေလို့ မနည်းတားရသေးတယ် ”

ဦးအုန်းသည် ‌‌ေမာင်ဘိုးထင်တို့ အဖွဲ့ကို ကြည့်လိုက်သည် တကယ်ကို သူအားကူညီပြီး၍ အောင်မြင်သောကြောင့် ပျော်ရွှင်နေကြသည် ၊ ထို‌့နောက် ဦးအုန်းသည် မောင်ဘိုးထင်တို့အားကြည့်ကာ

“ကဲ မင်းတို့ ငါ့ကို ကူညီတဲ့အတွက် တောထဲ မှာ ကြက်သုံးကောင်သွားချက်စားကြကွာ ထန်းရည်တော့ အချိုပဲ သောက်ရင်သောက်ကြ ငါရှင်းမယ် ”

ဦးအုန်းမှ ထိုသို့ပြောလိုက်သောအခါ အားလုံးဝမ်းသာသွားကြသည် ဝမ်းသာနေသော မောင်ဘိုးထင်တို့အား ဦးအုန်းမှာ စကားဆက်ပြောလာပြန်သည်

“ကောင်လေးတွေ သွားတာလာတာ သတိထား ငါတို့ နဲ့ မလှမ်းမကမ်း ရွာမှာ ဓားပြတိုက်ခံရပြီး လူတယောက်အသတ်ခံရတယ် တဲ့ ”

ဦးအုန်းစကားကြားရသော အခါ မောင်ဘိုးထင် တချက်တွေးလိုက်မိသည် ထိုအတွေးသည်က တခြားမဟုတ်ပေ သူ၏ ပေပင်ရွာကို ဓားပြတိုက်ရင် ငါနဲ့တွေ့မည်ဟု စိတ်ထဲမှ ကြံုးဝါးနေပါလေတော့သည်။

▪️အောက်လမ်းဘိုးထင် နှင့် အထက်လမ်းဆရာ သည်က ဤမျှသာ မကြာမီ အောက်လမ်းဘိုးထင် နှင့် သူရဲကောင်း အမည်ရသော ဝတ္ထုဇတ်လမ်းလေးအား တင်ဆက်ပေးပါမည် ။

📝မောင်တင်ဆန်း

#mgtinsan

Zawgyi Version

“ေအာက္လမ္းဘိုးထင္ ႏွင့္ အထက္လမ္းဆရာ”(စ/ဆုံး)
——————————————————————————-

(၉)

▪️အခန္း-၁

ေမာင္ဘိုးထင္တို႔သည္ ေပပင္ဆိုင္းဆရာမ်ားထံ နည္းလမ္းတက် ပညာသင္ၾကားေနၾကပါသည္ ၊ ဆိုင္းဆရာႀကီးမ်ားက တပတ္ကို ႏွစ္ရက္မွ်သာ ဆိုင္းပညာကို သင္ၾကားေပးသျဖင့္ က်န္အခ်ိန္မ်ားမွာ ေမာင္ဘိုးထင္တို႔ အားေနၾကပါသည္၊ ယခု ေမာင္ဘိုးထင္ ဘယ္မွ မသြားပဲ တန္းလ်ားတြင္ အိပ္ရင္း ပါးစပ္မွ ဆိုင္းသံ ထြက္ၿပီး ပါးစပ္ ဆိုင္းတီးေနေလသည္ ၊ ဦးအုန္းသည္ ေဆးေပၚလိပ္ကို ဖြာရႈိက္ရင္း

“ေကာင္ေလး ”

“ဗ်ာအဘ ”

“မင္းဒီေန႔ ဘယ္မွ မသြားဘူးလား ”

“မသြားဘူးအဘ အဘက သြားေစခ်င္လို႔လား ”

“မဟုတ္ပါဘူးကြာ အိမ္မကပ္တဲ့ေကာင္က အခု ၿငိမ္ေနလို႔ ထူးဆန္းေနလို႔ပါ ”

ေမာင္ဘိုးထင္သည္ အိပ္ေနရာမွ ထထိုင္လိုက္ၿပီး ဦးအုန္းကို ေသခ်ာၾကည့္ကာ

“အဘမ်က္ႏွာ ၾကည့္ရတာ အဆင္ေျပတဲ့ပုံ မေပၚဘူး ဘာျဖစ္လို႔လဲ အဘ က်ဳပ္ကို ေျပာဦး”

“ဘာမွ မဟုတ္ပါဘူးကြာ ”

“အဘ ဘာျဖစ္ေနတယ္ ဆိုတာ တက္အပ္မသိေပျမ အဘ ကိစၥတခုရွိတယ္ ဆိုတာ က်ဳပ္သိတယ္ ”

ေမာင္ဘိုးထင္ ထိုသို႔ေျပာေသာ အခါ ဦးအုန္းသည္ ေဆးေပၚလိပ္ကို အားရပါးရ တခ်က္ဖြာရႈိက္လိုက္ၿပီး မီးခိုးေငြ႕မ်ားကို မႈတ္ထုတ္ လ္ိုက္ကာ

“မင္းလည္း သိမွာေပါ့ ႐ြာဦးေက်ာင္းမွာ အထက္လမ္းဆရာ ေရာက္ေနတယ္ဆိုတာ ”

“အင္း က်ဳပ္သိတယ္ေလ ”

“အဲ့ေကာင္က ငါ့ကို ပညာလာစမ္းတာ ျဖစ္မယ္ ငါ လူေတြဘာေတြ ကို ငါ့ပညာနဲ႔ မသတ္ခ်င္ဘူးကြာ ”

“အဲ့တာဆို မသတ္နဲ႔ေလ ”

“ငါက ဘယ္သူမွ မထိခိုက္ ေအာင္ေနၿပီး ငါ့ဝါသနာပါတဲ့ ပညာနဲ႔ အသက္ေမြးေနတာ ပါ၊ တကယ့္ အထက္လမ္းဆရာႀကီးေတြ နဲ႔ ငါနဲ႔သိပါတယ္ သူတို႔က ငါ့ကို ခြင့္လႊတ္ထားၾကတယ္ ဘာလို႔လဲဆိုေတာ့ ငါ့ပညာနဲ႔ လူေတြကို ဒုကၡမေပးလို႔ပဲ အခုလို အထက္လမ္းေပါက္စေလးေတြက နာမည္ႀကီးခ်င္တာ နဲ႔ လူဆိုးလူေကာင္းမခြဲဘူး ရမ္းပညာျပခ်င္ေနၾကတာ ခက္တယ္ ေကာင္ေလးေရ ”

“အဘ ဘယ္လို လုပ္ခ်င္လို႔လဲ အဘ ”

“သူတိုက္ခိုက္ရင္ေတာ့ ငါကေတာ့ ခုခံရမွာေပါ့ကြာ လက္ေတြဘာေတြ မလြန္ပါေစနဲ႔ ပဲ ဆုေတာင္းေနရတယ္ ”

ေမာင္ဘိုးထင္ ေလးနက္စြာေတြးေနၿပီး တခ်က္ၿပဳံးလိုက္ကာ

“အဘ ဘာမွ မပူနဲ႔ က်ဳပ္တာ ဝန္ထား ဒီလူကို က်ဳပ္ ပညာျပလိုက္မယ္ ”

“မျဖစ္ပါဘူး ေကာင္ေလးရာ မင္းကို သင္ေပးထားတယ္ဆိုေပမဲ့ မင္းပညာေတြက နိမ့္ေသးတယ္ ”

“ဘာပညာမွ မလိုဘူး က်ဳပ္ေျပာတဲ့ အတိုင္းသာ အဘ လုပ္ၾကားလား ”

ေမာင္ဘိုးထင္၏ မာန္ပါလွေသာ စကားေၾကာင့္ ေခါင္းေလးညိတ္လို႔သာ အသိအမွတ္ျပဳလိုက္ရပါေလေတာ့သည္။

