Unicode Version
“အောက်လမ်းဘိုးထင် နှင့် သူခိုး”(စ/ဆုံး)
———————————————————
(၂၈)
◾အခန်း-၁
မောင်ဘိုးထင်တို့သည် ကန်ပေါက်ရွာမှ လူပုခါးကုန်းလေးများ၏ ကျိန်စာကို ဖျက်ပေးပြီးလောက် အတော်ကို ပင်ပန်းနေကြပြီး ဖြစ်၊ ကလေးသာသာ မောင်ဘိုးထင်တို့ သုံးယောက်မှာ ပြေးရလွှားရ နှင့် အတော်ကို ဒုက္ခများခဲ့ရာ မောင်ဘိုးထင်သည် လှည်းပေါ်တွင် အိပ်ပျော်နေကြ၍ မိုးကြိုးစက်တောင်ဝှေးကြီး အား အိပ်ချင်မူးတူးဖြစ် လင်းတများပျံလာသည်ကို သူ့အားမိုးကြိုးစက်တောင်ဝှေးလာပေးသည့် လင်းတ ကြီးများထင်ကာ ဖိုးထွေးအားပေးခိုင်းလိုက်ချင်းဖြစ်သည် ၊ ဦးအုနး်မှ စိတ်အသံ လွှင့်၍ သူအားပြောပေမဲ့ အိပ်ချင်စိတ်ကာ ကြီးဆိုးကာ အိပ်ပျော်သွားချင်းဖြစ်သည် ၊ ဤသို့ ဖြစ် မောင်ဘိုးထင်တို့ အပြခရီးတွင် လှည်း တချက်အစောင့် မှာ မောင်ဘိုးထင် နိုးလာသည် ၊ နိုးလာသည် နှင့် လှည်းပေါ် ငူငူ ငိုင်ငိုင်ထိုင်ရင်း
“ကိုဖိုးထွေး မိုးကြိုးစက်တောင်ဝှေးကြီးကော ”
“မင်းပဲ ငါတို့ လှည်းပေါ် ပျံနေတဲ့ လင်းတ ကြီးတွေကို ပေးလိုက်ဆို အဲ့တာကြောင့် ငါပေးလိုက်တာလေ”
ထိုအခါ မှ မောင်ဘိုးထင် သူ၏ အဘ ဦးအုန်း သူဆီသို့ လွှတ်သည့် စိတ်စကားကို ပြန်သတိရပြီး
“ဟာ သွားပြီဗျာ မှားကုန်ပြီဗျို့ ”
“ဘာဖြစ်တာ တုန်း ဘိုးထင်ရ ”
“ဘာဖြစ်ရမှာလဲ ကိုသာရ ရာ ကျုပ်တောင်ဝှေးကြီးကို သူခိုးခိုးသွားပြီ ”
‘ဟုတ်လို့လားကွာ မင်းကို လာပို့တဲ့ လင်းတ ကြီးတွေ ပြန်ယူသွားတာမဟုတ်လား ”
“ဘယ်က ဟုတ်ရမှာလဲ ကျုပ်အဘက ပြောတယ် တောင်ဝှေးပါ မလာရင် ပြန်မလာနဲ့တဲ့ ”
မောင်ဘိုးထင် ၊သာရ နှင့် ဖိုးထွေးတို့ ၏ ကျယ်ကျယ်လောင်လောင် စကားသံများကြောင့် သာအေး နှင့် ပေတူး နိုးလာကာ
“ဟေ့လူတွေ ဘာဖြစ်ရပြန်ပြီလဲ ဗျာ ”
“ဘာဖြစ်ရမှာလဲ မိုးကြိုးစက် တောင်ဝှေးကြီး လင်းတ တွေ ချီပြီး ခိုးသွားလို့ကွ ”
“ခင်ဗျားတို့က လင်းတ တွေ လှည်ပေါ် ထိ ဝင်ချီတာကို မမောင်း နိုင်ဘူးလား ညံချက်ဗျာ ”
“ဘယ်ကသာ လှည်းပေါ် ဝင်ချီရမှာလဲ ဟိုကောင် ဘိုးထင် ဖိုးထွေးကို အပေါ်မြှောက်ပေးခိုင်းလိုက်တာ ”
“ဟ ဘိုးထင် မင်းက ဆရာကြီးဖြစ်ပြီး သောက်သုံးမကျပါလား ဘာကြောင့်ပေးခိုင်းလိုက်တာတုန်း”
ပေတူးသည် မကျေမနပ်ဖြစ် မောင်ဘိုးထင်အား စကားဆိုသော အခါ မောင်ဘိုးထင်သည် သက်ပျင်းကို အရှည်ကြီးချလိုက်ပြီး
“မင်းက ငါ့ကိုပဲ အပြစ်ပြောမနေနဲ့ အိပ်ရေးပျက်တာ ဘယ်လောက် ကြာပြီလဲ တနေ့တနေ့ ပြေးလိုက်ရ လွှားလိုက်ရနဲ့ လှည်းလေးပေါ်ရောက်မှပဲ အိပ်ရတာ မင်းတို့ နှစ်ယောက် အိပ်ချင်တော့ ငါလည်း အိပ်ချင်တာ ပေါ့ လင်းတ ငှက်ဆိုတော့ အဘ လွှတ်လိုက်တယ်ပဲ ထင်တာပေါ့ကွာ ”
မောင်ဘိုးထင်သည် ပေတူးအား ပြန်ရှင်းပြနေစဉ် သာရမှ နွားလှည်းကို ရပ်လိုက်ကာ
“ကဲ အဲ့တာဆို ငါတို့ ဘယ်လို လုပ်ကြမလဲ ဘိုးထင် ”
“ခင်ဗျား တို့ ပြန်ရင် ပြန်ကြပါ ကျုပ်တေယာက်တည်းလိုက်ရှာပါမယ် ကျုပ်အမှားကေကြာင့် ခင်ဗျားတို့ကို ထပ်ပြီး မပင်ပန်းစေချင်တော့ဘူးဗျာ”
မောင်ဘိုးထင်သည် မျက်နှာကို တည်တည်ကြည်ကြည်ထားပြီး စကားဆိုနေသောအခါ သူ၏ ဘေးတွင် ရှိသော ဖိုးထွေးသည် နားရင်းကို တချက် အုပ်လိုက်ကာ
“မင်းဆိုတဲ့ ကောင်က သောက်ကြီး သောက်ကျယ် တအားပြောတဲ့ကောင် လှည်း ပြန်လှည့် ကွာ ဦးခုတ္တက တို့ဆီ ပြန်သွားမယ် ”
“ဘာ ဖြစ်လို့လဲဗျ ”
“မင်းတောင်ဝှေးကြီး ရှာရမှာ ဘယ်ေလာက် ကြာမယ် မှန်းမသိဘူး ငါတို့ မှာက ဆန်မရှိတော့ဘူး ပေးခဲ့တဲ့ ဆန်နဲ့ ဆီး နည်းနည်း ပြန်တောင်းရမယ် ”
“အဲ့တာဆို ခင်ဗျားတို့ပါ လိုက်ရှာပေးမှာပေါ့ ”
“တောက် ဘိုးထင် ကြောင်တောင်တောင်နဲ့ ”
သာရသည် ဘိုးထင်အား ကြည့်ကာ ထိုသို့သော စကားကို ပြောပြီး နွားလှည်းအား ပြန်၍ လှည့်လိုက်ပါလေတော့သည် ။
◾အခန်း-၂
မောင်ဘိုးထင်တို့သည် လှည်းကို ပြန်လှည့်လာပြီး မည်သူကို မှ အပြစ်ထက်မဆို အားလုံးတိုင်တိုင်ပင် နှင့် ဦးခုတ္တက ၏ အိမ်သို့ ပြန်လှည့်လာကြသည် ၊ မောင်ဘိုးထင်တို့အတွက် အားသာချက်သည် ရှိ၏။ ထိုအရာသည် အခြားမဟုတ် တေယာက်ကို တေယာက် အပြစ် မဆိုချင်းဖြစ်သည် ၊ ပုံမှန်အနေအထားတွက် တယောက်ကို တေယာက် စောင်းမြောင်းကြပေမဲ့ တကယ် အရေးကြီးပြီဆိုက မည်သူကိုမှ အပြစ်မဆို အားလုံးတိုင်တိုင် ပင်ပင်ရှိကြသည် ၊ စုပေါင်းချင်းသည် အောင်မြင်ချင်းဆို၏ ေမာင်ဘိုးထင်တို့ စုပေါင်းပြီး အောင်မြင်ချင်းသည် သူတို့အားလံုးမှာ အကောက်ကြံစိတ်မရှိသော သူများဖြစ်ေသာကြောင့် အောင်မြင်တာ ဖြစ်နိုင်၏ ၊ ယခုလည်း အစပိုင်းသာ မိုးကြိုးစက်တောင်ဝှေးကို မသမာသူလက်ထဲ ပါသွားသည့်အတွက် ပူထူနေတုန်းသာ အပြစ်ဆိုကြပြီးး သိပ်မကြာသော အချိန်တွင်ေတာ့ အားလုံးက တိုင်တိုင် ပင်ပင် နှင့် ဖြစ်ေနပြန်သည် ၊ မောင်ဘိုးထင်သည် လှည်းစီး နေရင်း ဖိုးထွေးတို့ကို ကြည့်ကာ စကားဆိုလာလေသည် ။
“ခင်ဗျားတို့ကို ကျေးဇူးတင်တယ်ဗျာ ”
“ဟာ ဘိုးထင် ကျေးဇူးဆိုတာ ဘယ်တုန်းက ပြောတက်သွားတာလဲ ငါတို့ ပေပင်သားတွေက ကျေးဇူးဆိုတဲ့ စကားကို တောင် သိပ်နားမလည်ဘူး ”
