ဣတ္ထိယ စည်း(စ/ဆုံး)
~~~~~~~~~~~~~
ဒီနေ့ ရွာဦးကျောင်းက ဆရာတော်ဘုရားကြီးရဲ့ သက်တော်ရှစ်ဆယ်
ပြည့်မွေးနေ့အလှူတော် ကျင်းပတဲ့နေ့ဗျ။ ကျောင်းဝန်းထဲမှာ မဏ္ဍပ်
ကြီးဟီးနေအောင် ထိုးလို့…ချက်ကြ/ ပြုတ်ကြ…ဝက်သားဟင်း…ငါး
သလောက်ပေါင်း…ငါးပိကြော်…ပဲဟင်းနဲ့ ထမင်းတွေ ကျွေးကြတာ
ပေါ့ဗျာ။
ကျုပ်တို့ဆတ်သေကုန်း တစ်ရွာလုံးသာမကဘူး…အနီးနားကရွာတွေပါ မီးခိုးတိတ်…ဗိုက်ခွေးနမ်းတဲ့ နေ့ဆိုလည်း မမှားဘူးဗျို့။ ဒီလိုနေ့အခါသယမျိုးမှာ တစ်ရွာလုံး ယာထဲ…ကိုင်းထဲဘယ်သူမှ မဆင်းကြဘူး။
ကျောင်းမှာပဲပျော်ပျော်ပါးပါး ဝိုင်းလုပ်…ဝိုင်းစားနဲ့ နေကြတဲ့နေ့ပေါ့ဗျာ။
အခုက နေမွန်းတည့်ပီရှိတော့…မဏ္ဍပ်ထဲမှာတစ်မနက်လုံး လူအများဖူးမျှော်ခံနေတဲ့ဆရာတော်ကြီးလည်း ကျက်သရေတော်ထဲမှာ အနားယူလို့နေပီဗျ။ ထမင်းကျွေးတဲ့ မဏ္ဍပ်ထဲမှာ ဦးဇင်းအချို့နဲ့ကိုရင်တွေပဲ
ကျန်နေခဲ့တာ…ဒီတော့ ကျုပ်တို့ ရွာသူရွာသားတွေလည်း ပိုလို့ လွတ်
လွတ်လွတ် လပ်လပ်ပျော်နိုင်တာပေါ့ဗျာ။
အဘနဲ့ အမေကတော့ တခြားသူတွေနဲ့ မဏ္ဍပ်ထဲမှာ လာသမျှလူ
အပေါင်းကို ကြိုဆိုဧည့်ခံနေကြတယ်။ ကျုပ်ကတော့ ထင်းခွဲတဲ့နေ
ရာမှာ တာဝန်ယူနေရတာဗျို့။ ကိုရွှေထီးတို့…ကိုလူပျော်တို့…ကို
ကြီး ကျားမနိုင်ဘအေးတို့လည်း မဏ္ဍပ်ထဲမှာ လိုအပ်တာတွေ လုပ်
ကိုင်ပေးနေကြတယ်ဗျ။
” သာအောင် !! ထမင်းသွားမစားသေးဘူးလားကွ ”
အသံကြားလို့ ကြည့်လို့တော့…ကျုပ်တို့ရွာက ရွာလူကြီးဘထွေးဖိုးဘ
ဖြစ်နေတာဗျို့။ လည်ကတုံး တိုက်ပုံ…ချိတ်ပုဆိုးနဲ့ အပြတ်ကိုသားနား
တောက်ပြောင်လို့နေတာဗျ။ကျုပ်လည်း ဘထွေးဖိုးဘကိုပြန်ပြောလိုက်
တယ်။
” ဟုတ်ကဲ့ ဘထွေး !! ဒါလေးကုန်အောင်တော့ ပေါက်လိုက်ဦးမယ်
…ထမင်းက နေကုန်ကျွေးမှာဆိုတော့…ထင်းပြတ်သွားမှာစိုးလို့ဗျ ”
ကျုပ် အဲလိုပြောလိုက်တော့…ဘထွေးဖိုးဘက သဘောကျသလိုပြုံး
လိုက်ပီး… ခေါင်းကြီးတဆတ်ဆတ်ညိမ့်လို့ ပြန်ပြောတာဗျ။
” မင်းကတော့…တကယ့်ကောင်ပဲ သာအောင်ရာ… ဆရာတော့်မွေး
နေ့မှာ… ကုသိုလ်ယူတာတောင် အပင်ပန်းဆုံးနေရာ…ဘယ်သူမှ
မလုပ်ချင် မကိုင်ချင်တဲ့ နေရာမှာမှ ကုသိုလ်ယူရတယ်လို့ ”
” ရပါတယ် ဘထွေးရာ…သူများတွေထက်ကုသိုလ်ပိုရတာပေါ့ ”
” အေးအေး !! အဲဒါကုန်ရင်တော့…ထမင်းစားဖို့လုပ်တော့…ငါ လည်း မဏ္ဍပ်ထဲပြန်သွားလိုက်ဦးမယ်ဟေ့ ”
ဘထွေးဖိုးဘ လှည့်ထွက်သွားတော့ ကျုပ်လည်း ကျန်နေတဲ့ထင်းတွေ
ကို ဆက်ခွဲနေလိုက်တယ်။ ထင်းတွေကုန်သွားတော့မှ…မဏ္ဍပ်ရှိရာ
ဘက်လျှောက်သွားလိုက်တာဗျို့။ နေ့လည်ကျော်သွားတာတောင်
ထမင်းကျွေးမဏ္ဍပ်ထဲမှာ လူတွေ ကြိတ်ကြိတ်တိုးနေတုန်းပဲ။
” လာဟေ့ !! ငါ့တူ ဒီဘက်ကိုလာကွဲ့ ”
ကျုပ်ကိုမြင်တဲ့ အရီးလေး လုံးတင်က လူအနည်းငယ်ချောင်တဲ့ စားပွဲ
ဝိုင်းကို လှမ်းခေါ်လိုက်တာဗျ။ ကျုပ်လည်း ဆာဆာနဲ့ လျောက်သွားပီး
ထိုင်ချလို့ အသားကုန်တွယ်တော့တာပေါ့ဗျာ။ ထမင်းကို ဘယ်နှစ်ပန်း
ကန်ကုန် မှန်းတောင် မသိတော့ဘူးဗျ။
” ဒကာကြီး သာအောင် !! ဆရာတော်ကြီးက အခေါ်ခိုင်းလို့ကွဲ့ ”
ဟော !! ကျုပ် စားပီးလို့ မတ်တပ်ထရုံရှိသေးတယ်…ကျောင်းက ဦး
ဇင်းကြီးတစ်ပါးက ကျုပ်ကို တိုးတိုးလေးလာပြောတာဗျို့။ ဒါနဲ့ ကျုပ်
လည်း ကျောင်းပေါ်ကိုတက်သွားလိုက်တာပေါ့။
ကျောင်းပေါ်တက်သွားတော့ ပက်လက်ကုလားထိုင်ပေါ်မှာ ထိုင်နေတဲ့
ဆရာတော့်ကို အခန့်သားတွေ့လိုက်ရတယ်။ ကျုပ်တို့ဆရာတော်က
သက်တော် ရှစ်ဆယ်သာဆိုတယ်…မျက်လုံးလည်းမမှုံဘူး…နားက
လည်း ပါးလိုက်တာမှ လှပ်လို့ဗျို့။ ကျုပ်လည်း ဆရာတော်ကို ဝတ်
ဖြည့်လိုက်တယ်။ ဝတ်ဖြည့်လို့ပီးတော့မှ ဆရာတော်က ကျုပ်ကို မိန့်
တယ်။
” ဒကာကြီး သာအောင် !! ဘုန်းဘုန်းမိန့်စရာရှိလို့ ခေါ်လိုက်တာကွဲ့ ”
” တင်ပါ့ မိန့်ပါဘုရား ”
” အေး !! ညနေကျရင် ဘုန်းဘုန်းရဲ့အသိ တစ်ယောက် ရောက်လိမ့်
မယ်ကွဲ့…သူက မင်းရဲ့ဆရာ ဇော်ဂျီပျံ ငခါးလို ခုနှစ်ရက် သားသမီးတွေကို ကယ်တင်ပေးနေတဲ့ သူပဲပေါ့ကွယ် ”
” တင်ပါ့ဘုရား !! ”
” အိမ်းး !! အခု သူက ဘုန်းဘုန်းတို့ရွာမှာ သူရဲ့တပည့်တစ်ယောက်နဲ့
လောကီ အစီရင်တစ်ခုလာလုပ်မလို့တဲ့ကွယ် ”
” ဟင် !! ဘာအစီအရင်များလဲ ဘုရား ”
ကျုပ်အဲဒီလို မေးလိုက်တော့…ဆရာတော်က ခေါင်းကိုခါပီး ပြန်မိန့်
တယ်။
” အဲဒါတော့ ဘုန်းဘုန်းလည်း မသိရသေးဘူးကွဲ့…သူက အဲဒီလိုအစီ
ရင် လုပ်တဲ့နေရာမှာ…အကူညီပေးဖို့ သတ္တိရှိတဲ့ လူတစ်ယောက်လို
တယ်လို့ပဲဆိုပီး…လူကြုံနဲ့လှမ်းမှာလို့ကွယ်…ဒါနဲ့ ဘုန်းဘုန်းလည်း
မင်းကို မျက်စိထဲပြေးမြင်ပီး ခုလို ခေါ်မိန့်ရတာပဲ ”
” တင်ပါ့ ဘုရား !! ဒါဆိုရင် တပည့်တော်က… ”
” ဟုတ်တယ် ဒကာကြီး !! သူ့ရဲ့ အစီရင်ကိစ္စ မှာ ဘုန်းဘုန်းက မင်း
ကို ဝင်ကူညီစေချင်တယ်ကွဲ့ ”
ဆရာတော့် စကားကြောင့် ကျုပ်လည်း သက်ပြင်းတစ်ချက်ကို ကြိတ်ပီးချလိုက်ရတော့တာဗျို့။ ဆရာတော်ပြောတဲ့ လူက ဘာအစီရင်တွေလုပ်
ပီး…ကျုပ်က ဘယ်လိုကူညီပေးရမလဲဆိုတာ မသိရပေမဲ့ တစ်ရွာလုံး
တစ်နယ်လုံးတုန်နေအောင်ကြောက်ရတဲ့ ဆရာတော်ဆိုတော့လည်း
ကျုပ် ဘယ်ငြင်းဝံ့ပါ့မလဲ ဗျာ။ ဒီတော့ ခေါင်းညိတ်သဘောတူလိုက်ရ
တော့တာပေါ့။
” တင်ပါ့ !! စိတ်ချပါဘုရား… တပည့်တော် အတတ်နိုင်ဆုံးကူညီပေး
လိုက်ပါ့မယ် ”
” အေး…အေး !! ဒါဖြင့်ဘုန်းဘုန်းစိတ်ချမယ်နော် ဒကာကြီး…ဘုန်း
ဘုန်းက ခဏနေရင် ပဋ္ဌာန်းအဓိဋ္ဌာန် ဝင်ရဦးမှာမို့ ခုထဲက ဒကာကြီးကိုခေါ်ပြောရတာကွဲ့ ”
” တင်ပါ့ ဘုရား ”
ဆရာတော်က ကျုပ်နဲ့ အတော်လေးကြာအောင် စကားစမြည်ပြောနေ
သေးတာ။ နောက်တော့မှ ကျက်သရေခန်းထဲဝင်သွားတာဗျ။ ဒီတော့
ကျုပ်လည်း ကျောင်းပေါ်က ပြန်ဆင်းပီး အလှူမဏ္ဍပ်ရှိရာကို လှမ်း
သွားလိုက်တယ်။ မဏ္ဍပ်ထဲမှာလူတော့ အတော်ကျဲသွားပီဗျ။ အမေနဲ့
