ပုဏ္ဏက အတိုက်(စ/ဆုံး)
———————–
ပရလောကဆိုတဲ့ လောကတစ်ခုရဲ့
ဖြစ်ရပ်ဆန်းကြယ်တဲ့ အဖြစ်ပျက်များကလဲ ခဗျားတို့ ကျုပ်တို့တတွေ
ကြုံရသိရတဲ့ အဖြစ်ပျက်များရှိခဲ့သလို
မတွေ့ဖူး မကြုံဖူးတဲ့ ဂဗ္ဘီရ ” ဂန္ဓာရီ
သိပ်ဆန်လွန်းတဲ့ ဖြစ်ရပ်များကလဲ
ဒုနဲ့ဒေးပါ အခုလဲ အဲ့ဒီအထဲကအဖြစ်ပျက်တစ်ခုကိုပြောပြရရင်တော့
ညောင်ပင်ကြီးရွာက ကျုပ်သူငယ်ချင်း ပွဲစားကိုပွကြီး မနက်စောစော စီးစီးကြီး ကျုပ်ဆီကို
ရောက်လာခဲ့တယ် ထုံစံအတိုင်းပေါ့
ကျုပ်က လယ်ထဲသွားဖို့ ပြင်ဆင်နေတုန်း ဝိုင်း၀ကနေ ကျုပ်နာမည်ကို
အော်ခေါ်နေတာဗျို့
မောင်သိန်းရေ” မောင်သိန်း “ကျုပ်လဲ
စိတ်ထဲကနေ ဒီအသံကို ငါရင်းရင်းနှီးနှီးကြားဖူးပါတယ်
ဒါကြောင့် ကျုပ်လဲ အလျင်အမြန်
အိမ်ပြတင်းပေါက်ကနေ ဝိုင်း၀ကို
လှမ်းကြည့်လိုက်တော့ ကိုပွကြီးဖြစ်နေတယ်ဗျ
ကျုပ်လဲ အံ့အားသင့်သွားပြီး ဒီအချိန်ကြီး ဘာများအရေးကြီးလို့လဲ
လာလေဗျာ ” ကျုပ်က ကိုပွကြီးကို
မေးရင်း အိမ်ပေါ်ကို ဖိတ်ခေါ်လိုက်တယ်
အိမ်ပေါ်ကိုရောက်တော့ အကြမ်းရည်ဗန်းနဲ့ဧည့်ခံလိုက်တယ်
ကျုပ်ချပေးတဲ့ဗန်းထဲက အကြမ်းရေလေးတစ်ခွက်ကို သောက်ရင်း
ကိုပွကြီးက မောင်သိန်း အောင်မြင်သာရွာကို မင်းသိတယ်မို့လား”
ကျုပ်လဲသိတာပေါ့ဗျာ အဲ့ရွာမှာ
ခဗျားရဲ့ဆွေမျိုးတွေ အများစုနေ
ထိုင်တဲ့ ရွာကြီးမဟုတ်လား
ကျုပ်စကားဆုံးတော့ ကိုပွကြီးက
ဟုတ်တယ် မောင်သိန်းရေ
ဟုတ်တယ်ကွ ငါအခုလာရတဲ့အကြောင်းကလဲ အဲ့ဒီရွာမှာထူးဆန်းတဲ့ကိစ္စကြီးဖြစ်လို့ကွ”
ကျုပ်လဲ သိချင်သွားတယ် ဒါဖြင့်လဲ
ဆိုစမ်းပါဦးဗျ
ဒီလိုကွ” မောင်သိန်းရဲ့ အဲ့ဒီ
အောင်မြင်သာရွာမှာ ညနေ
နေ၀င် ကြိုးပျက် မှောင်ရိပ်
ပြုချိန်ကစလို့ တစ်ရွာလုံးမှာ
ရှိတဲ့ အိမ်ခေါင်မိုးပေါ်ကို
ဘယ်ကနေ ဘယ်လိုရောက်လာတဲ့
ကျောက်စလစ်ခဲကြီးတွေက
