စိတ္တဇ စံအိမ်

စိတ္တဇ စံအိမ်(စ/ဆုံး)

——————

..ဝေါ…ဝေါ…..ဝေါ….

…ဝုန်း…….ဝုန်း……

….. ဂျလိန်း….ဂျိမ်း…..ဂျိမ်း…..

…….ဂျွတ်….ဝုန်း .ဖျောင်း…..

ညနေလေးနာရီခန့်မျသောအချိန်ရှိ
သေးသော်လည်း လေပြင်းများတဝေါဝေါတိုက်ခတ်၍ ကောင်းကင်မှာ တိမ်မည်းကြီးများဖုံးအုပ်ကာ မိုးခြိမ်းသံ၊ မိုးကြိုးပစ်ချသံ ၊ လေပြင်းကြောင့် သစ်ကိုင်းများ ကျိုးပြတ်သံဖြင့် ဆူညံလျက်ရှိနေသည်။ သစ်ပင်ငယ်မှအကိုင်းများမှာ လေပြင်းကြောင့် ကျိုးပြတ်ကုန်ပြီး၊အပင်ငယ်များမှာ အမြစ်မှ
ကျွတ်ထွက်တော့မည်အလား ယိမ်းထိုးလျက်ရှိနေကြကုန်၏ ။
မုန်တိုင်းနဲ့အတူ မိုးသည်မကြာမှီအချိန်တွင်စတင်ရွာသွန်း
တော့မည်မှန်း ရာသီဥတုအခြေအနေအားကြည့်၍. ဖိုးတေရိပ်စားမိလိုက်သည်။
တစ်ပတ်စာ လိုအပ်သော ရိက္ခာ များသယ်ဆောင်၍ တောပစ်ထွက်လာသော
သုံးရက်မြောက်နေ့တွင် ယခုလိုရာသီဥတုဆိုးရွားမူနဲ့ ကြုံနေရခြင်းဖြစ်၏ ။ ရာသီကလည်းနွေအကုန်၊ မိုးအကူးကာလမို့
ယခုလိုရာသီဥတုမျိုးကြုံရခြင်းက ဖိုးတေ
အတွက် မထူးဆန်းတော့ချေ။ ယခုနေ့အတွက် မိုးခိုရန်နေရာတစ်ခု ရှာရတော့မည်အတွေးဖြင့် မတော်တဆကျိုးပဲ့ပါက အန္တရယ်ရှိနိူင်သော
သစ်ပင်ကြီးများအောက်မှ ရှောင်ရှားသွားလာရင်း နားခိုမည့်နေရာ၊ တစ်နေရာကို ဖိုးတေ ရှာဖွေနေမိစဉ် မီးအလင်းရောင် တစ်ခုမြင်လိုက်ရသောကြောင့်အားတက်သွားမိ၏ ။ မီးရောင်ရှိလျင် လူကြိမ်းသေရှိရမည်အတွေးဖြင့် ထိုနေရာသို့ ခပ်သွက်သွက်ကလေးပြေးလွားသွားလိုက်မိတော့သည်။
မီးရောင်ရှိရာနေရာရှေ့ရောက်သောအခါ
ဖိုးတေ အနည်းငယ်မျ အံ့အြသင့်သွားမိသည်။ အကြောင်းမှာ မီးရောင်မှာ နှစ်ဆောင်ပြိုင်အိမ်ကြီးအပေါ်ထပ်
ပြတင်းပေါက်မှတစ်ဆင့်အပြင်သို့လျံကျနေ
သောမီးရောင်ဖြစ်နေသည်။
ခြံဝင်းမရှိ မြက်ရိုင်းတောအလယ်မှအိမ်ကြီးရှေ့န ားတွင်
ရပ်လျက် ဝင်သင့်၊မဝင်သင့် ချိန်ဆနေစဉ်
မိုးစက်များ ကျဆင်းလာ၏ ။
မျှားတံများကဲ့သို့ အရှိန်ဖြင့်ထိုးဆင်းလာသော မိုးရေများမှာ
အသားအားထိသောအခါ စပ်ဖျင်းဖျင်းနာ
ကျင်သောဝေဒနာကြောင့် ဖိုးတေ လည်းဘာကိုမျ မစဉ်းစားတော့ပဲ အိမ်ကြီးဆီသို့ ခပ်သွက်သွက်ကလေးပြေး
လွားသွားလိုက်တော့သည်။
အိမ်ဆင်ဝင်အောက်ရောက်သောအခါ
အိမ်ကြီးတခါးနှစ်ချပ်မှာ တင်းတင်းစေ့ပိတ်ထားလျက်ရှိနေခြင်း
ကြောင့် တခါးအား ခေါက်သင့်မခေါက်သင့်
တွေးနေမိသေး၏ ။ထို့နောက်တခါးခေါက်
ရန်ဆုံးဖြတ်လိုက်ရင်း…………..

…..ဒေါက်….ဒေါက်……ဒေါက်…..ဒေါက်…

…ဗျို့…..အိမ်ရှင်တို့…အိမ်ရှင်တို့……..

….ဒုံး….ဒုံး….ဒုံး…..ဒုံး……အိမ်ရှင်တို့….

…….အထဲမှာလူရှိလား…..လူရှိလားဗျို…

တခါးခေါက်သံမှာမိုးထဲလေထဲတွင်
အသံမထွက်သောကြောင့် လက်သီးဆုပ်ဖြင့်
သစ်သားတခါးကိုထု၍တစ်ဆက်တည်း
အိမ်ရှင်ကိုပါ အသံပြုအော်ခေါ်နေသောလည်း အတွင်းမှ
တုန့်ပြန်မူ မရှိတိတ်ဆိတ်လျက်ရှိသည်။
လူပင်အထဲတွင်ရှိလားမရှိလားဟူ၍ဖိုးတေ
တွေးမိသေးသော်လည်း မီးရောင်ရှိသောကြောင့် လူရှိနိူင်သည်ဟု
ဖိုးတေတဖန်ပြန်တွေးမိပြန်သည်။
ထို့ကြောင့် တခါးအား အဆက်မပြတ်ထုနေရာမှ ရပ်၍အခြေအနေအား ခနမျစောင့်ကြည့်
နေစဉ်…….

…..ကြၽီ…..အီ……အီ……….အီ……….

