အငြိုးကြီးသောရွာသူ(သို့)ဂလဲစား(စ/ဆုံး)
—————————————–
ကျွန်းချောင်းရွာ လေးကား စိတ်ခြောက်ခြားစရာကောင်းနေသည် ရွာသူရွာသားများလဲ ညနေရောက်သည်နှင့်အပြင်သို့ပင်မထွက်ကြပေ အပြင်ထွက်တဲ့သူမျာမှာလဲ အသက်ရှင်သူဟူ၍မရှိသေး သေသူကသာများနေသည် ရွာ၌လဲလူဟူ၌သိပ်မရှိသလောက်ပင်ဖြစ်နေည် အရင်က တအိမ်လျှင်သုံးယောက်မကရှိသော်လည်း ယခုမှု တအိမ်လျှင်တယောက်တောင်မရှိတော့ပေ။
သူကြီးအိမ်ကားလူအများစည်ကားနေသည် အဘယ်ကြောင့်ဆိုသော် စည်းဝေးနေကြလို့ဖြစ်တယ် ရွာသူရွာသားများလဲကြောက်လှန်နေကြလေသည် ထိုအချိန် ရွာပြင်မှ ခွေးတကောင်၏ဆွဲဆွဲငင်ငင်အော်သံသည် ရွာသူရွာသားများကို ကြောက်အောင် ခြောက်နေသလို့ဖြစ်နေသည်။
“အူ” “အူဝူ” “အူဝူ”
“သူကြီးကြားလားဗျ လာနေပြီထင်တယ်ဗျ”
“အေးကွာ ဒီနေ့ ဘယ်သူကို သက်မလဲမသိဘူး သတိထားနေကြကွာ”
ရွာထဲမှ ခွေးများရဲ့ဟောင်သံ နွားများကြောက်လှန်တကြားအော်နေတာကို ရွာသားများ ကြားနေရတယ် ဘယ်သူအလည့်ဖြစ်မလဲလို့ ကြောက်စိတ်နဲ့ နေနေရတဲ့ ရွာသားများကို ကြည့်ကာ သူကြီးဖြစ်သူ ဦးဗလ စိတ်ညစ်နေသည် ထိုအချိန် ရွာလည်မှ လူအော်သံတစ်ခု ကို အားလုံးကြားလိုက်လေသည်။
“အမလေး ကယ်ကြပါဦးဗျာ ကျုပ်ကို မသက်ပါနဲ့ “အားး”အားး”
သူကြီးနဲ့ရွာသားများ လဲ ဒီလောက်အော်သံကြားမှတော့ အဲ့လူသေပြီဆိုတာ အားလုံးသိနေကြတယ် အရင်တုန်းကလဲ ဒီတိုင်းအော်ရင် မည်သူမှ အသက်မရှင်ဘူး။
“သူကြီး ကြားလားဗျ ရွာလည်က လူတယောက် အော်သံဗျ ကျုပ်တို့ရွာသားထဲက တယောက်တော့ သေပြန်ပြီဗျာ”
“အေးကွာ ငါလဲမှာထားတာဘဲ ညရောက်ရင် အပြင်မထွက်ကြနဲ့လို့ ဘယ်သူထွက်ရတာလဲကွာ”
“မသိဘူးဗျာ ဘယ်သူဖြစ်မလဲ သွားကြည့်ရအောင်ဗျာ”
“အေး မင်းတို့အကုန်လုံးလိုက်ခဲ့ကြ ”
သူကြီးနဲ့အတူ ရွာမှကာလသားများ သွားကြည့်ကြတယ် မီးတုတ်ကိုယ်ဆီနဲ့ ရွာလည်လမ်းအတိုင်း လာကြလေသည် ဟိုကြည့်သညကြည့်နဲ့ လာခဲ့တာ သာလှတို့ အိမ်ရှေ့ရောက်တော့ အိမ်ရှိလူများငိုနေကြတယ် မတင်မေနဲ့ သူသားသမီးတွေ မျက်ရည်မဆည်နိုင်အောင်ဖြစ်ကြတယ်။
“သူကြီး သာလှတော့ သေပြီဗျာ မနက်အသုဘ ချရတော့မှာပေါ့”