အိမ်တိုင်းလိုလိုရဲ့ ခေါင်မိုးပေါ်ကို
ဆက်တိုက်ဆိုသလိုကျလာတာကွ”
မင်းလဲသိရဲ့သားနဲ့ မည်သူမဆိုမိမိ
အိမ်ကိုခဲနဲ့ပစ်တာကို ကြိုက်မှာလဲ
ဒါကြောင့် အော်ဆဲသူကဆဲကျ
တုတ် ဓား လှံ မှိန်းအစရှိတဲ့လက်နက်
ကိုယ်စီ ကိုင်၍ ခဲပစ်သောသူကို
ရွာမှာရှိတဲ့ ကာလသားတွေစုရုံးလို့
လိုက်ရှာတာ ခဲပစ်တဲ့တရားခံကို
လုံးလုံးရှာမတွေ့ဘူး ပိုလို့
ထူးဆန်းတာက ရှာမတွေ့လို့
ဒေါသထွက်ပြီး အော်ဆဲတဲ့အိမ်ကို
ပိုလို့ခဲနဲ့ထုပြီး တချို့ခဲလုံးကြီးတွေက ထန်းသီးလုံးလောက်ကိုရှိတယ်
သွပ်မိုးထားတဲ့ အိမ်တွေဆို သွပ်တွေပါပိန်လိန်ကုန်ပြီး ဖက်မိုးထားတဲ့
အိမ်တွေဆို အိမ်အတွင်းကို ကျွံ၀င်သွားလို့ ကလေး လူကြီး အိမ်အောက်ထဲဆင်းနေရတယ်တဲ့ကွ”
ကျုပ်လဲ” ကိုပွကြီးရဲ့စကားကိုကြားကြားချင်း အံ့အားသင့်ပြီး
မျက်လုံးပြူးသွားတာကို ကိုပွကြီးက တွေ့ပြီး မင်းအံ့အားသင့်သွားတယ်မဟုတ်လား မောင်သိန်း”
ကျုပ်လဲ” ဟုတ်တယ်ဗျ။
ကိုပွကြီးက အဲ့ထက်ဆိုးတာတွေရှိ
သေးတယ်” ခဗျာ” ကျုပ်ယောင်လို့
ထွက်သွားတယ်
ဒီထပ်ဘာတွေဆိုးလို့လဲဗျ ”
အေး ဘာတွေဆိုးလို့လဲဆိုရင်
ခဲပစ်တာနဲ့တင်မပြီးသေးဘူး
ည ၁၂နာရီဆိုတာနဲ့ ရွာအရှေ့ပိုင်းကနေ အနောက်ပိုင်းကို
ဧရာမမည်း မည်းအရိပ်ကြီးတစ်ခုက
ဖြတ်သွားပြီဆိုရင် ခွေးတွေက
မဟောင်ရဲတဲ့အပြင် အိမ်အောက်ထဲကပါ မထွက်ရဲကျဘူး အမြှီးကုပ်နေ
ကျတယ်ကွ
မိုးလင်းခါနီးကျပြန်တော့ အဲ့ဒီခဲကြီး
တွေက ထပ်ပြီး မိုးရွာသလို ထပ်ကျပြန်ရော လူတွေလဲ စိတ်တွေညစ်
အလုပ်ပျက်အကိုင်ပျက်ဖြစ်ကျတယ်
ငါ့ဘကြီးဘိုး ကုလားကြီးပြောတာ
ကအဲ့ခဲကြီးတွေစပြီး ရွာကိုအပစ်ခံရတဲ့နေ့တွေကစလို့ ၃ရက်ခြားတစ်ခါ
ရွာမှာရှိတဲ့ ချောပေ လှပေဆိုတဲ့
နွားကြီးတွေမှ ရွေးပျောက်တယ်
