သစ်ပင်ရွာ(စ/ဆုံး)
—————–
ဟဲ့ငါတို့သူငယ်ချင်းတွေစုပြီးတစ်နေရာကို
သွားကြမလားပျော်ဖို့ကောင်းမှာဟ’
“အေးနော် ငွေ
ပြောတာမဆိုးဘူးငါလဲသွားချင်တယ် ဟီးဟီး”
“‘ဟယ် ကောင်မတွေဆိုတာလေအရမ်းကိုရွတယ်နော်မပြောချင်ဘူး”‘
‘ဟဲ့ဒါဆိုနင်လဲမလိုက်ဘူးလား ကျော်ကြီးကောင်မ’
“‘အမလေးဘယ်လိုတွေခေါ်လိုက်တာလဲ အိုက်စ် းးးးးမိကျော်လို့ပဲခေါ် ကမတွေ”‘
“အခြောက်မနင်ကကိုကပြာလူးနေတာ”
‘ဟုတ်ပ ရတီ ရယ်ပြောလိုက် ဟွန်း’
“‘ဟယ်နင်တို့ကမေ့နေပြီလား ကိုကိုဇော့်ကိုပြောဖို့ အမလေးနော် မပြောချင်ဘူး”‘
‘အေးဟုတ်တယ် ဇော့်ကိုပြောရမယ် ဖုန်းဆက်တာပေါ့အခုပဲ 📞တီ တီ••••••••••
“”ဟလို အေးပြော ရတီ “”
“ဟဲ့ငါတို့တွေခရီတစ်ခုသွားမို့အဲ့တာနင်ပါလိုက်ခဲ့ပါဟာငယ်သူငယ်ချင်း ရှိတာမှလေးယောက်ထဲရယ် နင်အခုဘယ်မှာလဲ”
“”ငါအခုအပြင်ရောက်နေတယ် နေအုံးဒါဆိုငါတို့သေချာဆွေးနွေးရအောင် နင်တို့ဆီငါလာခဲ့မယ် OK””
“အေးအေးလာခဲ့
” ရတီ တို့မှာငယ်သူငယ်ချင်းဆိုလို့လေးယောက်ပဲရှိတာလေ ပါးဖောင်းဖောင်းလေးနဲ့ချစ်ဖို့ကောင်းတာတော့ ငွေ ကျွန်မသူငယ်ချင်းပေါ့
နောက်တစ်ယောက်ကတော့ အသားဖြူဖြူအရပ်ခပ်မြင့်မြင့် မိန်းမစိတ်လေးပေါက်နေတဲ့ ကျော်ဇေ
သူ့ကိုတော့ ကျော်ကြီးလို့လူတိုင်းကခေါ်ကြတယ် နောက်ထပ်တစ်ယောက်ကတော့ ဇော်
‘ဇော် ကချောတယ် ခပ်တည်တည်နေတတ်သူ ပေါ့ ~~~~~~~~~~~~~~~~~~~~~~
တီ••••••••••”
‘ဟယ် ကိုကိုဇော်လာပြီ လာကိုကိုဇော်”‘
‘ကောင်မမျက်နှာပိုးကိုမသေဘူး ကဲငါတို့ဘယ်သွားမလဲစဥ်းစားကြမယ်’
“ငွေဆောင်! ငွေဆောင်သွားကြမလားပျော်စရာကြီး ဟီးဟီး”
“”ဟာ ရတီ ကလဲအဲ့ကိုမသွားချင်ဘူးရေတွေပဲရှိတာမကောင်းဘူး”” ဟွန်း ••••••
“‘ငါသိပြီ အစစ်မတို့ရေ ငါတို့တွေရွှေတိဂုံဘုရားသွားကြမယ်”‘
“”အာ ငါလုပ်ချလိုက်ရပေါက်ကရတွေပြောပြီ မသွားဖူးတာကျနေတာပဲ ငါအကြံတစ်ခုရပြီ ငါတို့သွားမယ့်နေရာကအမှတ်တရတွေလဲထင်ကျန်နေရမယ်
ငါတို့တွက်ပျော်ဖို့လဲကောင်းသလိုကြောက်ဖို့လဲကောင်းတဲ့နေရာမျိုး ကဲဘလိုလဲ””
‘မဆိုးဘူး ဇော် ပြောတာမိုက်တယ်’
