အရိုင်းကြမ္မာ

အရိုင်းကြမ္မာ(စ/ဆုံး)
——————

ဒေါ်စိန် ဆုံးပြီ
ဒေါ်စိန်ဆုံးပြီဟုသိကြသည်နှင့် ရပ်ကွက်ထဲမှမိတ်ဆွေသင်္ဂဟများသည် သတင်းမေးရင်းတရားဘာဝနာအကြောင်းများနှင့် စပ်လျင်းကာသံဝေဂစကားများနှင့်အတူအားပေးကြလေသည်၊၊
ရပ်ကွက်အတွင်းရှိပရဟိတနာရေးကူညီမှုအသင်းမှလည်း လူသေအလောင်းအား
သုဿန်သို့ပို့ဆောင်ထားရန် စီစဥ်ကြလေသည်၊၊
အခုအချိန်မှာတော့ သေဆုံးသွားသောဒေါ်စိန်၏အိမ်တွင် သေဆုံးသွားသူဒေါ်စိန်၊၊
မြင်းဘောင်ပေါ်တွင် ရှိနေပြီး သူ့၏ဘေးတွင်အသက်ခုနှစ်ကျော်အရွယ်ဒေါ်စိန်၏ခင်ပွန်း ဦးထွန်းမြတ်တစ်ဦးတည်းသာ၊၊
ဦးထွန်း မြတ်သည် ကွယ်လွန်သွားပြီဖြစ်သော သူ၏ဇနီးသည်လက်ကလေးကိုယုယစွာကိုင်ပြီး သူနှင့်
ရိုးမြေကျပေါင်းသင်းခဲသောဇနီးသည်၏မျက်နှာကို မမှိတ်မသုံစိုက်ကြည့်ကာနေလေသည်၊၊

“မိစိန်. နင်ကတော့ပစ္စုပ္ပန်လောကမှာ သားသမီးတွေကိုမှီခိုစားနေရတဲ့၊၊ လူပြည်ငရဲကလွတ်ကင်းသွားပြီ၊၊ နင်ကျင်လည်ရာသံသရာမှာတော့ နင်ပြုခဲ့တဲ့
ကုသိုလ်. အကုသိုလ်ကံ အကျိုးပေးအတိုင်း နင်ခံစားပေါ့
ငါကတော နင်သေသွားတာ နင့်ရဲ့သား‌
ကိုစိတ်ချထားသွားတာဟုတ်ရဲ့လားလို့ မေးလိုက်ချင်တယ်မိစိန်၊၊
ငါနင့်ကို.. အထပ်ထပ်အခါခါမေးလိုက်ချင်တယ်မိစိန်ရယ်”

ဦးထွန်းမြတ်သည် နှုတ်မှတီးတိုးရေရွတ်ရင်း ပါးစပ်ကမေးလိုက်ချင်သည်ဆိုသော်ငြား. မျက်နှာပေါ်က မျက်လုံးအိမ်မှာဖြင့် မျက်ရည်စတွေတွဲခိုလို့နေပါသည်၊၊

အိမ်ရှေ့တွင်လူငယ်တစ်စုရပ်လာသည်၊၊ရပ်လာသောလူငယ်များမှာ ဒေါ်စိန်၏သက်မဲ့ရုပ်အလောင်းကို သုဿန်သို့ပိုဆောင်ကြရန် နာရေးကူညီမှု့အဖွဲ့မှ လူငယ်များဖြစ်နေလေသည် ၊၊

ပရဟိတလူငယ်များသည် သူတိုလုပ်စရာရှိသောအလုပ်ကိုအချိန်မဆိုင်းပဲလုပ်နေကြလေသည် ဒေါ်စိန်အလောင်းကို ငြင်သာစွာဖြင့် မြင်းဘောင်ပါတပါတည်းမယူကာ ထမ်းယူသယ်ဆောင်နေလေသည်၊၊ ထူးနေသည်က ထိုအသုဘတွင်ငိုမည့်သူမရှိ
သေဆုံးသူဒေါ်စိန်၏ခင်ပွန်းဖြစ်သူ ဦးထွန်းမြတ်တစ်ဦးသာ မျက်လုံးအိမ်မှ
မျက်ရည်များစီးကျနေသည်ကိုတွေရလေသည်၊၊
ဒေါ်စိန်ရုပ်အကောင်းကို ကား. သယ်ဆောင်သွားလေပြီ၊၊
အသုဘအိမ်တွင် လူတစ်ယောက်စ နှစ်ရောက်စနှင့် ဦးထွန်းမြတ်သာကြံခဲ့လေသည်၊၊
ဦးထွန်းမြတ်သည်ကား အတွေးများဖြင့်အရာအားလုံးကို မေ့လျော့ကာသွားတော့သည်၊၊

……… အခန်း. (၂ )

“ကိုထွန်းမြတ်ရေ. ဒီမှာကြည့်ပါဦးတော်
ရှင့်သားလေးက ဖအေတူမျက်နှာလေးနဲ့ ဝိုင်းဝိုင်းစက်စက် ဝဝကစ်ကစ်ချစ်စရာလေးတော်၊၊ ကောင်းကင်ကလမင်းကြီးကျနေတာပဲ ကျုပ်မှာချစ်လိုက်ရတာရှင် အူထဲအသဲထဲ လှိုက်လှိုက်ကိုတက်လာတာပဲ”

လယ်ထွန်ရာမှာပြန်တက်လာ‌သောကိုထွန်းမြတ်တစ်ယောက် ချစ်ဇနီး၏ ရွှန်းရွှန်းဝေအောင် ပြောလာသောစကားကြောင့် မောပန်းလာသည်ကိုသတိမထား သားအနားကိုကပ်ကာ အားရပါးရ နမ်းမိလေတော့သည်၊၊

“တော်နဲ့တော် ကလေးအသားကိုင်တာများ
ညစ်ပတ်နေတဲ့ရှင်လက်ကြမ်းကြီးနဲ့ ကျုပ်သားလေးနာသွားပါမယ်တော်”

“အင်း.. ဘာလိုလိုနဲ့ ငါ့သားလေးတောင်ရက်တစ်ရာကျော်လာပါပေါ့လား ခုထိနာမည်မပေးရသေးဘူး၊၊ သာလေးကိုဒီနေ့တော့နာမည်ပေးလိုက်တော့မယ်မိစိန်၊၊ နင်ပြောသလို ငါတို့သားလေးက မျက်နှာလေးဝိုင်းဝိုင်းစက်စက်လမင်းကြီးနဲ့တူတယ်ဆိုတော့၊၊သူမွေးနေ့ကလဲဗုဒ္ဓဟူးသားဖြစ်တာကြောင့်
လှမင်းလို့ ငါနာမည်ပေးမယ် နင်သဘောကျလား”
“ကျတာပေါ့ ကိုထွန်းမြတ်ရယ် ကျုပ်သားနဲ့ရှင်ပေးတဲ့နာမည်နဲ့လိုက်မှလိုက်”