ပိုင်ရှင်ဖြစ်သူတွေက လိုက်ရှာဖွေတော့ ပြန်တွေ့ရင် အသေတွေပဲတွေ့ပြီး သေနေတာမှ ဗိုက်ဖောက်စားခံထားရတဲ့ပုံ နွားကြီးတွေရဲ့ ၀မ်းဗိုက်ထဲမှ ဘာမှမရှိပဲ ဟောင်းလောင်းကြီးတဲ့ လက်တွေခြေတွေ ခေါင်းတွေကတော့ ဘာမှမဖြစ်ပေမဲ့ အထဲက အူတွေ အသည်းတွေ ကလီဆာတွေဆို အကုန်ဘာမှကိုမရှိတော့တာတဲ့ဟ
အဲ့ဒါနဲ့ ရွာက လူကြီးတွေလဲ သွေးရိုးသားရိုးမဟုတ်တဲ့ဖြစ်စဉ်
မဟုတ်လို့ ရွာက ဆိုင်ရာပိုင်ရာတွေကို
စားသောက်ဖွယ်ရာ အမျိုးမျိုးဖြင့်
တင်မြောက်ကျတော့လဲ
ဘာမှကို ထူးခြားမှု့ မရှိလာပဲ ဖြစ်မြဲတိုင်း ဖြစ်နေတယ်
အဲ့ဒါနဲ့ ဒို့ရွာက ဘိုးလေးအောင်နိုင်က
ပယောကဆရာတွေပင့်ပြီး ကုကြည့်တယ် တချို့ဆရာတွေက ရွာထဲတောင်မ၀င်ပဲ ငါမနိုင်ဘူး ငါမနိုင်ဘူးဆိုပြီး အော်ပြေးသွားကျတယ်
တချို့ဆရာတွေက ရွာထဲရောက်ပြီး
အမျိုးမျိုးကုကြည့်တယ် မနိုင်ဘူးလို့ပြန်ပြေးတာနဲ့ ရွာထိပ်ရောက်တာနဲ့ ခလုတ်တိုက်ပြီးလဲသွားတယ်
သွားပြန်ထူရင် ပါးစပ်ထဲမှာသွေး
တွေထွက်ပြီး ကျောကုန်းမှာလဲ
လက်ဝါးရာကြီးဖြင့်သေဆုံးနေသည်ကို ရွာသားတွေ မျက်မြင်ကိုယ်တွေ့ပဲတဲ့
ဒါကြောင့် တချို့ရွာသာတွေဆို
ကြောက်ပြီးမနေရဲကျတော့လို့ပြောင်းရွေ့ပြေးဖို့ လုပ်နေကျတယ်
ငါလဲ အဲ့မှာအဲ့လောက်ဆိုးဝါးနေမှန်း
မသိပဲ ပဲအရောင်း၀ယ်ကိစ္စနဲ့
ရောက်သွားတော့မှ အကြောင်းစုံကို
သိရတာမောင်သိန်းရဲ့”
ကိုပွကြီးက သူသိရသလောက်
အောင်မြင်သာရွာရဲ့ အကြောင်းကို
ကျုပ်ကို” စိတ်ရှည်စွာဖြင့် ရှင်းပြပြီး
အကူညီတောင်းနေတာဗျို့။
ကျုပ်လဲ အရေးကြီးနေမှန်းသိတော့ကိုပွကြီးကို ခေါ်ပြီး မွန်ပြည်နယ်ရှိ
ကျောက်ကြီးတောင်သို့ ခရီးထွက်ကျရတော့သည်
သွားရသည်အကြောင်းကတော့ ကျောက်ကြီးတောင်မှာ ကျုပ်ရဲ့
ဆရာကြီး ဦးရန်သိန်းက ကျောက်ကြီးတောင်၌ အဓိဌာန်၀င်နေလို့ပဲဖြစ်တယ်
ကျုပ်တို့ ရွာကနေ တစ်ညအိပ်ခရီးသွားရတယ် ကျောက်ကြီး
