” ကမ္ဘာမကြေတဲ့အငြိုး ” (စ/ဆုံး)

” ကမ္ဘာမကြေတဲ့အငြိုး ” (စ/ဆုံး)

===============================

“” လွန်လေပြီးသောအချိန်ကာလတခု”သို့” လေးမျက်နှာသစ်တောကြိုးဝိုင်းကြီးဟာ ယခုလို တောင်ဂတုံးများဘဝသို့မရောက်ခင် ၁၉၃၅ခုနှစ် အချိန်တုန်းကပေါ့။ အနောက်ရိုးမဟုအလွယ်တကူခေါ်သော ထိုဒေသဟာ သစ်ကြီးဝါးကြီးအင်မတန်ပေါပြီး ချေ၊ဒရယ်မှအစ ကျား၊ဆင်တွေအထိ ခိုအောင်းနေထိုင်ကျပါတယ်။ အနောက်ရိုးမတောင်ခြေတွင် “ပန်းတောကြီး၊သပြေလှ၊ရေလဲကြီး၊မိုးကြိုးပစ်၊ကျားကပ်အိုင်၊ကညင်ငူနဲ့ မီးသွေးကုန်း ဆိုတဲ့ ရွာတွေရှိပါတယ်။ ဒေသခံအများစုဟာ သစ်ခုတ်၊ဝါးတိုက်၊မီးသွေးဖုတ်၊အမဲပစ် ဆိုတဲ့ တောအလုပ်တောင်အလုပ်များဖြင့် အသက်မွေးကျလေ၏။ ထိုသူများအနက် မြွေဖမ်းသောအလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုခဲ့ဖူးသော ကျားကပ်အိုင်ရွာသား ဦးစောမောင်အကြောင်းလေးကို ပြန်ပြောင်းပြီး ပြောပြပါရစခင်ဗျာ။

သူ့ကို ဒေသခံတွေက `မြွေဘုရင်စောမောင်´ဟု ခေါ်တွင်ကျသည်။ မြွေဖမ်းတဲ့အလုပ်ကို ၇နှစ်သားထဲက ဝါသနာတကြီးလုပ်ကိုင်ခဲ့ပြီး အသက်၅၀အရွယ်ရောက်ခါမှ အကျွတ်တရားရပြီး ဆက်မလုပ်တော့တာပါ။
….. မြွေတကောင်ရဲ့အနံ့ကို ကိုက်တရာအကွာအဝေးကနေ အနံ့ခံနိုင်သတဲ့ သူ့ရဲ့လျှာပေါ်မှာ မွေးရာပါအနီစက်၃စက်ရှိတယ်။ နုစဉ်အခါက ခွေး၂ကောင်ကိုလက်ရုံးထားပြီး ရိုးမထဲမှာ မြွေလှည့်ဖမ်းခဲ့တဲ့သူပါ။ ဦးစောမောင်ဟာ မြွေဖမ်းတော်ယုံတင်မက မြွေဆိပ်ကိုပါနိုင်တယ်။ ပိုးထိရင် စောမောင်ဆီသာရောက်အောင်လာခဲ့…အသက်ငွေ့ငွေ့လေးသာကျန်…..လုံးဝမသေစေရဘူး…..သို့သော်….မြွေကိုက်ခံရတာဟုတ်မဟုတ်တော့ သေချာဖို့လိုပါသည်။
ယခု အသက်လေးရလာတော့ မြွေမဖမ်းတော့ပဲ လက်လှန်းမှီသလောက် ဆေးမြှစ်၊ဝါးမြှစ်လေးတွေနဲ့ ဆေးဆရာလုပ်နေလျှက်ရှိပါတယ်။ အဓိက သူကုနိုင်တာကတော့ မြွေကိုက်ခံရတဲ့လူနာမျိုးကိုဖြစ်ပါတယ်။ ခုချိန်ထိ သူ့လက်ထဲရောက်လို့ အဖိတ်အစင်ရှိတဲ့လူနာမျိုး မတွေ့ဖူးသေးပါ။
…….

ရောင်ခြည်တထောင်အလင်းဆောင်သော သူရိန်နေမင်းကြီးဟာ တနေ့တာတာဝန်တွေထမ်းဆောင်ပြီး၍ အနောက်ရိုးမကြီးကိုနှုတ်ဆက်နေလျှက်ရှိပါသည်။

^^^..အူးးးစြ ဝူးးး အူးးးစြ
…ဖောက်…ဖောက်……..
..ရွှီ……………..ရွှီ……………..

…ညအခါတွင် တောစပ်မှကြားလေ့ရှိသော တောခွေးအူသံ ချေဟောက်သံ၊မြွေတွန်သံများကြောင့် ဦးစောမောင်နှင့်စကားပြောနေသော ကျန်းမာရေးမှူးလှစိန်တယောက် စကားစရန် ခေါင်းစဉ်ရသွားလေ၏။

ရာဇဝင်ကြီးခဲ့သော မြွေမုဆိုးကြီးစောမောင်ထံမှ သဲထိပ်ရင်ဖို မြွေပုံပြင်တွေက သူ့အဖို့ ရင်စပ်ရှုမောဖွယ်အတိပင်။

..^^….ဦးစော….မြွေဘယ်နှစ်မျိုးရှိလဲဗျ

…အင်း….ပြောရင်တော့ အများကြီးပဲ ဆရာလေး….ကမ္ဘာပေါ်မှာ မြွေမျိုးစိတ်၂ထောင်ကျော်၃ထောင်နီးပါးလောက်ရှိတယ်…..

…အိုး….အများကြီးပဲနော် ဦး….

..အေးကွ…..ကမ္ဘာနဲ့ချီရင်တော့ ပြောမဆုံးပေါင်တောသုံးတောင်ပဲ…..အတိအကျတော့ငါလဲမပြောနိုင်ဘူး…ငါပြောနိုင်တာက တို့နိုင်ငံကမြွေမျိုးစိတ်အကြောင်းပဲ…..

…ဟုတ်ကဲ့….ပြောပြပါ ဦးစော

…ဒို့နိုင်ငံမှာ မြွေနှစ်မျိုးပဲရှိတယ်….

..ဗျာ……မဟုတ်တာ…..အများကြီးရှိတယ်လေ…

…စကားကိုဆုံးအောင်နားထောင်ဦး..မြွေနှစ်မျိုးဆိုတာ အဆိပ်ရှိတဲ့မြွေနဲ့ အဆိပ်မရှိတဲ့မြွေကိုပြောတာ ဟ

..သြော်….ဒီလိုလား…..

…ဟုတ်တယ် ဆရာကျော်ဦး ….အဆိပ်မရှိတဲ့မြွေဆိုတာ ပတတ်လယ်နီ၊မြက်ရှော၊ရေမြွေ၊လင်းမြွေ သစ်တက်ငန်း၊စပါးကြီး၊စပါးအုံး၊ငန်းတော်ကျား ၊ငန်းစောင်း စတဲ့မြွေတွေကိုပြောတာ …သူတို့မှာအဆိပ်မရှိဘူး……

…ဟုတ်ကဲ့…….ဟိုလေ…စပါးကြီးမြွေက သားကြောင်ကို ညှို့ပြီး ဖမ်းတယ်ဆိုတာ ဟုတ်လား ဦးစော….

…ဟုတ်တယ်ကွဲ့….ဒီကောင်ရဲ့ စအိုအထက်မှာ ညှို့တံပါတယ်…အဲ့ညှို့တံနဲ့ သားကောင်ရဲ့ခြေရာကိုထောက်ပြီး ဒီသားကောင်ဟာ သူ့ရဲ့ ညှို့ကွင်းနဲ့ မိလားမမိလား အာရုံခံပြီး စက်ကွင်းထဲ မိနေခါမှ ညှို့တာမောင်…..တိရစ္ဆာန် မပြောနဲ့ လူတောင် မလွတ်ဘူး…..

…ဗျာ……ဒီလိုဆို ဦးစောရော အဲ့လို အညှို့ခံဖူးလို့လား….

…ဒါပေါ့ဆရာ……..တခါက ရိုးမထဲမှာမြွေလိုက်တုန်းက ကြုံဖူးတယ်…

…`ဟာ….တကယ်လားဗျ´
.ဆရာကျော်ဦး နေရာပြင်ထိုင်လိုက်ပြီး ဦးစောမောင်ထံမှထွက်လာမြည့်စကားကို စိတ်ဝင်တစား နားစိုက်ထောင်လိုက်သည်။

….တနေ့ …ငါ့ခွေးနှစ်ကောင်နဲ့တောလိုက်တုန်းကပေါ့….ငါ့လက်ထဲမှာ မြွေထိုးခရင်း၊ဓားမြှောင်၊ပချုပ်၊လင်းလေးနဲ့သံချိတ်တချောင်းပါတယ်။ အဲ့ဒါ တောထဲဝင်ပြီး တနာရီအကြာမှာ ငါ့ခေါင်းတွေအုံလာတယ်….ခြေထောက်တွေလဲမဆွဲချင်တော့ဘူး….ငါ့နားထဲမှာ လေချွန်သံလို ၊နှာမှုတ်သံလိုလို အသံတခုကြားနေရတယ်။ ဒါ့ကြောင့် ငါလဲ သတိထားပြီး အင်ပင်ကြီးတပင်ပေါ်ကိုဖက်တက်လိုက်တယ်….အပင်ပေါ်ကိုရောက်တော့ ချက်ချင်းအကောင်းဟ…..ငါလဲ စပါးကြီး ညှို့တာ တခါမှမကြုံဖူးတော့ ဝေခွဲမရပဲ အပင်အောက်ဆင်းလိုက် ပြန်တက်လိုက်နဲ့ အတော်ဗျာများသွားတယ်….စိတ်ထဲကလဲ တောမှောက်လေပြီလားဆိုတဲ့အတွေးကဝင်လာတော့ အပင်အောက်မှာထိုင်ပြီး တောပိုင်တောင်ပိုင်တွေကို တောင်းပန်လိုက်တယ်။ အဲ့အချိန်မှာ ငနဲက ငါ့ကိုနောက်ကနေဝင်ဆွဲတော့တာပဲ….ရုတ်တရက်ဆိုတော့ငါလဲခံလိုက်ရတယ်…စပါးကြီးမြွေရဲ့လုံးပါတ်က ရေနွေးအိုးဖင်လောက်ရှိတယ်….အဲ့မှာ ငါကံကောင်းသွားတဲ့အချက်တော့ရှိတယ်….ဘာလဲဆိုတော့ ငါ့ခေါင်းအထင်နဲ့ သူ ဟက်လိုက်တာက ငါ့ကျောက ပချုပ်ကိုလေ…တောပိုင်တွေကိုဦးကုန်းချတဲ့အချိန်ဆိုတော့ ပချုပ်ကို ငါ့ခေါင်းအထင်နဲ့ပြေးဟက်လိုက်တာ….သန်တော့ အတော်သန်တဲ့အကောင်ဟ ငါ့တကိုယ်လုံးကို ပြုတ်တူကြီးနဲ့ညှပ်ထားသလို လုံးဝရုန်းမနိုင်ဘူး။အဲ့လို ရုန်းရင်းဆန်ခတ်ဖြစ်နေချိန်မှာ ငါ့ခွေးနှစ်ကောင်ရောက်လာပြီး မြွေခေါင်းကို ဝိုင်းကိုက်ကျတယ်။ ငါ့ခွေးတွေက သခင့်ဇောနဲ့ မြွေခေါင်းကို တဘက်စီကိုက်ပြီး ခြေကန်ပေးဆွဲလိုက်မှ ငါ့ကိုလွှတ်ပေးတယ်။ မြွေလက်ကလွတ်တော့ စိတ်တိုတိုနဲ့ မြွေခေါင်းကို ခရင်းနဲ့ဆောင့်ထိုးပြီး ခေါင်းကိုဖြတ်ပြစ်လိုက်တယ်။ ကံကြီးပေလို့ပဲကျော်ဦးရေ ငါ့ခွေးတွေသာမကယ်ရင် အဲ့နေရာမှာတင်ကိစ္စပြတ်မှာ။