“အေးကွာ ဘယ်လိုဖြစ်ရတာလဲ တင်မေ ငါ့ဟြေပါဦး”
“ဒီလိုပါ သူကြီးရယ် ကိုသာလှက အိမ်သာတက်ချင်တာနဲ့ အိမ်သာသွားတာ ကိုသာလှအော်သံကြားလို့လာကြည့်တော့ ကိုသာလှအသက်မရှိတော့ဘူး “အီးဟီး” ဟီးအီး”
“မငိုပါနဲ့ဟာ ငါသာလှအတွက်စိတ်မကောင်းဘူး အသုဘကိုလဲ ငါတာ၀န်ယူပေးမယ်ဟာ”
သူကြီးနဲ့ ရွာသူရွာသားများ ပြန်လာကြတယ် သူကြီးလဲ စိတ်ညစ်နေတယ် ဘယ်လိုလုပ်ရမလဲ စဉ်းစားမရ နောက်နေ့ဘယ်သူဖြစ်လာမလဲ တယောက်ရှင်ရင်တောင် လက်မလျှော့ဘဲ လက်စားချေ မယ်လို့ဟြေသံကလဲ နားထဲကမထွက်ဘူးဖြစ်နေတယ်။
လွန်ခဲ့တဲ့ လေးနှစ်လောက်က ကျွန်းချောင်းရွာလေးက ခုလိုမဟုတ် အေးချမ်းသာယာကာ စီးပွားရေး လူမူရေး များနဲ့ အစစအရာရာအဆင်ပြေကြတယ်။
ဒေါ်ဖွားစိန်သည် ကျွန်းချောင်းရွာသူ ရွာသားများထဲမှ ပညာသည်အဖြစ်ရပ်တည်နေသည် ရွာတည်ကတဲက ဒေါ်ဖွားစိန်တို့မျိုးရိုးသည် အပါအ၀င်ဖြစ်ခဲ့တယ် ရွာတည်ရင် ရွာသူများသည် မပါမဖြစ်ပါရလေသည်။
မြေဆီလွှာကိုသိသော ရွာသူ၊ မိုးလေ၀သကိုသိသောရွာသူ၊ ရွာကိုဘေးမရောက်အောင် စောင့်ရှောက်သော ရွာသူ၊ ရွာကို ဦးဆောင်တည်သောရွာသူ၊ မြေအနေအထားနဲ့ စိုက်ပျိုးရေးကို သိသောရွာသူ ၊ လမ်းပမ်းဆက်သွယ်ရေးသိသောရွာသူ၊ ရန်သူမျိုးငါးပါးမှကာကွယ်ပေးသော ရွာသူ ဒီရွာသူများဟာ ရွာတည်ရာတွင် မပါမဖြစ်ပါ၀င်ရသော ရွာသူများဖြစ်ကြတယ် သူတို့မရှိဘဲရွာတည်လို့မရဘူး။
ဒေါ်ဖွားစိန်မျိုးရိုးက ရွာကိုဦးဆောင်တည်သော ရွာသူမျိုးရိုးဖြစ်သည် ဒေါ်ဖွားစိန်ကို ရွာသူမှန်း ရွာသားများမသိပေ ဒေါ်ဖွားစိန်ကလဲ ဘုရားသွားကျောင်းတက် အလှူအတန်းများလုပ်တဲ့အတွက် ဘယ်သူမှ ရွာသူလို့မထင်ကြသလို ဒေါ်ဖွားစိန်လဲ ချစ်ခင်လေးစားကြတယ်။
မလိုမုန်းထား သူကြီးနေရာ ယူချင်သူက ဦးဗလ ဒေါ်ဖွားစိန်က ဦးဗလအားသူကြီးမတင်သည့်အတွက် ဦးဗလ ကဒေါ်ဖွားစိန်တို့အား မုန်းနေသည် သိုသော်လည်း သူဘာမှမတက်နိုင် ဒေါ်ဖွားစိန်ကလက်ခံမှ သူကြီးနေရာ ရမှာဖြစ်တဲ့အတွက် အကြံအိုက်နေသည်။
“တောက် ခင်များတနေ့ ကျုပ်အကြောင်းသိရသေးတာပေါ့ ”
