“အပျိုစင်လည်ချောင်းသွေး”(စ/ဆုံး)
——————————————-
ကန်တောင်ကျေးရွာ၏အနောက်ဘက်တောအုပ်ကြီးထဲတွင် အပျိုဖော်ဝင်ပြီဖြစ်သော မိန်းမငယ်သုံးယောက်က ပလိုင်းကိုယ်စီဖြင့် တောထဲသို့ ဝင်လာခဲ့သည်။ မျှစ်စို့များကို ရှာရန်လာခြင်းဖြစ်သည်။ ထိုမိန်းမငယ်သုံးယောက်မှာ တောထဲမှထွက်သည့် ဟင်းစားများကို အမြဲရှာဖွေနေကြသူများဖြစ်သဖြင့် ဤတောဤတောင်သည် သူတို့အဖို့ ပျော်ဖွယ်ကောင်းသော နေရာတစ်ခုအဖြစ် သတ်မှတ်ကြကာ အကြောက်အလန့်မရှိသွားလာကြသည်။
” ဟဲ့စိုးစိုးတို့ရှေ့နား ဝါးရုံလောက်ဆို ရွာကလူတိုင်းရောက်ဖူးနေလို့မျှစ်စို့တွေ မရှိလောက်တော့ဘူးဟ…”
” ရှိမှာပါခုတလောရွာကလူတွေ အလုပ်များနေလို့ တောဘက်မရောက်ကြပါဘူး…”
” ဘာကိစ္စမရောက်ရမှာ ဟိုနေ့ကဘဲမကြီးလှချိုတို့အုပ်စု တောတက်ပြီးမျှစ်စို့လာရှာတာ အများကြီးရတယ်…”
” အသစ်တွေထွက်မှာပေါ့ဟဲ့…ဒီတောထဲမှာ ဝါးရုံကအများကြီးဘဲကို တို့တွေလုံလုံလောက်လောက်ရမှာပါ…”
မိန်းမငယ်သုံးယောက်က ပြောပြောဆိုဆိုဖြင့် တောထဲရှိလမ်းငယ်လေးအတိုင်း တက်သွားကြ၏။ တောထဲသို့ အတော်အတန်ဝင်မိသောအခါ ဝါးရုံတောဘက်သို့ရောက်လာကြသည်။ ထိုတောထဲတွင် ဝါးရုံတောက မင်းမူထားသဖြင့် အခြားသစ်ပင်တို့မရှိ။ မိုးဦးရာသီဖြစ်သဖြင့် ဝါးရုံအောက်ရှိ မျှစ်စို့နုနုလေးတို့မှာ မြေပေါ်သို့ထိုးထိုးထောင်ထောင်ထွက်ပေါ်နေသည်။
” ဟာမျှစ်စို့တွေအများကြီးဘဲဟ….”
” ဟုတ်ပါ့တို့တွေ လိုသလောက်ယူကြရအောင်…”
” မျှစ်စို့လေးတွေနုထွတ်နေတာဘဲ….ဟေး…ဟေး…”
မိန်းကလေးငယ်သုံးယောက်မှာ ဝါးရုံများ၏ အောက်ခြေမှ မျှစ်စို့များကို မြင်လိုက်ရသောကြောင့်အမောပြေကာ အလွန်ပျော်ရွှင်သွားကြသည်။ ပါလာသောမျှစ်ထိုးသည့်ဓားကိုထုတ်ယူကာ မျှစ်စို့၏ အောက်ခြေအရင်းမှထိုးကလော်ကာ မျှစ်စို့များကိုတူးယူသည်။ ရလာသောမျှစ်စို့များကို အခွံကြမ်းများခွာပြီး ပါလာသောပလိုင်းထဲထည့်သည်။ မ်ွစ္မ်ားကိုသာ မဲကာချိုးယူနေသော မိန်းမငယ်လေးသုံးယောက်မှာ တစ်ယောက်နဲ့တစ်ယောက်သတိမထားမိကြချေ။ မျှစ်စို့များလုံလောက်အောင်ရလောက်သောအခါ အသံပြုပြီး လူစုကြသည်။ သို့သော် သူတို့သုံးယောက်ထဲမှ ထားခင်ဆိုသည့်မိန်းမငယ်လေးက ပေါ်မလာသေးချေ။
ထားခင်သည် စိုးစိုးနှင့်ပူစူးမတို့်မျှစ်စို့ချိုးယူနေသည့်အနားမှအနည်းငယ်ဝေးရာ ဝါးရုံပင်အောက်သို့ သွားကာချိုးယူသည်။ ထိုဝါးရုံပင်အောက်ရှိမျှစ်စို့မှာတခြားဝါးရုံပင်အောက်ရှိ မျှစ်စို့များထက် ပိုများသည်။ သို့ကြောင့် သူမလည်း ပလိုင်းကိုဘေးချပြီး ဓားတစ်ချောင်းဖြင့် မျှစ်စို့လေးများကို ဂရုတစိုက်ချိုးယူ၏။ များမြောင်လှသော မျှစ်စို့များကြောင့်သူလည်း ပတ်ဝန်းကျင်ကိုသတိမထားမိချေ။ သူ၏အနောက်ဘက်ဝါးရုံကကွယ်တွင်ကား ကိုးတောင်ကျားကြီးတစ်ကောင်သည် သူ့အားချောင်းမြောင်းကြည့်ရှုနေ၏။ ထားခင်လည်း ချိုးယူထားသောမျှစ်စို့များကို အခွံခွာရန်အတွက် အကျအနထိုင်လိုက်သည်။ ထိုအချိန် သူမမြင်လိုက်သည်ကား အဝါရောင်အစင်းကြားများဖြင့် အလွန်ကြီးမားသော ကျားကြီးတစ်ကောင်။ ထိုကျားကြီးသည် သူ့ထံသို့တလှမ်းချင်းတိုးဝင်လာရင်း မာန်ဖီနေသည်။
ထားခင်သည် မိမိရှေ့မှကိုးတောင်ကျားကြီးက မာန်ဖီကာလာနေသောကြောင့် အနောက်သို့တဖြေးဖြေးချင်းဆုတ်သည်။ လက်ထဲတွင်ကိုက်ထားသော မျှစ်ချိုးသည့်ဓားကို ကျားကြီးဖက်ချိန်ရွယ်ရင်း ထွက်ပြေးရန်ပြင်၏။ သို့သော်သူ၏ ပြေးလမ်းကား ဝါးပင်တို့ရှုပ်ထွေးစွာပေါက်နေသဖြင့် သူမပြေးဖို့မလွယ်ချေ။ ကျားကြီးလည်း သူ့ကိုတချက်မျှပင်အလွတ်မပေးချေ။ သူမက အနောက်သို့ဆုတ်လာရင်း အနောက်ရှိကျောက်တုံးကို တိုက်မိကာ လဲကျသွားသည်။
” ဟာအရေးထဲ….ရှူး…သြား…သြား….”