….အမလေး….ကြောက်စရာကြီးနော်….
…အဲ့မြွေကိုဘာလုပ်လိုက်လဲဦး

..အင်း…..အဲ့မြွေကို လူနှစ်ယောက်ပြန်ခေါ်ပြီး ပြန်သယ်တယ်…စပါးကြီးသဲခြေကို မြို့တက်ရောင်းလိုက်တာ အဲ့နှစ် ဝမ်းစာထဲ့နိုင်သွားတယ်။ မြွေကိုအရည်ဆုတ်ပြီး အသားကိုတော့ အရပ်ဝေလိုက်တယ်။

…ဟုတ်ကဲ့…..အဆိပ်မရှိတဲ့မြွေထဲမှာ ငန်းတော်ကျား ဆိုတာ မြွေဘုရင်လို့ပြောတာဟုတ်လားဦး….သူ့ကိုအခြားမြွေတွေက အစာရှာကျွေးရတယ်ဆို၊ အစာရှာမရရင် သူ့ပါးစပ်ထဲကို ခေါင်းထိုးပြီးအမြိုခံရတာကရောတာတို့ သူရှိတဲ့နေရာကို ဘယ်မြွေမှမလာရဲဘူးဆိုတာတွေက တကယ်လားဦး။

…..အင်း….အတော်များများကတော့ ငန်းတော်ကျား ကို မြွေဘုရင်လို့ဆိုကျတယ်။ အေးလေ….မင်းမေးသလို
သူ့ကိုအစာရှာကျွေးရတာတို့ သူရှိရင် အခြားမြွေမလာရဲဘူးတို့ ဆိုတာက အမှန်ပဲကို။ ဒါပေသိ မြွေဘုရင်လို့တော့မခေါ်သာဘူးကွ….

…ဟင်….ဘာဖြစ်လို့လဲဦး…..သူ့ကို ဘယ်မြွေက နိုင်သေးလို့လဲ….နိုင်တဲ့မြွေကရောရှိလို့လားဗျ……

…ရှိသပ……ငန်းတော်ကျား ကို မြိုတဲ့မြွေဆိုတာ တကယ်ပဲရှိနေခဲ့တာကိုး…

…အလို….ဘာ….ဘာမြွေလဲဦး…

” တောကြီးမြွေဟောက်” တချို့က ငန်းပုပ်… Engလိုတော့ Cobera Kingလို့ခေါ်ကျတယ်။ တို့နိုင်ငံမှာတော့ အဆိပ်ရှိတဲ့မြွေမျိုးစိတ်ထဲမှာ အကောင်အကြီးဆုံးပဲ ကျော်ဦး။

…ဟင်…..တောကြီးမြွေဟောက်…ဟုတ်လားဦး…..
…ဟုတ်တယ်….
တို့နိုင်ငံမှာအများသိတဲ့ အဆိပ်ရှိမြွေမျိုးတွေက ငန်းပုပ်၊မြွေပွေး၊မြွေဟောက်၊မြွေစိမ်း၊ဂျက်မြွေ တွေကွဲ့။ သူ့တို့ထဲမှာ ငန်းပုပ်က အကြီးဆုံး….
…..အရွယ်ရောက်ပြီးငန်းပုပ်တကောင်ဟာ လုံးပါတ်၁၀”ခန့်နဲ့၁၂/၁၄ပေထိ ရှည်ကျတယ်။ သူ့ရဲ့ကျောပေါ်မှာ ခေါင်းကနေ အမြီးထိ အဝါရစ်တွေအပြည့်ရှိတယ်……မြွေဟောက်လို ပါးပြင်းထောင်နိုင်ပေမဲ့ မြွေဟောက်လို လည်ပင်းမှာ အနက်ရစ်မရှိဘူး….ငန်းပုပ်အမဟာ သားတခါပေါက်ရင် အကောင်၂၀ကနေ၂၅ကောင်အထိပေါက်ကျတယ်။

…ဒါဆို အဆိပ်ကရော မြွေဟောက်လို ပြင်းလား ဦးစော….

…ဟ ပြင်းပြီလားကွ….အကိုက်ခံရရင် ၅မိနစ်နဲ့နာရီဝက်အကြား သေတယ်….ဆေးမမှီဘူး ….မြွေဟောက်တို့ မြွေပွေးတို့ထက် အဆိပ်၃ဆပြင်းတယ်။

…အား လား လား….တကယ့် danger ပဲနော်။

….မှန်တာပေါ့….တခါတခါမင်းပြောတဲ့ ငန်းတောကျားကိုတောင် အလွတ်မပေးပဲ မြိုတယ်ဆိုတာ အဲ့ကြောင်ပေါ့။ မြွေဟောက်တို့၊မြွေပွေးတို့ဆိုတာ သူစားနေကျသားကောင်တွေလေ …

…နားထောင်းရင်းတောင်ကြက်သီးထလာပြီ…ဟူး….

….ကြောက်ရမယ်လေ…..ကြောက်ဆို ဒီကောင်မျိုးက အကောင်လဲကြီးတယ်၊ အဆိပ်လဲပြင်းတယ်၊ဒေါသလဲကြီးတယ်၊အငြိုးလဲကြီးတယ်။ မြွေဟောက်လို ရန်သူကိုရှောင်ပြေးတတ်တဲ့ကောင်မျိုးမဟုတ်ဘူး….သူကိုရန်မူမဲ့ရန်သူဆိုရင် မမိမချင်းလိုက်ပြီး ပေါက်သက်တာဗျား….ငါတောင် ကံကောင်းလို့…….

….ဗျာ…..လုပ်…လုပ်စမ်းပါဦး အဲ့အကြောင်းလေး….ဟီးဟီး …..

…အင်းး…..ငါ့အနေနဲ့ မြွေဖမ်းတဲ့အလုပ်ကို ရာသက်ပန် စွန့်လွှတ်လိုက်တာလဲ အဲ့ဒီ ငန်းပုပ်ကြောင့်ပဲ…..မှတ်မှတ်ရရ ငန်းပုပ်နဲ့ နှစ်ခါကြုံဖူးတယ် နှစ်ကြိမ်လုံး အသက်ကိုဖတ်နဲ့ထုပ်ပြီး ရင်ဆိုင်ခဲ့ရတယ်……အင်မတန်မှ အငြိုးအာဃာတ တရားကြီးမားတဲ့အကောင်မျိုးဘဲ ဆရာ….ငါ့မိန်းမနဲ့ ခလေးနှစ်ယောက်ဟာ ငန်းပုပ်မရဲ့ လက်စားချေ ပေါက်သက်ခြင်းကြောင့် အသေဆိုးနဲ့သေခဲ့ရတယ်။

^ဗျာ……ဖြစ်မှဖြစ်ရလေဗျာ……ဒီလိုအဖြစ်မျိုး တကယ်ရှိခဲ့တယ်ပေါ့နော်…

^ ငါ့ကိုယ်တွေ ဘဝနဲ့ရင်းပြီးရလိုက်တဲ့ သင်္ခန်းစာပေါ့…..အတုံ့အလှည့်ဆိုတဲ့သဘောတရားဟာ အင်မတန်ခါးသည်းလှပါတယ်……အဓိကတရားခံက ငါ ပဲ….ငါစခဲ့တဲ့မီး….ငါ့မိသားစုတွေကြားထဲက ခံလိုက်ရတယ်ကွာ….

…စိတ်မကောင်းလိုက်တာဗျာ…ပြန်ပြောပြလို့ဖြစ်ရဲ့လားဦး….

…ရပါတယ်လေ….နောင်လာနောင်သားတွေလဲ သင်္ခန်းစာရတာပေါ့……..

….ဟုတ်ကဲ့….လေးလေးစားစား မှတ်သားပါ့မယ် ဦးစော………..