▪️အခန္း-၂

မန္က်ည္းပင္ အရိပ္ေအာက္တြင္ ေမာင္ဘိုးထင္တေယာင္ လြယ္အိတ္ကို လြယ္ၿပီး မန္းက်ည္းပင္ ပင္စီကို မွီၿပီးထိုင္ေနသည္ ၊ မၾကာလွေသာအခ်ိန္ တြင္ ႐ြာမွ သူႏွင့္ အ႐ြယ္တူ ေကာင္မေလးမ်ား ႏွင့္ အနည္းငယ္ႀကီးေသာ သူမ်ား ဩစာသီး အေစ့ေလးမ်ား ႏွင့္ ဇယ္လာေတာက္ေနၾကသည္ ၊ တခ်ိဳ႕‌ေကာင္မ‌ေလးမ်ားက ဖန္ခုံတမ္းကစားေနၾကသည္၊ ဖန္ခံုကစားနည္း ဆိုသည္မွာ မိန္းကေလးႏွစ္ေယာက္ ေျခဆင္းထိုင္ၿပီး ‌‌ သူတို႔၏ ေျခေထာက္မ်ားေပၚ တျခားတေယာက္က ခုံနည္း မ်ိဳးစုံ ႏွင့္ ခုံေနေလသည္ ၊ ေျခကို ေျခတေဖာင္က်ိဳး ျဖစ္ခုံလိုက္ ေျခကလိမ္ ခုံလိုက္ ႏွင့္ အသံစာစာ ႏွင့္ ကစားေနေလရာ ေမာင္ဘိုးထင္ ထို မိန္းကေလးမ်ားဆီသို႔ေလွ်ာက္လာၿပီး

“ဟဲ့ ေကာင္မေလးေတြ ငါလည္းပါမယ္ ပါလို႔ ရလား”

ေကာင္မေလးမ်ားသည္ ေမာင္ဘိုးထင္ကို ေသခ်ာၾကည့္ၿပီး ဆံရစ္ဝိုင္းေလးႏွင့္ ကေလးမေလး တေယာက္မွ

“နင္က ခုန္တက္လို႔လား ”

“ခုန္တက္တာေပါ့ ေျခကလိမ္လည္းရတယ္ ေျခတေဖာင္က်ိဳးလည္း ရတယ္ အကုန္ရတယ္ ”

“အဲ့တာဆို ၿပီးတာ ပဲ နင္က မယ္လွတို႔ ဘက္က ပါ”

ေမာင္ဘိုးထင္ သည္ သူပါရမည္ မယ္လွအားၾကည့္လိုက္သည္ သူထက္ တႏွစ္မွ်ငယ္ ဟန္ရွိေသာ လည္း ခပ္စြာစြာ ကေလးမ‌ေလးျဖစ္ရာ

“ဟဲ့ ဘိုးထင္ နင္ငါ့တို႔ဘက္က ပါရင္ ေကာင္းေကာင္း ကစား ငါၾကည့္ မကူရေစနဲ႔ ”

“ေအးပါဟ နင္ကလည္း ငါကစားတက္ပါတယ္ ”

ဤသို႔ ႏွင့္ ေမာင္ဘိုးထင္ ခုန္ရမည့္ အလွည့္ေရာက္လာသည္ ၊ ေကာင္မေလးႏွစ္ေယာက္ က ေျခေထာက္ေလးမ်ား ဆင္းေပးၿပီး လက္ေလးမ်ားကို ေျခေထာက္ေပၚ တင္လိုက္ကာ တပူး ႏွစ္ပူး သုံးပူး ဟုေအာ္ၿပီး ေျပာင္းေျပာင္း ေပးေနသည္ ေလးပူး တြင္ေတာ့ ေမာင္ဘိုးထင္ ဒုကၡ ေရာက္‌ေခ်ၿပီ ျဖစ္သည္ ေလးပူးဆိုသည္မွာ ေျခဆင္းထား‌ေသာ ေကာင္မေလးႏွစ္‌ေယာက္သည္ ေျခေထာင္ ႏွစ္ေခ်ာင္း ထိပ္ေလး ေပၚတြင္ သူတို႔၏ လက္ေလးမ်ာကို ထြာၿပီး ေလးဆင့္ ဆင့္ထားခ်င္ျဖစ္သည္ ၊ ေမာင္ဘိုးထင္သည္ ေလးပူးကို ပုဆိုးကို ခါးေတာင္းမက်ိဳက္ပဲ တိုတိုဝတ္ကာ ခုန္လိုက္ခ်ိန္ ေျခဆင္းထားေသာေကာင္မေလး ႏွစ္ေယာက္မွ အလန႔္တၾကား မက္တပ္ရပ္လိုက္ၿပီး

“ဘိုးထင္ ညစ္ပတ္တယ္ ငါတို႔ကို ပုဆိုး လွန္ျပတယ္ မကစားေတာ့ဘူး နင့္ ကို ဘႀကီးအုန္း နဲ႔ တိုင္မယ္ ”

ေကာင္မေလး ႏွစ္ေယာက္၏ စကားေၾကာင့္ ေမာင္ဘိုးထင္ ျပာျပာ သလဲ ျဖစ္သြားၿပီး

“ဟ ငါ့တိုင္းငါ ခုန္ေနတာ ပါ နင္တို႔ကို ဘယ္မွာ ပုဆိုးလွန္ျပလို႔လဲ ေဟ့”

“မသိဘူး နင္ညစ္ပတ္တယ္ ငါတို႔ မကစားေတာ့ဘူး ”

ေျခဆင္းထိုင္ေနေသာေကာင္မေလး ႏွစ္ေယာက္ မန္က်ည္းပင္ အရိပ္မွ ထြက္ေျပးသြားသည္ က်န္ေသာ က‌ေကာင္မေလးမ်ားက နားမလည္ျဖစ္ကာ ငုတ္တုပ္ထိုင္ၿပီး ဘိုးထင္ကို ၾကည့္ေနေလသည္ သူအားၾကည့္ေနေသာ ေကာင္မေလးမ်ားအား

“ငါ ဘာမွ မလုပ္ဘူးေနာ္ နင္တို႔ သိတယ္မဟုတ္လား ငါက ဒီတိုင္းေလး ပဲ ခုန္ေနတာကို ”

ေမာင္ဘိုးထင္သည္ ထိုသို႔ေျပာၿပီး သူအားထိုင္ၾကည့္ေနေသာ ေကာင္မေလးမ်ားအား ပုဆိုး တိုတို ဝတ္ၿပီး ခုန္ျပလိုက္ရာ ခပ္စြာစြာ မယ္လွမွ အလန႔္တၾကားအသံ စတင္ထြက္လာသည္

“ဘိုးထင္ မိုက္႐ိုင္းတယ္ ေကာင္မေလးေတြးကို တုတ္ျပခဲျပလုပ္ေနတယ္ ဘႀကီးအုန္းကို သြားတိုင္မယ္ ”

“ဟဲ့ နင္တို႔က လည္း ဘာျဖစ္ျပန္တာ လဲ ”

“နင္ ညစ္ပတ္တယ္ ”

ဖန္ခုံေနေသာ ေကာင္မေလးမ်ားသည္ ဘိုးထင္အား ဆဲဆိုသူမ်ားက ဆဲၿပီးသြားၾကသလို ဦး အုန္းႏွင့္ တိုင္မည္ဟု ေျပာသူေျပာသြားၾကကာ မန္က်ည္းပင္ အရိပ္မွ မေက်မနပ္ထြက္သြားေတာ့သည္ ဘိုးထင္ လည္း ဘာျဖစ္တာ လဲ ဟု စိတ္ညစ္ကာ ဇယ္ေတာက္ ေနေသာ ေကာင္မေလးမ်ားဘက္ကို ပုဆိုးတိုတို ဝတ္ႏွင့္ မလွမ္းမကမ္းမွ ထိုင္ၾကည့္ေနေလရာ ဇယ္ေတာက္ေနေသာ ေကာင္မေလးတေယာက္သည္သူအားလွည့္ၾကည့္လာၿပီးေမာင္ဘိုးထင္ ၿပဳံးျပလိုက္ခ်ိန္ ေကာင္မေလးသည္ စိတ္ဆိုးေဒါသထြက္လာၿပီး

“ေကာင္မေတြ ေဟာဟိုမွ လူယုတ္မာ ဘိုးထင္ ငါတို႔ကို ၿခိမ္းေျခာက္ေနတယ္ မသာေလး လူယုတ္မာ “,

ေမာင္ဘိုးထင္ ထက္ႀကီးသူမ်ားက သူအားဆဲဆိုၿပီး ထြက္ေျပးသြားျပန္ရာ ဘိုးထင္ နားမလည္စြာ ျဖစ္ရင္ ေပပင္႐ြာက ေကာင္မေလးေတြက သူ႔အား ခြဲျခားဆက္ဆံသည္ဟုေတြးကာ စိတ္မေကာင္း ျဖစ္ေနစဥ္ ေပတူး ႏွင့္ သာေအး ေရာက္လာကာ သာေအးမွ သူႏွင့္ မလွမ္းမကမ္းတြင္ ရပ္ၿပီး သူ႔အား ၾကည့္ေနေလသည္ ၊ ေမာင္ဘိုးထင္ သည္ စိတ္မေကာင္း သည့္ မ်က္ႏွာ ႏွင့္ သာေအးတို႔အား