ဦးဗလ ဖြစ်ချင်သလို ဒေါ်ဖွားစိန်အား ပညာပေးရန်အခွင့်ကောင်းရောက်လာလေသည် ဒေါ်ဖွားစိန်မှာ သမီးလေးတယောက်ရှိတယ် ရုပ်ချောပြီး မြင်သူတိုင်းချစ်ခင်ကြတယ် လိမ္မာတယ် ဟြေစကားနားထောင်တယ် ဒါကြောင့်လဲ ကြည်ဟြလို့ နာမည်ပေးထားတယ်။
ဦးဗလ လဲ ကြည်ဟြ ရေခပ်သွားရာကို နောက်ကလိုက်ကာ အခွင့်ကောင်းကိုစောင့်နေလေသည်။
“ခင်များကြီးကျုပ်အကြောင်းမကြာခင်သိရတော့မှာပါ ဒေါ်ဖွားစိန်ရယ်”
ဦးဗလလဲ ကြည်ဟြအားဖြတ်ဆီးရန် ဆုံးဖြစ်လိုက်တယ် ကြွက်မနိုင်ကျီမီးနဲ့ရှိုဆိုတဲ့ စကားအတိုင်း စိတ်ထဲတွင်တွေးပြီး ပြုံးနေမီသည်။
“ကြည်ဟြရေခပ်နေတာလား ဦးကူပေးရဦးမလား”
“ရပါတယ် ဦးလေးရယ် ကြည်ဟြဘာသာ လုပ်ပါမယ် ဒါတွေကလုပ်နေကြတွေပါ”
ကြည်ဟြထွက်သွား တာကိုကြည့်ကာ ဦးဗလပျော်နေသည် ကြည်ဟြနောက်ကိုလိုက်ကာ ကြည်ဟြအား တုတ်နဲ့ရိုက်ချလိုက်တယ် ကြည်ဟြမျက်လုံးများဟြကာ လောကကြီးနဲ့အဆက်ပြတ်သွားလေသည်။
ဦးဗလလဲ ကြည်ဟြအားထမ်းခေါ်ကာ တောင်ကုန်းလေးအကွယ်ရောက်မှ အောက်သို့ချကာ ရီဝေသော မျက်လုံးများဖြင့် ကြည့်ကာ ရမ္မက်အပြည့်နဲ့ ကြည်ဟြတကိုယ်လုံးကို အထက်မှအောက် အောက်မှအထက်သို့ မျက်လုံးကစားနေသည် စိတ်ထဲမှာလဲ ၀မ်းသာကြည်နူးနေသည်။
ကြည်ပြာသတိရလာတော့ အ၀တ်အစားများ ကြေမွနေသည် ကြည်ဟြသိလိုက်ပြီ ဦးဗလသူကိုစော်ကားလိုက်ပြီဆိုတာ ကြည်ဟြအျမ်သိုပြေးကာ အမေဖြစ်သူအားဟြေပြလေသည်။
ဒေါ်ဖွားစိန်ဒေါသများထွက်ကာ ဦးဗလအားသက်ရန် ဓားကိုယူကာ ရွာလမ်းအတိုင်းလျှောက်လာခဲ့တယ် ဦးဗလလဲ သူအားသက်ရန် လာနေတာကို မြင်တော့ ကြောက်လှန့်ကာ သူကြီးအိမ်သို့ပြေးလေသည်။
“သူကြီးကယ်ပါဦးဗျာ ကျုပ်ကို ဒေါ်ဖွားစိန်သက်တော့မယ် ကူညီပါဦးဗျာ”
“ဘာ ခင်များကို ဘာလို့ သတ်ချင်တာလဲ ဟြေပြပါဗျာ”
“ဒေါ်ဖွားစိန်က သာမန်လူမဟုတ်ဘူး ရွာသူဗျ ကျုပ်က သူရွာသူမှန်းသိသွားလို့ ကျုပ်ကို လိုက်လိုက်နေတယ်”
ဦဗလနဲ့ သူကြီးတို့စကားဟြေနေတာကို ရွာသူရွာသားများ လာကြည့်ကြတယ် လူများလဲစုရုံးရောက်ရှိလာကြတယ် ထိုအချိန်တွင် ရွာသူရွာသားများကို ခုန်ကျော်လာသော မိန်းမတယောက် ထိုမိန်းမကတော့ ဒေါ်ဖွားစိန်ဘဲဖြစ်တယ်။
