၅၂၈ အစွဲ (စ/ဆုံး)
——————
ဝုန်း….ဒုန်း….ဒုန်း…
“အား…ဝါး……ဟီး…. ဝါး…..”
သားငယ်ရဲ့စူးစူးဝါးဝါးငိုသံကိုရုတ်တရက်
ကြားလိုက်ရသဖြင့် နေလ ရော ကြာဖြူပါ
အသံကြားရာ လှေကားဆီသို့ အမြန်ဆုံးပြေး
သွားကြသည်။
လှေကား ခြေရင်းတွင် လဲကျ၍ငိုနေသော
သားငယ်ကို ကြာဖြူစိုးရိမ်တကြီးအော်လိုက်ပြီး
ပွေ့ချီလိုက်၏။
“သား…..သားလေး..ဒုက္ခပါပဲ ကျိုးပဲ့ကုန်
ရင်ဒုက္ခ…”
ပြီးတော့ မွန်မွန့်ကိုဆူတော့သည်။
“သမီး…မွန်မွန်..မောင်လေးလှေကားပေါ်
မတက်စေနဲ့ တက်ရင်ဆွဲထား ပြောမရရင်မေမေ တို့ကိုတိုင်လို့ပြောထားတယ်လေ…အခုတော့
ပြုတ်ကျပြန်ပြီ…”
“သမီးက အကြီးပဲ မောင်လေးကိုဂရုစိုက်
မွေပါ့…”
မွန်မွန်ကလည်း သူ့မောင်လေး ဝေယံကို
ငိုမဲ့မဲ့ဖြင့်စိတ်မကောင်းစွာကြည့်နေသည်။
“မောင်လေး လှေကားပေါ်တက်သွားတာ
သမီးမသိလိုက်လို့ပါ မေမေ…”
နေလက ကြာဖြူ့ပြောလိုက်သည်။
“ကဲပါ ဖြူရာ သမီးကိုဆူမနေပါနဲ့တော့
သားလည်း ဘာမှမဖြစ်ပါဘူးကွ…”
” မဖြစ်လို့ပေါ့ ဖြစ်ရင်ဖြူ ရင်ကျိုးပြီးသေ
မှာပဲ…မတော်လို့ ကျိုးပဲ့သွားရင်ဘယ်လိုလုပ်မ
လဲ…”
မွန်မွန် လည်းသူ့အမေဆူတာရော သူ့
မောင်လေးအတွက်စိတ်မကောင်းဖြစ်တာပါ
ရောပြီး ငိုနေချေ၏။ နေလလည်းမနေနိုင်တော့
…
“ဘာလို့ ငိုတာလည်း သမီးလေးရဲ့ သမီးကို
မေမေက ဆူတာမဟုတ်ပါဘူး…မောင်လေးကို
ဂရုစိုက်ဖို့ပြောတာပါ နောက်ဆိုမောင်လေးကို
လှေကားပေါ်မတက်စေနဲ့နော်…”
“ဟုတ်…ဟုတ်…ဖေကြီး…”
အချို့ကပြောကြသည် အမေများက
သားများကိုပိုချစ်၍ အဖေများက သမီးများကိုပို
၍ ချစ်တက်ကြသည်ဟုဆိုသည်။
ထိုစကားက သူတို့အတွက်တော့ ရာခိုင်
နှုန်း အတော်များများမှန်သည်။ကြာဖြူက သား
ငယ်ဝေယံကို အကဲပိုသလို နေလကလည်း သ
မီးကြီး မွန်မွန့်ကို ပို၍ အလိုလိုက်သယောင်ရှိ
သည်။
သားငယ် ဝေယံထိုလှေကားမှ ပြုတ်ကျ
သည်မှာ ၃ ကြိမ်ပင်ရှိနေပြီဖြစ်သည်။ ဒုတိယအ
ကြိမ်ပြုတ်ကျတုန်းက ခေါင်းပေါက်သွားခဲ့၏။
မိဘတွေက အလုပ်များလှသဖြင့် ဝေယံ
လေးကို အမဖြစ်သူ မြတ်ရည်မွန်(မွန်မွန် ဟုသာ
