ကပ္ပိယသရဲ

ကပ္ပိယသရဲ(စ/ဆုံး)
———————-

“ဒေါ်မြကျင်ဒေါ်မြကျင်”

“ဟဲ့ဝင်ခဲ့လေ ဘယ်နှယ့်အိမ်ဝက
အသံကုန်ဟစ်နေရတာလဲ”

“ခင်ဗျားရဲ့ ယောင်္ကျားကို လမ်းမှာတွေ့ခဲ့လို့
အိမ်ထဲမဝင်ရဲတာနဲ့ လှမ်းခေါ်နေတာ”

“ငါ့ယောင်္ကျား မရှိလည်း ငါရှိနေတာပဲ
တကတည်း ကိုက်စားခံရမယ်အတိုင်းပဲ”

“ခင်ဗျားတစ်ယောက်တည်းရှိလို့ မဝင်ရဲတာနဲ့
အိမ်ဝက အော်ပြီး အသံပေးတာ”

“သေနာလေး လာဝင်ခဲ့ နင်အိမ်ထဲရောက်တာနဲ့
ငပုတင်တစ်ယောက် လက်ဆွဲနေပါတယ်လို့
ငါရပ္ကြက္က ကြားအောင်အော်မှာ”

“အဲဒါကို ကြောက်လို့ မဝင်ရဲတာဗျ”

ထိုစဉ်နောက်မှ ဒေါ်မြကျင်၏ယောင်္ကျား
ဦးတင် အသံထွက်လာသည်။

“ဟေ့ကောင်ငပုတင် အိမ်ဝမှာရပ်ပြီး ငါ့မိန်းမကို
ဘာတွေ မဟုတ်တရုတ် ပြောနေပြန်ပြီလဲ”

“သည်မှာ ဦးတင်မရှိတုန်း အိမ်ပေါ်အတင်းခေါ်တင်နေလို့
ဦးတင်ရဲ့မိန်းမကို ကြည့်ပြောထားဦး”

“ကဲမင်းအထဲမဝင်ရဲရအောင်ဆွမ်းချိုင့် ငါ့ပေးလိုက်
ငါယူသွားမယ်”

“ဟဲဟဲဦးတင်ရှိမှတော့ ဝင်ရဲပြီပေါ့”

“သေနာလေး လာခဲ့နင့်ငါယောင်္ကျားရှေ့မှာ
လက်ဆွဲရဲလား”

“ကြားတယ်မဟုတ်လား ဦးလေးတင် ကျနော်ကို
လက်ဆွဲခိုင်းနေတာ”

“ဆွဲခိုင်းရင် ဆွဲလိုက်ပေါ့ကွာမင်းကများ
နာတယ် ထင်နေရသေး”

“ဘုန်းကြီးကျောင်းရောက်ရင်ဘုန်းဘုန်းကပ္ပိယကို
အိမ်မလွှတ်နဲ့ပါလို့ လျှောက်ထားရမယ်”

“ဦးလေးတင်မိန်းမက အရင်စတာနော်
ကျုပ်က လူပျိုရှက်တတ်တယ်”

ကပ္ပိယငတင် အသက်လေးဆယ့်ငါးနှစ်ခန့်ရှိသည်။
ပုပုကြကြ ရုပ်ကလည်းဆိုး အသားလည်း မည်းသည်။

သူမွာ ကောင်းကွက်ရှိသဖြင့် လူချစ်လူခင်ပေါသည်။
မျက်နှာချိုသည်။ဖင့်ပေါ့သည်။ပျော်တတ်သည်။
သူ့ကို မည်မျှပင် စနောက်သော်လည်း
မညည်းမညူ လုပ်ကိုင်ပေးသည်က သူ၏
ကောင်းကွက်များဖြစ်သည်။

အိမ်မှာ အလုပ်လေးနည်းနည်းရှိလို့ ဘုန်းဘုန်း
ငပုတင်ကို အိမ်ခဏလွှတ်ပေးပါဆိုလျှင် ဘုန်းကြီး
လွှတ်သည်နှင့် ပေါ့ပါးစွာ ခိုကပ်သည်ဟူ၍မရှိ
ဝင်ရောက်လုပ်ကိုင်ပေးသည်။