ကိုထွန်းမြတ်တို့ဇနီးမောင်နှံသည်
သားလေးကိုနာမည်ပေးပြီးသည်နှင့်
တစ်ယောက်လက်တစ်ယောက်ဆုပ်ကာ
သားလေးမျက်နှာကို မဝတမ်းမျက်တောင်မခပ်ကြည့်ရှု့၍ ရင်မှလာသောမေတ္တာများဖြင့်
ချစ်၍မဝ ရှိနေကြပါတော့သည်၊၊

ကိုထွန်းမြတ်တစ်ယောက်အလုပ်တွေကြိုးစားလုပ်သည် ဇနီးဖြစ်သူကလည်း စီးသည့်ရေ ဆယ်သည့်ကဇင်းဆိုသည်အတိုင်း ရသမျှငွေကြေးကို စနစ်တစ်ကျစုဆောင်းသည်၊၊သူတိုဇနီးမောင်နှံနှစ်ဦး၏ရည်ရွယ်ချက်က သားလေးလှမင်းအတွက်ဖြစ်သည်၊၊ခုဆိုကိုထွန်းမြတ်တို့ဇနီးမောင်နှံသည် သူတို့နေသောရွာလေးတွင် လယ်ပိုင်ရှင် လူချမ်းသာစာရင်းဝင်တစ်ဦးပင်ဖြစ်နေလေပြီ၊၊

“မိစိန်ရေ ”
“ဘာလဲတော်”
“သားလေးလှမင်းဒီနှစ်ရှစ်တန်းအောင်ရင်
အထက်တန်းပညာသင်ဖို့ မြို့ကိုပို့ပြီးကျောင်းထားရမှာနော်”
“အင်း….. ဟုတ်တယ်နော်. ဒါဆိုကျုပ်တို့သားလေးနဲ့ အကြာကြီးခွဲနေကြမှာ ခွဲနေရမဲ့အရေး
တွေးတာနဲ့တောင်ရင်တွေပူလိုက်တာတော်၊၊
တကယ်သာခွဲပြီးသားလေးစာသွားသင်ရင်
ကျုပ်သေများတောင်သေမလားမသိဘူး”

“မိစိန်ရယ် အဲလောက်နင်တစ်ယောက်ထဲအဖြစ်သဲမနေပါနဲ့ ငါကလဲသူ့အဖေပါ၊၊
ငါလဲဘယ်ခွဲပြီးထားချင်ပါမလဲ၊၊ ဒါပေမဲ့
သားလေးရဲ့ရှေ့ရေးအတွက် ငါတို့ ခဏတာတော့ခွဲနိုင်အောင်ကြိုးစားရမှာပေါ့မိစိန်”

ကိုထွန်းမြတ်သည် သူပြောစကားဆုံးသည်နှင့် ဇနီးသည်၏အနားမှထကာ ပြူတင်းပေါက်တံခါးသို့သွားကာ အဝေးသို့မျှော်ကြည်ရင်း
အတွေးစများဖြင့်ငေးမောကာနေလေသည်၊၊

“အမေ ရေ. အမေ. အဖေရော. ကျွန်တော်စာမေးပွဲအောင်တယ်အမေရဲ့”

“ကိုထွန်းမြတ်. ရှင်သားကစာမေးပွဲအောင်တယ်တဲ့တော်ရေ ကျုပ်ဖြင့်ဝမ်းသာလိုက်တာတော်၊၊ရှင်ကောဝမ်းမသာဘူးလားကိုထွန်းမြတ်”

“မိစိန်ရယ် နင်ဘယ်လိုမေးလိုက်တာလဲ ငါ့သားစာမေးပွဲအောင်တာ အဖေဖြစ်တဲ့ငါက ဝမ်းမသာပဲနေပါမလားမိစိန်”
“သိပါဘူးတော် ရှင့်ကြည်ရတာကျုပ်အားမရလို့ပြောမိတာပါ”

ကိုထွန်းမြတ်တို့ဇနီးမောင်နှံသည် သားလေးလှမင်းပညာရေးအတွက် ရှေ့ရေးကိုစဥ်းစားကာ နှစ်ချုပ်ဖြင့် ဘော်ဒါဆောင်ကိုအပ်ခါ ကျောင်းကို တက်စေခဲ့သည်၊၊
သားဖြစ်သူကလည်း အပတ်တစ်ကုတ်ကြိုးစားအားထုတ်ပြီး ကျောင်းစာကိုသာအလေးထား သင်ကြားနေလေသည်၊၊
ကိုထွန်းမြတ်တို့ဇနီးမောင်နှံမှာဖြင့် တစ်ဦးတည်းသောသား လိမ်မာယဥ်ကျေးပြီးမိဖစကားနားထောင်သည်ကြောင့် စိတ်ချမ်းသာစွာဖြင့် သားအတွက်ရင်အေးရလေသည်၊၊
သားလေးလှမင်းသည် မိဖ၏အားပေးမှုနှင့်အတူ မိမိ၏ကြိုးစားမှုများကြောင့် ကိုးတန်းကိုအခက်အခဲမရှိအောင်မြင်ခဲ့လေသည်၊၊

“မိစိန်ရေ”
“ဘာတုန်းတော်”
“မင်းသားလှမင်း ကိုးတန်းကိုတော့
ချောချောမောမောအောင်ခဲ့ပြီ၊၊ ဒီနှစ်ဆယ်တန်းကိုတော့ တို့တွေကြပ်ကြပ်မတ်မတ်နဲ့
သားကိုထိမ်းသိမ်းပြီးအစစ အရာရာ ပညာရေးကနေ တစ်ခြားစိတ်လည်မသွားအောင်သတိပေးဖို့လိုမယ်ထင်တယ်မိစိန်”

“ကိုထွန်းမြတ်ရယ် ကျုပ်တို့သားလေးကလိမ်မာပြီးသားပါနော်၊၊ဒါကြောင့်ပညာသင်တဲ့အချိန်လေးမှာ. ကလေးကိုစိတ်ညစ်စရာဖြစ်မဲ့
ဖိအားတွေမပေးပါနဲ့တော်၊၊ သူစိတ်နဲ့လွတ်လွတ်လပ်လပ်စာသင်ပါစေ”

