လမ်း(စ/ဆုံး)
———–
” ချလွင် ချလွင် ကျီ က်ြီ ကျွီ
ဂလောင် ဂလောင်”
ခြူသံတလွင်လွင်နှင့်နွားလှည်းသွားနေသည့်အသံကြောင့် အိပ်ပျော်နေသည့် မခင်ရီလန့်နိုးသွားသည်။ နွားလှည်းများ ညအချိန်မတော် ဘယ်ကိုသွားနေကြပါလိမ့်ဟုတွေးကာ ခင်ပွန်းဖြစ်သူကိုသက်ကိုနှိုးလိုက်ပါတော့သည်။
”ကိုသက်ကိုသက် ခဏထပါဦး။နွားလှည်းသံတွေကြားလို့ ထကြည့်ရအောင်”
ဇနီးသည် အတင်းလှုပ်နှိုးသောကြောင့် အိမ်ချင်မူးတူးဖြင့်ကိုသက်ထထိုင်လိုက်ပါသည်။
”ခင်ရီကလဲကွာအိပ်လို့ကောင်းနေတဲ့အချိန်ကြီးကို”
”ကဲထပါ။အပြင်ထွက်ကြည့်ရအောင်”
ဆောင်းလေ တဖြူးဖြူးတိုက်ခတ် နေသောကြောင့် အေအးဓာတ္က အသားထဲသို့ စိမ့်ခနဲ တိုးဝင်လာတော့သည်။ လပြည့်ညဖြစ်သောကြောင့်လည်း လမင်းကြီးကထိန်ထိန်သာ လို့နေပါတော့သည်။
လင်မယားနှစ်ယောက်တဲအပြင်သို့ ထြက္ကာ ဟိုဟိုဒီဒီ လိုက်ကြည့်နေတော့သည်။
”ကိုသက် ဒီဘက်ကိုကြည့်လိုက်။ဟိုးမှာတွေ့လား။လှည်းတန်းကြီး။မီးတွေလဲလင်းလို့”
”ဘယ်မှာလဲငါမမြင်ပါဘူး။”
”ဟိုး မှာလေ ။ဒီလောက် လှည်းတန်းအရှည်ကြီးသွားနေတာကို။”
“မခင်ရီ လက်ညှိုးထိုးပြနေသော်လည်း ကိုသက်မမြင်ချေ။”
”ငါတော့ဘာမှမမြင်ဘူးခင်ရီ။ငါက ညဘက်တွေဆိုရင် ကြက်မျက်သင့်နေလို့ အဝေးကိုမမြင်ရတာ နင်မသိဘူးလား။ လာပြန်အိပ်ကြမယ်”
မီးရောင်ထိန်ထိန်လင်းနေသောလှည်းတန်းကြီး အား ကိုသက်မမြင်တာ ခင်ရီတယောက်နားမလည်နိုင်အောင် ဖြစ်နေပါတော့သည်။
ဘုရားကုန်းရွာဘက်သို့ယနေ့မှဇနီးမောင်နှံနှစ်ဦးပြောင်းရွေ့လာခဲ့ကြခြင်းဖြစ်သည်။ လက်ထဲငွေကြေးအနည်းငယ်စုဆောင်းမိ၍ ခြံဝယ်လိုက်နိုင်ခြင်းဖြစ်သည်။ ခြံဝန်းအား စျေးချိုချိုသာသာဖြင့် ရလိုက်သည့်အပြင်နေထိုင်စရာ တဲအိမ်တလုံးပါရှိသည်။ ခြံထောင့်စွန်းတွင် ရှိသော တဲအိမ်ပေါ်တွင်သာ အိပ်ယာခင်း ကာ အိပ်နေကြခြင်းဖြစ်သည်။
”အော် အီး အီး အွတ်”
”တုံတုံတုံ ”
လင်းကြက်များ တွန်သံနှင့်အတူ ဘုန်းကြီးကျောင်းမှ ကုလားတတ် ခေါက်သံပါ တဆက်ထဲကြားနေရသည်။ အိပ်ယာအပြောင်းအလဲ ဖြစ်နေသောကြောင့် ခင်ရီ အိပ်မပျော်နိုင်သေးချေ။ ထိုစဉ် မွှေးအီ လွန်းသည့် ပန်းရနံ့ တမျိုး ခင်ရီနှာခေါင်းဝသိုဲ့တိုးဝင်လာတော့သည်။
”ဟယ် မွေးလိုက်တာ။ဘာပန်းရနံ့လည်းမသိဘူး”