ပိတ်ထားသောတခါးကြီးနှစ်ချပ်မှာ ဆီမထည့်သည်မှာ ကြာ၍ တကျွီကျွီတအီအီ
သံရှည်ဆွဲမြည်၍ပွင့်လာသလို ပွင့်သွားသောတခါးမှတစ်ဆင့် အပြင်သို့မီးရောင်များလည်းတိုးထွက်လာ၏။

…….ဘာအကူညီများပေးရမလဲ…….

…..ဟင်……….

လူတစ်ကိုယ်စာ ဝင်သာရုံတခါးပွင့်သွားပြီးတဆက်တည်း
ချိုမြသော အသံဖြင့် ဖိုးတေအားမေးလာသူမှာကား ရှေးဟောင်း
လက်ဆွဲမီးအိမ်တစ်လုံးကို ကိုင်ထားသော
လှပချောမော၍ အသက်နှစ်ဆယ်ဝန်းကျင်မျဟု ခန့်မှန်းရသော
မိန်းမပျိုလေးတစ်ယောက်ဖြစ်နေ၏။
ဖိုးတေနဲ့မိန်းမပျိုမှာ နီးကပ်လွန်းသော
အနေအထားကြောင့် မိန်းမပျိုလေးထံမှ
ချိုအီမွေးပျံ့သော ကိုယ်သင်းရနံ့အားရူရိူက်
ရမိ၏ ။

…. ခစ်….ခစ်….မေးနေတာလည်းမဖြေဘူး
ဘာအကူအညီပေးရမလဲရှင်…..

….ဟို….ကျုပ်က တောမုဆိုးတစ်ယောက်ပါ
အဲ..အခုက မုန်းတိုင်းမိနေလို့ ဒီမှာတစ်ညလောက် ခိုနားခွင့်တောင်းချင်လို့ပါ….

ငေးကြောင်နေသောဖိုးတေကို ဒုတိယအကြိမ်ရယ်သံလေးစွက်၍ မေးမြန်း
သောအခါမှ ဖိုးတေလည်း ရှက်ကိုးရှက်ကန်း
အမြန်ပြန်ဖြေလိုက်ရသည်။

…အော် ရပါတယ် ဒုက္ခရောက်နေသူပဲ
လာပါ အိမ်ထဲဝင်…..

….ကျေးဇူးတင်ပါတယ်…..

ဖိုးတေဝင်ရန် ကိုယ်ကိုယို့၍ မိန်းမပျိုလေးမှ အိမ်ထဲဝင်ရောက်တည်းခိုနိူင်ကြောင်းပြောလာသောကြောင့် ဖိုးတေလည်းကျေးဇူးတင်စကားဆိုလျက် အိမ်တွင်းလှမ်းဝင်လိုက်၏ ။
ဖိုးတေအိမ်ထဲဝင်ရောက်ပြီးသည်နဲ့တဆက်တည်းမိန်းမပျိုက ထူထဲခိုင်ခန့်သောတခါးကြီးနှစ်ချပ်အားပြန်
ဆွဲပိတ်လိုက်တော့၏ ။

အပြင်ဖက်တွင်ရာသီဥတုမှာ မုန်တိုင်းတိုက်နေသလို မိုးများလည်းရွာသွန်းလျက်ရှိနေ၏ ။

အိမ်တွင်းတွင်ကားနွေးထွေးစွာဖြင့်ရှိနေသောကြောင့် အဆင်ပြေပြေရှိလှသည်။

….လာ..အစ်ကို အစ်ကိုနေဖို့အခန်းလိုက်ပြပေးမယ်…

….ဒါနဲ့ ဒီအိမ်ကြီးမှာ ညီမတစ်ယောက်တည်းနေတာလား…

ဖိုးတေလည်းယခုအချိန်အထိတစ်ခြားသူများကိုမတွေ့ရသောကြောင့် သိချင်စိတ်ကို မမြိုသိပ်နိူင်စွာ မေးမြန်းလိုက်ရာ သူ့စကား
ကြောင့်မိန်းမပျိုမှာ ဆတ်ခနဲနောက်သို့လှည့်လာရာ ဖိုးတေမှာ
မိန်းမပျိုလေး၏တင်းမာခက်ထန်သောမျက်နှာအမူအယာကြောင့် စိတ်တွင်းအနည်းငယ်
ထိတ်ခနဲဖြစ်သွားမိသည်။ သူ့အမေးကို
မိန်းမပျိုလေး ကြိုက်နှစ်သက်ဟန်မတူပေ။

….ဒီအိမ်မှာ တည်းခိုမယ်ဆိုရင် ဒီအိမ်ရဲ့စည်းကမ်းကို လိုက်နာရမယ် …
တကယ်လို့မလိုက်နာနိူင်ရင်တည်းခိုခွင့်
မပေးနိူင်ဘူး.. ဘယ်လိုလဲ ရှင်လိုက်နာနိူင်မလား….

…ဗျာ..ဟုတ်ကဲ့.. လိုက်နာရမှာပေါ့ ပြောပါ
ဘယ်လိုစည်းကမ်းမျိုးတွေလဲ….

…ကောင်းပြီသေချာနားထောင် ဒီအိမ်နဲ့ပတ်သက်တဲ့အကြောင်းတွေကို
အစောနကလို စပ်စုမေးမြန်းတာမလုပ်ရဘူး
နောက်တစ်ခုက ကိုယ်နဲ့မဆိုင်ရင် ဘယ်အရာကိုမှ ဝင်မပါရဘူး ဘယ်လိုအကြောင်းပဲဖြစ်နေပါစေနော်…ကဲ…ဘယ်လိုလဲ…

…ကောင်းပါပြီ…ကျုပ်မစပ်စုတတ်ပါဘူး
ခုလည်းဘာအတွေးမျိုးနဲ့မေးတာမှ မဟုတ်ပါဘူး
စိတ်မရှိပါနဲ့…ညီမ
ကျုပ်လိုက်နာပါ့မယ်လို့ကတိပေးပါတယ်…