“အင်း…. မိစိန်ပြောတာလဲဟုတ်ပါတယ်လေ
သားလေးကလိမ်မာပြီးသားပဲ စိုးရိမ်လို့သာပြောမိတာပါမိစိန်ရယ်”

ကျောင်းတွေပြန်ဖွင့်လို့ လှမင်းတစ်ယောက်
ဆယ်တန်းပညာကိုသင်ယူလိုနေပေပြီ၊၊
လှမင်းအရင်နှစ်နှင့်မတူတော့ စာကိုအလေးထားမကြိုးစားတော့၊၊သူငယ်ချင်းတွေနှင့် မြို့ထဲလည်ပတ်လာသည် ၊၊ဆေးလိပ်ပါသောက်၍ လဘက်ရည်ဆိုင်ထိုင်သောအကျင့်တွေတတ်လာသည်၊၊ မိန်းကလေးတွေကို
နောက်ပြောင်စတတ်လာသည်၊၊ တစ်ခါတစ်ရံ
အရက်ပါသူငယ်ချင်တွေနှင့်သောက်သည့်အထိဖြစ်လာလေသည်၊၊ဒီအဖြစ်
ဒီအကြောင်းရင်းကိုတော့ ရွာမှ မိဖများလုံးဝမသိကြပေ၊၊ ဒီလိုနှင့်အချိန်သည်တဖြေးဖြေး
ကုန်ဆုံးလာကာ လှမင်းတစ်ယောက် ဆယ်တန်းကျပါတော့သည်၊၊

“သားလေးရယ် ဆယ်တန်းကျတာ ဘဝကြီးတစ်ခုလုံးပျက်သွားတာမဟုတ်သလို၊၊
သားဘဝလဲအနာဂတ်တွေမဲ့သွားတာမဟုတ်ပါဘူးဒါကြောင့် ယုံကြည်ချက်နဲ့ ဆက်ကြိုးစား. ဒီနှစ်မအောင် နောင်နှစ်တော့အောင်မှာပေါ့သား”

ဖခင်ဖြစ်သူကိုထွန်းမြတ်သည် စာမေးပွဲကျသွားသေားသားကို အားမပျော့ အားမလျော့ရန် စိတ်ခွန်အားတွေပေးနေလေသည်၊၊

“ဟုတ်ပါတယ်သားလေး. မင်းအဖေပြောသလိုစာမေးပွဲဆိုတာ အောင်ရင်အောင်၊၊မအောင်ရင်ကျ. ဒီနှစ်မျိုးပဲရှိတာ ဒါကြောင့်ဒီနှစ်မအောင်. နောင်နှစ်အောင်ရမယ်ဆိုတဲ့စိတ်ကိုသာမွေးထား… သားလေး၊၊သားကြိုးစားရင်နောက်နှစ်အောင်မှာပါ အမေ့သားကတော်တာအမေသိပါတယ်”

လှမင်းကတော့ဖြင့် အဖေနှင့် အမေအားပေးစကားပြောနေသည်ကိုပင် စိတ်မပါသလို မလွဲသာနားထောင်နေမှုမျိုးဖြင့်နားထောင်နေလေသည်၊၊

ဒီလိုနှင့်ပင် နွေရာသီမှ မိုးရာသီသို့ရောက်ခဲ့ပြန်ပြီ လှမင်းတစ်ယောက်ကတော့ ဆယ်တန်းပြန်ဖြေရန်ကျောင်ပြန်တက်လို့နေပါပြီ၊၊

“မိစိန်ရေ ဒီနှစ်တော့ငါတို့သားလေး စိတ်ချမ်းသာဖို့ အရေးကြီးတယ် ၊၊
သားလေးအသုံးလိုလို့ ငွေမှာတဲ့အခါ မညိုမငြင်ပေးနော်မိစိန်၊၊စိတ်ချမ်းသာမှစာကျက်လို့ရမှာ စာကျက်လို့ရမှ စာမေးပွဲကအောင်မှာ”

“ဟုတ်ကဲ့ပါကိုထွန်းမြတ်ရယ် ကျုပ်သားလေးအလိုရှိလိုမှာတိုင်းပေးနေတာပါ၊၊ ဘာပဲဖြစ်ဖြစ်သာလေးစိတ်ချမ်းသာဖို့ကအရေးကြီးတယ်၊၊ ဒီနှစ်တော့သားလေးစာမေးပွဲအောင်မှာပါတော်”

ကိုထွန်းမြတ်တို့ဇနီးမောင်နှံသည် အချိန်တိုင်း အခါတိုင်း သားအတွက်သာတွေး၍၊၊
သူတို့ဘဝကို သားအတွက်သာပေးထားကြလေသည်၊၊ အရာရာတိုင်းသားအတွက်သာ၊၊

……… အခန်း(၃)

အချိန်ကာလသည်. မိုးမှ. ဆောင်းသိုပင်ရောက်ရှိလာခဲ့ပြန်ပေသည်၊၊. ကိုထွန်းမြတ်သည် မိုးရာသီလယ်လုပ်သည့် လုပ်ငန်းခွင်ပြီးဆုံးသည်နှင့် ၊၊ အနားမယူနိုင်
ဆောင်းရာသီအစ. နွေစပါးစိုက်နိုင်ဖိုကို လုံးလစိုက်ကာအထူးကြိုးစားနေလေသည် ၊၊ အချိန်ရှိတုန်းကြိုးစားသမျှ သားအတွက်သားဖြစ်သည်၊၊

“မိစိန်ရေ ဒီနှစ်လယ်ထွက်စပါးတွေရောင်းပြီရင်တော့ သားလေး ရဟန်းခံဖို့အတွက်စပါးရောင်းရသမျှငွေကို၊၊. တို့ရွာဦးဆရာတော်ကိုအပ်ထားကြရျအာင်နော်”

“ကောင်းတာပေါ့ကိုထွန်းမြတ်ရယ် နောင်နှစ်ဆိုသားက ရဟန်းခံလိုရပြီလေ တစ်ဆယ်ကိုးနှစ်ထဲရောက်လာပြီ”

ကိုထွန်းမြတ်တို့ဇနီးမောင်နှံသည် သားရဟန်းခံဖို့အရေးဆွေးနွေးတိုင်ပင်ပြီးချိန်တွင်၊၊

“ကဲမိစိန်. ထမင်းစားကြမယ် ထမင်းခူးဟာ”
ကိုထွန်းမြတ်စကားကြောင့်မိစိန်သည်မီးဖိုချောင်အတွင်းဝင်ကာ ထမင်းစာရန်ပြင်လေတော့သည်၊၊