ခင်ရီတကိုယ်တည်းရေရွတ်နေမိသည်။ထိုရနံ့များနှင့်အတူ စကားပြောသံ သဲ့သဲ့လေးပါကြားနေရသည်။ ခင်ရီစိတ်ထဲဇဝေဇဝါ ဖြစ်နေတော့သည်။
”ခင်ရီ ညကမင်းအိပ်မပျော်ဘူးလား”
”ဟုတ်တယ် ယောကျာင်္းရေ။ညကထူးထူးဆန်းဆန်းတွေ ချည်းဖြစ်နေတယ်”
”ဟေ မင်းက ဘာတွေထူးဆန်းတာတွေဖြစ်နေတာလဲ”
”ညက ပန်းရနံ့တွေရော စကားပြောသံတွေရော ကြားရတယ်။ ဒီခြံအကျယ်ကြီး ထဲကေန လူတွေဖြတ်သွားကြတာထင်တယ်”
”မဖြစ်နိုင်တာကွာ။ညဘက် လေသင့်ရင် ပန်းနံ့က ရတတ္တာပဲကို”
ခင်ပွန်းသည် ကိုသက်သည် အရက်သောက်တတ်သည်။တခါတရံအရက်သောက်များသွားသည့် နေ့ဆိုရင် သွေးအလွန်းဆိုးသောကြောင့် ခင်ရီတယောက် စကားပင် ဟဟမပြောရဲပေ။ကိုသက်သည်သရဲတစ္ဆေများအား ယုံကြည်ခြင်းမရှိသလို နတ်များလည်း မယုံကြည်ပါ။
”ခင်ရီ အိမ်အသစ်ဆောက်ဖို့ ငါသစ်တွေ သွားဝယ်ဦးမယ်။လက်သမားပါတခါတည်းငှားခဲ့မယ်။နင် က အိမ်ဆောက်မယ့်နေရာ ကိုသေချာရှင်းလင်းထား။ငါမနေ့ကပြတဲ့ နေရာနော်”
”အေးပါတော်။ ”
ကိုသက်သစ်ဝယ်ဖို့ ထွက်သွားသည်နှင့် တဲအောက်တွင်ထားသော ပေါက်ပြားတစ်လက်ကိုယူကာ ခင်ရီထွက်လာပါတော့သည်။
ခြံ အလယ် မြေကွက်ပေါရှိ မြက်များအား ပေါက်ပြားဖြင့် ရှပ်လိုက်ပါတော့သည်။ မြက်ပင်များရှင်းလင်းပြီးသည့်နှင့် ရေဖြန်းကာ မြေသိပ်ထားလိုက်သည်။
”ဝွါး အမေလး ဘယ်လိုဖြစ်ပါလိမ့်။ အိပ်ချင်လိုက်တာ။ငါညက အိပ္မေပ်္လာို့ ထင်တယ်”ဟုပြောကာ တဲသို့ပြန်၍ခင်ရီ အိပ်လိုက်ပါတော့သည်။
”အမအမ ခဏထပါဦး”
အိပ်ပျော်နေစဉ် မိန်းမပျိုလေး နှစ်ဦး လာနှိုး သောကြောင့် ခင်ရီလန့်နိုးသွားသည်။
”သြော်အေး အေး။ ညီမတို့ က ဘယ်ကလဲ။အိမ်ထဲဝင်ကြဦးလေ”
“မဝင်တော့ဘူး အမ။အမကိုပြောစရာရှိလို့ပါ”
”ပြောလေညီမလေး။ဘာပြောစရာရှိတာလဲ။”
”ဒီလိုပါအမရယ်။အမတို့အိမ်ဆောက်မယ့် နေရာကို ရွှေ့ပေးပါ။ ခြံစည်းရိုးဘက် ကပ်ဆောက်ပေးပါ။ညီမတို့ လမ်းသွားရင်မလွတ်မှာစိုးလို့ပါ”
”အေးပါညီမရယ်။အမယောကျာင်္းလာရင် ပြောပေးပါ့မယ်နော်”
”ကျေးဇူးပါအမ။ညီမတို့ သွားဦးမယ်နော်”
စိမ်းပြာရောင် ချိပ်ထမီးဝမ်းဆက်လေးဖြင့် ကျက်သရေရှိလှသည့် မိန်းမပျိုလေး နှစ်ယောက် ခင်ရီဆီသို့ လာရောက် အကူအညီတောင်းကာ ပြန်ထွက်သွားလေသည်။ သူမတို့နှစ်ဦးထွက်သွားသည်နှင့် မွှေးအီသောပန်းရနံ့သည် တဲတခုလုံး မွှေးကြိုင်လေတော့သည်။
