ကျွဲတစ္ဆေ လူသရဲ

မြင့်ဆောင် နှင့် ကျွဲတစ္ဆေ လူသရဲ
(၁)
ဤကနေ့သည် လပြည့်ညဖြစ်သည် ကိုမြင့်ဆောင်နဲ့ကပ္ပိယကြီးလည်း သူတို့ကိုလာခေါ်ထားသည် ဦးသန်းအောင်အိမ်မှာပင်နေပြီး သက်ပျောက်ကုန်းဘက်မှ ကြားရမည်အသံများကို စောင့်ကြည့်နေကြသည် ဆိုးဆိုးဝါးဝါး အသံများဖြစ်ပါမှ ထိုနေရာကိုသွားကြည့်ကြမည်ဖြစ်ပြီး ပုံမှန်အသံဗလံများလောက်နှင့်တော့ သွားကြည့်ဖို့စိတ်မကူး သရဲတစ္ဆေများသည်လည်း သက်ရှိသတ္တဝါးဖြစ်၍ သူတို့လည်းသူတို့နေရာသူတို့ လွပ်လွပ်လပ်လပ်နေချင်ကြမည်ဖြစ်သည် ဒါကြောင့် ထိုနေရာမှ ဖယ်ရှားနှင်ထုတ်ပြစ်လျှင် မတရားရာကြမည်ဖြစ်၍ ကပ္ပိယကြီးနဲ့ကိုမြင့်ဆောင်လည်း သရဲဝင်းမြိုင်ကြီးနဲ့ကျွဲတ‌ေစ္ဆအပါအဝင် ထိုသက်ပျောက်ကုန်းမှာရှိနေသည့် မည်သည့်သရဲတ‌စ္ဆေကိုမျှ နှင်ထုတ်ဖို့စိတ်ကူးမရှိကြ ထိုအကြောင်းကိုလည်း ဦးသန်းအောင်ကိုလည်းပြောပြထားပြီး ဦးသန်းအောင်ကလည်း
“ဒါကတော့ ကပ္ပိယကြီးတို့ကောင်းသလို လုပ်ကြပေါ့ဗျာ ကျုပ်တို့ကတော့ တစ္ဆေသရဲအော်သံတွေကိုကြားပြီး ကြောက်ရွံ့ထိတ်လန့်ကြတာတော့ အမှန်ပဲဗျာ့”
သူလည်း ထိုမျှသာပြောပြီး ကပ္ပိယကြီးတို့မည်သို့မည်မည်ပုံလုပ်မည်နှင့် သက်ပျောက်ကုန်းဘက်မှ မည်သို့သောအသံများကြားရမည်ဆိုတာကိုသာ စောင့်ကြည့်နေတော့သည် အရင်လပြည့်ညကတော့ တော်တော်ဆိုးဆိုးဝါဝါး အသံများကိုကြားရပြီး ထိုအသံများကြောင့်လည်း သူကပ္ပိယကြီးတို့ကို ရွာသို့လိုက်ကြည့်ရန် အကူအညီတောင်းပြီး ခေါ်ခဲ့ခြင်းဖြစ်သည် သူတို့သုံးယောက် အိမ်အောက်တန်းလျှားမှာပေါ်မှာ ရေနွေးကြမ်းသောက်ရင်း သက်ပျောက်ကုန်းဘက်မှ အသံများကို နားစွင့်နေတုန်း
“ကပ္ပိယကြီးတို့ သက်ပျောက်ကုန်းဘက်ကို သွားမကြည့်သေးဘူးလားဗျာ့”
သူတို့အား မေးမြန်းလိုက်သံနဲ့အတူ လူတစ်ယောက်သူတို့ဆီရောက်လာပြီး တန်းလျှားပေါ်တွင် ဝင်ထိုင်လိုက်သည်ထိုအခါ ဦးသန်းအောင်က
“တကယ်လို့ သွားကြည့်ရင် မင်းလိုက်သွားမလို့လားကွ”
“လိုက်မှာပေါ့ဗျာ့ လိုက်မလို့လာမေးတာပေါ့”
“ဟုတ်လားကွ မင်းတို့အရင်တခါ အလောင်းစောင့်ရင်း ပြန်ပြေးလာရတာ မမှတ်သေးဘူးလား”
ဦးသန်းအောင်လည်း ကိုထွေးကိုခပ်ပြုံးပြုံးဖြင့်မေးလိုက်တော့
“အဲ့ဒါ ဟိုလူနှစ်ယောက် အရင်ပြေးသွားလို့ပါဗျာ ကျုပ်လိုကတော့”
ကိုထွေးလည်း ထိုမျှသာပြောပြီး ဆက်မပြောပဲ ရပ်နေသည် ထိုအခါ ဦးသန်းအောင်က
“ဘာတုန်းကွ မင်းလိုဆိုရင်လည်း ထွက်ပြေးလာမှာပဲ မဟုတ်လား”
“အေးပေါ့ဗျာ့ ဘာမှမလုပ်တတ်မကိုင်တတ်တဲ့ လူတွေနဲ့ဆိုရင်တော့ ပြန်ပြေးလာရမှာပေါ့ ဒါပေမဲ့ ကပ္ပိယကြီးတို့ကိုမြင့်ဆောင်တို့နဲ့ဆိုရင်တော့ ပြန်ပြေးမလာပါဘူးဗျာ”
ကိုထွေလည်း သူ့စိတ်ထဲရှိသည့်အတိုင်းပြောလိုက်ပြီး ကျန်သူများလည်း သူ့ကိုကြည့်၍ ပြုံးနေကြသည် ထိုသို့ဖြင့် ကိုထွေးအပါအဝင် သူတို့လေးယောက် ဦးသန်းအောင် အိမ်အောက်မှာ စကားပြောနေတုန်း သက်ပျောက်ကုန်းဘက်မှနေပြီး စတင်အော်ဟစ်ပြောဆိုသံများကို ကြားလိုက်ရသည်
ထိုအသံများကိုကြားတော့ ကို‌ထွေးက
“ဒါ ကိုဝင်းမြိုင်ကြီး သူ့ကျွဲတွေကို ‌‌ငေါက်ငမ်းပြောဆိုနေတဲ့အသံပဲဗျာ့ ဒီလူကြီး သရဲဘဝရောက်သွားတာတောင် ဒီအကျင့်မပြောက်သေးဘူး”