ဖိုးထွေးပြောသည်မှာ ဟုတ်ပေ၏ ပေပင်ရွာသားများ အကုန်လုံးနီးပါး ကျေးဇူးတင်ပါသည် ဆိုသော စကားလုံးကို မသုံးကြပါ သူတို့ ရွာတင် မဟုတ် ကျန်သော ရွာများသည် လည်း အသုံးမပြုပေ ကျေးဇူးတင်ပါသည် ဆိုသော စကားရပ် မတွင်ကျယ်သေးသည် ကြောင့်လည်း ဖြစ်နိုင်သလို တောကျလွန်း၍ လည်း ဖြစ်နိုင်၏ ၊ မောင်ဘိုးထင်သည် ကျေးဇူးတင်ပါတယ် ဆိုသောစကားကို နွားပွဲဈေး ခေါက်ဆွဲဆိုင်မှ စားပွဲထိုးလေးပြောတာ ပထမဆုံးကြားဖူးချင်ဖြစ်သည် ၊ သူတို့ရွာမှာ ကျေးဇူးဆိုသော စကားကို မသုံးပေမဲ့ စိတ်ထဲ မှာတော့ အတော်ကို ကျေးဇူးဥပကာ တင်တက်သည်၊ ပါးစပ်မှာတော့ ကျေးဇူးတင်ပါတယ် ဆိုသော စကားလုံးကို မပြောတက်ချင်းပေ ကျေးဇူးတင်ပါတယ်ဆိုသော စကားရပ်သည် မြို့သားများအတွက် သီးသန့် သုံးရသော စကားလံုးဟု မောင်ဘိုးထင်တို့ မှတ်ယူထားချင်းကြောင့်ဖြစ်သည် ။ ယခုလည်း ထူးထူးခြားခြား ဖိုးထွေးတို့ အားကျေးဇူးတင်စကားဆိုနေသော မောင်ဘိုးထင်အား သူတို့ အားလုံး အံ့ဩတကြီး ကြည့်နေကာ ဦးခုတ္တက ၏ နေအိမ်သို့ လှည်းလေးစီးလို့ သွားနေကြပါလေတော့သည် ။
◾အခန်း-၃
ကမ္ဘာကြီးသည် လည်ပတ်နေသည်ဆိုတာကို မောင်ဘိုထင်တို့ သေချာမသိေပ သူတို့ သိသည်က နေကြီးသည် အရှေ့မှ အနောက်သို့ တဖြည်းဖြည်းသွားနေသည်ဟုသာ သိသည် ထို့ကြောင့် နေလုံးကြီး သည် အနောက်ဘက်သို့ တဖြည်းဖြည်း သွားနေကာ အပူရှိန်လျှော့ ကြသွားသော ကြောင့် ပေတူးမှ နေလုံးကြီးကို ကြည့်ကာ ပြစ်တင် ပြောဆိုနေသည် ။
“တောက် ဒီေနကြီးကလည်း သွားတားမြန်ကိုမြန်တယ် အိမ်က သံကြိုးနဲ့ ချည်ပြီး လိုသလောက် ရွေ့လို ရရင်လည်းအကောင်းသား ”
“ဟ ပေတူး ဘာတွေ ဒေါပွနေတာလဲ”
“မေးစမ်းပါနဲ့ ကိုဖိုးထွေးရာ ကိုသာရ လှည်းကပဲ နှေးနေတာလား ဟိုမိုးပေါ်က နေလုံး ကြီးကပဲ မြန်နေတာလား မပြောတက်ပါဘူး နေကစောင်းနေပြီ ကျုပ်ကတော့ တောင်းဝှေးကို မြန်မြန် ရှာပြီး မြန်မြန် ပြန်ချင်ပြီဗျ ”
“နေပါဦး မင်းက ဘာလို့လောနေတာလဲ ”
“အိမ်ကို သတိရလို့ပေါ့ ဗျာ ”
“ထူးထူး ဆန်းဆန်းပါလား ပေတူး”
“အေးဗျာ ကျုပ်အရင်က ဘာကို မှ သတိရတာ မဟုတ်ဘူး အခုမှ အိမ်ကို သတိရနေတယ် ”
“အေးပေါ့ကွာ မင်းက အသက်ငယ်သေးတာ ကို ”
“အဲ့လိုလည်း မဟုတ်ဘူး ကိုသာရ ရ ကျုပ်ဒီထက်ကြာတဲ့ ခရီးတွေ တောင်သွားဖူးပါတယ် ဘာမှကို သတိရတာ မဟုတ်ဘူး အခုမှ ထူးထူးဆန်းဆန်း ဖြစ်နေတာ ”
ထို့ေနာက် ပေတူးအား မောင်ဘိုးထင်တို့ ဝိုင်းဝန်း နှစ်သိမ့်လိုက်ကာ ဦးခုတ္တက ၏ အိမ်သို့ လှည်းလေးဖြစ် ပြန်လည်သွားနေကြပါလေတာ့သည် ။
◾အခန်း-၄
နေဝင်ရီတရော အချိန်တွင် မောင်ဘိုးထင်တို့သည် ဦးခုတ္တက၏ သစ်လုံးအိမ်လေးသိူ့ ရောက်ရှိလာကြလေသည် ၊ ဦးခုတ္တကသည် သူ၏ အိမ် အဝင်ပေါက်များအား ပြင်ဆင်နေသလို မဝင်္ကသည်လည်း သူတို့၏ အသံုးအဆောင် ပစ္စည်းများကို လဲ လှည်နေကြသည် ၊ ပုံမှန်အိုးများ ပန်းကန်များကို သိမ်းထားဟန်ရှိကာ ထိုသာမာန်လူအသံုးေဆာင် ပစ္စည်းများကို ဆေးေကြာနေလေသည် ၊ အရင် သုံးခဲ့သည့် သေးကွေးသော ပစ္စည်း လေးများကိုလည်း ပြန်သိမ်းေနေလ၏ ၊ ထို့ေနာက်သူမတို့ မြေး အဖိုး နှစ်ယောက်သည် လှည်းတစီး နှင့် သူတို့ အိမ်ဝိုင်းထဲ ဝင်လာသော မောင်ဘိုးထင်တို့ကို မြင်သော အခါ အံ့ဩ ဝမ်းသာနေပြီး
“ကောင်လေးတွေ လမ်းများပျောက်လာတာလား ဘာပဲဖြစ်ဖြစ် မင်းတို့ ပြန်ရောက်လာတာ ငါဝမ်းသာတယ်ကွာ မင်းတို့ကို ကေကာင်းကောင်း ကျေးဇူး မဆပ်ရသေးဘူး”
“ဦးခုတ္တကရေ အဖြစ်ကတော့ မပြောချင်တော့ပါဘူးဗျာ ကျုပ်ကောင်ဘိုးထင်ပေါ့ ခင်ဗျားတို့ ကျိန်စာကို ပျက်အောင်လုပ်ေပးတဲ့ တောင်ဝေှးကြီးကို တခြားသူကို ပေးလိုက်လို့ဗျို့ အဲ့တာ လိုက်ရှာရဦးမှာ ရွာပြန်လို့မရသေးဘူး ”
“ဟုတ်လား ဖြစ်ရလေကွာ ကဲပြော ငါတို့ ဘာတွေကူညီရမလဲ ”
ဖိုးထွေးသည် ဦးခုတ္တက နှင့် စကားပြောနေသည် ၊ ဦးခုတ္တကသည် သာရ နှင့် လှည်းဖြုတ်ကူရင်း စကားပြောနေချင်းဖြစ်၏ ထို့နောက် သာရသည် နွားကို ဆွဲရင်း ဦးခုတ္တကိုကြည့်က ာ
“ဦးကြီးရေ ပြောရမှာ အားတော့နာတယ် ကျုပ်တို့ ပေးခဲ့တဲ့ ထဲက ဆန်လေး တခွဲလောက် နဲ့ ဆီလေး နည်းနည်းပါးပါ ပြန်လို ချင်လို့ပါ ”
“မဟုတ်တာ အကုန်ပြန်ယူသွား ဦးကြီးအိမ်မှာ မင်းတို့ ထားခဲ့တဲ့ အတိုင်းရှိသေးတယ် နောက် နေ့မှ ရွာထဲက မပြေလည်တဲ့ သူတွေကို လိုက်ဝေ မလို့ဆိုပြီးတော့ဟေ ”
“အကုန် မယူပါဘူး ဆန်တတင်းလောက် နဲ့ ဆီနည်းနည်း ယူသွားမယ် ဦးကြီး အိမ်မှာဆန်အိတ် အပို ရှိလား ”
“ပူ မနေနဲ့ ငါကောင်လေးတွေ အဲ့တာ ပြီးမှ ငါအဆင်ပြေ အောင်လုပ်ပေးထားမယ် အခု တော့ မင်းအမ ထမင်းချက်နေလောက်ပြီး ဒီည တော့ ငါ့အိမ်မှာပဲ အိပ်ကြကွာ ”
သာရ နှင် ဖိုးထွေးသည် ဦးခုတ္တက၏ စကားကို ခေါင်းညိတ်လိုက်လေသည် ၊ မောင်ဘိုးထင်တို့ သုံးယောက်သည်က မဝင်္က အနားသွားက သူမ ထမင်းချက်နေသည်ကို ထင်းသည်ကူလိုက် ရေခပ်ကူလိုက်ဖြစ် စကား တပြောပြော နှင့် ရယ်မောနေသည် ၊ ထိုအချင်းအရာကို သာရ နှင့် ဖိုးထွေး မြင်သောအခါ သူတို့ အချင်းချင်း အသံတိုးတိုး နှင့် စကားဆိုလေသည်။
“ဒီကောင် သူအဘ တောင်ဝှေးကြီးပျောက်သွားတာကို မဝင်္ကနဲ့ တွေ့တော့ ပြုံးနေတာပဲ တော်သေးတယ် ဒီကောင်ဘိုးထင်ငါတုိ့ထက် ငယ်လို့ ငါတို့ နဲ့ ရွယ်တူဆို ငါ့ မိကျော့ နဲ့ မင်း လှရင်တောင် စိတ်မချရဘူးဟ”
“အေးဟုတ်တယ် ဟို နှစ်ကောင်လည်း ဘာထူးလည်း အစတုန်းကတော့ ပင်ပန်းလို့ ပင်ပန်းလို့နဲ့ အိပ်အိပ်နေတာ အခုတော့ သူတို့ မဟုတ်တဲ့ အတိုင်းပဲ ဟိုကောင်သာအေးကို ကြည့် ထင်းသယ်နေတာများ လှညး်တစီးတိုက်လောက်ပါတယ် ”
“တောက် ဒီကောင်တွေက ဗီဇပါလာတာလား ဒါမှ မဟုတ် ငါတို့နဲ့ ပေါင်းလို့ ဒီကောင်တွေ ဒီလို ဖြစ်ကုန်တာလား မသိတော့ဘူးကွာ ”
