Unicod Version
“တစ်ခါတုန်းကနိဗ္ဗာန်ရွာ”(စ/ဆုံး)
——————————————
အင်္ဂလိပ် အစိုးရလက်ထက်က
ဖြစ်ပါသည်။ အောင်ဘနှင့် အခြားနိုင်ငံ
ရေးပုဒ်မ အတပ်ခံရသော လူသိုက်ကို
မြောင်းမြထောင်မှ ပြောင်းရန် သတင်း
ထွက်လာသည်။ မြောင်းမြထောင်ကို
ရောက်သည်မှာ ဘာမျှမကြာသေးပေ။
သို့သော် နိုင်ငံရေးပုဒ်မနှင့် ထောင်ကျ
ရသည့်အပြင် တစ်ထောင်ရောက်ပြီး
နောက်တစ်ထောင် ရောက်နေသည်ကို
ပင် အောင်ဘက ဂုဏ်ယူချင်သလိုလို
ဖြစ်နေမိသည်။
အောင်ဘကဂျာနယ်တိုက်မှစာပြင်
ဆရာဖြစ်သည်။ သူ့ဆရာအယ်ဒီတာက
အင်္ဂလိပ်အစိုးရနှင့် ဆန့်ကျင်သော
စာရွက်စာတန်းများကို ရိုက်နှိပ်သော
ကြောင့် အဖမ်းခံရသည်။ အောင်ဘနှင့်
သူ့ဆရာက တတွဲတွဲဖြစ်သောကြောင့် သာစာပြင်ဆရာအောင်ဘပါထောင်ထဲ ကိုရောက်သွားတော့သည်။
ထိုခေတ်ကနိုင်ငံရေးသမားများကို
အထူးတန်း၌ ထားသောကြောင့် မဆိုး လှ။ စားကောင်းသောက်ဖွယ်များ စားရ
သည့်အပြင် အချိန်မှန်မှန် သတင်းစာပင် ဖတ်ခွင့်ရသေးသည်။ အောင်ဘတို့
နိုင်ငံရေးသမားလူသိုက်အားပြောင်းရွှေ့
ပေးမည့်ထောင်က ရွှေဘိုထောင်။ နိုင်ငံ
ရေးသမားများဆိုတော့ ပြောင်းရွှေ့ရာ
တွင် မီးရထား၊ မီးသင်္ဘောတို့မှာ အထူး
တန်းကနေ ပို့ဆောင်ပေးသည်။ လက်
ထိတ်လည်း အခတ်မခံရ။ ထို့ကြောင့်
အလွယ်တကူ ထွက်ပြေးလျှင်ရသည်။
သို့သော်အောင်ဘတို့တွင်တစ်လွဲ ဆံပင်ကောင်းနေသော အချက်ကလေး
တစ်ခုရှိသည်။ ထိုအချက်ကလေးက သခင် အမည်ခံနေပါလျက် ရန်သူ
အစိုးရက ဖမ်းဆီးထောင်ချထားခြင်းမှ
ထွက်ပြေးရပါလျှင် သတ္တိကြောင်သူဟု
ရန်သူ အစိုးရမှ ထင်သွားမည်ကို မလို
လားခြင်း ဖြစ်သည်။
ထိုမလိုလားချက်ကိုဆန့်ကျင်ဘက်
ပြုရမည့် ကိစ္စတစ်ရပ်က အောင်ဘတို့
လူသိုက် ရန်ကုန်ဘူတာကြီးကို ရောက်
သောအခါ မြေအောက်ခေါင်းဆောင်
သခင်တစ်ယောက်က အောင်ဘတို့ လူ
သိုက်ကိုလာရောက်တွေ့ဆုံလေသည်။
ထိုမြေအောက် ခေါင်းဆောင်၏ ပြောပြ
ချက်အရ(၂၄)နာရီအတွင်းမီးရထား၊ မီး
သင်္ဘောတို့ကို အင်္ဂလိပ်အစိုးရက ပိတ်
တော့မည် ဖြစ်ကြောင်း ဘီ-အိုင်-အေ
တပ်မတော်သည်ရေး၊မြိတ်၊ထားဝယ်သို့
ရောက်နေပြီဖြစ်ကြောင်း မော်လမြိုင်မှ
နေ၍ မြစ်ဝကျွန်းပေါ်သို့ ဖြတ်သန်းလာ
ကြမည့် ဘီအိုင်အေတပ်ဖွဲ့ မြေအောက်
တော်လှန်ရေးတပ်သားများနှင့် အဆက်
အသွယ်လုပ်ရန် စစ်သားနည်းပါးနေ၍
ကူညီကြရန် တိတ်တဆိတ် ကမ်းလှမ်း
လာပါသည်။
ဤအခါကျမှ အောင်ဘတို့ လူ
သိုက်သည် သူရဲကောင်းကြီးများအဖြစ် ဂုဏ်ယူ ဝင့်ကြွားစွာ အင်္ဂလိပ်အစိုးရ၏
ချုပ်နှောင်ဖမ်းဆီးထားခြင်းကို ထီမထင် သောမျက်နှာဖြင့်ခံယူနေခြင်းထက် မြေ
အောက် တော်လှန်ရေးကို လုပ်ကိုင်ရန် အချိန်ကျရောက်လေပြီ ဖြစ်ကြောင်း
သဘောပေါက်လာကြသည်။
ထို့ကြောင့် ဘူတာကြီးတွင်ရှိသော
စစ်ပုလိပ်များကို နည်းမျိုးစုံသုံးကာ
ရှောင်ထွက်လာကြပြီး ရန်ကုန်မြို့ထဲ
တွင်(၃)ရက်လောက်ခိုအောင်းနေကြ၍
မြေအောက်တော်လှန်ရေးဌာနချုပ်မှ
စာရွက်စာတန်းများကို ယူဆောင်ကာ
ကြည့်မြင်တိုင် တစ်ဖက်ကမ်းကို ကူး
သည်။တွံတေးကိုဖြတ်ပြီးလျှင်ဝါးခယ်မ
မြို့အနီးရှိ ကျုံလတာရွာကို (၃)ရက်နှင့်
အရောက်ကုန်းကြောင်းသွားကြသည်။
ကျုံလတာရွာတွင် ခေတ္တနားပြီး
တာဝန်အရ ကျိုက်လတ်နှင့် မအူပင်သို့
ဆက်လက်ချီတက်ရန် ဖြစ်သည်။
အောင်ဘ နှင့် သူ့ဆရာတို့ နှစ်ဦးသား
လှေငယ်တစ်စီးကိုယူကာမလှော်တတ်
လှော်တတ်ဖြင့် လှော်လာခဲ့ကြသည်။
ထိုအချိန်သည် တိုင်းပြည်ပျက်နေသော
အချိန်ဖြစ်ရာ လူစိမ်းလာလျှင် ခိုးဆိုး
တိုက်ခိုက်မည့်သူဟု ယူဆလျက်အစစ်
ဆေး အမေးအမြန်းမရှိ သတ်ဖြတ်နေ
သော ကာလဖြစ်သည်။ ယောက်ျားမှန် သမျှ နေ့ရောညပါ တုတ်၊ ဓား၊ လက် နက်အစုံနှင့်စောင့်နေရသည်။
အောင်ဘနှင့် သူ့ဆရာက နေ့ရော ညပါလှေကလေးနှင့်စုန်လာခဲ့ကြသည်။
ညနေဝင်ရီတရော အချိန်လောက်တွင်
ပတ်ဝန်းကျင်တစ်ဝိုက် ကိုင်းတောများ
ထူထပ်လျက်ရှိပြီး မြစ်ထဲကနေကြည့်
ပါက မြင်ရသော တဲတစ်လုံးကို တွေ့
လိုက်ရသည်။ အောင်ဘနှင့်သူ့ဆရာ
(ထိုနေရာတွင်သူ့ဆရာအစားဦးမောင်မြ
ဟုနာမည်တပ်ပါမည်)တို့သည်ရောက်
လိုာနှင့် လှော်နေကြသောကြောင့်
မနက်စာထမင်းပင် မစားရသေး။ ညနေ
စာတော့ ဝေလာဝေး။ ကမ်းကိုလည်း
မကပ်ရဲသောကြောင့် လှေပေါ်တွင် ပါသမျှရိက္ခာကလေးနှင့် အသက်ဆက် နေရခြင်းဖြစ်သည်။
အောင်ဘက …
“ဆရာ ဒီတဲကလေးမှာ စားစရာ တစ်ခုခု ဝင်တောင်းကြရင် မကောင်း ဘူးလား။ တောင်းလို့မရရင်လည်းပါတဲ့ ပစ္စည်းတွေနဲ့လည်း စားကြတာပေါ့
ဆရာ”
“အေး – ကောင်းတယ် – တဲဆို တော့လူလည်း သိပ်ရှိမှာမဟုတ်ပါဘူး။
လှေကိုကပ်ကြရအောင်ကွာ”
လှေကပ်ရန် တံတားလည်းမတွေ့ သောကြောင့် သင့်တော်မည့် ကမ်းတစ်
နေရာကိုကပ်ရန် လျှောက်လာခဲ့ကြ
သည်။ ကမ်းမရောက်မီ လုံချည်တိုတို၊
အင်္ကျီမပါ၊ ကိုယ်တုံးလုံးအသားမည်း
မည်း လူတစ်ယောက်နှင့် ကလေးတစ်
ယောက်ကို ခါးထစ်ခွင်ကာ ထဘီရင်
လျားနှင့် မိန်းမတစ်ယောက်က တစ်နေ
ရာတွင်ရပ်ကာ ….