” ကြောက်စရာကြီးဖစ်နေမှာပေါ့နော်
ငွေ နင်ရောအဲ့လိုမျိုးနေရာသွားရဲလို့လား”
“‘ကောင်မတွေဘာမှပြောမနေနဲ့ ကိုကိုဇော်ပြောတာထောက်ခံတယ်”‘
“အခြောက်မတို့ကလုပ်ပြီနော် ကျော်ကြီးမပြောချင်ဘူး”
“‘လာပြန်ပြီ ငါစိတ်ဆိုးမှာနော် ရတီ”‘
“စတာစတာ မိကျော်မ ဟားဟားး”
“”ကဲဒါဆိုငါတို့တွေကျေးလတ်ဒေသ လေးတွေကိုသွားကြမလား ကျေးလတ်ဒေသဆိုတော့အေးချမ်းတယ်သဘာဝစစ်စစ်ကိုလဲခံစားနိုင်တယ် “”
‘အေးငါတို့သဘက်ခါပဲခရီးထွက်ကြမယ်
Are you ok? ‘ OK•••••••••••••••••••••••••••••••••
“‘ကောင်မတွေကြာလိုက်တာ စောင့်နေရတာအလှတွေတောင်ပျက်တော့မယ် မပြောချင်ဘူးနော်”‘
“အခုလဲရောက်နေပါပြီအေ တတ်ကားပေါ်ကြာတယ်” ”
‘အမလေး ဝုန်းတယ်ကျန်းငါ့ကို သူတို့ပဲနောက်ကျပြီး”‘
ဟားးးဟားး “‘
ဟယ် တို့က ကိုကိုဇော့် နားမှာပဲထိုင်မှာနော်”” ဟုပြောရင်းအတင်းအရှေ့ခန်းကိုဝင်သွားတယ်
ရတီနဲ့ငွေလဲ
*အေးပါ ကျော်ကြီးရယ် ဟားးဟားးး*
ဘာကျော်ကြီးလဲ မိကျော်ပါဆို😤😤”‘
ရတီ
တို့သူငယ်လေး၄ယောက်လဲရယ်မောကာဖြင့်ခရီးစထွက်ခဲ့ကြတယ်
“ယေးးးးခုလိုလွတ်လွတ်လပ်လပ်နဲ့သွားရတော့ပျော်စရာကြီးလေလေးတွေကလဲအေးနေတာပဲ”
“”ရတီ နင်တော်တော်ပျော်နေလား “”
”
ပျော်တာပေါ့ ဇော် ရာ အရမ်းပျော်တာ”
ဇော် က ရတီကိုတစ်ဖက်သက်ကြိုက်နေတဲ့သူပါ••ဒီလိုနဲ့ကားပေါ်မှာစကားတွေဖောင်ဖွဲ့ပြီးပြောနေကြတာသူငယ်ချင်းလေးယောက်ဟာအရမ်းပျော်နေ
ကြတယ်
ကားမောင်းလာတာကြာလာတော့
ရုတ်တရက် အိပ်ငိုက်သွားတာ ရတီ တို့ကားလေးဟာ လမ်းမဘေးထိုးကျသွားတယ်
“‘ အမလေး ဘုရားဘုရား ရတီရေ ဇော်ရေ ငွေရေ ဟဲ့ထကြပါအုံး ဘယ်တွေရာက်လာလဲမသိဘူး “‘ ”
”အား ကျွတ်ကျွတ် မိကျော် ရတီနဲ့ငွေရော “”
“‘ဟိုမှာကားထဲကထွက်နေတယ် မြန်မြန်လာပါဟယ် ငါကြောက်လိုက်တာ မှောင်စပြုနေပြီဘယ်နေရာရောက်နေတာပါလိမ့်နော်”‘
“အား နာလိုက်တာ တစ်ကိုယ်လုံးနာကျင်နေတာပဲ”
‘ဟုတ်ပရတီရယ် ငွေလဲအရမ်းနာတယ်’
“” ကဲပါငါတို့တွေ
ရှေ့ဆက်သွားကြည့်ကြမလားအကူညီတောင်းရင်း””
‘ဒီလိုတောကြီးထဲမှာလူရောရှိပါ့မလား ငါကြောက်လာပီဟာ ‘
