ဆေးရုံပျက်ကြီးနှင့်စပ်စုကြသူများ(စ/ဆုံး)
—————————————–
နေဝန်းနီသည် တောင်တန်းများကြားမှ တိုးထွက်
လာလျှက် ဆောင်းရောက်ပြီမို့ ချယ်ရီပန်းများဖြင့်
လှပနေသော နယ်စပ်မြို့လေးမှာ စည်းကားလျှက်
….မဖြစ်နိုင်ဘူး….မသွားကြပါနဲ့…ငါ့သားတို့ရယ်….
လက်ဖက်ရည်ဆိုင်မှာ အဖိုးကြီးတစ်ယောက်က
လူငယ်သုံးယောက်ကို မသွားဖို့ ဗမာအသံ ခပ်ဝဲဝဲဖြင့်
တားနေခြင်းပင်ဖြစ်၏
….ရပါတယ်….အဘရဲ့….ကျွန်တော်တို့သုံးယောက်က
….အဲ့ဒီနေရာကို…..စိတ်ဝင်စားလို့….ရန်ကုန်ကနေ…
…ဒီအထိရောက်အောင်….လာကြရတာ…ပြန်လှည့်ဖို့
……ဘယ်လိုမှ…မဖြစ်နိုင်လို့ပါ….အဘ….
ဝေယံ ရန်ပိုင် မင်းမင်း သူတို့သုံးယောက် ခေါင်းခြင်း
ဆိုင် တိုင်ပင်ပြီးနောက် ပြန်မလှည့်ဖို့ ဆုံးဖြတ်ချက်ကို
ဝေယံမှ အဖိုးကြီးကို ပြန်ပြောလိုက်ခြင်းပင် ဖြစ်သည်
အဖိုးကြီးမှာ အတော်ကြာ စဥ်းစားလိုက်ပြီးမှ
သက်ပြင်းချခါ
….ကဲ…..တားမရတော့လဲ….သွားကြပေါ့ကွယ်……
…..နင်တို့သိချင်တဲ့….အဲ့ဒီဆေးရုံပျက်ကြီးအကြောင်း
…ငါပြောပြပါ့မယ်….
အဖိုးကြီး ပြောပြမယ်ဆိုသောကြောင့် သူတို့သုံး
ယောက် ကျေနပ်ပျော်ရွှင်လျှက် အဖိုးကြီးပြောမည့်
စကားကို ကိုယ်ဆီ နားစွင့်နေကြလေသည်
…..မင်းသွားမယ့့်….ဆေးရုံပျက်ကြီးရဲ့…
….နောက်ကြောင်းက….ဒီလိုကွ….
မြန်မာပြည်သည် လွတ်လပ်ရေးရပြီး နောက်ပိုင်း
ပြိုပျက်ခဲ့သမျှ အရာရာကို ပြုပြင်ရင်း ဆင်းရဲတွင်း
မှ ရုန်းကန်တတ်နေရသော အခိုက်လဲ ဖြစ်၏
ရှမ်းပြည်နယ်၏ နယ်စပ်မြို့လေးမှာတော့ ကိုလိုနီ
စနစ်ဆိုးများ တစ်ပိုင်းတစ်စဖြင့် သူတစ်လူငါတစ်မင်း
နှင့် စည်းလုံးမှု့ ပျက်ပြားနေ၍ တိုးတတ်မှု့က
နှောင့်နှေးလှသည် မြို့အစွန်ဘက်မှာ ဗြိတိသျှတို့
လက်ထက်ထဲက တည်ဆောက်ခဲ့သော ဆေးရုံကြီး
တစ်ခု တည်ရှိပြီး ထိုဆေးရုံဆောက်စဥ်က အရပ်သား
ပြည်သူတွေကို ကုသပေးဖို့ထက် သူတို့ စစ်သည်များ
ကိုသာ အထူးအရေးပေး ကုသပေးကြသည်
ဒီလိုနဲ့ အင်္ဂလိပ်အထွက် ဂျပန်အတတ်မှာ
စော်ဘွားများ ဦးဆောင်သော တော်လှန်ရေး
ရဲဘော်များနဲ့ တိုင်းတပါးစစ်သည်များ အပြင်းအထန်
တိုက်ပွဲ ဖြစ်ကြပြီး ဂျပန်စစ်သားများကို ထိုဆေးရုံ
၌ ကုသပေးရင်း ရရှိသော ဒဏ်ရာများနှင့် မချိမဆန့်
သေဆုံးခဲ့ကြသည်
လွတ်လပ်ရေးရပြီနောက်ပိုင်း ရွာတစ်ရွာမှာ ဝမ်း
ရောဂါလို ကူးစက်ရောတစ်မျိုးကြောင့် ရွာထဲမှာလူ
သုံးပုံတစ်ပုံခန့် ထိုဆေးရုံကြီးမှာ တတ်ရောက်ကုသ
ကြသော်လဲ ထူးဆန်းစွာနဲ့ ကျမ်းမာရေး ဝန်ထမ်းတစ်
ချို့နှင့်အတူ တစ်ညထဲ သေဆုံးသွားခဲ့ကြ၏
ထိုနောက်ပိုင်း ဆေးရုံကြီး၌ ပရလောကသားများ
မကျွတ်မလွတ်ဘဝနဲ့ ခြောက်လှန့်ကြလို့ ဆေးရုံ
တတ်ရောက်သူ နည်းပါးလာပြီး နောက်ဆုံး ပိတ်ပစ်
လိုက်ရတဲ့အထိဖြစ်လာခဲ့သည် တစ်ချို့ကတော့
သွားရင်လာရင် ဆေးရုံကြီးအနား ရောက်တဲ့အခါ
အထဲမှ ငြီးသံတွေ အော်ဟစ် ရုန်းကန်တဲ့အသံတွေ
ကြားရလို့ ကြောက်လန့်ပြီး သိပ်မသွားကြတော့ပါ
ဘူး အခုဆိုရင် ဆေးရုံကြီးက ခြုံနွယ်တွေ ထူထပ်
နေပြီး အိုဟောင်းစုတ်နေလေပြီ
…..ကဲ…..မင်းတို့သိချင်တဲ့…..ဆေးရုံပျက်ကြီးရဲ့….
