သစ်ခြောက်အိမ်

သစ်ခြောက်အိမ်(စ/ဆုံး)

—————————–
ကျွန်ုသည်ငယ်စဉ်ကမိဘညီအစ်ကိုမောင်နှမများနှင့်အတူ သန်လျင်
မြို့တွင် နေထိုင်၏။ ၁၉၇၃ – ခုနှစ်တွင် ကျွန်ုပ် (၉)တန်း စာမေးပွဲ ဖြေဆိုပြီးနောက် နွေရာသီကျောင်းပိတ်ရက်တွင် မိခင်၏ ညီမတော်စပ်သူ ကျွန်ုပ်၏အဒေါ်နှင့် ဦးလေးမိသားစုနေထိုင်သော ရန်ကုန်တိုင်း၊ မရမ်းကုန်း မြို့နယ်၊ ချော်တွင်းကုန်းရှိ က.ပ.စ တပ်ဝန်း အိမ်ထောင်သည်လိုင်း နေအိမ် သို့ မိဘများထံ ခွင့်တောင်းပြီး သွားရောက်လည်ပတ်ခဲ့သည်။ ကျွန်ုပ် အဒေါ်မှာက.စ.လဓာတ်ခဲထုတ်လုပ်မှုဌာနတွင်လည်းကောင်း၊ ဦးလေး ဖြစ် သူမှာ က.ပ.စ တွင် တပ်ကြပ်ကြီးအဆင့်ဖြင့်လည်းကောင်း တာဝန်ထမ်း ဆောင်နေကြသူများ ဖြစ်၏။
ကျွန်ုပ်၏ အဒေါ်နှင့် ဦးလေး နေထိုင်သော နေအိမ်ခန်းမှာ (၆)ခန်းတွဲ အုတ်တိုက်မှ အခန်းတစ်ခန်းတွင်နေကြပြီး အိမ်ရှေ့ မျက်စောင်းထိုး (၄၅) ဒီဂရီခန့် ခပ်လှမ်းလှမ်းတွင် က.ပ.စ စစ်သည်မိသားစုများ၏ တပ်တွင်း မူလ

တန်းကျောင်းရှိသည်။ ကျောင်းရှေ့ ကတ္တရာလမ်းတစ်ဖက်တွင် ကလေး ကစားကွင်းရှိသည်ကို သတိထားမိ၏။ ကစားကွင်းအား သစ်သားတံခါးဖြင့် အဝင်၊ အထွက်ပြုလုပ်သည်ကို တွေ့ရသည်။ ကတ္တရာလမ်းပေါ်မှကြည့်လျှင် ကစားကွင်းသည် ပေ(၁၀၀) ခန့် ကျယ်ပြီး ဒန်းနှင့်စီးလျှောများကိုတွေ့ရ၏။ ယခင်ကျောင်းဖွင့်ရက်များကျွန်ုပ်ရောက်ခဲ့စဉ်ကမူလတန်းကလေးငယ်များ
အားကစားကွင်းအတွင်း ပြေးလွှားဆော့ကစားနေသည်ကိုအမြဲတစေ တွေ့
နေရ၏။
ကျွန်ုပ်အဒေါ်နှင့်ဦးလေးအိမ်ရောက်ပြီး ညနေ (၅)နာရီခန့်တွင် ဦးလေး ဖြစ်သူမှရေချိုးရန်ပြောသည်။ ရေချိုးရသည့်နေရာမှာ အိမ်နောက်ဖေးအများ သုံးရေအုတ်ကန်တွင် ချိုးရ၏။ ရေမှာ အချိန်နှင့်လာပြီး အိမ်ထောင်သည် မိသားစုများ ဝိုင်းဝန်းခပ်၍ ရေကုန်သွားမည်ကိုလည်း စိုးရ၏။ ဦးလေး ဖြစ်သူမှ “မောင်ဝင်း – ရေ အမြန်ချိုးကွ၊ ရေက အတော်နေ ပိတ်တော့မှာ၊ တော်ကြာ – ရေကုန်နေဦးမယ်။ မြန်မြန်လုပ်” ဟု ပြောပြီး နိုဆော်နေသည်။
ကျွန်ုပ်လည်း ရေချိုးရန် မြန်မြန်ဆန်ဆန် ဆောင်ရွက်ရသည်။ ကျွန်ုပ် စီးသောဖိနပ်မှာ ယိုးဒယားမှလာသော စင်ကြယ်ဖိနပ်ဖြစ်၏။ ယခင်လည်း ရေချိုးသွားနေကြဖြစ်သဖြင့် အမှုမဲ့အမှတ်မဲ့ ကျွန်ုပ် ရေအုတ်ကန်သို့ရောက် စဉ် ရေညှိများနင်းမိပြီး ကျွန်ုပ် ချော်လဲတော့၏။ “ဖုန်း – ဂွမ်း – အမလေးဗျ”ဟု ကျွန်ုပ် ခြေလွတ်လက်လွတ်ကျပြီး ရေခွက်နှင့် ဆပ်ပြာခွက်များ ကျကုန် သဖြင့် အဒေါ်မှ တွေ့ပြီးလာထူပေးသည်။