“အမေရေ.. အမေ့. . ဘယ်သူမှမရှိကြဘူးလား”

သား၏အသံကြားသည်နှင့်ထမင်းစားနေကြသော ကိုထွန်းမြတ်တို့ဇနီးမောင်နှံသည် အိမ်အပေါက်ဝကို အဆောတလျင် ထွက်၍လာလေသည်၊၊

“ဟယ်သားလေး. အထုပ်တွေအပိုးတွေနဲ့ပါလား၊၊ ကျောင်းပိတ်လို့ပြန်လာတာလားသား”

“မဟုတ်ဘူးအမေ. သားမိန်းမခိုးလာတာ
သူက.. သားခိုးလာတဲ့မိန်းမ နံမည်က ယင်းမာတဲ့. အမေ”

“ဘာ.. ဘာ. ဘယ်လို… သား
မိန်းမခိုးလာတာဟုတ်လား”

“ဟုတ်တယ်အမေ. သားမိန်းမခိုးလာတာပါ”
ကိုထွန်းမြတ်ရေ. တော့်သားအလိမ်မာကြီးက. မိန်းမခိုးလာပြီတဲ့တော့”

ကိုထွန်မြတ်သည်အိမ်ပေါက်ဝမှရပ်ကြည့်နေရာတွင်ထိုသို့စကားဆိုလိုက်လေသည်၊၊

“ကဲမိစိန်. ကလေးတွေကို ထွေရာလေးပါးမေးမနေတော့နဲ့ အိမ်ပေါ်သာခေါ်လိုက်တော့”

ကိုထွန်းမြတ်၏စကားဆုံးသည်နှင့် လှမင်းနှင့်သူခေါ်လာသောမိန်းကလေးကို မိစိန်က အိမ်ပေါ်သို့တက်ရန်ခေါ်လိုက်လေသည်၊၊
ကိုထွန်းမြတ်သည် ပက်လက်ကုလားထိုင်ပေါ်တွင်ထိုင်ချကာ မည်သူတစ်ဦးတစ်ယောက်ကိုမှ စကားမပြောတော့ပေ၊၊ မိစိန်သည်အိမ်ရှေ့ခန်းတန်းယားပေါ်တွင်ထိုင်ကာ ဆေးလိပ်ကိုသာမိးညှိ၍ဖွာရှိုက်နေတော့သည်၊၊
လှမင်းကတော့ သူမိန်းမကိုခေါ်၍ သူနေသောအခန်းထဲသို ဝင်သွားလေသည်၊၊

ကိုထွန်းမြတ်တို့ဇနီးမောင်နှံသည် ညအိပ်ရာဝင်သည့်အချိန်တွင် သားဖြစ်သူရှေ့ရေးအတွက်ဆွေးနွေးကြလေသည်၊၊

“မိစိန် ငါတိုသားက. ပညာရေးကတော့ မျှော်လင့်စရာမရှိတော့ဘူး၊၊ ဒါကြောင့်လယ်သမားသားသမီးဖြစ်တဲ့သားကို လယ်ယာလုပ်ငန်းကို ကျွမ်းကျင်အောင် ခိုင်းဖို့လိုလာပြီမိစိန်၊၊
ဒါမှငါတို့မျက်လုံးမှိတ်တဲ့အခါ ရင်အေးရမှာ”

“ရှင်ပြောတာမှန်တော့မှန်ပါတယ် ကျုပ်သားလေးကအသက်အရွယ်ကငယ်နေသေးတော့ပင်ပင်ပန်းပန်းတွေ လုပ်နိုင်ပါ့မလာတော်”

“မိစိန်ရယ် တဖြေးဖြေးတော့ဖြစ်လာရမှာပေါ့ဟာ သားကိုဒီလိုမှမခိုင်းရင် ပေါ့ပေါ့နေ. ပေါ့ပေါ့စားဖြစ်ပြီးအလုပ်တန်ဖိုးနားမလယ်ပဲ ငွေကိုလွယ်လွယ်သုံးတတ်သူဖြစ်သွားလိမ့်မယ်”

“အင်းလေ. ဒါဆိုလဲ ရှင်ပဲသားကို လယ်ယာအလုပ်တွေနားလည်လာအောင်ခိုင်းပေါ့တော်”

နွေမိုးဆောင်းရာသီတွေပြောင်းလို့ အခြေအနေ၏အလှည့်အပြောင်းကြောင့်
လှမင်းတစ်ယောက် လယ်သမားကြီးပင်ဖြစ်နေလေတော့သည်၊၊ ဆောင်းအကုန်နွေအကူးရာသီမို့ လယ်ကွက်ထဲတွင် ရိပ်စည်းထားသောစပါးကောက်လှိုင်းများကို အလုပ်သမားများနှင့်အတူ တလင်းထဲသို့ ကဲ့ယူကာစီထပ်နေလေသည်၊၊ လယ်ကွင်းသည်အနိမ့်ဖြစ်သည်ကြောင့် ချွေလှေ့စက်ဖြင့်တခါတည်း ချွေလှေ့၍မရပေ ထို့ကြောင့်ရေလွတ်ရာ မြင်သောနေရာတွင် တလင်းလုပ်၍ စပါးများကို ကဲ့ယူကာပုံထားရလေသည်၊၊
ကောက်လှိုင်းထမ်းသောအလုပ်သည် အလွန်ပင်ပင်ပန်းလေသည်၊၊လယ်ကွက်ထဲတွင်ရေများရှိနေသဖြင့် မြေကြီးသည် ကောက်လှိုင်းစီးကိုထမ်း၍လမ်လျောက်တိုင်း ခြေသလုံးဝက်လောက်အထိနစ်မြုတ်ဝင်သွားသဖြင့်
အလွန်ပင်ပန်းကြီးစွာဖြင့်ကောက်လှိုင်းကိုထမ်းနေကြလေသည်၊၊
အလုပ်သမားများသည် အလုပ်လုပ်ရသည်ကို ပင်ပန်းသည်ဟုအကြောင်းပြကာ
အလုပ်ပြီးချိန်တွင် အရက်များသောက်ကြလေတော့သည်၊၊

“ကိုလှမင်းလာဗျာ ခင်ဗျားလည်း တလင်းထဲမှာ ကောက်လှိုင်းစီ ကောက်လှိုင်းတွေထပ်နေရတာပင်ပန်းတာပဲ၊၊ ကျွန်တော်တို့နဲ့အတူ နဲနဲ
လောက်သောက်လိုက်ဗျာ”