တောင်ပေါ်ကို ရောက်ဖို့ တောင်အသေး နှစ်တောင်ကိုဖြတ်ကျော်ရတယ်ဗျ
တောင်ပေါ်ရောက်တော့ ကိုးထောင်ပြည့်စေတီလေးတစ်ဆူအား စစချင်းတွေ့ရသည် ကျုပ်တို့လဲအထုပ်ကလေးတွေကိုချပြီး ဘုရားဦးတိုက်ရှိခိုးနေစဉ် ဤတော ဤတောင် ဤကမ္ဘာ ဤစက်ြာ၀ဠာအတွင်း၌ရှိကျသော ဝေနေယျ သုခိတ ဒုက္ခိတ သတ္တဝါအပေါင်း ဘေးခပ်သိမ်း
ရန်ခပ်သိမ်း အန္တရယ်ခပ်သိမ်းမှ ကင်းရှင်းကျပါစေ အစရှိတဲ့ အေးချမ်းလှတဲ့ မေတ္တာပို့သတဲ့အသံကိုကြားနေရလေတယ်
ကျုပ်တို့လဲ ဘုရားရှိခိုးပြီးပြန်လှည့်ကြည့်တော့ ဆရာတော်ကြီးတစ်ပါးဖြစ်နေလေတယ် ကျုပ်လဲဆရာတော်ကြီးအား ရှိခိုးပြီး
အရှင်ဘုရား ဒါကကျောက်ကြီးတောင် ဟုတ်ပါသလားဘုရား
ဆရာတော်က” ဟုတ်ပါတယ်ဒကာလေး”၀မ်းသာလိုက်တာဘုရား”
တပည့်တော်က” လူတစ်ယောက်ကိုလာရှာတာပါဘုရား
ကျုပ်ရဲ့စကားဆုံးဆုံးချင်းပဲ
ဆရာတော်ကြီးက ဒကာလေးကမောင်သိန်းမဟုတ်လား” မှန်ပါ့
တပည်တော်က မောင်သိန်းပါဘုရားအေး ဒကာလေးတို့ရောက်လာမယ်ဆိုတာ ကြိုသိလို့ မင်းတို့ဆရာကြီးကဆွမ်းထမင်း ဆွမ်းဟင်းတွေပိုချက်နေလေရဲ့ ဒကာလေးတို့ ပိုကံကောင်းတာကဒီနေ့က သူ့အဓိဌာန်၀င်တာအောင်မြင်သွားတဲ့နေ့ပဲကွဲ့” မှန်ပါ့ ၀မ်းသာလိုက်တာဘုရား ” အေးကွဲ့ မင်းတို့ဆရာကြီးက ဟိုးကကျောင်းလေးမှာကွဲ့ ” တင်ပါ့ဘုရား”
ကျုပ်နဲ့ကိုပွကြီးလဲ ဆရားကြီးဦးရန်သိန်းကို သွားတွေ့တယ် ကျုပ်ကိုတွေ့တော့ ဆရာကြီးက ပြုံးနေတယ်ဗျ
ငါ့ရဲ့စိတ်အာရုံထဲမှာ ငါအရမ်းတွေ့ချင်တဲ့သူက ငါ့ကိုလာရှာမယ်တဲ့နောက်တော့ မောင်သိန်း ” မင်းဖြစ်နေမှန်းငါကြိုသိလို့ ငါ့ရဲ့ဆရာဖြစ်တဲ့ဆရာတော်ကြီးကို မင်းလာမဲ့အကြောင်းကြိုလျောက်ထားတာကွဲ့ကဲ မောင်သိန်း လာရင်းကိစ္စကိုဆိုစမ်းပါဦး
ကျုပ်လဲ ကိုပွကြီးက ကျုပ်ကိုပြောပြတဲ့ အောင်မြင်သာရွာရဲ့အကြောင်းကို ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်တယ် ကျုပ်ရဲ့စကားဆုံးတာနဲ့ ဆရာကြီးက “အဲ့ဒါပုဏ္ဏကအတိုက်”
