အငြိုးကြီးသူ၏ ကလဲ့စား(စ/ဆုံး)

Unicode Version

အငြိုးကြီးသူ၏ ကလဲ့စား(စ/ဆုံး)
—————————————-
ရွာ၊ ဇနပုဒ် အပြင်ဘက်ရှိ တဲအိမ်ကလေးတစ်အိမ်ရှေ့၌ လူတစ်စုသည် မီးတုတ်များ၊ ဓား၊ လှံ များကိုင်ဆောင်၍ စုစုရုံးရုံးဖြစ်နေကြသည်။ အချိန်ကား ညဆယ်နာရီ။

“ဟေ့… ဦးသာဒင် ထွက်ခဲ့စမ်း ဘာလဲအခုမှကြောက်နေတာလား ခင်ဗျားလုပ်ရဲရင် ခံရဲမှာပေါ့ကွ…ဟေ ခင်ဗျား ယောကျာ်းမဟုတ်ဘူးလား”

“သာဒင်…. မင်းကိုငါ မကျေနပ်ဘူး … မင်းကြောင့် ငါ့မိန်းမသေရတာ… မင်းကိုငါပြန်သတ်မယ်”

“ဒုန်း! ဒုန်း! ဒုန်း!”

အရေအတွက်အားဖြင့် ငါးယောက်မျှရှိသည့် လူတစ်စုက တဲအိမ်လေး၏ထရံကို တုတ်တွေနှင့်ရိုက်ပြီး အော်ဟစ်ကြိမ်းမောင်းနေကြသည်။ သို့သော် တဲအိမ်ကလေး အတွင်းမှာတော့ ငြိမ်ဆက်ဆဲ၊ ငြိမ်သက်မြဲပင်။

“ဟေ့လူ… ခင်ဗျား ထွက်မလာရင် ခင်ဗျားတဲကို မီးရှို့လိုက်မှာနော်… ထွက်ခဲ့ လူယုတ်မာကြီး”

“ဟုတ်တယ်… မြန်န်ထြွက်လာနော်… မဟုတ်ရင် ခင်ဗျားရဲတဲ ပြာကျပြီမှတ်”

ထိုအချိန်ကျမှ တဲအိမ်ကလေးထဲမှ ရေနံဆီမီးခွက်ကလေးကိုင်ကာ လူတစ်ယောက်ထွက်လာလေ၏။ ထိုလူသည် အသက်အရွယ်အားဖြင့် လေးဆယ်အရွယ်လောက်ရှိပြီး နှုတ်ခမ်းမွှေးကားကားနှင့် သျှောင်တစ်စောင်းထုံးထားလေသည်။ ထို့နောက်…

“ဘာကိစ္စမို့လို့ ဒီလောက်တောင်မှ အော်ဟစ်သောင်းကျန်းနေတာလဲ”

“ဘာကိစ္စလဲ ဟုတ်လား! ခင်ဗျားရဲ့ ပယောဂကြောင့် ကျုပ်မိန်းမသေသွားရတာ ကျုပ်မကျေနပ်ဘူး ခင်ဗျားကိုကျုပ်ပြန်သတ်မယ်”

လူအုပ်အတွင်းမှ လူတစ်ယောက်ဖြစ်သည့် ဖိုးထူးဆိုသောသူသည် ငှက်ကြီးတောင်ဓား တစ်ပြင်ပြင်နှင့် ဒေါသတကြီးပြောနေလေ၏။ ထိုအခါ…

“ဟေ…မင်းမိန်းမကိုငါက ဘာဖြစ်လို့ သတ်ရမှာလဲကွ…ပြီးတော့ ဘယ်မှာလဲသက်သေ… မသေချာမရေရာပဲနဲ့ ဘာဖြစ်လို့လာစွပ်စွဲနေရတာတုန်း”

“ဘာသက်သေမှမလိုဘူး ဒီတစ်ရွာလုံးမှာ အောက်တန်းကျတဲ့ နည်းလမ်းတွေနဲ့ မဟုတ်တာလုပ်တဲ့သူဆိုလို့ ခင်ဗျားပဲရှိတယ်… ဟာ…ကြာတယ်ကွာ… ခွပ်!”

ဖိုးထူးသည် ပြောရင်းဆိုရင်းဖြင့် သာဒင်၏ မျက်နာအားပြေးထိုးလိုက်လေ၏။ ရုတ်တရက်ကြီး အရှိန်ဖြင့်ပြေးထိုးချလိုက်သဖြင့် သာဒင်မှာအနောက်သို့ လန်ကျသွားပြီးမြေကြီးပေါ်၌ ဖင်ထိုင်လျက်ဖြစ်နေသည်။ ထိုအချိန်ဖိုးထူးက သူ၏လက်ထဲရှိ ဌက်ကြီးတောင်ဓားဖြင့် သာဒင်၏ လည်ပင်းကို ရွယ်ထားလေ၏။ ထို့နောက်…

“ခင်ဗျား ဘာတတ်နိုင်သေးလဲ…ဟမ်… ကျုပ်မိန်းမသေသလို ခင်ဗျားလဲသေရမယ်…ရား….”

“ဟေ့ရောင် ဖိုးထူး ရပ်လိုက်စမ်း…ဘေးကကောင်တွေက ဘာရပ်လုပ်နေတာလဲ တားကြလေကွာ…”

“ဟာ! သူကြီး”

ရွာသူကြီး၏ အော်သံကြောင့် ဖိုးထူးတစ်ယောက်နောက်ဆုတ်သွားလေ၏။ သာဒင်ကလည်း မတ်တပ်ထရပ်ကာ ပါးစပ်မှသွေးတွေကို သုတ်နေလေသည်။ ထို့နောက် သူကြီးက…

“မင်းတို့ဘာအချိုးချိုးကြတာလဲ… ငါ့ကိုပုန်ကန်ကြတာလားကွ… ဟေ”

“မ..မဟုတ်ပါဘူး သူကြီး”

“ဒီမှာ ဖိုးထူး မင်းမိန်းမသေတဲ့အမှုကို မြို့ကရဲတွေကိုယ်တိုင်က လူသတ်မှုမဟုတ်ပဲ ရောဂါကြောင့်သေတာလို့ ပြောထားတာ မင်းလည်းသိနေတာပဲလေ… အဲ့ဒါကို ဘာလို့ သာဒင်ကိုပြဿနာရှာနေရတာတုန်း”

“ဒီကိစ္စက ဒီလူကြီးရဲ့ ပယောဂနဲ့လည်းဆိုင်တယ် သူကြီး ကျုပ်ကတော့…”

“ဟေ့ရောင် ဖိုးထူး … ငါဒီလောက်ပြောနေတာကို မင်းကရောင့်တက်နေတာလား ဟုတ်လား… ထိပ်တုံးစာမိချင်နေတာလား…ဟမ်…ပြောလေ ဟေ့ရောင်”

“မဟုတ်ပါဘူး…သူကြီး”

“မဟုတ်ရင် ပြန်တော့ သွား”

သူကြီးက အော်ဟစ်ပြီး
ဆူပူကြိမ်းမောင်းလိုက်သည့်အခါမှ ဖိုးထူးသည် သာဒင်အားတစ်ချက်ကြည့်ကာ “တောက်!” ခေါက်ပြီး ထွက်သွားတော့လေ၏။

“မောင် သာဒင် ဒီကောင်တွေအစား ကျုပ်ကပဲ တောင်းပန်ပါတယ်ဗျာ …”

“ရပါတယ်…ကျုပ်ဘဝနဲ့ကျုပ်ပေါ့”

ရွာသူကြီးက သာဒင်အား တောင်းပန်လိုက်သည့်အခါ သာဒင်က ခပ်ပြတ်ပြတ်သာပြောပြီး တဲအိမ်ထဲသို့ဝင်သွားလေ၏။ ထိုအခါ သူကြီးကလည်း ဆက်မပြောတော့ပဲ ရွာထဲသို့သာ ပြန်သွားတော့သည်။

သာဒင် တဲအိမ်ပေါ်သို့ရောက်သော် သာဒင်၏မိန်းမ စောလှဖြစ်သူက…

“ကျုပ်တို့ဒီမှာ ဆက်နေလို့ဖြစ်ပါ့မလားတော်… ရွာထဲကလူတစ်ယောက် တစ်ခုခုဖြစ်တိုင်း ကျုပ်တို့ကိုပဲ ပြဿနာလာရှာနေကြတယ်”

“ဟူး… ရွာထဲမှာနေရတာ ပြဿနာတွေတောက်လျောက်တက်လို့ ရွာအပြင်မှာလာနေပါတယ်၊ အဲ့တာတောင် ရွာအပြင်ထိ ပြဿနာက ရောက်လာသေးတယ်”

“ကိုသာဒင်ရယ် ကျုပ်လည်း သားဦးရတနာလေးကိုလွယ်ထားရတာဆိုတော့ အခုကတည်းက သူ့အတွက်ကိုတွေးပြီး တစ်ခြားနေရာမှာ သွားနေကြမလား”

“သြော်…မိန်းမရယ် တစ်ခြားရွာကလည်းငါတို့ကို လက်ခံဦးမှလေ… တော်ကြာ ဟိုရွှေ့ဒီရွှေ့နဲ့မှ ပိုဒုက္ခရောက်နေဦးမယ် အနည်းဆုံးတော့ ဒီမှာနေရင်း မှိုချိုး၊ မျှစ်ချိုး စားလို့ရပါသေးတယ်”

“ဒါပေမယ့်လည်း တော်ရယ်…”

“တော်ပြီ…မပြောနဲ့တော့ ဉာဉ့်နက်နေပြီ အိပ်တော့မယ် လာ”

အရှေ့ဘက်တောင်တန်းများဆီမှ သူရဇ္ဇနေမင်းကြီးသည် အမှောင်ထုကိုဖြိုခွင်းကာ ရဲရင့်တက်ကြွသည့် စစ်သူရဲကောင်းတစ်ယောက်လို တိုက်ပွဲဝင်တော့မည့်အလား ပေါ်ထွက်လာလေ၏။

ရွာ၊ ဇနပုဒ် အပြင်ရှိ တဲအိမ်ကလေးမှာလည်း မီးခိုးတလူလူဖြင့်ထွက်နေလေသည်။ ထိုအချိန် မှို၊ ကန်စွန်း နှင့် သစ်သီး၊ သစ်ဥအချို့ ထည့်ထားသည့် ပလိုင်းတောင်းကိုလွယ်ထားသည့်
လူတစ်ယောက်သည် တဲအိမ်ကလေးဆီသို့ လျှောက်လှမ်းလာနေ၏။ ထို့နောက်

“မိန်းမရေ…”

“သြော်… ကိုသာဒင် ပြန်လာပြီလား ဘာတွေပါလာလဲ”

“သိပ်လည်း များများစားစားမရပါဘူး …
ကန်စွန်းဥပါတယ် ထမင်းအိုးကျက်ရင် ပြုတ်ထားလိုက်ဦး”

“အင်းပါ…ပြုတ်ထားလိုက်မယ် ဒါနဲ့လေ ကျုပ်တို့မှာ ဆန်ကွဲမရှိတော့ဘူး ရွာထဲကလည်း ဘယ်သူမှကျုပ်ကိုမရောင်းတော့ဘူး”

“ဘာ! ပိုက်ဆံပေးပြီး ဝယ်တာတောင်မရောင်းဘူးလား”

“ဟုတ်ပါ့တော်… ”

“တောက်!”

“ဒီတစ်ရွာလုံးကတော့ ငါလုပ်ရင် အကုန်မျိုးပြုတ်တော့မယ် သည်းခံနေတာကိုအကောင်းမှတ်နေကြ
တယ်”

သာဒင်၏ပြောစကားကြောင့် စောလှမှာ လန့်ဖြန့်သွားလေသည်။ ထို့နောက်…

“ကိုသာဒင် တော်နော် ဆရာတော်ဆီမှာပေးခဲ့တဲ့ကတိတွေ၊ ဘုရားစင်ရှေ့မှာ ဒူးထောက်ပြီး သစ္စာရေသောက်ခဲ့တာတွေကို မေ့နေပြီလား”

“အေ… အဲ့တာကြောင့် အခုထိ သည်းခံပြီးနေနေတာပေါ့၊
အသား၊ ငါးတောင်မစားတော့ပဲ သက်သက်လွတ်ချည်းစားနေတာလေ ဘယ်နှနှစ်ရှိပြီလဲ”

“စိတ်လျှော့ပါ ကိုသာဒင်ရယ်”

“အေးပါ… သြော်…ဒါနဲ့ အရပ်လက်သည် ဒေါ်ပွားကြီးကိုရော မီးဖွားဖို့ အကူအညီတောင်းထားပြီလား”

စောလှက မည်သည်မျှပြန်မပြေပဲ တိတ်ဆိတ်နေခြင်းကြောင့် သာဒင်က စိတ်မကျေနပ်ဖြစ်သွားလေသည်။ ထို့နောက်…

“မိန်းမ ငါမေးနေတာဖြေလေ”

“တော့် ဒေါသကိုထိန်းထားနော်… ကျုပ်ပြောပြမယ်”

“ကျွတ်…ဘာဖြစ်ပြန်ပြီလဲ”

“ကျုပ်လေ…တော်မနက်က စားစရာထွက်ရှာသွားတုန်းက ဒေါ်ပွားကြီးဆီကိုသွားသေးတယ်”

“အင်း”

“ကိုယ်ဝန်ကရင့်နေပြီမို့ မီးဖွားတဲ့အခါ ကူညီပေးပါလို့လည်း ကောင်းကောင်းမွန်မွန်…ပြောလိုက်တယ်

အဲ့ဒါကို ဒေါ်ပွားကြီးက မကူညီနိုင်ဘူးတဲ့
သူ့ဆီကိုပါ ပယောဂတွေ
ရောက်လာမှာစိုးလို့တဲ့”

“ဘာကွ! တောက်!”