ကျွန်ုပ်နှင့်ရွယ်တူမိန်းကလေး၊ ယောက်ျားလေးများလည်းအနီးဝန်းကျင် တွင် ရှိနေသဖြင့် ခိုးခိုးခစ်ခစ် ရယ်ကြ၏။ ကျွန်ုပ်လည်းရှက်နေ၍ နာမှန်း မသိခဲ့။ ရေချိုး ထမင်းစားပြီး ည (၉)နာရီခန့်တွင် ကျွန်ုပ်၏ ညာလက်ဒူးဆစ် မှာအတော်နာလာ၍ အဒေါ်ဖြစ်သူထံမှ ပရုတ်ဆီတောင်းပြီး မိမိကိုယ်မိမိ လိမ်းပြီး နှိပ်နယ်လိုက်၏။ ကျွန်ုပ် အိပ်ရန် အိမ်ဝင်ပေါက် ခုတင်အသေးပေါ် ထိုင်လိုက်စဉ် အိမ်ရှေ့ပေ (၁၀၀)ခန့် အကွာ ဓာတ်မီးတိုင်အောက် အုတ်ခုံ ပေါ်တွင်ကျွန်ုပ်နှင့် ရွယ်တူယောက်ျားလေး (၄၊၅) ဦးခန့် ဂစ်တာတီး သီချင်း

ဆိုသံ ကြားတွေ့ရသည်။ ကျွန်ုပ်လည်း ဒူးဆစ် အနာသက်သာရန် လမ်း လျှောက်ရန်နှင့်ရွယ်တူလူငယ်ချင်းမိတ်ဆွေဖွဲ့ရန်ခြေထော့နင်းထော့နင်းဖြင့်
ထွက်ခဲ့တော့၏။
ကျွန်ုပ်၎င်းတို့ရှေ့ဖြတ်လျှောက်စဉ်ယင်းအုပ်စုမှာ ဆို၊ တီး အရှိန်တက် နေသဖြင့်ကျွန်ုပ်လည်းကစားကွင်းဘက်သို့ဆက်လျှောက်ခဲ့၏။ ကစားကွင်း ရှေ့ဓာတ်မီးတိုင်များမှာ မီးမလာဘဲ ခပ်လှမ်းလှမ်းရှိ မီးတိုင်များ၏ အလင်း ရောင်သာအနည်းငယ်လာရောက်လင်းနေ၏။ လမ်းပေါ်တွင် မည်သူမျှ မရှိ၊ ကျွန်ုပ် တစ်ဦးတည်းဖြစ်သည်။ ကျွန်ုပ်ကစားကွင်းရှေ့အရောက်တွင် ဒန်းစီး ချင်သည့်စိတ် အလိုလိုဖြစ်လာ၏။ ကျွန်ုပ်လည်း ကစားကွင်း ဝင်၊ ထွက် သစ်သားတံခါးအားကြည့်ရာ ပွင့်နေသဖြင့် ကျွန်ုပ်ဝင်ခဲ့၏။ ကျွန်ုပ်ဝင်ပေါက် နှင့်ပေ(၈၀)ခန့်အကွာတွင်တွေ့ရ၏။ ကျွန်ုပ်လည်းခြေထော့နင်းထော့နင်း ဖြင့် သွားခဲ့၏။ ကစားကွင်းအတွင်း အနည်းငယ်မှောင်နေသည်။ ကျွန်ုပ် လည်း ဒန်းစင်နှင့် လက်တစ်ကမ်းအကွာရောက်၍သေချာကြည့်ရာ ဒန်းစင် (၃) ခု တွေ့ရပြီး ငြိမ်သက်နေ၏။
ကျွန်ုပ်လည်း အနီးဆုံးဒန်းကြိုးအား ဘေးတိုက်အနေအထားဖြင့် ကိုင်ရန် လက်လှမ်းလိုက်စဉ်”ဟီး-ဟီး-ဝှီး- ဘုတ်”ဟုရီသံလိုလိုကြားပြီး ဒန်းကြိုးမှာ အရှိန်ဖြင့်တအားကုန်လွှဲနေပြီးခေါင်းတစ်ခုလုံးပုတ်လောက်ကြီး သွားပြီး ခေါင်းရှိဆံပင်နှင့် တစ်ကိုယ်လုံး အမွေးအမှင်များ ထောင်မတ်သွား ၏။ ကျွန်ုပ် သရဲခြောက်ခံရပြီဟု အသိဝင်လာ၏။ “ဘုတ်”ဟု ကျသွားသည့် နေရာတွင်လည်း ဘာမှမရှိ၊ ကျွန်ုပ်လည်း ချက်ချင်းစိတ်ထိန်း၍ အနောက် သို့ နောက်ပြန်တစ်လှမ်းချင်း ဆုတ်လာ၏။ ဒန်းနှင့်ဝန်းကျင်အား မျက်ခြေ မပြတ်ကြည့်နေရ၏။ ဒန်းမှာလွှဲနေတုန်းပင်ကျွန်ုပ်နောက်ပြန်တစ်လှမ်းချင်း ဆုတ်ခဲ့ရာဝင်၊ ထွက် သစ်သားတံခါးအနီး (၅)လှမ်းခန့်အကွာအရောက်တွင် ကျွန်ုပ် ရုတ်ခြည်းလှည့်၍ လမ်းပေါ်သို့ ထွက်ပြေးခဲ့တော့၏။