ကိုထွေးလည်း သူတို့ကြားနေကြ ကိုဝင်းမြိုင်ကြီး၏ အသံကိုကြား၍ ‌ပြောလိုက်တော့ ကိုမြင့်ဆောင်က
“ဟုတ်လားကွ ဒါဆို ကိုဝင်းမြိုင်ကြီးက သူ့ကျွဲတွေကို တော်တော်နှိပ်ဆက်မဲ့ပုံပဲ”
“နှိပ်ဆက်တာကတော့မပြောနဲ့ဗျာ ဒါကြောင့်လည်း သူ့ကျွဲက သူ့ကိုပြန်ခတ်သတ်ပြစ်တာနေမှာပေါ့”
ကိုထွေးလည်း သူ့တို့လူငယ်များ၏ အမြင်အတိုင်းပြောလိုက်ပြီး ရွာထဲကလူငယ်တော်တော်များများလည်း သူ့လိုပင်မြင်နေကြသည် ဒါပေမဲ့ လူကြီးမျာကတော့ ထိုသို့မဟုတ်ပဲ ဝင်းမြိုင်ကြီး၏ကျွဲအပမှီ၍ သူ့ကိုပြန်ခတ်သတ်လိုက်မှန်းသိသည် ဒါကြောင့် ကပ္ပိယကြီးတို့ကို အကြိုးအကြောင်းပြော၍ သွားရောက် အကူအညီတောင်းရန် စဉ်းစားမိလိုက်ချိန်မှာပဲ ဦးသန်းအောင်က အကူအညီတောင်း၍ ခေါ်လာခဲ့ခြင်းဖြစ်သည် ထိုသို့ သူတို့လေးရောက်သက်ပျောက်ကုန်းဘက်မှ စတင်ကြားလာရသည့် အသံမျာကို နားထောင်ရင်း အသံများသည်လည်း တစထက်တစပို၍ များလာပြီး ပို၍ကျယ်လောင်လာသည် ထိုအခါ ကပ္ပယကြီးက
“ဒါဝင်းမြိုင်ကြီး တစ်ယောက်တည်းရဲ့ အသံတော့မဟုတ်တော့ဘူးကွ သူ့ကိုမှီပြီး တခြားတစ္ဆေသရဲတွေပါ ပြောဆိုလာကြတဲ့ အသံတွေ ဒီလိုအသံတွေကြားရင်တော့ ရွာအတွက်သိပ်မကောင်းဘူး”
ကပ္ပိယကြီးလည်း အချိန်ကြာမြင့်စွာ ခြောက်လန့်ခြင်း လူတွေကို ဒုက္ခပေးခြင်းမရှိတော့သော သက်ပျောက်ကုန်းဘက်မှ တစ္ဆေသရဲသံများကို ကြားလိုက်ရ၍ စိတ်ပူသွားမိသည် ထိုသက်ပျောက်ကုန်း‌ပေါ်မှာရှိသည့် တစ္ဆေသရဲများသည် လူတွေထိုကုန်းပေါ်ရောက်မှသာ ဖမ်းစားသတ်ဖြတ်ခြင်းပြုသော်လည်း ယခုလို ရွာထဲရှိလူများကိုတမင်တကာအသံပေး၍ ကြောက်လန့်အောင်တော့ မလုပ်တတ်ကြ ယခုတော့ ဝင်းမြိုင်ကြီးသေဆုံးပြီးသည့်နောက် ဝင်းမြိုင်ကဲ့သို့ပင် သူတို့၏အသံများကိုလည်း လူတွေကြားအောင် အော်ပြောပြီး လူတွေ့ရဲ့စိတ်ကို ကြောက်လန့်အောင် ခြောက်လှန့်နေပြီဖြစ်သည် ထိုသို့ ခြောက်လှန့်၍ လူများကြောက်ရွံ့သွားပါက သူတို့သည် တစထက်တစပိုဆိုးလာမည်ဖြစ်ကာ နောက်ဆုံးရွာကိုပင် ဝင်လာနိုင်မည်ဖြစ်သည် ဒါကိုသိသော ကပ္ပိယကြီးကလည်း
“ကဲမြင့်ဆောင် ဒို့ဒီအတိုင်း နေလို့တော့မဖြစ်တော့ဘူးကွ အဲ့ဒီဘက်ကို သွားကြည့်ပြီး တစ်ခုခုလုပ်မှဖြစ်မယ်”
“ကောင်းပြီလေ ကပ္ပိယကြီး သွားချင်ရင်လည်း သွားကြည့်ပေါ့”
ကိုမြင့်ဆောင်လည်း ခပ်အေးအေးပင် ပြောလိုက်သည်သူတို့နှစ်ယောက် ထိုသို့သက်ပျေက်ကုန်းဘက်ကို သွားကြည့်ကြမည်ဆိုတာသိတော့ ကိုထွေးကလည်း သူပါလိုက်ခဲ့မည်ဟုပြောလိုက်ပြီး ကပ္ပိယကြီးကလည်း လိုက်ခဲ့ဖို့ ခွင့်ပြုလိုက်သည်။
(၂)
သူတို့သုံးယောက် ရွာအပြင်ကို ထွက်လာတော့ ဦးသန်းအောင်က သူ့အိမ်ခြံစည်းရိုးမှရပ်ကြည့်နေသည် သူ့အိမ်သည်ရွာအနောက်ဘက်အစမှာဖြစ်၍ ကပ္ပိယကြီးတို့နောက် မလိုက်သွားပေမဲ့ ကပ္ပိယကြီးတို့ သွားလာနေတာတွေကိုတော့ လှမ်းမြင်နေရသည် ဒါကြောင့်သူလည်း အိမ်ခြံစည်းရိုးနားမှရပ်ကြည့်နေပြီး ကပ္ပိယကြီးတို့လည်း ရွာအနောက်ဘက်လှည်းလမ်းအတိုင်း သင်္ချိုင်းဘက်ကို ထွက်သွားနေသည်။
သူတို့သုံးယောက် သင်္ချိုင်းနားရောက်ခါနီးတော့ သင်္ချိုင်ထဲကို မသွားပဲ လမ်းအောက်ဘက်လယ်လျှိုလေးအတိုင်း သက်ပျောက်ကုန်းဘက်ကို လှည့်ထွက်ခဲ့သည် သူတို့သက်ပျောက်ကုန်း အောက်ခြေနားကိုရောက်တော့
