အတွေးနှင့်အတွေ့(စ/ဆုံး)
…………………………….
ကျုပ်တို့ရွာက ကာလသားတွေ ဒီရက်ပိုင်းမှာ အလွန် စိတ်ဓာတ်တွေ တက်ကြွနေကြတယ်ဗျ…
အကြောင်းက ဒီလို လွန်ခဲ့တဲ့ ရက်ပိုင်းက ကျုပ်တို့
ရွာကနေ မြို့ကိုကျောင်းတက်သွားတဲ့ ဖြူနှင်းဝေ
ဆိုတဲ့ ကောင်မလေး ပြန်လာလို့လေဗျာ။
ဖြူနှင်းဝေဆိုတာ ကျုပ်တို့ရွာရဲ့ ကွမ်းတောင်ကိုင်ပေါ့..
ဒီမိန်းကလေးနဲ့ပတ်သတ်လာရင် စိတ်ကူးမယဉ်ဘူးတဲ့
ကောင် ကျုပ်တို့ရွာမှာ မရှိလို့ပါပဲဗျာ..
အလှပေါ်အယဉ်ဆင့် ဆိုသလို လှလည်းလှ ယဉ်လည်းယဉ်တဲ့ မိန်းက
လေးမျိုးပေါ့ ..ဒီလိုနဲ့ ကျုပ်တို့ ပုရိသ ယောက်ျားတွေ ထုံးစံ အတိုင်း လူစုစု ရှိရာ နေရပ်ကိုသွားပြီး မစားရ
၀ ခမန်း ပါးစပ်အရသာ ခံတော့တာပေါ့ဗျာ။
“ဖြူနှင်းဝေ လှချက်က လွန်တယ်ဗျာ အသားလေးဖွေး
နေတာကလည်း ဒေါ်ကြီး မနီ ဆိုင်က ဘဲဥကြီးတွေ
အတိုင်းပဲဗျို့ ..အခွန်လေးခေါက်ပြီး ဖောက်သောက်
လိုက်ရဗျာ ဘယ်လောက်များကောင်းလိမ့်မလဲ”
အောင်စည် ဆိုတဲ့ကောင်က ဆေးပေါ့လိပ်ကြီး နာနာ
ခဲယင်းက ပြောလိုက်တာဗျ ..ဒီတင်ပဲ ငမိုး ဆိုတဲ့
ကောင်က တစခန်း ထတော့တာပါပဲဗျာ…
“ဘယ်ကလာ ဘဲဥနဲ့တူရမှာလဲကွာ ငါတို့ရွာ ဆွမ်းလောင်းပွဲတွေမှာ လုပ်တဲ့ ကောက်ညှင်း သိုင်းထုပ်
( အညာ၌ ကောက်ညှင်းဆန်အား ရေစိမ်၍
ငပျောဖက်အတွင်းသို့ မိမိကြိုက်နှစ်သက်ရာ အစာများ
သွတ်ကာ လိပ်ပြီး ဝါးနှီးဖြင့် တင်းကျပ်စွာ စည်းနှောင်
ထားသော အစားအစာတစ်မျိုး)လေး နှီးချက်တင်းလို့
ခါးလေးချိ ဖင်လေးကား နေသလိုပဲကွ ပူပူနွေးနွေး
ခွာပြီးများစားလိုက်ရကွာ”
မဆီမဆိုင်တွေပြောပြီး အရသာခံနေတာများ မိန်းက
လေးတွေများကြားရင် မြင်ပြင်းကပ်ပြီး အော့နှလုံးနာ
မှာတော့အသေချာပေါ့ဗျာ.. ခက်တာက ယောက်ျားတွေ
ဆိုတာ ဆုံမိပြီဆိုတာနဲ့ မိန်းမအကြောင်းကလွဲလို့
တခြားအကြောင်းတွေပြောဖို့ ခံတွင်းမလိုက်ကြဘူး
လေဗျာ …ဒီတင်ပဲ ဘုန်းကြီးလူထွက် မောင်တင့် ဆို
တဲ့ကောင်က သူ့လက်ထဲ ကိုင်ထားတဲ့ ကျီးသဲလေး
ထပ် ဆရာတော်ဘုရားကြီး ရေးတဲ့ ဇိနတ္ထ ပကာသနီကျမ်း ဆိုတဲ့ စာအုပ်ကြီးကို သူ့ဂျိုင်းကြားညှပ်ရင်း ပြောပြန်တယ်ဗျ…
“မင်းတို့ ကောင်တွေကွာ ကာမရမ္မက် အင်မတန်ကြီး
တာပဲ… ဖြူနှင်းဝေကို မင်းတို့က ချစ်တာမှ မဟုတ်
ဲပဲကွာ ..အပေါ်ယံ တဏှာ ကာမ အတွက်ပဲ မင်းတို့
ရူးနေကြတာကွ.. ငါကတော့ အဲဒါတွေ လုံး၀ကို မပါဘူး.
ဖြူနှင်းဝေကို ငါချစ်တာ ဘ၀များစွာက ဆုံခဲ့ဘူးတဲ့
ရေစက်ကြောင့်လို့ပဲ ငါတော့ထင်တယ်ကွာ”
ဘုန်းကြီးလူထွက်က ဘုန်းကြီးလေသံနဲ့ပြောတာကို
ကွမ်းတမြုံမြုံဝါးနေတဲ့ ဖိုးကွန့်ဆိုတဲ့ကောင်က လက်မခံ
ပြန်ဘူးဗျ ..ဒီကောင်က ကျုပ်တို့ရွာ သီတင်းကျွတ်မီးထွန်း ပွဲတွေကျရင် ပြဇာက်မင်းသား
လုပ်နေကျကောင်ဗျ ..အပြောအဆို တအား ချက်ကျ
တဲ့ကောင်ပေါ့ဗျာ …
“ဒီမှာကိုမောင်တင့် ခင်ဗျားကိုကျုပ် တစ်ခုတော့ပြော
ချင်တယ်ဗျာ အဲဒါက ဘာလဲ ဆိုတော့ကာ…
“ဟေ့ကောင် ဒါဇာက်ခုံမဟုတ်ဘူး စောက်ရူးမထနဲ့
ရိုးရိုးပြောပါကွ ”
ကလေး နှစ်ယောက်အဖေ ကိုကြီး သန်းအောင်က
ထဟန့်တော့ဒီကောင်က ပြုံးဖြီးဖြီးနဲ့…
“ဟီးး ကိုကြီးသန်းအောင်က လည်းဗျာ ..ခင်ဗျား မိန်းမ
အစ်မမြသီ ကို ချစ်လားဗျ”
“ဟ ဘာဆိုင်လို့လည်းကွ ငါ့မိန်းမနဲ့”
ဖိုးကွန့်ကမေးလိုက်တာကို..ကိုသန်းအောင်က..