သူမလဲကျသွားပြီး ပြန်ထရန်လုပ်စဉ်ကျားကြီးက သူမအားခုန်အုပ်ရန်ရွယ်သည်။ သူမလည်း လက်ထဲမှကောက်မိကောက်ရာ ကောက်ထားသော ကျောက်တုံးဖြင့် ကျားကြီးကိုပစ်ပေါက်သည်။
” ဝွီး….ဒုတ်….”
လက်တဆုပ်သာသာကျောက်တုံးက ကျားကြီး၏ နဖူးတည့်တည်သွားမှန်သည်။ ကျောက်တုံးမှန်သွားသောကြောင့် ကျားကြီးက ခေါင်းတစ်ချက်ရမ်းကာ ဟိန်းလိုက်သည်။
” ဝေါင်း….ဝေါင်း…. ဝေါင်း….”
သူသောအသံနှင့်အတူ ချွန်မြသောကျားကြီး၏ အစွယ်ဖွေးဖွေးကို နောက်ဆုံးသူမမြင်လိုက်ရသည်။ ထားခင်၏ကိုယ်လုံးလေသည် ကိုးတောင်ကျားကြီး၏ ပါးစပ်သို့ဒရွတ်တိုက်ပါသွားတော့သည်။
စိုးစိုးနှင့်ပူစူးမနှစ်ယောက်က ထားခင်ကိုအတန်ကြာအော်အသံပြုကာခေါ်သော်လည်း ထားခင်ကရောက်မလာခဲ့ချေ။
” ဘယ္လိုလုပ္မလဲပူစူးမ ပြန်ချိန်ရောက်နေပြီ ထားခင်ကရောက်မလာသေးဘူး…လာတို့တွေ ဝါးရုံပင်တွေအောက်လိုက်ရှာကြရအောင်….ဒီကောင်မ မျှစ်စို့ကောင်းတွေတွေ့ပြီး အိမ်ပြန်ချိန်မေ့နေတာထင်…”
” ဟုတ်ပါ့… လာစိုးစိုးတို့တွေသွားရှာကြမယ်…”
ဆိုကာနှစ်ယောက်သား ဝါးရုံတောထဲသို့ဝင်လာ၏။
” ဟဲ့စိုးစိုး… ဒါထွေးခင်ရဲ့ပလိုင်းဘဲ…ဟုတ်တယ် ဒီမှာသူချိုးထားတဲ့မျှစ်စို့လေးတွေ..”
” ပလိုင်းကိုဒီမှာထားခဲ့ပြီး သူကဘယ်ရောက်နေတာ…”
” လက်ခေါက်မှုတ်ပြီးခေါ်လိုက်ပူစူးမ…အချိန်သိပ်မရှိတော့ဘူး…”
” ဝစ်….ဝူး……ဝူး….”(လက်ခေါက်မှုတ်သံ😁)
ပူစူးမကအတော်ကြာအောင် လက်ခေါက်မှုတ်ပြီးခေါ်သော်လည်းထားခင်က ရောက်မလာသေးချေ။
” ဒီကောင်မတို့်ကိုစနေတာများလားဟ…ကြည့်စမ်းသူု့ပလိုင်းထဲကမျှစ်တွေကျဲပြန့်နေတာ…မဟုတ်မှလွဲရော ထားခင်တစ်ခုခုဖြစ်နေတာများလား….”
” ဟဲ့နင်ကလည်း ပေါက်ကရတွေ…”
သူငယ်ချင်းနှစ်ယောက်က ထားခင်အတွက်စိတ်ပူသွားကြသည်။ တနေရာသောဝါးရုံပင်အောက်တွင်ကား
” စိုးစိုး…ဒီမှာကြည့်စမ်းဒါက ထားခင်ရဲ့မျှစ်တူးတဲ့ဓားဘဲဟ…ဟင်…ဒီဝါးရွက်ပေါ်မှာသွေးစက်တွေ…ဘုရားဘုရား…ထားခင် ဒုက္ခရောက်ပြီထင်တယ်…”
” ငါတို်အမြန်ပြန်မှဖြစ်မယ်ပူစူးမ…ဒီတိုင်းဆို ထားခင်ဒုက္ခရောက်တာသေချာနေပြီ….”
