ကိုးလောင်းဆင်တိုးမောင်နှင့်မေတ္တာရောင်ပြန်

ကိုးလောင်းဆင်တိုးမောင်နှင့်မေတ္တာရောင်ပြန်
—————————————————-

…..အချိန်က ၁၉၂၃ခုနှစ် ဖြစ်လေသည် ….မြန်မာနိုင်ငံဟာ အင်္ဂလိပ်လက်အောင်ခံနိုင်ငံတနိုင်ငံဖြစ်တာနဲ့အညီ ပေါကြွယ်ဝလှသော သယံဇာတများကိုလဲ အင်္ဂလိပ်အစိုးရ၏ သဘောရှိထုတ်ယူမှုကို ခါးစည်းခံနေရချိန်ဖြစ်သည်….အင်္ဂလိပ်တို့ထုပ်ယူတင်ပို့လျှက်ရှိသော သယံဇတများအနက် သစ်ထုတ်လုပ်မှုလုပ်ငန်းသည်လဲ အရေးပါသော ကဏ္ဏတခုဖြစ်ပေသည်…..ထို့ကြောင့် မြန်မာနိုင်ငံအတွင်းရှိ သစ်တောများကို ကြိုင်းဝိုင်းသစ်တောများသက်မှတ်ပြီး သစ်ထုတ်လုပ်ရေးလုပ်ငန်းများကို တိုးခဲ့လုပ်ကိုင်လျုက်ရှိကြလေသည်…..
…….
…….မြန်မာနိုင်ငံ ပဲခူးရိုးမအတွင်းရှိ ပျဉ်ဒရာယ်သစ်တောကြိုးဝိုင်း ၏အာရုံဦးနံနက်ခင်းဟာ အာမင်္ဂလာ သီတင်းဆိုးကြီးနှင့်နိုးထခဲ့ရပါပြီ……..
……
……….နံနက်စောစောဆီးဆီး ညောင်နီရွာအတွင်းရှိ ဆင်ဝိုင်းခေါင်းဆောင် ဦးလွန်းဖေ ၏အိမ်သို့ ဆင်ဦးစီးတယောက် အပြေးအလွှားရောက်လာလေသည်….

…..ဦးလွန်းဖေ…..
…ဗျို့…..ဦးလွန်းဖေ…
…..
……နံနက်စောစော သူ့နာမည်ကို တကြော်ကြော်ခေါ်ရင်းအိမ်ဝိုင်းထဲဝင်လာသော လူတယောက်အသံကြောင့် ဘုရားဝတ်တက်နေသော ဦးလွန်းဖေ စိတ်အနှောက်အယှက်ဖြစ်သွားလေသည်……
……ဟေ့…
…ဘယ်သူလဲ….ဟ….
…စောစောဆီးဆီး…
.ကျွန်တော် ကျော်သောင်းပါ….
….ဟေ….
…ကျော်သောင်း….
..မောကြီးပမ်းကြီးနဲ့ ဘာဖြစ်လာတာလဲ ကွာ….
…ဟို…
…တိုးမောင်…တိုးမောင်ရယ်….
…ဟ….တိုးမောင်ဘာဖြစ်လဲ မြန်မြန်ပြောစမ်း…
…တိုးမောင်ရယ် အောင်ပန်း ကို ညကနင်းသက်လိုက်ပြီ….
…ဘာကြ…..
….ဘယ်လိုဖြစ်ကြတာလဲ ပြောစမ်းပါဦး….
..ညက…ကျွန်တော်တို့အဖွဲ့ တိုးမောင်ရဲ့တဲမှာ ဝိုင်းထိုင်နေတုန်း တိုးမောင်ထူးပြုတ်သွားတယ် အဲ့ဒါ အောင်ပန်း သွားထိန်းရင်း တိုးမောင်နင်းသက်သွားတာ စခန်းက တဲ့တချို့ကိုလဲ ဖျက်ဆီးသွားတယ်….
……ဟေ…
…ဒုက္ခပါပဲကွာ…..
…ခု..အောင်ပန်း အလောင်းရော…..
…အဲ့နေရာမှာပဲရှိသေးတယ်…သွားမကောက်ရဲသေးဘူး….ဆင်ဝိုင်းမှာလဲ လူတယောက်မှမရှိတော့ဘူး ရွာထဲပြန်ရောက်ကုန်ပြီ….တိုးမောင်ခုရက်ထဲ မုန်ကျနေတယ်ဗျ……
…..အေး…ခု..တိုးမောင်ဘယ်မှာလဲ…
…ဟို..မနက်၄နာရီလောက် စခန်းတောင်ဘက်က ပျဉ်းကတိုးတောထဲဝင်သွားတာတွေ့လိုက်တယ် ဦးလွန်းဖေ…..
….
….အေး…ဒါဆို ရွာထဲပြန်ရောက်နေတဲ့ ဆင်ဦးစီးတွေကိုခေါ်….ဆင်ဝိုင်းကိုပြန် မိညိုနဲ့ မိုးမောင်ကို ပုခက်တင်ထား…အချိန်မနှောင်းခင် တိုးမောင်နောက်လိုက်ရမယ် ….အောင်ပန်းအလောင်းကိုတော့ ပြန်ကောက်ပြီး စခန်းမှာပဲ သင်္ဂြိုလ်ကြတာပေါ့…..
…ငါက တောအုပ်ကြီးဆီသီတင်းပို့ဦးမယ်…
…အောင်ပန်းနဲ့ဆို တိုးမောင် နင်းသက်တာ ဆင်ဦးစီး၈ယောက်ရှိပြီ ဒီတိုင်းဆိုရင် တောရုံးက တိုးမောင်ကို သေဒဏ်ပေးလောက်တယ်…….
….မင်းလဲ စခန်းပြန်တော့ ငါပြောသလို စီစဉ်ထား…..
…ဟုပ်ကဲ့…
..ဒါဖြင့် ကျွန်တော်သွားပြီ…
…အေး..အေး….

….ကျော်သောင်း ပြန်သွားပြီးနောက် ဦးလွန်းဖေ တောရုံးသို့သုတ်ခြေတင်ရလေတော့သည်…..
…….“ဒီအတိုင်းဆို တိုးမောင်ဆိုတဲ့ဆင်က လူသက်တာ၈ဦးရှိပြီပေါ့….ဒါဟာ သမိုင်းမှာအဆိုးဝါးဆုံးပဲ…..ဥပဒေအတိုင်းဆိုရင် ကိုးယောက်သက်ဖူးတဲ့ဆင်ဟာ သေဒဏ်ပဲ……
…ခု၈လောင်းရှိသွားပြီ….လူကလေး….
…ဒီတော့ တိုးမောင် နောက်တလောင်းသက်တာကို စောင့်မလား…နောက်တယောက်မသက်ခင် သေဒဏ်ပေးမလား….ဒီနှစ်ချက်ရွေးကြမယ်ဆိုရင်….ကျုပ်က ပထမအချက်ကိုပဲရွေးရလိမ့်မယ်……..
….လူလေး လွန်းဖေ သဘောထားကရော….

…မင်းကြီးရဲ့ရွေးချယ်မှုကို နှစ်သက်ပါတယ်…
..တိုးမောင်ကို ဆက်ထားမယ်ဆိုလဲ သူ့ကိုစီးရဲတဲ့ဆင်ဦးစီး စခန်းမှာမရှိတော့ဘူး မင်းကြီး……
….ကောင်းပြီလူကလေး…..
..ခုပဲ ကျုပ်နဲ့ကျုပ်လူတွေ သေနတ်ယူပြီး ဆင်ဝိုင်းကိုလာခဲ့ပါမည် လူလေးကဆင်စခန်းကနေစောင့်နေပါ…..
….ကောင်းပါပြီ..မင်းကြီး..
…ကျုပ်ကို ခွင့်ပြုပါဦး…
…ကောင်းပြီလူကလေး…….
…….
……ပျဉ်ဒရယ်စခန်းသို့ တောအုပ်ကြီးနှင့် လူသုံးယောက်ရောက်လာသောအခါ စခန်းအတွင်းပျက်ဆီးသွားသော တဲများ ကိုစစ်ဆေးခြင်း အောင်ပန်း၏အလောင်းကို စစ်ဆေးအတည်ပြုခြင်းများပြုလုပ်ကြသည်….
…ထို့နောက် တိုးမောင်နောက်ကိုလိုက်ပြီး သုတ်သင်ရန် စခန်းက ဆင်ယဉ် နှစ်ကောင်ဖြင့် ပျဉ်းကတိုးတောထဲသို့ ထွက်လာခဲ့ကြသည်…..
….ပျဉ်းကတိုးတော ထဲဝင်လိုက်သည်နှင့် တိုးမောင်ကို တန်းပြီးတွေ့လိုက်သည်…
….oh my god….
…amazing elephant.. …
…သာမန် ခိုင်းဆင်တွေထက် ကြီးမားသော တိုးမောင်ကိုတွေ့လိုက်ရသည်နှင့် တောအုပ်ကြီးအံ့သြသွားသည်…..
….Wow လူကလေးလွန်းဖေ…
…အဲ့ဒါ တိုးမောင်ဆိုတဲ့ ဆင်လား..
…ဟုပ်ပါတယ် မင်းကြီး…
…အရမ်းထွားကျိုင်းလှချေလား….
..ဟုပ်ပါတယ်…….စခန်းမှာတော့ အကြီးမားဆုံး အားအကြီးဆုံးနဲ့ပညာအတော်ဆုံး ခိုင်းဆင်ကြီးပါ မင်းကြီး…..
….Oh…..ကျုပ်သက်ရမှာ သိပ်နှမျောတယ်….
..ဒါပေမဲ့ သူ့ကိုစီးမဲ့ဆင်ဦးစီးမရှိလေတော့ ဘာတတ်နိုင်မလဲလေ……
….ကိုင်း…
…တိုးမောင်ကို သုတ်သင်ဖို့ ဆင်ပစ်အဖွဲ့အသင့်ပြင်ပါ…..
….ကျုပ်အမိန့်ပေးတာနဲ့ ပစ်ပါ….

