သံသယစိတ်ရိုင်း

သံသယစိတ်ရိုင်း(စ/ဆုံး)
———————–

ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်ရင်း
ဦးထွန်းမင်း အကြိမ်ကြိမ် စဉ်းစားနေမိသည်။
နာရီကိုကြည့်လိုက်တော့..ည၁ဝနာရီပင်
ထိုးလုပြီ….

“ဒီအချိန်လောက်ဆို..သူတို့…

ဦးထွန်းမင်း လက်သီးကိုကျစ်ကျစ်ပါအောင်
ဆုပ်ပြီး..အံကိုကျိတ် လိုက်သည်။

“ခွေးမ…

..ခွမ်း..

ပါးစပ်က အော်ပြီး လက်ထဲက အရက်ဖန်ခွက်
ကို နံရံကိုပစ်ပေါက်ရိုက်ခွဲလိုက်သည်။

“မင်းရက်စက်တယ်..အိစန္ဒာ..
မင်း..သိက်ရက်စက်တယ်.. ဟီး..ဟီး..

နောက်..အရူးတစ်ယောက်လို ငိုသည်။

“တင်မောင်ကျော် မင်းက ခွေးလောက်တောင်
သစ္စာမသိတက်တဲ့ကောင်…
မင်းတို့ နှစ်ယောက်ကို ငါက ကျေနိူင်ရိုး
လားကွာ..ပျော်ကြစမ်း..ဒီနေ့ညတစ်ည
မင်းတို့စိတ်ကြိုက်..ခွေးဇာတ်ခင်းပြီး
နောက်ဘဝအတွက်..ရိက္ခာ ယူသွားကြ..
ဟား..ဟား..
×××××××××××××××

တူပျော်ပျော်
…..

အသက်လေးဆယ်ကျော်လို့ ငါးဆယ်တန်း
ထဲ..ချဉ်းနင်း ဝင်ရောက်တဲ့အထိ..
ဦးထွန်းမင်း အိမ်ထောင်မပြုခဲ့..
မိန်းမတွေကို စိတ်မဝင်စားမိအောင်
ဦးထွန်းမင်းက အမြဲရှောင်ခဲ့တယ်..
ပြည့်စုံကြွယ်ဝပြီး ယောက်ျား ပီသခန့်ညားတုဲ့
ဦးထွန်းမင်းကို..စိတ်ဝင်းစားတဲ့ မိန်းမတွေက
ရေလာမြောင်းပေး လုပ်ယုံတင်မက..
ဦးထွန်းမင်းရဲ့ အိပ်ယာထဲအထိ ဝင်ဖို့
ကြိုးစားတာတွေရှိတယ်..
ဒါပေမဲ့ ..ဦးထွန်းမင်းက ခါးခါးသီးသီး ငြင်းဆန်
ပယ်ချခဲ့တာချည်းပဲ။
ဒီတစ်သက် အိမ်ထောင်မပြုတော့ဘူးလို့လည်း
သူက ဆုံးဖြတ်ထားသည်။
တူလိုသားလို..အားကိုးရတဲ့ တင်မောင်ကျော်
ဆိုတဲ့ ..ကောင်လေးနဲ့ ..သူ့အိမ်ကြီးထဲမှာ
နှစ်ယောက်တည်း နေထိုင်သည်။
နောက်တော့မှ သူငယ်ချင်းတွေ အတင်း
တိုက်တွန်းတာရော..သူကိုယ်၌က
သဘောကျချစ်ခင်နေမိတဲ့..အိစန္ဒာ ဆိုတဲ့
သူ့ကုမ္မဏီက အတွင်းရေးမှုးမလေးကို..
ဆေးပေးမီးယူ..သဘောနဲ့ လက်ထပ်ခွင့်
တောင်းခဲ့သည်။ဒီအရွယ်..ဒီအချိန်ကြီးကျမှ
အသက်နှစ်ဆယ်ကျော်လောက်ကွာပြီး
အရမ်းလှတဲ့ မိန်းကလေးကို..ဦးထွန်းမင်း
ချစ်ခင်စွဲလမ်းခဲု့သည်၊။ ဘဝမှာ ပထမဆုံး
အသက်ငါးဆယ်နီးမှ ရင်ခုန်ခဲ့ခြင်းဖြစ်သည်။
အိစန္ဒာက သူ့ခွင့်တောင်းတာကို
လက်ခံလိုက်တာနဲ့ မင်္ဂလာပွဲကို
ကြီးကျယ်ခန်းနားအောင် စီစဉ်ပြီး
အမြန်ဆုံး လက်ထပ်ယူခဲ့သည်။
×××××××××××××××××±×±××××

“ကဲ..အိ သူက အစ်ကိုကြီးရဲ့တူ
တင်မောင်ကျော်…

“တွေ့ရတာ ဝမ်းသာတယ်..မောင်လေး..

နှစ်နှစ်ကာကာ ပြုံးပြီး အိစန္ဒာက သူမလက်
ကလေး တင်မောင်ကျော်ထံ ကမ်းပေးတယ်။
တင်မောင်ကျော် ကလည်း အလိုက်သင့်
အိစန္ဒာကို လက်ဆွဲ နုတ်ဆက်လိုက်သည်။

“မောင်တင်မောင်ကျော်..မင်းက ..မင်းမမအိကို
အစစအရာရာ လိုလေသေးမရှိအောင်
ဂရုစိုက်ပေးကွာ..အိကလည်း..လိုတာ
ရှိရင် မောင်တင်မောင်ကျော်ကိုပြောနော်..

“ဟုတ်ကဲ့ အစ်ကိုကြီး..

အိစန္ဒာက အင်မတန်လိမ္မာရေးခြား ရှိပြီး
သူ့အပေါ် ဂရုတစိုက် ပြုစု ယုယပေးလို့
ဦးထွန်းမင်းကျေနပ်ရသည်။
သူ့ဇနီးချောလေးက အနေအထိုင် အသွား.
အလာမှအစ လွန်စွာ ယဉ်ကျေး သိမ်မွေ့
လှသည်။တင်မောင်ကျော်ကိုလည်း
သူမ မောင်အရင်းတစ်ယောက်လို..
နေထိုင်ဆက်ဆံပြီး တင်မောင်ကျော်ကလည်း
သူ့အစ်မလို နေထိုင်ဆက်ဆံတဲ့အတွက်
သူတို့နှစ်ယောက်ကို ကြည့်ပြီးတော့လည်း
ဦးထွန်းမင်း စိတ်ချမ်းသာရသည်။
ဒီလို သာယာချမ်းမြေ့မှု့တွေနဲ့သူတို့ရဲ့
အိမ်ထောင်းရေးက တစ်နှစ်ပြည့်ခဲ့သည်။

“အစ်ကိုကြီး..

“ဟင်..အိ..ပြောလေ.

ချစ်ဇနီးလေးရဲ့ ကိုယ်လုံးလေးကို
ခပ်ဖွဖွလေး ဖက်ထားရင်းက ဦးထွန်းမင်းက
မေးလိုက်သည်။

“အိ..တို့ လက်ထပ်တာ..တစ်နှစ်ပြည့်သွား
ပြီနော်..ကိုကြီး..

“အင်း..

ပြုံးပြီး ဦးထွန်းမင်းက ခေါင်းငြိမ့်ပြသည်။

“အိ..တစ်ခု ကိုကြီးကို နားမလည်ဘူး…

“ဘာများလည်း..ကလေးရယ်..ပြောပါအုံး..

အိစန္ဒာက ဦးထွန်းမင်း ရင်ခွင်ထဲကနေ
မျက်နှာလေးမော့ပြီး..

“ကိုကြီး..ဘာလို့ ကလေးမယူချင်တာလဲ.ဟင်..

အိစန္ဒာ စကားကြားတော့ ဦးထွန်းမင်း
မျက်နှာတစ်ချက် ပျက်သွားသည်။

“ဟို…ဟို.လေ..
..အိမ်ထောင်သက်တမ်း.တစ်နှစ်ပြည့်
အိလေး..ဘာလိုချင်လည်းပြော..
ကိုကြီး ဝယ်ပေးမယ်..