စိုးစိုး နှင့်ပူစူးမတို့ ထားခင်ကိုစိတ်ပူူသွားပြီး ရွာသို့အမြန်ပြန်လာကာ လူကြီးများကိုပြောပြ၏။ ထားခင်၏မိဘများလည်း သမီးလေးကို စိတ်ပူသွားပြီး တောဘက်သို့လိုက်တက်သွားကြသည်။
တောနက်ကြီးအလယ်ရှိတဲကြီးတစ်ခုအတွင်းဝယ် လူတစ်ယောက်သည် နီရဲနေသောသွေးများထည့်ထားသည့် ခွက်ကိုကိုင်မြှောက်ပြီး တစ်ခုခုကိုပူဇော်ပသနေသည်။ ထိုစဉ်ကျားကြီးသည် ကိုက်ချီလာသော
မိန်းခလေးကိုမြေပေါ်ပစ်ချပြီး ကျားဟိန်းသံတချက်ပြုလုပ်ကာ သစ်ပင်အောက်မှချထားသော အဝတ်စကိုငုံ့ကာနမ်းလိုက်သည်။ ထိုအခါ အဝါရောင်အစင်းကျားပါသော ကိုးတောင်ကျားကြီးသည် တဖြေးဖြေးဖြင့် လူသားတစ်ယောက်သဏ္ဍာန်ဖြစ်လာသည်။
ခန္ဓာကိုယ်မှကြမ်းရှလှသော အမွေးအမျှင်များ တဖြေးဖြေး ပျောက်သွားပြီး လူသားယောကျာ်းစင်စစ်ဖြစ်သွားသည်။ ထိုလူ၏ ရင်ဘတ်မှာ မာန်ဖီနေသောကျားရုပ်တက်တူးထိုးထားသည်။ သူ့ရင်ဘတ်မှ ကျားရုပ်မှာ အလွန်အသက်ဝင်လှသည်။ ထိုလူသည် မြေပေါ်ရှိ အဝတ်အစားကိုကေကာက်ယူကာ ဝတ်ဆင်ပြီး စောစောကကိုက်ချီလာသော မိန်းကလေးကိုပွေ့ယူကာ တလာပတ်စများဖြင့် မိုးကာထားသောတဲကြီးထဲသို့ ဝင်သွားသည်။
” စတုတ္ထမြောက်အပျိုစင်စနေစမီးပါဆရာ…”
ထိုလူသည် တဲထဲသို့ရောက်လျှင် ချီမထားသောမိန်းကလေးကို အောက်သို့ချကာ သူကိုယ်တိုင်ကားဒူးထောက်ပြီး သူ့အရှေ့မှ လူကြီးကို တရိုတသေလျှောက်သည်။ ထိုရှေ့မှလူကြီးက လက်မှကိုင်ထားသော ခွက်ကိုချပြီး လူငယ်ဘက်လှည့်လာကာ
” မင်းသိပ်တော်တယ်အောင်ဒင်…ငါ့ပညာနောက်ဆုံးအဆင့်အောင်မြင်သွားရင် ငါ့ကိုအကျိုးဆောင်ခဲ့တဲ့မင်းလိုသစ္စာရှိတဲ့လူကို ပညာအဆင့်ကောင်းကောင်းတိုးပေးမယ်…”
” ကျေးဇူးတင်ပါတယ်ဆရာ…”
” အေး…ဒါနဲ့ဒီမိန်းကလေးအသက်ရှင်သေးရဲ့လား…ငါ့ရဲ့နတ်ဆိုးသခင်က အရှင်လတ်လတ်လူသားရဲ့သွေးမှကြိုက်တာမင်းသိတယ်နော်….”
” သိ…သိပါတယ် ဆရာ…ကောင်မလေးကမသေသေးဘူး…ခဏသတိလစ်နေတာပါ….”
” ဟား…ဟား…ဟား…ကောင်းတာပေါ့ကွာသတိလစ်နေတော့ ပိုကောင်းတာပေါ့…ကဲကေလးမကို ယဇ်ကျောက်တုံးပေါ်တင်လိုက်ပါ….ဒါနဲ့သူကအပျိုစင်စနေသမီးသေချာပါတယ်နော်…”
” သေချာပါတယ်ဆရာ…အပျိုစင်စနေသမီးပါ…”
” အေးအေးဒါဆိုအချိန်မလင့်ခင် ကိစ္စတုံးလိုက်ကြရအောင်…”
ရင်ဘတ်တွင် ကျားကြီးရုပ်ပါသောသူက ကြမ်းပြက်မှ သတိလစ်နေသောမိန်းကလေးအား ချီမကာကျောက်ပလ္လက်ယဇ်စင်ထက်သို့ တင်ပြီး ခြေလက်တို့ကို ချည်နှောင်ထားလိုက်သည်။ ပြီးသော် ဆရာဆိုသည့်လူက တစ်ထွာသာသာရှိသော အသွားမြနေသည့် ဓားကိုကိုင်ပြီး ကောင်မလေးအပေါ်ဝေ့ရမ်းလိုက်သည်။ နုတ်မှလည်း မန္တာန်တစ်ပုဒ်ကို မတိုးမကျယ်ရွတ်လိုက်သည်။
ထိုစဉ်ယဇ်စင်ထက်မှ မိန်းကလေးကသတိရလာပြီး လူးလွန့်လာသည်။ ခြေလက်နှစ်ဖက်လုံး ချည်နှောင်ထားသောကြောင့် ထပြေး၍လည်းမရချေ။
” ရှင်ကဘယ်သူလဲ…ငါ့ကိုလွတ်ပေးပါ…အီးဟီးဟီး… ”
မိန်းကလေးငယ်မှာဓားကိုင်ထားသောသူကိုကြည့်ပြီး ကြောက်လန့်နေရှာကာတဟီးဟီးငိုယို၏။
” မငိုပါနဲ့ မိန်းကလေး…ကျွန်ုပ်ကသင့်ကို အေးချမ်းရာအရပ်ပို့ပေးမဲ့သူပါ…”
” လွတ်ပေးပါရှင့်…ကျွန်မတောင်းပန်ပါတယ်…”
ထိုလူကသူ့အားတောင်းပန်တိုးလျှိုးနေသော မိန်းကလေးငယ်အား နည်းနည်းမျှပင်ဂရုဏာမသက်မိဘဲ လက်ထဲမှကိုင်ထားသောဓားဖြင့် မိန်းကလေးငယ်၏ လည်ပင်းကို တိခနဲနေအောင်ဖြတ်လိုက်သည်။
” အား….”