” ခင်ရီ ခင်ရီ ဟ ဒီမိန်းမတော့ ကုလားသေ ကုလားမော အိပ်နေရလားဟ”
ကိုသက်အသံကြောင့်ခင်ရီ လန့်နိုးသွားလေသည်။
”ဟယ်ကိုသက် ဘယ်အချိန်ကပြန်ရောက်နေတာလဲ။ဟိုညီမနှစ်ယောက်နဲ့တွေ့လိုက်သေးလား”
”အိပ်ချင်မူးတူးနဲ့ဘာတွေလာပြောနေတာလဲ။ နေပူထဲကပြန်လာတာ မောရတဲ့အထဲ။ဒီမိန်းမကတမှောင့်”
ကိုသက်အပြစ်တင်သည်ကိုခင်ရီ မည်သို့မှမဖြေရှင်းတော့ပဲ နေလိုက်တော့သည်။ အိပ်မက် မက်သည့်အကြောင်းလည်း မပြောပြမိတော့ချေ။
အိမ်ဆောက်ရန်လိုအပ်သည့်ပစ္စည်းများ ဝယ်ယူပြီးသည်ဖြစ်၍ လက်သမားငွားကာ စတင်ဆောက်လုပ်တော့သည်။
အိမ်ဆောက်ရက် သတ်မှတ်ရွေးချယ်ကာ အိမ်တိုင်အပြီးထူနိုင်ခဲ့သည်။
”မခင်ရီ မခင်ရီ”
”ဟေဘယ်သူလဲ”
”ကျွန်မတိ့ုပါ.။ မခင်ရီကိုပြောထားတယ်လေ။အဲ့နေရာမှာအိမ်မဆောက်ပါနဲ့လို့။ ဘာလို့ဆက်လုပ်နေကြတာလဲ။”
”ညီမရယ်အမလည်းပြောမလို့ပါပဲ။အမယောက်ကျာင်္းက တဇွတ်ထိုးသမားဆိုတော့ ပြောရခက်တယ်”
”ဒီလောက် သတိပေးနေရဲ့သားနဲ့အိမ် ဆက်ပြီးဆောက်မယ်ဆိုရင်အဆိုးမဆိုနဲ။”
ညီမနှစ်ယောက်ထဲမှအငယ်ဖြစ်ဟန်တူသည့် မိန်းခလေးမှဒေါသ ထွက်ကာကျိန်းမောင်းနေတော့သည်။
”နန်းသီ အဲ့လိုတွေမပြောရဘူးလေ။အမတော်ပြောမယ်။ညီမတော်က စိတ်ကိုလျော့ပါ”
”မမ နန်းကြာအဲ့ဒီလို အလျော့ပေးနေလို့ လူသားတွေက ဂရုမစိုက်ကြတာ။အခုညီမတို့ ဘုရားဖူးဖို့ သူတို့ တွေလမ်းပိတ်ထားကြပြီလေ”
ထိုညီမနှစ်ယောက်ပြောနေသည်များအား ခင်ရီတယောက် ဘာတခုမှနားမလည်အောင်ဖြစ်နေပါတော့သည်။
”မခင်ရီ အခုဆောက်လက်စအိမ်ကိုဖျက်ပေးပါ။ဒီအတွက် ဆုံးရှုံး ရတာတွေကို ကျွန်မပြန်ပေးပါ့မယ်။ မခင်ရီတို့ခြံနောက်ဖက် လယ်ကွင်းနားက ညောင်မုတ်ဆိတ်ပင်အောက်ကို မနက် ၃နာရီမထိုးခင် တယောက်တည်းလာခဲ့ပါ။ တသက်လုံးစားမကုန်အောင် ပစ္စည်းတွေပေးပါ့မယ်”
မခင်ရီအား ထိုသို့ပြောဆိုကာ ညီမနှစ်ဦးပျောက်ကွယ်သွားသည်။မခင်ရီး ကြက်သီးများ တဖြန်းဖြန်းထကာခင်ပွန်းသည်အား နှိုး၍ အကြောင်းစုံပြောပြလိုက်လေသည်။
”မင်းကတော့လေ ။အိပ်မက်ပဲ မက်ချင်ရာမက်နေမှာပေါ့။ငါ့ကို မဟုတ်သုတ်ခစကားတွေ လာမပြောနဲ့။သူတို့က တကယ်ချမ်းသာအောင် လုပ်ပေးမယ်ဆိုရင် အဲ့ပစ္စည်းတွေ မင်းသွားယူလေ။ မင်းသွားယူလို့ ရလာရင်ငါဖျက်ပေးမယ်။”