ဖိုးထွေး နှင့် သာရသည် သူတို့ အရွယ်ကြီးတွေနှင့် သွားဝိုင်းကူလို့ မသင့်သော မဝင်္က ထမင်းချက်နေသော နေရာကို ကြည့်ရင်း မကျေမချမ်းဖြစ် မောင်ဘိုးထင်တို့ အတင်းအား နှစ်ယောက်သား တိုးတိုး ဆိုနေကြပါလေတော့သည်။
◾အခန်း-၅
ဦးခုတ္တက နှင့် မြေးမလေးဖြစ်သူ မဝင်္ကတို့သည် မောင်ဘိုးထင်တို့ အား ကောင်းမွန်စွာ ချက်ပြုတ်ကျွေးေမွးကြ၏ ၊ မောင်ဘိုးထင်တို့ ပြန်ရောက်နေသည်ကို သတင်းရသွားေသာ ကန်ပေါက်ရွာလူကြီးသည် သူ၏ တပည် သုံးယောက်နှင့် ထမင်းအုပ် နှင့် ဟင်းမျိုးစုံကို ယူလာကာ မောင်ဘိုးထင်တို့အားေကျွးမွေးလေသည် ၊ ထို့ေနာက် ထမင်းစားပြီး ၍ ရေနွေးကြမ်း အိုးကို အလည်မှာ ချလို့ စကားစမည် ပြောကြလေ၏ ၊ ကန်ေပါက်ရွာလူကြီးသည် မောင်ဘိုးထင်တို့အား ကျေးဇူးတင်စကားကို အထပ်ထပ် ဆိုနေပြန်၍ တားယူထားရသည့် အထိဖြစ်၏ ထို့နောက် ရွာလူကြီး သည်
“မောင်ရင်တို့ကို ကျုပ်တို့ တရွာလုံးက ကျေးဇူးတင်ေနတာပါ အရင်ကဆို ကျုပ်တို့ မလုပ်ချင်ပေမဲ့ လူတွေကို သတ်ခဲ့ရတယ် အခုတော့ မောင်ရင်လေးတို့ ကျေးဇူးကြောင့် နောက်ထပ် အဲ့လိုတွေ လုပ်စရာ မလိုတော့ဘူး ဒါနဲ့ အစောက ပြောနေတာ ကြားလိုက်ပါ တယ် တောင်ဝှေး ပျောက်တယ်ဆိုတာလေ လှည်းပေါ်က ပြုတ်ကြ ကျန်ခဲ့တာလား ”
“ဘယ်က ဟုတ်ရမှာလဲ ရွာလူကြီးရာ ကျုပ်ကိုတိုင် ပေးလိုက်မိတာ ”
“ဟာ ဆန်းလှ ပါလားကွ ”
“ကျုပ်တို့ တောင်ဝှေးကို လာပေးတုန်းကလည်း လင်းတ ငှက်တွေ ချီပြီး လာပေးတာလေ အခု ကျုပ် တို့လှည်းပေါ် လင်းတ ငှက်ကြီးတွေ ကပ်ပြီးပြန်နေတော့ လာပေးတဲ့ ငှက်ကြီး တွေ ထင်ပြီး ပေးလိုက်မိတာ ”
“အဲ့တာဆို မောင်ရင်တို့ တောင်ဝှေးက်ု ကလိမ်ကျပြီးယူသွားတာပေါ့ ”
“ဟုတ်တာ ပေါ့ ဦးကြီးရာ ”
ထို့နောက် ရွာလူကြီးသည် ဦးခုတ္တကကို သေချာကြည့်ကာ
“ကိုခုတ္တက ဘယ်လို လဲ ကျုပ်တို့ ကူညီလိုက်ကြမလားဗျ”
“ကျုပ်အနေနဲ့က ဘာမှ ပြောစရာ မရှိပါဘူး ရွာလူကြီးသဘောပါ ”
ထို့ေနာက် ရွာလူကြီးသည် မောင်ဘိုးထင်တို့ ဘက်ကို ပြန်လှည့်ကာ
“ကဲ မောင်ရင်တို့ ဘာမှစိတ်ပူမနေနဲ့ ဦးကြီးတို့ကို ကျေးဇူးပြုဖူးတော့ မောင်ရင်တို့ကိုလည်း ပြန်ပြီး ကျေးဇူးပြုပါရစေ ”
“ဘကြီးပြောတာ ကျုပ်သိပ်နားမလည်ဘူး ”
“ဒီလို မောင်ရင်လေးရဲ့ ဘကြီးတို့ရွာမှာ ကျောက်စိမ်း မယ်တော် ရုပ်တုလေးရှိတယ် သူကို မယ်တော် လို့ပဲခေါ်ကြတယ် နာမည်တွေ ဘာတွေေတာ့ ဘကြီးတို့လည်း မသိဘူး ဘကြီးတို့ စိုက်ပျိုးဖို့ မိုးအရမ်းခေါင်နေတယ်ဆို မယ်တော် ရုက်တုနားသွားပြီး ဆုတောင်းလိုက်ရင် အဲ့ည အိပ်မက်ပေးတယ် အစီအရင်တွေ လုပ်ခိုင်းတော့တာပဲ ဘကြီးတို့ အစီအရင် လုပ်ရင် တကယ်မိုးရွာလာတယ် ”
မောင်ဘိုးထင်သည် ရွာလူကြီးပြောစကားကို စိတ်ပါဝင်စားစွားနားထောင်နေပြီး ဆက်ပြီး မေးခွနး်မေးလိုက်သည်
“တိုက်ဆိုင်တာ ကော မဖြစ်နိုင်ဘူးလား ဘကြီးရ ”
“မောင်ရင်လေးရယ် ဘကြီးတို့ ဘိုးဘေးတွေခေတ်ကတည်းကဆိုေတာ့ တိုက်ဆိုင်တာ မဖြစ်နိုင်တော့ပါဘူး ”
“အဲ့တာဆိုလည်း ကျုပ်တို့ကို ကူညီပါဦး ဘကြီးရာ ကျုပ်အဘက အဲ့တောင်ဝှေး မပါရင် ပြန်မလာနဲ့လို့ပြောတယ် ကျုပ် တေယာက်တည်း အတွက်က မပြန်ရလည်း ဘာမှ မဖြစ်ဘူး သူတို့တွေက ကျုပ် မပြန်ရင် သူတိူ့လည်းပြန်မှာ မဟုတ်တော့ တွေ့အောင် ရှာရမှာ ဘကြီးရေ ”
“စိတ်မပူပါ နဲ့မောင်ရင် မယ်တော်ကို ဆုတောင်း လိုက်ရင် မယ်တော်က အိပ်မက်ပေးလိမ့်မယ် မောင်ရင်တို့ ထဲက မယ်တော် ဆီဆုတောင်းဖို့ ဘယ်သူလိုက်ခဲ့ မှာလဲ ကွဲ့ ”
ရွာလူကြီး မှ ထိုသို့ပြောသောအခါ မောင်ဘိုးထင်တို့သည် တယောက်ကို တေယာက်ကြည့်လိုက်ကြပြီး သာရ သည် ရွာလူကြီးအား စကားဆိုလိုက်သည်။
“ဒီက ဘိုးထင် ပဲ လိုက်လိမ့်မယ် ရွာလူကြီး ”
“အေးအေး ခဏနေ ဦးကြီးတို့ သွားကြတာပေါ့ကွယ် မောင်ဘိုးထင်ပဲလိုက်ခဲ့ ကျန်တဲ့သူတွေက ဒီမှာပဲစောင့်ပါ ပြီးေတာ့မှဦးကြီး ပြန်လိုက်ပို့ခိုင်းလိုက်ပါမယ် ”
“ဟုတ်ကဲ့ ဦးကြီးအဆင်ပြေသလို လုပ်ပါဗျ”
ဤသို့ဖြစ် ရွာလူကြီးသည် မောင်ဘိုးထင်တို့ နှင့် စကားစမြည်ပြောပြီးေနာက် မောင်ဘိုးထင်ကို ခေါ်ကာ သူ၏ တပည်များနှင့် အတူ ရွာထဲသို့ ပြန်သွားကြပါလေတော့သည်။
◾အခန်း-၆
ဦးခုတ္တက၏ အိမ်မှ ရွာလူကြီးတို့နှင့် အတူမောင်ဘိုးထင်ထွက်လာရာ ရွာထဲသို့ရောက်လာပြီဖြစ်သည်။ ၊ ရွာထဲ ရောက်သော အခါ အတော်မှောင်နေပြီး ရွာလူကြီးသည် မီးအိမ်ကို သူ၏ တပည်များအား သွားယူစေသည် မကြာသော အချိန်တွင် ရွာလူကြီး တပည်နှစ်ယောက်၏ လက်ထဲတွင် ရေနံဆီမီးခွက် ထည့်ထားသော မီးအိမ်လေးကို တေယာက် တလုံးဆွဲကိုင်ကာ ပြန်ရောက်လာကြသည် ၊ထို့ေနာက် ရွာလူကြီးသည် မောင်ဘိုထင်အားမီးအိမ် တခုကိုပေးလိုက်ပြီး ရွာလယ်တွင်ရှိ သစ်လုံးများကာထားသော ခြံထဲသို့ ခေါ်လာ၏ ၊ သစ်လုံးခြံစည်းရိုး ဝင်ပေါက်ကို သော့ဖြစ်အကျအနခက်ထားကာ ရွာလူကြီးသည် သော့ကိုဖွင့်ပြီး ခြံထဲသို့ ဝင်လိုက်ရာ အတွင်းတွင်တော့ သစ်လံုးအိမ်လေး တလံုးကို ထပ်တွေ့ရသည် ထိုအိမ်လေးသည်လည်း သော့ခက်ထားပြန်သည် ၊ မောင်ဘိုထင် စိတ်ထဲတွေးလိုက်မိသည် ၊ တရွာလုံး တံခါးမရှိသော ဤရွာသည် ရွာ လယ်ရှိ ယခုနေရာအား တံခါး နှင့် သော့အခိုင်အမာ ခက်ထား၍ ရွာသားများ အတော်ကို မြတ်နိုးသည့် အရာဆိုတာ သိနိုင်ပေ၏ ၊ ထို့နောက် ရွာလူကြီးသည် အိမ်တံခါးသော့ကို ဖွင့်ပေးလိုက်ပြီး