ဘုဆက်ဆက်နဲ့ ပြန်ပြောတာဗျ…
“ဖြေစမ်းပါဗျာ ”
“ချစ်တာပေါ့ကွာ ချစ်လို့ယူထားတာ”
“ဟုတ်ပါပြီလေ ဒါဆို ကိုကြီးသန်းအောင် အနေနဲ့
အစ်မ မြသီကို မင်္ဂလာဆောင်ပြီး ဒီအတိုင်း ဘာမှ မလုပ်ပဲ..အလှကြည့်နေသလားဗျာ ပြောစမ်းပါ”
မရဘူးဗျို့ လူဆိုတာ သူ့ဗီဇဝါသနာကို ဘယ်တော့မှ
ဖျောက်လို့ မလွယ်ဘူးဗျ ..အခုလည်း ဇာက်ရူး ဖိုးကွန့်
ကဇာက်မင်းသား ပုံစံမျိုးနဲ့ ဂိုက်ပေးကြမ်းနေတာများ
ခင်ဗျားတို့ မြင်စေချင်တယ်ဗျာ..
“ဒါတော့ ဘယ်ဟုတ်မလည်းကွာ လင်ရယ်မယားရယ်
ဖြစ်လာမှတော့ ဟဲဟဲ.. သူ့ဆိုင်ရာ ဆိုင်ရာ လေးတွေ
တော့ လုပ်တာပေါ့ကွာ ဒါကြောင့် ခုဆို မြသီ မှာ ကလေး နှစ်ယောက်တောင်ရနေပြီလေကွာ”
“ဖျောက်”
“အဲဒါပဲဗျ ကျုပ်ပြောချင်တာ”
ဖိုးကွန့် ဆိုတဲ့ကောင်က လက်ဖျောက်တစ်ချက် တီးရင်း
ထအော်တော့တာဗျို့..
“ဒီမှာ ဘုန်းကြီးလူထွက် ကိုမောင့်တင် ဘယ်သူမှ
မိန်းမတစ်ယောက်ကို ချစ်ပါတယ်ဆိုပြီး အလှ ထိုင်
ကြည့်မနေဘူးဗျ.. အချစ်ဆိုတာ ကျုပ်တို့ကနေတဲ့ ဇာက်ခုံ
ပေါ်က ကန့်လကာ ( ကားလိပ် )လိုပဲ.. သူ့ရဲ့နောက်မှာ
မမြင်နိုင်တာတွေ အများကြီးရှိတယ်.. အဲဒါခင်ဗျား
သဘောပေါက် ..ချစ်တယ် ဆိုတဲ့စကားလုံးကိုသာ
အတိအကျ အဓိပ္ပာယ် ဖွင့်ကြည့်မိရင် မိန်းမတွေ
အားလုံးကြက်သီး တဖျန်းဖျန်း ထသွားနိုင်တယ်
ဆိုတာ ခင်ဗျားမှတ်ထားစမ်းပါ….
“ဘာပဲဖြစ်ဖြစ် ငါကတော့ ဖြူနှင်းဝေ ဆိုတဲ့ကောင်မ
လေး တစ်ပိုင်းလေဖြတ်နေရင်တောင် ငါကတော့ ချစ်
နေမှာဘဲ ဇာက်ရူး မင်းစိတ်နဲ့တော့ မနှိုင်းနဲ့”
တွယ်ကုန်ပြီဗျို့ ..ဘုန်းကြီးလူထွက် မောင်တင့်ကလည်း
တစ်ချက်မှ မခံဘူးဗျ။
“ခင်ဗျား ဘာပြောတယ်ဗျ ဇာက်ရူးဟုတ်လား”
“အေး မင်းက ဇာက်ရူးတင်မဟုတ်ဘူး တဏှာပါ
ရူးတဲ့ကောင်””
အခြေနေက အတော့်ကို တင်းမာလာကုန်ပြီဗျ..
တစ်ယောက်နဲ့တစ်ယောက် နီးစပ်ရာတုတ်ဆွဲ
ခဲ ဆွဲတွေကို ဖြစ်နေကုန်တာဗျာ.. ဘေးကကျုပ်တို့လည်း
ဟိုလူ့ ထိန်း သည်လူလူ့ထိန်း လုပ်နေတုန်း..
“မင်းတို့အားလုံး အရူးတွေချည့်ပဲကွ ဘယ်ကောင်
မႇအသုံးမက်ဘူး”
ဘုန်းးးဘုန်း…
“အမလေးဗျ”
“ဘာတုန်းဟ”
အကုန် ၀ရုံးသုံးကားကိုဖြစ်ကုန်တာဗျို့…
ကျုပ်တို့ ထိုင်နေတဲ့ ခရေပင်ကြီးနောက်က ဘိုးဘစီ
ဆိုတဲ့ အဖိုးကြီးက ခရေပင်အောက် ခင်းထားတဲ့ ထန်း
ရွက်ခြောက် ကြီးကို သူ့လက်ထဲက တုတ်ကြီးနဲ့ ဘုန်း
ကနဲ့နေအောင် ရိုက်ချလိုက်တာလေဗျာ..
“ဟာ အဘစီ ဗျာ လန့်သွားတာပဲ”
“ဟေ့ကောင်တွေ ..တကယ်တော့ မင်းတို့အားလုံး
အတွေးသမားတွေချည့်ပဲက၊ွ အထူးသဖြင့် မိန်းမတွေ
နဲ့ပတ်သက်လာရင် ဘ၀တစ်ခုကိုဘယ်တော့မှ.. စိတ်ကူးလေးနဲ့ တွေးပြီး မတည်ဆောက်ရဘူး.. အဲဒါ
ငါ့ကိုယ်တွေ့ကွ”
“လုပ်စမ်းပါအုံး အဘစီရာ ကျုပ်တို့ သင်ခန်းစာရ
တာပေါ့ဗျာ”
ကျုပ်က ပြောဖို့ တောင်းဆိုတော့ ဘိုးဘစီဟာ
သူ့လွယ်အိတ်ထဲက နန်းတော် ဆေးပေါ့လိပ်တစ်လိပ်
ကိုထုတ်ပြီး ကြေးဝါမီးခြစ်ကြီးကို တချတ်ချတ်နဲ့ထုတ်
ခြစ်တာ မီးကမကူးဘူးဗျ.. ဒီတင်ပဲ အောင်စည်က
သူ့သောက်လက်လက်စ ဆေးလိပ်တိုကို ကမ်းပေးရင်း
“ရော့ တို့လိုက် ဘစီ”
ဘိုးဘစီလည်း ဆေးလိပ်တိုကို ယူပြီး သူ့ဆေးလိပ်ကို
နုတ်ခမ်းတေ့ပြီး မီးခြင်းကူးနေတာဗျ.. မီးလည်းကူးရော
အောင်စည်ဆေးလိပ်တိုကို ကမ်းပေးရင်း အားရပါးရ
တစ်ဖွာနှစ်ဖွာ ဖွာလိုက်ပြီးမှ စကားဆက်တာဗျ..
“လူတွေဟာ အတွေးသမားတွေများကြတယ်ကွ..