“မလုပ်ပါနဲ့ကိုဖိုးထောင်ရယ် ကျွန်တော်ကတစ်ခါမှသောက်ဖူးတာမဟုတ်ဘူး မသောက်ပါရစေနဲ့ဗျာ ခင်ဗျားတို့သာသောက်ကြပါ”

လှမင်းသည် တစ်ခါမှမသောက်ဘူးပါဟု
ငြင်းလိုက်လေသည်၊၊ သိုသော် မြို့တွင်သူငယ်ချင်းများနှင့် သောက်ဖူးထားသူဖြစ်၍အရက်၏အရသာကိုခံစားဖူးနေသည်
စိတ်ထဲတွင်ကိုဖိုးထောင်နောက်တစ်ကြိမ်ခေါ်
လျင်သောက်တော့မည်ဟုတွေးနေချိန်လေးမှာပင်၊၊

“လာပါကိုလှမင်းရဲ့ တစ်ခါမှမသောက်ဘူးလဲ
တစ်ခါလောက်သောက်ကြည့်ပါ၊၊ သောက်ပြီးတာနဲ့ ပင်ပန်းနေတဲ့အရာတွေ အခုအလုပ်လုပ်ရလို့ ကိုယ်တွေ လက်တွေနာနေတာ ယူပစ်သလိုပျောက်သွားမှာ မယုံရင်တစ်ခွက်လောက်သောက်ကြည် ကိုလှမင်း”

လှမင်းသည် ကိုဖိုးထောင်၏ တိုက်တွန်းအားပေးမှု့ကြောင့် အရက်တစ်ခွက်ကို သောက်မိလေသည်၊၊ တစ်ခွက်သောက်မိလေတော့ အရက်တို့၏ စေ့ဆော်မှု့ကြောင့် ဆက်ကာဆက်ကာသောက်နေမိသည်၊၊

“ကဲ… ကိုဖိုးထောင် ခင်ဗျားပြန်ရင် အိမ်ကိုပြောလိုက်ဗျာ ကျွန်တော်ဒီည ကျွန်တော်တလင်းထဲမှာ ကောက်လှိုင်းတွေစောင့်ရင်အိပ်မယ်လို့.. ပြီးတော့ကျွန်တော်မိန်းမကိုလဲ ထမင်း နဲ. အိပ်ဖိုအတွက် စောင်ပါယူလာပေးဖို့ပြောလိုက်ပါ ကျွန်တော်တော့ မူးနေလို့မပြန်နိုင်တော့ဘူး က်ိုဖိုးထောင်ရေ”

“ဟုတ်ကဲ့ကိုလှမင်း. ကျွန်တော်ခင်ဗျားအိမ်ကိုအရောက်သွားပြီးပြောဖြစ်အောင်ပြောလိုက်ပါမယ်”

ကိုဖိုးထောင်နှင်အတူ အလုပ်သမားများသည်
ကိုလှမင်းကိုနှုတ်ဆက်ကာပြန်သွားကြလေသည်၊၊

လှမင်းသည် သူ၏မိန်းမလာပို့သောထမင်းကိုစားပြီးသည်နှင့် တစ်နေ့လုံးပင်ပန်းနေမှုနှင့်အတူ အရက်ရှိန်ကြောင့် ထမင်းစားအပြီးခဏအတွင်းပင် အိပ်ပျော်၍သွားလေသည်၊၊

ထိုခဏမှာပင် လှမင်း၏အလုပ်သမားများ
အရက်နှင့်မည်းရန် လယ်ကွင်းထဲမှရသောငါးများကို ကင်၍စာရန်မွှေးထားသောမီးမှာ၊၊ မီးကြွင်းများကျံနေခဲ့သဖြင့် ထိုမီးသည်လေနှင့်အတူရွေ့လျားကာ တစ်လင်းအတွင်းပုံထားသောကောက်လှိုင်းများကိုစတင်လောင်ကျွမ်းပါတော့သည်၊၊
ညသည် ရှစ်နာရီခန့်အချိန်သာရှိနေသေးသဖြင့် ရွာသူရွာသားများသည့်မအိပ်ကြသေးပေ
ကိုထွန်းမြတ်၏ တလင်း မီးလောင်နေသည်ကို မြင်သဖြင့် အော်ဟစ်ကာမီးလောင်နေသည်အကြောင်းပြောဆိုကာ မီးလောင်နေသောတစ်လင်းအားဝိုင်း၍မီးငြိမ်းသတ်ကြလေသည်၊၊
ကိုထွန်းမြတ်တို့ဇနီးမောင်နှံမှာ သားဖြစ်သူ
တလင်းအတွင်းအိပ်နေသည်ကို စိုးရိမ်စိတ်များဖြင့် သားရှိရာ တလင်းအတွင်းသို့ အတင်းဝင်ရောက်ကာသားကိုရှာကြလေသည် မိခင်ဖြစ်သူမစိန်မှာ မီးအပူကို သတိမထားနိုင် သားကိုတွေ့လိုဇောဖြင့် မီးတောက်အတွင်းကို လှည့်ပတ်ကာရှာနေလေသည်၊၊
မီး၏ပူပြင်းသောအရှိန်ကြောင့်မိစိန်သည်မီးတောက်အတွင်းလဲကြသွားလေသည်၊၊

“ဟာ.. ဟိုမှာ. မိစိန်. မီးပုံထဲလဲကျသွားပြီ
ကယ်ကြပါဦး”

ရွာသူရွာသားများ၏ ကယ်တင်မှုကြောင့်မီးနှင့်လွတ်ရာသို့ရောက်ခဲ့သော်လည်း တစ်ကိုယ်လုံးမီးလောင်ဒဏ်ရာများပြည့်နှက်ကာဝေဒနာကိုပြင်းပြစွာခံစားရင်းသတိလစ်၍သွားလေသည်၊၊

လှမင်းမှာတော့ ရွာသူရွာသားများ၏ကူညီမှုကြောင့် မီးပြင်းထန်စွာလောင်ကျွမ်းမခံရပဲ မီးဘေးမှလွတ်ကင်းလေသည်၊၊
မိစိန်ကို တော့ဖြင့် အရေးပေါ်ဆေးရုံသိုပို့ဆောင်ကုသရလေသည်၊၊

…………. အခန်း (၄)