“မသာတွေလာပြီ မသာတွေလာပြီ”
အသံဝါကြီးတွေနဲ့ပြောပြီး သူတို့ကိုရပ်ကြည့်နေသော အရိပ်သဏ္ဍန်များကို မြင်လိုက်ရသည် ထိုအရိပ်သဏ္ဍန်များသည် သူတို့ကုန်းပေါ်တက်လာမည့်အချိန်ကို စောင့်နေကြပြီး ကိုထွေးလည်း ထိုအရိပ်သဏ္ဍန်များကိုမြင်လိုက်ရတော့ ကပ္ပိယကြီးတို့နောက်ကို တိုးဝင်လိုက်သည်။
ကပ္ပိယကြီးနဲ့ကိုမြင့်‌ဆောင်လည်း ထိုအရိပ်သဏ္ဍန်များထဲမှ ကိုဝင်းမြိုင်ကြီးကို လိုက်ရှာကြည့်လိုက်ပြီး မတွေ့သည့်အဆုံး
“ဒီထဲမှာ ဝင်းမြိုင်ကြီးပါလားကွ”
ကပ္ပိယကြီး ထိုသို့အော်မေးလိုက်တော့ အသက်ကြီးကြီး လူကြီးတစ်ယောက် တောင်အောက်ဆင်းလာပြီး
“မင်းတို့ဒီနား ဘာလာလုပ်တာတုန်း ဒီမှာ ဘာဝင်းမြိုင်ကြီးမှမရှိဘူး သူ့ကိုရှာချင်ရင် တစ်ခြားနေရာကို သွားရှာကြ”
ထိုလူကြီးသည် ကျွဲ၏ခန္ဓာကိုယ်ထဲသို့ဝင်ပူး၍ ဝင်းမြိုင်ကြီးကို ခတ်သတ်လိုက်သော သရဲကြီးဖြစ်ကာ သူတို့ဒီနားရောက်လာတာကို နှစ်သက်ပုံမပေါ်ပဲ သူတို့ကိုစူးစိုက်ကြည့်ပြီး ခပ်မာမာပင်ပြောလိုက်သည် သူ့ကို ကြည့်ရသည်မှာလည်း ကပ္ပိယကြီးတို့ကို သာမန်လူမဟုတ်မှန်း သိနေပုံရသည် ဒါကြောင့် သူတို့ရှိသည့်နေရာသို့ မလာစေချင်ပဲ မြန်မြန် ထွက်သွားရန်ပြောလိုက်ပြီး ကပ္ပိယကြီးက
“ဒါဆိုလည်း မင်းတို့ဒီနေရာကနေပြီး ရွာသူရွာသားတွေကို မနှောက်ယှက်ကြနဲ့ကွာ အရင်လိုပဲ အေးအေးဆေဆေးနေကြ”
ကပ္ပိယကြီးထိုသို့ပြောလိုက်တော့ ထိုလူကြီးက
“ဒါမင်းတို့နဲ့ မဆိုင်ပါဘူး ငါ့နေတဲ့‌နေရာကနေ ငါလုပ်ခြင်သလိုလုပ်မယ် မကြားခြင်ရင် မင်းတို့ရွာရွှေ့သွားလိုက်”
ကပ္ပိယကြီးလည်း ထိုလူကြီးပြောတာကိုကြားပြီး
“ကောင်းကွာ ငါကမင်းတို့ကို ဒုက္ခမရောက်စေခြင်လို့ အခုလိုလာပြောတာကွ ဒါကို မင်းကနာမလည်ပဲ ငါ့ကိုတောင် မောက်မောက်မာမာပြန်ပြောနေပါလား”
ကပ္ပိယကြီးတို့ လာရခြင်းရည်ရွယ်ချက်ကလည်း နှစ်ဦးနှစ်ဘက် ပြေလည်စေရန် ညှိနှိုင်းပေးဖို့ လာခဲ့ခြင်းဖြစ်သော်လည်း ထိုတစ္ဆေလူကြီးက သူ့စေတနာကို နားမလည်ပဲ သူပြောခြင်တာပြောနေ၍
“ဒီလိုဆိုရင်တော့ မင်းတို့ဒုက္ခရောက်တော့မှာပဲ ငါက‌ေတာ့မင်းတို့ ရွာသူရွာသားတွေကိုဆက်နှောက်ယှက်နေရင် တစ်ခုခုလုပ်ရမှာပဲ”
ကပ္ပိယကြီး ထိုသို့ပြောလိုက်တော့ ထိုလူကြီးက သူတို့ကို စူးစိုက်ကြည့်နေပြီး
“မင်းတို့က ဘာလုပ်ချင်လို့တုန်း”
ထိုလူကြီး၏သည် ကပ္ပိယကြီးက သူ့တို့ကို တစ်ခုခုလုပ်မည်ဟုမည်ပြောတာကို မကျေနပ်ပဲ ပြန်လည်စိန်ခေါ်လိုက်ခြင်းဖြစ်ပြီး ကပ္ပိယကြီးက
“ငါဘာလုပ်မယ်ဆိုတာကတော့ မင်းတို့အခြေအနေပေါ်မူတည်ပြီး ဆုံးဖြတ်ရမှာပဲ အခုအချိန်တော့ ပြောလို့မရသေးဘူး”
ကပ္ပိယကြီးလည်း ဒီကုန်းပေါ်မှ တစ္ဆေသရဲများ ဆိုးဝါးလျှင်ဆိုးဝါးသလို အပြစ်ပေးဖို့ဆုံးဖြတ်ထားပြီး ထိုသို့မဟုတ်ပဲ သူပြောတာကို လက်ခံပါက ဘာမလုပ်ပဲ လှည့်ပြန်သွားဖို့ စိတ်ကူထားသည် ကပ္ပိယကြီး ထိုသို့ပြောလိုက်တော့ သူတို့ကိုစိန်ခေါ်လိုက်သည့် တစ္ဆေကြီးက
“ဒါဆိုလည်း မင်းပဲစွမ်းမလား ငါပဲစွမ်းမလား စမ်းကြည့်တာပေါ့ကွာ”
ထိုသရဲကြီးသည်လည်း ဤနေရာတွင်နေလာသည်မှာ နှစ်ပေါင်းများစွာကြာမြင့်လာပြီဖြစ်သလို ဤနေရာကို သူပင်ဘုရင်တစ်ပါလို မင်းမူနေသူဖြစ်သည် ဒါကြောင့် ကပ္ပိယကြီးကို မကြောက်မရွံ့ပင် စိန်ခေါ်လိုက်ပြီး ကပ္ပိယကြီးကလည်း
