လောဘကြီးသူ၏ရလဒ်

လောဘကြီးသူ၏ရလဒ်(စ/ဆုံး)

———————————

ကိုးပင်လိမ်ဆိုတဲ့ရွာလေး၌
တောထဲဝင်ကာထင်းခုတ်ရောင်းတဲ့
ကိုဖေမောင်ဆိုသည့်လူတစ်ဦး
ရှိလေသည်။

ကိုဖေမောင်ကရိုးသားသလောက်
ဆင်းရဲရှာသည်။
ထင်းခုတ်၍ရောင်းလို့ရသည့်ငွေလေး
ဖြင့်ဝမ်းစာကိုဖြေရှင်းနေရ
လေသည်။

ဆင်းရဲပေမယ့်အကျင့်စာရိတ္တ
ကောင်းမွန်ခဲ့သည်။
ထို့ကြောင့်ကိုးပင်လိမ်ရွာထဲမှလူများက
ကိုဖေမောင်ကိုခင်မင်ကြလေသည်။

ကိုဖေမောင်ကတောထဲဝင်ပြီး
ထင်းခုတ်သွားလျှင်ထမင်းထုပ်
တစ်ထုပ်အားအမြဲယူဆောင်
သွားတတ်သည်။
ထင်းခုတ်ရင်းဆာလောင်လာသည့်အခါ
အရံသင့်စားနိုင်အောင်ဖြစ်သည်။

ဒီကနေ့လည်း ကိုဖေမောင်
တစ်ယောက်ထင်းခုတ်ရန်တောထဲ
ကိုဝင်လာခဲ့သည်။
ခါးကြား၌ဓားမတစ်ချောင်းကိုလည်း
ထိုးထားလေသည်။
လက်တစ်ဖက်တွင်တော့ထမင်းထုပ်အား
ကိုင်ဆွဲထားလေသည်။

တဖြည်းဖြည်းနှင့်ကိုဖေမောင်
တစ်ယောက်တောထဲရောက်လာ
ခဲ့သည်။

ထင်းအတွက်ခုတ်ရမည့်
သစ်ပင်များကိုလိုက်လံရှာဖွေရင်း
တောနက်ထဲကိုရောက်လာခဲ့သည်။

လိုချင်သည့်သစ်ပင်အမျိုးအစားကို
မြင်တွေ့တော့မှလိုချင်သလောက်
ခုတ်လေသည်။
တဖြည်းဖြည်းနှင့်ထင်းများအတန်အသင့်
ရလာခဲ့သည်။
ထိုအခါမှသစ်ပင်ခုတ်ခြင်းကို
ခဏနားကာထမင်းစားရန်ပြင်လိုက်
သည်။

ပါလာသည့်ထမင်းထုပ်အား
ဖြည်လိုက်သည်။
ချက်ချင်းမစားသေးပဲသစ်ပင်ခြေရင်း
သို့သွားကာထမင်းနှင့်ဟင်းအနည်းငယ်အားပုံပြီးတောထဲမှမမြင်ရသည့်
ပုဂ္ဂိုလ်များအားကျွေးလိုက်သည်။

ပြီးမှပါလာသည့်ထမင်းအား
ထိုင်စားလိုက်သည်။
ထမင်းစားပြီးတအောင့်နားလိုက်သည်။
ထို့နောက်လိုအပ်သလောက်
ထင်းများကိုထပ်မံခုတ်လေသည်။

ရလာသည့်ထင်းများကို
သေချာခုတ်ထစ်ပြီးစည်းလိုက်သည်။
ပြီးနောက်ပုခုံးပေါ်ထမ်းကာ
ရွာသို့ပြန်လာခဲ့တော့သည်။

==============

“လူကလေးထ ထစမ်း”

“ဗျာ…အဘကဘယ်သူလဲ”

“အဘကတောထဲမှာစောင့်ရတဲ့
အစောင့်ပဲလူကလေးရဲ့။
လူကလေးကိုပြောစရာရှိလို့
အဘဒီရောက်လာရတာပဲ”

“ဟုတ်ဘာများပြောချင်လို့လဲအဘ”

“မနက်ဖြန်မနက်လူကလေး
တောထဲဝင်ရင် ယုန်တစ်ကောင်ကို
တွေ့ရလိမ့်မယ်။
အဲ့ဒီယုန်ကိုမြင်တာနဲ့လူကလေးက
ယုန်နောက်ကိုထပ်ကြပ်မကွာ
လိုက်သွားပါ။