“သာေအး ငါတကယ္စိတ္မေကာင္းဘူးကြာ ေကာင္မေလးေတြက ငါကို ဆဲဆိုၾကတယ္ ”

“ဆဲဆိုတာ နည္းေသးတယ္ ေပးတူး ပစ္ကြာ အဲ့ေကာင္ေအာက္ကို အဲ့ေနရာ ေမြေခါင္းဆို အေသပစ္ပလိုက္ ”

သားေအးႏွင့္ ေပတူး သူ၏ ေအာက္ကို ၾကည့္ၿပီး ေျပာေနေသာအခါမွ ေမာင္ဘိုးထင္ သူ႔ေအာက္သူျပန္ၾကည့္လိုက္ရာ

“,ဟိုက္ ေသၿပီဟ ေသာက္ရွက္ေတာ့ ကြဲၿပီ ”

ေမာင္ဘိုးထင္သည္ ေအာက္စလြတ္ေနေသာ သူ၏ ပုဆိုးကို ဖုံးလိုက္ရင္း မတ္တတ္ရပ္လိုက္ကာ

“သာေအးေရ ငါကို ေကာင္မေလးအကုန္ ျမင္သြားၿပီဟ ရွက္လိုက္တာကြာ ”

ေမာင္ဘိုးထင္သည္ ရွက္လြန္း၍ သာေအးတို႔အား မၾကည့္ဝံ့သည္ ပုံစံလုပ္ေနေလရာ သာေအးသည္ ‌ေမာင္ဘိုးထင္၏ နရင္းကို ခပ္စစ ႐ိုက္လိုက္ၿပီး

“အခုမွ လာျဖစ္ျပမေနနဲ႔ ေခ်ာင္းထဲ ေရသြားကူေတာ့ ေကာင္မေလး ေတြရွိတယ္ဆိုတာ မရဘူး တန္းလန္း တန္းလန္း နဲ႔ ဆင္းကူးၿပီး ခုမွရွက္ျပေနတယ္ တကယ့္ေကာင္ ”

“ဟ သာေအးရ အဲ့တာက အရင္ ႏွစ္လေလာက္ကေလ ငါလည္း လူပဲ နည္းနည္းေတာ့ေျပာင္းလဲတာေပါ့ဟ ”

“ေနာက္မွ ေျပာင္းလဲ ကိုဖိုးေထြးက မင္းကို မင္းတို႔တဲကို လာခဲ့တဲ့ ေျပာစရာရွိလို႔တဲ့ကြ ”

“ေအးေအး မင္းတို႔လည္း လိုက္မွာ မဟုတ္လား ”

“လိုက္မွာ ”

“အဲ့တာ ဆိုသြားၾကရေအာင္ ေတာက္ ….အဘကို ဟိုဟာ မေလးေတြ တကယ္မ်ားသြားတိုင္‌ေနမလား မသိဘူးကြာ ”

“မတိုင္ေလာက္ပါဘူးကြ တိုင္ရင္လည္း ေမြနဲ႔သူတို႔လြဲေနတာ လို႔ေျပာကြာ မယုံဘူးဆို လက္ေတြ႕ျပရမလားသာ ေမးလိုက္ကြာ ”

သာေအး၏ ေပါက္ကရစကားကို ေမာင္ဘိုးထင္ အႀကံေကာင္းသည္ဟု စိတ္ထဲ မွာ ေတြးရင္း ကိုညိဳေမာင္ရွိေသာ ဦးအုန္း၏ တဲသို႔ ေျခလွမ္းျပင္လိုက္ပါေလေတာ့သည္ ။

▪️အခန္း-၃

ဦးအုန္း၏ တဲေလးသို႔ ေမာင္ဘိုးထင္တို႔ေရာက္ခ်ိန္ ဖိုးေထြး ႏွင့္ ကိုညိဳေမာင္သည္ ေျမအိုးတလုံးကို ေရွ႕မွာ ခ်ၿပီး ၿပဳံးၿပဳံး ႏွင့္ စားေသာက္ေနၾကသည္ ၊ ေမာင္ဘိုးထင္တို႔ သူတို႔အနားေရာက္ေသာအခါ သာေအးသည္ ဖိုးေထြးတို႔ ေရွ႕မွာရွိေသာ ေျမအိုးထဲသို႔ သစ္သား ဇြန္းေလး ႏွင့္ ခပ္လိုက္ၿပီး

“ဘိုးထင္ ဒီလူေတြ သစၥာေဖာက္ေတြ ၾကက္သားေတြ ခ်က္စားေနတာ အ႐ိုးေတြ ပဲ က်န္ေတာ့တယ္ ”

သာေအးစကားၾကားေသာအခါ ကိုညိဳေမာင္အား ေမာင္ဘိုးထင္ ေစ့ေစ့ၾကည့္ၿပီး

“ကိုညိဳေမာင္ႀကီး အဲ့လိုလုပ္တာေတာ့မေကာင္းပါဘူး ဗ်ာ က်ဳပ္တို႔လာမယ္ ဆိုတာ သိသိႀကီးနဲ႔ အကုန္စားျပစ္ရက္တယ္ ”

ေမာင္ဘိုးထင္သည္ ေျပာေျပာဆိုဆို သာေအးဆီမွာ ဇြန္းအား ဖ်က္ခနဲ ယူလိုက္ကာ အိုးထဲ ေမႊလိုက္ၿပီး အသားအနည္းငယ္ပါေသာ လည္ေခ်ာင္း႐ိုးေလးကို ပါးစပ္ထဲ ထည့္ဝါးလိုက္သည္ အ႐ိုးကို ဂ်ိဳးးဂ်ိဳး ဂြၽတ္ဂြၽတ္ဝါးေနေသာ ေမာင္ဘိုးထင္အား သူတို႔အားလုံးေငးေမာၾကည့္ေနစဥ္ သာရ တေယာက္ ေလေလး တခြၽန္ခြၽန္ ႏွင့္ေရာက္လာကာ

“ေဟ့‌လူေတြ ဘိုးထင္ကို မင္းသားထင္လို႔လား ‌ ဝိုင္းၾကည့္ေနတာ ”

“ဘယ္က ဟုတ္ရမွာ လဲ ဘိုးထင္ ၾကက္႐ိုးေတြ ဝါးေနလို႔ ”

သာရသည္ သာေအးေျပာေသာစကားကိုၾကားေသာအခါ ျပာျပာသလဲျဖစ္ကာ

“မင္းတို ဘိုးထင္ကို စိတ္ဆိုးေအာင္လုပ္လိုက္တာ မဟုတ္လား ”

“ဟုတ္မယ္ ကြ ဒီေကာင္ငါ့ကို ၾကက္သား မခ်န္ထားရလားဆိုၿပီး အျပစ္တင္ေနတယ္ ”

“ထင္ပါတယ္ဗ်ာ ”

သာရသည္ လြယ္အိတ္ထဲမွ ေလးဂြကို ထုတ္က တဲ ေဘး ေကာက္႐ိုး စေလးမ်ားကို ယက္ေနေသာ ၾကက္ဖႀကီးအား ေလးဂြႏွင့္ ခ်ိန္ေန‌ေလရာ ကိုညိဳေမာင္ အေျပးေလး သာရ၏ ေလးဂြကို ဖမ္းဆြဲလိုက္ၿပီး

“ဟ သာရ အဲ့တာ ငါ့တိုက္ၾကက္ဖႀကီးဟ မင္းေမႀကီးေတာ္ မေမးမစမ္း ”

“သိဘူးေလဗ်ာ ဘိုးထင္ စိတ္ဆိုးေျပေအာင္ တေကာင္ ခ်က္မွ ရမယ္ထင္လို႔ ”

သာရ၏ စကားကို ေမာင္ဘိုးထင္ၾကားေသာအခါ သာရအား ၾကက္႐ိုးဝါးေနရင္းၾကည့္ကာ

“နာမည္ႀကီးေတာ့ ‌ေညာင္ပင္ စားေတာ့ အဲ့သရဲႀကီး လုပ္မလို႔ မဟုတ္လား ”