….အကြောင်းကတော့…..ဒါပါပဲ….
ကြားရရုံနဲ့တင် ကျောချမ်းစရာမို့ သုံးယောက်လုံး
အနည်းငယ်တော့ စိုးထိတ်သွား၏ ထိုထဲမှ ရန်ပိုင်က
မင်းမင်းနဲ့ဝေယံထက် ပိုကြောက်တတ်သူဖြစ်ပြီး
ဒီခရီးကို အပျော်တမ်းဖြင့်သာ လိုက်လာခဲ့တာ
အခုလိုမျိုးကြားရတော့ ကြောက်စိတ်က စိမ့်ဝင်လာ
ခဲ့သည် အဖိုးကြီးလဲ လက်ဖက်ရည်တစ်ချိုက်မော့ပြီး
ဆိုင်ပြင်သို့ ပြန်ထွက်သွားလေတော့သည်
ညနေစောင်းပြီမို့ မြူများဆိုင်းလာခဲ့သည်
တောင်တန်းများကြား မေးတင်နေသော
နေဝန်းသည် ကမ္ဘာလောကကြီးကို
တစ်နေ့တာအတွက် နှုတ်ဆက်နေ၏
…..ဟိတ်ကောင်တွေ….အဖိုးကြီးပြောတဲ့အတိုင်း
ဆိုရင်…..ဆေးရုံပျက်ကြီးက….ဟိုအရှေ့မှာမြင်နေရ
တဲ့….တောင်ကုန်းပေါ်မှာ….ရှိနေရမှာကွ…..
ဝေယံ၏ စကားကြောင့် တောင်ကုန်းပေါ်သို့ သူတို့
လှမ်းကြည့်လိုက်သောအခါ အဆောက်အဦးပုံစံ
မျိုး လှမ်းမြင်နေရပြီး ခြုံနွယ်များဖြင့် ဖုံးအုပ်လျှက်
ခြောက်ခြားစရာအတိပင်
….ဝေယံ….ငါတို့….သွားလို့ဖြစ်ပါ့မလားကွာ…..
ရန်ပိုင်၏ တုန်ယင်နေသော အသံသည် ကြောက်နေ
မှန်း သိသာနေသည်မို့
…မင်းကဘာကြောက်နေတာလဲ….ငါတို့တွေ….
…ဒီပရလောကသားတွေကို…..စိတ်ဝင်စားလို့…..
….စိတ်တူကိုယ်တူ……ထွက်ခဲ့ကြတာလေ…..
မင်းမင်းက ထိုသို့ပြောတော့ ဝေယံက ရန်ပိုင်ရဲ့ ပခုံး
ကိုဖက်ရင်း
….လာပါကွာ….ဒါမျိုးက….ကြုံရခဲတယ်ကွ…..
…..မကြောက်ပါနဲ့….မင်းမင်းနဲ့ငါလဲ….ရှိနေတာပဲ…..
…ကဲ….လာ…..သွားကြရအောင်….နေဝင်နေပြီကွ….
…အိပ်ဖို့နေရာတွေ….လုပ်ရဦးမယ်….အထဲမှာက….
