Unicode Version
မောင်ရေခဲ နှင့် အောက်ဝိဇ္ဇာသာဝ(စ/ဆုံး)
————————————————–
မောင်ရေခဲတို့ဆရာတပည့်နှစ်ယောက် မိမိတို့၏ဇာတိမြေသို့ပြန်လာခဲ့ကြသည်။ အကြောင်းမှာ မွေးမိခင်ဖြစ်သူဒေါ်အေးမေ အတော်လေးနေမကောင်းဖြစ်သောကြောင့်ပင်။ မိခင်ဖြစ်သူအတွက် သူမပြန်၍မဖြစ်။ သားသမီးဟူ၍သူတစ်ယောက်တည်းသာ ရှိသည်မဟုတ်ပါလား။ မိခင်နှင့်ဖခင်သည် အသက်ကြီးပြီဖြစ်သောကြောင့် ဇရာ၏အထုအထောင်းဒဏ်ကြောင့် နေမကောင်းဖြစ်သည်လည်းပါမည်။
မောင်ရေခဲအိမ်သို့ပြန်ရောက်သော် အိပ်ယာထဲ၌လှဲနေသည့်မိခင်ဖြစ်သူကိုတွေ့ရသည်။ အသက်ကြီးပြီဖြစ်သောကြောင့်တစ်ကြောင်း နေမကောင်း၍တစ်ကြောင်းကြောင့် မိခင်မှာပိန်ချုံး၍ အားအင်ချည့်နဲှဲ့နေရှာသည်။ ဖခင်ဖြစ်သူကား မိခင်၏ဘေးတွင်ထိုင်လျက် စိတ်သောကရောက်နေဟန်ရှိသည်။ မောင်ရေခဲတို့ဆရာတပည့်အိမ်ထဲဝင်လာသည်နှင့် ဖခင်ကဝမ်းသာအားရဖြင့်
” လူကေလး….အိမ်ပြန်ရောက်ပြီလားကွဲ့….”
” ဟုတ်ကဲ့ပြန်ရောက်ပါပြီအဖေ….အမေဘယ်လိုများဖြစ်ရတာလဲဗျ….”
” တနေ့က အိမ်နောက်ဖေးမှာအလုပ်တွေလုပ်ရင်း ချွေးတွေထွက်တယ်လေ…အဲဒါကိုနံလို့ဆိုပြီး ရေချိုးလေရဲ့….အဲဒါကြောင့်ဖြစ်တာလို့အဖေထင်တာဘဲကွဲ့….”
ဖခင်က မိခင်နိူးလာမည်စိုး၍ တိုးတိုးလေးပြောပြရှာသည်။
” ကျွန်မနိူးနေပါပြီတော်…တိုးတိုးလေးပြောမနေနဲ့…ကျွန်မသားလေးပြန်လာမှာသိလို့တမင်စောင့်နေတာ….သားလေးမေ့နားလာပါဦးကွယ်…”
ဒေါ်အေးမေကထိုသို့ပြောပြီး အိပ်ယာမှထ ပြီးခေါင်းအုံးကိုကျော၌ချပ်ကာ ထိုင်လိုက်၏။
မောင်ရေခဲလည်း မိခင်ဖြစ်သူအနားလာပြီး
” ဘယ်လိုဖြစ်ရတာလဲအမေရယ်….ကျန်းမာရေးဂရုစိုက်ပါလို့သားသေချာမှာထားရက်နဲ့….”
” ဪသားရယ်…အမေလည်း သားကုပေးတာခံချင်လို့ပေါ့ကွယ်….ကိုယ့်သားလေးကတပါးသူကျကုသပေးပြီး အမေ့ကိုတော့မေ့ထားမလို့လား….”
” ပေါက်ကရတွေအမေရယ်….အမေကျန်းကျန်းမာမာရှိနေတော့ပိုမကောင်းဘူးလားလို့….”
” အမေစတာပါကွယ်…. ကဲသားငယ်လေးလည်းအမေ့နားလာပါဦးကွယ်…မေ့သားနှစ်ယောက်ကအရွယ်တွေရောက်နေကြပြီဘဲ….ကိုခင် တော့သားတွေစားဖို့တစ်ခုခုလုပ်ပေးဦးလေကွယ်…ကလေးတွေခရီးနှင်လာရတာဆာနေလောက်ရောပေါ့….”
” နေပါစေအမေရယ်…ဖေကြီးမလုပ်နဲ့… အားလုံးစားဖို့သားလုပ်လိုက်မယ်….”
ထင်ပေါ်ကထိုသို့ပြောပြီး မြန်ဆန်စွာထကာ မီးဖိုထဲသို့ဝင်သွား၏။
” ဟာ….ဘာတွေလဲ…”
မောင်ထင်ပေါ်မီးဖိုခန်းထဲဝင်သွားသည်နဲ့ မြင်လိုက်ရသောမြင်ကွင်းကြောင့် လန့်သွား၏။ မီးဖိုခန်းမှာပွစာကြဲနေပြီး ဆန်များလည်းကြမ်းပေါ်သို့ ပြန့်ကျဲနေ၏။ ပန်းကန်တို့လည်းညစ်ပတ်ပေရေနေပြီး ကြမ်းပေါ်၌ဟိုတချပ်သည်တချပ် ကျဲနေ၏။
” ဒါဘယ်လိုဖြစ်ရတာလဲ….ဆရာ့အိမ်မှာဒါမျိုးဖြစ်စရာအကြောင်းမရှိဘူး…”
ဟုတွေးပြီးတစ်ခုခုကိုအာရုံခံလိုက်၏။ သို့သော်မည်သည့်အတိုက်တစ်ခုမျှကိုပင် အာရုံခံ၍မရချေ။
” မျဖစ္ဘူး…ဆရာ့ကိုပြောပြမှဖြစ်မယ်….”
ဟုတွေးပြီးမောင်ရေခဲရှိရာအပေါ်ထပ်သို့တက်သွား၏။
” ဆရာ…ကျွန်တော်ပြောစရာရှိတယ်….အဖေတို့ရှေ့မှာပြောမကောင်းလို့ အိမ်ရှေ့ထွက်ခဲ့ဦး….”
” ဘာဖြစ်လို့လဲထင်ပေါ်…”
” ဧကန္တမီးဖိုခန်းထဲဆန်တွေပွစာကျဲနေတာသားငယ်မြင်သွားပြီထင်တယ်….အဖေတို့လဲအဲဒါကိုခေါင်းခဲနေတာသားတို့ရေ…”
မောင်ရေခဲလည်းဘာမှနားမလည်သဖြင့်မောင်ထင်ပေါ်ခေါ်ရာသို့လိုက်ခဲ့၏။ အပြင်ရောက်သော်မောင်ထင်ပေါ်က
” ဆရာ….ဆရာ့အိမ်မှာမရိုးသားတာတစ်ခုခုဖြစ်နေပြီ…ဒါပေမဲ့ဘာဖြစ်မှန်းအာရုံခံလို့မရဘူးဖြစ်နေတယ်…ဆရာမီးဖိုခန်းမှာသွားကြည့်ကြည့်…ဆန်တွေကြမ်းပေါ်ကျဲထားတယ်….”
မောင်ရေခဲလည်း မီးဖိုခန်းထဲဝင်ကြည့်လိုက်ရာ စိတ်မသက်သာစရာများကိုတွေ့လိုက်ရ၏။
” ငါတို့ကိုစိန်ခေါ်တဲ့သူတော့ပေါ်နေပြီထင်ပေါ်….ဒီလူရဲ့ပညာကအောက်ပညာမှာတဖက်ကမ်းခတ်တတ်မြောက်နေပြီ….ဘာခြေရာလက်ရာမှအာရုံခံလိုမရအောင်ကို လုပ္ထားတာ….”
” ဆရာ့အိမ်မှန်းသိရက်နဲ့ဒီလိုစိန်ခေါ်ရဲတာသာမန်ပညာသည်မဟုတ်မှန်း သိနိူင်တယ်ဆရာ….”
” ဒါကြောင့်ပေါ့လို့မရဘူးထင်ပေါ်…အရေးပေါ်အခြေနေရောက်နေပြီ….ဒါကြောင့်အိမ်ရဲ့လေးဖက်လေးတန်မှာရန်လုံအင်းတွေမြုပ်ထားလိုက်တော့….သတိကပိုတယ်မရှိဘူး….”
” ဟုတ်ဆရာ….”
မောင်ထင်ပေါ်လည်း လွယ်အိတ်ထဲမှ ရန်လုံအင်းလေးချပ်ကိုယူကာ ခြံဝန်း၏လေးဘက်လေးတန်၌မြုပ်ထားလိုက်၏။
” ဖျော…ဖျော… ဖျော….”
” တောက်! နောက်ဆုံးတော့ရောက်လာကြပြီပေါ့…ဟားဟားဟား…..”
ရန်လုံအင်းမြုပ်ပြီးသည်နှင့် လေတိုးသံနှင့်အတူလူကြီးတစ်ယောက်၏အသံဩဩကြီးကိုပါကြားလိုက်ရသည်။
” ဘယ်သူလဲ…သတ္တိရှိရင်ထွက်ခဲ့စမ်း….မိန်းမလိုမိန်းမရ ပုန်းမနေနဲ့….”
” ဟားဟားဟား….နို့နံ့တောင်မစင်သေးတဲ့ကောင်စုတ်လေး….ငါမင်းနဲ့ပြိုင်ချင်တာမဟုတ်ဘူး…မင်းဆရာနဲ့ပြိုင်ချင်တာ…သတ္တိရှိရင် မင်းဆရာကိုငါနဲ့ပညာချင်းပြိုင်ဖို့ပြောလိုက်ကောင်စုတ်လေး….ဟားဟားဟား….”
” ဖျော…ဖျော…ဖျော….”
ရုပ်နာမ်မမြင်ရသောပုဂ္ဂိုလ်၏အသံက လေတိုးသံနှင့်အတူပြန်လည်ပျောက်ကွယ်သွား၏။
မောင်ထင်ပေါ် ရန်လုံအင်းကိုမြုပ်ပြီး အိမ်ပေါ်ပြန်တက်လာရာ ဒေါ်အေးမေတစ်ယောက်အသည်းအသန်ဖြစ်နေသည်ကိုတွေ့လိုက်ရ၏။ ထိုနည်းတူမောင်ရေခဲလည်းမိခင်၏ဘေးတွင် ပြာယာခတ်နေသည်ကိုတွေ့လိုက်ရ၏။
” အား….တကိုယ်လုံးကိုက်ခဲနေတာဘဲသားရယ်….ပြီးတော့အမေဘာမှကိုမမြင်ရတော့ဘူး…မှောင်မိုက်နေတာဘဲကွယ်….”
” သားရယ်…လူလေး…လူလေးရဲ့အမေကိုကယ်ပါဦး…”
” စိတ္ခ်ပါအေဖ…သားအမေ့ကိုရအောင်ကယ်မှာ…ထင်ပေါ်ကန်တော့ပွဲတွေအဆင်သင့်လုပ်ထား…ဒီကောင် ငါ့အမေကိုဒုက္ခပေးနေပြီ….”
” ကျွန်တော်အဆင်သင့်လုပ်လိုက်မယ်ဆရာ…”
” အေမထ….အဖေအမေ့ကိုတွဲကူပါဦး…”
သားအဖနှစ်ယောက်မိခင်ကိုတွဲပြီး ဘုရားကျောင်းဆောင်ရှေ့၌ထိုင်ခိုင်းလိုက်၏။
” အေဖ…အိမ်မှာအတိုက်တစ်ခုခုမိနေပြီ…အဓိကကသားကိုတိုက္တာ…ဒါပေမဲ့သားကိုမထိဘဲအမေ့ကိုလာထိတာ…”
” အဖေတို့အိမ်မှာထူးဆန်းတာတွေဆက်တိုက်ဖြစ်နေတယ်သား….မမြင်အပ်တဲ့ပရလောကသားတွေပါ အိမ်ပတ်ဝန်းကျင်အနှံ့မှာတွေ့နေရတယ်…ပြီးတော့မီးဖိုခန်းကဆန်တွေကိုလည်းကြမ်းပြင်မှာကျဲထားတယ်….ဘယ်သူလုပ်မှန်းမသိပါဘူး….”
” အေဖ….ရော့ဒီအင်းကိုကိုယ်နဲ့မကွာဆောင်ထား….အဖေဘာမှမဖြစ်စေရဘူး….”
ဆိုပြီးဖခင်ဖြစ်သူကို ကိုယ်လုံအင်းတချပ်ပေးထားလိုက်၏။
” အားလုံးပြင်ပြီးပြီဆရာ….”
” ဟုတ်ပြီထင်ပေါ်….အခြေအနေကိုစောင့်ကြည့်ထားထူးတာနဲ့ တုန့်ပြန်လိုက်….”
” ဟုတ်ပြီဆရာ…”
မောင်ရေခဲလည်းမြတ်စွာဘုရားနှင့် အထက်ဝိဇ္ဇာဆရာကြီးများကိုကန်တော့လိုက်ပြီး
” တနင်္ဂနွေသမီး၏အသက်ကိုငါပိုင်သည်….ဤတနင်္ဂနွေသမီးအားပြုစားနှောင့်ယှက်နေသူမှန်သမျှမကြာချက်ချင်း ငါ့အရှေ့ရောက်လာစေ….အထက်ဝိဇ္ဇာကြီးများအာဏာ…ငါဆရာ၏အမိန့်….”
ထိုသို့အမိန့်ပေးလိုက်သည့်တိုင် ဒေါ်အေးမေကတုတ်တုတ်မျှပင်မလုပ်၏။ ကုသခဲ့ဖူးသည့်ပညာသည်များထဲတွင် သူ့စကားကိုအာခံပြီး ပေ၍မလာနိူင်သူမရှိသေးချေ။ သို့သော်ယခုမူကား ပြုစားသူသည်နားပင်းလေ၍လားမသိ ရောက်ပင်မလာခဲ့ချေ။ ပို၍ထူးခြားသည်မှာသူ၏နတ်မျက်စိနှင့်လျှာပေါ်မှ အာစက်လျှာစက်မဲှ့ရှင်မှာလည်းပျောက်ချင်းမလှပျောက်နေသည်။ သရဲတေစ္ဆမြင်နိူင်သောနတ်မျက်စိမှာလည်းကွယ်နေချေပြီ။ သူ့၏တချို့သောအစွမ်းကိုပါထိန်းချုပ်နိူင်သည့် ဤပညာသည်အား သူမအံ့ဩဘဲမနေနိူင်ချေ။
” ငါခေါ်နေတယ်…ငါ့အမိန့်ကိုအာခံပြီးမလာဘဲနေဝံ့သလား….ဤတနင်္ဂနွေသမီးကိုပြုစားဝံ့သူငါ့အရှေ့ရောက်လာစမ်း….”