“ကိုသာဒင် ကျုပ်တောင်းပန်းပါတယ် စိတ်ကိုထိန်းထားပါ ဒီရွာထဲမှာက ဘယ်သူ့ကိုမှ အကူအညီတောင်းတာမရလို့

ဟိုဘက်ရွာထဲမှာ တော်တစ်ချက်သွားမေးပေးပါလား လက်သည်မဟုတ်ရင်တောင် မွေးတတ်ဖွားတတ်တဲ့သူဆိုရင်ရပါပြီ”

သာဒင်သည် မျက်ရည်လေးများဝဲနေကာ ငိုသံကလေးဖြင့်ပြောနေသည့် စောလှ၏ မျက်နာအားမြင်လိုက်ရသောကြောင့် အလွန်မှ စိတ်မကောင်းဖြစ်သွားလေသည်။ ထို့နောက်…

“အေးပါ… မိန်းမရယ်… မနက်ဖြန်ကျရင် ဟိုဘက်ရွာကိုသွားမေးပေးမယ်နော် … မိန်းမလည်းပင်ပန်းနေမှာပေါ့ အခုသွားနားလိုက်တော့ သွား ကျန်တာယောကျာ်းပဲဆက်လုပ်လိုက်တော့
မယ်”

“အင်းပါ…ဒါဆိုလည်းသွားနားလိုက်တော့မယ် ခေါင်းနည်းနည်းမူးလာလို့”

“အေး အေး သွား”

သာဒင်သည် စောလှမီးဖွားရန်အတွက် အတော့်ကိုခေါင်းခဲနေလေသည်။ အဘယ့်ကြောင့်ဆိုသော် ယခင်က သာဒင်၏ မိုက်ကြွေးတွေကြောင့် သာဒင်အား မည်သည့်ရွာကမှလက်မခံသောကြောင့်ပင်။

သာဒင်သည် ယခုအခါတွင်တော့ မကောင်းမှုမှန်သမျှအား စွန့်ပစ်ကာ ဆင်ခြင်နေထိုင်နေပြီဖြစ်သော်လည်း အတိတ်ကသူ၏ မိုက်ကန်းခဲ့သည့်အပြစ်ဆိုးတို့အား ဖုံးမရ။ ရွာအတွင်းသာမက၊ ရွာအနီးပတ်ဝန်းကျင်ကပါ သာဒင်အား အခဲမကြေကြသည့် ကိစ္စရပ်များက ရှိနေသေးသည်။

တစ်နေ့သ၌ သာဒင်သည် ထုံးစံအတိုင်း သစ်သီးဝလံများရှာဖွေရန်အတွက် မနက်စောစောကတည်းက ပြင်ဆင်နေလေသည်။ ထိုအချိန် စောလှက…

“ကိုသာဒင်…”

“ပြောလေ မိန်းမ”

“ကျုပ်အသားဟင်း စားချင်တယ်တော်…”

“ဟင် ဘယ်လိုဖြစ်တာလဲ”

“မသိဘူး မွေးခါနီး၊ ဖွားခါနီးမို့ ချဉ်ခြင်းတက်နေတာလားမသိဘူး၊ အသားဟင်း တစ်မျိုးမျိုးကို အရမ်းစားချင်နေတယ်၊ ဒီတစ်ခါပဲ စားမှာပါ နောက်ဘယ်တော့မှ မစားတော့ပါဘူး”

“အေးပါ…ဟုတ်ပါပြီ ဒါဆိုလည်း ယောကျာ်း သားကောင်ရအောင်ပစ်ပြီးမှပဲ ပြန်လာတော့မယ် နည်းနည်းတော့နောက်ကျမယ်နော်”

“အင်း အင်း”

ထို့နောက် သာဒင်သည် မသုံးတာကြာပြီဖြစ်သည့် မြှားထည့်ထားသည့် ကျည်တောက်ကိုလွယ်၍ လေးကိုလက်တစ်ဖက်ကကိုင်ကာ အမဲပစ်ရန်အတွက် တောထဲသို့ ဝင်လာခဲ့တော့သည်။

အမဲမပစ်တာ ကြာပြီဖြစ်သောကြောင့် သာဒင်မှာ အချိန်တော်တော်ကြာသော်လည်း မည်သည့် သားကောင်မှမရပေ။ မိန်းမဖြစ်သူ စောလှကိုသနားသဖြင့် ‘စောလှစားချင်နေသည့် အသားဟင်းတစ်ခွက်ရရန်အတွက် သားကောင်မရရအောင် ရှာဖမ်းပေးမည်’ ဟု ဆုံးဖြတ်ထားကာ ကြိုးစားပမ်းစားဖြင့် အမဲလိုက်နေ၏။

အချိန်တွေများစွာ ကုန်လွန်လာပြီးနောက် နေဝင်ရီတရောအချိန်သို့ ချဉ်းကပ်လာလေပြီ။

သာဒင်သည် ဗိုက်ထဲမှလည်း တဂွီဂွီမြည်နေသော်လည်း ကြိတ်မှိတ်ခံကာ သားကောင်ကိုရအောင်သာ အသည်းအမည်း ရှာဖွေဖမ်းဆီးနေတော့သည်။

ဤသို့ဖြင့် တောတွင်းတစ်နေရာသို့ရောက်သောအခါ သာဒင်နှင့် မလှမ်းမကမ်း၌ သမင်တစ်ကောင်ကိုတွေ့လေ၏။ သာဒင်လည်း ဝမ်းသာသွားကာ လေးကိုအားအကုန်တင်ပြီး သမင်ဆီသို့ ပစ်လွှတ်လိုက်လေသည်။

“ရွှတ်!”

မြှားတစ်ကမ်းစာသာရှိသဖြင့် သမင်မှာရှောင်ချိန်မရလိုက်ပဲ ပေါင်းသားကိုမြှားက ထိမှန်ကာ နေရာတင်လဲကျသွားတော့သည်။

သာဒင်လည်းဝမ်းသာအားရဖြင့် သမင်အနားသို့ပြေးသွားလေသည်။ သာဒင်သည် သမင်အားကောက်ယူရန် ဟန်ပြင်လိုက်သည့်အချိန်၌ ထူးဆန်းစွာ သမင်ကထပြေးတော့လေသည်။

သမင်က ထွက်ပြေးလိုက်၊ တစ်နေရာရောက်ရင်ရပ်နေလိုက်ဖြင့် လုပ်နေလေသည်။ သာဒင်ကလည်း သူ့လက်စလက်စကို သိနေသဖြင့်
“ဒီသမင် ကြာကြာပြေးနိုင်မှာ မဟုတ်ဘူး” ဟုဆိုကာ တောက်လျှောက်လိုက်လာရင်း တောနက်အထဲထိ ရောက်မှန်းမသိရောက်လာလေသည်။

ထို့နောက်မှ သာဒင်သည် တစ်ခုခုကိုသဘောပေါက်သွားတော့သည်။

“ဟာ! မဟုတ်သေးဘူး…ဒီသမင် အပမှီသွားတာနဲ့တူတယ် ငါဆက်လိုက်နေရင် သူ့ထောင်ချောက်ထဲဝင်သွားလိမ့်မယ် မဖြစ်သေးဘူး…ဟူး…စောလှရေ မနက်မှသာ အသားဟင်းနဲ့စားတော့နော် ဒီနေ့တော့ အချိန်မရှိတော့လို ပြန်လာတော့မယ်”

သာဒင်သည် စိတ်ထဲမှ ရေရွတ်လိုက်ပြီးနောက် သားကောင်နောက်မလိုက်တော့ပဲ မိမိအိမ်သို့သာ ပြန်လာခဲ့တော့သည်။

(အပမှီသည် ဆိုသည်မှာ သားကောင်တစ်ကောင် သေသွားပြီးပြီးချင်းတွင် အနားတွင်ရှိနေသည် နာနာဘာဝ၊ သရဲ၊တစ္ဆေက ထိုသားကောင်၏ခန္ဓာအတွင်းသို့ ဝင်ရောက်နေထိုင်ခြင်းကိုဆိုလိုသည်။)

သာဒင်တစ်ယောက် သူ့တဲဆီမရောက်ခင်ကပင် စောလှ၏အသံကိုကြားနေရလေသည်။

“အား! နာတယ်….အမေရေ ကယ်ပါဦး…နာလို့သေတော့မယ်”

သာဒင်လည်းတဲပေါ်သို့အမြန်တက်
သွားလိုက်သည့်အခါ စောလှက ကလေးမွေးရန်အတွက် ရေမွှာပေါက်နေလေပြီ။ ခန္ဓာကိုယ် အောက်ပိုင်း၌ရေတွေက ရွှဲနေလေ၏။

“ဟာ! မိန်းမ မိန်းမ….ခဏစောင့်နော်…ခဏလေးအားတင်းထားကြားလား”

သာဒင်သည် ပြောပြောဆိုဆိုဖြင့် တဲပေါ်မှပြေးဆင်းကာ ရွာထဲသို့အပြေးနှင်တော့လေသည်။

ရွာထိပ်သို့ရောက်သောအခါ ….

“ဟေ့လူ…ခင်ဗျားဘယ်သွားမို့လဲ”

ရွာထိပ်၌ ကင်းစောင့်တာဝန်ကျနေသသည့် ဖိုးထူးကမေးလေသည်။ ဖိုးထူးအပါအဝင် အခြားရွာသားနှစ်ယောက်ကလည်း သာဒင်အားအခဲမကြေသည့် လူများထဲ၌ပါဝင်နေသည်။

“ငါ့ မိန်းမ မီးဖွားတော့မှာမို့လို့ အရီးဒေါ်ပွားကြီးကို လာခေါ်တာပါ”

“ဟေ့လူ အပိုတွေပြောမနေနဲ့ ခင်ဗျားဘယ်သူ့ကိုဒုက္ခပေးချင်လို့ ရွာထဲကိုဝင်လာတာလဲ

ခင်ဗျားရဲ့ အနှောင့်ပယောဂတွေကြောင့် ကျုပ်တို့ရွာသားတွေ တစ်ယောက်ပြီးတစ်ယောက်သေသွားတာကို ကျုပ်ခုထိမမေ့ဘူး

အေ…ပြီးတော့ နောက်ထပ်ဘယ်သူ့ကိုမှလည်း ဒုက္ခမရောက်စေချင်တော့လို့ ခင်ဗျားကိုရွာထဲပေးမဝင်နိုင်ဘူး”

ကင်းစောင့် တာဝန်ကျနေသည့်
တစ်ယောက်ဖြစ်သော ဖိုးသားက နာကျည်းချက်များအပြည့်ပါသည့်
လေသံဖြင့်ပြောနေလေ၏။

“ဟာ အဲ့လိုမလုပ်ပါနဲ့ကွာ … ဖိုးထူး ပြောပေးပါဦး”

“ဘာပြောပေးရမှာလဲ… အခုဖိုးသားပြောတဲ့စကားက ခင်ဗျားကို ကျုပ်တို့တစ်ရွာလုံးမှာရှိတဲ့လူတွေအကုန် ပြောချင်နေတဲ့စကားပဲ”

ထိုအခါ သာဒင်သည် မည်သို့မှမတက်နိုင်ပဲ သူ့အရှေ့တွင်ပိတ်နေသည့် ဖိုးထူးနှင့် ဖိုးသားတို့အား တွန်းထုတ်ပြီးရွာထဲသို့ပြေးဝင်မည်
အလုပ်တွင် ကျန်ရှိနေသည့်တစ်ယောက်က သာဒင်အား ဝါးရင်းတုတ်ဖြင့် လှမ်းရိုက်လိုက်လေသည်။

“ဖြောင်း!”

အားအလွန်ပါသည့် ရိုက်ချက်ကြီးကြောင့် သာဒင်မှာကျောကော့သွားကာ မြေပြင်ပေါ်သို့ဒူးထောက်ကျသွားသည်။ ထိုအချိန် ဖိုးထူးကပြေးလာပြီး သာဒင်၏မျက်နာအား ခြေထောက်ဖြင့် ကန်ထုတ်လိုက်သည်။ သာဒင်လဲကျသွားသည်။ သို့သော်လည်း နာကျင်မှုကို အန်တု၍ အားတင်းပြီးကုန်းထလာသည်။ ထိုအချိန် ဖိုးသား၏ အားပါလှသည့် ဝိုက်လက်သီးကြီးက သာဒင်၏မေးရိုးသို့ လျင်မြန်စွာပစ်ဝင်လာလေသည်။

“ခွပ်!”