အဘကိုတောင်မတွေ့တော့ဘူး…လူကြီးတွေဆိုတော့လည်း ပင်ပန်းတဲ့
ဒဏ်ကို ဘယ်ခံနိုင်မလဲဗျာ။ အိမ်ပြန်အနားယူနေကြပီပေါ့။
လူကြီးပိုင်းတစ်ချို့က မဏ္ဍပ်ထဲမှာ ဟိုနားတစ်စု ဒီနားတစ်စုနဲ့စကား
ဝိုင်းဖွဲ့နေကြတယ်။ လူငယ်တွေကတော့ လုပ်စရာရှိတာ လုပ်လို့ပေါ့
ဗျာ။ ကျုပ်လည်း လိုတာလေးတွ ဝိုင်းလုပ်ပေးလိုက်တယ်။
ညနေစောင်းသွားတော့…အိုးခွက်ပန်းကန်ဆေးသူကဆေး… အလှူမဏ္ဍပ် ဖျက်သူကဖျက်ပေါ့ဗျာ။။ အဲဒီချိန်မှာပဲ…ကျောင်းဝန်းထဲကို
လူနှစ်ယောက်ဝင်လာတာတွေ့လိုက်ရတယ်။
တစ်ယောက်က ခေါင်းမှာ ခေါင်းပေါင်းအညိုရောင်ကြီးပေါင်းထားပီး
သစ်ခေါက်ဆိုးယောဂီဝတ်စုံကိုဝတ်ထားတာဗျို့။ အသက်ကလေးဆယ်
ကျော်…ငါးဆယ် ဝန်းကျင်လောက်လို့ထင်ရတယ်။ နောက်တစ်
ယောက်ကတော့ကျုပ်နဲ့ မတိမ်းမယိမ်းလောက်ရှိမယ်။
အသား ညိုညို…ပိန်ပိန်ပါးပါးနဲ့ရုပ်ရည်က ကြည့်ကောင်းရှု့ကောင်းပဲ
ဗျို့။ ပခုံးမှာ ကရင်လွယ်အိတ်ဖောင်းဖောင်းကြီး တစ်လုံးလွယ်လို့
ဟိုကြည့်သည်ကြည့်နဲ့ လျှောက်လာနေတာဗျ။ သူတို့ကို ကျုပ်တစ်ခါ
မှမမြင်ဖူးဘူး။ ကြည့်ရတာ ဆရာတော် ကျုပ်ကို မိန့်ထားတဲ့ လူတွေ
ပဲဖြစ်ရမယ်ဗျို့။ ရှိတဲ့လူမှန်သမျှကလည်း မျက်နှာစိမ်းနှစ်ယောက်ကို
မြင်တော့ လုပ်လက်စတွေကိုရပ်ပီး အကဲခတ်နေကြတာပေါ့ဗျာ။
ခေါင်းပေါင်းနဲ့ဘိုးတော်ကြီးကတော့ ဘယ်ကိုမှ မကြည့်ဘူးဗျ။
အေးအေးလူလူ အမူအယာနဲ့ ကျောင်းပေါ်ကို လှမ်းတက်သွား
တော့တာပဲဗျို့။ သူတို့ကျောင်းပေါ်တက်သွားတော့…ရွာကလူတွေ
က တီးတိုးတီးတိုးနဲ့ဟိုလူ သိနိုးနိုး ဒီလူသိနိုးနိုး စပ်စုနေကြတော့
တာပေါ့ဗျာ။ ကျုပ်က သိနေပီးသားဆိုတော့…အထူးဆန်း လုပ်မနေ
တော့ဘူး…လုပ်စရာရှိတာကိုပဲ ဆက်လုပ်နေလိုက်တာပေါ့။ အတော်
လေးကြာတော့ အဲဒီလူစိမ်းနှစ်ယောက်နဲ့ဦးဇင်းလေးတစ်ပါး ကျောင်း
ပေါ်ကပြန်ဆင်းလာပီး ကျောင်းအနောက်ဘက်ကို ထွက်သွားတယ်။
ခဏနေတော့ ကိုရင် တစ်ပါး ကျုပ်ကိုလာခေါ်တယ်။ ကိုရင်လေးက
ကျောင်းနောက်မှာ ဧည့်သည်ဆောင်သည်လာရင်တည်းခိုဖို့ဆောက်
ထားတဲ့ တဲကျောင်းလေးဆီကို ကျုပ်ကိုခေါ်သွားတာဗျ။ တဲကျောင်း
ရှေ့ရောက်တော့ ကိုရင်လေးက ကျုပ်ကိုအထဲဝင်သွားဖို့ပြောပီး
ထွက်သွားတော့တာပဲဗျို့။ ဒီတော့ကျုပ်လည်း တဲထဲလှမ်းဝင်လိုက်
ရတာပေါ့။
ကျုပ် လှမ်းဝင်လိုက်တော့ အစောက လူစိမ်းနှစ်ယောက် တဲထဲမှာ
အကြမ်းရည် ထိုင်သောက်နေကြတာကို တွေ့လိုက်ရတယ်။ ကျုပ်ကို
မြင်တော့ ခေါင်းပေါင်းနဲ့လူကြီးက ပြုံးပြပီး အရင်ဆုံးနူတ်ဆက်တာဗျ။
” လာ…တူမောင် ထိုင်ကွဲ့…သက်သာ သလိုနေပါကွယ် ”
ကျုပ်လည်း အဲဒီလူကြီးရဲ့ ရှေ့မှာ ကျုံ့ကျုံ့လေးဝင်ထိုင်လိုက်ရတာပေါ့။
လူကြီးက ကျုပ်ကို ဘာမှ မပြောသေးပဲ ခြေဆုံးခေါင်းဆုံး အကဲခတ်နေ
တာဗျ။ နောက်တော့မှ စကားစလိုက်တာဗျို့။
” ဒီက တူမောင်ရဲ့ နံမည်က မောင်သာအောင် ဟုတ်ပါတယ်နော် ”
” ဟုတ်ပါတယ် ဆရာကြီး ”
” အေး !! ပုံစံကြည့်ရတာနဲ့ ရဲရင့်ပြတ်သားပီး…သတ္တိရှိတဲ့ သူမှန်း ကျုပ်
အကဲခတ်မိပါတယ်…ဆရာတော်ကတော့ မောင်သာအောင် အကြောင်း
က ဘယ်လိုဘယ်ပုံဆိုပီး ကျုပ်ကိုပြောပြပီးလွှတ်ကို ချီးမွှမ်းနေ တော့
တာကွဲ့ ”
” ကျနော်က ဟိုစပ်စပ်…ဒီစပ်စပ်ပါ ဆရာကြီးရယ် ”
” အေး… အေး !! ဒါနဲ့ ကျုပ်ရောက်လာရတဲ့ အကြောင်းရင်းကို ဆရာ
တော်က မောင်သာအောင်ကို အနည်းကျဉ်းလောက်တော့ ပြောပြပီး
ယောပေါ့နော် ”
” ဟုတ်ကဲ့ ဆရာကြီး !! ဒါပေမဲ့ သေသေချာချာ တော့ မသိရသေးပါဘူး
ဒါ့ကြောင့် ဆရာကြီးနဲ့တွေ့မှပဲ မေးတော့မယ်လို့ တွေးထားတာ ”
” ဒါပေါ့ !! မောင်သာအောင်ရဲ့… မင်းမမေးရင်တောင် ကျုပ်က ရှင်းပြ
မှာပါကွယ်…ကျုပ်နံမည်က စံထွန်း…အကြောင်းသိသူတွေကတော့…
ကိုးတောင်ပြန် ဆရာစံ လို့ပဲ ခေါ်ကြတယ်ကွဲ့ ”
” ဟုတ်ကဲ့ ဆရာကြီး ”
” ကျုပ် လာရတဲ့ အကြောင်းရင်းကတော့…အများပြည်သူကောင်းကျိုး
အတွက် တစ်ပွဲစားမှော်ဆိုတဲ့ အတတ်ကို စီရင်ပီး ဟောဒီ…လူငယ်
ရဲ့ ခန္ဓာ ကိုယ်ထဲကို ထည့်သွင်းပေးဖို့ပဲကွဲ့ ”
ကိုးတောင်ပြန် ဆရာစံက ကျုပ်ကို ပြောရင်း…ဘေးမှာ တစ်ချိန်လုံး
စကားမပြောပဲ ထိုင်နေတဲ့ ပိန်ပိန်ပါးပါး အသားညိုညိုနဲ့လူကိုမေးငေါ့
ပြလိုက်တာဗျ။ ပီးတော့ ဆက်ပြောသေးတယ်။
” သူ့နံမည်က မောင်ဒီပတဲ့ … သူ့ရဲ့ မိသားစုတွေကတော့ လွန်ခဲ့တဲ့
နှစ်အနည်းငယ်လောက်ကပဲ…မျက်နှာဖြူနယ်ချဲ့တွေက သူပုန်လို့စွပ်စွဲပီး သတ်ဖြတ်တာကို ခံလိုက်ရတာကွဲ့…မောင်ဒီပကတော့ အပြေး
ကောင်းလို့ လွတ်မြောက်လာတာပေါ့ကွယ် ”
” ဟင် !! ဖြစ်မှဖြစ်ရလေဗျာ ”
” အေးကွဲ့… ဒါ့ကြောင့် မောင်ဒီပက နယ်ချဲ့တွေကို စိတ်အနာကြီးနာ
ပီး…ဒို့ မြေပေါ်ကနေ တော်လှန်မောင်းထုတ်ဖို့အတွက်ကြိုးစားနေတဲ့သူဆိုလည်းမမှားဘူးပေါ့ကွယ် ”
” အော် !! ကြားရတာစိတ်မကောင်းပါဘူး ဆရာကြီးရယ် ”
” ဟုတ်တယ်…မောင်သာအောင် !! ခုလည်း မောင်ဒီပနဲ့ ကျုပ် အမှတ်
မထင် ဆုံမိကြတော့…မောင်ဒီပက သူ့ရဲ့ရည်ရွယ်ချက်ကိုပြောပြပီး ကျုပ်
ကို အကူညီတောင်းတယ်ကွဲ့…သူ့ရဲ့ရည်ရွယ်ချက်ကလည်း ကောင်း
သောရည်ရွယ်ချက်ဖြစ်နေတော့ ကျုပ်လည်း ကူညီဖို့ဆုံးဖြတ်လိုက်
တယ်…ဒါ့ကြောင့်ပဲ မောင်သာအောင်တို့ရွာက သချိူင်္င်းကြီးထဲမှာတစ်ပွဲစားမှော်ဆိုတဲ့အတတ်ကို စီရင်ဖို့အကြောင်းပေါ်လာတော့တာပဲကွယ် ”
” ဗျာ !! သချိူင်းထဲမှာ တစ်ပွဲစားမှော်အတတ်ကို စီရင်မှာ ဟုတ်လား…
ဆရာကြီး ”
” ဟုတ်တယ်…မောင်သာအောင်ရဲ့အဲဒီအတတ်က နက္ခတာရာတွေ
စုံညီတဲ့ အချိန်နဲ့ ကိုက်ပီးသချိူင်းထဲမှာပဲ စီရင်ရတာလေကွယ်…ပီး
တော့…ကိုယ်နဲ့မသိတဲ့ ရွာက သချိူင်းမှာ စီရင်မယ်ဆို ရွာခံလူတွေ
သဘောမတူရင်လည်းအခက်ကွဲ့…ဒါ့ကြောင့်လည်း ကျုပ်နဲ့ရင်းနှီး