ေမာင္ဘိုးထင္သည္ သာရအား လက္ညႇိဳးထိုးၿပီးေျပာလိုက္ရာ

“အဲ့လို မဟုတ္ပါဘူးကြာ မင္းကို စားေစခ်င္လို႔ပါ ဟ ,

ေမာင္ဘိုးထင္ ႏွင့္ သာရ စကာစေျပာေနစဥ္ ကိုညိဳေမာင္ တဲေပၚမွ ေနာက္ ထပ္ေျမအိုး တအိုးကိုယူကာ

“ဘိုးထင္ ငါနဲ႔ ဖိုးေထြးက အ႐ိုးေလးေတြကိုက္ေနတာပါကြာ အသားက ဒီမွာ ေရာ့ ၿမိဳၾက စို႔ၾက”

ကိုညိဳေမာင္တေယာက္ သူ၏ တိုက္ၾကက္ဖႀကီး အသက္ေဘးမွ လက္မတင္ေလးလြတ္သြား‌ၿပီးေနာက္ စိတ္သိပ္မၾကည္ သူခ်က္ထားေသာ ၾကက္သားအိုးအာ ေမာင္ဘိုးထင္တို႔အနား ခ်ေပးၿပီး ငူငူႀကီးထိုင္ေနရာ ေမာင္ဘိုးထင္ ႏွင့္ သာရ တို႔ ႏွစ္ေယာက္သည္ ကိုညိဳေမာင္၏ ဘယ္တဖက္ညာတဖက္မွာ ေန၍ ေမာင္ဘိုးထင္မွ

“ကိုႀကီး ညိဳေမာင္ က်ဳပ္က အစတုန္းကေတာ့ ႐ြာလယ္က ဦးတုတ္ႀကီးသမီး မတုတ္ႀကီး အဲ ဟုတ္ပါဘူး အမႀကီး ျမင့္ ခင္ ေျပာခိုင္းလိုက္တာေလး ေျပာမလို႔ဆိုၿပီးေတာ့ဗ်ာ ”

“ဟုတ္တယ္ က်ဳပ္လည္း ျမင္တယ္ဗ် ကိုႀကီးညိဳေမာင္ရ ၊ မႀကီးျမင့္ခင္ ေရခပ္ေနတုန္း ဘိုးထင္နဲ႔ းကားေျပာတာ က်ဳပ္ေတြ႕တယ္ ”

ညာဘက္ေဘးမွာ ရွိေသာ သာရမွ ေမာင္ဘိုးထင္ စကားကို ေထာက္ခံလိုက္ရာ ကိုညိဳေမာင္ မ်က္ႏွာ အခ်ိဳး အနည္းငယ္ ေျပာင္းလာ ၿပီး ေမာင္ဘိုးထင္ဘက္ ကို ေမးေငါ့ၿပီး ေျပာဆိုေသာ အမူအယာလုပ္ျပေနရာ ေမာင္ဘိုးထင္သည္

“ကိုႀကီးညိဳေမာင္ မသိခ်င္ရင္လည္း က်ဳပ္မေျပာေတာ့ပါဘူးဗ်ာ မႀကီးျမင့္ခင္ေတာ့ သနားပါတယ္ သူက ခင္ဗ်ား ကို သိပ္ေျပာျပခ်င္ေနတာ ”

ေမာင္ဘိုးထင္၏ စကားမ်ားမွာ ကိုညိဳေမာင္ ဟန္မေဆာင္ႏိုင္ေတာ့ စိတ္ဆိုးေနသည့္ စိတ္က ၾကက္ေပ်ာက္ ငွက္ေပ်ာက္ ေပ်ာက္ကြယ္ကာ ၿပဳံးၿဖီးေသာ မ်က္ႏွာ ႀကီးျဖစ္

“ေျပာပါ ဘိုးထင္ရာ ေျပာပါကြ ေဟ့ေကာင္ေတြရပ္စမ္း လက္ဖယ္ အဲ့ ထဲက အသဲနဲ႔ အျမစ္က ငါ့ေကာင္ဘိုးထင္ အတြက္ကြ”

ကိုညိဳေမာင္သည္ ေမာင္ဘိုးထင္ကို စကားေျပာေနရင္း ၾကက္သားအိုးကို လက္လွမ္းေနၾကေသာ ဖိုးေထြးတို႔အား ေအာ္လိုက္ကာ ဟန႔္တားလိုက္ခ်င္းျဖစ္သည္ ၊ ထို႔အတြက္ ဖိုးေထြးတို႔ ဇြန္းေလးကို ျပန္ခ်ၿပီး ၿငိမ္ေနၾကေလသည္ ၊ ထို႔ေနာက္ ကိုညိဳေမာင္သည္ ေမာင္ဘိုးထင္အား သကာလိုခ်ိဳေသာ အၿပဳံးကို ဖန္တီး‌လိုက္ၿပီး

“ေျပာ ေျပာ ဘိုးထင္ေလ း ျမင့္ခင္က ဘာေျပာလဲ”

“သူေျပာတာက ဗ်ာ ”

“ေျပာ ေျပာ ဘိုးထင္ေလး ”

“ထမင္းစားၿပီး ေရေသာက္တဲ့ ”

“ငါ့လခြီး အဲ့လိုေတာ့ေျပာမွာ မဟုတ္ဘူး ေဟ့ေကာင္ ”

“ဟာ ကိုႀကီးညိဳေမာင္ကလည္း ထမင္းနင္ေနမွာ ဆိုးလို႔ ေစတနာ နဲ႔ ေျပာတာ ေနမွာပါ ေစတနာေတြ ေစတနာေတြေလ ”

“အဲ့လို ေတြးေတာ့လဲ ဟုတ္သားဟ ေျပာေျပာ ေနာက္ထပ္ဘာေျပာလဲ ”

“လမ္းေလွ်ာက္ရင္ ေရွ႕ၾကည့္ေလွ်ာက္တဲ့ ခ်ဳံေတာထဲ ေသးမေပါက္နဲ႔တဲ့ဗ် ”

“ေဟ့ေကာင္ ေဟ့ေကာင္ ဒါႀကီးေတာ့ ေျပာမွာ မဟုတ္ဘူး မင္း ေလွ်ာက္ေျပာေနတာ ”

“လမ္းေလွ်ာက္ရင္ ေရွ႕ၾကည့္‌ေလွ်ာက္ဆိုတာ ခလုတ္ ကန္သင္းေတြ မတိုက္မိေအာင္ ေျပာတာေနမွာေပါ့ ေစတနာေတြ ေစတနာေတြ ”

“ေအးဟုတ္တယ္ဟ အဲ့တာဆို ခ်ဳံထဲ ေသးမေပါက္နဲ႔ ဆိုတာ ငါ့ကို ေမြပါးကင္းပါး စိတ္ပူလို႔ထင္တယ္ကြ ”

“အဲ့တာေတာ့ ဟုတ္ဘူးဗ် ကိုႀကီးညိဳေမာင္ သူ႔ကို လာေခ်ာင္းရင္ သူအိမ္ေရွ႕က ဟိုပန္း႐ုံႀကီးထဲ ေသးဝင္ဝင္ေပါက္ေနေတာ့ မႀကီးျမင့္ခင္ အဘက ေသးေစာ္ နံတယ္တို ၿပီး သူ႔ကိုေငါက္ေနလို႔တဲ့ ဗ်ာ ”

“ဟာ ကြာ ”

ရွက္သြားေသာ လူပ်ိဳႀကီး ကိုညိဳေမာင္ေဘးမွ ေမာင္ဘိုးထင္ ႏွင့္ သာရ ထလိုက္ၿပီး ဖိုးေထြးတို႔ အနားသြားကာ

“ကိုဖိုးေထြး ခင္ဗ်ား က်ဳပ္ကို ေျပာစရာရွိတယ္ဆို ေျပာေလဗ်ာ ”

“ေနာက္မွ ေျပာမယ္ ကြာ မင္းေကာင္ေတြ ပုံလည္း ၾကည့္လိုက္ဦး ငါနဲ႔မင္း စကားတခြန္း ေျပာေနတုန္း ၾကက္သားတတုံးကုန္မဲ့ ႐ုပ္ႀကီးေတြ ”