မောင်ရေခဲကထိုသို့သုံးကြိမ်သုံးခါအမိန့်ပြန်လိုက်မှ မိခင်ဖြစ်သူဒေါ်အေးမေသည်ခေါင်းထောင်လာပြီး
” ဟဲ့သူငယ်…ဘာအတွက်ငါ့ကိုအတင်းခေါ်နေရသလဲဟဲ့…”
” သင် ကျုပ်အမေကိုမစာမနာပြုစားရက်လေသလား…”
” ဪကျုပ်ကလုပ်ချင်လို့လုပ်တာများထင်နေတာလားဟဲ့…နေပါဦး…ညည်းလိုနိူ့နံ့တောင်မစင်သေးတဲ့သူကဘာအတွက်ပညာဂုဏ်တွေမောက်မာနေရတာလဲ…ဟင်းဟင်း… ”
” ကျုပ်ပညာမာန်တက်နေတာမဟုတ်ဘူး…သင်သာမဖြစ်သလောက်ပညာလေးနဲ့ကျုပ်အမေကိုပြုစားထားတာ…ခုချက်ချင်း မြတ်စွာဘုရား ကိုအရိုအသေပေးပြီး အမေ့ကိုလုပ်ထားတာတွေပြန်ဖယ်လိုက်စမ်း…”
” အိုဟို…လူကသာခွေးပစ်တုတ်သာသာရှိတာ…စကားကခက်ထန်ရိုင်းစိုင်းလှချေလား….ကျုပ်ကညည်းထက်ရောညည်းအမေထက်ပါအသက်အများကြီး ကြီးတယ်…ရိုရိူသေသေပြန်ပြောစမ်းအေ့…ဟင်းဟင်း…”
” တော်စမ်း….ကျုပ်ထက်အသက်ဘယ်လောက်ကြီးကြီး…အောက်တန်းကျတဲ့အလုပ်တွေလုပ်နေရင်ကျုပ်ရိုသေနေစရာမလိုဘူး…ခုချက်ချင်း ဘုရားကိုအရိုအသေပြုလိုက်စမ်း…”
” မင်းလိုကောင်စုတ်လေးရဲ့အမိန့်ပေးတိုင်းငါကလိုက်လုပ်မယ်ထင်နေလားဟဲ့….စဉ်းစားလေ…ခုခေတ်ကလေးတွေများအတော်ပြောရခက်ပါလား…ကျွတ်…ကျွတ်….”
ထိုမိန်းမကြီးကမောင်ရေခဲကိုမထီမဲ့မြင်ပြုကာခြေခြင်းချိတ်ထိုင်ပြီး ပြောင်းဖူးဖက်ဆေးလိပ်ကြီးအား လက်၌ညှပ်ကာအေးဆေးထိုင်ဖွာနေ၏။ သူ့အားမထီမဲ့မြင်ပြုသောပညာသည်အား မောင်ရေခဲတင်းလေပြီ။ သို့်ကြောင့်အထက်ပုဂ္ဂိုလ်ကြီးများထံခွင့်တောင်းကာ ကုသခွင့်ပြုရန်ခွင့်တောင်းလိုက်၏။
” ကဲကောင်လေး…ညည်းတတ်နိုင်သေးလား….ကျုပ်အချိန်ကိုမဖြုန်းစမ်းပါနဲ့အေ…ကဲကဲ ဘာမှမတတ်နိူင်တော့ဘူးဆိုလည်းကျုပ်ကိုခွင့်ပြုပါဦး…”
ပြုစားသူကထိုသို့ပြောပြီး ဒေါ်အေးမေ၏ခန္ဓာမှခွာရန်ပြု၏။
” ရွှီး….”
” ဖြန်း…ဖြန်း…ဖြန်း….”
ထိုအခါမောင်ရေခဲက ကြိမ်စြက်ာအားထုတ်ကာပြုစားသူအား သုံးချက်ခန့်ရိုက်လိုက်၏။
” အား….သောက်ပလုတ်တုတ်…ဒီကောင်စုတ်လေးမှာ…ဒီကြိမ်စြက်ာဘယ်လိုရောက်လာတာလဲ….အား….ငါကျောရိုးတော့ကြိုးကုန်ပါပြီတော်….”
” ငါ့ကိုမထီမဲ့မြင်ပြုရင် ဒီထက်အဆတစ်ရာနာမယ်မှတ်….ဒူးထောက်ထိုင်ပြီး မြတ်ဘုရားကိုအရိုအသေပေးလိုက်စမ်း…”
မောင်ရေခဲကမာန်ပါပါပြောလိုက်ရာ ပြုစားသူမှာဘာမှပင်ပြန်မပြောရဲဘဲ ဒူးထောက်ထိုင်ကာ မြတ်စွာဘုရားအားကန်တော့လိုက်၏။
” ရပြီလားတော်….ကျုပ်သွားပါရစေ… ”
” တံခါးပေါက်ဘက်လှည့်ပြီးခြေဆင်းထိုင်လိုက်….ငါမေးတာအကုန်ဖြေ….တချက်လိမ်ညာတာတွေ့တာနဲ့ ဟောဒီကြိမ်စြက်ာက သင့်ကျောပေါ်အရောက်ဘဲ….ဖြေစမ်း…ကျုပ်အမေကိုသင်တို့ဘာလုပ်ထားသလဲ….”
” သူ့ဟာသူရေချိုးမှားလို့ဖြစ်တာလေ…ကျုပ်နဲ့ဘာဆိုင်လို့တုန်းဟဲ့….”
” ရွှီး….”
” ဖြန်း…ဖြန်း…ဖြန်း….”
” အား….သေ…သေပါပြီတော်….ကျုပ်ကျောပြင်စုတ်ပြတ်သတ်နေပြီတော်ပါတော့….”
” ဖြေစမ်း…မေတ္တာတရားထားလို့မရတဲ့ဟာမတွေ….ကဲဖြေ….ကျုပ်အမေကိုသင်ဘာလုပ်ထားတာလဲ….”
” ဖြေပါ့မယ်တော်….ဖြေပါ့မယ်…ကျုပ်ကျောပြင်ကြီးစုတ်ပြတ်သတ်သွားပြိထင်ပါရဲ့နာလိုက်တာတော်….ကျုပ်သရဲငနက်ကိုခိုင်းပြီးသူ့ကိုဖမ်းစားခိုင်းယုံပါတော်…ကျန်တာဘာမှမလုပ်ရပါဘူး….”
” အမှန်တိုင်းဖြေ….သရဲဖမ်းစားယုံနဲ့ကျုပ်အမေဒီလိုအသည်းအသန်ဖြစ်စရာအကြောင်းမရှိဘူး….ကျုပ်မရှိတုန်းသင်တို့က ကျုပ်မိဘကိုဒုက္ခပေးတယ်…ကျုပ် သင်တို့ကိုဘယ်နည်းနဲ့မှခွင့်မလွတ်ဘူး….အမှန်တိုင်းဖြေစမ်း…မဟုတ်ရင်သင့်ကျောပြင်ကဒဏ်ရာကိုဆားဖြူးပစ်မယ်….”
” အို….မလုပ်ပါနဲ့ရှင်…မလုပ်ပါနဲ့….ကျုပ်သေသွားလိမ့်မယ်တော်….ကျုပ်အမှန်ပြောတာပါ….ကျန်တာဘာမှမလုပ်ရဘူး…ဘုရားစူးပါတော်…”
” ကျုပ်စစ်လို့တွေ့ရင်တော့သင်အသေဘဲ…ကဲထင်ပေါ် ငရုပ်သီးမှုန့်ပေးစမ်း….”
ငရုတ်သီးမှုန့်ရလာသော် မောင်ရေခဲသည် ငရုတ်သီးမှုန့်ကိုရေဖျောလိုက်ပြီး ဂါထာဖြင့်မန်းမှုတ်လိုက်၏။
” သင်ကျုပ်အမေကို သရဲဖမ်းစားခိုင်းတာကလွဲပြီးဘာမှမလုပ်ထားတာသေချာတယ်နော်….ကဲကျုပ်ကိုအဆိုးမဆိုနဲ့….”
ဟုပြောပြီး ငရုတ်သီးရည်အား တနင်္ဂနွေသမီး၏မျက်လုံးထဲသို့မျက်စဉ်းခပ်ပေးလိုက်၏။
” အား….ပူတယ်….စပ်တယ်.. .ငါ့မျက်လုံးကန်းပါပြီတော်….ကန်းပါပြီ….”
” သင်ဘာမှမလုပ်ထားဘူးဆို….ခုကဘာဖြစ်တာလဲ…”
” တောင်းပန်ပါတယ်တော်….ကျုပ်ကိုမျက်စဉ်းမခတ်ပါနဲ့တော့….ကျုပ်မျက်လုံးကန်းသွားလိမ့်မယ်….တော်ပါတော့….ကျုပ်သူ့ကိုမျက်လုံးမှုန်ဝါးနေအောင်လုပ်ထားတာပါတော်….အဲဒါလည်းကျုပ်အကုန်ပြန်ယူပေးပါ့မယ်….ကျုပ်ကိုမျက်စဉ်းခတ်ထားတာတွေပြန်ဖြေပေးပါတော်…”
ပြုစားသူက လက်နှစ်ဖက်ဖြင့်မျက်လုံးကိုပွတ်သပ်ပြီးတောင်းပန်နေ၏။ ပြုစားသူ၏မျက်လုံးမျာနီရဲမို့်အစ်နေပြီး ကြောက်စရာပင်ကောင်းနေတော့၏။
” သင်လုပ်ထားတာအကုန်ပြန်ယူ…မဟုတ်ရင်သင့်ကိုငရဲအိုးထဲပို့ပစ်မယ်….”
” ကြောက်ပါပြီတော်…ကြောက်ပါပြီ….ကျုပ်ပညာတွေအကုန်ပြန်ယူပါ့မယ်…”
ပြုစားသူကထိုသို့ပြောပြီး လက်ဖြင့်ခေါင်းမှခြေအဆုံးသုံးခါသပ်ချလိုက်၏။
” ကုန်ပြီလား…ငါစစ်လို့ထပ်တွေ့ရင် မသက်သာဘူးမှတ်….”
” ကြောက်ပါပြီရှင့်…ကြောက်ပါပြီ…တကယ်မကျန်တော့ပါဘူး…ကျုပ်မျက်လုံးကန်းပါတော့မယ်…ကျုပ်ကိုပြန်ဖြေပေးပါတော့…”
မောင်ရေခဲလည်းထိုလူပြောသည့်အတိုင်းဟုတ်မဟုတ် စစ်ကြည့်လိုက်ရာ မိခင်ထံတွင်ပြုစားထားသောလက္ခဏာများမရှိတော့သည်ကိုတွေ့လိုက်ရသဖြင့် မျက်စဉ်းခပ်ပြေသည့်ဂါထာကိုရွတ်လိုက်၏။ ထိုအခါ ပြုစားသူမှာမျက်လုံးများပြန်ဖွင့်လာပြီး ပူခြင်းစပ်ခြင်းမရှိ ပကတိအတိုင်းပြန်ဖြစ်သွားတော့၏။
” ကဲ…သင့်ကိုခိုင်းတဲ့ဆရာကဘယ်သူလဲ…”
” ကျုပ်…ကျုပ်မှာဆရာမရှိပါဘူးတော်…ကျုပ်ဘာသာကျုပ်လုပ်ချင်လို့လုပ်တာပါ….”
” အမှန်တိုင်းဖြေရင် သင့်ကိုအပြစ်မယူဘူး….မဟုတ်ရင်တော့တွေ့လား….”
ဆိုပြီးမောင်ရေခဲက မဟာအဝီစိငရဲကိုမျက်ဝါးထင်ထင်ပြလိုက်၏။
” အမေလး…ကြောက်…ကြောက်ပါပြီ …ကျုပ်မကြည့်ရဲတော့ဘူးတော်ပါတော့…ကျုပ်ဆရာဘယ်သူဆိုတာ ကျုပ်ပြောပိုင်ခွင့်မရှိဘူး….ကျုပ်သူခိုင်းသမျှလုပ်ပေးရုံပါ….ကျုပ်ပြောခွင့်မရှိပါဘူး…ကျုပ်ပြောရင်ကျုပ်သမီးလေးသေသွားလိမ့်မယ်တော်…အဟင့်ဟင့်… ”
” သူကသင့်ကိုသင့်သမီးအသက်နဲ့အကြပ်ကိုင်ထားတာလား…ပြောသာပြောသင်နှင့်သင့်သမီး မှဲ့တစ်ပေါက်မစွန်းစေရဘူးလို့ကျုပ်အာမခံတယ်….”
” အဲလို့ဆိုရင်ကျုပ်ပြောပါ့မယ်တော်….သူကကျုပ်တို့ရွာကိုတလောကမှ ရောက်လာတဲ့သူပါ…အောက်ဝိဇ္ဇာအဆင့်ရောက်နေပြီး အတော်စွမ်းပါတယ်….ကျုပ်တို့ပညာသည်လောကကလူတွေ သူ့ကိုဖိန့်ဖိန့်တုန်အောင်ကြောက်ရပါတယ်….သူ့နာမည်ကအောက်ဝိဇ္ဇာသာဝတဲ့….”
” တောက်! ကောင်မ ညည်းကငါ့နာမည်ကိုထုတ်ပြောရဲတယ်ပေါ့…ညည်းကလေးအသက်ကိုညည်းကိုတိုင်စတေးပစ်တာနော်…ကျုပ်ကိုအဆိုးမဆိုနဲ့…ဟားဟားဟား….”
မောင်ရေခဲမေးသမျှကိုပြုစားသူကဖြေလိုက်လျှင် ဘယ်ကလာမှန်းမသိသောအသံဩဩကြီးကထွက်ပေါ်လာလေ၏။
” သူရောက်လာပြီဆရာ….ကျုပ်သမီးလေးကိုကယ်ပေးပါနော်….ကျုပ်မှာဒီသမီးလေးဘဲရှိတာပါတော်…ကျုပ်တောင်းပန်ပါတယ်….”
” စိတ်ချသင့်သမီးဘာမှမဖြစ်စေရဘူး…ကဲသင်လည်း ဘုရားကိုအရိုအသေပြုပြီးသွားလိုရာသွားလို့ရပြီ….”
မောင်ရေခဲကထိုသို့ပြောလိုက်ရာ ပြုစားသူလည်းဒေါ်အေးမေ၏ခန္ဓာမှထွက်သွားလိုက်၏။
” ဟားဟားဟား….လူတစ်ယောက်ရဲ့အသက်ကိုဘဲမင်းကယ်ခွင့်ရှိမယ်ကောင်လေး….”
” ဖြန်း….”
” အင့်….”
” အေမ….”
ဘယ်ကလာမှန်းမသိသောကျောက်ဘီလူးလက်ဝါးကြီးတစ်ခုသည် မေ့လဲကျနေသောဒေါ်အေးမေ၏ကျောပြင်အားဖြန်းခနဲရိုက်လိုက်ရာ ပါးစပ်မှသွေးများပွက်ခနဲအန်ထွက်လာပြီး သားဖြစ်သူကိုစိုက်ကြည့်နေတော့သည်။
” ဟားဟားဟား…..မင်းအရမ်းစွမ်းတယ်ဆိုကောင်လေး….မင်းအမေရဲ့အသက်ကိုတောင်မင်းမကယ်နိူင်ပါလားကွ…ဟမ်…ဟားဟားဟား….”