“ဗလ နင်ကကြောက်လို့ပုန်းနေတာလား ဟားဟား နင်ဒီတိုင်းပုန်းနေလို့ရမလား နင်ကိုမသတ်ရဘဲ ငါမကျေနပ်ဘူး”
“ဒ်ါဖွားစိန် ခင်များစိတ်ကိုလျှောပါဗျာ ခင်များက တကယ်ဘဲရွာသူလားဗျ ”
သူကြီးဖြစ်သူမေးလိုက်တော့ ဒေါ်ဖွားစိန်က မလိမ်ညာတော့ဘဲ အမှန်အတိုင်းဖြေတယ် ဒေါ်ဖွားစိန်လဲဘာမှမဟြေတော့ဘဲ ဓားဖြင့်ပြေးထိုးလေသည် သူကြီးက ရှေ့ကကာထားတဲ့အတွက် သူကြီးအားထိုးမိလေသည် သူကြီးလဲနေရာတွင်သေလေသည် ။
“ရွာသူရွာသားတွေ လူသတ်သမားဖြစ်တဲ့ဒေါ်ဖွားစိန်အား ဖမ်းကြ”
ဦးဗလအော်ဟြေမှ ရွာသူရွာသားများလဲ ဒေါ်ဖွားစိန်အားဖမ်းကြတယ် ဒေါ်ဖွားစိန်လဲဘာမှပြန်မလုပ်ဘဲ အဖမ်းခံတယ် အဲ့ဒီအချိန် ကြည်ဟြရောက်လာပြီး သူအမေအားလွတ်ပေးရန်ဟြေသော်လည်း ရွာသားများက လွတ်မပေးပေ။
ကြည်ဟြလဲဟြေမရတော့ ဦးဗလကိုသတ်ရန်သာ ကြိုးစားလေတော့သည် ဒါပေမယ့် ကြည်ဟြဦးဗလ အနားတောင် မရောက်နိုင်ဘူး ရွာသားများက ဖမ်းထားလိုက်တယ် ကြည်ဟြဒေါသတွေထွက်ကာ ဦးဗလအား ဆဲဆိုနေသည်။
“ဦးဗလ လူယုတ်မာကြီး အသက်ကြီးပြီး အချိန်မဆီးဘူး ရှင်နဲ့ကျွန်မတနေ့တွေမယ် ”
ဦးဗလလဲ ရွာသူရွာသားများကို ဒေါ်ဖွားစိန်အား မီးရှို့သတ်ရန် ဟြေလိုက်တယ်။
“ကဲ့ ရွာသားတို့ ရွာသူကို မီးရှို့သတ်လိုက်ကြ မဟုတ်ရင် ရွာကိုထိခိုက်လိမ့်မယ် ”
ရွာသားများလည်း ဒေါ်ဖွားစိန်အား သုသာန်ထုတ်ကာ အရှင်လက်လက်မီးရှို့လေသည် ကြည်ဟြလဲ သူအမေရဲ့အဖြစ်ကို ကြည့်ကာ မျက်ရည်များပင်ကြလာတယ် မျက်ရည်တွေကလဲ သွေးရောင်ကဲ့သို့ နီရဲနေသည်။
ကြည်ဟြတွေးလိုက်တယ် သူအမေမရှိမှတော့ သူလဲရှိစရာ အကြောင်းမရှိဘူးလို့ ဒါနဲ့ဖမ်းထားရာမှပြေးကာမီးပုံနားရပ်လိုက်တယ် ပြီးတာနဲ့စကားတခွန်းဟြေလိုက်တယ်။
“ရှင်တို့တရွာလုံး တနေ့ကျွန်မလက်စားချေပြမယ် မကျေနပ်ဘူး ကျွန်မပြန်လာမယ်”
စကားဟြေပြီး ကြည်ဟြမီးပုံထဲခုန်ချလိုက်တယ် မီးများငြိမ်းသွားမှ ရွာသူရွာသားများပြန်လာကြတယ် သူကြီးမရှိတော့တဲ့အတွက် ဦးဗလအား သူကြီးအဖြစ်တင်မြှောက်ကြတယ်။
“သူကြီး သူကြီး ”
“ဟေ ဘာလဲကွ”
“ဘာတွေတွေးနေတာလဲဗျ ကျုပ်တို့သာလှကို အခေါင်းထဲထည့်ပြီးပြီ ရဲတွေလဲ ရောက်နေကြတယ် ”