မိန်းကလေးငယ်၏ နာကျင်အော်ဟစ်သံနှင့်အတူ ပြတ်နေသောလည်ပင်းမှ သွေးစိမ်းရှင်ရှင်တို့က ပွက်ခနဲပွက်ခနဲဖြင့် အလုအယက်ပန်းထွက်နေသည်။ မိန်းကလေးငယ်သည် မျက်ဖြူဆိုက်ရင်း ဆန့်တငင်ငင်ဖြစ်ကာ သေဆုံးသွားလေသည်။
ဓားကိုင်ထားသောလူကြီးသည် မိန်းခလေးလည်ပင်းထက်မှ စီးကျလာသောသွေးကို ခွက်ဖြင့်ခံယူလိုက်သည်။ ပြီးသော် မဲနက်နေသောရုပ်ဆိုးအကျည်းတန်လှသည့် ရုပ်တုကို ပက်ဖျန်းလိုက်သည်။
” စနေသမီးအပျိုစင်လည်ချောင်းသွေးကို သောက်သုံးပါ…ပြီးသော်ကျွန်ုပ်ကို အစွမ်းအထက်ဆုံးဖြစ်တဲ့ ကဝေအဆင့်ရောက်အောင်ကူညီပေးပါ….”
ဟူသောစကားကိုလည်းရေရွတ်လိုက်သည်။ အားလုံးပြီးသော် ကျားရုပ်ပါသောလူမှာ ယဇ်စင်ထက်မှ ကောင်မလေး အလောင်းကို သယ်ထုတ်လိုက်သည်။
ထားခင်၏မိဘများနှင့်ရွာသူရွာသားတို့သည် သမီးလေးတို့မျှစ်ချိုးသည့်နေရာကိုရောက်လာပြီး သမီးလေးကိုရှာဖွေသည်။ သို့သော် သမီးလေး၏ အရိပ်အယောင်မျှပင်ရှာမတွေ့တော့ချေ။ တောအတွင်းမှာ လျှင်မြန်စွာပင် မဲမှောင်ပြီး ညအချိန်သို့ဝင်ရောက်လာခဲ့ပြီ။ လူကြီးများလည်း လက်လျှော့ကာ ထားခင်ကိုရှာမရသည့်အဆုံး အိမ်သို့ပြန်လာခဲ့ကြတော့သည်။
ဤသို့ဖြင့်တောထဲမှ ပညာစဉ်တက်နေသောလူကြီးသည် နောက်ဆုံး၌ ပညာစဉ်တက်ရန် စနေသမီးအပျိုစင်တစ်ယောက်၏သွေးဖြင့်ပူဇော်ရန်သာကျန်တော့သည်။ စနေသမီးအပျိုစင်ကို ရှာဖွေရန်တာဝန်ယူရသော အောင်ဒင်သည် ရွာအနှံ့လှည့်လည်ရှာဖွေရင်း သာလွန်းရွာသို့ရောက်လာခဲ့သည်။ စနေသမီးပျိုများ ပျောက်သွားသည့်သတင်းကို ကြားရသောကြောင့် သာလွန်းရွာထဲရှိ စနေသမီးတို့မှာ အိမ်ထဲမှအိမ်ပြင်သို့ပင် မထွက်ရဲကြချေ။ သို့ကြောင့် အောင်ဒင်အတွက် စနေသမီးပျိုရရန်ခက်ခဲသွားတော့သည်။ သို့ကြောင့် တောထဲ၌ကျန်ခဲ့သည့် ပညာစဉ်တက် ပညာသည်မှာလည်း အခက်တွေ့နေသည်။
” နောက်ဆုံးတစ်ယောက်ဘဲကျန်တော့တယ်အောင်ဒင်…စနေသမီးအပျိုစင်ကို ဒီနေ့ရအောင်ရှာလာခဲ့…”
ထိုလူ၏တချက်လွတ်အမိန့်ကြောင့် အောင်ဒင်ကြောက်ရွံ့သွားသည်။ နောက်ဆုံးတစ်ယောက်ဖြစ်သည့်စနေသမီးကို သူဘယ်မှာရှာရမည်မှန်း သူမသိတော့ချေ။
မောင်ရေခဲသည်တရားထိုင်နေရင်း အာရုံထဲ၌ ဆရာသခင်၏ အသံကိုကြားလိုက်ရသည်။
” တပည့်ကြီး…ငါ့တပည့်ကြီးအတွက်တာဝန်ကျလာပြီ… ကန်တောင်ကျေးရွာမှာ စနေသမီးအပျိုစင်သွေးနဲ့ ပညာစဉ်အဆင့်တက်နေတဲ့ကဝေကောင်ရောက်နေတယ်…သူ့ကြောင့်အပြစ်မဲ့မိန်းကလေးငယ်တွေ သေဆုံးသွားကြရပြီ…နောက်ထပ်မဆုံးရှုံးရအောင် သွားပြီးနိုင်နင်းပါ…..”