ဖိုးထူးတို့ သုံးယောက်သားသည် တစ်ယောက်တစ်လှည့်ဖြင့် သာဒင်အား လျင်မြန်စွာတိုက်ခိုက်နေသောကြောင့် သာဒင်မှာ ပြန်လည်ခုခံချိန်တောင်မရပဲ အလူးအလဲခံနေရသည်။

ထို့နောက် ဖိုးထူးသည် သူ၏လက်စွဲတော်ဖြစ်သည့် ငှက်ကြီးတောင်ဓားကြီးဖြင့် သာဒင်၏လည်ပင်းအား ထောက်ထားလိုက်သည်။

“ဟေ့လူ ကျုပ်စကားကို ရှည်ရှည်ဝေးဝေးမပြောချင်ဘူး ခင်ဗျား ရှေ့တစ်လှမ်းတိုးတာနဲ့ ဇတ်ပြတ်ဖို့သာပြင်ပေတော့”

ဖိုးထူးသည် လက်ရဲ၊ ဇက်ရဲ ရှိနေသည့်သူတစ်ယောက်ဆိုသည်ကို သာဒင်ကသိနေသဖြင့် လက်လျှော့ကာ သူ့တဲဆီသို့ ပြန်လာခဲ့တော့သည်။

တဲအိမ်ဆီရောက်သောအခါ တဲကလေးကမီးမှောင်နေသည်။ သာဒင်လည်းလန့်သွားကာ အိမ်ပေါ်ပြေးတက်လာသည် ထို့နောက် သစ်သားမီးခြစ်ဆံကလေးဖြင့် မီးခတ်ကာ ရေနံဆီမီးခွက်အား ထွန်းညှိလိုက်လေ၏။

“ဟာ!…စောလှ…စောလှရေ…မိန်းမ မိန်းမ”

ရေနံဆီမီးခွက်၏ အလင်းရောင်အောက်၌ စောလှသည် သူ၏ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံးတွင် သွေးများရွှဲစိုနေကာ သေဆုံးနေလေ၏။

“ဟီး…ဟီး…မိန်းမရေ…ငါ့ကိုထားသွားခဲ့ပြီလားဟာ… မိန်းမရေ”

နဂိုကတိတ်ဆိတ်နေသည့် တဲအိမ်ကလေးထဲ၌ သာဒင်၏အော်ဟစ်ငိုကြွေးသံက ဖုံးလွှမ်းသွားလေသည်။

“တောက်!… ငါမကျေနပ်ဘူး တစ်ရွာလုံးကိုမကျေနပ်ဘူး… ငါ့ပညာနဲ့မင်းတို့တစ်ရွာလုံးကို လက်စားပြန်ချေပြမယ် စောင့်နေ… စောင့်နေ…တစ်ရွာလုံး သေဖို့သာပြင်ထား”

ထို့နောက်…သာဒင်သည် ဘုရားစင်အရှေ့၌ ဒူးထောက်ထိုင်ကာ

“အရှင်ဘုရား… ဘုရားတပည့်တော်သည်
ယခင်အချိန်က မကောင်းသည့် အောက်လမ်းပညာအားအသုံးမပြုတော့ပါ
ဆိုပြီး အရှင်ဘုရားရှေ့၌ သစ္စာရေသောက်ကာ ကျိန်ဆိုခဲ့ပါသည်။ အောက်လမ်းပညာရပ်ကိုလည်း စွန့်လွှတ်ခဲ့သည်မှာ ငါးနှစ်ရှိပါပြီ

ယခုအခါ တပည့်တော်၏အခြေအနေတစ်ခုကြောင့်
ထိုအောက်လမ်းပညာအား တစ်ဖန်ပြန်၍အသုံးပြုပါတော့မည်

ဖြစ်လာမည့် ပြဿနာအကျိုးဆက်၊ အကုသိုလ် ငရဲအား တပည့်တော်ကျေကျေနပ်နပ်ကြီး
ခံယူပါမည်ဘုရား”

ထို့နောက် သာဒင်သည် ဦးသုံးကြိမ်ချပြီးနောက် လိုအပ်သည့်ပစ္စည်းပစ္စယများကို ထုပ်ပိုးကာ တဲအိမ်ကလေးဆီမှ ထွက်ခွာသွားတော့သည်။

တဲအိမ်ကလေးကတော့ မီးလောင်၍ ကျန်ရစ်ခဲ့လေပြီ။ ရွာအပြင်၌ရှိနေသည့် တဲကလေးဖြစ်သည့်အတွက် မည်သူမျှ ဂရုမစိုက်ကြသဖြင့် လျင်မြန်စွာတောက်လောင်နေသည့် မီးအဟုန်၏အောက်၌ ပြာကျသွားလေ၏။

စောလှ၏ အလောင်းသည်လည်း တဲအိမ်ကလေးနှင့်အတူ ပြာပုံဘဝသို့ ရောက်ရှိခဲ့လေသည။ သို့သော် သာဒင်သည် စောလှအား မသဂြိုလ်သေးခင်က စောလှ၏လက်မောင်းမှ အသားများကိုလှီးယူကာ သေချာထုပ်ပိုး၍ ယူဆောင်သွားလေ၏။ အဘယ့်ကြောင့်ဆိုသော်…

ဤသို့ဖြင့် ရက်တွေ၊ လတွေ ကုန်လွန်ခဲ့လေပြီ။ သေသောသူကြာရင်မေ့ ဆိုသည့်စကားအတိုင်း စောလှတို့လင်မယားအား တစ်ရွာလုံးက မေ့ပစ်လိုက်လေသည်။ တစ်ချို့က စောလှတို့ လင်မယား နှစ်ယောက်လုံးသေသွားပြီ ဟုဆိုသလို တစ်ချို့ကလည်း စောလှတစ်ယောက်တည်းသာ မီးလောင်၍ သေသွားသည်ဟုဆို အမျိုးမျိုးဆိုကြလေသည်။

တစ်နေ့သ၌…

“သူကြီး…သူကြီး…သူကြီးရေ”

“ဟေ့… စိန်မောင်း ဘယ်လိုဖြစ်လို့ အနင်းကန်တွေအော်နေတာတုန်း ဝင်လာခဲ့ခြံထဲကို”

“သ..သ..သူကြီး ရွာထိပ်မှာ လူအရိုးတွေ”

“ဟေ… ”

“ဟုတ်တယ် … ကျုပ်မနက်က လယ်ထဲဆင်းတော့ရွာထိပ်မှာ အရိုးစုကြီးတွေ့တယ် အသားဆို ဘာအသားမှကို မကျန်တော့တာ
သွေးတွေကလည်းလတ်လတ်ဆတ်ဆတ်ပဲ ဖြစ်ထားတာမကြာသေးဘူး”

“ဟုတ်လား…မှန်းစမ်း…ငါ့လိုက်ပြစမ်း”

ဤသို့ဖြင့် ရွာသူကြီးနှင့်စိန်မောင်းသည် ရွာထိပ်သို့ထွက်ခွာလေသည်။ ရွာထိပ်ရှိ ညောင်ပင်ကြီးတစ်ပင်အောက် သို့ရောက်သောအခါ

“ဟာ…လူအရိုးစုပဲကွ… ကဲ စိန်မောင်းရေ မင်းက ရွာထဲပြန်ပြီး ကာလသားတွေနည်းနည်းသွားခေါ် ဒါကြီးကိုမြေမြုပ်ဖို့လုပ်ကြရမယ်
မြန်မြန်သွား ငါဒီမှာစောင့်နေမယ်”

“ဟုတ် ဟုတ် သူကြီး”

ထို့နောက် သူကြီးသည် ထိုအရိုးစုကြီးအား ပတ်ကြည့်ကာ အခြေအနေကိုလေ့လာနေ၏။ ထို့နောက် အရိုးစုနှင့်မလှမ်းမကမ်းရှိ မြေပြင်ပေါ်၌ “တစ်ရွာလုံးကို မကျေနပ်ဘူး” ဟူသော သွေးဖြင့်ရေးသားထားသည့်စာကို သူကြီးက တွေ့သွားလေ၏။

“ဟာ!”

ထို့နောက် ထိုအရိုးစုအားဖျာလိတ်နှင့်ပတ်၍ မြေမြုပ်ရန်အတွက် သင်္ချိုင်းသို့ ရောက်လာကြလေ၏။ သူကြီးကလည်း ထိုကဲ့သို့ထူးထူးဆန်းဆန်းကိစ္စကြီးဖြစ်ပျက်သွားသဖြင့် အရာရာအား သတိထားပြီး ကြီးကြပ်ကွပ်ကဲနေသည်။

“သူကြီးရေ… သူကြီး…”

“သူကြီး ဒီကိုခဏလာကြည့်ပါဦး”

ရွာသားတစ်ယောက်၏
အော်ခေါ်သံကြောင့် သူကြီးသည်အသံကြားရာ ဇရပ်အပေါ်သို့ ရောက်ရှိလာလေသည်။ ဇရပ်၏ ကြမ်းပြင်တွင်လည်း “တစ်ရွာလုံးကို မကျေနပ်ဘူး”ဟု သွေးဖြင့်ရေးသားထားသည့် စာတန်းအား တွေ့လိုက်ရလေသည်။

“သူကြီး… ဒီမှာနေတာဆိုလို့ သုဘရာဇာတစ်ယောက်ပဲ ရှိတယ်

ကြည့်ရတာ မကောင်းဆိုးဝါးတစ်ကောင်က
သုဘရာဇာကိုစားပစ်ပြီး ရွာထိပ်မှာလာလွှင့်ပစ်ထားတာလား”

“မကောင်းဆိုးဝါးဆိုလို့ ဟိုတစ်လောကသေသွားတဲ့ စောလှတို့လင်မယားများလား”

ရွာသားနှစ်ယောက်က သူတို့အထင်အမြင်ကို ပြောနေသည့်အခါ သူကြီးက…

“ဒါတော့ အတပ်ပြောမရသေးဘူး၊ ထားပါ လောလောဆယ် ဒီအရိုးစုကိုမြုပ်ပြီးရင် ငါ့အိမ်မှာ နေ့လယ်တစ်နာရီ အစည်းအဝေးလုပ်မယ်လို့ တစ်ရွာလုံးကို လိုက်ပြောထား ကြားလား”

“ဟုတ် သူကြီး…”

သူကြီးသည် ထိုသို့စီစဉ်ပေးပြီးနောက် အိမ်သို့ပြန်လာလေသည်။ ထို့နောက် သူကြီး၏ မှာကြားချက်အတိုင်း နေ့လည်တစ်နာရီရောက်တော့ သူကြီးအိမ်၌ တစ်ရွာလုံးက ရွာသူ၊ ရွာသားများက အစည်းအဝေးလုပ်ရန်အတွက် စုရုံးနေကြလေသည်။

အစည်းအဝေး၌ မနက်ကဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်နှင့် စပ်လျဉ်း၍ ည ခုနစ်နာရီထိုးသည်နှင့်မည်သူမျှ အိမ်အပြင်မထွက်ရဟု အမိန့်ထုတ်လိုက်လေသည်။ ထို့နောက် ကင်းစောင့်ရမည့်လူများ နိုးနိုးကြားကြားနေရန် မှာထားပြီး၊ ကင်းတဲ တစ်တဲတွင် လူငါးယောက်အထိ စောင့်ကြည့်ရန် ပြောကြားလိုက်လေသည်။

ဤသို့ဖြင့် အစည်းအဝေးပြီးသွားသည့်အခါ ရွာသူ၊ ရွာသားများက မိမိအိမ်သို့ အလျိုလျိုပြန်သွားကြတော့သည်။ ခဏကြာတော့…

“သူကြီး…သူကြီးရေ”

“ဟေ ဘာဖြစ်ပြန်ပြီလဲဟ အသည်းအသန်နဲ့”

“အရီး မိဝိုင်းရဲ့ သားလေးအရိုးစုပဲကျန်ပြီး သေနေပြီဗျ”

“ဟေ ဟုတ်လို့လား”

“ဟုတ်တယ်သူကြီး ရုပ်ပျက်ဆင်းပျက်ဖြစ်နေတော့ အစကဘယ်သူမှန်းမသိဘူး ပြီးမှ အင်္ကျီအဝတ်အစားတွေတွေ့မှ အရီးမိဝိုင်းရဲ့ သားဆိုတာကိုသိတာ

အရီးမိဝိုင်းက ဒီမှာအစည်းအဝေးလာတက်နေတုန်း သူ့သားကအိပ်နေလို့ တံခါးပိတ်ပြီး တစ်ယောက်တည်းထားခဲ့တာတဲ့”

“ဟာ… မဖြစ်သေးဘူး လာလာ မြန်မြန်သွားကြမယ်”

ဤသို့ဖြင့် သူကြီးသည် မိဝိုင်း၏ အိမ်သို့ရောက်လာသောအခါ အင်္ကျီအဝတ်အစား ဝတ်လျက်သားလေးဖြစ်နေသည့် အရိုးစုကလေးအား ဖတ်ပြီးငိုနေရှာသည့် မိဝိုင်းကို တွေ့လေသည်။ ပါးစပ်မှလည်း.စကားတွေကို မရပ်မနားပြောနေလေ၏။

“သားလေး…သားလေး… ဟင် သရဲ သရဲ၊ သရဲ သာဒင် ငါ့သားလေးကိုစားသွားတာ ဟား ဟား ဟား ငါသူ့မျက်နာကို လှမ်းတွေ့လိုက်တယ် သာဒင်မှ သာဒင်ဟဲ့ ဟား ဟား ဟား

သားလေးရေ အိပ်တော့နော်…ကျွတ် ကျွတ် ကျွတ် အို အို့ အို…

ဟီး…ဟီး…ငါ့သားလေးရယ် အဖြစ်ဆိုးလိုက်တာ…ဟီး…ဟီး…”

“အရီးရေ အရီး သတိထားပါဦး”

မိဝိုင်းသည် တော်ကြာရယ်လိုက်၊ တော်ကြာငိုလိုက်ဖြစ်ကာ စိတ်လွတ်သွားလေ၏။ ထိုအခါ ရွာသားတစ်ယောက်က

“သူကြီး အခြေအနေမဟန်တော့ဘူး နေ့ခင်းဘက်ကြီးတောင်မှ ဒီလိုတွေဖြစ်နေတာ ညဘက်ဆို ဘယ်လိုလုပ်ကြမလဲ သူကြီး”

“အေး… မိဝိုင်းပြောသလိုဆို သာဒင်သရဲက သူ့သားကိုစားသွားတယ်

ဒါပေမယ့် နေ့ခင်းကြောင်တောင်ကြီး သရဲကလူတစ်ယောက်ကို အရိုးပဲကျန်တော့တဲ့အထိ စားသွားတဲ့အဖြစ်မျိုးကိုတော့ ငါ့တသက်နဲ့တစ်ကိုယ် မကြားဖူးသေးဘူး”

“ကျွန်တော်တို့ သရဲတွေ၊ ဘာတွေနိုင်တဲ့ ပုဂ္ဂိုလ်တွေကို သွားရှာပြီး ပင့်မှရတော့မယ် သူကြီး”

“ငါလည်း အဲ့တာပြောမလို့ ကဲဒီလိုလုပ် စိန်မောင်းရေ မင်းပဲဦးဆောင်ပြီး ရွာကလူသုံးယောက်လောက်ခေါ်သွား