“ကဲ မောင်ရင်လေး မင်းတေယာက်တည်း ဝင်သွားလိုက်တော့ အဲ့ထဲမှာ မင်းစိတ်ထဲရှိတဲ့အတိုင်း မယ်တော်ကို လက်အုပ်ချီပြီးဆုတောင်းပေတော့ ကောင်လေးရေ ”
“ဟုတ် ဘကြီး ကျုပ် ဝင်သွားလိုက်ေတာ့မယ် ဗျာ ”
မောင်ဘိုးထင်သည် သစ်လုံးအိမ်လေးထဲသို့ မီးအိမ်ကို လက်ကဆွဲပြီး ဝင်သွားလိုက်သည် အိမ်လေးထဲတွင်တော့ ရှင်းလင်းနေပြီး ကျွန်းခုံတခုံ ပေါ်တွင် အစိမ်းရောင် ကျောက်စိမ်းဖြစ် ပြုလုပ်ထားသော ရုပ်တု တခုကို တွေ့လိုက်ရ၏ တပေခွဲမျှရှိပြီး စိမ်းဖန့်ဖန့် ရုပ်တုသည် အမျိုးသမီးတဦး၏ ရုပ်တုဖြစ်သည် မောင်ဘိုးထင်သည် ထိုရုပ်တုအား သူလက်တွင် ကိုင်ထားသော မီးအိမ်နှင့် သေချာကြည့်လိုက်သည် ၊ သူတခါမျှ မမြင်ဖူးသော စိမ်းဖန့်ဖန့် ကျောက်တုန်းတွင် ရှေးခေတ် နန်းတွင်းသူလို့ ဝတ်စားထားပြီး ဦးခေါင်းရှိဆံပင်များကို ဘီးဆံပတ် ပတ်ထားသည်၏ ၊ ထို့နောက် မောင်ဘိုထင်သည် မီး အိမ်ကို ကြမ်းပြင်သို့ ချ လိုက်ပြီး မယ်တော် ရုပ်တုကို လက်အုပ်ချီလိုက်ကာ မျက်လုံးမှိတ်၍ ပါစပ်မှ ဆုတောင်စကားပြောကြားလိုက်လေသည်
“မယ်တော်ကြီး ကျုပ်ရဲ့ တောင်ဝှေးကို သူခိုး ခိုးသွားတယ် အဲ့တာ ဘယ်သူ ခိုးသွားတယ်ဆို သိအောင် ဆုတောင်းပါတယ်ဗျ ”
မောင်ဘိုထင်သည် သူပြောတက်သလို ပြောကာ မီးအိမ်ကို ပြန်ယူပြီး အိမ်ပြင်ထွက် ရန်ဟန်ပြင်လိုက်သည် သူမမြင် မသိလိုက်သည်က သူကိုင်ထားသော မီးရောင်အောက်တွင် မယ်တော်ကျောက်စိမး်ရုပ်တုမှာ ပြုံးရယ်ေနသည်ဆိုတာပဲ ဖြစ်ပါလေတော့သည် ။
◾အခန်း-၇
မောင်ဘိုးထင်သည် မယ်တော်ရုပ်တုအား ဆုတောင်းပြီးနောက် ကန်ပေါက်ရွာလူကြီးသည် သူ၏ တပည်များအား ဦးခုတ္တက ၏ နေအိမ်သို့ လိုက်ပို့ စေသည် ၊ မောင်ဘိုးထင်သည် ဦးခုတ္တက အိမ်သို့ရောက်သော အခါ သူအားစောင့်မျှော်ေနသော ဖိုးထွေးတို့ သည် မောင်ဘိုးထင် ထိုင်လိုက်သည် နှင့် အကျုိးအေကြာင်း တန်း၍ မေးမြန်းလိုက်လေ ၏။
“ဘိုးထင် အခြေမနေ ဘယ်လို တုန်းကွ ‘
“အစိမ်းရောင် ကျောက်နဲ့ ထုထားတဲ့ မင်းသမီးရုပ်ကိုတော့ ဆုတောင်းခဲ့တာပဲ ”
“ဟကောင်လေးရ မယ်တော်တော့ လုပ်ပါဟ ”
“ကျနော် ကတော့ မင်းသမီးရုပ်လို့ပဲထင်တယ် ဒါနဲ့ ရွာထဲက အရီးလှတို့ ဆံပင်လို ဘီးကြီး နဲ့ ပတ်ထားသေးတယ်ဗျ ”
“မင်းကတော့ မယ်တော်ကို ည သွားဖူးတာ မို့လို့ပဲနော် နေ့ခင်းသာဆို ဘယ်လောက်များ အသေးစိတ် ကြည့်မလဲ မသိဘူး ”
“အဲ့တာ ဆို ဘကြီးရွာလူကြီးေ ပြာသလို ကျုပ်ကို အိပ်မက်ပေးမှာပေါ့ ဟုတ်လား ဦးကြီး ”
“အေး အဲ့လို ထင်တာပဲ ”
“အဲ့တာဆိုရင်တော့ အချိန် ဖြုနး် လို့ မဖြစ်ဘူးဗျို့ ဟေ့ကောင် သာအေး နဲ့ ပေတူး မင်းတို့အိပ်မှာလား လာကြ ငါက တော့ အလုပ်အရ အိပ်လိုက်ဦးမယ် ”
ထို့နောက် မောင်ဘိုးထင်သည် သာအေး နှင့် ပေတူးတို့ကို စကားပြောကာ ဦးခုတ္တက ပြင်ပေးထားသော အိပ်ယာတွင် အိပ်လိုက်ပါလေတော့သည် ။
◾အခန်း-၈
စိမ်းဆိုနေသော တောင်တန်းကြီးများ၏ ထိပ်တွင် ကျောက်တောင် တတောင်ရှိလေ၏ ၊ ထိုကျောက်တိုင်၏ ထိပ်တွင်တော့ ဆယ်ပေမျှရှိသော ကျောက်တုန်းပိုင်း ပြတ်ကြီး ပေါ်တွင် မောင်ဘိုထင်ရပ်နေသည် ၊ သူသည် ယခုအချိန်ထိ ဘယ်နေရာကို ရောက်နေသလဲဆိုတာ မသိသေးပေ သို့ပေမဲ့ လေအေးအေး လေးများတိုက်နေသောကြောင့် အတော်ကို နေလို့ကောင်းနေသည် သူသည် ကျောက်တောင် အစွန်းကိုသွားကာ စိမ်းဆိုနေသော တောင်တန်း ကြီးများကို ကြည့်လိုက် တိမ်တွေ ဖုံးနေသော တောင်ကြီးများကို ကြည့်လိုက် တောင်နှစ်လုံးကြားထဲ ရှိ ရေတံခွန်ကြီးကို ကြည့်လိုက်နှင့် အတော်ကို အလုပ်များနေသည် ၊ ထို့ကြောင့် သူ၏ အနောက်တွင်ပေါ်လာကာ သူအား ခေါ်နေသော အမျိုးသမီးကြီး၏ အသံကိုပင် ဂရုမပြုမိပေ ၊ ထို့ေနာက် အမျိုးသမီးကြီးသည် လမ်းမလျှောက်ပဲ ကျောက်ပြင် နှင့် တထွာမျှ အကွာတွင် လွင့်မျောလာပြီး ေမာင်ဘိုစထင်၏ ပုခုံးကို ပုတ်လိုက်ရာ
“အမလေး ”
“ဟဲ့ ဘာဖြစ်တာ တုန်း”
“အသံလေးဘာလေး ပေးပေါ့ဗျာ ”
“နင့်ကို ခါ်နေတာပဲ နင်မှ မကြားတာ ”
“ကြားမလားဗျ လေကလည်းတိုက် ဟို ရေတံခွန်က အသံကြီးကလည်းဆူ အခုတောင် ခင်ဗျားပြောတာ သိပ်မကြားရဘူး ကျုပ်အော်ပြောနေရတာကိုပဲကြည့် ”
မောင်ဘိုးထင် ထိုသို့ပြော လိုက်သောအခါ အမျိုးသမီးကြီးသည် ခေါင်းကို တချက် ညိတ်လိုက်ပြီး
“ဟုတ်သား နင်ပြောမှပဲ ငါလည်းသတိထားမိတော့တယ် အရင်က လူတွေကိုလည်း ဒီနား ချိန်းတာပါပဲ သူတို့က ငါ့တွေ ရင် ဒူးထောက်ပြီး ကြောက်နေတာ ဆိုတော့ နင်ပြောတာတွေ ငါလည်း သတိမထားမိဘူး နောက်တခါ ခေါ်ရင် ဒီနားကို မခေါ်ဘူး တိတ်ဆိတ်တဲ့ နေရာ ခေါ်ရမယ် ”
“ကောင်းတာပေါ့ ဗျာ ဒါပေမဲ ဆူသာ ဆူတာပါ နေလို့ကတော့ ကောင်းတယ်ဗျို့ ဟောဟိုက ဘာငှက်တွေ ပျံနေတာလဲဗျ ”
“အဲ့တာ ကြိုးကြာတွေလေ ရေတံခွန် ဘက်ကို ပျံနေတာ သဘောကျလို့ လား ”
“သဘောကျတာ ပေါ့ဗျာ လေးခွပါရင် ပစ်လိုက်ရလို့ကတော့ ပစ်မလွဲကြီးတွေ ပဲ ”
အမျိုးသမီးကြီးသည် မောင်ဘိုးထင်စကားကြားသောအခါ မျက်လုံးပင် ပြူးကျယ်သွားရသည် ထိုနောက် မောင်ဘိုးထင်ကိုကြည့်ကာ
“ကောင်လေး နင်ငါ့ကို သေချာကြည့်စမး် ငါ့ကို မြင်ဖူးလား ”
မောင်ဘိုးထင်သည် ထိုအမျိုးသမီးကြီးကို သေချာကြည့်လိုက်သည် ပြီးနောက် ခေါင်းကို တချက်ကုတ်ကာ
“မြင်တော့ မြင်ဖူးသလိုပဲဗျ သေချာ မှတ်မိနေတာက အရီး ရဲ့ ဆံပင်ကို ဘီးနဲ့ ပတ်ထားတဲ့ ပုံကိုပဲ ဪ သိပြီသိပြီ အရီးက ကျုပ်တို့ရွာက အရီးလှ နဲ့တူတာကို သူလည်း ဆံပင်ကို အဲ့လို ပတ်ထားတာ ပြီးတော့ အရီးက မင်းသမီးလိုလည်း ဝတ်ထားသေးတယ်ဆိုတော့ အငြိမ့်မင်းသမီးလား”