အဲဒီလိုများကြလို့ပဲ တကယ့်လက်တွေ့လည်းရောက်
ရော အတွေးနဲ့ အတွေ့ဟာ တက်တက်စင်အောင်ကို
လွဲတော့တာပေါ့ကွာ အေး….. တခြားနေရာတွေမှာ စိတ်ကူးယဉ်တွေးတောနေတာတွေထက် ……ယောက်ျားနဲ့ မိန်းမ ..
နှစ်ယောက် ပေါင်းပြီး ဘ၀တစ်ခု တည်ဆောက်တဲ့နေရာမျိုးမှာ အရမ်းစိတ်ကူးယဉ်မဆန်
ဖို့…လိုတယ်ကွ ကိုယ့်စိတ်အတွေးနဲ့ တည်ဆောက်
ထားတဲ့ ဘ၀မျိုး တကယ်တမ်း ဖြစ်မလာကြတဲ့အခါ
အလွန်၀မ်းနည်း ကြေကွဲစရာကောင်းတဲ့အဖြစ်မျိုး
တွေ ဖြစ်ကုန်ကြတော့တာပဲကွာ”
ပြောလက်စ စကားကိုရပ်ပြီး ဘိုးဘစီဟာ ဆေးလိပ်
ကို ဖွာလိုက်သေးတယ်.. နောက်ပြီး သူ့မျက်နှာဟာ
လည်း အလွန်၀မ်းနည်း ကြေကွဲနေပုံမျိုး ဖြစ်လာ
တယ်..ကျုပ်တို့အားလုံး တစ်ယောက်မှ စကားမပြော
ကြတော့ပဲ ဘိုးဘစီ ပြောလာမဲ့ အကြောင်းကို
စိတ်၀င်တစား အာရုံစိုက်နေကြတာပေါ့ဗျာ…
“ဒီအဖြစ်ပျက်က ငါ ခုနှစ် နှစ်သားလောက်က ဖြစ်ခဲ့
တာကွ ခုဆိုရင် အနှစ် ၅၀ တောင် ကျော်နေပြိီပေါ့ကွာ..
ငါ့မှာ ငယ်ငယ်ကတည်းက အမေ မရှိတော့..ငါ့အဘနဲ့
နေထိုင်ခဲ့ရတာကွ.. ငါ့အဘမှာ သူနဲ့ အလွန်ချစ်ခင်တဲ့
သူငယ်ချင်းတစ်ယောက်ရှိတယ် သူ့နာမည်က
ကြင်မောင် တဲ့ကွ.. ဦးလေး ကြင်မောင်ဟာ ငါ့အဘကို
ချစ်သလောက် ငါ့ကိုလည်း အလွန်တွယ်တာတယ်ကွ..
တစ်နေ့တော့ ဦးလေးကြင်မောင်ဟာ ငါ့အဘဆီလာပြီး
ခုလိုပြောတယ်ကွာ…
“သိုက်ထွန်း ငါနဲ့ ခင်မှုံကို သူ့မိဘတွေက တင့်တောင်း
တင့်တယ် လက်ထပ်စေချင်တယ်ကွာ.. အဲဒါ ခင်မှုံက
ပြောလို့ငါသိရတာက၊ွ ဒါကြောင့် ငါ ရွှေတောတက်ပြီး
အလုပ် လုပ်ချင်တယ်ကွာ ..ဒီမှာဆိုရင်တော့ မင်းသိ
တဲ့အတိုင်း ဘာမှ ဖြစ်လာမှာ မဟုတ်ဖူးကွာ”..
ဒီတင် ငါ့အဘက အလုပ်လုပ်ရင် လောဘမကြီးဖို့
နောက်ကျန်းမာရေးလည်း ဂရုစိုက်ဖို့ မှာတာပေါ့ကွာ..
ဒီလိုနဲ့ ဦးလေးကြင်မောင်ဟာ ငွေရှာဖို့ ရွှေတောတက်
သွားတာပေါ့..
အဲဒီနောက်ပိုင်း ဦးလေးကြင်မောင်ရဲ့ ချစ်သူ အစ်မ
ခင်မှုံဟာ ငါတို့အိမ်ကိုလာပြီး နေ့စဉ် ငိုယိုနေတယ်..
ငါလည်း အစ်မ ခင်မှုံကိုကြည့်ပြီး စိတ်မကောင်းဖြစ်
တာပေါ့ကွာ.. သုံးလလောက်နေတော့ ဦးလေး ကြင်မောင် ဆီက စာလာတယ်က၊ွ သူအလုပ်အဆင်
ပြေတဲ့အကြောင်း နောက် ကျန်းမာရေးလည်း ကောင်း
တယ်ဆိုတဲ့ကြောင်း ခင်မှုံကိုလည်း သူဆက်ဆက်
ပိုက်ဆံတွေ စုပြီး ပြန်လာမဲ့အကြောင်း အစုံပါပဲကွာ…
ငါ့အဘနဲ့ အစ်မ ခင်မှုံ လည်း ဦးလေး ကြင်မောင်
ရဲ့ စာကြောင့် အလွန်စိတ်ချမ်းသာနေတာပေါ့..
အဲဒီစာ လာပြီးကတည်းက နောက် တစ်နှစ် ကျော်တာ
တောင် ဦးလေးကြင်မောင်ဆီက စာလုံး၀ မလာတော့
ဘူးကွာ.. အစ်မ ခင်မှုံဆိုရင် နေ့တိုင်း မျက်ရည်နဲ့
မျက်ခွက်ပေါ့ကွာ.. နောက်ဆုံးတော့ ငါ့ရဲ့ အဘလည်း
သူ့ သူငယ်ချင်း ကြင်မောင် အတွက်လည်းစိတ်ပူ
အစ်အခင်မှုံ ကိုကြည့်ပြီး စိတ်မကောင်းလွန်းလို့ ဦးလေး ကြင်မောင်နောက်ကို လိုက်ဖို့ လုပ်တော့တာ
ပဲကွာ.. တချို့အရာတွေဟာ မမြင်နိုင်ပေမဲ့ သိပ်အံ့သြ
ဖို့ကောင်းတယ်.. ငါ့အဘ နောက်က လိုက်မဲ့ဆဲဆဲ
ဦးလေးကြင်မောင်ဆီက စာရောက်လာရော့ကွ”
ဘိုးဘစီဟာ စကားကို အရှည်ကြီးပြောလိုက်ရလို့
ထင်တယ်ဗျ ..ဆက်မပြောသေးပဲ.. လက်ထဲမှာ မီးငြိမ်း
နေပြီဖြစ်တဲ့ ဆေးလိပ် တိုကိုကြည့်ပီး အနားက အောင်စည် ရဲ့ ထံကို ထိုးပေးလိုက်တယ်…
အောင်စည်ကလည်း ခပ်မြန်မြန် မီးညှိပေးလိုက်တာ
ပေါ့.. အားလုံးက အဘစီ ပြောမဲ့ အကြောင်းအရာကို
စိတ်၀င်စားနေကြပြီလေဗျာ။
“ဦးကြင်မောင် ကြီး ရေးပို့လိုက်တဲ့ စာ ထဲမှာ
ဘာတွေပါလည်းဗျ ဟင် အဘစီ”
ဘုန်းကြီးလူထွက် မောင်တင့်က ခပ်လောလောမေးတော့
အဘစီက ..