” မြွေဘုရင်စောမောင်”

လွန်ခဲ့သော အနှစ်၃၀ခန့်က အနောက်ရိုးမတွင် `မြွေဘုရင်စောမောင်´ ဆိုသောဂုဏ်ပုဒ်နှင့် ကြော်ကြားခဲ့သော မြွေမုဆိုးတယောက်ရှိလေသည်။

… ခလေးဘဝထဲက မြွေကို အရုပ်သဖွယ်ကစားခဲ့သူတဦးဖြစ်သည် စောမောင်ဟာ အတန်းပညာမတတ်သော်လဲ ကြိုးဝိုင်းထဲက မျက်နှာဖြူတဦးနှင့်ခင်မင်မိရာက အင်္ဂလိပ်စာ အနဲအကျဉ်းကိုဆီးပူးမိခဲ့သည်။

…. အရွယ်ရောက်သည့်တိုင် မြွေဖမ်းတဲ့အလုပ်ကလွဲပြီး တခြားဘာအလုပ်မှမလုပ်တတ်သလို လုပ်ဖို့လဲစိတ်မဝင်စားခဲ့ပါ။ အဖေကိုယ်တိုင်က ရိုးမမုဆိုးတဦးဖြစ်လေတော့ အဖေ့ခြေရာကို တထပ်ထဲနင်းခဲ့သည်။

…. စောမောင် အသက်၁၅နှစ်ပြည့်တော့ ဖအေလုပ်သူဟာ ငန်းပုပ် အပေါက်ခံလိုက်ရသဖြင့် တောထဲတွင်ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။ ထိုအချက်ဟာ စောမောင်ကို မြွေမုဆိုးဖြစ်လာစေဖို့ ခိုင်လုံသောအကြောင်းတရားတခုဖြစ်ခဲ့သည်။ အရင်တုန်းက မြွေတွေကို အပျော်သဘောဖမ်းပြီး ကစားခဲ့ရာက စီးပွားဖြစ် ဖမ်းဆီးသက်ဖြတ်လာခဲ့သည်။

မိုးလင်းလို့ မျက်စိနှစ်လုံးပွင့်တာနဲ့ ပချုပ်တလုံးလွယ် ခရင်းတချောင်းဆွဲပြီး တောထဲကိုမြွေဖမ်းထွက်သည်။ မြွေဖမ်းတဲ့အခါ လူကိုအန္တရာယ်မပြုနိုင်သောမြွေများကို ဘေးမဲ့ပေးပြီး လူကိုအန္တရယ်ပြုတတ်သော စပါးကြီး၊စပါးအုံး၊ငန်းပုပ်၊မြွေပွေးနဲ့မြွေဟောက်များကိုသာ ပစ်မှတ်ထားဖမ်းဆီးလေ့ရှိသည်။

….ကိုက်တရာပါတ်လည်အတွင်း မည်သည့်နေရာတွင် မည်သည့်မြွေအမျိုးအစားရှိနေသည်ကို အနံခံပြီး ဖမ်းဆီးနိုင်သည်။ စောမောင်အားကိုးရသော လက်ယျာနှင့်လက်ကြာဆိုသော ခွေးနှစ်ကောင်ကလဲ စောမောင်မြွေဖမ်းသည့်အခါ ထိရောက်သော အကူအညီများပေးနိုင်ခဲ့သည်။ မြွေကိုတွေ့ရင် ခရင်းခွဖြင့် မြွေခေါင်းကို ညှပ်ထိုး ထိုးပြီး လက်နဲ့ကိုင်ခါ ပချုပ်ထဲထဲ့လိုက်ယုံလေးပါ။

မွေးရာပါ အထုံပါရမီဟုဆိုရမလား စောမောင်တောထဲကပြန်လာရင် သူ့ပချုပ်ထဲမှာ အနဲဆုံး မြွေသုံးလေးကောင်တော့ အရှင်ပါလာတတ်သည်။ ထို့နောက် ပါလာသောမြွေများကို မြွေလှောင်ကန်တွေထဲမှာ အမျိုးအစားလိုက်ခွဲ၍ထားလိုက်ပြီး ဝယ်သူလာမှ ထုတ်ရောင်းတတ်သည်။ မြွေဝယ်သူများထဲမှာ အလမ္မယ်ဆရာ၊စားသုံးသူနဲ့ မြွေဆိပ်ထုတ်တဲ့ သူတွေပါ၏။ မြွေအရှင်တွေမို့ ဈေးကောင်းလဲရသည်။ ဒါ့ကြောင့် စောမောင် ဘယ်လောက်ပဲမြွေဖမ်းနေဦးတော့ ဝယ်လက်က အဆက်မပျက်ဝင်နေသဖြင့် စီးပွားရေးအတော်အဆင်ပြေသည်။ …အင်းလေ….အလုပ်ဆိုတာမျိုးကလဲ သူများမလုပ်တဲ့အလုပ်မျိုးလုပ်မှ ပြိုင်ဘက်မရှိ အောင်မြင်တာမျိုးမို့လား။

ခုလို စီးပွားဖြစ်လာတော့ ပုထုဇဉ် သဘာဝအတိုင်း ဘဝလက်တွဲဖော် အိမ်ထောင်ဖက်တဦးကို စောမောင် တောင်းတလာတယ်။
သူ့လို မြွေမုဆိုးတယောက်ကို ဘယ်မိန်းခလေးက ယူရဲမှာတဲ့လဲ …ယူဘို့နေနေသာသာ လမ်းမှာတွေ့ရင်တောင် ကွေ့ရှောင်သွားကျတယ်။ ဒါပေသိ စောမောင်ကိုယ်တိုင်က အိုနာကျိုးကန်း၊ချိုကျိုးနားရွက်ပဲ့မှမဟုတ်တာ….သူ့အိုးနဲ့သူ့ဆန် တန်တာတော့ရခဲ့ပါသည်။ ယခု စောမောင်နဲ့လက်ထပ်မဲ့သတို့သမီးလောင်းက ကရင်မလေး နန်းကြာဖြူပါ…..ဆင်းရဲတာလေးကလွဲပြီး ကြည့်ပျော်ရှုပျော်ရှိတဲ့ ရွက်ကြမ်းရေကျို အပျိုဖျန်းလေးတဦးပေါ့။
….မင်္ဂလာဆောင်တော့မဲ့စောမောင်ဟာ သူ့ရဲ့အိမ်အဟောင်းကိုဖျက်ပြီး အိမ်အသစ်ဆောက်ရန်စိုင်းပြင်းခဲ့ပါတယ်….ဒါ့ကြောင့် လိုအက်သော သစ်များကိုရှာရန် ရွာသား၃ဦးနှင့်အတူ ရိုးမပေါ်တက်ခဲ့ပါသည်။
….စောမောင်တို့တောထဲကိုရောက်တော့ အချိန်အခါမဟုတ် လေရောမိုးရော အရမ်းရွာချလိုက်တယ်။ မိုးရေနဲ့အတူ သစ်ပင်ကြီးငယ်တို့ဟာ တောင်ကျချောင်းအတိုင်း မျောပါလာကြတယ်။ ဒီအချက်ဟာ စောမောင်အတွက် ကံကောင်းခြင်းလက်ဆောင်တခုဖြစ်သည်။

.”…ဟေ့…မောင်ညံနဲ့လှထွန်း
…ဝါးနက်၄လုံးမြန်မြန်ခုတ်စမ်း…..
…အပင်တွေငါကြည့်ထားမယ်..

..ဟုတ်ကဲ့ အကိုစောမောင်……

..ဂျိမ်းးးဂျလိန်းး ဖြောင်း
….ဖြော……
…ဗြော………အုန်း……ဝေါ…….

….ဟာ…….ဟိုး ကမ်းပါးက ကျွန်းပင်ကြီး ပြိုဆင်းလာပြီဟ………မြန်မြန်လုပ်ဟေ့………..ဒီအပင်ကြီးရရင် ငါ့အိမ်တဆောင်စာ လောက်ပြီ ဟားဟား ဟားဟား

….ရပြီ ကိုစောမောင်…..

…အေး…..တယောက်တလုံးစီကိုင်ထား….
…ငါအချက်ပေးတာတဲ့ ကျွန်းပင်ကြီပေါ် ခုန်ဆင်းကျမယ်…..

…ဟုတ်ကဲ့….အဆင်သင့်ပဲဗျို့…..

….အားလုံးဟာ တောအလုပ် တောင်အလုပ်ဖြင့်ရင်းနီးနေသူများမို့ သစ်ဖောင်ထိုးရန် စိတ်အားထက်သန်နေကျသည်။ ခန့်မှန်း ၇တန်ခန့်ထွက်နိုင်သော ယောင်္ကျား၅ဖက်စာကျွန်းပင်ကြီးဟာ တောင်ကျရေနဲ့အတူ တအိအိမျောလာလေတော့သည်။

….ကိုင်း……အချိန်ကျပြီဟေ့….
….အားလုံး ခုန်ဆင်းကျ…..

…ဟေ့….ယောကျာင်္း
…ကျား….
…ဝုန်း
…ဖြော
….ဖေရာ…..

…ဟေ့ မောင်ညံ….မင်းနဲ့ လှထွန်းက ဦးဘက်ကိုသွား ငါနဲ့ သာလှက နောက်ကထိန်းမယ်…..

…ဟုတ်ကဲ့……..သွားပြီ

…သာလှ….မင်းကဘယ်ဘက်ကိုကြည့်…ငါက ညာဘက်ကိုထိန်းမယ်…….

…စိတ်ချ စောမောင်….ဒီအလုပ်တွေ အံတိုနေပြီ….

…အေးပါဟ….ဒီတုံးကြီးအောင်ရင် မင်းတို့ကို ဆိတ်တကောင်ပေါ်ပြီး ဒါနပြုပေးမယ်…….ဟားဟားဟား

…ထိုအခိုက်

…ဟာ….စော….စောမောင်…….နောက်ကိုသေသေချာချာကြည့်စမ်း….အကောင်တကောင်လိုက်လာသလိုပဲ…….

…ဟေ…..ဘာ….ဘာတွေ့လို့လဲ သာလှ….

…ငါမြင်လိုက်တာတော့ မြွေခေါင်းနဲ့တူတယ်ကွ….

….ဟင်…..ဒီတောင်ကျရေရဲ့အားကို ဘယ်မြွေကအံတုပြီးလိုက်လာရတာတုံး….

…စောမောင်လဲ ထိုးဝါးကိုဂရုစိုက်ထိုးရင်း အပင်နောက်က ချောင်းထဲကိုအကဲခက်လိုက်သည်…..

….ဖူးးဖူးးခြီးးခြီ…..

…ဟ…သောက်ကျိုးနဲ ငန်းပုပ်ဟ……..

……ဗျာ….ငန်းပုပ်…..အမလေး……ဗျ….

…သာလှ……အလယ်ကို သွားနေ….ဒီကောင်တွေက လွယ်တာမဟုတ်ဘူး…….