ကျွန်ုပ် ဂစ်တာတီးနေသည့်အဖွဲ့နား မရောက်မီ ၎င်းလူရွယ်များ ထို အချိန်တွင်ထလာပြီး“ဘာဖြစ်တာလဲ – ဘာဖြစ်တာလဲ”ဟုဝိုင်းမေးကြတော့ သည်။ ကျွန်ုပ်လည်း ခေတ္တအမောဖြေပြီး အခြေအနေ ပြောပြလိုက်၏။ ၎င်း အုပ်စုထဲမှ ကျွန်ုပ်ထက် အသက်အနည်းငယ်ကြီးသူတစ်ဦးမှ “မင်း – ဧည့် သည်နဲ့ တူတယ်၊ နောက်မှပြောပြမယ်၊ အခု ဒန်းကို သွားကြည့်ကြရ အောင်”
ဟု ပြောပြီး ကျွန်ုပ်တို့ (၅) ဦး ကစားကွင်း ဝင်ပေါက်မှဝင်ခဲ့ပြီး ခပ်လှမ်း လှမ်းမှ ဒန်းကိုကြည့်ရာ ဒန်းမှာ ရှေ့နောက်(၂)ပေခန့်သာလှုပ်ယမ်းနေသည် ကို တွေ့ကြရ၏။ “ရပြီ – ပြန်ကြရအောင်” ဟု ၎င်းတို့ အဖွဲ့ထဲမှ တစ်ယောက် ကပြော၍ ပြန်ထွက်ခဲ့ကြပြီး ဓာတ်မီးတိုင်အောက်အုတ်ခုံတွင် ထိုင်လိုက်ကြ ၏။ ကျွန်ုပ်မှာ နှလုံးခုန်၊ ရင်တုန်ခြေဖျားလက်ဖျားအေးနေဆဲဖြစ်သည်။ ၎င်း တို့ပြောပြ၍လွန်ခဲ့သောတစ်လခန့်က စတုတ္ထတန်းကျောင်းသားကြီးတစ်ဦး ကျောင်းဖွင့်ချိန်တွင် ၎င်းဒန်းအား မတ်တတ်ရပ်၍အပြိုင်စီးကြစဉ် ရင်ဘတ် ဖြင့်ပြုတ်ကျပြီး၎င်းနေရာမှာပင်သေဆုံးခဲ့ကြောင်း၊ ယင်းကျောင်းသားသည် ၎င်းဒန်းအား မည်သူမျှ ကိုင်တာစီးတာ မကြိုက်ကြောင်း သိရတော့၏။ ကျွန်ုပ်လည်းအဒေါ်အိမ်ပြန်လာပြီး ဦးလေးနှင့် အဒေါ်အားပြောပြရာ အဒေါ်မှ ညအချိန် အပြင်ထွက်သဖြင့် အနည်းငယ်ဆူ၏။ ယင်းဖြစ်စဉ်အားလည်း အဒေါ်မှ ကျွန်ုပ်အား ပြန်ပြောပြ၏။
နောက်နေ့တွင် ကျွန်ုပ်လည်း သန်လျင် မိဘနေအိမ်သို့ ပြန်ခဲ့တော့ သည်။ သို့ရာတွင် ကျွန်ုပ် သတိထားမိသည်မှာ ကျွန်ုပ် ချော်လဲ၍ ညာဘက် ဒူးအတော်နာခဲ့ရာ ကစားကွင်းဝင်၊ထွက်ပေါက်မှကျွန်ုပ်ထွက်ပြေးချိန်မှစပြီး ဒူးဆစ်မှာ လုံးဝမနာတော့ကြောင်း အံ့ဩစွာ သတိထားမိလိုက်ပါတော့ သည်။
ဤကဲ့သို့ကြုံဆုံခဲ့ပြီးနောက်ကျွန်ုပ်သည်နွေရာသီကျောင်းပိတ်ရက်များ ၌ အိမ်တွင် နေလေ့နေထမရှိဘဲ ဆွေမျိုးသားချင်းများ၊ သူငယ်ချင်းများထံ ညအိပ်ညနေသွားလည်ခြင်း၊ သူငယ်ချင်းများနှင့်အတူ သင်္ကြန်လည်ပတ်ရန်