လုပ်စရာမြင်လျှင် မခိုင်းဘဲလုပ်ပေးတတ်သလို
စားစရာရှိလျှင်လည်း ဘုန်းကြီးဒကာအိမ်မှန်သမျှ
အားနာမှုမရှိ စားတတ္သူ ဖြစ်သည်။
ယခု ဒေါ်မြကျင်အိမ် ဆွမ်းအလှည့်ကျ၍
ဆွမ်းချိုင့်လာပို့သည်ကို ကောင်းကောင်းမလာ
အိမ်ဝမှနေ၍ မသိလျှင် ဒေါ်မြကျင်ကပင်
သူအား နောက်ပိုးကြိုက်နေသည်ဖြစ်အောင်
ပြောဆိုနေခြင်းဖြစ်သည်။

ဒေါ်မြကျင်နှင့်ဦးတင်တို့ကလည်း ပျော်တတ်သူများ
ဖြစ်၍ စိတ်မဆိုး။ငပုတင်က ဒေါ်မြကျင်အား
အမြဲသမီးရည်းစားလို စနောက်နေသူဖြစ်သည်။

“ဒေါ်မြကျင် မနက်ဆွမ်းဟင်းကောင်းကောင်းချက်နော်
အခုတော့ ဆေးလိပ်တစ်လိပ်လောက်
ပေးသောက်ပါဦး”

“အင်း သည်အိမ်ရောက်ရင် ဗိုက်ထဲတစ်ခုခု
မထည့်ရရင် မပြန်တဲ့ကောင် တစ္ခုခုမွ မရရင်
ရေဖြစ်ဖြစ် သောက်သွားရမှ”

“ဟဲဟဲဦးလေးတင်ဒို့ အစ်မမြင်ကျင်တို့လို
သဒ်ဓါတရားကောငျးတဲ့ လင်မယား နောက်ကို
သည့်ထက်ပိုပြီး ချမ်းသာအုံးမှာ”

“အောင်ဝင်း”

“ဗျာ’

“ဆေးလိပ်ခွက်ထဲက ပြောင်းဖူးဖက်ဆေးလိပ်
တစ်လိပ် ပေးလိုက် မီးခြစ်ပါ တစ်ခါတည်း
ယူခဲ့ကြ”

“ဦးပုတင်ကြီးရောက်လာရင် တယ်အလုပ်ရှုပ်တာပဲ”

“လူကြီးတွေရဲ့ သဒ်ဓါတရားကို
မင်းကဖျက်ဆီးဦးမလို့လားကွ”

“ကိုယ်ဟာကိုသောက်ချင်ရင် ကိုယ်ဟာကိုယ်
ယူသောက်တာမဟုတ်ဘူး အင်း
သည်လောက်လည်း သဒ်ဓါမပိုနဲ့ သည်လိပ်ဆို ရပြီ”

အောင်ဝင်းက ဦးတင်၏မြေးဖြစ်သည်။
သို့ဖြင့် ကိုပုတင်လည်း ဆွမ်းချိုင့်ပို့ပြီး
ဦးတင်အိမ်မှ ပြန်ခဲ့သည်။ဆွမ်းချိုင့်က
တစ်ရက်ကိုတစ်အိမ် ပို့ပေးရသည်။
အိမ်စေ့သွားလျှင်တစ်က ပြန်စသည်။

တစ်အိမ်ကို တစ်လနှစ်ကြိမ် အလှည့်ကျသည်။
ဆွမ်းချိုင့်ပို့ပေးသည့်အိမ်တိုင်း ကိုပုတင်၏
စားအိမ်သောက်အိမ်များဖြစ်သည်။
မနက်သုံးနာရီထိုးသည်နှင့် ကိုပုတင်
အိပ်ရာမှထ မျက်နှာမသစ်ခင် ရေနွေးအိုးတည်ရန်
မီးမွေးသည်။

မီးမွေးပြီး နေ့စဉ်တည်နေကျ ဒန်အိုးကြီးနှင့်
ရေတစ်ဝက်ခန့်ဖြည့်ကာ တည်ထားလိုက်သည်။
ရေနွေးကရားအိုး သုံးအိုးနှင့် ဓါတ်ဗူးနှစ်လုံး
ထည့်လိုက်လျှင် ရေနွေးကအနည်းငယ်ကျန်သည်။
တစ်ခါတစ်ရံ ဟင်းပေါင်းအိုးများ ရေလိုပါက
ရေနွေးထည့်ပြီ ရေရောရသည်။