” ဒီနေ့တော့ ငါ မအားသေးဘူးကွာ
နောက်တစ်နေ့ ကြုံမှ ငါဆက်ပြောတော့မယ်”
အဲဒီလိုပြောပြီး ထိုင်ရာက ထရောဗျို့ ..ကျုပ်တို့အားလုံး
လည်း ဝုိင်းပြီး ဆက်ပြောဖို့ တောင်းပန်ကျတာပေါ့ဗျာ..
“ဟားးဟား… ငါကမင်းတို့ ငါပြောတဲ့ အကြောင်းအရာ
အပေါ်ကို စိတ်၀င်တစားရှိမရှိ စမ်းသပ်လိုက်တာပါကွာ
လူတချို့ဟာ ကိုယ်ပြောနေတဲ့ စကားကို တစ်ဖက်လူ
စိတ်၀င်စားခြင်း ရှိတာ မရှိတာကို မသိပဲ တွန်းပြော
လေ့ရှိကြတယ်ကွ အဲဒီလိုလူမျိုးထဲမှာ ငါမပါဘူးကွ”
အဲဒီလိုပြောပြီး အဘိုးဘစီဟာ စောစောက သူထိုင်ခဲ့
တဲ့ ခရေပင် မြစ်ဆုံကြီးပေါ်ကို ပြန်ပြီး ထိုင်လိုက်
ပြန်တာပေါ့ဗျာ။
°°°°°°°°°°°°••°°°°°°°°°°
စာထဲမှာ ဘာတွေပါလည်းဆိုတော့ ဦးလေးကြင်မောင်
က သူဟာတစ်နေ့မှာ အလုပ်ဆင်းနေတုန်း ရွှေကျင်း
( လွန်စွာ နက်ရှိုင်း သော မြေကျင်း ကျောက်ကျင်း)
ထဲဆင်း အလုပ်လုပ်ရင်းက ကျင်းပြိုကျပြီး သူ့ကို
ပိတယ် ဆိုပါတော့ကွာ.. ဘ၀တူ ကျင်းသားတွေလည်း
ဦးလေးကြင်မောင်ကို မရ မက မြေတွေပိနေတဲ့
ကြားက ရအောင် ကယ်တင်လိုက်ကြတယ်တဲ့..
အားလုံးက မြို့ပေါ်က ဆေးရုံကို ဝုိင်းပြီး တင်လိုက်
ကြတာယ်….့ ဆေးရုံပေါ်တင် ၆လလောက် ဒဏ်ရာတွေ
ကို ကုသ လိုက်ရတယ်ပေါ.့ အဲဒါ ဆေးရုံက ဆင်းတော့
မှာမို့ လှမ်းပြီး ငါ့အဘကို ခေါ်တာကွ.. ငါ့အဘလည်း
အကျိုးအကြောင်းကို အစ်မ ခင်မှုံ ကို ပြောရတာပေါ့
အဲဒီတုန်းက အစ်မ ခင်မှုံ ဟာ ဦးလေးကြင်မောင်
သတင်းလည်း ကြားရော..စိတ်ထိခိုက်လွန်းလို့ သတိပါ
လစ်သွားတာ ငါ အခုထိ အမှတ်ရတုန်းကွ..
ငါ့အဘလည်း မြို့ပေါ်ဆေးရုံ လိုက်သွားပြီး ဦးလေး
ကြင်မောင် ကို လိုက်ခေါ်ရတာပေါ့ ကွာ …
ဒီလိုနဲ့ ဦးလေးကြင်မောင်ဟာ ချိုင်းထောက်ကို အား
ပြုပြီး သွားရတဲ့ ဒုက္ခိတ ဘ၀ ရောက်သွားရတော့တာ
ပါပဲကွာ အစ်မ ခင်မှုံ ဆို ဦးလေးကြင်မောင်ကို
ဖက် ဖက်ပြီးကို ငိုတော့တာပါပဲကွာ..
“အစ်ကိုရယ် ခင်မှုံကြောင့် ခုလိုဖြစ်ရတာပါ”
“မဟုတ်ပါ ဘူး ညီမ အစ်ကို ဘ၀ကံ အကျိုးပေးကိုက
ဒီတိုင်း ဖန်လာတာပါကွယ်..
ဆိုပြီး ပြန်ပြောတော့…
အစ်မ ခင်မှုံ က ခေါင်းကို တွင်တွင်ယမ်းပြီး…
“မဟုတ်ဖူး အစ်ကို အစ်ကိုသာ မသွားခဲ့ရင် ခုလို
ဖြစ်မှာမဟုတ်ဘူး ညီမ အစ်ကို့ ကို လက်ထပ်မယ်”
“ဒါတော့ မဖြစ်နိုင်ပါဘူး ညီမ အစ်ကို လက်မခံပါရစေ
နဲ့”
ဆိုပြီး ငြင်းတာပေါ့ကွာ..
ဒါပေမဲ့ အစ်မ ခင်မှုံ က မရ
ဘူးကွ အတင်း လက်ထပ်မယ်ချည်း ပြောနေတော့တာ
ဒီတင် ငါ့အဘက …
” ကြင်မောင်ရာ ခင်မှုံ မင်းအပေါ်
ဒီလောက် သံယောဇဉ်ကြီးတာ ၀မ်းမသာပဲ ဘာလို့
ငြင်းနေရတာလဲကွာ လက်ခံလိုက်ပါ..
လို့၀င်ပြောတော့…
“ခင်မှုံ ညီမ အစ်ကိုဟာ ဒုက္ခိတ ဖြစ်ရုံတင်မကပါဘူး… ယောက်ျား အဖြစ်ကို တောင်မှ
ခံယူလို့မရတော့ပါဘူးကွယ် . အစ်ကို ဟာ ယောက်ျား မပီသတော့ပါဘူး…
ဆိုပြီး
အလွန်၀မ်းနည်းနေတဲ့ ပုံစံနဲ့ပြောရှာတယ်ကွာ….
“အစ်ကို ပြောတာ ခင်မှုံတော့ နားမလည်ဘူး”
လို့ဆိုတော့ ဦးလေးကြင်မောင်ဟာ ခေါင်းကုိအောက် ငိုက်စိုက် ချရင်း …
“ဆေးရုံပေါ်မှာ …….
စကားကိုရှေ့မ
ဆက်နိုင်ပဲ ရပ်ပြီး အစ်မခင်မှုံ မျက်နှာကို မော့ကြည့်
နေရင်းက…
“အစ်ကို့ မှာ ငယ်ပါ မရှိတော့ပါဘူး ညီမရယ်..