…ဘယ်လိုရှိမှန်းမသိဘူး….ပစ္စည်းတွေ….မကျန်ျန်ခဲ့
စေနဲ့နော်……
သုံးယောက်သား ပါလာသော ပစ္စညါးများကို
သယ်ပိုးရင်း ဆေးရုံပျက်ကြီးဆီသို့ သွားကြတော့
သည်
ခြုံနွယ်များကို ခက်ခက်ခဲခဲ ဆွဲဖယ်ရင်း ဓာတ်မီး
ဖြင့် အထဲသို့ ထိုးကြည့်လိုက်သောအခါ ခေတ်ဟောင်း
က ပရိဘောဂများနဲ့ လှပစွာ ဆင်ယင်ထားပုံရသည်
သို့သော် နှစ်တွေကြာခဲ့ပြီမို့ ခေါင်မိုးတစ်ချို့နေရာများ
ပေါက်ပြဲပြိုကြနေပြီး လေဒဏ်မိုးဒဏ် အတော်ခံခဲ့ရ
၍ ဖုန်များဖြင့် ဖုံးအုပ်လျှက် ပြိုလဲ ပျက်စီးနေလေပြီ
ဆေးရုံ လူနာစောင့်များ ထိုင်ရန်အတွက် အခန်းကျယ်
ဖြစ်ဟန်တူသည့်နေရာ၌ ပါလာသော ရွက်ဖျင်းတဲ
အား ဖွင့်လိုက်ပြီး ကိုယ်ဆီ နေရာယူလိုက်ကြသည်
ညသည် တစ်ဖြေးဖြေးနှင့် တိတ်ဆိတ်လာသည်နှင့်
အမျှ နှင်းများအုံဆိုင်းပြီး အနွေးထည်ထူထူ
ဝတ်ထားကြသည့်တိုင်အောင် အေးစိမ့်လျှက်
ပြိုပျက်နေသော သစ်သား အပိုင်းအစများဖြင့်
ထင်းမီးဖိုလေး ဖိုထားလိုက်ပြီး ပါလာသော အရက်
ပုလင်းကိုထုတ်ခါ သုံးယောက်သား စကားတစ်ပြော
ပြောဖြင့် ထိုင်သောက်ခဲ့ကြသည် ဒီညသည် သူတို့
အတွက် သွေးပျက်ချောက်ခြားဖွယ်ရာ ညဆိုတာကို
တော့ မည်သူမှ မသိနိုင်ပါပေ
ည ၁၁နာရီဝန်းကျင်ခန့် ရှိပြီမို့ သောက်သော
အရက်များသည်လဲ ကုန်သလောက်တော့ ဖြစ်ချေပြီ
သုံးယောက်လုံး အတော်မူးနေတာကြောင့် ဝေယံက
စကား စလာတော့သည်
….ဟိတ်ကောင်တွေ….ငါတို့လုပ်ငန်းစတော့မလား….
ယမကာတန်ခိုးကြောင့် သွေးကြွနေသော ရန်ပိုင်နှင့်
မင်းမင်းတို့ကလဲ ကိုယ်စီ ခေါင်းညိတ်လိုက်ကြ၏
….ကဲဒါဆို….ပစ္စည်းတွေ….ထုတ်ကြတော့…..
ကျောပိုးအိတ်ထဲမှ ဓာတ်မီးများ ကိုယ်စီ
ထုတ်လိုက်ကြပြီး ဆေးရုံ အတွင်းပိုင်းသို့ ဝင်ကြ
လေသည်
နံရံများမှာ နှစ်တွေကြာအောင် ပစ်ထားခဲ့ကြသည်
မို့ ရေညှိများတတ်လျှက် ပြိုတဲ့နေရာများက ပြိုကြ
နေပြီဖြစ်သည်
ဓာတ်မီးဖြင့် စိတ်ဝင်တစား လိုက်ထိုးရင်း အတွင်းပိုင်း
သို့ ရောက်လာကြသည်နှင့် ပို၍ မှောင်မိုက်လာပြီး
အနံ့အသက်များမှာ မသတီစရာ ကောင်းလှ၏
ခွဲစိတ်ခန်းအရှေ့သို့ သူတို့ရောက်သွားကြသည်နှင့်
…..မင်းမင်း….ငါတို့…..ဒီအခန်းထဲကို….ဝင်ကြည်မယ်
ကွာ….
ဝေယံက အဖော်ဆွယ်သည်နှင့် မင်းမင်းလည်း
ခေါင်းညိတ်ပြလိုက်ပြီး ရန်ပိုင်ကတော့ ကပ်လိုက်လာ
သည် တံခါးအရှေ့သို့ရောက်သော်
…..ဝုန်း…..
….အားးးးး……အမရေ…..
သူတို့ တံခါးအရှေ့ ရောက်သည်နှင့် အခန်းတံခါး
သည် ထူးဆန်းစွာ တစ်စုံတစ်ယောက်က ဆောင့်ကန်
လိုက်သလို ဝုန်းခနဲ ပွင့်သွားခြင်းကြောင့် ကိုယ်စီ
လန်ဖျန့်ပြီး ခေါ်လိုက်ကြခြင်းပင် ဖြစ်၏
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း
ရင်ဘက်ကိုယ်စီဖိကာ အထဲသို့ ဝင်လိုက်ကြစဥ်
အပုပ်နံ့များ မခံမရပ်နိုင်အောင် ထွက်နေပြီး
ဆေးပစ္စည်းများမှာ ဖရိုဖရဲဖြင့် နှစ်ပေါင်း၃၀ကျော်
ကြာခဲ့သည်တိုင်အောင် အခုထိ အပုပ်နံ့များ ထွက်နေ
ခြင်းသည် အံ့သြစရာ ခြောက်ခြားစရာပင် ဖြစ်နေ
သည်
အနောက်မှ ကပ်လိုက်လာသော ရန်ပိုင်မှာ တစ်ခုခုကို
ခလုတ်တိုက်ခါ လက်ထဲမှ ဓာတ်မီးလွတ်ကြသွား၏
ဓာတ်မီးကို ပြန်ကောက်ဖို့ ငုံ့လိုက်သည့်အခိုက်
……အားးးးး……..