“နင်ကတော့လေ ငါလေဟယ် ငါ့ကိုတောင် မမှတ်မိဘူးလား ”
“မှတ်မိမလားဗျ တွေ့မှ မတွေ့ဖူးတာ ”
“ဟဲ့ အကောင် နင်ပဲငါ့ကို ဆုတောင်းထားပြီးတော့ ငါမယ်တော်လေ ဟယ် ”
“အရီးက မယ်တော်လား”
“အေးဟုတ်တယ် ”
“အဲ့တောင်ကြောင့် တူတော့ တူပါတယ် စဉ်းစားနေတာ ဒါပေမဲ့ အရုပ်ထက် အပြင်မှက ပိုလှတယ်ဗျ ”
“တကယ်လား ”
“တကယ်ပေါ့ အရီးရယ် ”
“မယ်တော် ပါဆို ဘာအရီးလဲ ”
“အော် ဟုတ်သား ဟုတ်ကဲ့မယ်တော် ကျုပ်က မသိလို့ပြောမိတာပါဗျ”
“နင့်ရဲ တောင်ဝှေး ဘယ်သူ ခိုးသွားလဲ သိချင်တာ မဟုတ်လား ”
“ဟုတ်တယ် မယ်တော် ”
ထိုေနာက် မယ်တော်သည် သူ၏ လက်ညှိုးကို တောင်တွေဘက်ထိုးပြီး ဝိုင်းလိုက်လေသည် ထိုအခါ တောင်များသည်လ မယ်တော် ဝိုင်းလိုက်သော အတိုင်းအတားအတိုင်း မှန်တချပ်လို့ ဖြစ်သွားပြီး ထိုထဲတွင် တောင်ဝှေး တချောင်းကို ကိုင် ပြီးပြုံးနေသော အမျိုးသမီး နှစ်ယောက်ကို တွေ့လိုက်ရသည် ၊ မောင်ဘိုးထင်သည် ထိုအမျိုးသမီး နှစ်ယောက်ကို မြင်သောအခါ အတော်ကို အံဩသွားပြီး မယုံကြည်နိုင်အောင်လည်း ဖြစ်မိသည် ၊ အကြောင်းမှာ တောင်နံရံတွင်ပေါ်နေသော အမျိူသမီးနှစ်ယောက်မှာ လောင်းကစားသမား မကြီး နှင့် မလေး ဖြစ်နေချင်းေကြာင်း ဖြစ်သည် ။ ထိုအခါ မောင်ဘိုးထင်သည် သူ၏ မျက်လုံးကို သူ မယုံနိုင်ဖြစ်နေသလို မယ်တော်ကို လည်း ငဲ့ေစာင်းကြည့်ကာ
“မယ်တော် ဒါက အမှန်လား မယ်တော် ‘
“အမှန်ပါ နင်တို့တောင်ဝှေးကို သူတို့ ခိုးသွားတာ ”
“ဒါကျုပ်တို့ ရွာက ကျုပ်တို့ အသိ မကြီး နဲ့ မေလးပါ သူတို့က စုန်းတွေလား မယ်တော် ”
“အဲ့တာတော့ ငါလည်းမသိဘူး သေချာတာတော့ သူတို့ ခိုးထားတာပဲ ”
“အေးဗျာ အမှန်ဆိုရင်တော့ ဘိုထင် နဲ့ တွေ့ပြီပေါ့ ”
မောင်ဘိုးထင်သည် တောင်နံရံတွင် ပေါ်နေသော တောင်ဝှေးကြီးကိုကိုင်ပြီး ပြုံးရယ်နေသော မကြီး နှင့် မလေးကို ကြည့်နေစဉ် သူမတို့၏ ပုံရိပ်များမှာ တဖြည်းဖြည်း ပျောက်ကွယ်သွား၍ မယ်တော်အား လှည့်ကြည်လိုက်ရာ မယ်တော်သည်လည်း ရှိမနေတော့ပါ ထို့နောက် တောင်များသည် တဖြည်းဖြည်းပျောက်ကွယ် သွားသလို သူရပ်နေသော ကျောက်တောင်ကြီး သည်လည်း တဖြည်းဖြည်းနှင့် ပျောက်ကွယ်လာကာ သူပါ ပျောက်ကွယ်လို့ သွားပါလေတော့သည်။
◾အခန်း-၉
ဦးခုတ္တက အိမ်တွင် တည်းကြသော မောင်ဘိုစထင်တို့ အဖွဲ့ သည် မနက်အစောကြီး နိုးထလာကြသည် ၊ သူတို့ အစောကြီးနိုးလာသည်ဆိုပေမဲ့ မဝင်္ကသည် မီးအိမ်လေးနှင့် ထမင်းချက် နေပြီဖြစ်သည် ၊ မောင်ဘိုးထင်တို့သည် ထမင်းချက်နေသော မဝင်္ကအနားသွားပြီး ဆားယူသူ ယူ အိုးမဲခဲ ယူသူယူ ပြီး ရေအိုးစင် အနားသွားပြီး မျက်နှာ သစ်လိုက်ကြသည် မျက်နှာ သစ်ပြီးသော အခါ သာရ နှင့် ဖိုးထွေး တို့ သည် နွားများချည်ထားေသာ နေရာသို့ သွားနေကြသည် ၊ မောင်ဘိုးထင် တို့ သုံးယောက်သည်က ထမင်း ပန်းကန်ယူသူယူ ဟင်းပန်းကန် ယူသူယူ နှင့် မနက်စာ ထမင်းစားရန် ပြင်ဆင်ကူပေးလိုက်ကြသည် ထို့နောက် ဦးခုတ္တက လည်း နိုးလာပြီမို့ အားလုံးဝိုင်းဖွဲ့ပြီး စားသောက်လိုက်ကြလေသည် ၊ မနက်ခင်း အစောကြီး ထမင်းစားနေစဉ် ဦးခုတ္တကသည် မောင်ဘိုးထင်ကို ကြည့်ကာ
“ကဲ ကောင်လေး မင်းတောင်ဝှေး အခြေအနေ ဘယ်လို ရှိလဲ ”
ဦးခုတ္တက ၏ အမေးစကားကြောင့် ကျန်သူများလည်း မောင်ဘိုးထင်ကို အကြည့်ရောက်သွားကြသည် ထိုအခါမောင်ဘိုးထင်သည် ပါးစပ်ထဲ ထည့်နေသော ထမင်းလုပ်ကို ပြီးအောင်စားလိုက်ပြီး
“မယ်တော် ပြောတာ အမှန်ဆိုရင်တော့ သူခိုးကို သိပြီဗျ”
“ဟုတ်လား ဘယ်က လဲ ”
“သိပ်အဝေးကြီးကတော့ မဟုတ်ပါဘူး ဦးကြီး ကျုပ်တို့ အခု သွားတော့မှာပါ ”
“အေးကွာ မင်းတို့ လိုအပ်တာ ရှိရင်ပြော ”
“ဘာမှ မလိုအပ်တော့ပါဘူး ကိုဖိုးထွေ ဦးကြီးတင်ပေးထားတဲ့ဆန်တွေ ဆီ တွေ ပြန်ချပေး လိုက်ဦးဗျာ ”
“ဟ ဘာလို့လဲကွ ငါတို့က ဘယ်လောက်ထိ ခရီးဆက်ရမယ် မှန်းမသိဘူး ”
“သူခိုးက အဝေးကြီးက မဟုတ်ဘူးဗျ အဲ့ေတာ့ ဆန်တွေ ဆီတွေ မလိုတော့ဘူး ကျုပ်တို့ ရွာပဲ ပြန်ကြရမှာ ”
မောင်ဘိုးထင်မှ ထိုသို့ပြောသော အခါ သာအေးသည် ထမင်းစားနေရာ မှ ဘိုးထင်ကို ကြည့်ပြီး
“အဲ့တာ ဆို ငါတို့ ရွာပြန်မဲ့လမ်းမှာ သူခိုး ရှိတာ လား ”
မောင်ဘိုးထင် ခေါင်းကို သာခါယမ်း ပြလိုက်သည် ထိုအခါပေတူးသည် နောက်ထပ် စကားဆက်လာပြန်သည် ၊
“အဲ့တာဆို ရေအိုးစင်ရွာက လား ”
“မဟုတ်ဘူး ”
“အဲ့တာဆို ဘယ်ကလဲ ပြောေလကွာ မင်းက ပြောရင် ပြီးနေတာကို ဆရာကြီးပံုစံ ဖမ်းနေတယ် ဦးကြီး နဲ့ အမဝင်္က ရှိလို့ ပေါ့ မဟုတ်ရင် မင်းကို ငါဆဲ ပြီး ”
“ဟုတ်တယ်ကွာ ပြောလိုက်ရင် ပြီးနေတာကို အတော်ကို အရစ်ရှည်တဲ့ကောင် ငါလည်း စိတ်ကို အတော် ထိန်းထားရတာ ”
သာအေး နှင့် ပေတူးသည် စိတ်တိုလာကြသည် သူတို့ သည်အရစ်ရှည်ချင်းကို သိပ်မကြိုက်ပေ ပြောမယ်ဆိုပြော လုပ်မယ်ဆို လုပ်ဟူသော ကောင်လေးများဖြစ်သည် ၊ သူတို့ စိတ်မရှည်တော့သည်ကို သိသော မောင်ဘိုးထင်သည် ပေတူး နှင့် သာအေးကို စောင်းငဲ့ကြည့်ကာ
“သူခိုးက တို့ရွာက ဟ ”
“ဟာ ဟုတ်ကော ဟုတ်လို့လားကွာ ”
“မယ်တော်ကငါ့ကို တောင်ကြီးကို မှန်လို ဖြစ်အောင် လုပ်ပြီး အဲ့ထဲမှာ သူခိုးတွေကို ထည့်ပြတာ ”
“ဟုတ်ကော ဟုတ်ရဲ့လားကွာ အဲ့တာဆို သူခိုးရဲ့ မျက်နှာတွေကို မင်း အကြီးကြီးတွေ မြင်ရတာပေါ့ “.