တဲ့ ဟောဒီဆတ်သေကုန်းရွာက ဆရာတော် ဦးတိလောကကို အကျိုး
အကြောင်းလှမ်းလျှောက်ပီး အကူညီတောင်းရတာပေါ့ကွယ် ”
ကျုပ်လည်း ဆရာစံ ပြောတဲ့ တစ်ပွဲစားမှော်ဆိုတာကို မသိလို့မေး
ချင်နေတာနဲ့ချက်ချင်းပဲပြန်မေးလိုက်တာဗျ။
” ဆရာကြီး !! ကျုပ် အာဋ္ဌာဝကမှော် / ပေါရိသာဒမှော် / ကာယသိဒ္ဓိ
မှော်ဆိုတာတွေတော့ ကြားဖူးတယ်… ဆရာကြီးပြောတဲ့ တစ်ပွဲစားမှော်
ဆိုတာကိုတော့ လုံးဝမကြားဖူးဘူးဗျ…ကျုပ်ကို ရှင်းပြပါဦးလား ”
ကျုပ် အဲဒီလိုမေးလိုက်တော့…ကိုးတောင်ပြန် ဆရာစံက နူတ်ခမ်း
တွန့်ရုံလေးပြုံးပီး ပြန်ပြောတာဗျ။
” အေး !! မောင်သာအောင်မေးမယ်ဆိုလည်း မေးထိုက်ပါတယ်ကွယ်
…အဲဒီတစ်ပွဲစားမှော်ဆိုတာက ဆရာကြီးတို့စူဋ္ဌဂန္ဓာရီလောကမှာတိမ်
မြုပ်ပျောက်ကွယ်နေပီ ဖြစ်တဲ့ အစီရင်တစ်ခုလို့တောင် ဆိုနိုင်တယ်
ကွဲ့…စီရင်ရတာ ခက်ခဲသလို အန္တာရာယ်လည်း များလွန်းလို့ တော်ရုံ
တန်ရုံ ဘယ်ဆရာမျိုးကမှ မစီရင်ဝံ့ကြဘူး…မောင်သာအောင် လူစင်စစ်
ကနေ သရဲဘဝကိုကူးပြောင်းသွားတဲ့ တစ်ပွဲစားဆိုတာကို သိလားကွဲ့ ”
” ဟုတ်ကဲ့ !! သိပါတယ် …အကုသိုလ်ကံ တအားကြီးမားပီး…လူတစ်
ပိုင်း…သရဲတစ်ပိုင်းဖြစ်သွားတဲ့ သူတွေကိုပြောတာမို့လား ဆရာကြီး ”
” သိပ်ဟုတ်တာပေါ့ကွယ်…အခုကျုပ် စီရင်မဲ့ တစ်ပွဲစားမှော်ဆိုတဲ့
အတတ်က အဲဒီလို တစ်ပွဲစားသရဲကြီးတွေဆီက အစွမ်းကို လူ့ခန္ဓာ
ကိုယ်ထဲ ကူးပြောင်းပေးတဲ့ အတတ်ပဲကွဲ့…အစီရင်အောင်မြင်လို့
တစ်ပွဲစားမှော်အတတ်ကိုရသွားပီဆိုရင်…အဲဒီလူဟာ ဘယ်လိုလက်
နက်မျိုးနဲ့ သတ်သတ်မသေနိုင်တော့ဘူး…ဖနှောင့်တစ်ချက်ပေါက်ရင်
ကိုးတောင်မကတဲ့ အမြင့်လောက်ကို အသာလေး ခုန်ပျံကျော်လွှားနိုင်
တယ်… ဒါ့အပြင်မြေပေါ်မြေအောက်…ရေပေါ်ရေအောက်မှာ ရှိတဲ့အဖိုးတန်ရတနာများကို မြင်နိုင်တဲ့ အစွမ်းလည်း ရှိသွားပီကွဲ့ ”
” အလို !! အဲလောက်တောင် စွမ်းသလား ဆရာကြီး ”
” စွမ်းတာပေါ့ကွယ်…ဟောဒီက မောင်ဒီပက နယ်ချဲ့တွေကိုတွန်းလှန်
မှာလေကွယ်…တစ်ပွဲစားမှော်ကိုသာ ရရှိခဲ့ရင်…နယ်ချဲ့တွေကိုစွမ်းစွမ်းတမံတိုက်ထုတ်နိုင်မဲ့အပြင်…အဲဒီအစွမ်းနဲ့ မြင်နိုင် သိနိုင်တဲ့ရတနာ
မြောက်များစွာကို တူးဖော်ပီးရရှိတဲ့ ငွေတွေကို တော်လှန်ရေးအတွက်
လိုအပ်တဲ့နေရာတွေမှာ အသုံးပြုနိုင်ပီပေါ့ကွယ် ”
” ဆရာကြီးတို့ အကြံစည်က သိပ်ကိုမွန်မြတ်လှပါတယ်…ကျုပ် အစွမ်း
ကုန် ကူညီမယ်လို့ ကတိပေးပါတယ် ဆရာကြီး ”
ကျုပ် အဲဒီလို ကတိပေးလိုက်တော့ ဆရာစံတင်မကဘူး…ဘေးမှာ
ထိုင်နေတဲ့ ကိုဒီပဆိုတဲ့လူကပါ ခေါင်းကြီးတဆတ်ဆတ်ညိမ့်လို့ပေါ့
ဗျာ။
” အေး !! မောင်သာအောင်ဆီက ဒီလိုစကားမျိုးကြားရတာ ကျုပ်တို့
အတွက် အလွန်ပဲ အားရှိလှပါပေတယ်ကွယ် ”
” ဟာ !! ရပါတယ်… တစ်မျိုးသားလုံး ကောင်းကျိုးအတွက်ပဲ ကျုပ်
ကူညီပေးရမှာပေါ့ဗျာ…ဒါနဲ့ အစီရင်ကဘယ်တော့ လုပ်ဖြစ်မလဲဟင်
ဆရာကြီး ”
” အိမ်းး !! အစီရင်လုပ်ဖို့အတွက် ပြင်ဆင်စရာလေးတွေရှိသေးတယ်
ကွဲ့…ပီးတော့ နက္ခတ်ကောင်းတွေ ကျရောက်မဲ့ အချိန်ကိုစောင့်ရဦးမှာဆိုတော့…တစ်ရက်…နှစ်ရက်လောက်တော့ လိုသေးတယ်ကွဲ့ ”
” အော် !! အဲသလိုလား ဆရာကြီး ”
” အေးကွဲ့ !! အခုတော့ မောင်သာအောင်ပြန်လို့ရပါပီကွယ်…အစီရင်
လုပ်မဲ့ ညကျမှ မင်းကိုအခေါ်ခိုင်းပီး မှာစရှိတာမှာတော့မယ်ကွဲ့ ”
” ဟုတ်ကဲ့ !! ကောင်းပါပီ ဆရာကြီး ”
ကျုပ်လည်း ကိုးတောင်ပြန် ဆရာစံထွန်းနဲ့ စကားနဲတဲ့ ကိုဒီပဆိုသူကို
နူတ်ဆက်ပီး တဲကျောင်းပေါ်က ဆင်းပီး အိမ်ကိုပဲတန်းပြန်လာလိုက်
တော့တယ်။ အိမ်ကိုရောက်တော့ အဘနဲ့အမေက ကျုပ်ကိုထိုင်စောင့်
နေကြတာဗျို့။
” လူလေး !! မိုးချုပ်လှချည်လား…ကျောင်းမှာ ဝိုင်းလုပ်ကြတဲ့သူတွေ
တောင် အကုန်လုံး ပြန်ရောက်လို့ အနားယူနေကြပီ…မင်းက ဘယ်
တွေသွားနေတာတုန်း…သွား…သွား…ရေမိုးချိုး…ထမင်းစားပီး အိပ်ဖို့
ပြင်ပေတော့…မနက်ကို စောစော ဒို့သားအဖ ယာထဲဆင်းရဦးမှာ
ကွဲ့ ”
အဘက အဲဒီလိုပြောတော့ ကျုပ်လည်းထွေထွေထူးထူးပြန်ပြောမနေ
တော့ပဲ ခေါင်းညိမ့်ပြပီး ရေချိုးထမင်းစားပီး အိပ်ယာစောစောဝင်ခဲ့
လိုက်တော့တယ်။
⏰⏰⏰⏰
နောက်နေ့ ယာထဲဆင်းတော့လည်း ကျုပ် စိတ်နဲ့လူနဲ့ မကပ်ဘူးဖြစ်
နေတာဗျ။ ဆရာစံထွန်းဆိုသူ ပြောတဲ့ တစ်ပွဲစားမှော်ဆိုတဲ့ အစီရင်
အကြောင်းကိုပဲ တွေးနေမိတာဗျို့။ အဘကတောင် သတိထားမိပီး
ကျုပ်ကို မေးသေးတာဗျ။
” လူလေး !! ငူငူငိုင်ငိုင်နဲ့ဘာဖြစ်နေတာလဲ…နေမကောင်းဘူးလား…
ဒါဖြင့်လည်း အိမ်ပြန်ပီး နားချေလေကွယ် ”
” ကောင်းပါတယ် အဘရ … ကျုပ် ခေါင်းထဲတွေးစရာလေးတွေရှိနေ
လို့ပါ ”
” အေး !! မင်းမှာလည်း တွေးစရာက အမြဲကို ရှိနေတော့တာပဲဟေ့…
ငါ့တုန်းကလည်း အဲဒီလို အတွေးကောင်းလွန်းလို့ငါ့အဖေ…မင်းရဲ့
အဖိုး တွေ့ရာနဲ့ လှမ်းလှမ်းပေါက်တာကို အမြဲခံရတာပေါ့ကွာ…ဟားဟားဟား ”
အဘက တစ်ယောက်ထဲပြောရင်း သဘောကျသလို ရီလိုက်သေးတာ
ဗျ။ ကျုပ်လည်း ခေါင်းထဲကအတွေးတွေကို ထုတ်လိုက်ပီး… ယာထဲ
မှာ စိတ်နှစ်လိုက်တာ နေတာင်ဘယ်လို စောင်းသွားမှန်း မသိလိုက်
ဘူးဗျို့။
ညရောက်လို့ မိသားစုထမင်းလက်ဆုံစားပီးတော့ စကားစမြည်ပြော
နေလိုက်သေးတယ်။ မနက်ကို ယာထဲမှာ လုပ်စရာမရှိတော့…သား
အမိ…သားအဖတွေ ရှေးဟောင်းနောက်ဖြစ်တွေပြောနေကြတာ ည
တောင် အတော်နက်သွားတယ်။ သန်းခေါင်ရောက်လုနီးမှ စကားဝိုင်း
ဖြတ်ပီး အိပ်ယာထဲဝင်ကြတာဗျ။ ကျုပ်ကတော့ ခေါင်းဦးပေါ် ခေါင်းချ
လိုက်တာနဲ့ တုံးခနဲပဲဗျို့။
⏰⏰⏰⏰
” သာအောင်ရေ !! သာအောင် ”
ဝိုင်းဝက ကျုပ်ကို ခေါ်သံကြားမှ နိုးလာတာဗျ။ နေတောင်မြင့်နေပီဗျို့။
ဒါနဲ့ အိပ်ယာထဲက ကပျာကယာကုန်းထရင်း အသံပြုလိုက်တယ်။
” ဘယ်သူတုန်း !! ဝင်လာခဲ့လေဗျာ ”
” မဝင်တော့ဘူး သာအောင်ရေ !! ငါ စံဖေပါကွ… ကပ္ပိယကြီး ဦးငွေသီး