…ခိုင်းဆင်ကြီးတိုးမောင်ဟာ သူ့ကိုပစ်သက်တော့မည်ကိုမသိဘဲ ဦးလွန်းဖေတို့ရှိရာ့သို့ အေးအေးဆေးဆေးပင်လှမ်းလာသည်….
……ဆင်ပစ်အဖွဲ့ အသင့်ပြင်ပါ….
….တောအုပ်ကြီး၏ အမိန့်ကြောင့် ဆင်ပစ်သမား၃ဦးဟာ သေနက်ကိုကျည်ထိုးမောင်းတင်ပြီး တိုးမောင်၏ ဦးခင်းမဲမဲကြီးကို ချိန်ထားလိုက်ကြသည်……
……ရယ်ဒီ……..
….fire………
………….
မပစ်ကြပါနဲ့….
..ခန…
….နေကြပါဦး…..
….Oh….
….သင်ဘယ်သူလဲ….
..တောထဲမှပြေးထွက်လာသော လူတဦး၏ အမှတ်မထင် ဟန့်တားမှုကြောင့်….ဆင်ပစ်အဖွဲ့ဟာ ခလုတ်ဆွဲချခါနီး ထရေကာ ပေါ်မှလက်ညိုးကို ပြန်ယုတ်လိုက်ကြသည်…..
……သင်ဘယ်သူလဲ….
…ကျုပ် ဆင်ဦးစီးဖားရိုးပါ….
…oh…ဖားရိုး…သင်ဘာ့ကြောင့် ကျုပ်အမိန့်ကို ဟန့်တားတာလဲ…..
…အဖြစ်မှန်ကိုမသိဘဲ….ဆင်ဝိုင်းရဲ့ အားအကိုးရဆုံးဆင်ကို သက်မိမှာစိုးလို့ပါ….
….နိုစ်….နေပါဦး…..
…သင့်အနေနဲ့ အခင်းဖြစ်တဲ့ညက အကြောင်းအရာတခုခု ကိုသိထားလို့လား……
…တိကျခိုင်လုံတဲ့ ဖြေရှင်းချက် တာဝန်ယူမှု သင်ပေးနိုင်လို့လား…..
…ကျုပ် ပေးနိုင်ပါတယ်မင်းကြီး……
…ဒါဖြင့် ကျုပ်ကို ပြောပြပါ လူကလေး….
….
……ဒီလိုပါမင်းကြီး….
…အခင်းဖြစ်တဲ့ ညက ဆင်ဝိုင်းမှာကျုပ်ရှိပါတယ်….အဖြစ်အပျက်အစအဆုံးကို ကျုပ်သိပါတယ်…….
……အဲ့ညက အောင်ပန်း ကျော်သောင်းနဲ့ သောင်းတင် တို့ ၃ယောက်ဟာ အောင်ပန်းရဲ့တဲမှာအရက်ဝိုင်းထိုင်သောက်ကြပါတယ်….
…..ည၂ချက်ကျော်တော့ အားလုံးကအရမ်းမူးနေကြပါပြီ…
..အဲ့ထဲမှာ သောင်းတင်က အောင်ပန်းကိုပြောပါတယ်……ဆိုပြီး အဖြစ်အပျက်အမှန်ကိုအစချီပြီးပြောပြလိုက်ပါသည်….

….မင်းဆင် တိုးမောင်ကိုမင်းတကယ်နိုင်လား….
….ဟား…..တိုးမောင်ဆိုတာ ငါသေဆိုသေရှင်ဆိုရှင် ရတဲ့အကောင်ကြီးဟ…..
….ဟုပ်ရဲ့လားကွာ…မင်းအရင် သူနင်းသက်ထားတာ ဆင်ဦးစီး၇ယောက်ရှိပြီနော်….
…အို….ဒါက ငါနဲ့မတွေ့သေးလို့ပါ….
..အောင်ပန်းဆိုတဲ့အကောင်ဟာ တိုးမောင်လောက်ကိုမပြောနဲ့ တောထဲကဆင်ရိုင်းတွေကိုတောင် လက်ထဲချွန်းရှိရင် အချိန်မရွေးတက်စီးရဲတယ်……
…..ယုံလားတော့မသိဘူး……
….မယုံဘူးကွာ…..ဒါဆို ခုချိန် တိုးမောင်ကို ချွန်းပေါက်ပြီးစီးပြ……
….ဟား….သိပ်ရတာပေါ့ကွာ ……
…ကြည့်နေ….ငါစီးပြမယ်….
…ပြောပြောဆိုဆိုနဲ့ ချွန်းကို ခါးကြားထိုးပြီး ယိုင်တိုင်ယိုင်တိုင်နှင့် အောင်ပန်းထသွားလေသည်………..
…….ဆင်ဆိုတာမျိုးက အမှတ်ကြီးသလိုအသန့်အပျံ့သိပ်ကြိုက်တဲ့တရိစ္ဆာန်မျိုးဖြစ်သည်…..အရက်သောက်ထားသောမည်သူမဆို တိုးမောင်က သူ့ကျောပေါ်အတက်ခံလေ့မရှိ….အရင်ဆင်ဦးစီး၇ဦးလဲ အရက်မူးမူးနှင့်တိုးမောင်ကျော်ပေါ်တက်ပြီး ချွန်းပေါက်ခိုင်းသဖြင့် တိုးမောင်နင်းသက်ခြင်းဖြစ်ပေသည်…….
……ခု…အောင်ပန်းတယောက်လဲ သူ့ကြမ္မာသူဖန်တီးချေပြီ……
….အရက်မူးနေသော အောင်ပန်းဟာ ထူးတည်းထားသော တိုးမောင်ဆီသွားပြီး
……ငေါင်း….ငေါင်း….ငေါင်း….
…ဆိုပြီး ဝပ်ခိုင်းသည်……..
…တိုးမောင်ဟာ သူ့နှာမောင်းဖြင့် အောင်ပန်းရဲ့ကိုယ်ကို အနံခံလိုက်ပြီး….ဖူး….ခနဲနှာမှုတ်လိုက်သည်…….
….တောက်…..
…ဘာလဲတိုးမောင်…..မင်းကငါ့ကို….အာခံတာလား….
…ရတယ်…..မင်းဝပ်မပေးရင်…..
….ချွန်းနဲ့ပေါက်တယ်ကွာ….
…ဒုတ်
…စွပ်…..
…ကျီ…….ဝူး…..
…..ဖြောင်း……
…အား……
…မေးရိုးကိုချွန်းပေါက်ခံရသဖြင့် တိုးမောင်ဒေါသဖြစ်ပြီးနှာမောင်းဖြင့်အောင်ပန်းကိုရိုက်လိုက်ရာ အောင်ပန်းလွင့်သွားသည်……
….သြော်….မင်းကဒီလိုလားတိုးမောင်
….တောက်….တွေ့ကြပြီပေါ့…..
…အောင်ပန်းဟာ တိုးမောင်နားက သစ်ပင်ပေါ်တက်ပြီး တိုးမောင်ကျော်ပေါ်ခုန်ချပြီး တိုးမောင်၏နားအုံကို ချွန်းနှင့်အားရပါးရ အတိုးအဆမရှိဆက်တိုက်ပေါက်လိုက်သည်…
….ကဲကြာ..
…ကဲကွာ…….ဒုတ်…ဒုတ်…..
….ကျီ…..ကျဉ်……..ဝူး…..
…ဝုန်း….ဖြောင်း….
…အား……
…ချွန်းပေါက်ခံရတဲ့ဒဏ်ကြောင့် တိုးမောင် စူးစူးဝါးဝါးအော်လိုက်ပြီး အနားက သစ်ပင်တပင်ကိုပြေးဆောင့်လိုက်သည်……အရက်မူးနေတဲ့အောင်ပန်းဟာ မထိန်းနိုင်ဘဲ တိုးမောင်၏ကျောပေါ်မှပြုတ်ကျသွားသည်…….
ထို့နောက်…
….အောင်ပန်းပြန်မထခင်မှာပဲ တိုးမောင်ဟာအောင်ပန်းကို ဒေါသတကြီးနင်းသက်လိုက်လေသည်…….
….အောင်ပန်း ကိုနင်းသက်ပြီး ထူးများကို ဒေါသတကြီးနဲ့တအားဆောင့်ရုန်းလိုက်ရာ သံကြိုးကြီးပျက်သွားသည်…….