…..ကြီးလိုက်တဲ့ငန်းပုပ်ကြီး စောမောင်တို့နောက်ကို သဲကြီးမဲကြီးလိုက်လာနေသည်။ ငန်းပုပ်ကြီးရဲ့ခေါင်းဟာ ဟင်းရေသောက်ပန်းကန်လောက်ရှိသဖြင့် စောမောင်မြင်ခဲ့ဖူးသောငန်းပုပ်တွေထဲမှာ အကြီးဆုံးအကောင်ပေါ့။

…..သာမန် အချိန်ဆို ဒီတောကြီးမြွေဟောက်လောက်ကို စာဖွဲ့နေမည်မဟုတ်……ခရင်းတချောင်းရှိရင် ဘူရိဒရ်နဂါးကိုတောင်ဖမ်းပြနိုင်ပါသည်လို့ တရားဝင်ကြွေးကြော်ထားတာပဲလေ…..ဒါပေသည့် ယခုအချိန်အခါက ရေထဲမိုးထဲမှာမို့လား တောင်ကျရေရဲ့အရှိန် သစ်ပင်ကြီးရဲ့ရွေ့လျှားမှု ရေလမ်းကြောင်းကိုချိန်ပြီး ဟန်ချက်ညီအောင်ထိန်းနေရတဲ့အနေအထားမှာ ဒီငန်းပုပ်ကို စနစ်တကျရင်ဆိုင်ရန်မဖြစ်နိုင်ပေ။ ဒါ့ကြောင့် ငန်းပုပ်တက်မလာနိုင်ရန် ဝါးလုံးဖြင့် ကာထိုးထိုးရင်း ကာကွယ်နေရသည်။
ထိုသို့ ခရီးဆက်လာရင်း တောင်ခြေက ငါးကြည်းချောင်းဝကိုရောက်တော့

….ကစ်…ကစ်……..ကစ်…..

…ဟာ…….ပင့်….ပင့်ကူကြီး……
…ဟေ့ကောင်တွေ သတိထားကျ…..ဒီကောင်ကြီးမှာ အဆိပ်ရှိလောက်တယ်…..
…ခြီးမွပဲ.. …..

…ဟာ….အမလေး….နဲတဲ့အကောင်ကြီးမဟုတ်ဘူး……….

…ကျွန်းတုံးပေါ်ပါလာတဲ့လူအားလုံးလန့်ပြီး တုံးရဲ့အလယ်ကိုကူးပြေးကျသည်။ လန့်မယ်ဆိုလဲလန့်စရာပါ ပင်ကူကြီးရဲ့ကိုယ်လုံးက ၁၀လက်မပတ်လည်လောက်ရှိတာကိုး….ရေထဲမှလိုက်လာသောငန်းပုပ်ကြီးကလဲ ကာမဲ့သူမရှိသဖြင့် တုံးပေါ်သို့ထိုးအတက် ပင့်ကူကြီးက မြွေခေါင်းကိုဖမ်းပြီးကိုက်လိုက်သည်။

…ရှူးးးဖရူး…..
…ကျစ်…..
…ဖြစ်…
…ခူးးခွီး……….ဖြော…..ဗွမ်း.. …

…ပင့်ကူအကိုက်ခံလိုက်ရသောငန်းပုပ်ကြီးဟာ ရေထဲသို့ပြန်ကျသွားပြီး ထပ်လိုက်လာပြန်သည်။
… အပင်ကြီးကိုမှီလာပြန်တော့ တခါထပ်တက်ပြန်ပါတယ် အဲ့လိုတက်လာလိုက် ပင့်ကူကြီးက စောင့်ပြီးကိုက်ချလိုက်ဖြင့် သုံးကြိမ်မြောက်သောအခါ ငန်းပုပ်ကြီးရဲ့လှုပ်လျှားမှုတွေနှေးကွေးသွားပြီး ပင့်ကူအကိုက်ခံရင်းက သစ်မြစ်တခုကိုခဲရင်းငြိမ်သပ်သွားလေတော့သည်။

ရွာထိပ်ကို တုံးဆိုက်တော့ ပင့်ကူကြီးလဲ အောက်ဆင်းသွားလေသည်။ ပင်ကူကြီးဆင်းသွားတော့ သစ်မြစ်ကိုခဲရင်းပါလာသော ငန်းပုပ်အသေကြီးကို ဖြုတ်ယူလိုက်သည်…….

…တောက်…
…မြင်ဖူးသမျှထဲမှာတော့ တကယ့်ဧရာမကြီးပဲကွာ…..ဒါတောင် အမမို့လို့ အထီးသာဆိုရင် ဘယ်လောက်တောင်ကြီးလိမ့်မလဲနော်…

….အေးဗျာ…..ကျုပ်တို့လဲ ဒီလောက်ကြီးတဲ့ငန်းပုပ်မျိုး ဒီတောဒီတောင်ထဲမှာရှိလိမ့်မယ်လို့ကိုထင်မထားတာဗျ….

…ဟ…ရှိလို့တွေ့ရတာပေါ့ကွ….ဒီတော ဒီတောင်ထဲမှာ ငါတို့မသိတာတွေအများကြီးရှိသေးတယ်…..မြွေဆိုတာ အကောင်ကြီးလေ အသက်ရှည်လေပဲ….ဟော့ဒီငန်းပုပ်တွေဟာ အနှစ်၂၀သက်တန်းအထိ အသက်ရှည်နိုင်ကျတယ်။

…ဟုတ်ပါပြီ…..
…နေပါဦး…ဒီမြွေက ဘာ့ကြောင့် ကျုပ်တို့နောက်ကို သဲကြီးမဲကြီး လိုက်လာရတာလဲ…..

…သြော်…ဒါလား….
…အကြောင်းရှိလို့နေမှာပေါ့ကွ…..

….ဒီအပင်ကို သေသေချာချာစစ်ကြည့်စမ်း တခုခုရှိနေလိမ့်မယ်…..

..ဟုတ်ကဲ့ ကိုစောမောင်….

….ထို့နောက် ကျွန်းပင်ကြီးကို ပိုက်စိတ်တိုက်ပြီး စစ်ဆေးကြည့်ရာ အပင်ခြေရင်းဘက်က သစ်ခေါင်းထဲတွင် ကြက်ဥပုံစံ ငန်းဥအလုံး၂၀ကျော်ကို အံသြဖွယ်တွေ့လိုက်ရပါတော့သည်ခင်ဗျာ။

” ကမ္ဘာမကြေတဲ့ အငြိုး”

{ဇာတ်သိမ်းပိုင်း}

“” ဒီလိုဆိုရင် ဦးတို့အဖွဲ့ကို အဲ့ပင်ကူကြီးက ကယ်လိုက်တာပေါ့နော်။ သားဇောကပ်ပြီးလိုက်လာတဲ့ ငန်းမကြီးကိုတော့ သနားတယ်ဗျာ။

” အင်း….ဆရာပြောတာလဲ သဘာဝကျပါတယ် မိခင်စိတ်ဆိုတာ သတ္တဝါတိုင်းမှာရှိတတ်ကျတာပဲလေ….

…ဒါနဲ့ …ဦး….မြွေတွေက သားကောင်ကို ဘာနဲ့အနံ့ခံတာလဲဗျ….နားလား၊မျက်စိလား၊နှာခေါင်းလား…..

…တခုမှမဟုတ်ဘူးဆရာလေး….မြွေတွေမှာနား မရှိဘူး….အမြင်အာရုံကတော့ အတော်ကောင်းတယ်….ဒါပေမဲ့ သားကောင်ဖမ်းတဲ့နေရာမှာ မျက်စိနဲ့နှာခေါင်းကိုမသုံးပဲ သူ့ရဲ့ နှစ်ခွသောလျှာကို အသွင်းအထုတ်လုပ်ပြီး အာရုံခံတယ်။ လေထုထဲမှာပါလာတဲ့ အမှုံအမွှားအနံအသက်ကို လျှာကတဆင့် ခံတွင်းထဲက အာရုံခံအဖုလေးတွေဆီပေးပို့ပြီး အာရုံခံကျတယ်ဗျ။

….သြော်….ဒီလိုဆို အလမ္မာယ်ဆရာတွေက မြွေကို ပလွေမှတ်ပြီးခေါ်တာတို့၊ကခိုင်းတာတို့ဆိုတာကရော ဦးစော…

..ဘယ့်နယ်…တောက်တီးတောက်တဲ့ကွာ
..အဲ့ဒါ လူစိတ်ဝင်စားအောင် ဟန်ပြလုပ်တာ….မြွေကိုပါးပျဉ်းထောင်ခိုင်းမယ် ပြီးရင် ရှေ့ကနေ ပလွေမုတ်ပြီး ယိမ်းပြမယ်။ ဒီတော့ မြွေက ပလွေကိုလိုက်ကြည့်ပြီး ရန်သူအထင်နဲ့ ပေါက်ဖို့လိုက်ချိန်မယ်။ ဘယ်မျက်လှည့်ဆရာက ပလွေမှုတ်ရင်အငြိမ်နေလို့တုန်း….အဲ့မြွေမျက်စိကို တိတ်နဲ့ကပ်ပြီး ပလွေမှုတ်ခိုင်းကြည့် ထောင်နေတဲ့ပါးပျဉ်းတောင်ပြန်ကျသွားရောမောင်။

….သြော်….ဒီလိုလား…….
….ဟိုလေ…ဦးကြီးတို့နောက်လိုက်လာတဲ့ ငန်းမကြီးနဲ့ သူ့ဥတွေကို ဘာလုပ်လိုက်လဲ ဦးစော…..

…ဟင်း…..ပြောရရင်တော့ စိတ်မကောင်းစရာပဲ ဆရာရေ….
…ဒီမြွေရဲ့စရိုက်ကိုအတွင်းကျကျသိလို့ မြွေသေကောင်နဲ့ ဥတွေကို ချောင်းထဲပြန်မျှောပြစ်ဘို့ပြောတာကို လှထွန်းနဲ့မောင်ဉာဏ်ကလက်မခံဘူး ငါဖြစ်ငါခံမယ်ဆိုပြီး ဥတွေရော ငန်းမကြီးပါ ချက်စားကျတယ်။
ပြောစကားနားမထောင်တဲ့နှစ်ကောင်လုံး ငါ မင်င်္ဂလာဆောင်ပြီးတဲ့ညမှာပဲ ငန်းဖိုကြီးလိုက်လာပြီးပေါက်သက်လို့ နှစ်ကောင်လုံး သင်္ချိုင်းကုန်းရောက်သွားတော့တာပဲ….