“စကားလမ်းကြောင်းလွှဲဖို့ မကြိုးစားပါနဲ့
အကိုကြီး…တကယ်ဆို..အကိုကြီးအသက်ရွယ်နဲ့
ဆိုရင်..ကလေးလိုချင်လွန်းလို့..အကိုကြီးကတောင်
အိကို..နားပူနားဆာ လုပ်နေရမှာ…
ဘာလည်း..အကိုကြီးက အိ..ကို ..တစ်သက်လုံး
အတွက် မရည်ရွယ်လို့လား..ဟင့်..ဟင့်

ပြောရင်း..အိစန္ဒာက လှိုက်ကနဲ့ ငိုချလိုက်သည်။

“မဟုတ်ရပါဘူး..ကလေးရယ်..
ကိုကြီးက ဒီတစ်ဘဝတင်မဟုတ်ပါဘူး..
ဖြစ်နိူင်ရင် နောင်ဘဝများစွာအထိ..
အိလေးနဲ့ အတူနေချင်တာပါကွယ်..ယုံပါ…..

အိစန္ဒာက ကလေးယူဖို့ပြောတိုင်း…
ခုလို..ဝေ့လည်ကြောင်ပက်လုပ်ပြီး..
အမြဲတမ်း ဦးထွန်းမင်းက
ရှောင်ထွက်နေခဲ့သည်။
×××××××××××××××××

သံသယ စိတ်ရိုင်း
………..

“ဘယ်လိုကွ… အိ..မူးလဲလို့..ငါလာပြီ
အိအနားမှာနေ..နင်ဘယ်မှမခွာနဲ့..ကြားလား..

အိမ်အကူ မမြဝင်းထံမှ ဦးထွန်းမင်း ဆီသို့
အိစန္ဒာ မူး၍ လဲသွားကြောင်း
ဖုန်းဆက်လာသောအခါ ဦးထွန်းမင်းမှာ
အလွန်အမင်းစိုးရိမ်ပူပန်ခြင်းဖြစ်မိလေသည်။

“ခင်မာလာ..အေးဟာ..ငါ့အမျိုးသမီး
မူးလဲသွားလို့ ငါ့အိမ်ကိုလာခဲ့ပေးပါအုံးဟာ..
ငါလည်း ကုမ္ပဏီကနေ ချက်ချင်းပြန်လာ
ခဲ့မယ်..
အေးပါ..ကျေးဇူးပါနော်…

သူ့ သူငယ်ချင်း ဒေါက်တာခင်မာလာဆီကိုလည်း
ဖုန်းဆက်ပြီး အကူညီတောင်းလိုက်သည်။
လမ်းမှာ ကားတွေကျပ်ပြီး လမ်းပိတ်တာကိုပင်
ဦးထွန်းမင်း မကျေမနပ်ဖြစ်နေသည်။

“တင်မောင်ကျော်..ရှေ့ကကားကို..
ဟွန်းတီးစမ်းကွာ..ဘာလဲကွ ..
ကားမောင်းနေတာ..လိပ်သွားနေတာလား
မှတ်ရတယ်…တောက်..

အိမ်ရောက်တာနဲ့ ဦးထွန်းမင်းက သူတို့အိပ်ခန်း
ထဲ အပြေးတပိုင်းနဲ့ ဝင်သွားသည်။

“ဘယ်လိုဖြစ်ရတာလဲ..အိလေးရယ်..
ကုတင်ပေါ်မှာ ပက်လက်အနေထားလေးနဲ့

ှိနေတဲ့..အိစန္ဒာကို လက်ကလေးကို
ဆုပ်ကိုင်၍ ဦးထွန်းမင်းက မေးလိုက်သည်။
အိစန္ဒာ ဦးထွန်းမင်းကို ပြုံး၍ ကြည့်နေသည်။

“အမလေး..ထွန်းမင်းရယ်..အဖြစ်သည်းနေ
လိုက်တာ..နင့်မိန်းမဘာမှ မဖြစ်ဘူးသိလား…
နင်..ပျော်လိုက်တော့….

“ငါက..ပျော်ရမယ်..လုပ်စမ်းပါအုံး..
ဒေါက်တာမကြီးရယ်..ကျုပ်က..
မိန်းမ..မူးလဲတာကို..ဘာကိုပျော်ရမှာလဲ…

“နင်..ကလေးအဖေဖြစ်ပြီ..အန န္တငါးပါးထဲမှာ
မာတာပီတုဂိုဏ်းထဲနင်ဝင်တော့မယ်…

“ငါက ..ကလေးအဖေ..ဟုတ်လား..

ဒေါတ်တာခင်မာလာရဲ့ စကားကြောင့်
ဦးထွန်းမင်း အံ့သြတုန်လှုပ် သွားမိသည်။

“ဟဲ့ ကလေးအဖေအဖြစ်တယ်ပြောတာနဲ့..
မျက်နှာကြီးက ဖြူဖပ်ဖြူရော် ဖြစ်သွားလိုက်တာ
နင်ဘာဖြစ်တာလည်း ထွန်းမင်း…..

“အာ..ဟို..ဟို..
ရုတ်တရက်မို့လို့ ငါအံ့သြသွားလို့ပါ..ဟဲဟဲ..

“ဟွန့် ..ဖြစ်ရမယ်..ကောင်စုတ်..ဒီအရွယ်
ရောက်မှ..ကဲငါပြန်မယ်..
ဆေးခန်းပစ်ခဲ့ရတာ..

“ကျေးဇူးပါ.. ဟာ..ငါလိုက်မပို့တော့ဘူးနော်
မာလာ..

အခန်းဝထိ ခင်မာလာကို..ဦးထွန်းမင်းက
လိုက်ပို့သည်..နောက်အခန်းထဲပြန်လာပြီး
ကုတင်ပေါ်က အိစန္ဒာကို..အသေချာ
ကြည့်လိုက်မိသည်၊
အိစန္ဒာက သူ့ကိုပြုံးပြနေသည်။
သူ့မျက်လုံး ထဲမှာ..အိစန္ဒာက လျာနှစ်ခွနဲ့
မြွေဟောက်မဖြစ်လိုက်..အော်ဂလီဆန်
ချင်စရာကောင်းတဲ့ မိန်းမမျက်နှာဖြစ်လိုက်
တစ်လှည့်စီ ဖျက်ကနဲ့ ဖျက်ကနဲ့
ဦးထွန်းမင်း..မြင်နေရသည်။

“အကိုကြီး..ဘာဖြစ်လို့လဲဟင်..

အသက်မဲ့နေတဲ့ ကျောက်ရုပ်ကြီးလို
တောင့်တောင့်ကြီး သူမကိုကြည့်နေတဲ့
ဦးထွန်းမင်းကို အိစန္ဒာက လက်ကိုကိုင်၍
မေးလိုက်သည်။
ဦးထွန်းမင်းက အလန့်တကြား ခြေနှစ်လှမ်း
လောက်..နောက်ကိုဆုတ်လိုက်ပြီး…

“နေနေ..ရတယ်..အိ..
ကိုကြီးဘာမှမဖြစ်ဘူး….
ခဏမှိန်းလိုက်နော်..အိ..
.အစ်ကိုကြီး
စာကြည့်ခန်းထဲမှာရှိမယ်…

ဦးထွန်းမင်းက အိစန္ဒာကို ဖေးမ၍
ကုတင်ပေါ်ပြန်ပို့လိုက်ပြီး သူကတော့
စာကြည့်ခန်းထဲမှာ ထိုင်ရင်း..
အတွေးနယ်ချဲ့နေမိသည်။
××××××××××××××××××××