…..ထောင်း….

…ကျီ……ကျဉ်….
…ဟာ….တိုးမောင်ထူးပြုတ်သွားပြီ….
…ပြေးကြ….ပြေးကြ….
…ကျော်သောင်းနှင့်သောင်းတင်လဲ ခြေဦးတည်ရာစွတ်ပြေးကြသည်……
…အဲ့နောက်….တိုးမောင်ဟာ အောင်ပန်းရဲ့တဲကိုအရင်နင်းဖျက်လိုက်သည်
….နောက်…ကျော်သောင်းနှင့်သောင်းတင်တို့၏တဲကိုပါ နင်းဖျက်လိုက်သည်……အခြားတဲများကိုတော့ဘာမလုပ်ပဲ တောထဲသို့ထွက်သွားလေသည်………
……….
…………အဖြစ်ကတော့ အဲ့ဒါပါပဲမင်းကြီး…..

…တကယ်တော့ တိုးမောင်မုန်ယိုပြီးစိတ်ရိုင်းဝင်တယ်ဆိုတာ မဟုပ်ပါဘူး…..
…..Wow ဒါဖြင့် တိုးမောင်ရဲ့အပြစ်မဟုပ်ဘူးပေါ့…….
….မှန်ပါတယ်မင်းကြီး……..
…..ခက်တာက စခန်းမှာတိုးမောင်ကိုစီးရဲတဲ့ဆင်ဦးစီးမရှိတာပဲ လူကလေး….
…ဒီ့အတွက်မပူပါနဲ့……တိုးမောင်ကိုကျုပ်စီးပါမယ်…..
…..Oh……တကယ်လားလူလေး…..
…..သင်သာ တိုးမောင်ကိုတကယ်စီးရဲတယ်ဆိုရင် သင့်ကို အခြားဆင်ဦးစီးတွေထက် လစပိုပေးမယ်လူကလေး……
…….ကောင်းပြီ မင်းကြီး….ကျုပ်တိုးမောင်နဲ့စကားပြောဦးမယ်……
….Ok…လူကလေး…..
….ဦးဖားရိုးဟာ တိုးမောင်ရှေ့သွားပြီး မတ်တတ်ရပ်လိုက်သည်……..
…ကိုင်း…..
…ငါ့သားတိုးမောင်…..အခု ငါ့သားအသက်ကိုအဖေကယ်လိုက်ပြီ….အဖေဟာ ငါ့သားကိုစီးမဲ့ဆင်ဦးစီးအသစ်ပဲ…..ငါ့သားကိုခိုင်းတဲ့နေရာမှာ အဖေချွန်းမကိုင်ဘူး….အရက်လဲမသောက်ဘူး…ငါးပါးသီလပါအဖေစောင့်ထိန်းမယ်….
….ငါ့သားက အဖေ့စကားကိုနားထောင်ပြီး အလုပ်ကိုကောင်းကောင်းလုပ်ပါကွယ်…..
…..အခု…အဖေ့ကို ငါ့သားကြီးရဲ ကျောပေါ်ကိုတက်ခွင့်ပေးပါကွယ်……..
….ဦးဖားရိုး၏စကားဆုံးသောအခါ….
…ဆင်ကြီးတိုးမောင်ဝပ်ပေးလိုက်သည်…
…ဦးဖားရိုးဟာ တိုးမောင်၏ လက်ကိုနင်းပြီး ကျော်ပေါ်သို့ တက်ခွလိုက်သည်……
….ကိုင်း….သားကြီးတိုးမောင်….
…စခန်းကိုပြန်ကြစို့……..
…ကျီ…..ဝူး….
…တိုးမောင်ဟာ နှာမောင်းကိုမြှောက်ပြီး တချက်အော်လိုက်ကာ စခန်းဘက်သို့တလှမ်းခြင်း စလှမ်းလေတော့သည်………
………
………….ဦးဖားရိုးတွင် ရွှေတိုးဟုခေါ်သော အသက်၂၀အရွယ်သားတယောက်ရှိလေသည်….ဆင်ဦးစီးအလုပ်ကိုဝါသနာကြီးသလိုဆင်တွေကိုလဲအရမ်းချစ်သည်….ခုဆို တိုးမောင်ကြီးနှင့်အရမ်းရင်းနှီးချစ်ခင်လျှက်ရှိနေလေပြီ….
…..တိုးမောင်ကို ရေချတာပဲဖြစ်ဖြစ် ဆင်လိုက်ကောက်တာပဲဖြစ်ဖြစ် ရွှေတိုးကလုပ်သည်….ဦးဖားရိုးကလဲ ယုံကြည်စိတ်ချစွာခွင့်ပြုထားလေသည်………
…..ရွှေတိုးတွင် ဖြူနှင်းဟုခေါ်သော တရွာထဲနေချစ်သူတဦးရှိသည်…..သူတို့နှစ်ဦးဟာ တဦးနှင့်တဦးအပြန်အလှန်အရမ်းချစ်ကြသည်………ညောင်နီ တရွာလုံးနီးပါးကလဲသူတို့နှစ်ဦးကို သဘောတူကြည်ဖြူ…..အားလုံးထဲမှာ မှ ရွှေတိုးတို့ချစ်သူနှစ်ဦးကို မလိုမုန်းထားဖြစ်နေသူကတော့ ဆင်ဦးစီး သောင်းတင် ဖြစ်လေသည်…ဖြူနှင်းကိုရယူရန် နည်းမျိုးစုံနှင့်ကြံစည်နေသူတဦးဖြစ်လေသည်……ဖြူနှင်းက သောင်းတင်ကိုလုံးဝလက်မခံပဲ ခါခါးသီးသီး ငြင်းဆန်လျှက်ရှိသည်……….သို့သော် သောင်းတင်ကဇွဲမလျှော့ပဲ အခွင့်အခါကောင်းကိုစောင့်ပြီးဖြူနှင်းကို အရယူရန်ကြံစည်လျှက်ရှိလေတော့သည်
………
………..ဒေါ….ဒေါင်…..ဒေါင်……
…ယနေ့ညနေပိုင်း အလုပ်သိမ်းသည့်သံချောင်းခေါက်သည့်တိုင် ဦးဖားရိုးနဲ့တိုးမောင် အလုပ်မသိမ်းရသေးပါ…..
….သစ်ဆွဲဆင်များဆွဲယူလာသော သစ်လုံးများကို စီပုံထိုးနေရသည်…..
….သစ်ပုံကြီးမှာ တိုးမောင်၏တရပ်ခန့်မြင့်နေပေပြီ……တိုးမောင်က နှာတဖူး ဖူးမှုတ်ရင်း ပေကပ်ကပ် လုပ်လာပေပြီ……ဒါကိုသဘောပေါက်သည့် ဦးဖားရိုးက …….
…..မင်းကြီး……
…..တိုးမောင်အရမ်းပင်ပမ်းနေပြီ…..ဆက်မလုပ်ချင်တော့ဘူးဖြစ်နေတယ်……မနက်ဖြန်မှ စောစောလာပြီး လက်စသပ်ပေးပရစေ……
…..No….ဒီနေ့ပဲအပြီးလုပ်ပါ……
..သင့်ကို ကျုပ်လစာပိုပေးထားပါတယ်….
….သိပ်လဲမကျန်တော့တဲ့အတွက်ဒီနေ့ပဲ အပြီးလုပ်ပေးပါ လူကလေး…….
……ဟူးးး
ဦးဖားရိုး သက်ပြင်းချလိုက်ပြီး….
….ကဲ သားကြီး…..သီးခံပြီး ပြီးအောင်လုပ်ပါကွယ်……အဖေတို့ကသူ့အလုပ်သမား…….
…သူ့အလိုကျလုပ်ပေးရမဲ့တာဝန်ရှိတယ်ကွဲ့….
….သားကြီး ဆက်ပြီးမပါဦးကွယ်…..ငါ့သားကြီးက လိမ္မာပါတယ်…….
…..ဦးဖားရိုး စကားကြောင့် တိုးမောင်ဟာ သစ်လုံးကြီးကို ကောက်မပြီးစီပုံထိုးလိုက်သည်……
….အေး….အေး…
…ငါ့သားကြီးက အဖေ့စကားနားထောင်တယ်…..ဒါ့ကြောင့် အဖေနဲ့ အဖေ့မိသားစုက ငါ့သားကြီးကို ချစ်လဲချစ် အားလဲကိုးနေရတာပေါ့ကွယ်……အခုတတုံးပဲကျန်တော့တယ်…..မလိုက်သားကြီး…..ပြီးရင် အဖေတို့အိမ်ပြန်ကြမယ်နော်……..
….သို့သော် တိုးမောင်က ဆက်မမပဲ သစ်ပုံကြီးကို နှာမောင်းဖြင့်တရှူးရှူးလိုက်နမ်းနေသည်………
……တကယ်တော့ တိုးမောင်ဆက်မ မချင်၍မဟုပ်ပါ ဖြစ်လာမည့်အန္တရာယ်ကို ကြိုမြင်နိုင်တဲ့လူတို့မသိနိုင်သော တရိစ္ဆာန်တို့၏ ရုံရဲ့နှိုးဆော်မှုကြောင့် ချင့်ချိန်နေခြင်းဖြစ်သည်…………
……….အဲ့…တတုံး…ကိုဆက်ပြီးမတင်ခိုင်းပါ လူကလေး……….မခိုင်းပါ…….
……သားကြီး…..မလိုက်…..
….အဖေ့စကားနားထောင်…….
…..တိုးမောင်ဟာ နှာတချက်မှုတ်ပြီး သစ်လုံးကြီးကိုကောက်မပြီး သစ်ပုံပေါ်တင်လိုက်သောအခါ………
……ဝုန်း……
…..ကျီ….
….ဗြော……ဖြော…….
……အား…………..
……………….စီပုံထိုးထားသော သစ်ပုံကြီးဟာ အမှတ်မထင်ပြိုကျလာသဖြင့် တိုးမောင်ဝှေ့ပြီးရှောင်လိုက်ရာ ကျောပေါ်မှ ဦးဖားရိုးပြုတ်ကျသွားပြီး ပြိုကျလာသော သစ်ပုံအောက်ရောက်သွားလေတော့သည်………
……သခင်ပြုတ်ကျပြီး သစ်လုံးအောက်ရောက်သွားသဖြင့် တိုးမောင်ဟာ စိုးရိမ်တကြီးနဲ့ သစ်လုံးကြီးတွေကို ဆွဲဖယ်လျှက်ရှိသည်……
…..သို့သော် သီးလုံးပိသည့်ဒဏ်ကြောင့် ဦးဖားရိုးကတော့ သေဆုံးလျှက်ရှိနေပေပြီ……
….တိုးမောင်ဟာ အသက်ပျောက်နေပြီဖြစ်သော သခင်ဦးဖားရိုးနားမှာ မတတ်တတ်ရပ်ပြီး ဝမ်းနဲပတ်လပ်ငိုကြွေးလျက် အော်ဟစ်နေတော့သည်….
….ကျီ….ကျဉ်…..
…..ဝူး……….
…….
………ဦးဖားရိုးအိမ်သို့ သောင်းတင်……အပြေးအလွှားရောက်လာပြီး…….
…..ဟေ့….ရွှေတိုး….
…..ရွှေတိုး……
…..ဘာလဲ….ကိုသောင်းတင်………
……ဘာဖြစ်လို့လဲ……….
….မင်းအဖေ…….
….ဗျာ…….
….ကျုပ်အဖေ….ဘာဖြစ်လို့လဲ……
…..ပြောပါဗျာ….ဘာဖြစ်လို့လဲ…..
…..မင်းအဖေကို တိုး မောင်……နင်းသက်လိုက်ပြီ…….ကွ……..
…….ဘာ……
…….ကျုပ်အဖေကို……တိုးမောင်နင်းသက်လိုက်ပြီ…..ဟုပ်လား……
……တောက်…….ငါကွာ………
…..တွေ့ကြသေးတာပေါ့……တိုးမောင်…….
….မင်းကို…ငါ့လက်နဲ့ပြန်သက်ပြမယ်……
…..တောက်….
….ရွှေတိုးဟာ အိမ်ပေါ်မှ ဝုန်းခနဲ ခုန်ချပြီး တူးမီးသေနတ်ကိုဆွဲကာ ဆင်ဝိုင်းသို့ ပြေးသွားလေတော့သည်………..
……….
……….. ★ ကိုးလောင်းဆင်တိုးမောင်နှင့်မေတ္တာရောင်ပြန်★