“ကောင်းပြီ ဒါဆို မင်းအောက်ကသရဲတွေကို အော်နိုင်သေးလား ‌အော်ခိုင်းကြည့်စမ်းကွာ”
ကပ္ပိယကြီး ထိုသို့ပြောလိုက်တော့ သရဲကြီးက ကုန်းပေါ်မှ တစ္ဆေသရဲများကို လှည့်ကြည့်လိုက်သည် ထိုအခါ တစ္ဆေသရဲများကလည်း သူတို့ကိုအော်ခိုင်းလိုက်မှန်းသိ၍ ကြောက်မက်ဖွယ်အသံကြီးများကိုပြုရန် မိုးပေါ်သို့မော့၍ ပါးစပ်ကြီးများကိုဟပြီး အော်လိုက်ကြသည် သို့သော် သူတို့ပါးစပ်မှ အသံထွက်မလာပဲ ဒီအတိုင်းသာ တိတ်စိတ်နေတာကိုသိတော့ သူတို့လည်း သူတို့ခေါင်းဆောင်သရဲကြီးကို လှည့်ကြည့်လိုက်သည် ထိုအခါ သရဲကြီးက သရဲတစ္ဆေများကို ကပ္ပိယကြီးအသံမထွက်အောင် လုပ်ထားမှန်းသိလိုက်ပြီး ဒေါသဖြစ်သွားသလို ကြောက်စိတ်လည်း ဝင်လာသည် ဒါပေမဲ့ သူအလျှာ့မပေးသေးပဲ ကပ္ပိယကြီးကို သေခြာကြည့်ကာ သူတို့နောက်ကို လက်ညှိုးထိုးပြလိုက်သည်။
(၃)
ထိုအခါ သူတို့နောက်တွင် ဘယ်အချိန်ကရောက်နေမှန်းမသိသော ကျွဲတစ်ကောင်နှင့်လူတစ်ယောက်ကို‌ေတွ့လိုက်ရပြီး သူတို့လည်း ထိုကျွဲနှင့်လူသည် ဝင်းမြိုင်ကြီးနှင့်သူကျွဲတစ္ဆေဖြစ်မှန်း သိလိုက်သည် သရဲဝင်းမြိုင်ကြီးသည် သူ့ကျွဲ၏ချိုပေါ်တွင် ဝမ်းလျှားမှောက်ကြီးဖြစ်နေပြီး ထိုဝမ်းလျှားမှောက်ကြီးဖြစ်နေရာမှ သူတို့ကိုလှမ်းကြည့်လိုက်ပြီး တဝါးဝါးဖြင့်အော်ရယ်နေသည် သူ၏ဆံပင်များသည်လည်း အောက်သို့တွဲကြနေပြီး မြင်ရသည်မှာ အတော်ပင် ကြောက်စရာကောင်းလှသည် သရဲဝင်းမြိုင်ကြီး၏ တဟားဟား အော်ရယ်သံကြီးကိုကြားတော့ ကိုထွေးတစ်ယောက် ကြောက်လန့်တကြားဖြစ်သွားပြီး
“အဲ့ဒါ ကိုဝင်းမြိုင်ကြီးပဲဗျာ့ ကျုပ်တို့နောက်ကို လိုက်တုန်းကလည်း ဒီလိုအသံမျိုးကြီးနဲ့‌ အော်ရယ်ပြီးလိုက်လာတာပဲ”
ကိုထွေးလည်း သူတို့အလောင်းစောင့်သည့်ညတုန်းက ဇရပ်ပေါ်မှ ထွက်‌ေပြးလာရင်း နောက်မှကြားလိုက်ရသည့်အသံကြီးကို ပြန်အမှတ်ရပြီးပြောလိုက်သည် ထိုအခါ ကပ္ပိယကြီး
“ဟုတ်လားကွ ဒါဆိုမင်းတို့နောက်လိုက်လာတာလဲ ဒီကျွဲတစ္ဆေပဲနေမှာပေါ့”
“ဟုတ်တာပေါ့ဗျာ သူ့ဆီမှာ မျက်လုံးတစ်ဖက်ပဲပါတာကို”
ကိုထွေးလည်း မျက်လုံးတစ်ဖက်ထဲဖြင့် သူတို့ကို စူးစူးကြီးကြည့်နေသော ကျွဲတစ္ဆေကြီးအား ကြည့်၍ပြောလိုက်သည် သူ့စိတ်ထဲမှာလည်း ထိုကျွဲတစ္ဆေကြီးသူတို့ကို ထပ်လိုက်နေမှာ စိုးရိမ်မိနေသည် ဒါပေမဲ့ ကပ္ပိယကြီးတို့ပါနေ၍ ထိုသို့မဖြစ်နိုင်ဘူးဆိုတာကိုတော့သိနေသည် ဒါကြောင့်လည်း သူကြောက်လန့်နေပေမဲ့ အိန္ဒြေမပျက်နေနိုင်နေခြင်းဖြစ်ပြီး ကပ္ပိယကြီးက
“ကဲဒါဆိုလည်း ကိုထွေးမင်းကျွဲရုပ်လုပ်တတ်လားကွ”
ကပ္ပိယကြီး မဆီမဆိုင်မေးလိုက်တော့ ကို‌ေထွးက
“ဘယ်လို ကျွဲရုပ်တုန်းဗျာ့”
“ဒီလိုလေကွာ ဒီထဲကရွှံ့မြေနဲ့ မင်းတို့ငယ်ငယ်တုန်းက ကစားတဲ့ ကျွဲရုပ်လုပ်တတ်လားလို့မေးတာ”
“ဟာ ဒါတော့ လုပ်တတ်တာပေါ့ဗျာ အဲ့ဒီလို ကျွဲရုပ်မျိုးဆိုလို့ကတော့ မောင်ထွေးတို့ကကျွမ်းပြီးသားပဲ ဘယ်နှရုပ်လုပ်ပေရမတုန်း”
ကိုထွေးလည်း သူကျွမ်းကျင်သော အလုပ်ဖြစ်၍ ခပ်သွက်သွက်ပင် ပြန်ဖြေလိုက်ပြီး ကပ္ပိယကြီးက
“တော်ပါပြီကွာ တစ်ရုပ်ဆို”
“ကဲဒါဆိုလည်း ကျုပ်လုပ်လိုက်မယ်ဗျာ”