ရရာလုပ်ငန်းဝင်လုပ်ခြင်း၊ ဖခင်ကြီးမှာ နိုင်ငံဝန်ထမ်း ဖြစ်နေသဖြင့် ဖခင်ကြီး တာဝန်ကျရာ နေရာဒေသသို့လိုက်ပါလည်ပတ်ခြင်းများဖြင့်သာ အချိန်ကုန် ဆုံးခဲ့ရသည်။ ကျွန်ုပ်၌ သန်လျင်မြို့တွင် ကျောင်းလာတက်သည့် သူငယ်ချင်း လှစိန်ဆိုသူရှိ၏။ ယင်း၏ အဒေါ်ဖြစ်သူထံလာနေပြီး သန်လျင်မြို့အတွင်း နေ့ပိုင်း အလုပ်လုပ်၍ ညပိုင်းလူငယ်ရေးရာ ညကျောင်း (၁၀) တန်း ပညာ သင်ကြားနေသူဖြစ်၏။ ၎င်း၏ မိဘများမှာ မှော်ဘီမြို့တွင်နေသည်ဟု သိရ သည်။
လှစိန်သည် အသားဖြူဖြူ အရပ်အမောင်းကြည့်ကောင်း၏။ မျက်ခုံး ကောင်းပြီးလူရည်သန့်မျက်နှာမျိုးဖြစ်သည်။ စကားအပြောအဆိုယဉ်ကျေး ပြီး လိမ္မာပါးနပ်သဖြင့် လူကြီးများ သဘောကျ၏။ ၎င်းအဒေါ်နှင့် ကျွန်ုပ် မိဘ များသည် အလွန်ရင်းနှီးသောမိတ်ဆွေများဖြစ်ကြသည်။ တစ်အိမ်နှင့် တစ် အိမ် ရပ်ကွက်ခြားအလှမ်းဝေးသော်လည်း မကြာခဏလည်ပတ်ကြလေ့ ရှိ၏။ လှစိန်၏ အဒေါ်ပြောပြ၍ လှစိန်မိဘများမှာ စီးပွားရေး ချို့တဲ့ကြောင်း၊ အလုပ်လုပ်၍ရသောငွေအားစုဆောင်း၍ (၂၊၃) လတစ်ကြိမ် မှော်ဘီရှိ မိဘ များထံသို့ ပြန်ပို့ကြောင်း သိလိုက်ရသည်။
၁၉၇၃ – ခုနှစ် နွေရာသီကျောင်းပိတ်ရက် တစ်ရက်တွင် ကျွန်ုပ် မိခင် နှင့်အတူ လှစိန်၏အဒေါ်အိမ် သွားရောက်ခဲ့စဉ်မနက်ဖြန် လှစိန်မှာ မှော်ဘီ မြို့သို့ တစ်ညအိပ်ပြန်ရန်ရှိကြောင်း သိရ၏။ ကျွန်ုပ်လည်း လှစိန်အား … “ငါမှော်ဘီကို မင်းနဲ့ လိုက်လည်ချင်တယ်ကွာ၊ တစ်ညအိပ်ဆိုတော့ ငါ့ အမေ ခွင့်ပြုမှာပါ။ မင်းလည်း ဝိုင်းပြောပေးကွာ” ဟုပြော၏။
လှစိန်မှ“ငါပြောတော့ ပြောကြည့်ပေးမယ်”ဟုတာဝန်ကျေစွာပြောပြီး
လိုလိုလားလားတက်တက်ကြွကြွမပြောခဲ့ပေ။ကျွန်ုပ်မှာမှော်ဘီလိုက်လည်
ရဖို့သာ အဓိကဖြစ်၏။ ၎င်းနောက် ကျွန်ုပ်နှင့် လှစိန်မှ မိခင်အား ခွင့်တောင်း ခဲ့ရာ ခွင့်ပြုခဲ့တော့သည်။
နောက်နေ့ မနက်တွင် လှစိန်မှ ဦးဆောင်၍ ကျွန်ုပ်တို့ (၂)ဦး သန်လျင် မြို့မှ“သီတာ” သင်္ဘောစီး၍ရန်ကုန်။ ရန်ကုန်မှာ မှော်ဘီမြို့သို့ ထွက်ခဲ့ကြ၏။