…..ဗျာ……
….ငန်းဖိုက ဘယ်လိုသိပြီး ဘယ်လိုလိုက်လာရတာလဲဗျ….

….အင်းးး…ငန်းပုပ်တွေဟာ မြွေအားလုံးထဲမှာ ကြောက်စရာအကောင်းဆုံးနဲ့ အထူးခြားဆုံးလို့ပြောတာ အဲ့အချက်ကြောင့်ပဲ။ ငန်းပုပ်တွေကို ရန်သွားစမိရင် အဖိုရောအမရော အကောင်ပေါက်တွေပါ အကုန်သက်နိုင်မှ နောက်ကြောင်းအေးတာဆရာ…..အဲ့လိုမဟုတ်ရင်တော့ သရဏဂုံတင် မတ်စေငုံပြီးသာစောင့်နေပေတော့ ဘယ်လိုပြေးပြေး မလွတ်ဘူး ရေဆုံးမြေဆုံးကိုလိုက်တာဗျ…….အမှတ်သင်္ညာလဲအင်မတန်ကောင်းသလို မိသားစုအပေါ်လဲ သံယောဇဉ်ကြီးလွန်းတဲ့ကောင်တွေပေါ့…..

….ဟုတ်ပါပြီ…..အိမ်ထောင်ကျပြီးနောက်ပိုင်း ဘယ်လိုဖြစ်ပြီး ဘာ့ကြောင့်မြွေဆက်မဖမ်းတော့တဲ့အကြောင်းလေး ဆက်ပြောပါဦး…..

….ဦးစောမောင်ဟာ အဖန်ရေတခွက်ငှဲ့သောက်ပြီး အာခေါင်ရှင်းလိုက်သည်….

….ခုဆက်ပြောမဲ့အကြောင်းတွေကတော့ ဦးဘဝအတွက် ရင်နာစရာ၊သံဝေဂရစရာတွေနဲ့ ပြည့်နေတာပေါ့ ဆရာရယ်……

..ဟုတ်ကဲ့ပါဦး…ကျွန်တော်တို့လူငယ်တွေလဲ သတိထားနိုင်အောင် ပြောပြပါ ဦးစော…………..

“”နန်းကြာဟဲနဲ့အိမ်ထောင်ကျပြီးနောက်ပိုင်း မြွေဖမ်းတဲ့အလုပ်ဟာ အတော်လေးအောင်မြင်လာတယ်…ဝယ်လက်တွေကလဲ အဆက်မပျက်ဝင်လေတော့ ရိုးမထဲကထွက်ရတယ်လို့ကိုမရှိပါဘူးကွာ….ခုက အရင်လိုပါးစပ်တပေါက်ထဲမဟုတ်ဘူးလေ……တခြားအလုပ်ပြောင်းလုပ်ဖို့ဆိုတာကလဲ မလုပ်တတ်နဲ့ဆိုတော့ မြွေဖမ်းတဲ့အလုပ်နဲ့ပဲ အထောင်ရေးကိုအသက်ဆက်ခဲ့တယ်။

…ဦးမိန်းမကတော့ တားပါသေးတယ်…ဒီအကုသိုလ်အလုပ်တွေကို ဆက်မလုပ်ဖို့ပေါ့…..ဒါပေသိ ဦးကလက်မခံဘူး….တောအလုပ်တောင်အလုပ်ဆိုတာ အိုခါမှငွေတရာလေ ဖင်ထဲကိုရွှံတပိသာဝင်မှ ထမင်းစရတဲ့ဘဝမျိုးကို ဦးလဲမလုပ်ချင်ဘူး။

….ဒီလိုနဲ့ တနေ့မှာ ဦးဆီကို မြွေဆရာဘဌေးဆိုတဲ့လူကြီးတယောက် ရောက်လာတယ်။ ငန်းပုပ်တကောင်ကိုအရှင်လိုချင်ပါသတဲ့လေ..၂ကောင်ရလဲ ယူမယ်တဲ့..၁၀ပေရှည်တဲ့အကောင်ရရင်ငွေ၁၀ပေးမယ်….ဆယ်ပေအထက်ဆိုရင် တပေကျော်တိုင်း၁ကျပ်ပိုပေးမယ်တဲ့….သူ့ရဲ့ကန်းလှမ်းမှုဟာ ဦးတသက်တော့ အများဆုံးနှုံးထားပေါ့ ဆရာရယ်။ စဉ်းစားကြည့်လေ စပါး၁၀ကိုငွေ၅ပြားပေါက်တဲ့ခါတ်မှာ ငန်းပုပ်တကောင်ကို သွေ၁၀အနဲလေးရမှာဆိုတော့ ဦးအနေနဲ့ ဘယ်ငြင်းနိုင်လိမ့်မတုံး….ပြီးတော့ ငွေ၅ကျပ်ကိုစရံပေးခဲ့ပြီး၁ပါတ်အတွင်းဖမ်းပေးရမယ်တဲ့……

…စရံယူပြီးတဲ့နေ့ကစပြီး ရိုးမအနှံ့ ငန်းပုပ်အရှာထွက်ခဲ့တယ်….အခြားမြွေတွေ တွေ့တာတောင်မဖမ်းပဲ ငန်းပုပ်ကိုသာ အဓိကထားရှာဖွေခဲ့တယ်။ ဒါပေမဲ့၄ရက်တိုင်တိုင်ရှာခဲ့ပေမဲ့ ငန်းပုပ်မပြောနဲ့ ငန်းပုပ်ချေးတောင်မတွေ့ဘူး……ကတိပေးထားတဲ့ရက်ကလဲ နောက်၃ရက်ပဲလိုတော့တာ…..ဒီလိုနဲ့ ၄ရက်မြောက်တဲ့ညမှာ အလုပ်အကြောင်းစဉ်းစားရင်း အိပ်ယာထဲမှာလှဲနေတုန်းအချိန်ပေါ့….

…အကို….

.^..ဟေ…ပြောလေမိန်းမ…..

…အကို့ကိုပြောစရာရှိလို့….

..^ဘာများတုန်းမိန်းမရဲ့….

…ဟိုလေ…နန်းမှာ….ကိုယ်….ကိုယ်ဝန်ရှိနေပြီအကို…..

…^ဘာ…ဘယ်လို…..နန်းမှာ ကိုယ်ဝန်ရှိနေပြီ…ဟုတ်လား….အကို့မိန်းမဗိုက်ထဲမှာ အကို့ရင်သွေးလေးရှိနေပြီ….တ…တကယ်လားမိန်းမ…..

…တကယ်ပေါ့အကိုရဲ့…လက်သယ်ဒေါ်နုပြောတာ ၃လကျော်ပြီတဲ့……

…ဟေ….ဟားဟား ဟားဟား
…ငါကွ….စောမောင်ကွ……ဟီးဟီး ခလေးအဖေဖြစ်တော့မယ်….စောင်မောင် ခလေးအဖေဖြစ်တော့မယ်ဗျို့…..ဒါမှ အကိုချစ်တဲ့ အကို့မိန်းမကွ….ကျေးဇူးတင်လိုက်တာမိန်းမရယ်….တကယ်ပါ…….

…ဒါပေမဲ့.. အကို့ကို နန်း တခုလောက်တောင်းဆိုပါရစေနော်……

…ပြောလေနန်း….ငါ့မိန်းမ ဘာလိုချင်လဲ…ဘာဖြစ်ချင်လဲ…အကိုအကုန်ဖြည့်ဆည်းပေးမှာပေါ့….

…တကယ်လားအကို….နန်းပြောရမလား….ပြောရင်ရော အကိုစိတ်ဆိုးမှာလား….

…ဟေကွယ် ပြောမယ်သာပြောစမ်းပါမိန်းမရယ်…..

…ဒီလိုပါ….အကိုနဲ့နန်းရဲ့ရင်သွေးလေးကို နန်းမွေးပြီးရင် မြွေဖမ်းတဲ့အလုပ်ကို ဆက်မလုပ်ပါနဲ့လားအကိုရယ်….သူတို့လဲ မိသားစုအသိုက်အမြုံလေးရှိနေမှာပဲမို့လား…..အကိုဖမ်းလာတဲ့ မြွေဖို/မြွေမကြီးတွေမှာ သူတို့သားသမီးလေးတွေရှိနေမှာပဲ….ဒီတော့ ကျန်ခဲ့တဲ့ခလေးတွေဒုက္ခရောက်မယ်…အားမတန်လို့မန်လျှော့လိုက်ရတဲ့ အကိုပချုပ်ထဲကမြွေကြီးတွေကရော သူ့သားသမီးတွေအတွက် သောကမီးတောက်ရတာကတမျိုး…အကို့ကို ဒေါသဖြစ်ပြီး တောက်လောင်ရတဲ့ဒေါသမီးကတမျိုးနဲ့ အင်မတန်ပူလောင်နေမှာပဲအကိုရယ်။
…ဒီတော့ နန်းတောင်းဆိုတာကို လိုက်လျှောပေးပါနော်…..

…ဟူးးး
…စောမောင် တွေသွားသည်…..

..သူ့မိန်းမတောင်းဆိုတဲ့အချက်က စောမောင်အတွက် ဘေးကြပ်နံကျပ်ရယ်ပါ…..သို့သော်….နန်းပြောတာတွေကအမှန်တွေမို့လား….နန်းဗိုက်ထဲမှာ သူ့ရင်သွေးလေးရှိနေပြီတဲ့….ဒီတော့ မိသားစုဆိုတဲ့အငွေ့အသက် ဖခင်ဆိုတဲ့ခံစားမှုတွေကို ခံစားမိလာခဲ့သည်။

…..စိတ်ချပါနန်းရယ်…..အခုစရံယူထားတဲ့ ငန်းပုပ်တကောင်ကိုဖမ်းပြီးရင် နန်းမကြိုက်တဲ့ မြွေဖမ်းတဲ့အလုပ်ကိုဆက်မလုပ်တော့ပါဘူး အကိုကတိပေးပါတယ်…..

…အို….အကိုတကယ်ပြောတာနော်…..ပျော်လိုက်တာအကိုရယ်…..အကို့ကို နန်း အရမ်းချစ်တယ်အကို……

…တကယ်ပါနန်း….အကိုကတိပေးပါတယ်….စောမောင်ဆိုတဲ့အကိုဟာ ကတိတလုံးကို တန်ဘိုးထားတဲ့လူပါ…အကို့မိန်းမကို ရဲရဲကြီးကကိပေးပါတယ်ကွာ…….

