စုန်းမကိုးနတ်မရိုး

စုန်းမကိုးနတ်မရိုး(စ/ဆုံး)
=============

အညာကျေးလတ်ဒေသမို့ အတော်ပူပြင်းလှသည်

ထန်းတောများ ထနောင်းပင်များက လက်ညှိုးထိုး

မလွဲအောင် ပေါက်ရောက်နေသောကြောင့် အရိပ်ခို

စရာတော့ သိပ်မရှားလှပေ ဖုန်ထူထူလှည်းလမ်းလေး

အတိုင်း အရီးလေးတို့ကို မြို့သွားတဲ့ကားဂိတ်နား

ပို့ပေးပြီး လှည်းလမ်းလေးအတိုင်း ကျွန်တော်

နွားလှည်းဖြင့် အိမ်ပြန်မောင်းလာခြင်းပင်ဖြစ်၏

နေကလဲပူ မနက်ထဲက မောင်းလာသောကြောင့်

နွားတွေလဲ ပင်ပန်းမောဟိုက်နေလောက်ပြီမို့ ရွာအဝင်

ညောင်ပင်ကြီးအနား လှည်းကိုရပ်ခါ လှည်းဒေါက်

ထောက်ပြီး နွားများကို ရေတိုက်ရလေ၏ ရွာအဝင်

ညောင်ပင်ကြီးအနားမှာ ကျွန်တော်တို့ မမွေးခင်ထဲက

ရေတွင်းကြီး ရှိတယ်ဗျ ရှေးလူကြီးတွေက ကုသိုလ်

ဖြစ် တူးထားခဲ့ကြတာလို့ အဖိုးတော့ ပြောတာပဲ

ရေတွင်းက ကြာပြီဆိုတော့ ရေက အတော်ကောင်း

လှသည် ပုံးကိုယူခါ ရေငင်ပြီး နွားများလဲတိုက်

ညောင်ပင်အောက်က ရေအိုးထဲလဲ ထည့့်ပေးပြီး

အုန်းမှုတ်ခွက်ကို ဒုတ်ထိုးထားသော ရေခွက်ဖြင့်

တစ်ဝကြီး သောက်ပစ်လိုက်တော့၏

အေးစိမ့်လှသော…ရေ​ကြောင့်….မောလာသမျှ

ပြေပြောက်သွားရလေသည် ရေသောက်ရင်းနဲ့

ဘုရားကုန်းပျက်ကြီးက ရေတွင်းနဲ့ သိပ်မလှမ်း

သောနေရာ၌ ရှိနေခြင်းကြောင့် ကြာကြာမနေရဲပါ

==========

ဘုရားကုန်း ပျက်ကြီးဆိုတာ ကျွန်တော်တို့

ရွာအဝင် ရေတွင်းနဲ့ မလှမ်းမကမ်းမှာ တည်ရှိပါတယ်

ဘယ်နှစ်ခုနှစ်ထဲက တည်ရှိခဲ့လဲ မသိပေမဲ့ ရွာက

အဖိုးအဖွားတွေ ပြောတာတော့ နှစ်ပေါင်း ၃၀၀

ခန့့်လောက်ရှိပြီးလို့ ပြောကြတယ်ဗျ လပြည့်ည

လကွယ်ညတွေဆိုရင် အမျိုသမီးတစ်ယောက်နဲ့

အင်မတန်ကြီးမားနဲ့ တစ္ဆေကြီး ကုန်းပျက်ပေါ်မှာ

ထိုင်နေတတ်တဲ့လေ ပရလောကသားတွေလဲ အနားမှာ

ကူးလူးသွားလာ နေတတ်တယ်တဲ့ ရွာမြောက်ပိုင်းက

အရီးလေး ထွေးရီရဲ့မောင် ကိုသိန်းမောင်ဆိုရင်

မြို့အပြန် အရက်မူးပြီး ကုန်းပျက်ပေါ် ဝင်အိပ်မိတာ

မနက်ကြတော့ သည်းခြေပျက် သွက်သွက်ခါအောင်

ရူးနှမ်းပြီး ရွာကို ပြန်ရောက်လာတာပဲဗျ ပြောရင်းနဲ့

ကြက်သီးများ ထလာသောကြောင့် လှည်းဒေါက်

ဖြုတ်မည်အပြု…..