” အေမ…အေမ….ထပါဦးဟာ…အေမ…”
” မအေးမေ….မအေးမေ…သားလူလေး…မင်းအမေကိုခေါ်ပါဦးကွာ….အေးမေ….”
” အေမ…အေမ…သားတို့ကိုထကြည့်ပါဦး…အေမ…အဟင့်….”
” ဟားဟားဟား….မင်းတို့ဆရာတပည့်တွေအရမ်းစွမ်းတယ်ဆိုကွ…ခုဖြင့်ငါ့ရဲ့ကျောက်ဘီလူးလက်ဝါးကိုတောင်မခုခံနိူင်ပါလား….ဟားဟားဟား….”
” တောက်! မင်းဘယ်သူလဲ…သတ္တိရှိရင်လူလုံးထွက်ပြလိုက်စမ်း….ငါ့မိဘကိုဒုက္ခပေးနေစရာမလိုဘူး….ငါနဲ့ရန်စရှိရင်ငါနဲ့ဘဲရှင်းမယ်ကွ…”
” ကောင်လေး…ကောင်လေး….မင်းကဟုတ်မလိုလိုနဲ့…တကယ်တော့ဘာမှမတတ်တဲ့ပညာသင်သာသာလေးပါကွာ…အေးမင်း ငါ့ကိုတွေ့ချင်ရင် လာမဲ့လပြည့်ညရဲ့ သန်းခေါင်ယံအချိန်မှာ ဘုရားကုန်းရင်ပြင်ရဲ့ဒုတိယညောင်ပင်အောက်ကိုလာခဲ့. .ငါစောင့်နေမယ်…ဟားဟားဟား….”
ထိုလူကြီး၏အသံမှာပတ်ဝန်းကျင်မှပျောက်ကွယ်သွားလေ၏။ ထို့အတူကျောက်ဘီလူးလက်ဝါးအရိုက်ခံရသော ဒေါ်အေးမေမှာလည်း သွေးများအန်ထွက်ကာ အသက်ယဲ့ယဲ့ပင်ကျန်တော့သည်။ မောင်ရေခဲ၊မောင်ထင်ပေါ်နှင့်ဦးထွန်းတင့်တို့သားအဖသုံးယောက်မှာ ဝမ်နည်းစွာငိုကြွေးနေကြ၏။
” အေမ…အမေ့ကိုသားတို့ရအောင်ကုမယ်နော်…အမေအားတင်းထား….အေမသိတယ္မလားအေမ့သားက ခုနှစ်ရက်သားသမီးကိုကယ်တင်နေတဲ့ဝိဇ္ဇာလောင်းလျာဆိုတာလေ….အမေအားတင်းထားနော်….”
မောင်ရေခဲမှာမိခင်ဖြစ်သူကိုကြည့်ပြီးပြောဆိုနေ၏။ ဒေါ်အေးမေမှာ သားဖြစ်သူ၏ပါးပြင်ကိုလက်ဖြင့်ကိုင်လိုက်ရင်း
” အေမ့သားက လူသူတော်ဝိဇ္ဇာလေးပါကွယ်….ဒါပေမဲ့သေခြင်းတရားကိုတော့ငါ့သား မကယ်တင်နိူင်ပါဘူးကွယ်….အမေဝဋ်ကြွေးရှိလို့ ပြန်ဆပ်ရတယ်လို့ဘဲအမေသဘောထားပါတယ်ကွယ်….အမေ့သားလေးနှစ်ယောက်လုံး ဆက်လက်ပြီးလောကအကျိုးကို သယ်ပိုးကြပါနော်…ကိုထွန်းတင် ကျွန်မတို့သားလေးနှစ်ယောက်ကိုကျွန်မအစားပိုပြီးစောင့်ရှောက်ပေးပါနော်….”
” အေမ…မဟုတ်တာတွေမပြောပါနဲ့အမေရာ…အမေ့ကိုသားငယ်ရအောင်ကယ်မှာ….သားကိုမွေးတဲ့မေမေသေဆုံးသွားပြီးတဲ့နောက်ပိုင်း မေမေ့ဟာသားရဲ့ဒုတိယမေမေပါအမေရယ်….သားတို့ကိုထားမသွားပါနဲ့နော်…အဟင့်….”
မောင်ထင်ပေါ်မှာပြောပြောဆိုဆိုဖြင့်ဒုတိယမိခင်၏ ဇရာကြောင့်အကြောထနေသောလက်ကိုကိုင်ပြီးပါးတွင်အပ်ကာ ငိုကြွေးနေ၏။
” သားငယ်…သားငယ်ဟာလည်းအမေ့ရဲ့ဝမ်းမနာသားလေးပါကွယ်….သားအစ်ကို့ကိုအမေ့ကိုယ်စားစောင့်ရှောက်ပေးပါနော်….အေမစိတ္ခ်ခဲ့ပါရေစ….”
ဒေါ်အေးမေကတိုးညင်းသောအသံဖြင့် သားငယ်မောင်ထင်ပေါ်ကိုမှာနေရှာ၏။ ထို့နောက်မျက်လုံးကိုတဖြည်းဖြည်းခြင်းမှိတ်ကာ ချစ်လှစွာသော သားနှစ်ယောက်နှင့်ခင်ပွန်းဖြစ်သူကိုအပြီးတိုင်နူတ်ဆက်သွားလေသည်။
” အေမ……. အေမ….မျက်လုံးဖွင့်ပါဦးဗျာ…အေမ့….”
” သားရဲ့အပြစ်ပါဗျာ…သားကိုယ်တိုင်ဆရာလုပ်နေပြီး အမေ့ကိုတောင်မကာကွယ်ပေးနိုင်ခဲ့ဘူး…သားကိုခွင့်မလွတ်ပါနဲ့အမေရာ….အဟင့်….”
မောင်ရေခဲကမိခင်ကိုရင်ခွင်၌ပိုက်ကာ မိမိကိုယ်ကိုအပြစ်တင်၏။ မောင်ထင်ပေါ်ကား ဒုတိယမိခင်၏လက်ကိုကိုင်ကာ သည်းစွာငိုကြွေးနေ၏။ ဦးထွန်းတင်ကား ယောကျာ်းကြီးတန်မဲ့ မျက်ရည်ကျကာရင်ထဲ၌ဗလောင်ဆူနေ၏။
ဒေါ်အေးမေ၏အိမ်၌လူများစည်ကားနေသည်။ မောင်ရေခဲတို့ဆရာတပည့်ကား ဘုရားစင်ရှေ့၌ မနိူးသောအိပ်စက်ခြင်းတို့ဖြင့် ထာဝရအိပ်စက်သွားသော မိခင်ဒေါ်အေးမေ၏ဘေး၌ တိတ်ဆိတ်စွာထိုင်နေကြ၏။ ဦးထွန်းတင်ကား အပူရုပ်ကိုဟန်လုပ်ကာ လာသည့်ဧည့်သည်များကိုဧည့်ခံနေ၏။
မနက်ကိုးနာရီထိုးချိန်၌ဒေါ်အေးမေ၏ရုပ်ကလပ်ကိုအိမ်ပေါ်မှသယ်ကာ အိမ်ရှေ့ကနဖျင်းထိုးထားသောစင်ပေါ်၌ ပြောင်း၍တင်ထားလိုက်၏။ အခေါင်းပေါ်တွင်ကား မောင်ရေခဲကိုယ်တိုင်မြေဖြူခဲဖြင့် ညီညာဝိုင်းစက်စွာရေးထားသော ဒေါ်အေးမေ အသက်(၇၀) ဟူသောစာတမ်း။
” တကယ်တော့အမေရယ်…သားရေးချင်တာဒီလိုစာမဟုတ်ဘူး….သားရေးချင်တာအမေ့ရဲ့ နှစ်လိုပျော်ရွှင်ဖွယ်ကောင်းတဲ့ (၇၀)နှစ်ပြည့်မွေးနေ့ဆိုတာလေးပါအမေရယ်…”
မိခင်၏ခေါင်းတလားပေါ် မိခင်၏နာမည်နှင့်အသက်ကိုရေးရင်း ပါးပြင်ပေါ်သို့မျက်ရည်ပူစတို့လှိမ့်ဆင်းလာ၏။ သူလည်းကိလေသာအာသဝေါတရားမကုန်ခမ်းသေးသည့် လူထဲကလူတစ်ယောက်ပင်မဟုတ်ပါလား။
မွန်းလွဲတစ်နာရီထိုးချိန်၌မိခင်၏ရုပ်ကလပ်ကိုထမ်းကာ သုသာန်သို့ပို့ဆောင်၏။ မိခင်၏နောက်ဆုံးအချိန်သည်ကား လိုက်လံပို့ဆောင်သူများပြားနေသည်။ သုသာန်သို့ရောက်လျှင် မောင်ရေခဲ၏ငယ်ဆရာတော်ဥူးမေဓာဝီက သရဏဂုံတင်ပေးနေ၏။ ဆရာတော်ဥူးမေဓာဝီလည်း ဒကာမအရင်းဖြစ်သူအတွက်ဝမ်းနည်းနေဟန်ရှိသည်။ သရဏဂုံတင်ပြီးသော် တပည့်ဖြစ်သူမောင်ရေခဲအား
” မောင်ကျောင်းသား….ရန်ကိုရန်ချင်း ဘယ်တော့မှမတုန့်နင်းရဘူးနော်….သူမ်ားအျပစ္ကို ကိုယ့်အပြစ်မဖြစ်စေနဲ့….”
ဟုမိန့်လေရာမောင်ရေခဲက လက်အုပ်ချီပြီး
” တင်ပါ့ဘုရား တပည့်တော်အတတ်နိူင်ဆုံး ဆင်ခြင်ပါ့မယ်ဘုရား…”
” သာဓုကွယ်…မောင်ကျောင်းသားကခုနှစ်ရက်သားသမီးတွေကယ်တယ်နေတဲ့မဟာဂရုဏာရှင်ဘဲ…ဒါလေးတော့မောင်ကျောင်းသားလိုက်နာနိူင်မယ်ထင်တယ်…”
မောင်ရေခဲက ဆရာတော်အားဘာတစ်ခွန်းမှပြန်မလျှောက်တော့ဘဲ ခေါင်းငုံ့ထားလိုက်၏။
မိခင်ဆုံးပြီးခုနှစ်ရက်မြောက်နေ့၌ မောင်ရေခဲသည် မိခင်အားသတ်ခဲ့သောအောက်ဝိဇ္ဇာကြီးအား ရှာဖွေရန် ဘုရားကုန်းရင်ပြင်ရှိ ဒုတိယညောင်ပင်အောက်သို့လာခဲ့သည်။ မောင်ထင်ပေါ်လည်းဆရာဖြစ်သူ၏နောက်သို့လိုက်လာခဲ့သည်။
” ထင်ပေါ်…ကိုယ်လုံအင်းကိုသောက်ထား…ခုရင်ဆိုင်ရမဲ့သူက အင်မတန်စွမ်းအားကြီးတယ်….”
” ဟုတ်ဆရာ…ဆရာလည်းဂရုစိုက်ပါနော်….အမေကမှာခဲ့တယ်ဆရာ့ကိုဂရုစိုက်ပေးဖို့…”
တစ်ယောက်နှင့်တစ်ယောက် ဂရုစိုက်ရန်မှာရင်း ညောင်ပင်အောက်သို့လာခဲ့၏။
ဒုတိယညောင်ပင်ဟုပြောရခြင်းမှာ ဘုရားရင်ပြင်အရှေ့ဘက်မျက်နှာစာ၌လည်း ညောင်မုတ်ဆိတ်များ တွဲကျနေသော ညောင်ပင်ကြီးတစ်ပင်ရှိနေ၏။ ထိုညောင်ပင်နှင့် ခပ်လှမ်းလှမ်းအကွာတွင် ပထမညောင်ပင်ကြီးထက် ပို၍ကြီးပြီးအခက်အလက်ဝေဆာနေသော ညောင်ပင်ကြီးတစ်ပင်ရှိနေသေး၏။ မောင်ရေခဲတို့လည်း ပထမညောင်ပင်ကြီးကိုကျော်လွန်ပြီး ဒုတိယညောင်ပင်အောက်သို့ ရောက်လာခဲ့၏။ သို့သော်မည်သူတစ်ဦးတစ်ယောက်ကိုမျှမမြင်သေး။
” သင်ခေါ်ထားတဲ့နေရာ ကျုပ်ရောက်လာခဲ့ပြီ….သင်လူလုံးပြပြီးထွက်လာခဲ့စမ်း….”
မောင်ရေခဲကဘေးဘီဝဲယာကိုကြည့်ပြီး ပြောလိုက်၏။
” ဟားဟားဟား….အတော်တော့သတ္တိရှိသားဘဲ…ငါခေါ်တဲ့နေရာထိရောက်လာရဲတယ်ဆိုတော့….”
ဆိုသောအသံနှင့်အတူ အသက်၂၅နှစ်အရွယ်လူတစ်ယောက်က ညောင်ပင်ကြီး၏အနောက်ဘက်မှထွက်လာခဲ့၏။
” ကျုပ်နဲ့သင်ကဘာရန်ငြိုးရန်စမှမရှိဖူးဘဲနဲ့ဘာအတွက်ကျုပ်ရဲ့မိခင်အသက်ကိုယူရတာလဲ….ဒီအတွက်သင်ပြန်ပေးဆပ်ရမယ်…”
” ဟားဟားဟား….သင်သာကျုပ်ကိုမသိတာကျုပ်ကဖြင့်သင့်ရဲ့ဂုဏ်သတင်းကိုကြားဖူးနေတာကြာပြီ…ဒါကြောင့် သင်နဲ့ပညာပြိုင်ဖို့ခြေဆန့်ခရီးထွက်ပြီး သင်ရှိမဲ့နေရာလိုက်ရှာခဲ့တာ….ဒါပေမဲ့သင်ကတစ်နေရာထဲမှာအမြဲရှိမနေတတ်တော့ သင်နဲ့တွေ့ဖို့ကျုပ်အခွင့်အရေးမရခဲ့ဘူး…ဒီတော့ ကျုပ်စဉ်းစားမိတာကစသင်ရဲ့ဇာတိမြေမှာ သင့်မိဘကျန်ခဲ့တာကိုဘဲ….ကျုပ်တွက်တာမှန်သွားတယ်….ကျုပ်သင့်မိဘကိုဒုက္ခပေးလိုက်တာနဲ့ သင်လည်းပြန်လာခဲ့တယ်လေ…”
” ဒါကြောင့်ကျုပ်လည်း သင့်အိမ်ကိုအတိုက်တွေဆင်ပြီး ချည်းကပ်နေတာ…သင့်မိဘတွေကဘုရားတရားမြဲတော့ကျုပ်မှာအတော်လေးကြိုးစားယူရတယ်…ဒါပေမဲ့ခုတော့လည်းကျုပ်လုပ်နိူင်သွားတာဘဲလေ…မဟုတ္ဘူးလား…ဟားဟားဟား…”
” ကျုပ်မိခင်အတွက်သင်ပြန်ပေးဆပ်ရမယ်…”
” ဟင်းဟင်း…ဒါကျုပ်အမှားမဟုတ်ဘူး…သင်ကိုယ်တိုင် သင့်မိခင်အသက်ကိုဟိုကလေးမရဲ့အသက်နဲ့အပေးအယူလုပ်သွားခဲ့တာလေ….ဟားဟားဟား…”
” တော်လိုက်တော့ လူအိုကြီး… ခင်ဗျားကြီးကရုပ်ပြောင်းရုပ်လွဲလုပ်ပြီး မူလရုပ်အမှန်ကိုဖျောက်ထားတယ်…သေပေတော့အဖိုးကြီး….”