သူဆယ်ကျော်သက်အရွယ်တုန်းက..
သူ့ဦးလေး ဖြစ်သူနဲ့ ပြင်ဦးလွင်ဖက်ကို
ကားနှင့်အတူလိုက်ခဲ့သည်။
သူ့ကိုအလွန်ချစ်တဲ့ ဦးလေးက သွားလေရာ
ခေါ်သွားတက်သည်။
အဲဒီနေ့က ပြင်ဦးလွင်က ပြန်ဆင်းလာတော့
မိုးတွေက. သည်းသည်းမဲမဲ ရွာချလိုက်သည်။
ဒီမှာတင်..အကွေ့အကောက် အဆင်းအတက်
အလွန်များတဲ့ လမ်းမှာ..ကားမတော်တဆမှု့
ဖြစ်ခဲ့သည်။သူ့ဦးလေးက နေရာတင် ပွဲချင်းပြီး
သေဆုံးသွားပြီး ..သူကတော့ ဆေးရုံမှာ
အပြင်းအထန် ..ခွဲစိပ်ကုသလိုက်ရသည်။
ဆေးရုံက ဆင်းတော့ ဆရာဝန်ကြီးက

“ကိုမျိုးဆွေ..ခင်ဗျားသား..အမတန်ကံကောင်း
တယ်ဗျာ..သေနိူင်လောက်တဲ့အခြေနေကနေ
ခုလို..ဖြစ်အောင်..ကျွန်တော်တို့..
အထူးကြိုးစားပြီး ကုသလိုက်ရတယ်ဗျာ…
ဒါပေမဲ့ သူ့ရဲ့ မျိုးပွားအင်္ဂါက ထိခိုက်မိတဲ့
အတွက်..ကျွန်တော်တို့ ခွဲစိတ်ပြုပြင်ရတဲ့
အပိုင်းမှာ..မျိုးပွားနိူင်တဲ့အကြောကို
ဖြတ်တောက်လိုက်ရတဲ့အတွက်.ခင်ဗျား..
သားလေးက..ဆန့်ကျင်ဘက် အမျိုးသမီး နဲ့
အတူနေရင်တောင်..ကလေးရနိူင်မှာ..
မဟုတ်တော့ဘူး…ကျန်တာကတော့..
အားလုံး..အိုကေပါတယ်ဗျာ…

အဲဒီအချိန်ကစပြီး ထွန်းမင်း မိန်းမတွေကို
ရှောင်ခဲ့တယ်။
တကယ်လို့ သူလက်ထပ်ခဲ့မယ်ဆိုရင်တောင်
ဘယ်အိမ်ထောင်ဖက်..မိန်းမကမှ..
သူအဖြစ်ကိုသိတာနဲ့..ခွင့်လွှတ်မှာ..
မဟုတ်ဖူး…အိမ်ထောင်တစ်ခု..ထူထောင်ပြီး
တာနဲ့..သားသမီးဆိုတာ..လိုချင်ကြမှာပဲလေ..
အဲဒါကြောင့်လည်း သူ့အသက် ၅၀ တန်းနား
ကပ်တဲ့အထိ..တစ်ကိုယ်တည်းနေခဲ့တာ..
အိစန္ဒာဆိုတဲ့ မိန်းကလေးကိုမြင်မှ တစ်သက်လုံး ထိန်းခဲ့တဲ့
သူ့ခံယူချက်တွေ အရည်ပျော်ကုန်တာ….
ခု…အိစန္ဒာမှာ..ကလေးရှိနေပြီတဲ့…
ဒီကလေးက..ဘယ်သူ့ကလေးလည်း…
ငါမှ ကလေးမရနိူင်တာ…
ေဩာ်.. မိန်းမ..မိန်းမ..
မိန်းမတွေဟာ..အင်မတန်ကြောက်စရာ..
ကောင်းပါလား…
“စိန်ကဲ..ရွှေကဲ..
ဤနှစ်ကဲထက်..
မိန်းမ..ကဲခက်..လွန်စွာခက်၏..” တဲ့…
ငါကတော့..မင်းကို…အထင်ကြီးပြီး
ချစ်လိုက်ရတာ..အိစန္ဒာ ရယ်…
တောက်….

ခံပြင်းလွန်း၍ ဦးထွန်းမင်းက တောက်တစ်ချက်
ခေါက်လိုက်သည်။

“အဲဒီကောင်နွားပါကွာ…

ဖောက်ပြန်တက်တဲ့ မိန်းမတွေရဲ့..
ယောက်ျားတွေကို..ကဲ့ရဲ့ရှုံ့ချတက်တဲ့
အပြောမျိုးတွေကို..ဦးထွန်းမင်း ကြားယောင်
မိတာနဲ့. သူ့ခေါင်းကို အလန့်တကြား
လက်နဲ့စမ်းကြည့်မိသည်။
ခေါင်းမှာ..ချို[ဂျို]များထွက်နေလားဆိုပြီးပါ ။

“ဒါဆို..ဒီခွေးမနဲ့ ခွေးဇာတ်ခင်းတာ..
ဘယ်ကောင်ဖြစ်နိူင်လဲ…

ဦးထွန်းမင်း အတွေးတွေက ယောက်ယက်ခတ်
နေသည်။ဝမ်းနည်းတာရော..ဒေါသဖြစ်တာပါ
ပေါင်းပြီး စိတ်ထဲမှာ တစ်ပြိုင်တည်း ခံစား
နေရသည်။စေ့စေ့တွေးတော့ ရေးရေးပေါ်
ဆိုသလို…အိစန္ဒာနဲ့ ဖောက်ပြန်တာ..
သူ့တူ..လူယုံတော် တင်မောင်ကျော် ကလွဲလို့
ဘယ်သူမှမဖြစ်နိူင်ဘူးလို့ သူထင်သည်။
တခါက..သူစာကြည့်ခန်းထဲမှာ ညဉ့်အတော်
နက်သည်အထိစာဖတ်နေမိသည်။
မှတ်မှတ်ရရ အဲဒီစာအုပ်က..ဆရာကြီး
ပီမိုးနင်းရဲ့ “ဆိုင်ကိုလိုဂျီ “ဆိုတဲ့စာအုပ်..
သူငယ်ချင်းတစ်ယောက်က လက်ဆောင်ပေး၍
သူစိတ်ဝင်တစား..ဖတ်နေမိခြင်းဖြစ်သည်။
နာရီကို ကြည့်မိတော့..၁၁နာရီတောင်..
စွန်းနေပြီ..အိပ်သင့်ပြီလို့ယူဆတာနဲ့..
အိပ်ခန်းဖက် သူလာလိုက်တော့..
အခန်းထဲကထွက်လာတဲ့..တင်မောင်ကျော်
နဲ့ ပက်ပင်းတွေ့တော့သည်။

“မောင်တင်မောင်ကျော်.. မင်း..ဒီအချိန်ကြီး..

“အော်..အကိုကြီးတောင်စာဖတ်ပြီးပြီပဲ..
အခန်းထဲက မီးလုံးက မလင်းတော့လို့
မောင်လေးကို ခေါ်ပြီးလဲခိုင်းလိုက်တာ..
အကိုကြီးစာဖတ်နေတာ အိက အနှောင့်အယှက်
ဖြစ်နေမှာစိုးလို့..