“ဆရာတို့ ဒီနေရာကို လာကပ်ပါ။ ဒီနေရာက မြေမာတယ်၊ ရွှံ့မရှိဘူး” ဟု ဆိုသောကြောင့် လင်မယားဟု ထင်ရ သောသူနှစ်ယောက်ရပ်နေသည့်နေရာ
ကိုလှေဦးထိုးလိုက်သည်။
“ဆရာတို့ ဒီအရပ်က မဟုတ်ဘူး
ထင်တယ် နေဝင်တော့မယ်။ တစ်ည တလေ ဝင်နားပါလား။ ခေတ်အခါက
ကောင်းတာ မဟုတ်ဘူး” ယောက်ျားဖြစ်သူက ဝင်ပြော သည်။ ဦးမောင်မြက
“ကျွန်တော်တို့ ဘိုကလေးကပါ
ကျိုက်လတ်ကို သွားမလို့ မော်တော်
တွေ၊ သင်္ဘောတွေမရှိတာနဲ့ ကျွန်တော်
တို့ တူဝရီးနှစ်ယောက်လှေနဲ့ ထွက်လာ
ကြတာ”
“အတော် လိုသေးတာဘဲဗျာ – ရှေ့
နားမှာစာဖြူဂွကြီးဆိုတာရှိတယ်။ဓားပြ အရမ်းတိုက်တာ ဘိုကလေး၊ ဖျာပုံ၊ ဒေး
ဒရဲ၊ မြင်းကကုန်းက လူတွေဆို အကုန်
သိတယ်။ သင်္ဘောနဲ့သွားရင်တောင်
သင်္ဘောကိုလှမ်းတားတာ။ ရပ်မပေးလို့
ကတော့ သေနတ်နဲ့ လှမ်းပစ်တော့တာပဲ”
“ကျွန်တော်တို့အခုရောက်နေတာ
ဘယ်နေရာလဲ”
“နိဗ္ဗာန်ကုန်းရွာကိုရောက်နေတာ။
ဒီကိုင်းတောကြီး ကျော်လိုက်ရင် ရွာကို
မြင်နေရတယ်။ ဒီညတောင်သူကြီး
အလှူရှိလို့ ဖျာပုံက ဒို့မြိုင်ကြီး ဆိုင်း
တောင် ငှားထားသေးတယ်”
ဦးမောင်မြနှင့် အောင်ဘတို့ တစ်
ယောက်မျက်နှာတစ်ယောက် ကြည့် လိုက်ကြကာ ဦးမောင်မြက
“ဖြစ်နိုင်မယ်ဆိုရင်
ကျွန်တော်တို့
နှစ်ယောက် ခင်ဗျားတို့တဲမှာ တစ်ည
လောက် အိပ်ပါရစေ။ မိုးလင်းတော့ ခရီး
ဆက်ပါမယ်။ ကျိုက်လတ်မှာအမျိုးတစ်
ယောက် အသည်းအသန် ဖြစ်နေတယ်
သတင်းကြားလို့ သတင်းမေး သွားမလို့
ပါ”
ဇနီးလုပ်သူက ကလေးနို့တိုက်နေ
ရာမှ
“စောစောကတည်းက ကျွန်မ
ယောက်ျားက ပြောနေတာပဲ။ မိုးက
လည်း ချုပ်နေ၊ ခေတ်အခါကလည်း
ကောင်းတာ မဟုတ်တော့ တစ်ည
လောက် ဒီမှာနားပြီး မနက်ကျခါမှ ခရီး
ဆက်ပေါ့။ ကျွန်မတို့တဲမှာ အားနာစရာ
မရှိပါဘူး။ ကျွန်မတို့ လင်မယားနဲ့ ဒီ
ကလေးတစ်ယောက်တည်းပဲ ရှိတာ။
ကဲ-ကဲကိုကျော်ဒွန်း ဧည့်သည်တွေကို
တဲပေါ်ခေါ်လိုက်ပါ”
လှေကြိုးကို ကိုင်းပင်တစ်ပင်တွင်
ချည်ထားလိုက်ပြီး ကိုကျော်ဒွန်းခေါ်ရာ နောက်သို့ ဦးမောင်မြနှင့် အောင်ဘတို့ နှစ်ယောက်လိုက်သွားကြသည်။ တဲက
ခပ်သေးသေး။ ဧည့်ခန်းနှင့်အိပ်ခန်းက ထရံတစ်ချပ်သာ ခြားသည်။ ထမင်းစား
တော့ ဧည့်ခန်းမှာ စားကြဟန်တူသည်။
ခြေရင်းဘက် ခပ်နိမ့်နိမ့်နေရာတွင် အိုး
ခွက်ပန်းကန်များနှင့်တဲရှေ့ရှိစင်များပေါ်
တွင် ငါးခြောက်များ တင်ထားသည်ကို
တွေ့ရသည်။
“ဆရာတို့ ခေါင်းရင်းဘက်မှာထိုင် ကြပါ။ ကျွန်တော်တို့က တံငါလုပ်တော့
မြင်တဲ့အတိုင်းပဲ ဆရာရေ၊ ညှီစော်တော့
နည်းနည်းနံလိမ့်မယ်။ဪ- အုံးမြရေ။
ဒီဆရာတို့အတွက် ထမင်းပိုချက်လိုက်
ကွာ။ ဆရာတို့လည်းထမင်းမစားရသေး
ပါဘူး။ ဟုတ်တယ် မဟုတ်လား” ဦးမောင်မြက…
“ဘယ့်နှယ့် ပြောပါလိမ့် ကိုကျော်
ဒွန်းရယ်။ ဪ – ဒီလိုလုပ်ပါ။ ခင်ဗျား
တို့ကိုလည်းအားနာပါတယ်။ကျွန်တော်
တို့အလကားမစားပါဘူး။ ထမင်းဖိုးပေး
ပါ့မယ်”
“ဟာ – ဆရာတို့ကလည်း မဟုတ်
တာ။ ဒုက္ခရောက်လာတဲ့ လူတွေကို အခုလိုကူညီရတာကုသိုလ်တောင်ရပါ
သေးတယ်ဗျာ။ ပိုက်ဆံပေးစရာလည်း
မလိုပါဘူး။ တံငါဆိုပေမယ့် အထင်
မသေးပါနဲ့။ ဆန်ဆီဆား အပြည့်အစုံ
ရှိပါတယ်။ဟင်းကတော့ငါးစို၊ငါးခြောက်၊
ကျွန်တော်တို့တဲမှာ ပေါ့ပေါ့ပါးပါးပဲ။
အုံးမြရေကလေးကို ငါ့ပေးထား ရေနွေး
ကြမ်းတစ်အိုးနဲ့ ငါးခြောက်တစ်ပြား
အရင် ဖုတ်လိုက်။ ကဲ – ကဲ – ဆရာတို့
နားနားနေနေကျောဆန့်ရင်လည်းဆန့်
ကြ
ဦးမောင်မြနှင့်အောင်ဘတို့ ဆရာ တပည့်နှစ်ယောက်မောမောနှင့် ကျော ဆန့်၍ သိပ်မကြာမီ စဉ်ရေသုတ် ရေ
နွေးကြမ်းတစ်အိုးနှင့် ငါးရံ့ခြောက်ဖုတ်
တစ်ပန်းကန် ရေနွေးကြမ်းကို မြည်း
လိုက်ကြရာ မကြာမီ ပြိုက်ခနဲကုန်သွား
သည်။ ထိုအချိန်တွင် ဆိုင်းသံသဲ့သဲ့ကို
ကြားလိုက်ကြရသည်။
“ဆရာတို့ရေ – အဲဒါဖျာပုံ ဒို့မြိုင်
ကြီးဆိုင်းသံပဲ၊ဒီနယ်တစ်ကြောမှာတော့
အထည်ကြီးပဲ။ ဆိုင်းနောက်ထ တွေ
ကလည်းအရမ်းရယ်ရတယ် – ဆရာရေ။
ထမင်းစားသောက်ပြီးရင် ကျွန်တော်တို့
မိသားစုလည်း အလှူအိမ်ဘက် သွား ကြမလို့ ဆရာတို့လည်း လိုက်ခဲ့ကြပါ
လား”
ဦးမောင်မြကတစ်စုံတစ်ခုကိုတွေး
မိကာ….