ဖိုးတေတစ်ယောက်ထူးဆန်း၍ ပဟေဋိဆန်လှသောနေရာသို့ ရောက်နေမှန်း
စတင်ခံစားလိုက်မိသည်။
သူ့အမေးမှာ လူတိုင်းသုံးနေသော
စကားမျိုးပင်။ သို့ရာတွင် မိန်းမပျိုလေးမှာ
မထင်မှတ်စွာ စိတ်ဆိုးဒေါသဖြစ်နေ၏ ။
အဘယ်ကြောင့်ဟူသောအကြောင်းကို
ဖိုးတေမတွေးတတ်ပေ။ မှားသည်ဖြစ်စေ
မှန်သည်ဖြစ်စေ ယခုလိုရာသီဥတုဆိုးရွားချိန်မျိုးတွင် တစ်ခြားနားခိုရန်နေရာ မရှာနိူင်သောကြောင့်
အိမ်ရှင်အလိုကျ စည်းကမ်းလိုက်နာရန်မှအပတစ်ခြားနည်းလမ်းမရှိသောကြောင့် လက်ခံလိုက်ရတော့သည်။

” ဒါ ရှင်နေရမယ့် အခန်းပဲ……. ”

မိန်းမပျိုက ဖိုးတေနေထိုင်ရန်အောက်ထပ်မှ အခန်းတစ်ခုတွင်နေရာချပေးရင်းခုတင်ဘေး
စားပွဲမှ မီးအိမ်တစ်ခုကိုယူကာ မီးထွန်းညှိရင်း စားပွဲပေါ်တင်ထားလိုက်သည်။
သန့်ရှင်းသပ်ရပ်သော အခန်းတစ်ခန်းဖြစ်ပြီး ခုတင်ပေါ်တွင်ခေါင်အုံးပေါ်တွင် စောင်တစ်ထည်ကို သပ်ရပ်စွာခေါက်တင်ထားသည်။

” ကျေးဇူးတင်ပါတယ် ညီမ.. ”

“…ဒီမှာ ရှင်ကို မှာထားမယ်နော် အိပ်စရာရှိတာအိပ်
ဟိုဒီလျောက်သွားမနေနဲ့ နောက်တစ်ခုက ဘာသံပဲကြားကြား…
ထမကြည့်ပါနဲ့ ရှင်နဲ့မဆိုင်ဘူးသဘောထား…..”

“စိတ်ချပါ ကျုပ်မစပ်စုတတ်ပါဘူး..”

“တကယ်လို့ စပ်စုလို့ ရှင်တစ်ခုခုဖြစ်သွားလဲ ကျွန်မတာဝန်မဖြစ်တော့ဘူးပေါ့…”

….ဗျာ….

…ကျွန်မသွားတော့မယ်…..

……ဂျိမ်း……

မိန်းမပျိုလေးမှာ ထူးဆန်းသောစကားများဆိုရင်းဖိုးတေ
ကိုချန်ထားခဲ့၍ မီးအိမ်ကိုဆွဲလျက်အခန်းအပြင်ထွက်
သွားပြီး တဆက်အခန်းတခါးကိုပိတ်သွား၏ ။
ဖိုးတေမှာ လွယ်လာသောကျောပိုးအိတ်၊သေနတ်ကို
ခုတင်ဘေးတွင်ချ၍ ခုတင်ပေါ်ခါးဆန့်လဲ
လျောင်းလိုက်သည်။အိပ်၍ကားပျော်မည်မထင်ပေ။ အမဲပစ်ရာမှရထားသောအသားခြောက်များကား မုဆိုးများနားခိုရာတဲတွင် ထားခဲ့၍အဆင်ပြေသွား၏ ။

အခြေအနေမှာပုံမှန်မဟုတ်သောအခြေအနေတစ်ခုသို့ရောက်နေမှန်း ဖိုးတေ ရိပ်စားမိ၏။
လူသူမနီးတောနက်ကြီးတွင် တစ်ခြားသူများမတွေ့ရပဲ မိန်းမပျိုလေးတစ်ယောက်တွေ့ရသည်မှာ
အနည်းငယ်ဆန်းနေသည်။ ထို့အပြင်ထိုမိန်းခလေးဝတ်စားဆင်ယင်ပုံမှာ
ရှေးခေတ်အမျိုးသမီးများဝတ်စားဆင်ယင်ပုံမျိုးပင် ။ထိုမိန်းမပျိုအနေဖြင့်လူသိမခံလိုသော အကြောင်းတရားတစ်ခုအားလျို့ဝှက်
ထားပုံဟု ဖိုးတေထင်မိ၏ ။
သို့ရာတွင်ရွေးချယ်စရာမရှိသောကြောင့်ကြုံလာသမျ ပြသာနာကိုရင်ဆိုင်ရန်ဆုံးဖြတ်ထားလိုက်
တော့သည်။ ညမှာတဖြည်းဖြည်းနက်လာသကဲ့သို့ စားပွဲပေါ်တွင်တင်ထွန်းထားသော မီးအိမ်မှာ ဆီနည်းလာပြီဖြစ်၍ မီးအားလည်းလျော့လာပြီဖြစ်သောကြောင့် အခန်းအတွင်းမူန်ပျပျ အလင်းအနည်းငယ်သာ ရှိနေကာ မကြာမှီ
မီးငြိမ်း၍သွားတော့၏ ။ ဖိုးတေကားမအိပ်ရန်ဆုံးဖြတ်ထား
သောကြောင့် လက်စွဲတော်သေနတ်အား
တိုက်ချွတ်၍ ပစ်ခတ်၍ အဆင်သင့်ဖြစ်စေရန်ပြု လုပ်ထာသည်။
မီးငြိမ်းသွားချိန်တွင် လက်နှိပ်ဓတ်မီးကို
ထုတ်၍ ခုံပေါ်တွင်ဖွင့်ရက်သားချထားလိုက်သည်။
ဖြတ်သန်းလာခဲ့သော အတွေ့အကြုံများအရ အန္တရယ်အငွေ့အသက်ကို ရနေ၏ ။သို့သော်
မည်သည့်အန္တရယ်ဟူ၍ကားမမှန်းဆနိူင်ပေ။

……အင်း….ဟင်း…..ဟင်း……….

……..ဟင်…………..