….ပျောလွန်းလို့မျက်ရည်လေးဝဲပြီး ရင်ခွင်ထဲတိုးဝင်လာသော နန်းကြာဟဲကို စောမောင်က အလိုက်သင့်လေးထွေးပွေ့ထားလိုက်လေတော့သည်။

ဒီလိုနဲ့ ၅ရက်မြောက်သောညမှာ စောမောင်တို့လင်မယား ညစာစားနေတုန်း….

..”..စော….စောမောင်….စောင်မောင်ရေ…..”
….ဟောဟဲ…ဟောဟဲ…….
…စောမောင်ရေ…..အမေလေး…..
…ကယ်ပါဦး…ငါ့သားလေးကိုကယ်ပါဦး….

…ဝေ့….ဘယ်သူလဲဟ……
…..ငါရှိတယ်….အိမ်ပေါတက်လာခဲ့…

…ဝုန်းးး ဂလုံး….ဖြော

…ဟဲ့…သောက်ခွေး….သာလှ….ဘာဖြစ်လာတာလဲ…..ခွီးမှပဲ…

…အိမ်တံခါးစေထားတာကို တိုက်ဖွင့်ပြီး အလောတကြီးတက်လာသေ သာလှကြောင့် ထမင်းစားနေသောစောမောင် လန့်သွားသည်…

…အမေလေး….ကယ်ပါဦး စောမောင်…
..ငါ့သားကိုကယပွါဦး….

..ဟေ…မင်းသားမျက်ပြူး ဘာဖြစ်လို့လဲ..

..ပိုး…ပိုးထိလို့…..လိုက်ခဲ့ပါဦးကွာ….

…ဘာ…..မျက်ပြူး ပိုးထိလို့…….
……………..ဒုက္ခပါပဲကွာ….
…အေး..အေး….လိုက်ခဲ့မယ်…..

…သာလှအိမ်ကိုရောက်တော့ မျက်ပြူးလေးရဲ့အလောင်းကို စိတ်မချမ်းမြေ့ဖွယ်တွေ့လိုက်ရသည်…ခလေးရဲ့အလောင်းကိုစစ်ဆေးကြည့်တော့ ငယ်ထိပ်တဲ့တဲ့မှာ သွေးစို့နေသော အစွယ်ရာကြီး၂ပေါက်…၂လက်မသာသာခန့်ကျဲသည်။

….ထိုအစွယ်ရာကိုကြည့်ပြီး စောမောင်မျက်လုံးပြူးသွားသည်…..

..ဒါ….ဒါ….ငန်းပုပ်….ငန်းပုပေါက်သွားတာ………နဲနဲနောနောအကောင်ကြီးမဟုတ်ဘူး…..သူ့ရဲ့အစွယ်ရာနှစ်ပေါက်ရဲ့အကွာအဝေးကိုကြည့်ရင် အနဲဆုံး ၁၆ပေလောက်ရှိမယ်သာလှ….အလာကောင်းပေမဲ့ အခါနှောင်းသွားပြီကွာ…ဒီကောင်မျိုးက ဆေးမမှီဘူး….ပေါက်သွားတာကလဲ ငယ်ထိပ်တဲ့တဲ့ဆိုတော့….ဟူးးးး

…သား….သားလေး….အဖြစ်ဆိုးလိုက်တာသားရယ်…..ငါ့သားကို ဘယ်ငန်းပုပ်ကလာပေါက်သွားရတာလဲ….အီးးဟီးးဟီးး
…ဘယ်မလဲ ဒီငန်းပုပ်….ငါ့သားသေသလို ဒင်းလဲသေစေရမယ်……..အား…ဟားး..ငါကွာ…..

…စိတ်ထိမ်းစမ်းသာလှ……
…ဒီကိစ္စ ပေါ့တန်တန်မဟုတ်ဘူး…မင်းသားက ငန်းပုပ်နဲ့ ပြသနာဖြစ်ခဲ့ပြီထင်တယ်…

..ဘာကွ….ဘာပြသနာလဲ….မသိဘူးကွာ…ဒီကောင်ကို ငါ့လက်နဲ့ပြန်သက်ရမှ ကျေနပ်မယ်….တောက်….

…သွေးဆူနေချိန်မို့ သာလှကိုဆက်မပြောတော့ပဲ..သာလှရဲ့မိန်းမ မိစမ်းကိုမေးလိုက်သည်။

…မိစမ်း ဒီနေ့ မျက်ပြူး ဘယ်ကိုသွားတာတွေ့လဲ…….

..အီးဟီးဟီး.. ….ထုံစံအတိုင်း လောက်လေးတချောင်းဆွဲပြီး သံခဲတို့အဖွဲ့နဲ့ ငှက်ပစ်ထွက်ကျတာပဲတော်……တောထဲမှာ ဘာဖြစ်လာတယ်တော့ ကျွန်မလဲမသိဘူး…..

..ဟာ….သံခဲတို့နဲ့……..ပြသနာပဲ…..
….အဲ့ဒီသံခဲရော……

..^..ရှိတယ် ကိုစောမောင်…..ဒီမှာ

…အေး…နင့်သားကိုဒီခေါ်လာစမ်း မိသန်း..

…..ကိုင်း….ဦးမေးတာကိုမှန်မှန်ဖြေစမ်းသံခဲ….ဒီနေ့ ငပြူးနဲ့ ဘယ်တောထဲကို ငှက်ပစ်သွားတာလဲ….တခြား ဘယ်သူတွေပါသေးလဲ….

…ဟို…..ဟို…..ရွာအနောက်ဘက်က ကြက်မတွန်တောဘက်ကိုထွက်တာပါ..
…သားရယ်၊ငပြူးရယ်၊ပေစိရယ်ပါဦး….

…ကောင်းပြီ…တောထဲမှာငှက်ပစ်ရင်း ဘာတွေ့ခဲ့လဲ ဘာတွေလုပ်ခဲ့လဲ သံခဲ……

….တခြားတော့ဘာမလုပ်ပါဘူးဦး…ခြုံတခုထဲမှာ တောကြက်သိုက်တွေ့လို့ အသိုက်ထဲကဥတွေနှိုက်လာခဲ့တာပဲရှိတယ်…..

…ဟေ…..ဘယ်မှာလဲ အဲ့ဥတွေ…ဦးကိုပြစမ်း…..

…တယောက်ကို၆လုံးစီနှိုက်လာတာဗျ…၃လုံးတော့ပြုတ်စားလိုက်ပြီ ၃လုံးကျန်သေးတယ်……

…ကဲ မိသန်း..အဲ့ဥတွေသွားယူစမ်း…အခုချက်ချင်းသွားယူ…..

..ဟုတ်ကဲ့ ကိုစောမောင်…..

…မိသန်းဟာ အိမ်ဘက်သို့အပြေးလေးပြန်သွားပြီး ဥ၃လုံးနဲ့အတူ ပြန်ရောက်လာသည်….

..ဒီမှာ ကိုစောမောင်…ဘာဥလဲတော့သေသေချာချာမသိဘူး….စားလဲမစားရဲလို့ ပြုတ်ပြီးသားတွေဒီအတိုင်းထားလိုက်တယ်…..

…စောမောင်ဟာ ဥတွေကိုသေသေချာချာကြည့်လိုက်သည်…နို့နှစ်ကဲ့သို့ဖြူဖွေးနေသောဥတွေဟာ ကြက်မတမ်းမဥတွေလောက်ရှိသည်။

…တောက်….အဲ့ဒါတရားခံပဲ…ဒီဥတွေက ငန်းပုပ်ဥတွေဟ….ဒါ့ကြောင့် ငန်းပုပ်လိုက်လာတာ……

…ကဲ သာလှရေ ….ခုမှတော့ ဘာမတက်နိုင်တော့ဘူး….မသိနားမလည်တဲ့ခလေးတွေကို တောထဲလွတ်မိတာကိုက မင်းတို့မှားတာ…….

….အိုကွာ…မှားမှား မှန်မှန်…ဒီငန်းတွေကို သက်ရမှကျေနပ်မယ်….

…အေး…ပြောမရလဲ မင်းဖသာ လိုက်သက်ပေတော့….ကိုယ်ဖြစ်ကိုယ်ခံပဲ…ငန်းပုပ်တွေအကြောင်းကို မင်းလဲအသိ…အမှားမခံဘူး…အလျော်အစား ကြီးတယ်…လောင်းကြေးက အသက်…..ဒီတော့ ကို့လမ်းကိုယ်ရွေးပေါ့ကွာ……

…ကိုင်း…မိသန်း…..
…နင့်သားကို သေသေချာချာဂရုစိုက်…ဟို ပေစိကရော…ဘယ်မှာလဲ…..

..ရှိတယ် စောမောင်….ဒီဥတွေယူလာထဲက မသင်္ကာတာနဲ့ ဘာမလုပ်သေးပဲ ဒီအတိုင်းထား ထားတယ်။

…ကောင်းတယ် ဘစော…မင်းသားကို ဒီည မျက်ခြေမပျက်စောင့်ကြည့်….ခုညက သိပ်အရေးမကြီးဘူး…မနက်ဖြန်ညကို ဒီကောင်တွေပြန်လာလောက်တယ်….သူ့ဥယူတဲ့သူကို အနံ့ခံပြီး ထပ်လာနိုင်တယ်…လောလောဆယ်တော့ မျက်ပြူးလေးရဲ့နာရေးကို ဝိုင်းလုပ်လိုက်ကျတာပေါ့…….

…..နောက်တနေ့မှာတော့
စောမောင်ဟာ ဘယ်သူမှမသိခင် ကြက်မတွန်မြောင်ဘက်ကိုသွားပြီး ငန်းပုပ်သိုက်ကိုရှာကြည့်သည်။

…ဟော…တွေ့ပြီ…….
…ဆောက်ကုလားခြံကြီးအထဲမှာ သစ်ရွက်များဖြင့်ပြုလုပ်ထားသော ငန်းပုပ်သိုက်……သေသေချာချာကြည့်လိုက်တော့ အသိုက်ထဲမှာ ငန်းဥတလုံးကျန်နေသေးသည်။

…စောမောင် တချက်ပြုံးလိုက်ပြီး အသိုက်ထဲမှငန်းဥကို သစ်ရွက်နှင့်ခုပြီးကိုင်ပြီးယူလိုက်သည်။ စောမောင်ရောက်တဲ့အချိန်ဟာ ငန်းပုပ်တွေအစာထွက်ရှာချိန်မို့ မတွေ့ခဲ့ခြင်းဖြစ်ပါသည်။

….အိမ်ပြန်ရောက်တော့ ငန်းဥကို လုံခြုံတဲ့နေရာမှာဖွက်ပြီး မျက်ပြူးလေးရဲ့နာရေးကို တနေကုန်ကူလုပ်လိုက်သည်။

….ဒီလိုဖြစ့် ညနေစောင်းသောအခါ….