ဟေ့ကောင်…စိုင်းကိုလွင်…

အမေရေ….ဟာ…..လန့့်လိုက်တာ…..

ဟာ….ကိုစိုး….မင်းဘယ်တုန်းက…ပြန်ရောက်တာလဲ

ဒီကောင်ကြီး မြို့မှာ အလုပ်သွားလုပ်တာ ကြာလှပြီ

မို့ ကျွန်တော် မေးလိုက်ခြင်းဖြစ်သည်

အေး….ငါမနက်က….ပြန်ရောက်တာကွ

မင်းအိမ်ကို….ငါသွားပါသေးတယ်…..

..မင်းအရီးလေးတို့ကို….ကားဂိတ်သွားပို့တယ်တဲ့

….အေးဟုတ်တယ်ကွ….ငါလဲအခုမှပြန်ရောက်လို့

….နွားတွေလဲရေတိုက်ရင်း……ခဏနားနေတာ

မင်းရော…အဆင်ပြေရဲ့လား…ကိုစိုး…

ငယ်ပေါင်းကြီးဖော် သူငယ်ချင်းတွေမို့ ကျွန်တော်တို့

သံယောစဥ်ကြီးကြပါသည် ကိုစိုးကျွန်တော်အနား

လာထိုင်ခါ

….အေးသူငယ်ချင်း…..အဆင်ပြေပါတယ်ကွာ

ငါမြို့က…သူငယ်ချင်းနှစ်ယောက် ….ပါလာတယ်ကွ

ဟေ…..ဟုတ်လား

အေးကွ….အဲ့ဒါညကြရင်….ငါတို့ချက်အရက်လေးနဲ့

ကြက်ကာလသားဟင်းနဲ့…စားကြမလို့ကွ…မင်းကို

….လာခေါ်တာ…

အေးပါကွာ…ညကြရင်ငါလာခဲ့မယ်လေ….

အေးသူငယ်ချင်း…အဲ့ဒါဆိုငါသွားပြီ….

ကိုစိုး ထွက်သွားသည်နှင့် ကျွန်တော်လဲ လှည်းဒေါက်

ဖြုတ်ခါ အိမ်သို့ပြန်မောင်းခဲ့ပါတော့သည်……

ပြာသိုလဆန်းရက်မို့ အတော်အေးလှသည်

အနွေးထည်လေးဝတ်ပြီး ကွမ်းတရာ ပါးစပ်ထဲ

ထည့်လိုက်ပြီးဝါးရင်း ကိုစိုးတို့အိမ်ဘက်ထွက်ခဲ့

လေသည်

နှင်းတွေတောင်ကျနေရောပေါ့ အချိန်ကည၈နာရီ

ခန့့်ရှိပြီမို့ ရွာမီးစက်ကမပိတ်သေးပေ ကိုစိုးတို့

အိမ်အရှေ့နားရောက်တော့ ခြံထဲမှာ မီးဖိုထားတာ

တွေ့ရပြီး မြို့မှဧည့်သည်များဟု ထင်ရသော

လူစိမ်းနှစ်ယောက်လဲ တွေ့ရလေ၏

……ဟေ့….စိုင်းကိုလွင်…သူငယ်ချင်းလာလေကွာ

ကိုစိုးသည် ကျွန်တော်ကိုမြင်သည်နှင့် လှမ်းခေါ်လေ

လေ၏

ကဲ…လာကွာ….ဒါက…မင်းသန့့်မောင်တဲ့ …ဒါက

ကျော်စိုးဝေတဲ့…..

ကိုစိုး မိတ်ဆက်ပေးသောကြောင့် ကျွန်တော်ပြုံးပြ

လိုက်ပြီး မင်းသန့့်မောင်ဆိုသောလူက မျက်မှန်နဲ့

ပိန်ပိန်ပါးပါးဖြစ်ပြီး ကျော်စိုးဝေဆိုသော လူကတော့

ဝဝပုပုနဲ့ဖြစ်၏

…. ကဲ….သူငယ်ချင်းတို့..ဒါကတော့…

ငါ့ရဲ့…ငယ်သူငယ်ချင်း..စိုင်းကိုလွင်တဲ့….

တွေ့ရတာ…ဝမ်းသာပါတယ်..အကို..