ရှေ့မှသွားနေသော ဝေယံနှင့်မင်းမင်းတို့ လန့်ဖျန့်
သွားပြီး
….ဟိတ်ကောင်…ရန်ပိုင်….ဘာဖြစ်တာလဲကွ…..
မင်းမင်း မေးနေပါသော်လဲ ရန်ပိုင်ကတော့ ဘာမျှ
ပြန်မပြောပဲ ဆေးပစ္စည်းများ တင်ထားသော
ကျွန်းခုံကြီးရဲ့ အောက်တည့်တည့်သို့ လက်ညှိုး
ထိုးခါ ပါးစပ်က တစ်ခုခုပြောနေပေမဲ့ ပါးစပ်က
ဘာမှမထွက်
…..ဟိတ်ကောင်…..ဘာဖြစ်နေတာလဲဆို……
ဝေယံက စိတ်မရှည်ဟန်ဖြင့် ပခုံးကို ပုတ်လိုက်တော့
မှ
……အင်းးးး……
ရန်ပိုင်သတိပြန်ဝင်လာခဲ့ပြီး မင်းမင်းလက်မောင်းအား
တင်းကျပ်စွာ ဆွဲကိုင်ထားရင်း
…..ဟေ့ကောင်တွေ….အဲ့ခုံကြီးရဲ့အောက်မှာ…..
….သ….သရဲ….တွေ့တယ်ကွ….ပြုတ်ကျသွားတဲ့….
….ငါ့ဓာတ်မီးနဲ့….ထိုးမိလျက်သားကြီး….ဖြစ်နေတာ
ရန်ပိုင် တုန်တုန်ယင်ယင်နှင့် ပြောလာတော့ ဝေယံနဲ့
မင်းမင်းလဲ ခုံအောက်သို့ ဓာတ်မီးကိုယ်စီဖြင့်
ထိုးကြည့်ကြပေမဲ့ ဘာအရိပ်အယောင်မျှ မတွေ့ရပေ
….မရှိပါဘူးကွာ….မင်းအမြင်မှားတာ….နေမှာပါ……
ဝေယံထိုသို့ပြောတော့ ရန်ပိုင်က ခေါင်းခါလိုက်ပြီး
….မဟုတ်ဘူး…..ဝေယံ….ငါတစ်ကယ်တွေ့လိုက်တာ…
ကြားထဲက မင်းမင်း စိတ်မရှည်တော့သဖြင့်
…..လာကြစမ်းပါကွာ….ရှေ့ကိုဆက်သွားရအောင်…..
သူတို့သုံးယောက် ရှေ့သို့ တိုးလာခဲ့ကြပြီး ရင်ခွဲရုံ
ဘက်သို့ ချိုးကွေ့သော လမ်းထောင့်နားသို့ အရောာက်
….ဖျပ်….ဖျပ်…..ဖျပ်…..
အနောက်မှ တစ်စုံတစ်ယောက် ဖြတ်ပြေးသော
အသံကို ကောင်းစွာကြားလိုက်ရ၍ ကိုယ်စီလှည့်
ကြည့်လိုက်ပေမဲ့ ဘာမှမတွေ့ရပေ သူတို့ရှေ့ဆက်လာ
ရင်းနဲ့ ရင်ခွဲရုံ အခန်းတံခါးနားအရောာက်
…..ဟီး….ဟီး…..ဟီးးး……အားးးး…..အားးးး…..
အထဲမှ ညည်းငြူသံများ ရယ်သံများကို အပြင်ကပင်
ကြားနေရလေသည် ထူးခြားသည်မှာ နှစ်ပေါင်းများ
စွာ ကြာသည့်တိုင်အောင် အတွင်းထဲမှ အခန်းတံခါး
များသည် မပျက်စီးသေး တံခါး အတော်များများကို
ကျွန်းသားဖြင့် ပြုလုပ်ထားသောကြောင့်လား မသိပေ
ဝေယံ အခန်းတံခါးကို အသာလေးဖွင့်ပြီး အထဲသို့
ဖြေးဖြေးခြင်းဝင်သွား၏
….ဝုန်းးးးး……
….အမေရေ…..
သူတို့ အခန်းထဲရောက်သည်နှင့် အခန်းတံခါးမှာ
ဝုန်းခနဲ ပိတ်သွားခြင်းဖြစ်၍ ကြောက်လန့် အော်မိ
လိုက်ခြင်း ဖြစ်၏အထဲ၌ ညှီစို့စို့ အနံ့များဖြင့်ဖုံးလွှမ်း
နေပြီး အခန်းတစ်ခုလုံး ရေညှိများ ဖုန်များဖြင့်
အပြိုပြိုအလဲလဲ ရှိနေသောကြောင့် ကျောထဲက စိမ့်
နေအောင် ကြက်သီးများ ထလာခဲ့သည်
……အားးးးးးးး…….
မင်းမင်း၏ အော်သံကြောင့် ဝေယံဓာတ်မီးဖြင့် လှည့်
ထိုးကြည့်သောအခါ မင်းမင်းက အောက်ကိုညွှန်ပြ
လာ၍ မီးဖြင့် ထိုးကြည့်လိုက်သော အခါ
ပြိုပျက်နေသော ကုများအပေါ်၌ ဆွေးမြေ့နေသော
လူအရိုးစုများကို တွေ့လိုက်ရပါတော့သည်
….အမလေး…..လူ…..လူအရိုးစုတွေ…..