မောင်ထင်ပေါ်ကထိုသို့ပြောပြီး အင်းစမတစ်ချပ်အားထိုလူ့ထံသို့ပစ်ပေါက်လိုက်၏။
” ဟားဟားဟား…ဒီကောင်လေးကိုယ့်အသက်ကိုမနှမြောဘူးနဲ့တူတယ်… သေချင်နေမှတော့ဖြည့်ဆည်းပေးရတာပေါ့ကွာ…”
ဆိုပြီး စမအင်းချပ်အား ဘယ်လက်နှင့်လှမ်းယူကာ မောင်ထင်ပေါ်ထံသို့ပြန်ပစ်လိုက်၏။
” အား….”
ရုပ်ဖျက်စမအင်းချပ်၏ တန်ပြန်အစွမ်းကြောင့်ထင်ပေါ်မှာခပ်ဝေးဝေးသို့လွှင့်ထွက်သွား၏။
” ဟားဟားဟား….မင်းမပြောနဲ့ မင်းရဲ့ဆရာတောင် ငါ့ကိုမနိူင်ဘူးကောင်လေးရေ….ငါ့ကိုနိူင်ချင်ရင်ဒီတစ်သက်ကြိုးစားလိုက်ဦး…”
ထိုလူရွယ်က မောင်ထင်ပေါ်ကိုကြည့်ပြီးဟားတိုက်ရယ်မောနေ၏။
” တော်လိုက်စမ်း…ငါနဲ့ရန်စရှိရင်ငါနဲ့ဘဲရှင်း…မဆိုင်တဲ့လူကိုနာကျင်အောင်လုပ်ဖို့မလိုဘူး…ရှိသမျှအစွမ်းတွေထုတ်ပြီးငါနဲ့တိုက်လိုက်….”
မောင်ရေခဲက ထိုသို့ပြောလိုက်ရာ ထိုလူကမောင်ရေခဲအား မတူမတန်သလိုကြည့်ပြီး
” ဖြစ်နိူင်လို့လားကောင်လေးရာ…ဒီလောကတစ်ခွင်မှာ အောက်ဝိဇ္ဇာသာဝကိုနိူင်တဲ့လူမရှိသေူဘူးနော်….ဟားဟားဟား….”
” အပြောချည်းသက်သက်နဲ့တော့ ကျုပ်လည်းမယုံတတ်တာမို့ အပြောနဲ့အလုပ်ညီအောင်လုပ်ပြစမ်းပါ….”
” ကြိုက်ပြီ….ကျုပ်လည်းဒီလိုပြိုင်ဘက်မျိုးကိုရှာနေတာ ကဲသင်ကျုပ်ရဲ့ပညာအစွမ်းသုံးခုကိုခံနိူင်ရင် ကျုပ်ကိုကြိုက်တာလုပ်လိုက်.. အေး…မခံနိူင်ရင်တော့သင့်ထိုက်နဲ့သင့်ကံပေါ့ကွာ…ဟားဟားဟား…”
” ကျုပ်သဘောတူတယ်…လုပ်လိုက်စမ်းပါ….”
မောင်ရေခဲကထိုသို့ပြောလိုက်သည်နှင့် ထိုလူသည် ခေါင်းပေါင်းကိုချွတ်ပြီး လေထဲဝေ့ယမ်းလိုက်ရာ လေဆင်နှာမောင်းတစ်ခုသည်မောင်ရေခဲအားဝါးမျိုလေ၏။
” ဟားဟားဟား….ကျုပ်ပြောသားဘဲ…ကျုပ်အစွမ်းကိုဘယ်သူမှရှင်လျက် ပြန်ထွက်မလာနိူင်ဘူးလို့….”
ထိုလူကမောင်ရေခဲကိုသာမကဘေးရှိညောင်ပင်ကြီးကိုပါဝါးမျိုသွားသော လေဆင်နှာမောင်းကိုကြည့်ပြီးအားရကျေနပ်နေ၏။ ထိုစဉ်မောင်ရေခဲသည် ထိုလူ၏ရှေ့၌ လက်နောက်ပစ်ကာရပ်နေသည်ကိုတွေ့လိုက်ရ၏။ ထိုမြင်ကွင်းကြောင့် လူရွယ်မျာမျက်နှာပျက်ရွင်းသွားပြီး
” ဟင်….မဖြစ်နိုင်ဘူး…ဒီလေဆင်နှာမောင်းထဲကနေ ဘယ်ပညာသည်မျိုးမှထွက်မလာနိူင်ဘူး…သင်ကဘယ်လိုလွတ်လာတာလဲ…”
မောင်ရေခဲ၏ ခန္ဓာကိုယ်ကား ပွန်းပဲ့ရာစိုးစဉ်းမျှပင်မရှိချေ။ လူရွယ်လည်းမိမိကိုယ်ကိုအားမလိုအားမရဖြစ်ကာ
” နှစ်ကြိမ်ကျန်သေးတာမို့သိပ်ပြီး ဝမ်းသာမနေနဲ့ဦး…ရော့…ငါ့ရဲ့လောင်မီးအတိုက်ကိုခံနိူင်ရင်ခံစမ်း…”
ဆိုပြီးနတ်တို့သာတတ်ကျွမ်းသောလောင်မီးလက်နက်အတိုက်ဖြင့် မောင်ရေခဲအားမီးလောင်တိုက်သွင်းလေ၏။ သို့သော်မောင်ရေခဲကား မိမိ၏ဆရာသင်ပေးခဲ့သောအင်းအတတ်ဖြင့် မီးကွင်းအင်းကိုဆွဲပြီး ကာထားလိုက်၏။ ထိုအင်း၏အစွမ်းကြောင့် လောင်မီးလက်နက်သည်မောင်ရေခဲ၏ဆံချည်တမျှင်ကိုမျှပင် လောင်ကျွမ်းခြင်းမရှိ။ ဤတစ်ခါတွင်လည်း မောင်ရေခဲနိူင်ပြန်၏။
လူရွယ်ကား ရှူးရှူးရှဲရှဲ့ဖြစ်ပြီး ဒေါသထွက်နေချေပြီ။ နောက်ဆုံး၌မိမိ၏အမြင့်ဆုံးပညာစဉ်ဖြစ်သောမနောတိုက်ဖြင့်တိုက်လေ၏။ ဤအတိုက်ကိုလည်း မောင်ရေခဲက နိူင်ပြန်လေရာထိုလူရွယ်သည် မယုံကြည်နိူင်သောအကြည့်ဖြင့် ကြည့်ပြီးမြေပေါ်သို့ဒူးထောက်ထိုင်ချလိုက်၏။
” ကျုပ်အလှည့်ရောက်ပြီ…သင်ကကျုပ်ရဲ့နတ်မျက်စိနဲ့အာစက်မဲှ့ရှင်ကိုတောင်ထိန်းချုပ်နိူင်ပေမဲ့ ကျုပ်ကိုသင့်ပညာဖြင့်အသေသတ်လို့မရနိူင်ဘူးဆိူတာသင်ယုံပြီမလား…ကျုပ်ရဲ့မိခင်ကိုသတ်ခဲ့တဲ့အတွက်သင်ပြန်ပေးဆပ်ပေတော့…”
ဆိုကာ မောင်ရေခဲသည် အစွမ်းထက်ဆုံးအင်းတစ်ချပ်အား ထိုလူ၏နဖူးပေါ်၌ရေးဆွဲလိုက်၏။
” အား…….”
ထိုအင်း၏အစွမ်းကြောင့် လုရွယ်မှာအူအသည်းပြောင်းပြန်လှန်သွားပြီး ခန္ဓာကိုယ်တွင်လည်ပတ်နေသောသွေးမှာလည်း ပြောင်းပြန်စီးဆင်းကုန်၏။ အရွယ်တင်နုပျိုနေသော ရုပ်ရည်မှာလည်း ချက်ချင်းပြောင်းလဲကာ ရုတ်ချည်းပင်အသက်၉၀ကျော်အရွယ်သို့ရောက်သွား၏။ အောက်ဝဇ္ဇာသာဝ၏မူလအစစ်အမှန်ကား အသက်၁၃၀ကျော်နေချေပြီ။ အောက်ဝိဇ္ဇာသာဝသည် ပညာစဉ်တစ်ခုကိုတဖက်ကမ်းခတ်တတ်မြောက်သည့်အပြင် အာယုဟုခေါ်သောမိမိ၏အသက်ကိုလည်း လိုသလိုဆွဲဆန့်လို့ရသည့်အပြင်ရုပ်ရည်ကိုလည်း လိုသလိုရုပ်ပြောင်းရုပ်လွဲလုပ်နိူင်လေသည်။
” ရပ်လိုက်စမ်းလူကလေး…သတိနဲ့ကိုယ်နဲ့အမြန်ကပ်စမ်း….လူတစ်ယောက်ရဲ့အသက်ကို လူလေးသတ်မိတော့မယ်…”
နားထဲသို့ဝင်လာသောဆရာသခင်၏အသံကြောင့် မောင်ရေခဲ အသိစိတ်တို့ ပြန်ဝင်လာ၏။
” ဆရာသခင်….”
မောင်ရေခဲက ဆရာသခင်ဖြစ်သူဘိုးတော်ဖြူကိုအရိုအသေပေးလိုက်၏။
” လူကေလး…ဆရာသခင်တိုသင်ပေးလိုက်တဲ့ဒီပညာရပ်ဟာ လူ့အသက်သတ်ဖိုမဟုတ်ဘူးကွဲ့…မကောင်းတဲ့အလုပ် လုပ်တဲ့သူဟာ မကောင်းကျိုးကိုခံစားရမှာလို့ ကံတရားကသတ်မှတ်ပြီးသား….”
” တပည့်နားလည်ပါပြီဆရာသခင်… ”
” အား….ကယ်ပါဥိး…ကယ်ကြပါဦး…. ”
ထိုစဉ်အကုသိုလ်ကံကုန်သွားသော အောက်ဝိဇ္ဇာသာဝ၏ ဘေးပတ်ပတ်လည်၌ငရဲမီးများထတောက်လာပြီး အလ်ံညီးညီး မီးတောက်မီးလျှံကြီးသည် အောက်ဝိဇ္ဇာသာဝအား ဝါးမျိုသွားလေတော့၏။ ဖမ်းဆီးထားသောကလေးမလည်း ထိုလူ၏လက်မှလွှတ်မြောက်သွားပြီး မိခင်ဖြစ်သူထံပြန်သွား၏။
မိခင်မရှိတော့သည်နေအိမ်၌ တိတ်ဆိတ်ခြောက်ကပ်နေ၏။ မနက်စောစောလွင့်ပျံလာတတ်သော မိခင်၏ဘုရားရှိခိုးပြိး အမျှဝေသံ၊ကြေးစည်သံတို့သည်ကား ဤတသက်၌မည်သို့သောအခါမှမကြားနိူင်တော့ချေ။ ဇနီးသည်မရှိတော့သည့်ဤအိမ်၌ ဦးထွန်းတင်သည်လည်း မနေလိုတော့သောကြောင့် လူဝတ်ကြောင်ဘဝကိုစွန့်ကာ မြင့်မြတ်သော ရဟန်းဘဝသို့် ရာသက်ပန်ကူးပြောင်းသွားချေပြီ။
မောင်ရေခဲတို့ကား မိခင်၏အငွေ့အသက်တို့ရှိနေသေးသောအိမ်ကလေး၌ တစ်လခန့်နေကာ မဟာဂန္ဓာရီခရီးသို့ ဆက်လျှောက်ကြလေတော့သတည်း။…..။
(တွေ့ကြုံဆုံကွဲ မမြဲသောတရားမို့ ဒီဘဝတော့မောင်ရေခဲတို့ဆရာတပည့်နှစ်ယောက် မိခင်၏ မေတ္တာကိုဘယ်သောအခါမှ ပြန်မရနိုင်တော့ပြီ။ အားပေးဖတ်ရှုသူအပေါင်း ကိုယ်စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ)
# ပြီး
# ခွန်း
Zawgyi Version
ေမာင္ေရခဲ ႏွင့္ ေအာက္ဝိဇၨာသာဝ(စ/ဆုံး)
————————————————–
ေမာင္ေရခဲတို႔ဆရာတပည့္ႏွစ္ေယာက္ မိမိတို႔၏ဇာတိေျမသို႔ျပန္လာခဲ့ၾကသည္။ အေၾကာင္းမွာ ေမြးမိခင္ျဖစ္သူေဒၚေအးေမ အေတာ္ေလးေနမေကာင္းျဖစ္ေသာေၾကာင့္ပင္။ မိခင္ျဖစ္သူအတြက္ သူမျပန္၍မျဖစ္။ သားသမီးဟူ၍သူတစ္ေယာက္တည္းသာ ရွိသည္မဟုတ္ပါလား။ မိခင္ႏွင့္ဖခင္သည္ အသက္ႀကီးၿပီျဖစ္ေသာေၾကာင့္ ဇရာ၏အထုအေထာင္းဒဏ္ေၾကာင့္ ေနမေကာင္းျဖစ္သည္လည္းပါမည္။
ေမာင္ေရခဲအိမ္သို႔ျပန္ေရာက္ေသာ္ အိပ္ယာထဲ၌လွဲေနသည့္မိခင္ျဖစ္သူကိုေတြ႕ရသည္။ အသက္ႀကီးၿပီျဖစ္ေသာေၾကာင့္တစ္ေၾကာင္း ေနမေကာင္း၍တစ္ေၾကာင္းေၾကာင့္ မိခင္မွာပိန္ခ်ဳံး၍ အားအင္ခ်ည့္နဲွဲ႔ေနရွာသည္။ ဖခင္ျဖစ္သူကား မိခင္၏ေဘးတြင္ထိုင္လ်က္ စိတ္ေသာကေရာက္ေနဟန္ရွိသည္။ ေမာင္ေရခဲတို႔ဆရာတပည့္အိမ္ထဲဝင္လာသည္ႏွင့္ ဖခင္ကဝမ္းသာအားရျဖင့္
” လူေကလး….အိမ္ျပန္ေရာက္ၿပီလားကြဲ႕….”
” ဟုတ္ကဲ့ျပန္ေရာက္ပါၿပီအေဖ….အေမဘယ္လိုမ်ားျဖစ္ရတာလဲဗ်….”
” တေန႔က အိမ္ေနာက္ေဖးမွာအလုပ္ေတြလုပ္ရင္း ေခြၽးေတြထြက္တယ္ေလ…အဲဒါကိုနံလို႔ဆိုၿပီး ေရခ်ိဳးေလရဲ႕….အဲဒါေၾကာင့္ျဖစ္တာလို႔အေဖထင္တာဘဲကြဲ႕….”