“ငွေရယ်မကြောက်ပါနဲ့ငါတို့တွေလဲပါတာပဲလေ”
ရတီဖြေသိမ့်ပေးလိုက်ပေမယ့် ကြောက်စိတ်တွေကတော့ လေးယောက်လုံးမှာဖုံးလွှမ်းနေတယ် ”
”မြန်မြန်အရမ်းမမှောင်ခင် အကူညီတောင်းလို့ရမယ့်နေရာရှာတွေ့ဖို့လိုတယ်””
“‘ဟုတ်တယ် ကိုကိုဇော်ပြောတာ အမလေးဘုရားဘုရား စောင့်ရှောက်ပေးတော်မူပါ”‘
ရတီတို့နဲနဲဆက်လျှောက်သွားခဲ့တယ် အဲ့ချိန်မှာ ဇော် က
‘ဟာ ဟိုမှာလူတွေ “”
“‘အိုက်စ် အမလေး ဘုရားမလို့ပဲ”‘
သစ်ပင်ရွာမှကြိုဆိုပါ၏ ”
‘ဟယ် ရွာနမည်ကအဆန်းတော့ သစ်ပင်ရွာတဲ့ ခိခိ “‘
“ကျော်ကြီးမ ပါးစပ်လေးပိတ်ထားစမ်းပါဟာ အကူညီဝင်တောင်းကြမယ်”
‘ဟဲ့ ရတီတို့နင်တို့အားလုံးသတိထားမိကြလား ရွာထဲကလူတွေကပြေးလွှားနေကြတယ် ငါတို့မြန်မြန်ဝင်ရအောင်’ ”
”ငွေ ပြောတာဟုတ်တယ် လာလာမြန်မြန်””
“”ဒီမှာဗျ ကျွန်တော်တို့ကိုတစ်ခု
လောက်ကူညီပါလားကျွန်တော်တို့ တို့•••••••••
(လာအိမ်သာမြန်မြန်လိုက်ခဲ့လူလေးတို့ မြန်မြန်•••••)
ရတီတို့သူငယ်ချင်းလေးယောက်လဲ ဘာမှမသိပဲလိုက်သွားလိုက်တယ်
ဟော ဟဲ ဟောဟဲ
(လူလေးတို့ကိုခုလိုအမြန်ခေါ်လာတာတောင်းပန်ပါတယ်ကွယ် ) ”
အဘိုး ဒီရွာကလူတွေကဘာလို့ပြေးနေကြတာလဲဟင်”
(အိမ်းးး အဘိုးပြောပြပါ့မယ်ကွယ် အခုလူလေးလို့အနားယူလိုက်ကြအုံး မနက်မိုးလင်းမှအကြမ်းရည်လေးသောက်ရင်း အဘိုးပြောပြမယ်ကွယ့် ဒါမဲ့တစ်ခုတော့မှတ်ထားလူလေးတို့ ညနေ၆နာရီကစပြီးစကားမပြောကြနဲ့ကွဲ့ အဘိုးမှာလိုက်ပြီနော် )
အားလုံးဟာအဘိုးပြောတဲ့စကားကိုနားထောင်လိုက်ကြတယ် ဒါမဲ့အတွေးတွေကတော့ဂယက်ထနေခဲ့ကြတယ် •••••••••••
ရတီတို့လဲ အရမ်းပင်ပန်းထားတော့မနက်မိုးလင်း အဘိုးလာနိူးမှနိုးတော့တယ်
(ကဲ
လူလေးတို့မနက်စာစားကြမယ်လာကြလာကြ)
အားလုံးသံပြိုင်ပြောခဲ့ကြတယ်
*ဟုတ်ကဲ့အဘိုး*
ဘယ်လောက်တောင်စားချင်နေလဲမသိဘူး အိမ်ရှေ့ကွပ်ပျစ်လေးကိုထိုင်တော့မှ ရွာရဲ့အလှကိုသတိရမိတော့တယ်
သစ်ပင်လေးတွေဟာစိမ်းစိုအုံ
မိူင်းပြီးနေရောင်ခြည်လေးကအပင်ကြားတွေကိုထိုးဖောက်ဝင်ရောက်နေတာ