ရေနွေးအိုးတည်ထားပြီး မျက်နှာသစ်လိုက်သည်။
မျက်နှာသစ်ပြီး ပုဆိုးအပေါ်ပိုင်းနှင့်မျက်နှာသုတ်
လိုက်သည်။ထမင်းအိုးတစ်အိုးနှင့်ဟင်းပေါင်းအိုး
ပြန်နွေးရဦးမည်။

မနက်အာရုံဆွမ်းအတွက် ကျောင်းမှသာလျှင်
ဆွမ်းချက်ရသည်။တောရွာမှာ မနက်အရုဏ်
ဆွမ်းလောင်းသူမရှိသလောက်ရှားသည်။
အလှူရှိလျှင်တောင်မှ နေ့ဆွမ်းသာ
အပင့်များကြသည်။

ထမင်းကျက်သည်နှင့်မီးဖိုပေါ်မှာ အိုးကို
မီးသွေးအနည်းငယ်နှင့်နှပ်ထားကာ ကျောင်းသား
ကိုရင်များကို ဆွမ်းပွဲပြင်ရန် ခုံခင်းခိုင်းလိုက်သည်။

မနေ့ကကျန်နေသော ဟင်းများ စုပေါင်းထည့်ပြီး
တစ္ညလုံး မီးဖိုပေါ်မှာ နွေးထားသည်။
ဟင်းပေါင်းအိုးထဲမှ ဟင်းများကို သုံးပန်းကန်ခပ်ပြီး
ဆရာတော်တစ်ဝိုင်း ကိုရင်နှစ်ဝိုင်းချစေသည်။

ကျောင်းသားများနှင့်ကိုပုတင်တို့က
သံဃာကိုရင်များ ဆွမ်းစားပြီးမှ
စားကြမည်ဖြစ်သည်။
ငါးပိရည်နှင့် တို့စရာ အသီးအရွက်စုံတို့ကို
ပုတင်က ပြင်ဆင်ပေးသည်။
ကျောင်းသားများက စားပွဲခုံပေါ် သွားတင်သည်။
ဇလားထဲ လောင်းထည့်ထားသော ဆွမ်းများကို
ပန်းကန်ပြားများထဲ ပန်းကန်တစ်ချပ်နှင့်
ကော်ထည့်လိုက်သည်။

ရေနွေးနှင့်ရေနွေးဓါတ်ဗူးတို့ကိုလည်း မလစ်ဟင်း
ရအောင် စီမံပေးနေသည်။အားလုံး ဆွမ်းပွဲများ
ပြင်ပြီးသည်နှင့် ကျောင်းသားကြီးတစ်ယောက်ကို
တုံးသွားခေါက်ခိုင်းလိုက်သည်။

တုံတုံတုံတုံတုံ

ငါးနာရီထိုးသည်နှင့် တုံးခေါက်သံ ထြက္လာသလို
တုံးခေါက်သံထွက်လာမှ ဆရာတော်နှင့် ဦးဇင်းများ
ကျောင်းပေါ်မှ ကြွလာကြပြီး ဆွမ်းဘုဉ်ပေးကြသည်။

“ဒကာပုတင်”

“ဘုရား”

“ဘုန်းကြီးအခန်းမှာ ကိတ်မုန့်တစ်ထုပ်နှင့်
ပူတင်းမုန့်တွေရှိတယ်။ဘုန်းကြီး ကုတင်ပေါ်
တင်ပေးထားတယ် အကုန္သြားယူခဲ့။
ကျောင်းသားတစ်ယောက် ခေါ်သွား ပြန်ရောက်ရင်
ကိတ်မုန့်ကိုလှီးပြီး သည်ကိုယူခဲ့ ကျန်တဲ့
ပူတင်းမုန့်တွေ ကိုရင်နဲ့ကျောင်းသား
တစ်ခုစီဝေပေး မင်းလည်းစား”

ကိုပုတင်လည်း ဆရာတော်စီစဉ်ပေးသည့်အတိုင်း
မုန့်များကို သွားယူပြီး ကိတ်မုန့်ကိုဖယ်ကာ
ကိုရင်ကျောင်းသားများကို
တစ်ခုစီဝေပေးလိုက်သည်။
သူအတွက် တစ်ခုကျန်သည်။
သူထမင်းမစားရသေးသည့်အတွက်
မုန့်ကို ခါးပုံစထဲထည့်ထားလိုက်သည်။
သင့်တော်ရာနေရာမှာ တင်ထားလို့ကတော့
ကိုပုတင် စားရမည်ချေ။