ဖခင္က မိခင္ႏိူးလာမည္စိုး၍ တိုးတိုးေလးေျပာျပရွာသည္။
” ကြၽန္မႏိူးေနပါၿပီေတာ္…တိုးတိုးေလးေျပာမေနနဲ႔…ကြၽန္မသားေလးျပန္လာမွာသိလို႔တမင္ေစာင့္ေနတာ….သားေလးေမ့နားလာပါဦးကြယ္…”
ေဒၚေအးေမကထိုသို႔ေျပာၿပီး အိပ္ယာမွထ ၿပီးေခါင္းအုံးကိုေက်ာ၌ခ်ပ္ကာ ထိုင္လိုက္၏။
ေမာင္ေရခဲလည္း မိခင္ျဖစ္သူအနားလာၿပီး
” ဘယ္လိုျဖစ္ရတာလဲအေမရယ္….က်န္းမာေရးဂ႐ုစိုက္ပါလို႔သားေသခ်ာမွာထားရက္နဲ႔….”
” ဪသားရယ္…အေမလည္း သားကုေပးတာခံခ်င္လို႔ေပါ့ကြယ္….ကိုယ့္သားေလးကတပါးသူက်ကုသေပးၿပီး အေမ့ကိုေတာ့ေမ့ထားမလို႔လား….”
” ေပါက္ကရေတြအေမရယ္….အေမက်န္းက်န္းမာမာရွိေနေတာ့ပိုမေကာင္းဘူးလားလို႔….”
” အေမစတာပါကြယ္…. ကဲသားငယ္ေလးလည္းအေမ့နားလာပါဦးကြယ္…ေမ့သားႏွစ္ေယာက္ကအ႐ြယ္ေတြေရာက္ေနၾကၿပီဘဲ….ကိုခင္ ေတာ့သားေတြစားဖို႔တစ္ခုခုလုပ္ေပးဦးေလကြယ္…ကေလးေတြခရီးႏွင္လာရတာဆာေနေလာက္ေရာေပါ့….”
” ေနပါေစအေမရယ္…ေဖႀကီးမလုပ္နဲ႔… အားလုံးစားဖို႔သားလုပ္လိုက္မယ္….”
ထင္ေပၚကထိုသို႔ေျပာၿပီး ျမန္ဆန္စြာထကာ မီးဖိုထဲသို႔ဝင္သြား၏။
” ဟာ….ဘာေတြလဲ…”
ေမာင္ထင္ေပၚမီးဖိုခန္းထဲဝင္သြားသည္နဲ႔ ျမင္လိုက္ရေသာျမင္ကြင္းေၾကာင့္ လန႔္သြား၏။ မီးဖိုခန္းမွာပြစာႀကဲေနၿပီး ဆန္မ်ားလည္းၾကမ္းေပၚသို႔ ျပန႔္က်ဲေန၏။ ပန္းကန္တို႔လည္းညစ္ပတ္ေပေရေနၿပီး ၾကမ္းေပၚ၌ဟိုတခ်ပ္သည္တခ်ပ္ က်ဲေန၏။
” ဒါဘယ္လိုျဖစ္ရတာလဲ….ဆရာ့အိမ္မွာဒါမ်ိဳးျဖစ္စရာအေၾကာင္းမရွိဘူး…”
ဟုေတြးၿပီးတစ္ခုခုကိုအာ႐ုံခံလိုက္၏။ သို႔ေသာ္မည္သည့္အတိုက္တစ္ခုမွ်ကိုပင္ အာ႐ုံခံ၍မရေခ်။
” မ်ဖစၻဴး…ဆရာ့ကိုေျပာျပမွျဖစ္မယ္….”
ဟုေတြးၿပီးေမာင္ေရခဲရွိရာအေပၚထပ္သို႔တက္သြား၏။
” ဆရာ…ကြၽန္ေတာ္ေျပာစရာရွိတယ္….အေဖတို႔ေရွ႕မွာေျပာမေကာင္းလို႔ အိမ္ေရွ႕ထြက္ခဲ့ဦး….”
” ဘာျဖစ္လို႔လဲထင္ေပၚ…”
” ဧကႏၲမီးဖိုခန္းထဲဆန္ေတြပြစာက်ဲေနတာသားငယ္ျမင္သြားၿပီထင္တယ္….အေဖတို႔လဲအဲဒါကိုေခါင္းခဲေနတာသားတို႔ေရ…”
ေမာင္ေရခဲလည္းဘာမွနားမလည္သျဖင့္ေမာင္ထင္ေပၚေခၚရာသို႔လိုက္ခဲ့၏။ အျပင္ေရာက္ေသာ္ေမာင္ထင္ေပၚက
” ဆရာ….ဆရာ့အိမ္မွာမ႐ိုးသားတာတစ္ခုခုျဖစ္ေနၿပီ…ဒါေပမဲ့ဘာျဖစ္မွန္းအာ႐ုံခံလို႔မရဘူးျဖစ္ေနတယ္…ဆရာမီးဖိုခန္းမွာသြားၾကည့္ၾကည့္…ဆန္ေတြၾကမ္းေပၚက်ဲထားတယ္….”
ေမာင္ေရခဲလည္း မီးဖိုခန္းထဲဝင္ၾကည့္လိုက္ရာ စိတ္မသက္သာစရာမ်ားကိုေတြ႕လိုက္ရ၏။
” ငါတို႔ကိုစိန္ေခၚတဲ့သူေတာ့ေပၚေနၿပီထင္ေပၚ….ဒီလူရဲ႕ပညာကေအာက္ပညာမွာတဖက္ကမ္းခတ္တတ္ေျမာက္ေနၿပီ….ဘာေျခရာလက္ရာမွအာ႐ုံခံလိုမရေအာင္ကို လုပၳားတာ….”
” ဆရာ့အိမ္မွန္းသိရက္နဲ႔ဒီလိုစိန္ေခၚရဲတာသာမန္ပညာသည္မဟုတ္မွန္း သိႏိူင္တယ္ဆရာ….”
” ဒါေၾကာင့္ေပါ့လို႔မရဘူးထင္ေပၚ…အေရးေပၚအေျခေနေရာက္ေနၿပီ….ဒါေၾကာင့္အိမ္ရဲ႕ေလးဖက္ေလးတန္မွာရန္လုံအင္းေတြျမဳပ္ထားလိုက္ေတာ့….သတိကပိုတယ္မရွိဘူး….”
” ဟုတ္ဆရာ….”
ေမာင္ထင္ေပၚလည္း လြယ္အိတ္ထဲမွ ရန္လုံအင္းေလးခ်ပ္ကိုယူကာ ၿခံဝန္း၏ေလးဘက္ေလးတန္၌ျမဳပ္ထားလိုက္၏။
” ေဖ်ာ…ေဖ်ာ… ေဖ်ာ….”
” ေတာက္! ေနာက္ဆုံးေတာ့ေရာက္လာၾကၿပီေပါ့…ဟားဟားဟား…..”
ရန္လုံအင္းျမဳပ္ၿပီးသည္ႏွင့္ ေလတိုးသံႏွင့္အတူလူႀကီးတစ္ေယာက္၏အသံဩဩႀကီးကိုပါၾကားလိုက္ရသည္။
” ဘယ္သူလဲ…သတၱိရွိရင္ထြက္ခဲ့စမ္း….မိန္းမလိုမိန္းမရ ပုန္းမေနနဲ႔….”
” ဟားဟားဟား….ႏို႔နံ႔ေတာင္မစင္ေသးတဲ့ေကာင္စုတ္ေလး….ငါမင္းနဲ႔ၿပိဳင္ခ်င္တာမဟုတ္ဘူး…မင္းဆရာနဲ႔ၿပိဳင္ခ်င္တာ…သတၱိရွိရင္ မင္းဆရာကိုငါနဲ႔ပညာခ်င္းၿပိဳင္ဖို႔ေျပာလိုက္ေကာင္စုတ္ေလး….ဟားဟားဟား….”
” ေဖ်ာ…ေဖ်ာ…ေဖ်ာ….”
႐ုပ္နာမ္မျမင္ရေသာပုဂၢိဳလ္၏အသံက ေလတိုးသံႏွင့္အတူျပန္လည္ေပ်ာက္ကြယ္သြား၏။
ေမာင္ထင္ေပၚ ရန္လုံအင္းကိုျမဳပ္ၿပီး အိမ္ေပၚျပန္တက္လာရာ ေဒၚေအးေမတစ္ေယာက္အသည္းအသန္ျဖစ္ေနသည္ကိုေတြ႕လိုက္ရ၏။ ထိုနည္းတူေမာင္ေရခဲလည္းမိခင္၏ေဘးတြင္ ျပာယာခတ္ေနသည္ကိုေတြ႕လိုက္ရ၏။
” အား….တကိုယ္လုံးကိုက္ခဲေနတာဘဲသားရယ္….ၿပီးေတာ့အေမဘာမွကိုမျမင္ရေတာ့ဘူး…ေမွာင္မိုက္ေနတာဘဲကြယ္….”
” သားရယ္…လူေလး…လူေလးရဲ႕အေမကိုကယ္ပါဦး…”
” စိတၡ္ပါေအဖ…သားအေမ့ကိုရေအာင္ကယ္မွာ…ထင္ေပၚကန္ေတာ့ပြဲေတြအဆင္သင့္လုပ္ထား…ဒီေကာင္ ငါ့အေမကိုဒုကၡေပးေနၿပီ….”
” ကြၽန္ေတာ္အဆင္သင့္လုပ္လိုက္မယ္ဆရာ…”
” ေအမထ….အေဖအေမ့ကိုတြဲကူပါဦး…”
သားအဖႏွစ္ေယာက္မိခင္ကိုတြဲၿပီး ဘုရားေက်ာင္းေဆာင္ေရွ႕၌ထိုင္ခိုင္းလိုက္၏။
” ေအဖ…အိမ္မွာအတိုက္တစ္ခုခုမိေနၿပီ…အဓိကကသားကိုတိုကၱာ…ဒါေပမဲ့သားကိုမထိဘဲအေမ့ကိုလာထိတာ…”
” အေဖတို႔အိမ္မွာထူးဆန္းတာေတြဆက္တိုက္ျဖစ္ေနတယ္သား….မျမင္အပ္တဲ့ပရေလာကသားေတြပါ အိမ္ပတ္ဝန္းက်င္အႏွံ႔မွာေတြ႕ေနရတယ္…ၿပီးေတာ့မီးဖိုခန္းကဆန္ေတြကိုလည္းၾကမ္းျပင္မွာက်ဲထားတယ္….ဘယ္သူလုပ္မွန္းမသိပါဘူး….”
” ေအဖ….ေရာ့ဒီအင္းကိုကိုယ္နဲ႔မကြာေဆာင္ထား….အေဖဘာမွမျဖစ္ေစရဘူး….”
ဆိုၿပီးဖခင္ျဖစ္သူကို ကိုယ္လုံအင္းတခ်ပ္ေပးထားလိုက္၏။
” အားလုံးျပင္ၿပီးၿပီဆရာ….”
” ဟုတ္ၿပီထင္ေပၚ….အေျခအေနကိုေစာင့္ၾကည့္ထားထူးတာနဲ႔ တုန႔္ျပန္လိုက္….”
” ဟုတ္ၿပီဆရာ…”
ေမာင္ေရခဲလည္းျမတ္စြာဘုရားႏွင့္ အထက္ဝိဇၨာဆရာႀကီးမ်ားကိုကန္ေတာ့လိုက္ၿပီး
” တနဂၤေႏြသမီး၏အသက္ကိုငါပိုင္သည္….ဤတနဂၤေႏြသမီးအားျပဳစားေႏွာင့္ယွက္ေနသူမွန္သမွ်မၾကာခ်က္ခ်င္း ငါ့အေရွ႕ေရာက္လာေစ….အထက္ဝိဇၨာႀကီးမ်ားအာဏာ…ငါဆရာ၏အမိန႔္….”
ထိုသို႔အမိန႔္ေပးလိုက္သည့္တိုင္ ေဒၚေအးေမကတုတ္တုတ္မွ်ပင္မလုပ္၏။ ကုသခဲ့ဖူးသည့္ပညာသည္မ်ားထဲတြင္ သူ႔စကားကိုအာခံၿပီး ေပ၍မလာႏိူင္သူမရွိေသးေခ်။ သို႔ေသာ္ယခုမူကား ျပဳစားသူသည္နားပင္းေလ၍လားမသိ ေရာက္ပင္မလာခဲ့ေခ်။ ပို၍ထူးျခားသည္မွာသူ၏နတ္မ်က္စိႏွင့္လွ်ာေပၚမွ အာစက္လွ်ာစက္မဲွ႔ရွင္မွာလည္းေပ်ာက္ခ်င္းမလွေပ်ာက္ေနသည္။ သရဲေတစၦျမင္ႏိူင္ေသာနတ္မ်က္စိမွာလည္းကြယ္ေနေခ်ၿပီ။ သူ႔၏တခ်ိဳ႕ေသာအစြမ္းကိုပါထိန္းခ်ဳပ္ႏိူင္သည့္ ဤပညာသည္အား သူမအံ့ဩဘဲမေနႏိူင္ေခ်။
” ငါေခၚေနတယ္…ငါ့အမိန႔္ကိုအာခံၿပီးမလာဘဲေနဝံ့သလား….ဤတနဂၤေႏြသမီးကိုျပဳစားဝံ့သူငါ့အေရွ႕ေရာက္လာစမ္း….”
ေမာင္ေရခဲကထိုသို႔သုံးႀကိမ္သုံးခါအမိန႔္ျပန္လိုက္မွ မိခင္ျဖစ္သူေဒၚေအးေမသည္ေခါင္းေထာင္လာၿပီး
” ဟဲ့သူငယ္…ဘာအတြက္ငါ့ကိုအတင္းေခၚေနရသလဲဟဲ့…”
” သင္ က်ဳပ္အေမကိုမစာမနာျပဳစားရက္ေလသလား…”
” ဪက်ဳပ္ကလုပ္ခ်င္လို႔လုပ္တာမ်ားထင္ေနတာလားဟဲ့…ေနပါဦး…ညည္းလိုႏိူ႔နံ႔ေတာင္မစင္ေသးတဲ့သူကဘာအတြက္ပညာဂုဏ္ေတြေမာက္မာေနရတာလဲ…ဟင္းဟင္း… ”
” က်ဳပ္ပညာမာန္တက္ေနတာမဟုတ္ဘူး…သင္သာမျဖစ္သေလာက္ပညာေလးနဲ႔က်ဳပ္အေမကိုျပဳစားထားတာ…ခုခ်က္ခ်င္း ျမတ္စြာဘုရား ကိုအ႐ိုအေသေပးၿပီး အေမ့ကိုလုပ္ထားတာေတြျပန္ဖယ္လိုက္စမ္း…”
” အိုဟို…လူကသာေခြးပစ္တုတ္သာသာရွိတာ…စကားကခက္ထန္႐ိုင္းစိုင္းလွေခ်လား….က်ဳပ္ကညည္းထက္ေရာညည္းအေမထက္ပါအသက္အမ်ားႀကီး ႀကီးတယ္…႐ို႐ိူေသေသျပန္ေျပာစမ္းေအ့…ဟင္းဟင္း…”
” ေတာ္စမ္း….က်ဳပ္ထက္အသက္ဘယ္ေလာက္ႀကီးႀကီး…ေအာက္တန္းက်တဲ့အလုပ္ေတြလုပ္ေနရင္က်ဳပ္႐ိုေသေနစရာမလိုဘူး…ခုခ်က္ခ်င္း ဘုရားကိုအ႐ိုအေသျပဳလိုက္စမ္း…”
” မင္းလိုေကာင္စုတ္ေလးရဲ႕အမိန႔္ေပးတိုင္းငါကလိုက္လုပ္မယ္ထင္ေနလားဟဲ့….စဥ္းစားေလ…ခုေခတ္ကေလးေတြမ်ားအေတာ္ေျပာရခက္ပါလား…ကြၽတ္…ကြၽတ္….”