ခေါ်သည်)ကသာ အများအားဖြင့်ထိန်းရ၏။
အိမ်စေ အဒေါ်ကြီးတစ်ယောက်ရှိသော်လည်း
အိမ်အလုပ် များလှသဖြင့် ဝေယံလေးကို အမြဲ
ထိန်းမပေးနိုင်ပါ။
မွန်မွန်က အသက် ၉နှစ်ဖြစ်ပြီး ဝေယံက
တော့ ၄ နှစ်သာရှိပါသေးသည်။
ယခု တတိယအကြိမ် ဝေယံပြုတ်ကျတော့
ကြာဖြူက နေလကိုပြော၏။
“မောင်…လှေကားခြေရင်းကိုတခုခုကာ
လိုက်ပါလား သားတက်လို့မရအောင်လေ…”
“အင်း….မောင်လည်းစဉ်းစားမိပါတယ်
စိတ်ချ မနက်ဖြန်ကာလိုက်မယ်နော်…”
🕛🕧🕐🕜🕑🕝🕒🕞🕓🕟🕔🕠🕕🕡
နောက်တနေ့မိုးလင်းတော့ ထုံးစံအတိုင်း
နေလက အိမ်ရှေ့၌ပင်ဖွင့်ထားသောသူ၏ ဆိုင် ကယ်ပြင်ဆိုင်လေးကို စတင်ဖွင့်နေပြီဖြစ်သည်။
သွပ်တံခါးချက်များကို တစ်ချပ်ခြင်းဖြုတ်ရင်း…
အလုပ်သွားရန်ပြင်နေသော ကြာဖြူ့ကို ပြုံးပြ
လိုက်သည်။
“ဖြူ…သွားတော့မှာလား…နေပါဦးကွ”
ဆိုင်ကယ်စီး ဟဲလ်မက်ဦးထုတ်ဆောင်းပြီး ဆိုင်ကယ်ပေါ်တက်ရန်ပြင်နေသော ကြာဖြူက..
“ဘာလဲ မောင်ရဲ့ ဘာမှာမလို့လဲ အလုပ်
နောက်ကျနေပြီ…”
နေလက ပြုံးစိစိမျက်နှာဖြင့် ..
“အရင်တုန်းကဆို အလုပ်သွားခါနီး ဖြူ့ကို
အာဘွားပေးနေကျလေ အခုရော..ပေးရမလား”
“ဟား….ဟား…မောင်ကလည်း ကလေး ၂
ယောက်တောင်ရနေပြီလေ သူငယ်ပြန်နေ ပြန်
ပြီ…တကယ်ပဲ နောက်ကျနေပြီ အာဘွားပေးချင်
ပြန်မှပေးတော့…ခိ ခိ… သွားတော့မယ်..”
“ဖေဖေရေ ….မောင်လေးလှေကားပေါ်
တက်နေတယ်…သမီးပြောတာလည်းမရဘူး…”
“ဟင်…”
“ဟာ…”
“ဒီကလေးတွေကလည်းကွာ”
အိမ်ထဲမှအော်တိုင်နေသော မွန်မွန့် အသံ ကြောင့်နေလ အိမ်ထဲဝင်ပြေးသွားတော့ကြာဖြူ လည်းဆိုင်ကယ်စီးဦးထုတ်ကို အမြန်ချွတ်လိုက် ပြီးအိမ်ထဲပြေးလိုက်သွားပြန်၏။
အိမ်ထဲရောက်တော့ မျောက်ရှုံးအောင်
ဆော့သောဝေယံက လှေကားဆယ်ထစ်ခန့်
သို့ ရောက်နေပြီဖြစ်သည်။နေလလည်းလှေကား
ပေါ် တက်သွားပြီး သားငယ်ဝေယံကိုပွေ့ချီကာ
ပြန်ဆင်းလာခဲ့သည်။ကြာဖြူလည်း အပြေး
တစ်ပိုင်းရောက်လာသည်။
“မောင်…လှေကားခြေရင်းကို သားတက်လို့
မရအောင် တစ်ခုခု ကာရိုက်လိုက်နော်…ဒီနေ့ပဲ
ရိုက်လိုက်တော့နော်….”
ကြာဖြူလက်ပတ်နာရီကိုကြည့်လိုက်ရင်း..