ဖိုးေထြးေျပာမွာ ေမာင္ဘိုးထင္သည္ သာေအး ႏွင့္ ေပတူး ထို႔ေနာက္ သာရ တို႔ကို တလွည့္စီၾကည့္လိုက္သည္ ဖိုးေထြးေျပာေသာ အမွန္တရားကို နားလည္ကာ ေခါင္းတခ်က္ကို အသာအရာ ညိတ္လိုက္ၿပီး အရင္ဆုံး အသဲ ျမစ္တစုံကို ခက္လိုက္ကာ စားလိုက္ပါေလေတာ့သည္။

▪️အခန္း-၄

ကိုညိဳေမာင္တေယာက္ သူခ်က္ထားေသာ ၾကက္သားအိုးကို တလွည့္ ေမာင္ဘိုးထင္တို႔ကို တလွည့္ ၾကည္ေနသည္၊ သူတို႔အားေက်ာခိုင္းၿပီး သူပိုးေနေသာ ျမင့္ခင္ေလးအား ေရအိုးပင့္ ေနသည္ဟု ေတြးၿပီး ျပန႔္အလွည့္တြင္ ၾကက္သားအိုးမွ အ႐ိုးပင္မက်န္ေလရာ အံဩလြန္း၍ ၾကည့္ေနခ်င္းျဖစ္သည္ ၊ ထိုေနာက့္ ေမာင္ဘိုးထင္တို႔အား

“မင္းတို႔က လူေတြေကာ ဟုတ္ရဲ႕လား ငါခ်စ္သူေလး ျမင့္ခင္ကို စိတ္ကူးထဲ ေရအိုးေလးပင့္ေပးတုန္းပဲရွိေသးတယ္ ၾကက္တေကာင္ခ်က္က ကုန္ၿပီး”

“ကိုႀကီး ညိဳေမာင္က ဘယ္ေရအိုးေတြပင့္ေနမွန္းမွမသိတာ က်ဳပ္တို႔ ျမန္တာ မဟုတ္ဘူး ကိုႀကီးညိဳေမာင္ႀကီး ေရအိုးပင့္ေနတာ ၾကာေနတာ ကို႔အျပစ္နဲ႔ ကိုေပါ့ဗ်ာ ”

“ေအးေပါ့ကြာ မင္းတို႔ ေခတ္ကို လုပ္ထားဦးေပါ့ ကြာ ”

“ဘာလဲ မႀကီးျမင့္ခင္ကို ကိုညိဳေမာင္ႀကီးက ကပ္ေစးႀကီး လို႔ေျပာလိုက္ရမလား”

“မေျပာပါနဲ႔ ေက်းဇူးရွင္တို႔ရယ္ ေၾကာက္ပါၿပီ ”

ကိုညိေမာင္ မေက်မနပ္ႏွင့္ ၾကက္သားအိုးမ်ားသြားေတးေနေလ၏ ၊ထိုအခါမွ ေမာင္ဘိူးထင္သည္ ဖိုး‌ေထြးအား

“ကိုဖိုးေထြး ေျပာစရာရွိတယ္ဆိုတာေျပာေလ ”

“ေအး မင္းလည္း ႐ြာဦးဘုန္းႀကီးေက်ာင္းမွ အထက္လမ္းလိုလို ဘာလိုလို လူတေယာက္ ေရာက္ေနတယ္ဆိုတာ သိတယ္မဟုတ္လား ”

“သိတယ္ေလ ဘာျဖစ္လို႔လဲ”

“ဘာျဖစ္ရမွာ လဲ အဲ့လူက ငါ့အဘကိုေျပာေနတာ ငါၾကားခဲ့တယ္ ”

“ဘာေျပာတာလဲ ကိုဖိုးေထြး ”

“ဒီလူက တို႔ဘႀကီးအုန္းကို အစြယ္ ခ်ိဳးျပမယ္ တဲ့ကြ ၿပီးေတာ့ ပညာေတြႏုတ္ျပစ္ၿပီး ႏူေအာင္လုပ္မယ္တဲ့ကြာ ”

“ေတာက္ မိုက္႐ိုင္းလိုက္တဲ့ လူ ငါ့အဘက ဘယ္သူကို ဒုကၡေပးဘူးလို႔လဲ ”

“ေအး ဟုတ္တယ္ အဲ့တာ ေၾကာင့္ ငါလည္း မင္းကို ေျပာျပရတာ ဦးအုန္းကို စိတ္ပူလို႔”

“စိတ္မပူပါနဲ႔ ဗ်ာ အဘက သူ႔ကို ႏိုင္ပါတယ္ ဒါေပမဲ အဘက သူ႔ပညာနဲ႔ လူမသတ္ခ်င္ဘူးတဲ့ ဒီလူကိုက သတ္မွ ႏိုင္မဲ့ ပုံတဲ့ ဗ်”

“အဒ့တာဆို ဘယ္လို လုပ္ၾကမလဲ ဘိုးထင္ ”

ေမာင္ဘိုးထင္ အတန္ၾကာေတြးေနသည္ ‌‌ေမမင္ဘိုးထင္အား ဝိုင္းၾကည့္ေနၾကသည္ ထိုထဲတြင္ ကိုညိဳေမာင္လည္းပါသည္ ၊ ထို႔‌ောနက္ ‌ေမ။င္ဘိုးထင္သည္ လက္ေဖ်ာက္တခ်က္ကို တီးလိုက္ကာ

“သိၿပီဗ်ာ ဘာလုပ္ရမယ္ ဆိုတာ ”

“ေအး သိရင္ ေျပာစမးမ္းပါဦးကြ ”

သိခ်င္စိတ္ကဆိုးေနေသာ ကိုညိဳေမာင္ႀကီးက ပထမဆုံးေမးေနေလသည္ ၊ ထိုအခါ ေမာင္ဘိုးထင္သည္ ကိုညိဳေမာင္ကို ၾကည့္ၿပီး

“က်ဳပ္က အဖန္ေသ ာက္မွ အႀကံေျမာက္မယ္ ထင္လို႔ ကိုႀကီးညိဳေမာင္ ေရေႏြးၾကမ္းေလးတည္ေပးလို႔ ေျပာမလို႔ပါ ”

“ေတာက္ မင္းကလည္းကြာ ငါေတာ့ တကာ္မ်ညးလားလို႔ ”

“စတာပါ လာၾကလာၾက ဒီမွာ ဝိုင္းဖြဲ႕ၾက က်ဳပ္တိုးတိုးေလးေျပာျပမယ္ ငနက္ အကူအညီေတာ့ယူရမယ္ ”

ေမာင္ဘိုးထင္အနားသို႔ သူတို႔အားလုံးဝိုင္းဖြဲ႕လိုက္ၿပီး ေခါင္းကို တညိတ္ညိတ္လုပ္ၿပီးနားေထာင္ေနၾကပါေလေတာ့သည္ ၊

▪️အခန္း-၅

ဦးအုန္းတေယာက္ အိမ္ဝိုင္းထဲတြင္ ေရွ႕ေလွ်ာက္ ေနာက္ေလွ်ာက္လုပ္ေနသည္ ၊သူတခုခုကို စိတ္ပူေနပုံရသည္ ၊ ေမာင္ဘိုးထင္ ထမင္းခ်က္ေနရင္း ျဖစ္ ဦးအုန္းကို ၾကည့္လိုက္သည္ အၿမဲ စကားေျပာရင္ တဟားဟား နဲ႔ ရယ္တက္ေသာ ဦးအုန္း ဟိုအထက္လမ္း ဆရာေရာက္လာကတည္းမွ အရယ္ အၿပဳံးနည္းသြားတာ သိသာေပသည္ ၊ ထို‌‌ေနာက္ ထမင္းင္းအိုး ငွဲ႔လိုက္ၿပီး မီးက်ည္းခဲေပၚတြင္ ထမင္းကိုႏွပ္လိုက္ကာ ဦးအုန္းအနားသြားလိုက္ၿပီး

“အဘ ဘာေတြ စိတ္ပူေနတာ လဲ ”

“ငါ ကို ဟို‌အထက္လမ္းဆရာ စိန္ေခၚသြားတယ္ ကြာ ”

“ဘာလို႔လဲ အဘက ေၾကာက္လို႔လား ”

“ေၾကာက္လို႔ မဟုတ္ပါဘူးကြာ ငါ့ရႈံးရင္လည္း ငါခံရမွာ ငါႏိုင္ရင္လည္း အထက္လမ္းဆရာႀကီးေတြက ငါ့ကို ရန္သူလို သေဘာထားမွာ ငါေတာ့ခက္ၿပီေကာင္ေလးေရ ”