မြို့သားများ ကမ်းလာသော လက်ကို ကျွန်တော်

ပြန်ကမ်းခါ နှုတ်ဆက်လိုက်ရင်း သူတို့တွေ

အနည်ငယ်မူးနေကြပြီဆိုတာ ရိပ်စားမိလိုက်သည်

ကဲ….သူငယ်ချင်း….ချကွာ…..ရော့

ကိုစိုးက ကျွန်တော်အား အရက်တစ်ခွက် ကမ်းပေး

လာသောကြောင့် လှမ်းယူခါ မော့လိုက်ရင်း

ကြက်သား ကာလသားဟင်းလေးနဲ့ မြည်းလိုက်လေ

တော့၏

ကျွန်တော်တို့ လေးယောက် အချိန်အတော်အကြာ

သောက်စားကြပြီးနောက် ထိုနေ့ည ကျွန်တော်အတွက်

ဘယ်တော့မှ မမေ့နိုင်တဲ့ အသည်းပျက်လုမတတ်

ထိတ်လန့့်ဖွယ်ည တစ်ညဖြစ်ခဲ့ရပါတော့သည်

သောက်စားကြရင်း ည၁၁ကျော်လောက် ဖြစ်လာ

ခဲ့သည် လပြည့်ညမို့ ပတ်ဝန်းကျင်ကို ကောင်းစွာ

မြင်နေရပါသော်လဲ ပြာသိုလပြည့်မို့ မြူနှင်းတို့က

တစ်ချက်တစ်ချက် ပိတ်မှောင်လာ တတ်၏

အတော်မူးနေပြီဖြစ်သော မင်းသန့့်မောင်ဆိုတဲ့

မျက်မှန်နဲ့လူက စကားစလာလေသည်

ကိုကြီးစိုး…..ကိုစိုးသောက်လက်အရက်ခွက်

လေးမော့လိုက်ပြီး

….အေး….မင်းသန့့်ပြောလေ….

ခင်များ….နေ့လည်က…ပြောပြတဲ့…

ဘုရားကုန်းပျက်ကြီးဆီ ကျုပ်တို့ သွားကြည့်

ရအောင်ဗျာ….

…ဗျာ…..ကျွန်တော် ထိတ်လန့့် တုန်လှုပ်သွားပြီး

ကိုစိုး….မင်းလူတွေကို…တားဦးနော်….

ဘုရားကုန်းပျက်ဆိုတာ…. မှောင်တာနဲ့ ….

ငါတို့ရွာခံတွေတောင်…..ယောင်လို့..မလှမ်းဝံ့တဲ့

နေရာဆိုတာ…မင်းသိတယ်နော်…ကိုစိုး….

ဒီတော့မှ ကိုစိုးလည်း ပြာပြာသလဲဖြင့်

အေး…အေးပါ..သူငယ်ချင်းရာ…ငါတားပါ့မယ်

ဟေ့ကောင်….မင်းသန့့်…ငါက…မင်းတို့မြို့သား

တွေကို….ဗဟုသုတရအောင်….ပြောပြတာကွ

…အယုံအကြည့်မဲ့….လက်တည့့်စမ်းပြီး….

စုန်းမကိုး….နတ်မရိုးလုပ်ဖို့….မဟုတ်ဘူး….

မသွားကြပါနဲ့ကွာ…..ငါတို့အေးဆေးပဲ….သောက်ပြီး

အိပ်ကြရအောင်…..

မင်းသန့့်မောင်မှာ လက်မလျှော့ပါ မူးနေတာလဲ

ပါတာပေါ့….ကိုကြီးစိုး….လာပါဗျာ….ကျွန်တော်တို့

ခဏလေးပဲ….သွားရအောင်ဗျာ..ကျွန်တော်

….စိတ်ဝင်စားလို့ပါ…

မလုပ်ပါနဲ့ကွာ….အဲ့ဒီနေရာက..အရမ်းကြမ်းတယ်ကွ

လုပ်စမ်းပါ….ကိုကြီးစိုးရာ…ကျွန်တော်တို့က..

အလုပ်ကို….ပစ်ထားပြီး..ဒီလိုတောနယ်ဘက်ကို

ရောက်ဖို့ဆိုတာ…မလွယ်ဘူးဗျ….ကိုကြီးစိုးရယ်

ကိုစိုင်းကိုလွင်ရယ်…ကျော်စိုးဝေရယ်…ကျွန်တော်ရယ်

၄ယောက်တောင်လေဗျာ…လာပါဗျာ….ခဏပဲ..