“အေးပေါ့ကွာ မယ်တော်က ပြတာကို ”
“အေး ဟုတ်လား အဲ့တာ ဆို မယ်တော်က ဘယ်လို ပုံစံလဲ ဟောင့် ”
“,ဟုတ်တယ် ငါလည်းသိချင်တယ် ”
“ငါပြောပြမယ် ရုပ်တု နဲ့တော့ သိပ်မတူဘူးကွ သူက အပြင်မှာ အသက်ကြီးတယ် ငါတောင် အရီးလို့ခေါ်မိသေးတယ် ‘
“ဟာကွာ မင်းက မယ်တော်ကိုမှ အရီးလို့ သွားခေါ်ရလားကွာ ”
“သိမှ မသိပဲ မယ်တော်က သဘောတော့ ကောင်းပုံပဲဟ ”
“ဆက်ပြောဦး မယ်တော်က မင်းကို ဘာတွေ ပြောသေးလဲ ”
“ပြောတာပေါ့ကွာ မယ်တော်က ငါ့ကို ခေါ်နေတာဟေ့ ငါက တောင်ပေါ်မှာ ရေသံ လေသံတွေ ဆူနေတာဆိုတော့ ဘာမှ သိပ်မကြားရဖူးလေ ”
“အေး ပေါ့ ဘယ်ကြားရမလဲ အဲ့ေတာ့ မယ်တော်က ”
“ငါ့လခွမ်း အရှစ်ရှည်တာဘမကြိုက်တဲ့ ကောင်တွေကလည်း မင်းတို့မေးနေတာ နဲ့ နေ ကမြင့်တော့မယ် ပြောလိုက်ရင်တော့ ကြီးကြီးကျယ်ကျယ်နဲ့ လျှာက တအားရှည်တဲ့ ကောင်တွေ ကန်တော့ ကန်တော့ ဦးကြီး နဲ့ မဝင်္က ဒီကောင်တွေကို သောက်မြင်ကပ်လာ လို့ပါါ ”
ဖိူထွေးသည် မောင်ဘိုထင်တို့ကို ဆဲဆို ငေါက်ငမ်း လိုက်မှ သကောင့်သား သုံးဦး ပြောနေသော စကားကို ရပ်လိုက်ကြသည် ထို့နောက် သာရသည် မောင်ဘိုးထင်ကို ကြည့်ကာ
“ဟေ့ကောင် ရှင်းရှင်းပြော သူခိုးက ဘယ်သူလဲ ဘယ်ရွာက လဲ ဆရာကြီး ပံုစံ လာလုပ်မနေနဲ့ ဖိုးထွေးကို နားရင်းအုပ်ခိုင်းလိုက်မှာ”
မောင်ဘိုးထင်တို့သည် ဖိုးထွေး၏ လက်စကို သိသည် လူကြီးသားဖိုးထွေး သည် လက်မြန် ခြေမြန်ရှိသည် ထို့ကြောင့် စကားအပိုမေပြာရဲတော့ပဲ မောင်ဘိုထင် စကားဆိုလာသည ်
“သူခိုးက အပျိုးကြီး နှစ်ယောက် ဗျ ”
“ဘယ်အပျို ကြီး လည်း လခွမ်း တယ်မှပဲ ရှင်းရှင်း ပြောပါ ရှုပ်နေပြန်ပြီ ”
“လေးမကြီး နဲ့ လေးမလေး ဗျာ ”
“ဘာ ဟုတ်ပါ့မလားကွာ ”
“ဘာလို့ မဟုတ်ရမှာလဲ မယ်တော်က တောင်ကြီးအပြည့်ပြတာ လေးမကြီး နဲ့ လေးမလေး မျက်ခွက်ကြီးက အပြည့်ကြီးမြင်ရတယ် သူတို့ မျက်နှာက တင်းတိတ်တွေေတာင် မြင်ရတယ်ဗျ ဘာမှ မှားဘူး ”
မောင်ဘိုးထင် ၏ တိကျသော စကားကြောင့် ဖိုးထွေးတို့ အထွန့် မတက်တော့ပဲ ဦးခုတ္တက တင်ပေးထားသော ဆန် နှင့် ဆီကို ပြန်ချပြီး ပေပင်ရွာသို့ သွားဖို့ ဆိုင်းးပြင် လိုးးက်ကြပါလေတော့သည် ။
◾အခန်း-၁၀
မကြီး နှင့် မလေး လောင်းကစားသမား နှစ်ယောက်သည် သူနှင့် သိသော ရေအိုးစင်ရွာမှ ပညာသည် မိသူဇာ၏ ပြောပြချက်ကြောင့် ဦးအုန်းတွင် ရှိသော မိုးကြိုးစက်တောင်ဝှေးအား။တချို့ စုနး်ကဝေ အောက်လမ်းများသည် ငွေ အမြောက်အများပေးပြီး ဝယ်နေသည်ဟုပြောသော ကြောင့် ဦးအုနး် ဆီသို့ သွားပြီး အရက်ကို ဘကြီးမြ နှင့် ပေါင်းကာ တိုက်လိုက်ပြီး မူးနေသောအခါ အေကြာင်းစုံမေးနေလေရာ မောင်ဘိုးထင်တို့ ထံ စုနး်ကဝေ နှစ်ကောင်အား မိုးကြိုးစက်တောင်ဝှေးကို သွားပို့ ခိုင်းသည်ဟု သိရလေသည် ထိုအခါ အပျိုကြီး နှစ်ယောက် သည် မိသူဇာကို အကူညီတောင်းပြီး မိုးကြိုးစက်တောင်ဝှေးကို သွားေရ ာက်ယူဆောင်ထားချင်းဖြစ်၏ ၊ ယခုတော့ ထိုမိုးကြိုးစက်ေတာင်ဝှေးအား မမင်းဖြူးဟု ခေါ်သော မိနး်ကလေးဆီသို့ ငွေတထောင် နှင့် ရောင်းရန် ထွက်သွားကြပြီး ဖြစ်ပါလေတော့သည ်။
◾အောက်လမ်း ဘိုးထင် နှင့် သူခိုး သည်က ဤမျှသာ မကြာမီ အောက်လမ်းဘိုးထင် မှင့် နယ်ပိုင်ကဝေ မမင်းဖြူ ဟုအမည်ရသော ဇတ်လမ်းလေးအား တင်ဆက်ပေးပါမည်။
📝မောင်တင်ဆန်း
#mgtinsan
Zawgyi Version
———————————————————
(၂၈)
◾အခန်း-၁
မောင်ဘိုးထင်တို့သည် ကန်ပေါက်ရွာမှ လူပုခါးကုန်းလေးများ၏ ကျိန်စာကို ဖျက်ပေးပြီးလောက် အတော်ကို ပင်ပန်းနေကြပြီး ဖြစ်၊ ကလေးသာသာ မောင်ဘိုးထင်တို့ သုံးယောက်မှာ ပြေးရလွှားရ နှင့် အတော်ကို ဒုက္ခများခဲ့ရာ မောင်ဘိုးထင်သည် လှည်းပေါ်တွင် အိပ်ပျော်နေကြ၍ မိုးကြိုးစက်တောင်ဝှေးကြီး အား အိပ်ချင်မူးတူးဖြစ် လင်းတများပျံလာသည်ကို သူ့အားမိုးကြိုးစက်တောင်ဝှေးလာပေးသည့် လင်းတ ကြီးများထင်ကာ ဖိုးထွေးအားပေးခိုင်းလိုက်ချင်းဖြစ်သည် ၊ ဦးအုန်းမှ စိတ်အသံ လွှင့်၍ သူအားပြောပေမဲ့ အိပ်ချင်စိတ်ကာ ကြီးဆိုးကာ အိပ်ပျော်သွားချင်းဖြစ်သည် ၊ ဤသို့ ဖြစ် မောင်ဘိုးထင်တို့ အပြခရီးတွင် လှည်း တချက်အစောင့် မှာ မောင်ဘိုးထင် နိုးလာသည် ၊ နိုးလာသည် နှင့် လှည်းပေါ် ငူငူ ငိုင်ငိုင်ထိုင်ရင်း
“ခင်ဗျား တို့ ပြန်ရင် ပြန်ကြပါ ကျုပ်တယောက်တည်းလိုက်ရှာပါမယ် ကျုပ်အမှားကကြောင့် ခင်ဗျားတို့ကို ထပ်ပြီး မပင်ပန်းစေချင်တော့ဘူးဗျာ”
“ဘာ ဖြစ်လို့လဲဗျ ”
“မင်းတောင်ဝှေးကြီး ရှာရမှာ ဘယ်လောက် ကြာမယ် မှန်းမသိဘူး ငါတို့ မှာက ဆန်မရှိတော့ဘူး ပေးခဲ့တဲ့ ဆန်နဲ့ ဆီး နည်းနည်း ပြန်တောင်းရမယ် ”
◾အခန်း-၂
◾အခန်း-၃
ကမ္ဘာကြီးသည် လည်ပတ်နေသည်ဆိုတာကို မောင်ဘိုထင်တို့ သေချာမသိပေ သူတို့ သိသည်က နေကြီးသည် အရှေ့မှ အနောက်သို့ တဖြည်းဖြည်းသွားနေသည်ဟုသာ သိသည် ထို့ကြောင့် နေလုံးကြီး သည် အနောက်ဘက်သို့ တဖြည်းဖြည်း သွားနေကာ အပူရှိန်လျှော့ ကြသွားသော ကြောင့် ပေတူးမှ နေလုံးကြီးကို ကြည့်ကာ ပြစ်တင် ပြောဆိုနေသည် ။