ပြီးရင် တစ်ရွာဝင်၊ တစ်ရွာထွက်ပြီးသာ ဒီကိစ္စရပ်နဲ့ပတ်သတ်တဲ့ ဆရာတွေကို ပင့်လာခဲ့ပေတော့ကွာ”

“ဟုတ် ဟုတ်သူကြီး ဒါဆိုအချိန်မလင့်ခင် အခုပဲသွားလိုက်တော့မယ်”

“အေး အေး”

“ကဲ…ဖိုးထူး၊ ဖိုးသားတို့ကတော့ အသုဘကိုမြေချဖို့ ပြင်လိုက်တော့”

“ဟုတ် သူကြီး”

ဤသို့ဖြင့် စိန်မောင်းတို့သည် တစ်ရွာဝင်၊ တစ်ရွာထွက်ပြီး ဆရာလိုက်ရှာတာ သုံးရက်မျှ ရှိလေပြီ။ ဆရာဆိုသောသူများတွေ့သော်လည်း အဖြစ်အပျက်ကို ပြောပြလိုက်သည့်အခါ မည်သူမျှ မလိုက်ဝံ့တော့ပဲ လက်ရှောင်သွားကြသည်။

တစ်နေ့သ၌ ညနေစောင်းအချိန်လောက်တွင် စိန်မောင်းတို့အဖွဲ့ ရွာသို့ပြန်ရောက်လာလေ၏။ ယခင်က ကလေးငယ်များ အော်ရယ်ပြီး ပြေးလွှားဆော့ကစားနေသည့် ရွာလမ်းထဲတွင် ယခုတော့ တိတ်ဆိတ်ငြိမ်သက်နေသည်။ စိန်မောင်းတို့ကလည်း သူကြီးအိမ်သို့သာ တစ်ခါတည်းတန်းသွားတော့လေ၏။ စိန်မောင်းတို့ကို တွေ့သောအခါသူကြီးက အားကိုးတကြီးဖြင့် လှမ်းမေးလိုက်လေသည်။

“ဟာ စိန်မောင်းရေ ဘယ်လိုလဲ အဆင်ပြေခဲ့လား”

“အဆင်မပြေပါဘူးဗျာ ဆရာတွေတော့ တွေ့တယ် ဘယ်ဆရာမှမလိုက်ရဲကြတာဗျ”

“ခက်တော့ ခက်နေပြီ စိန်မောင်းရေ မင်းတို့သွားတဲ့ သုံးရက်မှာ တို့ရွာကလူသုံးယောက်သေသွားပြီ”

“ဟုတ်တယ်ကွ”

“သူကြီးရေ သူကြီး”

သူကြီးနှင့်စိန်မောင်း စကားပြောနေသည့်အချိန်တွင် ခြံဝမှ ရွာသားတစ်ယောက်က ပျော်ရွှင်နေကာ လှမ်းအော်ခေါ်လေ၏။

“သူကြီးရေ…ဒီမှာ ဆရာတစ်ယောက် ပါလာတယ်ဗျို့”

“ဟာ ဟုတ်လား လာ လာ ခေါ်လာခဲ့”

ဤသို့ဖြင့်သူကြီးသည် ဝမ်းသာသွားပြီး ထိုဆရာအားဘုရားခန်းအရှေ့၌ နေရာထိုင်ခင်းပေးလေ၏။

“ကျုပ်နာမည်ကို စိုင်းနောင်လို့ပဲမှတ်ထားလိုက်… အထက်ပုဂ္ဂိုလ်တွေရဲ့ ညွှန်ကြားမှုကြောင့် ခုနှစ်ရက်သား၊ သမီးတွေကို ကယ်တင်ဖို့ ကျုပ်ဒီရွာကိုရောက်လာတာပါ”

စကားပြောလိုက်သည့်အသံတွင်
သြဇာအာဏာ အပြည့်ပါဝင်နေသည်။
ဦးခေါင်းတွင် ပိုးပုဝါ ပန်းရောင်ပေါင်းထားပြီး ပင်နီ အင်္ကျီနှင့် ပင်နီ ဘောင်ဘီဝတ်ထားသည့် ရှမ်းဆရာကြီးက ပြောနေလေသည်။ အသက်အရွယ်အားဖြင့် ခြောက်ဆယ်လောက်ရှိမည်ဟု ခန့်မှန်းရသော်လည်း အရွယ်နှင့်မလိုက်အောင်ပင် သန်မာ၊ ဖျတ်လတ်နေလေ၏။

“ကျေးဇူးတင်ပါတယ်ဆရာကြီး၊ ကျုပ်တို့ရွာမှာ လူသေတာ ငါးယောက်တောင်ရှိနေပါပြီ

သေတဲ့လူတွေအကုန်လုံးက အရိုးစုပဲကျန်တော့တဲ့အထိ သတ်ပြီးစားခံရတာပါ

ဆရာကြီးလိုအပ်တာမှန်သမျှပြောပါ၊ ခိုင်းပါဆရာကြီး အားမနာပါနဲ့ ”

“သြော်… ပေါရိသာဒ…ပေါရိသာဒ…”

ရှမ်းဆရာကြီးက ဦးခေါင်းကိုတဆတ်ဆတ် ငြိမ့်နေရင်း…

“လိုအပ်တာကတော့ တံစူးဝါးရယ်၊ အားကောင်းမောင်းသန်လူ ငါးယောက်လောက်ဆိုရပါပြီ”

“ဟုတ် ရပါတယ် ဆရာ ဒါနဲ့ဆရာကြီး ဘယ်တော့ အစီအစဉ်စကြမလဲဗျ”

“ဒီည”

ထို့နောက် ရှမ်းဆရာကြီး စိုင်းနောင်သည် ဘုရားစင်ရှေ့၌ ပုတီးစိပ်ကာ အဓိဌာန်ဝင်နေလေသည်။

ထိုအချိန် ဆရာကြီးစိုင်းနောင်၏မှာကြားချက်အတိုင်း စိန်မောင်းတို့အဖွဲ့သည် တံစူးဝါးကို ယူရန်အတွက် ဖိုးထူးအိမ်သို့ရောက်လာလေ၏။

(တံစူးဝါးဆိုသည်မှာ အသုဘအားသဂြိုလ်သည့်အခါ၌ ဆောင့်ထိုးသည့်ဝါးဖြစ်သည်။)

“ဝေ့ ဖိုးထူး”

“ဟာ ကိုကြီးစိန်မောင်းတို့ ပြန်ရောက်လာပြီလား ဘယ်လိုလဲအဆင်ပြေရဲ့လား”

“အေး သူကြီးအိမ်မှာ ဆရာကြီးတစ်ယောက်ရောက်နေတယ် အဲ့ဒီ့ဆရာကြီးက တံစူးဝါးလိုတယ်ဆိုလို့ မင်းဆီလာခဲ့တာ မင်းမှာရှိသေးတယ်မလား”

“ဟုတ်ရှိသေးတယ်… ကျွန်တော့မိန်းမကိုသဂြိုလ်တုန်းက သုံးခဲ့တဲ့ဝါးလေ …

ဒီဝါးကို ဆောင်ထားရင် သရဲ၊ တစ္ဆေတွေရန်မပြုနိုင်ဘူးဆိုလို့ ခုထိဆောင်ထားတာ”

“အေးဟုတ်တယ်… အခု အဲ့ဒီ့ဝါးနဲ့ပဲ ငါတို့ရွာကို ဒုက္ခပေးနေတဲ့သရဲကို ညကျရင်နှိမ်နင်းတော့မှာ”

“ဟာ ဟုတ်လား…ဒါဆိုကျုပ်လည်းလိုက်မယ်ဗျာ”

ဤသို့ဖြင့် ညအချိန်သို့ရောက်သောအခါ လူတစ်ယောက်သည် ရွာအလယ်လမ်းအတိုင်းလျှောက်လာပြီး သတ်မှတ်ထားသည့် စည်းဝိုင်းအတွင်း၌ရပ်ကာ ဟိုကြည့်ဒီကြည့်လုပ်နေလေ၏။ ထိုလူမှာ ဆရာကြီးစိုင်းနောင် ဖြစ်သည်။

ထိုအချိန် ဆံပင်အရှည်ကြီးကို ဖားလျားချထားပြီး လက်သည်းရှည်ကြီးများရှိကာ၊ ပါးစပ်အတွင်းမှအစွယ်တွေက အပြင်သို့ထွက်နေသည့် လူကြီးက ဆရာကြီးစိုင်းနောင်၏အနောက်နားကို ရောက်လာလေ၏။ ထိုအချိန် ဆရာကြီးစိုင်းနောင်က လက်ထဲ၌အသင့်ကိုင်ဆောင်ထားသည့် ခြေမန်းကွင်းဖြင့် ထိုလူအားခေါင်းမှစွပ်ချလိုက်လေသည်။

“အား! ပူတယ် ပူတယ်”

ထိုအချိန် သစ်ပင်အကွယ်မှ အားကောင်းမောင်းသန်လူငါးယောက်ထွက်လာပြီး ခြေမန်းစွပ်လျက်ရှိနေသည့်လူအား ငါးဖမ်းသည့်ပိုက်ကွန်များဖြင့် ဖုံးအုပ်ပြီးအပေါ်မှဖိထားကာ ဖမ်းထားလိုက်ကြသည်။

“ဟာ သာဒင် ဒါသာဒင်ပဲ”

“ဝူး….ဝူး….ဝါး…ဝါး….”

“ခင်ဗျားက ဒီလူးကိုသိနေတာလား”

“သိပါတယ် ဆရာကြီး အရင်က ရွာအပြင်မှာနေတဲ့ သာဒင်ပါ”

“ဟုတ်လား…သူက ပေါရိသာဒမှော်သွင်းပြီး လူသားစားတာများနေပြီဖြစ်တဲ့အတွက် အရိုင်းစိတ်လုံးလုံးဝင်နေပြီ သူ့ရဲ့နှလုံးတည့်တည့်ကို တံစူးဝါးနဲ့ထိုးလိုက်ရင်တော့ သူ့ရဲ့အသက်နိဂုံးချုပ်ပါပြီ”

ဆရာကြီးစိုင်းနောင်သည် စကားအနည်းငယ်ပြော၍ ထွက်သွားလေသည်။

ထို့နောက် ဖိုးထူးက “ငါ့ မိန်းမကို သတ်တဲ့ကောင် ရော့” ဟုဆိုပြီး သာဒင်၏ နှလုံးတည့်တည့်အား တံစူးဝါးဖြင့် ထိုးချလိုက်တော့သည်။

“အား!”

သာဒင်၏ နာကျင်စွာဖြင့် အော်လိုက်သည့်အသံကြီးမှာ တစ်ရွာလုံးအားလွှမ်းခြုံသွားတော
့လေသတည်း။

အငြိုးကြီးသူတို့၏ အဆုံးသတ်သည်ကား
မည်သည့်အခါမှ မလှပပေ။

~~ပြီးပါပြီ~~

ဆက်လက်၍ ကြိုစားသွားပါဦးမည်။

စိုင်း(ချယ်ရီမြေ)

Zawgyi Version

အၿငိဳးႀကီးသူ၏ ကလဲ့စား(စ/ဆံုး)
—————————————-
႐ြာ၊ ဇနပုဒ္ အျပင္ဘက္ရွိ တဲအိမ္ကေလးတစ္အိမ္ေရွ႕၌ လူတစ္စုသည္ မီးတုတ္မ်ား၊ ဓား၊ လွံ မ်ားကိုင္ေဆာင္၍ စုစု႐ုံး႐ုံးျဖစ္ေနၾကသည္။ အခ်ိန္ကား ညဆယ္နာရီ။

“ေဟ့… ဦးသာဒင္ ထြက္ခဲ့စမ္း ဘာလဲအခုမွေၾကာက္ေနတာလား ခင္ဗ်ားလုပ္ရဲရင္ ခံရဲမွာေပါ့ကြ…ေဟ ခင္ဗ်ား ေယာက်ာ္းမဟုတ္ဘူးလား”

“သာဒင္…. မင္းကိုငါ မေက်နပ္ဘူး … မင္းေၾကာင့္ ငါ့မိန္းမေသရတာ… မင္းကိုငါျပန္သတ္မယ္”

“ဒုန္း! ဒုန္း! ဒုန္း!”

အေရအတြက္အားျဖင့္ ငါးေယာက္မွ်ရွိသည့္ လူတစ္စုက တဲအိမ္ေလး၏ထရံကို တုတ္ေတြႏွင့္႐ိုက္ၿပီး ေအာ္ဟစ္ႀကိမ္းေမာင္းေနၾကသည္။ သို႔ေသာ္ တဲအိမ္ကေလး အတြင္းမွာေတာ့ ၿငိမ္ဆက္ဆဲ၊ ၿငိမ္သက္ၿမဲပင္။

“ေဟ့လူ… ခင္ဗ်ား ထြက္မလာရင္ ခင္ဗ်ားတဲကို မီးရႈိ႕လိုက္မွာေနာ္… ထြက္ခဲ့ လူယုတ္မာႀကီး”

“ဟုတ္တယ္… ျမန္န္ႂထြက္လာေနာ္… မဟုတ္ရင္ ခင္ဗ်ားရဲတဲ ျပာက်ၿပီမွတ္”

ထိုအခ်ိန္က်မွ တဲအိမ္ကေလးထဲမွ ေရနံဆီမီးခြက္ကေလးကိုင္ကာ လူတစ္ေယာက္ထြက္လာေလ၏။ ထိုလူသည္ အသက္အ႐ြယ္အားျဖင့္ ေလးဆယ္အ႐ြယ္ေလာက္ရွိၿပီး ႏႈတ္ခမ္းေမႊးကားကားႏွင့္ ေသွ်ာင္တစ္ေစာင္းထုံးထားေလသည္။ ထို႔ေနာက္…

“ဘာကိစၥမို႔လို႔ ဒီေလာက္ေတာင္မွ ေအာ္ဟစ္ေသာင္းက်န္းေနတာလဲ”

“ဘာကိစၥလဲ ဟုတ္လား! ခင္ဗ်ားရဲ႕ ပေယာဂေၾကာင့္ က်ဳပ္မိန္းမေသသြားရတာ က်ဳပ္မေက်နပ္ဘူး ခင္ဗ်ားကိုက်ဳပ္ျပန္သတ္မယ္”

လူအုပ္အတြင္းမွ လူတစ္ေယာက္ျဖစ္သည့္ ဖိုးထူးဆိုေသာသူသည္ ငွက္ႀကီးေတာင္ဓား တစ္ျပင္ျပင္ႏွင့္ ေဒါသတႀကီးေျပာေနေလ၏။ ထိုအခါ…

“ေဟ…မင္းမိန္းမကိုငါက ဘာျဖစ္လို႔ သတ္ရမွာလဲကြ…ၿပီးေတာ့ ဘယ္မွာလဲသက္ေသ… မေသခ်ာမေရရာပဲနဲ႔ ဘာျဖစ္လို႔လာစြပ္စြဲေနရတာတုန္း”

“ဘာသက္ေသမွမလိုဘူး ဒီတစ္႐ြာလုံးမွာ ေအာက္တန္းက်တဲ့ နည္းလမ္းေတြနဲ႔ မဟုတ္တာလုပ္တဲ့သူဆိုလို႔ ခင္ဗ်ားပဲရွိတယ္… ဟာ…ၾကာတယ္ကြာ… ခြပ္!”