“ဟာ..အရမ်းနောက်ကျနေပြီ သွားပြီမောင်
ရေ…. လှေကားကို တခုခုကာဖို့မြန်မြန်လုပ်
သွားပြီ….”
ကြာဖြူ အလုပ်နောက်ကျသဖြင့် အပြေး
တစ်ပိုင်း ထွက်သွားတော့ ဆိုင်ကယ်စီး ဦးထုတ်
ကို ကြုံရာစားပွဲတွင် တင်ထားခဲ့သည်။မေ့ကျန်
ခဲ့ခြင်းဖြစ်သည်။
” ဖြူ….ဦးထုတ်ကျန်ခဲ့တယ်….ဟာ…မ
ကြားတော့ဘူး…..”
ဝူး……ဝေါ……
နေလ ဦးထုတ်ကိုတွေ့တော့ ယူပြီးပြေး
၍ လိုက်ပေးသော်လည်း မမှီတော့ ကြာဖြူက
ဆိုင်ကယ်ကို ခပ်မြန်မြန်ပင် မောင်းထွက်သွား
ပြီဖြစ်သည်။
🕛🕧🕐🕜🕑🕝🕒🕞🕓🕟🕔🕠🕕🕡
ဖြစ်ချင်တော့ ထိုနေတစ်နေ့လုံး နေလအ
လုပ် အရမ်းရှုပ်နေသည်။ လာပြင်သည့် ဆိုင်
ကယ်ကလည်းများသဖြင့် လှေကားကာရိုက်
ရမည့်ကိစ္စကို မေ့နေမိသည်။ညနေ ၆ နာရီကျော်
မှ သတိရသည်။ဒီနေ့တော့ ရှိပါစေတော့ နောက်
နေ့မှ လှေကားကိစ္စလုပ်တော့မည်ဟုတွေးမိ
သည်။တစ်ရက်လောက်နဲ့တော့မထူးပါဟုတွေး
မိသည်။ မွန်မွန့်ကိုလည်း သေချာကြည့်ခိုင်းထား
သည်မို့ ဘာမှမဖြစ်နိုင်ပါဟုတွေးမိသည်။
” ဖေကြီး….”
နောက်ဖက်မှ ခေါ်သံကြားသဖြင့်လှည့်ကြည့်
လိုက်တော့ မွန်မွန့်ကို တွေ့ရသည်။
“ဘာလည်း သမီးရဲ့…..”
“ဟို…မေမေ ဘယ်ရောက်သွားတာလဲ…
ပျောက်သွားလို့….”
“မေမေက အလုပ်သွားတယ်လေသမီးရဲ့
ပြန်မရောက်သေးဘူးလေ…”
“မဟုတ်ဘူး…ဖေကြီး…ခုနတုန်းကလေ…
မေမေ့ကို တွေ့လိုက်တယ်…”
“ပြန်မရောက်သေးပါဘူးဆိုကွာ သမီးက
လည်း….”
“ဖေကြီး ခုန သမီး…မုန့်သွားဝယ်ပြီးပြန်
လာတော့ မောင်လေးက လှေကားပေါ်တက်
ဆော့နေတာ လှေကားထိပ်ဆုံးတောင်ရောက်
နေပြီ….အဲ့ဒါပြုတ်ကျမလိုဖြစ်တော့… ”
“ဟင်…အခုလား သမီး….”