စိတ္ညစ္ေနေသာ ဦးအုန္းအား ေမာင္ဘိုးထင္ သနားေနမိသည္ သူသို႔ မဟုတ္တာေတြဘယ္ေလာကု လုပ္လုပ္ ေနာက္က အၿမဲတမ္း မဆူမေငါက္ ၿပဳံး႐ႊင္ၿပီး ကူညီေပးေသာ ဦးအုန္း အခုေတာလ သူမရယ္ မၿပဳံႏိုင္ ျဖစ္ေနခ်င္းေၾကာင္ေပ ၊ ထို႔‌ေ‌နာက္ ေမာင္ဘိုးထင္သည္ ဦးအုန္းအား စကားဆိုလိုက္သည္

“အဘ ဘာမွ မဆိုးရိမ္ေတာ့ နဲ႔ အဘတပည္ က်ဳပ္လုပ္လိုက္မယ္ ”

“ေကာင္ေလး မင္း နဲ႔ မဆိုင္ပါဘူးကြာ ”

“ဘာလို႔ မဆိုင္ရမွာ လဲ အဘက က်ဳပ္အဘဗ်”

“ေအးေလ အဲ့တာေၾကာင့္ မင္းကို ထိခိုက္မွာ ဆိုးလို႔ပါ ”

“ဘာမွ မထိခိုက္ေစရပါဘူးဗ်ာ က်ဳပ္ကို ငနက္ကိုေတာ့ ခိုင္းခြင့္ေပးပါ ”

“ရပါတယ္ကြ မင္းစိတ္ႀကိဳက္ခိုင္းပါ ”

“အဲ့တာဆို ရၿပီ အဘ အိမ္ေရွ႕တန္းလ်ားမွာ ဒူးႏွံ႔ၿပီးသာေနေတာ့ဗ်ိဳ႕ ”

ေမာင္ဘိုးထင္သည္ ေျပာေျပာဆိုဆို ငနက္ကို ထားေသာ သစ္ပင္ဆီသို႔ ထြက္ခြာ သြားပါေလေတာ့သည္ ။

▪️အခန္း-၆

႐ြာလူႀကီး၏ အိမ္တြင္ လူမ်ားစု႐ုံးေရာက္ရွိေနသည္ ၊ ႐ြာလူႀကီး၏ သားျဖစ္သူ ဖိုးေထြးမွာ အပ မွီေနေသာေၾကာင့္ျဖစ္သည္ ဖိုးေထြးသည္ လူႀကီးမ်ားခ်ဳပ္ထားသည့္ ၾကားက အတင္း႐ုန္းကန္ၿပီး

“တ႐ြာလုံးကို သတ္မယ္ တ႐ြာလုံးကို စားမယ္ ”

က်ယ္ေလာင္ေသာ ေအာ္သံႀကီးႏွင့္ အတင္း႐ုန္းကန္ေနရာ ႐ြာလူႀကီး ႏွင့္ သူ၏ဇနီးသည္ မည္သို႔ လုပ္ရမည္မွန္း မသိ‌ျဖစ္ေနစဥ္ သာရမွ ႐ြာလူႀကီးအား

“႐ြာလူႀကီး ဘုန္းႀကီး‌ေက်ာင္းက အထက္လမ္းဆရာကို သြားေခၚရမလား ”

“ေအးေအး ေကာင္းတယ္ သြားေခၚ”

သာရသည္ ႐ြာဦးေက်ာင္းမသြားခင္ မန္က်ည္းပင္အရိပ္မွာ သာေအးတို႔ အဖြဲ႕အား မ်က္စိမွိတ္ျပလိုက္ရာ သူတို႔ အဖြဲ႕သည္ ႐ြာလူႀကီး၏ အိမ္သို႔ သြားၾကပါေလေတာ့ သည္။

▪️အခန္း-၇

ဖိုးေထြးအား ႐ြာလူႀကီး၏ အိမ္ေရွ႕ခန္းတြင္ လူႏွစ္ေယာက္ ခ်ဳပ္ထား၏ သူ၏ ေရွ႕တြင္ေတာ့ အထက္လမ္းဆရာ တပလႅင္ေခြထိုင္ေန၏ ၊ အထက္လမ္းဆရာသည္ မာန္ဟန္ အျပည့္ႏွင့္ ဖိုးေထြးအား ေမးေနေလသည္

“ကဲ မင္းဘယ္သူလဲ ေျပာစမ္း ”

“ငါ ငနက္ ”

“ငနက္ မင္းေနရာ မင္းျပန္ သင့္တယ္ မထင္ဘူးလား ”

“မထင္ဘူး ငါ့ဒီေကာင့္ကို မေက်နပ္ဘူး”

“ဟားဟား ဆရာေရွ႕လာ ၿပီး မခန္႔ေလးစားလုပ္‌ေနတယ္ ၊‌ေဘးက ႏွစ္ေယာက္ လႊတ္လိုက္စမ္း ကဲ ဒီငမိုက္သားကို ဆိုင္ရာက ႀကိဳးနဲ႔တုပ္စမ္း ”

အထက္လမ္းဆရာ၏ စကားဆုံးသည္ ႏွင့္ဖိုးေထြးကို ခ်ဳပ္ထားေသာ လူႀကီး ႏွစ္ေယာက္သည္ လႊတ္ေပးလိုက္ရာ ဖိုးေထြးသည္ အထက္လမ္းဆရာ၏ ေရွ႕တြင္ ထိုင္ၿပီး လက္ေနာက္ျပန္သြား၏ သို႔ေပမဲ့ ဖိုးေထြးသည္ ႐ုန္းကန္ေနေလရာ

“ဆိုင္ရာကဒီငမိုက္သားရဲ႕ေခါင္းကို နင္းစမ္း”

ဖိုးေထြးသည္ လက္ေနာက္ျပန္ေနရာမွ ‌ေခါင္းသည္ေအာက္သို႔ ငုံ႔သြားေတာ့သည္ ၊ ႐ြာလူႀကီး အိမ္ေပၚမွ ရွိေသာ ႐ြာသားမ်ားသည္လည္ တိုးတိုးႏွင့္ အထက္လမ္းဆရာအား ခ်ီးမႊန္းေနေလရာ အထက္လမ္းဆရာသည္ ဝင့္ဝင့္ထည္ထည္ ျဖစ္ေစရန္ ခါးကို မတ္ၿပီးေနကာ ဝင္ပူးခံေနရေသာ ဖိုးေထြးအား

“ကဲ မင္းက ဒီေကာင္ေလးကို ဘာမေက်နပ္လို႔ဝင္ပူးတာလဲ ”

“ဒီေကာင္ ငါ့အပင္ကို ေလဂြနဲ႔ ထုတယ္ ေသးနဲ႔လည္းပန္းတယ္း ဆဲလည္းဆဲတယ္ ငါမေက်နပ္ဘူး ”

“စိတ္ေလ်ာ့ပါ ၾကားက ငါပဲ ေတာင္းပန္ပါတယ္ ”

“မင္းရဲ႕ သီလ သမာဓိကို ငါသိေနလို႔ ခႊင့္လႊတ္လိုက္မယ္ ေနာက္တခါ လုပ္ရင္ အေသသတ္မယ္ ”

“စိတ္ခ်ပါ က်ဳပ္ဆုံးမထားပါမယ္ မင္း သြားႏိုင္ၿပီ ”

အထက္လမ္းဆရာ ခႊင့္ျပဳလိုက္သည္ႏွင့္ ဖိုးေထြး ဆက္ခနဲတုံသြားၿပီး ေဘးမွာ ၾကည့္ေနေသာ လူမ်ားကို ေငးေၾကာင္ ၾကည့္ေနကာ သူ၏ အဘအား

“အဘ က်ဳပ္ဘာျဖစ္တာ လဲ ”

“မင္းကို ဒီက ဆရာက ကုေပးလိုက္တာ ဆရာ့ကို ကန္ေတာ့လိုက္ ”