မောင်ရေခဲ လည်းဆရာသခင်၏အသံကိုကြားလိုက်ရသဖြင့် ပတ်ဝန်းကျင်ရွာမှ ကြားရသော စနေသမီးမိန်းကလေးမိန်းကလေးများပျောက်နေသည်နဲ့ ဆက်စပ်မိသည်။ ပို၍သေချာအောင် စုံစမ်းကြည့်ရာ စနေသမီးပျို စုစုပေါင်း (၆)ယောက်ပင် ပျောက်ဆုံးနေပြီဖြစ်သည်။ တစ်ရွာထဲရှိမိန်းကလေးမှပျောက်သည်မဟုတ်ဘဲရွာအနှံ့ပျောက်နေခြင်းဖြစ်သည်။ အလောင်းအစအနပင်ပြန်မရချေ။ ယခုလာမည့်လပြည့်ညသည် နက္ခတ်တာရာ စုံလင်ပြီး ပညာစဉ်တက်ရန်အကောင်းဆုံးအချိန်ဖြစ်သည်။ သို့ကြောင့် စနေသမီးပျို များကိုလိုက်ဖမ်းသော လူသည် ယနေ့တွင်စနေသမီးပျိူကိုမရရအောင် ရှာဖွေဖမ်းယူလိမ့်မည်ဟု သူတွေးထားသည်။
သို့ကြောင့် သာလွန်းရွာထဲရှိစနေသမီးပျိုများကို ယနေ့အတွင်မည်သည့်နေရာမှမသွားရန် ပြောကာအစီစဉ်ဆွဲနေသည်။ ထိုကဝေကောင်၏နေရာကိုအတိအကျသိရရန် အစာနှင့်မျှားခေါ်ရလိမ့်မည်။ ရွာထဲ၌သတ္တရှိသောစနေသမီးကိုအစာအဖြစ်မျှားခေါ်ရန်လည်း အန္တာရယ်များလွန်းလှသဖြင့် သူအကြံရခက်နေသည်။ သို့ကြောင့် စနေသားဖြစ်သူတပည့်မောင်ထင်ပေါ်ကို မိန်းကလေးအဖြစ်ပြင်ဆင်ပေးလိုက်ပြီး ကဝေကောင်ကိုမျှားခေါ်ရန် လုပ်သည်။ ထင်ပေါ်သည်သတ္တိဗျတ္တိနဲ့ပြည့်စုံသူ ဖြစ်သောကြောင့် ယခုကိစ္စတွင်များစွာအကူအညီပေးနိုင်လိမ့်မည်။
သို့ကြောင့် ထင်ပေါ်ကိုလုံးဝမိန်းကလေးနှင့်တူအောင် ပြင်ဆင်ပေးလိုက်ပြီးသော် အင်းတချပ်ကိုလည်းတိုက်ထားလိုက်သည်။ ထိုအင်းမှာ ကိုယ်လုံအကာအကွယ်အင်းဖြစ်သည်။ ပြီးသော်ထင်ပေါ်အားလူပြတ်ရာနေရာ၌ပို့ထားကာ မျှားခေါ်ရန်ပြုသည်။ ထင်ပေါ်လည်း ဆရာခိုင်းသည့်အတိုင်းကနွဲ့ကလျလုပ်ပြီး လူအသွားအလာပြတ်သည့်နေရာ၌ သွားကာမျှားခေါ်သည်။ မနက်ပိုင်းတွင်မသင်္ကာသည့်လူတစ်ယောက်မှ မရှိချေ။ သို့သော် ညနေပိုင်းတွင်ကား ဘောင်းဘီဖားဖားပွပွကြီးဝတ်ထားသည့် လူတစ်ယောက်သည် ထင်ပေါ်ရှိရာနေရာသို့ ရစ်သီရစ်သီလာလုပ်သည်။
လူရိပ်လူခြေကိုအကဲခတ်နေသည်။ ယနေအဖို့သူရှာနေသောစနေသမီးပျိုကိုတွေ့ရပြီဖြစ်သဖြင့် အလစ်မပေးဘဲစောင့်နေသည်။ ထင်ပေါ်လည်းသတိကြီးကြီးထားကာ ထိုလူကိုအကဲခတ်သည်။ ထိုလူသည်ကဝေကောင်၏ တပည့်သာဖြစ်လိမ့်မည်။ ခွန်အားဗလကြီးပြီး လူကောင်ထွားသည်။ ခဏအကြာထိုလူသည် ထင်ပေါ်အနောက်သို့ကပ်လာပြီး မေ့ဆေးဖြင့်တို့်ကာ တောထဲသို့ အမြန်ထမ်းခေါ်သွားတော့သည်။ ထင်ပေါ်ကား မေ့ချင်ယောင်ဆောင်ပြီး ထိုလူ၏ပခုံးပေါ်ပါသွားသည်။ ထိုလူက
” ဟ…ဒီတစ်စနေသမီးက လေးလိုက်တာ….ဘယ်လောက်များအစာစားထားတာလဲမသိ….ဒီနေ့ပြီးရင် ငါ့ဆရာရဲ့အဆင့်ကလုံးဝပြိုင်စံရှားသွားပြီ…ငါလည်းဆရာ့ရဲ့ပြိုင်စံရှားတပည့်အဖြစ် လုပ်ရတော့မယ်… ”
ထိုလူတောထဲပြေးနေရင်း တစ်ကိုယ်တည်းစကားပြောနေသည်။ ထင်ပေါ်ကသူ့ပခုံးပေါ်မှနေ၍ မေ့မြောချင်ယောင်ဆောင်နေသဖြင့် ထိုလူပြောသမျှကို အတိုင်းသားကြားနေရသည်။ တောအထပ်ထပ်ကို ဖြတ်ကျော်ပြီးနောက် တလာပတ်စများဖြင့်မိုးကာထားသည့် တဲကြီးသို့ရောက်လာသည်။ ထိုလူသည် ထင်ပေါ်အား ဆရာရှိရာအခန်းထဲသို့ဝင်ပြီး ချလိုက်သည်။
” နောက်ဆုံးအဆင့်အတွက် စနေသမီးပျိုပါဆရာ….စနေသမီးတွေရှာရခက်လို့ ဒီကနဲ့အရမ်းဝေးကွာတဲ့နေရာမှာရှာရလို့ ကြာသွားတာပါ…”