ကြည့်မှာပါ……လာပါဗျာ……

မင်းသန့့်ဆိုသောလူမှာ ဘယ်လိုမှပြောမရပေ

ကျော်စိုးဝေကတော့ နည်းနည်း ကြောက်တတ်မည့့်ပုံ

ကဲ….ဒီလောက်တောင်….မင်းသတ္တိကောင်းနေရင်

ငါလိုက်ပို့မယ်…..စိုင်းကိုလွင်…မင်းကိုအားနာတယ်

ကွာ….ငါ့ဧည့်သည်ဆိုတော့….ငါလိုက်ပို့လိုက်ပါ့မယ်

ကျွန်တော်လည်း ကိုစိုးကို စိတ်မချသောကြောင့်

ရပါတယ်ကိုစိုး…..ကျွန်တော်…လိုက်ခဲ့ပါ့မယ်

လူများတော့….အားရှိတာပေါ့ဗျာ…..အမှန်တိုင်း

ပြောရရင် ကျွန်တော်လည်း အရက်တန်ခိုးဖြင့်

အနည်းငယ် မူးနေလေပြီဖြစ်၏

ကဲ….ဒါဆိုလဲ…သွားကြမယ်ကွာ….မင်းသန့့်အောင်

ခဏပဲနေပြီး….ပြန်မယ်နော်….ဟုတ်ကဲ့ကိုကြီးစိုး

မင်းသန့့်ဆိုသောလူ၏ မျက်နှာမှာ ပြုံးရွှင်သွား

လေတော့သည်

ညသည်၁၂ထိုးပြီမို့ ပရလောကသားတို့အတွက်

အချိန်ကောင်းပင် ဖြစ်ပေလိမ့်မည်

လရောင်အောက်မှာ မြူနှင်းများ အနည်းငယ်

ရှင်းနေသောကြောင့် ပတ်ဝန်းကျင်ကို မြင်နေရပြီး

ညဥ့်ငှက်များအော်သံနဲ့ တောခွေးများ အူသံအချို့

ကြားနေရ၍ ကြောက်စိတ်ကို နိုးထလာစေသည်

တစ်ဖြေးဖြေး လျှောက်လာကြတာ ဘုရားကုန်းပျက်

အနားသို့ ရောက်လာခဲ့ပြီ ဖြစ်၏

အုတ်ပုံ အကျိုးအပျက်များကို မြိုပြီး ပေါက်နေသော

ညောင်ပင်ကြီးများမှာ လရောင်အောက်၌ ငြိမ်သက်

လျှက်ရှိလေသည် ဘယ်လိုကြောင့်ရယ်တော့ မသိ

ဤနေရာသို့ ရောက်လာသည်နှင့် ကြောက်စိတ်က

အားလုံးရဲ့ စိတ်ထဲ ကြီးစိုးနေလေ၏ အထူးသဖြင့်

ရွာခံများဖြစ်သော ကိုစိုးနှင့်ကျွန်တော်မှာ ဤနေရာ

အကြောင်းကို ကောင်းကောင်း သိနေသောကြောင့်

ရင်ထဲမှာ ပို၍ စိုးထိတ်နေရလေတော့သည်

….ကဲ…ရောက်ပြီး…မင်းသန့့်….ကိုစိုးက မင်းသန့့်

ဘက်သို့လှည့်ခါ အသိပေးလိုက်စဥ် ….ဟာ…

မင်း….မင်းသန့့်….မင်းဒါဘာလုပ်တာလဲ….

အကုန်လုံး….သေကုန်တော့မှာပဲ….

မင်းသန့့်ဆိုသော လူမှာ ကုန်းပျက်ကြီးအနား

မတ်တပ်အနေအထားဖြင့် အပေါ့သွားနေခြင်းပင်

ဖြစ်၏..

…ဟာ….ကိုကြီးစိုးကလဲ….အပေါ့သွားတာလေဗျာ

ဘာသေစရာရှိလို့လဲဗျ….