ပဲကွဲ့ ။
ခဗျာ ” ပုဏ္ဏကအတိုက် “ဟုတ်လားဆရာကြီး ။
ဟုတ်တယ်ကွဲ့ ”မောင်သိန်းရဲ့
အဲ့ဒီရွာကို ပညာဖြင့်တိုက်တဲ့
ပညာသယ်က မကောင်းတဲ့ပုဏ္ဏကအင်းတစ်ချပ်ကိုရေးဆွဲပြီးရွာဘတ်ကိုလှည့်ပြီးတိုက်ထားလို့ကွ
အဲ့လိုပညာမျိုးကို ဒို့ဂန္ဓာရီအခေါ်က
ပုဏ္ဏကခဲပစ်လို့လဲခေါ်တယ်
တစ်ချို့ဆိုရင် အိမ်ပြိုတဲ့အထိကို ပစ်ခိုင်းလို့ရတယ်ကွဲ့ ဘီလူးနဲ့လှည့်တိုက်ထားမှတော့ ရွာထဲကကျွဲနွားတွေကိုပါ သတ်ဖြတ်စားသောက်တာပေါ့ကွာ။
ကျုပ်လဲ”ဒါဆို ဆရာကြီး ဒီကိစ္စကိုတားဖို့နည်းလမ်းမရှိဘူးလား”
ကျုပ်စကားကိုကြားပြီး ဆရာကြီးက ပြုံးပြီး သိပ်ရှိတာပေါ့ မောင်သိန်းရဲ့ အနာရှိရင်ဆေးရှိတယ် အမေးရှိရင် အဖြေရှိတယ်
၇နှစ်ရက်သားသမီးတွေ ဘေးဒုက္ခပေးနေတဲ့ ဒီပညာသယ်ရဲ့ ပညာရပ်
တွေကိုဒီကနေပဲ ဖြေရှင်းရတာပေါ့ကွာ”
ခဗျာ” ဒီကနေဟုတ်လားဆရာကြီးကျုပ်ကအံ့ဩပြီး ထပ်မေးနေတာဗျို့
ဆရာကြီးက ဟုတ်တယ်မောင်သိန်း
ဒီကနေပဲ ဖြေရှင်းမယ် ငါ့ရဲ့ဆရာတော်ကြီးက မိန့်ကြားတဲ့အတိုင်းမင်းလုပ်ရမယ်ကွဲ့
ကျုပ်လဲ ဟုတ်ကဲ့ဆရာကြီးလို့ပြောလိုက်တယ်”
ဆရာတော်ကြီးက ကျုပ်တို့ကို အေးဆေးနားခိုင်းပြီး ညနေပိုင်းလောက်ရောက်တော့ ကျုပ်ကိုခေါ်တယ်ဗျ ကျုပ်နဲ့ကိုပွကြီးလဲ ကျောင်းပေါ်ကိုသွားတော့ ဆရာတော်ကြီးနဲ့ဆရာကြီး ဦးရန်သိန်းတို့က အသင့်စောင့်နေတယ် ပြီးတော့
ဆရာတော်ကြီးက အခုလိုမိန့်တယ်ဗျ
ဒကာလေးမောင်သိန်း ဒကာလေးရဲ့စိတ်အာရုံက အောင်မြင်သာရွာကိုဗဟိုပြုလို့ ပုဏ္ဏကအင်းကို စိတ်နဲ့ဆွဲငင်၍ရှာပါ မြင်သမျှ တွေ့သမျှတခြားအာရုံတွေကိုအရေးမစိုက်ပါနဲ့ဘုန်ကြီးရဲ့ သမာဓိစွမ်းအားနဲ့ ဒကာလေးရဲ့ ရုပ်ခန္ဓာနဲ့ နာမ်ခန္ဓာခွဲထွက်နိုင်အောင်ကူညီပေးမယ် နာမ်သက်ခွဲထွက်သွားတာနဲ့ အစစအရာရာမတူညီတဲ့ ခံစားချက်တွေ ရရှိလာလျှင်