ရင်ခွဲရုံထဲ သင်္ဂြိုလ်ခြင်း မရှိပဲ ဒီအတိုင်း ထားပစ်ခဲ့
ကြဟန်တူသည် ကုတင်အတော်များများပေါ်မှာ
အရိုးစုများ ပုံပျက်ပန်းပျက်ဖြင့် အစီအရီရှိနေ၏
ရုတ်တရက် မင်းမင်း တစ်ခုခုကို သတိရသွားဟန်ဖြင့်
နောက်သို့ ဓာတ်မီးဖြင့် လှည့်ထိုးခါ
….ဟာ…..ဟိတ်ကောင်…..ဝေယံ….ရန်ပိုင်ရော……
မင်းမင်းထိုသို့ ပြောတော့မှ ဝေယံအနောက်လှည့်
ကြည့်မိသည် အခန်းထဲမှာ မင်းမင်းနှင့်ဝေယံတို့
နှစ်ယောက်သာရှိပြီး ရန်ပိုင် ပါမလာတော့ပေ
…….ဟာ…..ရန်…..ရန်ပိုင်…..အခန်းပြင်မှာ….ကျန်ခဲ့ပြီ
…..ဘယ်လိုလုပ်မလဲ……မင်းမင်း…..
မင်းမင်း လက်ထဲမှ ဓာတ်မီးဖြင့် ဟိုဟိုဒီဒီလိုက်ထိုး
ရင်း
…..လိုက်ရှာရမှာပေါ့ကွ…မင်းသိတဲ့အတိုင်း….
…..ရန်ပိုင်က…..အကြောက်ကြီးတဲ့ကောင်…..
ပြောရင်းနဲ့ တံခါးလက်ကိုင်ကိုကိုင်ကာ ဆွဲဖွင့်လိုက်ပေ
မဲ့ တံခါးက ဖွင့်မရတော့ပေ
…..ဟာ…..တံခါးက….ဘာဖြစ်နေတာတုန်းဟ…..
နှစ်ယောက်သား အားနဲ့ဆွဲဖွင့်ကြပေမဲ့ ဘယ်လိုမှမရ
ကြိုးစားပြီး ဆက်ဖွင့်နေတုန်းမှာပဲ….
….အားးးးးး……
အခန်းအပြင်မှ ရန်ပိုင်၏ အော်သံကြီးကို ကြားလိုက်
ရလေသည်
….ဟိတ်ကောင်….ရန်ပိုင်…..ဘာဖြစ်တာလဲ…ရန်ပိုင်…
မည်မျှပင် ခေါ်နေပါသော်လဲ ရန်ပိုင်ဆီက ဘာသံမှ
ထွက်မလာတော့ပေ သူတို့နှစ်ယောက် တံခါးကို
အားနှင့်ပြေးပြီး ကန်ဖွင့်လိုက်သောအခါ တံခါးချပ်
ကြီး ဝုန်းခနဲ ပွင့်ထွက်သွားလေတော့သည်
…..ရန်ပိုင်ရေ…..ဟိတ်ကောင်…..ရန်ပိုင်….
နှစ်ယောက်သား ဓာတ်မီးဖြင့် လိုက်ထိုးကြည့်ရင်း
တစ်နေရာအရောာက်မှာတော့ သူတို့ကို ချောခိုင်း
လျှက် ရန်ပိုင် မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ကြ
ရသည်
…..ဟိတ်ကောင်ရန်ပိုင်….မင်းဘာလုပ်နေတာလဲ…..
….ငါတို့က…မင်းကို….စိတ်ပူလို့….လိုက်ရှာနေတာ….
ဝေယံက လှမ်းပြောလိုက်တော့ ရန်ပိုင် အနောက်သို့
လှည့်လာပြီး သူမျက်နှာ ကြည့်ရတာ အတော်ငြိုးငယ်
နေပုံပါပဲ မင်းမင်းက စိတ်မရှည်တော့သဖြင့် အနားသို့
သွားပြီး ရန်ပိုင်လက်ကိုဆွဲကာ
….လာ…..ဟေ့ကောင်…..သွားမယ်….ကြောင်မနေနဲ့…
…..ဟင်……
မင်းမင်း လှမ်းဆွဲလိုက်သော ရန်ပိုင်လက်မှာ အေးစက်
နေသည်မို့ မင်းမင်းလန့်သွားသည်
…..ဟေ့ကောင်တွေ…..ဘာလုပ်နေတာလဲ….လာလေ
ကွာ…
ဝေယံလှမ်းခေါ်တော့မှ မင်းမင်းလဲ ရန်ပိုင်ကိုဆွဲခေါ်
ကာ ရှေ့ဆက်သွားခဲ့ကြသည် ဒီတစ်ခါ မီးသင်္ဂြိုလ်
စက်ဘက်သို့ သူတို့ ထွက်လာခဲ့ကြ၏ စက်အနား
ရောက်တော့ အတွင်းထဲမှာ အတော်ပြိုပျက်နေသည်မို့
ဝင်မရနိုင်ပေ ဒါကြောင့် သင်္ဂြိုလ်စက်ဘေးနားဝန်း
ကျင်ကို ဓာတ်မီးဖြင့် လိုက်ထိုးကြည့်တော့
….ဟာ……ဝေ…..ဝေယံ…..ဟိုညောင်ပင်အနောက်
ကို….သေခြာကြည့်စမ်း…..