မင်းသန့့်စကားကြောင့် ကိုစိုး မျက်နှာပျက်ခါ

ဒီနေရာမှာ….အပေါ့မသွားရဘူးကွ…နောက်ပြီး

မင်းက….မတ်တပ်သွားတာ…ဒီနေရာက…ကြမ်းတယ်

လို့….မင်းကို..ငါပြောခဲ့သားပဲကွာ….အကုန်ဒုက္ခတွေ

ရောက်ကုန်တော့မှာပဲ…..

ကိုကျော်စိုးဝေလည်း အတော်ကြောက်နေပုံ ရပြီး

မင်းသန့့်ကို ဝင်ပြောလေသည်

ဟုတ်သားပဲ…မင်းသန့့်ရယ်…မင်းကို….ဟိုမှာထဲက

​ကိုစိုးကြီး….ပြောခဲ့တာလေကွာ…..

ကျွန်တော်ကတော့ သူတို့လူအခြင်းခြင်းမို့ ဘာမှ

ဝင်မပြောပဲ ပတ်ဝန်းကျင် အခြေအနေကိုသာ

သတိထားပြီး အကဲခတ်နေလိုက်၏

ဟာဗျာ…အပေါ့သွားချင်လို့….သွားလိုက်တာပဲ

ကျွန်တော်….အဲ့ဒါတွေ…အယုံအကြည်မရှိလို့

ဒီကိုလာကြည့်တာပေါ့ဗျ…..ကိုစိုးကြီးရယ်…..

သူတို့ကျွန်တော်တို့ကို….ဘာမှလုပ်နိုင်မှာ…မဟုတ်

ပါဘူးဗျာ….

ကိုစိုးမှာ ပို၍ စိတ်ဆိုးဒေါသထွက်သွားပြီး

…အေး…မင်းမယုံရင်နေ…ဒီနေရာအကြောင်းသိတဲ့

ငါတို့တော့…ယုံတယ်မင်းသန့့်…ငါတို့ပြန်မယ်

မင်းနေခဲ့ချင်လဲ…..နေခဲ့လိုက်ပေါ့…..ဟုဆိုကာ

ပြန်လှည့်ထွက်မည်အပြု……

…..ဟေ့….မိုက်လုံးကြီးတဲ့ကောင်တွေ….မင်းတို့က

ငါ့တို့ပိုင်နက်ကိုလာပြီး…..မခန့်မလေးစားနဲ့

မင်းတို့အားလုံး…..ဒီနေရာကနေ….အသက်ရှင်လျှက်

ပြန်မထွက်စေရဘူးကွ…..ဟား…..ဟား…..ဟား..

ကျွန်တော်တို့အားလုံး ထိုအသံကြီးကို ကြားသာကြား

နေရပြီး ဘယ်ကပြောနေမှန်းမသိ ကြောက်လွန်းလို့

သွေးများပျက်လုမတတ် ဖြစ်နေကြ၏ လ သည်

ချက်ချင်းဆိုသလို တိမ်းမဲများ ဖုံးအုပ်သွားပြီး

ပတ်ဝန်းကျင်တစ်ခုလုံး မြူနှင်းများ ထူးဆန်စွာ

မှောင်ပိတ်လာပြီး လူလုံးမကွဲွဲတော့ပေ ထိုစဥ်….

ဘုရားကုန်းပျက်ပေါ်မှ ညောင်ပင်ကြီးများမှာ

လေမတိုက်ပါပဲ ယိမ်းထိုးလှုပ်ရှားလာပြီး

ကြောက်စရာ ရီသံကြီးများ နေရာပေါင်းစုံမှ ကြားနေ

ရပါတော့သည် ကြောက်လွန်းလို့ ဒူးများပါ

တစ်ဆတ်ဆတ်တုန်ယင်လျှက် အားလုံး​​ကျောက်ရုပ်

လို ကြောင်နေတုန်း ကျွန်တော်သတိဝင်လာပြီး

ဘေးနားရှိကိုစိုးရဲ့ နရင်းကို တစ်ချက်အုပ်ခါ သတိ

ပေးလိုက်ပြီး ကျန်လူများလဲ သတိဝင်ခါ

ဟေ့ကောင်တွေ…အားလုံးပြေးကြတော့…..

ကျွန်တော် သတိပေး အော်ပြောလိုက်သည်နှင့်

အားလုံး ခြေကုန်အောင် ပြေးကြလေတာ့သည်

ဘုန်း….ဘုန်း…ဘုန်း….