ဖိုးေထြး အထက္လမ္းဆရာကို မကန္ေတာ့ ခင္ အိမ္ေပၚ ပတ္ၾကည့္လိုက္သည္ ၊ ထိုေနာက္ သာရတို႔ အဖြဲ႕အား ဟိုမွာ သည္မွာ ေတြ႕ရေသာ အခါမွ ဖိုးေထြး အလက္လမ္း ဆရာကို ကန္ေတာ့းလိုက္သည္ ပထမ တႀကိမ္ကန္ေတာ့ၿပီးေသာအခါ ဖိုးေထြးျပန္မထ ပဲ ကုန္းကုန္းႀကီး ျဖစ္ေနေလသည္၊ အခ်ိန္ အတန္ၾကာလို႔ မထေသးေသာ အခါ အထက္လမ္းဆရာမွ ‌ဖိုး‌ေထြး၏ ဦးေခါင္းကို လက္ႏွင့္ ပြတ္လိုက္ၿပီး

“ငါ့ညီ ထလို႔ ရပါၿပီ ”

“ဘာ..ငါ့ညီလဲ ငါ့နာမည္ တုတ္ႀကီးကြ ဆယ္ကြၽန္းျပန္ တုတ္ႀကီး”

အထက္လမ္းဆရာ မ်က္လုံး အဝိုင္းသား ႏွင့္ ဖိုးေထြးကို ေငးေနေလသည္ ၊ သာရသည္က မ်က္ႏွာအနည္းငယ္ ပ်က္သြားသည္ သူတို႔ညႇိွထားသည္ ့ အထဲ ဖိုးေထြးေျပာရမည္မွာ တကြၽန္းျပန္ တုတ္ႀကီးျဖစ္သည္ ယခု ဖိုးေထြးေျပာလိုက္သည္မွာ ဆယ္ကြၽန္းျပန္ တုတ္ႀကီးျဖစ္ေနေသာေၾကာင့္ ျဖစ္သည္ ၊ ငနက္အား ဖိုးေထြးကို အရင္ပူးခိုင္းလိုက္ၿပီး အထက္လမ္းဆရာကို မ်က္စိလွည့္လိုက္ခ်င္းျဖစ္သည္ ၊ ယခု ဖိုးေထြးကို ဘယ္သူမွ မပူးပါ သူ႔ကိုယ္သူပူးခ်င္း ျဖစ္သည္ ၊ အထက္လမ္းဆရာ သည္ ေၾကာင္ေငးရင္းမွ သတိရလာကာ

“ဟဲ့ အေႏွာက္ အယွက္ဝင္ျပန္ၿပီလား မင္းက ဘာလို႔ခ်င္လို႔လဲ ”

“မိေက်ာ့”

ဖိုးေထြးသည္ အထက္လမ္းဆရာက ဘာလို ခ်င္လဲဟုေမးေနေသာ အခါ ခ်က္ခ်င္း မိ‌ေက်ာ့ဟု ေျဖလိုက္မိသည္ ၊ ေမာင္ဘိုးထင္တို႔မွ ဖိုးေထြးအား ဘာလိုခ်င္လဲဟု ေမးေသာအခါ မိေက်ာ့ဟု ေျဖေနၾကေၾကာင့္ လႊတ္ခနဲ ထြက္သြားခ်င္းျဖစ္သည္ အထက္လမ္းဆရာသည္ နားမလည္ဟန္ျဖစ္

“ဘာလဲ မိေက်ာ့ဆိုတာ အခုေျပာစမ္ ”

“မိေက်ာ့ဆိုတာ ငါ့မိန္းမ ငါ့မိန္းမကို ဒီ႐ြာမွာ ထား ထားတယ္ အခုငါျပန္လိုခ်င္တယ္ ”

“ဒီေကာင္ေတြ ေႏွာက္ယွက္ေနတာ ပဲ ေရာ့ ဒီမွာ သိမ္ဝင္ အင္းအစြမ္းျမည္းၾကည့္စမ္း”

အထက္လမ္းဆရာသည္ သိမ္ဝင္အင္းကို ဖိုးေထြ၏ ေရွ႕ ခ်လိုက္ရာ ဖိုးေထြးသည္ အေတာ္နာက်င္ သည့္သန္ လူးလိမ့္ကာ ဆက္ကနည္း တခ်က္တုန္သြားကာ။ အထက္လမ္းဆရာအား

“ဆ ဆရာ က်ဳပ္ဘာျဖစ္သြားတာလဲ ”

အထက္လမ္းဆရာ က်ေနေသာ ေခြၽးမ်ားကို လက္ႏွင့္ သုပ္ရင္း

“မင္းကို ကြၽန္းျပန္တုတ္ႀကီး ဝင္ပူးေနတာ ”

အထက္လမ္းဆရာသည္ တကယ္ဝင္ပူးေနေသာ ငနက္အား အမွန္တကယ္ ထုတ္ႏိုင္ေပမဲ့ လူပူးျဖစ္ေသာ ဖိုးေထြးအား သူအပ ထုတ္ႏိုင္ျပန္ၿပီဟု ထင္ေနျပန္သည္ ၊ ထိုအခ်ိန္ သာေအးသည္ ေလးဘက္ကုန္းႀကီးႏွင့္ အထက္လမ္းဆရာ နားေရာက္လာကာ ကိုက္ခဲမည့္ပုံျပဳေနရာ အထက္လမ္းဆရာ အေနာက္သို႔ လူကို လဲခ်လိုက္ရေတာ့သည္ ႐ြာသားမ်ားက သာေအးအားဆြဲခ်ဳက္ထားလိုက္ရျပန္ေတာ့သည္ ၊ သာေအးသည္ တဝုတ္ဝုတ္ ႏွင့္ ေဟာင္ေနေလရာ သာရာ ေခြၽးေဇာ္မ်ား ျပန္ေနေလေတာ့သည္ ၊ သူ သာေအးအား က်ားလို ေအာ္ဟုေျပာရာ သာေအးမွ က်ားကဘယ္လို ေအာ္တာလဲ ဟု ျပန္ေမးသည္ ၊ သာရသည္ သူ႔အား ႐ြဲ႕ၿပီးေမးသည္ ထင္ကာ ဝုတ္ဝုတ္ လို႔‌ေအာ္တယ္ ကြာဟု ေျပာလိုက္မိသည္ ၊ ယခု သာေအး တဝုတ္ဝုတ္ ‌ျဖစ္ေနေပသည္ ၊ ထိုအခ်ိန္ ႐ြာလယ္မွ အပ်ိဳႀကီး မျမင့္ခင္သည္ လက္အုပ္ခ်ီလိုက္ၿပီးး ထိုလက္အုပ္ႏွင့္ နဖူးကို တေျဖာင္းေျဖာင္း ျမည္ေအာင္ ႐ိုက္ေနကာ

“ငါလာတာ ဘယ္သူမွ မွ ဘာမွ မဆက္ဘူးလားဟဲ့ ငါသားေတာ္ရဲ႕ ေခြးေလးေပ်ာက္သြားလို႔ ငါလာေခၚတယ္ေဟ့ ”

ဦးတုတ္ႀကီးသမီး မျမင့္ခင္ႀကီးသည္ သူ၏ တုတ္ခိုင္ေနေသာ ကိုယ္ခႏၵာႀကီးကို လက္မေထာက္ပဲ အသည္းအသန္ထရပ္လိုက္ၿပီး သာေအးအနားသြား၍ သာေအး၏ေခါင္းကို ပြတ္သပ္‌ေပးေနေလသည္ ၊ သာရ သက္ပ်င္းခ်လိုက္မိသည္ စီးေတာ္က်ားကို လာေခၚခိုင္းေသာ မျမင့္ခင္ႀကီးက အလိုက္တသိ‌ေခြးဟု ေျပာင္းေျပာ ၍ ေတာ္ေသးသည္ မဟုတ္ပါလား ၊ ဤသို႔ ႏွင့္ ႐ြာလူႀကီး အိမ္တြင္ အမ်ိဳးမ်ိဳး အဖံုဖံု ဝင္ပူးေနၾကေတာ့သည္ ေနာက္ဆုံး ႐ြာလူႀကီးပင္ ဝင္ပူးေနေလရာ အထက္လမ္းဆရာ ေဇာ္ေခြၽးမ်ား ျပန္ေနၿပီျဖစ္သည္ ၊ အေတြ႕အႀကဳံ မရင့္က်တ္ေသာ အထက္လမ္းဆရာ တကယ္ပညာတက္ေပမဲ့ လူေတြ၏ မာယာမွာ က်ရႈံးေနရၿပီျဖစ္သည္ ၊ ထိုသို႔ တဆူဆူ တညံညံ ႏွင့္ ျဖစ္ေနခ်ိန္ ေမာင္ဘိုးထင္ လက္ကို ေနာက္ျပစ္ၿပီး ဟိတ္ႏွင့္ ဟန္ ႏွင့္ အထက္လမ္းဆရာ အနားသြားရပ္လိုက္ၿပီး