မှော်ဘီမြို့၊ ဆတ်သွားတောရွာ မှတ်တိုင်တွင် ဆင်းပြီး ရွာအတွင်းမှ တော လမ်းအတိုင်းမိနစ်(၃၀) ခန့်လမ်းလျှောက်ပြီး၎င်းတို့နေအိမ်သို့ရောက်တော့ သည်။ ကျွန်ုပ်တို့ ရောက်ရှိချိန်သည် နေ့လယ် (၂)နာရီခန့်ရှိပြီ ဖြစ်၏။

ကျွန်ုပ်မှာလှစိန်မိဘများနေအိမ်ရောက်မှ(၁၅)ပေပတ်လည်ခန့်၊ သစ်
ခင်း၊ ထရံကာ၊ ဓနိမိုး အိမ်ငယ်လေး ဖြစ်၏။ ဘုရားကျောင်းဆောင် ခပ်သေး သေးရှိပြီး သပြေပန်းများ တင်လှူပသထား၏။ ကျွန်ုပ်တို့ ရောက်ချိန်တွင် ဘေးအိမ်မှ (၇)နှစ် ခန့် ယောက်ျားလေးတစ်ဦး ရောက်လာပြီး“အစ်ကိုကြီး လှစိန်လာတယ်၊ အစ်ကိုကြီး လှစိန်လာတယ်” ဟု အော်နေတော့၏။

လှစိန်မှ ၎င်းကလေးအား သန်လျင်မြို့ သင်္ဘောဆိပ်မှ ဝယ်လာသော ထန်းသီးမုန့် တစ်လုံးထုတ်ပေးလိုက်၏။ ခဏအကြာ လှစိန်မှ“အမေ-လာ ပြီ” ဟု ပြော၍ အိမ်ပေါ်မှဆင်းပြီး ယင်းအမေဖြစ်သူနှင့်အတူ အိမ်ပေါ်ပြန် တက်လာသည်။ လှစိန်၏ မိခင်မှာ အသက် (၄၀) ကျော်ခန့်ရှိမည် ဖြစ်ပြီး ပိန်ပိန်ပါးပါး၊ အသားညို၍ အိုစာ၏။ မသိလျှင် အသက် (၅၀) ကျော်ပြီဟု ခန့်မှန်းရ၏။ လှစိန်မှ ကျွန်ုပ်နှင့် မိတ်ဆက်ပေးပြီး မိခင်ဖြစ်သူမှ ရေနွေးကြမ်း လာချပေး၏။ ၎င်းအချိန် အသားဖြူဖြူ၊ ရုပ်ချောချော၊ မျက်လုံးမျက်ခုံး ကောင်းကောင်းအသက်(၁၄)နှစ်ခန့် မိန်းကလေးတစ်ဦးအိမ်ပေါ်တက်လာ
၍လှစိန်မှ –
“ဟေ့ကောင် – ဒါ ငါ့ညီမလေး အရင်းလေကွာ၊ စကားမပြောတတ်ဘူး အင်း – အ,နေတယ်။ မွေးကတည်းကပဲ”ဟု ပြောပြသည်။ ကျွန်ုပ်မှ – “ဒါနဲ့ – မင်း အဖေ ကော မရှိဘူးလား”မေးရာ

“ငါ့အဖေက တောထဲ သစ်အငှားခုတ်လိုက်တယ်။ တစ်ခါ ခရီးသွားရင် (၃)ပတ်၊ တစ်ခါတလေ (၁)လ ကျော်ကြာတယ်” ဟု ပြောပြ၍ သိရ၏။ လှစိန်နှင့် ၎င်းညီမမှာ အိမ်နှင့် လူမလိုက်ပါ။ မောင်နှမ (၂)ဦးလုံး အသားဖြူ ဖွေးပြီး ရုပ်ရည်ချော၏။ မြို့တွင် ကိုယ်ပိုင်ကားစီးပြီး သွားပါက သူဌေးသား၊ သူဌေးသမီးဟု ထင်မှတ်ရမည်။ သို့ရာတွင် လက်တွေ့နှင့် ကွာခြားနေ၏။ ပတ်ဝန်းကျင်အိမ်များမှာလည်း ခပ်လှမ်းလှမ်းတွင်ရှိပြီး အိမ်ခပ်သေးသေး လေးများ ဖြစ်ကြသည်။
ကျွန်ုပ်တို့ နှစ်ဦး ညနေချိန် ရေချိုးပြီးနောက် ၎င်း၏ မိခင်မှ ငါးဟင်းဖြင့် ချက်၍ ထမင်းကြွေး၍ စားကြ၏။ ထမင်းစားစဉ် လှစိန်မှ “ငါ့ညီမက မွေး ကတည်းက စကားမပြောတတ်လို ကျောင်းမနေရဘူးကွာ၊ စာမတတ်ကြ တော့ လက်ဟန်ခြေဟန်နဲ့ ပြောရတယ်။ ငါ့အဖေနဲ့အမေ၊ပြီးတော့ ရွာထဲက လူကြီးတချို့ ပြော တော့ သိုက်ကလာတယ်ပြောတယ်။ အင်း – ပြီးတော့ ဘာတဲ့ အသက် (၂ဝ) ပြည့်ရင် သိုက်က ပြန်ခေါ်မယ် ပြောတယ်ကွ”
“အဲဒီသိုက်က ဘယ်လို ပြန်ခေါ်မှာလဲ”