…ကဲ…သံခဲနဲ့ပေစိကို ဒီည ငါ့အိမ်မှာသိပ်မယ်…..

… ကိုဘစောနဲ့ သာလှက လေးကင်းဓားတချောင်းစီကိုင်ပြီး ရွာအဝင်လမ်းမှာမီးဖိုပြီးစောင့်….ငန်းတွေဟာ သူ့လာတဲ့လမ်းမှာ ဘာပဲရှိရှိ မရှောင်ဘူး…ခုန်ကျော်ပြီး သွားလေ့ရှိတယ်….အဲ့လို မီးပုံကိုခုန်ကျော်တာနဲ့ မလွတ်တန်းပိုင်းချလိုက်….ကျုပ်က ဒုတိယခံစစ်ဖြစ်တဲ့ အိမ်ပေါ်ကစောင့်မယ်….ရှင်းတယ်နော်…..

…ရှင်းတယ် စောမောင်…..

.^.ဒါဖြင့် ဓားသွေးထားချေတော့……..

….တပေါင်းလ္ဆန်း ၁၁ရက်နေ့ညရဲ့ မှိန်ဖျော့ဖျော့အလင်းရောင်ဟာ ကျားကပ်အိုင်ရွာလမ်းကို မစို့မပို့လေး အလင်းရောင်ပေးလျှက်ရှိသည်။ အိမ်ပေါ်မှာတော့ သံခဲနဲ့ပေစိကို ပုတ်တခုထဲထဲ့ပြီး အပေါ်ကနေ ဆန်ကာခုံးတခုအုပ်ထားလိုက်သည်။

…..ည၇နာရီ အလင်းရောင်ပျောက်သည်နှင့် ဘစောနဲ့သာလှဟာ ရွာလမ်းအလယ်မှာ မန်ကျည်းသားများကိုမီးဖိုပြီး ငန်းပုပ်အလာကိုစောင့်နေလိုက်သည်။ ဒါကလဲ စောမောင်၏ တဘက်လှည့်အကြံအစည်ပါ….ငန်းပုပ်ဆိုတာ အင်မတန်ပါးတဲ့ကောင်မျိုးလေ…ခုလို ရွာလမ်းမှာ မီးဖိုပြီး လူနှစ်ယောက်စောင့်နေတာကို မိုက်ရူးရဲဆန်ပြီးလာလိမ့်မည်မထင်….သးထင်တာက အိမ်နောက်ဖေး ကင်ပွန်းတောထဲက လာလိမ့်မည်……

…ဒီလိုနှင့် ည၁၀နာရီထိုးသည့်တိုင် မည်သည့် ထူးခြားမှုမှမတွေ့ပဲ ပကတိငြိမ်သပ်နေသည်။

…..ဇနီးဖြစ်သူနန်းကြာဟဲကိုတော့ သူ့အမေအိမ်မှာသွားအိပ်ခိုင်းထားသည်။

…မြွေဘုရင်စောမောင်ဆိုတာ သာမညပုဂ္ဂိုလ်မှမဟုပ်တာ….မြွေကျန်းကို ဆရာမကူသရံပူဉာဏ်နဲ့ ကိုယ်တိုင်ထိုးထွင်းသိမြင်တော်မူထားတဲ့ ပုဂ္ဂိုလ်ပဲဟာ….စိတ်ချ…ဒီည…ဒီမြွေ…ဒီကို လာကိုလာရမယ်။ ခုညတကောင်ဖမ်းပြီးရင် နောက်နေ့ကျ အသိုက်ကယူလာတဲ့ ဥတလုံးကိုတည်ပြီး တကောင်ထပ်မျှားမယ်….နှစ်ကောင်ဆိုတော့ ငွေအစိတ်ကျော်ကျော်ရမှာ…ဘယ့်နဲ့လဲ မပိုင်ပေဘူးလား…..

…စောင်မောင်ဟာ သူ့အတွေးနှင့်သူ စိတ်ကူးနှင့်ပြုံးနေတုန်း……

“”ဝုန်းး.. …ဖြော…….ခွီး….ခွီး……..

…အား….မြွေ….မြွေကြီး…..သားတို့ခေါင်းပေါ်မှာမြွေကြီး…..ကယ်ကျပါဦး.. …..အီး..ဟီးဟီး

…ဟင်……အိမ်အပေါ်ပုတ်ထဲမှ သံခဲနှင့်ပေစိ၏အော်သံကြောင့် စောမောင်လဲ ခရင်းကိုဆွဲပြီး အိမ်ပေါ်ပြေးတက်လိုက်သည်…..

…ဟိုက်…….နဲနဲနောနောအကောင်ကြီးမဟုတ်…..သံခဲတို့ကိုထဲ့ထားသောပုတ်အပေါ်ကို အိမ်ခေါင်မိုးကနေဖောက်ဝင်၍ လျှောဆင်းလာခြင်းဖြစ်သည်။ ဒေါသကြီးလိုက်ပုံများ ပုတ်ကိုဖုံးထားတဲ့ ဆန်ကာခုံးကို ဒေါသတကြီး ပေါက်နေသည်။

…ခွီး…..ဖောင်း…..ဖြောင်း……
…ရှူးး….ဖရူး…..ခွီး…..

…..တချီတချီ အဆိပ်များကို ပုတ်ထဲသို့မှုတ်ထဲ့နေသည်….သို့သော်စိုးရိမ်စရာမလို….ဆန်ကခုံးရဲ့အတွင်းဘက်မှာ ပလတ်စတစ်အကြည်စ တထပ်ခံထားသေးသည်။

…..အဲ့နောက် စောမောင်ဟာ အိမ်ပေါ်သို့ခြေသံလုံလုံဖြင့်တက်ပြီး ငန်းပုပ်ကြီးရဲ့နောက်ကိုဝင်လိုက်သည်။
…ငန်းပုပ်ကြီးဟာ ဥတွေယူသွားသောတရားခံများကိုမဲနေချိန်မို့ နောက်ကရန်သူကိုသတိမမူမိလိုက်ပါ….

…ထို့နောက်စောမောင်ဟာ လက်ထဲမှမြွေထိုးခရင်းခွဖြင့် ငန်းပုပ်ကြီးရဲ့ ခေါင်းကိုချိန်ပြီး ထိုးချလိုက်လေတော့သည်….

…ကိုင်းကွာ….
…ဖြော….ဗြော…..
…ခွီး….ရှူး…ဖရူးး……
…ဝုန်း….ဖုန်း…..ဗြုန်း………

..ဟားဟား ဟားဟား….ဘယ့်နယ်ရှိစ…မြွေဘုရင်စောမောင်အကြောင်းသိပြီလား…မပိုင်ရင်ခြင်တောင်မရိုက်ဘူး….ကိုင်း….လောလောဆယ် ပချုပ်ထဲကယာယီနန်းမှာ စံမြန်းပေတော့…
….ဟီးဟီး ဟားးဟားး

…အရှည်၁၆ပေကျော်သော ငန်းဖိုကြီးရဲ့ခေါင်းဟာ စောမောင်၏ခရင်းခွကြားမှာညှပ်မိပြီး စောမောင်၏ အသာတကြည်ဖမ်းဆီးခြင်းကို မရှုမလှခံလိုက်ရပါတော့သည်။ အားရစရာကောင်းသောငန်းပုပ်ဖိုကြီးကို ပချုပ်ထဲသို့ထဲ့ပြီး အခင်ကို သေသေချာချာပိတ်လိုက်တော့သည်။ ပုပ်ထဲကခလေးတွေကိုလဲ အပြင်သိုပြန်ထုတ်ပြီးအိမ်မှာညအိပ်ခိုင်းလိုက်သည်။

….ထို့နောက် အသိုက်ထဲကယူလာသော ငန်းဥကို ကိုယ်နံ့စွဲရန် ပွတ်သပ်ပေးရပေဦးမည်။ ထပ်မံရင်ဆိုင်ရမည်က ငန်းမမို့ ပိုပြီးသတိထားရမည်….ငန်းမတွေဟာ ငန်းထီးထက် အငြိုးကြီးသလို ဥာဏ်လဲများသည်။ ဒါ့ကြောင့် မိမိကိုယ်တိုင်ကို တည်ကြက်ထားပြီး ရင်ဆိုင်ရန်ဆုံးဖြတ်ခဲ့သည်။
….ရွာလမ်းမှာ ငန်းပုပ်အလာကိုဓားထမ်းစောင့်နေသော သာလှနဲ့ဘစောရဲ့အဖြစ်ကို သရော်ပြုံးပြံးရင်းမီးဖိုချောင်ထဲဝင်လိုက်သည်။

…ဟာ……….

…ငန်းဥထဲ့ထားသော လက်ဆွဲခြင်းက လုံးဝ မရှိတော့ပါ……
….အဲ့ဒါမှ ပြသနာ…..
…ဒီပြသနာက သေးသေးကွေးကွေးလုံးဝမဟုတ်…..ပူပူနွေးနွေးဥမို့ ငန်းမက ကျိန်းသေလိုက်လာနိုင်တဲ့ငန်းဥ….အဲ့ဥဘယ်ရောက်သွားလဲ….ဘယ်သူယူသွားလဲ……..အပြေးအလွှားစဉ်းစာကြည့်လိုက်တော့.
….မိန်းမ…..
..ဟုတ်တယ်….ဒီခြင်းကိုယူသွားတာ ငါ့မိန်းမ နန်းကြာဟဲ…..လက်ဆွဲခြင်းက ကရင်လက်ဆွဲခြင်း….ခြင်းရဲ့ဖင်မှာ အံဝှတ်တခုရှိတယ်..(..ရပ်ဝေးကိုခရီးသွားရင် မသမာသူတွေနဲ့တွေ့ခဲ့သည်ရှိသော်..တန်ဘိုးရှိပစ္စည်းများပါမသွားနိုင်ရန် အဖိုးတန်လက်ဝတ်လက်စားများကို အံဝှက်ထဲထဲ့သိမ်းပြီး အပေါ်ကနေ အခြားအသုံးအဆောင်ကိုထဲ့ရတဲ့ခြင်းမျိုးပါ)..
…..အခု…အဲ့အံဝှက်ထဲမှာ ငန်းပုပ်ဥကိုထဲ့သိမ်းထားတာ…..ဒါကိုမသိတဲ့ နန်းကြာဟဲက အဝတ်အစားအချို့ကိုထဲ့ပြီး သူ့အမေအိမ်သွားအိပ်လေရဲ့…..