သင်္ဂြိုလ်စက်အနား ပေါက်နေသော ညောင်ပင်ကြီး
အနောက်ဘက်မှ ခြေထောက်နှစ်ဘက် ထွက်နေ
သည်ကို နှစ်ယောက်လုံး မြင်လိုက်ကြရ၏ ထိုအခိုက်
ပတ်ဝန်းကျင်မှ ဘယ်ကလာမှန်းမသိသော ခွေးအူသံ
များ ဆွဲဆွဲငင်ငင်ဖြင့် အူလာတော့သည်
သူတို့တွေ ညောင်ပင်ကြီးအနား အသာတိုးကပ်သွား
ပြီးတော့ ကြောက်ကြောက်နှင့် ခြေထောက်နှစ်ဖက်
ထွက်နေသောလူကို ဓာမီးဖြင့် ထိုးကြည့်လိုက်စဥ်
….ဟာ….
…..ဟင်…..
…..ဟေ့ကောင်….ဝေယံ….သေချာစမ်းကြည့်ပါဦးကွ..
မင်းမင်းက ငိုသံပါကြီးနှင့်ပြောလာတော့ ဝေယံ
အသေအခြာ စမ်းကြည့်လိုက်ပြီးနောက် ခေါင်းခါပြ
လိုက်ရင်းခြေလှမ်းများ နောက်သို့ ယိမ်းယိုင်သွားရင်း
နှစ်ယောက်လုံး ပါးစပ်အဟောင်းသား ဖြစ်သွားပြီး
ထိတ်လန့့် ခြောက်ခြားနေပါတော့သည်
ခြေနှစ်ဖက် ထွက်နေသောလူမှာ အခြားလူမဟုတ်ပဲ
ရန်ပိုင်ပင် ဖြစ်နေလေ၏
….မင်း…..မင်း….မင်းမင်း….ရန်…..ရန်ပိုင်….သေ…..
…..သေပြီကွ….
ဝေယံ၏ တုန်ယင်နေသော အသံသည် မင်းမင်းရဲ့
ဦးခေါင်းများကို ကြီးသွားစေသည် မင်းမင်းလဲ
ညောင်ပင်အနောက် လဲနေသော ရန်ပိုင်၏
အလောင်းကိုကြည့်ရင်း တစ်ခုခုကို သတိရသွားပြီး
….ဝေ…..ဝေယံ….ဒါဆို…..ငါ…..ငါတို့နဲ့ပါလာတာက…
ပြောရင်းနဲ့ သူဆွဲခေါ်လာသော အနောက်မှ ရန်ပိုင်
ကို ဓာတ်မီးဖြင့် လှည့်ထိုးကြည့်လိုက်သော အခါ
….အားးးးး….
ရန်ပိုင်၏ ဦးခေါင်းတစ်ခုလုံး သွေးများ ချင်းချင်းရဲ
ကာနက်မှောင်နေသော မျက်ကွင်းအိမ်များနဲ့ မျက်လုံး
မှ သွေးကဲ့သို့ နီးမြန်းသော မျက်ရည်များ စီးကြနေ၏
မကြာမီ ရှေ့သို့ တိုးကပ်လာပြီး ပါးစပ်မှ
…..သူငယ်ချင်း….ငါကိုမထားခဲ့ပါနဲ့ကွာ….
…မင်းတို့မရှိရင်….အရမ်းမှောင်တယ်….နောက်ပြီး
သူ…..သူတို့….ငါ့ကို….ခြောက်လှန့်ကြမှာကွ…..
….ငါ့ကို….ပြန်…..ပြန်ခေါ်သွားပါကွာ…..ငါကြောက်
လို့ပါ….သူငယ်ချင်းရာ….
အသံသြသြကြီးဖြင့် ထိုသို့ ပြောလာသောအခါ
မင်းမင်းနှင့်ဝေယံ မျက်ရည်များမဆည်နိုင်
…ငါ….ငါတို့အမှာပါကွာ….မင်းကို….ဒီလိုနေရာ….
….ခေါ်လာခဲ့မိတာ….ငါ့တို့အမှားပါ….သူငယ်ချင်းရာ
ဝေယံပြောလဲပြော ငိုလဲငိုရင်း မကြာမီ သင်္ဂြိုလ်စက်
ကြီးစီမှ မီးခိုးများ အူထွက်လာ၏ အထဲမှာလဲ အော်
သံများ သွေးပျက်လုမတတ် ကြားရသောအခါ
……သူငယ်ချင်း….မင်းတို့ပြေးတော့….သူတို့လာနေပြီ
….ပြေးသူငယ်ချင်း….လွတ်ရာကို….အမြန်ပြေးတော့..