ဖိုးထူးသည္ ေျပာရင္းဆိုရင္းျဖင့္ သာဒင္၏ မ်က္နာအားေျပးထိုးလိုက္ေလ၏။ ႐ုတ္တရက္ႀကီး အရွိန္ျဖင့္ေျပးထိုးခ်လိုက္သျဖင့္ သာဒင္မွာအေနာက္သို႔ လန္က်သြားၿပီးေျမႀကီးေပၚ၌ ဖင္ထိုင္လ်က္ျဖစ္ေနသည္။ ထိုအခ်ိန္ဖိုးထူးက သူ၏လက္ထဲရွိ ဌက္ႀကီးေတာင္ဓားျဖင့္ သာဒင္၏ လည္ပင္းကို ႐ြယ္ထားေလ၏။ ထို႔ေနာက္…

“ခင္ဗ်ား ဘာတတ္ႏိုင္ေသးလဲ…ဟမ္… က်ဳပ္မိန္းမေသသလို ခင္ဗ်ားလဲေသရမယ္…ရား….”

“ေဟ့ေရာင္ ဖိုးထူး ရပ္လိုက္စမ္း…ေဘးကေကာင္ေတြက ဘာရပ္လုပ္ေနတာလဲ တားၾကေလကြာ…”

“ဟာ! သူႀကီး”

႐ြာသူႀကီး၏ ေအာ္သံေၾကာင့္ ဖိုးထူးတစ္ေယာက္ေနာက္ဆုတ္သြားေလ၏။ သာဒင္ကလည္း မတ္တပ္ထရပ္ကာ ပါးစပ္မွေသြးေတြကို သုတ္ေနေလသည္။ ထို႔ေနာက္ သူႀကီးက…

“မင္းတို႔ဘာအခ်ိဳးခ်ိဳးၾကတာလဲ… ငါ့ကိုပုန္ကန္ၾကတာလားကြ… ေဟ”

“မ..မဟုတ္ပါဘူး သူႀကီး”

“ဒီမွာ ဖိုးထူး မင္းမိန္းမေသတဲ့အမႈကို ၿမိဳ႕ကရဲေတြကိုယ္တိုင္က လူသတ္မႈမဟုတ္ပဲ ေရာဂါေၾကာင့္ေသတာလို႔ ေျပာထားတာ မင္းလည္းသိေနတာပဲေလ… အဲ့ဒါကို ဘာလို႔ သာဒင္ကိုျပႆနာရွာေနရတာတုန္း”

“ဒီကိစၥက ဒီလူႀကီးရဲ႕ ပေယာဂနဲ႔လည္းဆိုင္တယ္ သူႀကီး က်ဳပ္ကေတာ့…”

“ေဟ့ေရာင္ ဖိုးထူး … ငါဒီေလာက္ေျပာေနတာကို မင္းကေရာင့္တက္ေနတာလား ဟုတ္လား… ထိပ္တုံးစာမိခ်င္ေနတာလား…ဟမ္…ေျပာေလ ေဟ့ေရာင္”

“မဟုတ္ပါဘူး…သူႀကီး”

“မဟုတ္ရင္ ျပန္ေတာ့ သြား”

သူႀကီးက ေအာ္ဟစ္ၿပီး
ဆူပူႀကိမ္းေမာင္းလိုက္သည့္အခါမွ ဖိုးထူးသည္ သာဒင္အားတစ္ခ်က္ၾကည့္ကာ “ေတာက္!” ေခါက္ၿပီး ထြက္သြားေတာ့ေလ၏။

“ေမာင္ သာဒင္ ဒီေကာင္ေတြအစား က်ဳပ္ကပဲ ေတာင္းပန္ပါတယ္ဗ်ာ …”

“ရပါတယ္…က်ဳပ္ဘဝနဲ႔က်ဳပ္ေပါ့”

႐ြာသူႀကီးက သာဒင္အား ေတာင္းပန္လိုက္သည့္အခါ သာဒင္က ခပ္ျပတ္ျပတ္သာေျပာၿပီး တဲအိမ္ထဲသို႔ဝင္သြားေလ၏။ ထိုအခါ သူႀကီးကလည္း ဆက္မေျပာေတာ့ပဲ ႐ြာထဲသို႔သာ ျပန္သြားေတာ့သည္။

သာဒင္ တဲအိမ္ေပၚသို႔ေရာက္ေသာ္ သာဒင္၏မိန္းမ ေစာလွျဖစ္သူက…

“က်ဳပ္တို႔ဒီမွာ ဆက္ေနလို႔ျဖစ္ပါ့မလားေတာ္… ႐ြာထဲကလူတစ္ေယာက္ တစ္ခုခုျဖစ္တိုင္း က်ဳပ္တို႔ကိုပဲ ျပႆနာလာရွာေနၾကတယ္”

“ဟူး… ႐ြာထဲမွာေနရတာ ျပႆနာေတြေတာက္ေလ်ာက္တက္လို႔ ႐ြာအျပင္မွာလာေနပါတယ္၊ အဲ့တာေတာင္ ႐ြာအျပင္ထိ ျပႆနာက ေရာက္လာေသးတယ္”

“ကိုသာဒင္ရယ္ က်ဳပ္လည္း သားဦးရတနာေလးကိုလြယ္ထားရတာဆိုေတာ့ အခုကတည္းက သူ႔အတြက္ကိုေတြးၿပီး တစ္ျခားေနရာမွာ သြားေနၾကမလား”

“ေၾသာ္…မိန္းမရယ္ တစ္ျခား႐ြာကလည္းငါတို႔ကို လက္ခံဦးမွေလ… ေတာ္ၾကာ ဟိုေ႐ႊ႕ဒီေ႐ႊ႕နဲ႔မွ ပိုဒုကၡေရာက္ေနဦးမယ္ အနည္းဆုံးေတာ့ ဒီမွာေနရင္း မႈိခ်ိဳး၊ မွ်စ္ခ်ိဳး စားလို႔ရပါေသးတယ္”

“ဒါေပမယ့္လည္း ေတာ္ရယ္…”

“ေတာ္ၿပီ…မေျပာနဲ႔ေတာ့ ဥာဥ့္နက္ေနၿပီ အိပ္ေတာ့မယ္ လာ”

အေရွ႕ဘက္ေတာင္တန္းမ်ားဆီမွ သူရဇၨေနမင္းႀကီိးသည္ အေမွာင္ထုကိုၿဖိဳခြင္းကာ ရဲရင့္တက္ႂကြသည့္ စစ္သူရဲေကာင္းတစ္ေယာက္လို တိုက္ပြဲဝင္ေတာ့မည့္အလား ေပၚထြက္လာေလ၏။

႐ြာ၊ ဇနပုဒ္ အျပင္ရွိ တဲအိမ္ကေလးမွာလည္း မီးခိုးတလူလူျဖင့္ထြက္ေနေလသည္။ ထိုအခ်ိန္ မႈိ၊ ကန္စြန္း ႏွင့္ သစ္သီး၊ သစ္ဥအခ်ိဳ႕ ထည့္ထားသည့္ ပလိုင္းေတာင္းကိုလြယ္ထားသည့္
လူတစ္ေယာက္သည္ တဲအိမ္ကေလးဆီသို႔ ေလွ်ာက္လွမ္းလာေန၏။ ထို႔ေနာက္

“မိန္းမေရ…”

“ေၾသာ္… ကိုသာဒင္ ျပန္လာၿပီလား ဘာေတြပါလာလဲ”

“သိပ္လည္း မ်ားမ်ားစားစားမရပါဘူး …
ကန္စြန္းဥပါတယ္ ထမင္းအိုးက်က္ရင္ ျပဳတ္ထားလိုက္ဦး”

“အင္းပါ…ျပဳတ္ထားလိုက္မယ္ ဒါနဲ႔ေလ က်ဳပ္တို႔မွာ ဆန္ကြဲမရွိေတာ့ဘူး ႐ြာထဲကလည္း ဘယ္သူမွက်ဳပ္ကိုမေရာင္းေတာ့ဘူး”

“ဘာ! ပိုက္ဆံေပးၿပီး ဝယ္တာေတာင္မေရာင္းဘူးလား”

“ဟုတ္ပါ့ေတာ္… ”

“ေတာက္!”

“ဒီတစ္႐ြာလုံးကေတာ့ ငါလုပ္ရင္ အကုန္မ်ိဳးျပဳတ္ေတာ့မယ္ သည္းခံေနတာကိုအေကာင္းမွတ္ေနၾက
တယ္”

သာဒင္၏ေျပာစကားေၾကာင့္ ေစာလွမွာ လန္႔ျဖန္႔သြားေလသည္။ ထို႔ေနာက္…

“ကိုသာဒင္ ေတာ္ေနာ္ ဆရာေတာ္ဆီမွာေပးခဲ့တဲ့ကတိေတြ၊ ဘုရားစင္ေရွ႕မွာ ဒူးေထာက္ၿပီး သစၥာေရေသာက္ခဲ့တာေတြကို ေမ့ေနၿပီလား”

“ေအ… အဲ့တာေၾကာင့္ အခုထိ သည္းခံၿပီးေနေနတာေပါ့၊
အသား၊ ငါးေတာင္မစားေတာ့ပဲ သက္သက္လြတ္ခ်ည္းစားေနတာေလ ဘယ္ႏွႏွစ္ရွိၿပီလဲ”

“စိတ္ေလွ်ာ့ပါ ကိုသာဒင္ရယ္”

“ေအးပါ… ေၾသာ္…ဒါနဲ႔ အရပ္လက္သည္ ေဒၚပြားႀကီးကိုေရာ မီးဖြားဖို႔ အကူအညီေတာင္းထားၿပီလား”

ေစာလွက မည္သည္မွ်ျပန္မေျပပဲ တိတ္ဆိတ္ေနျခင္းေၾကာင့္ သာဒင္က စိတ္မေက်နပ္ျဖစ္သြားေလသည္။ ထို႔ေနာက္…

“မိန္းမ ငါေမးေနတာေျဖေလ”

“ေတာ့္ ေဒါသကိုထိန္းထားေနာ္… က်ဳပ္ေျပာျပမယ္”

“ကြၽတ္…ဘာျဖစ္ျပန္ၿပီလဲ”

“က်ဳပ္ေလ…ေတာ္မနက္က စားစရာထြက္ရွာသြားတုန္းက ေဒၚပြားႀကီးဆီကိုသြားေသးတယ္”

“အင္း”

“ကိုယ္ဝန္ကရင့္ေနၿပီမို႔ မီးဖြားတဲ့အခါ ကူညီေပးပါလို႔လည္း ေကာင္းေကာင္းမြန္မြန္…ေျပာလိုက္တယ္

အဲ့ဒါကို ေဒၚပြားႀကီးက မကူညီႏိုင္ဘူးတဲ့
သူ႔ဆီကိုပါ ပေယာဂေတြ
ေရာက္လာမွာစိုးလို႔တဲ့”

“ဘာကြ! ေတာက္!”