” အေး…အချန်မှီရလာတာကိုဘဲ ကျေးဇူးတင်ပါပြီအောင်ဒင်…ဒီညဟာ ပညာအဆင့်တက်ဖို့ အကောင်းဆုံးညဘဲ…ဒီတော့မိန်းကလေးကို ယဇ်စင်ပေါ်ထားပြီး အမွှေးနံသာရေတွေနဲ့ ပက်ဖျန်းထားလိုက်၊ဒီမိန်းကလေးဟာ ငါ့အတွက်နောက်ဆုံး ပညာစဉ်အဆင့်တက်လို့ရမဲ့သူဘဲ…”
” ဟုတ်စိတ်ချပါဆရာ…”
ဗလကောင်းကောင်းနှင့်လူသည် ထင်ပေါ်အားကောက်ပွေ့လိုက်ပြီး ယဇ်စင်ပေါ်သို့ တင်ထားလိုက်သည်။ ယဇ်စင်ထက်တွင်သွေးစိမ်းညှီနံ့များ မွှန်နေသည်။ ထင်ပေါ်လည်း အောင့်အည်းသီးခံပြီး ဆရာဖြစ်သူအလာကိုစောင့်နေသည်။
မောင်ရေခဲ သည်ညအချိန်ကိုစောင့်ရင်း တဖြေးဖြေး ညည့်နက်လာသည်။ သို့ကြောင့် ထင်ပေါ်ရှိသည့်တောနက်ထဲသို့လာခဲ့သည်။ တောထဲရှိကဝေကောင်သည် သူရှိသောတောပတ်ဝန်းကျင်အနံှံ့ကို အစောင့်အပြည့်ချထားသည်။ ယနေ့ညသည် သူ့အတွက်အရေးကြီးဆုံးအချိန်ဖြစ်သဖြင့် ပို၍ ဂရုတစိုက်လုပ်နေဟန်ရှိသည်။ မောင်ရေခဲက မိမိအတွက်အချိန်ကျန့်ကြာမည်ဖြစ်သောကြောင့် ဥရုယက္ခဘီလူးကြီးကို လြတ္ကာ ကဝေကောင်၏ အစောင့်များကို ရှင်းခိုင်းသည်။ ပြီးသော် သူကိုယ်တိုင်ကား တောထဲသို့ဝင်လာခဲ့သည်။ ကဝေကောင်ရှိရာတောထဲသို့ရောက်လာသော် များပြားလှသော တစ္ဆေ၊သရဲ၊သဘက်ကြီးများကို တွေ့လိုက်ရသည်။ မောင်ရေခဲလည်းထိုသရဲသဘက်ကြီးများကို ရှစ်ကွက်အင်းဖြင့်ပစ်ကာ ထိန်းချုပ်ထားလိုက်သည်။
” တောက်! ဘယ်သူကဒီထိလာပြီး အတင့်ရဲနေရတာလဲကွ…”
ဗလကြီးကြီးကင်တိုတိုနှင့်လူက မောင်ရေခဲအားမြင်လျှင် ဆီးကြိုကာ တားလိုက်သည်။ မောင်ရေခဲလည်း ထိုလူရှေ့ရပ်ပြီး တည်ကြည်သောအသံဖြင့်
” ငါ့ရှေ့ကနေဖယ်ပါ ….”
” ဟားဟားဟား…..လွယ်လှချေလားကွ…ဟမ်…ဒီနေရာ ဝင်လာထဲက မင်းကသေလူဖြစ်နေပြီဆိုတာ မင်းသိလိုက်သင့်တယ်….”
” အပြောမကြီးပါနဲ့အောင်ဒင် မင်းကဘာကောင်လဲဆိုတာငါသိတယ်…မင်းတို့လိုအကောင်တွေကိုငါရှင်းလာခဲ့တာမနည်းဘူး…”
” တော်တော်လေ လုံးကြီးနဲ့ကောင်ဘဲ…ငါဘာကောင်လဲဆိုတာ ပြရသေးတာပေါ့….”
ဆိုကာ ထိုလူက မန္တာန်တစ်ပုဒ်ကိုရွတ်လိုက်သည်။ ပြီးသော်အဝတ်များကိုချွတ်လိုက်သည်။ ခဏအကြာထိုလူသည် အမွေးအမျှင်ကြမ်းရှရှများထွက်လာပြီး လူတစ်ပိုင်းကျားတစ်ပိုင်းဖြစ်သွားသည်။ ခဏကြာသော် လုံးဝကျားကြီးတစ်ကောင်အဖြစ်ပြောင်းသွားတော့သည်။ အဝါရောင်အစင်းကြားပါသော ဧရာမကိုးတောင်ကျားကြီးတစ်ကောင်ဖြစ်သည်။
” ဝေါင်း….ဝေါင်း…. ဝေါင်း…..”
ထိုကျားကြီးသည် ဟိန်းသံပြုရင်း မောင်ရေခဲထံတလှမ်းချင်းစီဝင်လာသည်။ အချိန်လည်းသိပ်မရှိတော့သဖြင့် မောင်ရေခဲ သည်ဘီလူးအင်းချပ်ကိုထုတ်ကာ အသက်သွင်းလိုက်သည်။ ခဏအကြာ ကြေးနီရောင်အင်းဘီလူးကြီးထွက်လာပြီး ကိုးတောင်သမန်းကျားနဲ့ ချကြသည်။ မောင်ရေခဲ လည်းတဲထဲသို့ဝင်သွားရာ ကဝေကောင်က စက်များဖြင့်တားထားလိုက်သည်။ မောင်ရေခဲလည်း ထိုကဝေစက်ကိုဖြတ်ကာဝင်လာသည်။
” ဟားဟားဟား….သင့်လိုလူကငါ့နေရာထိ လိုက်လာနိုင်တာဆိုတော့ အစွမ်းကမသေးဘူးဘဲ…အဝင်လမ်းဘဲရှိပြီး အပြန်လမ်းမရှိတော့တာ မင်းမသိလို့နေလိမ့်မယ်သူငယ်လေး…”
” အပြောမကြီးနဲ့ကဝေကောင်….မင်းကသူများသားသမီးပျိုတွေကို ကိုယ်ချင်းမစာမနာ
သတ်ရက်တဲ့ကောင်…သင့်လိုကောင်က လူ့လောကရဲ့ အညစ်အကြေးသက်သက်ဘဲ….”