တင်မောင်ကျော် မဖြေခင် အိစန္ဒာက ဝင်ပြော
လိုက်ခြင်းဖြစ်သည်။
တင်မောင်ကျော် လက်ထဲ၌လည်း..
မီးသီးတစ်လုံးကိုင်လျှက်တွေ့ရသည်။
အေးပါကွာ.. ရပြီဆို ..ပြီးတာပါပဲ…

တင်မောင်ကျော်ထွက်သွားတော့..
အိစန္ဒာက ဦးထွန်းမင်း၏ ခါးကိုဖက်ပြီး
မျက်နှာချင်းဆိုင်ကာ..ရင်ဘတ်ခြင်း
အပ်လိုက်သည်။

“ကိုကြီးနော်..အဲဒီစာအုပ်တွေနဲ့ပဲအိပ်..
အိကိုတော့ပစ်ထားတယ်…

နူတ်ခမ်းလေးကိုစူပြီး ..အမူပိုပို..အမြူချိုချိုဖြင့်
အိစန္ဒာက ပြောလိုက်တော့…
သတ္တလောကကြီးထဲမှာ.. တရားဘာဝနာနဲ့
ပျော်မွေ့နေတဲ့ အရိယာသူတော်စင်..
မဟုတ်ရှာတဲ့..ပုထုဇဉ် အကြီးစား..
ကာမသားကောင်ကြီး လုံးလုံးဖြစ်ရှာတဲ့..
ဦးထွန်းမင်းဟာ..ငယ်ရွယ်နုပျိုပြီး..
အလှသွေးတွေ တအားကြွယ်နေတဲ့
ချစ်ဇနီးလေးရဲ့. မာယာစက်ကွင်း..
သက်ဆင်းရရှာလေတော့သည်။
××××××××××××××××××××

အမုန်းကလဲ့စား[သို့]နိဂုန်း
…………

တစိမ့်စိမ့်ပြန်တွေးရင်း..ဦးထွန်းမင်း ဒေါသ
တွေက ဆူဝေလာသည်။
သစ္စာ မဲ့ပြီး နောက်ကျောကို ဓားနဲ့ထိုးတဲ့
ခွေးနှစ်ကောင်အတွက်..ဘယ်လိုစီရင်ချက်
ချရမလဲ…
နောက်တော့ ဦးထွန်းမင်း ဆုံးဖြတ်ချက်တစ်ခုကို
ချလိုက်သည်။ယောက်ျားပီပီသသနဲ့
ထိပ်တိုက်ဖြေရှင်းမယ်..ပြီးတာနဲ့
နှစ်ယောက်လုံးကို ငရဲပြည်ပို့ပေးလိုက်မယ်..

“တွေ့ကြသေးတာပေါ့ကွာ..

အစကတော့ အိမ်ပြန်မအိပ်ပဲ..တစ်ညလုံး
ဒီတိုက်ခန်းမှာပဲ သူနေမယ်လို့ဆုံးဖြတ်ထား
သည်။ခုတော့ နယ်ထိပ်ကို တက်ဆောင့်
လာတဲ့ ဒေါသကို ချွန်းမအုပ်တော့ပဲ..
လွှတ်ပေးလိုက်သည်။
ခုချိန်မှာ သူ့အတွက် ဂုဏ်သိက္ခာသော..
ဘာသောနားမလည်နိူင်တော့..
သ့ူ့ကိုယ်သူနွားဖြစ်နေရတာကို မခံစားနိူင်
တော့တဲ့အဆုံး..အားလုံးကို တစစီဆွဲ
ဖြဲပစ်ဖို့ သူဆုံးဖြတ်လိုက်သည်။
အချိန်က..ညဉ့် တစ်နာရီကျော်နေပြီ…
………

ဦးထွန်းမင်း၏ကားကိုမြင်တာနဲ့ ခြံစောင်ကြီး
ဦးဗလက ခြံတံခါးကို အသင့်ဖွှင့်ထား
လိုက်သည်။

“ကျေဇူးပါပဲ ဦးဗလ.. .

ဦးဗလလက်ထဲကို ဦးထွန်းမင်းက ထောင်တန်
ငွေစက္ကူ တစ်ထပ်ပေးလိုက်သည်။

“ကျေးဇူးတင်ပါတယ်ဆရာကြီး…

ပြုံး၍ ခေါင်းငြိမ့်ပြီး ကားလေးကို ဦးထွန်းမင်းက
တိုက်ကြီးဆီသို့ မောင်းထွက်သွားသည်။

ဆရာကြီးက အလွန်စိတ်သဘောထားကောင်းပြီး
အလုပ်ထဲက ဝန်ထမ်းတွေရော…
အိမ်ကဝန်ထမ်းတွေပါမကျန်..တော်ရင်တော်
သလိုချီးမြှင့်မြှောက်စားတက်သည်။
စည်းကမ်းဖောက်ဖျက်ပြီဆိုလျှင်လည်း
ဘာမျက်နှာမှ မထောက်ထားပဲ..
ပြက်ပြက်သားသား..အရေးယူလေ့ရှိသည်။
ဆုပေး..ဒဏ်ပေးစနစ်ကို ဆရာကြီးက
သူ့တစ်သက်လုံးကျင့်သုံးခဲ့သည်။
အခုလည်းညတစ်နာရီကျော်နေတာတောင်
ကားဟွန်းတစ်ချက်မတီးရပဲ..ခြံတံခါးကို
အသင့်ဖွင့်ထားတဲ့အတွက်..သူ့ကို
ဆုပေးလိုက်ခြင်းဖြစ်နိူင်သည်ဟု..
ခြံတံခါးကို ပြန်ပိတ်ရင်း..ခြံစောင်ကြီး
ဦးဗလ တွေးလိုက်မိသည်။

ဦးထွန်းမင်း ကားကိုရပ်လိုက်တာနဲ့..
အိစန္ဒာရော..တင်မောင်ကျော်ပါ.
ကားနားအထိလာပြီးစောင့်ကြိုကြသည်။

“ကိုကြီး ဖုန်းခေါ်တော့လည်းမကိုင်ဘူး..
အိတို့က စိတ်ပူနေကြတာ..

အိစန္ဒာက ဦးထွန်းမင်းရဲ့ လက်တစ်ဖက်ကို
ကိုင်၍ ပြောလိုက်သည်။

“ဦးသူငယ်ချင်းတွေဆီ အားလုံးကျွန်တော်
ဖုန်းဆက်မေးတယ်..ဘယ်သူမှ သူတို့ဆီ
မလာဘူးပြောနေကြလို့ မမနဲ့ကျွန်တော်
စိတ်ပူနေတာ…

သူပြန်လာတာကို ဝမ်းမသာနိူင်ပါပဲလျက်..
ခုလို..ဟန်လုပ်ပြီး ပြောနေတဲ့ ခွေးနှစ်ကောင်
ကိုကြည့်ပြီး ဦးထွန်မင်း ပြုံးလိုက်သည်။

“ဆောရီးကွာ..သွားစရာလေးပေါ်လာလို့ပါ…

ထိုသို့ပြောဆိုပြီး တိုက်အိမ်ကြီးထဲကို..
ဦးထွန်းမင်းက ရှေ့ကဝင်သွားလိုက်သည်။
နောက်တော့ ဧည့်ခန်းထဲက ထိုင်ခုံမှာ
ထိုင်လိုက်ပြီး..နောက်က လိုက်လာတဲ့
အိစန္ဒာ နဲ့ တင်မောင်ကျော်ကို..တစ်ချက်
ကြည့်လိုက်ပြီး.. ..

“ဦး မရှိတုန်း မင်းရဲ့မမကို လိုလေးသေးမရှိ
ပြုစုပေးရဲ့မဟုတ်လား..မောင်တင်မောင်ကျော်..

“ဗျာ…

“ဟင်…

တင်မောင်ကျော်န ဲ့ အိစန္ဒာက ဦးထွန်းမင်း
စကားကြောင်..တအံ့တဩ ဖြစ်သွားကြသည်။

“အော်…ငါမရှိတုန်း အိလိုအပ်တာတွေကို..
မင်းလိုလေးသေးမရှိလုပ်ပေးရဲ့လား..
ဒါပြောတာပါကွာ..ဟင်း..ဟင်း….

သူ့စကားသူ သဘောတွေ့ပြီး ဦးထွန်းမင်းက
တဟင်းဟင်းနဲ့ ရယ်လိုက်သည်။

“ဟုတ်ကဲ့ဦး..ကျွန်တော် အဆင်ပြေအောင်
လုပ်ပေးထားပါတယ်ခဗျာ…

“ဟား..ဟား..ဒါပေါ့ကွာ..ဒီလိုပဲဖြစ်ရမှာပေါ့.
ကဲ..မင်းတို့နှစ်ယောက်..အိပ်ချင်ကြပြီလား..