လို့ပြောပြီး မျက်ရည်တွေ တွေတွေကြီးကျပြီး ခေါင်းငုံ့
သွားပြန်တယ်ကွာ.. အစ်မ ခင်မှုံကတော့
“အစ်ကိုရယ် ခင်မှုံ အကို့ကို ချစ်တာ ကိလေသာ တဏှာတွေ မစွတ်ပဲ ဖြူဖြူစင်စင် မြတ်မြတ်နိုးနိုးချစ်
တာပါ၊ ဒါကြောင့်အတွက်တော့ ခင်မှုံကို မငြင်းပါနဲ့
နော်.. ဆိုပြီး ပြောလိုက်တာပေါ့ ဒီလိုနဲ့ ဦးလေးကြင်မောင်နဲ့ အစ်မ ခင်မှုံတို့ဟာ ဘ၀ တစ်ခုကို
အတွေး နဲ့ တည်ဆောက်လိုက်တော့တာပဲကွာ..
~~~~~~~~ ~~~~~~~
အစ်မ ခင်မှုံ ဟာ သူ့မိဘတွေကို အတိုက်အခံလုပ်ပြီး
ဦးလေးကြင်မောင်ကို လက်ထပ် ခဲ့ရတာကွ…
ဦးလေးကြင်မောင်ဟာ သူ ရွှေတောက ရတဲ့လုပ်အားခ
ရယ်နောက်ပြီး ရွှေတွင်း သဌေးက နစ်နာကြေးသဘော
ပေးတဲ့ငွေလေးတွေကို ပေါင်းပြီး မြေ သုံးဧကလောက် ရယ် နွား တစ်ရှဉ်း { ၂ ကောင်} ရယ်၀ယ်ပြီး မောင်ပြုံးချို ဆိုတဲ့ ကောင်လေးတစ်ယောက်ကို လယ်
သူရင်းငှား သဘောနဲ့ ခေါ်လိုက်တယ်က၊ွ မောင်ပြုံးချို
ဟာ ရှိလှမှ ၁၇ ၁၈ ပေါ့ကွာ ..
မောင်ပြုံးချိုဟာ..ငယ်ရွယ်ပေမဲ့ အင်မတန်
ဖင်ပေါ့တယ်ကွ ..ခိုင်းလိုက်တဲ့ လုပ်ငန်းကိုလည်း ပြီးစီး
အောင် သူက သပ်သပ်ရပ်ရပ် လုပ်လေ့ရှိတော့.. ဦးလေးကြင်မောင်နဲ့ အစ်မ ခင်မှုံ တိ့ုဟာ မောင်ပြုံးချို
ကို ယုံကြည် အားကိုးလာတာပေါ့ကွာ.. ဦးလေး ကြင်
မောင်ဆို မောင်ပြုံးချိုကို သူ့တူ သူ့သား လိုကို ချစ်တာကွ ..တောထဲ တောင်ထဲလည်း အစ်မခင်မှုံနဲ့
မောင်ပြုံးချိုပဲ လုပ်ရကိုင်ရတာလေကွာ..
ဦးလေးကြင်မောင်က ဒုက္ခိတ ဆိုတော့ အိမ်မှာပဲလေ
နေရတာပေါ့.. ဒီလိုနဲ့ နေလာလိုက်တာ တစ်နေ့ ငါ့နဲ့ ငါ့အဘ ညနေစာ စားနေတုန်းဦးလေးကြင်မောင် ရောက်လာတယ်ကွ ငါ့အဘလည်း တခါထဲ ထမင်း၀င်
စားဖို့ပြောတော့ ….
.” တော်ပါပြီကွာ မင်းတို့ သားအဖ
စားပါ ငါမဆာသေးလို့ပါ ”
လို့ငြင်းတယ်ကွ …ထမင်းစား
ပြီးတော့ ဦးလေးကြင်မောင်က ငါ့အဘကို ခုလိုပြော
တယ်ကွာ …..
“ငါ သည်းမခံနိုင်တော့ဘူးကွာ…
ပြောလည်းပြော အံကျိတ်ပြီး မျက်ရည်တွေလည်းကျ
ၼေပါ့ ….
“မင်း ဘာဖြစ်လာတာလည်း ကြင်မောင် “လို့
ငါ့အဘကမေးတော့ ခင်မှုံ ငါ့ကို သစ္စာဖောက်သွားပြီကွာ ငါ မခံစားနိုင်တော့ဘူး သူငယ်ချင်း” ငါ့အဘ လည်း ဦးလေးကြင်မောင် စကား
ကြားတော့ အလွန်အံ့သြ တုန်လှုပ်သွားတယ်ကွ…
ဟုတ်ရဲ့လား ကြင်မောင်ရာ ခင်မှုံ မင်းအပေါ် ဘယ်လောက်ချစ်တယ်ဆိုတာ ငါသိနေတာပဲကွာ…
“ငါလူကဲခတ် ဒီလောက်မညံ့ပါဘူးကွာ သူတို့တွေ
ကြိုက်နေတာ ကြပါပြီကွာ”
“ဘယ်သူနဲ့လည်း ကြင်မောင် ”
“ဘယ်သူ ရှိရမှာလည်း မောင်ပြုံးချိုပေါ့ကွာ”
အဲဒီလိုလည်းပြောပြီးရော တဟီးဟီး ငိုတော့တာကွ..
“မင်း ခင်မှုံကို သိပ်ချစ်လို့ သ၀န်တိုတာပါကွာ….. ခင်မှုံရော ပြုံးချိုရော ဒီလိုလုပ်မှာ မဟုတ်ပါဘူး သူ့
မောင်တစ်ယောက်လို ဆက်ဆံ တာပါကွာ မင်းထင်လို့
ပါ” …..
ငါ့အဘက အဲဒီလိုလဲပြောရော… ဦးလေးကြင်မောင်က
သူ့အင်္ကျီ ဘေး အိတ်ကပ်ကြီးထဲက ဆေးမှုန့် တချို့နဲ့ ပုလင်း တစ်လုံး
ကို ထုတ်ပြီး စားပွဲပေါ် တင်လိုက်တယ်ကွ..
“ဒါဆို ဒါတွေကရောကွာ”
ငါ့အဘ လည်း အဲဒီပစ္စည်း
တွေကြည့်ပြီး ပါးစပ်အဟောင်းသားကို ဖြစ်သွားတာကွ..
“ငါလို ဒုက္ခိတ တစ်ယောက်ကြောင့်တော့ ဒီဆေးတွေ
မသုံးရပါဘူးကြာ….
ငါ့အဘလည်း သူ့ သူငယ်ချင်းကို သနားလွန်းလို့ ထိုင်
ရာက ထပြီး ပွေ့ဖက် နှစ်သိမ့်ပေးတာပေါ့ကွာ…
တကယ်တော့ အဲဒီဆေးတွေဆိုတာ တောအရက်နဲ့
ပရိသန္ဓေ တားတဲ့ဆေးတွေကွ ….
“သည်းခံ လိုက်ပါ
ကြင်မောင်ရာ မင်းမှ……
ငါ့အဘက ဆက်မပြောရက်လို့ စကားတပိုင်းတစ ရပ်
ထားတာပေါ့..