ထိုသည်တို့က ကိုပုတင်၏တစ်မနက်ခင်း
တာဝန်ဝတ္တရားများဖြစ်သည်။အားလုံး
စားပြီးသောက်ပြီးပြီ ဆိုပါကလည်း ဆေးကြော
သန့်စင်ပြီး နေရာတကျ သိမ်းဆည်းထားရသည်။
နေ့ဆွမ်းစားပြီးလျှင် သူ့တာဝန်ပြီးပြီ
သူ့အခန်းထဲဝင်ပြီး တစ်ရေးတစ်မောအိပ်မည်။
ညနေဆွမ်းချိုင့်ပို့ရမည်ဖြစ်သည်။

XxXX

ကိုပုတင် မိုးဦးက်စ ခမောက်ဆောင်းပြီး
ဆွမ်းချိုင့်ပို့ရန် ထွက်ခဲ့သည်။

ဆွမ်းချိုင့်ပို့ပြီး ပြန်အလာလမ်းမှာ သစ္သားစကို
နင်းလိုက်စဉ် သစ္သားစမွာ စူးဝင်နေသော
သံချွန်ကို ခြေဖဝါးနှင့် နင်းမိလိုက်သည်။
လူက မဖိနပ္မပါ စူးဝင်နေသောသံကို
ဆွဲနှုတ်ပစ်လိုက်သည်။

ခြေဖဝါးအလယ်တည့်တည့်မှာ
လက်တစ်ဆစ်ပင်မရှိသော အနက်ဖြင့်
စူးဝင်ခဲ့ခြင်းဖြစ်သည်။

မိုးရွာထားသည့်အတွက် ရွှံ့ဗွက်များကိုနင်းပြီး
ပြန်လာခဲ့သည်။လူကခပ်ပေပေ သံစူးသည့်နေရာက
အနည်းငယ်သာ နာသဖြင့် ခြေထောက်ကို
ဆေးကြောလိုက်ပြီး ဤအတိုင်းသာနေခဲ့သည်။

နှစ်ရက်သုံးရက်ခန့်ရှိတော့ ခြေဖဝါးနှင့်
ခြေချောင်းများ ရောင်ကိုင်းလာသည်။
ခြေထောက်မထောက်နိုင်တော့ ထိုအချိန်ကြမှ
ဘုန်းတော်ကြီးနှင့်ဦးဇင်းများ သိကုန်တော့သည်။
သို့ပေမဲ့ နောက်ကျခဲ့ပြီ မေးခိုင်ပိုးက ခြေထောက်မှ
တစ်ဆင့် ဦးနှောက်အထိ ရောက်ရှိကာ
စကားပင် မပြောနိုင်တော့။

သံစူးပြီး ငါးရက်အကြာမှ ကိုပုတင်
သေဆုံးသွားသည်။
သူသေဆုံးပြီး နောက်ရက်
ညနေမှောင်ရီပျိုးသည်နှင့်
ဆွမ်းချိုင့်ပို့သည့်အိမ်များကို
ဆွမ်းချိုင့်လိုက်ပို့လေတော့သည်။

အိမ်အပြင်မှ ချိုင့်သံကြားသလို ။ တံခါးခေါက်သံ
ကြားရသလို ။ တစ်ခါတစ်ရံ လှမ်းခေါ်သံပင်
ကြားလိုက်ရသည်။တံခါးဖွင့်ကြည့်တော့
လူကိုမမြင်ရ။ ကိုပုတင် ဆုံးသွားမှန်း
သိသည်နှင့် ဆွမ်းချက်အိမ်များလည်း
ညရောက်သည်နှင့် စောစောအိမ်တံခါး
ပိတ်ထားတော့သည်။

“ဒေါ်မြကျင် ဒေါ်မြကျင်”

ခြံဝမှနေ၍ ကိုပုတင်၏ခေါ်သံ ကြားရသည်။

သူ့ဆွမ်းချက်အလှည့်ရက်မှာ ကျောင်သားလေးနှင့်
ကိုရင်လေးတို့ ညနေကတည်းက ဆွမ်းချိုင့်
လာပို့ပြီးသော်လည်း ညရောက်သည်နှင့်
အိမ်ရှေ့မှ လာခေါ်နေသည်။
ထိုရက်ပိုင်းက အသုဘရက်မလည်သေး။