သူတို့ကြောင့် သေဆုံးပြီး မကျွတ်လွတ်နိုင်တဲ့ ဘဝ
ရောက်နေရတာတောင် သူငယ်ချင်းတွေအပေါ်
ချစ်တဲ့စိတ်နဲ့ ကူညီနေသော ရန်ပိုင်ကိုကြည့်ရင်း
ပိုလို့ ဝမ်းနည်းမျက်ရည်ကြမိသည်
….ဟေ့ကောင်…..ဝေယံ….ကြောင်မနေနဲ့….ပြေးတော့
မင်းမင်းက ဝေယံအား သတိပေးခါ လက်ထဲမှ ဓာတ်
မီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း အားကုန်
ပြေးကြတော့သည် ပါလာသော ပစ္စည်းများထားရာ
နေရာသို့ ပြန်ပြေးရင်း အနောက်မှ ပုံစံအမျိုးမျိုး
ဖြင့် အရိပ်လိုလိုအရာများ မာန်ဟုန်အပြည့်ဖြင့်
လိုက်ကြသည် ရင်ခွဲရုံနားအရောာက် ဝေယံ
ဓာတ်မီးက လက်ထဲမှလွတ်ကြသွား၏ အမှောင်ထဲ
လိုက်စမ်းရင်း ရှေ့မှပြေးနေသော မင်းမင်း ဝေယံပါ
မလာသဖြင့် ပြန်လှည့်လာတာကို ဝေယံလှမ်းမြင်ရ
သည် ထိုအခိုက်မှာပဲ
….ဝုန်း….
…..အားးးး….
အမိုးပေါ်မှ တစ်ခုခု ဝေယံအပေါ်သို့ ပြုတ်ကြလာပြီး
နာကျင်မှု့ကြောင့် အရာအားလုံး အမှောင်ကြသွားပါ
တော့သည်
ဝေယံ မျက်လုံးကို အားယူကာ ဖွင့်ကြည့်လိုက်တော့
ဓာတ်မီးရောင်သဲ့သဲ့လေး မြင်နေရ၏
….ဝေယံ…..ဝေယံရေ….
မင်းတစ်ယောက် ဝေယံအား အော်ခေါ်နေခြင်းကို
အမှောင်ထဲ၌ လဲနေသော ဝေယံ ကောင်းကောင်း
ကြားလိုက်ရသည်ည ပြန်ထူးဖို့ ကြိုးစားပေမဲ့ အာခေါင်
များ ခြောက်ကပ်လျှက် အသံကထွက်မလာ ဒီတော့
ဘေးနားမှာ အုတ်ခဲအကျိုးအပဲ့တစ်ခုကို ကောက်
လိုက်ပြီး မင်းမင်းရှိရာဘက်သို့ လှမ်းပစ်လိုက်သည်
အုတ်ခဲ အကျိုးပဲလေး မင်းမင်း ခြေထောက်နားသို့
ကြသွားဟန်ရှိသည် မင်းမင်း ဝေယံရှိရာဘက်သို့
ဓာတ်မီးဖြင့် ထိုးကြည့်လာရင်း
….ဟာ…..သူငယ်ချင်း….ဝေယံ…..
လဲကြနေသော ဝေယံရှိရာသို့ ပြေးလာထူတော့သည်
နှစ်ယောက်သား ပြန်ဆုံပြီမို့ ဝမ်းသာသွားကြပြီး
….သူငယ်ချင်း….မင်းမင်း….မိုးလဲလင်းတော့မယ်….
….ငါတို့ဒီကအမြန်ဆုံး….ပြေးကြရအောင်ကွာ…..
မင်းမင်းက ဝေယံ၏ လက်တစ်ဖက်ကို သူပခုံးပေါ်
တင်ပြီး တွဲခေါ်လာရင်း
….အေးပါကွာ….ငါတို့….အိမ်ပြန်ကြမယ်…အားတင်း
ထား….ဝေယံ….
ဝေယံကို တွဲခေါ်ပြီး အိပ်ယာလိပ်နဲ့ အထုပ်များ သိမ်း
ဆည်းကာ ဆေးရုံပျက်ကြီး၏ အပြင်ဘက်သို့ ထွက်
လိုက်သည်နှင့် အာရုံဏ်တတ်လာတော့သည်
မင်းမင်း မျက်နှာမှာ မျက်ရည်များဖြင့် ငြိုးငယ်လျှက်
….အိမ်ပြန်ကြမယ်…သူငယ်ချင်း…ငါမင်းကို….
…အိမ်ရောက်ပြန်ခေါ်မှာ….သိလား….
မင်းမင်းထိုသို့ ပြောနေရင်းကပင် ဝေယံ ဦးခေါင်းနဲ့
နားနှာခေါင်းများမှ သွေးများ စီးကြလာပါတော့သည်
….ဟင်…..မင်းမင်း…ငါ….ငါဘာဖြစ်တာလဲ…..
…မင်းမင်း….ငါ့ဘာဖြစ်တာလဲလို့….မေးနေတယ်လေ
ကွာ….ငါ…..ငါ…..
ဝေယံထိုသို့ မေးလာတော့မှ မင်းမင်း မြေကြီးအပေါ်
ထိုင်ချလိုက်ခါ ရှိုက်ကြီးတငင် ငိုကြွေးခါ
….ဟုတ်တယ်…ဝေယံ….မင်း…..မင်းသေပြီကွ….