“မင်းမို့ပြောရက်တယ်ကွာ ..ကိုယ်သိပ်ချစ်
တဲ့မိန်းမတစ်ယောက် ကိုယ့်မျက်စိရှေ့တင် တခြားယောက်ျား တစ်ယောက်နဲ့ ဟီးးဟီး……
ဦးလေးကြင်မောင်ဟာ စကားကိုဆက်မပြောနိုင်ရှာဘူး
က၊ွ ငါလည်း အရွယ်ကငယ်သေးပေမဲ့ ငါ့အဘရော
ဦးလေးကြင်မောင်ပါ ငိုနေတော့ မျက်ရည်တွေကျပြီး
ငါလည်းငိုတာပေါ့ကွာ….
“ငါပြောတာ သေချာနားထောင် ကြင်မောင် အခု အနေထားမှာ မင်းဘ၀ဟာ ခင်မှုံ
မရှိလို့ အဆင်မပြေဘူးလေကွာ ..ဒါကြောင့် မင်း မသိ
လေဟန် နေပေးလိုက်ပါ”
“ငါသစ္စာမရှိတဲ့ ဒီမိန်းမနဲ့ ကောက်ကျစ်လွန်းတဲ့ ဒီယောက်ျား သူတို့နှစ်ယောက် ပေးတဲ့ အသက်မျိုး
တော့ ငါမနေချင်ဘူး သိုက်ထွန်း.. ငါ လုံး၀ မကျေနပ်
ဘူးကြာ…..
“အဲဒီလိုပြောရင်း အံကြိတ်လိုက်များ ဘေးက
ငါတောင် ကြားရတယ်ကွ”
“သည်းခံလိုက်…
“တော်တော့ သိုက်ထွန်း မင်းငါ့ကို ကိုယ်ချင်းစာမပေး
ဘူးကွာ …ငါ့ကို စာနာနားလည်ပေးတာ မင်းတစ်ယောက်ပဲရှိတယ်လို့ထင်မိတာ ခုတော့ကွာ”
ဦးလေး ကြင်မောင်ဟာ ပြောနေရင်း ဒေါသတွေ အရမ်းထွက်လာတာပေါ့ကွာ.. ဒီလိုနဲ့ စကားပြောလာ
လိုက်တာ တဖြည်းဖြည်း မှောင်လာရောကွ..
ဒီတင် ငါ့အအဘက…
” ကြင်မောင် မှောင်လာပြီကွ
မင်းကို ငါလိုက်ပို့မယ် သူငယ်ချင်း”
“ငါ သူတို့ကို ဒီည လုပ်စရာ ရှိတာ လုပ်ကြ.. သိုက်ထွန်း
အိမ် အလည်သွားရင်း တစ်ည အိပ်ခဲ့မယ်လို့ မှာခဲ့တယ်ကွ ….
” ဒီလိုနဲ့ ဦလေးကြင်မောင်ဟာ ငါတို့ အိမ်မှာ အိပ်တယ်ပြောပါတော.၊့ ငါလည်း အဘနဲ့
ဦးလေးကြင်မောင် ပြောတာတွေကို ပြန်တွေးရင်း
တော်တော်နဲ့ အိပ်မပျော်ဘူးကွ အကုန်လုံးကိုနားမလည် ပေမဲ့ သူတို့တွေ ၀မ်းနည်း ပူ
ဆွေးနေကြတယ် ဆိုတာလောက်တော့ သိနေပြီလေကွာ၊ ဒီလိုနဲ့ အတော်ကြာတော့ ဦးလေးကြင်မောင် အိပ်တဲ့ ကုတင်နားက ဒေါက် ဒေါက် ဆိုတဲ့..အသံကြားလို့ ငါထကြည့်တော့ ဦးလေးကြင်
မောင်ဟာ အိပ်ရာကနေ ငါတို့ အိမ်အပြင်ကိုထွက်နေ
ပြီကွ ..လပြည့်ကျော်ဆိုတော့ ဥာဉ့်နက်မှ လကြီးကလည်း ထိန်နေတာပဲကွာ ..ငါလည်း ကမန်း
ကတမ်း အိပ်ရာထဲက ထပြီး ….
“ဦးလေး ညကြီးပြန်မလို့
လား ကျုပ်အဘ နှိုးပေးမယ်လေ..
ို “နေနေ ငါ့တူ ဖိုးစီ..
မနက် လင်းရင်သာ ဦးလေး ညကပြန်သွားတယ်လို့
မင်းအဘ ကို ပြောလိုက် ကြားလား ”
ဆိုပြီး ငါ့ခေါင်း
လေးကို ပုတ်ပြီး တရွေ့ရွေ့နဲ့ ထွက်သွားတာပေါ့..
လမ်းများ လဲ နေရင် အခက် ဆိုပြီး အဘကို မနှိုးတော့ ပဲ သူ့နောက်က အသာ ငါ လိုက်သွား
တာပေါ့ကွာ …ဒီလိုနဲ့ သူ့ခြံရှေ့ရောက်တော့ ခြံတခါးကို
အသာဟပြီး ၀င်သွားတာပေါ့ …ငါလည်း ဦးလေးကြင်မောင် အိမ်ရောက်ပြီပဲလေဆိုပြီး
ခြံ၀က နေ အသာ ဆက်မလိုက်ဘဲ ရပ်ကြည့် နေတာ
ပေါ့ကွာ၊ ဒီတင် ဦးလေးကြင်မောင် လုပ်ရက်ကြောင့်
လှည့်မပြန်ဖြစ်ပဲ ငါ အသာ ဆက်ကြည့်နေမိတယ်ကွာ.. ဒီလိုကွ ဦးလေးကြင်မောင်ရဲ့
အိမ်ဟာ နှစ်ထပ်အိမ် မနိမ့်မမြင့်လေး..
.အပေါ်ထပ်ကို လှေကားနဲ့ တတ်ရတယ်..
ငါထင်တာက အစ်မ ခင်မှုံ ကို လှမ်းနှိုးမယ်လို့ ထင်
တာ..ဒါပေမဲ့ မဟုတ်ဖူးဟေ့ ..ဦးလေးကြင်မောင်ဟာ
ချိုင်းထောက်ကို အသာချပြီး လှေကားပေါ် လေးဖက်
ထောက် ပြီး အသာ တက်သွားတာကွ.. ကွမ်းယာ နှစ်ညက် လောက်ကြာတော့ လှေကားကနေ ဖင်ထိုင်
ပြီး တစ်ထစ်ခြင်း ဆင်းလာပြန်တယ်ကွ.. နောက် ချိုင်း
ထောက်ကိုကောက်ပြီး ငါရပ်နေတဲ့ ဝုိင်းပေါက်နားက
ပုဏ္ဏရိပ် ခြုံ ကြီးနားကို ထိုင်ယင်း တဟီးးဟီး
ငိုတော့တာပါပဲကွာ ..လုပ်ရက်လိုက်တာ ခင်မှုံရယ်
လို့လည်း ပါတယ်ကွ ..ငါ့ဘ၀မှာ ယောက်ျား ရင့်မာကြီး
က အခုလို လွမ်းလွမ်းဆွေးဆွေးကြီးငိုတာ ပထမဆုံး
မြင်ဘူးခြင်းပဲကွ ..နောက်တော့ ငါလည်း အသာလှည့်
ပြီး ထွက်လာခဲ့တာပေါ့ကွာ နောက်စဉ်းစားမိတာက..