က လူကြုံပါးခိုင်းလိုက်လို့ဟေ့ ”
ကျုပ် အိမ်ရှေ့ကို ရောက်တော့ ဝိုင်းဝမှာ ခမောက်လေးဆောင်းပီး ရပ်
နေတဲ့ ရွာမြောက်ပိုင်းက ကိုစံဖေကြီးကို တွေ့လိုက်ရတယ်။ ဒါနဲ့ပဲမေး
လိုက်ရတော့တာဗျို့။
” အော် !! ကိုကြီးစံဖေကိုး… ကပ္ပိယကြီးက ဘာတဲ့လဲဗျ ”
” အေး !! ကျောင်းကို ရောက်နေတဲ့ ဆရာစံထွန်းဆိုသူက မင်းကိုနေ
စောင်းတာနဲ့ သူ့ဆီ လာခဲ့ပါဆိုပီး ပြောခိုင်းလိုက်လို့ကွ ”
” အော် !! အဲဒါမှာလိုက်တာလား…ကျေးဇူးပဲ ကိုကြီးရေ ”
” အေးအေး !! ဒါဖြင့် ငါသွားဦးမယ် သာအောင်ရေ ”
ကိုစံဖေက ကျုပ်ကိုနူတ်ဆက်ပီးတာနဲ့ ထွက်သွားတာဗျ။ အရပ်ကရှည်
ရတဲ့ ကြားထဲ လက်ပြင်ကပါ ကိုင်းနေလေတော့…သူလမ်းလျှောက်တဲ့
ပုံက အတော်လေးတော့ ကြည့်ရဆိုးသားဗျ။
ကျုပ် မျက်နှာသစ် နေ့လည်စာ စားပီးတဲ့ အချိန်ထိ ရွာထဲသွားပုံရတဲ့
အဘနဲ့အမေကပြန်ရောက် မလာသေးဘူး။ ဒါနဲ့ပဲ ဘုရားစင်အောက်
မှာ ချိတ်ဆွဲထားတဲ့ ကျုပ်ရဲ့ လွယ်အိတ်လေးကို ယူလို့ သန့်ရှင်းရေးလုပ်နေတာဗျ။
ဒီရက်ပိုင်းအတွင်း ဘာကိစ္စအကြောင်းအရာမှ မပေါ်တာနဲ့ အိတ်ထဲမှာ
ရှိတဲ့ ဆေးတော်…ဝါးတော်…အင်းတော်တွေက အသုံးမပြုရတာကြာ
လို့ ဖုန်တွေတောင်တက်နေတယ်။ ဒါတွေက ကျုပ်တတ်ကျွမ်းလို့
စီရင်ထားတဲ့ အရာတွေ မဟုတ်ပါဘူးဗျာ။ ကျုပ် ဒီလိုကိစ္စတွေမှာ
ဝါသနာကြီးလွန်းလို့ပါဝင်ကူညီပေးခဲ့ဖူးတဲ့ ဆရာသမားတွေက လက်
ဆောင်အနေနဲ့ပေးခဲ့တဲ့ ဟာတွေကြီးပဲဗျ။
ကျုပ်လည်း ဆေးတော် ဝါးတော်တွေကို ရှင်းလင်းနေရင်း…ဇော်ဂျီပျံ
ဆရာခါးပေးခဲ့တဲ့ ကဝေဘုရင်ကြီးရဲ့အသည်းနဲ့ စီရင်ထားတဲ့ လည်ဆွဲ
ဆေးတော်ကြီးကို ထုတ်လိုက်တယ်။ ဒီအထက်ဆေးတော်ကြီးက ကျုပ်
ပိုင်ဆိုင်ထားတဲ့ ဆေးတော်တွေထဲမှာ အစွမ်းထက်ဆုံးဆေးတော်ကြီး
ဆိုလည်း မမှားဘူးဗျို့။ ဆရာခါးက ကျုပ်ကို ဒီဆေးတော် ပေးရင်းနဲ့
သိဒ္ဓိတင်ပုံဂါထာလေးကိုလည်း သင်ပြခဲ့သေးတာဗျ။
အခုလည်း ကျုပ် ဒီလည်ဆွဲလေးကို ထုတ်လိုက်ရင်း သိဒ္ဓိတင်ဖို့ သတိ
ရမိတယ်။ ဒါနဲ့ လည်ဆွဲကို လက်ဝါးနှစ်ဖက်အုပ်လို့ မုဆိုးဒူးထောက်
အနေထားနဲ့ ဖင်ကို ဖနှောင့်နဲ့ပိတ်ထားပီး သိဒ္ဓိတင်တဲ့ ဂါထာကို ဥုံခံလို့ ဋ္ဌာန်/ကရိုဏ်း ကျကျရွတ်ဆိုလိုက်တာပေါ့ဗျာ။
ဂါထာဆုံးသွားလို့ လက်ဝါးကိုဖွင့်ကြည့်လိုက်တော့…လည်ဆွဲတော်
က အရောင်တွေလင်းလက်လာသလို ခံစားလိုက်ရတယ်။ ကျုပ်ဆေး
တော်…ဝါးတော် အားလုံး ရှင်းလင်းသန့်စင်ပီးတဲ့ ချိန် နေလည်းစောင်းပီဗျ။ ဒါနဲ့ လွယ်အိတ်ကို ဘုရားစင်အောက်က တိုင်လေးမှာပြန်ချိတ်
လို့ ရေမိုးချိုး ထမင်းစားလိုက်တယ်။ မှောင်ရီသန်းတာနဲ့ ကဝေအသဲ
နဲ့ စီရင်ထားတဲ့ လည်ဆွဲတော်ကို လိုရမယ်ရလည်ပင်းမှာ ဆွဲလိုက်ပီး
ရွာဦးကျောင်းကို ထွက်လာခဲ့လိုက်တော့တာဗျို့။
ကျောင်းကိုရောက်တာနဲ့ ကိုးတောင်ပြန် ဆရာစံနဲ့ ကိုဒီပတို့ရှိတဲ့
တဲကျောင်းလေးကို လှမ်းသွားလိုက်တယ်။ တဲထဲကိုလှမ်းဝင်လိုက်
တော့… ဆရာစံထွန်းနဲ့ ကိုဒီပတို့ ပုတီးစိတ် တရားထိုင်နေတာကို
တွေ့လိုက်ရတာဗျ။
သူတို့ရှေ့မှာလည်း ဆွမ်းတော်အုပ်ကြီးတစ်လုံးနဲ့ ငှက်ပျောသီး/ အုန်းသီး/ အမွှေးတိုင်/ဖယောင်းတိုင် အစုံအလင်နဲ့ ကန်တော့ပွဲတွေ ထိုးထားတာကိုမြင်လိုက်ရတယ်။ ကျုပ်လည်းအဆင်သင့်တဲ့ နေရာမှာ ဝင်
ထိုင်ပီး စောင့်နေလိုက်တာဗျ။ အတန်ကြာတော့ ဆရာစံနဲ့ ကိုဒီပတို့ ပုတီးစိတ်နေတာကို ဖြုတ်ပီး ကျုပ်ဘက်ကို လှည့်ထိုင်လိုက်တယ်။
ကျုပ်ကိုမြင်တော့ ဆရာစံ ကမေးတယ်ဗျ။
” မောင်သာအောင် !! ရောက်နေတာ ကြာပီလားကွဲ့ ”
” အစော လေးတင်ကပါပဲ ဆရာကြီး ”
” အေး … အေး !! အချိန်ကောင်းတော့ ရောက်ပီ မောင်သာအောင်ရဲ့
… ဒါ့ကြောင့် ဒီညပဲ ကျုပ်…ဟောဒီက မောင်ဒီပကို တစ်ပွဲစားမှော်အ
တတ်ကို စီရင်ထည့်သွင်းပေးဖို့ ဆုံးဖြတ်လိုက်ရတာပဲ ”
” ဟုတ်ကဲ့ပါ ဆရာကြီး ”
” အေး !! မောင်ဒီပကိုတော့ ကျုပ် အားလုံးပြောပြပီးပီကွဲ့…မောင်
သာအောင်ကိုပြောဖို့ပဲကျန်တော့တာ… ဒါ့ကြောင့်ခုကစလို့ ကျုပ်မှာတာတွေကို မောင်သာအောင်က သေချာလိုက်မှတ်ထားပေတော့
ကွယ် ”
” ဟုတ်ကဲ့ !! ပြောပါ ဆရာကြီး ”
ကျုပ်အဲလိုပြောလိုက်တော့…ဆရာစံထွန်းက ပွဲတွေနားမှာ ချထားတဲ့
ဆွမ်းအုပ်ကြီးကို လှမ်းယူပီး ပြောတယ်။
” ဒီည ခုနှစ်ချက်တီးတာနဲ့ မောင်သာအောင်နဲ့ မောင်ဒီပက ဟောဒီ
ထမင်းနဲ့ဟင်းတွေ ထည့်ထားတဲ့ ဆွမ်းအုပ်ကိုယူပီးရွာက သချိူင်းထဲ
ကို သွားရမယ်ကွဲ့…ဟိုကိုရောက်တာနဲ့ မောင်ဒီပ ကိုယ်တိုင်မနေ့က
တူးထားတဲ့ လူတစ်ထိုင်စာ ကျင်းကြီးထဲမှာ မောင်ဒီပကို ဝင်ထိုင်ခိုင်းရ
မယ်…မောင်သာအောင်ကတော့ ကျင်းရဲ့ဘေးပတ်လည်မှာရှိတဲ့ ကျစ်
စာခဲတွေကိုမောင်ဒီပရဲ့လည်ပင်းနားရာက်တဲ့အထိ ပြန်ဖို့ပေးရမှာပေါ့ကွယ် ”
” ဟုတ်ကဲ့ပါ ဆရာကြီး ”
” အေး !! အဲဒီလို ဖို့ပီးသွားတာနဲ့ မောင်သာအောင်က ဒီစားပွဲကို
သူ့ရှေ့မှာ ချထားပေးရမယ်…ပီးတာနဲ့ အနောက်ကို ဝါးနှစ်ပြန်
အကွာထိ ဆုတ်ပီး သူ့ကိုမျက်ခြေမပြတ်စောင့်ကြည့်နေပေတော့
ကွဲ့…အဲဒီချိန်ကစလို့ အနှောင့်အယှက် အဖျက်ဆီးတွေ ဝင်လာ
လိမ့်မယ်…မောင်သာအောင်က သူ့ဘာပဲဖြစ်ဖြစ်…ထိလို့ တို့လို့မရ
တော့သလို…သူ့အနားကိုလည်း လုံးဝသွားလို့မရတော့ဘူး…ကိုင်မိ…တာတို့…အနားသွားမိတာတို့လုပ်လိုက်ရင် အစီရင် ပျက်ပီး…အသက်
အန္တာရာယ်နဲ့ကြုံရပီလို့သာမှတ်ပေတော့ပဲ…အဖျက်တွေက မောင်ဒီပ စိတ်အာရုံထွေပြားအောင်…အစီရင်ပျက်အောင် လုပ်လိမ့်မယ်… မောင်
ဒီပ သမာဓိလွတ်သွားရင် မောင်သာအောင်က သူ့အသားကိုသွားထိပီး
သတိပေးလို့မရပေမဲ့…အဝေးကနေ လှမ်းအော်သတိပေးလို့တော့ရ
ပါတယ်ကွဲ့ ”
” အော် !! အဲဒီလိုလား ဆရာကြီး ”
” ဟုတ်တယ် မောင်သာအောင်ရဲ့… အဲဒီအဖျက်တွေကို ကျော်လွှားနိုင်