ဒကာလေး မကြောက်ပါနဲ့ ကိုလုပ်စရာရှိတာကို ပြီးဆုံးအောင်လုပ်ပါ”
မှန်ပါ့ဘုရား “ကျုပ်လဲ ဆရာတော်ကြီးကို ဦးချကန်တော့လိုက်တယ်ဆရာကြီးက ဆေးလုံးတစ်လုံးတိုက်တယ်ဗျ မကောင်းဆိုးဝါး နာနာဘ၀များ ကျုပ်ကို အန္တရယ်မပေးနိုင်အောင်တဲ့ အင်းချပ်သုံးချပ်ကိုလဲကျုပ်ရင်ဘတ်ပေါ်တင်ပေးတယ်ဗျဆရာတော်ကြီးက ကျုပ်ကိုပက်လက်အနေထားဖြင့် အိပ်စေပြီး ခန္ဓာကိုယ်ရှိ အကြောချင်တွေကို ဖြေလျော့ပြီး စိတ်ကို တစ်စုတစ်စီးထဲထားခိုင်းပြီး အာရုံထဲ၌အောင်မြင်သာရွာကိုပဲ အာရုံပြုစေတယ်
ကျုပ်လဲ အသေချာအာရုံပြု၍ စိတ်ကိုညွတ်လိုက်သည်နှင့် ကျုပ်နားထဲ၌လေတိုးသံတွေ ငှက်အသံတွေပါတစ်ရိပ်ရိပ်နဲ့ကြားရပြီး ကျုပ်ကလေတွေနဲ့အတူ လွင့်မျှောနေသလို ခံစားရတယ် ကျုပ်သတိထားပြီး မျက်လုံးဖွင့်ကြည့်လိုက်တော့
ကျုပ်ကအောင်မြင်သာရွာထိပ်က
ကုက္ကိုလ်ပင်ကြီးအောက်ရောက်နေတယ်ဗျ ထူးဆန်းတာက ကျုပ်က သစ်ရွက်လေးလို ပေါ့ပါးနေတယ် အဲ့ဒါနဲ့ ကျုပ်လဲကုက္ကိုလ်ပင်ကြီးအားလက်နဲ့ကိုင်ကြည့်လိုက်တာ
အမလေးဘုရား ကျုပ်လက်ကြီးကအပင်ကြီးအား ဖောက်၀င်သွားတယ်ဗျ ကျုပ်လဲနည်းနည်းတော့လန့်သွားတယ် ဆရာတော်ကြီးပြောသလိုပဲ
ခံစားချက်တွေကိုအာရုံမစိုက်ပဲ
ပုဏ္ဏကအင်းရှိတဲ့နေရာကို စိတ်ဆွဲငင်လိုက်တော့ ကျုပ်မျက်လုံးထဲမှာ ရွာနောက်ပိုင်းက ကိုးမြို့ရှင် နတ်နန်းကိုသွားတွေ့တယ် ကျုပ်အဲ့ကိုသွားချင်စိတ်ဖြစ်သည်နဲ့ တပြိုင်နက်
ကျုပ်က နတ်နန်းအရှေ့ကိုတန်းရောက်နေတာဗျ တယ်လဲ ထူးခြားလွန်းတဲ့ပညာတွေပါပဲ ”