“ကျုပ်တို့က တခြားတစ်နယ်က လူစိမ်းတွေဆိုတော့ ဖြစ်ပါ့မလား”
“ဖြစ်ပါတယ် ဆရာရယ် ဘိုကလေး
ကလာတဲ့ ကျွန်တော့ဦးလေးနဲ့ ကျွန် တော့် ညီလို့ ပြောလိုက်မှာပေါ့၊ ဒီရွာက
သူကြီးနဲ့ကျွန်တော်နဲ့အရမ်းခင်ပါတယ်။
သူကြီးအလှူအတွက် ငါးခြောက်အချိန်
(၁၀)တောင်ကျွန်တော်လှူထားပါသေး
တယ်။ လိုက်သာ လိုက်ခဲ့ပါ – စိတ်မပူပါ
ထမင်းစားချိန်ရောက်တော့ (၈) နာရီထိုးခါနီးလောက် ရှိနေပြီ။ ထမင်း ဝိုင်းတွင် ငါးတန်ဟင်း၊ မှိုနားတို တို့စရာ၊ သရက်ချဉ်သုပ်တို့ဖြစ်သည်။အောင်ဘ
တို့ ဆရာတပည့်နှစ်ယောက် ဆာဆာ နှင့် တုတ်လိုက်ကြသည်မှာ ခေါင်းပင်
မပေါ်။
“ကဲ – အဝတ်အစားလဲပြီး အလှူ အိမ်ဘက် လျှောက်ကြရအောင် ဆရာ တို့ ရေချိုးကြဦးမလား”
“ဟာ-မချိုးတော့ဘူးကိုကျော်ဒွန်း ကျွန်တော်တို့က ခရီးပန်းလာတာတော် ကြာဖျားနာနေဦးမယ်”
“ကဲ – ဒါဆိုလည်း အလှူဘက် လျှောက်ကြရအောင်။ ဒီကိုင်းတောကြီး လွန်သွားရင်တာရိုးကြီးတွေတွေ့ပါလိမ့်
မယ်။ တာရိုးအတိုင်း လျှောက်ရင် ရွာထဲ
ကိုရောက်တာပါ”
ကိုကျော်ဒွန်းတို့ လင်မယားက ရှေ့ က သွားကာဦးမောင်မြတို့ဆရာတပည့် နှစ်ယောက်က နောက်ကလိုက်ကြ သည်။ ကိုင်းတောကြီး လွန်သွားသည်
နှင့်တာရိုးကြီးကိုတွေ့လိုက်ရသည်။ ခပ်
ဝေးဝေးတွင် မီးကလေးတွေ မှိတ်တုတ်
မှိတ်တုတ်နှင့် နိဗ္ဗာန်ရွာကြီး တဖြည်း
ဖြည်း နီးလာသည်နှင့်အမျှ ဆိုင်းသံကို လည်း သဲသဲကွဲကွဲ ကြားလာရသည်။ ရွာကြီးက အတော်စည်ကားသော ရွာကြီးဖြစ်သည်။ အိမ်ကြီးအိမ်ကောင်း တွေအတော်များသည်။ တောရွာဓလေ့ အရ အလှူအိမ်မှ ဆိုင်းရှိရာသို့ ဟိုမှ သည်မှ သွားလာနေသည်ကိုတွေ့ ကြ ရသည်။ တချို့က ဦးမောင်မြတို့ နှစ် ယောက်ကို လူစိမ်းများဟု သိရ၍ ဂရု တစိုက်ကြည့်ကြသည်။ ရှေ့ကသွားလာ
နေကြသောကိုကျော်ဒွန်းတို့လင်မယား
ကိုတော့ တွေ့တဲ့လူတိုင်းက နှုတ်ဆက်
ကြသည်။
အောက်လင်း ဓာတ်မီးအောက်တွင်
အလှူအိမ်မှ ဆိုင်းတိုင်းကြီးက
မနားတမ်း တီးနေသည်။ ဒို့မြိုင်ကြီးဟု
ထင်ရသည့်ပတ်တီးဆရာကတော့ချွေး
များရွှဲနစ်လျက်ဆိုင်းဝိုင်းပတ်ပတ်လည်
ကလူအုပ်ကြီးကမနည်းမနောပတ်ဝန်း
ကျင်ရွာများက လာရောက်ကာ ဆိုင်း
နားထောင်ကြသည် ထင်သည်။ မနီး
မဝေးတွင် လှည်းများကိုလည်း တွေ့ရ
သည်။ ပတ်တီးဆရာမော၍ နားလိုက်
သည်နှင့် ဆိုင်းနောက်ထများက ပြက်
လုံးများထုတ်နေသောကြောင့် တဝါးဝါး
တဟားဟားနှင့် ဖြစ်သည်။ အတီးပိုဒ် ကျလျှင်လည်းအတီးရပ်သည်နှင့်လက် ခုပ်သံများက တဖြောင်းဖြောင်း… အလှူအိမ်နှင့် ဆိုင်းဝိုင်းကို အစွဲပြု ၍ ရွာဈေးတန်းကြီးက အရှည်ကြီး မုန့်
ဟင်းခါးဆိုင်၊အသုပ်ဆိုင်၊ကောက်ညှင်း
ကျည်တောက်ဆိုင်၊ မုန့်လေပွေဆိုင်၊
မုန့်လင်မယားဆိုင်၊ ရေခဲခြစ်ဆိုင်ပင်
တွေ့ရသေးသည်။
ဦးမောင်မြနှင့် အောင်ဘတို့က ဆိုင်းနားထောင်နေ၍ညောင်းလာသော
ကြောင့် ဈေးတန်းတစ်ပတ် ပတ်ပြီး ပြန်
လာသည်အထိ ကိုကျော်ဒွန်းတို့ လင်
မယားက တဝါးဝါး တဟားဟားနှင့်
အားပေးနေဆဲ။ ဦးမောင်မြကကိုကျော် နှင့် တို့လင်မယား စားရန်အတွက် မုန့်
လေပွေများဝယ်လာခဲ့သည်။
နောက်နေ့မနက် ခရီးသွားရန် ရှိ
သေးသောကြောင့် ည (၁၂)နာရီကျော်
ကျော်လောက်တွင် ပြန်လာကြသည်။
တဲကို ပြန်ရောက်တော့ ဦးမောင်မြက …
“ကဲ-ကိုကျော်ဒွန်း-ကျွန်တော်တို့
တူဝရီးနှစ်ယောက်ကို တစ်ညတာ တည်းခိုခွင့်ပေးပြီး ထမင်းပါ ကျွေးတဲ့
အတွက် အများကြီးကျေးဇူးတင်တယ်
ဗျာ။ မနက်စောစော မိုးမလင်းမီ ကျွန်
တော်တို့ တူဝရီးနှစ်ယောက် ခရီးဆက်
ကြမယ်။ ကဲ-နည်းတယ်၊ များတယ်
သဘောမထားပါနဲ့ဗျာ။ ဒီငွေတစ်ဆယ်
တော့လက်ခံပါ”
ကိုကျော်ဒွန်းက
“ဟာ- ဆရာတို့ရယ် အဲဒီလိုတော့
မလုပ်ပါနဲ့။ကျွန်တော်ငွေလိုချင်လို့ကူညီ
တာ မဟုတ်ပါဘူး။ ဒုက္ခရောက်လာလို့ ကူညီတာပါ။ ဆရာတို့ငွေကိုပြန်ယူသွား