မိစိန်တစ်ယောက် ဆေးရုံကိုရောက်ပြီးဆေးကုသနေရသည်မှာ ရက်လေးဆယ်ပင်ကျော်ခဲ့လေပြီ၊၊ပြင်းထန်စွာလောင်းကျွမ်းခံရသည့်မီးအပူရှိန်ကြောင့်မျက်လုံးနှစ်လုံးကွယ်သွားရလေသည်၊၊ ခန္ဓာကိုယ်ကိုလောင်ကျွမ်းသောဒဏ်ရာများမှာပျောက်ကင်းလုဖြစ်ပြီမို့ဒီကနေ့ပင်ဆေးရုံမှဆင်းခွင့်ရလေသည်၊၊

လှမင်းသည်အမေကဆေးရုံတက် အဖေကလူနာစောင့်နေချိန်တွင် အိမ်မှာသူကိုယ်တိုင်စီးပွားရေးကိုဦးစီးလုပ်ကိုင်နေရသည်ဖြစ်သောကြောင့်သူ့အား၊၊ အလုပ်သမားများမှ ချော့တစ်လှည့်မြှောက်တစ်ခါဖြင့် ညာပေါင်းညာစားနေကြခြင်းကြောင့် အလုပ်ကိုပင်အလေးမထား အပေါင်းအသင်းများနှင့် သောက်သောက်စားစားဖြင့်အချိန်ကုန်နေလေတော့သည်၊၊
သူယူထားသောသူမိန်းမသည်လည်း
ယောကျ်ားကို မထိမ်းသိမ်းသည့်အပြင် ယောကျ်ာနှင့်အတူ ရောနှောကာပင် အရက်ကို သောက်နေလေသည်၊၊

မိစိန်တို့ အိမ်ပြန်ရောက်လာကြပြီ သားဖြစ်သူလှမင်းနှင့် သူ၏မိန်းမ ယင်းမာတို့သည်
မိခင်ဖြစ်သူအား နွေးနွေးထွေးထွေးဖြင့်ပြုစုစောင့်ရှောက်ရမည့်ကို ဥပေက္ခာပြုကာ မိခင်ကိုအလေးမထားပဲ မသိကြိုးနွံပြုကာနေကြလေသည်၊၊ မိခင်ဖြစ်သူမှာဖြင့်သူခံစားခဲရသောဝေဒနာကိုပင်အလေးမထားနိုင်ပဲသားဖြစ်သူကို မေးနေလေသည်၊၊

“သားလေး. မင်းအလုပ်တွေလုပ်နေရလို့
အတော်ပင်ပန်နေသလား၊၊ သက်သက်သာသာနားနားနေနေလုပ်ပါသား
သိပ်ပင်ပန်းမဲ့အလုပ်ဆို အလုပ်သမားတွေကိုခိုင်းပါ”

“မပင်းပန်းပါဘူးအမေ သားလုပ်နိုင်ပါတယ်”

လှမင်းသည်မိခင်မေးသောစကားကို စိတ်မပါတပါဖြင့်ဖြေကြားနေသည်၊၊
“အမေသားနွားတွေ အစာကျွေးစရာရှိလို့ သွားလိုက်ပါဦးမယ်နော်”

“အော်… အေး. အေး. သွားသား. သွားပါ”
လှမင်းသည်သူ့မိန်းမကိုခေါ်ကာ အိမ်မှ နွားတင်ကုပ်ဆီသို့သွားလေသည်၊၊
ကိုထွန်းမြတ်သည်. သားနှင့်ချွေးမ၏ မထင်မှတ်သောအပြုအမူများကိုမြင်တွေ့ရသဖြင့် စိတ်မကောင်းကြီးစွာဖြစ်ကာ မိစိန်ကို အိမ်းဦးခန်းအတွင်းဖက် မှာနေရာချပေးလေသည်၊၊

မိစိန်တစ်ယောက် ဆေးကုရာမှာ အိမ်ပြန်ရောက်လာသည်မှာလေးလပင်ကျော်ခဲ့လေပြီ၊၊ မျက်လုံးမမြင် သောမိစိန်၏ဝေယျာဝစ္စများကိုတော့ဖြင့် သားဖြစ်သူလှမင်းနှင့် မိန်းမဖြစ်သူတိုကလုပ်ကိုင်ဆောင်ရွက်ပေးမှုမရှိတာကြောင့် ၊၊ကိုထွန်းမြတ်သာ ချေး သေး သန့်စင်ကာ အချိန်မှန်ရေးချိုး. ထမင်းကျွေးအလုပ်ကို လုပ်ဆောင်နေရလေသည်၊၊
သားနှင့်ချွေးမသည် မိခင်လို့ပင်သဘောမထား အနားသို့ပင် မကပ်ပါတော့ပေ၊၊
ကိုထွန်းမြတ်သည် မိန်းမဖြစ်သူ လူနာအားနေ့ညမပြတ် အမြဲစောင့်ကြပ်ပြုစုနေရသည်ကြောင့် ၊၊ ရက်ရှည်လများဖြစ်လာသည့်အခါ အိပ်ရေးပျက်သည့်တွေများလာသည်ကြောင့် အစားအသောက်တွေမမှန်တော့ပဲကျန်းမာရေးချို့တဲ့လာကာ အားအင်တွေနဲလာပြီး အောက်တ‌စ်ပိုင်းသေ၊၊လေဖြတ်သွားသည့်အဖြစ်ကိုခံစားရပါတော့သည်၊၊
မိစိန်မှာတော့ ကိုထွန်းမြတ်လေဖြတ်သွားသည်ကြောင့် ဂရုစိက်ပြုစုစောင့်ရှောက်မည်သူမရှိတာကြောင့် ချေး. သေး အလူးလူးဖြင့် ဖြစ်နေရှာတော့သည်၊၊

“အမေကြီးကလည်း ရှုးပေါက်ဖို့ခွက်. ချေးယိုဖို့ခွက်. ပေးထားတာတောင် ဒီခွက်ထဲ ကို တည့်အောင်မယိုနိုင်ဘူးဆိုတော့ မများလွန်းဘူးလား၊၊ နေ့တိုင်းနေ့တိုင်းဒီလိုတွေလျော်ဖွတ်နေရရင် မခက်ဘူးလား. နောက်တစ်ခါ ခွက်ထဲကိုတည့်အောင်ရှုးပေါက်မထည့်ဘူးဆိုရင်တော့ ဒီအတိုင်းပဲထားလိုက်တော့မှာ”

ချွေးမဖြစ်သူ၏ ငြူစူဆောင့်အောင့်မကြည်မဖြူ လုပ်ကိုင်ပေးမှုတွေကို မိစိန်တစ်ယောက်
မျက်ရည်စက်လက်ဖြင့် ခါးဆည်းကာခံနေရပါတော့သည်၊၊
ချွေးမ၏ပြောစကားသံကိုကြားနေရသောကိုထွန်းမြတ်မှာလည်း ရင်ထဲက အမည်မသိဝေဒနာများသည် တိုး၍ တိုး၍ခံစားနေရသည်၊၊