ညည်းသံတစ်ခုကိုကြားလိုက်ရသောဖိုးတေမှာစိတ်ဝင်တစ်စားနားစွင့်ကြည့်ရာ ထိုညည်းသံမှာ ဆက်တိုက်ထွက်ပေါ်လာသည်။ ထိုညည်းညူ သံမှာ မည်သူညည်းညူနေသနည်း။ ယခုအိမ်တွင်
မိန်းမပျိုလေးအပြင်အခြားသူများရှိနေခြင်းလား။ ဖိုးတေမှာ အသံကြားရာနေရာသို့သွားကြည့်ချင်စိတ်ပေါ်ပေါက်နေသည်။ မိန်းမပျိုလေးအားပေးထားသောကတိအား
ချိုးဖောက်၍ အိမ်ကြီး၏ လျို့ဝှက်ချက်အား သိလိုလာ၏ ။ သို့ရာတွင် ကတိအားတန်ဖိုးထားသူပီပီ
အခန်းအပြင်မထွက်ရန်ဆုံးဖြတ်လိုက်စဉ်
တိုးဖွစွာခြေဖွနင်း၍ လျောက်လာသော
ခြေသံတစ်ခုကို အခန်းအပြင်ဖက် မုဆိုးနားဖြင့်ကြားလိုက်ရသည်။
..ဘယ်သူလဲ ဘာအတွက် သူ့အခန်းရှေ့ခိုးကြောင်ခိုးဝှက်ရောက်လာရသလဲ ဖိုးတေ တွေးချိန်မအားချေ။ လက်နှိပ်ဓတ်မီးကို မီးမှိတ်၍ကိုင်ကာ တောလိုက်ဓားမြောင်ကို ကျစ်ကျစ်ပါအောင်
ဆုတ်၍တခါးဝအခန်းထောင့်တွင်ပြေးကပ်လိုက်သည်။
တံခါးအားကြိတ်ဖွင့်သံတိုးတိုနဲ့အတူ
စူးရှသော အပုတ်နံကြီးကိုပါ မခံရပ်နိူင်စွာ
အနီးကပ် ဖိုးတေ ရလိုက်သောကြောင့်
အလျင်အမြန်နှာခေါင်းပိတ်လိုက်ရ၏ ။

မကြာမှီ အခန်းတခါးပွင့်သွားပြီး
လူတစ်ယောက်အခန်းအတွင်းဝင်လာသည်ကို ဝိုးတိုးဝါးတားဖြင့် မြင်နေရသောကြောင့်
ဖိုးတေမှာနေရာတွင်မလူပ်မယှက် ကျောက်ရုပ်အလား ရပ်နေမိတော့သည်။
အခန်းအတွင်းဝင်လာသူမှာ ဖိုးတေအိပ်သော
ကုတင်အနီးသို့ တိုးကပ်သွားနေသလို တခန်းလုံးမှာလည်း အပုတ်နံများ မခံရပ်နိူင်
အောင်ထုံမွန်းနေသောကြောင့်ပျို့
အန်မိမတတ် ဖိုးတေတစ်ယောက် ခံစားနေရသည်။ အခန်းအတွင်းဝင်လာသူမှာ ဖိုးတေအိပ်ယာကို စမ်းသပ်နေစဉ်မှာပင်
ဖိုးတေလည်း လက်နှိပ်ဓတ်မီးကိုခလုပ်ဖွင့်၍ထိုသူရှိရာသို့
ထိုးကြည့်လိုက်ရာ မီးရောင်အောက်တွင်မြင်လိုက်ရသောမြင်ကွင်းကြောင့် အံ့အြကာ ကြက်သေသေ သွားမိတော့သည်။
ဖိုးတေလက်နှိပ်ဓတ်မီးအောက်တွင်မြင်တွေ့လိုက်ရသော ထိုလူအသွင်က မျက်နှာပြင်တစ်ခုလုံး အသားများပဲ့ကြွေနေလျက်မျက်နှာပြင်တွင်
လောက်ကောင်များတရွရွသွားလာနေကြ
ကာ တချို့မှာ အောက်သို့တဖုတ်ဖုတ်ဖြင့်ပြုတ်ကျနေသည်။
မျက်လုံးများမှာလည်း မျက်ရစ်မျက်ခွံ့များ ပုတ်ပွကာ ပဲ့ကျသွားပြီဖြစ်၍ ပြူးကျယ်နေကာအပြင် ထွက်၍ ပြုတ်ကျတော့မည့်အလား။ နှာခေါင်းသည်ကား လုံးဝမရှိတော့ပဲ
ငုံးတိကြီးဖြစ်နေကာ နူတ်ခမ်းနှစ်လွာမရှိတော့သောကြောင့် သွားများကို စေ့ပိတ်နိူင်ခြင်း မရှိပဲ သွား
ကျဲကြီးများအတိုင်းသားပေါ်လွင်လျက်
ကြောက်မက်ဖွယ်ရာ အဆင်းရှိနေသည်။
အပေါ်ပိုင်းမှာ ဗလာကျင်းနေလျက်
တစ်ကိုယ်လုံးလောက်ကောင်များ တရွရွဖြင့်သွားလာနေကြသည်ကို အသည်း
ယားစဖွယ် တွေ့မြင်နေရ၏ ။

ခါးအောက်ပိုင်းတွင်မူချေးအထပ်ထပ်ရှိနေသော ညစ်ထေးထေး နံငယ်ပိုင်းတစ်ခုကို ဝတ်ဆင်ထားလျက်ရှိနေ၏။ ဖိုးတေလက်နှိပ်မီးဖြင့် ထိုမကောင်းဆိုးဝါးဟုယူဆရသောအကောင်အားထိုး၍ ကြောက်မက်ဖွယ်ရာ၊ ရွံရှာဖွယ်ရာ ပုံစံကြီးကြောင့် ခနမျအံ့အြမှင်သက်သွားမိချိန် ထိုမကောင်းဆိုးဝါးမှာ လက်နှိပ်မီးရောင်ကို
မကြည့်ရဲသည်အလား မျက်နှာကို လက်နှစ်ဖက်မြှောက် ကွယ်လိုက်ရင်း အခန်းအတွင်းမှ လျင်မြန်စွာ ထွက်ပြေးသွားတော့သည်။