ကျုပ်နတ်နန်းကိုကြည့်လိုက်တော့ဟော့” တွေပြီဗျ ကျုပ်ပုဏ္ဏကအင်းကိုတွေပြီး လေးလက်မ ပတ်လည်လောက်ရှိတယ် အင်းချပ်က ရေးဆွဲထားတာက ကြေးပြားအပျော့သားပေါ်မှာ ရေးဆွဲထားတာ ဘီလူးမျက်နှာကြီးပေါ်မှာ အင်းဆံအက္ခရာများကို ထည့်သွင်းထားတာဗျ အင်းချပ်ရဲ့ မျက်နှာပြင်ကို ရွာဘတ်သို့ လှည့်ထားပြီး အရှေ့တည့်တည့်၌လဲ ထန်းသီးလုံးလောက်ရှိတဲ့ ကျောက်ခဲကြီးတွေကို ဗန်းထဲထည့်ထားပေးပြီးကျိမ်တောင်းထဲ၌ အမဲသားအတွဲကြီးတစ်တွဲကိုလဲ ငှက်ပျောဖက်ခင်း၍ထည့်ပေးထားတယ်ဗျ
ကျုပ်လဲ ဆရာကြီးပေးထားတဲ့ အာဏာစက်ဖျက်တဲ့ အင်းချပ်အားယူ၍ မကောင်းတဲ့ အင်းစမ အာဏာ စက်ကြိုးတွေဟူသမျှအနန္တပျက်ကျပါစေသတည်းဟုရွတ်ဆိုပြီးအင်းချပ်အားမြေပြင်သို့ ပစ်ချလိုက်သည်နှင့် ဝုန်းးးးးဆိုတဲ့ အသံကြီးမြည်ဟီးပြီး စကောဝိုင်းလောက်ရှိတဲ့မီးညွတ်ကြီး ဖြာတက်သွားတယ်ဗျ အဲ့ဒီတော့မှ ရွာထဲကနေ အားးးးးဆိုတဲ့ အော်သံနက်ကြီးကို ကြားရတယ်ဗျ ထိုအသံကြီးက ကျုပ်ရှိရာကိုပြေးလာတယ်ဗျ အမလေးဘုရားဘီလူးကြီးဗျ အရပ်ကြီးက ထန်းပင်လောက်ကြီးလောက်ရှိမယ် အစွယ်ဖွေးဖွေးကြီးက ငှက်ပျောဖူးကြီးလိုအရှေ့ကိုတစ်တောင်လောက်ငေါ့ထွက်နေတယ် မျက်လုံးနီနီကြီးက သပိတ်လုံးလောက်ရှိတယ် မကောင်းဆိုးဝါးမျိုးစုံတွေ့ဖူးတဲ့ကျုပ်တောင် ကြောက်စိတ်၀င်ပြီး ကျောချမ်းလာတယ်ဗျ စိတ်ထဲ၌ အေးသလိုခံစားနေရတယ် ထိုအခါမှ
ဒကာမောင်သိန်း” မကြောက်ပါနဲ့လို့သတိပေးတဲ့ ဆရာတော်ရဲ့အသံကိုပီပြင်စွာကြားရတယ် ကုဝေရနတ်မင်းကြီးအားတိုင်တည်လို့ ဘီးလူးကြီးအားအပ်လိုက်တဲ့ ဆရာတော်ကမိန့်တယ်ဗျ ကျုပ်လဲ လက်အုပ်ချီ
ဤဘီလူးကြီးအား အပ်နှင်းပါတယ်လို့ တိုင်တည်လိုက်တော့ ရွှေရောင်နတ်၀တ်တန်ဆာတွေဖြင့် ၀တ်ဆင်ထားတဲ့ နတ်မင်းကြီး ကောင်းကင်၌
ပေါ်လာပြီး ဘီလူးကြီးအား ခေါ်ဆောင်၍ပျောက်ကွယ်သွားတယ်
အဲ့တော့မှ ငါ့သားကြီး ပါသွားပြီး မရှိတော့ဘူးဆိုတဲ့အသံကြီးကိုကြားရပြန်တယ် ငါအလာနောက်ကျလို့ ငါသားကြီးပါသွားတာဆိုပြီး ဒေါသကြီးစွာ တောက်ခေါက်နေတဲ့လူကြီးရဲ့အသံကိုကြားရတယ်ဗျကျုပ်ကြည့်လိုက်တော့ အသက်၅၀ကျော်လောက်ရှိမယ်သျှောင်ထုံးကြီးနဲ့ဗျ ကျုပ်ကိုမျက်ထောက်နီကြီးနဲ့စိုက်ကြည့်ပြီး