ချွေးမအနားမှထွက်သွားချိန်တွင်၊၊
“မိစိန်ရယ်. နင့်ကိုငါပြုစုနိုင်ဖို့အသာထားလို့
ငါ့ကိုယ်ငါတောင် ဖင်ရွေ့သွားနေရတဲ့အဖြစ်၊၊
သားဖြစ်သူကဂရုမစိုက်တဲ့အပြင် ချွေးမကပါအခုတို့လင်မယားကို မသထာတော့ဘူးမိစိန်”

“ဘာတတ်နိုင်မလဲကိုထွန်းမြတ်ရယ် ကျွန်မတို့ကံပဲပေါ့ ၊၊ သားလေးကိုတော့မေတ္တာမပျက်ပါနဲ့ရှင် သူခမျာအလုပ်တွေကလဲပင်ပန်း စီပွားရေးကိုဦးဆောင်လုပ်နေရတော့ မိဖကို ပြန်လှည့်မကြည့်နိုင်တာဖြစ်မှာပါ”

“ကဲ. မိစိန် စကားပြောတာခဏနားနင့်ချွေးမကျွေးတဲ့ထမင်လေး စားလိုက်ပါဦး တော်ကြာအားပြတ်နေပါမယ်”
“အင်းပါတော် ကျုပ်စားလိုက်ပါမယ်”

ကိုထွန်းမြတ်သည် မိန်းမထမင်းစားသည်မှာမျက်လုံးမမြင်သည့်အတွက် ဟိုစမ်းစမ်း. ဒီစမ်းစမ်းဖြစ်နေသည်ကိုမြင်သဖြင့် အနားကိုတိုးခါ ထထမင်းကို မိန်းမအားခွံ့ကျွေနေလေသည်၊၊

…….. အခန်း .. (၅)

လှမင်း ထူးထူးခြားခြား မိစိန်ကို ထမင်းကျွေးနေလေသည်၊၊
“အမေ ဒီမှာထမင်းစားလိုက်အမေ၊၊ ဝက်သားဟင်းနဲ့”
ဝက်သားဆိုသည့်အသံကြားသည်နှင့် သူအလွန်ကြိုက်သော အစာဖြစ်နေ၍ အိပ်ယာမှအမြန်ထကာ သားဖြစ်သူ လှမင်း ၏အနားလာချပေးသာထမင်းပုဂံကို လက်ဖြင့်စမ်းကာကိုင်လိုက်လေသည်၊၊ ပါးစပ်မှလည်းတီးတိုးရေရွတ်ရင်းအမေစားမယ်နော်ဟုမဝံ့မရဲပြောကာ ထမင်းလုပ်ကိုပါးစပ်အတွင်းသွင်းလိုက်လေသည်၊၊
“အမေက ဝက်သားဆိုအဆီကိုကြိုက်တာ အခုသားထည့်လာတဲ့ဟင်းက အသားတွေများတယ်နော်”
မိစိန်စကားကို လှမင်းကြားသည်အခါ၊၊
“စားမှာသာစားပါအမေရာ အသားဖြစ်ဖြစ် အဆီဖြစ်ဖြစ် ဗိုက်ထဲရောက်သွားရင် ချေးဖြစ်သွားတာပါပဲ”
လှမင်းအမေကိုပြန်ပြောလိုက်သည့်စကားကြောင့် မိစိန်သည် မမြင်ရသောမျက်လုံးအစုံဖြင့် လှမင်းရှိမည်ထင်သောနေရာဘက်သို့ ရင်ထဲမချိိစွာဖြင့် ပါးစပ်အတွင်းသို့သွင်းရန်ကိုင်ထားသောထမင်းကိုဆက်မသွင်းတော့ပဲ
တွေတွေကြီးစိုက်ကြည်နေမိသည်၊၊

ကိုထွန်းမြတ်သည့်သူ၏အနီးအနားတွင်ဖြစ်နေသည်ကြောင့် ထိုအဖြစ်အပျက်ကို အားလုံးမြင်တွေ့နေရသည်ကြောင့်၊၊

“မိစိန်စားစရာရှိတာသာစားလိုက်ပါ ဘာမှဆက်ပြောမနေနဲ့ နင့်ကိုယ်နင်သိပေါ့မိစိန်
ကျွေးတာစားရမဲ့ဘဝဖြစ်နေတာကို နင်သိထားသင့်ပြီ”
လှမင်းသည် သူဖခင်ကိုထွန်းမြတ်၏ အပြောကြောင့်မျက်နှာပျက်ကာ အနားမှ ထသွားလေသည်၊၊
“မိစိန် နင်ကမျက်မမြင်ဘဝ. ငါက ဟိုသွားမရ ဒီလာမရ ဒုက္ခိတ၊၊ တို့လင်မယားကအရင်လိုစိတ်သွားတိုင်းကိုယ်မပါသလို ကိုယ်စွမ်းကိုယ်စမရှိတဲ့အချိန်မှာ နင်ရဲ့သားပြုသမျှနုရမဲ့အချိန်မှာ အစစအရာရာ သတိလေးနဲ့အသက်ကိုမွေးပါမိစိန်၊၊နင်…. သားလေးကိုဘယ်လောက်ချစ်တယ်တိုတာငါသိပါတယ်၊၊ဒါပေမဲ့နင်ချစ်တဲ့သားက နင့်.. အချစ်ကိုနားမလည်သလို သူကလည်းမိဖကျေးဇူးဆိုတာကို ဘာမှအသိအမှတ်ပြုပုံမရဘူး၊၊ နင်ကမျက်လုံးမမြင်တော့ ဘာမှမသိရပေမဲ့ ငါကမြင်တွေ့နေရတော့အရာအားလုံးကိုသိနေတယ်မိစိန်၊၊ ဒီတော့ မသေခင်အချိန်လေးမှာကိုယ်အသက်ကိုသာ. ကိုယ်ကြံမွေးပါမိစိန်”

ကိုထွန်းမြတ်သည် ဇနီးဖြစ်သူ၏လက်ကလေးကိုကြင်နာစွာဆုပ်ကိုင်ပြီး မျက်မမြင်ဇနီးကိုအသေချာစိုက်ကြည့်ပြီး ချစ်ဇနီး၏ကိုယ်မှ သေးစော်. ချေးစော်အနံ့များနှင့်အတူ မီးလောင်ဒဏ်ရာများကြောင့်ရုပ်ဆိုးရုပ်ပျက်ကြီးဖြစ်ပြီး ညှီစော်သင်းသင်းအနံ့
လေးကို ရှူရှိုက်ကာ၊၊ထိုသိုနှုတ်မှပွင့်အံထွက်လာသေည်၊၊