မြေနီလမ်းလေးကိုလဲတွေ့လိုက်ရတယ်ဒါတောင်အဘိုး ကွပ်ပျစ်ကတွေ့နိုင်တာ လိုက်သာကြည့်မယ်ဆို အမလေးအရမ်းလှနေမှာသေချာတယ်•••
ရတီတို့လဲအဘိုးကျွေးတဲ့မနက်စာကိုစားပြီး
ရွာအလှကိုကြည့်ချင်တာနဲ့
အဘိုးကိုပြောပြီးထွက်သွားခဲ့ကြတယ် ရွာရဲ့အလှဟာသာမန်မြင်နေကြမဟုတ်ဘဲတကယ့်ကိုလှရက်လွန်းနေတယ်
အချိန်တွေဟာကုန်မှန်းမသိကုန်နေတာသတိမေ့နေကြတယ် အဘိုးအိမ်ပြန်မို့ ရတီတို့သတိရတော့ညနေ၆နာရီခွဲနေပြီ
“ဟာ အခုမှသတိရတယ် ၆နာရီဆိုပြန်ရောက်ရမှာလေ အဘိုးမှာထားတယ်”
‘ ဟယ်ရတီ ပြောမှသတိရတယ် ငွေ လဲ’
“”ကဲကဲငါတို့ပြန်ရအောင်အချိန်မရှိတော့ဘူး””
ရတီ တို့လဲခပ်သုတ်သုတ်ပြန်လာခဲ့ကြတယ်••••••
ညရောက်တော့ ရတီတို့အဖွဲ့ဟာ ဒီရွာမှာဘာဖစ်တာလဲသိချင်လို့ မအိပ်ပဲ အိမ်ထဲကနေချောင်းကြည့်ဖို့တိုင်ပင်ထားကြတယ်
×အူးးးးးးးဝူးးးးးးးးးးးးအူးးးးးးးးးဝူးးးးးးးးးးးး×
ရွာထဲမှာရှိတဲ့ခွေးတွေက ဆွဲဆွဲငင်ငင်ကိုအူနေကြတယ်
*ရှပ် ရှပ် ရှပ်*
အသံကြားရ
ကြည့်လိုက်တော့ အမလေး ရတီတို့တွေသေမတတ်အောင်ပါပဲ
မိန်းမတစ်ယောက် ကလေးလေးကိုပိုက်ထားတယ် သူ့ခန္ဓာကိုယ်အောက်ပိုင်းမှာသွေးတွေမြင်မကောင်းဘူး
သူ့မျက်နှာကပြုံးပြီးရီပြနေသလို ကလေးလေးက ရွာဘက်လှည့်ပြီးရီရီပြနေတာ မျက်လုံးကထန်းသီးသဖွယ်
ဆိုးတာက ရွာထဲကိုလိုက်ပတ်သွားတာတင်မဟုတ်ဘဲ အိမ်ရှေ့ထိလာလာရပ်တာပါပဲ
တကယ့်ကိုသွေးပျက်စရာ_________
ရတီတို့ အသံမထွက်အောင် ပါးစပ်ကိုပိတ်ထားကြတယ် ချွေးတွေလဲစီးကျနေပြီကြောက်နေကြတာ အဲ့လိုကြည့်နေစဥ်မှာပင်
ဝုန်း•••••••••ဆိုပြီး
ရတီတို့ချောင်းကြည့်နေတဲ့အပေါက်မှာမျက်နှာကြီးလာအပ်တာ တစ်ယောက်မှအသံမထွက်ရဲဘူး လူပ်လဲမလူပ်ရဲဘူးးး
စဥ်းစားကြည့်ပါသတိမေ့မတတ်ပါပဲ
ပြီးတော့အိမ်ကို ဆွဲခါလူပ်တာ အိမ်တွေကိုပုတ်တယ် ရတီတို့အုပ်စုလေသေးတွေပါထွက်ကြတယ် မျက်ရည်တွေလဲကျ အသံလဲမထွက်ရဲ •••••
အဲ့ချိန်ထပ်ပြီးအသံတစ်ခုကိုကြားလိုက်ရတယ် ကြောက်ကြောက်နဲ့ လေးယောက်သားကြည့်လိုက်တော့ သရဲမသီချင်းဆိုနေတာ အိမ်ကိုပတ်ပြီး ကလေးကတစ်ဖက်ပိုက်ထားပြီး ခါးကိုကုန်းပြီးအိမ်ဘက်ကိုရီပြပြီး ဆိုနေတာ