”ကျွန်မတယောက်တည်း မသွားရဲပါဘူး။ဘာမှန်းမသိပဲနဲ့။”
”ဒါပဲလေ။မင်းရဲ့အရေမရအဖတ်မရတဲ့ အိပ်မက်အကြောင်းငါ့ကိုနောက်ထပ်လာမပြောနဲ့။အိပ်တာတောင်ကောင်းကောင်းမအိပ်ရဘူး။”
ရက်များလည်းတစ်ရက် တစ်ရက်နှင့် ကုန်ဆုံးကာအိမ်အသစ်ဆောက်လုပ်ပြီးစီးလေသည်။
”ကိုသက် အိမ်သစ်တက်ပွဲလေးလုပ်ရအောင်။ အိမ်နီးချင်းတွေနဲ့လည်း ရင်းနှီးတာပေါ့”
”အေးပါ။ နင်လိုက်ဖိတ်ထားလိုက် ။လပြည့်နေ့အိမ်တက်မင်္ဂလာလုပ်ကြတာပေါ့”
အနီးပတ်ဝန်းကျင်မှ လူအနည်းငယ်ဖိတ်ကာ ဘုရားကုန်းဘုန်းကြီးကျောင်းမှ ဆရာတော် သုံးပါး ပါပင့်ဖိတ်ခဲ့သည်။
ဘုရားကုန်းဘုန်းကြီးကျောင်းသို့ ပထမဆုံး ခင်ရီရောက်ဖူးခြင်းဖြစ်သည်။
ဘုန်းကြီးကျောင်းဝန်းကြီးသည် နှစ်ဧကလောက်အကျယ်အဝန်းရှိသည်။ ရွှေရောင်လွှမ်းနေသည့်စေတီတဆူနှင့် စေတီ နံဘေးတွင် ကန်အကျယ်ကြီး တစ်ကန်ရှိလေသည်။
သစ်ပင်ကြီးငယ်အသွယ်သွယ်ဖြင့် အုံ့ဆိုင်းနေသည်။ စေတီအား ထိုင်ရှိခိုးလိုက်သည်နှင့် နောက်ကျောမလုံသလိုခင်ရီ ခံစားရသည်။ကြက်သီးများလည်း အလိုလို ထနေသည်။ ဦးအမြန်ကုန်းချကာ ကျောင်းဝန်အတွင်းမှ ခပ်သွက်သွက် လေးပြန်ထွက်လာခဲ့တော့သည်။
”အဒေါ် မုန်ဟင်းခါးစားလို့ကောင်းရဲ့လား။ထပ်ထည့်ပါဦး”
”အေး ကောင်းတယ်အေ့။ဘယ်သူချက်တာလဲ”
”ကျွန်မခင်ပွန်းချက်တာပါ”
”ဒါနဲ့ ညည်းတို့ ဒီခြံဝယ်တာ ဘာမှမထူးခြားဘူးလား”
အိမ်တက်မင်္ဂလာအတွက် ကျွေးမွေးနေရင်း အိမ်နီးချင်းများနဲ့ ခင်ရီစကားလက်ဆုံကျနေသည်။ မနက်အာရုံဆွမ်း ဖြင့်သံဃာတော်များအားကပ်လှူ ပြီး၍ လာရောက်သုံးဆောင်သူများကို ကျွေးမွေးနေခြင်းဖြစ်သည်။
အိပ်မက်အကြောင်းအား ဒေါ်အေးပုံ၊ဒေါ် မြ၊ ဒေါ်ချစ်ပိုဆိုသည့် အဒေါ်ကြီး သုံးယောက်ထိုင်သည့်စားပွဲ ဝိုင်းတွင် ပြောပြလိုက်လေသည်။
ဒေါ်အေးပုံမှ
”ဒီခြံပိုင်ရှင်တွေ လည်း အဲ့လိုပြောကြတာကြားဖူးတယ်။အရင်သူတို့ပြောင်းလာတော့ စီးပွားရေးတွေ အဆင်ပြေတယ်။နောက်ပိုင်း ခြံကိုစျေးပေါပေါနဲ့ ရောင်းရတဲ့အထိဖြစ်သွားတာ။”
”ဟုတ်လား။ဒါဆိုဒီခြံက တခုခုကိုထူးခြားနေပြီ။ကျွန်မကြောက်လိုက်တာအဒေါ်ရယ်'”
”ညည်းစိတ်ထဲမသန့်ရင် ရွာအစွန်နားမှာ ဒေါ်မယ်အိုဆိုတဲ့အဘွားတယောက်ရှိတယ်။သူကအကြားအမြင်ရတယ်။ဗေဒင်ဟောတယ်။သွားမေးကြည့်ပါလား။လိုက်ပို့ပေးမယ်”’