“ကိုသာဒင္ က်ဳပ္ေတာင္းပန္းပါတယ္ စိတ္ကိုထိန္းထားပါ ဒီ႐ြာထဲမွာက ဘယ္သူ႔ကိုမွ အကူအညီေတာင္းတာမရလို႔

ဟိုဘက္႐ြာထဲမွာ ေတာ္တစ္ခ်က္သြားေမးေပးပါလား လက္သည္မဟုတ္ရင္ေတာင္ ေမြးတတ္ဖြားတတ္တဲ့သူဆိုရင္ရပါၿပီ”

သာဒင္သည္ မ်က္ရည္ေလးမ်ားဝဲေနကာ ငိုသံကေလးျဖင့္ေျပာေနသည့္ ေစာလွ၏ မ်က္နာအားျမင္လိုက္ရေသာေၾကာင့္ အလြန္မွ စိတ္မေကာင္းျဖစ္သြားေလသည္။ ထို႔ေနာက္…

“ေအးပါ… မိန္းမရယ္… မနက္ျဖန္က်ရင္ ဟိုဘက္႐ြာကိုသြားေမးေပးမယ္ေနာ္ … မိန္းမလည္းပင္ပန္းေနမွာေပါ့ အခုသြားနားလိုက္ေတာ့ သြား က်န္တာေယာက်ာ္းပဲဆက္လုပ္လိုက္ေတာ့
မယ္”

“အင္းပါ…ဒါဆိုလည္းသြားနားလိုက္ေတာ့မယ္ ေခါင္းနည္းနည္းမူးလာလို႔”

“ေအး ေအး သြား”

သာဒင္သည္ ေစာလွမီးဖြားရန္အတြက္ အေတာ့္ကိုေခါင္းခဲေနေလသည္။ အဘယ့္ေၾကာင့္ဆိုေသာ္ ယခင္က သာဒင္၏ မိုက္ေႂကြးေတြေၾကာင့္ သာဒင္အား မည္သည့္႐ြာကမွလက္မခံေသာေၾကာင့္ပင္။

သာဒင္သည္ ယခုအခါတြင္ေတာ့ မေကာင္းမႈမွန္သမွ်အား စြန္႔ပစ္ကာ ဆင္ျခင္ေနထိုင္ေနၿပီျဖစ္ေသာ္လည္း အတိတ္ကသူ၏ မိုက္ကန္းခဲ့သည့္အျပစ္ဆိုးတို႔အား ဖုံးမရ။ ႐ြာအတြင္းသာမက၊ ႐ြာအနီးပတ္ဝန္းက်င္ကပါ သာဒင္အား အခဲမေၾကၾကသည့္ ကိစၥရပ္မ်ားက ရွိေနေသးသည္။

တစ္ေန႔သ၌ သာဒင္သည္ ထုံးစံအတိုင္း သစ္သီးဝလံမ်ားရွာေဖြရန္အတြက္ မနက္ေစာေစာကတည္းက ျပင္ဆင္ေနေလသည္။ ထိုအခ်ိန္ ေစာလွက…

“ကိုသာဒင္…”

“ေျပာေလ မိန္းမ”

“က်ဳပ္အသားဟင္း စားခ်င္တယ္ေတာ္…”

“ဟင္ ဘယ္လိုျဖစ္တာလဲ”

“မသိဘူး ေမြးခါနီး၊ ဖြားခါနီးမို႔ ခ်ဥ္ျခင္းတက္ေနတာလားမသိဘူး၊ အသားဟင္း တစ္မ်ိဳးမ်ိဳးကို အရမ္းစားခ်င္ေနတယ္၊ ဒီတစ္ခါပဲ စားမွာပါ ေနာက္ဘယ္ေတာ့မွ မစားေတာ့ပါဘူး”

“ေအးပါ…ဟုတ္ပါၿပီ ဒါဆိုလည္း ေယာက်ာ္း သားေကာင္ရေအာင္ပစ္ၿပီးမွပဲ ျပန္လာေတာ့မယ္ နည္းနည္းေတာ့ေနာက္က်မယ္ေနာ္”

“အင္း အင္း”

ထို႔ေနာက္ သာဒင္သည္ မသုံးတာၾကာၿပီျဖစ္သည့္ ျမႇားထည့္ထားသည့္ က်ည္ေတာက္ကိုလြယ္၍ ေလးကိုလက္တစ္ဖက္ကကိုင္ကာ အမဲပစ္ရန္အတြက္ ေတာထဲသို႔ ဝင္လာခဲ့ေတာ့သည္။

အမဲမပစ္တာ ၾကာၿပီျဖစ္ေသာေၾကာင့္ သာဒင္မွာ အခ်ိန္ေတာ္ေတာ္ၾကာေသာ္လည္း မည္သည့္ သားေကာင္မွမရေပ။ မိန္းမျဖစ္သူ ေစာလွကိုသနားသျဖင့္ ‘ေစာလွစားခ်င္ေနသည့္ အသားဟင္းတစ္ခြက္ရရန္အတြက္ သားေကာင္မရရေအာင္ ရွာဖမ္းေပးမည္’ ဟု ဆုံးျဖတ္ထားကာ ႀကိဳးစားပမ္းစားျဖင့္ အမဲလိုက္ေန၏။

အခ်ိန္ေတြမ်ားစြာ ကုန္လြန္လာၿပီးေနာက္ ေနဝင္ရီတေရာအခ်ိန္သို႔ ခ်ဥ္းကပ္လာေလၿပီ။

သာဒင္သည္ ဗိုက္ထဲမွလည္း တဂြီဂြီျမည္ေနေသာ္လည္း ႀကိတ္မွိတ္ခံကာ သားေကာင္ကိုရေအာင္သာ အသည္းအမည္း ရွာေဖြဖမ္းဆီးေနေတာ့သည္။

ဤသို႔ျဖင့္ ေတာတြင္းတစ္ေနရာသို႔ေရာက္ေသာအခါ သာဒင္ႏွင့္ မလွမ္းမကမ္း၌ သမင္တစ္ေကာင္ကိုေတြ႕ေလ၏။ သာဒင္လည္း ဝမ္းသာသြားကာ ေလးကိုအားအကုန္တင္ၿပီး သမင္ဆီသို႔ ပစ္လႊတ္လိုက္ေလသည္။

“႐ႊတ္!”

ျမႇားတစ္ကမ္းစာသာရွိသျဖင့္ သမင္မွာေရွာင္ခ်ိန္မရလိုက္ပဲ ေပါင္းသားကိုျမႇားက ထိမွန္ကာ ေနရာတင္လဲက်သြားေတာ့သည္။

သာဒင္လည္းဝမ္းသာအားရျဖင့္ သမင္အနားသို႔ေျပးသြားေလသည္။ သာဒင္သည္ သမင္အားေကာက္ယူရန္ ဟန္ျပင္လိုက္သည့္အခ်ိန္၌ ထူးဆန္းစြာ သမင္ကထေျပးေတာ့ေလသည္။

သမင္က ထြက္ေျပးလိုက္၊ တစ္ေနရာေရာက္ရင္ရပ္ေနလိုက္ျဖင့္ လုပ္ေနေလသည္။ သာဒင္ကလည္း သူ႔လက္စလက္စကို သိေနသျဖင့္
“ဒီသမင္ ၾကာၾကာေျပးႏိုင္မွာ မဟုတ္ဘူး” ဟုဆိုကာ ေတာက္ေလွ်ာက္လိုက္လာရင္း ေတာနက္အထဲထိ ေရာက္မွန္းမသိေရာက္လာေလသည္။

ထို႔ေနာက္မွ သာဒင္သည္ တစ္ခုခုကိုသေဘာေပါက္သြားေတာ့သည္။

“ဟာ! မဟုတ္ေသးဘူး…ဒီသမင္ အပမွီသြားတာနဲ႔တူတယ္ ငါဆက္လိုက္ေနရင္ သူ႔ေထာင္ေခ်ာက္ထဲဝင္သြားလိမ့္မယ္ မျဖစ္ေသးဘူး…ဟူး…ေစာလွေရ မနက္မွသာ အသားဟင္းနဲ႔စားေတာ့ေနာ္ ဒီေန႔ေတာ့ အခ်ိန္မရွိေတာ့လို ျပန္လာေတာ့မယ္”

သာဒင္သည္ စိတ္ထဲမွ ေရ႐ြတ္လိုက္ၿပီးေနာက္ သားေကာင္ေနာက္မလိုက္ေတာ့ပဲ မိမိအိမ္သို႔သာ ျပန္လာခဲ့ေတာ့သည္။

(အပမွီသည္ ဆိုသည္မွာ သားေကာင္တစ္ေကာင္ ေသသြားၿပီးၿပီးခ်င္းတြင္ အနားတြင္ရွိေနသည္ နာနာဘာဝ၊ သရဲ၊တေစၦက ထိုသားေကာင္၏ခႏၶာအတြင္းသို႔ ဝင္ေရာက္ေနထိုင္ျခင္းကိုဆိုလိုသည္။)

သာဒင္တစ္ေယာက္ သူ႔တဲဆီမေရာက္ခင္ကပင္ ေစာလွ၏အသံကိုၾကားေနရေလသည္။

“အား! နာတယ္….အေမေရ ကယ္ပါဦး…နာလို႔ေသေတာ့မယ္”

သာဒင္လည္းတဲေပၚသို႔အျမန္တက္
သြားလိုက္သည့္အခါ ေစာလွက ကေလးေမြးရန္အတြက္ ေရမႊာေပါက္ေနေလၿပီ။ ခႏၶာကိုယ္ ေအာက္ပိုင္း၌ေရေတြက ႐ႊဲေနေလ၏။

“ဟာ! မိန္းမ မိန္းမ….ခဏေစာင့္ေနာ္…ခဏေလးအားတင္းထားၾကားလား”

သာဒင္သည္ ေျပာေျပာဆိုဆိုျဖင့္ တဲေပၚမွေျပးဆင္းကာ ႐ြာထဲသို႔အေျပးႏွင္ေတာ့ေလသည္။

႐ြာထိပ္သို႔ေရာက္ေသာအခါ ….

“ေဟ့လူ…ခင္ဗ်ားဘယ္သြားမို႔လဲ”

႐ြာထိပ္၌ ကင္းေစာင့္တာဝန္က်ေနသသည့္ ဖိုးထူးကေမးေလသည္။ ဖိုးထူးအပါအဝင္ အျခား႐ြာသားႏွစ္ေယာက္ကလည္း သာဒင္အားအခဲမေၾကသည့္ လူမ်ားထဲ၌ပါဝင္ေနသည္။

“ငါ့ မိန္းမ မီးဖြားေတာ့မွာမို႔လို႔ အရီးေဒၚပြားႀကီးကို လာေခၚတာပါ”

“ေဟ့လူ အပိုေတြေျပာမေနနဲ႔ ခင္ဗ်ားဘယ္သူ႔ကိုဒုကၡေပးခ်င္လို႔ ႐ြာထဲကိုဝင္လာတာလဲ

ခင္ဗ်ားရဲ႕ အေႏွာင့္ပေယာဂေတြေၾကာင့္ က်ဳပ္တို႔႐ြာသားေတြ တစ္ေယာက္ၿပီးတစ္ေယာက္ေသသြားတာကို က်ဳပ္ခုထိမေမ့ဘူး

ေအ…ၿပီးေတာ့ ေနာက္ထပ္ဘယ္သူ႔ကိုမွလည္း ဒုကၡမေရာက္ေစခ်င္ေတာ့လို႔ ခင္ဗ်ားကို႐ြာထဲေပးမဝင္ႏိုင္ဘူး”

ကင္းေစာင့္ တာဝန္က်ေနသည့္
တစ္ေယာက္ျဖစ္ေသာ ဖိုးသားက နာက်ည္းခ်က္မ်ားအျပည့္ပါသည့္
ေလသံျဖင့္ေျပာေနေလ၏။

“ဟာ အဲ့လိုမလုပ္ပါနဲ႔ကြာ … ဖိုးထူး ေျပာေပးပါဦး”

“ဘာေျပာေပးရမွာလဲ… အခုဖိုးသားေျပာတဲ့စကားက ခင္ဗ်ားကို က်ဳပ္တို႔တစ္႐ြာလုံးမွာရွိတဲ့လူေတြအကုန္ ေျပာခ်င္ေနတဲ့စကားပဲ”

ထိုအခါ သာဒင္သည္ မည္သို႔မွမတက္ႏိုင္ပဲ သူ႔အေရွ႕တြင္ပိတ္ေနသည့္ ဖိုးထူးႏွင့္ ဖိုးသားတို႔အား တြန္းထုတ္ၿပီး႐ြာထဲသို႔ေျပးဝင္မည္
အလုပ္တြင္ က်န္ရွိေနသည့္တစ္ေယာက္က သာဒင္အား ဝါးရင္းတုတ္ျဖင့္ လွမ္း႐ိုက္လိုက္ေလသည္။

“ေျဖာင္း!”

အားအလြန္ပါသည့္ ႐ိုက္ခ်က္ႀကီးေၾကာင့္ သာဒင္မွာေက်ာေကာ့သြားကာ ေျမျပင္ေပၚသို႔ဒူးေထာက္က်သြားသည္။ ထိုအခ်ိန္ ဖိုးထူးကေျပးလာၿပီး သာဒင္၏မ်က္နာအား ေျခေထာက္ျဖင့္ ကန္ထုတ္လိုက္သည္။ သာဒင္လဲက်သြားသည္။ သို႔ေသာ္လည္း နာက်င္မႈကို အန္တု၍ အားတင္းၿပီးကုန္းထလာသည္။ ထိုအခ်ိန္ ဖိုးသား၏ အားပါလွသည့္ ဝိုက္လက္သီးႀကီးက သာဒင္၏ေမး႐ိုးသို႔ လ်င္ျမန္စြာပစ္ဝင္လာေလသည္။

“ခြပ္!”