ထိုအချိန်ကျမှ
ဖိုးတေလည်း အံ့အြမှင်သက်နေရာသတိပြန်ဝင်လာတော့သည်။
သူမြင်လိုက်ရသော မြင်ကွင်းကို ယုံပင်မယုံကြည်နိူင်ပေ ။ သို့ရာတွင်
ယခုအချိန်ထိ ကျန်နေရစ်ခဲ့သော အပုတ်နံများ ၊ကြမ်းပြင်ပေါ်တွင် တရွရွ
သွားနေသော လောက်ကောင်များက သူမြင်လိုက်ရသော မြင်ကွင်း မမှားကြောင်း
သက်သေခံနေကြသည်။
ဖိုးတေမှာ ထိုမကောင်းဆိုးဝါး နောက်တစ်ကြိမ် ပြန်မလာမှီအမြန်ထွက်ခွာ
ရန်ဆုံးဖြတ်လိုက်ရင်း ကျောပိုးအိတ်ကို
ကောက်လွယ်လိုက်ရင်း သေနတ်ကိုပါ
အဆင်သင့်ကိုင်ရင်း အခန်းအတွင်းမှ ထွက်ခွာလိုက်သည်။ ဖိုးတေစိတ်တွင် မူလအစက အိမ်ကြီးအတွင်းမှ ထွက်ခွာ၍
ခြေဦးတည့်ရာ သွားမည်စိတ်ကူးမိသော်လည်း အပြင်ဖက်တွင် မုန်တိုင်းနဲ့ မိုးသည် အဆက်မပြတ် ကမ္ဘာ ပျက်သည့်အလားရှိနေ၏ ။ နောက်စိတ်ကူးတစ်ခုက သူသည်ယခုအိမ်ကြီး နောက်ကြောင်းရာဇဝင်ကို သိလိုလာပြန်၏။
ထူးဆန်းကာ ပဟေဠိဆန်သော မိန်းခလေး။
ကြောက်မက်ဖွယ်ရွံရှာဖွယ်ရာ မကောင်းဆိုးဝါးကောင်ကြီးဖြင့်ရှိနေသော
ယခုအိမ်ကြီး၏ နောက်ကြောင်းကို
သိချင်စိတ်ကဆွဲဆောင်လျက်ရှိနေသော
ကြောင့် ယခုအိမ်ကြီးအကြောင်းလေ့လာရန်
ဆုံးဖြတ်ချက် ချလိုက်တော့သည်။

လက်နှိပ်ဓတ်မီးကိုထွန်းလိုက်ရင်း အိမ်အောက်ထပ်အခန်းများကို လိုက်ကြည့်မိရာ မည်သူမျရှိမနေပေ ။

အောက်ထပ်မှာဖိုးတေ
အိပ်သောအခန်းတစ်ခန်း၊ တစ်ခြားအခန်းလွတ်တစ်ခုနဲ့ မီးဖိုခန်းအဖြစ်အသုံးပြုဟန်တူသောအခန်းတစ်ခုအားတွေ့ရသည်။
သို့ရာတွင် အိုး၊ခွက်၊ပန်းကန်များမှာ ဖုန်အထပ်ထပ်ကပ်ညှိနေလျက် အသုံးမပြုသည်မှာကြာပြီဖြစ်ဟန်တူသည်။
လူသူအရိပ်အယောက်ကိုမူ ခွေးတစ်ကောင်
ကြောင်တမြှီးမျ မတွေ့မြင်ရပေ။
အောက်ထပ်တွင်ထူးခြားမူမတွေ့ရသော
အခါ အပေါ်ထပ်သို့တက်ရန်ဆုံးဖြတ်လိုက်ပြီး
လှေကားထစ်များအား တတ်နိူင်သမျ
အသံမမြည်စေရန် ခြေဖွနင်း၍ တက်လာခဲ့တော့သည်။ အပေါ်ထပ်ကြမ်းပြင်ပေါ်ခြေချမိသည်နဲ့
စင်္ကြာလမ်းတွင် အလင်းရောင်မှိန်မှိန်များ
စတင်တွေ့လာရတော့သည်။
အလင်းရောင်မှာ အပေါ်ထပ် အခန်းများရှေ့ စင်္ကြန်လျောက်လမ်းအလယ်ထုတ်တန်းတွင်
ချိတ်ဆွဲထားသော လက်ဆွဲမီးအိမ်တစ်လုံးမှ.
ထွက်လာသော အလင်းရောင်ပင်ဖြစ်သည်။
ဖိုးတေမှာ လက်နှိပ်ဓတ်မီးကိုပိတ်လိုက်ပြီး
ထိုအလင်းရောင်ဖြင့် ဘေးပတ်လည်အခန်းများကိုသတိထားကြည့်ရင်း တရွေ့ရွေ့လျောက်လာခဲ့တော့သည်။
ဘေးပတ်လည်အခန်းများမှာ
ဘာမျမရှိသောအခန်းလွတ်များ
ဖြစ်ပြီးမည်းမှောင်နေသောကြောင့်လက်နှိပ်ဓတ်မီးဖြင့်ထိုးကြည့်ရခြင်းပင်။ ရှေ့ဆက်လျောက်လာရာ ဘယ်ညာအခန်းများထိပ်မှ စင်္ကြန်လမ်းအဆုံးမှ အခန်းတစ်ခုရှေ့တွင်ရပ်၍ အခန်းတခါးဝမှတစ်ဆင့်ပိတ်ထားသော
တခါးကိုလှပ်၍ ချောင်းကြည့်မိရာ
မီးရောင်မှိန်မှိန်ထွန်းညှိထားသောအခန်းတစ်ခုဖြစ်နေသောကြောင့် ထိုအခန်းသို့ ဝင်ရန်ဆုံးဖြတ်လိုက်တော့သည်။