🎼အသံထွက်ရဲထွက်ကြည့်လေ•••••နင်တို့ကိုကွယ် ငါသတ်မယ် အသံထွက်ရဲထွက်ကြည့်လေနင်တို့ကိုကွယ် ဂုတ်ချိုးမယ် ဟားးးးဟားး🎼
အံကိုကြိတ်ပြီးဘုရားစာတွေစိတ်ထဲကရွတ်နေရတယ်
တဖြည်းဖြည်းနဲ့အာရုဏ်တတ်ချိန်ရောက်လာတော့ သရဲမလဲ ပျောက်ချင်းမလှပျောက်သွားတယ်
ရတီ နဲ့ ငွေလဲ အသံကျယ်ကြီးနဲ့ငိုချလိုက်တော့တယ် ဇော် ကယောကျာ်းလေးဆိုတော့မငိုဘူး
ဒါပေမဲ့ မိကျော်ကတော့ ထိုင်လျက်ကြီး သတိမေ့ချင်နေသလိုဖြစ်နေတယ်
အဘိုးကို ဇော် ကသွားခေါ်တယ်
(ကဲကဲ ဘုရားစင်က ပရိတ်ရေယူလာခဲ့ကွယ်) ဟုတ်ကဲ့အဘိုး””
(မသေကောင်းမပျောက်ကောင်းကွယ် )
“‘မိကျော် ကြောက်တယ် မိကျော် ကြောက်တယ် မနေဘူး မနေရဲတော့ဘူး ပြန်ကြမယ် ဟင်းးးးဟီးးးးးးးး”‘
(လူလေးဘာမှမဖြစ်ဘူးစိတ်အေးအေးထား စိတ်အေးအေးထား) “‘
‘အဘိုး ညကသရဲမကတော်တော်ကြောက်ဖို့ကောင်းတယ်
သူကဘာလို့ဒီလိုတွေလိုက်ခြောက်နေတာလဲ
“” (အေးကွယ် သူ့နာမည်က မိဖြူ တဲ့ ကလေးမမွေးနိုင်ဘဲ ဆုံးသွားရရှာတယ် မိဖြူတို့ကဆင်းရဲတယ် ဒါမဲ့ကလေးမွေးဖို့ငွေကြေးကလဲမရှိတော့
ရွာထဲမှာလိုက်ချေးငှားတယ် မရခဲ့ပါဘူး ဆင်းရဲလွန်းတော့ မချေးချင်ကြဘူး ကလေးကိုသူ့ဘာသာညစ်ပြီးမွေးရင်းကနေသေဆုံးခဲ့တာပါပဲ
သေသွားတဲ့နေ့မှာပဲတစ်အိမ်ပြီးတစ်အိမ်လိုက်ခြောက်တော့တာပဲ သူလာပြီဆို အသံထွက်တဲ့အိမ်က သေတဲ့နေ့ပဲ )
“သူ့တွက် အမျှမဝေပေးဘူးလားဟင်အဘိုး
“ရတီလဲသိချင်တာနဲ့မေးလိုက်တယ်
(သူ့ကိုအမျှဝေပေးဖို့နေနေသာသာ အဘိုးတို့ကိုယ်တိုင်တောင် အမျှမရသေးဘူးကွဲ့ လူလေးတို့ရယ်)
ဟုပြောရင်းမှာပင်
ဇတ်ကြီးလိမ်ပြီး မျက်လုံးကြီးကအရှေ့ကိုပြူးထွက်လာလေရဲ့~~~~~~~~~~~
အမလေးအမေရေ ပြေးကြ ဆိုပြီး၄ယောက်စလုံးသံပြိုင်အော်ပြီးပြေးလာခဲ့ကြတာ
သတိရလာတော့ဆေးရုံပေါ်မှာ မိဘတွေကဘေးမှာထိုင်နေကြတယ်
ရတီတို့တွေလဲ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ဟူး ဆိုပြီးသက်ပြင်းချလိုက်မိပါတော့သည်~~~
ပြီးပါပြီ။
နှောင်းနွေ (ကိုယ်တိုင်ရေး)