“မဟုတ်ဘူး ဖေကြီး မောင်လေးပြုတ်ကျ
မလိုဖြစ်တော့ မေမေကဘယ်အချိန်က အိမ်ပေါ်
ထပ်ကြိုရောက်နေလည်းမသိဘူး…မောင်လေး
ကိုလှမ်းဆွဲထားလိုက်တယ်…”
“ပြီးတော့ မောင်လေးကို ချီပြီးအောက်ထပ် ဆင်းလာတယ်..အောက်ထပ်လည်းရောက်ရော သမီးဟိုဘက်ခဏလေး လှည့်လိုက်တာ မေမေ မရှိတော့ဘူးကြမ်းပြင်ပေါ်မှာမောင်လေး တစ် ယောက်တည်းရှိနေတယ်…”
“အော်..မေမေ မရောက်သေးပါဘူးဆို
ငါ့သမီးကလည်း ဘာတွေပြောနေမှန်းမသိဘူး
သွားသွား မောင်လေးနဲ့သွားကစားနော်…”
နေလ မွန်မွန့် စကားကိုအလေးထားပုံမရ
ပါ။ဆိုင်ကယ်ကိုသာပြင်ရန် အာရုံရောက်နေမိ
သည်။
သို့သော်လည်း ခဏနေတော့ တွေးမိသည်။
မွန်မွန် ဘာတွေပြောသွားတာပါလိမ့်…. ကြာဖြူ
အလုပ်မှ ပြန်မရောက်သေးတာတော့ အမှန်ပင်
ဖြစ်သည်။ ထူးခြားသည်က မွန်မွန် ညာမပြော
တက်ပါ ယခုမှ ဘာစိတ်ကူးနှင့် ဘာတွေပြောနေ
မှန်းမသိတော့ပါ။
” ကိုနေလ ကိုနေလ ”
အပြေးတစ်ပိုင်းရောက်လာသော အိမ်နီး
ချင်း ကျော်စိုး၏ အထိတ်တလန့်အမူရာကြောင့်
နေလ ရင်ထိတ်သွားမိသည်။
” ဟာ…လန့်လိုက်တာကျော်စိုးရာ ဘာတွေ
ဖြစ်လာတာလဲ…”
“ခင်ဗျားမိန်းမ ကြာဖြူ လမ်းထိပ်မှာ သူ့
ဆိုင်ကယ်နဲ့ ကားတစ်စီးတိုက်မိတာ ဆုံးသွားပြီ
ဗျ ပွဲချင်းပြီးပဲ…”
“ဘာ.!!!….”
နေလ ပြင်လက်စ ဆိုင်ကယ်ကို ပစ်ထား
ခဲ့ကာ လမ်းထိပ်သို့အပြေးအလွှားထွက်သွား
တော့သည်။
နေလရောက်လာတော့ မြင်ကွင်းက မ
ကောင်းလှပါ ကြာဖြူက ကတ္တရာလမ်းပေါ်တွင်
ဆိုင်ကယ်တခြား လူတခြားနှင့် ဦးခေါင်းကိုထိ
ခိုက်မိသည့် ဒဏ်ရာနှင့် သေဆုံးနေပြီဖြစ်ပါ
သည်။ဆိုင်ကယ်စီး ဦးထုတ်ကို ဒီနေ့တစ်ရက်
တည်း သာမေ့ကျန်ခဲ့ဖူးသော သူ့ဇနီးအတွက်
နေလ ယူကြုံးမရ ဖြစ်နေတော့၏။
“ဖြူ.!!!!…..ဖြစ်မှ ဖြစ်ရလေကွာ….”
” ဝေယံလေးကို စိတ်ချသွားပြီလားကွ
ဖြူ….ကိုယ်ဘယ်လိုဖြေရမလဲကွာ…..”
သွေးသံ ရဲရဲနှင့် ကြာဖြူ့အလောင်းကို
ပွေ့ဖက်ထားပြီး ငိုကြွေးနေတော့သည်။
ထိုစဉ် မွန်မွန် လည်းရောက်လာ၏။ သူ့
အဖေနောက်မှ ပြေးလိုက်လာပုံရသည်။ကျော်
စိုးကလည်း ဝေယံလေးကိုချီကာ ရောက်လာ
သည်။
မွန်မွန် သေဆုံးနေသောသူ့အမေကိုတွေ့ တော့ ငိုယို၍ပြောနေ၏။
“ဟီး….အဟီး…..မေမေ…..ခုန ကတောင်
မောင်လေး လှေကားပေါ်က ပြုတ်ကျခါနီးမေ
မေ လာကယ်သွားတာလေ ဘာလို့အခုဒီမှာလာ
သေနေရတာလဲ….ဟီး…အဟင့်…ဟီး………”
“ဒါဆို အိမ်ကိုရောက်လာတာ ဘယ်သူလဲ…
မေမေက ဘာလို့ နှစ်ယောက်ဖြစ်နေရတာလဲ..
ဟီး……..မေမေ………”
ဇာမဏီ
#Credit #ဂမ္ဘီရဝတ္ထုများစုစည်းမူ