အနောက်က ပြေးလိုက်လာသည့့် အသံကြီးများ

ကြားနေရပြီး မှောင်နေတဲ့အပြင် မြူနှင်းများ ပိတ်နေ

သောကြောင့် ဘယ်ဆီကို ပြေးနေရမှန်း မသိတော့ပါ

အတူပြေးလာကြရင်း ကျွန်တော် အနောက်ကို

လှည့်ကြည့်လိုက်တော့ မင်းသန့့်မောင် ဆိုသောလူ

ပါမလာတော့

….ကိုစိုး….ဟေ့ကောင်….ခဏရပ်ဦးဟ….

မင်းကောင်….မင်းသန့့်….ပါမလာတော့ဘူးကွ…

ကိုကျော်စိုးဝေလည်း အနီးအနားသို့ လိုက်ကြည့်

နေပြီး …ဟုတ်တယ် …ကိုစိုးကြီး….မင်းသန့့်ပါမလာ

တော့ဘူးဗျ….ကိုစိုးကြီး….လုပ်ပါဦးဗျာ….အီး..ဟီး…

ဟိတ်ကောင်…ငိုမနေနဲ့….ပါးစပ်ပိတ်….လာငါတို့…

အနောက်ကို…ပြန်ရှာကြည့်ကြရအောင်…..

ကိုစိုး ဟောက်လိုက်မှ ကိုကျော်စိုးဝေလည်း ပါးစပ်

ပိတ်ခါ နောက်ကြောင်း ပြန်လှည့်ကြရတော့သည်

မြူနှင်းများကြောင့် ခပ်လှမ်းလှမ်းကို မမြင်ရပေ

တစ်ဖြေးဖြေး ပြန်လျှောက်လာရင်း ထိအခိုက်

…..ဘုန်း….

အမေရေ…..အား……

ကျွန်တော်တို့ အရှေ့တည့့်တည့့်သို့ တစ္ဆေကြီးဟု

ယူဆရသော အမွှေးအမျှင်များ ဖုံးအုပ်နေပြီး

ဝါတစ်ပြန်လောက်ရှိသော အကောင်ကြီး ရုတ်တရက်

ခုန်ချလာသောကြောင့် ပြိုင်တူ အော်လိုက်မိကြခြင်း

ပင်ဖြစ်၏ ထူးခြားသည်မှာ ထိုအရာကြီး၏ မျက်နှာ

မှာ မျက်လုံး နှာခေါင်း ပါးစပ် အားလုံး ဘာမှမပါ

အလွတ်ကြီး ဖြစ်နေလေတော့သည် ပို၍ထူးခြား

တာကတော့ ကျွန်တော်တို့ အားလုံးရဲ့ ခြေထောက်

တွေ လှုပ်မရတော့ပဲ ပါးစပ်တွေလဲ ဟမရတော့ခြင်း

ပင် ဖြစ်သည် ထိုစဥ် ထိုအရာကြီးနောက်မှ ရုပ်ရည်

ချောမောလှပသော အမျိုးသမီးတစ်ဦး ထွက်လာ

ပြီးတော့ ကျွန်တော်တို့ဘက် လက်ညှိုးထိုးခါ

…..မိုက်လုံးကြီးတဲ့….ကောင်တွေ…

နင်တို့က…ငါ့နေရာကိုလာပြီး….ငါ့ကို…မရိုမသေ

လုပ်ကြတာပေါ့လေ…..အေး….နင်တို့ထဲက….

ငါ့နေတဲ့ကုန်းပေါ်….အပေါ့သွားပြီး..ပရလောကကို

အယုံအကြည်မရှိတဲ့……ဟိုကောင်ကိုတော့

ငါဆုံးမလိုက်ပြီ….ငါ့သဘောဆို….နင်တို့တွေကိုပါ

တစ်ခါထဲ…ဆုံးမပစ်လိုက်မှာ..ငါ့ကိုတားတဲ့သူ….

ရှိနေတာ….နင်တို့ကံကောင်းတယ်မှတ်….နင်တို့က …

ဒီနယ်သားတွေဖြစ်ပြီး…ဒီနေရာအကြောင်းကို ….

…မသိရော့သလား….