(ဇာတ်သိမ်း)
. ..
…….သေနတ်ဆွဲပြီးပြေးထွက်သွားသော ရွှေတိုးကိုကြည့်ပြီး သောင်းတင်ပြုံးလိုက်သည်……မကြာခင် သူ့ဆန္ဒပြည့်ဝပေတော့မည်….တိုးမောင်လဲသေ ရွှေတိုးလဲထောင်ကျ…ဖြူနှင်းလေးက သူ့မယားဖြစ်…….ကို့အကြံနဲ့ကိုယ် မို့ သောင်းတင် တယောက် ပီတိဖြစ်ပြီး ကျန်ခဲ့လေသည်….
……
…….ဟေ့….
…တိုးမောင်…..
…ငါလာပြီ….ငါ့အဖေကိုသက်တဲ့ကောင် အရှင်ထားရိုးလားကွ…..
…သေဘို့သာပြင်ထား…..
…..တူမီးသေနတ်ကို လက်ကကိုင်ပြီး ဆင်ဝိုင်းထဲပြေးဝင်လာသော ရွှေတိုးကြောင့် အခင်းဖြစ်သည့်နေရာတွင် ဝိုင်းအုံကြည့်နေသောသူများရှဲသွားကြသည်……
……ရွှေတိုးဟာ တိုးမောင်ရှေ့ရောက်သွားသည်နှင့် သေနတ်ကိုမောင်းတင်ပြီး ထိုးချိန်လိုက်သည်…..တိုးမောင်၏ရှေ့တွင် ရုပ်ပျက်ဆင်းပျက်သေနေသော ဖခင်၏အလောင်းကို မြင်ရ၍လဲ ဒေါသများ အလိပ်လိုက်တက်လာခဲ့ပေပြီ
……ဟေ့ကောင်တိုးမောင်….
….မင်းဟာ ကို့အသက်ကိုကယ်ခဲ့တဲ့ကျေးဇူးရှင်အပေါ်ကိုတောင် ကျေးဇူးကန်းတဲ့ မိစ္ဆာ ကောင်ပဲ…….အခုမင်းနင်းသက်လိုက်တဲ့ငါ့အဖေ ဟာ မင်းအပေါ်ဘယ်လောက်ကောင်းတယ်ဆိုတာ မင်းအသိဆုံး….
…..ခုတော့ မင်းက တရိစ္ဆာန်ပီပီ တရိစ္ဆာန်စိတ်မွေးပြလိုက်မှတော့လဲ….ငါဆိုတဲ့ကောင်ကလဲ မင်းကိုထားရိုးလား………သေဘို့သာပြင်တော့ တိုးမောင်……
…..ကျီ…..
….ဝူး……..
….တိုးမောင်ဟာ ရွှေတိုးစကားကိုကြားတော့ ခေါင်းခါပြီး အော်ပါတော့တယ်….မျက်ဝန်းနေရာမှ မျက်ရည်များလဲ တသွင်သွင်စီးကျလာသည်…….စကားမပြောတတ်တဲ့တရိစ္ဆာန်မို့ သူ့ကြောက့်မဟုပ်ကြောင်း ငြင်းဆန်ပြသည်သဘောထင်ရဲ့……
……ဟား…ဟားဟား
….ခုမှကြောက်နေပြီလား…
…လုပ်ရဲရင်ခံရဲရတယ်ကွ…
…ငါ့အဖေနဲ့ဆို မင်းနင်းသက်တာ၉လောင်းပြည့်ပြီ……
….ကိုးလောင်းဆင်တိုးမောင်ကို ပစ်သက်လိုက်လို့လဲ ဘယ်သူမှဗွေယူမှာမဟုပ်ဘူး….
……ဒီတော့….
….အလှည့်ကြမနွဲစတမ်း….
…ပျော်ပျော်ကြီး သာသေလမ်းသွားပေတော့…..
…..တိုးမောင်ဟာ သူငြင်းဆန်တာကို လက်မခံတဲ့ရွှေတိုးကိုကြည့်ပြီး ပဆစ်တုတ် ဝပ်ပေးလိုက်သည်…နှာမောင်းကိုအတွင်းသို့လိပ်သွင်းပြီး မျက်စိမှိတ်ခါ သခင့်ဆန္ဒအတိုင်း အစီရင်ခံလိုက်သည်……
…..ကိုင်း….
….သေပေတော့….တိုးမောင်……
…..
……လူလေး…..
….ဟင်…..
…..ဦးလွန်းဖေ…..
…မှားမယ်လူလေး…..မပစ်နဲ့….
…မင်းအဖေသေရတာ တိုးမောင်ကြောင်မဟုပ်ဘူး……ဟိုမျက်နှာဖြူကောင်ကြီးကြောင့် ကွ……
…..ဗျာ…..
….ဘယ်လို….ဦးလွန်းဖေ……
….ကျုပ်အဖေကို တိုးမောင်နင်းသက်တာမဟုပ်ဘူးလား…..
….ကြံကြီးစီရာကွယ်……
….မင်းကိုဘယ်သူပြောလဲ…..
…သောင်းတင်ပါ….ဦးလွန်းဖေ…..
…သယ်…ဒီကောင်….မဟုပ်တန်းရားတွေသွားပြောတာပဲ………
…ဒီမယ်ရွှေတိုး…..အဲ့သစ်လုံးပုံကြီးပြိုကျပြီး မင်းအဖေအပေါ်ကိုပိလို့မင်းအဖေသေရတာ….
…..ဟို မျက်နှာဖြူကြီးက တိုးမောင်ကို မတန်မရာကို မစဉ်းမစားခိုင်းလို့ သစ်လုံးပုံကြီးဟာ ပုံမှန် တန်တင်းထက်မြင့်ပြီး ပြိုကျတာ…..
…ပြိုကျတော့ တိုးမောင်ကအမှတ်တမဲ့ ဝှေ့ပြီးလွတ်အောင်ရှောင်ရင်း မင်းအဖေပြုတ်ကျပြီး သစ်လုံးအပိခံရတာ…..
…..အဲ့မှာကြည့် သစ်လုံးတွေပြန့်ကျဲနေတာ…
…ဟုပ်ကဲ့…..
…အေး….အဲ့သစ်လုံးကြီးတွေဟာ မင်းအဖေအပေါ်ပိနေတဲ့သစ်လုံးကြီးတွေ….
…..သခင့် ဇောနဲ့ တိုးမောင်ဆွဲပြီးဖယ်ထားတာ….တိုးမောင်ဒီလောက်အားကြီးမှန်းခုမှငါတို့သိတယ်….သစ်လုံးကြီးတွေကိုမပြီးလွှင့်ပစ်နေတာများ ထင်းစလေးကိုဆွဲပစ်နေသလိုပဲ…..မင်းအဖေပေါ်ပိနေတဲ့သစ်လုံးတွေရှင်းသွားတော့ မင်းအဖေကိုဆွဲ ဆွဲထူနေတာများ ငိုတို့ပါအံ့သြတယ်….ဘယ်လိုမှပြန်ထူမရတော့ မင်းအဖေအလောင်းနားမှာပေရပ်ပြီး အော် အော် ငိုနေတာများကွာ ငါတို့အသဲနှလုံးတွေကိုဆွဲဆုတ်ထားသလိုခံစားရတယ်……
….တိုးမောင်ဟာ သခင့်အပေါ်တကယ်သစ္စာရှိတဲ့ဆင်ကြီးပါကွာ…..မင်းမယုံရင် ဝိုင်းထဲကလူတွေမေးကြည့်……..
…..ရွှေတိုး အခြားလူတွေကိုလှည်ု့ကြည့်လိုက်သည်…..အားလုံးဟာ ဦးလွန်းဖေရဲ့ပြောစကားတွေကို ထောက်ခံသည့်အနေနဲ့ ခေါင်းညိမ့်ပြကြသည်………
……
…….ဟာကြာ……
…..ငါတော်တော် အသုံးမကျတဲ့ကောင်ပါ့လား..
……ရွှေတိုးဟာ လက်ထဲမှသေနတ်ကိုပစ်ချလိုက်ပြီး တိုးမောင်ရဲ့ဦးခင်းကိုဖက်လိုက်သည်….
…ငါ့ကိုခွင့်လွှတ်ပါတိုးမောင်ရယ်….
….ငါမှားသွားပါတယ်……
….သူများစကားကို အဟုပ်ထင်ပြီး သခင်အပေါ်သစ္စာရှိတဲ့မင်းကို သက်မိတော့မလို့….
…..ထ…ထ….တိုးမောင်….
….အဖေ့အလောင်းကို…သယ်ပြီး….ကောင်းကောင်းမွန်မွန် သင်္ဂြိုလ်ပေးရဦးမယ်…..
….ထ…ထ…
….ကျီ….
….ရွှေတိုးစကားကြားတော့ တိုးမောင်ကြုံးထပြီး သေဆုံးနေတဲ့ ဦးဖားရိုးအလောင်းကို နှာမောင်းနဲ့ပွေ့ချီပြီး ရွာဘက်သို့ပြန်လာခဲ့လေတော့သည်……
………
………..ဦးဖားရိုးအလောင်း မြေချပြီးသောအခါ…
..တိုးမောင်၏ဆင်ဦးစီးတာဝန်ကို ရွေတိုးကဆက်လက်ယူလိုက်သည်…..အစထဲက တိုးမောင်နှင့်ရွှေတိုးဟာ ရင်နှီးပြီးသားမို့ လုပ်ငန်းခွင်တွင် အမှားအယွမ်း မရှိလုပ်ကိုင်နိုင်ခဲ့သည်…….
…..အားကြီးသောတိုးမောင်နှင့် သွက်လက်သော ရွှေတိုးတို့၏ လုပ်အားဟာ ပျဉ်ဒရယ်သစ်တောကြိုးဝိုင်းကြီးအတွင်း ထင်ပေါ်လျှက်ရှိပေသည်…..လုပ်အားကောင်းတာနှင့်အညီ လခစားအဖြစ်မှ ပုဒ်ပျက်အဖြစ်သို့ပြောင်းလဲလုပ်ကိုင်လိုက်သဖြင့် လုပ်အားခမှာလဲ မြိုးမြိုးမြက်မြက် ရရှိခဲ့သည်….ယခုနှစ်ဝါကျွတ်ရင် ရွှေတိုးဟာ ချစ်သူ ဖြူနှင်းကို လူကြီးစုံရာနှင့်တောင်းရမ်းလက်ထပ်ယူတော့မည်ဖြစ်သည်……
…ဤသီတင်းကြားတော့ မျောက်မီးခဲကိုင်မိသလိုဖြစ်နေသော သောင်းတင်တယောက် ရွှေတိုးကို အကောက်ကြံရန် အပူတပြင်းကြိုးစားလျှက်ရှိလေတော့သည်……….
……….
………….ယနေ့လုပ်ငန်းခွင်တွင် မျက်နှာဖြူကြီး ဖင်မထိုင်နိုင်ဖြစ်နေသည်……
…အဘယ်ကြောင့်ဆိုသော်…..
…သစ်ပင်လှဲအဖွဲ့ လဲလိုက်သော ၃တန်ခန့် ကျွန်းတုန်းကြီးမှာ တောင်စောင်းနေရာမှ ချောက်ဖက်သို့တဝက်ခန့်ရောက်သွားပြီး တောင်ပေါ်ရှိဆင်လမ်းသို့ ပြန်ဆွဲယူရန် အခက်တွေ့နေသည်…..ဆွဲတင်နေတုန်းဝိတ်မနိုင်ပါက သစ်ဆွဲဆင်ပါ ချောက်ထဲသို့ပါသွားနိုင်သည့်အနေထားမျိုးဖြစ်သည်……
…..ကျွန်းတုံးကြီးမှာ အလျားပေ၃၀ခန့်ရှိပြီး လုံးပါတ်က လူကြီးလေးဖက်စာလောက်ရှိသောကြောင့် မျက်နှာဖြူကြီး ဖင်မထိုင်နိုင်ဖြစ်နေသည်……ဒီကျွန်းတုံးကြီးရဲ့ကာလတန်ဘိုးဟာ မည်၍မည်မျှရှိသည်ကိုလဲ သိထားသဖြင့် ဆုံးရှုံးသွားမှာစိုးရိမ်နေသည်….
….လူကလေးတို့ ကြံကြပါဦး…
…ကျုပ် ဒီကျွန်းတုံးကြီးကို လုံးဝအဆုံးရှုံးမခံနိုင်ဘူး…..
….လူလေးတို့ ဆင်ဆွဲအဖွဲ့အနေနဲ့ မရ ရအောင် ဆွဲတင်ပေးဘို့ကျုပ်ပြောချင်ပါတယ်….
…….
……မျက်နှာဖြူကြီးစကားကြောင့် ဦးလွန်းဖေတို့အဖွဲ့ ခေါင်းကြီးသွားသည်…..လုပ်ငန်းအတွေ့အကြုံအရ အရမ်းအန္တရာယ်ကြီးလွန်းလှသော အခြေအနေဖြစ်သည်……
…..ဒီတော့ ရွှေတိုးက အကြံပေးသည်…..
…ဦးလွန်း…..ဆင်နှစ်စီးဆွဲရင် ပါကောင်းပါတယ်…..ကျုပ်နဲ့တိုးမောင်က အရင်းကချိတ်မယ် သောင်းတင်နဲ့ မိုးမောင်က အပေါ်ကဆွဲ….ဘက်ညီရင် ဒီကျွန်းတုံးပါလာမှာသေချာတယ်…….
……မင်းပြောတာ တော့ဟုပ်တယ်….ဒါပေမဲ့ အရမ်း အန္တရာယ်များတယ် ရွှေတိုး…..
….ဒါတော့ ကျွန်တော်လဲသိပါတယ် ….
…ကျွန်တော်တို့မှာတခြားရွေးစရာလမ်းမှမရှိတာ…..