ရင် နောက်ဆုံး အကြီးမားဆုံးအဖျက်တစ်ခုပဲ ကျန်နေလိမ့်မယ်…အဲဒါ
ဣတ္ထိယစည်းပဲ မောင်သာအောင်ရေ ”
” ဗျာ !! ဣတ္ထိယစည်း ဟုတ်လား…ဆရာကြီး ”
” သိပ်ဟုတ်တာပေါ့ မောင်သာအောင်ရယ်…ကမ္မဇိဒ္ဓိ မြင့်တဲ့ မကောင်းဆိုးဝါး မိစ္ဆာတွေက ချောမောလှပတဲ့ သိုက်နန်းရှင်တွေယောင်ဆောင်ပီး အစွမ်းကုန်ဖြားယောင်းသွေးဆောင်ကြလိမ့်မယ်…အဲဒီအဖျက်ကို ကျော်
လွန်နိုင်မှသာလျှင် တစ်ပွဲစားမှော်အတတ်ကို ရနိုင်မှာကွဲ့”
ဆရာစံက စကားရှည်ကြီး ဆုံးသွားတော့ အာခြောက်သွားဟန်နဲ့
ရပ်လိုက်ပီး ရေနွေးကြမ်းတစ်ခွက်ကို ဂလုခနဲမြည်အောင် ကျိုက်လိုက်
သေးတာဗျ။ အဲဒီချိန်မှာ ကျုပ်လည်း သိချင်တာရှိတာကို မေးလိုက်ရ
တာဗျို့။
” ဆရာကြီး !! သချိူင်းထဲကို ကျုပ်နဲ့ ကိုဒီပ နှစ်ယောက်ထဲသွားရမှာလား… ဆရာကြီးကကော ကျုပ်တို့နဲ့ မလိုက်ဘူးလား ”
” ကျုပ် လိုက်လို့မရဘူးကွဲ့…ဒီမှာနေခဲ့ပီး ပွဲတွေကို ဖယောင်းတိုင်/အမွှေးတိုင်တွေ မပြတ်ထွန်းလို့…တစ်ပွဲစား သရဲ မင်းတို့ဆီ ရောက်
လာအောင် ဂါထာတွေ တရစပ်စုတ်နေရမှာ မို့လို့ပဲ ”
” ဟင် !! ဒါဆို တစ်ပွဲစားသရဲက ကျုပ်တို့ဆီလာမှာလား ဆရာကြီး ”
” ဟုတ်တယ် မောင်သာအောင် … မောင်ဒီပသာ ဣတ္ထိယ စည်းကို
ကျော်ဖြတ်သွားနိုင်ပီဆိုတာနဲ့ တစ်ပွဲစားသရဲကြီးတွေထဲမှာမှ ကမ္မဇိဒ္ဓိ
အမြင့်ဆုံးဖြစ်တဲ့ သရဲတစ်ကောင် ရောက်လာလိမ့်မယ်…အဲဒီတစ်ပွဲ
စား သရဲက ရောက်တာနဲ့မောင်ဒီပရဲ့ ရှေ့မှာ ရှိနေတဲ့ စားပွဲကို စား
လိမ့်မယ်ကွဲ့…သူ စားလို့ဝတာနဲ့ စားပွဲထဲက ထမင်းသုံးဆုပ်ကိုနိုက်
လို့မြေပြင်မှာ ပစ်ချထားပီး ပြန်ထွက်သွားလိမ့်မယ်…အဲဒီခါကျမှ
မင်းက…အပြေးသွားပီး မြေပြင်ပေါ်ကျနေတဲ့ ထမင်းသုံးဆုပ်ကို
မောင်ဒီပရဲ့ ပါးစပ်ထဲ ခွံ့ထည့်ပေးရမှာပေါ့ကွယ် ”
” အော် !! လတ်စသတ်တော့ အဲဒီလိုကိုး ဆရာကြီးရဲ့ ”
” အေး !! အဲဒီလိုခွံ့ထည့်ပီး ခဏကြာတာနဲ့ မောင်ဒီပကအံ့တွေကြိတ်
လာမယ်…ပြင်းထန်စွာတောက်ခေါက်လာမယ်…ပီးရင်တော့ ခေါင်းပေါ်ရုံဖော်ထားတဲ့ မြေကျင်းထဲကနေ ကျွမ်းပစ်ထွက်လာနိုင်လိမ့်မယ်ကွဲ့…အဲဒီလို ထွက်လာနိုင်ရင်တော့ တစ်ပွဲစားမှော် အစီရင်က အောင်မြင်
သွားပီပေါ့ကွယ် ”
ကျုပ်လည်း ဆရာကြီးရှင်းပြတာတွေကို ပါးစပ်အဟောင်းသားနဲ့ နား
ထောင်ရင်း အသေအချာလိုက်မှတ်ရတာပေါ့ဗျာ။ ဒီတစ်ပွဲစားမှော်
အတတ်က ကျုပ်ရဲ့တစ်သက်တာမှ တစ်ခါမှ မကြားဖူး…မမြင်ဖူးသေး
တဲ့အစီရင် တစ်ခုဆိုလည်းမမှားဘူးဗျို့။ ဒါ့ကြောင့်လည်း ကျုပ်ရဲ့စိတ်
တွေအတော်ကြီးကို လှုပ်ရှားနေတာပေါ့ဗျာ။
ခုနှစ်ချက်တီးခါနီးတော့ ဆရာစံက ကျုပ်နဲ့ ကိုဒီပကို ဘုရားဦးတိုက်
ခိုင်းပီး ငါးပါးသီလခံစေတယ်ဗျ။ ပီးတော့ သူရဲ့ ကရင်လွယ်အိတ်ထဲ
က ဆေးဝါးတစ်ချို့ကို ထုတ်ပီး ကျုပ်တို့ကိုပြောတယ်။
” မောင်ဒီပက ကာယကံရှင်ဆိုတော့ ဘာဆေးဝါးအကာကွယ်မှယူလို့
မဖြစ်ဘူး…ဟောဒီက မောင်သာအောင်ကတော့… ”
ဟော !! ကိုးတောင်ပြန် ဆရာစံက ပြောလက်စ စကားကိုတစ်ဝက်
တစ်ပျက်နဲ့ရပ်တန့်လိုက်ပီး…ကျုပ်ရဲ့ လည်ပင်းနေရာကို စူးစူးရဲရဲနဲ့
စိုက်ကြည့်နေတာဗျို့။ ပီးတော့မှ ဆက်ပြောတာ။
” ဟောဒီက မောင်သာအောင်ရဲ့ လည်ပင်းမှာ ဆွဲထားတဲ့ လည်ဆွဲ
လေးက … ”
” ဟုတ်ကဲ့ ဆရာကြီး !! ကျုပ်ကို ဆရာတစ်ယောက်ပေးခဲ့တဲ့
ဆေးတော်ပါ ဗျ ”
ဆရာစံ စကားမဆုံးခင် ကျုပ်ဖြတ်ပြောလိုက်တာဗျ။ ဆရာစံက
စိတ်ဆိုးပုံမရတဲ့ အပြင် ကျုပ်ရဲ့ လည်ဆွဲလေးကို စိတ်ဝင်တစားနဲ့
ခဏတောင်းသေးတာဗျို့။
” ကျုပ်ကို ခဏလောက်ပြလို့ရမလား မောင်သာအောင် ”
ကျုပ်လည်း လည်ဆွဲကို ချွတ်လို့ဆရာစံရဲ့လက်ထဲထည့်ပေးလိုက်
တယ်။ ဆရာစံက လည်ဆွဲလေးကို အသေအချာကြည့်ရှု့စစ်ဆေး
နေတာဗျ။ ပီးတော့မှ အံ့အားတကြီးနဲ့ပြောတာဗျို့။
” ဒါ…ဒါက ကဝေဘုရင်ရဲ့အသဲကို မြင့်မားတဲ့ပညာရပ်တွေနဲ့စီရင်ထားတဲ့ ဆေးတော်ကြီး မဟုတ်လားကွဲ့…အင်မတန်စွမ်းပီး ရှားပါးလွန်းတဲ့
ဆေးတော်ကြီးပဲ…မောင်သာအောင်မှာ ဒီလို အစွမ်းထက်ဆေးဝါးတွေကို ပိုင်ဆိုင်မှန်း ကျုပ်အခုမှပဲ သိရတော့တယ်ကွယ် ”
” ဟာ !! အဲလောက်လည်း မဟုတ်ပါဘူး ဆရာကြီးရယ် ”
” ဘာကိုမဟုတ်ရမှာလဲ မောင်သာအောင်ရယ်…ကျုပ်ဆီမှာရှိတဲ့ ဆေး
ဝါးတွေ အားလုံးပေါင်းလိုက်ရင်တောင်…ဒီဆေးတော်ကြီးကို လုံးဝမ
ယှဉ်ပြိုင်နိုင်ဘူး…မောင်သာအောင်က အတော်ကိုကံကောင်းတဲ့သူ
ပါလားကွဲ့…ကြည့်ရတာ ဒီလိုပညာရပ်တွေမှာ အရင်ဘဝက အထုံ
လည်း ရှိမယ်ထင်ပါရဲ့ … ကျုပ်က မောင်သာအောင်အတွက်
ဆေးဝါးအကာကွယ်တွေ ထုတ်ပေးတော့မလို့ကွဲ့…ခုလိုဒီဆေး
တော်ကြီးရှိနေရင်တော့ ဘာမှ မလိုအပ်တော့ဘူးပေါ့ကွယ် ”
ဆရာစံထွန်းက ပြောရင်းနဲ့ ဆေးတော်ကြီးကို ကျုပ်လက်ထဲပြန်ထည့်
တယ်။ ပီးတော့ ကိုဒီပနဲ့ကျုပ်ကိုစတင်ထွက်ခွာတော့ဖို့အချက်ပြ
တယ်။ ကျုပ်နဲ့ကိုဒီပလည်း ရွာပြင်က သချိူင်းထဲကို လျှောက်လာ
ခဲ့လိုက်တာဗျို့။ ကျုပ်ကတော့ စားပွဲကိုပိုက်လို့ပေါ့ဗျာ။ တစ်လမ်းလုံး
တစ်ယောက်နဲ့တစ်ယောက်ဘာစကားမှ မပြောဖြစ်ကြဘူး။ ခြေလှမ်း
တွေကိုပဲ ခပ်သွက်သွက် လှမ်းနေတာဗျို့။
⏰⏰⏰⏰
” အူ !! ဝူးးးးးးးဝူးးးးး !! ”
အောင်မလေးဗျာ !! ကျုပ်နဲ့ကိုဒီပ သချိူင်းကုန်းရှေ့ရောက်လို့ အထဲဝင်
ဖို့ပြင်ရုံရှိသေးတယ်…ရွာထဲက ခွေးတွေသံရှည်ဆွဲပီး အူလိုက်တဲ့အသံ
ကြီးကြောင့် ကြက်သီးတွေတဖြန်းဖြန်းထပီး လန့်သွားတာဗျို့။
ဒါနဲ့ တစ်ယောက်ကိုတစ်ယောက် ဟန်ပါပါကြည့်လို့ ပခုံးကိုယ်စီတွန့်
ရင်း သချိူင်းထဲလှမ်းဝင်လိုက်ရတယ်။ ကိုဒီပက ဦးဆောင်ပီး သချိူင်း
အလယ်ကိုသွားနေတာဗျ။ သချိူင်းအလယ်ကို ရောက်တော့ ကြိုတင်
တူးထားတဲ့ လူတစ်ထိုင်စာအနက်ရှိတဲ့ မြေကျင်းတစ်ကျင်းကို တွေ့
လိုက်ရတယ်။ မြေကျင်းရဲ့ဘေးမှာလည်း ပေါက်တူးတွေ/ပေါက်ပြား