ကိုထွေးလည်း သူလိုက်လာသည်မှာ အလဟဿမဖြစ်ပဲ တစ်ခုခုကိုကူညီနိုင်ပြီဖြစ်၍ ဝမ်းသာသွားပြီး လယ်ထဲမှ ရွှံ့များကိုခွါကာ ကျွဲရုပ်လုပ်နေလိုက်သည် ကပ္ပိယကြီးလည်း ကိုထွေးကျွဲရုပ်လုပ်နေသည့်အချိန် သရဲဝင်းမြိုင်ကြီးကိုကြည့်၍
“ဟေ့ကောင် ဝင်းမြိုင်ကြီး မင်းကဘာဖြစ်လို့ ကိုယ့်ရွာသူရွာသားတွေကို ပြန်ပြီးနှောက်ယှက်နေရတာတုန်းကွ”
ကပ္ပိယကြီး မေလိုက်တော့ ဝင်းမြိုင်ကြီးက
“ဘာကိုယ့်ရွာတုန်း အဲ့ဒါငါ့ရွာမဟုတ်တော့ဘူး အခုငါ့ရွာက ဒီနေရာဖြစ်သွားပြီး မင်းတို့ငါ့ရွာကိုဘာလာလုပ်တာတုန်း”
သရဲဝင်းမြိုင်ကြီးလည်း ထို့သို့မေးလိုက်သံနဲ့အတူ ကျွဲချိုပေါ်မှ ရုတ်တရက်‌ေပျာက်သွားပြီး သူ့၏ကျွဲတစ္ဆေကြီးဘေးတွင် ရပ်လျှက်ပြန်ပေါ်လာသည် ထိုအခါ ကပ္ပိယကြီးက
“မင်းရွာမဟုတ်တော့ဘူးဆိုပေမဲ့ မင်းအဲ့ဒီရွာကလူတွေကိုတော့ ထိတ်လန့်အောင် မလုပ်သင့်ဘူးကွ”
ကပ္ပိယကြီးလည်း သရဲဝင်းမြိုင်ကြီးကို လူတစ်ယောက်လိုပင် စိတ်ထဲထား၍ ပြောဆိုလိုက်သည် ဒါပေမဲ့ သရဲဝင်းမြိုင်ကြီးကတော့ မသေခင်တည်းက သရဲဘွဲ့ရထားသူ ပီပီ သေသွာတော့လည်း သရဲဆိုးကြီးဖြစ်ကာ
“ငါ့ကို ဘာမှလာပြောမနေနဲ့ မင်းတို့ငါ့နေရာက ထွက်သွားမလား ငါနှင်ထုတ်ရမလား”
သရဲဝင်းမြိုင်ကြီးလည်း သူတို့ကို ဂရုမစိုက်သည့်ပုံစံဖြင့် ပြောလိုက်ပြီး သူ့ကျွဲ၏ကျောပေါ်ကို လက်တစ်ဖက်တင်ထားလိုက်သည် ထိုအချိန် ကပ္ပိယကြီးက သရဲဝင်းမြိုင်ကြီး၏ ပုံကိုကြည့်၍ တစ်ခုခုလုပ်တော့မည်ဆိုတာသိပြီး
“ကိုထွေးမင်းကျွဲရုပ် မပြီးသေးဘူးလားကွ”
ကပ္ပိယကြီး မေးလိုက်တော့ ကိုထွေးလည်း ကျွဲရုပ်လုပ်နေရာမှ
“ပြီးပါပြီဗျာ့ ရော့ဒီမှာ”
ကိုထွေးလည်း ပြောပြောဆိုဆို သူလက်ထဲမှ ကျွဲရုပ်လေးကို ကပ္ပိယကြီးကို ပေးလိုက်သည် ကပ္ပိယကြီးလည်း ကိုထွေးပေးလိုက်သော ကျွဲရုပ်လေးကို ကြည့်ပြီး
“တယ်လက်ရာမြောက်တဲ့ ကောင်ပဲကွ ကျွဲရုပ်လုပ်ထားတာများ တကယ်ကျွဲအစစ်ကြနေတာပဲ”
ကပ္ပိယကြီးလည်း လရောင်အောက်တွင် မြင်နေရသော သူ့လက်ပေါ်မှ ကျွဲရုပ်ကလေးကို ကြည့်၍ပြောလိုက်ပြီး ကိုထွေးလည်း သူလုပ်သည့်ကျွဲရုပ်ကို ကပ္ပိယကြီးသဘောကြ၍ ပြုံးနေလိုက်သည် ကိုမြင့်ဆောင်လည်း သူလို့ပင် အသက်ဝင်လှသော ကျွဲရုပ်လေးကို ကြည့်ကာ ပြုံးနေလိုက်သည်။
(၄)
သူတို့သုံးယောက် ကျွဲရုပ်လေးကို ကြည့်နေစဉ်မှာပဲ သရဲဝင်းမြိုင်ကြီးကလည်း
“မင်းတို့ငါပြောတဲ့အတိုင်း ဒီနေရာကထွက်သွားမလား ငါနှင်ထုတ်ရမလား”
သရဲဝင်းမြိုင်ကြီး ထိုသို့မေးလိုက်တော့ ကပ္ပိယကြီးက
“ဝင်းမြိုင်ကြီး မင်းငါပြောတဲ့အတိုင်း ရွာသူရွာသားတွေကို ဆက်မနှောက်ယှက်ပဲနေမလား ဒီနေရာကထွက်သွားမလား”
ကပ္ပိယကြီးလည်း သရဲဝင်းမြိုင်ကြီးမေးသလိုပင် ပြန်မေးလိုက်တော့ သရဲဝင်းမြိုင်ကြီးက
“ဒါဆိုလည်း ဘယ်သူဒီနားကထွက်သွားရမတုန်း ကြည့်ကြသေးတာပေါ့ကွာ”
သရဲဝင်းမြိုင်ကြီးလည်း ပြောပြောဆိုဆို ကျွဲတ‌‌ေစ္ဆ၏ကျောကို သူ့လက်ဝါးဖြင့် ပုတ်လိုက်သည် ထိုအခါ သခင့်အလိုကို သိနေသော ကျွဲတစ္ဆေလည်း နှာတရှူးရှူးမှုတ်ခေါင်းတရမ်းရမ်းလုပ်ပြီး ကပ္ပိယကြီးတို့ထံကို ပြေးလာသည် သရဲဝင်းမြိုင်ကြီး ထိုသို့ကျွဲဖြင့်တိုက်မည်ဆိုတာကို ကြိုတင်သိထားသော ကပ္ပိယကြီးလည်း သူ့လက်ထဲမှ ကျွဲရုပ်လေးကို အင်းစာရွက်တစ်ရွက်ကပ်လိုက်ပြီး မြေကြီးပေါ်ကိုချကာ