“မိစိန်. နင်ကုသိုလ်ကံ အတော်နည်းပြီးကံဆိုးလိုက်တာနော်”

ထိုမျှသာပြောနိုင်ပြီးဇနီးသည်ကိုကြည့်ကာမျက်လုံးအိမ်မှ မျက်ရည်များစီးကျလို့နေပါသည်၊၊
“မိုးလဲချုပ်ပြီ ဘုရာရှိခိုး. နင်ကောင်းမှုပြုခဲ့တာတွေ အာရုံပြုပြီးအိပ်လိုက်တော့မိစိန်”

မိစိန်သည် ကိုထွန်းမြတ်စကားကြောင့် မိမိအိပ်ရာအတွင်းသို့လက်ကလေးဖြင့်စမ်းကာဝင်သွားလေတော့သည်၊၊
မိုးစင်စင်လင်းပြီ ကိုထွန်းမြတ်သည်ဘုရားကိုအာရုံပြု၍ ဘုရားပင်ရှိခိုးပြီးလေပြီ၊၊
မိစိန်ကတော့ခုထိအိပ်ရာကမထသေး အိပ်နေတုန်းပင်ထင်၍ကိုထွန်းမြတ်ကမနိုးပေ၊၊
နေအတော်မြင့်၍ ရှစ်နာရီခန့်ပင်ရှိနေပြီ ထို့ကြောင့်ကိုထွန်းမြတ်သည် မနေသာတော့ပဲ ဇနီးရှိရာသို့ဖင်ရွေ့သွာကာ ခြင်တောင်ကိုဖွင့်၍ မိစိန်အားနိုးလိုက်လေသည်၊၊

“မိစိန်… မိစိန်.. ထတော့လေ. နေအတော်မြင့်နေပြီ”

ကိုထွန်းမြတ်ခေါ်နိုးနေသော်လည်းမိစိန်က တုတ်တုတ်မျှမလှုပ်၊၊ ထိုကြောင့်အနားကပ်၍မိစိန်လက်ကိုကိုင်ခါနိုးမည်လုပ်ပြီး
မိစိန်လက်ကိုကိုင်လိုက်လေသည်၊၊

“ဟင် လက်ကအေးစက်နေပါလား”
ကိုထွန်းမြတ်သည်ထိန့်လန့်စွာဖြင့် ရင်ဘတ်ကို ဖိကာစမ်းကြည့်လိုက်သည်တွင်တော့၊၊

“ဟာ.. မိစိန်. အသက်မရှိတော့ဘူး. မိစိန်သေပြီပဲ”

ကိုထွန်းမြတ်သည် အံ့သြော တုန်လှုပ်စွာဖြင့် သားဖြစ်သူလှမင်းအားအော်၍ခေါ်လိုက်လေသည်၊၊

“လှမင်းရေ. သား… မင်းအမေသေနေပြီ လာကြည့်ကြပါဦးကွ”
ကိုထွန်းမြတ်၏အော်ခေါ်သံကြောင့် လှမင်းတို့လင်မယားသည် အပေါ်ထပ်မှပြေးဆင်လာကာ မိစိန်၏ လူသေကောင်ဘေးတွင်ထိုင်ကာ. ဟိုကြည့်ဒီကြည်ဖြင့် မိခင်တစ်ယောက်လုံးသေဆုံးသွားသည်ကိုပင် မတုန်အလှုပ်ဖြင့်ဘယ်လိုမှမခံစားရသလို၊၊

“သားလုပ်ပါဦးကွာ. မင်းအမေသေတာမှဟုတ်ရဲ့လား စမ်းကြည့်ပါဦး”

“အမေသေသွားပြီးအဖေ. သေသွားတော့လဲ့
သူအဖို့အေးသွားတာပေါ့ဗျာ”

“သား… မင်းဘာပြောလိုက်တယ် ”

လှမင်းသည် ကိုထွန်းမြတ်မေးသည်ကို ပြန်မဖြေတော့ပဲ့ မိန်းမကိုခေါ်ကာ ထွက်သွားလေသည်၊၊
ကိုထွန်းမြန်သည် သေဆုံးနေပြီဖြစ်သောဇနီးသည်၏အနားကိုကပ်ကာ မိစိန်၏ လက်ထဲတွင် ကျစ်ကျစ်ပါအောင်ဆုပ်ထားသောအရာကိုဖြည်၍ကြည့်လိုက်လေသည်၊၊

ဓာတ်ပုံလေး….. မိသားစုသုံးယောက် သားလေးရှင်ပြုပေးစဥ်အခါက ရိုက်ထားသော ဓာတ်ပုံလေး၊၊

“သြော်.. မိစိန်.. မိစိန်ရယ်”
ကိုထွန်းမြတ်ရင်ထဲဝယ် မိစ်ိန်ကိုပြောလိုသောစကားများသည်မြောက်များစွာရှိလေသည်၊၊သိုသော် ပြော၍ ကြားတော့မည် သိတော့မည်မဟုတ်သည်ကို ကိုထွန်းမြတ် နားလည်နေသဖြင့်ရင်တွင်းမှာပင် အပူလုံးကြီးအဖြစ် မျိုသိပ်ခါနေရလေသည်၊၊

ထိုအချိန်မှာပင် အပြင်မှာလူတွေဆူညံစွာဖြင့်အိမ်ပေါ်ကိုတက်လာကြသည်ကြောင့် ကိုထွန်းမြတ်၏အတွေးများသည် ပြတ်ကာသွားတော့သည်၊၊

လှမင်းနှင့် ရွာသူရွာသားများသည် မိစိန်၏ အသုဘကိစ္စအတွက်တိုင်ပင်နေကြသော်လည်း၊၊ ကိုထွန်းမြတ်ကတော့ ဇနီးသည် အိပ်ရာဘေးတွင် ဇနီးသည်၏အငွေ့အသက်များကို မေ့မရ တန်းတနေလျှက်သာ၊၊

ကိုထွန်းမြတ် ဇနီးသည်ကို တိုးတိုးလေးပြောလိုက်သည်က၊၊

” မိန်စိန်…… ငါလဲနင်ရှိရာအရပ်ကို. မကြာခင်လိုက်လာခဲ့ပါမယ်. မိစိန် ”

ဇွဲမာန်(ဧရာဝတီ)