တွေကို အသင့်ချထားတယ်ဗျ။ ကိုဒီပက ပုဆိုးကို တစ်ချက်ပြင်ဝတ်
လိုက်ပီး ခါးတောင်းကို မြှောင်နေအောင် ကျိုက်လိုက်တယ်။
ပီးတာနဲ့ မြေကျင်းထဲကိုခုန်ဝင်ပီး တင်ပျဉ်ခွေထိုင်လိုက်တာဗျ။ ပီးတော့
လက်သီးနှစ်ဖက်ကို ကျစ်နေအောင်ဆုပ်ပီး ဒူးခေါင်းရဲ့တစ်ဖက် တစ်
ချက်မှာ တင်ထားလိုက်တာဗျို့။ သူ့အရပ်နဲ့သူကိုယ်တိုင်တိုင်းပီး တူး
ထားတဲ့ ကျင်းဆိုတော့ မြေကျင်းပေါ်မှာ ခေါင်းတစ်လုံးပေါ်ရုံ ကွက်တိ
ပဲပေါ့ဗျာ။
ကျုပ်လည်း ဘေးနားမှာ ရှိတဲ့ ပေါက်တူးကို ကောက်ကိုင်လို့…ကိုဒီပ
ကို မေးလိုက်တာပေါ့။
” ကိုဒီပ အသင့်ပဲနော် ”
” အသင့်ပဲ နောင်ကြီး !! လုပ်စရာရှိတာသာ လုပ်ပေတော့ ”
ကျုပ်လည်း ကိုဒီပဆီက ခွင့်ပြုချက်ရတာနဲ့ မြေကျင်းပတ်ပတ်လည်က
ကျစ်စာခဲတွေကို ပေါက်တူးနဲ့ဆွဲချလိုက်တယ်။ အတော်လေးကြာတော့ ကျစ်စာခဲတွေလည်းကုန်…ကိုဒီပ လည်ပင်းနားအထိ ဖို့အပီးပဲဗျို့။
ဒါနဲ့ ကိုဒီပရဲ့ အရှေ့တည့်တည့်မှာ အသင့်ယူလာတဲ့ စားတော်ပွဲကို
ချပေးထားလိုက်ပီး ကျုပ် ခပ်လှမ်းလှမ်းထိ ဆုတ်သွားတယ်။ ဝါးနှစ်
ပြန်အကွာကိုရောက်တော့မှ အဆင်သင့်တဲ့ အုတ်ဂူကြီးတစ်လုံးပေါ်
တက်ထိုင်လိုက်ပီး အခြေနေစောင့်ကြည့်နေလိုက်တာဗျို့။
အချိန်က သူငယ်ခေါင်းချချိန်ကျော်လို့လာပီ။ ကျုပ်က ကဝေလည်ဆွဲ
ကို ဆွဲထားတာဆိုတော့ ဟိုသည် မျက်လုံးကစားကြည့်လိုက်တာပေါ့
ဗျာ။ အဲဒီမှာ ထူးခြားမူတစ်ခုကို ကျုပ်စတင်သတိထားမိလိုက်တယ်။
သချိူင်းဆိုတာ သရဲတစေ နာနာဘာဝတွေ ကျက်စားနေထိုင်ရာတစ်ခု
ပဲ မဟုတ်လား…ပီးတော့ ခုချိန်က ဒီကောင်တွေ လှုပ်ရှားသွားလာနေ
ကြတဲ့ အချိန်လေ။ အခုတော့ ဘာကောင်မှကို ကျုပ်မတွေ့ရတာဗျ။
ဘယ်လောက်အံ့သြဖို့ကောင်းသလဲဗျာ။
” ဝေါ !! ဝှီးးး !! ဝယော !! ”
” ဟီးးဟီးးးဟီးးးး !! ဟင်းးဟင်းးဟင်းး!! ”
ဟာ !! ကျုပ် သချိူင်းထဲ ဟိုသည်ကြည့်နေတုန်းမှာပဲ…လေပြင်းတိုက်
ခတ်သံတွေနဲ့အတူ အဝေးကနေပျံ့လွင့်လာတဲ့ ငိုသံလိုလို…ညည်းသံ
လိုလိုအသံနက်ကြီးတွေကို စတင်ကြားလိုက်ရတော့တာဗျို့။ အဲဒီအသံ
တွေကို ကျုပ်အပြင် ကိုဒီပလည်းကြားပုံရတယ်။ အသံထွက်ပေါ်ရာကို
လိုက်ကြည့်နေတာ။ ကျောချမ်းစရာ အသံကြီးတွေက သချိူင်းထဲက
မဟုတ်ဘူး…အပြင်ဘက်ကနေကြားနေရတာဗျ။
” ဝှီးးးး !! ဝှီးးးးး !! ဝီ !! ”
ဟော !! သချိူင်းရဲ့အပြင်ဘက်ကနေ လှည်းဘီးလောက်ရှိမဲ့ မဲမဲအလုံး
ကြီးတွေ လှိမ့်ပီးဝင်လာကြပီဗျ။ ကျုပ် ကြယ်ရောင်ကို အားပြုပီး အဲဒီ
မဲမဲအလုံး ကြီးတွေကိုစူးစိုက်ကြည့်လိုက်တယ်။
ဟာ !! အဲဒါ အမွှေးစုတ်ဖွားနဲ့ သရဲကြီးတွေ…သရဲကြီးတွေဗျ။ ကြီးမား
တဲ့ ခန္ဓာကိုယ်နဲ့ လက်တွေခြေထောက်တွေကို ဘောလုံးတစ်လုံးလို
လုံးပီး သချိူင်းထဲကိုလှိမ့်ဝင်လာကြတာဗျို့။ တစ်ချို့က ကိုဒီပဆီကို
လှိမ့်သွားကြသလို…တစ်ချို့အကောင်တွေက ကျုပ်ထိုင်နေတဲ့ အုတ်ဂူ
ရှိရာကို အရှိန်ပြင်းပြင်းနဲ့လှိမ့်လာကြတာဗျ။
” အုန်းးးး !! အုန်းးး !! ဝုန်းးး !! ”
ဟော !! ကျုပ်ဆီဝင်လာတဲ့ သရဲကြီးတွေ တစ်စုံတစ်ယောက်ကစောင့်
တွန်းလိုက်သလို အတော်ဝေးဝေးကိုလွှင့်ထွက်သွားပီဗျို့။ ဒီကောင်တွေ ကျုပ်ကို အန္တာရယ်ပေးဖို့နေနေသာသာအနားကပ်လို့တောင်မရဘူး… ကျုပ်ရဲ့တစ်ပေပတ်လည်ကနေ ပင့်ကူကွန်ယက်လိုစက်တန်းကြီးတစ်ခု
ဖြာထွက်လာပီး ကာဆီးပေးထားတာဗျ။ ဒါ တခြားကြောင့်မဟုတ်ဘူးကဝေဘုရင်ရဲ့အသဲနဲ့စီရင်ထားတဲ့ လည်ဆွဲက ကျုပ်ကို အကာကွယ်
ပေးနေတာဗျ။
သရဲကြီးတွေ ကျုပ်အနားကိုလုံးဝ မကပ်ရဲတော့ဘူး။ မြေကြီးပေါ်မှာ
ခေါင်းပေါ်ရုံလေးဖော်ထားတဲ့ ကိုဒီပဆီကိုပဲ ပြေးဝင်သွားကြပီဗျို့။
ဟာ !! သရဲကြီးတွေက ကြောက်မက်ဖွယ်ရာ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့
ကိုဒီပကိုခြောက်လှန့်နေကြပီဗျ။ လက်သည်းရှည်ကြီးတွေနဲ့ မျက်
နှာကို ကုပ်ဆွဲတော့မလိုလို…ချက်ချင်းပဲ ဂုတ်ချိုးပီးသတ်တော့မလိုလို
နဲ့ ကိုဒီပ သွေးပျက်ခြောက်ခြား အောင်လုပ်နေကြတာဗျ။
တစ်ချို့အကောင်ကြီးတွေဆို အဝေးကနေ လျှာအရှည်ကြီးထုတ်ပီး
ကိုဒီပရဲ့ မျက်နှာနဲ့လည်ပင်းတွေကို ပွတ်သပ်နေကြတာဗျို့။
အောင်မလေးဗျာ !! ကျုပ်ဖြင့် ဒီလူ့အစား ကြက်သီးတွေတဖြန်းဖြန်း
ထပီး အသည်းတွေယားလိုက်တာဆိုတာမှ ပြောမနေပါနဲ့တော့ဗျာ။
ကိုဒီပကလည်း လူသာနွဲ့တာဗျ။ သတ္တိကတော့ ပြိုင်စံရှားပဲဗျို့။ သူ့
နေရာမှာ တခြားသူသာဆို သွပ်သွပ်ခါအောင်ရူးသွားမှာသေချာတယ်။
သရဲကြီးတွေရဲ့ သွေးပျက်ဖွယ်ရာ ခြောက်လန့်မူကို အံတင်းတင်း
ကြိတ်ပီး တောင့်ခံနေတာ… မေးကြောကြီးတွေဆိုထောင်ထနေယော
ပဲ။ ကျုပ်လည်း ဒီတော့မှ ကိုဒီပကို အော်ဟစ်သတိပေးလိုက်ရတယ်။
” ဗျို့ !! ကိုဒီ… စိတ်ကို မလွတ်စေနဲ့…မျက်လုံးမှိတ်ပီး ဘုရား/တရား
ကို အာရုံပြုထားဗျ ”
ကျုပ်အဲဒီလို လှမ်းအော်ပြောလိုက်တော့မှ ကိုဒီပက မျက်လုံးကိုစုံမှိတ်
လိုက်တယ်။ သရဲကြီးတွေကလည်း ဇွဲကောင်းတယ်ဗျို့။ အတော်လေး
ကြာတဲ့ထိ နှောင့်ယှက်နေကြတုန်းပဲ။ နောက်တော့ ကိုဒီပကို ဘယ်လို
မှခြောက်လန့်လို့ မရမှန်းသဘောပေါက်သွားပီး သချိူင်းအပြင်ကို
အလျှိုလျှို ပြန်ထွက်သွားကြတာ။
” ဖျပ် !! ဖျပ် !! ဖျပ် !! ”
ဟော !! သရဲကြီးတွေထွက်သွားပီး မရှေးမနှောင်းမှာပဲ တစ်စုံတစ်
ယောက်လှမ်းလာနေတဲ့ ခြေသံကို ကြားလိုက်ရတယ်။ ဒါနဲ့ ခြေသံ
ကြားရာကို လှမ်းကြည့်လိုက်တော့… လွယ်အိတ်တစ်လုံးကို စလွယ်
သိုင်းပီး လျှောက်လာတဲ့ အဖိုးကြီးတစ်ယောက်ကို ကျုပ်တွေ့လိုက်
ရတယ်။
အဖိုးကြီးက စိမ်းတောက်နေတဲ့ မျက်လုံးအစုံနဲ့ အုတ်ဂူပေါ်ထိုင်နေတဲ့
ကျုပ်ကို စောင်းငဲ့ကြည့်ရင်း ဖြတ်လျှောက်သွားတာဗျ။ အဖိုးကြီး ဦး
တည်ပီးသွားနေတာ ကိုဒီပ ဆီကိုပဲပေါ့ဗျာ။ ကိုဒီပက ခြေသံကြား