‘”မအိပ်ချင်သေးပါဘူး ဦး..

“အိရော..အိပ်ချင်ပြီလား..

အိစန္ဒာက ခေါင်းရမ်းပြလိုက်သည်။
အခုဖြစ်နေတဲ့ ဦးထွန်းမင်းရဲ့ ပုံစံက..
ပုံမှန်မဟုတ်ဖူးဆိုတာ..သူမကသိနေသည်။
မုန်တိုင်းထန်တော့မဲ့ ပင်လယ်ပြင်မှာ..
မုန်တိုင်း မစခင် လေပြည်လေညင်းလေး
သွေးနေသလိုမျိုး..မကြာခင်..မုန်တိုင်းဆင်
တော့မယ်ဆိုတာ..သူမက ကြိုတွက်မိသည်။

“လူတွေဟာ..သူတို့သက်တမ်းရဲ့ သုံးပုံနှစ်ပုံကို
အိပ်စက်ခြင်းနဲ့ ကုန်လွန်ကြတယ်လို့
ဆိုတယ်..ဒီတော့ ခုတစ်ညတော့ အိပ်မနေကြ
တော့နဲ့..နောက်ဆို အေးအေးချမ်းချမ်း..
အိပ်နေပါလိမ့်ကွာ…
မောင်တင်မောင်ကျော်.. ဟိုတလောက
ဦးမိတ်ဆွေ..ကိုခိုင်ဝင်း ပြင်သစ်ကပြန်လာလို့
လက်ဆောင်ပေးတဲ့ ပြင်သစ်ဝိုင်ပုလင်းကြီး
ယူခဲ့ကွာ..ဒီညတော့ ..တို့တွေ..
ကမ္ဘာ့အကောင်းဆုံး ..ဝိုင်ကိုသောက်ပြီး
စကားလေးတွေပြောကြတာပေါ့…

“ဟုတ်ကဲ့ဦး…

တင်မောင်ကျော်ထွက်သွားတော့ အိစန္ဒာက
ဦးထွန်မင်းအား မကျေမနပ်ဖြင့်…

“အကိုကြီး..စောစောက ..စကားတွေကဘာလဲ..

ထိုအခါ ဦးထွန်းမင်းက ပခုံးကိုတစ်ချက်
တွန့်၍…

“ဘာကိုပြောတာလည်း..အိ..

“စောစောက မောင်လေးကို မေးတဲ့စကားလေ..
မင်းမမစိတ်ကျေနပ်အောင်..မင်းလုပ်ပေးရဲ့လား
ဆိုတဲ့စကားလေ…အဲဒါ..ဘာသဘောလဲ..
အကိုကြီး…

“အိုး…ဒါလား..အကိုကြီးက သဘောရိုးနဲ့..
ပြောလိုက်တာပါ..ဒါကိုအိက..တစ်မျိုး
မြင်နေတာဆိုရင်တော့..အကိုကြီးကတော့
မတက်နိူင်ပါဘူး..အိ..

ဦးထွန်းမင်း စကားကို ခွန်းတုန့်ပြန်မည်..
ပြုပြီးမှ..တင်မောင်ကျော် ရောက်လာသည့်
အတွက်..ရှေ့ဆက်မပြောပဲ..စကားကို.
အိစန္ဒာက ရပ်ထားလိုက်သည်။

“ရပါပြီ ဦး….

“ကျေးဇူး မောင်တင်မောင်ကျော်…ထိုင်ကွာ..
ဖန်ခွက်သုံးလုံးထဲ..ဝိုင်တွေထည့်ကွာ…

တင်မောင်ကျော်က ဝိုင်တွေကို ဖန်ခွက်တွေ
ထဲသို့ ထည့်လိုက်သည်။

“ကဲ..သောက်ကြကွာ..အိလည်းသောက်..
မောင်တင်မောင်ကျော်လည်းသောက်…

ဦးထွန်းမင်း ကျေနပ်စေရန် အိစန္ဒာ နဲ့
တင်မောင်ကျော် တို့နှစ်ယောက် ဝိုင်တွေကို
သောက်လိုက်ကြသည်။

“ထပ်ထည့်ပါအုံးကွာ…

တင်မောင်ကျော်က ဝိုင်တွေ ထပ်ပြီး ဖန်ခွက်တွေ
ထဲသို့ ထည့်လိုက်ပြန်သည်။

“ကဲ…

ဦးထွန်းမင်းက မေးဆက်ပြ၍ သူကိုယ်တိုင်လည်း
ထပ်သောက်လိုက်ပြန်သည်။
ကျန်နှစ်ယောက်ကလည်း သောက်ရပြန်သည်။
ထိုနည်းဖြင့် သုံးခွက်ဆက်တိုက်
သောက်ပြီးနောက်..ဦးထွန်းမင်းက.. ..

“မောင်တင်မောင်ကျော်.. မင်း….ဦးကို..
ဘယ်လိုမြင်လဲ….

“ဘာကိုပြောတာလဲ ဦး…

တင်မောင်ကျော်က နားမလည်၍မေးလိုက်သည်။

“ဒီလိုကွာ…မင်းကို ငါ..ငယ်ငယ်လေးကတည်းက
ဒီကို ခေါ်လာခဲ့တာ..အဲဒါ..မင်းအနေနဲ့
ငါ့ကိုဘယ်လိုမြင်လဲ..ဒါကိုမေးတာ…

ထိုအခါကျမှ တင်မောင်ကျော်က
သဘောပေါက်သွားဟန်ဖြင့်…

“ကျွန်တော်လူမှန်းမသိတက်ခင်ကတည်းက
အဖေဆိုတာမရှိတော့ဘူး…
ဆယ်နှစ်သားလောက်ရောက်တော့..
ကျွန်တော်အားကိုးနေရတဲ့ အမေကပါ
ထပ်ပြီး..လူလောကကြီးနဲ့ ကျွန်တော့်ကို
ထားခဲ့တယ်…အမေ. အသုဘမှာ…
ကျွန်တော့်အမေ့ရဲ့အကိုဆိုပြီး..ဦးလေးက
ရောက်လာခဲ့တယ်..နောက်တော့..
မိဘမဲ့တစ်ကောင်ကြွက် ကျွန်တော့်ကို
ခေါ်သွားပြီး..ခုလို..လူတစ်လုံးသူတစ်လုံး
ဖြစ်အောင်..မြေတောင်မြှောက်ပေးခဲ့တယ်..
ကျွန်တော့်အတွက်တော့ ဦးလေးဟာ..
မိဘနဲ့မခြား..အားကိုးချစ်ခင်ရတဲ့..
အဖေတစ်ယောက်လိုပါပဲဗျာ……
အဲဒါကြောင့်လည်း…ဦးလေးကျေးဇူးတွေကို
အမြဲတမ်း အောက်မေ့ပြီး…ဆပ်နိူင်အောင်
ကျွန်တော်ကြိုးစားနေပါတယ်….

“ကောင်းလိုက်တာကွာ…ကောင်းတယ်…

ဦးထွန်းမင်းက ခေါင်းတဆတ်ဆတ်ညိမ့်၍
ပြောလိုက်သည်။
ထိုနောက် သူ၏ချစ်ဇနီးအိစန္ဒာဖက်လှည့်၍..

“အိ..ကရော..အကိုကြီးကို..ဘယ်လိုမြင်လဲ…

“အိ..သိပ်ပြီးရှည်ရှည်ဝေးဝေး မပြောတော့ဘူး
အကိုကြီး…အကျဉ်းချုံးပြောမယ်….

“အိုကေ..အိ..သဘောပါ….

“အကုိကြီးက ..အိအပေါ်မှာ..ယောက်ျား
ပီသတယ်….လင်..ဝတ္တရားလည်းကျေပွန်တယ်..
အိ..အတွက်တော့ အားကိုးထိုက်တဲ့…
ယောက်ျားတစ်ယောက်ပါ….