“အေးအေး သွားရအောင် ရဲတွေဘာလုပ်မလဲကည့်ရအောင်”
ဦးဗလ အတိတ်ကိုတွေးပြီး ခုလို့ဖြစ်ရတာ သူကြောင့်ဆိုတာ သူသိတယ် သူအမှန်အတိုင်းဆောင်ရွက်မှဖြစ်တော့မယ်လို့ဆုံးဖြတ်လိုက်တယ်။
ဒါနဲ့အသုဘကို သွားရာ လူတွေရုတ်ရုတ်ဖြစ်နေတာနဲ့ အိမ်ပေါ်တက်ကြည့်ရာ မတင်မေအား ဝိုင်းချုပ်နေကြတာကို သူကြီးအံဩစွာကြည့်နေတယ် မတင်မေလဲ ဦးဗလအားမြင်သည်နှင့် ချုပ်ထားတဲ့လူများကို တွန်းဖယ်ကာ ဦးဗလထံပြေးလာလေသည် အနားရောက်တာနဲ့ ဦးဗလအား လည်ပင်းအားညစ်သတ်လေသည် ဦးဗလဲ သူလုပ်ရပ်အတွက် အသေခံမယ်လို့ဆုံးဖြတ်လိုက်တဲ့အတွက် မတင်မေတဖြစ်လဲကြည်ဟြအား ဘာမှပြန်မလုပ်ပေ။
ရုတ်ရုတ်သဲသဲဖြစ်နေတဲ့အချိန်မှာ ရွာဦးကျောင်းမှ ဘုန်းကြီးကြွလာလေသည် ဘုန်းကြီးက ကြည်ဟြအားတရားချတယ်။
“တကာမလေး ဖြစ်ပြီးတာတွေလဲ ပြီးပါစေတော့ ဦးဗလအားသတ်လို့လဲ တကာမလေး အမေအသတ်ပြန်မရှင်နိုင်ဘူး ဒီဘ၀မှာလဲကောင်းကျိုးမပေး သံသရာမှာလဲ ကောင်းကျိုးမပေးတဲ့ လက်စားချေခြင်းကို တကာမလေး စွန့်လွတ်လိုက်ပါကွယ်”
“တင့်ပါဘုရား တပည့်တော်နားလည်ပါပြီ တပည့်တော်အားခွင့်လွတ်နားလည်ပေးပါဘုရား ဒီလူယုတ်မာကိုလဲ ရဲလက်အပ်ပေးပါဘုရား နော်ပြီး တပည့်တော်ကိုလဲ အမျှဝေပေးစေချင်ပါတယ်”
“ကောင်းပါပြီ တကာမလေး ဘုန်းဘုန်းတာ၀န်ယူပေးပါ့မယ်”
ရွာသားများလဲဦးဗလအား ဘာဖြစ်ခဲ့တယ်ဆိုတာ မေးရာ ဦးဗလမှ အမှန်အတိုင်းဟြေကာ အဖမ်းခံလေ၏ ကြည်ဟြအတွက်လဲ ဆွမ်းသွတ်အမျှဝေရန် စီစဉ်ကြတယ်။
ဦးဗလအား ပြစ်မှုထင်ရှားသည့်အတွက် ထောင်ဒဏ်တသတ်တကျွန်းချလိုက်လေသည် ရွာသူရွာသားများလဲ ကြည်ဟြအားအမျှပေးဝေလိုက်တဲ့အတွက် ကျွတ်လွတ်သွားလေတော့သည်။
ဒီဇာတ်လမ်းကို စိတ်ကူးယဉ်ရေးသည့်အတွက် အမှားပါရင် ခွင့်လွတ်ပေးစေချင်ပါတယ် စာဖတ်သူများကို သိစေချင်တာက အရာရာကိုလောဘမကြီးဖို့ ဒေါသရှေ့ထားရင် အမှားဘဲဖြစ်ကြောင်း လက်စားချေခြင်းသည် မပြီးဆုံးနိုင်တဲ့ သံသရာသာဖြစ်ကြောင်း နောင်မှရတဲ့နောင်တက အသုံးမ၀င်ပါ မလုပ်ခင်စဉ်းစားသင်ပါကြောင်း အသိပေးလိုက်ရပါတယ်။
လေးစားစွာဖြင့် နယ်နမိတ်(ငမိုးရိပ်)