” အပြောကြီးလှချေလားသူငယ်…မင်းငါ့ကိုနိူင်ရင် သူငယ်မကိုပြန်ခေါ်ချေ။ အေး…မနိုင်လို့ကတော့ မင်းအသက်ပါပေးရမယ်…”
” လုပ်လိုက်စမ်းပါ…ငါကလည်းဒီလိုကြိုက်တာ…မင်းငါ့ကိုနိုင်ရင်ငါ့ကိုကြိုက်တာလုပ်…အေး…မနိူင်လို့ကတော့ မင်းပညာတွေအကုန်စွန့်ရမယ်….”
” အပြောမကြီးနဲ့ သူငယ်…အလုပ်နဲ့လက်တွေ့ပြပါ…”
ဆိုကာ ကဝေကောင်ကဖနှောင့်တချက်ပေါက်လိုက်ရာ မြေကြီးထဲမှဆူးချွန်များပါသည့် နွယ်ရှင်များထွက်လာသည်။
” နွယ်ရှင်တွေ အရှေ့ကကောင်ကိုသတ်လိုက်စမ်း…အရိုးတောင်မကျန်သေနဲ့သိပ်အပြောကြီးတဲ့ကောင်…”
ဆိုကာမောင်ရေခဲထံနွယ်ရှင်ကိုလွတ်လိုက်သည်။ မောင်ရေခဲက ထိုကဝေကောင်၏ ဖနှောင့်မှထိုးထားသော မြတ်သွာဘုရားပုံတော်ကိုမြင်လိုက်ကပြီး ဒေါသထွက်သွားသည်။ သို့ကြောင့် ရှစ်ကွက်အင်းကိုအမြန်ဆွဲလိုက်ပြီး သူ့ပတ်ပတ်လည်ကာထားလိုက်သည်။ နွယ်ရှင်များကမောင်ရေခဲထံရောက်ပြီး တွန်းကန်အားကြောင့် ပြန်လည်ကန်ထွက်သွားသည်။
” ဟား…ဟား…ဟား…မင်းက လူငယ်သေလာက္ပညာကမဆိုးဘူးဘဲ…ငါဒါမျိုးကိုစောင့်နေတာ …”
ဆိုကာ နွယ်ရှင်များကို နှစ်ဆပိုတိုးလိုက်သည်။ ယဇ်စင်ပေါ်မှ ထင်ပေါ်လည်း ဆရာ့ကိုကူညီရန် ထလာခဲ့သည်။ ထိုအချင်းအရာကိုကဝေကောင်က မြင်ပြီးဒေါသထွက်သွားသည်။
” တောက်! သူကမိန်းမဟန်ဆောင်ထားတဲ့သူကိုး…ဒါကြောင့် မင်းငါ့နေရာရောက်လာနိုင်တာပေါ့…သတိတချက်လွတ်သွားလို့သာ…..မင်းတို့နှစ်ကောင်လုံး ပြန်လမ်းမရှိဘူးမှတ်လိုက်….ရော့…”
ဆိုကာ ထင်ပေါ်ထံအနီရင့်ရောင်စက်ကြိုးပစ်လိုက်သည်။ သို့သော် ထင်ပေါ် သောက်ထားသော ကိုယ်လုံအင်းအစွမ်းကြောင့် စက်ကြိုးမှာ အနားမရောက်ခင်ပင် ပြတ်ထွက်သွားသည်။
” ဟားဟားဟား…မင်းတို့တွေ အရမ်းစွမ်းနေကြတယ်ပေါ့ဟုတ်စ…ရော့…ငါ့ရဲ့မြှားမိုးကိုခံနိုင်ရင်ခံကြစမ်း”
ဆိုကာ ကောင်းကင်ထက်သို့ဦးခေါင်းမော့လိုက်ပြီး ဂါထာရွတ်ဆိုသည်။ ထိုအချိန်ကောင်းကင်ထက်မှမီးတောက်များ ပါသည့်မြှားအစင်းပေါင်းများစွာက ရေခဲနှင့်ထင်ပေါ်တို့ထံ တရစပ်ထိုးချလာသည်။ ရေခဲတို့လည်း ကွန်ချာအင်းကိုအသက်သွင်းပြီးကာထားလိုက်သည်။ မြှားတံနှင့်ကွန်ချာအင်းတို့ ထိတွေ့သံကြောင့် တဖောင်းဖောင်းအသံမြည်ကာ ပေါက်ကွဲကုန်သည်။ နွယ်ရှင်လည်း အပိုင်းပိုင်းပြတ်ထွက်သွားပြီး ပြန်လည်ပျောက်ကွယ်သွားတော့သည်။
” မဖြစ်နိုင်ဘူး….ခုထိငါ့ရဲ့မြှားမိုးနှင့်နွယ်ရှင်ကို နိုင်တဲ့သူမရှိသေးဘူး…နင်တို့ကဘယ်သူတွေလဲ…”
” ငါတို့ကမင်းကို အဆုံးသတ်ပေးမဲ့သူဘဲ…ကဲ…ငါ့အလှည့်ရောက်ပြီ…ရော့ဒီအင်းကွက်ထဲကနေမင်းထွက်နိုင်ရင်ထွက်စမ်း…”
ဆိုကာ ရွှေရောင်အင်းချပ်အားလေထဲဆွဲပြီး ကဝေကောင်ဆီ ပစ်လိုက်ရာ အင်းချပ်မှာ ရွှေရောင်တဖိတ်ဖိတ် တောက်နေသော ကဝေဖမ်းအင်းဖြစ်နေသည်။
” ဟာ…မဖြစ်နိုင်ဘူး….အား….”