“ကဲ မောင်ဝါ တို့ဆီလာနေတဲ့အကောင်ကို သွားခပ်စမ်းကွာ”
ကပ္ပိယကြီး ထိုသို့ပြောလိုက်တော့ အဝါရောင်မကြတကြမြေစေးဖြင့် လုပ်ထားသော ကျွဲရုပ်ကလေးလဲ ရုတ်ချည်းပင် ဝါတကျန့်ကျန့် အရောင်ရှိသော ကျွဲပေါက်ကြီးတစ်ကောင်အဖြစ်သို့ပြောင်းသွားပြီး သူတို့ဆီပြေးလာနေသော သရဲဝင်းမြိုင်ကြီး၏ ကျွဲတစ္ဆေကြီးကို ပြေး၍ခတ်တော့သည်
ထိုသို့ သူလုပ်ထားသော ကျွဲရုပ်ကလေးမှ ကျွဲပေါက်ကြီးတစ်ကောင်ဖြစ်သွားတာမြင်တော့ ကိုထွေးလည်း ပါးစပ်အဟောင်းသားဖြစ်နေပြီး ထိုကျွဲပေါက်ကြီး သူတို့ဆီလာနေသော တစ္ဆေကျွဲကြီးအားပြေးခတ်တာမြင်တော့ ပို၍ပင်အံ့ဩနေပြီး ကြက်သေသေ၍ပင် ကြည့်နေမိသည် ကပ္ပိယကြီးနဲ့ကိုမြင့်ဆောင်လည်း ထိုကျွဲကြီးနှစ်ကောင် ခတ်နေတာကိုကြည့်ပြီး
“ကပ္ပိယကြီး ဒီကျွဲနှစ်ကောင် အရှံးအနိုင်ပေါ်ကိုမူတည်ပြီး ဝင်းမြိုင်ကြီးနဲ့ စကားပြောကြည့်ရမယ်ဗျာ့ တကယ်လို့ သူ့ကျွဲရှုံးသွားရင် ရွာကိုဆက်မနှောက်ယှက်တော့ပါဘူးဆိုတဲ့ ဂတိကိုတောင်းရမယ်”
ကိုမြင့်ဆောင် ထိုသို့ပြောလိုက်တော့ ကပ္ပိယကြီးက
“အေး ဒီအကြံမဆိုဘူးကွ ဒါဆို တခါတည်း အလုပ်နှစ်ခုပြတ်တယ် ဒီလိုမှမဟုတ်ရင် ကျွဲတစ္ဆေကိုတလှည့် ဝင်းမြိုင်ကြီးကိုတလှည့် နှိမ်နှင်းနေရဦးမှာ”
ကပ္ပိယကြီးလည်း ကိုမြင့်ဆောင်ကို ထိုသို့ပြန်ပြောလိုက်ပြီး သရဲဝင်းမြိုင်ကြီးကို ကြည့်ကာ
“ဟေ့ ဝင်းမြိုင်ကြီး မင်းကျွဲနဲ့ငါ့ကျွဲခတ်တာကို ဒီအတိုင်းကြီးကြည့်နေလိုတော့ ဘာမှမထူးဘူကွ ငါ့တို့အလောင်းအစားတစ်ခုလုပ်ရအောင်”
ကပ္ပိယကြီး ထိုသို့ပြောလိုက်တော့ဝင်းမြိုင်ကြီးက
“ဘာအလောင်းအစာလုပ်မှာတုန်း ငါ့ကျွဲကမင်းကျွဲကို အသေခတ်သတ်မှာပဲ ဘာအလောင်းအစားမှ လုပ်စရာမလိုဘူး”
“အေး မင်းကျွဲနိုင်မယ်ဆိုရင်လည်း နိုင်ပါစေကွာ ဒါပေမဲ့ မင်းကျွဲနိုင်ရင် ငါ့တို့ဒီနေရာက ထွက်သွားမယ်ကွာ တကယ်လို့ ငါတို့ကျွဲကနိုင်ခဲ့ရင်းရော မင်းရွာသူရွာသားတွေကို ဆက်မနှောက်ပဲနေမှာလား”
ကပ္ပိယကြီး ထိုသို့ဆက်မေးလိုက်တော့ အလောင်းအစား မလုပ်လိုသော သရဲဝင်းမြိုင်ကြီးလည်း
“အေး ဒါဆိုရင်တော့ မင်းတို့စကားအတိုင်းပဲ ဒီနေရာကထွက်သွားပေတော့ မကြာခင်မင်းတို့ကျွဲသေတော့မယ်”
ဝင်းမြိုင်ကြီးလည်း သူ့ကျွဲသည် တစ္ဆေသရဲတစ်ကောင်ဆိုတာသိ၍ ဘယ်လိုမှ မရှုံးနိုင်ဘူးထင်၍ ပြောလိုက်ပြီး ကပ္ပိယကြီးကလည်း
“အေး ဒါဆိုလည်း မင်းကျွဲနိုင်ရင် ငါ့တို့ချက်ခြင်းထွက်သွားမယ်ကွာ ငါတို့ကျွဲနိုင်ရင်ရော မင်းငါတို့ပြောသလို ရွာကို ဆက်မနှောက်ယှက်ပဲနေမှာလား”
ကပ္ပိယကြီးလည်း ဝင်းမြိုင်ကြီးကို အလောင်းအစား မလုပ်လုပ်‌ေအာင်ဆွဲ‌ေခါ်‌ေတာ့ သူ့ကျွဲကို အပိုင်တွက်ထားသည့် ဝင်းမြိုင်ကြီးလည်း
“အေး မင်းတို့ပြောတဲ့အတိုင်း ငါလုပ်မယ် ဒါပေမဲ့ ငါ့ကျွဲနိုင်လို့မှ မင်းတို့ဒီနေရာက ထွက်မသွားရင်တော့ ငါ့အကြောင်း ကောင်းကောင်းသိမယ်”
ဝင်းမြိုင်ကြီးလည်း ထိုစကားကို အံကြိတ်၍ပြောလိုက်ပြီး သူတို့အားလုံး ကျွဲနှစ်ကောင်ခတ်ကိုကြည့်နေသည် ထိုအချိန် ကိုထွေးက
“ကပ္ပိယကြီး ကျုပ်တို့ကျွဲက ရွှံ့ရုပ်ကျွဲကြီးဗျာ့ သူ့တစ္ဆေကျွဲကြီးကို နိုင်ပါ့မလား”