ပါ”
“ကိုကျော်ဒွန်း စေတနာကို ကျွန် တော်တို့ လေးစားပါတယ်။ ကျွန်တော်
တို့က ဒီသဘောနဲ့ ပေးတာလည်း
မဟုတ်ပါဘူး။ ကိုကျော်ဒွန်းတို့ လင်
မယားကိုလေးစားလို့စေတနာတုန့်ပြန်
တာပါ။မယူရင်တော့ ကျွန်တော်တို့စိတ်
ကောင်းစွာ မဟုတ်ပါဘူး။ ရော့ – ယူပါ
ကိုကျော်ဒွန်း
“ဦးမောင်မြတို့က အတင်းပေးမှ
ကိုကျော်ဒွန်းကယူလိုက်သည်။
“ဒီလိုဆိုလည်း ဆရာတို့အတွက် အပြန်လက်ဆောင်ငါးရံ့ခြောက်နှစ်ပြား ပြန်ယူသွားဆရာ။ ကျွန်တော်တို့က တံငါ ဆိုတော့ ဒါပဲပေးနိုင်တာ စိတ်မရှိပါနဲ့။
ကဲ – ကဲ ဆရာတို့လည်း မနက်စောစော
ထရဦးမှာ အိပ်ကြတော့”
တစ်နေ့လုံးနီးပါး ခရီးပန်းလာသည့် အပြင် ညတစ်နာရီကျော်မှ အိပ်ရသော ကြောင့် ဦးမောင်မြနှင့်အောင်ဘတို့ နှစ် ယောက် နှစ်နှစ်ခြိုက်ခြိုက်ပင် အိပ်
ပျော်သွားကြသည်။
ဦးမောင်မြ မျက်နှာတွင် စပ်ဖျဉ်း
ဖျဉ်း ဖြစ်လာသောကြောင့် အိပ်နေရာမှ
လန့်နိုးသွားသည်။အတော်မြင့်နေသော
နေရောင်ခြည်က မျက်နှာကို ထိုးနေ
သောကြောင့် ဖြစ်သည်။ ပတ်ဝန်းကျင်
ကို ကြည့်လိုက်တော့ ထူထပ်လျက်ရှိ
သောကိုင်းတောကြီးသာ။ အောင်ဘက
ဘေးမှာ တခေါခေါ ဟောက်လျက် ဗိုက်
ပေါ်မှာက တစ်ဆယ်တန်တစ်ရွက်နှင့်
ဓနိလက်နှစ်ခု။
“ဟေ့ကောင်- အောင်ဘထစမ်း-
ထစမ်း”
အောင်ဘက အိပ်ချင်မူးတူးနှင့်
ထလာသည်။ ပတ်ဝန်းကျင်ကို ကြည့်
လိုက်ပြီး ..
“ဆရာကျွန်တော်တို့ဘယ်ရောက်
နေတာလဲ”
ဦးမောင်မြက မဖြေသေးဘဲ ကိုင်း တောထဲကဖြတ်ကာ မနေ့က လျှောက်
ခဲ့သော တာရိုးကြီးနှင့် နိဗ္ဗာန်ရွာကြီးကို လှမ်းမျှော်ကြည့်လိုက်သည်။ တာရိုး လည်း မတွေ့၊ နိဗ္ဗာန်ရွာလည်း မတွေ့။ လှေကလေးကတော့ ကိုင်းပင်တစ်ပင် မှာ ချည်လျက်သား လှေဆိုက်သော နေရာနှင့် မလှမ်းမကမ်းမှ ကိုကျော်ဒွန်း
တို့ တဲလည်းမရှိ။ ထိုနေရာတွင် ကိုင်း တောကြီးသာ။
“အောင်ဘ – တို့ ညက ကျတ်ကုန်း
ကိုရောက်ခဲ့တာပဲကွ”
“ကျတ်ကုန်းဆိုတာ ဘာလဲဆရာ”
ဦးမောင်မြက နားလည်သရွေ့
အောင်ဘကိုရှင်းပြလိုက်သည်။ ရှင်းပြမှ
အောင်ဘက ကြောက်စိတ်တွေ တဖွား
ဖွားဝင်လာသည်။
“ကဲ-ကဲ နေတော်တော်မြင့်နေပြီ။
လှေဆီကိုသွားရအောင်”
လှေကလေးကို နှစ်ယောက်သား ခပ်သုတ်သုတ်လှော်လာပြီးခပ်ဝေးဝေး ရောက်မှ အောင်ဘက ကိုင်းတောကြီး
ဘက်ကိုလှည့်ကြည့်လိုက်ကာ …
“ဆရာ- ဒီကျတ်ဆိုတဲ့ အကောင် တွေက ကျွန်တော်တို့လို တော်လှန်ရေး သမားတွေကို အနှောင့်အယှက် ပေးရ
အောင်ကျွန်တော်ထင်တာကတော့” “မင်းက ဘာထင်လို့လဲ”
“ရန်သူအင်္ဂလိပ်အစိုးရက ဒီကျတ် တွေနဲ့များ ပေါင်းထားသလားလို့”
“ဟာ-ဒီမအေ”
(ကွယ်လွန်သွားပြီဖြစ်သောအဘ
သခင်ချန်ထွန်းသို့ အမှတ်တရ)
Zawgyi Version
“တစ္ခါတုန္းကနိဗၺာန္႐ြာ”(စ/ဆုံး)
——————————————
အဂၤလိပ္ အစိုးရလက္ထက္က
ျဖစ္ပါသည္။ ေအာင္ဘႏွင့္ အျခားႏိုင္ငံ
ေရးပုဒ္မ အတပ္ခံရေသာ လူသိုက္ကို
ေျမာင္းျမေထာင္မွ ေျပာင္းရန္ သတင္း
ထြက္လာသည္။ ေျမာင္းျမေထာင္ကို
ေရာက္သည္မွာ ဘာမွ်မၾကာေသးေပ။
သို႔ေသာ္ ႏိုင္ငံေရးပုဒ္မႏွင့္ ေထာင္က်
ရသည့္အျပင္ တစ္ေထာင္ေရာက္ၿပီး
ေနာက္တစ္ေထာင္ ေရာက္ေနသည္ကို
ပင္ ေအာင္ဘက ဂုဏ္ယူခ်င္သလိုလို
ျဖစ္ေနမိသည္။
ေအာင္ဘကဂ်ာနယ္တိုက္မွစာျပင္
ဆရာျဖစ္သည္။ သူ႔ဆရာအယ္ဒီတာက
အဂၤလိပ္အစိုးရႏွင့္ ဆန႔္က်င္ေသာ
စာ႐ြက္စာတန္းမ်ားကို ႐ိုက္ႏွိပ္ေသာ
ေၾကာင့္ အဖမ္းခံရသည္။ ေအာင္ဘႏွင့္
သူ႔ဆရာက တတြဲတြဲျဖစ္ေသာေၾကာင့္ သာစာျပင္ဆရာေအာင္ဘပါေထာင္ထဲ ကိုေရာက္သြားေတာ့သည္။
ထိုေခတ္ကႏိုင္ငံေရးသမားမ်ားကို
အထူးတန္း၌ ထားေသာေၾကာင့္ မဆိုး လွ။ စားေကာင္းေသာက္ဖြယ္မ်ား စားရ
သည့္အျပင္ အခ်ိန္မွန္မွန္ သတင္းစာပင္ ဖတ္ခြင့္ရေသးသည္။ ေအာင္ဘတို႔
ႏိုင္ငံေရးသမားလူသိုက္အားေျပာင္းေ႐ႊ႕
ေပးမည့္ေထာင္က ေ႐ႊဘိုေထာင္။ ႏိုင္ငံ