မီးအိမ်တစ်ခုအမိုးထုတ်တန်းတွင်ချိတ်၍
အခန်းအားလိုအပ်သောအလင်းကျနေရာမြင်ကွင်းကို သဲကွဲစွာ မြင်တွေ့နေရသည်။
ဖိုးတေကား ထိုအခန်းထဲမှ အရာများကို
မြင်တွေ့လိုက်ရချိန်ခန ပါးစပ်အဟောင်းသားဖြင့် အံ့အြလွန်း၍
ကြက်သေ သေသွားရတော့၏ ။
တွေ့မြင်ရသော မြင်ကွင်းမှာ မျက်စိပဒါသကျသောမြင်ကွင်းမျိုးမဟုတ်ပဲ
အမင်္ဂလာမရှိသော မြင်ကွင်းမျိုးဖြစ်နေသောကြောင့်ပင်…..
အခန်းအလယ်တွင် ကုတင်ကိုးလုံးတန်းစီချထားပြီး ကုတင်များပေါ်တွင် လူသေကောင်အလောင်းများ ရှိနေ၏ ။
လူသေကောင်များမှာ ယောက်ကျားအလောင်းလေးလောင်းမိန်းမအလောင်းလေးလောင်းဖြစ်ပြီး ကိုးခုမြောက်ကုတင်ပေါ်တွင်မူ လူသေအလောင်းရှိမနေပေ။ လူသေကောင်များမှာ သေဆုံးနေသည်မှာ
မည်မျကြာပြီမမှန်းဆနိူင်သော်လည်း အပုတ်နံ့မရှိပဲ စိမ်းရွေရွေအနံ့ဆိုးတစ်မျိုးနံ့လျက်ရှိနေသည်။ အနံ့မထွက်မပုတ်သိုးစေရန် ဆေးစီမံထားခြင်းမျိုးလားဟူ၍ ဖိုးတေ သူထင်ရာတွေးနေမိသည်။ နောက်တစ်ချက်ပို၍ထူးဆန်းသော အချက်မှာကား ထိုလူသေအလောင်းများတွင် ယောက်ကျားအလောင်းလေးလောင်းအား
အပ်ချည်မျင်ကဲ့သို့ကြိုးဖြူများဖြင့် တစ်ကိုယ်လုံးရစ်ပတ်၍ ကြိုးစများကိုတစ်ယောက်ခြင်းစီ ဆက်သွယ်ထား၏ ။ မိန်းမအလောင်းလေးလောင်းမှာလည်းထိုအတိုင်းပင်ဖြစ်သည်။ သို့ရာတွင်ယောက်ကျားအလောင်းနဲ့မိန်းမအလောင်းကို ကြိုးဆက်သွယ်ထားမူမရှိပေ ။
အလောင်းကောင်များသည် ငယ်ရွယ်သော နှစ်ဆယ်ဝန်းကျင်များဖြစ်ကြပြီး မည်သည့်အတွက်တစ်နေရာတည်းတွင်
စုစည်းသေဆုံးနေသည်ကို ဖိုးတေ မစဉ်းစားတတ်ပေ။ အဘယ်အကြောင်းကြောင့်အလောင်းကို
မသဂြို င်္ပဲထား ထားသည်ကလည်းမေးခွန်းထုတ်စရာပင်ဖြစ်၏ ။
ဖိုးတေ အလောင်းများကိုတအံ့တအြ
လိုက်ကြည့်နေစဉ် ဖိုးတေနောက်ကျောပေး
ထားရာ အခန်းထောင့် အမှောင်အတွင်းမှ
လူတစ်ယောက် တိတ်တဆိတ် ဖိုးတေအနီးတိုးကပ်လာနေသည်။ ဖိုးတေလည်းစိတ်အတွင်း မသင်္ကာသလို
နောက်ကျောမလုံသလိုခံစားရ၍
နောက်သို့လှည့်အကြည့်……

…..ဟာ…
………ခွပ်…..

……အား…..

သူ့နားထင်စောင်းဆီရိပ်ခနဲ တိုးဝင်လာသော
အရာတစ်ခုကို မြင်လိုက်ရပြီး နားထင်စောင်း
ပူခနဲဖြစ်ကာ နာကျင်စွာအော်ဟစ်လိုက်ရင်း
ဒူးညွတ်ခွေကျရင်း မိုက်ခနဲကြမ်းပြင်ပေါ်မလဲကျမှီ သူနောက်ဆုံးမြင်လိုက်ရသည့်မြင်ကွင်းမှာ
သူအားအိမ်တွင်တည်းခိုရန်ခွင့်ပြုသော မိန်းမပျိုအားတုတ်တစ်ချောင်းကိုင်၍ရပ်နေသည်ကိုတွေ့လိုက်ရပြီး လောကကြီးနဲ့ အဆက်အသွယ်ပြတ်သွားရတော့သည်။

ဦးခေါင်းများတဆစ်ဆစ်ကိုက်ခဲလျက်
ဖိုးတေသတိရလာသောအချိန်တွင် သူအရိုက်ခံရကြောင်းသတိရပြီးကုန်းရုန်းထရန်ဟန်ပြင်လိုက်ရာ သူ့ခြေလက်များကို ကြိုးတစ်ချောင်းစီဖြင့် ခုတင်တိုင်များတွင်
ချည်နှောင်ထားကြောင်း သိလိုက်ရသောကြောင့် ဖိုးတေ ထိတ်လန့်
သွားရတော့၏ ။ သူဘေးပတ်လည်အားကြည့်လိုက်ရာ အလောင်းရှစ်လောင်းကို တွေ့ရပြီးလွတ်နေသော ကုတင်ပေါ်တွင်
ဖိုးတေအားချည်နှေါင်ထားခြင်းဖြစ်သည်။
ထိုစဉ်စကားသံတစ်ခုကြားလိုက်ရပြီးသူ့ထံလျောက်လာသော မိန်းမပျိုအားတွေ့လိုက်ရတော့သည်။

“ရုန်းကန်မနေပါနဲ့ ရှင်မလွတ်နိူင်တော့ပါဘူး…..”

“ဟင်…..မင်း….မင်း….ငါ့ကို.. ဘာလို့
ဖမ်းထားရတာလဲ လွတ်.. အခုလွတ်ပေး..”

” ခစ်….ခစ်…..ဖမ်းထားတယ်ဆိုတာ အကြောင်းအရင်းရှိလို့ပေါ့ မုဆိုးကြီးရေ..
သိပ်သိချင်နေလား…မုဆိုးကြီးရဲ့
နောက်ဆုံးအချိန်မှာသိသွားသင့်တာပေါ့
အကြောင်းစုံ ပြောပြမယ် ဒီကအလောင်းရှစ်လောင်းတွေ့လားသူတို့ကိုလည်းဒီအကြောင်းတွေ မသေခင်ပြောပြဖူးတယ်…..”

“…ဟင်…မင်း….မင်း…..”