ဟိုကိုရောက်ရင်ထူးခြားတာ
တွေ့ရလိမ့်မယ်လူကလေး။
တစ်ခုသတိထားရမှာက လူကလေး
လောဘမကြီးဖို့ပဲလိုတယ်
လက်တစ်ဆုပ်စာနဲ့သာကျေနပ်ပါ
လူကလေး အဘသွားပြီ……”

“အဘ အဘ အဘ”

“ဟင်…ငါအိပ်မက်မက်နေပါလား
ထူးတော့ထူးဆန်းနေသလိုပဲ
ငါဒီလူကြီးကိုတစ်ခါမှလည်း
မမြင်ဖူးဘူး၊အကြောင်းရင်းမရှိပဲနဲ့တော့
ငါ့ကိုအိပ်မက်ပေးမှာမဟုတ်ဘူး။
ပြီးတော့အဘပြောတာငါ့ကိုလောဘ
မျကီးနဲ့ဆိုပါလား
ဘာပဲဖြစ်ဖြစ်မနက်ဖြန်ရောက်ရင်
သိရမှာပဲလေ
ပြန်အိပ်တာကောင်းမယ်,

ကိုဖေမောင်လည်းအိပ်ရာထဲ
ပြန်လှဲအိပ်လိုက်တော့သည်။

နောက်တစ်နေ့မိုးလင်းသည်နှင့်
ကိုဖေမောင်လည်းထင်းခုတ်ရန်
အတွက်တောထဲသို့လာခဲ့သည်။

တောထဲဝင်ဝင်ခြင်းအိပ်မက်ထဲက
အတိုင်းယုန်တစ်ကောင်ကိုတွေ့လေ
သည်။
ယုန်ကလေးကကိုဖေမောင်ကိုမြင်သည်
နှင့်တောထဲဝင်ပြေးလေသည်။

ကိုဖေမောင်လည်းနောက်မှ
အမြန်ပြေးလိုက်သည်။
တဖြည်းဖြည်းနှင့်ဂူကြီးတစ်လုံးရှေ့
ရောက်မှယုန်လေးလည်း
ပျောက်ချင်းမလှပျောက်သွားသည်။

ကိုဖေမောင်လည်းသူတစ်ခါမှ
မရောက်ဖူးသည့်ဂူကြီးထဲသို့
တိုးဝင်လာခဲ့သည်။

ဂူကြီးတစ်ခုလုံးလင်းထိန်နေသည်။
ကိုဖေမောင်လည်းဂူထဲသို့
ရောက်လာကာဟိုကြည့်သည်ကြည့်
ကြည့်လိုက်မိသည်။

“ဟာ…ရွှေသေတ္တာကြီးပါလား”

“ရွှေတွေနည်းတာမှမဟုတ်ပဲ
ငါ ငါတော့ချမ်းသာပြီဟေ့”

“ဟား ဟား ဟား ဟား”

ကိုဖေမောင်တစ်ယောက်
ရွှေများကိုကြည့်ကာဝမ်းသာ
နေတော့သည်။

“လောဘမကြီးဖို့တော့လိုမယ်
လူကလေး လက်တစ်ဆုပ်စာ
နဲ့တင်ကျေနပ်ပါ……”

“ဟင်…”

အိပ်မက်ထဲ၌ပြောသွားသည့်
စကားများအားပြန်လည်ကြား
ယောင်မိလိုက်သည်။

“အဘကငါ့ကိုလောဘမျကီးဖို့
အိပ်မက်ထဲမှာအသေအချာမှာ
သွားတာပဲ။
ငါဘယ်လိုလုပ်သင့်လဲ”

“အို…ဒီလိုအခွင့်အရေးမျိုး
နှစ်ခါမရဘူး။
ဖြစ်ချင်တာဖြစ်
ငါကတော့နိုင်သလောက်သယ်ရမယ်”

ကိုဖေမောင်လည်းဝတ်ထားသည့်
ပုဆိုအားချွတ်လိုက်သည်။
အောက်၌ခံဝတ်ထားသည့်
ဒူးလောက်ဘောင်းဘီအတိုလေးက
နွမ်းပါစွာမြင်ရလေသည်။

ကိုဖေမောင်လည်းပုဆိုးဖြန့်ကာ
ရွှေသေတ္တာထဲမှ
ရွှေများကိုပုဆိုးပေါ်သို့ပုံလိုက်သည်။

ရွှေသေတ္တာထဲမှရွှေများ
အားလုံးကုန်သွားသည်အထိ
ထည့်လိုက်သည်။
ပုဆိုးနဲ့ပင်မဆံ့အောင်ရွှေများက
များပြားလွန်းလှသည်။
ပုဆိုးအနားစလေးခုအားချည်ကာ
မနိုင်မနင်းသယ်လိုက်သည်။