“မင်းတို့နှစ်ယောက် သိပ်တော်တယ်…..
နောက်ကျောကို ….ဓားနဲ့ထိုးတယ်ဆိုတဲ့
စကားမင်းတို့ကြားဘူးလား….
နောက်ကျောကိုဓားးနဲ့အထိုးခံရပြီဆိုရင်…ဘယ်တော့မှ..
နောက်ကိုပြန်လှည့်မကြည့်နဲ့တဲ့….
ဘာလို့လည်းဆိုတော့.. .ကိုယ့်နောက်ကျော
ကို ဓားနဲ့ထိုးလိုက်သူက…ကိုယ့်အနီးနားက
ကိုယ်ချစ်ခင်တွယ်တာရတဲ့လူတွေ…
ဖြစ်နေလို့ပဲ…အဲဒါကြောင့် နောက်ကျောကို ..
ဓားနဲ့အထိုးခံရသူက…ခံလိုက်ရတဲ့…
ဒဏ်ရာထက်…ချစ်ခင်တွယ်တာ ရတဲ့သူတွေက
သစ္စာမဲ့ပြီးလုပ်လိုက်တာမို့…ဆယ်ဆ…
ပိုပြီးနာကျင်ဝမ်းနည်းရတယ်……
မင်းတို့….ငါ့နောက်ကျောကို..
ဓားနဲ့ထိုးတယ်……

ခွမ်း….

ကိုင်ထားတဲ့ ဖန်ခွက်ကို နံရံမှာ ပစ်ခွဲရင်း
ဦးထွန်းမင်းက ပြောလိုက်သည်။

ဗျာ…

အို….

တင်မောင်ကျော် နဲ့ အိစန္ဒာက မမျှော်လင့်ပဲ
ဦးထွန်းမင်း စကားကြောင့်…အံ့အားသင့်
သွားကြသည်။

“အကိုကြီးဘာပြောတာလဲ..အိနားမလည်ဘူး..

အိစန္ဒာက ဦးထွန်းမင်းအနားကပ်၍ မျက်နှာ
ချင်းဆိုင်ပြီး မေးလိုက်သည်။

“မင်းတို့ဖောက်ပြန်တယ်……

ရှင်….

ဗျာ…..

“ငါသိပ်ချစ်ရတဲ့ မိန်းမကို…င့ါသားတစ်ယောက်လို
ပြုစုမြှောက်စားခဲ့တဲ့ ကောင်နဲ့…ဖောက်ပြန်လို့
ငါပိုပြီး…ဝမ်းနည်းရတယ်….
အေးပေါ့လေ…တာနောယက္ခဘီလူးကြီးက
သူသိပ်ချစ်တဲ့မိန်းမကို ..စိတ်မချနိူင်လွန်းလို့
ရွှေကြုတ်ထဲထည့်ပြီး
အာဂတွင်းမှာ..ငုံထားတာတောင်..
ဝိဇ္ဇာဓိုလ်နဲ့ ဖောက်ပြန်သေးတာပဲ…
မင်းမလွန်ပါဘူး…အိစန္ဒာ.. …ဟား…ဟား….

ဦးထွန်းမင်းက စိတ်လွတ်ပြီး အရူးလို
အော်ရယ်သည်။

“မဟုတ်တမ်းရားတွေ မပြောပါနဲ့ကိုကြီး…
မောင်လေးနဲ့..အ်ိက တကယ့်မောင်နှမတွေ
လိုနေကြတာပါ…

ကျားသစ်မလေးတစ်ကောင်လို..မီးဝင်းဝင်း
တောက်နေတဲ့ မျက်လုံးများဖြင့် ဦးထွန်းမင်းကို
ကြည့်၍ အိစန္ဒာက ပြောလိုက်သည်။

“ဟုတ်ပါတယ်..ဦး..ကျွန်တော်နဲ့မမက
မောင်နှမလို ဆက်ဆံရေးမျိုးပါ…
ဦးရဲ့ ..ဇနှီးဆိုတာများနေပါပြီ…..
ဦးပိုင်တဲ့ဘယ်အရာ
မဆို…ဦးခွင့်မပြုရင်….အပ်တိုတစ်ချောင်းတောင်
ကျွန်တော်လက်ဖျားနဲ့မတို့ပါဘူး..

ဦးထွန်းမင်းတစ်ယောက်
တင်မောင်ကျော်စကားကြားတော့
မီးပုံထဲ ယမ်းထည့်လိုက်သလို…
သူ့ဒေါသတွေကို ပိုပြီး ဆွလိုက်သလိုဖြစ်
သွားသည်။

“တော်ကြစမ်းပါ….မင်းတို့နှစ်ယောက်
ငါ့ကို…အချိုပေါ်သကာလူးမနေကြနဲ့…
မင်းတို့မဖောက်ပြန်ဘူးဆိုရင်…
ဟောဒီခွေးမ ဗိုက်ထဲက ကလေးက…
ဘယ်ကရောက်လာတာလဲ…
ပြောကြလေကွာ….
ဘာလဲ…ဝေသာလီဗျိုင်းမျိုးတွေလို…
လေသင့်ရာ..ဖင်လှည့်ယုံနဲ့…သန္ဓေခတာ
တော့မဟုတ်လောက်ပါဘူးနော်…ဟားးးဟား.. .

‘”ရှင်…ရှင်…စော်ကားလှချည်လား…ကဲ..

ဖျန်း…..

ဖျန်း….

အသားတွေတဆက်ဆက် တုန်နေရင်းက
ဦးထွန်းမင်းရဲ့ ပါးကို အိစန္ဒာက နှစ်ချက်ဆင့်ရိုက်
လိုက်သည်။

“အော်…ခွေးဇာတ်ခင်းထားတဲ့ခွေးမက
လူကို ပြန်ကိုက်တယ်ပေါ့..ဟုတ်လား..
သေစမ်း..ခွေးမ..

ဖျောင်း…

အေမ့….

ဦးထွန်းမင်း ရိုက်ချက်ကြောင့် အိစန္ဒာ
ကြမ်းပြင်ပေါ် ခွေခွေလေးလဲကျသွားသည်။
လဲကျသွားတဲ့ အိစန္ဒာကို တင်မောင်ကျော်က
ဆွဲထူလိုက်ပြီး.. ..

“ဦးလေး ဒါတော့လွန်သွားပြီ..အားနွဲ့တဲ့
မိန်းကလေးတစ်ယောက်ကို..ခုလို..
ကိုယ်ထိလက်ရောက် ရိုက်နှက်တာတော့
မကောင်းပါဘူးဗျာ……
နောက်ပြီး ဦးလေးဟာက ကျွန်တော်တို့ကို
အခြေအမြစ်မရှိ စွပ်စွဲနေတာဗျ….

မခံနိူင်တော့တဲ့အဆုံး…တင်မောင်ကျော်က
ဦးထွန်းမင်းကို ပြန်လည်ပြောဆိုလိုက်
ခြင်းဖြစ်သည်။

ထိုအခါ ဦးထွန်းမင်းက ခွက်ထိုးခွက်လန်..
ရယ်မော၍….

“ဘာလဲကွ..မင်းတို့က ငါ့ကို..ကြောင်အိုလို့
ကြွက်မလေး..ဆိုတဲ့ စကားလို…
အဘိုးကြီးဆိုပြီးအထင်သေးတာလား…
ဒီမယ်တင်မောင်ကျော် …ခု…ငါတွေ့နေတာက
ဆင်ခြေရာမဟုတ်ဘူးကွ…ဆင်ကြီးတစ်ကောင်လုံး….မင်းသိရဲ့လား…

“အဲဒါဆို..ရှင်က ဘာလုပ်ချင်တာလဲ….

အိစန္ဒာက ထိုသို့မေးလိုက်တော့…ဦးထွန်းမင်းက
တစ်ချက်မဲ့၍…
တစ်ယောက်ချင်းစီကို..လက်ညှိးထိုး၍..

“မင်းရော….

မင်းရော…..