ကိုထွေး စိုးရိမ်တကြီးမေးလိုက်တော့ ကပ္ပိယကြီးက
“တစ္ဆေကျွဲကြီးမို့နိုင်မှာပေါ့ကွ ကျန်တဲ့ကျွဲတွေဆို နိုင်မှာမဟုတ်ဘူး”
ကပ္ပိယကြီးလည်း တစ္ဆေသရဲများကို နိုင်သောအင်းဖြင့် ပြုလုပ်ထားသည့် ကျွဲမို့ နိုင်မည်ဆိုတာသိ၍ပြောလိုက်တော့ ကိုထွေးက
“ကျုပ်က ရွှံ့တွေလို ဖွာထွက်သွားမှာဆိုးလို့ပြောတာဗျာ့”
“ဖွာမထွက်ပါဘူးကွာ မင်းမယုံရင်ကြည့်နေ သိပ်မကြာခင် သရဲဝင်းမြိုင်ကျွဲကြီး ထွက်ပြေးတော့မှာကွ”
ကိုထွေးလည်း ကပ္ပိယကြီးပြောလို့သာ ကြည့်နေရပြီး သူစိတ်ထဲမှာတော့ သူလုပ်ထားသောရွှံ့ရုပ်ကျွဲမှဖြစ်လာသော ကျွဲကြီးအား တစ်စစီဖြစ်သွားမည်ဟုထင်နေသည် ဒါပေမဲ့ သူထင်နေသလို ဖြစ်မလာပဲ သူ့ရွှံ့ရုပ်ကျွဲကြီးကသာ တထိုင်းထိုင်းနဲ့ခတ်နေပြီး ဟိုဘက်ကတစ္ဆေကျွဲကြီးကတော့ တစ္ဆေကွဲကြီးကို ထိအောင်မခတ်နိုင်ပဲဖြစ်နေသည် ထိုသို့ဖြစ်ရသည်မှာလည်း သူလုပ်ထားသော ကျွဲရုပ်သည် ချိုဝိုက်ချိုကားရုပ်ဖြစ်နေပြီး သူလည်း ထိုကျွဲရုပ်အား ကျွဲခတ်ကောင်းလှသော ရွာထဲမှကျွဲတစ်ကောင်၏ပုံကို မျက်စိဖြင့်မြင်၍ လုပ်ထားခြင်းဖြစ်သည် ယခုထိုကျွဲသည် တဘက်မှတစ္ဆေကျွဲကို အနားမကပ်နိုင်အောင် ချိုဖြင့်ရမ်းကာနေပြီး တစ္ဆေကျွဲသည် ရှေ့သို့မတိုးနိုင်ပဲဖြစ်နေသည်။
ထိုသို့ဖြင့် အချိန်ကြာလာတာနှင့်အမျှ တစ္ဆေကျွဲလည်း အရုပ်ကျွဲသို့မဟုတ် အင်းဖြင့်စီမံထားသော မှော်ဝင်ကျွဲကြီးခတ်တာကို မခံနိုင်တော့ပဲ ထွက်းပြေးတော့သည်။
ထိုအခါမှ ကပ္ပိယကြီးက
“ကဲဝင်းမြိုင်ရေ့ မင်းကျွဲတော့ ထွက်ပြေးပြီကွ မင်းကတိစကားအတိုင်း မင်းနေမယ်မဟုတ်လား”
ကပ္ပိယကြီးလည်း သရဲဝင်းမြိုင်ကြီးကို သတိပေးစကားလှပြောလိုက်တော့ ဝင်းမြိုင်ကြီးက ဘာမှပြန်မပြောသေးပဲ သူတို့ကိုသာ ရပ်ကြည့်နေသည် ထို့နောက် အတန်ကြာတော့မှ
“ငါဂတိအတိုင်း မင်းတို့ရွာကို ဆက်မနှောက်ယှက်တော့ဘူး ဒါပေမဲ့ ငါနေတဲ့နေရာကိုလည်း မင်းတို့ရွာသားတွေ ရောက်မလာစေနဲ့”
သရဲဝင်းမြိုင်ကြီးလည်း သရဲတစ္ဆေဘဝရောက်တာ သိပ်မကြာသေးပေမဲ့ ရွာကိုတော့ လုံးလုံး သံယောဇဉ်မရှိတော့ ဒါဟာလည်း သူ၏လူဘဝတည်းက အကြင့်စရိုက်ကြောင့်ပင်ဖြစ်နိုင်ပြီး ယခုလည်း သူနေသည့် သူ့လယ်လျှိုထဲသို့ ရွာသားများမလာရန် သတိပေးလိုက်ချင်းဖြစ်သည် ကပ္ပိယကြီးလည်း ဤလယ်မြေသည် သူပိုင်သောလယ်မြေဖြစ်၍ ဘာမှဆက်ပြောမနေတော့ပဲ သရဲဝင်းမြိုင်ကြီးဆီမှ ရွာကိုမနှောက်ယှင်တော့ဘူးဆိုသော ဂတိစကားကိုရပြီဖြစ်၍ ထိုနေရာမှ ပြန်ထွက်လာခဲ့သည် သူတို့ပြန်လာသည်နှင့် တပြိုင်တည်း ‌စော‌စောကတစ္ဆေကျွဲနှင့်ခတ်ခဲ့သော မှော်ဝင်ကျွဲကြီလည်း ပျောက်သွားပြီဖြစ်သည်။
သူတို့ရွာပြန်တာကိုမြင်တော့ စောစောကသူတို့နှင့် စကားပြေဆိုခဲ့သော သက်ပျောက်ကုန်းမှသရဲကြီးက
“ခင်ဗျားတို့ မပြန်ခင် ကျုပ်ကုန်းပေါ်က တစ္ဆေတွေကိုလည်း အသံထွက်အောင် လုပ်ပေးခဲ့ပါဦး”
သက်ပျောက်ကုန်းမှ သရဲကြီးလည်း ထိုစကားကို တောင်းပန်ရိုကျိုးသည့် လေသံဖြင့်ပြောလိုက်ပြီး သူလည်းကပ္ပိယကြီးတို့ကို ယှဉ်၍မရမှန်းသိသွားပြီဖြစ်သည် ထိုအခါ ကပ္ပိယကြီးက
“ကဲ ခင်ဗျားတို့လည်း ဒီကုန်းပေါ်ကနေပြီး လူတွေထိတ်လန့်ကြောက်ရွံ့အောင် ခြောက်လှန့်တာမျိုးတွေ အသံဗလံပေးတာတွေ မလုပ်တော့နဲ့ အဲ့ဒီလိုမလုပ်တော့ရင် ဒီကုန်းပေါ်မှာရှိတဲ့သူတွေရဲ ပါးစပ်တွေပြန်ပွင့်လာလိမ့်မယ်”