ထိုမိန္းမႀကီးကေမာင္ေရခဲကိုမထီမဲ့ျမင္ျပဳကာေျချခင္းခ်ိတ္ထိုင္ၿပီး ေျပာင္းဖူးဖက္ေဆးလိပ္ႀကီးအား လက္၌ညႇပ္ကာေအးေဆးထိုင္ဖြာေန၏။ သူ႔အားမထီမဲ့ျမင္ျပဳေသာပညာသည္အား ေမာင္ေရခဲတင္းေလၿပီ။ သို႔္ေၾကာင့္အထက္ပုဂၢိဳလ္ႀကီးမ်ားထံခြင့္ေတာင္းကာ ကုသခြင့္ျပဳရန္ခြင့္ေတာင္းလိုက္၏။
” ကဲေကာင္ေလး…ညည္းတတ္ႏိုင္ေသးလား….က်ဳပ္အခ်ိန္ကိုမျဖဳန္းစမ္းပါနဲ႔ေအ…ကဲကဲ ဘာမွမတတ္ႏိူင္ေတာ့ဘူးဆိုလည္းက်ဳပ္ကိုခြင့္ျပဳပါဦး…”
ျပဳစားသူကထိုသို႔ေျပာၿပီး ေဒၚေအးေမ၏ခႏၶာမွခြာရန္ျပဳ၏။
” ႐ႊီး….”
” ျဖန္း…ျဖန္း…ျဖန္း….”
ထိုအခါေမာင္ေရခဲက ႀကိမ္ျစက္ာအားထုတ္ကာျပဳစားသူအား သုံးခ်က္ခန႔္႐ိုက္လိုက္၏။
” အား….ေသာက္ပလုတ္တုတ္…ဒီေကာင္စုတ္ေလးမွာ…ဒီႀကိမ္ျစက္ာဘယ္လိုေရာက္လာတာလဲ….အား….ငါေက်ာ႐ိုးေတာ့ႀကိဳးကုန္ပါၿပီေတာ္….”
” ငါ့ကိုမထီမဲ့ျမင္ျပဳရင္ ဒီထက္အဆတစ္ရာနာမယ္မွတ္….ဒူးေထာက္ထိုင္ၿပီး ျမတ္ဘုရားကိုအ႐ိုအေသေပးလိုက္စမ္း…”
ေမာင္ေရခဲကမာန္ပါပါေျပာလိုက္ရာ ျပဳစားသူမွာဘာမွပင္ျပန္မေျပာရဲဘဲ ဒူးေထာက္ထိုင္ကာ ျမတ္စြာဘုရားအားကန္ေတာ့လိုက္၏။
” ရၿပီလားေတာ္….က်ဳပ္သြားပါရေစ… ”
” တံခါးေပါက္ဘက္လွည့္ၿပီးေျခဆင္းထိုင္လိုက္….ငါေမးတာအကုန္ေျဖ….တခ်က္လိမ္ညာတာေတြ႕တာနဲ႔ ေဟာဒီႀကိမ္ျစက္ာက သင့္ေက်ာေပၚအေရာက္ဘဲ….ေျဖစမ္း…က်ဳပ္အေမကိုသင္တို႔ဘာလုပ္ထားသလဲ….”
” သူ႔ဟာသူေရခ်ိဳးမွားလို႔ျဖစ္တာေလ…က်ဳပ္နဲ႔ဘာဆိုင္လို႔တုန္းဟဲ့….”
” ႐ႊီး….”
” ျဖန္း…ျဖန္း…ျဖန္း….”
” အား….ေသ…ေသပါၿပီေတာ္….က်ဳပ္ေက်ာျပင္စုတ္ျပတ္သတ္ေနၿပီေတာ္ပါေတာ့….”
” ေျဖစမ္း…ေမတၱာတရားထားလို႔မရတဲ့ဟာမေတြ….ကဲေျဖ….က်ဳပ္အေမကိုသင္ဘာလုပ္ထားတာလဲ….”
” ေျဖပါ့မယ္ေတာ္….ေျဖပါ့မယ္…က်ဳပ္ေက်ာျပင္ႀကီးစုတ္ျပတ္သတ္သြားၿပိထင္ပါရဲ႕နာလိုက္တာေတာ္….က်ဳပ္သရဲငနက္ကိုခိုင္းၿပီးသူ႔ကိုဖမ္းစားခိုင္းယုံပါေတာ္…က်န္တာဘာမွမလုပ္ရပါဘူး….”
” အမွန္တိုင္းေျဖ….သရဲဖမ္းစားယုံနဲ႔က်ဳပ္အေမဒီလိုအသည္းအသန္ျဖစ္စရာအေၾကာင္းမရွိဘူး….က်ဳပ္မရွိတုန္းသင္တို႔က က်ဳပ္မိဘကိုဒုကၡေပးတယ္…က်ဳပ္ သင္တို႔ကိုဘယ္နည္းနဲ႔မွခြင့္မလြတ္ဘူး….အမွန္တိုင္းေျဖစမ္း…မဟုတ္ရင္သင့္ေက်ာျပင္ကဒဏ္ရာကိုဆားျဖဴးပစ္မယ္….”
” အို….မလုပ္ပါနဲ႔ရွင္…မလုပ္ပါနဲ႔….က်ဳပ္ေသသြားလိမ့္မယ္ေတာ္….က်ဳပ္အမွန္ေျပာတာပါ….က်န္တာဘာမွမလုပ္ရဘူး…ဘုရားစူးပါေတာ္…”
” က်ဳပ္စစ္လို႔ေတြ႕ရင္ေတာ့သင္အေသဘဲ…ကဲထင္ေပၚ င႐ုပ္သီးမႈန႔္ေပးစမ္း….”
င႐ုတ္သီးမႈန႔္ရလာေသာ္ ေမာင္ေရခဲသည္ င႐ုတ္သီးမႈန႔္ကိုေရေဖ်ာလိုက္ၿပီး ဂါထာျဖင့္မန္းမႈတ္လိုက္၏။
” သင္က်ဳပ္အေမကို သရဲဖမ္းစားခိုင္းတာကလြဲၿပီးဘာမွမလုပ္ထားတာေသခ်ာတယ္ေနာ္….ကဲက်ဳပ္ကိုအဆိုးမဆိုနဲ႔….”
ဟုေျပာၿပီး င႐ုတ္သီးရည္အား တနဂၤေႏြသမီး၏မ်က္လုံးထဲသို႔မ်က္စဥ္းခပ္ေပးလိုက္၏။
” အား….ပူတယ္….စပ္တယ္.. .ငါ့မ်က္လုံးကန္းပါၿပီေတာ္….ကန္းပါၿပီ….”
” သင္ဘာမွမလုပ္ထားဘူးဆို….ခုကဘာျဖစ္တာလဲ…”
” ေတာင္းပန္ပါတယ္ေတာ္….က်ဳပ္ကိုမ်က္စဥ္းမခတ္ပါနဲ႔ေတာ့….က်ဳပ္မ်က္လုံးကန္းသြားလိမ့္မယ္….ေတာ္ပါေတာ့….က်ဳပ္သူ႔ကိုမ်က္လုံးမႈန္ဝါးေနေအာင္လုပ္ထားတာပါေတာ္….အဲဒါလည္းက်ဳပ္အကုန္ျပန္ယူေပးပါ့မယ္….က်ဳပ္ကိုမ်က္စဥ္းခတ္ထားတာေတြျပန္ေျဖေပးပါေတာ္…”
ျပဳစားသူက လက္ႏွစ္ဖက္ျဖင့္မ်က္လုံးကိုပြတ္သပ္ၿပီးေတာင္းပန္ေန၏။ ျပဳစားသူ၏မ်က္လုံးမ်ာနီရဲမို႔္အစ္ေနၿပီး ေၾကာက္စရာပင္ေကာင္းေနေတာ့၏။
” သင္လုပ္ထားတာအကုန္ျပန္ယူ…မဟုတ္ရင္သင့္ကိုငရဲအိုးထဲပို႔ပစ္မယ္….”
” ေၾကာက္ပါၿပီေတာ္…ေၾကာက္ပါၿပီ….က်ဳပ္ပညာေတြအကုန္ျပန္ယူပါ့မယ္…”
ျပဳစားသူကထိုသို႔ေျပာၿပီး လက္ျဖင့္ေခါင္းမွေျခအဆုံးသုံးခါသပ္ခ်လိုက္၏။
” ကုန္ၿပီလား…ငါစစ္လို႔ထပ္ေတြ႕ရင္ မသက္သာဘူးမွတ္….”
” ေၾကာက္ပါၿပီရွင့္…ေၾကာက္ပါၿပီ…တကယ္မက်န္ေတာ့ပါဘူး…က်ဳပ္မ်က္လုံးကန္းပါေတာ့မယ္…က်ဳပ္ကိုျပန္ေျဖေပးပါေတာ့…”
ေမာင္ေရခဲလည္းထိုလူေျပာသည့္အတိုင္းဟုတ္မဟုတ္ စစ္ၾကည့္လိုက္ရာ မိခင္ထံတြင္ျပဳစားထားေသာလကၡဏာမ်ားမရွိေတာ့သည္ကိုေတြ႕လိုက္ရသျဖင့္ မ်က္စဥ္းခပ္ေျပသည့္ဂါထာကို႐ြတ္လိုက္၏။ ထိုအခါ ျပဳစားသူမွာမ်က္လုံးမ်ားျပန္ဖြင့္လာၿပီး ပူျခင္းစပ္ျခင္းမရွိ ပကတိအတိုင္းျပန္ျဖစ္သြားေတာ့၏။
” ကဲ…သင့္ကိုခိုင္းတဲ့ဆရာကဘယ္သူလဲ…”
” က်ဳပ္…က်ဳပ္မွာဆရာမရွိပါဘူးေတာ္…က်ဳပ္ဘာသာက်ဳပ္လုပ္ခ်င္လို႔လုပ္တာပါ….”
” အမွန္တိုင္းေျဖရင္ သင့္ကိုအျပစ္မယူဘူး….မဟုတ္ရင္ေတာ့ေတြ႕လား….”
ဆိုၿပီးေမာင္ေရခဲက မဟာအဝီစိငရဲကိုမ်က္ဝါးထင္ထင္ျပလိုက္၏။
” အေမလး…ေၾကာက္…ေၾကာက္ပါၿပီ …က်ဳပ္မၾကည့္ရဲေတာ့ဘူးေတာ္ပါေတာ့…က်ဳပ္ဆရာဘယ္သူဆိုတာ က်ဳပ္ေျပာပိုင္ခြင့္မရွိဘူး….က်ဳပ္သူခိုင္းသမွ်လုပ္ေပး႐ုံပါ….က်ဳပ္ေျပာခြင့္မရွိပါဘူး…က်ဳပ္ေျပာရင္က်ဳပ္သမီးေလးေသသြားလိမ့္မယ္ေတာ္…အဟင့္ဟင့္… ”
” သူကသင့္ကိုသင့္သမီးအသက္နဲ႔အၾကပ္ကိုင္ထားတာလား…ေျပာသာေျပာသင္ႏွင့္သင့္သမီး မွဲ႔တစ္ေပါက္မစြန္းေစရဘူးလို႔က်ဳပ္အာမခံတယ္….”
” အဲလို႔ဆိုရင္က်ဳပ္ေျပာပါ့မယ္ေတာ္….သူကက်ဳပ္တို႔႐ြာကိုတေလာကမွ ေရာက္လာတဲ့သူပါ…ေအာက္ဝိဇၨာအဆင့္ေရာက္ေနၿပီး အေတာ္စြမ္းပါတယ္….က်ဳပ္တို႔ပညာသည္ေလာကကလူေတြ သူ႔ကိုဖိန႔္ဖိန႔္တုန္ေအာင္ေၾကာက္ရပါတယ္….သူ႔နာမည္ကေအာက္ဝိဇၨာသာဝတဲ့….”
” ေတာက္! ေကာင္မ ညည္းကငါ့နာမည္ကိုထုတ္ေျပာရဲတယ္ေပါ့…ညည္းကေလးအသက္ကိုညည္းကိုတိုင္စေတးပစ္တာေနာ္…က်ဳပ္ကိုအဆိုးမဆိုနဲ႔…ဟားဟားဟား….”
ေမာင္ေရခဲေမးသမွ်ကိုျပဳစားသူကေျဖလိုက္လွ်င္ ဘယ္ကလာမွန္းမသိေသာအသံဩဩႀကီးကထြက္ေပၚလာေလ၏။
” သူေရာက္လာၿပီဆရာ….က်ဳပ္သမီးေလးကိုကယ္ေပးပါေနာ္….က်ဳပ္မွာဒီသမီးေလးဘဲရွိတာပါေတာ္…က်ဳပ္ေတာင္းပန္ပါတယ္….”
” စိတ္ခ်သင့္သမီးဘာမွမျဖစ္ေစရဘူး…ကဲသင္လည္း ဘုရားကိုအ႐ိုအေသျပဳၿပီးသြားလိုရာသြားလို႔ရၿပီ….”
ေမာင္ေရခဲကထိုသို႔ေျပာလိုက္ရာ ျပဳစားသူလည္းေဒၚေအးေမ၏ခႏၶာမွထြက္သြားလိုက္၏။
” ဟားဟားဟား….လူတစ္ေယာက္ရဲ႕အသက္ကိုဘဲမင္းကယ္ခြင့္ရွိမယ္ေကာင္ေလး….”
” ျဖန္း….”
” အင့္….”
” ေအမ….”
ဘယ္ကလာမွန္းမသိေသာေက်ာက္ဘီလူးလက္ဝါးႀကီးတစ္ခုသည္ ေမ့လဲက်ေနေသာေဒၚေအးေမ၏ေက်ာျပင္အားျဖန္းခနဲ႐ိုက္လိုက္ရာ ပါးစပ္မွေသြးမ်ားပြက္ခနဲအန္ထြက္လာၿပီး သားျဖစ္သူကိုစိုက္ၾကည့္ေနေတာ့သည္။
” ဟားဟားဟား…..မင္းအရမ္းစြမ္းတယ္ဆိုေကာင္ေလး….မင္းအေမရဲ႕အသက္ကိုေတာင္မင္းမကယ္ႏိူင္ပါလားကြ…ဟမ္…ဟားဟားဟား….”