ခင်ရီတယောက် စိုးရိမ်စိတ်၊ကြောက်စိတ်များ အလိုလိုဝင်လာတော့သည်။ထိုအကြောင်းများအား ကိုသက္ကို ပြောပြရန် ဆွံအနေပြန်သည်။
တနေ့လုံး ကျွေးမွေးဧည်ခံရ၊အိုးခွက်ပန်းကန်များ ဆေးကြောရ၊သန့်ရှင်းရေး လုပ်ရနှင့် တကိုယ်လုံးနာကျင်ကိုက်ခဲနေသောကြောင့် လင်မယားနှစ်ယောက်အိပ်ယာစောစောဝင်ခဲ့သည်။
”ငါတို့သွားမယ့်လမ်းကို နင့်တိ့ုက ပိတ်ထားတယ်။အကြိမ်ကြိမ်သတိပေးရဲ့သားနဲ့။ငါ့တို့ကုသိုလ်ကောင်းမှုလုပ်နေတာကို ဟန့်တား နှောက်ယှက်တဲ့အတွက် နင့်တို့ကိုမကျေနပ်ဘူး။”
ဒေါသတကြီးဖြင့်ရန်တွေ့နေသည့်နန်းသီဆိုသည့် အမျိုးသမီးငယ်၏မျက်နှာသည် ခက်ထန်နေသည်။ခင်ရီလည်း ကြောက်လန့်တကြီးဖြင့်တောင်းပန်နေရှာတော့သည်။
”’စိတ်မဆိုးပါနဲ့ညီမရယ်။မနက်ကျရင် အိမ်ဖျက်ခိုင်းပါ့မယ်။အမတို့ကိုဘာမှမလုပ်ပါနဲ့။တောင်းပန်ပါတယ်။မလုပ်ပါနဲ့နော်”
”ဟဲ့ခင်ရီ ဘာတွေအော်နေတာလဲ။တဝူးဝူး တဝါးဝါးနဲ့”’
ကိုသက် ပခုံးကိုင်လှုပ်၍ခင်ရီအားပြောလိုက်သည်။တကိုယ်လုံးချွေးများ ရွှဲနစ်ကာ ကြောက်လန့်နေသည့် ခင်ရီအား
”မိန်းမ ဘာဖြစ်တာလဲ။နေမကောင်းဘူးလား။”
”ကိုသက် က်နြ္မတို့ ခုနေတဲ့အိမ်ကိုဖျက်ပေးလိုက်ရအောင်။ဒါက လမ်းမလွတ်ဘူးတဲ့။သူတို့သွားလို့မရလို့ စိတ်တွေဆိုးနေကြတယ်”
”မင်းစကားက အရင်းမရှိ ၊အဖ်ားမရွိ ဘာတွေပြောနေတာလဲ”
”ဒီလို ကိုသက်ရေ~~~~~~~~^~~~>~~~~”
”ဟားဟားဟား။မင်းပြောချင်တာ ဥစ္စာစောင့်တွေပေါ့။အဲ့ဒီဥစ္စာစောင့် ညီမနှစ်ယောက်က အတော်ချောမှာပဲ။ငါလည်းနောက်မိန်းမ နှစ်ယောက်ထပ်ရတာပေါ့ကွာ။ဟားဟား””
”ကိုသက် ရှင်ဘယ်လိုတွေပြောလိုက်တာလဲ။ပါးစပ်ကစည်းကမ်းကိုမရှိဘူး”
”မင်းပါးစပ်ပိတ်ထား ခင်ရီ။ငါဒါတွေ အယုံအကြည်မရှိဘူး။တကယ်မင်းပြောတာတွေ အမှန်ဆိုရင် ငါကိုဘာလို့အိပ်မက်မပေးလဲ။ငါ့ဆီက လာခွင့်တောင်းလေ”
”ဒါတော့ ဘယ်သိမလဲတော်။ ရှင့်ကိုက အယုံအကြည်မရှိတာ။ဘယ်သူက လာပြောမှာလဲ”
သန်းခေါင်းကျော် လင်မယားနှစ်ယောက် စကားမ်ား ရန်ဖြစ်နေကြတော့သည်။
ထိုအချိန်တွင်
”တောက် ”
တောက်ခေါက်သံ တချက် ခင်ရီကြားလိုက်ရသည်။
”ကိုသက် ရှင်ကြားလိုက်လား။တောက်ခေါက်သံလေ။”