ေရးသမားမ်ားဆိုေတာ့ ေျပာင္းေ႐ႊ႕ရာ
တြင္ မီးရထား၊ မီးသေဘၤာတို႔မွာ အထူး
တန္းကေန ပို႔ေဆာင္ေပးသည္။ လက္
ထိတ္လည္း အခတ္မခံရ။ ထို႔ေၾကာင့္
အလြယ္တကူ ထြက္ေျပးလွ်င္ရသည္။
သို႔ေသာ္ေအာင္ဘတို႔တြင္တစ္လြဲ ဆံပင္ေကာင္းေနေသာ အခ်က္ကေလး
တစ္ခုရွိသည္။ ထိုအခ်က္ကေလးက သခင္ အမည္ခံေနပါလ်က္ ရန္သူ
အစိုးရက ဖမ္းဆီးေထာင္ခ်ထားျခင္းမွ
ထြက္ေျပးရပါလွ်င္ သတၱိေၾကာင္သူဟု
ရန္သူ အစိုးရမွ ထင္သြားမည္ကို မလို
လားျခင္း ျဖစ္သည္။
ထိုမလိုလားခ်က္ကိုဆန႔္က်င္ဘက္
ျပဳရမည့္ ကိစၥတစ္ရပ္က ေအာင္ဘတို႔
လူသိုက္ ရန္ကုန္ဘူတာႀကီးကို ေရာက္
ေသာအခါ ေျမေအာက္ေခါင္းေဆာင္
သခင္တစ္ေယာက္က ေအာင္ဘတို႔ လူ
သိုက္ကိုလာေရာက္ေတြ႕ဆုံေလသည္။
ထိုေျမေအာက္ ေခါင္းေဆာင္၏ ေျပာျပ
ခ်က္အရ(၂၄)နာရီအတြင္းမီးရထား၊ မီး
သေဘၤာတို႔ကို အဂၤလိပ္အစိုးရက ပိတ္
ေတာ့မည္ ျဖစ္ေၾကာင္း ဘီ-အိုင္-ေအ
တပ္မေတာ္သည္ေရး၊ၿမိတ္၊ထားဝယ္သို႔
ေရာက္ေနၿပီျဖစ္ေၾကာင္း ေမာ္လၿမိဳင္မွ
ေန၍ ျမစ္ဝကြၽန္းေပၚသို႔ ျဖတ္သန္းလာ
ၾကမည့္ ဘီအိုင္ေအတပ္ဖြဲ႕ ေျမေအာက္
ေတာ္လွန္ေရးတပ္သားမ်ားႏွင့္ အဆက္
အသြယ္လုပ္ရန္ စစ္သားနည္းပါးေန၍
ကူညီၾကရန္ တိတ္တဆိတ္ ကမ္းလွမ္း
လာပါသည္။
ဤအခါက်မွ ေအာင္ဘတို႔ လူ
သိုက္သည္ သူရဲေကာင္းႀကီးမ်ားအျဖစ္ ဂုဏ္ယူ ဝင့္ႂကြားစြာ အဂၤလိပ္အစိုးရ၏
ခ်ဳပ္ေႏွာင္ဖမ္းဆီးထားျခင္းကို ထီမထင္ ေသာမ်က္ႏွာျဖင့္ခံယူေနျခင္းထက္ ေျမ
ေအာက္ ေတာ္လွန္ေရးကို လုပ္ကိုင္ရန္ အခ်ိန္က်ေရာက္ေလၿပီ ျဖစ္ေၾကာင္း
သေဘာေပါက္လာၾကသည္။
ထို႔ေၾကာင့္ ဘူတာႀကီးတြင္ရွိေသာ
စစ္ပုလိပ္မ်ားကို နည္းမ်ိဳးစုံသုံးကာ
ေရွာင္ထြက္လာၾကၿပီး ရန္ကုန္ၿမိဳ႕ထဲ
တြင္(၃)ရက္ေလာက္ခိုေအာင္းေနၾက၍
ေျမေအာက္ေတာ္လွန္ေရးဌာနခ်ဳပ္မွ
စာ႐ြက္စာတန္းမ်ားကို ယူေဆာင္ကာ
ၾကည့္ျမင္တိုင္ တစ္ဖက္ကမ္းကို ကူး
သည္။တြံေတးကိုျဖတ္ၿပီးလွ်င္ဝါးခယ္မ
ၿမိဳ႕အနီးရွိ က်ဳံလတာ႐ြာကို (၃)ရက္ႏွင့္
အေရာက္ကုန္းေၾကာင္းသြားၾကသည္။
က်ဳံလတာ႐ြာတြင္ ေခတၱနားၿပီး
တာဝန္အရ က်ိဳက္လတ္ႏွင့္ မအူပင္သို႔
ဆက္လက္ခ်ီတက္ရန္ ျဖစ္သည္။
ေအာင္ဘ ႏွင့္ သူ႔ဆရာတို႔ ႏွစ္ဦးသား
ေလွငယ္တစ္စီးကိုယူကာမေလွာ္တတ္
ေလွာ္တတ္ျဖင့္ ေလွာ္လာခဲ့ၾကသည္။
ထိုအခ်ိန္သည္ တိုင္းျပည္ပ်က္ေနေသာ
အခ်ိန္ျဖစ္ရာ လူစိမ္းလာလွ်င္ ခိုးဆိုး
တိုက္ခိုက္မည့္သူဟု ယူဆလ်က္အစစ္
ေဆး အေမးအျမန္းမရွိ သတ္ျဖတ္ေန
ေသာ ကာလျဖစ္သည္။ ေယာက္်ားမွန္ သမွ် ေန႔ေရာညပါ တုတ္၊ ဓား၊ လက္ နက္အစုံႏွင့္ေစာင့္ေနရသည္။
ေအာင္ဘႏွင့္ သူ႔ဆရာက ေန႔ေရာ ညပါေလွကေလးႏွင့္စုန္လာခဲ့ၾကသည္။
ညေနဝင္ရီတေရာ အခ်ိန္ေလာက္တြင္
ပတ္ဝန္းက်င္တစ္ဝိုက္ ကိုင္းေတာမ်ား
ထူထပ္လ်က္ရွိၿပီး ျမစ္ထဲကေနၾကည့္
ပါက ျမင္ရေသာ တဲတစ္လုံးကို ေတြ႕
လိုက္ရသည္။ ေအာင္ဘႏွင့္သူ႔ဆရာ
(ထိုေနရာတြင္သူ႔ဆရာအစားဦးေမာင္ျမ
ဟုနာမည္တပ္ပါမည္)တို႔သည္ေရာက္
လိုာႏွင့္ ေလွာ္ေနၾကေသာေၾကာင့္
မနက္စာထမင္းပင္ မစားရေသး။ ညေန
စာေတာ့ ေဝလာေဝး။ ကမ္းကိုလည္း
မကပ္ရဲေသာေၾကာင့္ ေလွေပၚတြင္ ပါသမွ်ရိကၡာကေလးႏွင့္ အသက္ဆက္ ေနရျခင္းျဖစ္သည္။
ေအာင္ဘက …
“ဆရာ ဒီတဲကေလးမွာ စားစရာ တစ္ခုခု ဝင္ေတာင္းၾကရင္ မေကာင္း ဘူးလား။ ေတာင္းလို႔မရရင္လည္းပါတဲ့ ပစၥည္းေတြနဲ႔လည္း စားၾကတာေပါ့
ဆရာ”
“ေအး – ေကာင္းတယ္ – တဲဆို ေတာ့လူလည္း သိပ္ရွိမွာမဟုတ္ပါဘူး။
ေလွကိုကပ္ၾကရေအာင္ကြာ”
ေလွကပ္ရန္ တံတားလည္းမေတြ႕ ေသာေၾကာင့္ သင့္ေတာ္မည့္ ကမ္းတစ္
ေနရာကိုကပ္ရန္ ေလွ်ာက္လာခဲ့ၾက
သည္။ ကမ္းမေရာက္မီ လုံခ်ည္တိုတို၊
အက်ႌမပါ၊ ကိုယ္တုံးလုံးအသားမည္း
မည္း လူတစ္ေယာက္ႏွင့္ ကေလးတစ္
ေယာက္ကို ခါးထစ္ခြင္ကာ ထဘီရင္
လ်ားႏွင့္ မိန္းမတစ္ေယာက္က တစ္ေန
ရာတြင္ရပ္ကာ ….