ဖိုးတေကားမိန်းမပျိုလေး၏ ထူးဆန်း၍
အသိရခက်သောစကားများကြောင့်အံ့အြစိတ်များနဲ့အတူ ကြောက်လန့်စိတ်လည်းဝင်သွားမိသည်။
မိန်းမပျိုလေးအားကြည့် စိတ္တဇဆန်ဆန်ရူးသွပ်နေသည်လားဟူ၍
တွေးမိပြန်သည်။
မိန်းမပျိုလေးမှာ သူ့စကားများပြန်ဆက်လာပြန်သည်။

” ကျွန်မတို့မျိုးနွယ်စုဟာ ထူးဆန်းတဲ့
နတ်ဆိုးတစ်မျိုးကို ကိုးကွယ်ခဲ့ကြတယ်
ကိုယ့်မျိုးနွယ်စုကို ဘေးအန္တရယ်ပေးသူ
တွေကို ပြန်တုန့်ပြန်ဖို့အတွက်ရော နောက်တစ်ခုက ရန်သူတွေကို အတိုက်၊အခိုက် ပြုဖို့အတွက် အဲဒီနတ်ဆိုးကို ကိုးကွယ်ခဲ့ကြတယ်….
နောက်ဆုံးနတ်ဆိုးရဲ့ အစွမ်းတစ်ခုရှိသေးတယ် မုဆိုးကြီးကိုပြောရင် ယုံမလားမသိဘူး….
တကယ်လို့ဆွေမျိုးထဲက ကိုယ်အချစ်ဆုံးလူတစ်ယောက် ဆုံးပါးသွားရင် သူ့ကိုနောက်တစ်ကြိမ်ရှင်သန်ဖို့ တောင်းဆိုလို့ရတယ်……”

” ဟင်….မင်းရူးနေပြီလား.. သေပြီးလူပြန်ရှင်အောင် ဘယ်သူမှမလုပ်နိူင်ဘူးဆိုတာမင်း
မသိဘူးလား….”

” ကျွန်မ မရူးကြောင်းမကြာခင်သက်သေပြနိူင်တော့မှာပါမုဆိုးကြီးရေ သေပြီးသူပြန်ရှင်ဖို့ မလွယ်ကူသလို အဲဒီအတွက် နတ်ဆိုးကိုပေးဆပ်ရတဲ့ အဖိုးအခကလည်း
မသေးပါဘူး ဝိညာဉ်ကိုးခုက နည်းမှ မနည်းတာလေ….. ”

” ဟာ….မင်း..မင်း……ဒီလူတွေကို…
မင်းသတ်လိုက်တာလား…”

” ကျွန်မရဲ့ခင်ပွန်း ကျန်းမာရေး မကောင်းလို့တိမ်းပါးသွားခဲ့ရတယ် ကျွန်မဖြေမဆည်နိူင်အောင်ပါပဲ သူ့ကိုကျွန်မ
အရမ်းချစ်တယ် ဘယ်လိုမှ အဆုံးရူးမခံနိူင်ဘူး…ဒါကြောင့်မို့ နတ်ဆိုးကိုတိုင်တည်ပြီး ဝိညာဉ် ကိုးခုပြည့်အောင်ပူဇော်ပြီးရင် ကျွန်မခင်ပွန်း
ကိုပြန်ပေးဖို့တောင်းဆိုခဲ့တယ် အခုရှင်က
ကိုးယောက်မြောက်ပဲ…. နောက်ပြီးရှင်က
မကြာခင်ကျွန်မခင်ပွန်းဖြစ်တော့မှာ…
ဒါပေမယ့် ရှင့်ဝိညာဉ်က တစ်ခြားနေရာ
ရောက်သွားပြီး ကျွန်မခင်ပွန်း ဝိညာဉ်က
ရှင့်ကိုယ်ထဲရောက်လာတော့မှာမို့လေ
….ဟင်း…ဟင်း…..ဟင်း……”

မိန်းမပျိုမှာပြောလည်းပြော သူ့လုပ်စရာရှိသည်များကိုလည်းလုပ်နေတော့၏ ။ တစ်တောင်ခန့်ရှိမည်ဖြစ်သော ကြောက်စရာအရုပ်ငယ်တစ်ရုပ်ကိုနဖူးတွင်ထိထားပြီး မည်သည့်စကားဖြင့် ရွတ်နေမှန်းမခန့်မှန်းနိူင်သော မာန္တန်တစ်ခုကို
ရှေ့နောက်ယိမ်းထိုး၍ နတ်ဝင်သည်အလား
ရှိနေတော့၏ ။ ဖိုးတေလည်း အော်ဟစ်ရုန်းကန်နေ၍ အကျိုးမရှိအားကုန်သည်သာ အဖတ်တင်သောကြောင့် လွတ်မြောက်ရာလမ်းအတွက် သူအားသန်ရာ ညာလက်မှ ချည်နှောင်ထားသော ကြိုးများကို ကုတင်စောင်းတွင် ပွတ်တိုက်နေလျက်ရှိသည် ။ မိန်းမပျိုကား
ရွတ်ဖတ်သံတစ်စ တစ်စ ကျယ်လောင်လာတော့၏ ။

…..ဂျိမ်း….ဂျလိန်း…..ဂျိမ်း…..ဂျိမ်း…..

ခေါင်မိုးပေါ်မှ မည်သည့်နေရာကို ပစ်နေမှန်းမသိသော မိုးကြိုးပစ်သံများကိုလည်း ကျယ်လောင်စွာ
ကြားနေရတော့သည် ဖိုးတေလည်းညာလက်မှ တဲတဲမျ ကျန်သော
ကြိုးစကို လက်ကောက်ဝတ်မှ သွေးများကျလာသည်အထိဖိပွတ်ရာလက်တစ်ဖက်လွတ်မြောက်သွားသည်။
ထို့နောက်တစ်ခြားလက်တစ်ဖက်မှကြိုးကို
ညာလက်ဖြင့်ဖြေလိုက် သွားဖြင့်ကိုက်ဆွဲလိုက်လုပ်နေစဉ် မထင်မှတ်သော အဖြစ်အပျက်တစ်ခုဖြစ်လာတော့၏ ။

…ဝုန်း….. ဒုန်း….ဒုန်း…ဒုန်း…..

အိမ်ကြီးမှာ ငလျင်လူပ်သလို တုန်ခါယိမ်းထိုးသွားပြီး အလောင်းကုတင်
သုံးလေးခု လဲပြိုကျကုန်တော့သည်။ငလျင်လူပ်ခြင်း
ကြောင့် မာန္တန်ရွတ်ဖတ်မူရပ်သွား၍ အလောင်းကုတင် များကိုလှမ်းကြည့်၍
မိန်းမပျိုမျက်နှာမှာ ထိန်းချုပ်မရစွာပျက်
ယွင်းသွားတော့သည်။

…မဖြစ်ရဘူး…မဖြစ်ရဘူး…ဒီလိုမဖြစ်ရဘူး..