ငါ့အစီရင်တွေကိုဖျက်စီးတဲ့ ဂျိုကောင်လေး မရဏမင်းဆီသွားတော့ဆိုပြီး ပါးစပ်ထဲက ကွမ်းသီးလုံးလောက်ရှိတဲ့အရောင်မျိုးစုံကဝေစက်တွေနဲ့ပစ်တယ်ဗျ
ကျုပ်လဲ ဆရာကြီးဦးရန်သိန်းပေးထားတဲ့ ဆေးဓာတ်လုံးလေးနဲ့ပြန်ပစ်လိုက်တော့ အချင်းရာနှစ်ခုဆိုင်တော့ အုန်းးးးးဆိုတဲ့အသံကြီးအော်မြည်ပြီး အောက်လမ်းပညာသယ်ဆရားကြီး ဖင်ထိုင်ရပ်လဲသွားတယ်ဗျ အဲ့တော့မှ ငါရှုံးပါတယ်ကွာငါ့အသက်ကိုချမ်းသာပေးပါတဲ့ထိုအခါ ဆရာတော်ကြီးရဲ့အသံကပေါ်ထွက်လာပြီး အမှားကိုအမှန်ပြင်ပြီး ကောင်းသောလမ်းကိုလျောက်လှမ်းပါဒကာကြီး ” သံသရာဆိုတဲ့စက်ရဟတ်ပေါ်မှာဒုက္ခ ခန္ဓာရထားတဲ့လူသားချင်းကို မကောင်းတဲ့ပညာတွေနဲ့ နှိပ်စက်ပြီး အဖန်ခါခါ သံသရာလည်မဲ့၀ဋ်က လွတ်မြောက်အောင်သာနေပါလို့ ဆုံးမပေးတယ်ဗျအောက်လမ်းပညာသယ်ဆရာကြီးလဲ သူ့ပညာတွေအကုန်လုံးကို ဆရာတော်ကြီးအား အပြီးလှုပြီး ဆရာတော်ကြီးသီတင်းသုံးတဲ့ကျောက်ကြီးတောင်ပေါ်မှာ ရဟန်းဘ၀သို့အပြီး၀င်တော့မယ်လို့ကျုပ်ကိုပြောပြီးပြန်သွားတယ် ကျုပ်လဲသာဓုခေါ်ပြီး တောင်ပေါ်ကိုစိတ်ပြန်ညွတ်လိုက်သည်နှင့် လေဟုန်စီးရသလိုမျှောလွင့်ပြီးခန္ဓာထဲပြန်ရောက်သွားတယ် ကျုပ်စိတ်ထဲမှာအလွန်မှ ရှည်လျားတဲ့အိပ်မက်ရှည်ကြီးဝာစ်ခုကို မြင်မက်ရသလိုပါပဲဗျာ နောက်နေ့မနက်စောစောဆရာတော်ကြီးနဲ့ ဆရာကြီးဦးရန်သိန်းတို့အားနုတ်ဆက်ကန်တော့ပြီးကျောက်ကြီးတောင်အောက်သို့ဆင်းလာခဲ့တယ် တောင်ခြေရောက်တော့မယုံနိုင်ဖွယ်လူတစ်ဦးနဲ့တွေ့ဆုံခဲ့ရတယ် ထိုလူသည် အောင်မြင်သာရွာအား ပုဏ္ဏကအတိုက်ဖြင့်ပြုစားသော အမှားကိုပြင် အမှန်မြင်သွားသော ဆရာကြီးပဲဖြစ်နေတော့သည်။
စာဖတ်သူများအား ကျေးဇူးအထူးတင်ရှိပါသည်။
(ကပ္ပိယလေးကြွက်ပုတ်)