ဖိုးထူးတို႔ သုံးေယာက္သားသည္ တစ္ေယာက္တစ္လွည့္ျဖင့္ သာဒင္အား လ်င္ျမန္စြာတိုက္ခိုက္ေနေသာေၾကာင့္ သာဒင္မွာ ျပန္လည္ခုခံခ်ိန္ေတာင္မရပဲ အလူးအလဲခံေနရသည္။

ထို႔ေနာက္ ဖိုးထူးသည္ သူ၏လက္စြဲေတာ္ျဖစ္သည့္ ငွက္ႀကီးေတာင္ဓားႀကီးျဖင့္ သာဒင္၏လည္ပင္းအား ေထာက္ထားလိုက္သည္။

“ေဟ့လူ က်ဳပ္စကားကို ရွည္ရွည္ေဝးေဝးမေျပာခ်င္ဘူး ခင္ဗ်ား ေရွ႕တစ္လွမ္းတိုးတာနဲ႔ ဇတ္ျပတ္ဖို႔သာျပင္ေပေတာ့”

ဖိုးထူးသည္ လက္ရဲ၊ ဇက္ရဲ ရွိေနသည့္သူတစ္ေယာက္ဆိုသည္ကို သာဒင္ကသိေနသျဖင့္ လက္ေလွ်ာ့ကာ သူ႔တဲဆီသို႔ ျပန္လာခဲ့ေတာ့သည္။

တဲအိမ္ဆီေရာက္ေသာအခါ တဲကေလးကမီးေမွာင္ေနသည္။ သာဒင္လည္းလန္႔သြားကာ အိမ္ေပၚေျပးတက္လာသည္ ထို႔ေနာက္ သစ္သားမီးျခစ္ဆံကေလးျဖင့္ မီးခတ္ကာ ေရနံဆီမီးခြက္အား ထြန္းညႇိလိုက္ေလ၏။

“ဟာ!…ေစာလွ…ေစာလွေရ…မိန္းမ မိန္းမ”

ေရနံဆီမီးခြက္၏ အလင္းေရာင္ေအာက္၌ ေစာလွသည္ သူ၏ခႏၶာကိုယ္ေအာက္ပိုင္းတစ္ခုလုံးတြင္ ေသြးမ်ား႐ႊဲစိုေနကာ ေသဆုံးေနေလ၏။

“ဟီး…ဟီး…မိန္းမေရ…ငါ့ကိုထားသြားခဲ့ၿပီလားဟာ… မိန္းမေရ”

နဂိုကတိတ္ဆိတ္ေနသည့္ တဲအိမ္ကေလးထဲ၌ သာဒင္၏ေအာ္ဟစ္ငိုေႂကြးသံက ဖုံးလႊမ္းသြားေလသည္။

“ေတာက္!… ငါမေက်နပ္ဘူး တစ္႐ြာလုံးကိုမေက်နပ္ဘူး… ငါ့ပညာနဲ႔မင္းတို႔တစ္႐ြာလုံးကို လက္စားျပန္ေခ်ျပမယ္ ေစာင့္ေန… ေစာင့္ေန…တစ္႐ြာလုံး ေသဖို႔သာျပင္ထား”

ထို႔ေနာက္…သာဒင္သည္ ဘုရားစင္အေရွ႕၌ ဒူးေထာက္ထိုင္ကာ

“အရွင္ဘုရား… ဘုရားတပည့္ေတာ္သည္
ယခင္အခ်ိန္က မေကာင္းသည့္ ေအာက္လမ္းပညာအားအသုံးမျပဳေတာ့ပါ
ဆိုၿပီး အရွင္ဘုရားေရွ႕၌ သစၥာေရေသာက္ကာ က်ိန္ဆိုခဲ့ပါသည္။ ေအာက္လမ္းပညာရပ္ကိုလည္း စြန္႔လႊတ္ခဲ့သည္မွာ ငါးႏွစ္ရွိပါၿပီ

ယခုအခါ တပည့္ေတာ္၏အေျခအေနတစ္ခုေၾကာင့္
ထိုေအာက္လမ္းပညာအား တစ္ဖန္ျပန္၍အသုံးျပဳပါေတာ့မည္

ျဖစ္လာမည့္ ျပႆနာအက်ိဳးဆက္၊ အကုသိုလ္ ငရဲအား တပည့္ေတာ္ေက်ေက်နပ္နပ္ႀကီး
ခံယူပါမည္ဘုရား”

ထို႔ေနာက္ သာဒင္သည္ ဦးသုံးႀကိမ္ခ်ၿပီးေနာက္ လိုအပ္သည့္ပစၥည္းပစၥယမ်ားကို ထုပ္ပိုးကာ တဲအိမ္ကေလးဆီမွ ထြက္ခြာသြားေတာ့သည္။

တဲအိမ္ကေလးကေတာ့ မီးေလာင္၍ က်န္ရစ္ခဲ့ေလၿပီ။ ႐ြာအျပင္၌ရွိေနသည့္ တဲကေလးျဖစ္သည့္အတြက္ မည္သူမွ် ဂ႐ုမစိုက္ၾကသျဖင့္ လ်င္ျမန္စြာေတာက္ေလာင္ေနသည့္ မီးအဟုန္၏ေအာက္၌ ျပာက်သြားေလ၏။

ေစာလွ၏ အေလာင္းသည္လည္း တဲအိမ္ကေလးႏွင့္အတူ ျပာပုံဘဝသို႔ ေရာက္ရွိခဲ့ေလသည။ သို႔ေသာ္ သာဒင္သည္ ေစာလွအား မသၿဂိဳလ္ေသးခင္က ေစာလွ၏လက္ေမာင္းမွ အသားမ်ားကိုလွီးယူကာ ေသခ်ာထုပ္ပိုး၍ ယူေဆာင္သြားေလ၏။ အဘယ့္ေၾကာင့္ဆိုေသာ္…

ဤသို႔ျဖင့္ ရက္ေတြ၊ လေတြ ကုန္လြန္ခဲ့ေလၿပီ။ ေသေသာသူၾကာရင္ေမ့ ဆိုသည့္စကားအတိုင္း ေစာလွတို႔လင္မယားအား တစ္႐ြာလုံးက ေမ့ပစ္လိုက္ေလသည္။ တစ္ခ်ိဳ႕က ေစာလွတို႔ လင္မယား ႏွစ္ေယာက္လုံးေသသြားၿပီ ဟုဆိုသလို တစ္ခ်ိဳ႕ကလည္း ေစာလွတစ္ေယာက္တည္းသာ မီးေလာင္၍ ေသသြားသည္ဟုဆို အမ်ိဳးမ်ိဳးဆိုၾကေလသည္။

တစ္ေန႔သ၌…

“သူႀကီး…သူႀကီး…သူႀကီးေရ”

“ေဟ့… စိန္ေမာင္း ဘယ္လိုျဖစ္လို႔ အနင္းကန္ေတြေအာ္ေနတာတုန္း ဝင္လာခဲ့ၿခံထဲကို”

“သ..သ..သူႀကီး ႐ြာထိပ္မွာ လူအ႐ိုးေတြ”

“ေဟ… ”

“ဟုတ္တယ္ … က်ဳပ္မနက္က လယ္ထဲဆင္းေတာ့႐ြာထိပ္မွာ အ႐ိုးစုႀကီးေတြ႕တယ္ အသားဆို ဘာအသားမွကို မက်န္ေတာ့တာ
ေသြးေတြကလည္းလတ္လတ္ဆတ္ဆတ္ပဲ ျဖစ္ထားတာမၾကာေသးဘူး”

“ဟုတ္လား…မွန္းစမ္း…ငါ့လိုက္ျပစမ္း”

ဤသို႔ျဖင့္ ႐ြာသူႀကီးႏွင့္စိန္ေမာင္းသည္ ႐ြာထိပ္သို႔ထြက္ခြာေလသည္။ ႐ြာထိပ္ရွိ ေညာင္ပင္ႀကီးတစ္ပင္ေအာက္ သို႔ေရာက္ေသာအခါ

“ဟာ…လူအ႐ိုးစုပဲကြ… ကဲ စိန္ေမာင္းေရ မင္းက ႐ြာထဲျပန္ၿပီး ကာလသားေတြနည္းနည္းသြားေခၚ ဒါႀကီးကိုေျမျမဳပ္ဖို႔လုပ္ၾကရမယ္
ျမန္ျမန္သြား ငါဒီမွာေစာင့္ေနမယ္”

“ဟုတ္ ဟုတ္ သူႀကီး”

ထို႔ေနာက္ သူႀကီးသည္ ထိုအ႐ိုးစုႀကီးအား ပတ္ၾကည့္ကာ အေျခအေနကိုေလ့လာေန၏။ ထို႔ေနာက္ အ႐ိုးစုႏွင့့္မလွမ္းမကမ္းရွိ ေျမျပင္ေပၚ၌ “တစ္႐ြာလုံးကို မေက်နပ္ဘူး” ဟူေသာ ေသြးျဖင့္ေရးသားထားသည့္စာကို သူႀကီးက ေတြ႕သြားေလ၏။

“ဟာ!”

ထို႔ေနာက္ ထိုအ႐ိုးစုအားဖ်ာလိတ္ႏွင့္ပတ္၍ ေျမျမဳပ္ရန္အတြက္ သခ်ႋဳင္းသို႔ ေရာက္လာၾကေလ၏။ သူႀကီးကလည္း ထိုကဲ့သို႔ထူးထူးဆန္းဆန္းကိစၥႀကီးျဖစ္ပ်က္သြားသျဖင့္ အရာရာအား သတိထားၿပီး ႀကီးၾကပ္ကြပ္ကဲေနသည္။

“သူႀကီးေရ… သူႀကီး…”

“သူႀကီး ဒီကိုခဏလာၾကည့္ပါဦး”

႐ြာသားတစ္ေယာက္၏
ေအာ္ေခၚသံေၾကာင့္ သူႀကီးသည္အသံၾကားရာ ဇရပ္အေပၚသို႔ ေရာက္ရွိလာေလသည္။ ဇရပ္၏ ၾကမ္းျပင္တြင္လည္း “တစ္႐ြာလုံးကို မေက်နပ္ဘူး”ဟု ေသြးျဖင့္ေရးသားထားသည့္ စာတန္းအား ေတြ႕လိုက္ရေလသည္။

“သူႀကီး… ဒီမွာေနတာဆိုလို႔ သုဘရာဇာတစ္ေယာက္ပဲ ရွိတယ္

ၾကည့္ရတာ မေကာင္းဆိုးဝါးတစ္ေကာင္က
သုဘရာဇာကိုစားပစ္ၿပီး ႐ြာထိပ္မွာလာလႊင့္ပစ္ထားတာလား”

“မေကာင္းဆိုးဝါးဆိုလို႔ ဟိုတစ္ေလာကေသသြားတဲ့ ေစာလွတို႔လင္မယားမ်ားလား”

႐ြာသားႏွစ္ေယာက္က သူတို႔အထင္အျမင္ကို ေျပာေနသည့္အခါ သူႀကီးက…

“ဒါေတာ့ အတပ္ေျပာမရေသးဘူး၊ ထားပါ ေလာေလာဆယ္ ဒီအ႐ိုးစုကိုျမဳပ္ၿပီးရင္ ငါ့အိမ္မွာ ေန႔လယ္တစ္နာရီ အစည္းအေဝးလုပ္မယ္လို႔ တစ္႐ြာလုံးကို လိုက္ေျပာထား ၾကားလား”

“ဟုတ္ သူႀကီး…”

သူႀကီးသည္ ထိုသို႔စီစဥ္ေပးၿပီးေနာက္ အ္ိမ္သို႔ျပန္လာေလသည္။ ထို႔ေနာက္ သူႀကီး၏ မွာၾကားခ်က္အတိုင္း ေန႔လည္တစ္နာရီေရာက္ေတာ့ သူႀကီးအိမ္၌ တစ္႐ြာလုံးက ႐ြာသူ၊ ႐ြာသားမ်ားက အစည္းအေဝးလုပ္ရန္အတြက္ စု႐ုံးေနၾကေလသည္။

အစည္းအေဝး၌ မနက္ကျဖစ္ပ်က္ခဲ့သည့္ အျဖစ္အပ်က္ႏွင့္ စပ္လ်ဥ္း၍ ည ခုနစ္နာရီထိုးသည္ႏွင့္မည္သူမွ် အိမ္အျပင္မထြက္ရဟု အမိန္႔ထုတ္လိုက္ေလသည္။ ထို႔ေနာက္ ကင္းေစာင့္ရမည့္လူမ်ား ႏိုးႏိုးၾကားၾကားေနရန္ မွာထားၿပီး၊ ကင္းတဲ တစ္တဲတြင္ လူငါးေယာက္အထိ ေစာင့္ၾကည့္ရန္ ေျပာၾကားလိုက္ေလသည္။

ဤသို႔ျဖင့္ အစည္းအေဝးၿပီးသြားသည့္အခါ ႐ြာသူ၊ ႐ြာသားမ်ားက မိမိအိမ္သို႔ အလ်ိဳလ်ိဳျပန္သြားၾကေတာ့သည္။ ခဏၾကာေတာ့…

“သူႀကီး…သူႀကီးေရ”

“ေဟ ဘာျဖစ္ျပန္ၿပီလဲဟ အသည္းအသန္နဲ႔”

“အရီး မိဝိုင္းရဲ႕ သားေလးအ႐ိုးစုပဲက်န္ၿပီး ေသေနၿပီဗ်”

“ေဟ ဟုတ္လို႔လား”

“ဟုတ္တယ္သူႀကီး ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္ေနေတာ့ အစကဘယ္သူမွန္းမသိဘူး ၿပီးမွ အက်ႌအဝတ္အစားေတြေတြ႕မွ အရီးမိဝိုင္းရဲ႕ သားဆိုတာကိုသိတာ

အရီးမိဝိုင္းက ဒီမွာအစည္းအေဝးလာတက္ေနတုန္း သူ႔သားကအိပ္ေနလို႔ တံခါးပိတ္ၿပီး တစ္ေယာက္တည္းထားခဲ့တာတဲ့”

“ဟာ… မျဖစ္ေသးဘူး လာလာ ျမန္ျမန္သြားၾကမယ္”

ဤသို႔ျဖင့္ သူႀကီးသည္ မိဝိုင္း၏ အိမ္သို႔ေရာက္လာေသာအခါ အက်ႌအဝတ္အစား ဝတ္လ်က္သားေလးျဖစ္ေနသည့္ အ႐ိုးစုကေလးအား ဖတ္ၿပီးငိုေနရွာသည့္ မိဝိုင္းကို ေတြ႕ေလသည္။ ပါးစပ္မွလည္း.စကားေတြကို မရပ္မနားေျပာေနေလ၏။

“သားေလး…သားေလး… ဟင္ သရဲ သရဲ၊ သရဲ သာဒင္ ငါ့သားေလးကိုစားသြားတာ ဟား ဟား ဟား ငါသူ႔မ်က္နာကို လွမ္းေတြ႕လိုက္တယ္ သာဒင္မွ သာဒင္ဟဲ့ ဟား ဟား ဟား

သားေလးေရ အိပ္ေတာ့ေနာ္…ကြၽတ္ ကြၽတ္ ကြၽတ္ အို အို႔ အို…

ဟီး…ဟီး…ငါ့သားေလးရယ္ အျဖစ္ဆိုးလိုက္တာ…ဟီး…ဟီး…”