မိန်းမပျိုကားသွေးရူးသွေးတန်းဖြင့်အော်ရင်း လဲပြိုကျနေသောအလောင်းကုတင်များကို
မယုံကြည်နိူင်လောက်သော အင်အားမျိုးဖြင့် မတင်နေသည်ကိုဖိုးတေမြင်နေရသည်။
ထိုမြင်ကွင်းကိုကြည့်နေရာမှဖိုးတေတစ်ယောက်ထူးဆန်းသောအခြေအနေတစ်ခုကိုထပ်မံမြင်တွေ့လိုက်ရတော့သည်။
ယင်းအဖြစ်အပျက်မှာ ကုတင်ပေါ်မှလူသေအလောင်းများမှာတောင့်မတ်စွာမတ်တတ်ရပ်လာကြခြင်းပင်။
ထို့နောက် ထိုသူများသည်မိန်းမပျိုအနီးတိုးကပ်သွား၍
ဝိုင်းလိုက်ကြတော့၏ ။

…..ဟင်…နင်တို့… နင်တို့က သေပြီးသားလူတွေ… သွား..ငါ့အနားမလာနဲ့….သွား…

ကုတင်များကိုဇောကပ်မနေရာမှ သူ့အား
လူသေကောင်များထလာ၍ ဝိုင်းထားကြောင်း သိရသော မိန်းမပျိုမှာ
သွေးပျက်ကြောက်လန့်စွာ အော်ဟစ်နေလျက်ရှိသည်။

……အား.. လွတ်…လွတ်…… ငါ့ကိုလွတ်……

ကုတင်မှထလာသော လူသေများသည်
ခံစားချင်ကင်းမဲ့သော မျက်လုံးများဖြင့်
မိန်းမပျိုအနီးတိုးကပ်၍ မိန်းမပျိုအားဝိုင်းဝန်းဆွဲနေကြတော့၏ ။
မိန်းမပျိုမှာကြောက်လန့်တကြားအော်ဟစ်နေချိန်ဖိုးတေလည်း အနှောင်အဖွဲ့များလွတ်
မြောက်သွားပြီဖြစ်သောကြောင့် နေရာမှ
တကြိုးတည်းထပြေးကာ အိမ်အောက်ထပ်သို့ဆင်း၍ အိမ်ထဲမှထွက်ပြေးတော့၏ ။ အပြင်ဖက်တွင်ကား ရာသီဥတုသာယာလျက်ရှိနေပြီဖြစ်ကာ
ညက မုန်တိုင်းကြောင့်သစ်ပင်များကျိုးပြတ်
၍ ရှိနေသည်ကိုတွေ့ရ၏ ။ လေပြေညှင်းများတိုက်ခတ်ကာ အာရုံဦး
ရောင်ခြည်ပြေးလေးများစတင်မြင်တွေ့နေရပြီဖြစ်သောကြောင့် အားတက်သွားပြီး ပြေးလွားခြင်းအားရပ်ကာ သူထွက်ပြေးလာရာ အိမ်ကြီးအားလည်ပြန်
ကြည့်မိရာ……….

….ဟာ…အိမ်က ဘယ်ရောက်သွားတာလဲ
မဖြစ်နိူင်ဘူး ဒီလောက်ကြီးတဲ့ အိမ်တစ်လုံးချက်ခြင်းပျောက်သွားတာ
ဘယ်လိုမှမဖြစ်နိူင်ဘူး……

ဖိုးတေနောက်ဖက်တွင်ကားကွင်းပြင်ကြီးတစ်ခုသာရှိနေခြင်းကိုတွေ့ရသောကြောင့် မယုံကြည်နိူင်စွာဖြစ်သွားရပြီးထိုနေရာသို့
သွားရောက်ကြည့်ရူမိတော့၏ ။
သူ့သေနတ်နဲ့ကျောပိုးအိတ်သည်ကျောက်ဖျာတစ်ချပ်ပေါ်တွင်တွေ့ရပြီး အိမ်ကြီးအပါအဝင် ထူးဆန်းသောမိန်းမပျို
လူသေအလောင်းရှစ်လောင်းကား
ထူးဆန်းစွာ ပျောက်ဆုံးနေတော့၏ ။

ဖိုးတေ သူ့ကိုယ်သူအဖန်ဖန်အထပ်ထပ်
မေးခွန်းထုတ်နေမိသည်။
မနေ့ညကကြုံတွေ့ခဲ့ရသမျသည် သူ့စိတ်ကူးဖြင့် စိတ်ထင်ရာမြင်ခြင်းမျိုးလား။ တော၏ခြောက်လှန့်မူလား ။ ပရလောကသားများ၏ပညာ အတတ်ဖြင့်
ဖန်တီးထားသောနေရာတစ်ခုကို ရောက်သွား
ခြင်းမျိုးလားဆိုသော မေးခွန်းမျိုးပင်။
သို့သော်လည်း တိကျရေ ရာသောအဖြေကိုမူကားမရချေ ။
မည်သူမဆိုဖိုးတေအကြောင်းကြားပါကလည်း ဖိုးတေကြုံတွေ့ရသမျသည်စိတ်ကူးယဉ်ဖန်တီးထားကာလျောက်ပြောနေခြင်မျိုး။
တောတောင်ထဲတစ်ယောက်တည်းသွားလာနေ၍ စိတ်ခြောက်ခြားသွားကာစိတ် ထင်ရာမြင်ရာ အမှန်ဟုထင်နေခြင်း ။
ပရလောကသားများဖန်တီးထားသောနေရာတစ်ခုသို့ရောက်သွားခြင်း။

နိူင်ငံခြားသားများယူဆထားသလို
မသေခင်အချိန် ဖြစ်ပျက်ခဲ့သောအကြောင်းအရာများကိုစိတ်စွဲနေသောကြောင့် နှစ်ကာလကြာသော်လည်း
ဝိညာဉ်ဘဝဖြင့် ထိုအကြောင်းအရာများကို
ပြန်လည်ဖြစ်ပေါအနေချိန်ထိုနေရာသို့ ဖိုးတေရောက်သွားခြင်းကြောင့် ထိုအဖြစ်အပျက်တွင်သူကိုယ်တိုင်ပါသွားခြင်းမျိုး
ဖြစ်တော့၏ ။

အထက်တွင်ဖော်ပြခဲ့သောအကြောင်းအရာမျိုးထဲမှာ စာဖတ်သူများစိတ်တွင် မိမိစိတ်အတွင်းထင်မြင်သလိုလွတ်လပ်စွာထင်မြင်ယူဆနိူင်ပါသည်။
🎃🎃🎃🎃🎃🎃🎃🎃🎃🎃🎃🎃🎃

……………..ပြီးပါပြီ…………….

မြူခိုးအလင်္ကာ