ညမှောက်သည်နှင့် ဒေါ်မြကျင်အား
လှမ်းခေါ်ကာ ဆွမ်းချိုင့်လာယူဟုလည်း
ပြောသေးသည်။အိမ်ထဲမှ ဦးတင်က
ကိုရင်နဲ့ကျောင်းသားလေးတွေ လာပို့သွားပြီးဟု
လှမ်းအော်ပြောလိုက်မှ အသံပျောက်သွားသည်။

ကျောင်းမှာလည်း မနက်မိုးလင်း သုံးနာရီခန့်
ရောက်သည်နှင့် အိုးသံခြက္သံမ်ား ကြားရသည်။
လူမထမချင်း အသံမျိုးစုံ ဆွမ်းချက်ရုံမျှ
ကြားရသည်။ဦးပဉ္ဇင်းကြီးတစ်ပါးနှင့်
ကိုရင်ကျောင်းသား ဆွမ်းလာချက်မှ
အသံပျောက်သွားသည်။

မနက်စောစော ဆွမ်းချက်ရုံသို့ တစ်ယောက်တည်း
လာမိသောကျောင်းသားလေးတစ်ယောက်
ပန်းကန်ဆေးနေသော ကိုပုတင်နှင့်ပက်ပင်းသွားတိုးသဖြင့်
ကျောင်းသားအကြောက်လွန်ပြီး သုံးလေးရက်ခန့်
အိပ်ရာထဲ လဲခဲ့ရသည်။

သို့ကြောင့် ဘုန်းတော်ကြီးက ဦးပုတင်အား
မကြာခဏ အမျှပေးဝေနေသော်လည်း
မကျွတ်မလွတ်သေးသည့်အတွက် အမျှဝေပေမဲ့
သာဓုခေါ်ဆိုခွင့် မရခဲ့သည်လား။
သာဓုမခေါ်၍လားမသိ။

မနက္သုံးနာရီမွ လေးနာရီအတွင်း
ဟိုနား ရိပ္ခနဲ မြင်လိုက် သည်နား မြင်လိုက်နဲ့
တွေ့နေရသည်။

ဤသို့ ဆွမ်းချက်ဆောင်မှာ ကပ္ပိယကြီး
မကျွတ်မလွတ်ဘဲ နေလာသည်မှာ
တစ်လကျော်ခဲ့ပြီ။

တစ်ရက် ကျောင်းခြံအတွင်း ညဘက်စင်္ကြ ံ
လျှောက်နေရင်း ဆရာတော် တရားမှတ်နေသည်။
ကိုပုတင်ကိုလည်း အမျှဝေနေသည်။
ဘုန်းတော်ကြီး ခြေသံလိုလို ကြားလိုက်သည်။

“ဘုန်းဘုန်းဘုရား ဘုန်းဘုန်းဘုရား”

“ဟဲ့ ဘယ်သူလဲ ”

“တပည့်တော် ငပုတင်ပါဘုရား”

“ဒကာကြီး အခုဘယ်ရောက်နေလဲ”

“တပည့်တော် ဘယ်မှမရောက်ပါဘုရား
ဆွမ်းပို့တဲ့အလုပ်။ဆွမ်းချက်တဲ့အလုပ်
တပည့်တော်မရှိရင် မျဖစ္ဆိုတဲ့ အာရုံစွဲပြီး
သေသွားတဲ့အတွက် သည်ဆွမ်းချက်အနီးမှာ
ဝိညာဉ်သရဲဖြစ်နေရပါသည်ဘုရား”

“ဆရာတော်ဒို့ ကုသိုလ်ပြုပေး အမျှပေးဝေကာ
မင်းမရဘူးလား”

“တပည့်တော်ကို စောင့်ကြပ်တဲ့ သရဲက
လျှောက်ခေါ်နေလို့ အမွ်မရပါဘူး
တစ်ခါတစ်ခါလည်း
အစားအစာ လိုက်ရှာနေလို့ အမျှဝေသံ
မကြားလိုက်ရဘူးဘုရား တပည့်တော်ကို
ကြိုတင်အသိပေးမှသာ တရားနာခွင့်
သာဓုခေါ်ရမှာပါ။ခိုင်းမယ့်ခေါ်မယ့် သရဲကလည်း
ကြိုသိထားတဲ့အတွက် ခေါ်မှာမဟုတ်ပါဘူး”