…ဟင်းးးးး
…..ဦးလွန်းဖေဟာ သက်ပြင်းတချက်မှုတ်လိုက်ပြီး……
…ဒါဆိုလဲ…..လုပ်ကွာ…..
…ဟုပ်ကဲ့…..
….သစ်ပင်လှဲအဖွဲ့ဟာ ကျွန်းတုံးကြီးကို နှာဖားဖောက်ပြီး သံကြိုးဆိုင်းလိုက်သည်….ပြီးနောက် တိုးမောင်၏ကိုယ်တွင်မြဲမြန်စွာချည်လိုက်သည်….နောက်တဆင့်အနေနဲ့ ဆင်ထူးခက်သောတုတ်ကြိုးကြီးကို သံကြိုးတွင်ထပ်ဆိုင်းပြီး သောင်းတင်ရဲ့ဆင် မိုးမောင်၏ကိုယ်တွင်ထပ်ချည်လိုက်သည်…..
……အားလုံးအသင့်ဖြစ်ရင် ဖြေးဖြေးခြင်းစဆွဲမယ်…ဟေ့…….
ကိုင်း…..
…..ဆွဲ……
….ဦးလွန်းဖေ အချက်ပေးလိုက်သည်နှင့် တိုးမောင်နဲ့ မိုးမောင်ဟာ ခြေကန်ပြီးစရုန်းသည်……….ကျွီ…..
…..ဟော…
…ပါလာပြီဟေ့……ဆွဲ….ဆက်ဆွဲ…..
…ဖြော……..
…..ကျွီ…….
…ကျွန်းတုံးကြီးဟာ တဖြေးဖြေးနှင့် ကုန်းပေါ်သို့ ၃ပုံ၂ပုံခန့် ရောက်လာချေသည်……
….ဒီအချိန်မှာ အကြံသမားသောင်းတင်ဟာ မိုးမောင်အပေါ်မှခုန်ချလိုက်သည်…….
……ခြံအကွယ်အပေါ်ဘက်ကိုရောက်နေသဖြင့် အောက်ကလူများသူ့ကိုမမြင်ရပေ…ဒါကိုအခွင့်ကောင်းယူပြီး ထူးကြိုးကို ဓားနဲ့ခုတ်ဖျက်လိုက်သည်……ထောင်း…..
….ဗြော……ဖြော…..
…ကျွီ……..
….ဟာ….
….ကြိုးပျက်သွားပြီ…….
…..လုပ်ကြပါဦး…..
….ကျီ…..ဝူး….
…..ရွှေတိုး….ခုန်ချ….ခုန်ချလိုက်….
…အပေါ်ကဆင်တစီး ကြိုးပျက်သွားသဖြင့် ကျွန်းတုံးကြီးဟာ ချောက်ဘက်သို့ပြန်အီသွားပြီး တိုးမောင် တရွတ်တိုက်ပြန်ပါသွားသည်…..
….ရွှေတိုးဟာ တိုးမောင်ပေါ်က ခုန်ချလိုက်ပြီး…….
……ကယ်…ကယ်ကြပါဦး….
…တိုးမောင်ချောက်ထဲကျတော့မယ်….
….သား…တိုးမောင်…..
….ဟာ…….
…..ကျီ…..
…..သာမန်ဆင်တို့ မပြုမှုနိုင်သော လုပ်ရပ်ကို တိုးမောင်လုပ်လိုက်သည်….
….တိုးမောင်ဟာ ကျွန်းတုံးကြီးနောက် တရွတ်တိုက်ပါနေရင်း တောင်စောင်းက ပျဉ်းကတိုးပင်ကြီးကို နှာမောင်းဖြင့်လှန်းပတ်ပြီး တောင့်ထားလိုက်သည်……
…..တိုးမောင်ဟာ ရှိသမျှခွန်အားကို အကုန်ညှစ်ထုတ်ပြီးတောင့်ခံထားလိုက်သဖြင့် ကျွန်းတုံးကြီးဟာ ချောက်ဘက်သို့ ၃ပုံ၂ပုံခန့်အရောက်တွင်ရပ်တံ့သွားသည်….
…….သား….တိုးမောင်….
…တောင့်ထား….
…သားကို အဖေရအောင်ကယ်မယ်…..
….တိုးမောင်၏တကိုယ်လုံး တဆတ်ဆတ်တုန်နေပြီး မျက်ရည်များကျလာသည်…
……သား….
…အားမငယ်နဲ့……
….တောင့်ထား…..
….ကြောင်ကြည့်နေသော ဦးလွန်းဖေဟာ ပျက်သွားသောကြိုးကို ပြန်ဆက်ဘို့ကောက်ကိုင်ကြည့်လိုက်သည်…..
…..ဟင်….
…ဒီကြိုး ပျက်ပုံပျက်နည်းက သွေးရိုးသားရိုးမဟုပ်ချေ….တယောက်ယောက်က ဓားနှင့်ခုတ်ဖျက်လိုက်သလို တိတိရိရိပျက်နေသလိုမျိုး….
……ဦးလွန်းဖေဟာ သောင်းတင်ကို မသင်္ကတဲ့အကြည့်ဖြင့်ကြည့်လိုက်သည်….
….သောင်းတင် လိပ်ပြာမလုံတော့ပဲ မျက်နှာလွှဲသွားသည်…..
…..ဦးလွန်းဖေဟာ ပျက်သွားသောကြိုးကို ခိုင်ခန့်အောင်ပြန်ဆက်ပြီး မိုးမောင်အပေါ်တက်ဘို့ပြင်သည်…..ဒီတော့သောင်းတင်က ကျွန်တော်တက်မယ်လေ…..
….ဘာကွ…သောင်းတင်
…မင်းအကြောင်းမင်းသိတယ်မို့လား…
…ငါမင်းကိုမယုံတော့ဘူး….သွား…ငါနဲ့ခက်ဝေးဝေးနေ….ဒီတခါတခုခုထပ်လုပ်ရင် မင်းကိုငါကိုယ်တိုင် ကြိုးစင်တင်မယ်……
……သောင်းတင်ငိုင်ကျသွားသည်….
……ကြိုးဆက်ပြီးပြီမို့ မိုးမောင်ကို ဦးလွန်းဖေ ချွန်းဖွင့်လိုက်သည်……
….ရွှေတိုးကလဲ တိုးမောင်အပေါ်တက်ပြီး သား….တိုးမောင် သစ်ပင်ကိုလွှတ်ပြီးပြန်ရုန်း………
….ကျီ……ကျဉ်…
….ဝူး…..
…..ကျွီ….ကျွီ…
…ဖျော…..ဗျော……
……..ဆင်နှစ်ကောင်၏ ညာသံပေးရုန်းကန်ဆွဲမှုကြောင့် ကျွန်းတုံးကြီးဟာ ကန်းပါးပေါ်သို့ချောချောခြူခြူ….ရောက်သွားလေသည်…..
…..ဟေး…..
….တိုးမောင်ကွ…..
….အဲ့ဒါ…သစ်ဆွဲဘုရင်တိုးမောင်ကွ……..
…..လက်တလောဖြစ်ရက်ကြောင့် ဆင်ဝိုင်းကအလုပ်သမားများအားလုံးက တိုးမောင်ကို ဝိုင်းချီးကြူးကြသည်……..
…..နောက်ရက်မှာတော့ ဒဏ်ရာ ရရှိထားသော တိုးမောင်အား လုပ်ခခံစားခွင့်နှင့်အတူ ခွင့်၁၀ရက် နားခွင့်ပြုပေးခဲ့သည်…