“ဟင်…နေဦး ငါ့ပုဆိုးထုပ်ကြီးကို
ရွာထဲကလူတွေမြင်ရင်ရွှေတွေမှန်း
သိသွားမှာပဲ။
မဖြစ်ဘူးမဖြစ်ဘူး ရွှေတွေအပေါ်ကနေ
သစ်ရွက်တွေအုပ်သွားမှပဲ……”

ကိုဖေမောင်လည်းပုဆိုးစအား
ုဖြည်ကာသစ်ရွက်ခြောက်များအား
ရွေများအပေါ်ဖုံးလိုက်သည်။
ပြီးမှပုဆိုးစအားပြန်ချည်ကာ
ရွာသို့ပြန်လာခဲ့တော့သည်။

ကိုဖေမောင်ရွာထဲဝင်လာသည်နှင့်
လူများကမေးကြမြန်းကြသည်။
ထိုအခါကိုဖေမောင်ကမြေဆွေး
များအားသစ်ပင်စိုက်ရန်သယ်လာ
ခြင်းဖြစ်ကြောင်းလိမ်ပြောလေသည်။

အိမ်ကိုရောက်သည်နှင့်
ပုဆိုးထုပ်ကြီးအားအခန်းထဲ၌
လုံခြုံစွာထားလိုက်သည်။

တနေကုန်မစားနိုင်မသောက်နိုင်
ပုဆိုးထုပ်ကြီးကိုကြည့်ပြီးပျော်မြူး
နေလေသည်။

ညရောက်သည့်အချိန်လူခြေ
တိတ်တော့မှပုဆိုးထုပ်ကြီးအား
ဖြည်ကြည့်လိုက်သည်။

“သွားစမ်းဒီအရွက်ခြောက်တွေ”

“ဟင်.ငါ့ရွှေတွေဘယ်ရောက်သွားတာလဲ”

“ငါ့ရွှေတွေမရှိတော့ဘူး”

“ဘာလို့ရွှေတွေကမြေကြီးခဲတွေ
ဖြစ်နေတာလဲ”

“ဟာသွားပါပြီ ငါ့ရွှေတွေတော့
သွားပါပြီကွာ”

ကိုဖေမောင်တစ်ယောက်
သူသယ်လာသည့်ရွှေထုပ်ကြီးက
မြေသားအတိဖြစ်နေသည်ကိုမြင်ကာ
အရူးမီးဝိုင်းသလိုဖြစ်နေတော့သည်။

ညအိပ်တော့အိပ်မက်တစ်ခု
ထပ်မံ၍မက်ပြန်သည်။

“တယ်လည်းလောဘကြီးတဲ့သူကိုး
မင်းကိုအဘအတန်တန်မှာနေတဲ့
ကြားကမင်းကလောဘတက်တာကိုး
အခုတော့မင်းပိုင်သင့်တဲ့ရွှေလက်တစ်ဆုပ်စာဟာအချည်းအနှီးဖြစ်သွားရပြီ
မဟုတ်လား”

“အဘကျုပ်မှားပါတယ်ဗျာ
အဘစကားကိုနားမထောင်လို့
ကျုပ်ရွှေတွေမရှိတော့ဘူးဗျ”

“အဘလည်းမတတ်နိုင်ဘူး
အခွင့်အရေးဆိုတာတစ်ခါပဲရတယ်
အဲ့ဒီအခွင့်အရေးကို
မတော်တဲ့လောဘကပေါင်းစည်းလာတဲ့
အခါအခုလိုဖြစ်လာရတာပဲ လူကလေး
လူကလေးအတွက်အဘစိတ်မကောင်း
ပါဘူး……”

“အဘ အဘ အဘ”

ကိုဖေမောင်လည်း နောင်တကြီးစွာဖြင့်ဟစ်ကြွေးနေမိ
တော့သည်။

တစ်ခါတလေမှာရသင့်ရထိုက်
တာထက်ပိုပြီးမျှော်လင့်ကြတဲ့အခါ
မတော်တဲ့လောဘဆိုတာ
ဖြစ်လာတတ်ပါတယ်။
ဒါကြောင့်အားလုံးလည်းလောဘကို
အတောသတ်နိုင်ကြပါစေ……”

လူများများဖတ်လို့ရအောင်Shareပေးသွားပါဦးဗျ။

အောင်ဓူဝံ_ရေးသားသည်။