” ေအမ…ေအမ….ထပါဦးဟာ…ေအမ…”
” မေအးေမ….မေအးေမ…သားလူေလး…မင္းအေမကိုေခၚပါဦးကြာ….ေအးေမ….”
” ေအမ…ေအမ…သားတို႔ကိုထၾကည့္ပါဦး…ေအမ…အဟင့္….”
” ဟားဟားဟား….မင္းတို႔ဆရာတပည့္ေတြအရမ္းစြမ္းတယ္ဆိုကြ…ခုျဖင့္ငါ့ရဲ႕ေက်ာက္ဘီလူးလက္ဝါးကိုေတာင္မခုခံႏိူင္ပါလား….ဟားဟားဟား….”
” ေတာက္! မင္းဘယ္သူလဲ…သတၱိရွိရင္လူလုံးထြက္ျပလိုက္စမ္း….ငါ့မိဘကိုဒုကၡေပးေနစရာမလိုဘူး….ငါနဲ႔ရန္စရွိရင္ငါနဲ႔ဘဲရွင္းမယ္ကြ…”
” ေကာင္ေလး…ေကာင္ေလး….မင္းကဟုတ္မလိုလိုနဲ႔…တကယ္ေတာ့ဘာမွမတတ္တဲ့ပညာသင္သာသာေလးပါကြာ…ေအးမင္း ငါ့ကိုေတြ႕ခ်င္ရင္ လာမဲ့လျပည့္ညရဲ႕ သန္းေခါင္ယံအခ်ိန္မွာ ဘုရားကုန္းရင္ျပင္ရဲ႕ဒုတိယေညာင္ပင္ေအာက္ကိုလာခဲ့. .ငါေစာင့္ေနမယ္…ဟားဟားဟား….”
ထိုလူႀကီး၏အသံမွာပတ္ဝန္းက်င္မွေပ်ာက္ကြယ္သြားေလ၏။ ထို႔အတူေက်ာက္ဘီလူးလက္ဝါးအ႐ိုက္ခံရေသာ ေဒၚေအးေမမွာလည္း ေသြးမ်ားအန္ထြက္ကာ အသက္ယဲ့ယဲ့ပင္က်န္ေတာ့သည္။ ေမာင္ေရခဲ၊ေမာင္ထင္ေပၚႏွင့္ဦးထြန္းတင့္တို႔သားအဖသုံးေယာက္မွာ ဝမ္နည္းစြာငိုေႂကြးေနၾက၏။
” ေအမ…အေမ့ကိုသားတို႔ရေအာင္ကုမယ္ေနာ္…အေမအားတင္းထား….ေအမသိတယၼလားေအမ့သားက ခုႏွစ္ရက္သားသမီးကိုကယ္တင္ေနတဲ့ဝိဇၨာေလာင္းလ်ာဆိုတာေလ….အေမအားတင္းထားေနာ္….”
ေမာင္ေရခဲမွာမိခင္ျဖစ္သူကိုၾကည့္ၿပီးေျပာဆိုေန၏။ ေဒၚေအးေမမွာ သားျဖစ္သူ၏ပါးျပင္ကိုလက္ျဖင့္ကိုင္လိုက္ရင္း
” ေအမ့သားက လူသူေတာ္ဝိဇၨာေလးပါကြယ္….ဒါေပမဲ့ေသျခင္းတရားကိုေတာ့ငါ့သား မကယ္တင္ႏိူင္ပါဘူးကြယ္….အေမဝဋ္ေႂကြးရွိလို႔ ျပန္ဆပ္ရတယ္လို႔ဘဲအေမသေဘာထားပါတယ္ကြယ္….အေမ့သားေလးႏွစ္ေယာက္လုံး ဆက္လက္ၿပီးေလာကအက်ိဳးကို သယ္ပိုးၾကပါေနာ္…ကိုထြန္းတင္ ကြၽန္မတို႔သားေလးႏွစ္ေယာက္ကိုကြၽန္မအစားပိုၿပီးေစာင့္ေရွာက္ေပးပါေနာ္….”
” ေအမ…မဟုတ္တာေတြမေျပာပါနဲ႔အေမရာ…အေမ့ကိုသားငယ္ရေအာင္ကယ္မွာ….သားကိုေမြးတဲ့ေမေမေသဆုံးသြားၿပီးတဲ့ေနာက္ပိုင္း ေမေမ့ဟာသားရဲ႕ဒုတိယေမေမပါအေမရယ္….သားတို႔ကိုထားမသြားပါနဲ႔ေနာ္…အဟင့္….”
ေမာင္ထင္ေပၚမွာေျပာေျပာဆိုဆိုျဖင့္ဒုတိယမိခင္၏ ဇရာေၾကာင့္အေၾကာထေနေသာလက္ကိုကိုင္ၿပီးပါးတြင္အပ္ကာ ငိုေႂကြးေန၏။
” သားငယ္…သားငယ္ဟာလည္းအေမ့ရဲ႕ဝမ္းမနာသားေလးပါကြယ္….သားအစ္ကို႔ကိုအေမ့ကိုယ္စားေစာင့္ေရွာက္ေပးပါေနာ္….ေအမစိတၡ္ခဲ့ပါေရစ….”
ေဒၚေအးေမကတိုးညင္းေသာအသံျဖင့္ သားငယ္ေမာင္ထင္ေပၚကိုမွာေနရွာ၏။ ထို႔ေနာက္မ်က္လုံးကိုတျဖည္းျဖည္းျခင္းမွိတ္ကာ ခ်စ္လွစြာေသာ သားႏွစ္ေယာက္ႏွင့္ခင္ပြန္းျဖစ္သူကိုအၿပီးတိုင္ႏူတ္ဆက္သြားေလသည္။
” ေအမ……. ေအမ….မ်က္လုံးဖြင့္ပါဦးဗ်ာ…ေအမ့….”
” သားရဲ႕အျပစ္ပါဗ်ာ…သားကိုယ္တိုင္ဆရာလုပ္ေနၿပီး အေမ့ကိုေတာင္မကာကြယ္ေပးႏိုင္ခဲ့ဘူး…သားကိုခြင့္မလြတ္ပါနဲ႔အေမရာ….အဟင့္….”
ေမာင္ေရခဲကမိခင္ကိုရင္ခြင္၌ပိုက္ကာ မိမိကိုယ္ကိုအျပစ္တင္၏။ ေမာင္ထင္ေပၚကား ဒုတိယမိခင္၏လက္ကိုကိုင္ကာ သည္းစြာငိုေႂကြးေန၏။ ဦးထြန္းတင္ကား ေယာက်ာ္းႀကီးတန္မဲ့ မ်က္ရည္က်ကာရင္ထဲ၌ဗေလာင္ဆူေန၏။
ေဒၚေအးေမ၏အိမ္၌လူမ်ားစည္ကားေနသည္။ ေမာင္ေရခဲတို႔ဆရာတပည့္ကား ဘုရားစင္ေရွ႕၌ မႏိူးေသာအိပ္စက္ျခင္းတို႔ျဖင့္ ထာဝရအိပ္စက္သြားေသာ မိခင္ေဒၚေအးေမ၏ေဘး၌ တိတ္ဆိတ္စြာထိုင္ေနၾက၏။ ဦးထြန္းတင္ကား အပူ႐ုပ္ကိုဟန္လုပ္ကာ လာသည့္ဧည့္သည္မ်ားကိုဧည့္ခံေန၏။
မနက္ကိုးနာရီထိုးခ်ိန္၌ေဒၚေအးေမ၏႐ုပ္ကလပ္ကိုအိမ္ေပၚမွသယ္ကာ အိမ္ေရွ႕ကနဖ်င္းထိုးထားေသာစင္ေပၚ၌ ေျပာင္း၍တင္ထားလိုက္၏။ အေခါင္းေပၚတြင္ကား ေမာင္ေရခဲကိုယ္တိုင္ေျမျဖဴခဲျဖင့္ ညီညာဝိုင္းစက္စြာေရးထားေသာ ေဒၚေအးေမ အသက္(၇၀) ဟူေသာစာတမ္း။
” တကယ္ေတာ့အေမရယ္…သားေရးခ်င္တာဒီလိုစာမဟုတ္ဘူး….သားေရးခ်င္တာအေမ့ရဲ႕ ႏွစ္လိုေပ်ာ္႐ႊင္ဖြယ္ေကာင္းတဲ့ (၇၀)ႏွစ္ျပည့္ေမြးေန႔ဆိုတာေလးပါအေမရယ္…”
မိခင္၏ေခါင္းတလားေပၚ မိခင္၏နာမည္ႏွင့္အသက္ကိုေရးရင္း ပါးျပင္ေပၚသို႔မ်က္ရည္ပူစတို႔လွိမ့္ဆင္းလာ၏။ သူလည္းကိေလသာအာသေဝါတရားမကုန္ခမ္းေသးသည့္ လူထဲကလူတစ္ေယာက္ပင္မဟုတ္ပါလား။
မြန္းလြဲတစ္နာရီထိုးခ်ိန္၌မိခင္၏႐ုပ္ကလပ္ကိုထမ္းကာ သုသာန္သို႔ပို႔ေဆာင္၏။ မိခင္၏ေနာက္ဆုံးအခ်ိန္သည္ကား လိုက္လံပို႔ေဆာင္သူမ်ားျပားေနသည္။ သုသာန္သို႔ေရာက္လွ်င္ ေမာင္ေရခဲ၏ငယ္ဆရာေတာ္ဥဴးေမဓာဝီက သရဏဂုံတင္ေပးေန၏။ ဆရာေတာ္ဥဴးေမဓာဝီလည္း ဒကာမအရင္းျဖစ္သူအတြက္ဝမ္းနည္းေနဟန္ရွိသည္။ သရဏဂုံတင္ၿပီးေသာ္ တပည့္ျဖစ္သူေမာင္ေရခဲအား
” ေမာင္ေက်ာင္းသား….ရန္ကိုရန္ခ်င္း ဘယ္ေတာ့မွမတုန႔္နင္းရဘူးေနာ္….သူမ္ားအ်ပစၠိဳ ကိုယ့္အျပစ္မျဖစ္ေစနဲ႔….”
ဟုမိန႔္ေလရာေမာင္ေရခဲက လက္အုပ္ခ်ီၿပီး
” တင္ပါ့ဘုရား တပည့္ေတာ္အတတ္ႏိူင္ဆုံး ဆင္ျခင္ပါ့မယ္ဘုရား…”
” သာဓုကြယ္…ေမာင္ေက်ာင္းသားကခုႏွစ္ရက္သားသမီးေတြကယ္တယ္ေနတဲ့မဟာဂ႐ုဏာရွင္ဘဲ…ဒါေလးေတာ့ေမာင္ေက်ာင္းသားလိုက္နာႏိူင္မယ္ထင္တယ္…”
ေမာင္ေရခဲက ဆရာေတာ္အားဘာတစ္ခြန္းမွျပန္မေလွ်ာက္ေတာ့ဘဲ ေခါင္းငုံ႔ထားလိုက္၏။
မိခင္ဆုံးၿပီးခုႏွစ္ရက္ေျမာက္ေန႔၌ ေမာင္ေရခဲသည္ မိခင္အားသတ္ခဲ့ေသာေအာက္ဝိဇၨာႀကီးအား ရွာေဖြရန္ ဘုရားကုန္းရင္ျပင္ရွိ ဒုတိယေညာင္ပင္ေအာက္သို႔လာခဲ့သည္။ ေမာင္ထင္ေပၚလည္းဆရာျဖစ္သူ၏ေနာက္သို႔လိုက္လာခဲ့သည္။
” ထင္ေပၚ…ကိုယ္လုံအင္းကိုေသာက္ထား…ခုရင္ဆိုင္ရမဲ့သူက အင္မတန္စြမ္းအားႀကီးတယ္….”
” ဟုတ္ဆရာ…ဆရာလည္းဂ႐ုစိုက္ပါေနာ္….အေမကမွာခဲ့တယ္ဆရာ့ကိုဂ႐ုစိုက္ေပးဖို႔…”
တစ္ေယာက္ႏွင့္တစ္ေယာက္ ဂ႐ုစိုက္ရန္မွာရင္း ေညာင္ပင္ေအာက္သို႔လာခဲ့၏။
ဒုတိယေညာင္ပင္ဟုေျပာရျခင္းမွာ ဘုရားရင္ျပင္အေရွ႕ဘက္မ်က္ႏွာစာ၌လည္း ေညာင္မုတ္ဆိတ္မ်ား တြဲက်ေနေသာ ေညာင္ပင္ႀကီးတစ္ပင္ရွိေန၏။ ထိုေညာင္ပင္ႏွင့္ ခပ္လွမ္းလွမ္းအကြာတြင္ ပထမေညာင္ပင္ႀကီးထက္ ပို၍ႀကီးၿပီးအခက္အလက္ေဝဆာေနေသာ ေညာင္ပင္ႀကီးတစ္ပင္ရွိေနေသး၏။ ေမာင္ေရခဲတို႔လည္း ပထမေညာင္ပင္ႀကီးကိုေက်ာ္လြန္ၿပီး ဒုတိယေညာင္ပင္ေအာက္သို႔ ေရာက္လာခဲ့၏။ သို႔ေသာ္မည္သူတစ္ဦးတစ္ေယာက္ကိုမွ်မျမင္ေသး။
” သင္ေခၚထားတဲ့ေနရာ က်ဳပ္ေရာက္လာခဲ့ၿပီ….သင္လူလုံးျပၿပီးထြက္လာခဲ့စမ္း….”
ေမာင္ေရခဲကေဘးဘီဝဲယာကိုၾကည့္ၿပီး ေျပာလိုက္၏။
” ဟားဟားဟား….အေတာ္ေတာ့သတၱိရွိသားဘဲ…ငါေခၚတဲ့ေနရာထိေရာက္လာရဲတယ္ဆိုေတာ့….”