”ဘာသံမှမကြားဘူး။မင်းပြောတဲ့ ညီအစ်မနှစ်ယောက်လာနေပြီလား။ဒါဆို ငါ့အနားလာခဲ့လို့ပြောလိုက်။ ငါ့ကိုမြင်အောင်ပြခိုင်းလိုက်”
”တော်ပြီ။ရှင့်ကို ဆက်မပြောတာပဲကောင်းတယ်။ညီမလေးတို့ရေ အမတောင်းပန်ပါတယ် ။စိတ်မဆိုးကြပါနဲ”
ခင်ရီကြောက်လန့်တကြီးတောင်းပန်နေသော်လည်း ကိုသက်မှာမူ ခြင်ထောင်ထဲပြန်ဝင်အိပ်နေပါတော့သည်။
မီးဝင်းဝင်း တောက်နေသည့် မျက်လုံးအစုံဖြင့် ခါးထောက်ကြည့်နေသည့် မိန်းမပျိုတဦးအား ကိုသက်တယောက်မြင်နိုင်ခဲ့ရင်မူ ။
”အားကျွတ် ကျွတ်အ အီး
ဟာကြာတောက်အောင့်လိုက်တာကွာ”
အစာပြေစားနေရင်း ကိုသက် ဗိုက်အောင့်လာပါတော့သည်။မခံမရပ်နိုင်အောင် အောင့်နေသည့်အပြင် ခေါင်းပါကိုက်လာတော့သည်။
”ကိုသက် ဘယ်လိုဖြစ်ရတာတုန်း”
”စကားရှည်မနေနဲ့နဲ့။လေဆေးရှိရင်ပေးစမ်း။ခေါင်းကကိုက်သေး”
အိမ်တွင်ဆောင်ထားသောလေးဆေး အား တိုက်လိုက်လေသည်။သို့သော်ထူးခြားမလာချေ။ပို၍အောင့်လာသည်ဟုဆိုကာ အော်ဟစ်နေတော့သည်။ ဆရာဝန် ပင့်မှရတော့မည်ဖြစ်၍ခင်ရီအပြေးအလွှား ဆရာဝန်ပင့်ခဲ့လေသည်။
”လေထိုး တာပါ။အစာမကြေတော့ ဒီလိုဖြစ်တတ်ပါတယ်။ အစာအိမ် လည်းကောင်းတယ်။အူအတက်လဲမပေါက်ဘူး။စိုးရိမ်စရာမရှိပါဘူး။ခေါင်းကိုက်ပျောက်ဆေးလဲပေးခဲ့မယ်။”
ဆရာဝန်စမ်းသပ်စစ်ဆေး ကာ ဆေးများပေးပြီး ပြန်ကြွသွားသည်။ဆရာဝန်ဆေးတလုံး ထိုးပေးခဲ့သည့်ဆေးအရှိန်ဖြင့် ကိုသက် အိပ်ပျော်သွားသည်။
“အား အား အောင်မလေးဗျာ။အောင့်လိုက်တာ။ ”
ဗိုက္ကိုနိပ္ကာ ကိုသက် အသားကုန်အော်နေတော့သည်။ ထိုသို့ ဗိုက်အောင့် လာသည်နှင့်ခေါင်းကပါ မခံမရပ်နိုင်အောင် ကိုက်တော့သည်။
”ကဲကြာ ကိုက်ဦးကိုက်ဦး။ဒုန်းဒုန်းဒုန်း”
”အမေလး ကိုသက်ရေ ဘယ်လိုဖြစ်ရတာတုန်း”
မီးဖိုထဲ ဆန်ပြုတ်ပြုတ်နေသည့် ခင်ရီပြေးထွက်လာကာ ကိုသက်အား နောက်မှ လက်ဖြင့်ဖမ်းချုပ်လိုက်သည်။
”ငါ့ကိုလွှတ်စမ်း။ ဒီလောက်ကိုက်ချင်တဲ့ခေါင်း ကွဲအောင် တိုင်နဲ့ထပ်ဆောင့်မယ်”
လက်နှစ်ဖက်ဗိုက်မှာဖိရင်း ခေါင်းကိုတိုင်နဲ့ကိုသက်ဆောင့်နေခြင်းဖြစ်သည်။
”မလုပ်ပါနဲ့ကိုသက်ရယ်။ဆရာဝန် ပေးထားတဲ့ဆေး ထပ်သောက်ရင် သက်သာသြားမွာပါ”