သူပြောသမျှကို ကျွန်တော်တို့ ဘာမှပြန်မပြောနိုင်

​တစ်ကိုယ်လုံးအေးစက် တုန်ယင်နေလျှက်

အေး…နင်တို့သုံးယောက်ထဲက…တစ်ယောက်ကို

တော့….ငါသနားလို့….အရင်ပြန်လွှတ်ပေးမယ်

…ဟိုရွာသားနှစ်ယောက်….နင်တို့က…ဒီကုန်းမြေကို

စောင့်ရှောက်ရမယ့်အစား….အရိုင်းအစိုင်းကောင်

ကိုခေါ်လာတယ်….နင်တို့ကို….ဒီအတိုင်းတော့….

ငါပြန်မလွှတ်နိုင်ဘူး…နည်းနည်းပါးပါးတော့……

ဆုံးမရလိမ့်မယ်…..ကဲ…..ဟဲ့…ငါ့ရဲ့….ငယ်ကျွန်ကြီး

ဒေဝ…ဟိုတစ်ကောင်ကို…အခုပြန်လွှတ်…ကျန်တဲ့

ရွာသားနှစ်ယောက်ကို…..မှတ်လောက်အောင်…

ဆုံးမလိုက်စမ်းဟဲ့…..အမိန့်တော်…အတိုင်းပါ…..

သခင်မ….

မျက်နှာမှာ ဘာမှမပါသော ထိုတစ္ဆေကြီးမှာ

ထိုအမျိုးသမီး​ပြောသမျှ နာခံလျှက်

ကိုကျော်စိုးဝေကို လက်ဖြင့် တစ်ချက်ပုတ်လိုက်သော

အခါ ထူးဆန်းစွာ ကိုကျော်စိုးဝေ လှုပ်လို့ရသွားပြီး

အားကုန်ပြေးလေတော့သည် ထိုနောက် ကျွန်တော်နဲ့

ကိုစိုးကိုတော့ အားကုန်လွှဲပြီး ကိုင်ပစ်လိုက်သော

အခါ ကျွန်တော်တို့နှစ်ယောက် လွင့်စင်ထွက်သွား

ပြီး နာကျင်မှု့ကြောင့် အမြင်တွေ ဝေဝါးနေချိန်မှာ

ခုဏအမျိုးသမီးမှ အားရအောင် ရယ်မောလျှက်

…..ဟား…..ဟား…..ဟား…..ကဲမှတ်ပလား

စုန်းမကိုး…..နတ်မရိုးလုပ်တဲ့….ငမိုက်သားတွေ

နာနာလောက….ပရလောကကို…အထင်သေးချင်ဦး

နင်တို့နှစ်ယောက်….ဒီညကစလို့…..၇ရက်တိုင်တိုင်

ရူးနှမ်းစေ… ဘယ်ဆရာနဲ့မှ… ကုမရစေရ…..

ဒါငါ့အမိန့်…..နင်တို့ထိုက်နဲ့…နင်တို့ကံ….ခံပေတော့

….ကဲ….ဒေဝရေ…ပြန်မယ်ဟေ့….စိတ်လျှော့လိုက်ပါ

ကွယ်….သူတို့မှတ်သွားလောက်ပါပြီ…

..ဟား…ဟား….ဟား…..

သူမထွက်သွားတဲ့နောက် ထိုတစ္ဆေကြီးလည်း

လိုက်ပါသွားရင်း ကျွန်တော်တို့ရဲ့ အသိစိတ်တွေလဲ

မှုန်းဝါးပျောက်ကွယ်လို့ အရာရာဟာ အမှောင်အတိ

ကြသွားပါလေတော့သည်

နှာခေါင်းထဲ၌ နွားချေးအနံတို့ ရနေလေသည်

ခြေထောက်နှစ်ဖက်လုံး နာကျင်နေ၍ သိပ်ပြီးတောင်

လှုပ်မရပေ ကျွန်တော် လူးလဲထလိုက်သည်သောအခါ

….ဟာ…ကျွန်တော် ခြေထောက်နှစ်ဖက်ကို

သံခြေကျင်းများ ခတ်ထားသည် ဘေးပတ်ဝန်းကျင်

ကိုကြည့်လိုက်တော့ ကျွန်တော်တို့ရဲ့ ခြေတံရှည်

အိမ်အောက်မှာ ရောက်နေခြင်းပင် ဖြစ်၏

….ဟာ….အမေ့….အမေရေ…ကျုပ်ကိုဘာလို့…

သံခြေကျင်းတွေ….ခတ်ထားရတာလဲဗျ….