ဘာတွေမြင်လို့ ငိုနေတာ
ပါလိမ့်ဆိုပြီးတော့ပေါ့ ။
အရွယ်ရောက်လို့ သိတတ်လာမှ
အစ်မ ခင်မှုံနဲ့ မောင်ပြုံးချိုတို့ အချစ်ပလူးးနေတာကို
မြင်ခဲ့ရလို့ ဆိုတာ တွေးမိတော့တယ်ကွာ…
နောက် သုံးရက်လောက်နေတော့ ဦးလေးကြင်မောင်
ငါတို့အိမ် ရောက်လာပြန်တယ်ကွ . မှတ်မှတ်ရရ ငါတို့
သားဖ မနက်စာ ကောက်ညှင်းပေါင်းနဲ့ ပဲပြုတ်ဆီဆမ်း
စားနေကြတဲ့အချိန်။
“ဟာ ကြင်မောင် စောစောစီးစီးပါလား
ကွ တစ်ခါထဲ ကောက်ညှင်းပေါင်း စား ကွာ”
ဦးလေးကြင်မောင်က လက်ကာပြပြီး..
နေနေ သိုက်ထွန်း ငါ စားလာခဲ့ပြီ”
အဲဒီနေ့က ဦးလေး ကြင်မောင်ကို ကြည့်ရတာ ငါမြင်
ဘူးရသမျှ ထဲမှာ ကြည့်လို့အကောင်းဆုံးပဲကွ…
ခေါင်းက ဆံပင်ကို ဆီရွှဲအောင် လိမ်း.. ဆံပင်ကို
နောက်ပြန်သိမ်းပြီး အသေချာ ဖီးထားတာကွ..
ပလေကပ် ကွက်စိပ် ပုဆိုး အညိုလေးကလည်း အသစ်စက်စက်…အပေါ်ကလည်း စတစ်ကော်လာ
အင်္ကျီ အဖြူလေးကို ၀တ်လို့ပေါ့ကွာ…
“သိုက်ထွန်း သူငယ်ချင်း ဒီမနက်.. ငါ ကုသိုလ်နဲ့
အကုသိုလ်ကို တပြိုင်တည်း လုပ်ခဲ့တယ်ကွ”
“ဟ မင်း ဟာက အဆန်းပါလားကွ ကြင်မောင်ရ
ပြောစမ်းပါအုံး ” လို့ ငါ့အဘက ပြောတော့….
“ငါဒီနေ့မနက် အစောကြီးထပြီး အုန်းနို့ခေါက်ဆွဲချက်
တယ်က၊ွ အေး …ကျက်ပြီဆိုတာနဲ့ ဦးဦး ဖျားဖျား ဘုရား
မှာခေါက်ဆွဲဆွမ်း ကပ်ခဲ့ပြီကွ ငါသိပ်ပီတိဖြစ်တယ်ကွာ
တောင်းချင်တဲ့ ဆုကိုလည်း တောင်းခဲ့တယ်”
“ကောင်းတာပေါ့ကွာ ဒါနဲ့ အကုသိုလ် ဆိုတာကရော”
အဘက အဲလိုမေးတော့ ဦးလေးကြင်မောင်က လက်
ကာပြပြီး….
“နေပါအုံးကွာ ပြောမှာပေါ့ သိုက်ထွန်း ရာ..
မင်းဟာ ငါ့အတွက်တော့ ညီအစ်ကိုထက်မက
ကောင်းတဲ့…အကောင်းဆုံး
သူငယ်ချင်းပါကွာ…
“ဦးလေးကြင်မောင်ဟာပြောနေရင်းက ငါ့အဘရဲ့
လက်ကို ကိုင်ပြီး ချက်ချင်း မျက်နှာ ညှိးရော်ကျသွား
တယ်ကွ …
“မင်းအပေါ်မှာ ငါကျုးလွန်ခဲ့တဲ့ အပြစ်များ
ရှိရင် ခွင့်လွှတ်ပါကွာ …
ပြောရင်းနဲ့ မျက်ရည်တွေ
ကျပြီး ငိုတော့တာကွ ငါ့အဘကလည်း….
“ကြင်မောင် မင်းဘာတွေပြောနေတာလဲကွာ”
“နောက်ဘ၀ဆိုတာရှိရင် မင်းလို သူငယ်ချင်းမျိုးနဲ့
ပြန်ဆုံချင်တယ်ကွာ ..ဟို မိန်းမလို သစ္စာမရှိတဲသူမျိုးနဲ့
တော့ ဘ၀ဆက်တိုင်း ဝေးပါရစေလို့ ငါ ဘုရားမှာ ဆု
တောင်းခဲ့တယ် သိုက်ထွန်း…
~~~~~~~~~~~~~~~~~
အဲဒီ အချိန်မှာပဲ တို့အိမ်ရှေ့က တမာပင်ကြီးပေါ်
ကနေ ဥသြ ငှက်ကလေးက ဥသြ ဥသြ နဲ့ အော်တော့
တာပဲကွ ဦးလေးကြင်မောင်လည်း ဥသြငှက်ကလေးကို ကြည့်ပြီး
“တကယ်တော့ ငါ့ဘ၀ ဟာ ဥသြ ငှက်ကလေးလိုပါ
ကွာ..မိခင်ဥသြငှက်မဟာ ကိုယ့်အသိုက်မြုံထဲမှာ မဟုတ်ပဲ သူတစ်ပါးရဲ့ အသိုက်ထဲကို ဥ ချခဲ့လေတော့
ဥလေးတွေကပေါက်ဖွားလာတဲ့ တခြားငှက်တွေဟာ
သူတို့မျိုးနွယ်မဟုတ်တဲ့ ဥသြ ငှက်ကလေးကို ဝုိင်း၀န်း
ထိုးဆိတ် နှင်ထုတ်လိုက်ကြတယ်က၊ွ အဲဒါဥသြ ဌက်ကလေးတွေရဲ့ မပြောင်းလဲတဲ့ အစဉ်လာ
ပေါ့ကွာ… အခုလည်း ငါ့ကို မွေးဖွားပေးခဲ့တဲ့ အမေဟာ
ငါ ဘာမှန်းမသိ ခင် ကတည်းက ငါ့ကိုစွန့်ပစ်ခဲ့တယ်..