ဆရာဝန်ပေးသည့်ဆေးများ ကုန်သွားသည့်တိုင် ကိုသက် မသက်သာချေ။ ထမင်းမစားနိုင်၊ရေမသောက်နိုင် ဖြစ်လာသောကြောင့် ဆေးရုံတင်လိုက်လေသည်။ ဆေးရုံရောက်၍စမ်းသပ်စစ်ဆေးသော်လည်း ဘာရောဂါ မှရှာဖွေမတွေ့ချေ။ဆေးရုံပေါ်ရောက်သည့်နေ့မှစ ကိုသက် ခေါင်းကိုက် ၊ဗိုက်အောင့်ခြင်းလည်းမရှိချေ။ ထို့ကြောင့်ဆေးရုံမှ ပြန်ဆင်းခဲ့ကြလေသည်။
အိမ်ပြန်ရောက်ပြီးမကြာခင်ပဲ
ကိုသက် ဗိုက်အောင့်၍ လူးလှိမ့်ကာ အော်နေရပြန်သည်။ နာရီပိုင်းခြားကာ ဗိုက်အောင့်လိုက်၊ခေါင်းကိုက်လိုက်ဖြင့် ကိုသက်ဝေဒနာ အပြင်းအထန်ခံစားနေရသည်။
ရေပင်သောက်မရသောကြောင့် သုံးယောက်မြောက်နေ့တွင် သိသိသာသာပိန်ချု ံးကျသွားသည်။တခါတရံ ဗိုက်အောင့်လွန်းသဖြင့် အသံပင် မထွက်နိုင်တော့ချေ။ ခင်ရီ တယောက် မလုပ်တတ်၊မကိုင်တတ်ဖြင့် ဗျာများနေရှာတော့သည်။
”ခင်ရီခင်ရီ”
”ရှင်။သြော်ဒေါ်အေးပုံ ပါလား။ အိမ်ပေါ်တက်လေ။”
”မတက်တော့ဘူး။ညည်းကိုလာခေါ်တာ။ ညည်းယောကျာင်္းဖြစ်နေတာ မရိုးဘူးအေ့။ ငါနဲ့လိုက်ခဲ့။ဗေဒင်သွားမေးရအောင်”
”အိမ်မှာဘယ်သူမှမရှိဘူး။ကျွန်မယောကျာင်္းတယောက်တည်း။စိတ်မချဘူး။”
”မပူနဲ့။အနောက်မှာ ငါ့ယောကျာင်္း ပါတယ်။သူစောင့်ပေးလိမ့်မယ်။လာသွားကြရအောင်”။
ဒေါ်အေးပုံပြောပြသည့် အဘွားဒေါ်မယ်အိုသည် အသက်ခုနှစ်ဆယ်ကျော် အရွယ်ဖြစ်သည်။ငယ်စဉ်ကအတော်ချောမောသည့်သူဖြစ်နိုင်သည်။အသက်ကြီးသည့်အထိ ဥပတိရုပ် အတော် ကောင်းလှသည်။
”အဘြား သူ့ယောကျာင်္းကျမ်းမာရေး မကောင်းလို့ တွက်ချက်ပေးပါ။”
”ကဲတွက်မယ့်ခလေးမ ရှေ့တိုး။ ဖယ်ဘက်လက်အဘွားကိုပေး”
ခင်ရီလက်တဖက်ကို သူ့လက်တဖက်ဖြင့် ထပ်အုပ်ကာ မျက်လုံးမှိတ်၍ အာရုံခံနေတော့သည်။
”အင်း’ အလွန်မိုက်မဲတဲ့အလုပ်ကို လုပ်ကြတာကို”။ သေချာပြန်တောင်းပန်မှရလိမ့်မယ်”
”အဘြား သမီးကို သေချာပြောပြပါ”
”အေးအေး။ဒီလို ရှိတယ်ကွယ့်။ အခု သမီးတို့ ဆောက်ထားတဲ့အိမ်နေရာ က ဥစ္စာစောင့်တွေ ဘုရားဖူးသွားတဲ့လမ်းပေါ်မှာဖြစ်နေတယ်။ ဒီအတွက် လမ်းမလွတ်လို့့ အကြိမ်ကြိမ် သတိပေးပြီး ဖယ်ခိုင်းခဲ့တယ်။ဒါကို သမီးခင်ပွန်းက မလေးမစားနဲ့ ရိုင်းရိုင်းစိုင်းစိုင်း စကားတွေ ပြောလိုက်တယ်။ဒါကြောင့်စိတ်ဆိုးသွားကြတာ။သမီးယောင်္ကျားကို မသေစေချင်ရင် အိမ္ကို တခြားနေရာ ရွေ့ဆောက်ခိုင်းလိုက်ပါ။အခုလက်ရှိအိမ်ကို ဖျက်ပြီး သူတို့လမ်းကို ပြန်ပေးလိုက်ပါ။ အိမ်နေရာကနေ တန်းလျှက် တလျှောက်လုံးကို သန့်ရှင်းအောင် လုပ်ပြီး ပန်းများစတိ ကြဲပါ။ရေမွှေး ဖျန်းပေးလိုက်ပါ။ ဒါဆို သမီး ယောင်္ကျား ပကတိပြန်ကောင်းသွားလိမ့်မယ်။အဘွားပြောသလိုသာ လုပ်ဖြစ်အောင်လုပ်ပါ။