“တောက် ဒီနေကြီးကလည်း သွားတားမြန်ကိုမြန်တယ် အိမ်က သံကြိုးနဲ့ ချည်ပြီး လိုသလောက် ရွေ့လို ရရင်လည်းအကောင်းသား ”
ထို့နောက် ပေတူးအား မောင်ဘိုးထင်တို့ ဝိုင်းဝန်း နှစ်သိမ့်လိုက်ကာ ဦးခုတ္တက ၏ အိမ်သို့ လှည်းလေးဖြစ် ပြန်လည်သွားနေကြပါလေတာ့သည် ။
◾အခန်း-၎
နေဝင်ရီတရော အချိန်တွင် မောင်ဘိုးထင်တို့သည် ဦးခုတ္တက၏ သစ်လုံးအိမ်လေးသို့ ရောက်ရှိလာကြလေသည် ၊ ဦးခုတ္တကသည် သူ၏ အိမ် အဝင်ပေါက်များအား ပြင်ဆင်နေသလို မဝင်္ကသည်လည်း သူတို့၏ အသုံးအဆောင် ပစ္စည်းများကို လဲ လှည်နေကြသည် ၊ ပုံမှန်အိုးများ ပန်းကန်များကို သိမ်းထားဟန်ရှိကာ ထိုသာမာန်လူအသုံးဆောင် ပစ္စည်းများကို ဆေးကြောနေလေသည် ၊ အရင် သုံးခဲ့သည့် သေးကွေးသော ပစ္စည်း လေးများကိုလည်း ပြန်သိမ်းနေလေ၏ ၊ ထို့နောက်သူမတို့ မြေး အဖိုး နှစ်ယောက်သည် လှည်းတစီး နှင့် သူတို့ အိမ်ဝိုင်းထဲ ဝင်လာသော မောင်ဘိုးထင်တို့ကို မြင်သော အခါ အံ့ဩ ဝမ်းသာနေပြီး
“ကောင်လေးတွေ လမ်းများပျောက်လာတာလား ဘာပဲဖြစ်ဖြစ် မင်းတို့ ပြန်ရောက်လာတာ ငါဝမ်းသာတယ်ကွာ မင်းတို့ကို ကကောင်းကောင်း ကျေးဇူး မဆပ်ရသေးဘူး”
“ဦးခုတ္တကရေ အဖြစ်ကတော့ မပြောချင်တော့ပါဘူးဗျာ ကျုပ်ကောင်ဘိုးထင်ပေါ့ ခင်ဗျားတို့ ကျိန်စာကို ပျက်အောင်လုပ်ပေးတဲ့ တောင်ဝှေးကြီးကို တခြားသူကို ပေးလိုက်လို့ဗျို့ အဲ့တာ လိုက်ရှာရဦးမှာ ရွာပြန်လို့မရသေးဘူး ”
“ဒီကောင် သူအဘ တောင်ဝှေးကြီးပျောက်သွားတာကို မဝင်္ကနဲ့ တွေ့တော့ ပြုံးနေတာပဲ တော်သေးတယ် ဒီကောင်ဘိုးထင်ငါတို့ထက် ငယ်လို့ ငါတို့ နဲ့ ရွယ်တူဆို ငါ့ မိကျော့ နဲ့ မင်း လှရင်တောင် စိတ်မချရဘူးဟ”
“အေးဟုတ်တယ် ဟို နှစ်ကောင်လည်း ဘာထူးလည်း အစတုန်းကတော့ ပင်ပန်းလို့ ပင်ပန်းလို့နဲ့ အိပ်အိပ်နေတာ အခုတော့ သူတို့ မဟုတ်တဲ့ အတိုင်းပဲ ဟိုကောင်သာအေးကို ကြည့် ထင်းသယ်နေတာများ လှည်းတစီးတိုက်လောက်ပါတယ် ”
◾အခန်း-၅
ဦးခုတ္တက နှင့် မြေးမလေးဖြစ်သူ မဝင်္ကတို့သည် မောင်ဘိုးထင်တို့ အား ကောင်းမွန်စွာ ချက်ပြုတ်ကျွေးမွေးကြ၏ ၊ မောင်ဘိုးထင်တို့ ပြန်ရောက်နေသည်ကို သတင်းရသွားသော ကန်ပေါက်ရွာလူကြီးသည် သူ၏ တပည် သုံးယောက်နှင့် ထမင်းအုပ် နှင့် ဟင်းမျိုးစုံကို ယူလာကာ မောင်ဘိုးထင်တို့အားကျွေးမွေးလေသည် ၊ ထို့နောက် ထမင်းစားပြီး ၍ ရေနွေးကြမ်း အိုးကို အလည်မှာ ချလို့ စကားစမည် ပြောကြလေ၏ ၊ ကန်ပေါက်ရွာလူကြီးသည် မောင်ဘိုးထင်တို့အား ကျေးဇူးတင်စကားကို အထပ်ထပ် ဆိုနေပြန်၍ တားယူထားရသည့် အထိဖြစ်၏ ထို့နောက် ရွာလူကြီး သည်
“မောင်ရင်တို့ကို ကျုပ်တို့ တရွာလုံးက ကျေးဇူးတင်နေတာပါ အရင်ကဆို ကျုပ်တို့ မလုပ်ချင်ပေမဲ့ လူတွေကို သတ်ခဲ့ရတယ် အခုတော့ မောင်ရင်လေးတို့ ကျေးဇူးကြောင့် နောက်ထပ် အဲ့လိုတွေ လုပ်စရာ မလိုတော့ဘူး ဒါနဲ့ အစောက ပြောနေတာ ကြားလိုက်ပါ တယ် တောင်ဝှေး ပျောက်တယ်ဆိုတာလေ လှည်းပေါ်က ပြုတ်ကြ ကျန်ခဲ့တာလား ”
“ဟာ ဆန်းလှ ပါလားကွ ”
“ဟုတ်တာ ပေါ့ ဦးကြီးရာ ”
ထို့နောက် ရွာလူကြီးသည် မောင်ဘိုးထင်တို့ ဘက်ကို ပြန်လှည့်ကာ
“ဒီလို မောင်ရင်လေးရဲ့ ဘကြီးတို့ရွာမှာ ကျောက်စိမ်း မယ်တော် ရုပ်တုလေးရှိတယ် သူကို မယ်တော် လို့ပဲခေါ်ကြတယ် နာမည်တွေ ဘာတွေတော့ ဘကြီးတို့လည်း မသိဘူး ဘကြီးတို့ စိုက်ပျိုးဖို့ မိုးအရမ်းခေါင်နေတယ်ဆို မယ်တော် ရုက်တုနားသွားပြီး ဆုတောင်းလိုက်ရင် အဲ့ည အိပ်မက်ပေးတယ် အစီအရင်တွေ လုပ်ခိုင်းတော့တာပဲ ဘကြီးတို့ အစီအရင် လုပ်ရင် တကယ်မိုးရွာလာတယ် ”
မောင်ဘိုးထင်သည် ရွာလူကြီးပြောစကားကို စိတ်ပါဝင်စားစွားနားထောင်နေပြီး ဆက်ပြီး မေးခွန်းမေးလိုက်သည်
“မောင်ရင်လေးရယ် ဘကြီးတို့ ဘိုးဘေးတွေခေတ်ကတည်းကဆိုတော့ တိုက်ဆိုင်တာ မဖြစ်နိုင်တော့ပါဘူး ”
“အဲ့တာဆိုလည်း ကျုပ်တို့ကို ကူညီပါဦး ဘကြီးရာ ကျုပ်အဘက အဲ့တောင်ဝှေး မပါရင် ပြန်မလာနဲ့လို့ပြောတယ် ကျုပ် တယောက်တည်း အတွက်က မပြန်ရလည်း ဘာမှ မဖြစ်ဘူး သူတို့တွေက ကျုပ် မပြန်ရင် သူတို့လည်းပြန်မှာ မဟုတ်တော့ တွေ့အောင် ရှာရမှာ ဘကြီးရေ ”
ရွာလူကြီး မှ ထိုသို့ပြောသောအခါ မောင်ဘိုးထင်တို့သည် တယောက်ကို တယောက်ကြည့်လိုက်ကြပြီး သာရ သည် ရွာလူကြီးအား စကားဆိုလိုက်သည်။
“အေးအေး ခဏနေ ဦးကြီးတို့ သွားကြတာပေါ့ကွယ် မောင်ဘိုးထင်ပဲလိုက်ခဲ့ ကျန်တဲ့သူတွေက ဒီမှာပဲစောင့်ပါ ပြီးတော့မှဦးကြီး ပြန်လိုက်ပို့ခိုင်းလိုက်ပါမယ် ”
ဤသို့ဖြစ် ရွာလူကြီးသည် မောင်ဘိုးထင်တို့ နှင့် စကားစမြည်ပြောပြီးနောက် မောင်ဘိုးထင်ကို ခေါ်ကာ သူ၏ တပည်များနှင့် အတူ ရွာထဲသို့ ပြန်သွားကြပါလေတော့သည်။
◾အခန်း-၆
“ကဲ မောင်ရင်လေး မင်းတယောက်တည်း ဝင်သွားလိုက်တော့ အဲ့ထဲမှာ မင်းစိတ်ထဲရှိတဲ့အတိုင်း မယ်တော်ကို လက်အုပ်ချီပြီးဆုတောင်းပေတော့ ကောင်လေးရေ ”
“ဟုတ် ဘကြီး ကျုပ် ဝင်သွားလိုက်တော့မယ် ဗျာ ”