ကျုပ်ကို…လာဖြုတ်ပေးကြပါ…..အမေရေ…

ကျွန်တော်အသံကြားသည်နှင့် အိမ်ကလူများ

နိုးသွားကြပြီး ဝမ်းသာအားရနှင့် အိမ်ပါ်မှ ပြေးဆင်း

လာကြလေတော့သည်….

…သားလေး….အမေလာပြီ…..ငါ့သား..အမေ့ကို

သိတယ်….မဟုတ်လားဟင်….

အမေ့ရဲ့မေးခွန်းကြောင့် ကျွန်တော် တွေဝေသွားပြီး

….ကျုပ်က…အမေ့ကိုမသိလို့….ဘာဖြစ်နေလို့လဲ..

အမေရဲ့…..

ဝမ်းသာလိုက်တာ…ငါသားရယ်…ငါ့သားလေး…

အသိစိတ်လွတ်ပြီး…ရူးနှမ်းသွားတာ…ဒီညနဲ့ဆို…

၇ရက်…ပြည့်ပြီကွယ့်…..

ဒီတော့မှ ကျွန်တော် ပြန်စဥ်းစားလိုက်မိပါတော့သည်

ဖြစ်ပျက်ခဲ့သမျှတွေကို ကျွန်တော် မှတ်မိပါပြီ

ညစ်ပေနေသော အဝတ်အစားများနဲ့ ကျွန်တော်ရဲ့

အနားမှာ ထမင်းပန်ကန် တစ်ချပ် ဒီလောက်ဆို

ကျွန်တော် အခြေအနေကို ရိပ်မိနေပါပြီ

…ကိုကျော်စိုးဝေရော….

သြော်…အဲ့ဒီညက….ထွက်ပြေးလာတဲ့….ကောင်လေး

လားသား….ဟုတ်တယ်အမေ…

အဲ့ဒီနေ့မနက်ပဲ..မြို့က…သူ့မိဘတွေက…လာပြန်ခေါ်

သွားကြတယ်ကွဲ့….ကျန်တဲ့….နှစ်ယောက်ကတော့…

…သားသူငယ်ချင်း….ကိုစိုးလည်း…သားလိုပဲ…ရူး

နှမ်းသွားတယ်…ဘယ်လိုမှထိန်းမရလို့….သူလည်း

သံကြိုးခတ်ထားရတယ်….ငါ့သား….ဘုရားကုန်းပျက်

အပေါ်ကျန်ခဲ့တဲ့…တစ်ယောက်ကတော့….ရွာက

လူကြီးတွေ….လိုက်သွားပေမဲ့….ကုန်းပျက်ညောင်ပင်

အောက်မှာ….အသက်ပျောက်နေပြီကွဲ့….

….သြော်….ဖြစ်မှ….ဖြစ်ရလေ…အမေရယ်…..

ထိုနေ့ညပဲ ကိုစိုးလည်း ပြန်သတိရလာပြီး

ထိုနောက်ပိုင်း ရွာမှာမနေချင်တော့လို့ ကိုစိုးနဲ့

မြို့တတ်ခါ အလုပ်လိုက်လုပ်တော့သည်

နောက်ပိုင်း ခေတ်လူငယ်တွေကိုတော့ ပရလောကနဲ့

နာနာဘဝဆိုတာ တစ်ကယ်ရှိတဲ့အကြောင်း

၇ရက်တာ သွတ်သွတ်ခါအောင် ရူးခဲ့ရတဲ့ဘဝနဲ့

လက်တွေ့ ကြုံဆုံခဲ့သမျှကို ပြန်ပြောရင်းနဲ့

ကျွန်ှ်ပ် လေလွင့်လူ(တွံတေး)ရေးသားသော

စုန်းမကိုး နတ်မရိုး ဝတ္ထုတိုသည်လည်း ဤတွင်

အဆုံးသတ်ပေတော့သည် စာဖတ်သူအပေါင်း

ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ…

အစဥ်လေးစားလျှက်…..

လေလွင့်လူ(တွံတေး)11.11.2021✍️✍️✍️