“ဆရာတို႔ ဒီေနရာကို လာကပ္ပါ။ ဒီေနရာက ေျမမာတယ္၊ ႐ႊံ႕မရွိဘူး” ဟု ဆိုေသာေၾကာင့္ လင္မယားဟု ထင္ရ ေသာသူႏွစ္ေယာက္ရပ္ေနသည့္ေနရာ
ကိုေလွဦးထိုးလိုက္သည္။
“ဆရာတို႔ ဒီအရပ္က မဟုတ္ဘူး
ထင္တယ္ ေနဝင္ေတာ့မယ္။ တစ္ည တေလ ဝင္နားပါလား။ ေခတ္အခါက
ေကာင္းတာ မဟုတ္ဘူး” ေယာက္်ားျဖစ္သူက ဝင္ေျပာ သည္။ ဦးေမာင္ျမက
“ကြၽန္ေတာ္တို႔ ဘိုကေလးကပါ
က်ိဳက္လတ္ကို သြားမလို႔ ေမာ္ေတာ္
ေတြ၊ သေဘၤာေတြမရွိတာနဲ႔ ကြၽန္ေတာ္
တို႔ တူဝရီးႏွစ္ေယာက္ေလွနဲ႔ ထြက္လာ
ၾကတာ”
“အေတာ္ လိုေသးတာဘဲဗ်ာ – ေရွ႕
နားမွာစာျဖဴဂြႀကီးဆိုတာရွိတယ္။ဓားျပ အရမ္းတိုက္တာ ဘိုကေလး၊ ဖ်ာပုံ၊ ေဒး
ဒရဲ၊ ျမင္းကကုန္းက လူေတြဆို အကုန္
သိတယ္။ သေဘၤာနဲ႔သြားရင္ေတာင္
သေဘၤာကိုလွမ္းတားတာ။ ရပ္မေပးလို႔
ကေတာ့ ေသနတ္နဲ႔ လွမ္းပစ္ေတာ့တာပဲ”
“ကြၽန္ေတာ္တို႔အခုေရာက္ေနတာ
ဘယ္ေနရာလဲ”
“နိဗၺာန္ကုန္း႐ြာကိုေရာက္ေနတာ။
ဒီကိုင္းေတာႀကီး ေက်ာ္လိုက္ရင္ ႐ြာကို
ျမင္ေနရတယ္။ ဒီညေတာင္သူႀကီး
အလႉရွိလို႔ ဖ်ာပုံက ဒို႔ၿမိဳင္ႀကီး ဆိုင္း
ေတာင္ ငွားထားေသးတယ္”
ဦးေမာင္ျမႏွင့္ ေအာင္ဘတို႔ တစ္
ေယာက္မ်က္ႏွာတစ္ေယာက္ ၾကည့္ လိုက္ၾကကာ ဦးေမာင္ျမက
“ျဖစ္ႏိုင္မယ္ဆိုရင္
ကြၽန္ေတာ္တို႔
ႏွစ္ေယာက္ ခင္ဗ်ားတို႔တဲမွာ တစ္ည
ေလာက္ အိပ္ပါရေစ။ မိုးလင္းေတာ့ ခရီး
ဆက္ပါမယ္။ က်ိဳက္လတ္မွာအမ်ိဳးတစ္
ေယာက္ အသည္းအသန္ ျဖစ္ေနတယ္
သတင္းၾကားလို႔ သတင္းေမး သြားမလို႔
ပါ”
ဇနီးလုပ္သူက ကေလးႏို႔တိုက္ေန
ရာမွ
“ေစာေစာကတည္းက ကြၽန္မ
ေယာက္်ားက ေျပာေနတာပဲ။ မိုးက
လည္း ခ်ဳပ္ေန၊ ေခတ္အခါကလည္း
ေကာင္းတာ မဟုတ္ေတာ့ တစ္ည
ေလာက္ ဒီမွာနားၿပီး မနက္က်ခါမွ ခရီး
ဆက္ေပါ့။ ကြၽန္မတို႔တဲမွာ အားနာစရာ
မရွိပါဘူး။ ကြၽန္မတို႔ လင္မယားနဲ႔ ဒီ
ကေလးတစ္ေယာက္တည္းပဲ ရွိတာ။
ကဲ-ကဲကိုေက်ာ္ဒြန္း ဧည့္သည္ေတြကို
တဲေပၚေခၚလိုက္ပါ”
ေလွႀကိဳးကို ကိုင္းပင္တစ္ပင္တြင္
ခ်ည္ထားလိုက္ၿပီး ကိုေက်ာ္ဒြန္းေခၚရာ ေနာက္သို႔ ဦးေမာင္ျမႏွင့္ ေအာင္ဘတို႔ ႏွစ္ေယာက္လိုက္သြားၾကသည္။ တဲက
ခပ္ေသးေသး။ ဧည့္ခန္းႏွင့္အိပ္ခန္းက ထရံတစ္ခ်ပ္သာ ျခားသည္။ ထမင္းစား
ေတာ့ ဧည့္ခန္းမွာ စားၾကဟန္တူသည္။
ေျခရင္းဘက္ ခပ္နိမ့္နိမ့္ေနရာတြင္ အိုး
ခြက္ပန္းကန္မ်ားႏွင့္တဲေရွ႕ရွိစင္မ်ားေပၚ
တြင္ ငါးေျခာက္မ်ား တင္ထားသည္ကို
ေတြ႕ရသည္။
“ဆရာတို႔ ေခါင္းရင္းဘက္မွာထိုင္ ၾကပါ။ ကြၽန္ေတာ္တို႔က တံငါလုပ္ေတာ့
ျမင္တဲ့အတိုင္းပဲ ဆရာေရ၊ ညႇီေစာ္ေတာ့
နည္းနည္းနံလိမ့္မယ္။ဪ- အုံးျမေရ။
ဒီဆရာတို႔အတြက္ ထမင္းပိုခ်က္လိုက္
ကြာ။ ဆရာတို႔လည္းထမင္းမစားရေသး
ပါဘူး။ ဟုတ္တယ္ မဟုတ္လား” ဦးေမာင္ျမက…
“ဘယ့္ႏွယ့္ ေျပာပါလိမ့္ ကိုေက်ာ္
ဒြန္းရယ္။ ဪ – ဒီလိုလုပ္ပါ။ ခင္ဗ်ား
တို႔ကိုလည္းအားနာပါတယ္။ကြၽန္ေတာ္
တို႔အလကားမစားပါဘူး။ ထမင္းဖိုးေပး
ပါ့မယ္”
“ဟာ – ဆရာတို႔ကလည္း မဟုတ္
တာ။ ဒုကၡေရာက္လာတဲ့ လူေတြကို အခုလိုကူညီရတာကုသိုလ္ေတာင္ရပါ
ေသးတယ္ဗ်ာ။ ပိုက္ဆံေပးစရာလည္း
မလိုပါဘူး။ တံငါဆိုေပမယ့္ အထင္
မေသးပါနဲ႔။ ဆန္ဆီဆား အျပည့္အစုံ
ရွိပါတယ္။ဟင္းကေတာ့ငါးစို၊ငါးေျခာက္၊
ကြၽန္ေတာ္တို႔တဲမွာ ေပါ့ေပါ့ပါးပါးပဲ။
အုံးျမေရကေလးကို ငါ့ေပးထား ေရေႏြး
ၾကမ္းတစ္အိုးနဲ႔ ငါးေျခာက္တစ္ျပား
အရင္ ဖုတ္လိုက္။ ကဲ – ကဲ – ဆရာတို႔
နားနားေနေနေက်ာဆန႔္ရင္လည္းဆန႔္
ၾက
ဦးေမာင္ျမႏွင့္ေအာင္ဘတို႔ ဆရာ တပည့္ႏွစ္ေယာက္ေမာေမာႏွင့္ ေက်ာ ဆန႔္၍ သိပ္မၾကာမီ စဥ္ေရသုတ္ ေရ
ေႏြးၾကမ္းတစ္အိုးႏွင့္ ငါးရံ႕ေျခာက္ဖုတ္
တစ္ပန္းကန္ ေရေႏြးၾကမ္းကို ျမည္း
လိုက္ၾကရာ မၾကာမီ ၿပိဳက္ခနဲကုန္သြား
သည္။ ထိုအခ်ိန္တြင္ ဆိုင္းသံသဲ့သဲ့ကို
ၾကားလိုက္ၾကရသည္။
“ဆရာတို႔ေရ – အဲဒါဖ်ာပုံ ဒို႔ၿမိဳင္
ႀကီးဆိုင္းသံပဲ၊ဒီနယ္တစ္ေၾကာမွာေတာ့
အထည္ႀကီးပဲ။ ဆိုင္းေနာက္ထ ေတြ
ကလည္းအရမ္းရယ္ရတယ္ – ဆရာေရ။
ထမင္းစားေသာက္ၿပီးရင္ ကြၽန္ေတာ္တို႔
မိသားစုလည္း အလႉအိမ္ဘက္ သြား ၾကမလို႔ ဆရာတို႔လည္း လိုက္ခဲ့ၾကပါ
လား”
ဦးေမာင္ျမကတစ္စုံတစ္ခုကိုေတြး
မိကာ….