…..ရွှေတိုးဟာ တိုးမောင်၏အနာများကို တယုတရဆေးထည့်ပေးသည်….
…သား…
…တိုးမောင်…
….အနာနေရာတွေအဖေ့ကိုပြပါဦး….
….ကျီ….
….တိုးမောင်ဟာ နှာမောင်းကိုမြှောက်ပြလိုက်သည်….
….အို…သားရယ်….အဖေ့အပြစ်ပါ…
…အန္တရာယ်ကြီးမှန်းသိရက်နဲ့ အဖေမိုက်ရူးရဲဆန်ခဲ့မိတာပါ….
….အဖေ့ကိုခွင့်လွှတ် ပါသားရယ်…
….ကျီ….
…ရွှေတိုးစကားကိုနားလည်သည့်အလား တိုးမောင်က ခေါင်းတဆက်ဆက်ညိမ့်ပြ လိုက်လေသည်……
……ခုဆို သစ်တောဌာနမှ ရွှေတိုးနှင့်တိုးမောင်ကို လုပ်ငန်းကျွမ်းကျင်စရိတ်အဖြစ် အမြဲတန်းလစာကိုပါ ထည့်ပေးထားသဖြင့် ရွှေတိုးဟာ စုမိဆောင်းမိဖြစ်လာတော့သည်….ဝါကျွတ်သောအခါ ချစ်သူ ဖြူနှင်းကိုလူကြီးစုံရာဖြင့်တောင်းရမ်းယူပြီး ပျော်ရွှင်စရာမိသားစုဘဝလေးကိုဖန်တီးနိုင်ခဲ့သည်……
…..တိုးမောင်ကြီးဟာလဲ လုပ်အားကောင်းနေဆဲ့ သန်မာနေဆဲပင်…….
…..အချိန်ကာလ ရွေ့လျှားလာတာနင့်အမျှ ရွေတိုးတို့ဇနီးမောင်နှံဘဝထဲသို့ သားဦးရတနာလေးတဦးရောက်ရှိလာခဲ့သည်…
….ရွှေတိုး၏ပြိုင်ဘက် သောင်းတင်ဟာလဲ ဆင်ဝိုင်းထဲမှ တခုလပ်မ မိတင်နှင့်ညားပြီး သားတဦးပင်ဖွားမြင်ခဲ့လေပြီ…….
………သောင်းတင်ဟာ အရင်ထဲက ရွှေတိုးအပေါ် အမြင်မကြည်သူဖြစ်သဖြင့် လုပ်ငန်းခွင်တွင် ရွှေတိုးနှင့် ခနခန ကတောက်ကစဖြစ်သည်……သို့သော် ရွှေတိုးကို လက်ဖျားနှင့်ပင်မထိရဲ……လေသံမာမာပြောရင်ပင် တိုးမောင်က မျက်ထောက်နီကြီးနှင့်ကြည့်ပြီး နှာတဖူးဖူးမှုတ်တော့သည်…… မိမိရှေ့တွင်အောင်ပန်းကို နင်းသက်ဖူးတာ မြင်ထားသဖြင့် နဲနဲတော့လန့်သည်…
..ဒါပေမဲ့….မိမိအတွက် အခွင့်သာတဲ့အခါ လက်မနှေးဘို့ လှံတိုတချောင်းကို ကိုယ်မှာအရံသင့်ဆောင်ထားသည်……….
………ဒီရက်အတွင်း တိုးမောင်နှင့်ရွှေတိုးဟာ အလုပ်ကို အတိုးချပြီးလုပ်ကိုင်လျှက်ရှိသည်…..
….ရွှေတိုး၏ရင်သွေး သားလေးမောင်ဖြိုးကို သာမဏေဘောင်သွတ်သွင်းပေးဘို့ အလှူရက်ပင်သတ်မှတ်ပြီးပြီ….ရွှေတိုးဟာ သင်္ဃန်းဝတ်လေးနှင့် ကြည်ညိုဘွယ် ရင်သွေးကိုရင်လေးကို မျက်စိထဲမြင်ယောင်ပြီး ပြုံးပျော်ကြည်နူးနေမိသည်………
…..ယနေ့ညနေပိုင်း တိုးမောင်နှင့်ရွှေတိုး ဟာ အလုပ်များပြီးဆီးပြီဖြစ်သဖြင့် အိမ်ပြန်ဘို့ပြင်လေသည်…..
…..ဒီအချိန်မှာ…
…..ရွှေတိုး…..
…ငါ့ကို…ကူပါဦးကွာ….
….ဟာ…..ကျွန်တော် အိမ်မှာ အလှူအတွက်လုပ်စရာလေးရှိသေးလို့ ပြမ်တော့မယ်ဗျာ….
….စောစောပြန်ခဲ့ဘို့လဲ ဖြူနှင်းကမှာထားတယ်ဗျ…..အပြန်နောက်ကျရင် စိတ်ပူပြီးလိုက်လာမှာစိုးတယ်ဗျ…..
……အေးပါကွာ…ငါသိပါတယ်…
….ဒီမှာ မိုးမောင်က လက်ကိုညှောင့်ထိထားလို့ သိပ်မလုပ်နိုင်ဘူးဖြစ်နေတယ်…..ဒီသစ်လုံးတွေကို ဒီညနေ အပြီးတန်ထိုးရမှာကွ…..
……များများမဟုပ်ဘူး….၁၀လုံးလောက်ပါကွာ…
….ကူညီပါကြာ…..
…..ဟူးးး.. …
…ရွှေတိုး မငြင်းသာတော့…..
….ပြီးရောဗျာ…..
….ကဲ….သား….တိုးမောင်….
….အဖေတို့ တန်ကူထိုးရအောင်….
….ခနပဲ သား….
……တိုးမောင်ဟာ သခင့်စကားအတိုင်း သစ်လုံးကြီးကိုကောက်မပြီး တန်ထိုးပေးသည်….
….ဒါကို အခွင့်ကောင်းယူပြီး သောင်းတင်ဟာ တိုးမောင်နားကိုကပ်ပြီး ဆင်ခြင်းပူးလိုက်သည်….ထို့နောက် အရံသင့်ပါလာသော လှံတိုဖြင့် တိုးမောင်၏နားအုံကို တအားဆောင့်ထိုးလိုက်သည်……
……ကျီ…..ဝူး……
….ဟာ….
….ကိုသောင်းတင်….
…ခင်ဗျား…ဒါဘာလုပ်တာလဲ….
…ယုတ်မာလှချေလား…..
…..ကျီ….
….ကျဉ်….
…သား…..တိုးမောင်….
….တိုးမောင်ဟာ လှံထို့ခံရတဲ့ဒဏ်ကြောင့် နာနာကြီးကြီး အော်လိုက်ပြီး ရှေ့သို့ ဦးစိုက်ချလိုက်သည်……တိုးမောင်ဟာစိတ်ရိုင်းများဝင်ပြီး မိမိ၏ကျောပေါ်မှ သခင်ကို ကျော်ပေါ်မှပြုတ်ကျရန် ပြုလုပ်လိုက်ခြင်းဖြစ်သည်……တိုးမောင်၏မျက်စိများနီရဲပြီး ရန်သူကိုတိုက်ခိုက်ရန် စတင်လိုက်သည်……
…..ရွှေတိုးဟာ တိုးမောင်၏ကျောပေါ်မှ ပက်လက်လံပြုတ်ကျသွားသည်……
…..ဟာ…
….အမလေး….
…ရွှေတိုးကို တိုးမောင်နင်းသက်နေပြီ…