သေချာရှင်းပြပေးသော အဘြား ဒေါ်မယ်အိုအား ကန့်တော့ ကာ ပြန်လာခဲ့ကြပါတော့သည်။အိမ်ရောက်သည်နှင့် ကိုသက်အား အကြောင်းစုံရှင်းပြလိုက်သည်။ အိမ်နီးချင်းများ အားလည်း အကူအညီတောင်းကာ အိမ်အလံ ုးလိုက် မ ၍ရွှေ့လိုက်ကြသည်။
တက်ညီလက်ညီ ဝိုင်းဝန်းကူညီကြသည့်အတွက် တနေ့တည်းဖြင့် အားလုံးပြီးစီးသွားသည်။ လမ်းရှင်းခြင်း၊ပန်းကြဲခြင်း၊ရေမွှေးဖျန်းခြင်းများပါ ပြီးစီးသွားလေသည်။
ကိုသက် ထိုင်ခုံပေါ်တွင် ထိုင်ကာ ခင်ရီလုပ်ဆောင်သမျှကိုလိုက်ကြည့်နေမိသည်။ဗိုက်အောင့်ခြင်း၊ခေါင်းကိုက်ခြင်း လည်း အနည်းငယ် သက်သာသလိုခံစားရသည်။
နေလုံးကြီးလည်းအနောက်ဖက် မိုးကုတ်စက်ဝိုင်းအောက်သို့့တိုးဝင်ကာ ပျောက်ကွယ်ချေပြီ။တနေ့တာအချိန်များကုန်ဆုံးသွားသည်မဟုတ်ပါလား။
”မခင်ရီကိုသက်။ရှင်တို့နှစ်ယောက်လုံးကိုကျေးဇူးတင်ပါတယ်။ ကျွန်မတို့ညီမနှစ်ယောက် သာသနာပြု ပြီးကုသိုလ်ကောင်းမှုတွေ ပြန်လုပ်ခွင့်ရလို့ပါ။ က်နြ္မတို့ ဘုရားဖူး သွားတဲ့လမ်းပြန်ရလို့ ဝမ်းသာမဆုံးပါဘူး။ ဒီမှာရော့ ဒီဆေးကို သောက်လိုက်ပါ”
နန်းကြာလှမ်းပေးသည့်ဆေးလုံးအား ကိုသက်သောက်လိုက်လေသည်။
”ကျွန်တော် ရိုင်းပျမိတာတွေတောင်းပန်ပါတယ်ဗျာ”
ကိုသက်တောင်းပန်လိုက်သည်နှင့် အပြုံးလေးများနှင့်ညီအစ်မနှစ်ဦး ခေါင်းလေးညိမ့်ပြကာ ပျောက်ကွယ်သွားတော့သည်။
မွှေးလွန်းသည့်ပန်းရနံ့ကြောင့်ဇနီးမောင်နှံနှစ်ဦး အိပ်ယာမှ ပြိုင်တူနိူးသွားကြသည်။ တယောက်မျက်နှာတယောက်ရင်းအိပ်မက်အကြောင်းပြိုင်တူပြောလိုက်လေတော့သည်။
ကိုသက်တယောက် မမြင်အပ်၊မြင်အပ်ဘုံဘဝတွေ အမှန်တကယ်ရှိနေသည်ကို လက်တွေ့ကြုံလိုက်ရသောကြောင့် မယုံကြည်လျှင် မစော်ကားသင့်ကြောင်း ကောင်းစွာသဘောပေါက်သွားလေတော့သည်။
ဘယ်အရာမဆို မကိုးကွယ်သည်ဖြစ်စေ၊မယုံကြည်သည်ဖြစ်စေ၊မစော်ကားမိဖို့သတိပြုနိုင်ရန် ဒီဇတ်လမ်းဖြင့်အသိပေးလိုက်ပါတယ်ဗျာ။
အားလုံးကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ။
စာရေးသူDနေ့သစ်
#crd#