“ငါ ဆရာႀကီး ဦးအုန္းရဲ႕ တပည္လာေနတာကို ေတာင္ ဗရမ္းဗတာ ေနဝံ့ေနၾကလားဟဲ့ ”

ေမာင္ဘိုးထင္သည္ ထိုသို႔ေျပာၿပီး ေျခေစာင့္လိုက္ရာ ဝုန္းခနဲ ေအာ္သံႏွင့္ အတူ ဝင္ပူးေနေသာ သူမ်ားၿငိမ္သြားရာ ႐ြာသားမ်ားတအံတဩျဖစ္ေနၾကသည္၊ ထို႔ေနာက္ ေမာင္ဘိုးထင္သည္ ဝင္ပူးေနသူမ်ားကို ၾကည့္ကာ

“ဒါ ဆရာႀကီး ဦးအုန္း႐ြာ ေႏွာက္ယွက္ဝံ့ေနတယ္ လား တခါေသလို႔ မဝလို႔ ေနာက္တခါေသရဲေနတာလား မေသခ်င္ရင္ အခုထြက္ ေနာက္တခါ ဘယ္ေတာ့ မွ ဝင္ မပူးနဲ႔ ဟဲ့ ထြက္ ”

ေမာင္ဘိုးထင္ မွာ ထြက္ဟုေျပာၿပီး ၾကမ္းျပင္ကို ဖေနာင့္ ႏွင့္ ေပါက္လိုက္ရ ဝင္ပူးေနေသာ လူမ်ားအကုန္ၿငိမ္သြားေနေတာ့သည္ ၊ ထိုအခါ ႐ြာသားမ်ားမွ

“ဘိုးထင္ အေကာင္သာ ေသးတာ အဆိပ္ပ်င္းတယ္ေတာ့ ”

“ဟုတ္ပ ‌အထက္လမ္းဆရာက ဂဂ်ိဳးဂေဂ်ာင္ျဖစ္ေနတာ ဘိုးထင္လာလို႔ေတာ္ေသးတယ္ ”

“အထက္လမ္း ဆရာက တေကာင္ပဲ ထုတ္ႏိုင္တာ တို႔ဘိုးထင္က ဖေနာင့္ တခ်က္ေပါက္တာနဲ႔ အကုန္ထြတ္တာ‌ဟ”

“ဟုတ္ပ ဘိုးထင္ ပညာအစြမ္း အံမခန္းပဲ ေဟ့”

႐ြာသားမ်ား ထိုသို႔ေျပာေနၾကေသာအခါ အထက္လမ္းဆရာမ်က္ႏွာ မထားတက္ေအာင္ျဖစ္ေနကာ သူ၏ လြယ္အိတ္ကို ယူၿပီး ထရပ္လိုက္ရာ ဝင္ပူးတာ ၿငိမ္သြားၿပီျဖစ္ေသာ ႐ြာလူၾကမွ

“ဆရာ က်ဳပ္လိုက္ပို႔ပါမယ္ ႐ြာဦးေက်ာင္းကို ”

“လိုက္မပို႔ေတာ့နဲ႔ က်ဳပ္႐ြာဦးေက်ာင္းကို မသြားေတာ့ဘူး က်ဳပ္ျပန္ၿပီ ႐ြာလူႀကီး ”

အထက္လမ္းဆရာသည္ ေျပာေျပာဆိုဆို အိမ္ေအာက္သို႔ ဆင္းသြားေလေတာ့သည္၊ ထိုအခါမွ ေမာင္ဘိုးထင္တို႔သည္ တေယာက္ကို တေယာက္ၾကည့္ကာ ၿပဳံးေနၾကပါေလေတာ့သည္။

▪️အခန္း-၈

“ဟားးဟားး”

ဦးအုန္းတေယာ က္ ေမာင္ဘိုးထင္တို႔ အထက္လမ္းဆရာကို ပညာေပးလိုက္ပုံကို ေျပာေနၾကေသာအခါ တဟားးဟား ႏွင့္ ပြဲက်ေန၏၊ ထို႔ေနာက္ ဦးအုန္းသည္ ေမာင္ဘိုးထင္တို႔အား ၾကည့္ကာ

“မင္းတို႔ ဒီလိုအႀကံညဏ္ကို ဘယ္‌ေကာင္ထြက္တာလဲ ဟ”

“ဘယ္သူရမွာလဲ အဲ့ေကာင္ဘိုးထင္ေပါ့ ”

“ေနပါဦး ႐ြာလူႀကီးက ဘယ္လို လုပ္ၿပီးပူးသြားတာလဲ ”

ဦးအုန္းက ထိုသို႔ေမးေသာ အခါ ဖိုးေထြးသည္

“အဘက အစကတည္းက ဦးအုန္းကို ရန္ရွာေနတဲ့ အထက္လမ္းဆရာကို သေဘာမက်ဘူးဗ် က်ဳပ္ ဘိုးထင္ နဲ႔ တိုင္ပင္ ထားတာကို ေျပာလိုက္မိတယ္ ”

“ေကာင္းပ ကြာ ေနပါဦး ျမင့္ခင္က ဘယ္လိုပါလာရတာလဲ ”

“အဲ့တာ ကိုႀကီးညိဳေမာင္ေပါ့ သူသိတာေတြ ေလွ်ာက္ေျပာတာေလ အဲ့တာနဲ႔ မႀကီးျမင့္ခင္က က်ဳပ္တို႔နဲ႔ တိုင္ပင္ၿပီး ပူးေတာ့တာပဲ ေတာ္ေသးတယ္ ေပတူးကို မခိုင္းလို႔ ဒီေကာင္ ကြၽဲပူးၿပီး အထက္လမ္းဆရာကို လိုက္ခက္မယ္ ၾကည့္လုပ္ေနလို႔ မနည္းတားရေသးတယ္ ”

ဦးအုန္းသည္ ‌‌ေမာင္ဘိုးထင္တို႔ အဖြဲ႕ကို ၾကည့္လိုက္သည္ တကယ္ကို သူအားကူညီၿပီး၍ ေအာင္ျမင္ေသာေၾကာင့္ ေပ်ာ္႐ႊင္ေနၾကသည္ ၊ ထို‌့ေနာက္ ဦးအုန္းသည္ ေမာင္ဘိုးထင္တို႔အားၾကည့္ကာ

“ကဲ မင္းတို႔ ငါ့ကို ကူညီတဲ့အတြက္ ေတာထဲ မွာ ၾကက္သုံးေကာင္သြားခ်က္စားၾကကြာ ထန္းရည္ေတာ့ အခ်ိဳပဲ ေသာက္ရင္ေသာက္ၾက ငါရွင္းမယ္ ”

ဦးအုန္းမွ ထိုသို႔ေျပာလိုက္ေသာအခါ အားလုံးဝမ္းသာသြားၾကသည္ ဝမ္းသာေနေသာ ေမာင္ဘိုးထင္တို႔အား ဦးအုန္းမွာ စကားဆက္ေျပာလာျပန္သည္

“ေကာင္ေလးေတြ သြားတာလာတာ သတိထား ငါတို႔ နဲ႔ မလွမ္းမကမ္း ႐ြာမွာ ဓားျပတိုက္ခံရၿပီး လူတေယာက္အသတ္ခံရတယ္ တဲ့ ”

ဦးအုန္းစကားၾကားရေသာ အခါ ေမာင္ဘိုးထင္ တခ်က္ေတြးလိုက္မိသည္ ထိုအေတြးသည္က တျခားမဟုတ္ေပ သူ၏ ေပပင္႐ြာကို ဓားျပတိုက္ရင္ ငါနဲ႔ေတြ႕မည္ဟု စိတ္ထဲမွ ႀကံဳးဝါးေနပါေလေတာ့သည္။

▪️ေအာက္လမ္းဘိုးထင္ ႏွင့္ အထက္လမ္းဆရာ သည္က ဤမွ်သာ မၾကာမီ ေအာက္လမ္းဘိုးထင္ ႏွင့္ သူရဲေကာင္း အမည္ရေသာ ဝတၳဳဇတ္လမ္းေလးအား တင္ဆက္ေပးပါမည္ ။

📝ေမာင္တင္ဆန္း

#mgtinsan