*သရဲမြင်နိုင်သည့်ကလေး*📖📖📖 ++++++++++++ ***************** ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ်အတွင်းရှိ မြို့နဲ့ဝေးကွာသော ပအိုဝ်းရွာလေးတစ်ရွာတွင် ဦးမြတင့်နဲဒေါ်အေးမေဟူသော ဇနီးမောင်နှံရှိသည်။သူတို့သည်အသက်ကြီးသည့်တိုင် ကလေးတသ်ယောက်မှမရသေးချေ။ကလေးလေးတစ်ယောက်ပေးသနားရန် ဘုရားမှာဆုတောင်းရသည်မှာလည်းအကြိမ်ကြိမ်၊ဟိုဗေဒင်သည်ဆရာများထံ၊ဟိုနတ်သည်နတ်များထံပူဇောပသပြီးကလေးတောင်းရသည်မှာလည်း နတ်များပင်နားပူနေလောက်သည်။သို့သော်နှစ်ယောက်၏မျှော်လင့်ချက်များကဖြစ်မလာခဲ့ချေ။မိရိုးဖလာအတိုင်းကလေးတောင်းမရတော့ရွာနဲ့အလွန်ဝေးကွာသော မြို့ဆေးရုံကိုကလေးမရနိုင်လောက်သည့်ချို့ယွင်းချက်များရှိမရှိသွားရောက်စစ်ဆေးကြည့်သည်။ထိုခေတ်အခါကဆေးရုံဆေးခန်းဟူသည်ကား မခေတ်စားသေးသောအရာတစ်ခု။ဆေးရုံသွားပြကြည့်သော်လည်း ကလေးမရနိုင်လောက်သည့်ချို့ယွင်းချက်တစ်ခုမှမရှိပေ။လင်မယားနှစ်ယောက် ခေါင်းငိုက်စိုက်ဖြင့်မြို့မှရွာကိုပြန်လာသည့်တောလမ်းလေးအတိုင်း နေပူကျဲကျဲထဲချွေးဒီးဒီးဖြင့်ပြန်လာခဲ့ကြ၏။ရှေးဘဝကုသိုလ်ကံကြောင့်ကလေးမရနိုင်တာနေမှာဟုတွေးရင်း ဖြေသိမ့်ခဲ့ကြ၏။ဝမ်းဆွဲဆရာမထံသို့သွားရသည်မှာလည်း ချောင်းပင်ပေါက်လုမတတ်ဖြစ်နေပေပြီ။ကလေးရနိုင်မည့်အရိပ်အယောင်မတွေ့။သို့ကြောင့်လက်လျော့ကာကလေးမွေးစားကြရန် လင်မယားနှစ်ယောက်တိုင်ပင်လိုက်ကြသည်။သို့သော်ထိုညတွင်ကား ဖွားမေသည် ထူးဆန်းသောအိပ်မက်အားမြင်မက်လေသည်။ သူမသည် ရွာပြင်တောထဲတွင်မှိုရှာမျှစ်ရှာရန်ပလိုင်းတစ်လုံးနဲ့ဓားကောက်တချောင်းကိုယူ၍ထွက်လာခဲ့သည်။အဖော်မပါသူမတစ်ဦးတည်းသာ။တောထဲသို့ရောက်သည်နဲ့ဝါးရုံအောက်မှ မျှစ်တုံးတို့ကားတစ်စို့ပြီးတစ်စို့ချိုးယူ၍မကုန်နိုင်အောင်ပေါက်နေကြ၏။သူမလည်းဝမ်းသာအားရဖြင့် မျှစ်ချိုးနေစဉ်ဝါးရုံအနောက်ဘက်မှ ဝါးကပ်များဝါးရွက်ခြောက်များနင်းလာသည့် ချွက်ချွက်အသံများကြားရသဖြင့် သူမချောင်းကြည့်လိုက်ရာ သူမရှိရာသို့ဦးတည်လာနေသော …
သရဲမြင်နိုင်သည့်ကလေး Read More