မင်းတို့၂ယောက်စလုံးသေပေးရမယ်..

ဟား……ဟား….ဟားဟား.. .

ဒေါသအရှိန်..အရက်ရဲ့အရှိန်နဲ့..ဦးထွန်းမင်းက..
တဖြည်းဖြည်းနဲ့ သတိလက်လွတ်
ပိုဖြစ်လာသည်။

“ရှင်..သေဆိုတိုင်း…ကျွန်မတို့က သေရမှာလား…

အိစန္ဒာက အော်ပြီး ပြောလိုက်သည်။
ထိုအခါ ဦးထွန်းမင်းက သူလိုင်စင်နှင့်..
ကိုင်ဆောင်သော ခြောက်လုံးပြူးသေနတ်ကို
ခါးမှာထိုးထားရာမှာ ဆွဲထုတ်လိုက်သည်။
သေနတ်ကြိုမင်တော့ အိစန္ဒာက.. .

“အော်…….ရှင်က..တော်တော်…
လူကြီးလူကောင်းဆန်တာကိုး….
ပစ်လိုက်စမ်းပါ..ရှင့်လို အမှားအမှန်မသိပဲ
တစ်ကိုယ်ကောင်းဆန်ပြီး အတ္တကြီးတဲ့
လူမျိုးနားနေမဲ့အစား..သေလိုက်တာက
ပိုကောင်းအုံးမယ်…

သေနတ်နဲ့ ထိုးချိန်ထားရာကနေ..အိစန္ဒာ
စကားကြားတော့ ဦးထွန်းမင်း တစ်ချက်တွေ
ဝေသွားသည်။ဖျက်ကနဲ့ စိတ်ကောင်းလေး
တစ်ချက်ဝင်တုန်း…တင်မောင်ကျော်လုပ်ရပ်
ကြောင့် ဝင်နေတဲ့အကြည်ဓာတ်လေးက
ချက်ချင်းနောက်ကျိသွားပြီး..ဒေါသမီးက
သူ့ရင်ထဲ တဝုန်းဝုန်း လောင်မြိုက်သွားစေသည်။

“အပြစ်ရှိတယ်လို့ ..ဦးကထင်နေရင်…
မမကို..မပစ်ပါနဲ့…ကျွန်တော့်ကုိအသေပစ်
လိုက်ပါ..ဦး…

တင်မောင်ကျော်က အိစန္ဒာ ရှေ့ကနေ..
မားမားကြီးရပ်ပြီး..ပြောလိုက်သည်။

“မောင်လေး..မမရှေ့ကဖယ်ပါ…ဒီလူကြီး
သတ်တာကို..မမခံချင်လွန်းလို့ပါ..ဟင်း..ဟင်း..

ခနဲ့တဲ့တဲ့ အပြောနဲ့ အိစန္ဒာက ပြောလိုက်သည်။
ဦးထွန်မင်း သူမကို..ဘယ်လောက်ချစ်တယ်
ဆိုတာ..သိနေတဲ့အတွက်..ထို့သို့ပြောလိုက်ခြင်း
ဖြစ်သည်။ဦးထွန်းမင်း..သူမကိုမသတ်နိူင်
လောက်ဘူးလို့လည်း..အိစန္ဒာက တစ်ထစ်ချ
ယုံကြည်နေသည်။

“မဟုတ်ဘူး..မမ..ကျွန်တော်အသေခံမယ်..
မမ..မသေရဘူးဗျာ…
ဦး..ကျွန်တော့်ကိုပစ်ပါဗျာ…
ဒါပေမဲ့..ဦးထင်သလို..ကျွန်တော်က..
ကျေးဇူးကန်းတတ်တဲ့ကောင်မျိုးမဟုတ်ပါဘူး..

သူ့ရှေ့မှာ သူအသေခံမယ်…ငါအသေခံမယ်..

ဆိုပြီး..သေရမှာတောင်မကြောက်ပဲ…
အသေခံပြီး ချစ်ပြနေတဲ့..တင်မောင်ကျော် နဲ့
အိစန္ဒာကိုကြည်ပြီး…ဦးထွန်းမင်း.. ပိုပြီး..
ခံပြင်းဒေါသဖြစ်လာသည်။
သဝန်တိုတဲ့စိတ်က…သူ့ဒေါသကိုပိုပြီး
အားကောင်းလာစေသည်။

“တောက်..

ငါ့ရှေ့မှာတောင်.. ဒီလောက်ချစ်ပြနေတယ်ပေါ့..
ငါယုံကြည်မှု့နဲ့ ..ငါ့အချစ်ကို..
အလွဲသုံးစားလုပ်ပြီး..စော်ကားတဲ့..
ကောင်နဲ့ကောင်မ..သေစမ်း…

ဒိုင်းးး

ဒိုင်းးး

ဒိုင်းးး

အိစန္ဒာကို နှစ်ချက်…
တင်မောင်ကျော်ကို..တစ်ချက်ပစ်လိုက်သည်။
နှစ်ယောက်လုံး..ဆက်ကနဲ့လန်ကျပြီး
ဝုန်းဆို…အရုပ်ကြိုးပျက်..ကြမ်းပြင်ပေါ်
လဲကျသွားကြသည်။
သွေးတွေပေကျံပြီး…
ခပ်စောင်းစောင်းအနေထားနဲ့ လဲကျနေတဲ့
အိစန္ဒာကို ဦးထွန်းမင်းက သူ့ရင်ခွင်ထဲ..
အသာပွေ့ပိုက်လိုက်သည်။

“အိ…မင်းကို..အကိုကြီး…
ချစ်လွန်းလို့ကို..ခုလိုသတ်လိုက်တာ…
မင်းဘာလို့…ငါ့အပေါ်ခုလို..လုပ်ရတာလဲ..
မင်းရက်စက်တယ်.. အိရယ်..ဟီး…ဟီး..

ဒုန်း..ဒုန်း..

ဧည့်ခန်းထဲ ပြေးဝင်လာတဲ့ ခြေသံကြောင့်
ဦးထွန်းမင်း..နောက်ကိုလှည့်ကြည့်လိုက်သည်။
သွေးအိုင်ထဲမှာ အသက်ပျောက်နေတဲ့..
တင်မောင်ကျော် နဲ့..အိစန္ဒာ.. နောက်..သူ့ဆရာ
ဦးထွန်းမင်း တို့ကိုကြည့်ပြီး..ဦးဗလ ကြောင်၍
ကြည့်နေမိသည်။အိမ်ကြီးဆီက သေနတ်သံတွေ
ကြားလို့..စိုးရိမ်ပြီး..ခုလို..အပြေးလာခဲ့ခြင့်း
ဖြစ်သည်။သူမြင်လိုက်ရတဲ့မြင်းကွင်းက..
လုံးဝမယုံနိူင်စရာဖြစ်နေသည်။

“ဦးဗလ….

“ဗျာ..ဆ..ဆရာကြီး..

တုန်တုန်ရီရီဖြင့် ဦးဗလက ထူးလိုက်သည်။
ဦးထွန်းမင်းက အိစန္ဒာကို ကြမ်းပြင်ပေါ်..
အသာပြန်ချလိုက်ပြီး….

“ရဲစခန်းကို..ဖုန်းဆက်လိုက်ပါ…ဒီမှာလူသတ်မှု့
ဖြစ်နေတယ်လို့…..

“ဟုတ်…ဟုတ်ကဲ့ပါ.. ဆရာကြီး..

ဦးထွန်းမင်းက ထိုင်ခုံပေါ်ကို..
တည်တည်ငြိမ်ငြိမ်..ပြန်ထိုင်နေလိုက်ပြီး..
ထိုင်ခုံရဲ့နောက်မှီပေါ်မှီရင်း..ခေါင်းကိုလှန်၍
မျက်နှာကျတ်ကို မော့ကြည့်နေမိသည်။
မကြာမီ ဥဩဆွဲသံများပေး၍..ရဲကားများ
ရောက်ရှိလာသသည်။
နောက်တော့..သူသတ်ပါတယ်ဆိုတာ..
ဝန်ခံပြီး..ဦးထွန်းမင်းက အဖမ်းခံလိုက်သည်။
………….
“ထွန်းမင်း..နင်ဘာလို့..ဒီလိုလုပ်ရတာလဲ..
ဟင့်..ဟင့်.