တော့ မှိတ်ထားတဲ့ မျက်လုံးကို ဖွင့်ကြည့်တယ်။ အဲဒီချိန်မှာ အဖိုးကြီး
ကလည်း အသံသြသြကြီးနဲ့ ပြောတယ်ဗျ။
” ကောင်လေး !! မင်းဒီမှာဘာလုပ်နေတာလဲ…ဘာလို့ ကိုယ့်ကိုကိုယ်
ဒုက္ခခံနေရတာလဲ… ဒီမှာကြည့်စမ်း… ငါ့ဆီမှာ ရတနာမျိုးစုံပါတယ်…
ဒါတွေကိုယူပီး ပျော်ပါးသုံးဖြုန်းလိုက်စမ်းပါ…လောကစည်းစိမ်ကို
အပြည့်အဝကြီး ခံစားလိုက်စမ်းပါကွ ”
ဟာ !! အဖိုးကြီးကပြောရင်းနဲ့ပခုံးမှာလွယ်ထားတဲ့ လွယ်အိတ်ကိုဖြုတ်
ပီး မြေပြင်မှာ သွန်ချပစ်လိုက်တာဗျ။ လွယ်အိတ်ထဲက ထွက်ကျလာတဲ့
ရွှေ/ငွေ လတ်ဝတ်ရတနာတွေဆိုတာ အများကြီးပဲဗျို့။ တစ်သက်မ
ဟုတ်ဘူး…ဆယ်သက်စားမကုန်တဲ့ ရတနာတွေဗျ။
ကျုပ် ကိုဒီပရဲ့မျက်နှာရိပ်မျက်နှာကဲကို လှမ်းကြည့်လိုက်တော့…ကိုဒီပ
မျက်နှာမှာ ရတနာတွေကို လိုချင်တပ်မက်မူဖြစ်တဲ့ အမူအရာမျိုးမတွေ့
ရဘူး။ အဲဒီချိန်မှာ အဖိုးကြီးကလည်း ကိုဒီပကို ထပ်ပီးဖြားယောင်း
တယ်ဗျ။
” ကောင်လေး !! မင်းယူမလား…မယူဘူးလား… မင်းမယူရင် ငါ
တစ်ခြား တစ်ယောက်ကိုပေးပစ်မှာနော် ”
ကိုဒီပက အဖိုးကြီးကို စကားတစ်ခွန်းမှ ပြန်မပြောဘူး။ အဖိုးကြီး
ဘာပြောပြော မကြားချင်ယောင်ပဲ ဆောင်နေတာဗျ။ နောက်ဆုံး
ကိုဒီပကို ဘယ်လိုမှပြောမရတဲ့ အဆုံး အဖိုးကြီးက တောက်တစ်
ချက်ခေါက်လိုက်ပီး မြေပြင်ပေါ်က ရတနာတွေကို လွယ်အိတ်ထဲ
ပြန်ကျုံးထည့်ပီး ချာခနဲလှည့်ထွက်သွားတာဗျို့။
အဲဒီနောက်တော့ သချိူင်းတစ်ခုလုံး ပြန်လည်တိတ်ဆိတ်သွားပီး …
အချိန် အတော်ကြာတဲ့အထိ ဘာမှ မထူးခြားသေးဘူးဗျ။ ဘာပဲပြော
ပြော ကိုဒီပတော့ အဖျက်နှစ်ခုကိုတော့ အောင်အောင်မြင်မြင်နဲ့ ကျော်
ဖြတ်နိုင်ခဲ့ပီဗျို့။ တဖြေးဖြေးနဲ့ အချိန်ကလည်း သန်းခေါင်ကိုရောက်
လာပီပေါ့ဗျာ။
ဟော !! ရုတ်တရက် လေပြင်းတစ်ချက်အဝှေ့မှာ မွှေးပျံ့တဲ့ တောစံ
ပယ်ပန်း အနံ့က နှာခေါင်းထဲတိုးဝင်လာတာဗျ။ ကျုပ်ခေါင်းထောင်ပီး
ဟိုဟိုသည်သည် လိုက်ကြည့်တယ်… ဘာဆိုဘာမှ မတွေ့ရဘူး။ ဒါနဲ့ ကိုဒီပရှိရာကို ပြန်လှည့်ကြည့်လိုက်တော့ ကျုပ်ဖြင့် ကိုယ့်မျက်လုံး ကိုမယုံနိုင်ဘူးဖြစ်သွားတာဗျ။
ကြည့်စမ်းပါဦးဗျာ !! ကိုဒီပရဲ့ရှေ့တည့်တည့်မှာ ဘယ်ကဘယ်လို
ရောက်လာမှန်းမသိရတဲ့ မိန်းမချောတစ်ယောက်ကို တွေ့လိုက်ရတာ
ဗျ။ ပါးလွှာဖြူဖွေးတဲ့ အဝတ်အစားကို ဝတ်ဆင်ထားပီး ကြယ်ရောင်
အောက်မှာ အဲဒီမိန်းမရဲ့ ပြေပြစ်လှပတဲ့ခန္ဓာကိုယ်အချိုးအစား…ရှိုက်
ကြီးဖိုငယ်အသွယ်သွယ်တို့ကို အတိုင်းသားမြင်နေရတယ်။
ဖြူဖွေးနုညက်တဲ့ မျက်နှာဝိုင်းဝိုင်းမှာ ဇင်ယော်တောင် မျက်ခုံး…ရွှန်းလဲ့
နေတဲ့မျက်လုံးရွှဲကြီးတွေကပါ ပေါင်းစပ်ထားတော့ ပြိုင်စံရှားတဲ့ မိန်းမ
ချောတစ်ယောက်လို့တောင် ဆိုနိုင်တာဗျို့။ ပုရိသ ယောကျာ်းတိုင်းရဲ့
သွေးသားတွေ ဆူပွက်လောက်အောင် ညို့ငင်နိုင်တဲ့ မိန်းမချောတစ်
ယောက်ဆိုလည်းမမှားဘူးဗျ။
” မောင်ကြီး !! နှမတော်ကို မေ့နေပီလားဟင် ”
ဟော !! မိန်းမချောက ဆည်းလည်းသံလိုသာယာတဲ့ အသံလွင်လွင်
လေးနဲ့ ကိုဒီပကိုပြောလိုက်တာဗျ။ ကိုဒီပက မိန်းမချောကို မျက်လုံး
ကြီးပြူး ကြက်သေသေပီးကြည့်နေတာဗျို့။ အဲဒီချိန်မှာပဲ မိန်းမချော
လေးက ကိုဒီပကို ဆက်ပြောတယ်။
” မောင်ကြီး !! မောင်ကြီးနဲ့ နှမဟာ ဘဝအဆက်ဆက်က ကြင်ဖော်
ဇနီးမောင်နှံတွေ ဖြစ်ခဲ့ကြတာပါ…ဒီဘဝမှာလည်း မောင်ကြီးကို နှမ
တော်က အပူတပြင်းလိုက်ရှာနေခဲ့ရသူပါ မောင်ကြီးရယ်…နှမတော်
လေးနောက်ကို လိုက်ခဲ့ပါတော့နော် ”
ဟော !! မိန်းမချောက တောင်းပန် ခယတဲ့လေသံနဲ့ကိုဒီပကိုပြော
လိုက်တာဗျ။ အဲဒီချိန်ထိ ကိုဒီပက တုပ်တုပ်မှ မလှုပ်သေးဘူးဗျို့။
မိနိးမချောက ထပ်ပြောတယ်…ဒီတစ်ခါတော့ ပြောရုံတင်မဟုတ်
တော့ဘူး…မြေကြီးပေါ်မှာပါ လူးလှိမ့်လို့ ငိုကြွေးနေတာဗျ။
” ရက်စက်လိုက်တာ မောင်ကြီးရယ်… နှမတော်မှာ မောင်ကြီးကို…
မိုးအဆုံးမြေအနှံ့လိုက်ရှာလိုက်ရတာ…အခုတွေ့မဲ့တွေ့တော့လည်း
မောင်ကြီးက နှမလေးကို မသိကျိုးကျွံပြုနေသတဲ့လား…အင့်…ဟင့်
ဟင့် …”
အလိုလေးဗျာ !! မိန်းမချောက လူးလှိမ့်နေရင်း ခန္ဓာကိုယ်က အဝတ်
တွေကိုပါ တစ်လွှာချင်းချွတ်ချနေတာဗျို့။ အဝေးကမြင်နေရတဲ့ ကျုပ်
တောင် မိန်းမချောရဲ့အလှတရားအောက်မှာ ခဏလောက် မိန်းမော
စိတ်လွတ်သွားတယ်။ နောက်တော့မှ သတိပြန်ဝင်လာတာဗျို့။
သတိဝင်ဝင်လာချင်း ကိုဒီပကို လှမ်းကြည့်လိုက်တော့…ဒီလူ အခြေ
နေမဟန်တော့ဘူးဗျို့။ အသက်ရူသံတွေပြင်းထန်လို့မျက်နှာကလည်း
နီမြန်းနေပီး မိန်းမချောရဲ့ မိမွေးတိုင်းဖမွေးတိုင်းအလှတရားကို မျက်
တောင်မခတ်တမ်း စိုက်ကြည့်လို့နေတာဗျ။ ကျုပ်ချက်ချင်းပဲ လှမ်း
အော်သတိပေးလိုက်တယ်။
” ကိုဒီပ !! အဲဒါ အတုအယောင်တွေ…အလိမ်အညာတွေဗျ…ခင်များ
စိတ်ကို လွတ်ထွက်မသွားစေနဲ့ ”
ဟာ !! မရတော့ဘူးဗျို့။ ဒီလူ ကျုပ်ရဲ့သတိပေးသံကိုလည်းမကြားနိုင်
တော့ဘူး…ဟိုမိန်းမရဲ့ မာယာအောက်မှာ နစ်မျောမူးယစ်သွားပီဗျ။
အဲဒီချိန်မှာ မိန်းမချောက ကိုဒီပကို ပြောတယ်။
” မောင်ကြီးရေ !! မောင်ကြီးရဲ့စိမ်းကားမူကို နှမလေး မခံစားနိုင်တော့
ပါဘူး…နှမလေး အသဲတွေ ကွဲကြေရပါတော့မယ်…ဒါ့ကြောင့် မောင်
ကြီးနဲ့ ဝေးရာကို နှမလေးထွက်သွားပေးပါတော့မယ်နော် ”
ဟော !! မိန်းမချောက ပြောပြောဆိုဆိုနဲ့ သူ့အဝတ်အစားတွေကို
ပြန်ဝတ်ပီး နေရာကနေ ချာခနဲလှည်ထွက်ဖို့ပြင်လိုက်တာဗျ။ အဲဒီချိန်
မှာပဲ ကိုဒီပက မိန်းမချောကို လှမ်းအော်ပြောလိုက်တာဗျို့။
” နှမတော် … နှမတော် !! နေ…နေပါဦး … မောင်ကြီး နှမလေးနဲ့
လိုက်ခဲ့ပါ့မယ်…လိုက်ခဲ့ပါ့မယ်ကွဲ့ ”
ဟာ !! ကိုဒီပ အဲဒီလိုပြောလိုက်တော့ လှည့်ထွက်သွားတဲ့ မိန်းမချော
က ခြေလှမ်းတွေကို ရုတ်ချည်းရပ်တန့်လိုက်ပီဗျ။ ပီးတော့ ကိုဒီပရှိရာ