…ဆင်ဝိုင်းမှလူများလဲ အော်ကြသည်…

….ပတ်လက်လန်နေသော ရွှေတိုးကို တိုးမောင်နင်းရန် ရင်ဘက်ပေါ်သို့လက်တင်လိုက်သည်……..
…….သား…..
….တိုးမောင်….
…အဖေ့ကိုနင်းသက်တော့မလို့လား….
….သားကို ခုအချိန်ထိ နာစေလိုတဲ့စိတ်နဲ့ အပ်နဲ့တောင် အဖေ ထိုးခဲ့ဖူးလို့လားသားရယ်…..
….သားကိုအဖေလုပ်တာမဟုပ်ပါဘူးကွယ်….
….ငါ့သားသက်ချင်သပဆိုလဲ အဖေပြုံးပြုံးကြီး….အသေခံပါ့မယ်…..
….နင်းလိုက်သား…..အဖေ့ကိုနင်းသက်လိုက်တော့……
…..ရွှေတိုးစကားကြောင့် တိုးမောင်တွေသွားသည်…….
……ဒါကို စိတ်မရှည်ဖြစ်နေသော သောင်းတင်က ဆင်ပေါ်မှခုန်ချပြီိတိုးမောင်၏တင်ပါးကို လှံဖြင့်ထပ်ထိုးလိုက်သည်..
….ဒုတ်…
….ကျီ….
…ဝူး…
….ဒီလုပ်ရပ်ဟာ သောင်းတင်ရဲ့မဟာအမှားကြီးဖြစ်သွားသည်….
….မိမိကို နာအောင်လုပ်သူမှာ မိမိသခင်မဟုပ်ကြောင်း သဘောပေါက်သွားပြီး နောက်ဘက်သို့ တိုးမောင်လှည့်ကြည့်လိုက်သည်….
…..ကျီ….ကျဉ်
….ဝူး….
…ဟာ……
…..သောင်းတင်ဟာ….မိမိလုပ်မှန်း တိုးမောင်သိသွားမှန်းသဘောပေါက်သဖြင့်….တောင်ကုန်းပေါ်သို့တက်ပြေးလေသည်…..
…..တိုးမောင်ကလဲ ချက်ချင်း သောင်းတင်နောက်ကိုပြေးလိုက်သည်….
…..ကျီ…
…ကျည်….
……ဟာ သား…..မလုပ်နဲ့….
….လူမသက်တော့နဲ့…..
….ရွှေတိုးလဲ ကြုံးထပြီး တိုးမောင်နောက်လိုက်ရလေပြီ…..
…..သောင်းတင်ဟာ….နောက်မှ တိုးမောင်လိုက်လာမှန်းသိသဖြင့် အသက်လုပြီးပြေးရင်း အမောဆို့လာသည်…….
…..နောက်လှည့်ကြည့်လိုက်တော့ အစွယ်ဖွေးဖွေးကြီးနှင့် တိုးမောင်၏ဦးခင်းမဲမဲကြီး…
…ဟာ….
….အမလေး….
….သောင်တင် ဆက်မပြေးနိုင်တော့သဖြင့် တောင်အောက်သို့ ခုန်ဆင်းပြီးလျှောချလိုက်သည်…….
…..ဤအချက်ဟာ သောင်းတင်၏မှားယွင်းသော လုပ်ရပ်ပေတည်း…..
….ဆင်တို့မည်သည် တောင်တက်ကိုနှေးသလောက် တောင်ဆင်းကိုကြ ဖင်တရွတ်တိုက်လျှောဆင်းတတ်သဖြင့် အရမ်းမြန်ဆန်လှသည်…..
…..ကျီ…
…ဖြော….ဗြော……
….အား……
….အမလေး……
….သောင်းတင်ဆက်မပြေးနိုင်ပဲ ပြစ်လဲကျသွားပြီးနောက် တိုးမောင်ဟအနားရောက်လာပြီး နင်းသက်ဘို့ လက်တင်လိုက်သည်…….
…….သား…
…တိုးမောင်….
….မလုပ်နဲ့…..
…လူမသက်ပါနဲ့တော့သားရယ်…
…အဖေတောင်းပန်ပါတယ်…..
…ဒီတခါ လူသက်ရင် သားကို သေဒဏ်ပေးကြလိမ့်မယ်…..
…..အဖေ့မျက်နှာကိုလှည့်ကြည့်ပါဦး သားရယ်
….သား …..အဖေတို့မိသားစုနဲ့ အသက်ထက်ဆုံးနေချင်ရင် လူမသက်ပါနဲ့တော့နော်…..
…..အဖေ့စကားကိုနားထောင်ပါ သားကြီးရယ်……..
……ဖြူနှင်းတို့ သားအမိအပါအဝင် ဆင်ဝိုင်းမှ လူအုပ်ကြီးဟာလဲ တောင်ပေါ်မှ ရင်တထိတ်ထိတ်နှင့် ကြည့်နေကြသည်……
…….သခင်ရွှေတိုး၏စကားဆုံးသောအခါ….
…တိုးမောင်ဟာ ဒေါသတကြီးတချက်အော်လိုက်ပြီး…….
….ကျီ….ကျဉ်….
….ဝူး………
….ဖြောင်း….
….ဘုန်း….
…အား……
…..ဖနောင့်ပေါက်သံ နှာမောင်းရိုက်သံတွေဟာ ကျယ်လောင်စွာထွက်ပေါ်လာပြီး ဖုတ်လုံးကြီးများ အလိတ်လိုက်တက်လာတော့သည်…….
…..သား….
….တိုးမောင်……
…..မိုက်လှချေလားကွယ်…..
….မင်း အဖေ့စကားကိုနားမထောင်တော့ဘူးနော်……ဟီးဟီးဟီး.. ….
……ရွှေတိုး ဝမ်းနဲစွာငိုချလိုက်သည်……
….သို့သော်….
….တောင်ပေါ်မှလူအုပ်ကြီးရဲ့အသံများထွက်လာသည်…….
…..သောင်းတင်….မသေဘူးဟေ့……
……တိုးမောင် သောင်းတင်ကိုမသက်ဘူး…
…..ဟင်…..
…..ရွှေးတိုး အံ့သြသွားပြီး တိုးမောင်ဆီပြေးသွားလိုက်သည်……
…..အို…….
…ဟုပ်ပါရဲ့…..
…တိုးမောင်ခုန နင်းခြေရိုက်ပုတ်နေတာ မြေကြီးကိုပါ့လား…….သူ့ရဲ့ဒေါသကို မြေကြီးကိုရိုက်နင်းပြီးဖြေလိုက်တာပဲ….
……ဒါ..ဒါဆို…..တိုးမောင်ငါ့စကားနားထောင်တယ်ပေါ့…….
…….သား…….
…..တိုးမောင်…..
….အဖေဝမ်းသာလိုက်တာသားရယ်…….