“အေးအေး အခုလိုသိထားတော့လည်း
အလှူလုပ်လို့ အမျှဝေတော့မယ်ဆိုရင်
ကြိုတင်အသိပေးပြောထားပါ့မယ်
ကျောင်းက ဆွမ်းချက်တဲ့ကိစ္စ ။
ဆွမ်းချိုင့်ပို့တဲ့ကိစ္စကို အစွဲအလန်းမထားနဲ့တော့။
ကျောင်းသားတွေ ဦးဇင်းတွေကို
ဘုန်းကြီး ခိုင်းထားတယ်။ အချိန်တန်ရင်
သြားတာပဲ ဒကာကြီး ။
ကျောင်းသားတွေ ကိုရင်တွေကိုလည်း
ခြောက်တာလှန့်တာ။ကိုယ်ထင်ပြတာတွေ
မလုပ်နဲ့ဟုတ်လား”

“တပည့်တော် မှတ်ထားပါ့မယ်”

“ငပုတင်ရဲ့ အမျိုးတွေကိုခေါ်ပြီး ငပုတင်အတွက်
တတ်နိုင်သလောက် အလှူလုပ်ခိုင်းမယ်
အလှူလုပ်မယ်ဆိုကတည်းက သာဓုခေါ်နိုင်ဖို့
ကြိုပြောထားမယ် သာဓုခေါ်နိုင်အောင်သာ ကြိုးစား
ဒါမွ သည့်ထက်မြင့်တဲ့ ဘုံဘဝကိုရောက်မှာ
ကဲကဲဒကာလည်းသွားတော့ ဘုန်းကြီး
ကျောင်းပေါ်တက်တော့မယ်”

XXXXXX

နောက်ရက်ကျတော့ ဆရာတော်လည်း
ကိုပုတင်၏ဆွေမျိုးများကို ကျောင်းသို့ ခေါ်၍
တတ်နိုင်သမျှစုပြီး အလှူလုပ်ခိုင်းသည်။
ဆရာတော်ကလည်း ထည့်ဝင်ပေးသည်။

ကိုပုတင်အား အလှူမလုပ်ခင်ညက
သူနေသည်ဆိုသော အပင်သို့သွားပြီး
မနကျတရားနာလာရနျ အသေအချာ
ဖိတ်လိုက်သည်။ဆွမ်းကပ်အပြီး တရားနာကာ
ရေစက်ချ အမျှပေးဝေလိုက်သည်။

ကိုပုတင်လည်း
ကြိုတင်ဖိတ်ကြားထားသည့်အတွက်
အမျှရရှိပြီး သာဓုခေါ်လိုက်နိုင်သည်။
ထိုကဲ့သို့ တရားနာအမျှပေးဝေလိုက်ပြီး
နောက်ပိုင်း ကိုပုတင်၏အရိပ်အယောင် အသံကိုမွ်
မကြားရတော့။

မိမိလုပ်နေကျ။ဆွမ်းချက် ဆွမ်းချိုင့်ပို့ခြင်းကို
စိတ်စွဲပြီး ဘဝကူးခဲ့ရသဖြင့် သေကာနီး
အာသန္နကံဇောက ထိုအာရုံကို စွဲမိသဖြင့်
ပြိတ္တာသရဲ ဘဝသို့ ကူးပြောင်းရောက်ရှိခဲ့ရခြင်း
ဖြစ်သည်။

သို့ကြောင့် သေကာနီးအစွဲအလန်းကြောင့်
အပါယ်လားနိုင်သဖြင့်
အလုပ်အပေါ်၌လည်းကောင်း
ပစ္စည်းဥစ္စာ၌လည်းကောင်း
အခြားသော် အရာတို့၌လည်းကောင်း
မတွယ်တာမိရန် သတိထားသင့်ဖို့
ဆရာဧကန်မင်း၏ ဇာတ်လမ်းကို
အသိတရား ရစေဖို့တင်ပေးလိုက်ပါတယ်ဗျာ

ပြီးပါပြီ

ဧကန်မင်း