နောက်နေ့ကျတော့..အချုပ်ထဲကဦးထွန်းမင်းကို
သူ့၏သူငယ်ချင်း..ဒေါက်တာခင်မာလာက
လာရောက်တွေ့ဆုံရင်းမေးလိုက်ခြင်းဖြစ်သည်။

“ငါသူတို့ကို..ဒဏ်ခတ်လိုက်တာ…လောက
သစ္စာ တရားကိုဖောက်ဖျက်လို့..
ဒဏ်ခက်လိုက်တာ..

“ဘာရယ်..သစ္စာတရားကိုဖောက်ဖျက်လို့
ဟုတ်လား…

“ဟုတ်တယ်..သူတို့ကိုသတ်လိုက်မိတဲ့အတွက်
ငါ..နောင်တမရဘူး..ကျေနပ်တယ်..

အလွန်နုညံ့သိမ့်မွေ့ပြီး စိတ်သဘောထား
ကောင်းတဲ့..ထွန်းမင်း..ခုလိုခက်ထန်ကြမ်းကြုတ်
ရက်စက်စက်တဲ့ လူတစ်ယောက်အဖြစ်..
ပြောင်းလဲသွားတာကို..ဒေါက်တာခင်မာလာ..
အရမ်း အံသြ..ဝမ်းနည်းနေမိသည်။

“ငါနင့်အတွက်..အကောင်းဆုံး..ရှေ့နေငှါးမယ်..

“မလိုပါဘူး..မာလာ…ငါ့အမှု့က.အသေစား
အသေခံပြစ်ဒဏ်ကျမဲ့အမှု့ပါ…
နောက်ပြီးငါကျေနပ်တယ်…
ဒီလိုခွေးတွေကိုသတ်လိုက်ရလို့…

နာကျည်းနေတဲ့ မျက်နှာဖြင့် ဦးထွန်းမင်းက
ပြောလိုက်သည်။

“သူတို့က..နင့်အပေါ်သစ္စာဖောက်တယ်ဆိုတာ..
နင်က..အသေချာသိလို့လား….

ဒေါက်တာဒေါ်ခင်မာလာက ဂရုဏာသက်ပြီး
ဦးထွန်းမင်းကို မေးလိုက်သည်။

“ငါငယ်ငယ်က..ငါ့ဦးလေးနဲ့ ကားအက်ဆီးဒင့်
ဖြစ်တာ..နင်မှတ်မိတယ်မဟုတ်လား..မာလာ..

ဒေါက်တာဒေါ်ခင်မာလာက ခေါင်းညိမ့်ပြသည်။

“ဦးလေးက နေရာမှာတင် ပွဲချင်းပြီး သေတယ်..
ငါကတော့..ဆေးရုံးမှာ..အသည်းအသန်
ခွဲစိတ်ကုသမှု့တွေခံရတယ်…
နောက်တော့..ဆရာဝန်တွေပြောတာက…..
ခွဲစိတ်ကုသမှု့အောင်မြင်ပေမဲ့..ငါက..
ဘယ်တော့မှ ကလေးမရနိူင်တော့ဘူးတဲ့..
ကလေးမရနိူင်တဲ့ငါက…ဘယ်လိုလုပ်ပြီး..
ကလေးအဖေဖြစ်နိူင်မှာလဲ..ဒင်းတို့..
ဖောက်ပြန်ပြီး..ရတဲ့….

ဦးထွန်းမင်းက အချုပ်သံတိုင်တွေကို..
လက်နဲ့တင်းတင်းဆုပ်ရင်း…နာကျည်းဆို့နင့်
နေမိသည်။

“နင်ကလေးမရနိုင်တော့ဘူးဆိုတာ..ငါတကယ်
မသိခဲ့ဘူး…ထွန်းမင်း..

“သူတို့…ဖောက်ပြန်တယ်…မာလာ..
အဲဒါကြောင့်..ငါသူတို့ကို..ငရဲပို့လိုက်တာ…

“ဘယ်လို…ကလေးကြောင့်..နင်ကသူတို့ကို..
သတ်လိုက်တယ်….

ဦးထွန်းမင်းလက်ကို ကိုင်လှုပ်၍..ဒေါ်ခင်မာလာ
က အလန့်တကြား ပြောလိုက်သည်။

“ထွန်းမင်းရယ်…အဲဒါဆိုနင်အမှားကြီးမှားပြီ…

“ငါ…မှားတယ်..ဟုတ်လား..

“အေး…နင်ပြောတဲ့ကလေးကိစ္စကဒီလို..
အဲဒီနေ့က..အိစန္ဒာ မူးလဲလို့ ငါ့ဆီနင်ဖုန်းဆက်
တော့…သူကသွေးပေါင်တွေအရမ်းကျနေတယ်..
ငါသူ့ကိုဆေးထိုးဆေးတိုက်ပြီးတော့
နင်က အရေးတကြီးနဲ့ရောက်လာပြီး..
အိမ်အကူမမြဝင်းကို..နင့်အကြောင်းမေး
နေသံကြားတော့..အိစန္ဒာက ငါ့ကို..
“မမ..အကိုကြီးလာရင်..အိမှာကလေးရှိနေတယ်
လို့..စကြရအောင်နော်..အကိုကြီးက..
ကလေးလိုချင်တာမဟုတ်ဘူး..မမရဲ့..
လို့ပြောလို့..နင်ကလေးအဖေဖြစ်ပြီဆိုပြီး
ငါက..စ.လိုက်တာ…နင်ဟယ်..
မိုက်လိုက်တာ..ထွန်းမင်းရယ်…ဟင့်ဟင့်…

ပြောပြီး..ဒေါ်ခင်မာလာက ငိုချလိုက်သည်။

“ဘာရယ်…
ဘယ်လို…အိမှာ..ကလေးတကယ်မရှိဘူး..
ငါ့ကို..စချင်လို့ပြောလိုက်တာ…
ဟုတ်လား….
ဟာ…
အိ…
တင်မောင်ကျော်…
အိရယ်….
ငါမှားပြီ…အိ..အကိုကြီး…

ဦးထွန်မင်း ရင်ထဲမှာ ဝမ်းနည်းတာရော..
နောင်တရတာရော…အကုန်လုံးက စုပြုံပြီး
ဗလောင်ဆူနေသည်။
ထို့နောက်..လှုပ်ရှားနေသော..စိတ်အား
ချုပ်တည်းနိူင်ခြင်းမရှိရှာတော့ပဲ…

“လွှတ်ကြစမ်းပါ…
အိက..ခုလောက်ဆို..ကျုပ်ကိုမျှော်နေပြီ..
လွှတ်ကြစမ်းပါ.. ဗျာ..အိရေ..အိ.
အိဆီ..ကျုပ်သွားမှရမယ်..
အိ…
အိ..ရေ….

ဦးထွန်းမင်း သည်..သူ၏စိတ်အစဉ်က သူမခံ
နိုင်အောင်လောက်အောင်..များစွာနှိပ်စက်
ရကား..နောက်ဆုံး..သွက်သွက်ခါအောင်
ရူးသွားရှာလေတော့သည်။

…………….

သံသယ..ဟူသည်..

မသေချာခြင်းသာဖြစ်သည်။

သံသယသည်..

ပူလောင်သည်…

နာကျင်ရသည်..

ဝမ်နည်းရသည်။

ထို့ကြောင့်.. .သံသယဖြစ်ခြင်းနဲ့

သံသယ အဖြစ်ခံရခြင်းမှ….

ကင်းဝေးကြပါစေ.. ..

၁၉.၈.၂၀၂၃..ညနေ..၃နာရီ၂၀

#ပီယ