“ငါလည်း မသိဘူးကွာ၊ ကဲ- ထမင်း ဆက်စားကြရအောင်”
ဟု လှစိန်က စကားဖြတ်ခဲ့၏။ ည (၇)နာရီခန့်တွင် ကျွန်ုပ်၏ မိသားစု အကြောင်း ပြောဆိုကြပြီးနောက် လှစိန်၏ မိခင်မှ ကျွန်ုပ်တို့ (၂)ဦး အိပ်ရန် ဘုရားကျောင်းဆောင်အောက်၌ ဖျာနှင့် ခေါင်းအုံးပေး၏။ ခြင်ထောင် အဖြူ အပါး တစ်လုံးပေး၍ ခြင်ထောင် ထောင်လိုက်ကြသည်။
နိုး”
လှစိန်မှ ကျွန်ုပ်အား “မင်း – အပေါ့၊ အလေး ညပိုင်းသွားချင်ရင် ငါ့ကို
“ရတယ် – ငါ ညပိုင်း မသွားတတ်ဘူး၊ မနက်မိုးလင်းမှ သွားတတ်တာ” ဟု ကျွန်ုပ် ပြန်ပြောပြီး အိပ်ကြ၏။ လှစိန်၏ မိခင်နှင့်ညီမမှာ ကျွန်ုပ်တို့နှင့် ခပ်ကွာကွာနေရာတွင် ရေနံဆီမီးခွက်မှုတ်၍ အိပ်တော့သည်။ ကျွန်ုပ်မှာ အိမ်ဝင်ပေါက်ထရံအနီး ကပ်၍အိပ်လိုက်တော့သည်။
ကျွန်ုပ် အိပ်ပြီး မှေးခနဲပျော်သွားစဉ် ကျွန်ုပ်၏ အနားအနီးသို့ ကပ်ပြီး အိမ်မြှောင်အမြီးရိုက်သံလို တဒေါက်ဒေါက်ဖြင့်ခေါက်သံ ကျယ်လောင်စွာ ကြားရ၍ လန့်နိုးသွား၏။ ဘေးဝန်းကျင်မှာ မှောင်မည်းနေ၏။ ကျွန်ုပ်မှ လှစိန်အား အမှောင်တွင်းမှကြည့်ရာ ၎င်းမှာ အိပ်မောကျ၍ ဟောက်သံပင် ထွက်နေသည်။ ၎င်း၏ မိခင်နှင့်ညီမမှာလည်း အိပ်မောကျနေဟန်ရှိပြီး ပါးစပ်မှ လေရှူသံ တရှူးရှူးကြားနေရသည်။ ကျွန်ုပ်လည်း အိမ်မြှောင် ထင် မှတ်၍ခေါင်းရင်းဘက်ရှိပျဉ်ခင်းနှင့် ဝါးကပ်အားလက်ဖြင့်ပုတ်ပြီး“ရှူး – ရှူး” ဟု မောင်းထုတ်လိုက်၏။
ခေတ္တငြိမ်သွားသဖြင့် ကျွန်ုပ် ပြန်အိပ်လိုက်သည်။ ထိုစဉ် “တဒေါက် ဒေါက်”အသံမှာ ကျွန်ုပ်၏ နားအောက်ခင်းပျဉ်ပြားကပ်ပြီး လက်ညှိုးဖြင့် တောက်သလို ကျယ်လောင်စွာ ကြားနေရပြန်၏။ ထို့အပြင် လက်သည်းဖြင့် ပျဉ်ပြားအား ခြစ်သလို “တဗျင်းဗျင်း” ကြားရ၏။ ကျွန်ုပ်မှာ ကြောင်သော် လည်းကောင်း၊ လက်သည်းရှိသော ခွေးသော်လည်းကောင်း သတ္တဝါတစ် ကောင်ကောင်လာပြီး ကျွန်ုပ်အောက် ခေါင်းရင်းပျဉ်ခင်းအား ကုတ်ခြစ်နေ သည်ဟု ထင်၏။