….ဘာ?…??….
မင်းမင်း၏ စကားကြောင့် ဝေယံ သူကိုယ်သူ ပြန်စမ်း
ရင်း
….ငါ….ငါသေပြီဟုတ်လား….
မင်းမင်း ရင်ထဲမှာ ဆို့နင့့်ကြေကွဲလျှက်
….ဟုတ်တယ်….သူငယ်ချင်း….မင်းကိုငါလာခေါ်ထဲ
က….မင်းဘေးနားက…အုတ်ပုံထဲမှာ…မင်းအလောင်း
ကို….ငါတွေ့ခဲ့တာကွ….
…..ဟာကွာ….
ဝေယံ မျက်ရည်များကြလျှက်
….မင်း….အဲ့ဒီမှာထဲက….ဘာလို့….မပြောရတာလဲကွာ
မင်းမင်း ဝေယံမျက်နှာကို တစ်ချက်မော့ကြည့်ပြီး
….ငါ….ငါမင်းကို….အိမ်ပြန်ခေါ်သွားချင်လို့ပေါ့ကွာ…
ဝေယံ မျက်ရည်များကို သုတ်ရင်း
…မင်းရူးနေလား….ငါကသေပြီလေကွာ…သူငယ်ချင်း
…မင်းပြေးတော့….မင်းဆက်နေရင်….မင်းပါသေမှာ…
မင်းမင်းကို ဝေယံ ပြန်လွှတ်နေပါပြီ
….မင်းတို့မပါပဲ….ငါမပြန်ဘူးကွ…..ငါမပြန်ချင်ဘူး…
မင်းမင်း၏ စကားကြောင့် ဝေယံရင်ထဲဆို့နင့့်လျှက်
….သူငယ်ချင်း….မင်းမင်း….မင်းပြန်ပါတော့ကွာ….
….ဟာ…..ရန်ပိုင်…
ရန်ပိုင်လဲ မင်းမင်းအနား ရောက်ရှိလာပြီး မင်းမင်း
အား ပြန်လွှတ်နေပါတော့သည်
…..ဟုတ်တယ်မင်းမင်း….ငါတို့နဲ့မင်း…ဘဝခြားနေပြီ
သူငယ်ချင်း….မင်းအမြန်ပြန်တော့…..ငါတို့ကိုချစ်ရင်
….မင်းအိမ်ရောက်အောင်ပြန်မယ်လို့….ကတိပေးပါ
ကွာ….
ဝေယံ၏ ငိုသံသဲ့သဲ့ စကားကြောင့် မင်းမင်း ခေါင်း
ငြိမ့်လက်ခံလိုက်ရပါတော့သည်
…ငါကတိပေးပါတယ်ကွာ….မင်းတို့အလောင်းတွေကို
လဲ…ငါလာပြန်ယူပြီး….ကောင်းမွန်စွာ….သင်္ဂြိုလ်
ပေးမှာပါနော်….
ပြောလဲပြော ငိုလဲ ငိုနေသော မင်းမင်းအား ရန်ပိုင်မှ
….ကဲ…သူငယ်ချင်း…သွားတော့…..
မင်းမင်း အထုပ်များကိုလွယ်ရင်း မျက်ရည်များဖြင့်
သူတို့ကို လှည့်ကြည့်လိုက်တော့ ဝေယံနှင့်ရန်ပိုင်တို့
တစ်ယောက်ပခုံးကို တစ်ယောက်ဖက်လျှက်
လက်တွေ ဝှေ့ယမ်းနှုတ်ဆက်ရင်း ဆေးရုံပျက်ကြီး
နဲ့တစ်ဖြေးဖြေးဝေးကာ သူတို့လဲ ပျောက်ကွယ်သွား
ပါတော့သည် မစပ်စုသင့်တာ စိတ်မဝင်စားသင့့်
တာကို စိတ်ဝင်စား စပ်စုခဲ့မိသမျှ ဤတစ်ကြိမ်မှာ
ဘယ်တော့မှ မေ့လို့ရမည် မဟုတ်ပါပေ
လူကြီးများကို ဖုန်းဆက်ခေါ်ကာ သူတို့အလောင်း
များကို သွားသယ်ပြီး ရန်ကုန်သို့ ပြန်သယ်ကာ
ကောင်းမွန်စွာ ဂူသွင်းသင်္ဂြိုလ်ပြီး မင်းမင်းလဲ ပြည်ပ
သို့ အလုပ်ဖြင့် ထွက်ခွာသွားခဲ့သည် ထိုနောက်ပိုင်း
အဲ့ဒီဆေးရုံပျက်ကြီးနေရာကို အစိုးရအမိန့်ဖြင့်
ဖြိုဖျက်ခါ သစ်တောကြိုးဝိုင်း ဧရိယာအတွင်းသို့
သိမ်းယူပြီး ကျွန်းသစ်များ စိုက်ပျိုးလိုက်ကြပါတော့
သည်🌿🌿🌿
.
.
ပြီးပါပြီ
.
ဆက်လက်ကြိုးစားပါဦးမည်
.
.လေလွင့်လူ(တွံတေး)20.7.2022