ဆိုကာ ကဝေကောင်သည် မြေပေါ်လူးလိမ့်ပြီး အားခနဲအော်သည်။ သူ့ကိုရစ်ပတ်ထားသော ရွှေရောင်ကဝေဖမ်းအင်းမှ ငရဲမီးတောက်များထလာပြီး ကဝေကောင်ကို တဖျစ်ဖျစ်လောင်ကျွမ်းလေသည်။
” အား…တောပါတော့..ငါသေရတော့မယ်…”
” မင်းအလှည့်ကျနာတတ်တယ်လား…မင်းသူများသမီးပျိုကို လည်ဖြတ်ပြီး သွေးတွေအန်ထွက်နေတာကို ကြည့်ကောင်းကောင်းနဲ့ကြည့်နေတာမလား…ခုကျနာလားကိုယ့်အလှည့်ရောက်တော့…”
” တောင်း….တောင်းပန်ပါတယ်…ငါကိုယ်ချင်းစာတတ်ပါပြီ…”
” ခုမှကိုယ်ချင်းစာနေလည်း သေ သြားတဲ့လူက ပြန်မလာနိုင်တော့ဘူး…မင်းလိုကောင်က ငရဲနဲ့ဘဲတန်တယ်…”
” တောင်းပန်ပါတယ်….ငါ့ကိုလွတ်ပေးပါ…ငါအရမ်းပူနေပြီ…”
” မင်းပညာတွေ စွန့်ရင်မီးက သူ့အလိုလိုငြိမ်းသွားလိမ့်မယ်…မင်းလုပ်နိုင်သလား.. ”
ကဝေကောင်တွေဝေသွားသည်။ သူ့အနေဖြင့် ရခဲလှသောပညာကိုစွန့်လွတ်ရန်နှမြောနေသည်။ သို့သော် လည်းအသက်ဘေးကရှိနေသေးသောကြောင့်
” ငါ…ငါ့ပညာတွေစွန့်ရင် ဒီမီးတွေငြိမ်းမှာလား….”
” ငါမုသားမပြောဖူးဘူး…ကျန်တာမင်းသဘောပါ…”
” ငါ…ငါလုပ်ပါ့မယ်…”
ထိုအခါထင်ပေါ်က
” သူညာရင်ကောဆရာ…”
” သူလိမ်ညာနေရင် သူ့အသက်အာမမခံဘူးထင်ပေါ်…သူ့အသက်ကိုတော့သူ့ပညာထက်နှမြောမှာပါ…”
ဆိုပြီးကဝေကောင်အား စောင့်ကြည့်နေလိုက်သည်။
” အော့…ဝေါ့…”
ကဝေကောင်က မီးဒဏ်မခံနိုင်တော့သောကြောင့် ထိုးကာအန်ချတော့သည်။ ထိုစဉ် ပညာအဆင့်တက်စဉ်က မျိုချထားသော လူ့အသားတုံးနီနီရဲရဲ မ်ားကို တစ်တုံးပြီးတတုံးအန်ချလာသည်။ အသားတုံးခြောက်တုံးမြောက်၌ အန်ခြင်းကိုရပ်လိုက်သည်။ သို့တိုင်သူ့အားလောင်ကျွမ်းနေသော မီးကတောက်နေဆဲ။
” မင်းတို့ညာတယ်…ငါ့ပညာတွေစွန့်ရင် မီးငြိမ်းမယ်ဆိုခုက ဘာလို့တောက်လောင်နေတာလဲ.. ”
” ငါမုသားမပြောဘူး….မင်းပညာရဲ့နောက်ဆုံးဗူးကျန်သေးတယ်…မင်းညာနေသ၍ မီးကငြိမ်းမှာ မဟုတ္ဘူး….”
ဟုမောင်ရေခဲကဆိုလိုက်သော် ကဝေကောင်သည် မိမိ၏ နောက်ဆုံးသိုဝှက်ထားသည့် ပညာဗူးကို အန်ထုတ်လိုက်သည်။
” အော့….ဝေါ့…ဝေါ့…”
ကဝေကောင်က ခုနှစ်တုံးမြောက်အသားတုံးနဲ့ မဲညစ်ညစ်ပျစ်ချွဲချွဲအရည်ကို အန်ချလိုက်သည်။ ထိုအချိန် သူ့အားတောက်လောင်နေသော ရွှေရောင်အင်းချပ်မီးတောက်က လုံးဝငြိမ်းသွားတော့သည်။
” ကဲ…မင်းကသာမန်လူဖြစ်သွားပြီ…အကြွေးအတွက်သံသရာမှာပေးဆပ်ပေတော့…”
မောင်ရေခဲကကဝေကောင်ကို ထိုသို့ပြောပြီး ထင်ပေါ်ကိုခေါ်ကာ တောထဲမှထွက်လာခဲ့သည်။ ပညာမရှိတော့သောကဝေကောင်သည် လူငယ်နှစ်ယောက်ထံပညာစွန့်လိုက်ရသောကြောင့် မိမိကိုယ္ကို မကျေမနပ်ဖြစ်ပြီး ပညာများကိုနမြောတသဖြစ်ကာ ရူးသွားတော့သည်။
တဲအပြင်ဘက်တွင်ကား အင်းဘီလူး၏လက်ချက်ကြောင့်သေပွဲဝင်နေရရှာသော သမန်းကျားကိုတွေ့လိုက်ရသည်။ တောအစပ်တွင်သို့ရောက်သော် တာဝန်ပြီးစီးသွားသော ဥရုယက္ခဘီလူးကြီးက မောင်ရေခဲကိုအရိုအသေပြုပြီး ပျောက်ကွယ်သွားတော့သည်။ မောင်ရေခဲ တို့်ဆရာတပည့်နှစ်ယောက်လည်း တောမှထွက်ကာ မိမိရပ်ရွာသို့ပြန်လာခဲ့ကြတော့သည်။…..။
ပြီးပါပြီ။