….ဒါဆို….နန်း…..
…မိန်းမ…..မိန်းမရေ……
…ဖြော…ဝေါ….ဖရော…………………

….စောမောင်ဟာ မိန်းမအတွက်စိတ်ပူပြီး ယောက္ခမအိမ်သို့ ဆင်းပြေးသွားလေတော့သည်။

….မိန်းမ….မိန်းမရေ….အကိုလာပြီ……
…..ဟောဟဲ….ဟောဟဲ………

….ထိုသို့ပြေးရင်း ရွာလယ်လမ်းက သာလှတို့နှစ်ယောက်နှင့်တွေ့လေသည်…..
….ဟေ့ကောင် စောမောင်……ဘာဖြစ်လာတာလဲကွ…..ငါ့သားတွေရော ဘာဖြစ်သွားသေးလဲ……

…ဘာ…ဘာမဖြစ်ဘူး…..ရှိတယ်……..
…အခု ငါ့မိန်းမဆီကိုသွားမလို့……

…ဘာဖြစ်လို့လဲဟ….ဒီမှာ ငန်းမကြီးကိုမိပြီကွ…..ဒီဟာမက ဘယ်အချိန်ရွာထဲကိုရောက်နေတယ်မသိဘူး ပြန်အထွက်မှာ ငါတို့နဲ့တွေ့တာဟာ…ငါ့လခွီး မီးပုံကြီးကိုခုန်ကျော်တများ ကြည့်လို့တောင်ကောင်းသေး လက်မြန်လို့သာပဲမောင်…..၃ပိုင်းတောင်ပိုင်းသွားတယ်………..

…ဘာ……ဒါဒါဆို ဒီငန်းက ရွာထဲကိုဝင်ခဲ့ပြီးပြီပေါ့….ဒါ…ဒါဆို….ငါ့မိန်းမ…….ဘုရား..ဘုရား……..

…စောမောင်မှန်းတာ အမှန်ပင်ဖြစ်သည်…သူ့ယောက္ခမအိမ်ရောက်တော့ ငန်းပုပ်အပေါက်ခံရပြီး သေဆုံးနေသော နန်းကြာဟဲကို ဆို့နင့်စွာတွေ့လိုက်ရပါတော့သည်။

……နန်းရေ……နန်း………အကို့အမှားပါ…..အကို့ကြောင့် အကို့မိန်းမ သေခဲ့ရတာ….အကို့ကိုခွင့်မလွှတ်နဲ့ လုံးဝ ခွင့်မလွှတ်နဲ့….
.အီးးဟီးးဟီးး အားးးးးး

….”တရားနဲ့ဖြေပါ ဒါကာစောမောင်….
…ဥပဒါဏ်ကြောင့် ဥပါဒ်ဖြစ်ရတယ်ဒါကာ….
….ဒါကာ့ဇနီးရဲ့ အတိတ်ကံက ဒီအချိန်၊ဒီနေရာမှာ၊ ဒီလိုဖြစ်ရမယ်ဆိုတဲ့ ကံတရားကြီးကပါလာခဲ့တာကိုး…

..ပြုသူအသစ်၊ဖြစ်သူအဟောင်းတဲ့ဒါကာ

…ဒါ့ကြောင်….

….နိုင်တိုင်းလဲမပြုနဲ့
…ပြုတိုင်းလဲ မသာယာနဲ့
…သာယာတိုင်းလဲ မပျော်မွေ့နဲ့….

…အားလုံးသောသတ္တဝါတွေဟာ တဘဝမှာ အသက်တချောင်းပဲ ပိုင်ဆိုင်ခွင့်ရှိတယ်….ကောင်းတဲ့သတ္တဝါ၊မကောင်းတဲ့သတ္တဝါ….အန္တရာယ်ရှိတဲ့သတ္တဝါ၊အန္တရာယ်မရှိတဲ့သတဝါဆိုပြီး အတ္တအတွေးနဲ့ ယူဆလို့မရဘူး….အားလုံးဟာ အကြောင်းတရားကြောင့် အကျိုးတရားဖြစ်လာသူတွေချည်းပဲဒါကာ…..ဒါကာကသာ ကျောင်းကိုအရောက်အပေါက်နဲတာ ဒါကာ့ဇနီးက ကျောင်းကို ခဏခဏလာတယ်ကွဲ့….လာတိုင်းလဲ ဒါကာလုပ်နေတဲ့အလုပ်ကြောင့် စိတ်မချမ်းမသာဖြစ်ရတဲ့အကြောင်း အမြဲလျှောက်တယ်။ ဒါကာ သာ ဒီအလုပ်ကိုစွန့်လွှတ်မယ်ဆိုရင် သူ့အသက်ကိုတောင် စတေးဝံ့ပါတယ်တဲ့…….အခု သူ့အသက်နဲ့ရင်းပြီး သက်သေပြသွားပြီ…
…ဒီလောက်ဆိုရင် ဒါကာ့အနေနဲ့ မြွေဖမ်းတဲ့အလုပ်ကို ဆက်လုပ်ဦးမှာလား…………

…အီးးဟီးးဟီးး
….တပည့်တော် ကတိပေးပါတယ်ဘုရား…နောက်နောင်ကို လုံးဝ မြွေမဖမ်းတော့ပါဘူးဘုရား…ဒီအလုပ်ကို ရာသက်ပန် စွန့်လွှတ်လိုက်ပါပြီဘုရား…..

…သာဓု…သာဓု….သာဓု ပါ ဒါကာစောမောင်……..

…………………………….

…နန်းကြာဟဲရဲ့အလောင်းကို သင်္ဂြိုလ်တဲ့နေ့မှာ လသားသာသာရှိသော မိမိရင်သွေးလေးကို သပ်သပ်ခွဲထုတ်ပြီး သီးသန့်သင်္ဂြိုလ်ပေးရသည်။…..လူလားမမြောက်သေးသော မိမိရင်သွေးလေးနဲ့ အသက်တမျှချစ်ရသော နန်းကြာဟဲရဲ့ရုပ်ကလပ်ဟာ အားကောင်းသောမီးတောက်ကြီးထဲတွင် တဖြေးဖြေး ပျောက်ကွယ်သွားတာကိုကြည့်ပြီး စောမောင်ရဲ့ရင်ဘက်တခုလုံး ပွင့်ထွက်မတတ် ခံစားရပါသည်။ တချီတချီ မီးထဲကိုခုန်ဆင်းရန်ပြင်သဖြင့် ရွာသားများက ဝိုင်းချုပ်ထားရသည်။

…….ထို ညနေတွင်……..လူတယောက်ဟာ ပချုပ်တခု ဆွဲခြင်းတလုံးကိုဆွဲပြီး ကြက်မတွန်မြောင်ဘက်ကိုထွက်လာလေသည်။

…..တောစပ်သို့ရောက်သောအခါ ပချုပ်ခေါင်းကိုဖွင့်ပြီး လှဲပေးလိုက်သည်….

…ဖူးးးရှူးးးးခှီးးးး

…ပေါက်လိုက်….ငါ့ခေါင်းကိုပေါက်ချလိုက်စမ်း……..
…ငါ့မိန်းမမရှိတဲ့လောကကြီးထဲမှာ ငါမနေချင်တော့ဘူး……ငါ့ကိုပေါက်လိုက်တော့…..ပေါက်လေကွာ……
…ငါ့ကိုလက်စားချေလိုက်စမ်းပါ……
…မင်းမိန်းမသေသလို ငါ့မိန်းမလဲသေသွားပြီကွ…..မင်းနဲ့ငါဟာ ကမ္ဘာကြေတောင် ရန်ကြွေးမကြေမဲ့ ရန်သူတွေပဲကွ……ငါကတော့ မင်းကို မသက်ချင်တော့ဘူး….သေမဲ့သေ ငါပဲသေပါရစေ…..
…သက်လေကွာ….ငါ့ကိုသက်စမ်း
..ပေါင်ချလိုက်……ပေါက်ချလိုက်စမ်း…..

…ပါးပျဉ်းမိုးနေသော ငန်းဖိုကြီးရဲ့ရှေ့မှာ စောမောင်တယောက် ခေါင်းထိုးပေးရင်း အရူးတယောက်လို အော်ဟစ်နေလျှက်ရှိသည်။

…သို့သော် သူထင်သလို ငန်းဖိုကြီးက ပေါက်မချပဲ စောမောင်ကို စိုက်ကြည့်နေသည်။

…စောမောင်လဲ စိတ်မရှည်သဖြင့် ငန်းဖိုကြီးကိုမော့ကြည့်လိုက်သည်။

…ဟင်……ငန်းဖိုကြီးရဲ့မျက်လုံးဟာ ဒေါသရိပ်မရှိပဲ အစိမ်းရောင်သမ်းနေသည်။

…ထိုသို့ အတန်ကြာစိုက်ကြည့်နေပြီးနောက် ငန်းဖိုကြီးရဲ့ခေါင်းဟာ တဖြေးဖြေးနိမ့်သွားပြီး ဆွဲခြင်းထဲမှ သူ့ရင်သွေး ငန်းဥလေးကို ပါးစပ်ဖြင့်ကိုက်ချီလိုက်သည်…ထို့နောက် စောမောင်ကိုတချက်ပြန်ကြည့်ပြီး တောနက်ထဲသို့ တရွှေ့ရွှေ့ ထွက်ခွာသွားပါလေတော့သည်တကား……………………..
……………………….

( ပြီးပါပြီ)

မောင်ဂေါ်လီ (ဟင်္သာတ)
#credit