ရံဖန်ရံခါ လေမှုတ်သံလို “တဖူးဖူး” ကြားရသည်။ ကျွန်ုပ်လည်း လှစိန် နှင့် အိမ်သားများ နိုး၍ အိမ်အောက်ဆင်းကြည့်ရန် စဉ်းစားမိ၏။ အသံများ မှာ ကျယ်လွန်း၍ ၎င်းတို့မိသားစု နိုးလောက်ပေသည်။ သို့ရာတွင် လှစိန်တို့ မိသားစုမှာ“တခေါခေါ-တရှူးရှူး” ဖြင့်အိပ်မောကျနေ၍ကျွန်ုပ်မနိုးလိုတော့ ဘဲ ဆက်အိပ်ရန် ကြံ၏။ အိပ်ပျော်မည် ဖြစ်လိုက်၊ အသံက ဆူညံစွာကြား လိုက်နှင့် မိုးစင်စင်လင်းခဲ့၏။
နံနက်မိုးလင်း၍ကျွန်ုပ်မှလှစိန်အား”ငါညကအိပ်လို့မရဘူးကွာ။ အိပ် အိမ်မြှောင်အပြီးရိုက်သံလိုလိုတဒေါက်ဒေါက်ကြားတယ်။
ပျော်မယ်ရှိတုန်း
ပြီးတော့ – ပျဉ်ပြားကို လက်သည်းနဲ့ ကုတ်ခြစ်တဲ့ အသံကော၊ တဖူးဖူး လေ မှုတ်တဲ့ အသံကော၊ ဆူညံနေတာပဲကွာ။ မင်းတို့အိမ်အောက်မှာ ခွေးတွေ ကြောင်တွေမွေးထားလားကွာ” ဟုပြောပြရာလှစိန်မှအိမ်အတွင်းနှင့်ဘေး ဘယ်၊ ညာ ပြူးပြူးပျာပျာကြည့်ပြီး “မင်းငါ့ကို နှိုးရမှာကွ၊ အပြန်ကျမှ ငါ့အိမ် အကြောင်း ပြောပြမယ်”ဟု ခပ်တိုးတိုး ပြန်ပြော၏။
၎င်းအချိန် လှစိန်၏ မိခင်မှာ ညီမမှာ အိမ်အပြင်တွင် မျက်နှာသွားညစ် နေ၏။ ကျွန်ုပ်လည်း ဘာမှပြန်မပြောဘဲ (၂)ဦးသားစောင်၊ ခြင်ထောင်သိမ်း ပြီး အိမ်အောက်သို့ဆင်း၍ မျက်နှာသစ်ခဲ့ကြသည်။ ကျွန်ုပ်မှာ ဆားအနည်း ငယ်တောင်းပြီး ဆားဖြင့် သွားတိုက်နေစဉ်ကျွန်ုပ် အိပ်ခဲ့သည့် အိမ်အောက် ပျဉ်ခင်းနှင့် မြေကြီးဝန်းကျင်အား သေချာစွာငုံ့၍ လိုက်ကြည့်သေး၏။ တိရစ္ဆာန် ခြေရာလည်း မတွေ့၊ လက်သည်းကဲ့သို့ ခြစ်ရာများလည်း မတွေ့ သဖြင့် ဇဝေဇဝါ ဖြစ်ခဲ့ရတော့သည်။ ကျွန်ုပ်မှာ တစ်ညလုံး မအိပ်ရသဖြင့် မူးနောက်နောက် ဖြစ်နေ၍ မျက်နှာအမြန်သစ်လိုက်ရ၏။ ၎င်းနောက် ကျွန်ုပ်တို့ (၂)ဦးလည်း သန်လျင်ပြန်ရန် လှစိန်၏ မိခင်နှင့် ညီမအား နှုတ် ဆက်ပြီး ပြန်ခဲ့တော့သည်။
အပြန် ရန်ကုန်ထင်းပုံဆိပ်ကမ်းမှ သီတာသင်္ဘောဖြင့် သန်လျင်ပြန်စဉ် ကျွန်ုပ်မှ လှစိန်အား …