မောင်ဘိုထင်သည် သူပြောတက်သလို ပြောကာ မီးအိမ်ကို ပြန်ယူပြီး အိမ်ပြင်ထွက် ရန်ဟန်ပြင်လိုက်သည် သူမမြင် မသိလိုက်သည်က သူကိုင်ထားသော မီးရောင်အောက်တွင် မယ်တော်ကျောက်စိမ်းရုပ်တုမှာ ပြုံးရယ်နေသည်ဆိုတာပဲ ဖြစ်ပါလေတော့သည် ။
◾အခန်း-၇
မောင်ဘိုးထင်သည် မယ်တော်ရုပ်တုအား ဆုတောင်းပြီးနောက် ကန်ပေါက်ရွာလူကြီးသည် သူ၏ တပည်များအား ဦးခုတ္တက ၏ နေအိမ်သို့ လိုက်ပို့ စေသည် ၊ မောင်ဘိုးထင်သည် ဦးခုတ္တက အိမ်သို့ရောက်သော အခါ သူအားစောင့်မျှော်နေသော ဖိုးထွေးတို့ သည် မောင်ဘိုးထင် ထိုင်လိုက်သည် နှင့် အကျိုးအကြောင်း တန်း၍ မေးမြန်းလိုက်လေ ၏။
“အေး အဲ့လို ထင်တာပဲ ”
“အဲ့တာဆိုရင်တော့ အချိန် ဖြုန်း လို့ မဖြစ်ဘူးဗျို့ ဟေ့ကောင် သာအေး နဲ့ ပေတူး မင်းတို့အိပ်မှာလား လာကြ ငါက တော့ အလုပ်အရ အိပ်လိုက်ဦးမယ် ”
◾အခန်း-၈
စိမ်းဆိုနေသော တောင်တန်းကြီးများ၏ ထိပ်တွင် ကျောက်တောင် တတောင်ရှိလေ၏ ၊ ထိုကျောက်တိုင်၏ ထိပ်တွင်တော့ ဆယ်ပေမျှရှိသော ကျောက်တုန်းပိုင်း ပြတ်ကြီး ပေါ်တွင် မောင်ဘိုထင်ရပ်နေသည် ၊ သူသည် ယခုအချိန်ထိ ဘယ်နေရာကို ရောက်နေသလဲဆိုတာ မသိသေးပေ သို့ပေမဲ့ လေအေးအေး လေးများတိုက်နေသောကြောင့် အတော်ကို နေလို့ကောင်းနေသည် သူသည် ကျောက်တောင် အစွန်းကိုသွားကာ စိမ်းဆိုနေသော တောင်တန်း ကြီးများကို ကြည့်လိုက် တိမ်တွေ ဖုံးနေသော တောင်ကြီးများကို ကြည့်လိုက် တောင်နှစ်လုံးကြားထဲ ရှိ ရေတံခွန်ကြီးကို ကြည့်လိုက်နှင့် အတော်ကို အလုပ်များနေသည် ၊ ထို့ကြောင့် သူ၏ အနောက်တွင်ပေါ်လာကာ သူအား ခေါ်နေသော အမျိုးသမီးကြီး၏ အသံကိုပင် ဂရုမပြုမိပေ ၊ ထို့နောက် အမျိုးသမီးကြီးသည် လမ်းမလျှောက်ပဲ ကျောက်ပြင် နှင့် တထွာမျှ အကွာတွင် လွင့်မျောလာပြီး မောင်ဘိုစထင်၏ ပုခုံးကို ပုတ်လိုက်ရာ
“အမလေး ”
“ဟဲ့ ဘာဖြစ်တာ တုန်း”
“နင့်ကို ခ်ါနေတာပဲ နင်မှ မကြားတာ ”
“ကောင်လေး နင်ငါ့ကို သေချာကြည့်စမ်း ငါ့ကို မြင်ဖူးလား ”
“အရီးက မယ်တော်လား”
“အေးဟုတ်တယ် ”
“တကယ်လား ”
“တကယ်ပေါ့ အရီးရယ် ”
“ဟုတ်တယ် မယ်တော် ”
ထိုနောက် မယ်တော်သည် သူ၏ လက်ညှိုးကို တောင်တွေဘက်ထိုးပြီး ဝိုင်းလိုက်လေသည် ထိုအခါ တောင်များသည်လ မယ်တော် ဝိုင်းလိုက်သော အတိုင်းအတားအတိုင်း မှန်တချပ်လို့ ဖြစ်သွားပြီး ထိုထဲတွင် တောင်ဝှေး တချောင်းကို ကိုင် ပြီးပြုံးနေသော အမျိုးသမီး နှစ်ယောက်ကို တွေ့လိုက်ရသည် ၊ မောင်ဘိုးထင်သည် ထိုအမျိုးသမီး နှစ်ယောက်ကို မြင်သောအခါ အတော်ကို အံဩသွားပြီး မယုံကြည်နိုင်အောင်လည်း ဖြစ်မိသည် ၊ အကြောင်းမှာ တောင်နံရံတွင်ပေါ်နေသော အမျိုသမီးနှစ်ယောက်မှာ လောင်းကစားသမား မကြီး နှင့် မလေး ဖြစ်နေချင်းကြောင်း ဖြစ်သည် ။ ထိုအခါ မောင်ဘိုးထင်သည် သူ၏ မျက်လုံးကို သူ မယုံနိုင်ဖြစ်နေသလို မယ်တော်ကို လည်း ငဲ့စောင်းကြည့်ကာ
“ဒါကျုပ်တို့ ရွာက ကျုပ်တို့ အသိ မကြီး နဲ့ မလေးပါ သူတို့က စုန်းတွေလား မယ်တော် ”
◾အခန်း-၉
ဦးခုတ္တက အိမ်တွင် တည်းကြသော မောင်ဘိုစထင်တို့ အဖွဲ့ သည် မနက်အစောကြီး နိုးထလာကြသည် ၊ သူတို့ အစောကြီးနိုးလာသည်ဆိုပေမဲ့ မဝင်္ကသည် မီးအိမ်လေးနှင့် ထမင်းချက် နေပြီဖြစ်သည် ၊ မောင်ဘိုးထင်တို့သည် ထမင်းချက်နေသော မဝင်္ကအနားသွားပြီး ဆားယူသူ ယူ အိုးမဲခဲ ယူသူယူ ပြီး ရေအိုးစင် အနားသွားပြီး မျက်နှာ သစ်လိုက်ကြသည် မျက်နှာ သစ်ပြီးသော အခါ သာရ နှင့် ဖိုးထွေး တို့ သည် နွားများချည်ထားသော နေရာသို့ သွားနေကြသည် ၊ မောင်ဘိုးထင် တို့ သုံးယောက်သည်က ထမင်း ပန်းကန်ယူသူယူ ဟင်းပန်းကန် ယူသူယူ နှင့် မနက်စာ ထမင်းစားရန် ပြင်ဆင်ကူပေးလိုက်ကြသည် ထို့နောက် ဦးခုတ္တက လည်း နိုးလာပြီမို့ အားလုံးဝိုင်းဖွဲ့ပြီး စားသောက်လိုက်ကြလေသည် ၊ မနက်ခင်း အစောကြီး ထမင်းစားနေစဉ် ဦးခုတ္တကသည် မောင်ဘိုးထင်ကို ကြည့်ကာ
“ဟုတ်လား ဘယ်က လဲ ”
“သူခိုးက အဝေးကြီးက မဟုတ်ဘူးဗျ အဲ့တော့ ဆန်တွေ ဆီတွေ မလိုတော့ဘူး ကျုပ်တို့ ရွာပဲ ပြန်ကြရမှာ ”
“မဟုတ်ဘူး ”
“အဲ့တာဆို ဘယ်ကလဲ ပြောလေကွာ မင်းက ပြောရင် ပြီးနေတာကို ဆရာကြီးပုံစံ ဖမ်းနေတယ် ဦးကြီး နဲ့ အမဝင်္က ရှိလို့ ပေါ့ မဟုတ်ရင် မင်းကို ငါဆဲ ပြီး ”
“သူခိုးက တို့ရွာက ဟ ”
“အေး ပေါ့ ဘယ်ကြားရမလဲ အဲ့တော့ မယ်တော်က ”
ဖိုထွေးသည် မောင်ဘိုထင်တို့ကို ဆဲဆို ငေါက်ငမ်း လိုက်မှ သကောင့်သား သုံးဦး ပြောနေသော စကားကို ရပ်လိုက်ကြသည် ထို့နောက် သာရသည် မောင်ဘိုးထင်ကို ကြည့်ကာ
“ဟေ့ကောင် ရှင်းရှင်းပြော သူခိုးက ဘယ်သူလဲ ဘယ်ရွာက လဲ ဆရာကြီး ပုံစံ လာလုပ်မနေနဲ့ ဖိုးထွေးကို နားရင်းအုပ်ခိုင်းလိုက်မှာ”
“ဘာ ဟုတ်ပါ့မလားကွာ ”
“ဘာလို့ မဟုတ်ရမှာလဲ မယ်တော်က တောင်ကြီးအပြည့်ပြတာ လေးမကြီး နဲ့ လေးမလေး မျက်ခွက်ကြီးက အပြည့်ကြီးမြင်ရတယ် သူတို့ မျက်နှာက တင်းတိတ်တွေတောင် မြင်ရတယ်ဗျ ဘာမှ မှားဘူး ”
◾အခန်း-၁၀
📝မောင်တင်ဆန်း
#mgtinsan