“က်ဳပ္တို႔က တျခားတစ္နယ္က လူစိမ္းေတြဆိုေတာ့ ျဖစ္ပါ့မလား”
“ျဖစ္ပါတယ္ ဆရာရယ္ ဘိုကေလး
ကလာတဲ့ ကြၽန္ေတာ့ဦးေလးနဲ႔ ကြၽန္ ေတာ့္ ညီလို႔ ေျပာလိုက္မွာေပါ့၊ ဒီ႐ြာက
သူႀကီးနဲ႔ကြၽန္ေတာ္နဲ႔အရမ္းခင္ပါတယ္။
သူႀကီးအလႉအတြက္ ငါးေျခာက္အခ်ိန္
(၁၀)ေတာင္ကြၽန္ေတာ္လႉထားပါေသး
တယ္။ လိုက္သာ လိုက္ခဲ့ပါ – စိတ္မပူပါ
ထမင္းစားခ်ိန္ေရာက္ေတာ့ (၈) နာရီထိုးခါနီးေလာက္ ရွိေနၿပီ။ ထမင္း ဝိုင္းတြင္ ငါးတန္ဟင္း၊ မႈိနားတို တို႔စရာ၊ သရက္ခ်ဥ္သုပ္တို႔ျဖစ္သည္။ေအာင္ဘ
တို႔ ဆရာတပည့္ႏွစ္ေယာက္ ဆာဆာ ႏွင့္ တုတ္လိုက္ၾကသည္မွာ ေခါင္းပင္
မေပၚ။
“ကဲ – အဝတ္အစားလဲၿပီး အလႉ အိမ္ဘက္ ေလွ်ာက္ၾကရေအာင္ ဆရာ တို႔ ေရခ်ိဳးၾကဦးမလား”
“ဟာ-မခ်ိဳးေတာ့ဘူးကိုေက်ာ္ဒြန္း ကြၽန္ေတာ္တို႔က ခရီးပန္းလာတာေတာ္ ၾကာဖ်ားနာေနဦးမယ္”
“ကဲ – ဒါဆိုလည္း အလႉဘက္ ေလွ်ာက္ၾကရေအာင္။ ဒီကိုင္းေတာႀကီး လြန္သြားရင္တာ႐ိုးႀကီးေတြေတြ႕ပါလိမ့္
မယ္။ တာ႐ိုးအတိုင္း ေလွ်ာက္ရင္ ႐ြာထဲ
ကိုေရာက္တာပါ”
ကိုေက်ာ္ဒြန္းတို႔ လင္မယားက ေရွ႕ က သြားကာဦးေမာင္ျမတို႔ဆရာတပည့္ ႏွစ္ေယာက္က ေနာက္ကလိုက္ၾက သည္။ ကိုင္းေတာႀကီး လြန္သြားသည္
ႏွင့္တာ႐ိုးႀကီးကိုေတြ႕လိုက္ရသည္။ ခပ္
ေဝးေဝးတြင္ မီးကေလးေတြ မွိတ္တုတ္
မွိတ္တုတ္ႏွင့္ နိဗၺာန္႐ြာႀကီး တျဖည္း
ျဖည္း နီးလာသည္ႏွင့္အမွ် ဆိုင္းသံကို လည္း သဲသဲကြဲကြဲ ၾကားလာရသည္။ ႐ြာႀကီးက အေတာ္စည္ကားေသာ ႐ြာႀကီးျဖစ္သည္။ အိမ္ႀကီးအိမ္ေကာင္း ေတြအေတာ္မ်ားသည္။ ေတာ႐ြာဓေလ့ အရ အလႉအိမ္မွ ဆိုင္းရွိရာသို႔ ဟိုမွ သည္မွ သြားလာေနသည္ကိုေတြ႕ ၾက ရသည္။ တခ်ိဳ႕က ဦးေမာင္ျမတို႔ ႏွစ္ ေယာက္ကို လူစိမ္းမ်ားဟု သိရ၍ ဂ႐ု တစိုက္ၾကည့္ၾကသည္။ ေရွ႕ကသြားလာ
ေနၾကေသာကိုေက်ာ္ဒြန္းတို႔လင္မယား
ကိုေတာ့ ေတြ႕တဲ့လူတိုင္းက ႏႈတ္ဆက္
ၾကသည္။
ေအာက္လင္း ဓာတ္မီးေအာက္တြင္
အလႉအိမ္မွ ဆိုင္းတိုင္းႀကီးက
မနားတမ္း တီးေနသည္။ ဒို႔ၿမိဳင္ႀကီးဟု
ထင္ရသည့္ပတ္တီးဆရာကေတာ့ေခြၽး
မ်ား႐ႊဲနစ္လ်က္ဆိုင္းဝိုင္းပတ္ပတ္လည္
ကလူအုပ္ႀကီးကမနည္းမေနာပတ္ဝန္း
က်င္႐ြာမ်ားက လာေရာက္ကာ ဆိုင္း
နားေထာင္ၾကသည္ ထင္သည္။ မနီး
မေဝးတြင္ လွည္းမ်ားကိုလည္း ေတြ႕ရ
သည္။ ပတ္တီးဆရာေမာ၍ နားလိုက္
သည္ႏွင့္ ဆိုင္းေနာက္ထမ်ားက ျပက္
လုံးမ်ားထုတ္ေနေသာေၾကာင့္ တဝါးဝါး
တဟားဟားႏွင့္ ျဖစ္သည္။ အတီးပိုဒ္ က်လွ်င္လည္းအတီးရပ္သည္ႏွင့္လက္ ခုပ္သံမ်ားက တေျဖာင္းေျဖာင္း… အလႉအိမ္ႏွင့္ ဆိုင္းဝိုင္းကို အစြဲျပဳ ၍ ႐ြာေဈးတန္းႀကီးက အရွည္ႀကီး မုန႔္
ဟင္းခါးဆိုင္၊အသုပ္ဆိုင္၊ေကာက္ညႇင္း
က်ည္ေတာက္ဆိုင္၊ မုန႔္ေလေပြဆိုင္၊
မုန႔္လင္မယားဆိုင္၊ ေရခဲျခစ္ဆိုင္ပင္
ေတြ႕ရေသးသည္။
ဦးေမာင္ျမႏွင့္ ေအာင္ဘတို႔က ဆိုင္းနားေထာင္ေန၍ေညာင္းလာေသာ
ေၾကာင့္ ေဈးတန္းတစ္ပတ္ ပတ္ၿပီး ျပန္
လာသည္အထိ ကိုေက်ာ္ဒြန္းတို႔ လင္
မယားက တဝါးဝါး တဟားဟားႏွင့္
အားေပးေနဆဲ။ ဦးေမာင္ျမကကိုေက်ာ္ ႏွင့္ တို႔လင္မယား စားရန္အတြက္ မုန႔္
ေလေပြမ်ားဝယ္လာခဲ့သည္။
ေနာက္ေန႔မနက္ ခရီးသြားရန္ ရွိ
ေသးေသာေၾကာင့္ ည (၁၂)နာရီေက်ာ္
ေက်ာ္ေလာက္တြင္ ျပန္လာၾကသည္။
တဲကို ျပန္ေရာက္ေတာ့ ဦးေမာင္ျမက …