ဒါပေမဲ့ ငါ့ကို ဘကြီးမိုးက ကောက်ယူမွေးစားခဲ့
လို့ အခုချိန်ထိ ငါအသက်ရှင် နေနိူင်တာပါ ၊
ဥသြငှက်လို ..လူပတ်၀န်းကျင်မှာ တစ်ယောက်ထဲ မဖြစ်
ရအောင် ငါ့ဘေးကနေ အားပေး ကူညီခဲ့တဲ့ အဘမိုး
နဲ့ မင်းကို ငါ ဒီတစ်သက် ကျေးဇူးအတင်ဆုံးပါပဲကွာ..
ဒါကြောင့် ဘုရား ရှေ့မှာ သံသရာမှာ ငါကျင်လည်နေ
ရသမျှ လူဖြစ်ဖြစ် တိစ္ဆာန် ဖြစ်ဖြစ် ဥသြ ငှက်လို မိဘ
မျိုး ဘ၀ဆက်ဆက် မတွေ့ပါရစေနဲ့ လို့ ငါ ဆုတောင်း
မိတယ်ကွာ….
ဦးလေး ကြင်မောင်ဟာ ပြောလည်းပြော
ငိုလည်း ငို ပေါ့ ..ငါ့အဘကလည်း …
“ကြင်မောင် သူငယ်ချင်း မင်း ဘာတွေများ ဖြစ်လာခဲ့လို့လည်းကွာ…
ဒီတော့ ဦးလေးကြင်မောင်က ဆက်ပြီးပြောတယ်ကွ…
“အကုသိုလ် ဆိုတာကတော့ ငါဒီမနက် ဘုရား
ဆွမ်းတော်တင်ပြီးတော့ ခင်မှုံနဲ့ မောင်ပြုံးချို တို့
ကိုပါ အိပ်ရာကနှိုးပြီး ခေါက်ဆွဲကို မနက်စာ ကျွေးခဲ့
တယ်ကွာ …သူတို့ကို ကြွေးပြီးတာနဲ့ မင်းဆီ ငါလာခဲ့
တာ ”
အဲဒီလိုပြောပြီး ဦးလေးကြင်မောင်ဟာ
သူ့ အင်္ကျီ အိတ်ကပ် ထဲက..လက်နှစ်သစ်လောက်
ရှိတဲ့…ဆေးမြစ်လို အရာလေးကို
ထုတ်ပြီး ….
“ရွှေတောမှာ ငါအလုပ်
လုပ်ရင်း မြန်မာ ဘိန်းတော ဆေးဆရာကြီးတစ်
ယောက်နဲ့ အလွန်ခင်မင်ရင်းနှီး ခဲ့တယ်ကွ..
တစ်ရက်ကျတော့ အဲဒီဆရာကြီးက
မောင်ကြင်မောင် ဟောဒီဆေးမြစ် ကလေးကို ဆရာက
ခြေရာပျောက် လို့အမည်ပေးထားတယ်ကွ…
သူ့ရဲ့ အာနိသင်ကတော့ အလွန်အင်မတန် ခွန်အားကြီး
တဲ့ ဆင်လိုမျိုး သတ္တဝါတောင် ဒီဆေးမြစ်ကလေး
ကိုဝါးမိတာနဲ့ တုံးခနဲ့ သေစေနိုင်တယ်… ဒီဆေးကြောင့်
သေသွားတဲ့ လူဖြစ်ဖြစ် တိစ္ဆာန် ဖြစ်ဖြစ် အဆိပ့်သင့်
သေတယ်လို့ ဘယ်လို လူမျိုးမှ သဲလွန်စ ကောက်မရ
ဘူးကွ ..ဒါကြောင့် ဆရာကြီးက ခြေရာပျောက်လို့
အမည်ပေးထားတာ မင်းလိုအပ်ရင်ဥာဏ် ရှိသလို
သုံးပေါ့ကွာ ဆိုပြီး ပေးခဲ့တာပဲကွာ”
ဦးလေးကြင် မောင်က အဲဒီလိုလည်းပြောလိုက်ရော
ငါ့အဘ ဟာ အလွန်တုန်လှုပ်ပြီး..စိတ်လှုပ်ရှား နေတဲ့ပုံနဲ့..
‘”ဒါဆို ကြင်မောင် မင်း …မင်း….
“ဟား….ဟား…ဟား….
ဦးလေးကြင်မောင်ဟာ စောစောက အမူအရာတွေ
ချက်ချင်းပျောက်ပြီး အရူးကြီး တစ်ယောက်လို တဟားဟား အော်ရယ်တော့တာပဲကွ…
“အေး ဟုတ်တယ် သူတို့နှစ်ယောက်ကို
ို ငါ ငရဲပြည် ပို့လိုက်ပြီ ”
“ဟာ ”
ဆိုပြီး ငါ့အဘလည်း အံ့အားသင့်နေတုန်း….
ငါ မင်းကို နုတ်ဆက်ခဲ့ပါတယ်ကွာ…
လူလေး ဖိုးစီး ဦးသွားပြီကွာ ..လိမ္မာ ရစ်နော်..
လို့ပြောပြီး လက်ထဲက ဆေးမြစ်ကလေးကို သူ့ပါးစပ်
ထဲပစ်ထည့်လိုက်တာ ဘုန်း ဆို ချက်ချင်း လဲ ကျ
သွားတော့တာပါပဲကွာ….
…………………
“ဟာ ”
“ဖြစ်ရလေဗျာ”
အဘစီ ဟာ သူ့စကားကို အဲဒီလိုအဆုံးသတ်လိုက်
ပြီး သူ့ပါးပေါ်က မျက်ရည်စ တွေကို ပုခုံးပေါ်က အလွန်ဟောင်းနွမ်းနေတဲ့…
တဘက် နဲ့ ခပ်ကြမ်းကြမ်း သုတ်လိုက်တယ်ဗျ..
ကျုပ်တို့လည်း အလွန်စိတ်မကောင်းဖြစ်နေကြတာပေါ့..
” ဒါကြောင့် အရာရာကို ဘယ်တော့မှ အတွေး နဲ့ တင်
မဆုံးဖြတ်ကြနဲ့ကွ..
အဲဒီအတွေး ဟာ တကယ့် အတွေ့
နဲ့ ဆုံတဲ့အခါ…ထင်ထားသလိုမဟုတ်ပဲ.
၀မ်းနည်း နောင်တ ရစရာတွေဖြစ်တတ်
လို့ပေါ့ကွာ ..
ကဲ ငါလည်း မင်းတို့လုိ ငတုံးတွေကို ပြောနေရတာနဲ့ အချိန်တွေကုန်တယ် သွားပြီကွာ”
အဘစီဟာ သူ့ဘေးမှာ ချထားတဲ့ အလွန်ဟောင်း
နွမ်းပြီး ကြီးမားတဲ့ လွယ်အိတ်ကြီးကို လွယ်ရင်း
ခရေပင်ကြီးအောက်ကနေ တရွေ့ရွေ့ ထွက်ခွာ
သွားတော့တာပါပဲဗျာ။
ကျုပ်တို့ အားလုံးရဲ့ အတွေးထဲမှာလဲ …
“အတွေး နှင့် အတွေ့…
#ပီယ