“မင်း အိမ်အကြောင်း ပြောပြမယ်ဆို၊ ပြောပြလေကွာ” ဟု ပြောသ ဖြင့် ၎င်းမှ ..
“ငါ့အိမ်ကို သူငယ်ချင်းတွေ ညအိပ်မခေါ်ချင်ဘူးကွာ”
“ဟေ- ဘာဖြစ်လို့လဲကွ”
“မင်းငါ့အိမ်ကိုလိုက်မယ်ဆိုကတည်းကငါသိပ်မခေါ်ချင်ဘူး။ မင်းလိုပဲ ဟိုတုန်းက သူငယ်ချင်း (၄၊၅) ဦးတစ်ယောက်ပြီးတစ်ယောက်အိပ်ဖူးတယ်။ မင်း ခံရသလိုပဲ အသံတွေကြားပြီး ဘယ်သူမှ မအိပ်ရဘူး။ မနက်မိုးလင်းမှ ပြန်ပြောလို့ သိရတယ်”
“အဲဒါ ဘာဖြစ်တာလဲကွာ၊ ပြီးတော့ ငါတို့အိမ်သားတွေတစ်ခါမှမကြား ဖူးဘူး။ သူစိမ်းဧည့်သည် ရောက်ပြီဆိုရင် ဖြစ်ပြီကွ။ လာအိပ်တဲ့ ဧည့်သည် နဲ့ သူငယ်ချင်းတွေ မင်းလို ပြန်ပြောပြမှသိရတာ”
“အဲ့ဒါ ဘာဖြစ်တာလဲ”
“ငါတို့အိမ်မှာ သစ်ခြောက်သားပါလာတယ်ပြောတယ်။ငါ့အဖေတော ထဲက သစ်မင်းအသားတွေ ရှာလာပြီး အိမ်ခေါင်းရင်းတိုင်နဲ့ ထုပ်တန်းတွေ၊ ခင်းပျဉ်တွေကြားထဲ သစ်မင်းသားတွေ ရိုက်ထားတာလည်းမရဘူးကွ။ ဧည့် သည်လာရင် ဖြစ်တာပဲ။ ပြီးတော့ -ငါ့ညီမသိုက်က လာတာပြောကြတော့ သူနဲ့များ ပတ်သက်နေလား မသိပါဘူးကွာ။ တော်တော်စဉ်းစားရ ခက် တယ်”
“ဟာ-ငါတောင်မင်းပြောမှသိပြီးကြောက်လာတော့တယ်။လူကြီးတွေ ပြောသလို သိရင် ကြောက်တယ်။ မသိရင် မကြောက်ဘူးဆိုတာမှန်နေတာ ပေါ့ကွ”
“အော်- ဒါနဲ့ မင်း ငါ့အိမ်အကြောင်း ဘယ်သူမှ မပြောပါနဲ့ကွာ။ တတ် နိုင်ရင် မင်းအဖေနဲ့ အမေတောင် မပြောပါနဲ့”
-အေး-အေး”
ဟု ကျွန်ုပ်လည်း လွယ်လွယ်ကူကူ ကတိပေးလိုက်၏။ သို့ရာတွင် ကျွန်ုပ်မှာ အိမ်ပြန်ရောက်သည်နှင့်မိခင်အား ပြန်ပြောပြလိုက်တော့၏။ ယင်း

သို့ပြောလိုက်မှကျွန်ုပ်ရင်ထဲရှိဆို့နင့်နှင့်အလုံးကြီးမှာကျသွားပြီးပေါ့ပါးသွား
ပါတော့သည်။
ကျွန်ုပ်၏ ဖြစ်စဉ်အား ရေးသားတင်ပြရခြင်းမှာ လွန်ခဲ့သော နှစ်ပေါင်း (၄၀)ကျော်ခန့်က ကျွန်ုပ်ကိုယ်တိုင် ကြုံခဲ့ရသော သစ်ခြောက်အကြောင်း စာဖတ်သူများ သိစေလို၍လည်းကောင်း၊ သူငယ်ချင်းနှင့် ကွဲကွာခဲ့သည်မှာ နှစ်အတော်ကြာ၍ သတိရသောကြောင့်လည်းကောင်း သူငယ်ချင်း၏ ညီမ “သိုက်”ကလာသူဟု ဆိုသူမှာ ယခုအချိန် လူ့လောကတွင် ရှိ၊ မရှိ “သိုက်” က ဘယ်လို ပြန်ခေါ်သွားသလဲစသည်များစိတ်ကူးပုံဖော်ခံစားမိ၍ရေးသား တင်ပြလိုက်ရခြင်း ဖြစ်ပါကြောင်းနှင့် အလျဉ်းသင့်လျှင် ကျွန်ုပ် သွားရောက် ၍မေးမြန်းစုံစမ်းပြီး ပြန်လည်တင်ပြပေးမည် ဖြစ်ပါကြောင်း..