ကပ္ပိယကြီးလည်း ထိုမျှသာပြောပြီး ထိုနေရာမှ ထွက်ခဲ့တော့သည်။
(၅)
ကပ္ပိယကြီးတို့ ရွာပြန်ရောက်တော့ ရွာသားအချို့က ရွာစည်းရိုးမှနေပြီး သူတို့သွားသည့်ခဲ့နေရာကို လှမ်းကြည့်နေကြောင်းသိလိုက်ရသည် ထိုအထဲမှ ဦးသန်းအောင်က
“ကပ္ပိယကြီးတို့ ဘာတွေလုပ်ခဲ့ကြတာတုန်းဗျာ့ ဒီကနေပြီးကျွဲခြင်းခတ်သံတွေကိုတော့ တထိုင်းထိုင်းကြားနေရတာပဲ”
သူတို့လည်း လူတွေကိုသာ မမြင်ရတာ ကျွဲခြင်းခတ်သံတွေကိုတော့ တထိုင်းထိုင်း ကြားနေရ၍ ထိုဘက်ကို လှမ်းကြည့်နေကြခြင်းဖြစ်ပြီး ကပ္ပိယကြီးတို့ ရွာပြန်ရောက် တော့ ထိုအကြောင်းကို သိခြင်၍မေးကြည့်ကြခြင်းဖြစ်သည် ဒါပေမဲ့ ကပ္ပိယကြီးတို့ကတော့ ဘာမှပြန်မပြောပဲ ကိုထွေးကတော့ သူမြင်ခဲ့တွေ့ခဲ့တာတွေကို တစ်လုံးတစ်ခဲကြီး ပြန်ပြောနေတော့သည် သူထို့သို့ပြောလိုက်တော့ ရွာသားမျာကလည်း အံ့ဩနေကြပြီး
“တောက် ငါဒီလိုပွဲကို ကြည့်ခြင်တာကွ မင်းတို့ဘယ်အချိန်က ထွက်သွားမှန်းမသိလို့ပေါ့ကွာ နို့ဟုတ်ရင် လိုက်ခဲ့ပါတယ်”
ထိုစကားကိုတော့ ကိုညိုကပြောလိုက်ခြင်းဖြစ်ပြီး သူထိုစကားကိုပြောလိုက်တော့ မောင်ဦးက
“အခုမှမိုးလားကဲလားပြောမနေပါနဲ့ဗျာ ညနေတည်းက ကိုထွေးလာပြီး သူနဲ့အတူ ကပ္ပိယကြီးတို့‌နောက်လိုက်ကြည့်ရအောင်ခေါ်တော့ ခင်ဗျားလိုက်မယ်‌ပြောလို့လား”
လူကြားထဲလာပြီး လေလုံထွာနေသော ကိုညိုကို မောင်ဦးကနှိပ်ကွတ်လိုက်တော့
“အဲ့ဒါကတော့ကွာ ငါကအခုလို အစဉ်ပြေမယ် မထင်လို့ပေါ့ကွ အခုလိုမှန်းသိရင် လိုက်သွားတာပေါ့”
ကိုညိုလည်း အစဉ်ပြေအောင်ကြည့်ပြောလိုက်ပြီး မောင်ဦးက
“တော်ပါဗျာ ကြောက်ရင်ကြောက်တယ်ပေါ့ ဘာမှဆင်ခြေပေးစရာမလိုပါဘူး”
“ဟုတ်ပါတယ်ကွာ ဟုတ်ပါတယ် ငါကြောက်လို့လိုက်မသွားတာပါ”
ကိုညိုလည်း ထိုသို့ပြုံးစိစိဖြင့်ပြောလိုက်ပြီး သူတို့စိတ်ထဲ၌ သက်ပျောက်ကုန်းဘက်နေ၍ အသံဗလံများမကြားရတော့ဘူဆိုတာသိ၍ ဝမ်းသာနေကြသည် ဒါကြောင့် တစ်ဦးနဲ့တစ်ဦး စနောက်နေကြပြီး ကပ္ပိယကြီးတို့နောက် လိုက်သွားကြတော့သည်။
ကပ္ပိယကြီးနဲ့ကိုမြင့်‌ေဆာင်လည်း ဦးသန်းအောင် အိမ်သို့ရောက်‌တော့ သူတို့နှင့်လိုက်လာသော ရွာသားများအား သရဲဝင်းမြိုင်ကြီး၏ လယ်လျှိုထဲသို့မသွာကြရန် ပြောလိုက်ပြီး ထိုလယ်လျှိုထဲ၌ သရဲဝင်းမြိုင်ကြီး နေသည့်အကြောင်းကိုပါပြောလိုက်သည်။
ရွာသားများလည်း သူတို့ရှောင်ရမည့်နေရာကို သိသွားကြသလို ထိုကဲ့သို့ ပြောပြသော ကပ္ပိယကြီးကိုလည်း ကျေးဇူးတင်နေကြသည် ထိုသို့ဖြင့် အတော်အတန် ညည့်နက်တော့မှ ရွာသားများလည်း ပြန်သွားကြပြီး သူတို့နှစ်ယောက်လည်း ဦးသန်းအောင်အိမ်မှာပင် အိပ်ဆက်လိုက်ကြသည် ထိုညတွင်တော့ သက်ပျောက်ကုန်းဘက်မှနေ၍ ဘာသံမျှ မကြားရတော့ပဲ နောက်နေ့မ‌နက်ရောက်တော့ သူတို့လည်း ဦးသန်းအောင် လှည်းဖြင့် ရွာကိုပြန်ခဲ့ကြတော့သည်။
စာစဉ်(၄၇)အား မကြာမီ တင်ဆက်ပါမည်။
အားလုံးကို လေးစားစွာဖြင့် – မျိုးမာန်
စိတ်ဝင်စားစရာ ဇတ်လမ်းကောင်းလေးများအား အမြဲ တင်ဆက်ပေးနေမှာမို့ ကျွန်တော်ရဲ့ Page လေးအား Like & Follow လေး လုပ်ပေးထားကြပါဦး ခင်ဗျ။