……..ရွှေတိုး…..
….ဟင်….ကိုသောင်းတင်…..
…..ဘာဖြစ်သွားသေးလဲ…….

…….ဟီး..ဟီးဟီးဟီး
…..ငါဆိုတဲ့အကောင်ဟာ ခွေးထက်မိုက်တဲ့အကောင်ပါကွာ…….တရိစ္ဆာန်လောက်တောင် အသိတရားမရှိတဲ့ကောင်……..ဟီးဟီးဟီး
……..တိုးမောင်…..ငါ့ကိုခွင့်လွတ်ပါ သက်ချင်ရင်လဲနင်းသက်ပါကွာ…..
….ငါဆိုတဲ့အကောင်အသက်ဆက်ရှင်ဘို့မတန်လို့ပါ……..
……သောင်တင်ဟာ တိုးမောင်၏နှာမောင်းကိုဖက်ပြီး သူ့လုပ်ရပ်အတွက်ဝန်ချတောင်းပန်နေသည်……..
…….တိုးမောင်ဟာ တွေတွေကြီးရပ်ပြီး သောင်းတင်ကိုကြည့်လိုက်သည်…..ပြီးနောက် ခေါင်းတဆတ်ဆတ်ညှိမ့်ပြပြီး ခွင့်လွှတ်ကြောင်းပြလိက်ုသည်……..
……ကဲ…..
….ကိုသောင်းတင်……
…..အမှားသိရင် အမှန်ဆိုတာပြင်လို့ရပါတယ်….
…ခုဆိုတဦးနဲ့တဦး အဆင်မပြေခဲ့တဲ့ အငြိုးအာဃာတတွေကို မောတ္တာတရားနဲ့ ဖြေသိမ့်ပြီး ချေဖျက်လိုက်ကြရအောင်…..
….ကျွန်တော့သား ရှင်ပြုပွဲမှာလဲ ခင်ဗျားသားလေးပေသီးကို ထည့်ပြီး သာမဏေဘောင်သွတ်သွင်းဘို့ကျွန်တော်ကူညီပါရစေ…….ဆင်ဝိုင်းတဝိုင်းထဲအတူလုပ်တဲ့ ညီအစ်ကိုတွေဟာ မကြာခင် သမဏေ ဒကာ ညီအစ်ကိုတွေဖြစ်တော့မှာ မပျော်ဘူးလားကိုသောင်းတင်……
………အို……
….ရွှေတိုး……
….ညီလေး……..
….အကို့ကိုခွင့်လွှတ်ပါ…..
…….အကို့အမှားအားလုံးအတွက်ဝန်ချပြီးတောင်းပန်ပါတယ်…….ဟီးဟီးဟီး
…..ခွင့်လွှတ်ပြီးသားပါ အကိုသောင်းတင်…..
….. ကဲ နေညိုပြီ…..ရွားကိုပြန်ကြစို့…..
…..အေး….အေးပါညီလေးရယ်………..
…..ထို့နောက်မှာတော့ သောင်းတင်နဲ့ရွှေတိုးဟာ တိုးမောင်ကိုစီးပြီး ရွားဘက်သို့ပြန်ခဲ့ကြသည်……ကြည့်နေသောလူအုပ်ကြီးကလဲ……
…..ဟေး…….
…..တိုးမောင်ကွ…….
…..ဆင်လိမ္မာကြီးကွ……………….
…………….★ ★ ★ ★ ★ ★
……
……..တပါတ်ခန့်အကြာတော့ ညောင်နီရွာလမ်းမတလျှောက် ရှင်လောင်းလှည့်လာသော လူတန်းကြီးဟာ အိုးစည်ဒိုးပတ်သံတညံညံနဲ့ တရွေ့ရွေ့ လှည့်လည်လာကြပါသည်……..
……ရှင်လောင်းအဖေ ရွှေတိုးနှင့်သောင်းတင်ကသပိတ်ကိုပိုက်ပြီးရှင်လောင်းအမေ ဖြူနှင်းနဲ့မိတင်က သင်္ကန်း တောင်းကိုပိုက်လို့ပေါ့…….
…..သူတို့နောက်မှာ ကွမ်းတောင်ကိုပန်းတောင်ကိုင်လှပျိုးဖြူများ……..အဲ့နောက်မှာတော့ ရှင်လောင်းနှစ်ဦးကိုတင်ထားသော ဆင်ကြီးနှစ်စီး……….
…..ရှင်လောင်းမောင်ဖြိုးကိုတင်ပြီးရှေ့ကဦးဆောင်တာကတော့ စွယ်စုံဆင်ကြီးတိုးမောင်…
….သူ့နောက်က ရှင်လောင်းပေသီးကိုတင်လာတာကတော့ စွယ်စုံဆင်ကြီးမိုးမောင်ဖြစ်သည်……
……..အလှူရေစက်ချတရားနာပြီးသောအခါ……
….အိုးစည်ဝိုင်းအဖွဲ့က အိုစည်သံံ ထုံ ထုံပေးပြီး ဖျော်ဖြေကြလေသည်……..
……….
………..ဟဲ့ ဒကာရွှေတိုးနဲ့သောင်းတင်…..
…..ဘုရား……..
…..ကျောင်းအောက်က အိုးစည်ဝိုင်းလဲ လှန်းကြည့်ကြဦးကွယ်…….
………ဟင်…..
……ဘာပါလိမ့်…….
……သောင်းတင်နဲ့ ရွှေတိုးဟာ ကျောင်းပြူတင်းဝကနေ အောက်ကအိုးစည်ဝိုင်းသို့ ငုံကြည့်လိုက်သည်…….
…..ဟိုက်
…….အလိုလေးဗျာ…….
…….အိုးစည်ဝိုင်းသံနဲ့အတူ…….ပျော်ပျော်ပါးပါး ကနေသော စွယ်စုံဆင်ပြောင်ကြီး၂ကောင်……

…….တကောင်ကတော့ မိုးမောင်ဖြစ်ပြီး…..

……ကျန်တကောင်ကတော့………???

ပြီးပါပြီ……
…….
…………ကြည်နူးပျော်ရွှင်နိုင်ကြပါစေ….

မောင်ဂေါ်လီ (ဟင်္သာတ)
#credit