ကိုပြန်လှည့်လိုက်ပီ။
အောင်မလေးဗျာ !! မထင်မှတ်တဲ့ မြင်ကွင်းကြောင့် ကျုပ်ဆံပင်မွှေး
တွေထောင်ထသွားတာ…မျက်လုံးတွေပါ ပြူးကျယ်ပီးအပြင်ကိုထွက်ကျမတက်ဖြစ်သွားတာဗျ။
ကျုပ်မြင်လိုက်ရတာ တခြားဟုတ်ရိုးလားဗျာ။ ချာခနဲလှည့်လာတာ မိန်းမချောလေးမဟုတ်တော့ဘဲ…မျက်လုံးကြီးတွေ အကြမ်းပန်းကန်လုံး
လောက်နဲ့ ဆံပင်ဖားလျားချပီး ထမီရင်လျားထားတဲ့ မိန်းမကြီးဖြစ်နေလို့ပဲဗျို့။ သူ့ကို ကျုပ်သိတယ်…အဲဒါ မဖဲဝါ…မဖဲဝါကြီးဗျ။
မဖဲဝါကြီးက မြေပြင်ကိုခြေအစုံနဲ့ထိပီးရပ်နေတာ မဟုတ်ဘူး…မြေပြင်
နဲ့ သုံးပေလောက်အကွာက လေထဲမှာ မားမားကြီးရပ်နေတာဗျ။ အရပ်
ကြီးက ဆယ့်နှစ်ပေကျော်တယ်ဗျို့။ အလိုလေးဗျာ !! ကျုပ်တို့တော့
ကိုယ်ကျိုးနည်းပီ ထင်ပါရဲ့။
” ဟားးးဟားးဟားး !! ဟီးးးဟီးးဟီးးး !! ဟိုးးဟိုးးဟိုးးး !! ”
ဟာ !! မဖဲဝါက လေထဲမှာတင် ခေါင်းကြီးအပေါ်မော့ပီး အသံနက်
ကြီးနဲ့ ဟက်ဟက်ပက်ပက်ရီမောနေတာဗျ။ ပီးတော့ ကိုဒီပကို စား
မတတ် ဝါးမတတ် စူးစူးရဲရဲကြီး စိုက်ကြည့်ပီး ကြိမ်းဝါးလိုက်တာ။
” ဒီသမာဓိ လောက်နဲ့ နင်က တစ်ပွဲစားမှော်ကို လိုချင်သေးတယ်…
အေး !! တစ်ပွဲစားမှော်တော့မရဘူး…ဟောဒါပဲ ရမယ်ဟေ့ ”
ဟာ !! မဖဲဝါက စကားဆုံးတာနဲ့ ကိုဒီပဆီကို လေထဲကနေ ရိပ်ခနဲ
ပြေးဝင် သွားပီး ငယ်ထိပ်တည့်တည့်ကို လက်ဝါးကြီးနဲ့နှစ်ချက်တိတိ
ဆင့်ပီး ရိုက်ချပစ်လိုက်ပီဗျို့။ မြေကျင်းထဲမှာ ခေါင်းပေါ်ရုံလေးဖော်ပီး
ထိုင်နေရတဲ့ ကိုဒီပတစ်ယောက် ဘာတတ်နိုင်မှာလည်း…မဖဲဝါရဲ့
လက်ဝါးချက်ကို လည်စင်းခံရုံပဲရှိတော့တာပေါ့ဗျာ။
” ဖုန်းးး !! ဖုန်းးး !! ”
” အ့…အ့ !! အားးးး !! ”
ကိုဒီပ နောက်ဆုံးအနေနဲ့ ကြုံးအော်လိုက်တဲ့ အသံကြီးက သချိူင်းကြီး
တစ်ခုလုံး ပွင့်ထွက်သွားမလားမှတ်ရတယ်။
” အော့ !! ဝေါ့ !! ”
ကိုဒီပရဲ့ နားတွေ…မျက်စိပေါက်တွေကနေ သွေးတွေယိုစီးကျလာတာဗျ။ ပီးတော့ ပါးစပ်ကနေ သွေးတစ်ဆုပ်ကို ထိုးအန်ရင်း ဇက်ကြီးကျိုး
ကျသွားပီဗျို့။ စည်းပေါက်သွားလို့ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ
အကျိုးဆက် ဆိုတော့ ကျုပ်လည်းဘာများတတ်နိုင်ဦးမှာလဲ။
မျှော်လင့်ချက်ကင်းမဲ့နေပီ ဖြစ်တဲ့ ကိုဒီပကိုထားခဲ့ပီး ရွာထဲကိုအသက်
လုလို့သုတ်ချေတင်ပြေးရတော့တာပေါ့ဗျာ။ ဒါတောင်မှသချိုင်းထဲက
မဖဲဝါရဲ့ရီမောသံကြီးက ကျုပ်ရဲ့နောက်ကျောဘက်ကနေ ထပ်ချပ်မခွာ
ကပ်ပီး ပါလာသလားလို့တောင်ထင်ရတာဗျ။ ရွာထဲရောက်တော့…ကိုးတောင်ပြန် ဆရာကြီးစံထွန်းရှိတဲ့ တဲကျောင်းလေးကို ဦးတည်ပြေး
လာခဲ့တယ်။
တဲကျောင်းကို ရောက်တော့ ကန်တော့ပွဲတွေရှေ့မှာ စိတ်နှလုံးညိုးနွမ်း
တဲ့ အမူအရာနဲ့ ကျုပ်ကိုထိုင်စောင့်နေပုံရတဲ့ ကိုးတောင်ပြန်ဆရာစံကို
တွေ့လိုက်ရတယ်ဗျ။ အမောတကောနဲ့ပြေးလာတဲ့ ကျုပ်ကိုမြင်တော့
ဖေးကူရင်း အသင့်စီရင်ထားတဲ့ ရေစင်တစ်ခွက်ကို တိုက်တယ်။
” မောင်သာအောင် !! အသက်ကိုပုံမှန်ရှု…ရော့ !! ဟောဒီရေစင်ကို
ဖြေးဖြေးချင်း သောက်ချလိုက်ကွဲ့ ”
ဆရာစံ ကမ်းပေးတဲ့ ရေစင်ခွက်ကို လှမ်းယူပီး ကျုပ်မော့သောက်ချ
လိုက်တယ်။ ဒီတော့မှ အသက်ရူမှန်ပီး…နေသာထိုင်သာရှိသွား
တာဗျ။ အနည်းငယ် အမောပြေသွားတော့မှ ဆရာကြီးကို ကျုပ်
စကားစလိုက်တယ်။
” ဆရာကြီး !! ကို…ကိုဒီပ… ”
” ကျုပ် !! သိပါတယ် … မောင်သာအောင် … မောင်ဒီပ စည်းဖောက်
ခဲ့လို့… အသက်စွန့်ခဲ့ရပီ မဟုတ်လားကွယ် ”
ဟာ !! ကျုပ်စကားကို ဆုံးအောင်မပြောလိုက်ရပါဘူးဗျာ။ ဆရာကြီး
က လက်ဝါးကာပြရင်း…ဖြတ်ပြောလိုက်တာဗျ။ ကျုပ်လည်း ဆရာကြီး
ကို အံ့အားသင့်စွာနဲ့ ပြန်မေးလိုက်ရတယ်။
” ဟင် !! ဆရာကြီးသိနေတယ် ဟုတ်လား ”
” အေးကွဲ့ !! ဆရာကြီး ဒီမှာကန်တော့ပွဲတွေကို ဖယောင်းတိုင်/
အမွှေးတိုင်တွေ မပြတ်ထွန်းပီး ဂါထာမန္တာန်တွေ ရွတ်ဖတ်နေတုန်း…
ရုတ်တရက်ကြီး…လေလည်းမတိုက်ပါပဲ ကန်တော့ပွဲမှာထွန်းထား
တဲ့ ဖယောင်းတိုင်တွေ အကုန်မီးငြိမ်းသွားတယ်…အမွှေးတိုင်တွေ
လည်း ပြုတ်ကျလာတယ်ကွ…ပီးတော့ ကျုပ်ရဲ့အာရုံထဲမှာ မောင်
ဒီပ တစ်ယောက် သွေးချောင်းကြီးထဲမှာ မြုပ်ချည်ပေါ်ချည်ဖြစ်နေ
တာကိုလည်း ဖျတ်ခနဲမြင်လိုက်ရတယ် မောင်သာအောင်ရဲ့…
အဲဒီထဲက မောင်ဒီပတစ်ယောက် အခြေနေမဟန်တော့မှန်း ဆရာ
ကြီးရိပ်စားမိ လိုက်ပါပီကွယ် ”
” ဟုတ်ပါတယ် ဆရာကြီး !! ကျနော်လည်းဘာမှ မတတ်နိုင်ခဲ့ဘူး ”
” အေးပေါ့ မောင်သာအောင်ရယ် … ကာယကံရှင်ကိုယ်တိုင်က စည်း
ကျိူး…စည်းပေါက်မှတော့ မင်းအပစ်မရှိပါဘူးကွယ်…သဗ္ဗေသတ္တာ
ကမ္မသကာပဲပေါ့ ”
ကိုးတောင်ပြန် ဆရာစံထွန်းက စကားဆုံးတော့ ဘုရားကိုလှည့်ပီးဝတ်
ပြုနေတာဗျ။ သူလည်း အတော်လေးစိတ်ထိခိုက်သွားပုံရတယ်။ ကျုပ်
လည်း ကိုဒီပအတွက်ဘယ်စိတ်ကောင်းနိုင်မှာလဲဗျာ။ နှမြောဖို့တော့
ကောင်းသားဗျ။ ဒီလူ တစ်ပွဲစားမှော်အတတ်ကို အောင်မြင်ဖို့အနှောင့်အယှက် အတော်များများကို ကျော်ဖြတ်လာနိုင်ခဲ့ပီးမှ… သချိူင်းရှင်မ
ကြီး မဖဲဝါ လှည့်စားတဲ့ ဣတ္တိယစည်း ဆိုတဲ့ နောက်ဆုံးအတားအဆီး
ကို ကျရှုံးသွားခဲ့ရတာလေဗျာ။
အဲဒီညက ကျုပ် အိမ်မပြန်တော့ဘူး။ တဲကျောင်းထဲမှာပဲ တစ်ညလုံး
မိုးစင်စင်လင်းခဲ့ရတယ်။ မိုးလင်းတော့… ဆရာစံထွန်းကိုယ်တိုင်
ဆရာတော်ကြီးကို အဖြစ်အပျက်အလုံးစုံလျှောက်တင်လိုက်တယ်ဗျ။
ဆရာတော်ကြီးကလည်း အကြောင်းစုံကိုသိတော့ ရွာလူကြီးဘထွေး
ဖိုးဘကို လူလွှတ်ခေါ်ခိုင်းပီး အကျိူးအကြောင်းမိန့်တယ်။
အဲဒီနောက်တော့ ကျုပ်အပါအဝင် ရွာထဲက ကာလသားတစ်ချို့နဲ့
သချိုင်းထဲက ကိုဒီပရဲ့အလောင်းကိုမြေ မြုပ်ဖို့ အားချင်းစီစဉ်ရ
တော့တာပေါ့ဗျာ။
×××××××××××××××××××××××××××××××××××××××
ပြီးပါပီ။
#စာချစ်သူများအားအစဉ်လေးစားရိုသေလျက်
✍️✍️ ~ M T