“ကဲ-ကိုေက်ာ္ဒြန္း-ကြၽန္ေတာ္တို႔
တူဝရီးႏွစ္ေယာက္ကို တစ္ညတာ တည္းခိုခြင့္ေပးၿပီး ထမင္းပါ ေကြၽးတဲ့
အတြက္ အမ်ားႀကီးေက်းဇူးတင္တယ္
ဗ်ာ။ မနက္ေစာေစာ မိုးမလင္းမီ ကြၽန္
ေတာ္တို႔ တူဝရီးႏွစ္ေယာက္ ခရီးဆက္
ၾကမယ္။ ကဲ-နည္းတယ္၊ မ်ားတယ္
သေဘာမထားပါနဲ႔ဗ်ာ။ ဒီေငြတစ္ဆယ္
ေတာ့လက္ခံပါ”
ကိုေက်ာ္ဒြန္းက
“ဟာ- ဆရာတို႔ရယ္ အဲဒီလိုေတာ့
မလုပ္ပါနဲ႔။ကြၽန္ေတာ္ေငြလိုခ်င္လို႔ကူညီ
တာ မဟုတ္ပါဘူး။ ဒုကၡေရာက္လာလို႔ ကူညီတာပါ။ ဆရာတို႔ေငြကိုျပန္ယူသြား
ပါ”
“ကိုေက်ာ္ဒြန္း ေစတနာကို ကြၽန္ ေတာ္တို႔ ေလးစားပါတယ္။ ကြၽန္ေတာ္
တို႔က ဒီသေဘာနဲ႔ ေပးတာလည္း
မဟုတ္ပါဘူး။ ကိုေက်ာ္ဒြန္းတို႔ လင္
မယားကိုေလးစားလို႔ေစတနာတုန႔္ျပန္
တာပါ။မယူရင္ေတာ့ ကြၽန္ေတာ္တို႔စိတ္
ေကာင္းစြာ မဟုတ္ပါဘူး။ ေရာ့ – ယူပါ
ကိုေက်ာ္ဒြန္း
“ဦးေမာင္ျမတို႔က အတင္းေပးမွ
ကိုေက်ာ္ဒြန္းကယူလိုက္သည္။
“ဒီလိုဆိုလည္း ဆရာတို႔အတြက္ အျပန္လက္ေဆာင္ငါးရံ႕ေျခာက္ႏွစ္ျပား ျပန္ယူသြားဆရာ။ ကြၽန္ေတာ္တို႔က တံငါ ဆိုေတာ့ ဒါပဲေပးႏိုင္တာ စိတ္မရွိပါနဲ႔။
ကဲ – ကဲ ဆရာတို႔လည္း မနက္ေစာေစာ
ထရဦးမွာ အိပ္ၾကေတာ့”
တစ္ေန႔လုံးနီးပါး ခရီးပန္းလာသည့္ အျပင္ ညတစ္နာရီေက်ာ္မွ အိပ္ရေသာ ေၾကာင့္ ဦးေမာင္ျမႏွင့္ေအာင္ဘတို႔ ႏွစ္ ေယာက္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ပင္ အိပ္
ေပ်ာ္သြားၾကသည္။
ဦးေမာင္ျမ မ်က္ႏွာတြင္ စပ္ဖ်ဥ္း
ဖ်ဥ္း ျဖစ္လာေသာေၾကာင့္ အိပ္ေနရာမွ
လန႔္ႏိုးသြားသည္။အေတာ္ျမင့္ေနေသာ
ေနေရာင္ျခည္က မ်က္ႏွာကို ထိုးေန
ေသာေၾကာင့္ ျဖစ္သည္။ ပတ္ဝန္းက်င္
ကို ၾကည့္လိုက္ေတာ့ ထူထပ္လ်က္ရွိ
ေသာကိုင္းေတာႀကီးသာ။ ေအာင္ဘက
ေဘးမွာ တေခါေခါ ေဟာက္လ်က္ ဗိုက္
ေပၚမွာက တစ္ဆယ္တန္တစ္႐ြက္ႏွင့္
ဓနိလက္ႏွစ္ခု။
“ေဟ့ေကာင္- ေအာင္ဘထစမ္း-
ထစမ္း”
ေအာင္ဘက အိပ္ခ်င္မူးတူးႏွင့္
ထလာသည္။ ပတ္ဝန္းက်င္ကို ၾကည့္
လိုက္ၿပီး ..
“ဆရာကြၽန္ေတာ္တို႔ဘယ္ေရာက္
ေနတာလဲ”
ဦးေမာင္ျမက မေျဖေသးဘဲ ကိုင္း ေတာထဲကျဖတ္ကာ မေန႔က ေလွ်ာက္
ခဲ့ေသာ တာ႐ိုးႀကီးႏွင့္ နိဗၺာန္႐ြာႀကီးကို လွမ္းေမွ်ာ္ၾကည့္လိုက္သည္။ တာ႐ိုး လည္း မေတြ႕၊ နိဗၺာန္႐ြာလည္း မေတြ႕။ ေလွကေလးကေတာ့ ကိုင္းပင္တစ္ပင္ မွာ ခ်ည္လ်က္သား ေလွဆိုက္ေသာ ေနရာႏွင့္ မလွမ္းမကမ္းမွ ကိုေက်ာ္ဒြန္း
တို႔ တဲလည္းမရွိ။ ထိုေနရာတြင္ ကိုင္း ေတာႀကီးသာ။
“ေအာင္ဘ – တို႔ ညက က်တ္ကုန္း
ကိုေရာက္ခဲ့တာပဲကြ”
“က်တ္ကုန္းဆိုတာ ဘာလဲဆရာ”
ဦးေမာင္ျမက နားလည္သေ႐ြ႕
ေအာင္ဘကိုရွင္းျပလိုက္သည္။ ရွင္းျပမွ
ေအာင္ဘက ေၾကာက္စိတ္ေတြ တဖြား
ဖြားဝင္လာသည္။
“ကဲ-ကဲ ေနေတာ္ေတာ္ျမင့္ေနၿပီ။
ေလွဆီကိုသြားရေအာင္”
ေလွကေလးကို ႏွစ္ေယာက္သား ခပ္သုတ္သုတ္ေလွာ္လာၿပီးခပ္ေဝးေဝး ေရာက္မွ ေအာင္ဘက ကိုင္းေတာႀကီး
ဘက္ကိုလွည့္ၾကည့္လိုက္ကာ …
“ဆရာ- ဒီက်တ္ဆိုတဲ့ အေကာင္ ေတြက ကြၽန္ေတာ္တို႔လို ေတာ္လွန္ေရး သမားေတြကို အေႏွာင့္အယွက္ ေပးရ
ေအာင္ကြၽန္ေတာ္ထင္တာကေတာ့” “မင္းက ဘာထင္လို႔လဲ”
“ရန္သူအဂၤလိပ္အစိုးရက ဒီက်တ္ ေတြနဲ႔မ်ား ေပါင္းထားသလားလို႔”
“ဟာ-ဒီမေအ”
(ကြယ္လြန္သြားၿပီျဖစ္ေသာအဘ
သခင္ခ်န္ထြန္းသို႔ အမွတ္တရ)