“အရီးေရ အရီး သတိထားပါဦး”

မိဝိုင္းသည္ ေတာ္ၾကာရယ္လိုက္၊ ေတာ္ၾကာငိုလိုက္ျဖစ္ကာ စိတ္လြတ္သြားေလ၏။ ထိုအခါ ႐ြာသားတစ္ေယာက္က

“သူႀကီး အေျခအေနမဟန္ေတာ့ဘူး ေန႔ခင္းဘက္ႀကီးေတာင္မွ ဒီလိုေတြျဖစ္ေနတာ ညဘက္ဆို ဘယ္လိုလုပ္ၾကမလဲ သူႀကီး”

“ေအး… မိဝိုင္းေျပာသလိုဆို သာဒင္သရဲက သူ႔သားကိုစားသြားတယ္

ဒါေပမယ့္ ေန႔ခင္းေၾကာင္ေတာင္ႀကီး သရဲကလူတစ္ေယာက္ကို အ႐ိုးပဲက်န္ေတာ့တဲ့အထိ စားသြားတဲ့အျဖစ္မ်ိဳးကိုေတာ့ ငါ့တသက္နဲ႔တစ္ကိုယ္ မၾကားဖူးေသးဘူး”

“ကြၽန္ေတာ္တို႔ သရဲေတြ၊ ဘာေတြႏိုင္တဲ့ ပုဂၢိဳလ္ေတြကို သြားရွာၿပီး ပင့္မွရေတာ့မယ္ သူႀကီး”

“ငါလည္း အဲ့တာေျပာမလို႔ ကဲဒီလိုလုပ္ စိန္ေမာင္းေရ မင္းပဲဦးေဆာင္ၿပီး ႐ြာကလူသုံးေယာက္ေလာက္ေခၚသြား

ၿပီးရင္ တစ္႐ြာဝင္၊ တစ္႐ြာထြက္ၿပီးသာ ဒီကိစၥရပ္နဲ႔ပတ္သတ္တဲ့ ဆရာေတြကို ပင့္လာခဲ့ေပေတာ့ကြာ”

“ဟုတ္ ဟုတ္သူႀကီး ဒါဆိုအခ်ိန္မလင့္ခင္ အခုပဲသြားလိုက္ေတာ့မယ္”

“ေအး ေအး”

“ကဲ…ဖိုးထူး၊ ဖိုးသားတို႔ကေတာ့ အသုဘကိုေျမခ်ဖို႔ ျပင္လိုက္ေတာ့”

“ဟုတ္ သူႀကီး”

ဤသို႔ျဖင့္ စိန္ေမာင္းတို႔သည္ တစ္႐ြာဝင္၊ တစ္႐ြာထြက္ၿပီး ဆရာလိုက္ရွာတာ သုံးရက္မွ် ရွိေလၿပီ။ ဆရာဆိုေသာသူမ်ားေတြ႕ေသာ္လည္း အျဖစ္အပ်က္ကို ေျပာျပလိုက္သည့္အခါ မည္သူမွ် မလိုက္ဝံ့ေတာ့ပဲ လက္ေရွာင္သြားၾကသည္။

တစ္ေန႔သ၌ ညေနေစာင္းအခ်ိန္ေလာက္တြင္ စိန္ေမာင္းတို႔အဖြဲ႕ ႐ြာသို႔ျပန္ေရာက္လာေလ၏။ ယခင္က ကေလးငယ္မ်ား ေအာ္ရယ္ၿပီး ေျပးလႊားေဆာ့ကစားေနသည့္ ႐ြာလမ္းထဲတြင္ ယခုေတာ့ တိတ္ဆိတ္ၿငိမ္သက္ေနသည္။ စိန္ေမာင္းတို႔ကလည္း သူႀကီးအိမ္သို႔သာ တစ္ခါတည္းတန္းသြားေတာ့ေလ၏။ စိန္ေမာင္းတို႔ကို ေတြ႕ေသာအခါသူႀကီးက အားကိုးတႀကီးျဖင့္ လွမ္းေမးလိုက္ေလသည္။

“ဟာ စိန္ေမာင္းေရ ဘယ္လိုလဲ အဆင္ေျပခဲ့လား”

“အဆင္မေျပပါဘူးဗ်ာ ဆရာေတြေတာ့ ေတြ႕တယ္ ဘယ္ဆရာမွမလိုက္ရဲၾကတာဗ်”

“ခက္ေတာ့ ခက္ေနၿပီ စိန္ေမာင္းေရ မင္းတို႔သြားတဲ့ သုံးရက္မွာ တို႔႐ြာကလူသုံးေယာက္ေသသြားၿပီ”

“ဟုတ္တယ္ကြ”

“သူႀကီးေရ သူႀကီး”

သူႀကီးႏွင့္စိန္ေမာင္း စကားေျပာေနသည့္အခ်ိန္တြင္ ၿခံဝမွ ႐ြာသားတစ္ေယာက္က ေပ်ာ္႐ႊင္ေနကာ လွမ္းေအာ္ေခၚေလ၏။

“သူႀကီးေရ…ဒီမွာ ဆရာတစ္ေယာက္ ပါလာတယ္ဗ်ိဳ႕”

“ဟာ ဟုတ္လား လာ လာ ေခၚလာခဲ့”

ဤသို႔ျဖင့္သူႀကီးသည္ ဝမ္းသာသြားၿပီး ထိုဆရာအားဘုရားခန္းအေရွ႕၌ ေနရာထိုင္ခင္းေပးေလ၏။

“က်ဳပ္နာမည္ကို စိုင္းေနာင္လို႔ပဲမွတ္ထားလိုက္… အထက္ပုဂၢိဳလ္ေတြရဲ႕ ၫႊန္ၾကားမႈေၾကာင့္ ခုႏွစ္ရက္သား၊ သမီးေတြကို ကယ္တင္ဖို႔ က်ဳပ္ဒီ႐ြာကိုေရာက္လာတာပါ”

စကားေျပာလိုက္သည့္အသံတြင္
ၾသဇာအာဏာ အျပည့္ပါဝင္ေနသည္။
ဦးေခါင္းတြင္ ပိုးပုဝါ ပန္းေရာင္ေပါင္းထားၿပီး ပင္နီ အက်ႌႏွင့္ ပင္နီ ေဘာင္ဘီဝတ္ထားသည့္ ရွမ္းဆရာႀကီးက ေျပာေနေလသည္။ အသက္အ႐ြယ္အားျဖင့္ ေျခာက္ဆယ္ေလာက္ရွိမည္ဟု ခန္႔မွန္းရေသာ္လည္း အ႐ြယ္ႏွင့္မလိုက္ေအာင္ပင္ သန္မာ၊ ဖ်တ္လတ္ေနေလ၏။

“ေက်းဇူးတင္ပါတယ္ဆရာႀကီး၊ က်ဳပ္တို႔႐ြာမွာ လူေသတာ ငါးေယာက္ေတာင္ရွိေနပါၿပီ

ေသတဲ့လူေတြအကုန္လုံးက အ႐ိုးစုပဲက်န္ေတာ့တဲ့အထိ သတ္ၿပီးစားခံရတာပါ

ဆရာႀကီးလိုအပ္တာမွန္သမွ်ေျပာပါ၊ ခိုင္းပါဆရာႀကီး အားမနာပါနဲ႔ ”

“ေၾသာ္… ေပါရိသာဒ…ေပါရိသာဒ…”

ရွမ္းဆရာႀကီးက ဦးေခါင္းကိုတဆတ္ဆတ္ ၿငိမ့္ေနရင္း…

“လိုအပ္တာကေတာ့ တံစူးဝါးရယ္၊ အားေကာင္းေမာင္းသန္လူ ငါးေယာက္ေလာက္ဆိုရပါၿပီ”

“ဟုတ္ ရပါတယ္ ဆရာ ဒါနဲ႔ဆရာႀကီး ဘယ္ေတာ့ အစီအစဥ္စၾကမလဲဗ်”

“ဒီည”

ထို႔ေနာက္ ရွမ္းဆရာႀကီး စိုင္းေနာင္သည္ ဘုရားစင္ေရွ႕၌ ပုတီးစိပ္ကာ အဓိဌာန္ဝင္ေနေလသည္။

ထိုအခ်ိန္ ဆရာႀကီးစိုင္းေနာင္၏မွာၾကားခ်က္အတိုင္း စိန္ေမာင္းတို႔အဖြဲ႕သည္ တံစူးဝါးကို ယူရန္အတြက္ ဖိုးထူးအိမ္သို႔ေရာက္လာေလ၏။

(တံစူးဝါးဆိုသည္မွာ အသုဘအားသၿဂိဳလ္သည့္အခါ၌ ေဆာင့္ထိုးသည့္ဝါးျဖစ္သည္။)

“ေဝ့ ဖိုးထူး”

“ဟာ ကိုႀကီးစိန္ေမာင္းတို႔ ျပန္ေရာက္လာၿပီလား ဘယ္လိုလဲအဆင္ေျပရဲ႕လား”

“ေအး သူႀကီးအိမ္မွာ ဆရာႀကီးတစ္ေယာက္ေရာက္ေနတယ္ အဲ့ဒီ့ဆရာႀကီးက တံစူးဝါးလိုတယ္ဆိုလို႔ မင္းဆီလာခဲ့တာ မင္းမွာရွိေသးတယ္မလား”

“ဟုတ္ရွိေသးတယ္… ကြၽန္ေတာ့မိန္းမကိုသၿဂိဳလ္တုန္းက သုံးခဲ့တဲ့ဝါးေလ …

ဒီဝါးကို ေဆာင္ထားရင္ သရဲ၊ တေစၦေတြရန္မျပဳႏိုင္ဘူးဆိုလို႔ ခုထိေဆာင္ထားတာ”

“ေအးဟုတ္တယ္… အခု အဲ့ဒီ့ဝါးနဲ႔ပဲ ငါတို႔႐ြာကို ဒုကၡေပးေနတဲ့သရဲကို ညက်ရင္ႏွိမ္နင္းေတာ့မွာ”

“ဟာ ဟုတ္လား…ဒါဆိုက်ဳပ္လည္းလိုက္မယ္ဗ်ာ”

ဤသို႔ျဖင့္ ညအခ်ိန္သို႔ေရာက္ေသာအခါ လူတစ္ေယာက္သည္ ႐ြာအလယ္လမ္းအတိုင္းေလွ်ာက္လာၿပီး သတ္မွတ္ထားသည့္ စည္းဝိုင္းအတြင္း၌ရပ္ကာ ဟိုၾကည့္ဒီၾကည့္လုပ္ေနေလ၏။ ထိုလူမွာ ဆရာႀကီးစိုင္းေနာင္ ျဖစ္သည္။

ထိုအခ်ိန္ ဆံပင္အရွည္ႀကီးကို ဖားလ်ားခ်ထားၿပီး လက္သည္းရွည္ႀကီးမ်ားရွိကာ၊ ပါးစပ္အတြင္းမွအစြယ္ေတြက အျပင္သို႔ထြက္ေနသည့္ လူႀကီးက ဆရာႀကီးစိုင္းေနာင္၏အေနာက္နားကို ေရာက္လာေလ၏။ ထိုအခ်ိန္ ဆရာႀကီးစိုင္းေနာင္က လက္ထဲ၌အသင့္ကိုင္ေဆာင္ထားသည့္ ေျခမန္းကြင္းျဖင့္ ထိုလူအားေခါင္းမွစြပ္ခ်လိုက္ေလသည္။

“အား! ပူတယ္ ပူတယ္”

ထိုအခ်ိန္ သစ္ပင္အကြယ္မွ အားေကာင္းေမာင္းသန္လူငါးေယာက္ထြက္လာၿပီး ေျခမန္းစြပ္လ်က္ရွိေနသည့္လူအား ငါးဖမ္းသည့္ပိုက္ကြန္မ်ားျဖင့္ ဖုံးအုပ္ၿပီးအေပၚမွဖိထားကာ ဖမ္းထားလိုက္ၾကသည္။

“ဟာ သာဒင္ ဒါသာဒင္ပဲ”

“ဝူး….ဝူး….ဝါး…ဝါး….”

“ခင္ဗ်ားက ဒီလူးကိုသိေနတာလား”

“သိပါတယ္ ဆရာႀကီး အရင္က ႐ြာအျပင္မွာေနတဲ့ သာဒင္ပါ”

“ဟုတ္လား…သူက ေပါရိသာဒေမွာ္သြင္းၿပီး လူသားစားတာမ်ားေနၿပီျဖစ္တဲ့အတြက္ အ႐ိုင္းစိတ္လုံးလုံးဝင္ေနၿပီ သူ႔ရဲ႕ႏွလုံးတည့္တည့္ကို တံစူးဝါးနဲ႔ထိုးလိုက္ရင္ေတာ့ သူ႔ရဲ႕အသက္နိဂုံးခ်ဳပ္ပါၿပီ”

ဆရာႀကီးစိုင္းေနာင္သည္ စကားအနည္းငယ္ေျပာ၍ ထြက္သြားေလသည္။

ထို႔ေနာက္ ဖိုးထူးက “ငါ့ မိန္းမကို သတ္တဲ့ေကာင္ ေရာ့” ဟုဆိုၿပီး သာဒင္၏ ႏွလုံးတည့္တည့္အား တံစူးဝါးျဖင့္ ထိုးခ်လိုက္ေတာ့သည္။

“အား!”

သာဒင္၏ နာက်င္စြာျဖင့္ ေအာ္လိုက္သည့္အသံႀကီးမွာ တစ္႐ြာလုံးအားလႊမ္းၿခဳံသြားေတာ
့ေလသတည္း။

အၿငိဳးႀကီးသူတို႔၏ အဆုံးသတ္သည္ကား
မည္သည့္အခါမွ မလွပေပ။

~~ၿပီးပါၿပီ~~

ဆက္လက္၍ ႀကိဳစားသြားပါဦးမည္။

စိုင္း(ခ်ယ္ရီေျမ)