ဆိုေသာအသံႏွင့္အတူ အသက္၂၅ႏွစ္အ႐ြယ္လူတစ္ေယာက္က ေညာင္ပင္ႀကီး၏အေနာက္ဘက္မွထြက္လာခဲ့၏။
” က်ဳပ္နဲ႔သင္ကဘာရန္ၿငိဳးရန္စမွမရွိဖူးဘဲနဲ႔ဘာအတြက္က်ဳပ္ရဲ႕မိခင္အသက္ကိုယူရတာလဲ….ဒီအတြက္သင္ျပန္ေပးဆပ္ရမယ္…”
” ဟားဟားဟား….သင္သာက်ဳပ္ကိုမသိတာက်ဳပ္ကျဖင့္သင့္ရဲ႕ဂုဏ္သတင္းကိုၾကားဖူးေနတာၾကာၿပီ…ဒါေၾကာင့္ သင္နဲ႔ပညာၿပိဳင္ဖို႔ေျခဆန႔္ခရီးထြက္ၿပီး သင္ရွိမဲ့ေနရာလိုက္ရွာခဲ့တာ….ဒါေပမဲ့သင္ကတစ္ေနရာထဲမွာအၿမဲရွိမေနတတ္ေတာ့ သင္နဲ႔ေတြ႕ဖို႔က်ဳပ္အခြင့္အေရးမရခဲ့ဘူး…ဒီေတာ့ က်ဳပ္စဥ္းစားမိတာကစသင္ရဲ႕ဇာတိေျမမွာ သင့္မိဘက်န္ခဲ့တာကိုဘဲ….က်ဳပ္တြက္တာမွန္သြားတယ္….က်ဳပ္သင့္မိဘကိုဒုကၡေပးလိုက္တာနဲ႔ သင္လည္းျပန္လာခဲ့တယ္ေလ…”
” ဒါေၾကာင့္က်ဳပ္လည္း သင့္အိမ္ကိုအတိုက္ေတြဆင္ၿပီး ခ်ည္းကပ္ေနတာ…သင့္မိဘေတြကဘုရားတရားၿမဲေတာ့က်ဳပ္မွာအေတာ္ေလးႀကိဳးစားယူရတယ္…ဒါေပမဲ့ခုေတာ့လည္းက်ဳပ္လုပ္ႏိူင္သြားတာဘဲေလ…မဟုတၻဴးလား…ဟားဟားဟား…”
” က်ဳပ္မိခင္အတြက္သင္ျပန္ေပးဆပ္ရမယ္…”
” ဟင္းဟင္း…ဒါက်ဳပ္အမွားမဟုတ္ဘူး…သင္ကိုယ္တိုင္ သင့္မိခင္အသက္ကိုဟိုကေလးမရဲ႕အသက္နဲ႔အေပးအယူလုပ္သြားခဲ့တာေလ….ဟားဟားဟား…”
” ေတာ္လိုက္ေတာ့ လူအိုႀကီး… ခင္ဗ်ားႀကီးက႐ုပ္ေျပာင္း႐ုပ္လြဲလုပ္ၿပီး မူလ႐ုပ္အမွန္ကိုေဖ်ာက္ထားတယ္…ေသေပေတာ့အဖိုးႀကီး….”
ေမာင္ထင္ေပၚကထိုသို႔ေျပာၿပီး အင္းစမတစ္ခ်ပ္အားထိုလူ႔ထံသို႔ပစ္ေပါက္လိုက္၏။
” ဟားဟားဟား…ဒီေကာင္ေလးကိုယ့္အသက္ကိုမႏွေျမာဘူးနဲ႔တူတယ္… ေသခ်င္ေနမွေတာ့ျဖည့္ဆည္းေပးရတာေပါ့ကြာ…”
ဆိုၿပီး စမအင္းခ်ပ္အား ဘယ္လက္ႏွင့္လွမ္းယူကာ ေမာင္ထင္ေပၚထံသို႔ျပန္ပစ္လိုက္၏။
” အား….”
႐ုပ္ဖ်က္စမအင္းခ်ပ္၏ တန္ျပန္အစြမ္းေၾကာင့္ထင္ေပၚမွာခပ္ေဝးေဝးသို႔လႊင့္ထြက္သြား၏။
” ဟားဟားဟား….မင္းမေျပာနဲ႔ မင္းရဲ႕ဆရာေတာင္ ငါ့ကိုမႏိူင္ဘူးေကာင္ေလးေရ….ငါ့ကိုႏိူင္ခ်င္ရင္ဒီတစ္သက္ႀကိဳးစားလိုက္ဦး…”
ထိုလူ႐ြယ္က ေမာင္ထင္ေပၚကိုၾကည့္ၿပီးဟားတိုက္ရယ္ေမာေန၏။
” ေတာ္လိုက္စမ္း…ငါနဲ႔ရန္စရွိရင္ငါနဲ႔ဘဲရွင္း…မဆိုင္တဲ့လူကိုနာက်င္ေအာင္လုပ္ဖို႔မလိုဘူး…ရွိသမွ်အစြမ္းေတြထုတ္ၿပီးငါနဲ႔တိုက္လိုက္….”
ေမာင္ေရခဲက ထိုသို႔ေျပာလိုက္ရာ ထိုလူကေမာင္ေရခဲအား မတူမတန္သလိုၾကည့္ၿပီး
” ျဖစ္ႏိူင္လို႔လားေကာင္ေလးရာ…ဒီေလာကတစ္ခြင္မွာ ေအာက္ဝိဇၨာသာဝကိုႏိူင္တဲ့လူမရွိေသူဘူးေနာ္….ဟားဟားဟား….”
” အေျပာခ်ည္းသက္သက္နဲ႔ေတာ့ က်ဳပ္လည္းမယုံတတ္တာမို႔ အေျပာနဲ႔အလုပ္ညီေအာင္လုပ္ျပစမ္းပါ….”
” ႀကိဳက္ၿပီ….က်ဳပ္လည္းဒီလိုၿပိဳင္ဘက္မ်ိဳးကိုရွာေနတာ ကဲသင္က်ဳပ္ရဲ႕ပညာအစြမ္းသုံးခုကိုခံႏိူင္ရင္ က်ဳပ္ကိုႀကိဳက္တာလုပ္လိုက္.. ေအး…မခံႏိူင္ရင္ေတာ့သင့္ထိုက္နဲ႔သင့္ကံေပါ့ကြာ…ဟားဟားဟား…”
” က်ဳပ္သေဘာတူတယ္…လုပ္လိုက္စမ္းပါ….”
ေမာင္ေရခဲကထိုသို႔ေျပာလိုက္သည္ႏွင့္ ထိုလူသည္ ေခါင္းေပါင္းကိုခြၽတ္ၿပီး ေလထဲေဝ့ယမ္းလိုက္ရာ ေလဆင္ႏွာေမာင္းတစ္ခုသည္ေမာင္ေရခဲအားဝါးမ်ိဳေလ၏။
” ဟားဟားဟား….က်ဳပ္ေျပာသားဘဲ…က်ဳပ္အစြမ္းကိုဘယ္သူမွရွင္လ်က္ ျပန္ထြက္မလာႏိူင္ဘူးလို႔….”
ထိုလူကေမာင္ေရခဲကိုသာမကေဘးရွိေညာင္ပင္ႀကီးကိုပါဝါးမ်ိဳသြားေသာ ေလဆင္ႏွာေမာင္းကိုၾကည့္ၿပီးအားရေက်နပ္ေန၏။ ထိုစဥ္ေမာင္ေရခဲသည္ ထိုလူ၏ေရွ႕၌ လက္ေနာက္ပစ္ကာရပ္ေနသည္ကိုေတြ႕လိုက္ရ၏။ ထိုျမင္ကြင္းေၾကာင့္ လူ႐ြယ္မ်ာမ်က္ႏွာပ်က္႐ြင္းသြားၿပီး
” ဟင္….မျဖစ္ႏိုင္ဘူး…ဒီေလဆင္ႏွာေမာင္းထဲကေန ဘယ္ပညာသည္မ်ိဳးမွထြက္မလာႏိူင္ဘူး…သင္ကဘယ္လိုလြတ္လာတာလဲ…”
ေမာင္ေရခဲ၏ ခႏၶာကိုယ္ကား ပြန္းပဲ့ရာစိုးစဥ္းမွ်ပင္မရွိေခ်။ လူ႐ြယ္လည္းမိမိကိုယ္ကိုအားမလိုအားမရျဖစ္ကာ
” ႏွစ္ႀကိမ္က်န္ေသးတာမို႔သိပ္ၿပီး ဝမ္းသာမေနနဲ႔ဦး…ေရာ့…ငါ့ရဲ႕ေလာင္မီးအတိုက္ကိုခံႏိူင္ရင္ခံစမ္း…”
ဆိုၿပီးနတ္တို႔သာတတ္ကြၽမ္းေသာေလာင္မီးလက္နက္အတိုက္ျဖင့္ ေမာင္ေရခဲအားမီးေလာင္တိုက္သြင္းေလ၏။ သို႔ေသာ္ေမာင္ေရခဲကား မိမိ၏ဆရာသင္ေပးခဲ့ေသာအင္းအတတ္ျဖင့္ မီးကြင္းအင္းကိုဆြဲၿပီး ကာထားလိုက္၏။ ထိုအင္း၏အစြမ္းေၾကာင့္ ေလာင္မီးလက္နက္သည္ေမာင္ေရခဲ၏ဆံခ်ည္တမွ်င္ကိုမွ်ပင္ ေလာင္ကြၽမ္းျခင္းမရွိ။ ဤတစ္ခါတြင္လည္း ေမာင္ေရခဲႏိူင္ျပန္၏။
လူ႐ြယ္ကား ရႉးရႉးရွဲရွဲ႕ျဖစ္ၿပီး ေဒါသထြက္ေနေခ်ၿပီ။ ေနာက္ဆုံး၌မိမိ၏အျမင့္ဆုံးပညာစဥ္ျဖစ္ေသာမေနာတိုက္ျဖင့္တိုက္ေလ၏။ ဤအတိုက္ကိုလည္း ေမာင္ေရခဲက ႏိူင္ျပန္ေလရာထိုလူ႐ြယ္သည္ မယုံၾကည္ႏိူင္ေသာအၾကည့္ျဖင့္ ၾကည့္ၿပီးေျမေပၚသို႔ဒူးေထာက္ထိုင္ခ်လိုက္၏။
” က်ဳပ္အလွည့္ေရာက္ၿပီ…သင္ကက်ဳပ္ရဲ႕နတ္မ်က္စိနဲ႔အာစက္မဲွ႔ရွင္ကိုေတာင္ထိန္းခ်ဳပ္ႏိူင္ေပမဲ့ က်ဳပ္ကိုသင့္ပညာျဖင့္အေသသတ္လို႔မရႏိူင္ဘူးဆိူတာသင္ယုံၿပီမလား…က်ဳပ္ရဲ႕မိခင္ကိုသတ္ခဲ့တဲ့အတြက္သင္ျပန္ေပးဆပ္ေပေတာ့…”
ဆိုကာ ေမာင္ေရခဲသည္ အစြမ္းထက္ဆုံးအင္းတစ္ခ်ပ္အား ထိုလူ၏နဖူးေပၚ၌ေရးဆြဲလိုက္၏။
” အား…….”
ထိုအင္း၏အစြမ္းေၾကာင့္ လု႐ြယ္မွာအူအသည္းေျပာင္းျပန္လွန္သြားၿပီး ခႏၶာကိုယ္တြင္လည္ပတ္ေနေသာေသြးမွာလည္း ေျပာင္းျပန္စီးဆင္းကုန္၏။ အ႐ြယ္တင္ႏုပ်ိဳေနေသာ ႐ုပ္ရည္မွာလည္း ခ်က္ခ်င္းေျပာင္းလဲကာ ႐ုတ္ခ်ည္းပင္အသက္၉၀ေက်ာ္အ႐ြယ္သို႔ေရာက္သြား၏။ ေအာက္ဝဇၨာသာဝ၏မူလအစစ္အမွန္ကား အသက္၁၃၀ေက်ာ္ေနေခ်ၿပီ။ ေအာက္ဝိဇၨာသာဝသည္ ပညာစဥ္တစ္ခုကိုတဖက္ကမ္းခတ္တတ္ေျမာက္သည့္အျပင္ အာယုဟုေခၚေသာမိမိ၏အသက္ကိုလည္း လိုသလိုဆြဲဆန႔္လို႔ရသည့္အျပင္႐ုပ္ရည္ကိုလည္း လိုသလို႐ုပ္ေျပာင္း႐ုပ္လြဲလုပ္ႏိူင္ေလသည္။
” ရပ္လိုက္စမ္းလူကေလး…သတိနဲ႔ကိုယ္နဲ႔အျမန္ကပ္စမ္း….လူတစ္ေယာက္ရဲ႕အသက္ကို လူေလးသတ္မိေတာ့မယ္…”
နားထဲသို႔ဝင္လာေသာဆရာသခင္၏အသံေၾကာင့္ ေမာင္ေရခဲ အသိစိတ္တို႔ ျပန္ဝင္လာ၏။
” ဆရာသခင္….”
ေမာင္ေရခဲက ဆရာသခင္ျဖစ္သူဘိုးေတာ္ျဖဴကိုအ႐ိုအေသေပးလိုက္၏။
” လူေကလး…ဆရာသခင္တိုသင္ေပးလိုက္တဲ့ဒီပညာရပ္ဟာ လူ႔အသက္သတ္ဖိုမဟုတ္ဘူးကြဲ႕…မေကာင္းတဲ့အလုပ္ လုပ္တဲ့သူဟာ မေကာင္းက်ိဳးကိုခံစားရမွာလို႔ ကံတရားကသတ္မွတ္ၿပီးသား….”
” တပည့္နားလည္ပါၿပီဆရာသခင္… ”
” အား….ကယ္ပါဥိး…ကယ္ၾကပါဦး…. ”
ထိုစဥ္အကုသိုလ္ကံကုန္သြားေသာ ေအာက္ဝိဇၨာသာဝ၏ ေဘးပတ္ပတ္လည္၌ငရဲမီးမ်ားထေတာက္လာၿပီး အလ္ံညီးညီး မီးေတာက္မီးလွ်ံႀကီးသည္ ေအာက္ဝိဇၨာသာဝအား ဝါးမ်ိဳသြားေလေတာ့၏။ ဖမ္းဆီးထားေသာကေလးမလည္း ထိုလူ၏လက္မွလႊတ္ေျမာက္သြားၿပီး မိခင္ျဖစ္သူထံျပန္သြား၏။
မိခင္မရွိေတာ့သည္ေနအိမ္၌ တိတ္ဆိတ္ေျခာက္ကပ္ေန၏။ မနက္ေစာေစာလြင့္ပ်ံလာတတ္ေသာ မိခင္၏ဘုရားရွိခိုးၿပိး အမွ်ေဝသံ၊ေၾကးစည္သံတို႔သည္ကား ဤတသက္၌မည္သို႔ေသာအခါမွမၾကားႏိူင္ေတာ့ေခ်။ ဇနီးသည္မရွိေတာ့သည့္ဤအိမ္၌ ဦးထြန္းတင္သည္လည္း မေနလိုေတာ့ေသာေၾကာင့္ လူဝတ္ေၾကာင္ဘဝကိုစြန႔္ကာ ျမင့္ျမတ္ေသာ ရဟန္းဘဝသို႔္ ရာသက္ပန္ကူးေျပာင္းသြားေခ်ၿပီ။
ေမာင္ေရခဲတို႔ကား မိခင္၏အေငြ႕အသက္တို႔ရွိေနေသးေသာအိမ္ကေလး၌ တစ္လခန႔္ေနကာ မဟာဂႏၶာရီခရီးသို႔ ဆက္ေလွ်ာက္ၾကေလေတာ့သတည္း။…..။
(ေတြ႕ႀကဳံဆုံကြဲ မၿမဲေသာတရားမို႔ ဒီဘဝေတာ့ေမာင္ေရခဲတို႔ဆရာတပည့္ႏွစ္ေယာက္ မိခင္၏ ေမတၱာကိုဘယ္ေသာအခါမွ ျပန္မရႏိုင္ေတာ့ၿပီ။ အားေပးဖတ္ရႈသူအေပါင္း ကိုယ္စိတ္ႏွလုံး ႐ႊင္လန္းခ်မ္းေျမ့ၾကပါေစ)
# ၿပီး
# ခြန္း